Saturday, March 7, 2015

အစိုးရ ၀န်ထမ်းအင်အား ၂၅၀၀၀ ကျော် လျှော့ချမည်


အစိုးရလက်အောက်ခံ ဦးစီးဌာန ၂၃ ခုနဲ့ ၀န်ထမ်းအင်အား ၂၅၀၀၀ ကျော် လျှော့ချသွားမယ်လို့ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၀န်ကြီး ဒေါက်တာကံဇော်က မတ် ၅ ရက်နေ့ ကျင်းပတဲ့  ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားသွားပါတယ်။
ဝန်ကြီးဌာနတွေမှာ အမြဲတမ်းအတွင်းဝန် ခန့်အပ်ဖို့အတွက် ကျစ်လျစ်သွားစေဖို့ ၀န်ထမ်းအင်အားလျှော့ချသွားမှာဖြစ်တယ်လို့ ပြောသွားကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

တရုတ်ရထားဘူတာရုံ ဓားလွတ်ကိုင် တိုက်ခိုက်မှု ကိုးဦးဒဏ်ရာရ တိုက်ခိုက်သူတစ်ဦး သေဆုံး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း ဂွမ်ကျိုးမြို့ရှိ ရထားဘူတာရုံ တစ်ရုံတွင် ဓားကိုင်တိုက်ခိုက်သူများက အများပြည်သူကို လိုက်လံတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရသူ ၉ ဦး ရှိပြီး တိုက်ခိုက်သူများထဲမှ တစ်ဦးကို ရဲက အသေပစ်ခတ် ဖမ်းဆီးခဲ့ကာ တစ်ဦးကို အရှင်ရလိုက်ကြောင်း AP သတင်းအရ သိရသည်။
တရုတ်နိုင်ငံတွင် ယခင်ကလည်း ဓားလွတ်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ခဲ့ဖူးပြီး ယခု ဂွမ်ကျိုးဘူတာ တိုက်ခိုက်မှုသည် နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်သည်။

အိန္ဒိယတွင်ဖြစ်နေသည့် (H1N1) ဗိုင်းရပ်စ်နှင့် မြန်မာနိုင်ငံတွင်ဖြစ်နေသည့် (H5N1) ဗိုင်းရပ်စ်နှစ်မျိုးပေါင်းမိလျှင် ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါဖြစ်နိုင် သဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဟုဆို

အိန္ဒိယနိုင်ငံ တွင်ဖြစ်ပွားလျက်ရှိသည့် (H1N1) ဗိုင်းရပ်စ်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် (H5N1) ဗိုင်းရပ်စ်နှစ်မျိုးပေါင်းမိပါက ကမ္ဘာ့ လူတုပ်ကွေးကပ်ရောဂါ ဖြစ်ပေါ် လာနိုင်သည့်အတွက် ရောဂါစောင့် ကြပ်ကြည့်ရှုခြင်းလုပ်ငန်းကို ပိုမို အားဖြည့်ဆောင်ရွက်ရမည်ဟု ကျန်း မာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းအောင်က အသိပေး ပြောကြားလိုက်ကြောင်း သိရသည်။
မေ ၆ ရက် နံနက်ပိုင်းက နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမတွင် ပြုလုပ် သော ကြက်ငှက်တုပ်ကွေး ရောဂါ ကာကွယ်နှိမ် နင်းရေးလုပ်ငန်း ညှိ နှိုင်းအစည်းအဝေးတွင် ယင်းသို့ ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားလှုပ်ရှားမှုကိုထောက်ခံသော်လည်း အခြေခံဥပဒေပြင်ရေးနှင့် အပစ်အခတ်ရပ်စဲရေးကို အဓိက လုပ်ဆောင်မည်ဟု ၈၈ ဆို


အမျိုးသား ပညာရေး ဥပဒေမူကြမ်း ပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်မှုများပြုလုပ်နေကြည့် ကျောင်းသား လှုပ်ရှားမှုကို ကြိုဆိုထောက်ခံသော်လည်း အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုသာ အဓိကထား လုပ်ဆောင်မည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကျောင်းသား ခေါင်းဆောင်များက ပြောကြားလိုက်သည်။

အကျဉ်းသားလဲလှယ်ရေး သြစတြေးလျ ကမ်းလှမ်းမှု အင်ဒိုနီးရှား ပယ်ချ


သြစတြေးလျအစိုးရက တောင်းခံလာတဲ့ သေဒဏ်ကျခံနေရတဲ့ သြစတြေး လျနိုင်ငံသား ၂ ဦးနဲ့ အကျဉ်းသားချင်းဖလှယ်ဖို့ ကမ်းလှမ်းမှုကို အင်ဒိုနီးရှား က မတ် ၅ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။
သေဒဏ်ချခံထားရတဲ့ အကျဉ်းသားနဲ့ တခြားသူတို့ဟာ သူတို့ကို ကွပ်မျက် မယ့် အကျဉ်းထောင်ကို ရွှေ့ပြောင်းထားပြီး မကြာခင် ကွပ်မျက်ခံရဖို့ ရှိပါ တယ်။

ကျောင်းသားသပိတ် ထောက်ခံဆန္ဒပြခြင်းအပေါ် အကြမ်းဖက်ဖြိုခွဲမှု NLD ဆွေးနွေးရန်ရှိ

လက်ရှိဖြစ်ပွားနေသည့် ကျောင်းသားဆန္ဒပြမှုများအပေါ် အင်အားသုံး အကြမ်းဖက်ဖြိုခွဲနေ မှုများနှင့် ပတ်သက်၍ ယနေ့ (မတ် လ ၇ ရက်) တွင် ပြုလုပ်မည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီ(CEC) အစည်းအဝေး တွင် ဆွေးနွေးရန်ရှိကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၀င်တစ်ဦးကပြောသည်။
NLD ၏ ယခုပြောကြားချက် မှာ သပိတ်များအကြမ်းဖက်ဖြိုခွင်း ခံရခြင်းနှင့် ပတ်သက်၍ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မတ်လ ၆ ရက်စွဲဖြင့် ထုတ်ပြန်သည့် ပါတီသဘော ထားကြေညာ ချက်နောက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဥပဒေနှင့်မညီဘဲ ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ အသုံးပြု ဖြိုခွင်းလျှင် အပြစ်ပြော မည် မဟုတ်ဟု ဆို

မတ်လ ၅ ရက်နေ့ ဆူးလေတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အရ နောင်တွင် ဆန္ဒပြသူများအား ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ပါက ရဲတပ်ဖွဲ့ကိုသာ အသုံးပြုရန် ပြည်သူများက တောင်းဆိုလိုက်ကြောင်း၊ ထိုသို့ တာဝန်ရှိသူ ရဲတပ်ဖွဲ့ က သာ ရှင်းလင်းခြင်း ပြုလျှင် အပြစ်ပြောမည် မဟုတ်ကြောင်း သိရှိရသည်။
“ဥပဒေမဲ့ ဆန္ဒပြတယ်။ သတိပေးတယ်။ ဖမ်းတယ်။ လက်ခံပါတယ်။ ဒါပေမယ့် လက်ပတ်အနီတွေနဲ့ အရပ်သား တွေ ကို မသုံးသင့်ဘူး။ ရဲတပ်ဖွဲ့ကပဲ လုပ်ရမယ်။ ရဲက ဖမ်းတယ်၊ ဖြိုခွင်းတယ် ဆိုရင် လက်ခံ ပါတယ်” ဟု ၈၈ မျိုးဆက်မှ ကိုကိုကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

မြန်မာ-တရုတ်နယ်စပ် ရန်လုံကျိုင်းဂိတ် ပြန်ဖွင့်

လောက်ကိုင်ဒေသ တိုက်ပွဲများကြောင့် ပိတ်ထားခဲ့သော တရုတ်နယ်စပ် ရန်လုံကျိုင်းဂိတ်ကို မတ်လ ၆ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းမှုများပြုလုပ်ခဲ့ပြီးနောက် မတ်လ ၆ရက်နံနက်ပိုင်းတွင် ရန်လုံကျိုင်းဂိတ်ကို ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်းတပ်မတော်အရာရှိတစ်ဦးက ပြောသည်။

Friday, March 6, 2015

သပိတ်ဖြိုခွင်းမှုတွင်ပါဝင်သည့် လက်ပတ်အနီဝတ်များမှာ ဥပဒေအရ ခွင့်ပြုထားသော ပြည်သူ့အထောက်အကူပြုအဖွဲ့ဟု ဒုရဲမှူးကြီးပြောကြား

သပိတ်စခန်းများကို ဖြိုခွင်းရာတွင် ရဲတပ်ဖွဲ့နှင့်အတူပါဝင်သည့် လက်မောင်းလက်ပတ်အနီဝတ် အရပ်သားများမှာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၈ အရအသုံးပြုထားသည့် ပြည်သူ့ အထောက်အကူပြုအဖွဲ့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံး၌ ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဒုရဲမှုးကြီးမြင့်ထွေးက ပြောသည်။

ISIS တို့က အရှေ့တောင်အာရှကို မျက်စိကျနေသည်ဟု ကျွမ်းကျင်သူများဆို


အာရှပစိဖိတ်ဒေသမှ အစွန်းရောက် ၁ဝဝဝ ကျော် ဆီးရီးယား၊ အီရတ်သို့သွားနေ ကြရာ အရှေ့တောင်အာရှမှ ၃ဝဝကျော်ပါဝင်အစ္စလာမ္မစ်နိုင်ငံ ဆီးရီးယား နှင့် အီရတ် ISIS အုပ်စုတို့၏ ပြည် ပစစ်ဆင်ရေး ဌာနခွဲက အရှေ့တောင် အာရှနိုင်ငံများအား စည်းရုံးရေးကို တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း၊ အကြမ်းဖက်ဝါဒနှိမ်နင်းရေး အစည်း အဝေးတွင် ကျွမ်းကျင်သူများက ပြော ကြားလိုက်သည်။

ဝန်ထမ်းလစာ တိုးမည့်နှုန်းကို ပြဿနာအချို့ ဖြစ်လာနိုင်ခြင်းကြောင့် တရားဝင် မကြေညာဟု ဘဏ္ဍာရေးဝန်ကြီး ပြောကြား

ဝန်ထမ်းများ လစာတိုးမည့် နှုန်းထားကျပ်ငွေကို တရားဝင် ကြေညာလိုက်ပါက မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် လက်ရှိအချိန်အထိ တိတိကျကျ ထုတ်ပြန်ကြေညာခြင်း မပြုသေးကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၅ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
“ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးကိစ္စတွေဟာ ထလွယ်ရှလွယ်တဲ့ ကိစ္စများ ဖြစ်ပါတယ်။ အချိန်ကိုက် အချိန်သင့်အခါသင့် ဆောင်ရွက်နိုင်ဖို့ သတိထားကြရပါတယ်၊ ထင်သာမြင်သာ မဖြစ်လို့ လျှို့ဝှက်ထားတာ မဟုတ်ပါ။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ရှောင်ရှားနိုင်ဖို့ ထိန်းသိမ်းဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

Thursday, March 5, 2015

ကျောင်းသားတွေကို Hijack လုပ်ပြီး လွှတ်တော်ကို Chanllenge လုပ်လိုက်တဲ့ NNER ရဲ့ မတ်လ ၄ ရက်နေ့ ကြေညာချက်


ကျောင်းသားတွေကို Hijack လုပ်ပြီး လွှတ်တော်ကို Chanllenge လုပ်လိုက်တဲ့ NNER ရဲ့ မတ်လ ၄ ရက်နေ့ ကြေညာချက် ထွက်လာတာ တွေ့ရှိရပါတယ်။ စိတ်မကောင်းဖွယ်ရာ ဆုံးဖြတ်ချက် တစ်ရပ် လို့ပဲ ဆိုပါရစေ။ ဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ကောင်းစွာ ဆောင်ရွက်နေတဲ့ ဥပဒေပြုလွှတ်တော်ရဲ့ အခန်းကဏ္ဍကို မျက်ကွယ် ပြုလိုက်ခြင်းဟာ ဘယ်သူမှ အကျိုးဖြစ်ထွန်းမှု မရှိတဲ့ လမ်းကြောင်းကို ရွေးချယ်လိုက်တာလို့ ဆိုနိုင်ပါတယ်။ဒါဟာ NNER အနေနဲ့ ကျောင်းသားအစစ်တွေကို ဓါးစာခံပြပြီး လွှတ်တော်ကို Challenge လုပ်လိုက်တဲ့ သဘော ဖြစ်ပါတယ်။ ဒီမိုကရေစီပညာရေးကို ဒီမိုကရေစီနည်းနဲ့ ပြင်ဆင်ရမယ့်အစား တော်လှန်ရေးနဲ့ ပြင်ချင်တဲ့သဘောပါပဲ။ ဒီလိုပဲ နားလည်မိပါတယ်။

မကွေးမြို့က နာမည်ကျော်ချစ်သူလမ်းကြားရှိ အလုံပိတ်တဲများအား တိုင်တန်းသူရှိလျှင် အရေးယူမည်ဟုဆို

စစ်ကိုင်းမြို့တွင် လူသတ်ကာ ကျောက်စိမ်းပစ္စည်းများ ခိုးယူထွက်ပြေးသွားသည့် အမှုဖြင့် အလိုရှိနေသူ တရုတ်နိုင်ငံသားတစ်ဦးကို တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မတ် ၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသား Mr. Zheng Dehe မှာ တရုတ်နိုင်ငံဘက်သို့ ထွက်သွားခြင်းဖြစ်ကာ မတ် ၂ ရက်တွင် မြန်မာနိုင်ငံသို့ တံတားဦး အပြည်ပြည်ဆိုင်ရာေ
လဆိပ်မှ ပြန်လည်ဝင်ရောက်လာစဉ် စစ်ကိုင်းမြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၃ဝ၂/၃၉၂ အမှုဖြင့် အလိုရှိသူဖြစ်ကြောင်း လေဆိပ်လဝကမှ စစ်ဆေးတွေ့ရှိသဖြင့် ထိုသို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တံခါးကို ဆွဲမပိတ်မိစေဖို့

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို အထွေထွေ သပိတ်တိုက်ပွဲများဖြင့် ကြိုဆိုနေကြပြီလားလို့ မေးယူရလောက်အောင်ပင် ကျောင်းသား သပိတ်၊ လယ်သမားသပိတ်၊ အလုပ်သမား သပိတ်များက နေ့စဉ်မပြတ် ကြားလာနေရသည်။ ကောင်းသည့်လက္ခဏာတော့ မဟုတ်ချေ။

ဆိုလိုသည်မှာ သပိတ်များကို ရည်ညွှန်းလိုခြင်း မဟုတ်ပါ။ သပိတ်များဖြစ်ပေါ်လာရအောင် လမ်းခင်း ပေးသလို ဖြစ်စေသည့် အခြေအနေအရပ်ရပ်ကိုသာ ရည်ညွှန်းလိုခြင်း ဖြစ်ပါသည်။

ပင်မသပိတ်စစ်ကြောင်းနဲ့ ပူးပေါင်း ဖို့ ရှမ်းနဲ့ကယားကျောင်းသားတွေ စတင်ချီတက်မည်

လက်ပံတန်းမြို့အောင်မြေဗိမာန်ကျောင်းတိုက်အနီးမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်းကို ရန်ကုန်မြို့ဆီ ဆက်လက်သွားခွင့်ပြုဖို့ တောင်ကြီးနဲ့ ရန်ကုန်မြို့တွေမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ မြို့ ခံတွေက ဆန္ဒပြ တောင်းဆိုကြပါတယ်။

တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှာ ရှမ်းပြည် နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက ဒီနေ့ တောင်း ဆိုတာဖြစ်ပြီး သမဂ္ဂခေါင်းဆောင် ကိုဝင်းနိုင်ဦးက လက်ပံ တန်းက ကျောင်းသားစစ်ကြောင်းကို ဆက်လက် ချီတက် ခွင့်ပေးဖို့ အစိုးရကို တောင်းဆိုတာဖြစ်တယ်လို့ ပြော ပါတယ်။

U-20 ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာအသင်းကို လိုက်ပါအားပေးရန် ဒေါ်လာ ၃၀၀၀ ကျော်ကုန်ကျမည်

နယူးဇီလန်နိုင်ငံ၌ မေလအတွင်း ကျင်းပပြုလုပ်မည့် FIFA U-20 World Cup New Zealand ပြိုင်ပွဲအား ကိုယ်တိုင်သွားရောက်အားပေးမည့် ဘောလုံး ပရိတ်သတ်များအတွက် ဒေါ်လာ ၃၀၀၀ ကျော် ကုန်ကျ မည်ဖြစ်ကြောင်း NZ Pure Education Serice မှ ကိုစည်သူဝင်းက ပြောသည်။
“တကယ်သွားရောက်အားပေးမယ့် ပရိတ်သတ်တွေအနေနဲ့ ဆုံးဖြတ်ပြီး သွားပြီဆိုရင် အခုကတည်းက စပြီးတော့ ပြင်ဆင်သင့်နေပါပြီ။ ဒါကလည်း ကျွန်တော့် အနေနဲ့အကြံပေးတာပါ”ဟု၎င်းကပြောသည်။
အဆိုပါဘောလုံးပွဲကြည့်ရန် ၁၀ရက်တာခရီးစဉ်အတွက် US ဒေါ်လာ ၃၀၀၀ ကျော် ကုန်ကျမည်ဖြစ်ပြီး၊ ဗီဇာ၊ နေရေးထိုင်ရေးကိစ္စများကို နယူးဇီလန်နိုင်ငံရှိ ကြယ်၃ပွင့်(သိုမဟုတ်)ကြယ်၎ပွင့်အဆင့်ဟိုတယ်များ၌ တည်းခိုရမည်ဖြစ်ပြီး မြန်မာ U-20 အသင်း အုပ်စုမှကျော်လွန်ခဲ့ပါက ပိုက်ဆံထပ်မံပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပိတ်ဆို့ခံထားရသော ကျောင်းသားသပိတ် စစ်ကြောင်း ထိုင်သပိတ် ဆက်လက်ဆင်နွှဲ

လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့၏ ပိတ်ဆို့တားဆီးခြင်း ကြုံတွေ့နေရသော ပင်မသပိတ် စစ်ကြောင်းသည် ဒုတိယမြောက် နေ့အဖြစ် ထိုင်သပိတ် ဆက် လက်ဆင်နွှဲနေပြီး ရဲတပ်ဖွဲ့က လည်း ၀ိုင်းဝန်းပိတ်ဆို့ထားဆဲ ဖြစ်သည်။
မတ်လ ၃ ရက်တွင် လက်ပံ တန်းမြို့မှ သာယာဝတီသို့ လမ်း လျှောက်ချီ တက်မည့် သပိတ်စစ် ကြောင်းသည် တည်းခိုသော အောင် မြေဗိမာန်ကျောင်း မှ ထွက်ခွာလာပြီး တစ်ဖာလုံခန့်အကွာ၌ ပိတ်ဆို့တားဆီးမှု ကြုံရကာ သပိတ်မှောက် ကျောင်းသားများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံသကဲ့ သို့ ဖြစ်ခဲ့သည်။ မတ်လ ၄ ရက်တွင် ထပ်မံတင်းမာမှုမရှိတော့ဘဲ မတ်လ ၃ ရက် နံနက် ၁၀ နာရီက အခြေအနေအတိုင်း ထိုင်သပိတ်ဖြင့် ဆန္ဒပြနေပြီး ရဲ တပ်ဖွဲ့ကလည်း ၀ိုင်းဝန်းပိတ်ဆို့တားဆီးထားဆဲ ဖြစ်သည်။

တောင်ကိုရီးယားတွင် အမေရိကန်သံအမတ် ဓါးဖြင့်တိုက်ခိုက်ခံရ


တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မာခ်လစ်ပတ်သည် မတ်လ ၅ ရက် နံနက်ပိုင်းတွင် ဆိုးလ်မြို့၌ ဓားကိုင်ဆောင်သူ တစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ အမေရိကန်သံမတ်သည် နံနက်ပိုင်း စာသင် ချိန်သို့ သွားရောက်ရာလမ်းတွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ သင်တုန်းဓားဖြင့် မျက်နှာအနီးသို့ တိုက်ခိုက်သွားခြင်းဖြစ်ပြီး ယင်းဒဏ်ရာသည် အသက်အန္တရာယ်မစိုးရကြောင်း သိရသည်။အသက် ၄၂ နှစ်ရှိပြီ ဖြစ်သည့် အမေရိကန်သံအမတ်ကို အနီးရှိ ဆေးရုံသို့ ချက်ချင်းခေါ်ဆောင်သွားခဲ့ပြီး မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထားသည်။

ကျောင်းသားသပိတ်စစ်ကြောင်းတွင် ပါဝင်နေသည့် ရဟန်းသာမဏေများ သီတင်းသုံးရာ ကျောင်းများသို့ ပြန်လည်ကြွရောက်ရန် ရန်ကုန်တိုင်း မဟန မေတ္တာရပ်ခံ

လက်ပံတန်းမြို့တွင် တားဆီးခံထားရသည့် ကျောင်း သားသပိတ်စစ်ကြောင်းအတွင်း ပါဝင်ဆန္ဒထုတ်ဖော်နေသည့် ရဟန်း သာမဏေများ အနေဖြင့် မိမိတို့ သီတင်းသုံးရာ ကျောင်းများသို့ ပြန်လည်ကြွရောက်ကာ သာ သနာ့ တာဝန်များကိုသာ ထမ်း ဆောင်ကြရန် ရန်ကုန်တိုင်းဒေသ ကြီး သံဃမဟာနာယက အဖွဲ့ (ဂိုဏ်းပေါင်းစုံ) မှ မေတ္တာရပ်ခံ ချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်ကို မတ်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့ ခြင်းဖြစ်ပြီး သံဃာ့ဂိုဏ်းကြီးများ ဖြစ်သော ရွှေကျင်၊ ဝေဠုဝန်၊ မဟာဒွါရ၊ ငှက်တွင်းဂိုဏ်းများမှ တိုင်းဒေသကြီး သံဃမဟာနာယ က ဆရာတော်များ လက်မှတ်ရေး ထိုးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရဲတပ်သားက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် စခန်းမှူးသေဆုံး

ဘူးသီးတောင်မြို့တွင် မတ်လ ၄ ရက်က စခန်းမှူးတစ် ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေ နတ်ဖြင့် ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ပြီး အဆိုပါစခန်းမှူးမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဘူးသီးတောင်မြို့မ စခန်းမှူး ဒုရဲမှူးတင်လှသည် မတ်လ ၄ ရက် နံနက်က လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ၎င်း၏ လက်အောက်ရဲတပ်သားတစ်ဦးက ရိုင်ဖယ်သေနတ်ဖြင့် အနီးကပ်ပစ်ခဲ့မှုကြောင့် နေရာတွင် သေဆုံးခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။

Wednesday, March 4, 2015

စစ်ကိုင်းမြို့တွင် လူသတ်ပြီး ကျောက်စိမ်းပစ္စည်းများ ခိုးယူမှုဖြင့် အလိုရှိနေသူ တရုတ်နိုင်ငံသားတစ်ဦးအား တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးရမိ

စစ်ကိုင်းမြို့တွင် လူသတ်ကာ ကျောက်စိမ်းပစ္စည်းများ ခိုးယူထွက်ပြေးသွားသည့် အမှုဖြင့် အလိုရှိနေသူ တရုတ်နိုင်ငံသားတစ်ဦးကို တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မတ် ၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသား Mr. Zheng Dehe မှာ တရုတ်နိုင်ငံဘက်သို့ ထွက်သွားခြင်းဖြစ်ကာ မတ် ၂ ရက်တွင် မြန်မာနိုင်ငံသို့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ဝင်ရောက်လာစဉ် စစ်ကိုင်းမြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ ၃ဝ၂/၃၉၂ အမှုဖြင့် အလိုရှိသူဖြစ်ကြောင်း လေဆိပ်လဝကမှ စစ်ဆေးတွေ့ရှိသဖြင့် ထိုသို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွှတ်တော်၏ အဆိုကြောင့် ရုပ်ရှင်အစည်းအရုံးက သရုပ်ဆောင်များအား ပန်ကြားချက်ထုတ်ပြန်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အမျိုးသမီး ညစ်ညမ်းပုံများဖော်ပြနေမှုကို ထိရောက်စွာအရေးယူပေးရန် အဆိုတင်သွင်းချက်ကြောင့် သရုပ်ဆောင်များအား ကျင့်ဝတ်နှင့် ထိန်းထိန်းသိမ်းသိမ်းနေရန် မေတ္တာရပ်ခံပန်ကြားချက် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးက ထုတ် ပြန်ထားကြောင်း သတင်းရရှိ သည်။
မတ်လ ၁ရက်တွင် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ပြန် ကြားရေး ၀န်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဦးရဲထွဋ်နှင့် မြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာ ယကများ၊ အမှုဆောင်အသစ်များ နှင့် တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် ၀န်ကြီး၏ပြောကြားမှုကြောင့် အနုပညာရှင်များအနေဖြင့် ဥပဒေကြောင်းနှင့် မငြိစွန်းစေရန် ယခုကဲ့သို့ ပြန်ကြားချက်ထုတ်ရကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦး လူမင်းက ပြောကြားသည်။

အီရန်အနေဖြင့် နျူကလီးယားလှုပ်ရှားမှုကို အနည်းဆုံး ၁ဝ နှစ် ရပ်နားသင့်ကြောင်း အိုဘားမားပြော


နိုင်ငံရေးဆိုင်ရာသဘောထားတင်းမာမှုများကို လျှော့ချနိုင်ရန်အတွက် အီရန်အနေဖြင့် နျူကလီးယားစွမ်းအင်ရရှိရေးဆိုင်ရာလှုပ်ရှားမှုများကို အနည်းဆုံး ၁ဝ နှစ်ခန့် ရပ်နား ထားသင့်ကြောင်း အမေရိကန်သမ္မတအိုဘားမားက ရိုက်တာသတင်းဌာနနှင့် ယမန်နေ့ အင်တာဗျူးတွင် ပြောကြားသည်။ လက်ရှိအချိန်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် အမေရိကန်သို့ရောက်ရှိ နေပြီး အမေရိကန်ကွန်ဂရက်တွင် အိုဘားမား၏မူဝါဒကို ဆန့်ကျင်သည့်မိန့်ခွန်း ပြော ကြားမည်ဖြစ်သည်။

တောင်ကိုရီးယားနှင့် အမေရိကန်စစ်ရေးပြပွဲကို မကျေနပ်၍ မြောက်ကို ရီးယားဒုံးပျံများပစ်ခတ်


တောင်ကိုရီးယားနှင့် အမေရိ ကန်တို့၏ ပူးတွဲစစ်ရေးပြပွဲကို တနင်္လာ နေ့တွင် စတင်ခဲ့ရာ မြောက်ကိုရီးယားက စိတ်ဆိုးကာ ဒုံးပျံနှစ်စင်းအား ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယားက မဆင်မခြင် ထိပ်တိုက်ရင်ဆိုင်ခြင်း အဖြစ်လည်း ရှုတ်ချလိုက်ကြောင်း AFP သတင်း က ဖော်ပြခဲ့သည်။
နှစ်စဉ် စစ်ရေးလေ့ကျင့်မှုမှာ အမြဲတမ်းစစ်ရေးတင်းမာမှုကို ဖြစ် စေပြီး ကိုရီးယား ကျွန်းဆွယ်၌ စစ် လိုလားသော ပြောကြားမှုကို အမြဲ ကြားနေရ သည်ဟုဆိုသည်။

သပိတ်မှောက်ကျောင်းသားကျောင်းသူ ညီငယ်ညီမငယ်များသိစေရန်


အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားတွေတောင်းဆိုတဲ့ အချက် ဆယ့်တစ်ချက်ထဲမှာ ကျန်တဲ့အချက်တွေနဲ့ပက်သက်ပြီး မပြောချင်ပေမဲ့ အချက်နံပတ်(၇) မိခင်ဘာသာအခြေပြုသင်ကြားရေးဆိုတာနဲ့ပက်သက်ပြီး ပြောပြပါရစေ။

၂၀၁၅ ခုနှစ်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ဘီလ်ဂိတ်စ် ရပ်တည်


၂၀၁၅ ခုနှစ်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်ရာ အမေရိကန် နည်းပညာ လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီး ဘီလ်ဂိတ်စ်က ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရှိရသည်။
Microsoft ကော်ပိုရေးရှင်းကို အဓိက တည်ထောင်ခဲ့သူဖြစ်သည့် ဂိတ်စ်သည် မက္ကစီကို စီးပွားရေး လုပ်ငန်းရှင် ကားလို့စ်ဆလင်းမ်ကို အနိုင်ယူကာ အချမ်းသာဆုံး စာရင်း၏ ထိပ်ဆုံးနေရာသို့ တက်လှမ်းလာခြင်း ဖြစ်သည်။

James Bond ရုပ်ရှင်၌ အသုံးပြုမည့် မော်တော်ကားအတွက် Aston Martinကို စိန်ခေါ်ရန် Bentley ခြေလှမ်းပြင်


နာမည်ကျော် သူလျှိုစွန့်စားခန်း ဇာတ်လမ်းဖြစ်သည့် James Bond ရုပ်ရှင်များတွင် ပါဝင်ခွင့်ရရန် မျှော်လင့်ချက်ဖြင့် ဇိမ်ခံပြိုင်ကား မော်ဒယ်လ်သစ် တစ်မျိုးကို Bentleyက မိတ်ဆက်ပြသခဲ့သည်။
မတ်လ၂ ရက် ညက ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မော်တော်ယာဉ် ပြပွဲတွင် Bentleyက မွမ်းမံ အဆင့်မြှင့်တင်ဆဲဖြစ်သည့် Exp 10 Speed 6 အမျိုးအစား နှစ်ယောက်စီး ပြိုင်ကားကို ပြသလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မော်တော်ကားသည် တစ်နာရီလျှင် မိုင်(၂၀၀)နှုန်းမျှထိ မြန်နှုန်းမြင့် မောင်းနှင်နိုင်မည်ဖြစ်ပြီး လာမည့်(၃)နှစ်အတွင်း ဈေးကွက်ထဲတွင် ရောင်းချသွားနိုင်ရန် Bentleyက ရည်ရွယ်ထားသည်။

ကော်ဖီပုံမှန် သောက်ခြင်းက နှလုံးသွေးကြော ပိတ်ဆို့မှုကို လျှော့ချပေးနိုင်ဟု သုတေသန ရလဒ်တစ်ခုဖော်ပြ

နေ့စဉ် ကော်ဖီအနည်းငယ် ပုံမှန်သောက်ခြင်းက သွေးကြောများ ပိတ်ဆို့မှုကို အကာအကွယ် ပေးနိုင်ကြောင်း တောင်ကိုရီးယား သုတေသီများက ထောက်ခံ ပြောကြားလိုက်သည်။
တောင်ကိုရီးယားတွင် အလုပ်ခွင်၌ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူရသူ အမျိုးသား၊ အမျိုးသမီး (၂၅၀၀၀)ကျော်၏ ကျန်းမာရေး မှတ်တမ်းများကို စိစစ်လေ့လာကာ ယခုတွေ့ရှိချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ တစ်နေ့လျှင် ကော်ဖီ သုံးခွက်မှ ငါးခွက်ထိ ပုံမှန် သောက်သုံးခြင်းက နှလုံးအတွက် ကောင်းကျိုးဖြစ်စေပြီး သွေးကြောများအတွင်း ပိတ်ဆို့မှု ဖြစ်နိုင်ခြေကို လျှော့ချပေးကြောင်း ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။

သြစတြေးလျမူးယစ်တရားခံနှစ်ဦးကို သေဒဏ်စီရင်ရန် နေရာပြောင်းရွှေ့

သေဒဏ်ချမှတ်ထားခံရသူ သြစတြေးလျနိုင်ငံသား မြူရန်ဆူကူမာရန်အား ရဲတပ်ဖွဲ့ကွန်မန်ဒိုများ စောင့်ကြပ်လာစဉ် (AFP)
အင်ဒိုနီးရှားနိုင်ငံ တွင် သေဒဏ်စီရင်ရန် စီစဉ်နေ သော ဩစတေးလျနိုင်ငံသား မူး ယစ်ဆေးတရားခံနှစ်ဦးသည် ဗုဒ္ဓ ဟူးနေ့တွင် ကွပ်မျက်ရန် စီစဉ် ထားသည့် ကျွန်းသို့ နေရာရွှေ့ ပြောင်းခံခဲ့ရသည်။

ရန်ကုန်တိုင်းတွင် နှစ်လအတွင်း လူသတ်မှုထက် မုဒိမ်းမှု ပိုများနေ

ရန်ကုန်တိုင်းတွင် ယခုနှစ်လအတွင်း လူသတ်မှု ထက် မုဒိမ်းမှု ပိုများကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ရုံးမှ သတင်းရရှိသည်။
ရန်ကုန်တိုင်းအတွင်း နှစ်စဉ် လူသတ်မှုနှင့် မုဒိမ်းမှုများ မြင့် တက်လျက်ရှိပြီး လူသတ်မှုအချို့ မှာလည်း ယခုအချိန်ထိ တရားခံ မပေါ်သေးသော အမှုများစွာ ကျန်ရှိနေသေးကြောင်း သိရ သည်။
‘‘ဒီနှစ်အတွင်းမှာပဲ လူသတ် မှုက ၂၉ မှုဖြစ်တယ်။ မုဒိမ်းမှုက တော့ ၃၁ မှုဖြစ်ပွားခဲ့တယ်။ ဒီနှစ် လထဲမှာဆိုရင်တော့ ဖေဖော်ဝါရီ ထဲမှာ မုဒိမ်းမှုက အမှု ၂၀ တက် လာတယ်။ လူသတ်မှုမှာတော့ ဇန်န၀ါရီလထက် ကိုးမှု လျော့ပါ တယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ရုံးမှ အရာရှိတစ်ဦးက ပြော သည်။
၂၀၁၅ နှစ်လအတွင်း မှုခင်း ဖြစ်ပွားမှုနှုန်းတွင် ဇန်န၀ါရီအ တွင်း ဖြစ်ပွားခဲ့သည့် မှုခင်းအရေ အတွက်ထက် ဖေဖော်ဝါရီ တွင် ဖြစ်ပွားခဲ့သည့် မှုခင်းအရေ အတွက် နည်းပါးကြောင်းသိရသည်။