Friday, May 8, 2015

နှစ်ဖက်စစ်ကြောင်းများ ရှေ့မတိုးရေး တပ်မတော်နှင့် KNPP ထပ်မံဆွေးနွေး

တပ်မတော်နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့၏ နှစ်ဖက်စစ်ကြောင်းများ ရှေ့မတိုးရေးအတွက် တပ်မတော်နှင့် KNPP တို့ ထပ်မံဆွေးနွေးကြောင်း KNPP လွိုင်ကော် ဆက်ဆံရေး ရုံးတာဝန်ခံ ဦးပလူးရယ်က ပြောကြားသည်။
မေလ ပထမပတ်အတွင်း ကယားပြည်နယ် ရှားတောမြို့နယ်အတွင်း KNPP တပ်များက လက်နက်ကိုင်လှုပ်ရှားများ ပြုလုပ်လာသောကြောင့် တပ်မတော် စစ်ကြောင်းများက ရှေ့တိုးလာကြောင်း၊ တိုက်ပွဲများ မဖြစ်ပွားစေရေးအတွက် မေလ ၇ ရက်နေ့တွင် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

ဗိုလ်တထောင်ဆိပ်ကမ်းရှိ လက်ဖက်ရည်ဆိုင် ဘူဒိုဇာဖြင့် ရှင်းလင်းရာမှ ပဋိပက္ခဖြစ်

ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်း ဗိုလ်တထောင်ဈေးမှတ်တိုင် အနီးရှိ ဦးစိန်သောင်း လက်ဖက်ရည်ဆိုင်ကို မေလ ၇ ရက် နံနက် ၅ နာရီက သက်ဆိုင်ရာက အင်အားသုံးကာ မြေတူးစက် (ဘူဒိုဇာ) ဖြင့် ရှင်းလင်းခဲ့ရာမှ လက်ဖက်ရည်ဆိုင်မှ မိသားစုနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး အသက် ၃၁ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ယာယီထိန်းသိမ်းထားကြောင်း ဗိုလ်တထောင်မြို့နယ် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ဝ" ပြည်နယ်တောင်းခံမှုအပေါ် သူတို့ ဘယ်လိုမြင်လဲ

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP)က တောင်းဆိုထားပြီး ယင်းတောင်းဆိုချက်ကို ၂၀၁၅ခုနှစ် မေလ ၁ရက်မှ ၆ရက်အထိ ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးကို တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ဖွဲ့တွင် အများစုက ထောက်ခံကြောင်း အစည်းအဝေးအပြီး ထုတ်ပြန်လိုက်သည်။
"ဝ" ပြည်နယ် တောင်းခံမှုကို UWSA၏ စစ်သေနာပတိချုပ် ပေါက်ယိုချမ်းက အစည်းအဝေး ပထမနေ့ မေ ၁ရက်က တက်ရောက်လာသည့် တိုင်းရင်းသား ခေါင်းဆောင်များကို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ရှမ်းပြည်နယ် အတွင်းရှိ ပန်ဆန်းမြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်၊ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ် နှင့် ပန်ဝိုင်မြို့နယ် ခြောက်မြို့နယ်အား "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။
"ဝ" အဖွဲ့က ယခုကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် တောင်းခံမှုကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ နှင့် နိုင်ငံရေး လေ့လာသူ အချို့၏ အမြင်များကို မဇ္ဈိမက စုစည်း တင်ပြလိုက်သည်။

မိုးနောက်ကျ၍ ဒလမြို့နယ်တွင် နွေရာသီ ရေပြတ်လပ်မှု ပိုမိုဆိုးရွားလာ

နှစ်စဉ် နွေရာသီရောက်တိုင်း ကြုံတွေ့နေရသည့် ဒလမြို့နယ်၏ ရေပြတ်လပ်မှု ပြဿနာမှာ ယခုနှစ်တွင်လည်း မပြေလည်သေးဘဲ မိုးဦးကျ နောက်ကျနေသည့်အတွက် ရေပြတ်လပ်မှု ပိုမိုဆိုးရွားလာသည်ဟု ဒလမြို့နေ ဒေသခံများ ထံမှ သိရသည်။
ဒလဒေသခံ တစ်ဦးဖြစ်သည့် ကိုအေးကျော်က “ ဒီနှစ်ကတော့ ပိုဆိုးတယ်လို့ဆိုရမယ်။ မိုးရေလှောင် ကန်တွေ ထဲမှာ ရေကျန်မရှိတော့သလောက်ပဲ။ ကန်တွေထဲမှာ ရေက တစ်ထွာလောက်ပဲ ကျန်တော့တယ်။ အနည်တွေနဲ့ ဘယ်လိုမှ သုံးမရတာမျိုး ဖြစ်လာပြီ။ ရေလာလှူတာကိုပဲ သုံးနေကြရတယ်။ ပေရှစ်ရာကျော် အထိရေကန် တူးဖူးတယ်၊ ရေချိုမထွက်ဘူး”ဟုဆိုသည်။

Thursday, May 7, 2015

နီပေါငလျင် သေဆုံးသူပေါင်း ၈၄၃၁ ရှိပြီ

နီပေါငလျင်ကြောင့် သေဆုံးသူပေါင်း ၈၄၃၁ ဦး ရှိလာပြီဟု နီပေါကြက်ခြေနီက ပြောသည်။ ထိခိုက်ဒဏ်ရာရသူ ၁၇၅၆၇ ဦးရှိပြီး ပျောက်ဆုံးနေသူ ၂၆၀ ဦး ရှိကြောင်း ယနေ့ထုတ်ပြန်သည်။ ငလျင်လေ့လာရေး ပညာရှင်များ၊ နိုင်ငံရေး သမားများနှင့် မြို့တော် ခတ္တမန္ဒူ မြို့ခံများမှာ ပြင်း ထန်သော ငလျင်တခု ဖြစ်ပွားလာမည်ကို စိုးရိမ်နေခဲ့ ကြသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ အကြောင်းမှာ နှစ်သန်းပေါင်း များစွာ ဖြစ်တည်လာသော တိုက်ကြီး ၂ တိုက်တွန်းတိုက်မှုကြီးကြောင့် ဖြစ်သည်။

လပွတ္တာ နာဂစ်ဒုက္ခသည်များ အမြန်ဆုံး ဖယ်ရှားရန် သတိပေးစာထုတ်


လပွတ္တာမြို့ အနီးရှိ ၃ မိုင်မြို့သစ်တွင် တဲအိမ်များ ဆောက်လုပ် နေထိုင်ကြသည့် နာဂစ် ဒုက္ခသည်များ၏ နေအိမ်များအား အမြန်ဆုံး ဖယ်ရှားပေးရန် လပွတ္တာမြို့နယ် အုပ်ချုပ်ရေးရုံးက မေ ၆ ရက်တွင် သတိပေးစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
“သတိပေးစာကို မနေ့က ညနေပိုင်းမှာ ကျောက်မှော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေလင်းနဲ့ ရဲတချို့က လာပေးသွားတယ်။ အိမ်တွေမှာလည်း စာတွေ ကပ်သွားတယ်” ဟု ထိုကျုးကျော်တဲများတွင် နေထိုင်သည့် နာဂစ်ဒုက္ခသည် ကိုဆန်းဦးက ဧရာဝတီကို ပြောသည်။

“၀” က ပြည်နယ်လိုချင်သတဲ့လား ?

ပန်ဆန်းညီလာခံကျင်းပပေးခြင်းရဲ့ အဓိကရည်ရွယ်ချက်က တိုင်းရင်းသားလက်နက်ကိုင်(၁၂)ဖွဲ့ရဲ့ ငြိမ်းချမ်းရေး ကိစ္စကို တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့လို့ ခေါင်းစဉ်တပ်ခဲ့ပေမယ့် တကယ်တမ်းလက်တွေ့ အကောင်အထည် ဖော်ချင်တာက “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုရေးကိစ္စဖြစ်နေတာကို တွေ့ရပါတယ်။ “၀” ခေါင်းဆောင်တွေရဲ့ အကြံအစည် အောက်မှာ တိုင်းရင်းသားလက်နက်ကိုင်(၁၂)ဖွဲ့လုံး အရူးလုပ်ခံလိုက်ရတာပါပဲ။ ဒါပေါ့ဗျာ…လူဆိုတာ ကိုယ့်အကျိုးစီးပွား မရဘဲနဲ့ သူတစ်ပါး အကျိုးစီးပွားကို အလကားမကူညီဘူးဆိုတာလေ။ “၀” က သူ့အကျိုးစီးပွားအတွက် တိုင်းရင်းသား ညီလာခံကို အသုံးချလိုက်တာလို့ ပြောချင်ပါတယ်။

ကန်ဒေါ်လာတန်ဖိုးမြင့်ချိန်တွင် ပုဂ္ဂလိကဘဏ်များ ဒေါ်လာထိန်းရောင်း

အမေရိကန်ဒေါ်လာ တန်ဖိုးဆက်တိုက်မြင့်တက်လာ ချိန်တွင် ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များက လူတစ်ဦးချင်းအ လိုက် ဒေါ်လာရောင်းချမှုကို ပမာ ဏများစွာ လျှော့ချထားကြောင်း သတင်းရရှိသည်။
‘‘ဗဟိုဘဏ်က ခွင့်ပြုတဲ့ဈေး နဲ့အပြင်ဈေးက   အရမ်းကွာလာ တော့ ဘဏ်တွေက ထိန်းတဲ့သ ဘောပါ’’ဟု မြန်မာ့ရှေ့ဆောင် ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။လက်ရှိတွင် မြန်မာနိုင်ငံဗဟို ဘဏ်သည် ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို အမေရိကန်ဒေါ်လာ ကျပ်ငွေလဲနှုန်းအားဒေါ်လာတစ် ယူနစ်လျှင် ကျပ် ၁,၀၈၀ သာ သတ်မှတ်ပေးသည်။ ဗဟိုဘဏ် ၏ ခွင့်ပြုချက်တွင် သတ်မှတ်ထား သောနှုန်းထားမှ ရှစ်ကျပ်ခန့်အ တိုးအလျှော့လုပ်ခွင့်ပေးထားသ ဖြင့် ပုဂ္ဂလိကဘဏ်များမှ အများဆုံး ရောင်းချနိုင်သည့် ကန်တစ်ဒေါ်လာတန်ဖိုးမှာ ဈေး ၁,၀၈၈ ကျပ်ခန့်သာရှိသည်။

တက္ကသိုလ်ပေါင်းစုံ နှီးနှောဖလှယ်ပွဲ မေလလယ်တွင် ပြုလုပ်မည်

လာမည့်ပညာသင်နှစ် တွင် စတင်မည့် တက္ကသိုလ်ဝင်ခွင့် ပုံစံ ရွေးချယ်မှုအပါအ၀င် အဆင့် မြင့် ပညာကဏ္ဍ  တက္ကသိုလ်ပေါင်း စုံ နှီးနှောဖလှယ်ပွဲကို မေလလယ် တွင် ရန်ကုန်မြို့ စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထား ကြောင်း အဆင့်မြင့်ပညာဦးစီး ဌာနမှ သတင်းရရှိသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲ တွင် တက္ကသိုလ်ဝင်ခွင့် ရွေးချယ် မှု ပုံစံများ၊ တက္ကသိုလ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိသည့်အ ခါ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို မေ ၂၂ မှ ၂၅ ရက်အထိ လေးရက်ကြာ ဆွေး နွေးကြမည်ဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ပြောသည်။

ရာသီဥတုပူပြင်းသောကြောင့် မီးပွိုင့်မိသူများ အပူသက်သာရန် အချိန်လျှော့ပေး

ရာသီဥတုပူပြင်းနေ၍မီးပွိုင့်မိသူများ  အပူဒဏ် သက်သာစေရန် အချိန်လျှော့ချထိန်းညှိပေးနေကြောင်းသတင်းရရှိသည်။
မန္တလေးမြို့ရှိ မီးပွိုင့်များကို စည်းကမ်းချက်ညီ မီးပွိုင့်စနစ်အ ဖြစ်စက်က ထိန်းညှိပေးသည့်စနစ် အသုံးပြုနေရာ  ယာဉ်ကြောရှုပ် ထွေးသည့်နေရာများတွင်အများ ဆုံးစက္ကန့် ၉၀ခန့်ထိထားပေးရကြောင်း၊ နံနက်နှင့်ညတွင် ယာဉ်ကြောရှုပ်ထွေးတတ်သဖြင့် မီးပွိုင့်ကြာချိန်ကို ပုံသေသတ်မှတ်လျှော့ချရန်မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် မီးပွိုင့်ကြာချိန်လျှော့ချရန်ယာဉ်ထိန်းများက ခလုတ်ကိုင်ကာ ထိန်းညှိပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး   ယာဉ်ထိန်းဒု တပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးသိန်းကိုကို ကပြောကြားသည်။

ဒေသအနှံ့တွင် အပူချိန်များ ဆက်လက်မြင့်တက်နိုင်

 မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် နေ့အပူချိန်များ မြင့်တက်နေပြီး လာမည့်ရက် များ၌လည်း ဆက်လက်မြင့်တက်နေနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက သတိပေးသည်။
‘‘မေလမှာ နှစ်စဉ်ရင်ဆိုင်နေရတဲ့ အပူချိန်ဆိုပေမယ့် အရင်ရက်က မိုးရွာခဲ့ပြီး ဒီရက်တွေ နေပြန်ပူတာကြောင့် အပူချိန်က ရုတ်တရက်မြင့်တက်လာတာမျိုးဖြစ်တာ။ တာ။ နောက်ရက်တွေမှာ အပူ ချိန်ဆက်မြင့်နေနိုင်တာကြောင့် သတိထားဖို့ လိုတယ်’’ဟု ဦးကျော်မိုးဦးက ပြောသည်။
မေလ ၆ ရက်က မြန်မာနိုင်ငံ ဒေသအနှံ့တွင် မေလတစ်လလုံး ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီ စင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ် ထိ မြင့်မားခဲ့ကာ မြန်မာနိုင်ငံအ ထက်ပိုင်းနှင့် အလယ်ပိုင်းဒေသ များ ဖြစ်သည့် မြင်းခြံ၊ ချောက်၊ မကွေး၊ မုံရွာ၊ ရေဦးနှင့် မင်းဘူး မြို့တို့တွင် အမြင့်ဆုံးဖြစ်ခဲ့ ကြောင်း မိုး/ဇလဌာနက သတင်း ထုတ်ပြန်ထားသည်။

ယာဉ်ပိုင်ရှင် အမည်ပေါက် ပြောင်းလျှောက်ရာတွင် အခွန်စိမ်းမလိုတော့

မော်တော်ယာဉ်ဝယ်ယူ ပြီး ကညန၌ ပိုင်ရှင်အမည်ပေါက် ပြောင်းလဲရာတွင် လိုအပ်သည့် အခွန်ပုံစံ(၁) အစိမ်း(အခွန်စိမ်း) အထောက်အထားကို ပယ်ဖျက် လိုက်ပြီဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ သတင်းရရှိ သည်။
အခွန်စိမ်းပုံစံ(၁) ဆိုသည် မှာ ယခင်ယာဉ်ပိုင်ရှင်ဟောင်းက အခွန်ဆောင်ထားခြင်းရှိ၊ မရှိကို စစ်ဆေးသည့် စာရွက်ဖြစ်ပြီး ယခု နောက်ပိုင်းတင်သွင်းလာသည့် ယာဉ်သစ်များမှာ ပြည်ပမှ တင် သွင်း၍ ဆိပ်ကမ်းကထုတ်ယူပြီး အသုံးပြုနေသည့် ယာဉ်များဖြစ် သည်။ ထို့ကြောင့် အခွန်ဆောင် ထားသည့် အထောက်အထားမရှိ သောကြောင့် ပြည်တွင်းအခွန်များ ဦးစီးဌာနက ပယ်ဖျက်ပေးခြင်းဖြစ်သည်။  အဆိုပါ သတ်မှတ်ချက်မှာ လွန်ခဲ့သည် ၁၉၉၈-၁၉၉၉ က ယာဉ် အရောင်းအ၀ယ်ပြုလုပ်ခဲ့ သူများအတွက် ပြုလုပ်ခဲ့သည့် စီ မံချက်ဖြစ်ပြီး ၂၀၁၁ တွင် ယာဉ် တင်သွင်းမှု မူဝါဒပြောင်းလဲအပြီး အမည်ပြောင်းလျှောက်ထားသူ နည်းသွားကြောင်း တစ်နိုင်တစ် ပိုင် ကားတင်သွင်းသူ ကိုမြတ်မင်း ချစ်က ဆိုသည်။

Wednesday, May 6, 2015

“ယာဉ်ကြောကြပ်တဲ့ ပြဿနာ၊ စားပေါက် မထွင်ပါနဲ့”

ရန်ကုန်မှာ ကားပါကင် ရှားပါး၊ ယာဉ်ကြောကြပ်တာကို အကြောင်းပြုပြီး စည်ပင်သာယာရေး ကော်မတီဟာ နယ်မှတ်ပုံတင်နဲ့ ကားတွေ ရန်ကုန်ဝင်ရင် နေ့အလိုက် ငွေကောက်ခံတဲ့ စနစ်ကို ကျင့်သုံးပါတယ်။ အကြောင်းကတော့ နယ်မှတ်ပုံတင်နဲ့ ကားတွေ ရန်ကုန်မှာ ထားပြီး အသုံးမပြုကြစေဖို့ ဖြစ်ပါတယ်။ ဒီ စနစ် အလုပ်ဖြစ်တယ်၊ မဖြစ်ဘူး၊ အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာ အသာထားလို့ အများပြည်သူတွေဆီကနေ “ငွေကောက်” တဲ့ အလုပ်ကို အားကျဟန် တူပါရဲ့။ မန္တလေးကလည်း ရန်ကုန်ကို အတုခိုး ငွေကောက်တာ လုပ်ပါတယ်။ မေလ ၁ ရက်နေ့ကစ မန္တလေး မှတ်ပုံတင် မဟုတ်တဲ့ ကားတွေကို ငွေကောက်တာ ဝေဖန်မှုတွေ များလွန်းလို့ မေလ ၄ ရက် နေ့လယ်လောက်မှာပဲ ငွေကောက်တာ ရပ်ဆိုင်းလိုက်ရပါတယ်။ ကားပါကင် ရှားပါးတာ၊ ယာဉ်ကြောကြပ်တဲ့ ပြဿနာကို ဒီနည်းနဲ့ ဖြေရှင်းတာ မှန်ပါသလား။ သူများဆီမှာရော ဘယ်လို ဖြေရှင်းနေကြသလဲ၊ ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ ဒီကနေ့ ဆွေးနွေးကြည့်ကြရအောင်။

မြန်မာ့စီးပွားရေးအခြေအနေ Serge Pun ဆွေးနွေး

မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလုပ်အကိုင် ဖန်တီးပေးဖို့ဆိုရင် အစိုးရနဲ့ စီးပွားရေး အသိုင်းအ၀ိုင်း အပါအ၀င် အဘက်ဘက်က ပူးပေါင်း ပါဝင် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတဦးဖြစ်တဲ့ Serge Pun က ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့က ၀ါရှင်တန် ဒီစီမြို့တော်မှာရှိတဲ့ CSIS - နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး တတ်သိပညာရှင်များအဖွဲ့ ပြုလုပ်တဲ့ ဟောပြောပွဲ အပြီး ဗွီအိုအေနဲ့ သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ တွေ့ဆုံ မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြို့ကြီးအချို့ နေ့အပူချိန် ဆက်လက်မြင့်တက်

ရန်ကုန်အပါအဝင် နေပြည်တော်၊ မန္တလေးနှင့် မြို့ကြီးအချို့တွင် ယခုရက်ပိုင်း အတွင်း နေ့အပူချိန်များ မြင့်တက်နေ ပြီး ဆက်လက်၍လည်း မေလကုန်အထိ ဒေသအချို့တွင် နေ့အပူချိန်များ မြင့်တက်နိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။
နေ့အပူချိန်များ ဆက်လက် မြင့်တက်လာနိုင်သည့် ဒေသများမှာ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန်အတွက် အကြိုညီလာခံတစ်ရပ် ရန်ကုန်မြို့၌ ဇွန်လလယ်တွင်ပြုလုပ်မည်

ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန်အတွက် အကြိုညီလာခံတစ်ရပ် ရန်ကုန်မြို့၌ လာမည့်ဇွန်လလယ်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) အဖွဲ့ဝင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။
အဆိုပါအကြိုညီလာခံကျင်းပရေးအတွက် KUPC ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို မေ ၁ ရက်မှ ၂ ရက်အထိ နှစ်ရက်ကြာ ပဲခူးမြို့ ၁၀ မိုင်ရှိ Shwe Pyi Resort ၌ပြုလုပ်ခဲ့ပြီး အကြိုညီလာခံကျင်းပရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကာ KUPC ပြည်နယ်နှင့် တိုင်းဒေသကြီးအဖွဲ့ခွဲရှစ်ဖွဲ့မှ စာတမ်းရှစ်စောင်တင်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

တောင်သမန်အင်း သေဆုံးခြင်း

လေအဝေ့တွင် ပုပ်အဲ့အဲ့ငါးညှီနံ့က ထောင်းထောင်း ထလာသည်။ ရန်ကုန်-မန္တလေးလမ်းမဘက်မှ ကွေ့ဝင်လာပြီး မိနစ်ပိုင်းမျှ ဆိုင်ကယ်မောင်းနှင်လိုက်သည်နှင့် မည်စည်ပင်အုပ်အုပ်ကြီးများရှိသော တောင်သမန်အင်းစောင်းကို ရောက်သည်။ အမြဲနေထိုင်သူများအတွက် ထူးခြားမှုမရှိသော်လည်း တောင်သမန်အင်းရေပြင်ကို ဖြတ်တိုက်လာသည့် လေပြည်က တစ်ခါတစ်ရံလာလည်သည့် ခရီးသွားဧည့်သည်များအတွက်တော့ အသက်ရှုကျပ်စေသည်။ တသုန်သုန်တိုက်ခတ်နေသည့် လေပြေက အေးမြလတ်ဆတ်မှုမရှိဘဲ တောင်သမန်အင်းဝန်းကျင်တွင် ပုပ်အဲ့အဲ့ငါးညှီနံ့များ ပျံ့လွင့်နေသည်။

မြောက်ကိုရီးယားတွင် ဖမ်းဆီးထားသော တောင်ကိုရီးယားနှစ်ဦးသည် မြောက်ကိုရီးယားကို သူလျှိုလုပ်ခဲ့ကြောင်း ဝန်ခံ



သူလျှိုမှုဖြင့် မြောက်ကိုရီးယား တွင် တရားစွဲဆိုခံနေရသော တောင် ကိုရီးယားနိုင်ငံသားနှစ်ဦးသည် တောင် ကိုရီးယားအတွက် သူလျှိုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြုံယမ်း၌ ပြုလုပ်သော CNN ၏ အင်တာဗျူးတွင် ဝန်ခံခဲ့ သည်ဟု AFP သတင်းအရ သိရသည်။

ကိုယ်ဝန်ဆောင် မြန်မာအလုပ်သမား ရေမြောင်းထဲဟင်းရွက်ခူးစဉ် ဓာတ်လိုက်သေဆုံး

 
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ရေမြောင်းထဲဆင်းပြီး ပိန်းရွက်ခူးတဲ့ မြန်မာ အလုပ်သမား ကိုယ်ဝန်ဆောင်မိခင်တဦး ဓာတ်လိုက်သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေ မှာ ဖော်ပြပါတယ်။
မေ ၅ ရက် မနက်ခင်း ၁၁ နာရီခွဲအချိန်က ချင်းမိုင်မြို့ ကန်းကနုတ် -၁၉ စီမံကိန်းအိမ်ရာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးကြောင်း အကြောင်းကြားချက်အရ သွားရောက်စစ်ဆေးရာမှာ မဲ့ခါချောင်းထဲက ပိန်းပင်တွေကြား အသက် ၂၀ ကျော်ရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးနေတာ တွေ့ရတယ်လို့ ချင်းမိုင်မြို့မရဲစခန်း တာဝန်ကျ ဒုရဲမှူး ဆူဝစ် ဗန်ယိုက သတင်းထောက်တွေကို ပြောပါတယ်။

Monday, May 4, 2015

Baltimore ညမထွက်ရ အမိန့် ချိုးဖေါက်သူတွေ ရဲဖမ်း


အမေရိကန် ပြည်ထောင်စု ဘော်တီမိုးမြို့မှာ ည ၁၀ နာရီ ညမထွက်ရ အမိန့်ကို ချိုးဖောက်တဲ့ အနည်းဆုံး လူ ၁၂ ယောက်တို့ကို စနေနေ့ ညက ဖမ်းဆီးခဲ့တယ်လို့ ရဲက ပြောပါတယ်။
စနေနေ့ အစောပိုင်းကတော့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက မြို့တော်ခန်းမ ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ Freddie Gray သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး ရဲ ၆ ဦးတို့ကို တရားစွဲဆိုမယ့် ကြေညာချက် သောကြာနေ့က ထွက်ပေါ်လာပြီး စနေနေ့မှာတော့ အများအပြားက ဒီကြေညာချက်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသလို ဆန္ဒပြသူတွေကလည်း တရားမျှတမှု မရှိရင် ငြိမ်းချမ်းရေး မရှိနိုင်ဘူးလို့လည်း ကြွေးကြော်ခဲ့ကြတာပါ။

မြန်မာ သတင်းသမားများ အတွက် ရွေးကောက်ပွဲ ဆိုင်ရာ လမ်းညွှန်

မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန် မြန်မာ သတင်း မီဒီယာသမားတွေ လက်စွဲ ကိုင်ဆောင်ထားသင့်တဲ့ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ချက်တွေကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က ဒီကနေ့မှာ အတည်ပြု ထုတ်ပြန်ပေးလိုက်ပါတယ်။ ဒီအကြောင်း မဆုမွန်က ဆက်ပြီး တင်ပြပေး ပါမယ်။
ရွေးကောက်ပွဲကျင်းပနေချိန်အတွင်း မဲဆန္ဒနယ်မြေတွေကို သတင်းလိုက်လံ ရယူမယ့် သတင်းမီဒီယာတွေ အနေနဲ့ သိရှိလိုက်နာထားသင့်တဲ့ မီဒီယာ ကျင့်ဝတ်ဆိုင်ရာ အချက်တွေနဲ့အတူ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေ၊ မဲရုံ မှူးတွေနဲ့ သတင်းမီဒီယာသမားတွေကြား အပြန်အလှန် သိရှိ နားလည်သင့်တဲ့ အချက်တွေကို စုစည်းပြီး အတည်ပြု ထုတ်ပြန်ပေး ထားတာဖြစ်တဲ့အကြောင်း မြန်မာ စာနယ်ဇင်းကောင်စီ (ယာယီ) က ဦးဇော်သက်ထွေးက ဗွီအိုအေ မြန်မာပိုင်းကို အခုလိုပြောပါတယ်။

အင်းရေညစ်ညမ်းလျက်ရှိသော တောင်သမန်အင်းမှ ငါးထုတ်လုပ်ရောင်းချခြင်း သုံးလခန့် ရပ်နားမည်

ရေဆိုးဝင်ရောက်မှုများကြောင့် အင်းရေညစ်ညမ်းလျက်ရှိသော တောင်သမန်အင်းအတွင်းမှ ငါးဖမ်းယူထုတ်လုပ်ရောင်းချခြင်းအား သုံးလခန့် ရပ်နားမည်ဖြစ်ကြောင်း အင်းသူကြီးထံမှ သိရသည်။
လက်ရှိတွင် ရေဆိုးဝင်ရောက်မှုကြောင့် တောင်သမန်အင်း မြောက်ဘက်ခြမ်းတွင် ငါးသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ မြောက်အင်းဘက်မှ ကျန်ရှိငါးများကို ဖမ်းယူရောင်းချခြင်း မပြုလုပ်တော့ဘဲ ငါးများ တောင်ဘက်အင်းအတွင်း ရောက်ရှိမလာစေရန် ယင်းလိပ်ကာရံ၍ တောင်ဘက်အင်းအတွင်းရှိ ငါးများကိုသာ ဖမ်းယူရောင်းချလျက်ရှိပြီး မကြာမီ ငါးသားပေါက်ရာသီ ရောက်ရှိတော့မည်ဖြစ်သောကြောင့် တောင်ဘက်အင်းအတွင်းမှ ငါးဖမ်းဆီး ထုတ်လုပ်ရောင်းချမှုများကိုလည်း သုံးလခန့် ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

Sunday, May 3, 2015

တပ်မတော်နှင့် ကချင်တပ်မတော် တိုက်ပွဲဖြစ်ခဲ့သည့်နေရာသို့ ကွင်းဆင်းလေ့ လာရန် အစိုးရဘက်မှ ခွင့်ပြုချက်မရသေး


အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဖားကန့် ဒေသနှင့် တနိုင်းဒေသ သွားရောက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အစိုးရဘက်မှ ယနေ့ထိ ခွင့်ပြု ချက် မရသေးကြောင်း KIO နှင့် ငြိမ်းချမ်ရေးအကျိုးဆောင်အဖွဲ့ PCG က ပြောသည်။
“မရသေးဘူး။ စောင့်နေတယ်။ ကျနော်တို့ ကေအိုင်အိုအဖွဲ့က စောင့်နေ တုန်းပဲ။ ဘာဖြစ်လို့ ကြာလဲ မသိဘူး။ PCG အဖွဲ့က မေးနေတယ်။ သူတို့ အဆက်အသွယ်လုပ်နေတယ်။ မေးမြန်းနေပါတယ်”ဟု မြစ်ကြီးနားမြို့ KIO နည်းပညာ အထောက်အကူပြုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါး က ပြောသည်။
တိုက်ပွဲအခြေအနေများ စုံစမ်းစစ်ဆေးရန် KIO ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သောအဖွဲ့ကလည်း ယနေ့ထိ မြစ်ကြီးနားမြို့ KIO ရုံးတွင် စောင့်နေသည်ဟု သူက ပြောသည်။

တာချီလိတ်လေဆိပ် တွင် Asian Wings လေယာဉ် ပြေးလမ်းပေါ်၌ ဘီးပေါက်မှုဖြစ်ပွား

ယနေ့ မေ ၂ ရက်၊ ညနေ ၃ နာရီ ၅ မိနစ်ခန့်က တာချီလိတ် လေဆိပ်တွင် Asian Wings လေယာဉ် (XY-AJQ) သည် တာချီလိတ် - မြစ်ကြီးနား၊ မန္တလေး ခရီးစဉ်အဖြစ် ခရီးသည် (၄၄)ဦး နှင့် လေယာဉ်ဝန်ထမ်းများ လိုက်ပါလျက် လေယာဉ်ပြေးလမ်းပေါ်၌ စတင် ပျံသန်းထွက်ခွာ ရန် ပြင်ဆင်စဉ် မတက်နိုင်သဖြင့် လေယာဉ် ကွင်းရှိရာ သို့ ပြန်လည်ကွေ့ ခဲ့ရကြောင်း သိရသည်။

ဒေသခံလူငယ် ၃ ဦးအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့် ပြန်ရွေးခိုင်း

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက်(၁)၌ နေထိုင်သော ဒေသခံ ၃ ဦး သည် ဧပြီလ ၃၀ ရက်နေ့၌ တောင်ယာ လုပ်ကိုင်နေစဉ် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် ၁၅ သိန်းဖြင့်လာရွေးရန် ပြောဆို သွားကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။
“ သူတို့ တပ်ရင်းဌာနချုပ်မှာ ဖမ်းချုပ်ထားတယ်လို့ သိရတယ်၊ မိသားစုဝင်တွေ လည်း စိတ်ပူနေကြတာပေါ့၊ တိုက်ပွဲတွေပြန်ဖြစ်လာလို့ စီးပွားရေးက အဆင်မပြေတဲ့ကြားထဲ သူတို့က လူဖမ်းပြီး ငွေနဲ့လာရွေး ခိုင်းတော့ အကုန်လုံးဒုက္ခရောက်ကုန်တာပေါ့ ” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
“ ကျွန်တော်က သားရော သမီးရော နှစ်ယောက်လုံးပါသွားတာ၊ အရမ်းစိတ်ပူတယ်ဗျာ၊ မရှိလို့ တောင်ယာလုပ်စား တာကို အခုလို ဖမ်းပြီး ငွေတောင်းတာတွေ လုပ်လာတော့ ကျွန်တော်တို့မှာ တော်တော်လေး ဒုက္ခရောက်ကြပါတယ်၊ ဘယ်သူ့ကိုမှလည်း အကူအညီ မတောင်းရဲဘူး ဖြစ်နေတယ် ” ဟု ဦးဆွတ်လွတ်နော်က ပြောသည်။

Saturday, May 2, 2015

ရေဆိုးစွန့်ပစ်သည့်အရက်ချက်စက်ရုံများကို တောင်သမန်အင်းသူကြီးတရားစွဲဆိုသွားမည်

တောင်သမန်အင်းထဲသို့ရေဆိုးများစွန့်ပစ်သည့်အရက်ချက်စက်ရုံများအား
လာမည့်အပတ်တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း
တောင်သမန်အင်းသူကြီးဦးချစ်ခိုင်ကပြောသည်။
တောင်သမန်အင်းထဲသို့ စီးဝင်နေသည့် ပရံတော်ချောင်းအတွင်းသို့
အဆိုပါအရက်ချက်စက်ရုံများမှာ ရေဆိုးများအလုံးအရင်းနှင့်စွန့်ပစ်သည့်အတွက်အင်းအတွင်းရှိ ငါးထောင်ချီသေဆုံးခဲ့ရပြီးအင်းပျက်စီးစေသောကြောင့်
ယခုလိုတရားစွဲဆိုရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဦးချစ်ခိုင်က ပြောသည်။
“တောင်သမန်အင်းထဲကို ရေဆိုးမစွန့်ထုတ်ဖို့
အကြိမ်ကြိမ်စာပို့ပါတယ်။စက်ရုံတွေက လိုက်နာခြင်းမရှိသလို
စက်ရုံတွေကိုတားမြစ်ကြီးကြပ်ရမယ့် စည်ပင်ကလည်း
အလုပ်မလုပ်ပါဘူး။အချက်အလက်ခိုင်မာအောင်စုဆောင်းပြီးရင် စက်ရုံတွေသာမကတာဝန်ရှိတဲ့ ဝန်ထမ်းတွေကိုပါ တရားစွဲဆိုသွားမှာဖြစ်ပါတယ်”ဟု
၎င်းကအတည်ပြုပြောကြားသည်။

KNU တပ်မဟာ (၂) နယ်မြေမှာ အစိုးရလေတပ်ကဗုံးကျဲ

အသံဖိုင် နားထောင်ရန်နဲ့ ရယူရန်နားထောင်ရန်  အသံဖိုင်ယူရန်
တောင်ငူခရိုင် KNU/KNLA တပ်မဟာ (၂) ဌာနချုပ်အနီးမှာ မြန်မာအစိုးရလေတပ်က ဗုံး (၃) လုံးကျဲချခဲ့တဲ့အတွက် အနီးတဝိုက်ဒေသခံတိုင်းရင်းသားတွေ စိုးရိမ်မကင်း ဖြစ်နေတယ်လို့ သိရပါတယ်။
မြန်မာ့တပ်မတော်-လေက ဧပြီလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့မှာကျဲချခဲ့တာလို့ KNU တွဲဘက် အတွင်း ရေးမှူး (၁) ပဒိုစောသောသီဘွဲက RFA ကိုပြောပါတယ်။"၂၉ ရက်နေ့ နံနက် ၈ နာရီခွဲလောက်မှာ ၂ လုံးဗုံးကျဲတယ်၊ နောက်ပြီးတော့ ၃၀ ရက်နေ့ ၁၁ နာရီ မှာ နောက်ထပ် ၁ လုံးကျဲတယ်၊ အခုဗုံးကျတဲ့ နေရာက ရွာသူ၊ ရွာသားတွေ၊ လူထုတွေ၊ နောက်ပြီး ခြံတွေ၊ ကိုင်းတွေ၊ နေထိုင်တဲ့ နေရာဒေသဖြစ်တယ်၊ ထို့နည်းတူဘဲ ကျနော်တို့ရဲ့ဌာနချုပ်နဲ့လည်း အလွန်နီးစပ်နေ ပါတယ်"

အိမ်ထောင်ရေး ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူးဆိုတာ အစကတည်းက ဒီအချက်တွေကို ကြည့်ပြီး ခန့်မှန်းနိုင်


အိမ်ထောင်ပြုတော့မယ်ဆိုကတည်းက ဒီအိမ်ထောင်ရေးဟာ ခိုင်မြဲပါ့မလား ဆိုတာ ကြိုတင်တွက်ဆကြည့်နိုင်ပါတယ်။ အတိအကျကြီး မဟုတ်တောင် အကြမ်းဖျင်းအားဖြင့်တော့ ဒီအချက်လေးတွေက သင်တို့ အိမ်ထောင်ရေး ခိုင်မြဲမှုရှိပါ့မလားဆိုတာ ပြောပြပေးပါလိမ့်မယ်။ Emory တက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့ လေ့လောတွေ့ရှိချက်ကတော့ လက်ထပ်ပြီးသား စုံတွဲ ၃၀၀၀ကျော်ကို ဆန်းစစ် မေးမြန်းရာကနေ ခုလို အချက် (၆)ချက်ကို ဖော်ထုတ်နိုင်ခဲ့တာပါ။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ရုပ်အလောင်းတွေ ထိုင်းတောင်ပိုင်းမှာတွေ့


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က လာတယ်လို့ ယူဆရတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃၀ကျော်ရဲ့ရုပ်အလောင်းကို ထိုင်းနိုင်ငံတောင်ပိုင်း လူကုန်ကူး လေ့ရှိတဲ့ လမ်းကြောင်းပေါ်မှာ သောကြာနေ့က ရှာတွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အလောင်း ရှာတွေ့တဲ့နေရာဟာ မလေးရှားနယ်စပ်နဲ့နီးတဲ့ ထိုင်းနိုင်ငံ Songkhla ဆုန်ခလာခရိုင် Sadao ဆာဒါအို ဒေသမှာဖြစ်ပြီး လှေစီးဒုက္ခသည် တွေကို လူကုန်ကူးသူတွေက ယာယီ ထိန်းသိမ်းထားလေ့ရှိတဲ့ နေရာလဲ ဖြစ်ပါတယ်။

အေးရှားဝင်း လေယာဉ်တစ်စီး တာချီလိတ်လေဆိပ် အတက်၌ မတက်နိုင်ရာမှ ဘီးပေါက်မှုဖြစ်


အေးရှားဝင်း လေယာဉ်တစ်စီးသည် အတက်၌ ဘီးပေါက်၍ ခရီးသည်များ အထိတ်တလန့် ဖြစ်သွားခဲ့ရသည့် ဖြစ်စဉ်တစ်ခု တာချီလိတ် လေယာဉ်ကွင်း တွင် ယနေ့ မေလ(၂)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။