Wednesday, March 19, 2014

တရားခံပစ်မှတ်ကို ပြောင်းလိုက်သော MH 370 ရှာပုံတော်


(ဘဲလားလေဘာတီ)
ခရီးသည် ၂၃၉ ဦးပါတဲ့ လေယာဉ် MH 370 အစအန ပျောက်ဆုံးနေခဲ့တာ ဒုတိယပတ်ထဲကို ရောက်နေ ပါပြီ။ ပျောက်တဲ့နေ့ကစပြီး ယနေ့အထိ နိုင်ငံပေါင်း၂၀ ကျော် တို့က တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာ တစ်ခွင်ကို ပြဲပြဲစင်အောင် ရှာဖွေနေကြဆဲပါ။ ပထမတော့ လေယာဉ်ဟာ မြေပြင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတာကို အကြမ်းဖက် သမားတွေကို ပစ်မှတ်ထားခဲ့ပြီး လေယာဉ် ပျက်ကျသွားပြီလို့ အတည်ပြုလို့ အထက်ပါတိုင်း တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယ သမုဒ္ဒရာတစ်ခွင် ပြဲပြဲစင်အောင် ရှာဖွေနေခဲ့ကြရာမှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ မလေးစစ်တပ်က စစ်တပ်ရဲ့ Radar မှာ MH 370 ဟာ မလေးကျွန်းဆွယ်အရှေ့ ပင်လယ်ပေါ်ကနေ Black Box ကို တမင်ပိတ်ထားပြီး ပုံမှန် နောက်ပြန်လှည့်လို့ မလေးကျွန်းဆွယ်ပေါ်က ဖြတ်သန်းလို့ အိန္ဒိယ သမုဒ္ဒရာထဲက Andaman Islands အက်ဒမင် ကျွန်းစုဆီကို ဦးတည် ပျံသန်းသွားတယ်လို့ ဆိုလာခဲ့ပါတယ်။ ပြီးတော့ လေယာဉ်ဟာ

ထူးဆန်းသောကျောက်ဖားကြီးနှင့် ဥများ မြဝတီအနီး ချောင်းထဲကတွေ့ရှိ

ကရင်ပြည်နယ် ရွှေ ကုက္ကိုရွာမှရရှိသော အလေးချိန် ၁၃ပိဿာ ခန့်ရှိ ထူးဆန်းသောကျောက်ဖားကြီး တစ် ကောင်နှင့် ဥခြောက်လုံးအား သထုံမြို့ နတ်ကျွန်းရပ်ရှိ အဘယသုခကျောင်းတိုက် တွင် မတ် ၁၄ ရက်ညက လာရောက်ပြ သရာ လာရောက်ကြည့်ရှုသူ ဒေသခံများ ဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ဆောင်ရွက်ချက် အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ၏ အမြင်

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ဆောင်ရွက်ချက် အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ၏ အမြင

ဦးရဲထွန်း

သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ

သမိုင်းကြောင်း အနေအထားအရကြည့်ရင် ကျနော်တို့နိုင်ငံက အစ္စလမ်ဘာသာရဲ့လွှမ်းမိုးမှုကို ခံနေရတဲ့ ရှေ့တန်းနိုင်ငံလို့ ပြောလို့ရတယ်။ မူလကအာဖဂန်နစ္စတန်မှာ ဗုဒ္ဓဘာသာ ထွန်းကားခဲ့တယ်။ နောက်မွတ်စလင်တွေ ရောက်လာပြီး လွှမ်းမိုးသွားတယ်။ နောက်ပိုင်း အိန္ဒိယကိုပါ ရောက်လာပြီး လွှမ်းမိုးလာတာမှာနောက်ပိုင်း သီဟိုဠ် ကျွန်းပါ ပါသွားတယ်။ အိန္ဒိယမှာ ဗုဒ္ဓဘာသာ မရှိသလောက်ဖြစ်သွားပြီ။

နောက်တချက်က မွတ်စလင်ရှိတဲ့ နေရာတိုင်းမှာ ပြဿနာလေးတွေရှိတယ်။ထိုင်းတောင်ပိုင်းမှာလည်း ဒီပြဿနာပဲ။ 

ဒီလိုကိစ္စလေးတွေကိုလည်းနားလည်ဖို့လိုတယ်။ လူ့အခွင့်အရေးအရ ကြည့်ရင်လည်း လူ့အခွင့်အရေးကြေညာစာတမ်းကို ရေးခဲ့တဲ့သူတွေက နယ်မြေသစ်ရှာပြီးအခြေချနေထိုင်ခဲ့တဲ့သူတွေ။ သူတို့က လွတ်လပ်စွာနယ်မြေရွှေ့ပြောင်းနိုင်ပြီး အခြေချနေထိုင်ခွင့် ဆိုတာမျိုးတွေပြောခဲ့တယ်။

လွတ်လပ်စွာ နိုင်ငံသား ခံယူခွင့် ရှိတယ်ဆိုတာမျိုးတွေကို ထည့်ခဲ့တယ်။လွတ်လပ်စွာ ပြောဆိုခွင့်တို့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် ၊ လွတ်လပ်စွာ စည်းရုံးခွင့်တွေကျတော့တို့နိုင်ငံရဲ့ လိုလားတောင့်တချက်တွေနဲ့ကိုက်ပေမယ့် လွတ်လာစွာရွှေ့ပြောင်းနေထိုင်ခွင့်နဲ့ လွတ်လပ်စွာ နိုင်ငံသား ခံယူခွင့်တွေကတော့ကျနော်တို့ရဲ့ အကျိုးစီးပွားနဲ့ မကိုက်ဘူး။

လူ့အခွင့်အရေး ကြေညာစာတမ်းဆိုတာချည်းကို ကျနော်တို့ အကျိုးစီးပွားနဲ့ချိန်ပြီးတော့ပဲ လက်ခံသင့်တယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းကြီး ထွက်လာတော့လက်မှတ်မထိုးတဲ့ နိုင်ငံတွေထဲမှာ အဲဒီမွတ်စလင် နိုင်ငံတွေ ထိပ်ဆုံးကပါတယ်။ ဘာကြောင့် မထိုးသလဲဆိုတော့ သူတို့ရဲ့ ဘာသာရေးမှာကိုကလူ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့အချက်တွေနဲ့ ပြဋ္ဌာန်းထားလို့ပဲ။

သူတို့ဆီမှာ သူခိုးဆိုရင် ခိုးတဲ့လက်ကို ဖြတ်ရမယ်တို့။မျက်လုံးတလုံးဆိုရင် မျက်လုံးတလုံး အလျော်ပေးရမယ်တို့။ သူများယောကျာင်္းနဲ့ ဖောက်ပြန်တဲ့ အမျိုးသမီးကို ခဲနဲ့ ပေါက်သတ်ရမယ် ဆိုတာတွေ ပြဋ္ဌာန်း ထားတဲ့နိုင်ငံမျိုးတွေက လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်မှတ်မထိုးခဲ့ဘူး။်

http://burma.irrawaddy.org/interview/2014/03/18/56384.html သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ သမိုင်းကြောင်း အနေအထားအရကြည့်ရင် ကျနော်တို့နိုင်ငံက အစ္စလမ်ဘာသာရဲ့လွှမ်းမိုးမှုကို ခံနေ ရတဲ့ ရှေ့တန်းနိုင်ငံလို့ ပြောလို့ရတယ်။ မူလကအာဖဂန်နစ္စတန်မှာ ဗုဒ္ဓဘာသာ ထွန်းကား ခဲ့တယ်။ နောက်မွတ်စလင်တွေ ရောက်လာပြီး လွှမ်းမိုးသွားတယ်။ နောက်ပိုင်း အိန္ဒိယကိုပါ ရောက်လာပြီး လွှမ်းမိုးလာတာမှာနောက်ပိုင်း သီဟိုဠ် ကျွန်းပါ ပါသွားတယ်။ အိန္ဒိယမှာ ဗုဒ္ဓဘာသာ မရှိ သလောက်ဖြစ် သွားပြီ။

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ် မကျသဖြင့် စုံစမ်းရာမှ ယမန်နှစ်က အောင်မြင်ခဲ့ပြီးမှန်းသိရ

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ် မကျသဖြင့် စုံစမ်းရာမှ ယမန်နှစ်က အောင်မြင်ခဲ့ပြီးမှန်းသိရ
WEDNESDAY, MARCH 19, 2014

၂ဝ၁၂-၁၃ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သည်ကို လုံးဝမသိဘဲ ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲဖြေဆိုရန် ဝင်ခွင့်ကတ် ကျမလာ သဖြင့် စုံစမ်းရာမှ ယမန်နှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင် ခဲ့ကြောင်းသိရသည့် ကျောင်းသူတစ်ဦး၏ ဖြစ်ရပ် ကျိုက်ထိုမြို့၌ ဖြစ်ပွားခဲ့သည်။

''ဖြစ်ပုံက စံပယ်ထွန်းသမအသင်း ကဖွင့်တဲ့ ပညာဒါနကျောင်းကနေ အပြင် ဖြေ ၁၃ ယောက်ဖြေဖို့ ဖောင်တင်ကြပါတယ်။ ဒီလိုနဲ့ ဖောင်တွေတင်
ထားပြီးတော့ မတ် ၁ဝ ရက် ကတ်ထုတ်မယ့်နေ့လဲရောက်ရော ကတ်က ၁၂ ယောက်စာပဲ ထုတ်လို့ရတယ်။ ကတ်မရတဲ့တစ်ယောက် နာမည်က မသန်း သန်းဌေးလို့ ခေါ်တယ်။ သူ့ကတ်လဲ ကျမလာ ရော ပညာရေးမှူးရုံးမှာ သွားမေးတယ်။ နောက်မှ ရန်ကုန်က သက်ဆိုင်ရာရုံးကို ဖုန်း ဆက်မေးကြည့်တော့ အဲဒီကျောင်းသူက မနှစ်က အောင်စာရင်းမှာ နာမည်ပါပြီးသား ဖြစ်နေတယ်။ ကျတယ်ထင်ပြီး ပြန်ဖြေဖို့ ဖောင်တင်ရင်းနဲ့ စာမေးပွဲကြီးဖြေခါနီးမှ သိ ရတာပါ''ဟု ဒေသခံ ရပ်မိရပ်ဖ ဦးမျိုးတင် ကပြောသည်။

မသန်းသန်းဌေးမှာ ပြီးခဲ့သည့် ၂ဝ၁၂-၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျရှုံးခဲ့သဖြင့် ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရာ အောင် မြင်ခဲ့သည်ကို အောင်စာရင်း သွားရောက် ကြည့်ရှုခဲ့ခြင်းမရှိသဖြင့် သိရှိခဲ့ခြင်း မရှိဘဲ ကျရှုံးသည်ထင်မှတ်ကာ ယခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို နောက်တစ်ဖန် ပြန်လည် ဖြေဆိုခြင်းဖြစ်ကြောင်း သိရသည်။

ကရင်တိုင်းရင်းသား ဖြစ်သူ အဖဦးဖားမီး၏သမီး မသန်းသန်းဌေးသည် ၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ညက-၉ဝ၆ ဖြင့် အထက(၂)ကျိုက်ထို စာစစ် ဌာနမှ ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်စာ ရင်းထွက်သည့်အခါ ကိုယ်တိုင်သွားရောက် ကြည့်ရှုရန်ကြောက်သဖြင့် မိဘများနှင့် ဆွေ မျိုးများကို အောင် မအောင်သွားရောက်ကြည့် ရှုခိုင်းရာ သုံးကြိမ်တိတိ သွားရောက်ကြည့်ရှု သော်လည်း အောင်မြင်သည်ကို မတွေ့ရှိဟု ပြောကြကြောင်း မသန်းသန်းဌေးကဆိုသည်။

''အောင်စာရင်းကို သုံးခါတောင် သွားကြည့်ခိုင်းတာ။ မပါဘူးဆိုတော့ တော် တော် စိတ်မကောင်းဖြစ်မိတယ်။ ဒါနဲ့ နောက်နှစ် အောင်ရမယ်၊ ဂုဏ်ထူးထွက်ရ မယ်ဆိုပြီး ဆက်ကြိုးစားခဲ့တာ''ဟု မသန်း သန်းဌေးကဆက်ပြောသည်။

''သူ့မိဘတွေက ရိုးသားတဲ့ကရင် တိုင်းရင်းသား တောသူတောင်သားတွေ လဲဖြစ်တယ်။ အောင်စာရင်း မကြည့်ဖူး တာလဲ ပါမယ်။ သူ့နာမည်ကို ရှာမတွေ့ဘူး လို့ပြောကြတယ်။ မြန်မာစာအဖတ် အား နည်းတာလဲ ပါလိမ့်မယ်ထင်တယ်။ အောင် စာရင်းမှာ ညက-၉ဝ၆ အောင်နေတာ သူတို့ ရှာမတွေ့ကြဘူး''ဟု ဒေသခံအထက်တန်း ပြဆရာမတစ်ဦးက ပြောသည်။

The Flower News Journal
Yangon Media Group
၂ဝ၁၂-၁၃ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သည်ကို လုံးဝမသိဘဲ ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲဖြေဆိုရန် ဝင်ခွင့်ကတ် ကျမလာ သဖြင့် စုံစမ်းရာမှ ယမန်နှစ်ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲကို အောင်မြင် ခဲ့ကြောင်းသိရသည့် ကျောင်းသူတစ်ဦး၏ ဖြစ်ရပ် ကျိုက်ထိုမြို့၌ ဖြစ် ပွားခဲ့သည်။

သင်္ကြန် မှာ စည်းကမ်း တင်းကျပ် မယ်

Photo: သင်္ကြန် မှာ စည်းကမ်း တင်းကျပ် မယ် 

ယခု နှစ် မြန်မာ့ ရိုးရာ နှစ်သစ် ကူးပွဲ ကာလ ဖြစ်တဲ့ အတာ သင်္ကြန် ရေသဘင် ပွဲ တော် အခါ သမယ မှာ မြန်မာ့ ရိုးရာ ယဉ် ကျေးမှု နဲ့  ရော ၊ ဘာသာ ရေး ၊ လူမှုရေး စတာ တွေ နဲ့  မသင့် လျှော်တဲ့ ၀တ်စား
ဆင်ယဉ် မှု တွေ ၊ ပြောဆို မှု ဆင်ယဉ် မှု တွေ မလုပ် ရဘူး လို့  မကြာခင် ဆိုင်ရာ က အမိန့်  ထုတ် တော့ မှာ ဖြစ် ကြောင်း ရန်ကုန်တိုင်း ၀န်ကြီး ချုပ် ရုံး က တာဝန် ရှိ သူ တစ်ဦး က အပိုလို သတင်း အုပ်စု ကို ပြော ပါတယ်။

မန္တလေးမှာဆိုရင် ဆိုင်ရာ က စောင့်ကြည့် အရေးယူမှာ ပြု မှာ ဖြစ်တဲ့ အပြင် မဘသ အဖွဲ့  နဲ့  ထင်ရှား တဲ့ ဆရာတော် ဦးဝီရသူ ကိုယ် တိုင် စောင့်ကြည့် ထိမ်းကွပ် သွားမယ်လို့  ဆို ပါတယ်။ 

ဒီအကြောင်း နဲ့  ပတ်သက် ပြီး ဆရာတော် ဦးဝိရသူ က ဦးဇင်းမှာ တော့ အရေးယူဖို့  အာဏာ မရှိ ပါဘူး ၊ ဒါပေမယ့် အမြင် မတော် တာ တွေ့ ရင် ဒကာ ဒါမှ မဟုတ် ဒကာမ ဒီလိုတော့ မနေ သင့် ဘူး ၊ ဒီလို တော့ မ၀တ် သင့် ဘူး စသည် ဖြင့် သွန်သင် မှာ ပါ၊ အရေးယူတာ ၊ မယူတာ က တော့ ဆိုင်ရာ ရဲ့  တာဝန်ပါ လို့  ပြော ပါတယ်။ 

အပိုလို သတင်းဌာန က နေ ဆရာတော် ဦးဝီရသူ ကို ဆရာတော်ဘုရား " ဒီလို ပွဲတော် ကာလမှ အခု လို မျိုး ကြပ် မတ် အရေးယူရင် ဘာသာရေး တင်းကြပ် မှု ကြောင့် လူ့ အဖွဲ့  အစည်း ထွက် ပေါက် ပိတ် နေတဲ့ အာဖဂန် နစ္စတန် ၊ ဆော် ဒီ အာရေဗီးယား တို့  လို့  ဖြစ်မနေ ဘူးလား လို့  လျှောက်ထား တဲ့ အခါ ဦးဝိရသူ က " ဒီမယ် ဒကာ တူတာ ၊ မတူတာ နောက် ထား ၊ အမျိုး ၊ ဘာသာ ၊ သာသနာ မကွယ် ဖို့  အရေးည ကြီးတယ် " မိန့် ပါတယ်။ 

၂၀၁၂ ခုနှစ် မဟာ သင်္ကြန် ကာ လ မှာ တုန်း က တော့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ရဲ့ ရေကစားတဲ့ ဓာတ်ပုံ ကို FNG က ဖော် ပြတဲ့ အခါ သူမ ရဲ့  ၀တ်စား ဆင်ယဉ် မှု နဲ့  ပတ်သက်ပြီး ဝေဖန် ခဲ့ ကြ ပါတယ်။ 

ဒီနှစ် သင်္ကြန် ကာလ မှာ အရက် နဲ့  စီးကရက် ကို အရောင်းမြှင့် တဲ့ အနေနဲ့  အခမဲ့ ဝေငှ တာ မလုပ် ရဘူး လို့  တားမြစ်ထား ပြီး မဏ္ဍပ် တွေ မှာ လည်း  သီးသန်း နားနေတဲ့ အခန်းငယ် တွေ ဆောက်လုပ် တာ မျိုး မလုပ် ရဘူးလို့  သက်ဆိုင်ရာ က ညွန်ကြားထား ပါတယ်။ 

Photo - FNG
ယခု နှစ် မြန်မာ့ ရိုးရာ နှစ်သစ် ကူးပွဲ ကာလ ဖြစ်တဲ့ အတာ သင်္ကြန် ရေသဘင် ပွဲ တော် အခါ သမယ မှာ မြန်မာ့ ရိုးရာ ယဉ် ကျေးမှု နဲ့  ရော ၊ ဘာသာ ရေး ၊ လူမှုရေး စတာ တွေ နဲ့  မသင့် လျှော်တဲ့ ၀တ်စား
ဆင်ယဉ် မှု တွေ ၊ ပြောဆို မှု ဆင်ယဉ် မှု တွေ မလုပ် ရဘူး လို့  မကြာခင် ဆိုင်ရာ က အမိန့်  ထုတ် တော့ မှာ ဖြစ် ကြောင်း ရန်ကုန်တိုင်း ၀န်ကြီး ချုပ် ရုံး က တာဝန် ရှိ သူ တစ်ဦး က အပိုလို သတင်း အုပ်စု ကို ပြော ပါတယ်။

အာရှသတင်းတိုများ

ဗြိတိန်စစ်တပ်အာဖဂန်မှထွက်ခွာ

ဗြိတိန်စစ်သားများ အာဖဂန်နစ္စတန်မှ ရုတ်သိမ်းခဲ့မှုက သမိုင်းဝင်ဖြစ်ရပ် တစ်ခုဖြစ်ခဲ့ပြီး၊ ဗြိတိန်စစ်တပ်က တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော ဟယ်မန်းဒေသရှိ စစ်စခန်းနှစ်မှ လွဲ၍ ကျန်ရှိသည့်စစ်စခန်းများ အားလုံးကို အာဖဂန်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ နိုင်ငံခြားတပ်များ အာဖဂန်မှ ဆုတ်ခွာ သွားပါက ပြည်တွင်းစစ် ဖြစ်မည်ကို စိုးရိမ်နေကြသည်။

စင်္ကာပူအတွက် အခွင့်အလမ်းသစ်တွေရှိနေကြောင်း မြန်မာဝန်ကြီးချုပ်များ ပြောဆို

စင်္ကာပူအတွက် အခွင့်အလမ်းသစ်တွေရှိနေကြောင်း မြန်မာဝန်ကြီးချုပ်များ ပြောဆို

မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းသစ်တွေ အများအပြားရှိနေကြောင်း စင်္ကာပူနိုင်ငံကို ရောက် ရှိနေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့က ပြောပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့် နဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့က စင်္ကာပူ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲမှာ မနေ့က ပြောကြား ခဲ့တာပါ။

အလျင်အမြန် တိုးတက်ပြောင်းလဲနေတဲ့ မြန် မာနိုင်ငံမှာ ရန်ကုန်မြို့ရဲ့ ပြင်ပမှာလည်း စီးပွားရေးလုပ်ငန်း အခွင့်အလမ်းသစ်တွေ အများအပြားရှိနေကြောင်း၊ ပဲခူးတိုင်းအတွင်းက ဟံသာဝတီ နိုင်ငံတကာလေဆိပ် စီမံကိန်းမှာဆိုရင် လေယာဉ်နဲ့ လေဆိပ်ထိန်းသိမ်းရေး၊ ပြုပြင်ရေး၊ ပျံသန်းရေး၊ လေယာဉ်ကွင်းကဏ္ဍ စတဲ့ လေကြောင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေအပြင်၊ အစားအသောက်နဲ့ ကုန်ပစ္စည်းတင်ဆောင်ရေး စတဲ့လုပ်ငန်းသစ်တွေ ပေါ်ပေါက်လာမှာဖြစ်ကြောင်း၊ ဒုတိယမြို့တော် မန္တလေးတိုင်းမှာဆိုရင်လည်း တရုတ်၊ အိန္ဒိယတို့နဲ့ ပို့ကုန်အခြေပြု လုပ်ငန်းသစ်တွေ ရှိနေကြောင်း မြန်မာဝန်ကြီးချုပ်သုံးဦးက အလေးပေးပြောဆို ခဲ့ကြတယ်လို့ Channel News Asia သတင်းက ဖေါ်ပြပါတယ်။

စင်္ကာပူဟာ မြန်မာရဲ့ တတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး စတုထ္တအကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ် ပါတယ်။ ပြီးခဲ့တဲ့နှစ်က စင်္ကာပူကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အခြေခံအဆောက် အအုံတွေ၊ မြို့ပြ ဖွံ့ဖြိုးရေး နဲ့ ဟိုတယ်လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ကြပြီး၊ နှစ်နိုင်ငံကုန်သွယ်ရေး ပမာဏက အမေရိကန် ဒေါ်လာသန်း သုံးထောင်ဖိုးရှိခဲ့ရာမှာ ၂ဝ၁၂ ခုနှစ်ကထက် ၇ဝ ရာနှုန်း မြင့်တက် လာခဲ့တာဖြစ်ပါတယ်။

မြန်မာဝန်ကြီးချုပ်သုံးဦးဟာ စင်္ကာပူ၊ မြန်မာ နည်းပညာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မတ်လ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ စင်္ကာပူကို ရောက်ရှိနေကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းသစ်တွေ အများအပြားရှိနေကြောင်း စင်္ကာပူနိုင်ငံကို ရောက် ရှိနေတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့က ပြောပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့် နဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့က စင်္ကာပူ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲမှာ မနေ့က ပြောကြား ခဲ့တာပါ။

အလျင်အမြန် တိုးတက်ပြောင်းလဲနေတဲ့ မြန် မာနိုင်ငံမှာ ရန်ကုန်မြို့ရဲ့ ပြင်ပမှာလည်း စီးပွားရေးလုပ်ငန်း အခွင့်အလမ်းသစ်တွေ အများအပြားရှိနေကြောင်း၊ ပဲခူးတိုင်းအတွင်းက ဟံသာဝတီ နိုင်ငံတကာလေဆိပ်

ပျောက်ဆုံးလေယာဉ်သတင်း မလေးအစိုးရ ထိမ်ချန်လိမ်ညာနေဟု မိသားစုဝင်များ စွပ်စွဲ

ထူးဆန်းစွာ ပျောက်နေသော မလေးလေကြောင်းပိုင် MH 370 အား ယခုအချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိ သေးသည်မှာ မလေးရှားအစိုးရက ယင်းလေယာဉ်သတင်းများ ထိမ်ချန်ကာ လိမ်ညာနေသောကြောင့် ဖြစ်သည်ဟု ဒေါသထွက်နေသော တရုတ်မိသားစုများက ပြောကြား လိုက်ကြောင်း မတ်လ ၁၈ ရက် ရိုက် တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပျောက်ဆုံး မလေးရှား လေယာဉ်ပေါ်တွင် လိုက်ပါခဲ့ကြသည့် တရုတ်ခရီးသည်များ၏ သတင်း မှန်ကို မလေးရှားအစိုးရ ပြောပြသည့်အချိန်အထိ အစာငတ်ခံ ဆန္ဒပြသွားမည်ဟု လေယာဉ်ပေါ်တွင် ပါ

မြန်မာတစ်ဦးက ဆိုဂျူးပုလင်းကွဲဖြင့် ထိုးလိုက်သည်ဟု ကိုရီးယားနိုင်ငံသားက အမှုဖွင့်တိုင်


မြန်မာအမျိုးသားတစ်ဦးက ဆိုဂျူး ပုလင်းကိုရိုက်ခွဲပြီး ပုလင်းကွဲဖြင့် ထိုးခဲ့သည်ဟု ကိုရီးယားလူမျိုးတစ်ဦး၏ အမှုဖွင့် တိုင်တန်းမှုကို တာမွေရဲစခန်းက မတ် ၁၇ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်။
အမှုကို လှိုင်သာယာမြို့နယ် န၀ဒေး ရှော့ဟောက်၊ အမှတ် (၈၂)ဘီနေ ကားဝယ်ရောင်း လုပ်ကိုင်သည့် ကိုရီးယားလူမျိုး Mr.Jang Weol Sang က အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။
၎င်းသည် ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီက ကိုရီးယားလူမျိုး သူငယ်ချင်း သုံးဦး နှင့်အတူ တာမွေမြို့နယ်၊ ဂရင်းလိဒ်ဟိုတယ်၊ မြေညီထပ် စားသောက်ခန်းတွင် စားသောက်ခဲ့ကြသည်ဟု ဆိုထားသည်။ ထို့အချိန်မှ

ကမ္ဘာပူနွေးလာမှုကို တောင့်ခံထားသည့် ဂရင်းလန်းမှ နောက်ဆုံးရေခဲပြင်ကြီးလည်း အရည်ပျော်ပြီ

ကမ္ဘာပူနွေးလာမှုကို တောင့်ခံထားသည့် ဂရင်းလန်းမှ နောက်ဆုံးရေခဲပြင်ကြီးလည်း အရည်ပျော်ပြီ 
=========================

ကမ္ဘာကြီး ပူနွေးလာမှုကို တောင့်ခံထားသည့် ဂရင်းလန်းကျွန်းမှ နောက်ဆုံး ရေခဲပြင်ကြီးမှာ စတင်အရည် ပျော်လျက်ရှိနေပြီး မြင့်တက်နေသော ပင်လယ်ရေ မျက်နှာပြင်တွင်းသို့ တန်ချိန် သောင်းနှင့်ချီကာစီးဝင်လျက် ရှိသည်ဟု သိပ္ပံပညာရှင်များအား ကိုးကားကာ အေအက်ဖ်ပီသတင်း တစ်ရပ်၌ ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် နောက်ပိုင်းမှစတင်ကာ အပူချိန် မြင့်တက်လာခြင်းက ဂရင်းလန်းကျွန်း အရှေ့မြောက်ပိုင်း ကမ်း ခြေသို့ စီးဆင်းသည့် ရေခဲမြစ် အရည်ပျော်လာစေရန် လွယ်ကူစေခဲ့သည်ဟု Nature Climate Change ဂျာ နယ်တွင် သိပ္ပံပညာရှင်များက ရေးသားဖော်ပြထားသည်။

ရေခဲစမ်းချောင်းဟု လူသိများသည့် ယင်းရေခဲမြစ်မှာ အလွန်ကြီးမားလှသော ချိုင့်ဝှမ်းကြီးအတွင်းမှ ရေခဲတုံး ကြီးများကို ပင်လယ်ထဲသို့ သယ်ဆောင်သွားသည်။ ယခင်အချိန်များ၌ ယခုကဲ့သို့ ရေခဲတုံးများ မျောပါစီးဆင်း မှုကို ပင်လယ်ဝရှိ ရေခဲတုံးကြီးများက အတိုင်းအတာတစ်ခုအထိ ဟန့်တားထားနိုင်ခဲ့သည်။

သို့ရာတွင် လွန်ခဲ့သည့် သုံးနှစ်အတွင်း အပူချိန် သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့် ပုလင်းဖုံးနှင့်တူသော အဆိုပါ ရေခဲတုံးကြီးများ ပျောက်ကွယ်ခဲ့ရပြီး ရေခဲမြစ်စီးဆင်းမှုကို အရှိန်တိုးမြင့်စေခဲ့သည်ဟု သုတေသန ပညာရှင်များက ၎င်းတို့၏စာတမ်းတွင် ထည့်သွင်း ဖော်ပြထားသည်။

Credit : News in Burmese ကမ္ဘာကြီး ပူနွေးလာမှုကို တောင့်ခံထားသည့် ဂရင်းလန်းကျွန်းမှ နောက်ဆုံး ရေခဲပြင်ကြီးမှာ စတင်အရည် ပျော်လျက်ရှိနေပြီး မြင့်တက်နေသော ပင်လယ်ရေ မျက်နှာပြင်တွင်းသို့ တန်ချိန် သောင်းနှင့်ချီကာစီးဝင်လျက် ရှိသည်ဟု သိပ္ပံပညာရှင်များအား ကိုးကားကာ အေအက်ဖ်ပီသတင်း တစ်ရပ်၌ ဖော်ပြထားသည်။
၂၀၁၃ ခုနှစ် နောက်ပိုင်းမှစတင်ကာ အပူချိန် မြင့်တက်လာခြင်းက ဂရင်းလန်းကျွန်း အရှေ့မြောက်ပိုင်း ကမ်း ခြေသို့ စီးဆင်းသည့် ရေခဲမြစ် အရည်ပျော်လာစေရန် လွယ်ကူစေခဲ့သည်ဟု Nature Climate

အခေါင်းကနေ ခဏ ထလို့ ရေတောင်းသောက်ပြီး ပြန်သေသူ

အခေါင်းကနေ ခဏ ထလို့ ရေတောင်းသောက်ပြီး ပြန်သေသူ 
Wednesday, March 19, 2014

ဘရာဇီးနိုင်ငံမှာ တကယ် ဖြစ်သွားတဲ့ ဖြစ်ရပ် ဖြစ်ပါ တယ်။ သေဆုံးပြီး သွားတဲ့ ကလေးငယ်ကို အခေါင်းသွင်းခါနီး အချိန် ရုတ်တရက် ရေ ထတောင်းသောက်ပြီး ချက်ချင်း ပြန်လှဲလျောင်း သေဆုံးခဲ့ ပါတယ်။ 

သက္ကရာဇ် ၂၀၁၂ ခုနှစ် ဇွန်လဆန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ Kelvin Santos လို့ အမည်ရတဲ့ ၂ နှစ်အရွယ် ကလေးငယ်ဟာ နှလုံး အသက်ရှု ရပ်ပြီး သေဆုံးတယ်လို့ဆေးရုံက ဆရာဝန်များက အတည်ပြုလိုက် ပါတယ်။ ဒါကြောင့်မို့ ရက်ပိုင်း အတွင်း သင်္ဂြုလ်ရန် စီစဉ်ပြီး အုတ်ဂူသွင်းခါနီးချိန် အခေါင်းကနေ ရုတ်တရက် ထလို့ "အဖေ ရေသောက်ချင်တယ်" လို့ ထ ရေရွတ်ပါတယ်။ မြင်နေရတဲ့ ပတ်ဝန်းကျင်က လူအားလုံး အလန့်တကြား အော်ဟစ် ကြပြီး ထွက်ပြေးသူက ပြေး ပါတယ်။ 

ဒါနဲ့ ပြန်လှဲလျောင်း သွားတဲ့ ကလေးငယ်ကို အဖေ ဖြစ်သူ က ပွေ့ ဖက်ပြီး ဆေးရုံကို နောက်တစ်ခါ ပြန်သွား ပါတယ်။ ဆေး ရုံမှာ နောက် တစ်ခါ သေချာ စစ်ဆေးပေမယ့် အသက်ရှင်တဲ့ လက္ခဏာ လုံးဝ မတွေ့ ပါဘူး။ သေတုန်းကလည်း နှလုံး အသက်ရှူ ရပ်လို့ သေဆုံးတယ်လို့ အတည်ပြုထားခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် အခေါင်း ကနေ ရုတ်တရက် ပြန်ထ လို့ စကားပြန်ပြောတာကိုတော့ ဘယ်သူမှ မစစ်ဆေး မဖော်ထုတ် နိုင်သေး ပါဘူး။ 

အသက်ရှူရပ်ပြီး သေတယ်လို့ အတည်ပြုထားတဲ့ လူတစ်ယောက်က မီးသဂြိုလ်ခါနီး၊ အခေါင်းသွင်း ခါနီး ပြန် အသက်ရှင်လာတဲ့ ဖြစ်ရပ်တွေတော့ များစွာ ရှိပါတယ်။ သို့ပေမယ့် Kelvin Santos လို့ အမည်ရတဲ့ ကလေးငယ် ကတော့ အဖေ့ထံ ရေတစ်ခွက် တောင်းဆိုပြီး တကယ် အပြီး သေဆုံး ခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
ဘရာဇီးနိုင်ငံမှာ တကယ် ဖြစ်သွားတဲ့ ဖြစ်ရပ် ဖြစ်ပါ တယ်။ သေဆုံးပြီး သွားတဲ့ ကလေးငယ်ကို အခေါင်း သွင်းခါနီး အချိန် ရုတ်တရက် ရေ ထတောင်းသောက်ပြီး ချက်ချင်း ပြန်လှဲလျောင်း သေဆုံးခဲ့ ပါတယ်။

သက္ကရာဇ် ၂၀၁၂ ခုနှစ် ဇွန်လဆန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။ Kelvin Santos လို့ အမည်ရတဲ့ ၂ နှစ်အရွယ် ကလေးငယ်ဟာ နှလုံး အသက်ရှု ရပ်ပြီး သေဆုံးတယ်လို့ဆေးရုံက ဆရာဝန်များက အတည်ပြုလိုက် ပါတယ်။ ဒါကြောင့်မို့ ရက်ပိုင်း အတွင်း သင်္ဂြုလ်ရန် စီစဉ်ပြီး အုတ်ဂူသွင်းခါနီးချိန်

မြန်မာဈေးကွက်အတွင်းရှိ Dee Do အချိုရည်အားလုံး ပြန်စစ်ဆေးမည်ဟုဆို


မသောက်သုံးသင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း၏ ကြေညာခြင်း ခံထားရသည့် ပြည်တွင်း ဈေးကွက်ရှိ ထိုင်းနိုင်ငံထုတ် Dee Do အချိုရည်ဘူးများကို လိုက်လံစစ်ဆေးရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန (FDA) နှင့်ဆွေးနွေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Foodstar (DeeDo) ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ Ms. Chantra Pongsri က ပြောကြားသည်။

တစ်လီတာ Dee Do အအေးဘူးတွင် မှိုခြောက်သိန်း ပါဝင်နေကြောင်း မတ်လ ၉ ရက်နေ့က မြန်မာနိုင်ငံ

ပြည်သူဝန်ပိစေရန် အစိုးရက တစ်ခုပြီးတစ်ခု လုပ်နေပြီလား စဉ်းစားသင့်ဟု ဆို

လာမည့်ဧပြီလ ၁ ရက်မှစ၍ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံရန် စီစဉ်ခြင်းအပေါ် လွှတ်တော်ကိုယ် စားလှယ်အများစုက ကန့်ကွက်လျက်ရှိကြရာ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် စန္ဒာမင်းက အစိုးရအဖွဲ့၏ ယခုအစီအစဉ်သည် ပြည်သူအတွက် ၀န်ထုပ်ဝန်ပိုးသာဖြစ်စေကြောင်းနှင့် အစိုးရအဖွဲ့သည် ပြည်သူတို့အား ၀န်ပိစေသည့်ကိစ္စများကို တစ်ခုပြီးတစ်ခု လုပ်နေပြီလားဟု စဉ်းစား သင့်လှသည်ဟု မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ၏ မြေမြှုပ်မိုင်းပညာပေး လုပ်ငန်းများ အမေရိကန်အစိုးရ ကူညီမည်

Photo: မြန်မာနိုင်ငံ၏ မြေမြှုပ်မိုင်းပညာပေး လုပ်ငန်းများ အမေရိကန်အစိုးရ ကူညီမည်

ရန်ကုန်၊ မတ် ၁၈

လက်နက်ကိုင် ပဋိပက္ခများ၏ နောက်ဆက်တွဲ မြေမြှုပ်မိုင်း အန္တရာယ် ပညာပေး အစီအစဉ်များအတွက် ကယားပြည်နယ်ရှိ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများထံ အမေရိကန် အစိုးရက အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

အဆိုပါ ထောက်ပံ့ငွေများကို မတ်လ ၂၀ ရက်နေ့တွင် ကယားဒေသခံ အဖွဲ့အစည်းများထံ အပ်နှံမည်ဖြစ်ပြီး ယင်းအသုံးစရိတ်များကို မြေမြှုပ်မိုင်းဆိုင်ရာ ပညာပေး လုပ်ငန်းများနှင့် မိုင်းဒဏ်ခံရသူများ ကျန်းမာရေး စောင့်ရှောက်မှုတွင် အသုံးပြုရန် ရည်ရွယ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ကယားပြည်နယ်သည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု အများဆုံး ပြည်နယ်တစ်ခု ဖြစ်ပြီး ပြည်နယ် တစ်ခုလုံးရှိ လူဦးရေ ထက်ဝက်မှာ မြေမြှုပ်မိုင်းဒဏ် ခံစားနေရကြောင်း မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများက ဆိုသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း အများဆုံးရှိရာ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် မိုင်းအန္တရာယ် ကာကွယ်ရေးအတွက် နော်ဝေနိုင်ငံ အပါအဝင် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂတို့က ကူညီထောက်ပံ့လျက် ရှိသည်။
လက်နက်ကိုင် ပဋိပက္ခများ၏ နောက်ဆက်တွဲ မြေမြှုပ်မိုင်း အန္တရာယ် ပညာပေး အစီအစဉ်များအတွက် ကယားပြည်နယ်ရှိ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများထံ အမေရိကန် အစိုးရက အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

အဆိုပါ ထောက်ပံ့ငွေများကို မတ်လ ၂၀ ရက်နေ့တွင် ကယားဒေသခံ အဖွဲ့အစည်းများထံ အပ်နှံ မည်ဖြစ်ပြီး ယင်းအသုံးစရိတ်များကို မြေမြှုပ်မိုင်းဆိုင်ရာ ပညာပေး လုပ်ငန်းများနှင့် မိုင်းဒဏ်ခံရသူများ

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး ‘ဝ’၊ မိုင်းလား လက်နက်ကိုင်အဖွဲ့များနှင့် ဦးသိန်းဇော် တွေ့ဆုံမည်

Photo: နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး ‘ဝ’၊ မိုင်းလား လက်နက်ကိုင်အဖွဲ့များနှင့် ဦးသိန်းဇော် တွေ့ဆုံမည် 

ကျိုင်းတုံ၊ မတ် ၁၈

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA၊ မိုင်းလား လက်နက်ကိုင် တပ်ဖွဲ့တို့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ထပ်မံတွေ့ဆုံမည် ဖြစ်ကြောင်း အဆိုပါ တပ်ဖွဲ့များ၏ ဆက်ဆံရေးရုံးများထံမှ သိရှိရသည်။ 

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်သည် မတ်လ ၁၉ ရက်နေ့တွင် မိုင်းလားတပ်ဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်ပြီး  မတ်လ ၂၀ ရက်နေ့တွင်  ‘ဝ’ အထူးဒေသ ပန်းဆန်း၌ UWSP/UWSA နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။ 

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးမည်ဟု ဆိုသော်လည်း မည်သည့် အကြောင်းအရာများ ဆွေးနွေးမည်ကို ကြိုတင် သတင်းထုတ်ပြန်ခွင့် မရှိကြောင်း UWSP ၏  ပြင်ပဆက်ဆံရေးဌာန ရုံးတာဝန်ခံ ဦးအားမင်က ဆိုသည်။ 
 ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးပါတီသည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက်ပိုင်း ပြုလုပ်မည့် တိုင်းရင်းသားအားလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲတွင် ‘ဝ’ ပြည်နယ် သီးသန့် သတ်မှတ်ရေးအတွက် တောင်းဆိုမည် ဖြစ်ကြောင်း ပြောဆိုထားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံလည်း မကြာခဏ တင်ပြတောင်းဆိုထားသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော သန်းခေါင်စာရင်းနှင့် နေအိမ်အကြောင်းအရာ ဆိုင်ရာ ဆွေးနွေးပွဲသို့ UWSP ခေါင်းဆောင်အချို့ နေပြည်တော်သို့ ပထမဆုံး လာရောက်ကာ ပါဝင်ဆွေးနွေးခဲ့ကြသည်။ 

‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) သည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အများစု ပါဝင်သည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအဖွဲ့ (NCCT) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးညီလာခံများတွင် ပါဝင်ခြင်း မရှိဘဲ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုထားသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။ 

ယခုနှစ် မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် မြန်မာ ငြိမ်းချမ်းရေးစင်တာ၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဖွဲ့ NCCT နှင့် တပ်မတော် ခေါင်းဆောင်အချို့ ညှိနှိုင်းပြီး  ဧပြီလ ပထမပတ်အတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့တွင် အကြိုဆွေးနွေးပွဲ ပြုလုပ်ရန် သဘောတူခဲ့သည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA၊ မိုင်းလား လက်နက်ကိုင် တပ်ဖွဲ့တို့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ထပ်မံတွေ့ဆုံမည် ဖြစ်ကြောင်း အဆိုပါ တပ်ဖွဲ့များ၏ ဆက်ဆံရေးရုံးများထံမှ သိရှိရသည်။

မလေးရှား လေယာဉ်ပျောက် တာလီဘန် ထိန်းချုပ်နေရာတွေမှာ ရှိနိုင်

မလေးရှား လေယာဉ်ပျောက် တာလီဘန် ထိန်းချုပ်နေရာတွေမှာ ရှိနိုင်
WEDNESDAY, MARCH 19, 2014
 
ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH 370 ဟာ တာလီဘန်တွေ ထိမ်းချုပ်အခြေစိုက်ထားတဲ့ အာဖဂန်နစ်စတန်နဲ့ ပါကစ္စတန် အနောက်မြောက် နယ်စပ်တွေမှာ အခုချိန်မှာ ရှိနေနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ကျယ်လောင်
လာပါတယ်။ 

ကျွမ်းကျင်သူတွေကတော့ လေယာဉ်ဟာ လေယာဉ်ပြန်ပေးဆွဲခံရတာ၊ လေယာဉ်အနုကြမ်းစီးခံရတယ်ဆိုတဲ့အချက်အပေါ် သဘောတူ နေကြပြီး 
တာလီဘန်တွေ ထိန်းချုပ် ထားတဲ့ ဧရိယာတွေမှာ နောက်ပိုင်း တနေ့နေ့မှာ ထုတ်သုံး ဖို့ အတွက် သိမ်းထားတယ်လို့ Independent သတင်းစာက ရေးပြထားပါတယ်။ 

ဆိုလိုတာက တာလီဘန်တွေအနေနဲ့ တနေ့နေ့ တချိန်ချိန် သူတို့ အလိုရှိတဲ့ အခါမှာ ၉/၁၁ တုန်းက နယူးယောက်မြို့က အမွှာညီနောင် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦကြီးကို လေယာဉ်ကို ဗုံးကြီး တလုံးလို အသုံးချ တိုက်ခိုက်မှုမျိုး လုပ်လာနိုင်မှာကို အဓိက စိုးရိမ်နေကြတာပါ။ 

လေယာဉ်ဟာ မလေးရှား ကျွန်းစွယ်ရဲ့ အနောက်မြောက်ဘက် ဒါမှ မဟုတ် အနောက်တောင်ဘက်ကို ပျံသန်းသွားတယ် လို့ ယုံကြည်နေရလို့ပါဘဲတဲ့။  

လေယာဉ်ကို ရေဒါလွတ်အောင် ပေ ၅ ထောင် အောက် က စနစ်တကျ ရည်ရွယ်ချက်ရှိရှိ အဆက်အသွယ်ဖြတ်တောက်ပြီး နောက်ထပ် ၆ 
နာရီကျော် ၇ နာရီလောက် ဆက်ပျံသန်းသွားခဲ့တဲ့ အထောက်အထားတွေ
လည်း ရှိနေတာက အထူးသံသယဖြစ်စရာတွေပါ။ 

အရင်တုန်းကလိုဖြစ်ခဲ့တယ်ဆိုရင်တော့ ဒါဟာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ကာဇစ္စတန်၊ ဥဘက်ကစ္စတန် ဒါမှမဟုတ် တာဂျစ်ကစ္စတန်တို့မှာ လေယာဉ်
ရှိနိုင်ပါတယ်လို့ ယုံကြည်နေကြတယ်လို့ The Mirror သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

ရဲစုံစမ်းစစ်မှုအစိတ်အပိုင်း တခုအနေနဲ့ အသက် ၅၃ နှစ်ရှိ လေယာဉ်မှူး Zaharie Ahmed Shah၊ အသက် ၂၇ နှစ်ရှိ တွဲဖက် လေယာဉ်မှူး Fariq Abdul Hamid တို့ရဲ့ နေအိမ်တွေကိုလည်း ရှာဖွေခဲ့ကြပြီး နောက်ကြောင်း ရာဇဝင်တွေကိုလည်း စုံစမ်းနေပါတယ်။ 

လေယာဉ်မှူးကြီး မစ္စတာ ရှား ရဲ့ အိမ်တွင်းမှာ လေယာဉ်စက်ခန်းပုံစံငယ်ကို တည်ဆောက်ထားတာတွေ့ရတာကြောင့်လည်း သုံးသပ်ချက်ချစရာဖြစ်
လာနေတာပါ။ 

ဒီအပြင် လေယာဉ်ပေါ်ပါ ခရီးသည်တွေထဲက လေယာဉ်အင်ဂျင်နီယာ
တဦးလည်းပါဝင်နေပြီး သူနဲ့ ပတ်သက်ပြီလည်း စုံစမ်းမှုတွေ လုပ်နေ
ပါတယ်။ သူကတော့ မလေးရှား အမျိုးသား အသက် ၂၉ နှစ်ရှိ ပုဂ္ဂလိက အငှားဂျက်လေယာဉ် ကုမ္ပဏီတခုမှာ အလုပ်လုပ်နေသူဖြစ် ပြီး မလေးအာဏာပိုင်တွေ ယူဆသလို လေကြောင်း ပျံသန်းမှုဆိုင်ရာ နည်းပညာအသိဗဟုသုတရှိသူဖြစ်တယ်လို့လည်း ယုံ ကြည်ခံရသူ
လည်းဖြစ်နေပါတယ်။ 

အထက်က ပြောခဲ့တဲ့ အချက်တွေကြောင့် ဝါရင့် အမေရိကန် အောက်လွှတ်တော်အမတ်တဦးကပြောတာမှာတော့ အခု လေယာဉ် ပျောက်ဆုံးမှုဟာ တိုက်ဆိုင်မှု မဟုတ်ဘူးလို့ ပြောထားပါတယ်။ 

အမေရိကန် ပြည်ထောင်စု အမိမြေ လုံခြုံရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ကွန်ဂရက်လွှတ်တော်အမတ် Michael McCaul က မတ်လ ၈ ရက်နေ့က မလေးရှား လေယာဉ် MH370 ပျောက်ဆုံးသွားမှုဟာ ဒီလေယာဉ်ကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ဆွဲသွားတာဖြစ်တယ်၊ ဒါဟာ နိုင်ငံတကာ ကိစ္စဖြစ်တယ် လို့ ပြောပါတယ်။ 

သူက အမေရိကန်အခြေစိုက် Fox News ကို ပြောတာမှာ လေယာဉ်က သတိပေးနေတဲ့ သင်္ကေတတွေ အများကြီးရှိတာ၊ ပျောက်ဆုံး လေယာဉ်ပေါ်က ခရီးသည်တွေထဲမှာ အီရန် နိုင်ငံသား၂ ဦးက ခိုးယူပတ့်စ်ပို့ အသုံးပြုပြီး လေယာဉ် ပြန်ပေး သမားတွေ လုပ်လေ့ရှိတဲ့အတိုင်း လေယာဉ်လက်မှတ်ကို အသွားတကြောင်း စာပဲ ငွေသားနဲ့ လက်ငင်း ဝယ်ယူခဲ့တာဖြစ်တယ်လို့ ပြောထားပါတယ်။ 

“ခင်ဗျားတို့လည်း ဒါကို အကာအကွယ် မပေးနိုင်သလို ကျနော်တို့မှာ ဒီကိစ္စ အကြမ်းဖက်သမားတွေနဲ့ ဆက်နွယ်တယ်ဆို တဲ့ အထောက်အထား တခုမှ မရှိပါဘူး” လို့ သူက ပြောပါတယ်။ 

သူက ဆက်ပြောတာက “အထောက်အထား အားလုံးက လေယာဉ်ခေါင်းခန်းကိုပဲ ဦးတည်နေတယ်လို့ ကျနော်ထင်တယ်၊ လေယာဉ်မှူးနဲ့ တွဲဖက် လေယာဉ်မှူးတွေဆီကိုပေါ့” လို့ ဆိုပါတယ်။ 

ဧရာဝတီblog
ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH 370 ဟာ တာလီဘန်တွေ ထိမ်းချုပ်အခြေစိုက်ထားတဲ့ အာဖဂန်နစ်စတန်နဲ့ ပါကစ္စတန် အနောက်မြောက် နယ်စပ်တွေမှာ အခုချိန်မှာ ရှိနေနိုင်တယ် ဆိုတဲ့ ပြောဆိုမှုတွေ ကျယ်လောင်လာပါတယ်။
ကျွမ်းကျင်သူတွေကတော့ လေယာဉ်ဟာ လေယာဉ်ပြန်ပေးဆွဲခံရတာ၊ လေယာဉ်အနုကြမ်းစီးခံရတယ်ဆိုတဲ့အချက်အပေါ် သဘောတူ နေကြပြီး တာလီဘန်တွေ ထိန်းချုပ် ထားတဲ့ ဧရိယာတွေမှာ နောက်ပိုင်း တနေ့နေ့မှာ ထုတ်သုံး

သရက်ချောင်းမြို့နယ်တွင် ထူးခြားဖြစ်စဉ် မြွေ နှင့် နာနတ်ပင်

Myanmar International News's photo.

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ပေါ်ရှိ သရက်ချောင်းကျောင်းကြီး၊ ဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံ အောက်ထပ် တွင်ရှိသော ဘုရားအနီးတွင် စပါးအုံမြွေကြီး တစ်ကောင် တွေ့ရပြီး ယင်း ကျောင်းဝင်းအတွင်း တစ်ခြားထူးဆန်းမှုတစ်ခုမှာ နာနတ်ပင်တစ်ပင်သည် နာနတ်ဖူး (၅၅)ဖူးခန့် ထွက်ရှိကာ ၄င်း ကျောင်းဝင်းအတွင်းရှိ ခြံထဲတွင် ပေါက်ရောက်နေကြောင်းကို လည်းတွေ့ ရှိရပါသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာများစာရင်း စတင်ကောက်ယူ

လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ပြုလုပ်ပါက မဲပေးနိုင်ရေးအတွက် ပြည်ပရောက် မြန်မာများ အရေအတွက် စာရင်းကို ကောက်ယူရန် နိုင်ငံတကာရှိ မြန်မာသံရုံးများသို့ အကြောင်း ကြားထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက The Voice သို့ ပြောကြားသည်။

ရန်ကုန်မြို့တွင် နေထိုင်သူများ၏ ရာခိုင်နှုန်း ၃၀ မှာ စံမမီသည့် အိမ်ရာများနှင့် ကျူးကျော်နေထိုင်သူများဖြစ်ရာ ၎င်းတို့အား အဆင့်မြှင့်တင်ပေးရန် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်

ရန်ကုန်မြို့တွင် လက်ရှိနေထိုင်သူများ၏ ရာခိုင်နှုန်း ၃၀ မှာ စံမမီသည့် အိမ်ရာများနှင့် ကျူးကျော်နေထိုင်နေသူများ ဖြစ်သည့်အတွက် ၎င်းတို့အား အဆင့်မြှင့်တင်ပေးရန် ပြည်ပရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေကြောင်း မတ် ၁၈ ရက်က ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်၌ ကျင်းပသည့် Myanmar Infrastructure Summit မှရရှိသော သတင်းများအရ သိရသည်။

အွန်လိုင်းပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် ပြန်ပေးဆွဲခံရသော တပ်မတော်သားများ၏ပုံမှာ ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ကိစ္စဖြစ်ကြောင်း သမ္မတရုံး အကြီးတန်းအရာရှိ ပြောကြား

အင်တာနက် လူမှုကွန်ရက်များနှင့် အွန်လိုင်းစာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် တပ်မတော်သားသုံးဦး၏ပုံမှာ ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ကိစ္စဖြစ်ကြောင်း သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက The Daily Eleven သတင်းစာသို့ ပြန်လည်ဖြေကြားသည်။
၂၀၁၂ ခုနှစ်နှစ်ကုန်ပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ နယ်စပ်ခြံစည်းရိုး ဆောက်လုပ်နေသော တပ်မတော်ဆောက်လုပ်ရေးတပ်မှ စစ်သည်သုံးဦး၏ပုံဟုဆိုကာ နာမည်နှင့်ရာထူး၊ မိခင်တပ်ရင်းများ ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသည့်

ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း ဆောင်ရွက်ရန်အတွက် သတိပေးချက်ထုတ်ပြန်ကြေညာ


တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသည် မတ် ၁၉ ရက်မှ ၂၇ ရက် အတွင်း ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းများကို ကိုကိုး ကျွန်းအရှေ့ရေပြင်တွင် လေ့ကျင့် ဆောင်ရွက်သွားမည် ဖြစ်သည်။

လေ့ကျင့်ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၀၆ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၆ မိနစ်၊ အရှေ့လောင်ဂျီ တွဒ် ၉၄ ဒီဂရီ ၄၇ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ

အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းမရ၍ အိမ်မီးရှို့


အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းရာ မရ၍ နေအိမ်ကိုမီးရှို့ခဲ့မှု ဟားခါးမြို့တွင်ဖြစ်ပွားခဲ့ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် မတ်လ ၁၆ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့် က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိနစ် ၂၀ ခန့် မီးလောင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒုက္ခသည်စခန်းနေ ဒေသခံရွာသားများအား KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်

Photo: ဒုက္ခသည်စခန်းနေ ဒေသခံရွာသားများအား KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်

မတ် ၁၈ ရက် ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မံပုံကျေးရွာ ဒုက္ခသည်စခန်းနေ ဒေသခံရွာသားများအား မတ် ၁၆ ရက် ညနေ ၃ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့တစ်ဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း ယင်းဒုက္ခသည်စခန်းမှ သိရသည်။

စခန်းတာဝန်ခံက အဆိုပါ ရွာသား(၃)ဦးမှာ လွှတ်ထားသော ကျွဲ၊ နွားများအား သွားရောက်ရှာဖွေစဉ် မျက်စိလည်လမ်းမှားပြီး ပြန်မလာနိုင်ခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုနေသော်လည်း ဒုက္ခသည်များကမူ KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းသာဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေကြသည်။

`` ဒုက္ခသည်စခန်းမှာနေတယ်ဆိုပေမယ့် နန့်ဆိုင်းရွာသားတွေပါ၊ ကျွဲ၊ နွားတွေ လွှတ်ထားတာကို သွားသွင်းတဲ့ အချိန် ကချင်စစ်သားတွေနဲ့တွေ့ပြီး အဖမ်းခံရတာပါ၊ မျက်မြင်သက်သေတွေလည်းရှိပါတယ် ´´ ဟု စခန်းနေ အသက်ခုနှစ်ဆယ်အရွယ် အဘ လဂျော်နန် က ပြောကြားသွားသည်။
KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ဒုက္ခသည်စခန်းနေ ဒေသခံရွာသား (၃)ဦးမှာ ဦးမီတုံတန် (၃၂)နှစ်၊ မောင်ဇော်ဆိုင်း(၁၆)နှစ်၊ မောင်နော်တွဲ(၁၈)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

`` အင်ဘာပါဘက်ကို ခေါ်သွားတယ်လို့ သိရတယ်၊ ကျွန်တော့်သားက (၁၆)နှစ်ပဲရှိသေးတာ၊ စစ်သားတော့ မလုပ်ခိုင်းနိုင်ဘူး၊ သွားပြီးပြန်ခေါ်မယ်၊ ခေါ်လို့ မပေးရင် ဒုက္ခသည်စခန်းကိုလာပြီး ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေကို အကူအညီတောင်းမယ်´´ ဟု အဖမ်းခံရသော မောင်ဇော်ဆိုင်း၏ ဖခင် ဦးဇော်လွန်းက ဆိုသည်။

မိုးမောက်မြို့ခံတစ်ဦးက `` ဒုက္ခရောက်လို့ ဒုက္ခသည်စခန်းမှာ ခိုကပ်နေရပါတယ်ဆိုမှ ခုလို KIA က လူသစ်စု လိုက်တော့ ဒုက္ခက နှစ်ခါခံစားရတာပေါ့၊ KIA အားကိုးနဲ့ ဒုက္ခသည်စခန်းမှာ နေတာကို အခွင့်ကောင်းယူပြီး လူသစ်စုတော့ ဒီဒေသခံတွေ ဘယ်သူ့အားကိုးမလဲ၊ ဒီပြဿနာတွေကို ဘယ်သူဖြေရှင်းပေးမလဲ၊ အင်ဘာပါ ဘက်ကို ဖမ်းခေါ်သွားတာမှန်ခဲ့ရင် စစ်သင်တန်းတက်ခိုင်းတော့မှာပဲလေ၊ မိဘတွေ လိုက်သွားရင်လည်း ကလေးတွေကို ၀ှက်ထားပြီး မရှိဘူးလို့ ဗြောင်ငြင်းလွှတ်သေးတာ၊ ဒုက္ခသည်ဘ၀ကို KIA က ထပ်ပြီး ဒုက္ခ ပေးနေတာ တကယ်စိတ်မကောင်းစရာပါ ´´ ဟု ပြောကြားသွားခဲ့သည်။

နော်မိုင်
ကချင်ပြည်နယ် မိုးမောက်မြို့နယ် မံပုံကျေးရွာ ဒုက္ခသည်စခန်းနေ ဒေသခံရွာသားများအား မတ် ၁၆ ရက် ညနေ ၃ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့တစ်ဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း ယင်းဒုက္ခသည်စခန်းမှ သိရသည်။

စခန်းတာဝန်ခံက အဆိုပါ ရွာသား(၃)ဦးမှာ လွှတ်ထားသော ကျွဲ၊ နွားများအား

ယူကရိန်းနဲ့ ရုရှားကြားက ပဋိပက္ခ ပိုမိုတင်းမာလာ နောက်ဆုံးရေးသားချိန်

ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေဟာ စစ်ရေးအရ ကိုင်တွယ်ရမယ့် အဆင့်အထိ ရောက်ရှိနေပြီလို့ ယူကရိန်း ၀န်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

ခရိုင်းမီးယားဒေသမှာ အခြေချတဲ့ ယူကရိန်းစစ်တပ် အရာရှိငယ်တစ်ဦး တိုက်ခိုက် သေဆုံး သွားခဲ့ရတဲ့ နောက်ပိုင်း မှာပဲ ယူကရိန်း ၀န်ကြီးချုပ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ရုရှားက ခရိုင်းမီးယား ဒေသကို ဖေဖော်ရီလ ကစပြီး ၀င်ရောက် သိမ်းပိုက် ခဲ့ကတည်းက

လှိုင်မြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး မိဘနေရပ်သို့ မပြန်ရသဖြင့် ခြောက်လွှာတိုက်ခန်းပေါ်မှ ခုန်ချမှုဖြစ်ပွား

လှိုင်မြို့နယ်တွင် မတ် ၁၈ ရက် နံနက်ပိုင်းက အမျိုးသမီးငယ်တစ်ဦး မိဘနေရပ်သို့ မပြန်ရသဖြင့် ခြောက်လွှာအမြင့် တိုက်ခန်းပေါ်မှ ခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ယခုလအတွင်း လေးကြိမ်မြောက် ဖြစ်ပွားခြင်းဖြစ်သည်။

မတ် ၁၈ ရက် နံနက် ၈ နာရီခွဲခန့်တွင် လှိုင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ခရေ (၃) လမ်းရှိ တိုက်တစ်တိုက်တွင် မိန်းကလေးတစ်ဦး တိုက်ပေါ်မှခုန်ချကြောင်း သိရသဖြင့် စုံစမ်းရာ အဆိုပါမိန်းကလေးမှာ ယင်းလမ်းနေ မ..... (၂၃) နှစ်ဖြစ်ကြောင်း သိရပြီး

Tuesday, March 18, 2014

ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်းမြင့်တက်လာ

Photo: ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်းမြင့်တက်လာ
Tuesday , March 18 , 2014

ပြည်တွင်း ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်း မြင့်တက်လာပြီး ၁၃၀၀ စီစီကားများအရောင်း
အ၀ယ်ဖြစ်လာကာ နယ်ဝယ်လက်ဆင်းမှ ပိုမိုရောင်းချ လာရကြောင်း ကား အရောင်း အ၀ယ်လုပ်ကိုင်
သူများထံမှသိရသည်။

" ဈေးကွက်ထဲမှာကတော့ နောက်အအပ်ခံမယ့် အက္ခရာ မကြေညာသေးတဲ့ အတွက်ကြောင့်
စလစ်ဈေးတွေအဆမတန်တက်သွားတယ်။ တစ်ပတ်နဲ့ တစ်ပတ် စလစ်ဈေးကမတူဘူးဖြစ်နေ
တယ်" ဟု ကားအရောင်းအ၀ယ်လုပ်ကိုင်သူ ကိုတင်မောင်ဦးက ပြောသည်။

ဈေးကွက်အတွင်း 'လ'အက္ခရာ စလစ်ဈေးနှုန်းများမှာ ယခင်အပတ်တွင်ကျပ် ၁၀၆ သိန်း ၀န်းကျင်
ခန့်ဈေးပေါက်ခဲ့သော်လည်း ယခုတစ်ပတ်တွင်မူ ကျပ်သိန်း ၁၁၀ ၀န်းကျင်ခန့်သို့ ရောက်ရှိခဲ့ကြောင်း
၊ ရန်ကုန်တိုင်းဒေသကြီးတွင်မှတ်ပုံတင်ထားသည့် 'အ'အက္ခရာအစီးရေ ၄၇၅၀ စီးရှိခဲ့ပြီး မတ်လ
၁၂ ရက်နေ့အထိ အစီးရေ ၄၆၆၅ စီးအပ်နှံခဲ့ပြီးဖြစ်ကြောင်း ကညန စာရင်းများအရသိရသည်။

"စလစ်ဈေးတွေဈေးကောင်းရနေတဲ့အချိန်မှာ အပ်နှံမယ်သူတွေ၊ ကားဟောင်း လာဝယ်တဲ့သူတွေ
စက်မှုဇုန်ဂျစ်ကားတွေလာရှာတဲ့သူတွေနဲ့ အရောင်းအ၀ယ်တွေ ဖြစ်နေတယ်။ ၀ယ်သူအကြိုက်
သန်ရာသန်ရာပေါ့ဗျာ စက်မှုဇုန်ထုတ်ဂျစ်ကားတွေကတော့ ဒီရက်ပိုင်းသိန်း ၄၀ ၀န်းကျင်ခန့်ဖြစ်
သွားတယ်။ လွှတ်တော်မှာထည့်သွင်းမမေးမြန်းခင်တုန်းက ၂၅ သိန်း နဲ့ သိန်း ၃၀ ၀န်းကျင် လောက်
ရှိခဲ့တယ်။ ကားဟောင်းတွေကတော့ သူဈေးနဲ့ သူအရောင်း အ၀ယ်ဖြစ်တယ်။ မေးတဲ့သူကလည်း ဇုန်ထုတ်ကားတွေကိုဈေးနည်းနည်းနဲ့ဝယ်ပြီးစုဆောင်တဲ့သူတွေရှိတယ်။ မီသလောက်ဈေးလို့ပြောရ
မယ်။ သိန်း ၄၀ ဆိုတော့ တစ်ကယ်တမ်းအအပ်ခံမယ်ဆိုရင် တော့ သိန်း ၃၀ /၄၀ ၀န်းကျင်လောက်လပိုင်းအတွင်းမြတ်လည်းမနည်းဘူးဆိုပြီး ငွေနိုင်တဲ့သူတွေ တော်တော် များများ
ဒီကားတွေကို အ၀ယ်ရှိတယ်"ဟု ကားအရောင်းအ၀ယ်လုပ်ကိုင်သူ ကိုဦးကပြောသည်။

ကားဈေးကွက်အတွင်း အရောင်းအ၀ယ်အတန်အသင့်ဖြစ်ပေါ်နေခြင်းမှာ နယ်အ၀ယ်လက်အဆင်
များခြင်းကြောင့်ဖြစ်ပြီး နယ်ဝယ်လက်များအနေဖြင့် တောင်ကြီး၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ ဧရာ
ဝတီတိုင်းဒေသကြီးများမှ ၀ယ်လက်များ ဆင်းချိန်မှာသာအရောင်းအ၀ယ်ဖြစ်လျက်ရှိကြောင်း
ကားအရောင်း အ၀ယ်လုပ်ကိုင်သူ များထံမှသိရသည်။

" လက်ရှိ ကညနက ထုတ်ပေးတဲ့နံပါတ်က 6G အက္ခရာထုတ်ပေးချိန်မှာတောင် 9G ၇၇၇၇အက္ခရာ
ကို ကျပ် ၅၄ သိန်း၊ 9G ၈၈၈၈ အက္ခရာကို ကျပ် ၅၆ သိန်း၊ 9G ၉၉၉၉ အက္ခရာကို ကျပ် ၈၆ သိန်း၊
ဝန်းကျင်ခန့်ဖြင့် ကြိုတင် အရောင်းအ၀ယ်ပြုလုပ်ပြီး ဖြစ်ကြောင်း၊ သက်ဆိုင်ရာသို့ 'လ'အက္ခရာ
၃၉၅၉ စီး ၊ 'သ' အက္ခရာ ၄၇၇၁ စီး၊ ချယ်ရီကျူကျူ ၃၄၂ စီးကို အပ်နှံပြီးဖြစ်ကြောင်းသိရသည်။

လက်ရှိဈေးကွက်အတွင်း 'အ'အက္ခရာ လစ်ဈေးနှုန်းမှာကျပ်သိန်း ၁၁၀ ၀-န်းကျင်ခန့်ရှိပြီး တက္ကစီ
စလစ်ဈေးနှုန်းမှာ ကျပ် ၆၃ သိန်း၊ '၁က'အက္ခရာ ကျပ်၈၃ သိန်းဝန်းကျင်နှင့် စက်မှုဇုန် ထုတ်ဂျစ်များ
မှာ ကျပ်သိန်း ၄၀ ၀န်းကျင်ခန့်ဖြင့်အရောင်းအ၀ယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

တိုးဝေအောင်
မြန်မာတိုင်း(မ်)
ပြည်တွင်း ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်း မြင့်တက်လာပြီး ၁၃၀၀ စီစီကားများအရောင်း အ၀ယ်ဖြစ်လာကာ နယ်ဝယ်လက် ဆင်းမှ ပိုမိုရောင်းချ လာရကြောင်း ကား အရောင်း အ၀ယ်လုပ်ကိုင် သူများထံမှသိရသည်။

မန္တလေးတွင် စည်းကမ်းမဲ့ပြိုင်ကား မောင်းနှင်သူများကို စီမံချက်ဖြင့် ပြင်းထန်စွာ အရေးယူမည်

Photo: မန္တလေးတွင် စည်းကမ်းမဲ့ပြိုင်ကား မောင်းနှင်သူများကို စီမံချက်ဖြင့် ပြင်းထန်စွာ အရေးယူမည်
Tuesday , March 18 , 2014

မန္တလေးခရိုင်အတွင်း ညအချိန်မတော် မူးယစ်သေစာ သောက်စားပြီး ပြိုင်ကား အပြိုင်အဆိုင် မောင်းနှင်သူများ ရှိလာသဖြင့် အများပြည်သူ အန္တရာယ် ကင်းရှင်းစေရေးနှင့် စိတ်အနှောင့်အယှက် ကင်းစေရန်တို့အတွက် အဆိုပါ စည်းကမ်းမဲ့ ပြိုင်ကား မောင်းနှင်သူများကို မတ်လ တတိယပတ်မှ စတင်ကာ စီမံချက်ဖြင့် ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

"ဘယ်သူ့သားသမီး ဖြစ်ဖြစ် ပြင်းပြင်းထန်ထန် အရေးယူမယ်။ တရားသူကြီးချုပ်နဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး မော်တော်ယာဉ်ထိန်း တပ်ဖွဲ့ တို့ကို ညွန်ကြားပြီးပြီ" ဟု ဝန်ကြီးဦးကျော်ဆန်း က ဆိုသည်။

ယင်းသို့ အရေးယူနိုင်ရန် အတွက် ယာဉ်ထိန်းတပ်ဖွဲ့များကို ညဆိုင်းများတိုး တာဝန်ချပြီး မော်တော်ယာဉ်ဆိုင်ရာ ဥပဒေများ၊ ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် အညီ ဆောင်ရွက်ပြီး ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူသွားမည် ဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်း ပြောကြားသည်။

"အခုလို အပြစ်ရှိတဲ့လူကို လိုင်စင် သိမ်းတာကတော့ နိုင်ငံတကာမှာလည်း လုပ်နေကြတာပါ။ လုပ်မယ်ဆိုရင် ကောင်းပါတယ်။ ဒါပေမဲ့ ပြိုင်ကားမောင်းတဲ့ လူအားလုံးကို လုပ်မယ်ဆိုရင်တော့ လက်မခံနိုင်ပါဘူး။ အများပြည်သူကို အန္တရာယ်ဖြစ်စေပြီး အနှောင့်အယှက် ဖြစ်စေမယ်ဆိုရင်တော့ လုပ်သင့်ပါတယ်" ဟု မန္တလေးမြို့ခံ အသက် ၂၀ အရွယ် ပြိုင်ကားအလှမောင်း ဝါသနာ ပါသူ လူငယ်တစ်ဦးက ဆိုသည်။

အဆိုပါ စည်းကမ်းမဲ့ ပြိုင်ကားမောင်းနှင်သူ အများစုသည် အသက် ၂၀ ဝန်းကျင် လူငယ်အများစုဖြစ်ပြီး ညသန်းခေါင် ဝန်းကျင်တွင် မူးယစ်သေစာများ သောက်စားပြီး အရှိန်လွန် မောင်းနှင်ကာ လမ်းလယ် ပလက်ဖောင်းများနှင့် ယင်းပလက်ဖောင်း များတွင် စိုက်ပျိုးထားသော သစ်ပင်များကို ဝင်တိုက်ခြင်းများ မကြာခဏ ရှိလာကြောင်း၊ ယင်းမှာ အများပြည်သူများ အန္တရာယ်ဖြစ် နိုင်သကဲ့သို့ နေ့စဉ်ပုံမှန် သွားလာနေသည့်အများပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်နိုင်သဖြင့် အဆိုပါယာဉ်များကို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ရန် အတွက် မန္တလေးတိုင်းဒေသကြီး တရားသူကြီးချုပ်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး တို့နှင့် ပူးပေါင်းပြီး စီမံချက်ဖြင့် စတင်ဖမ်းဆီး အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများ ရှိပါက သက်သေများကို စစ်ဆေးမနေတော့ဘဲ အခင်းဖြစ်ပွား သောနေရာတွင် ရောက်ရှိနေသော ယာဉ် ထိန်းတပ်ဖွဲ့ တာဝန်ရှိသူက တင်ပြသော အခင်းဖြစ်ပွားရာ နေရာ၏ ဓာတ်ပုံတို့ဖြင့် သက်ဆိုင်ရာ တရားရုံးတွင် အမြန်ဆုံး စီရင်ချက်ချပြီး ထိုက်သင့်သည့် ပြစ်ဒဏ်များကို ကျခံစေမည် ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။

"အဲ့ဒီညက ပြိုင်ကားမောင်းတဲ့ ကလေးနဲ့ ဆိုင်ကယ်သမားတွေက ပြဿနာ တက်လာပုံရတယ်။ နောက်က ဆိုင်ကယ်က အရမ်းလိုက်တော့ ပြိုင်ကားကလည်း အရမ်းမောင်းလာတာ ၂၆ လမ်း ၆၈ လမ်း ၆၉ လမ်းမှာ ပြိုင်ကားက ကျုံးဘက်ကို ကွေ့လိုက်တာ လမ်းလယ် ပလက်ဖောင်းကို ဝင်တိုက်လိုက်တာ။ မောင်းလာပုံကလည်း အန္တရာယ် အရမ်းများတယ်။ ည ၇ နာရီ ဆိုတာ ကျုံးဘေးမှာ လူသွားလူလာက ရှိနေသေးတယ်။ အခုလို စီမံချက်ချပြီး နှိမ်နင်းလိုက်ရင်တော့ အားလုံး အတွက် ဘေးကင်းတာပေါ့ဗျာ" ဟု မတ်လ ၁၀ ရက်နေ့ညက ၂၆ လမ်း ၆၈ လမ်း ၆၉ လမ်းတွင်ဖြစ်ပွားခဲ့သည့် ပြိုင်ကားမှောက်မှုတွင် သတင်းယူခဲ့သူ မန္တလေးမြို့ခံ သတင်းထောက် ကိုခိုင်မြဲက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အထိ နှစ်လအတွင်း ယာဉ်တိုက်မှုမျိုးစုံ ၆၁ မှုဖြစ်ပွားခဲ့ပြီး ပြိုင်ကားပါသော ယာဉ်တိုက်မှု အကြိမ် ၂၀ ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရုံး၏ စာရင်းဇယားများ အရ သိရှိရသည်။

The Voice Weekly
မန္တလေးခရိုင်အတွင်း ညအချိန်မတော် မူးယစ်သေစာ သောက်စားပြီး ပြိုင်ကား အပြိုင်အဆိုင် မောင်းနှင်သူများ ရှိလာသဖြင့် အများပြည်သူ အန္တရာယ် ကင်းရှင်းစေရေးနှင့် စိတ်အနှောင့် အယှက် ကင်းစေရန်တို့အတွက် အဆိုပါ စည်းကမ်းမဲ့ ပြိုင်ကား မောင်းနှင်သူများကို မတ်လ တတိယပတ်မှ စတင်ကာ စီမံချက်ဖြင့် ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။

အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းမရ၍ အိမ်မီးရှို့

ဟားခါးမြို့တွင် မီးစွဲလောင်နေသောအိမ်ကို မီးငြှိမ်းသတ်ပြီးနောက်တွေ့ရစဉ် 
အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းရာ မရ၍ နေအိမ်ကိုမီးရှို့ခဲ့မှု ဟားခါးမြို့တွ င်ဖြစ် ပွားခဲ့ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ထောင်ပေါင်းများစွာသော လူရိုးတွေနဲ့ လုပ်ထားတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း

Photo: ထောင်ပေါင်းများစွာသော လူရိုးတွေနဲ့ လုပ်ထားတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း
Tuesday , March 18 , 2014

ပိုလန်မှာ ရှိတဲ့ Kaplica Czaszek အမည်ရှိ Chapel ရှေ့ မှာ ခြေချမိပြီဆိုတာနဲ့ ဒီ့ထက် တမူထူးခြားတာ မရှိတော့ဘူး လို့ တွေးမိပါ လိမ့်မယ်။ ဒါပေမဲ့ အတွင်းဘက်ကို ခြေလှမ်းလိုက်ပြီဆိုတာ နဲ့ ကြောချမ်းအောင် ခံစားရပါလိမ့်မယ်။ စစ် နဲ့ ရောဂါတွေကြောင့် သေဆုံးခဲ့ကြရတဲ့ ထောင်ပေါင်းများစွာသော လူ့အရိုးတွေကို သေခြင်းအနိဋ္ဌာရုံနဲ့ ဆက်စပ်တဲ့ အစီအရီနဲ့ နံရံတွေမှာ ကပ်ထားပါတယ်။

ဒီ Chapel (ခရစ်ယာန် ဘုရားရှိခိုးကျောင်းအသေး)ကို ပိုလန်၊ Czermnaရွာ ခရစ်ယာန်ဘုန်းကြီးက တည်ဆောက်ခဲ့တာပါ။ Silesia စစ်ပွဲတွေ၊ နှစ် ၃၀ စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်သားတွေ၊ ပြည်သူတွေနဲ့ ပလိပ်ရောဂါ၊ ကာလ၀မ်းရောဂါတွေနဲ့ သေဆုံးခဲ့ရသူတွေရဲ့ အရိုးတွေနဲ့ တည်ဆောက်ထားတာပါ။

ကယ်တင်ခြင်းတပ်နဲ့ သေခြင်းကို မမေ့ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ဆပ်ကပ်တဲ့ စားပွဲပေါ်မှာတော့ ရွာသူကြီးရဲ့ ဦးခေါင်းခွံနဲ့ ကျည်ဆံတွေအပြည့်နဲ့ အရိုးခေါင်းတွေကို တင်ထားပါတယ်။

Trend Myanmar
ပိုလန်မှာ ရှိတဲ့ Kaplica Czaszek အမည်ရှိ Chapel ရှေ့ မှာ ခြေချမိပြီဆိုတာနဲ့ ဒီ့ထက် တမူထူးခြားတာ မရှိတော့ဘူးလို့ တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ အတွင်းဘက်ကို ခြေလှမ်း လိုက်ပြီဆိုတာနဲ့ ကြောချမ်းအောင် ခံစားရပါလိမ့်မယ်။ စစ်နဲ့ ရောဂါတွေကြောင့် သေဆုံးခဲ့ကြ ရတဲ့ ထောင်ပေါင်းများစွာသော လူ့အရိုးတွေကို သေခြင်းအနိဋ္ဌာရုံနဲ့ ဆက်စပ်တဲ့ အစီအရီနဲ့ နံရံတွေမှာ ကပ်ထားပါတယ်။

အရေးပေါ်အခြေအနေ ရုပ်သိမ်းရန် ထိုင်းအစိုးရ သဘောတူ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ အတန်ငယ် အားလျော့သွားခဲ့သည့်နောက် အရေးပေါ် အခြေအနေ ကြေညာမှုကို အဆုံးသတ်တော့မည် ဖြစ်သည်။