Sunday, August 3, 2014

Master Sport ဖိနပ်စက်ရုံ လုပ်သား ၂၀၀ ကျော် အလုပ်ပြန်လည် ရရှိမည်

လုပ်သားများကို အသိမပေးဘဲ အလုပ်ရှင်က စက်ရုံပိတ်ခဲ့သည့် ရန်ကုန်မြို့တော် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် အမှတ် (၃) အတွင်းရှိ Master Sport ဖိနပ်စက်ရုံမှ လုပ်သား ၂၀၀ ကျော်ကို လှိုင်သာယာမြို့နယ်ရှိ ဖိနပ်စက်ရုံ ၁၃ ရုံက အလုပ်ခန့်မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရသည်။

အီဗိုလာသေမင်းဗိုင်းရပ်- Ebola Virus

Photo: အီဗိုလာသေမင်းဗိုင်းရပ်- Ebola Virus
Sunday, August 3, 2014

မြန်မာ နိုင်ငံ ကျန်းမာ ရေး ၀န်ကြီး ဌာန နှင့် မြန်မာ ရုပ်မြင် သံကြား သတင်း များမှ ထို ရောဂါ အ ကြောင်း ကို ပြည်သူ များ အမြန် သိရှိနိုင် စေရန်အမြန် ဆုံး အထူး ထုတ်လွင့် ပေးသင့် နေပြီ ဖြစ် သည်၊၊
(1) EBOLA VIRUS - အီဗိုလာဗိုင်းရပ်ဆိုတာဘာလဲ
-------------------------------------------------
အီဗိုလာဗိုင်းရပ်ဆိုသည်မှာ သဘာဝ တိရိစ္ဆာန်များမှတဆင့် လူသို့
ကူးဆက်သော ဗိုင်းရပ်ရောဂါပိုးတစ်မျိုးဖြစ်သည်။ ရောဂါ ကူးဆက်
ခံရသူ ၉၀ ရာခိုင်နှုန်း အသက်ဆုံးရှုံးကာ ရက်ပိုင်းအတွင်း သေဆုံး
စေနိုင်သော AIDS ထက်အဆပေါင်းများစွာဆိုးရွားသော ဗိုင်းရပ်စ်
ရောပိုးဖြစ်သည် ။
အာဖရိကတိုက်အနောက်အလယ်ပိုင်း နိုင်ငံများရှိ လင်းနို့ ၊ မျောက်
ဒရယ် ၊ မျောက်ဝံ စသော တိရိစ္ဆာန်များ တွင်အဆိုပါ အီဗိုလာ ဗိုင်းရပ်ပိုး
တွေ့ရှိရပြီး ရောဂါပိုး ရှိသည့် တိရိစ္ဆာန်အသားများကို စားသုံးရာမှ လူတွင်
ကူးစက်ကာ ယခုအချိန်ထိ ကူးစက်ခံရသူ ၁၂၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်
သည် ။
၂၀၁၄ တွင် အာဖရိက အနောက်ခြမ်း နိုင်ငံ ၃ နိုင်ငံအား ကန့်သတ် နယ်မြေမျာအဖြစ်သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီဖြစ်သည်။.
အီဗိုလာသညှ်နှာခြေ ၊ ချောင်းဆိုး စသော လေထုထဲမှတဆင့်မကူးစက်
သည်မှာအလွန်ကံကောင်းသည်ဟုဆိုရမည်။၎င်းသည်တုတ်ကွေးကဲ့သို့
ချောင်းဆိုးသူကြောင့် လေထဲမှတဆင့် မပျံနှံ့ပါ ။
သို့သော် EBOLA သည် ရောဂါရှိသော တိရိစ္ဆာန်များ ၏ အရည် ၊ သွေး
သား တို့အား လက်ဖြင့်ထိခြင်း ၊ ထိုအသားအားစားခြင်း ။ရာဂါခံစားနေ
ရသောသူ နှင့် လက်ခြင်းထိတွေ့ခြင်း ၊ အရေပြားပေါက်ပြဲသောနေရာအား
ထိတွေ့ခြင်း ၊ သွေးသားခြင်းထိတွေ့ခြင်း ၊ နမ်းခြင်း ၊ လိင်ဆက်ဆံခြင်းတို့
စသဖြင့် ရောဂါရှိသူ၏ အသွေးသား ၊ သွေး ၊ အချွဲ ၊ ခန္ဒာကိုယ်မှထွက်သော
အရည်တို့ကို လက်ဖြင့် ထိတွေ့ရုံဖြင့် ရောဂါ ကူးဆက်နိုင်သည် ။
ထိုသို့ရောဂါကူးဆက်ပြီး ၂၁ ရက်အတွင်း ဝေဒနာစတင်ခံစားရမည်ဖြစ်ကာ
ထိုသူမှတဆင့် ယခု နှုန်းထားအတိုင်း ၂.၅ ဦးအားဆက်လက် ကူးဆက်နေပြီး
ဆက်တိုက်ပျံ့ပွားသွားမည်ဖြစ်သည်ရောဂါခံစားရပြီးမကြာခင်ရက်ပိုင်းအတွင်း
သေဆုံးမည်ဖြစ်သည် ။
(2) ရောဂါလက္ခဏာတွေကဘယ်လိုလဲ
--------------------------------------
အီဗိုလာ ဗိုင်းရပ်စ် ကူးဆက်ခံရပြီး ၂၁ ရက်အကြာတွင် အပြင်းဖျားခြင်း
မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း ၊ ကြွက်သားများ နာကျင်ခြင်း
ခေါင်းကိုက်ခြင်း ၊ လည်ချောင်းနာခြင်းတို့ ဖြစ်ကာ မကြာခဏ အော့အန်ပြီး
ဝမ်းသွားသည့် ရာဂါလက္ခဏာ ပြလိမ့်မည်။
ထိုမှတဆင့်ရောဂါပြင်းထန်လာကာ ကျောက်ကပ် ၊ အသဲ တို့၏ လုပ်ဆောင်
ချက်များကို ဆိုးဝါးစွာ ပျက်ဆီးစေကာ မျက်လုံး ၊ ပါးစပ် ၊ နှာခေါင်းတို့စသော ဒွာရပေါက်များမှ သွေးထွက်ခြင်း ၊ အရေပြားပေါက်ပြဲကာ သွေးထွက် ခြင်း
စသည့်ခန္ဒာကိုယ် အတွင်းအပြင် တို့မှ သွေးထွက်ကာ နောက်ဆုံး သေဆုံး
စေမည်ဖြစ်သည်။
ထိုထက်ဆိုးဝါးသည်မှာ ရောဂါကူးစက်ခံရသော သူ ထိုင်သွားသည့် ခုံ ၊အိပ်ယာ
တို့မှတဆင့် ကူးဆက်ကြောင်းတွေ့ရသော အခါ အဆိုပါ နိုင်ငံ ၃ နိုင်ငံတွင်
TAXI (တက္ကစီ) ၊ ကား၊ ရထား ၊ လေယာဉ် တို့ပါ ရောဂါစောင့်ကြည့် နေရသည့်
အခြေအနေ တွင်ရှိနေပြီဖြစ်သည် ။
ထိုအီဗိုလာ ဗိုင်းရပ်အား ကုသရန်ဆေးမရှိသကဲ့သို့ ။ရောဂါကူးစက်ခံရပါက
မည်သို့မှ လုပ်မရတော့ပဲ သီသန့်ခန်းထဲတွင် ခွဲထားကာ သေဆုံးသည်ကို
စောင့်ရမည်ဖြစ်သည် ။ ရောဂါပိုး ကူးစက်သူ၏ ၁၀ ရာခိုင်းနှုန်းကိုသာ ကယ်
ဆယ်နိုင်ခဲ့သေးကြောင်းသင်သိရမည်ဖြစ်သည် ။
(3) ဘယ်နိုင်ငံတွေအထိ ကူးစက်လာခဲ့ပြီလဲ
--------------------------------------------
၂၀၁၄ ခုနှစ်၏အီဗိုလာ ဗိုင်းရပ်မြစ်ဖြားခံရာ Guinea နိုင်ငံမှတဆင့်
ရောဂါဝေဒနာ ခံစားရသူများ ခရီးသွား သောကြောင့် ထိုနိုင်ငံ၏ အိမ်
နီးခြင်းနိုင်ငံများဖြစ်သော Liberia နှင့် Sierra Leone တို့အား အလျှင်
အမြန် ကူးဆက်လျှက် ရှိသည်။
အဆိုပါ ၃ နိုင်ငံတွင် ၂၀၁၄ မတ်လ မှ စတင်ကာယနေ့အထိ လူဦးရေ
(၁၂၀၀) ကျော်အား ကူးစက်နေပြီး - ၇၀၀ နီးပါးသေဆုံးခဲ့ပြီဖြစ်သည် ။
၎င်းသည် နှစ် ၄၀ အတွင်း အဆိုးဝါးဆုံးသော ဗိုင်းရပ်ကူးစက် သေဆုံး
မှုဖြစ်ကြောင်း WHO မှထုတ်ပြန်ခဲ့ရသည်။
ရောဂါဆိုးဝါးသော ဒေသများသို့ ဆေးကုသပေးရန် ရောက်ရှိနေသော အထူးကု ဒေါက်တာတစ်ဦးအပါအဝင် နိုင်ငံခြားသား လုပ်အားပေး ၂ ဦးရေဂါကူးစက်ခံရသည်ဆိုသောအခါ ကမ္ဘာနိုင်ငံများကြား အီဗိုလာ သည်
အထူး သတိထားကိုင်တွယ်ရမည့် ကြောက်စရာအကောင်းဆုံး ကူးစက်
ဗိုင်းရပ်ဖြစ်လာခဲ့သည်။
အဆိုပါ ၃ နိုင်ငံသို့ စိုက်ပျိုးရေး ၊ ကျမ်မာရေ ၊ ပညာရေ တို့အတွက် လုပ်အားပေး ရောက်ရှိနေသော အမေရိကန် နိုင်ငံသား ၃၀၀ ကျော်ကို
ယခု အခါ အမေရိကန် က ပြန်လည်ခေါ်ယူနေပြီဖြစ်သည် ။
ယခု အမေရိက နိုင်ငံ ၊ လန်ဒန် ၊ ဥရောပနိုင်ငံများ ၊ တရုတ် ၊ ဖိလစ်ပိုင် တို့တွင် ရောဂါလက္ခာများစတင်တွေ့ရှိကြောင်းယနေ့သတင်းစာများတွင်
ကြော်ငြာအပြီး နိုင်ငံတကာလေကြောင်းလိုင်းများသည်အဆိုပါအီဗိုလာရော
ဂါအား စောင့်ကြည့်ဖြေရှင်းရန် အထူး ဆွေးနွေးပွဲများဖြင့် စတင်နေရပြီဖြစ်
သည် ။
(4)မြန်မာနိုင်ငံတွင်ထိုရောဂါကူးစက်ပြန့်နှံ့မှုရှီနေပြီလား
-------------------------------------------------------
ကျွန်တော်တို့မြန်မာနိုင်ငံတွင်ထိုရောဂါကူးစက်ပြန့်နှံ့မှုမတွေ့ရသေးပါဟုပြော
ရပေမည်။သို့သော်မြန်မာနိုင်ငံအနေဖြင့်အာဖရိကနိုင်ငံများနှင့်လေကြောင်းအ
ရဆက်သွယ်မှုတွေရှိသဖြင့်ဖြေရှင်းကိုင်တွယ်နိုင်ရန်အတွက်ထိုရောဂါနှင့်ပတ်
သည့်သည့်ကာကွယ်ရန်အသုံးအဆောင်များ၊ခေတ်မှီကရိယာများယခုအချိန်က
ကတည်းကကျန်းမာရေးဝန်ကြီးဌာနအနေနှင့်ပြင်ဆင်ထားရန်လိုအပ်နေပြီဖြစ်
သည်။
လိုအပ်သည်များကို ဆောင်ရွက်ရန် နိုင်ငံတကာမြို့ပြ လေကြောင်း အဖွဲ့ချုပ်
The International Civil Aviation Organization (ICAO) နှင့်လည်း
ဆွေးနွေးဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်သည်။
(5) ရောဂါကူးစက်တဲ့ နိုင်ငံမှာ ဘာတွေဖြစ်နေပြီလဲ
--------------------------------------------------
Guinea, Liberia, Sierra Leone စသည့် အီဗိုလာ အဆိုးဆုံးကူး
စက်ရာ ၃ နိုင်ငံတွင် ကျောင်းအားလုံး ပိတ်ပစ်ရပြီဖြစ်သည်။
အဆိုပါနိုင်ငံ ၃ ခု၏ ဒေသ အချို့တွင် ရောဂါထိန်းချုပ်နိုင်မှု မရှိတော့ပဲ ဆိုးဝါးစွာကူးစက်ပြီနေပြီဖြစ်ကြောင်း သိရသည် ။ ရောဂါကူးစက်မှုသည် ထိန်းချုပ်ကိုင်တွယ်နိုင်သည့်အဆင့်တွင်မရှိတော့ပါ ။ အခြေအနေ အလွန်ဆိုးဝါးနေပြီဖြစ်ကြောင်း ယေနေ့ နိုင်ငံတကာသတင်းဌာနများက
ကြော်ငြာနေသည် ။
အခြေအနေ ကောင်းမလာပဲ ပိုမိုးဆိုးဝါးကာ ကူးစက်သူ ၂.၅ ဆနှုန်းဖြင့် တိုးပွာလာကြောင်း ကြောက်မက်ဖွယ်သိရှိခဲ့ကြရသည် ။
Sierra Leone နိုင်ငံရှိ အီဗိုလာရောဂါ အတွက် အထူးကုသနေရသော
ထိပ်တန်း ဆရာဝန် တစ်ဦးသည်ယခု အီဗိုလာရောဂါကူးစက်ခံရကာ
သေဆုံးခဲ့ပြီးဖြစ်သည် ။
အမေရိကန် နိုင်ငံသား ကနေဒါမှ အဆိုပါ ၃ နိုင်ငံသို့ ရောဂါကုပေရန်
လုပ်အားပေး သွားရောက်သော ဆရာဝန်တစ်ဦးသည်လည်း ယခုအခါ
ရောဂါကူးစက်ခံနေရပြီဖြစ်ကြောင်းတွေ့ရှိသောအခါ အီဗိုလာသည်
ကမ္ဘာကိုခြိမ်းခြောက်နေသော ဗိုင်းရပ် အဖြစ် သတ်မှတ်ရတော့သည် ။
အဆိုပါ နိုင်ငံ ၃ နိုင်ငံ၏ ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေးသည် ယနေ့ ကမ္ဘာအရေးဖြစ်လာခဲ့သည်။
Liberia နိုင်ငံတွင်မူ ကျောင်းအားလုံး အကန့်အသတ်မရှိ ပိတ်ထားပြီး
အစိုးရဝန်ထမ်းအားလုံး ခွင့် ရက် ၃၀ ပေးကာ လုပ်ငန်းအားလုံး ရပ်ဆိုင်း
ထားရပြီဖြစ်သည်။
Togo အခြေစိုက် pan-African လေကြောင်းလိုင်းဖြစ်သော ASKY,
လေကြောင်းလိုင်းသည် အဆိုပါ ၃ နိုင်ငံမှ အခြား နိုင်ငံ ၂၀ သို့ ပြေးဆွဲ
ပျံသန်းနေသောလေကြောင်းဖြစ်ပြီး ယခု ASKY၏ လေကြောင်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည်။
အသက် ၄၀ ရှိ Liberia နိုင်ငံသားတစ်ဦး Nigeria သို့သွားရောက် လည်
ပတ်အပြီး သေဆုံးခဲ့ကာ အဆိုပါသေဆုံးမှုသည် အီဗိုလာဗိုင်းရပ်ကြောင့်
ဖြစ်ကြောင်း အတည်ပြုအပြီး Nigeria နိုင်ငံတွင် ယခု စောင့်ကြည့်ကွပ်
ကဲမှုများပြုလုပ်နေရပြီဖြစ်သည်။
လေကြောင်းလိုင်းများသည် နိုင်ငံတကာသို့ရောဂါကူးစက်စေသော
ရေသောက်မြစ်ဖြစ်လာသောအခါ IATA သည် လေကြောင်းလိုင်များအား
ထိရောက်စွာ ထိန်းချုပ်သွားရန် ယခု စတင်ဆောင်ရွက်နေပြီဖြစ်သည်။
ယနေ့မှစတင်ပြီး နေ့စဉ်ရောဂါ ပျံနှုံမှုကို စောင့်ကြည့်ကာ ဖြစ်ပွားသည့်
နေရာများသို့ ပျံသန်သောလေကြောင်းများကို တားမြစ်သွားမည်ဖြစ်ကြောင်း
နိုင်ငံတကာလေကြောင်းထိန်းချုပ်ရေးအေဂျင်စီသည် ယနေ့ကြော်ငြာချက်
ထုတ်ပြန်ခဲ့ရပြီဖြစ်သည်။
အထက်ပါအကြောင်းအရာများသည် EBOLA (အီဗိုလာဗိုင်းရပ်) အကြောင်း
နှင့်လက်ရှိ နိုင်ငံတကာ အဖြေအနေဖြစ်ပြီး မြန်မာနိုင်ငံသားများအား သတိ
အသိ ၊ ဗဟုသုတ ရစေရန် သတင်းဌာနများ ၊ ကျမ်းမာရေးဆိုင်ရာအင်တာ
နက်စာမျက်နှာများ နှင့် ဆရာဝန်မိတ်ဆွေများ၏ အကူအညီရယူကာမြန်မာ
နိုင်ငံသားများ သိရှိရန် ဘာသာပြန်တင်ဆက်ပေးခြင်းဖြစ်သည် ။
ဤဆောင်းပါးအားမည်သူမဆို ကူးယူနိုင်သလို မသိရှိသေးသည့် နီးစပ်ရာ
သူငယ်ချင်း ၊ မိတ်ဆွေ အားလုံးသို့ ဆက်လက် လက်ဆင့်ကမ်း (SHARE) ကြရန်
မြန်မာနိုင်ငံသားများ facebook စာမျက်နှာမှ အထူး တိုက်တွန်းသည် ။
ဆက်လက် ထူးခြားမှုများရှိပါက တင်ဆက်မည်၊၊

ဆူးခင်းလမ်း သုတရသ
မြန်မာ နိုင်ငံ ကျန်းမာ ရေး ၀န်ကြီး ဌာန နှင့် မြန်မာ ရုပ်မြင် သံကြား သတင်း များမှ ထို ရောဂါ အ ကြောင်း ကို ပြည်သူ များ အမြန် သိရှိနိုင် စေ ရန်အမြန် ဆုံး အထူး ထုတ်လွင့် ပေးသင့် နေပြီ ဖြစ် သည်၊၊

ဝင်ကြေးမြင့်ပြီး မိုးသည်းနေသည့်ကြားမှ 2NE1 အောင်ပွဲခံ

Photo: ဝင်ကြေးမြင့်ပြီး မိုးသည်းနေသည့်ကြားမှ 2NE1 အောင်ပွဲခံ
Sunday, August 3, 2014

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော အနုပညာဖျော်ဖြေပွဲများတွင် ဈေးအကြီးဆုံးဖြစ်ခဲ့သော 2NE1 အဖွဲ့၏ ဖျော်ဖြေမှုကိုတွေ့ရစဉ်(ဓာတ်ပုံ − အေးဇော်မိုး(စက်မှု))
မြန်မာနိုင်ငံတွင် ဝင် ကြေးအမြင့်ဆုံး နိုင်ငံတကာဖျော် ဖြေပွဲအဖြစ် ကိုရီးယားကေပေါ့ပ် (K-Pop) အဖွဲ့ 2NE1 ၏ ဖျော် ဖြေပွဲကို သြဂုတ် ၂ ရက်က ပြုလုပ်ခဲ့ရာ ပရိသတ်များ ပွဲကျင်းပသည့် ခန်းမပြည့်လုနီးပါး လာရောက် အားပေးခဲ့ကြသည်။

ဝင်ကြေးဈေးနှုန်းမြင့်မား သော်လည်း မြန်မာ K-Pop ပရိ သတ်များ၏ အားပေးမှုသည် မိုး များမပြတ်ရွာသွန်းနေသည့်အချိန် ၌ပင် ပွဲကျင်းပသည့် Myanmar Event Park (M.E.P) ခန်းမပြည့် လုနီးပါး လာရောက်အားပေးခဲ့ကြ သည်။

ယင်းဖျော်ဖြေပွဲကို ဝင်ကြေး အနိမ့်ဆုံး ငွေကျပ် နှစ်သောင်းခွဲ မှ ကိုးသိန်းကျပ်အထိ အဆင့်များ သတ်မှတ်၍ ရောင်းချခဲ့သည်။

‘‘နှစ်သောင်းခွဲတန်းက လူ တွေဆိုရင် မနက် ၁၀ နာရီလောက်ကတည်းက လာပြီးတန်းစီနေကြ တာ’’ဟု ပွဲသို့ လာရောက်ကြည့်ရှု သူတစ်ဦးက ပြောသည်။

M.E.P ဝင်းအပြည့် လာ ရောက်အားပေးသော ပရိသတ် များကို ညနေ ၅ နာရီတွင် စတင် ဝင်ရောက်ရန် သတ်မှတ်ထားခဲ့ သော်လည်း ၆ နာရီကျော်မှသာ ဝင်ရောက်ခွင့်ပြုခဲ့သောကြောင့် အဆက်မပြတ်ရွာနေသည့် မိုးရေ ထဲ၌ ထီးများဆောင်း၍ နှစ်နာရီခန့် တန်းစီစောင့်ဆိုင်းခဲ့ရသည်။

ဖျော်ဖြေပွဲကို ည၇ နာရီကျော် တွင် စတင်ခဲ့ပြီး 2NE1 သည် ပရော်ဖက်ရှင်နယ်အဖွဲ့တစ်ဖွဲ့ ပီသစွာ သီချင်းများကို ၎င်းတို့၏ ဖျော်ဖြေနေကျပုံစံအတိုင်း မာန်ပါပါဖြင့် ဖျော်ဖြေခဲ့သောကြောင့် မြန်မာ K-Pop ပရိသတ်များ အကြိုက်တွေ့ခဲ့သည်။

ဖျော်ဖြေရာတွင် 2NE1 ၏ နိုင်ငံတကာတွင် အောင်မြင်မှုရရှိ သော သီချင်းများဖြစ်သည့် I Don't Care, Fire, I am The Bast အပါအဝင် စုစုပေါင်း သီ ချင်း ၁၀ ပုဒ်ကျော် သီဆိုပြီးချိန် ၌ ပရိသတ်များကို နှုတ်ဆက်ခဲ့ သော်လည်း ပရိသတ်များ၏ တောင်းဆိုမှုကြောင့် နောက်ထပ် သီချင်းသုံးပုဒ် ထပ်မံဖျော်ဖြေပေး ခဲ့သည်။

လွန်ခဲ့သည့်ငါးနှစ်ခန့်က ၎င်းတို့အောင်မြင်ကျော်ကြားခဲ့သော I Don't Care သီချင်းကို ယခင် ပုံစံနှင့်မတူဘဲ ရော့ခ်ဆန်ဆန် သီ ဆိုဖျော်ဖြေမှုနှင့် I am The Bast သီချင်းကို ဆိုင်ကယ်စီးသည့် ဟန် ပါဖောမန့်ဖြင့် ဖျော်ဖြေမှုမှာလည်း ပရိသတ်များအတွက် ထူးခြား သည့်ခံစားမှုများ ပေးနိုင်ခဲ့သည်။

မကြာခင်က ထွက်ရှိထား သော Come Back Home သီချင်းနှင့် Gotta Be You သီ ချင်းများကို မြန်မာပရိသတ်များ အား ဖျော်ဖြေသီဆိုခဲ့ပြီး နောက်ဆုံးဖျော်ဖြေမှုအစီအစဉ်တွင် အဖွဲ့ခေါင်းဆောင် CL က အားပေးနေ သည့် ပရိသတ်များကို ဖုန်းဖြင့် မှတ်တမ်းတင်ခဲ့ရာ ပရိသတ်များ၏ အားပေးသံများ ဆူညံနေခဲ့ သည်။

ဖျော်ဖြေပွဲသို့ အနုပညာ လောကမှ နာမည်ကြီး သရုပ် ဆောင်၊ အဆိုတော်များလည်း လာရောက်အားပေးခဲ့ကြသည်။

‘‘မီးတွေသုံးထားတာတော့ မိုက်ပါတယ်။ ဒါပေမဲ့ စင်က နိမ့်နေတော့ ဖျော်ဖြေတဲ့သူတွေကို သေ သေချာချာ မမြင်ရဘူး’’ဟု ကျပ် လေးသောင်းတန် Gold Standing တွင် လာရောက်ကြည့်ရှုသူတစ် ဦးက သုံးသပ်သည်။

7Day DAILY
မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော အနုပညာဖျော်ဖြေပွဲများတွင် ဈေးအကြီးဆုံးဖြစ်ခဲ့သော 2NE1 အဖွဲ့၏ ဖျော်ဖြေမှုကိုတွေ့ရစဉ်(ဓာတ်ပုံ − အေးဇော်မိုး (စက်မှု))
မြန်မာနိုင်ငံတွင် ဝင် ကြေးအမြင့်ဆုံး နိုင်ငံတကာဖျော် ဖြေပွဲအဖြစ် ကိုရီးယားကေပေါ့ပ် (K-Pop) အဖွဲ့ 2NE1 ၏ ဖျော် ဖြေပွဲကို သြဂုတ် ၂ ရက်က ပြုလုပ်ခဲ့ရာ ပရိသတ်များ ပွဲကျင်းပသည့် ခန်းမပြည့်လုနီးပါး လာရောက် အားပေးခဲ့ကြသည်။

မြန်မာပြည်သွားမယ့် ၀န်ကြီး ဂျွန်ကယ်ရီ၊ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရ

Photo: မြန်မာပြည်သွားမယ့် ၀န်ကြီး ဂျွန်ကယ်ရီ၊ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရ
Sunday, August 3, 2014

မြန်မာနိုင်ငံကို ARF အစည်းအဝေးတက်ဖို့သွားရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ကွန်ဂ ရက် လွှတ်တော် အမတ် ၇၀ ကျော်နဲ့ အမေရိကန်အခြေစိုက် ဘာသာရေး၊ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဖိအားပေးမှုတွေ ရင်ဆိုင်နေရပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ နေပြည်တော်မှာ သြဂုတ်လ ၁ဝ ရက်နေ့ ကျင်းပမယ့် ASEAN Regional Forum – ARF အစည်းအဝေးတက်ဖို့သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အမေရိကန် ကွန်ဂရက် အမတ် ၇ဝ ကျော်က ဂျွန်ကယ်ရီဆီ ပေးပို့တဲ့ စာထဲမှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေ အနေဟာ အဆိုးဘက်ကို နောက်ပြန်ဆုတ်သွားနေတာကြောင်၊့ မြန်မာ-အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေးကို ထိခိုက်ပျက် စီးစေတယ်ဆိုတာ မြန်မာအစိုးရကို သတိပေးဖို့ ဝန်ကြီး ဂျွန်ကယ်ရီကို တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်က အစပြုကာ မြန်မာနိုင်ငံ အနှံ့အပြား လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာ၊ အထူးသဖြင့် မွတ်စလင်မုန်းတီးရေး လှုံ့ဆော်မှုအကြမ်းဖက်မှုတွေ ဖြစ်တာ၊ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး လှုပ်ရှားမှုတွေနဲ့ ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတာအပါအဝင်၊ မြန်မာသတင်းသမားတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ်ဆိုတဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးတာတွေဟာ အခြေအနေဆိုးတွေဖြစ်တယ်လို့ ကွန်ဂရက်အမတ်တွေက ထောက်ပြထားပါတယ်။

ဒါအပြင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စ ပျက်ကွက်နေပြီး၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ စ အပါအဝင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခက်အခဲဆုံးနဲ့အဟန့် အတား ဖြစ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စတွေ အရာမထင်သေးတာတွေလည်း ထောက်ပြထားပါတယ်။

မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ အရေးအပါဆုံး ခြေလှမ်းဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအလားအလာဟာ မှေးမှိန်နေဆဲဖြစ်တဲ့ အပြင်၊ လာမယ့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စတွေမှာလည်း ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ်ချုပ် ချယ်မှုတွေ လုပ်ဖို့ ကြိုးစားလာတာကိုလည်း ကွန်ဂရက်အမတ်တွေက ထောက်ပြပါတယ်။

မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအကောင်အထည်ဖော်နေပေမယ့် အခု ထိ အာမခံချက်ရှိတဲ့ အခြေအနေတခုကို မရောက်သေးတဲ့ အပြင်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာ စစ်တပ် က အမျိုးသမီးတွေကို မုဒိန်းကျင့်တဲ့ လုပ်ရပ်တွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ရှိနေသေး တာကို လည်း ထောက်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတ အိုဘားမားကို နိုင်ငံရေးအကျဉ်းသားအားလုံးကို လုံးဝ ခြွင်းချက်မရှိ လွှတ်ပေး မယ် လို့ ကတိပေးထားပေမယ်၊့ အကျဉ်းထောင်တွေထဲ နိုင်ငံရေး အကျဉ်းသားတွေ ဆက်လက်ကျန်ရှိနေသေးတာလည်း ကွန်ဂရက်အမတ်တွေက ထောက်ပြပါတယ်။

ယခု စာကို လက်မှတ်ရေးထိုး ထောက်ခံတဲ့ ကွန်ဂရက်လွှတ်တော် အမတ် ၇ဝ ကျော်ဟာ ဒီမိုကရက်ပါတီရော၊ ရီပတ်ဗလီကန်ပါတီတွေက ထင်ရှားသူတွေ လည်း ပါဝင်ပါတယ်။

အထက်ကဖော်ပြထားသလို လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဆိုးတွေကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင် စုက အရင်က ပိတ်ပင်ကန့်သတ်ထားချက်တွေကို နောက်ထပ် ဖြေလျှော့ပေးဖို့ စဉ်းစားချက်တွေကို ပြန်သုံးသပ်ပြီး ရပ်ဆိုင်း ထားဖို့ ကွန်ဂရက်အမတ်တွေက တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံက အပြစ်မဲ့ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်သူတွေကိုလည်း ထိရောက်တဲ့အရေးယူမှုတွေကို အမေရိကန်ရဲ့ လုပ်ပိုင်ခွင့်အပြည့်အဝသုံးပြီး အရေးယူဒဏ်ခတ်ဖို့လည်း ကွန်ဂရက်အမတ်တွေက တိုက်တွန်းပါတယ်။

ဒါအပြင် မြန်မာနိုင်ငံကို သွားရောက်တဲ့ အခါမှာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေရှိနေတာကို မြန်မာ အစိုးရနဲ့ အလေးအနက် ဆွေးနွေးတိုက်တွန်းဖို့လည်း အမေရိကန် အခြေစိုက်တဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း အသင်း အဖွဲ့တွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စုပြီးတောင်းဆိုခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က မြန်မာ-အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေးဟာ သိသာတဲ့ မြန်မာပြည် အပြောင်းအလဲတွေ ကြောင့်၊ ကောင်းမွန်တဲ့အနေအထားရှိခဲ့ပေမယ့် အခုလို ပြုပြင်ပြောင်းလဲရေးကို သွေဖီတဲ့ ဖြစ်ရပ်တွေကြောင့် ၂ နိုင်ငံ ဆက်ဆံရေး ပါ ထိခိုက်တာဖြစ်တယ်လို့ အမေရိကန် အမတ်တွေက ဆိုကြပါတယ်။

ဧရာဝတီ

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် ၂၃ ကြိမ် မြောက် အာဆီယံ ထိပ်သီး အစည်း အဝေးပွဲတွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီကို မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတူတွေ့ရစဉ် (ဓာတ်ပုံ – ဆိုင်မွန်ရော့က္ကနီး)
ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် ၂၃ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်း အဝေးပွဲတွင် အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတူတွေ့ရစဉ် (ဓာတ်ပုံ – ဆိုင်မွန်ရော့က္ကနီး)
မြန်မာနိုင်ငံကို ARF အစည်းအဝေးတက်ဖို့သွားရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ကွန်ဂရက် လွှတ်တော်အမတ် ၇၀ ကျော်နဲ့ အမေရိကန်အခြေစိုက် ဘာသာရေး၊ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဖိအားပေးမှုတွေ ရင်ဆိုင်နေရပါတယ်။

တိုင်းပြည်အေးချမ်းတည်ငြိမ်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် သမ္မတဦးသိန်းစိန် တိုက်တွန်း

Photo: တိုင်းပြည်အေးချမ်းတည်ငြိမ်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်
သမ္မတဦးသိန်းစိန် တိုက်တွန်း
Sunday, August 3, 2014

ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သောကြာနေ့တွင် အ ခက်အခဲ စိန်ခေါ်မှုများကြားက တိုင်း ပြည် ပြုပြင်ပြောင်းလဲရေးဆီသို့ ဦးတည် လျှောက်လှမ်းနေစဉ် ငြိမ်းချမ်းစွာ ဆွေး နွေးညှိနှိုင်းဆောင် ရွက်ကြရန် ရေဒီယို အသံလွှင့်ဌာနမှ တစ်ဆင့် တိုက်တွန်းပြော ကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာန တွင် ရေးသားဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်သည် ရေ ဒီယိုမှ မိန့်ခွန်းပြောကြားခဲ့ရာတွင် နိုင်ငံရေး အယူအဆအမြင်များ ကွဲလွဲကြသော် လည်း နိုင်ငံရေးပါတီအချင်းချင်း အပြန် အလှန် လေးစားမှုရှိလျှင် ဒီမိုကရေစီစနစ် ခိုင်မာစွာ အမြစ်တွယ်လာစေရန် တိုး တက်သော နိုင်ငံရေးဖြစ်စဉ်တစ်ခု အ ဖြစ် ဆက်လက် လျှောက်လှမ်းနိုင်ရေး အထောက်အကူ ဖြစ်စေမည်ဟု ပြော ကြားခဲ့ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်သည် မိမိ တို့အစိုးရအနေဖြင့် လွန်ခဲ့သောသုံးနှစ် တာကာလအတွင်း အခက်အခဲ စိန်ခေါ် မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ဝေဖန်မှုများဖြင့် လည်း ကြုံတွေ့ခဲ့ရကာ စနစ်ဟောင်းတစ် ခုမှ စနစ်သစ်သို့ ပြောင်းလဲသော ကာလ တွင် ယင်းမှာ ထူးဆန်းသောအရာမဟုတ် ဟု ပြောကြားခဲ့ကြောင်း သိရသည်။ 

သမ္မတဦးသိန်းစိန်သည် ရေဒီ ယိုမိန့်ခွန်း ပြောကြားရာ၌ တိုင်းပြည်တည် ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် ပြုမူ ဆောင်ရွက်မှုများအတွက် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု သတိ ပေးပြောကြားခဲ့ကြောင်း သိရသည်။ 

သမ္မတဦးသိန်းစိန်သည် ရခိုင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု တည် ရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး မျိုးဆက်သစ် များ၏ အနာဂတ်ပိုမိုကောင်းမွန်လာစေ ရေးကြိုးပမ်းဆောင်ရွက်ကြရန်လည်း နှိုးဆော်တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။

Yangon Media Group
ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သောကြာနေ့တွင် အခက်အခဲ စိန်ခေါ်မှုများကြားက တိုင်း ပြည် ပြုပြင်ပြော င်း လဲရေးဆီသို့ ဦးတည် လျှောက်လှမ်းနေစဉ် ငြိမ်းချမ်းစွာ ဆွေး နွေးညှိနှိုင်းဆောင် ရွက်ကြရန် ရေဒီယိုအသံလွှင့်ဌာနမှတစ်ဆင့် တိုက် တွန်းပြော ကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာန တွင် ရေးသားဖော်ပြထားသည်။

ကျောင်းမုန့်ဈေးတန်းများတွင် အန္တရာယ်ရှိ ဆိုးဆေးပါ စားသောက်ကုန်များ စစ်ဆေးတွေ့ရှိ

Photo: ကျောင်းမုန့်ဈေးတန်းများတွင် အန္တရာယ်ရှိ ဆိုးဆေးပါ စားသောက်ကုန်များ စစ်ဆေးတွေ့ရှိ
Sunday, August 3, 2014

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အခြေခံပညာကျောင်း မုန့်ဈေးတန်း ၇၀ နီးပါးမှ နမူနာ စားသောက်ကုန် ၅၄၃ မျိုးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဓာတ်ခွဲ စစ်ဆေးကြည့်ရှုရာမှ ပန်းပွင့်ပုံသဏ္ဌာန် ဝေဖာမုန့်နှင့် ရွှေစံအိမ်ရှူးရှဲ လက်ဖက်တံဆိပ် စားသောက်ကုန် နှစ်မျိုးတွင် အန္တရာယ်ရှိ ဆိုးဆေးများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ညွှန်ကြားရေးမှူး (အစားအသောက်) ဒေါက်တာ ထွန်းဇော်က The Voice သို့ ပြောကြားသည်။

ယခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ မြို့နယ်ပေါင်း ၃၂ ခုမှ အခြေခံပညာ ၆၉ ကျောင်း ရှိ စားသောက်ကုန် ၅၄၃ မျိုးကျော်ကို နမူနာကောက်ယူပြီး ၁၇၇ မျိုးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှ ယင်းသို့ စားသုံးရန် မသင့်သော အစား အသောက် နှစ်မျိုးကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စားသောက်ကုန်များကို တစ်နိုင်ငံလုံးရှိ ကျောင်းများသို့ ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“မုန့်တွေရှိတဲ့ ကျောင်းကို ကွင်းဆင်းမယ်၊ ပညာပေးမယ်၊ ပစ္စည်းသိမ်းမယ်။ တစ်နိုင်ငံလုံးက ကျောင်းတွေမှာလည်း ဒီလိုမုန့်တွေ ရှိနိုင်တဲ့အတွက် အများပြည်သူသိအောင် သတင်းစာက ကြေညာချက်ထုတ်မယ်” ဟု ဒေါက်တာထွန်းဇော်က ဆိုသည်။

အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများတွင် ဆိုးဆေးပါသော စားသောက် ကုန်များ၊ အန္တရာယ်ရှိ ဓာတုပစ္စည်းပါသော အစားအသောက်များ ရောင်းချခြင်း မပြုရန်နှင့် မြန်မာမုန့်များ အစားထိုး ရောင်းချကြရန် အခြေခံပညာ ဦးစီးဌာနများက စာသင်ကျောင်းများထံ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အစပိုင်းကတည်းက ညွှန်ကြားထားသည်။

ယင်းအပြင် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကျောင်းကျန်းမာရေးအဖွဲ့က လိုက်လံစစ်ဆေးမှုများ ရှိကြောင်း ရန်ကုန်မြို့နေ မူလတန်းပြ ဆရာမတစ်ဦးထံမှ သိရှိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနမှ FDA နည်းတူ စားသုံးသူ ကာကွယ်ရေးအသင်းနှင့် အရပ်ဘက် အဖွဲ့အစည်း အချို့ကလည်း ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပါဝင်ပစ္စည်း အမျိုးအမည် မသိသော တရုတ်နိုင်ငံမှ တင်သွင်းသည့် မုန့်များကို ကျောင်းမုန့်ဈေးတန်းများတွင် မရောင်းချရန် ပညာပေး အစီအစဉ်များ လိုက်လံပြုလုပ်ခဲ့သည်။

The Voice Weekly
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အခြေခံပညာကျောင်း မုန့်ဈေးတန်း ၇၀ နီးပါးမှ နမူနာ စားသောက်ကုန် ၅၄၃ မျိုးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဓာတ်ခွဲ စစ်ဆေးကြည့်ရှုရာမှ ပန်းပွင့်ပုံသဏ္ဌာန် ဝေဖာမုန့်နှင့် ရွှေစံအိမ်ရှူးရှဲ လက်ဖက်တံဆိပ် စားသောက်ကုန် နှစ်မျိုးတွင် အန္တရာယ်ရှိ ဆိုးဆေးများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ညွှန်ကြားရေးမှူး (အစားအသောက်) ဒေါက်တာ ထွန်းဇော်က The Voice သို့ ပြောကြားသည်။

မြောက်ကိုရီးယား ဝန်ကြီး မြန်မာပြည် လာမယ်

Photo: မြောက်ကိုရီးယား ဝန်ကြီး မြန်မာပြည် လာမယ်
Sunday, August 3, 2014

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Ri Su - yong ဟာ ရှေ့တပတ် ထဲမှာ ကျင်းပမယ့် အာဆီယံ ဒေသဆိုင်ရာ ဆွေးနွေးပွဲ ARF ကို တက်ဖို့ အတွက် မြန်မာ နိုင်ငံကို လာရောက်ဖို့ ရှိတယ်လို့ မြောက်ကိုရီးယား သတင်းဌာန ကို ကိုးကားပြီး Yonhap သတင်း အေဂျင်စီ က ရေးပါတယ်။

သြဂုတ်လ ၂ ရက်နေ့ စတင်မယ့် သူ့ရဲ့ ခရီးစဉ် အတွင်း လာအို၊ ဗီယက်နမ်၊ အင်ဒိုနီးရှား နဲ့ စင်ကာပူ နိုင်ငံ တွေကိုလည်း သွားရောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဆွစ်ဇာလန် နိုင်ငံ ဆိုင်ရာ သံအမတ်ကြီး ဖြစ်ခဲ့ဘူးတဲ့ မစ္စတာ Ri ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအမ်း အဲဒီမှာ ပညာသင် ခဲ့စဉ်က အုပ်ထိန်းသူ အဖြစ် ဆောင်ရွက်ခဲ့ ဘူးတယ် လို့ ယုံကြည်ရ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Ri Su - yong ဟာ ရှေ့တပတ် ထဲမှာ ကျင်းပမယ့် အာဆီယံ ဒေသဆိုင်ရာ ဆွေးနွေးပွဲ ARF ကို တက်ဖို့ အတွက် မြန်မာ နိုင်ငံကို လာရောက်ဖို့ ရှိတယ်လို့ မြောက်ကိုရီးယား သတင်းဌာန ကို ကိုးကားပြီး Yonhap သတင်း အေဂျင်စီ က ရေးပါတယ်။

ကယ်ရီ မြန်မာနိုင်ငံကို လာမယ်

Photo: ကယ်ရီ မြန်မာနိုင်ငံကို လာမယ်
Sunday, August 3, 2014

 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ ဟာ၊ ဒီ သြဂုတ်လ အတွင်းမှာပဲ၊ မြန်မာ၊ ဩစတြေးလျ နဲ့ ဆော်လမွန် ကျွန်းစုတွေကို၊ သွားရောက်မယ့် ခရီးစဉ် ရှိတယ်လို့၊ အမေရိကန် နိုင်ငံခြားရေး ဌာနက၊ ထုတ်ပြန် လိုက်ပါတယ်။

ဒီ ခရီးစဉ်ရဲ့ အစဦး အဖြစ်၊ ဝန်ကြီး ကယ်ရီဟာ၊ မြန်မာ နိုင်ငံကို ဩဂုတ်လ ၈ ရက်ကနေ ၁၃ ရက် နေ့ အထိ၊ လာရောက်မှာ ဖြစ်ပါတယ်။

၉ ရက်နေ့ နေပြည်တော်မှာ၊ မြန်မာ အစိုးရ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဖို့ စီစဉ်ထား သလို၊ မြန်မာပြည် မှာ ရှိနေစဉ်၊ အာဆီယံ ဒေသတွင်း ဖိုရမ် နဲ့၊ အရှေ့အာရှ ဝန်ကြီးများ အဆင့် ထိပ်သီး ဆွေးနွေးပွဲ တွေကို၊ ဝန်ကြီး ကယ်ရီ တက်ရောက်မယ် လို့ သိရပါတယ်။

မြန်မာပြည်ကနေ တဆင့်၊ ဩစတြေးလျ နိုင်ငံ ဆစ်ဒနီကို ထွက်ခွာမှာ ဖြစ်ပြီး၊ အဲဒီ့မှာ ကျင်းပဖို့ ရှိတဲ့ အမေရိကန်နဲ့ ဩစတြေးလျ ၂ နိုင်ငံ ဝန်ကြီးများ အဆင့် နှီးနှော ဖလှယ်ပွဲ ကို ၊ မစ္စတာ ကယ်ရီ တက်ရောက် ပါလိမ့်မယ်။

အဲဒီ့ပွဲကို၊ အမေရိကန် စစ်ဌာနချူပ် ပဲန်တဂန်ရဲ့ အကြီးအကဲ ချာ့ခ် ဟေဂယ်လ်လည်း တက်ရောက် လာပါလိမ့်မယ်။

ဘီဘီစီ (မြန်မာပိုင်း)

 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ
 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ ဟာ၊ ဒီ သြဂုတ်လ အတွင်းမှာပဲ၊ မြန်မာ၊ ဩစတြေးလျ နဲ့ ဆော်လမွန် ကျွန်းစုတွေကို၊ သွားရောက် မယ့် ခရီးစဉ် ရှိတယ်လို့၊ အမေရိကန် နိုင်ငံခြားရေး ဌာနက၊ ထုတ်ပြန် လိုက်ပါတယ်။

မှိုများကို ဆီးချိုဝေဒနာရှင်များ စားသုံးပေးနိုင်

Photo: မှိုများကို ဆီးချိုဝေဒနာရှင်များ စားသုံးပေးနိုင်
Sunday, August 3, 2014

မှိုများသည် ၎င်းတို့တွင် နည်းပါးစွာ ပါဝင်သော သကြားဓာတ်ကြောင့် ဆီးချို ဝေဒနာရှင်များ စားသုံး ပေးနိုင်ကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြ ထားသည်။

Himachal Pradesh University ဇီဝသိပ္ပံ ဌာနမှ သုတေသီ Dr. TN Lakhanpal က မှိုကို ဟင်းအဖြစ် ချက်ပြုတ်စားသုံးပေး ခြင်းသည် ဆီးချိုရှိသော ဝေဒနာရှင် များအတွက် ယင်းတွင် ပါဝင်သော အာဟာရ တန်ဖိုးများက ကျန်းမာရေး အာနိသင်ကို ပေးစွမ်းသည့်အပြင် ယင်းတွင် သကြားဓာတ် မဆိုစလောက် နည်းပါးစွာ ပါဝင်မှုကြောင့် ဘေးထွက် ဆိုးကျိုးများကို မဖြစ်စေကြောင်း၊ သို့သော် အန္တရာယ်ရှိသော၊ အဆိပ်ရှိသော မှိုများကိုဆိုလိုခြင်း မဟုတ်ဘဲ ပြည်သူများ လွယ်လင့်တကူ စားသုံးနိုင်သော ကောက်ရိုးမှို၊ တောင်ပို့မှိုနှင့် နွားရွက် မှိုများကိုသာ ဆိုလိုခြင်း ဖြစ်ကြောင်း ယခုစာတမ်းတွင် ဖော်ပြထားသည်။

လေ့လာမှု စာတမ်းတွင် ဖော်ပြထားချက် အရ မှိုများတွင် အဆီဓာတ်မပါ ၀င်ကြောင်း၊ ထို့ကြောင့် အ၀လွန်နေသော ဆီးချို ဝေဒနာရှင်များ စားသုံးပေး နိုင်ကြောင်း သိရှိရသည်။ ထို့ပြင်မှို (Mushrooms) ၏ ကင်ဆာနှင့် HIV အပေါ် အကျိုး သက်ရောက်မှုကို ဆက်လက် လေ့လာနေကြောင်း၊ ဆေးဘက်ဝင် အာနိသင်အပြင် မှိုကို စားသုံး ပေးခြင်းသည် အစား ရှောင်နေရသော ဆီးချို ဝေဒနာရှင်များကို အဆင်ပြေ စေမည်ဟု Dr. TN Lakhanpal က ပြောကြားခဲ့သည်။

Dr. TN Lakhanpal က ယခုလေ့လာမှု စာတမ်းကို အကြိမ် တစ်ရာမြောက် အိန္ဒိယ သိပ္ပံပညာ ကွန်ဂရက်တွင် တင်ပြထားခြင်း ဖြစ်သည်။

 Health Updates Journal
မှိုများသည် ၎င်းတို့တွင် နည်းပါးစွာ ပါဝင်သော သကြားဓာတ်ကြောင့် ဆီးချို ဝေဒနာရှင်များ စားသုံး ပေးနိုင်ကြောင်း လေ့လာမှု တစ်ရပ် တွင် ဖော်ပြ ထားသည်။

အကြမ်းဖက်သမားတွေကို ညှဉ်းပမ်း နှိပ်စက်ခဲ့ကြောင်း သမ္မတအိုဘားမား ၀န်ခံ

Photo: အကြမ်းဖက်သမားတွေကို ညှဉ်းပမ်း နှိပ်စက်ခဲ့ကြောင်း သမ္မတအိုဘားမား ၀န်ခံ
Sunday, August 3, 2014

 အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြီး ရဲ့ နောက်ပိုင်း ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက် သမားတွေကို ထောက်လှမ်းရေး အဖွဲ့တွေက အမေရိကန်နိုင်ငံ ရဲ့ သတ်မှတ်ထားတဲ့ စံချိန် စံညွန်းတွေထက် ကျော်လွန်ပြီး ညှဉ်းပမ်း နှိပ်စက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သမ္မတ Barack Obama က ၀န်ခံ ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုတွေ တကယ် ပြုလုပ် လာမလားဆိုတာကို လုံခြုံရေး အရာရှိတွေ အတိအကျ မသိနိုင်ခဲ့တဲ့အတွက် သူတို့အနေနဲ့ ကြီးမားတဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သမ္မတ အိုဘားမားက သောကြာနေ့ မှာ ပြောပါတယ်။

"9/11 ဖြစ်ပြီးပြီးချင်းမှာပဲ အမေရိကန်အစိုးရအနေနဲ့ မမှန်ကန်တဲ့ လုပ်ရပ် တချို့ကို လုပ်ခဲ့ကြောင်း၊  မှန်ကန်တဲ့လုပ်ရပ် အများအပြားကို လုပ်ခဲ့ကြပေမယ့် လူတချို့ကို ညှဉ်းပမ်း နှိပ်စက်တာမျိုး အမေရိကန်အစိုးရအနေနဲ့ လုပ်ခဲ့" တဲ့အကြောင်း သမ္မတ အိုဘားမားက ပြောသွားတာ ဖြစ်ပါတယ်။

မစ္စတာ အိုဘားမားအနေနဲ့ သူသမ္မတဖြစ်လာတဲ့ ၂၀၀၉ ခုနှစ်ကစလို့ အဲဒီလို လုပ်ဆောင်မှုတွေဟာ တရားမ၀င်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပေမယ့် ညှဉ်းပန်း နှိပ်စက်တယ်ဆိုတဲ့ စကားလုံးကို အသုံးပြုခြင်းက ရှောင်ရှားခဲ့ပါတယ်။

၂၀၀၁ ခုနှစ် တိုက်ခိုက်မှုနောက်ပိုင်း ဖမ်းမိခဲ့တဲ့ အကြမ်းဖက်သမားတွေကို စစ်ဆေးမေးမြန်း မှုတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတချို့ကို အမေရိကန် အထက်လွှတ်တော်က လျှို့ဝှက် သတ်မှတ်ထားတဲ့အဆင့်က လျော့ချပြီး အစီရင်ခံစာထုတ်ပြန်ဖို့ ပြင်ဆင်နေတဲ့အချိန် သမ္မတ အိုဘားမားက အခုလို ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
 အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြီး ရဲ့ နောက်ပိုင်း ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက်သမားတွေကို ထောက်လှမ်းရေး အဖွဲ့တွေက အမေရိကန်နိုင်ငံ ရဲ့ သတ်မှတ်ထားတဲ့ စံချိန် စံညွန်းတွေထက် ကျော်လွန်ပြီး ညှဉ်း ပမ်း နှိပ်စက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သမ္မတ Barack Obama က ၀န်ခံ ပြောကြားလိုက်ပါတယ်။

Ooredoo ဖုန်းအချင်းချင်းခေါ်ဆိုမှုမှာ တစ်မိနစ်လျှင် ၂၅ ကျပ် ဖြစ်ပြီး အခြားအော်ပရေတာများသို့ ခေါ်ဆိုပါက ၃၅ ကျပ် သတ်မှတ်ထား

Ooredoo ဖုန်းအချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ် သတ်မှတ်ထားပြီး အခြားအော်ပရေတာများ၏ ဖုန်းများသို့ခေါ်ဆိုပါက ၃၅ ကျပ် သတ်မှတ်ထားကြောင်း သတင်းရရှိသည်။ မက်ဆေ့ခ်ျပို့ခမှာ တစ်စောင်လျှင် ၂၅ ကျပ်ဖြစ်ပြီး အင်တာနက် အသုံးပြုခကို 1 MB လျှင် ၂၅ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာ (EBOLA) ဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံတကာ ၀င်/ထွက်ပေါက်နေရာများတွင် ရောဂါစောင့်ကြပ်ကြည့်ရှု

Photo: နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာ (EBOLA) ဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံတကာ ၀င်/ထွက်ပေါက်နေရာများတွင် ရောဂါစောင့်ကြပ်ကြည့်ရှု
Sunday,  August 3, 2014

နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံတကာ ဝင်/ထွက်ပေါက်နေရာများ တွင် ရောဂါစောင့်ကြပ်ကြည့်ရှုနေကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းမှာ ကူးစက်ရောဂါတွေကို ၂ဝဝ၃ ခုနှစ်ကစပြီး ကြက်ငှက်တုပ်ကွေးH5N1၊ ၂ဝဝ၉ မှာ လူတုပ်ကွေးကပ်ရောဂါ။ အဲဒီနောက်ပိုင်းH7N9 ကြက်ငှက်တုပ်ကွေးရောဂါ။ နောက်မားစ်ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါစတဲ့ ရောဂါကာကွယ်ရေး လုပ်ငန်းတွေကို ဆက်တိုက်လုပ်လာတယ်။ အခု အီဘိုလာဗိုင်းရပ်စ်က ၂ဝ၁၄ မတ်လမှ စဖြစ်ခဲ့တာဆိုတော့ ဒီမှာမေလလောက်ကတည်းက ရောဂါစောင့်ကြပ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ WHO အနေနဲ့ ဆားရ်စ်ရောဂါဖြစ်တုန်းကဆိုရင် ခရီးသွားတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်ရမည့်လုပ်ငန်းတွေကို အသေးစိတ် ညွှန်ကြားခဲ့တယ်။ အခု အီဘိုလာကျတော့ ခရီးသွားလာမှုနဲ့ပတ်သက်ပြီး အဲလိုညွှန်ကြားချက် မထုတ်ထားဘဲ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတွေကို အရှိန်မြှင့်ဖို့ပဲ ပြောထားတယ်။ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်အားလုံးကို စောင့်ကြပ်နေပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားမှု မရှိသေးပါဘူး” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် လက်ရှိရောဂါဖြစ်ပွားနေသည့် နိုင်ငံများမှ ပြန်လာသူများ၊ ရောဂါခံစားနေရသူများကို ပြုစုစောင့်ရှောက်ပေးသူများနှင့် မိသားစုဝင်များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသူများကို လေဆိပ်၊ သင်္ဘောဆိပ်များရှိ ကျန်းမာရေးဌာနများတွင် စစ်ဆေးမှုများပြုလုပ်နေပြီး ယင်းလူများကို ရောဂါသံသယလက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေး ဌာနများတွင် ဆေးကုသမှုခံယူရန် ထုတ်ပြန်ထားကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများတွင် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ရန် ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

လက်ရှိတွင် နိုင်ငံတကာ ဝင်ပေါက်/ထွက် ပေါက်များဖြစ်သည့် လေဆိပ်၊ သင်္ဘော ဆိပ်များရှိ ကျန်းမာရေးဌာနများတွင် ကူးစက်မြန် ဗိုင်းရပ်စ်ရောဂါများအတွက် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာနှီးနွှယ် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နင်းရေးဌာနမှ သိရသည်။

အီဘိုလာဗိုင်းရပ်စ်နှင့်ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေးဌာနစိတ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်နိုင်ဦးက “အခုဒီဗိုင်းရပ်စ်ပိုးက လက်ရှိ မြန်မာနိုင်ငံမှာလည်း မတွေ့ရသေးဘူး။ ပြီးတော့ ဒီဗိုင်းရပ်စ်ပိုးက သဘာဝတိရစ္ဆာန်တွေက ကူးစက်တာဖြစ်တဲ့အတွက် ဒီလိုတိရစ္ဆာန်တွေကို မြန်မာတွေက စားသုံးလေ့မရှိဘူး။ ဒါကြောင့် ကူးစက်နိုင်ခြေရာနှုန်း နည်းတယ်လို့ဆိုရမှာပါ။ တကယ်လို့ဖြစ်လာခဲ့မယ် ဆိုရင်လည်း အရင်တိရ စ္ဆာန်ကတစ်ဆင့် ကူးစက်မြန်ရောဂါတွေတုန်းကလို အရေးပေါ်စီမံချက်တွေရေးဆွဲပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။

အီဘိုလာဗိုင်းရပ်စ်ဆိုသည်မှာ သဘာဝတိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးဖြစ်ပြီး ကူးစက်ခံရပါက အသက်ဆုံးရှုံးနိုင်ခြေမှာ ရာနှုန်းပြည့်ရှိနေပြီး ကူးစက်ခံရပြီး ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သည့် ဗိုင်းရပ်စ်ပိုးဖြစ်သည်။

အဆိုပါ ဗိုင်းရပ်စ်သည် အာဖရိကတိုက် အနောက်အလယ်ပိုင်းနိုင်ငံများရှိ လင်းနို့၊ မျောက်၊ ဒရယ်၊ မျောက်ဝံစသည့် တိရစ္ဆာန်များတွင် တွေ့ရှိရပြီး ယင်းရောဂါပိုးရှိသည့် တိရစ္ဆာန်အသားများကို စားသုံးမိရာမှ လူသို့ကူးစက်နိုင်ပြီး လက်ရှိအချိန်ထိ ကူးစက်ခံရ သူ ၁၃၂ဝ ကျော်၊ သေဆုံးသူ ၇ဝဝ ကျော်ရှိပြီဟု နိုင်ငံတကာသတင်းမီဒီယာများက ဖော်ပြထားသည်။

ယင်းဗိုင်းရပ်စ်ကို ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းက အာဖရိက အနောက်ခြမ်းနိုင်ငံဖြစ်သည့်Guinea တွင် စတင်ဖြစ်ပွားခဲ့ပြီး ယင်းနိုင်ငံမှတစ်ဆင့် ရောဂါဝေဒနာ ခံစားနေရသူများသည် ခရီးသွားလာမှုကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်Liberia၊ Sierra Leone နိုင်ငံများသို့ ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအဆိုပါ သုံးနိုင်ငံအား ကန့်သတ်နယ်မြေများအဖြစ် သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီ ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဖြစ်ပွားမှုသည် နှစ်ပေါင်း ၄ဝ အတွင်း အဆိုးရွားဆုံးသော ဗိုင်းရပ်စ်ကူးစက်သေဆုံးမှုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့်လည်း အနောက်အာဖရိကတွင် ဖြစ်ပွားနေသည့် အဆိုပါ ရောဂါကိုတိုက်ဖျက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ တန်စီမံကိန်းတစ်ခု စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်းနှင့် ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့သည့် နိုင်ငံသုံးနိုင်ငံမှ အကြီးအကဲများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ တွေ့ဆုံကာ ရောဂါပြန့်ပွားမှုနှုန်း၊ ထိန်းချုပ်ကာကွယ်နိုင်မှု အခြေအနေများကို ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ရောဂါစတင်ဖြစ်ပွားခဲ့သည့် နိုင်ငံများသို့ ဆေးကုသရန်ရောက်ရှိနေသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လုပ်အားပေးဆရာဝန်နှင့် လုပ်အားပေးများ ကူးစက်ခံရခြင်းကြောင့် ယင်းနိုင်ငံသုံးနိုင်ငံသို့ အမေရိကန်မှ လုပ်အားပေးရောက်ရှိနေသော အမေရိကန်နိုင်ငံသား ၃ဝဝ ခန့်ကို အမေရိကန်က ပြန်လည်ခေါ်ယူနေပြီ ဖြစ်ကြောင်းနှင့် လက်ရှိတွင် အမေရိကန်၊ လန်ဒန်၊ ဥရောပနိုင်ငံများ အပါအဝင် အာရှနိုင်ငံများဖြစ်သည့် တရုတ်နှင့်ဖိလစ်ပိုင် နိုင်ငံများတွင် ရောဂါလက္ခဏာများ စတင်တွေ့ရှိ နေရပြီဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အီဘိုလာဗိုင်းရပ်စ်သည် ရောဂါရှိသော တိရစ္ဆာန်များ၏ အရည်၊ သွေး၊ သလိပ် စသည်တို့အား ထိတွေ့ကိုင်တွယ်မိခြင်း၊ အသားများကို စားသုံးမိခြင်း၊ ရောဂါခံစားနေရသောသူနှင့် ထိတွေ့မိခြင်း၊ အရေပြားပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း၊ သွေးသားခြင်းထိတွေ့ခြင်း၊ ရောဂါရှိသူ၏ အသွေးသား၊ သွေး၊ အချွဲ၊ ခန္ဓာကိုယ်မှထွက်သော အရည်တို့ကို လက်ဖြင့်ထိတွေ့ရုံဖြင့် ရောဂါကူးစက်နိုင်ကြောင်း သိရသည်။

ရောဂါကူးစက်ခံရပါက ကူးစက်ပြီးရက်ပေါင်း ၂၁ ရက်အတွင်း ဝေဒနာစတင်ခံစားရပြီး ထိုမှတစ်ဆင့် လူအများသို့ ဆက်လက်ကူးစက်နိုင်ကာ ရောဂါခံစားရပြီး ရက်ပိုင်းအတွင်း သေဆုံးတတ်ကြောင်းနှင့် ရောဂါလက္ခဏာများမှာ အပြင်းဖျားခြင်း၊ မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ မကြာခဏအော့အန်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါများ စသည်တို့ ဖြစ်တတ်ရာ ထိုမှတစ်ဆင့် ရောဂါပြင်းထန်လာကာ ကျောက်ကပ်၊ အသည်းများကို ပျက်စီးစေကာ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းစသည့် ဒွာရပေါက်များမှ သွေးထွက်ခြင်း၊ အရေပြားပေါက်ပြဲကာ သွေးထွက်ခြင်း၊ ခန္ဓာကိုယ်အတွင်းအပြင်တို့မှ သွေးထွက်ကာ အသက်ဆုံးရှုံး စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Eleven Media Group 

ဇူလိုင် ၂၃ ရက်တွင် လိုက်ဘေးရီးယားမြို့တော် ကိုနာကရီရှိဒွန်ကာဆေးရုံ၌ အီဘိုလာဗိုင်းရပ်စ် ကာကွယ်ရေးဝတ်စုံ ၀တ်ဆင်နေသော နယ်စည်း မထား ဆရာဝန်များအဖွဲ့မှ အဖွဲ့ဝင်များ (Photo-AFP)
ဇူလိုင် ၂၃ ရက်တွင် လိုက်ဘေးရီးယားမြို့တော် ကိုနာကရီရှိဒွန်ကာဆေးရုံ၌ အီဘိုလာဗိုင်းရပ်စ် ကာကွယ်ရေးဝတ်စုံ ၀တ်ဆင်နေသော နယ်စည်း မထား ဆရာဝန်များအဖွဲ့မှ အဖွဲ့ဝင်များ (Photo-AFP)
နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံတကာ ဝင်/ထွက်ပေါက်နေရာ များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုနေကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်း ၏ ပြောကြားချက်အရ သိရသည်။

သမ္မတနှင့် စာနယ်ဇင်းကောင်စီတို့တွေ့ဆုံမှု သတင်းဖော်ပြရာ၌ ပုဂ္ဂလိက သတင်းစာများနှင့် အစိုးရသတင်းစာများ၏ ဖော်ပြချက် ကွဲလွဲမှုရှိ

သမ္မတ ဦးသိန်းစိန်နှင့် စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်များ တွေ့ဆုံမှု သတင်းကိုဖော်ပြရာ၌ ပုဂ္ဂလိကသတင်းစာများနှင့် အစိုးရ သတင်းစာ များ၏ ဖော်ပြချက် ကွဲလွဲမှုရှိနေကြောင်း တွေ့ရှိရသည်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ လစာတိုးမြင့်ရရှိရေးအတွက် (၁၃) ကြိမ်မြောက် ဆန္ဒထုတ်ဖော်

Photo: ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ လစာတိုးမြင့်ရရှိရေးအတွက် (၁၃) ကြိမ်မြောက် ဆန္ဒထုတ်ဖော်
Sunday, August 3, 2014

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ပိုင်ခွင့်ရရှိသည့် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ အလုပ်သင်အလုပ်သမားများ ဖြစ်ကြသော အငယ်တန်းအော်ပရေတာ သင်တန်းသားများက လုပ်အားခလစာ တိုးမြင့်ရရှိရေးအတွက် ဩဂုတ် ၂ ရက် နံနက် ၈ နာရီခန့်မှ ၁ဝ နာရီအထိ မုံရွာတစ်ဖက်ကမ်း ညောင်ပင်ကြီးမှ မုံရွာ-ပုသိမ် လမ်းဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။

“အခုဆန္ဒထုတ်ဖော်မှုမှာ ဒေသခံအလုပ်သမားအင်အား ၂ဝဝ ကျော်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အလုပ်သမားအားလုံးနီးပါး ပါဝင်ခဲ့ပါတယ်။ တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒထုတ်ဖော်တာပါ။ ဧပြီ ၁ဝ ရက်နဲ့ ဧပြီ ၁၁ ရက် တွေကစပြီး ဆက်တိုက်ဆန္ဒ ပြလာကြတာ အခုအကြိမ်ဆိုရင် ၁၃ ကြိမ်မြောက် ဆန္ဒပြတာဖြစ်ပါတယ်။ ဆက်လက်ပြီး ဆန္ဒထုတ်ဖော် သွားဦးမှာပါ။ တောင်းဆိုတာတွေကို ရရှိအောင်တွေ့ဆုံညှိနှိုင်းတာ တစ်ဖက်ဆန္ဒ ထုတ်ဖော်တာ တစ်ဖက်လုပ်သွားမှာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ မြန်မာ-ဝမ်ပေါင် ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီ အလုပ်သမားများမှာ အခြေခံလစာ တိုးမြင့်ရှိရေးအတွက် ဆန္ဒပြကာ လုပ်ခလစာတိုးမြင့် ရရှိရေးတောင်းဆိုခဲ့ရာတွင် “မြန်မာ-ဝမ်ပေါင် ကုမ္ပဏီမှာ လက်တွေ့အလုပ်သင်အလုပ်သမား အနေနဲ့ ၂၃၄ ယောက်က လက်ရှိလစာ အနေနဲ့ ဒေါ်လာ ၁၂ဝ ပေးတာကို စာချုပ်ချုပ် မယ်ဆိုရင် ၂၄ဝ ရချင်တယ်။ အခြေခံလစာအတွက် စာချုပ်ချုပ်ရင် ၁၂ဝ နဲ့ အချုပ်မခံနိုင်လို့ ၁၂ဝ နဲ့ စာချုပ်ချုပ်မယ်ဆိုတဲ့ သတင်းကြောင့် မတ် ၂၂ ရက်ကစပြီး အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြတယ်။ အဲဒီအလုပ်သမားတွေက ဒေသခံ ၂၆ ရွာက ဘွဲ့ရတဲ့သူတွေဖြစ်တယ်။ မြန်မာ-ယန်စီ ဘက်မှာဆိုရင် အထွေထွေလုပ်သား တစ်ယောက်ကို လစာ ၁၁ဝ ရပြီး အနိမ့်ဆုံးအဆင့် ရှစ်တန်းအောင် ကားကြီးမောင်း လုပ်သားတစ်ယောက်ကို လစာ ၁၈ဝ ရတယ်” ဟု မြန်မာ-ဝမ်ပေါင်ကုမ္ပဏီမှ မြန်မာအလုပ်သမား တစ်ဦးကပြောသည်။

“မြန်မာ-ဝမ်ပေါင် ကုမ္ပဏီအနေနဲ့ vacancy announcement ခေါ်ကတည်းက အခြေခံလစာ ၁၂ဝ နဲ့ခေါ်ခဲ့သလို အင်တာဗျူးတုန်းကလည်း သေချာပြောခဲ့တာပါ။ ပထမအသုတ်တုန်းက ခေါ်လိုက်တဲ့သူတွေက supervisorအနေနဲ့ခေါ်ခဲ့လို့ အခြေခံလစာ ၃ဝဝ ရခဲ့တယ်။ ပညာရှင်တန်းအနေနဲ့ ခေါ်ခဲ့တာပါ။ အခု ဒုတိယအသုတ်အနေနဲ့ ခေါ်တာက junior operator အနေနဲ့ခေါ်ခဲ့တာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ဝင်ကြပြီဆိုမှ အခြေခံဝန်ထမ်းတွေလည်း ၁၂ဝ လောက်ရတာရှိတော့ သူတို့ကဘွဲ့ရတွေမို့ နစ်နာတယ်ဆိုပြီး အသံတွေထွက်လာတာ” ဟု မြန်မာ- ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာ-ဝမ်ပေါင် အလုပ်သမားများက ဆန္ဒပြတောင်းဆိုရာတွင် တောင်းဆိုထားသော လုပ်ခလစာများ အပြည့်အဝရရှိရေး၊ ဒေသခံအလုပ်သမားများ အခွင့်အလမ်းအပြည့်အဝရရှိရေး၊ အလုပ်သမားများ အကျိုးခံစားခွင့် အပြည့်အဝရရှိရေး၊ ဒေသခံများ လူနေမှုဘဝ တိုးတက်မြင့်မားရေး၊ ဒေသခံအလုပ်သမားများအပေါ် ဖိနှိပ်ခြင်းမှ ချက်ချင်းရပ်ဆိုင်းရေး၊ မြန်မာ-ဝမ်ပေါင်မှ တာဝန်ရှိပုဂ္ဂိုလ်များ လူသားချင်းစာနာထောက်ထားရေး၊ မြန်မာ-ဝမ်ပေါင်မှ တာဝန်ရှိပုဂ္ဂိုလ်များ အုပ်ချုပ်ပုံစနစ် ပွင့်လင်းမြင်သာရေးတို့ကို ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

Eleven Media Group 

လုပ်ခလစာတိုးမြင့် ရရှိရေးအတွက် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ ဆန္ဒထုတ်ဖော်နေစဉ်
လုပ်ခလစာတိုးမြင့် ရရှိရေးအတွက် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ ဆန္ဒထုတ်ဖော်နေစဉ်
ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ပိုင်ခွင့်ရရှိသည့် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ အလုပ်သင်အလုပ်သမားများ ဖြစ်ကြသော အငယ်တန်းအော်ပရေတာ သင်တန်းသားများက လုပ်အားခလစာ တိုးမြင့်ရရှိရေးအတွက် ဩဂုတ် ၂ ရက် နံနက် ၈ နာရီခန့်မှ ၁ဝ နာရီအထိ မုံရွာတစ်ဖက်ကမ်း ညောင်ပင်ကြီးမှ မုံရွာ-ပုသိမ် လမ်းဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများမှာ နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သတိပေးရန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား အမေရိကန် လွှတ်တော်အမတ်များ တောင်းဆို

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် နိုင်ငံ၏လမ်းကြောင်းကို အဆိုးဘက်သို့ ပြောင်းလဲ သွားနေ စေသည့် အတွက် နှစ်နိုင်ငံကြားဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း မြန်မာအစိုးရအား သတိပေးရန် အမေရိကန်ပြည်ထောင်စုမှ လွှတ်တော် အမတ် ၇ဝ ကျော်က နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား တောင်းဆိုလိုက်သည်ဟု အေပီသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲနိုင်ရေး UPWC နှင့် NCCT တို့၏ အလွတ်သဘောတွေ့ဆုံမှု မြစ်ကြီးနားမြို့၌ ယနေ့ပြုလုပ်မည်

Photo: တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲနိုင်ရေး UPWC နှင့် NCCT တို့၏ အလွတ်သဘောတွေ့ဆုံမှု မြစ်ကြီးနားမြို့၌ ယနေ့ပြုလုပ်မည်
Sunday,  August 3, 2014

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲနိုင်ရေးနှင့်ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ အလွတ်သဘောတွေ့ဆုံမှုကို မြစ်ကြီးနားမြို့၌ ယနေ့(ဩဂုတ် ၃ရက်)တွင် ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲရက် ထပ်တိုးနိုင်ကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲသို့ UPWC ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ပြီး NCCTဘက်မှ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) ပဒိုကွယ်ထူးဝင်းနှင့် ဒုတိယအဖွဲ့ခေါင်း ဆောင်(၂) ဗိုလ်ချုပ်ဂွမ်မော်တို့ အပါအဝင် NCCT အဖွဲ့ဝင်ကိုယ်စားလှယ်အားလုံး တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။

UPWCနှင့် NCCT တို့သည် တစ်နိုင်ငံ လုံးအပစ်ရပ်စဲရေးသဘောတူစာချုပ်(NCA)တစ်ခုရေးဆွဲနိုင်ရေးအတွက် တရားဝင်တွေ့ ဆုံဆွေးနွေးမှုလေးကြိမ်၊ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု လေးကြိမ်ပြုလုပ်ထားပြီး NCA ဒုတိယမူကြမ်းကို ရေးဆွဲပြုစုထား နိုင်ခဲ့သော်လည်း အရေးကြီးသည့် မူဝါဒပိုင်း ဆိုင်ရာနှင့် ဝေါဟာရပိုင်းဆိုင်ရာ အချက်များ ညိ§နှိုင်းရန် ကျန်နေသေးသည်။

NCCT အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို ဇူလိုင် ၂၄ ရက်မှ ၂၉ ရက်အထိ ကချင်ပြည်နယ်လိုင်ဇာမြို့၌  ပြုလုပ်ခဲ့ပြီး UPWC နှင့် NCCT တို့မှ နှစ်ဖက်ကိုယ်စားလှယ်များ ပူးပေါင်းရေးသား ပြုစုထားသည့် NCA မူကြမ်းကို ဆွေးနွေးခြင်း၊ သဘောထားရယူခြင်းနှင့် NCCT အဖွဲ့အား လမ်းညွှန်မှုများ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ဇူလိုင် ၃ဝ ရက်နှင့် ၃၁ ရက်များ တွင် NCCT အဖွဲ့ဝင်မဟုတ်သော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ ပါဝင်သည့် အစည်းအဝေးကို လိုင်ဇာ၌ပင် ပြုလုပ်ခဲ့သည်။

NCA မူကြမ်းကို အပြီးသတ် ရေးဆွဲနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးအစည်းအဝေးများမှ NCCT အား လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်ခဲ့ရာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆောင်ရွက်ရန် ညှိနှိုင်းရမည့် တာဝန်အပြင် အပစ်ရပ်စဲရေး လုပ်ငန်းစဉ်တွင် NCCT အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်နိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲရေး၊ လုပ်ငန်းစဉ်အတွက်လိုအပ်သည့် လုပ်ငန်းကော်မတီများဖွဲ့စည်းနိုင်ရေး စသည်တို့ဖြစ်သည်။

UPWC နှင့် NCCTတို့မှ ကိုယ်စားလှယ်များ ပူးပေါင်းရေးဆွဲထားသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဒုတိယမူကြမ်းကို အချောသပ်ရေးဆွဲရန် ယခုဩဂုတ်လ ဒုတိယအပတ်အတွင်း ရန်ကုန်မြို့၌ တွေ့ဆုံညှိနှိုင်း သွားမည်ဖြစ်သည်။    

Eleven Media Group 

ကချင်ပြည်နယ် လိုင်ဇာမြို့၌ ဇူလိုင် ၃၁ ရက်က ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးအစည်းအဝေးကို တွေ့ရစဉ်
ကချင်ပြည်နယ် လိုင်ဇာမြို့၌ ဇူလိုင် ၃၁ ရက်က ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီး အစည်းအဝေး ကို တွေ့ရစဉ်

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲနိုင်ရေးနှင့်ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့၏ အလွတ်သဘောတွေ့ဆုံမှုကို မြစ်ကြီးနားမြို့၌ ယနေ့(ဩဂုတ် ၃ရက်)တွင် ပြုလုပ် မည်ဖြစ်ပြီး ဆွေးနွေးပွဲ ရက် ထပ်တိုးနိုင်ကြောင်း သတင်းရရှိသည်။

Saturday, August 2, 2014

အိမ်ထောင်စုဇယား အချက်အလက်များကို ထည့်သွင်းထားရုံဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်မည့်အချိန်ကို သိနိုင်

အိမ်ထောင်စုဇယား (ပုံစံ-၁၇)ရှိ အချက်အလက်များကို ထည့်သွင်းထားရုံဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ပြုလုပ်ရမည့်အချိန်ကိုသိရှိနိုင်မည့် E – File System Software ကို သြဂုတ်လကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းလူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသောင်းဇော်က မဇ္ဈိမကို ပြောသည်။“ဆယ်နှစ်၊ ဆယ့်ရှစ်နှစ် မှတ်ပုံတင်လုပ်ဖို့ကို ရပ်ကွက်က ပြောစရာမလိုတော့ဘဲ ဆာဗာမှာတစ်လတစ် ကြိမ် အဆင့်မြှင့်တင်မှုလုပ်တာနဲ့ ဘယ်ရပ်ကွက်မှာတော့ မှတ်ပုံတင်လုပ်ပေးဖို့လိုပြီဆိုတာကို အချက်ပေး မဲ့ ဆော့ဝဲလ်တစ်မျိုးပါပဲ”ဟု ၎င်းက ရှင်းပြသည်။အိမ်ထောင်စုဇယားတွင် ပါဝင်သောမိသားစုဝင်များ၏ အသက်၊ နေရပ်လိပ်စာ စသည့်အချက်အလက်များ ကို ကွန်ပျူတာဆာဗာတွင် ဒေတာသွင်းထားပြီး ဆာဗာမှတစ်လတစ်ခါ အဆင့်မြှင့်တင်မှုပြုလုပ်ပြီး မြို့နယ် အလိုက် မှတ်ပုံတင်ပြုလုပ်ရမည့် အချိန်ကိုသိရှိနိုင်မည့် E – File System အမည်ရှိဆော့ဝဲလ်ကို စင်ကာပူ နိုင်ငံ အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်သည့်  East Wind Solutions က မန္တလေးတိုင်းအတွက် ရေးဆွဲပေးခြင်း ဖြစ်သည်ဟုဆိုသည်။ဆော့ဝဲလ်ရရှိပြီးပါက မန္တလေးတိုင်းအတွင်းရှိ မြို့နယ်၂၈ ခုတွင် ၎င်းကို အသုံးပြုသွားမည်ဖြစ်ပြီး တစ်လ တစ်ကြိမ်အဆင့်မြင့်တင်မှု ပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းမှရရှိသည့် အချက်အလက်များအတိုင်း မှတ်ပုံတင် ပြုလုပ်ရန် ကျန်ရှိသေးသည့် မြို့နယ်အတွင်းရှိ ရပ်ကွက်များကို လိုက်လံဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ရာအိမ်မှူး ပါဝင်သည့် လူ ၂၀ ကျော်က ဓားများကိုင်ဆောင်၍ တရားမဟောရန် ခြိမ်းခြောက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၀က်သေကျေးရွာတွင် ဇူလိုင်လ ၂၅ ရက်က ပြုလုပ်သည့်တရားပွဲသို့ တရားလာ ဟောသော ရေပူဆရာတော်၏ ကားကို ရာအိမ်မှူး ပါဝင်သောလူ၂၀ ဦးကျော်က ဓားများကိုင် ဆောင်၍ တရားမဟော ရန်ခြိမ်းခြောက်တား မြစ်ခဲ့သည်ဟု ရေပူဆရာတော် ဦးဣန္ဒက မဇ္ဈိမကို မိန့်ကြား သည်။ထိုသို့ အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ရာတွင် ဓားကိုင်ပါဝင်သူများထဲတွင် ၀က်သေကျေးရွာမှ ရာအိမ် မှူး ကိုယ်တိုင်ပါဝင်နေသည်ဟုဆိုသည်။တရားပွဲကျင်းပရန်အတွက် မြို့နယ်သံဃနာယအဖွဲ့နှင့် မြို့နယ်အာဏာပိုင်များထံတွင်တရားဝင်စာတင် ခွင့်ပြုမိန့်ယူ၍ ရွာသူရွာသားများက ဦးဆောင်ပြုလုပ်ခြင်း ဖြစ်သည်ဟုဆိုသည်။“ကျွန်တော်တို့ သွားတိုင်တယ်။ သွားတိုင်တော့ လက်နက်ကိုင်ဆောင်ခြိမ်းခြောက်နေတဲ့ သူတွေဘယ်သူ လည်း ဘယ်ကလည်း ဘာဖြစ်တာလည်း မမေးဘဲ။မင်းတို့ဆရာတော်က ဘယ်ကလည်း ဘယ်နှစ်ပါးကြွ လာတာလည်း ဒါပဲမေးတယ်။ ဒါကို ရွာကလူတွေက မသင်္ကာဘူးဖြစ်နေတယ်။ သူတို့ ပါဝင်ပတ်သက်နေ တယ်လို့ ယူဆနေကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မဖြစ်အောင်တားဆီးပေးဖို့ လာအကူအညီတောင်း တိုင်ကြားတာကို ဘာမှလုပ်မပေးတာ ဟာသေချာတယ်။ ပဋိပက္ခဖြစ်အောင် လုပ်တာပဲ”ဟု ၀က်သေကျေးရွာ မှ ကိုလွမ်းမောင်က ပြောသည်။

စိုးရိမ်စရာ အီဘိုလာ ဗိုင်းရပ်စ် ( Ebola Virus )

ကမ္ဘာကြီးမှာ ကပ်ရောဂါလို စိုးရိမ်စရာဖြစ်လာနေတာကတော့ အီဘိုလာ ဗိုင်းရပ်စ် ပြန့်ပွားလာမှုပါဘဲ။ ကမ္ဘာ့ ကျန်းမာရေး ဌာန WHO ကတော့ အရမ်းမြန်ဆန်တဲ့ နှုန်းနဲ့ ဗိုင်းရပ်စ်ပြန့်ပွားနေပြီး အန္တရာယ်ရှိတဲ့ အခြေအနေ
ရောက်နေတယ်လို့ပြောနေပါပြီ။
အခုနောက်ဆုံး သတင်းတွေအရ အနောက်အာဖရိကမှာ အီဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၇ဝဝ ဝန်းကျင် ရှိလာနေပြီလို့ သိရတယ်။

ဟင်္သာတမှာ ကျောင်းသားမိဘတွေ ဆန္ဒပြမယ်

ကျောင်းသားတွေ ဆန္ဒပြမယ် ဆိုတာ ကြားရတတ်တဲ့သတင်းဆိုပေမယ့် ကျောင်းသားမိဘတွေ ဆန္ဒပြမယ် ဆိုတာကိုတော့ ကြားဖူးကြမယ် မဟုတ်ပါဘူး။ဟင်္သာတမြို့မှာတော့ ကျောင်းသားမိဘတွေ ဆန္ဒပြဖို့ ပြင်ဆင်နေကြပါပြီ။
ဒီအကြောင်း ဧရာဝတီတိုင်းဒေသကြီးအခြေစိုက် သတင်းထောက် ဆလိုင်းသန့်စင်က  သတင်းပေးပို့ထားပါတယ်။
 ပညာရေးဌာနတာဝန်ရှိသူတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေအပေါ် ကျေနပ်မှု မရှိတဲ့အတွက်  ကျောင်းသားမိဘတချို့က ဟင်္သာတခရိုင် ပညာရေးမှူး၊  မြို့နယ် လက်ထောက်ပညာရေးမှူး၊ သုံးခွကျေးရွာအလယ်တန်းကျောင်းက ဆရာမ ၃ ဦးကို ဆန္ဒပြဖို့ စီစဉ်နေကြောင်း သိရပါတယ်။ဟင်္သာတမြို့နယ် တံတားဦးကျေးရွာအုပ်စု သုံးခွကျေးရွာအလယ်တန်းကျောင်းခွဲမှာ တာဝန်ကျနေတဲ့ ဆရာမ ၃ ဦးဟာ ကျောင်းသားတွေအပေါ် ဂရုတစိုက် စာပေသင်ကြားမှုနည်းပါးတယ်၊
 ကျောင်းပျက်တယ်၊ ကျောင်းချိန်နောက်ကျတယ်၊  လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများအပေါ် တင်းမာစွာ ပြောဆိုဆက်ဆံတယ်လို့ ဆန္ဒပြဖို့ ပြင်နေသူတွေက ပြောပါတယ်။ဒီဆရာမ ၃ ဦးကို အရေးယူဖယ်ရှားပေးဖို့ ကျောင်းသားမိဘတွေက ၂၀၁၃ ခုနှစ်ကတည်းက သက်ဆိုင်ရာ တိုင်းပညာရေးမှူးနဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့အထိ တိုင်ကြားပေမယ့် အခုချိန်အထိ တစုံတရာအရေးယူဖယ်ရှားခြင်းမရှိတဲ့အတွက် ဆန္ဒဖော်ထုတ်ဖို့ စီစဉ်ရတာဖြစ်တယ်လို့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။

အော်ရီဒူးဖုန်း မြို့ ၆၈ မြို့အသုံးပြုနိုင်မည်

အော်ရီဒူးဖုန်းကွန်ယက် ၀န်ဆောင်မှုကို ယခုလ ၁၅ ရက်နောက်ပိုင်းမှစ၍ လက်ရှိ ၀န်ဆောင်မှုရနေသည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များအပြင် ပြည်၊ မိထ္ထီလာ၊ မကွေးမြို့အပါအဝင် မြို့ ၆၈ မြို့တွင် အသုံးပြုနိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သြဂုတ် ၂ ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟော်တယ်တွင် ပြုလုပ်ခဲ့သည့် အူရီဒူး၏ သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ကြေညာခဲ့ခြင်းဖြစ်သည်။ အော်ရီဒူး၏ အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က “အခု ကွန်ယက်ဖြန့်ကျက်တဲ့ ဒေသတွေကို ကျော်လွန်ပြီး သြဂုတ် ၁၄ ရက်နောက်ပိုင်းကနေ စတင်ပြီး ပြည်၊ မကွေး၊ မိထ္တီလာ အပါအ၀င် မြို့ပေါင်း ၆၈ မြို့မှာ လူများနိုင်သလောက်များများကို နောက်ဆုံးပေါ်နည်းပညာက ရတဲ့ ၀န်ဆောင်မှုတွေကို ပေးနိုင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းတို့၏ စာရင်းအရ လက်ရှိဝန်ဆောင်မှုရနေသော ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့မှ မြို့များအပြင် မကွေးတိုင်းဒေသကြီး၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့နှင့်အနောက်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိမြို့များ ပါရှိကြောင်း သိရသည်။ ယခုနှစ် အကုန်တွင် လူဦးရေ စုစုပေါင်း သန်း ၆၀ တွင် ၂၅ သန်းထံ ဖုန်းကွန်ရက် ရောက်နိုင်မည်ဖြစ်ပြီး ၅ နှစ်အတွင်း ၉၇ ရာခိုင်နှုန်းထံ ရောက်ရှိမည်ဟုလည်း ကြေညာသည်။

ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်မှတစ်ဆင့် အတန်းကျောင်းပညာရေး အထက်တန်းအဆင့် စတင်ချိတ်ဆက် တက်ရောက်နိုင်သူ ယခုပညာသင်နှစ်၌ ငါးဦးရှိ

ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်မှတစ်ဆင့် အတန်းကျောင်းပညာရေး အထက်တန်းအဆင့်သို့ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ စတင်ချိတ်ဆက် တက်ရောက်နိုင်သူ ငါးဦးရှိနေပြီဖြစ်ကြောင်း သိရသည်။အဆိုပါ ကျောင်းပြင်ပ မူလတန်းပညာရေးကို ပညာရေးဝန်ကြီးဌာန၊ ယူနီဆက် (မြန်မာ)၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနနှင့် စေတနာရှင် အလှူရှင်များပူးပေါင်း၍ အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားမှုအခွင့်အရေး ဆုံးရှုံးနေကြသည့် ကလေးလူငယ်များ ပညာသင်ကြားနိုင်ရေး၊ ထိုမှတစ်ဆင့် အတန်းကျောင်းပညာရေးနှင့် ချိတ်ဆက်တက်ရောက်ခွင့် ရရှိနိုင်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ်သည်။“ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ကနေ အတန်းကျောင်းပညာရေး အလယ်တန်းအဆင့်ကို ချိတ်ဆက်တက်ရောက်နိုင်သူက ဒီနှစ်မှာ ၃၀ ရာခိုင်နှုန်းကျော် ရှိနေပါပြီ။ ဒီနှစ် ပညာသင်နှစ်မှာလည်း အထက်တန်းအဆင့်မှာ တက်ရောက်နေသူ ငါးဦးရှိနေပါပြီ။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အခြေခံပညာကျောင်းတွေမှာ တက်ရောက်သင်ကြားနေကြပါတယ်” ဟု မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန (MLRC)၊ ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) ၏ ဗဟိုညှိနှိုင်းရေးမှူး ဦးအေးကြိုင်က ဆိုသည်။

တာမွေတရားရုံးတွင် စစ်ဆေးနေသော လန်ဒန်ဆရာတော်တို့၏ အမှုအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်နှင့် အရှေ့ပိုင်းခရိုင်တရားရုံးသို့ တင်သွင်းထားသောကြောင့် ငါးကြိမ်မြောက်ရုံးချိန်းကို စစ်ဆေးခြင်းမရှိခဲ့

တာမွေတရားရုံးတွင် စစ်ဆေးနေသော လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါး၏အမှုအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးသို့ ပြင်ဆင်မှုတင်သွင်း ထားသောကြောင့် ၂ဝ၁၄ ခုနှစ် ဩဂုတ် ၁ ရက်တွင် တာမွေတရားရုံး၌ ငါးကြိမ်မြောက်ရုံးချိန်းကို စစ်ဆေးခြင်း မရှိခဲ့ကြောင်း သိရသည်။  လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါးအား တိုင်းသာသနာရေးမှူးက စွဲဆိုထားသည့် အမှုနှစ်မှုအနက် သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က)အား ချေဖျက်ပေးရန် လန်ဒန်ဆရာတော်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်သွင်းထားကြောင်း သိရသည်။ထို့အပြင် တရားစွဲဆိုခံရသည့် သံဃာငါးပါးအနက်မှ အမှတ် ၃ ဆရာတော်၏ရှေ့နေမှ ပီနန်ဆရာတော်ဘုရားကြီး၏ သက်သေခံစာကို တင်သွင်းရာတွင် တာမွေတရားရုံးမှ လက်မခံသည့်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးသို့ ပြင်ဆင်မှု တင်သွင်းထားကြောင်း သိရသည်။“အမှုနှစ်မှုလုံးက ခရိုင်တရားရုံးနဲ့ တရားလွှတ်တော်တို့က အဆုံးအဖြတ်ပေးတာကို စောင့်ဆိုင်းရမှာဖြစ်တဲ့အတွက် အမှုနှစ်ခုလုံးကို ဩဂုတ် ၁၅ ရက်ကို ပြောင်းရွှေ့ချိန်းဆို ထားပါတယ်” လန်ဒန်ဆရာတော်၏ ရှေ့နေဦးနေလက ပြောကြားသည်။

အစိုးရသတင်းစာ မြန်မာ့အလင်းနှင့် အင်တာနက်ဝက်ဘ်ဆိုက်များတွင် ဖော်ပြခဲ့သည့် “ထိုင်းရှိ မြန်မာအလုပ်သမား ၂၆ ဦးမှာ လစာမရ၍ သစ်ရွက်ပြုတ် စားနေရသည့်သတင်း” မဟုတ်မှန်ကြောင်း အေဂျင်စီနှင့် အလုပ်သမားများ ရှင်းလင်း

အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ အပါအဝင် ရွှေလုပ်သား၊ သစ်ထူးလွင်၊ ရွှေမြန်မာဂရု စသည့်အင်တာနက် သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြခဲ့သည့် “ထိုင်းရှိ မြန်မာအလုပ်သမား ၂၆ ဦးမှာ လစာမရ၍ သစ်ရွက်ပြုတ် စားနေရသည့်သတင်း” မှာ မဟုတ်မှန်ကြောင်း ဩဂုတ် ၁ ရက်တွင် သက်ဆိုင်ရာအေဂျင်စီနှင့်အတူ ကာယကံရှင် အလုပ်သမားများက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။အဆိုပါသတင်းစာ ရှင်းလင်းပွဲကို ဩဂုတ် ၁ ရက် မွန်းလွဲတစ်နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင် ရှိ ယုဇနဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ရွှေရည်ဖြိုးအောင်အေဂျင်စီမှ စေလွှတ်ခဲ့သည့် မြန်မာ အလုပ်သမား၂၆ ဦးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအဖွဲ့(MAT) အမည်ဖြင့် အလုပ်သမား ၂၆ ဦးကို အလုပ်သမားစေလွှတ်ခွင့် ကန့်သတ်ထားသည့် ထိုင်းနိုင်ငံတောင်ပိုင်း မူစလင်လူမျိုးများ ကြီးစိုးရာနယ်မြေ စတုံမြို့သို့ ပို့ဆောင်ခဲ့ခြင်း၊ လစာငွေဖြတ်တောက်ခံရခြင်း၊ လုပ်ခလစာမရသည့်အတွက် သစ်ရွက်ပြုတ်စားနေရခြင်း အပါအဝင် အချက်ငါးချက်ဖြင့် သံရုံးသို့ တိုင်ကြားစာပေးပို့ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုးကောင်းသစ်ဆိပ်ဝင်း အတွင်းမှ ပြောင်းရွှေ့ရမည့် ကျူးကျော်အိမ်ထောင်စု ၂၉၇ စုက ၎င်းတို့အား မြေနေရာ အစားပြန်ပေးမှသာ ပြောင်းရွှေ့နိုင်မည်ဟုဆို

အလုံမြို့နယ် စောရန်ပိုင် အနောက်ရပ်ကွက် မိုးကောင်းသစ်ဆိပ်ဝင်း အတွင်း၌ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည်ဟုဆိုသော အိမ်ထောင်စု ၂၉၇ စုမှ ၎င်းတို့အား ပြောင်းရွှေ့ခိုင်းပါက မြေနေရာ အစားပြန်လည်ပေးမှသာ ပြောင်းရွှေ့ပေးနိုင်မည်ဟု ဩဂုတ် ၁ ရက်က မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် သတင်းစာရှင်းလင်းခဲ့သည်။၎င်းရပ်ကွက်မှာ အမှတ် (၂)မြန်မာ့သစ်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းမိသားစုများ စတင်နေထိုင်ရာမှ ရပ်ကွက်တစ်ခုအသွင် ဖြစ်ပေါ်လာပြီး မကြာသေးခင်က ဝန်ထမ်းလိုင်းခန်းများကို ဖျက်သိမ်းခဲ့ကာ တိုက်ခန်းနေရာ အစားပြန်ပေးခဲ့ပြီး ကျန်သည့်ဝန်ထမ်းမဟုတ်သည့် အိမ်ထောင်စုများ အပါအဝင် ပင်စင်မိသားစုများကို အဆိုပါနေရာမှ ဖယ်ရှားပေးရန် သက်ဆိုင်ရာနှင့် ဧဒင်ကုမ္ပဏီမှ တာဝန်ရှိသူများက ဇူလိုင် ၂၅ ရက်တွင် ခေါ်ယူညှိနှိုင်းခဲ့ပြီးနောက်တွင် ယခုလို သတင်းစာရှင်းခဲ့ခြင်းဖြစ်သည်။
၎င်းရပ်ကွက်တွင် ၁၂ နှစ်ကြာနေထိုင်နေသူ တစ်ဦးဖြစ်သည့် မတင်တင်အောင်က “ကျွန်မဒီဝင်းထဲမှာ နေလာတာ ၁၂ နှစ်ရှိသွားပါပြီ။ နှစ်ရှည်လများ နေလာတဲ့လူတွေကို ကျူးကျော်လို့သတ်မှတ်ပြီး နှင်ထုတ်တာက သဘာဝမကျပါဘူး။ ကျွန်မတို့က ကျူးကျော်မဟုတ်ပါဘူး။ ဒီဝင်းထဲမှာနေကြတဲ့ မြန်မာ့သစ်လုပ်ငန်းက ဝန်ထမ်းတွေရဲ့ သားသမီး အစွယ်အပွားတွေပါ။ အခုက ကျွန်မတို့ကို လျော်ကြေးသုံးသိန်းကနေ ငါးသိန်းအထိပဲပေးပြီး ပြောင်းခိုင်းတယ်။ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ကို နေစရာမြေ အစားပြန်ပေးမှ ပြောင်းပေးနိုင်မှာပါ။ ဒီလိုပြန်ပေးရင်တောင် ဝါတွင်းကာလဖြစ်တာရယ် ကလေးတွေ ကျောင်းတက်နေတုန်းဆိုတော့ ချက်ချင်းကြီးပြောင်းပေးလို့ကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ပွင့်လင်းရာသီရောက်မှပဲ ဖြစ်နိုင်လိမ့်မယ်” ဟု ဆိုသည်။

ဂျာနယ်လစ်များ နစ်နာမှုမရှိစေရန် သမ္မတ၏ လုပ်ပိုင်ခွင့်အတွင်းမှ ဥပဒေကြောင်းအရမျှတစွာ ဆောင်ရွက်ပေးမည်ဟု စာနယ်ဇင်းကောင်စီ (ယာယီ) နှင့်တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်ပြောကြား

မီဒီယာနယ်ပယ်အတွင်း ကြုံတွေ့နေရသော ပြဿနာများ၊ အခက်အခဲများအားလုံးနှင့် ပတ်သက်၍ အထူးသဖြင့် အမှုဖွင့်၊ အရေးယူ၊ ပြစ်ဒဏ်ချမှတ်ခံထားရသော ဂျာနယ်လစ်များ နစ်နာမှုမရှိစေရန် သမ္မတ၏ လုပ်ပိုင်ခွင့်အတွင်းမှ ဥပဒေကြောင်းအရ မျှတစွာ ဆောင်ရွက်ပေးမည်ဟု စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တွေ့ဆုံချိန်၌ သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။
သို့သော် အဆိုပါ ဆောင်ရွက်ပေးမည်ဆိုသော ကိစ္စရပ်မှာ ကန့်သတ်ချက်ဖြင့် ပြောဆိုခဲ့ခြင်းဖြစ်ပြီး “အမှုဖွင့်၊ အရေးယူ၊ ပြစ်ဒဏ်ချမှတ်ခံနေရမှုများကို တရားစီရင်ရေးကဏ္ဍ၏ လွတ်လပ်စွာ ဆောင်ရွက်မှုအား မထိခိုက်စေသော နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အတွင်းမှ မီဒီယာသမားများ နစ်နာမှုမရှိစေရန် ဥပဒေကြောင်းအရ မျှတစွာ ဆောင်ရွက်ပေးသွားမည်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန်နှင့် စာနယ်ဇင်းကောင်စီ(ယာယီ) တို့ တွေ့ဆုံမှုကို ဩဂုတ် ၁ ရက်က နေပြည်တော်ရှိ သမ္မတလယ်တောအိမ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အချိန် ၁ နာရီနှင့် ၃ဝ မိနစ်ခန့် ကြာမြင့်စွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အချက်သုံးချက်ကို အဓိကထားဆွေးနွေးခဲ့သည်ဟု စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။
သြဂုတ် ၁ ရက် နံနက်ပိုင်းက သမ္မတနှင့် စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်အချို့ နေပြည်တော်၌ တွေ့ဆုံကြစဉ်

ပြစ်တင်ဝေဖန်မှုများ အပါအ၀င် နိုင်ငံရေးအကျပ်အတည်းများကို ပြည်သူလူထု၏ လိုလားချက်များအပေါ် ရှေးရှုသည့် အဖြေရှာမှုမျိုးနှင့်သာ ချဉ်းကပ်ဆောင်ရွက်ခဲ့ဟု သမ္မတပြောကြား

အစိုးရသက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ပြစ်တင်ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးအကျပ်အတည်းများ အပါအ၀င် နိုင်ငံရေး အကျပ် အတည်းများ အားလုံးကို ပြည်သူလူထု၏ လိုလားချက်များအပေါ် ရှေးရှုသည့် အဖြေရှာမှုမျိုးနှင့်သာ ချဉ်းကပ်ဆောင်ရွက်ခဲ့ကြောင်း သမ္မတဦးသိန်းစိန်က သြဂုတ် ၁ ရက်၌ အများပြည်သူသို့ပြောကြားသည့် လစဉ်ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ကမာရွတ်မြို့နယ်၌ ကားနှစ်စီးလမ်းကြောင်းလုမောင်းကာ ရိုက်နှက်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အား သက်ဆိုင်ရာက စတင်စစ်ဆေး

ကမာရွတ်မြို့နယ်၌ ကားနှစ်စီးလမ်းကြောင်းလုမောင်းကာ ရိုက်နှက်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းက  စတင်စစ်ဆေးနေ ပြီဖြစ်ကြောင်း ဩဂုတ် ၁ ရက်တွင် စုံစမ်းသိရသည်။

Friday, August 1, 2014

အဖွဲ့အစည်းတချို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း လတ်တလောကောက်ချက်ချထားဟုဆိုအောင်ပန်းဗုံးဖောက်ခွဲမှု တရားခံမမိသေး၊ အဆိုပါဖောက်ခွဲမှုအား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို မလိုလား သည့် တိုင်းရင်းသား လက်နက်ကိုင် အစ္စရေးလ် ပါလက်စတိုင်း ၇၂ နာရီကြာ အပစ်ရပ်

ရှမ်းပြည်နယ် အောင်ပန်းတွင် ဇူလိုင် ၂၅ရက်က ချိန်ကိုက်ဗုံးဖောက်ခွဲမှုမှာ တစ်ပတ် ခန့်ကြာသည်အထိ တရားခံဖမ်းဆီး ရမိခြင်းမရှိသေးကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သို့ရာတွင် ငြိမ်ချမ်းရေးဆွေး နွေး ပွဲကိုမလိုလားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့က အဆိုပါဖောက်ခွဲမှုကို ပူးပေါင်း လုပ် ဆောင်ခြင်းဖြစ် သည်ဟု လတ်တ လောကောက်ချက် ချထားကြောင်း ရှမ်းပြည်နယ် တောင်ပိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ ရဲမှူးကျော်ခိုင်က ဒီမိုကရေစီ တူဒေးသို့ပြောသည်။

အစ္စရေးလ် ပါလက်စတိုင်း ၇၂ နာရီကြာ အပစ်ရပ်

အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ကြား ကြိုတင်သတ်မှတ်ချက် တစုံတရာ မထားရှိဘဲ လူသားချင်းစာနာတဲ့အနေနဲ့ ၇၂ နာရီကြာ အပစ်ရပ်စဲဖို့ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ကြေညာ လိုက်ပါတယ်။ အပစ်အခတ် ရပ်စဲရေးကို ဒေသစံတော်ချိန် သောကြာနေ့မနက် ၈ နာရီမှာ စတင်မှာဖြစ်ပြီး၊ ဒီကာလအတွင်း ဂါဇာမှာရှိတဲ့ အရပ်သားတွေကို စစ်ဒဏ်ကြောင့် အရမ်းကို လိုအပ်နေတဲ့ အကူအညီတွေပေးသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က ပြောပါတယ်။