Thursday, October 2, 2014

Homsမြို့ စာသင်ကျောင်းမှာ ဗုံးပေါက်၊ ကျောင်းသား ၄၀ ကျော်သေဆုံး


Photo: Homsမြို့ စာသင်ကျောင်းမှာ ဗုံးပေါက်၊ ကျောင်းသား ၄၀ ကျော်သေဆုံး 
Thursday,October 2, 2014

ဆီးရီးယားနိုင်ငံ Homs မြို့မှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာက ကလေးငယ် အယောက်ပေါင်း ၃၀ ကျော် သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စာသင်ကျောင်း တစ်ကျောင်းမှာ ဗုံးပေါက်ကွဲခဲတာကြောင့် ကလေးတွေသေဆုံးမှု များတာ ဖြစ်တယ်လို့ အေဘီစီ သတင်းထောက် Matthew Carney က သတင်းပေးပို့ထားပါတယ်။

အသေခံ ဗုံးဖောက် ခွဲရေးသမား တစ်ဦးက ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီလူဟာ ဗုံးတစ်လုံးကို ကျောင်းရဲ့ နေရာတစ်ခုမှာ ချထားပြီး နောက်ဗုံးတစ်လုံးနဲ့ ကိုယ့်ကိုကိုယ် အသေခံပြီး ဗုံးဖောက်ခွဲ ခဲ့တာပါ။

စာသင်ကျောင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက် ၆ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးတွေ အိမ်ပြန်မယ့်အချိန်မှာပဲ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Homs မြို့ရဲ့ Alawite လူမျိုးတွေနေထိုင်ရာ Akrameh ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဒေသဟာ သမ္မတ Bashar al Assad နဲ့ လူမျိုးခြင်းတူတဲ့ လူတွေ အနေများတဲ့ ဒေသ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆီးရီးယား အစိုးရကတော့ အသက် ၆ နှစ်နဲ့ ၉ နှစ်အကြားက ကလေးငယ် ၃၁ ယောက် သေဆုံးရတယ်လို့ ပြောပါတယ်။

အခုအချိန်အထိ ဘယ်အဖွဲ့အစည်းကမှ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တာဝန်ယူမှုတွေ မရှိသေးပါဘူး။

အရင်တုန်းကတော့ အခုလို ဆင်တူတဲ့ ဗုံးဖောက်ခွဲမှုကို Al Qaeda အဖွဲ့နဲ့ ဆက်နွယ်တဲ့ Nusra Front အဖွဲ့က ပြုလုပ်ခဲ့ဖူးပါတယ်။

ABC Radio Australia

ဆီးရီးယားနိုင်ငံ Homs မြို့မှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာက ကလေးငယ် အယောက်ပေါင်း ၃၀ ကျော် သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
စာသင်ကျောင်း တစ်ကျောင်းမှာ ဗုံးပေါက်ကွဲခဲတာကြောင့် ကလေးတွေသေဆုံးမှု များတာ ဖြစ်တယ်လို့ အေဘီစီ သတင်းထောက် Matthew Carney က သတင်းပေးပို့ထားပါတယ်။
အသေခံ ဗုံးဖောက် ခွဲရေးသမား တစ်ဦးက ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီလူဟာ ဗုံးတစ်လုံးကို ကျောင်းရဲ့ နေရာတစ်ခုမှာ ချထားပြီး

MPT မှ အင်တာနက်စနစ် ငှားသုံးသော်လည်း အများထင်မြင်သလို မဟုတ်ဟု တယ်လီနော ဆို

ကိုယ်ပိုင်အင်တာနေရှင်နယ် ဂိတ်ဝေးတည်ဆောက်မှု မပြီးစီးသည့်အတွက် Telenor အင်တာနက်စနစ် MPT မှ ငှားရမ်းသုံးစွဲခြင်းဖြစ်ပြီး အများထင်မြင်သ လိုမြန်နှုန်းနှေး မည် မဟုတ်ဘဲ မြန်စေပါမည်ဟု ယင်းကုမ္ပဏီမှ CEO Petter Furberg က ပြောသည်။ ကိုယ်ပိုင်ဂိတ်ဝေးပြီးတာနဲ့ ငှားရမ်းမှုကို ပြန်အပ်မှာပါ။ နောက်ထပ် ဖိုင်ဘာ ဆက်ကြောင်းတွေလည်း ချိတ်ဆက်သွားဖို့ရှိပါတယ်။ မပြီးသေးခင်ကာလမှာပဲ ငှားသုံးနေ တာပါ။ အင်တာနက်သုံးစွဲခကိုလည်း သက်သာတဲ့နှုန်းအပြင် အခမဲ့သုံးနိုင် တဲ့ စနစ်တွေထည့်ပေး ထားပါတယ်” ဟု ပြောသည်။

လက်ပံတောင်းဒေသခံများ တရုတ်အလံကို မီးရှို့

Photo: လက်ပံတောင်းဒေသခံများ တရုတ်အလံကို မီးရှို့
Thursday, October 2, 2014

ပုံသဏ္ဌာန်မျိုးစုံဖြင့် ကျိန်စာတိုက်ပွဲများ ပြုလုပ်ခဲ့သော လက်ပံတောင်းတောင် စီမံကိန်းနယ်မြေ ဆည်တည်းကျေးရွာ၏ မြောက်ဘက် ရဲကင်းများအနီးတွင် ဒေသခံများက အောက်တိုဘာလ ၁ ရက် ညနေပိုင်းက ကျိန်စာတိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံအလံကို မီးရှို့သရုပ်ပြမှုများ ပြုလုပ်ခဲ့ကြောင်း လက်ပံတောင်း ဒေသခံများက ပြောကြားသည်။

လက်ရှိ ကျိန်စာတိုက်ပွဲသည် လက်ပံတောင်း ဒေသ၏ ၁၁ ကြိမ်မြောက် ကျိန်စာတိုက်ပွဲ ဖြစ်ခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီ ခြံစည်းရိုးအနီး ကန်တော့ပွဲများဖြင့် တောင်စောင့်နတ်များကို ပူဇော်ကာ ဒေသခံများ မြေယာမဲ့ဘဝ ဖြစ်ရအောင် ပြုလုပ်သူများနှင့် တောင်ကို စောင့်ရှောက်နေသော တောင်စောင့်နတ်များကို နေရာပျောက်အောင် ပြုလုပ်သူများကို ကျိန်စာတိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆည်တည်းရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
“ရွာက ဒေသခံ အမျိုးသမီးတစ်ဦးက ဖိုလ်ဝင်ရှင်မ နတ်ပူးပြီး ကျိန်စာတိုက်မှုတွေ လုပ်သလို၊ နတ်ကျားပူးကပ်တဲ့ ပုံသဏ္ဌာန်နဲ့ စီမံကိန်း ခြံစည်းရိုးအနီးမှာ ကျားဟိန်းသံလို အော်ပြီး ကန်တော့ပွဲထဲက ဆန်တွေကို စီမံကိန်း ဧရိယာထဲ ပစ်ကြဲပြီး ကျိန်စာတိုက်တယ်” ဟု ၎င်းကဆိုသည်။
လက်ပံတောင်းတောင်အား မျက်နှာမူ၍ ရွှေရောင်သုတ်ထားသည့် မျက်နှာဖုံးများကို တပ်ထားသူ သုံးဦးမှ တရုတ်နိုင်ငံ အလံကို ကိုင်ဆောင်ကာ ကြွေးကြော်သံများ အော်ဟစ်ပြီး မောင်းထုကာ တရုတ်နိုင်ငံအလံကို မီးရှို့မှုများကို ခဲ့သည်။

ကျိန်စာတိုက် ဆန္ဒထုတ်ဖော်ပွဲသို့ ဒေသခံ ၇၀ ဦးခန့် လာရောက်ခဲ့ပြီး ဒေသခံတွေအပေါ် ကျွန်ပြုရန် လုပ်ဆောင်နေသည့် တရုတ် ဝမ်ပေါင်ကုမ္ပဏီ အလိုမရှိ၊ စစ်ခရိုနီ ဦးပိုင်ကုမ္ပဏီ ကျဆုံးပါစေ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝအလိုမရှိ၊ မဖြူနှင်းထွေး အပါအဝင် မတရားဖမ်းဆီးခံ ထားရသူများကို ချက်ချင်းလွှတ် စသည့် အချက်များကိုလည်း ကြွေးကြော်ခဲ့ကြောင်း ပါဝင်ခဲ့သည့် ဒေသခံများက ပြောကြားသည်။
လက်ပံတောင်းတောင် စီမံကိန်းကို ရပ်ဆိုင်းပေးရန် ဒေသခံများက ရာချီသော ဆန္ဒထုတ်ဖော်ပွဲများကို ပြုလုပ်ခဲ့သကဲ့သို့ ထူးခြားသည့် ပုံသဏ္ဌာန်ဖြင့် သုသာန်အတွင်း ပြုလုပ်သည့် ပါဖော့မန့်များ၊ အခေါင်းသုံးလုံး မီးရှို့မှုများ နတ်များ ပင့်ဖိတ်ကျိန်စာတိုက်မှုများကို အမျိုးမျိုး ပြုလုပ်ခဲ့ကြပြီး နောက်ဆုံးအနေနှင့် တရုတ်နိုင်ငံ အလံကိုပါ မီးရှို့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

The Voice Weekly
ပုံသဏ္ဌာန်မျိုးစုံဖြင့် ကျိန်စာတိုက်ပွဲများ ပြုလုပ်ခဲ့သော လက်ပံတောင်းတောင် စီမံကိန်းနယ်မြေ ဆည်တည်းကျေးရွာ၏ မြောက်ဘက် ရဲကင်းများအနီးတွင် ဒေသခံများက အောက်တိုဘာလ ၁ ရက် ညနေပိုင်းက ကျိန်စာတိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံ

Dance for Life ပါတီ ဟိုတယ် ရန်ကုန်တွင် ကျင်းပ.

Dance for Life ပါတီပွဲကို အောက်တိုဘာ ၁ ရက်နေ့ ည၌ ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံရှိ ဟိုတယ်ရန်ကုန်VIP ဘားတွင် ကျင်းပသွားခဲ့သည်။
ဖေ့စ်ဘွတ် တွင် နာမည်ကြီး သူများဖြစ်သည့် သရုပ်ဆောင် ဇွန်သဉ္ဇာ၊ ဇာဇာထက်နှင့် ကဗျာကို တို့သုံးဦးတို့ ပါဝင် မည်ဟု ကြေညာ ထား ခဲ့သည့် အဆိုပါ ပါတီ ပွဲကို ယခင်က အင်းလျားလိတ် ဟိုတယ် ဘား၌ ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း ဝေဖန်မှုများ ရှိခဲ့ပြီး နေရာပြောင်းရွှေ 

ဆန္ဒပြ သူများအား နှိမ်နင်းခြင်းသည် မှားယွင်းသော လုပ်ရပ် မဟုတ်ဟုဆို

Photo: ဆန္ဒပြ သူများအား နှိမ်နင်းခြင်းသည် မှားယွင်းသော လုပ်ရပ် မဟုတ်ဟုဆို
Thursday, October 2, 2014

ဟောင်ကောင်ရှိ လူသွားလူလာ ထူတပ်သော နေရာများတွင် စခန်းချ ဆန္ဒပြနေ သူများအား မျက်ရည်ယိုဗုံး များဖြင့် တိုက်ခိုက်ခြင်းသည် မှားယွင်းသော လုပ်ရပ် မဟုတ်ကြောင်း ဟောင်ကောင် ရဲမင်းကြီး အန်ဒီဆန်က ရဲအရာရှိများအား ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

တနင်္ဂနွေနေ့တွင် ဆန္ဒပြသူများ အိမ်ပြန် ကြရန် အစိုးရက သတိပေး ပြောဆိုခဲ့ သော်လည်း ဆန္ဒပြ သူများသည် အစိုးရ၏ အမိန့်ကို နာခံခြင်း မရှိဘဲ လမ်းမများ ထက်တွင် ဆက်လက် ချီတက် ဆန္ဒပြခဲ့ သောကြောင့် ရဲတပ်ဖွဲ့ ၀င်များသည် မျက်ရည်ယိုဗုံးနှင့် ငရုတ်ရည်များ သုံးပြီး လူစုခွဲ မှုပြုလုပ်ခဲ့သည်။

ရဲမင်းကြီးဆန်သည် ရဲဌာနချုပ်ရုံး၌ ဗုဒ္ဓဟူးနေ့တွင် အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ရဲမင်းကြီး၏ မိန့်ခွန်း ပြောဆိုမှုကို ရဲ အရာရှိ(၂၀၀)ခန့်နှင့် ဟောင်ကောင် အုပ်ချုပ်ရေးမှူး လီချွန်ယင်းတို့ တက်ရောက်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင် များသည် ၀န်ထမ်းကောင်း ပီသစွာ လုပ်ဆောင်ခဲ့ ခြင်း ဖြစ်ပြီး ဟောင်ကောင်ရှိ နိုင်ငံရေး အကျပ်အတည်းများကြောင့် ရပ်တည်ချက် ပျက်သွားမည် မဟုတ်ဟု မျှော်လင့်ကြောင်း လီက အင်္ဂါနေ့တွင် ပြောဆိုခဲ့သည်။

Messenger News Journal
ဟောင်ကောင်ရှိ လူသွားလူလာ ထူတပ်သော နေရာများတွင် စခန်းချ ဆန္ဒပြနေ သူများအား မျက်ရည်ယိုဗုံး များဖြင့် တိုက်ခိုက်ခြင်းသည် မှားယွင်းသော လုပ်ရပ် မဟုတ်ကြောင်း ဟောင်ကောင် ရဲမင်းကြီး အန်ဒီဆန်က ရဲအရာရှိများအား ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

၅ရက်ကြာထိန်းသိမ်းခံထားရသည့် ၅လအရွယ်ကလေး ငယ်နှင့်မိခင်ဖြစ်သူ နေအိမ်ခန်းသို့ပြန်ခွင့်ရပြီ

ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ် အပန်းဖြေစခန်းတည်ရှိရာ ဖူးခက်ကျွန်း ၀ချီရတ် ဆေးရုံတွင် ဆေးကုသခ ဘတ်ငွေ တစ်သိန်းကျော် မရှင်းနိုင်သဖြင့် လုံခြုံရေး တာဝန်ရှိသူများ၅ရက်ကြာ ထိန်းသိမ်း ခံထားရသည့် သားအမိ ၂ဦး ယနေ့တွင် အိမ်ပြန်ခွင့်ရရှိခဲ့ပြီဖြစ်သည်။

အိနိ္ဒယနိုင်ငံ မြောက်ပိုင်းတွင် ခရီးသည်တင် ရထား (၂) စင်းတိုက်၊ လူ (၁၂) ဦးခန့် သေဆုံး



အိနိ္ဒယနိုင်ငံ မြောက်ပိုင်းတွင် ခရီးသည်များ အပြည့်အသိပ် တင်ဆောင်လာသည့် ရထားနှစ်စင်း တိုက်မိမှုကြောင့် အနည်းဆုံး လူ (၁၂) ဦး သေဆုံးပြီး (၄၅) ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန မှပြောခွင့်ရှိသူ တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။
ဥတ္တရာပရာဒေ့ရှ် ပြည်နယ်၌ လက်ခ်နောင်းမှ ဘာရောင်နီသို့ ဦးတည် ထွက်ခွာ လာသည့် ခရီးသည်တင် အမြန်ရထားအား အင်္ဂါနေ့ ညနေ

ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းမိသော IS အဖွဲ့ဝင်သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ၌ စစ်သွေးကြွကွန်ရက်တည်ထောင်ရန် စီစဉ်နေခဲ့ဟု သိရ

Photo

အကြမ်းဖက်ဝါဒ မြန်မာသို့ဦးတည်ခြိမ်းခြောက်မှုများအား သတိဖြင့် ကာကွယ်ရန် သမ္မတတိုက်တွန်း

Photo: အကြမ်းဖက်ဝါဒ မြန်မာသို့ဦးတည်ခြိမ်းခြောက်မှုများအား
သတိဖြင့် ကာကွယ်ရန် သမ္မတတိုက်တွန်း
Thursday, October 2, 2014

- ဇွဲမာန်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၈)။
ရန်ကုန်၊ အဖွဲ့အစည်းတချို့၏ အကြမ်း ဖက်ဝါဒဖြင့် မြန်မာနိုင်ငံသို့ဦးတည်ခြိမ်း ခြောက်မှုများအား သတိရှိရှိဖြင့်ကြိုတင် ကာကွယ်မှုပြုလုပ်ရန် နိုင်ငံတော်သမ္မတ က တိုက်တွန်းပြောကြားလိုက်သည်။

မကြာသေးမီက ဘာသာရေးအ စွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း တစ်ခု၏ မြန်မာနိုင်ငံသို့ ဦးတည်ခြိမ်း ခြောက်မှု ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက် ၍ သမ္မတက အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာ အကြမ်းဖက်ဝါဒအ ဖွဲ့အစည်းတချို့၏ မြန်မာနိုင်ငံသို့ ဦး တည်ခြိမ်းခြောက်မှုများမှာ သိပ်စိုးရိမ် စရာမရှိသော်လည်း လုံခြုံရေးအသိဖြင့် သတိရှိရှိ ကြိုတင်ကာကွယ်မှုများ ပြု လုပ်ထားရန် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ၄င်း၏ရေဒီယိုမိန့်ခွန်းမှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။
''ကမ္ဘာ့လူသားတွေရဲ့ လူ့အခွင့် အရေးနဲ့ အေးချမ်းသာယာစွာရပ်တည် နေထိုင်ရေးကို အထူးခြိမ်းခြောက်လာ တာ ကမ္ဘာလုံးချီ အကြမ်းဖက်ဝါဒပါ။ လက်ရှိ မြန်မာနိုင်ငံကို ဦးတည်ခြိမ်း ခြောက်မှုများရှိနေလို့ စိုးရိမ်စရာရှိပေ မယ့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြ ရမှာဖြစ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ထိုသို့ အကြမ်းဖက်အန္တရာယ်များ အား ကာကွယ်တားဆီးရန် အစိုးရအ ဖွဲ့၊ လွှတ်တော်၊ တရားစီရင်ရေးအဖွဲ့၊ တပ်မတော် လုံခြုံရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီများစသည့် အဖွဲ့အစည်းများ ပူး ပေါင်းလုပ်ကိုင်ရန်လိုအပ်ကြောင်း သမ္မတ က တိုက်တွန်းပြောကြားခဲ့သည်။
လွန်ခဲ့သော စက်တင်ဘာ ၂၅ရက် တွင် ဘင်္ဂလားဒေ့ရှ်အခြေစိုက် RSO အကြမ်းဖက်သူဟု ယူဆရသော သ တင်းတပ်သားဖြစ်သူ ဘင်္ဂါလီလူမျိုး ယာ ဆိမ်းအဲဖာရာကို ကျီးကန်းပြင်စစ်ဆေး ရေးဂိတ်တွင်လည်းကောင်း၊ စက်တင် ဘာ ၂၈ရက်တွင် မိုဟာမက်အီဒရိရ်နှင့် နူမာမောက်တို့ကိုလည်းကောင်း ဖော် ထုတ်ဖမ်းဆီးမိခဲ့ကြောင်း မြန်မာနိုင်ငံ နယ်ခြားစောင့်အဖွဲ့မှ ထုတ်ပြန်ချက် များအရ သိရသည်။

TheYangonTimes
- ဇွဲမာန်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၈)။
ရန်ကုန်၊ အဖွဲ့အစည်းတချို့၏ အကြမ်း ဖက်ဝါဒဖြင့် မြန်မာနိုင်ငံသို့ဦးတည်ခြိမ်း ခြောက်မှုများအား သတိရှိရှိဖြင့်ကြိုတင် ကာကွယ်မှုပြုလုပ်ရန် နိုင်ငံတော်သမ္မတ က တိုက်တွန်းပြောကြားလိုက်သည်။
မကြာသေးမီက ဘာသာရေးအ စွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း တစ်ခု၏ မြန်မာနိုင်ငံသို့ ဦးတည်ခြိမ်း ခြောက်မှု ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက် ၍ သမ္မတက အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆံပင်တွေကို မြိုချတဲ့ အကျင့်ကြောင့် ခွဲစိတ်ကုယူရ

ကာဂျစ်စတန် နိုင်ငံက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ဦး ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အရလည်း ဘာရောဂါမှ မရှိကြောင်း ဆရာဝန်များက စစ်ဆေး ထွက်ဆိုထားပါတယ်။ ဒါပေမယ့် သူ့မှာ ရှိတဲ့ အကျင့်ကလေး တစ်ခုကတော့ ဆံပင်များကို စားခြင်း ဖြစ်ပါတယ်။ သူများတွေ လက်သည်းကိုက်တတ် သလိုပဲ သူ့ဆီမှာ ရှိတဲ့

အေးဝတ်ရည်သောင်း

Myanmar Model Aye Wut Yee Thaung - Random Beautiful Collection Photos

ယာဉ်တိုက်မှုရာခိုင်နှုန်း လျော့နည်းလာသော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် သေဆုံးမှု များပြားနေဆဲဟုဆို

Photo: ယာဉ်တိုက်မှုရာခိုင်နှုန်း လျော့နည်းလာသော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် သေဆုံးမှု များပြားနေဆဲဟုဆို
Thursday, October 2, 2014

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ယာဉ်တိုက်မှုရာခိုင်နှုန်း ကျဆင်းလာ သော်လည်း ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ပြားနေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘ယာဉ်တိုက်မှု အန္တရာယ် ကျဆင်းရေးအပြည်ပြည်ဆိုင်ရာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး စနစ် (5 E System) နဲ့အညီ အကောင်းဆုံး ပြုပြင်ထိန်းသိမ်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါ တယ်။ ကဏ္ဍအလိုက်လည်း ပြုပြင်ဖို့ လိုအပ်တယ်’’ ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရွှေရတုနှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ယာဉ်တိုက်မှုများ နေ့စဉ် နှင့်အမျှ ဖြစ်ပွားလျက်ရှိပြီး ၂၀၁၂ ခုနှစ်က ယာဉ်တိုက်မှု ၁,၁၀၀ ကျော်တွင် ဒဏ်ရာရရှိသူ  ၁,၈၀၀ ကျော်နှင့် သေဆုံးသူ ၃၀၀ ကျော်၊ ၂၀၁၃ ခုနှစ်တွင် ယာဉ်တိုက်မှု ၁,၄၀၀ ကျော်၊ ဒဏ်ရာရရှိသူ ၂,၀၀၀ ကျော်နှင့် သေဆုံးသူ ၄၀၀ နီးပါးရှိခဲ့သည်။

ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှု ၁,၀၅၀ မှု၊ ဒဏ်ရာရရှိသူ ၁,၉၈၇ ဦး၊ သေဆုံးသူ ၂၉၀ ဦးအထိရှိ ကြောင်း မှတ်တမ်းများအရ သိရှိ ရသည်။

ယာဉ်တိုက်မှုအန္တရာယ်များ လျော့နည်းကျဆင်းရေးအတွက် ယာဉ်တိုက်မှုဖြစ်ပွားသည့်အချိန် နေရာနှင့် အုပ်စုတို့အား လေ့လာ သုံးသပ်၍ ထိထိရောက်ရောက် ပညာပေးဟောပြောရန်နှင့် အရေးယူဆောင်ရွက်ကြရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

7Day DAILY 

မုံရွာမြို့ပေါ်တွင် We are Citizen အဖွဲ့မှ ဆိုင်ကယ်စီးသူများကို စစ်တမ်း ကောက်ယူနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ယာဉ်တိုက်မှုရာခိုင်နှုန်း ကျဆင်းလာ သော်လည်း ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ပြားနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ယာဉ်တိုက်မှု အန္တရာယ် ကျဆင်းရေးအပြည်ပြည်ဆိုင်ရာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး စနစ် (5 E System) နဲ့အညီ အကောင်း ဆုံး ပြုပြင်ထိန်းသိမ်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါ တယ်။ ကဏ္ဍ

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံတော်သမ္မတပြောကြားသည့် ရေဒီယိုမိန့်ခွန်း

Photo: ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံတော်သမ္မတပြောကြားသည့် ရေဒီယိုမိန့်ခွန်း
Thursday, October 2, 2014

မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှ တဆင့် အသိပေးပြောကြားနေကျ ဖြစ်တဲ့အတိုင်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

 လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ထွန်းလျက်ရှိတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို လေ့လာကြည့်ရှုတဲ့အခါမှာ အဆင့်တစ်ခုကို ရောက် ရှိနေပြီ ဆိုတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်များရဲ့ အောင်မြင်ဖြစ် ထွန်း မှုနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ရှိနိုင်တယ်ဆိုတာ လက်ခံ ထားပါတယ်။ ကျွန်တော့်အနေနဲ့ အထူးပြု ပြောကြားလိုတဲ့အချက်ကတော့ ဒီကနေ့ ရရှိထားတဲ့ ဖြစ်ထွန်းမှု အဆင့်ဆင့်ဟာ မိမိတို့ရဲ့ အနာဂတ်ကို ပြဋ္ဌာန်းသတ်မှတ်နိုင်ပြီး ကျွန်တော်တို့ တည်ဆောက်လိုတဲ့ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတခုအဖြစ် တက်လှမ်းနိုင်ဖို့အတွက် အခြေခံ အုတ်မြစ်ပဲ ဖြစ်ပါတယ်။ အခုလို ပြောကြားရခြင်း ဟာလည်း ဒီကနေ့ ကျွန်တော်တို့ရရှိ ပိုင်ဆိုင်ထားတဲ့ အခြေအနေကောင်းများကို အမိအရ ဆုပ်ကိုင်ပြီး နိုင်ငံရေးဖြစ်စဉ် ဆက်လက် ရှင်သန်နေဖို့အတွက် နိုင်ငံသားအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ အချိန်အခါ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သတိပြုမိစေရေး အတွက်ပဲဖြစ်ပါတယ်။

 နိုင်ငံရေးဖြစ်စဉ်များ ဆက်လက်ရှင်သန်ရေးအတွက် အခြေခံ အကျဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ အလေးထား တိုက်တွန်းလိုတဲ့ အချက်ကတော့ ဆွေးနွေးဘက်များဖြစ်တဲ့ အစိုးရ၊ လွှတ်တော်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးအနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ရေး အတွက် အရေးကြီးတဲ့အဆင့်ကို ရောက်ရှိနေတယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။  မာရသွန် ပြေးပွဲများမှာ ပန်းတိုင်နဲ့နီးလာလေလေ၊ ပိုပြီးအားစိုက်ရလေ ဖြစ်တယ် ဆိုသလိုပဲ ဒီကနေ့ မိမိတို့ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုမှ ရပ်စဲရေး သဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုကိုလည်း ပိုမို၍ အားထည့်ဆောင်ရွက် ကြရမယ့် အချိန် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

 နိုင်ငံရေး အင်အားစုများအားလုံးရဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ အလေးအနက်ထား ပါဝင်ကြိုးပမ်းအားထုတ်မှုတို့ အထူးလိုအပ်လျက်ရှိတဲ့ အချိန်အခါ လည်းဖြစ်သလို အခုလိုအလွန် အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာလျှင် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကို ပုံဖော် ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေး တည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမှာဖြစ်တဲ့ အကြောင်းကိုလည်း သတိပြုမိစေလို ပါတယ်။ အထက်မှာ ကျွန်တော်ပြောကြားခဲ့တဲ့ အချက်များကို ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲနဲ့ အယူဝါဒအစွဲများကို ဘေးဖယ်ပြီး ရရှိထားတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုများ ဆက်လက် ရှင်သန်ရေးကို အာရုံပြု လုပ်ဆောင်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

 ကျွန်တော့်အနေနဲ့ စက်တင်ဘာလ လဆန်းပိုင်းမှာ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံများကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့အတူ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရပ်တည်နိုင်ဖို့အတွက် နိုင်ငံတကာထောက်ခံမှု ပိုမိုလိုအပ်တာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အခုလို ပြည်ပခရီးစဉ်များကို စီစဉ်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို နိုင်ငံတကာကို အသိပေး သတင်းစကား ပါးနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာရဲ့ အမြင်ပြောင်းလဲလာတာနဲ့အမျှ ကျွန်တော်တို့ နိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှာများစွာ အကျိုးဖြစ်ထွန်း လာမှာဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဟာ နိုင်ငံရေးတည်ငြိမ်မှုအတွက် အထူးအရေးကြီးသလို ဒီနိုင်ငံရေး တည်ငြိမ်မှုကသာလျှင် လက်ရှိကျွန်တော်တို့ လူ့အဖွဲ့အစည်း ချီတက်နေတဲ့ ဒီမိုကရေစီ အခြေတည် ခိုင်မာရေးကို အဓိကမဏ္ဍိုင်တစ်ရပ် အနေနဲ့ ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော် အခုခရီးစဉ်အတွင်း သွားရောက်ခဲ့တဲ့ နိုင်ငံများဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သက်သက်သာမက လူသားအရင်းအမြစ်၊ နည်းပညာပိုင်းနဲ့ နိုင်ငံရေးစနစ်များမှာ များစွာမှပင် ရှေ့တန်းက ချီတက်နေတဲ့ နိုင်ငံများဖြစ်တဲ့ အတွက် ဒီခရီးစဉ်က ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးရှိမယ့် အတွေအကြုံ များစွာရရှိခဲ့ပါတယ်။

ဒီနိုင်ငံများရဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်များ၊ လူသားအရင်းအမြစ် ပျိုးထောင်မှု၊ ပညာရေးစနစ်များ၊ အင်စတီကျူးရှင်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ကုမ္ပဏီကြီးများရဲ့ စီးပွားရေး မဟာဗျူဟာ အမြင်များကို လေ့လာခဲ့ပြီး ကျွန်တော်တို့နိုင်ငံအတွက် လေ့လာသင်ယူစရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖွယ်ရာများကို လေ့လာခဲ့ပါတယ်။ ဥရောပသုံးနိုင်ငံ ခရီးစဉ်အတွင်းမှာ သဘာဝသယံဇာတ ထုတ်ယူတဲ့ စီးပွားရေး ကဏ္ဍများမှာထက် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ သုတေသန လုပ်ငန်းများနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍများမှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့နဲ့ လတ်တလောမှာ လုပ်ငန်းခွင် ဝင်ရောက်ရေး အတွက် ကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွမ်းမံပေးနိုင်မယ့် အလားအလာများနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ ပါတယ်။

နိုင်ငံတကာမိတ်ဖက်များ တိုးတက်ရရှိလာတာနဲ့အမျှ ကူးလူးဆက်ဆံမှုများနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာတော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ အားလုံး အနေနဲ့လည်း ဒီအခွင့် အရေးများကို အမိအရ ဆုပ်ကိုင်ထားပြီး သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ဝင်ရောက်သင်ယူ လုပ်ကိုင်နိုင်ဖို့ အတွက် ပြင်ဆင်ထားကြရမှာပဲ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့ (၃၆)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံ ဒေသတွင်းက သက်ဆိုင်ရာ ဝန်ကြီး များကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ရေ၊ မြေ အနေအထားများဟာ လယ်ယာကဏ္ဍ အတွက် သဘာဝက ပေးထားတဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။ ရိုးရာနည်းစနစ်နဲ့ စိုက်ပျိုးရေး စနစ်များကနေ လုပ်သားအင်အား နည်းနည်းသာသုံးရတဲ့၊ အရင်းအနှီးနည်းပြီး အကျိုးအမြတ်များတဲ့ အရည်အသွေးမြင့် လယ်ယာထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်မှုဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် များစွာ အရေးပါတဲ့ ကိစ္စများဖြစ်တဲ့ အတွက်လယ်ယာ ကဏ္ဍကိုလည်း ကျွန်တော်တို့အနေနဲ့ မဟာဗျူဟာ ကဏ္ဍတစ်ရပ် အဖြစ်ရှုမြင် အကောင်အထည်ဖော်လျက် ရှိပါတယ်။

 လက်ရှိမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသ အတွက် စိုးရိမ်ပူပန်မှု တိုးပွားစရာဖြစ်လာတဲ့ ကိစ္စရပ် နှစ်ရပ်ရှိပါတယ်။  ပထမတစ်ခုကတော့ ကမ္ဘာကို ခြိမ်းခြောက်လာတဲ့ ကူးစက်မြန်ရောဂါတွေပဲ ဖြစ်ပါတယ်။ ကူးစက်မြန်ရောဂါများရဲ့ စိန်ခေါ်မှုဟာ အသစ်မဟုတ်ပေမယ့် နိုင်ငံတကာမှာ ကူးလူး ဆက်ဆံမှုတွေ မြင့်မားလာတာ၊ လူဦးရေသိပ်သည်းဆ မြင့်မားလာတာတွေကြောင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန် လာပါတယ်။ အနောက်အာဖရိကမှာ စတင်ခဲ့တဲ့ အီဘိုလာရောဂါ ကူးစက်ခံနိုင်ငံများကို ကျွန်တော်တို့အနေနဲ့ လူသားချင်း စာနာနားလည်ပေးနိုင်သလို ကျွန်တော်တို့ ဒေသတွင်း အတွက်လည်း စိုးရိမ်ပူပန်ရပါတယ်။ ဒါ့အပြင် ဇီဝလက်နက်များ အသုံးပြုပြီး အကြမ်းဖက်တိုက်ခိုက် လာနိုင်ခြေများကလည်း စိုးရိမ်ပူပန်မှု များကို ပိုမိုတိုးပွားစေ ပါတယ်။  ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ သာမက အာဆီယံဒေသ အနေနဲ့ပါ ဒီလိုကူးစက်မြန်ရောဂါတွေကို ကာကွယ်ထိန်းချုပ်ဖို့ ဝိုင်းဝန်းကြိုးပမ်း ကြရမှာ ဖြစ်ပါတယ်။

 ဒုတိယစိန်ခေါ်မှုကတော့ ရာသီဥတုဖောက်ပြန်မှုများကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ ကိစ္စဖြစ်ပြီး အာဆီယံဒေသက မြို့ကြီးအတော် များများဟာ ရေကြီးမှုအန္တရာယ်ကို တွေ့ကြုံခံစား လာရပြီ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှု တွေကြောင့် ပေါ်ပေါက်လာတဲ့ ဆိုးဝါးတဲ့ ရာသီဥတု ဖောက်ပြန်မှုများရဲ့ ဒဏ်တွေကို ရှေ့မှာ မလွဲမသွေ ပိုပြီးရင်ဆိုင်လာရတော့မှာ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်တစ်ခုကြောင့် လူ့အသက်ပေါင်း တစ်သိန်း ကျော်ဆုံးရှုံးခဲ့ရတဲ့ နာကျင်ခံစားမှုမျိုး ကျွန်တော်တို့နိုင်ငံမှာ တွေ့ကြုံခံစားခဲ့ရဖူးပါတယ်။ မုန်တိုင်းကာလအလွန် ပြန်လည် ထူထောင်ရေးတွေကို အထိုက်အလျောက် လုပ်ကိုင်နိုင်သည့်တိုင် မုန်တိုင်းဒဏ်ခံပြည်သူများရဲ့ ပျက်စီးသွားတဲ့ စိတ်ဓာတ်ခွန်အားတွေ ပြန်လည်ရရှိဖို့ ဒီကနေ့အချိန်ထိ ကုစားမှုတွေ လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလို အဖြစ်အပျက်သင်ခန်းစာတွေကနေတဆင့် ရာသီဥတုဖောက်ပြန် မှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေး အန္တရာယ်တွေကို တုန့်ပြန် ရင်ဆိုင်နိုင်ဖို့ ဒေသတွင်း မဟာဗျူဟာတစ်ခုကို နောင်ဆယ်စုနှစ် သုံးလေးခုစာလောက် မျှော်မှန်းပြီး ချမှတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ တစ်ဘက်မှာလည်း ကမ္ဘာလုံးချီတဲ့ ရာသီဥတုဆိုးဝါးဖောက်ပြန်မှုတွေကို တုန့်ပြန်ရင်ဆိုင်ဖို့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပူပေါင်းဆောင်ရွက်မှု တွေလုပ်ကြတဲ့အခါ အာဆီယံနိုင်ငံတွေရဲ့ အသံ၊ အမြင်၊ ရပ်တည်ချက်တွေ ပါဝင်ဖို့ အတူတကွ ခိုင်ခိုင်မာမာ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။

 ဒီကနေ့ ကမ္ဘာ့လူသားများရဲ့ လူ့အခွင့်အရေးနဲ့ အေးချမ်းသာယာစွာ ရပ်တည် နေထိုင်ရေးကို အထူးခြိမ်းခြောက်လာတဲ့ ကိစ္စရပ်ကတော့ ကမ္ဘာလုံးချီ အကြမ်းဖက်ဝါဒပဲ ဖြစ်ပါတယ်။ မကြာသေးမီက ကျွန်တော်တို့ မြန်မာနိုင်ငံကို ဦးတည်ခြိမ်းခြောက်ခဲ့မှုများဟာ သိပ်ပြီးစိုးရိမ်စရာ မရှိသည့်တိုင် လုံခြုံရေး အသိ၊ သတိရှိရှိနဲ့ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံ မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကနေ တစ်ဆင့် ရရှိလာတဲ့ ဖြေလျှော့မှုများ၊ လျော့ပါးသွားတဲ့ ကန့်သတ်ချက်များကနေ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းများကို အလွဲသုံးပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချမယ့် ကိစ္စရပ်များ၊ ခြိမ်းခြောက်မှုများကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခများ ဟာလည်း အခုလို လုပ်ရပ်တွေကြောင့် ပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။

 နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုမလိုလားတဲ့ အဟန့်အတားပြုလိုတဲ့ အင်အားစုများကလည်း သွေးထိုး လှုံ့ဆော်မှုများ ပြုလုပ်လာနိုင်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးအနေနဲ့ ဒီလိုကိစ္စရပ်များကို အသိရှိရှိ တုံ့ပြန်ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ နှစ်ပေါင်းရာနဲ့ချီပြီး မတူကွဲပြားမှုများကို နားလည် လက်ခံ စည်းလုံးညီညွတ်စွာ နေထိုင် လာတဲ့ သမိုင်းကြောင်း အခိုင်အမာ ရှိခဲ့ပြီး ဖြစ်ပါတယ်။

 မျိုးနွယ်စုနဲ့ ကိုးကွယ် ယုံကြည်မှုများ မည်သို့ပင် ကွဲပြားစေကာမူ အားလုံးမှာ တူညီတဲ့ အချက်ကတော့ မြန်မာ့ရေမြေပေါ်မှာ ဒိုးတူဘောင်ဘက် နေထိုင်၊ လုပ်ကိုင်၊ စားသောက်ကြပြီး နိုင်ငံသားတိုင်းဟာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအပေါ်မှာ ချစ်ခင်ကြတဲ့စိတ်ပဲ ဖြစ်ပါတယ်။ ဒီစိတ်ဓာတ်တန်ဖိုး များကို အခြေခံပြီး နိုင်ငံသား အချင်းချင်းအကြား စိတ်ဝမ်းကွဲပြားမှုများ မဖြစ်စေဖို့နဲ့ ဘေးပယောဂ အဖျက်အမှောင့်များကို နားမယောင်ဘဲ ဆန့်ကျင် တုန့်ပြန်ကြရမှာ ဖြစ်ပါတယ်။ မိမိတို့ အစိုးရအဖွဲ့၊ လွှတ်တော်များ၊ တရားစီရင်ရေး အဖွဲ့များ၊ တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်း များနဲ့ နိုင်ငံသားအားလုံးက တစ်စိတ်တစ်ဝမ်းတည်း တိုင်းချစ်ပြည်ချစ် နိုင်ငံချစ်စိတ် အပြည့်အဝနဲ့ လက်တွဲ ပူးပေါင်းပြီး အကြမ်းဖက်အန္တရာယ်ကို ကာကွယ်တားဆီးရာမှာ ပူးပေါင်းပါဝင် ကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိတဲ့ အကြောင်း ပြောကြားရင်း နိဂုံးချုပ် ပါတယ်။

မိဘပြည်သူများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။

Credit to : Hmuu Zaw

မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှ တဆင့် အသိပေးပြောကြားနေကျ ဖြစ်တဲ့ အတိုင်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

Wednesday, October 1, 2014

မန္တလေးတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးအသွင် အဓိကရုဏ်းကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ပန်းသေးတရုတ်တစ်ဦးက စီစဉ်ခဲ့

မန္တလေးတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးအသွင် အဓိကရုဏ်းကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ပန်းသေးတရုတ်ဦးက စီစဉ်ခဲ့၊ ထိုစဉ်က ဆူပူ သောင်းကျန်းသူများမှာ ထိုတရုတ်၏ ရွှေလီစက်ရုံမှ ၀န်ထမ်းများဖြစ် မန္တလေးတွင် ဟာဂျီ ထွန်းထွန်းနှင့် တူတော်တူ ဆန်းဝင်းတို့ မြေကွက်ကိစ္စ ပြသနာ ဖြစ်ပွားရာမှ မြန်မာမိန်းကလေး တစ်ဦးကို

တရားမဝင် ဝင်ရောက်မှုကြောင့် ပြစ်ဒဏ်ကျခံပြီးသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ဦးလွှဲပြောင်းပေး

တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင် ရောက်လာမှုကြောင့် လဝကဥပဒေ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး လွတ်မြောက်လာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၂ဦးကို စက်တင်ဘာ၃ဝရက်နေ့ နံနက် ၉နာရီခွဲက မောင်တောနယ်စပ်
အမှတ်(၁) ဝင်/ ထွက်စခန်းမှ ဘင်္ဂလားဒေ့ရှ်နယ် ခြားစောင့်တပ်သို့ လွှဲပြောင်းပေးလိုက် ကြောင်း သတင်းရရှိသည်။

ညီမဖြစ်သူကိုထပ်မံယူလိုက်တဲ့မိန်းမနှစ်ယောက်နဲ့ ရင်နာ စရာဇာတ်လမ်း (အသိခေါက်ခက် အဝင်မနက်ကြပါနဲ့)

ဒီဆောင်းပါးကို ဖော်ပြရခြင်းအဓိက ရည်ရွယ်ချက်ကတော့ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတွေ အိမ်ထောင်ပြုကြတဲ့အခါ အိမ်ထောင်ဘက် အရွေးမမှားရလေအောင် ဆင်ခြင်နိုင်ဖို့ ဖြစ်ပါတယ်။ မနက်က ဦးဇင်း ဒကာမကြီးတစ်ယောက်အိမ်ကို ဆွမ်းစားကြွပါတယ်။
 အဲဒီမှာ အနီးအနားရဲ့ လူနေထိုင်မှုအခြေအနေတွေ မေးကြည့်တယ်။ ဘာသာခြားတွေရဲ့ အခြေအနေတွေကိုပေါ့။ သူတို့အိမ်နား မနီးမဝေးမှာ

မလေးရှားရှိ ATM စက်များမှဒေါ်လာ ၁ဒသမ၂သန်း ခိုးယူခံရ


လက်တင်အမေရိက ဂိုဏ်းတစ် ခုသည် မလေးရှားနိုင်ငံ ဆီးလန်ဂေါ် ဂျိုဟော်နှင့် မာလက်ကာတို့မှ ATM စက် ၁၄ခုမှ မလေးရှားငွေ သုံးသန်း (စင်ကာပူဒေါ်လာ၁ဒသမ၁၆) သန်းနီးပါး ခိုးယူခဲ့သည်။
ထို ATM စက်များသည် Affin ဘဏ်၊ Ai Rojihi ဘဏ်နှင့် Isiam ဘဏ်တို့မှ ဖြစ်ပြီး ထိုဘဏ်များ၏ သီးခြားအကောင့်များမှာ ခိုးယူမခံခဲ့

လေကြောင်းမှ တိုက်ခိုက်ရုံဖြင့် IS အဖွဲ့ကို အပြီးသတ် မချေမှုန်းနိုင်ဟု ပင်တဂွန် ထိပ်တန်းအရာရှိ ပြောကြား


လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ရုံမျှဖြင့် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို အပြီးသတ် ချေမှုန်းနိုင်မည် မဟုတ်ဟု အမေရိကန် စစ်ဘက် ထိပ်တန်းပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သည့် နောက်တန်း စစ်သေနာပတိ ဂျွန်ကာဘီက IS

ပျောက်ဆုံးနေသည့် ရဟတ်ယာဉ်ကို ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်အတွင်း ပျက်လျက်တွေ့ရှိရဟု စင်ဟွာသတင်းတွင်ဖော်ပြ

ခါကာဘိုရာဇီ တွင် မြန်မာတောင်တက်သမားနှစ်ဦးတို့ကို ရှာဖွေနေသည့် အဖွဲ့မှ ပျောက်ဆုံးနေသည့် ရဟတ်ယာဉ်ကို ကချင်ပြည်နယ်၊ နောင်မွန်း မြို့နယ်အတွင်း ပျက်လျက်တွေ့ရှိရကြောင်း စင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။


နောင်မွန်းနယ်ထဲရှိ ကျေးရွာသားများ က ပေးပို့သည့်သတင်းကို ဒေသအာဏာ ပိုင်များက စက်တင်ဘာ ၃ဝရက်၊ ဒေသစံတော် ချိန် နံနက်၃နာရီ၌ လက်ခံရရှိခဲ့ကြောင်း၊ ယင်းအာဏာပိုင်များက တစ်ဖန်ရှာဖွေရေး အဖွဲ့များအခြေစိုက်ရာ ပူတာအိုမြို့သို့ ဆက် လက်သတင်းပို့ထားကြောင်း စင်ဟွာသတင်း အေဂျင်စီက ရေးသားဖော်ပြခဲ့သည်။

တစ်နိုင်ငံလုံးတွင် တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချရန်စီစဉ်

Photo: တစ်နိုင်ငံလုံးတွင် တန်ဖိုးနည်းအိမ်ရာများဆောက်လုပ်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချရန်စီစဉ်
==================================================

ရန်ကုန်၊ စက်တင်ဘာ ၃ဝ။

မြန်မာ နိုင်ငံတစ်နိုင်ငံလုံးတွင်ရှိသော ဌာန ပိုင်မြေများတွင် တန်ဖိုးနည်းအိမ်ရာ များ ဆောက်လုပ်ကာ အရစ်ကျစနစ် ဖြင့်ရောင်းချပေးရန် စီစဉ်နေကြောင်း  မွေးမြူရေး၊ ရေလုပ်ငန်းကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ယင်းစီမံကိန်းကို တစ်နိုင်ငံလုံး တွင်တည်ရှိသော ဌာနပိုင်မြေများ တွင် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ဝန်ကြီးဌာနရုံးတွင် တာဝန် ထမ်းဆောင်နေသူများနှင့် အရပ်ဘက် အိမ်ရာမရှိသော ပြည်သူများအ တွက် အရစ်ကျငွေပေးချေစနစ်ဖြင့် ပေးချေနိုင်သည့် တန်ဖိုးနည်းအိမ်ရာ အဆောက်အအုံဆောက်လုပ်ရန် ဝန် ကြီးဌာန၊ မြန်မာနိုင်ငံတကာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ နှင့် အကျိုးတူပူးပေါင်းဖော်ထုတ် နိုင်ရန် စိတ်ပါဝင်စားသူ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များကို စတင် ဖိတ်ခေါ်နေကြောင်း သိရသည်။

'' တစ်နိုင်ငံလုံးမှာရှိတဲ့ ဌာ နပိုင်မြေတွေမှာ ဆောက်လုပ်သွား မယ်။ အခုစပြီး စိတ်ဝင်စားတဲ့သူတွေ ကို ဖိတ်ခေါ်တာပါ။ အဓိကရည်ရွယ် တာကတော့ အိမ်ရာမရှိတဲ့သူတွေ ကို ဈေးသက်သက်သာသာနဲ့နေထိုင် နိုင်အောင်ပါ''ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှညွှန်ကြား ရေးမှူးချုပ် ဦးစိုးကိုကိုက ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် Town  Plan/Village plan (မြို့ပြ၊ကျေး  လက်စီမံကိန်း)များနှင့်အညီ တန်ဖိုး နည်းအိမ်ရာများ ဆောက်လုပ်မည့် မြေနေရာများကို ဝန်ကြီးဌာနမှ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီစီမံကိန်းကို အမြန်ဆုံးဖော် ဆောင်နိုင်ဖို့ လုပ်ကိုင်ဆောင်ရွက် နေပါတယ်။ စိတ်ဝင်စားသူတွေကို ဖိတ်ခေါ်တယ်။ ပြီးမှ လုပ်ငန်းခွင် ဆောင်ရွက်ခွင့်ကို ပြည်နယ်နှင့်တိုင်း ဒေသကြီးအလိုက် တင်ဒါစနစ်နဲ့ ရွေး ချယ်သွားမှာပါ။ အိမ်ရာမရှိတဲ့သူ တွေကို ဦးစားပေးမယ်။ ကျေးလက် တင်မဟုတ်ဘူး။ မြို့ပြမှာဆိုရင်လဲ ဆင် ခြေဖုံးတွေမှာ နေရတဲ့သူတွေအများ ကြီးပဲ''ဟု ဦးစိုးကိုကိုကပင် ပြောသည်။

ယင်းစီမံကိန်းကို ဖော်ဆောင် ရန် စတင်စီစဉ်နေခြင်းအဆင့်သာရှိ နေသေးခြင်းကြောင့် ဆောက်လုပ် မည့် အရေအတွက်နှင့်ကုန်ကျမည့် ငွေကြေးကို အသေးစိတ်တွက်ချက် နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အကျိုးတူ ပူးပေါင်းလုပ်ဆောင် ရန်စိတ်ဝင်စားသောကုမ္ပဏီများအ နေဖြင့် ကုမ္ပဏီ၏ အချက်အလက်များ နှင့်အတူ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနဝန်ထမ်းအိမ်ရာ နှင့် ကျေးလက်အိမ်ရာတည်ဆောက် ရေးအဖွဲ့သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။ 

AA

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
မြန်မာ နိုင်ငံတစ်နိုင်ငံလုံးတွင်ရှိသော ဌာန ပိုင်မြေများတွင် တန်ဖိုးနည်းအိမ်ရာ များ ဆောက်လုပ်ကာ အရစ်ကျစနစ် ဖြင့်ရောင်း ချပေးရန် စီစဉ်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းကျေး လက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

သက်တောင့်သက်သာ အလုပ်လုပ်ရမည်ဟု စည်းရုံးခေါ်ဆောင်လာပြီး လုပ်ခိုင်းတာက အနှိပ်ခန်း၊ ထွက်ပြေးနိုင်လို့တော်သေးတာပေါ့

ရှမ်းပြည်(မြောက်ပိုင်း)၊လား ရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၅)၊ ကွတ်ခိုင်လမ်းနှင့် ဘုရားလမ်းထောင့်တွင် ဖွင့်လှစ်ထားသော “ခန့်ရှိုး အလှပြုပြင်ရေးဆိုင်”မှ ထွက်ပြေး လာသူ အမျိုးသမီးငယ် တစ်ဦး
ကို အမှတ်(၁၆)လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအုပ်အောင် လိန်ကီး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်မျိုးသွင် ဦးစီးအဖွဲ့ ၀င်များနှင့်အတူ ရပ်ကွက်(၁)အုပ် ချုပ်ရေးမှူးရုံး၌  

ခရီးသွားမီးရထားတစီးပေါ်တွင်(၁၃) နှစ်အရွယ်ကလေးမလေး ကိုအဓမ္မပြုကျင့်ပြီးအလောင်းဖျောက်ခဲ့တဲ့ သူကိုသဒဏ်အမိန့် ချမှတ်

ထိုင်းနိုင်ငံ တောင်ပိုင်း ခရီးသွားမီးရထားတစီးပေါ်တွင် လိုက်ပါစီးနှင်း လာသည့်13 နှစ်အရွယ်ကလေးမလေးကို အဓမ္မပြုကျင့်ပြီးနောက် သတ်ပြီး ရထားပေါ်က ပစ်ချကာ အလောင်းဖျောက်ခဲ့တဲ့ ရထား ၀န်ထမ်းကို ဟွာဟင် ခရိုင်တရားရုံးက သေဒဏ်အမိန့် ချမှတ် လိုက်ပါ တယ်။

Waso Moe Oo

swimming pool fashion waso moe oo

အမေရိကန် မှာ အီဘိုလာ ရောဂါ ရှင် တွေ့ရှိ

အမေရိကန် နိုင်ငံမှာ ပထမဆုံး အီဘိုလာ ရောဂါ ကူးစက် ခံရတဲ့ ဝေဒနာ ရှင် တဦးကို တွေ့ရှိ ခဲ့ပါတယ်။
လိုင်ဘေးရီးယား နိုင်ငံမှာ ရောဂါ ကူးစက် ခဲ့တဲ့ အမျိုးသားဟာ တက်ဆက် ပြည်နယ်က ဖြစ်ပါတယ်။

တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲရာတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော ဗကသကျောင်းသူ မဖြူနှင်းထွေး၏ အာမခံ ထပ်မံပယ်ချခံရ

တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲရာတွင်ပါဝင်သည်ဟု စွပ်စွဲခံ ရသော ဗ.က.သ ကျောင်းသူ မဖြူနှင်းထွေးအမှု ဒုတိယမြောက် ရုံးချိန်း၌ အာမခံလျှောက်ထားခဲ့မှုအား ပယ်ချခံခဲ့ရပြီး ယခု တတိယမြောက် ရုံးချိန်း၌လည်း ဒုတိယအကြိမ်အဖြစ် အာမခံလျှောက် ထားရာ ထပ်မံပယ်ချခံခဲ့ရကြောင်း သိရသည်။

တောင်ဥက္ကလာပတွင် ဖြစ်ပွားနေသည့် ၀မ်းရောဂါမှာ သောက်သုံးရေ မသန့်ရှင်းမှုကြောင့်ဖြစ်

တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် စီမံကိန်း(၁)တွင် ဖြစ်ပွားနေသည့် ၀မ်းရောဂါမှာ သောက်သုံးရေ မသန့် ရှင်းမှုကြောင့်ဖြစ်ပြီး လူနာများ၏ဓာတ်ခွဲနမူနာများကို အမျိုးသား ကျန်းမာရေး ဓာတ်
ခွဲမှုဆိုင်ရာဌာန (NHL) သို့ ပေးပို့စစ်ဆေးထားကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သွေးရောင်လွှမ်းမယ့် သီတင်းကျွတ်လပြည့် လမင်းကြီး

လာမယ့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပြီး အဲ့ဒီ့နေမှာ လကြတ်ခြင်း ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။ ဒါဟာ လမင်းကြီးက ကမ္ဘာရဲ့ အရိပ် ကျရောက်နေတဲ့နေရာကို ဖြတ်သန်းသွားခြင်းကြောင့်ဘဲ ဖြစ်ပါတယ်။

ဗိုက်ပူလို့ စိတ်ညစ်နေသလား

စိန်ခေါ်မှုများစွာ ကြုံတွ့နေရတဲ့ ခုခေတ်အချိန်အခါမှာ ဘယ်သူက ကိုယ့်ဗိုက်ကို ဆယ့်နှစ်ရာသီ ပြားချပ်နေတာ မလိုချင်ဘဲ ဘယ်ရှိပါ့မလဲ။ အထူးသဖြင့် နည်းနည်းကျပ် အဝတ်အစားတွေနဲ့ အဝတ်အစားအတိုအပြတ်တွေ အရှိန်အဟုန်နဲ့ ခေတ်စားလို့လာတဲ့ ဒီအချိန်မှာလေ။ ရိုးရိုးရှင်းရှင်းနည်းနဲ့ပဲ သင့်ဗိုက်သားပြားချပ်နေအောင် ထိန်းသိမ်းဖို့ အလွယ်ဆုံးနည်းလမ်းတွေရှိပါတယ်။(၁) ညမအိပ်မီ လေးနာရီအတွင်း အစာမစားပါနဲ့

ကျပ်ငါးထောင်တန် ငွေစက္ကူအတုများပြည်သူများလက်ဝယ် မရောက်ရှိရေး မည်သို့ကာကွယ်ပေးမှာလဲ

Photo: ကျပ်ငါးထောင်တန် ငွေစက္ကူအတုများပြည်သူများလက်ဝယ် မရောက်ရှိရေး
မည်သို့ကာကွယ်ပေးမှာလဲ
===================================================

ကုန်မြို့၏ နာမည်ကျော်ဈေးကြီး တစ်ခုအတွင်း ရာသီပေါ်သီးနှံများအား 
ရောင်းချနေသည်မှာ ဆယ်နှစ်ကာလ သို့ရောက်ရှိလာပြီဖြစ်သော်လည်း ¤င်း၏ဆက်ဆံရေးကောင်းမွန်မှု၊ ဖော်ရွေမှုတို့ကြောင့် ဈေးရောင်းချသူအချင်းချင်းနှင့်သာမက ဈေး ဝယ်သူများ၊ ဈေးတာဝန်ခံများနှင့် တစ်ကြိမ် တစ်ခါမျှ စကားများရန်ဖြစ်ခြင်းမရှိခဲ့ချေ။ 

သို့သော်လည်း ယခုတွင်မူ သူမလုပ်ခဲ့သော အကြောင်းအရာတစ်ခုကြောင့် ပြစ်မှုတစ်ခုခု အားကျူးလွန်သော တရားခံတစ်ယောက်ပမာ သူရဲစခန်းသို့ရောက်ရှိခဲ့ပြီး စစ်ဆေးခံနေရသည်။

သူဈေးရောင်းနေရာသို့ရဲတပ်ဖွဲ့ဝင်များ ရုတ်တရက်ရောက်ရှိလာပြီး စစ်ဆေးမေးမြန်း ရန်ရှိသည်ဟုဆိုကာ လာရောက်ခေါ်ယူသွားသည့် အတွက် အလွန်အမင်းအံ့အားသင့်ထိတ်လန့် တုန်လှုပ်သွားခဲ့ရသကဲ့သို့ အနေအထိုင်အေး ဆေးပြီး ရိုးရိုးသားသား ဈေးရောင်းချခြင်းဖြင့် မိသားစု ဝမ်းစာရေးအား ဖြေရှင်းနေသောသူ့ အား ယခုကဲ့သို့လာရောက် ဖမ်းဆီးခေါ်ဆောင် ခြင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိဈေးရောင်း ချသူများပါ အံ့အားသင့်ခဲ့ရသည်ဟု ရန်ကုန်မြို့ ၏ နာမည်ကျော်ဈေးကြီးတစ်ခုအနီး ရာသီပေါ် သစ်သီးဝလံများရောင်းချသည့် ကိုဝင်းလှိုင် (အမည်လွှဲ)ကဆိုသည်။

''အဲဒီနေ့ညနေပိုင်းကခါတိုင်းလိုပဲဒီနေရာ မှာ ဈေးရောင်းနေတုန်း ရဲတွေရောက်လာ တယ်။ အစတုန်းကတော့ သူတို့လဲကိုယ့် ဆီမှာ ဈေးလာဝယ်တာထင်ပြီး ဘာဝယ်မလဲ လို့မေးတော့ သူတို့က ခင်ဗျားဆီမှာငါးထောင် တန်အတုတွေရှိတယ်လို့သတင်းရတဲ့အတွက် စစ်ဆေးစရာရှိလို့ရဲစခန်းကိုလိုက်ခဲ့ပါဆိုပြီးလာပြောတယ်။ အဲဒီလိုပြောတော့ကျွန်တော် လည်း တော်တော်အံ့သြသွားတယ်။ ကျွန်တော် ဘာသာ ကောင်းရောင်းကောင်းဝယ်လုပ်စား နေတာ။ ကျွန်တော့်ဆီမှာ ငါးထောင်တန်အတု ဆိုတာလည်း ကြားသာကြားဘူးတာ။မြင်ဖူးတာ လည်းမဟုတ်ဘူး။ အခုကျွန်တော်ဆီကနေငါး ထောင်တန်အတုရတယ်ဆိုတော့ တော်တော် လန့်သွားတယ်။ နောက်တော့ကျွန်တော်ဆိုင် ကို ဘေးနားမှာရှိတဲ့ ဆိုင်နီးချင်းတွေကို ခဏ အပ်ပြီး ရဲစခန်းကိုလိုက်သွားတယ်။ ဟိုရောက် တော့အမှုစစ်က ငါးထောင်တန်တစ်ရွက်ကို ထုတ်ပြပြီး ဒီပိုက်ဆံက ခင်ဗျားဆီကနေရတယ် လို့ခင်ဗျားအကြွေသွားလဲတဲ့ဆိုင်ရှင်ကပြောတယ်။ ခင်ဗျားဒီငွေကိုဘယ်ကနေဘယ်လိုရတာလဲဆိုပြီး မေးတယ်။ ကျွန်တော်ကလဲ ဈေးသည်ဆိုတော့ လူပေါင်းစုံနဲ့ဆက်ဆံနေရတဲ့ အတွက် အဲဒီပိုက်ဆံဘယ်ကနေ ဘယ်လိုရလဲ ဆိုတာ တော်တော်လေးစဉ်းစားရတယ်။ နောက် တော့မှ အဲဒီနေ့ညနေ ၃ နာရီလောက်မှာ ကျွန် တော်ဆိုင်ကို တရုတ်လိုလိုနိုင်ငံခြားသားနှစ် ယောက်ရောက်လာပြီး ဈေးမဆစ်ဘဲ ငွေကျပ် နှစ်သောင်းဖိုးသစ်သီးတွေ ဝယ်သွားတာကို ပြန် သတိရသလို အဲဒီငွေနှစ်သောင်းကိုလည်း အဲဒီ လူတွေကပဲ ငါးထောင်တန် အသစ်လေးရွက် ကို ပေးခဲ့တယ်ဆိုတာသတိရပြီးအမှုစစ်ကိုပြော ပြခဲ့တယ်'' ဟု ၄င်းကြုံတွေ့ခဲ့ရသော ဖြစ်စဉ် အား ကိုဝင်းလှိုင်ကရှင်းပြသည်။

ထိုနောက် ၄င်းအားအမှုစစ်ရဲအရာရှိမှ ထိုငွေများကို ပေးခဲ့သူများ၏ ပုံပန်းသဏ္ဌာန် များအား စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ၄င်း အား ယင်းငွေစက္ကူများမှာ အတုဖြစ်ကြောင်း၊ လက်ဝယ်တွေ့ရှိပါက ဥပဒေကြောင်းအရ ထောင်ဒဏ်ချမှတ်သည်အထိအရေးယူခံရနိုင် ကြောင်း၊ သို့သော် ၄င်းမှာ ရိုးသား၍မသိနား မလည်သူတစ်ဦးဖြစ်ကြောင်းပတ်ဝန်းကျင်မှ ထွက်ဆိုခဲ့သည့်အပြင် ရောင်းမှားဝယ်မှားဖြစ် ခြင်းကြောင့် ယခုကဲ့သို့ကြုံတွေ့ခဲ့ရသည်ကို နား လည်သဘောပေါက်မိကြောင်း၊ နောင်တွင် ထိုသို့ငါးထောင်ကျပ်တန်ငွေစက္ကူအတုများတွေ့ ရှိပါက နီးစပ်ရာရဲစခန်းသို့ အမြန်ဆုံးအကြောင်း ကြားရန် ပြောဆိုကာ ဖမ်းဆီးထိန်းသိမ်းခံရပြီး နောက်တစ်ရက်တွင်ပြန်လွှတ်ပေးခဲ့သည်ဟု ယင်းကဆိုသည်။

''အမှန်အတိုင်းပြောရရင်တော့ ကိုယ်လုပ် တာမဟုတ်ဘဲနဲ့ဖြစ်သွားတာ။ ဒါပေမဲ့ ကိုယ်တိုင် မကျူးလွန်ရဘဲ အချုပ်ခန်းထဲမှာ တစ်ညအိပ်ခဲ့ရတယ်။ ဈေးရောင်းလဲပျက် ခဲ့ရသလို အိမ်ကလူတွေလဲ စိတ်သောက ရောက်ခဲ့ရတယ်။ ကျွန်တော်လိုအဖြစ်မျိုးတခြား သူတွေကိုလဲ မဖြစ်စေချင်ဘူးဗျာ။သာမန် လူတွေအနေနဲ့ကတော့ ဒီလောက်နည်းပညာ တိုးတက်နေတဲ့ခေတ်ကြီးမှာ ငွေအတုအစစ် ဆိုတာကို ဘယ်လိုမှ  အလွယ်တကူခွဲနိုင်တာ မျိုးမဟုတ်တော့ ငါးထောင်တန်ဆိုရင်သတိနဲ့ လက်ခံသင့်တယ်။ ကျွန်တော်ဆိုရင်ဒီလိုပြဿနာ ဖြစ်ပြီးကတည်းက ငါးထောင်တန်နဲ့ဈေးလာ ဝယ်ရင် သိပ်မရောင်းရဲတော့ဘူး'' ဟု ကိုဝင်းလှိုင် ကထပ်မံပြောသည်။

ငါးထောင်ကျပ်တန် အတုပြဿ     နာ  မှာ ဗဟိုဘဏ်မှ ငါးထောင်ကျပ်တန် ငွေစက္ကူ အသစ်များ ထုတ်ဝေပြီးနောက် ထွက်ပေါ်လာခဲ့ ခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်ကဲ့သို့ မြို့ကြီး များတွင်သာမက ကျေးလက်ဒေသများသို့ပါ ပျံ့နှံ့လျက်ရှိသည်။

 ယင်းငွေစက္ကူအတုကြောင့် မသိနားမလည်ဘဲလက်ခံသုံးစွဲခဲ့သူများအနေ ဖြင့် လူမှုစီးပွားရေးဘဝများ ဆုံးရှုံးနစ်နာခဲ့ရ သည်မှာ မရေမတွက်နိုင်အောင် အများပင် ဖြစ်သည်။

သို့သော်ထိုငွေစက္ကူအတုများနှင့်ပတ်သက်၍သက်ဆိုင်ရာမှ ငွေစက္ကူအတုပြုလုပ် သူများအား ဖော်ထုတ် ဖမ်းဆီးအရေးယူလျက် ရှိသော်လည်း ဖမ်းဆီးရရှိမှုနှင့် ပြည်သူများ အတွင်း ပျံနှံ့လျက်ရှိသော ငါးထောင်ကျပ်တန် ငွေစက္ကူအတု ပမာဏနှင့်နှိုင်းယှဉ်ပါက မည်သို့ မျှ ပြောပလောက်သည့် အနေအထားက မရှိ သေးဟု စီးပွားရေးနှင့် ဥပဒေရေးအကြံပေး ပညာရှင် ဦးတင်မောင်သန်းက ဆိုသည်။

''ဒီမှာကငွေတုလုပ်တဲ့သူတွေကိုဖမ်းဆီး တယ် ဆိုပေမယ့် ထိထိရောက်ရောက်စုံစမ်း ဖော်ထုတ်တာမျိုး မတွေ့ရသေးဘူး။ လက်ရှိမှာ ကငွေတုတွေ့ရင်တွေ့တဲ့ငွေတုဘယ်နေရာကနေ ဘယ်လိုလာတယ်ဆိုတာကို ခြေရာခံပြီး လိုက်ဖမ်းတဲ့ အဆင့်ပုံစံမျိုးပဲရှိနေသေးတယ်။တကယ့်ကြီးကြီးမားမား လုပ်နေတဲ့သူတွေကို ဖမ်းမိတာမျိုးတော့မတွေ့ရသေးဘူး။ တခြား နိုင်ငံတွေမှာကတော့ငွေတုလုပ်တဲ့ဂိုဏ်းတွေ ကို အချိန်ယူ စုံစမ်းပြီးတစ်ခါတည်းအမြစ်ပြတ် ဖော်ထုတ်ဖမ်းဆီးတာမျိုးတွေရှိတယ်။ အခုက ဘယ်ကနေဝင်လာလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ဝင်လာ တယ်ဆိုတာကို သက်ဆိုင်ရာကိုယ်တိုင်ကသိ ပေမယ့် ထိထိရောက်ရောက်မလုပ်သေးလို့ ငွေတု တွေကပြည်သူတွေကြားထဲနဲ့စီးပွားရေးလုပ် ငန်းတွေကြားထဲပျံ့နှံ့ပြီး လက်ဝယ်မှာရှိတဲ့သူ တွေပဲ နစ်နာဆုံးရှုံးနေရတာ'' ဟု ယင်းကဆို သည်။

ထို့အပြင် လက်ရှိပြဋ္ဌာန်းထားသော တည် ဆဲဥပဒေအရ စီးပွားရေးလုပ်ကိုင်ရာမှ တစ်ဆင့် ဖြစ်စေ၊ အရောင်းအဝယ်ပြုလုပ်ရာမှတစ်ဆင့် ဖြစ်စေ၊ လစာပေးချေမှုမှ တစ်ဆင့်ဖြစ်စေ မည် သည့်အကြောင်းကြောင့်နှင့်ဖြစ်စေပေးချေသော ငွေများတွင် ငါးထောင်ကျပ်တန်အတုများပါ လာခဲ့ပြီး ထိုငွေစက္ကူအတုများအား အတုအစစ် မသိရှိဘဲ လက်ဝယ်တွင် ရှိနေသည်ဖြစ်စေ၊အသုံးပြုသည်ဖြစ်စေ၊ အစိုးရနှင့် ပုဂ္ဂလိက ဘဏ်များသို့ သွားရောက် အပ်နှံသည်ဖြစ်စေ  ငွေစက္ကူအတုအရေအတွက် များပြားစွာမသိ နားမလည်ဘဲငွေတုလက်ခံရရှိထားသူအားသက်ဆိုင်ရာမှ စစ်ဆေးတွေ့ရှိပါက ဦးစွာဖမ်း ဆီးအရေးယူခံရမည်ဖြစ်သည်။

 ထို့အပြင် ယင်း ငွေစက္ကူအတုများအား အတုမှန်းသိရှိသည့် အတွက် သက်ဆိုင်ရာသို့ သွားရောက်အပ်နှံ ပါကလည်း ထိုသို့သွားရောက်အပ်နှံသည့် အတွက် ယင်းငွေစက္ကူများနှင့်တန်ဖိုးညီမျှသော ငွေစက္ကူများအားရရှိနိုင်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော်အစိုးရပိုင်ဘဏ် များနှင့် ပုဂ္ဂလိကပိုင်ဘဏ်များ၌ ငွေလာရောက် အပ်နှံရာတွင် ငွေတုများပါဝင်ပါက ယင်းငွေ စက္ကူ၏တစ်ဝက်အားဖြဲ၍ ကျန်တစ်ဝက်အား ပြန်ပေးခြင်း၊ ငွေစက္ကူအတုအားသုံးစွဲ၍မရ စေရန် အပေါက်များဖောက်ကာ ပိုင်ရှင်အား ပြန်ပေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် လာရောက်အပ်နှံသောငွေအတုအရေ အတွက် များပါက သက်ဆိုင်ရာသို့အကြောင်း ကြားကာ လာရောက်အပ်နှံသူအား ဥပဒေ ကြောင်းအရ ထိုသက်ဆိုင်ရာ တာဝန်ရှိသူများ မှ ဆက်လက် ဆောင်ရွက်လျက်ရှိသည်ဟု အစိုးရပိုင်ဘဏ်များနှင့်ပုဂ္ဂလိကပိုင်ဘဏ်များ မှသိရသည်။

ထို့အတွက် မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ ထုတ်ထားသော ငွေစက္ကူများအနက် ဒုတိယတန်ဖိုးအကြီးဆုံးဖြစ်သည့်ငါးထောင် ကျပ်တန်၏ငွေစက္ကူအတုသည် မသိနားမလည် သူ တစ်ဦးဦး၏ လက်ဝယ်တွင်ရှိနေပါက မည် သို့မျှ အသုံးမဝင်ဘဲ အချိန်မရွေးအန္တရာယ် ပေးနိုင်သော စက္ကူတစ်ရွက်သာ ဖြစ်နေသည့် အပြင် ထိုငွေတုအား လက်ခံရရှိထားသူမှာ မြွေပါလည်းဆုံး သားလည်းဆုံးဆိုသည်စကား ပုံပမာဆုံးရှုံးနစ်နာမှုအတိဖြင့်သာ ကြုံတွေ့ရ မည်သာဖြစ်သည်။ 

ယင်းအပြင် ထိုငွေစက္ကူ အတုကြောင့် နိုင်ငံတွင်းလက်ရှိထုတ်ဝေနေ သော ငွေကြေးများအပေါ် ပြည်သူလူထုအနေ ဖြင့် ယုံကြည်မှုကင်းမဲ့လာခြင်း၊ ငွေကြေးဖောင်း ပွမှုနှင့်ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်းစီးပွားရေးပညာရှင်များကသုံးသပ်ပြောကြားသည်။

အလားတူ ငွေစက္ကူအတုများပြည်တွင်း ၌ပျံ့နှံ့မှုများလာပါက ကျပ်ငွေအပေါ် လူထု၏ ယုံကြည်မှုလျော့နည်းသွားပြီးစီးပွားရေးလုပ် ငန်းများတွင် အခက်အခဲ ကြုံတွေ့လာနိုင် ကြောင်း  နိုင်ငံတော်သမ္မတ၏လူမှုစီးပွားအကြံ ပေးအဖွဲ့ဝင် တစ်ဦးဖြစ်သော စီမံခန့်ခွဲရေး ပညာရှင် ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

''ငွေစက္ကူဆိုတာက နိုင်ငံတော်ရဲ့အရေး ကြီးပစ္စည်းတစ်ခုနဲ့ အတူတူပဲ။ ငွေစက္ကူတစ်မျိုး ကို စထုတ်မယ်ဆိုတဲ့ အချိန်ကတည်းက အတု အပပြုလုပ်လို့မရအောင် လုံခြုံရေးစနစ်ကို စနစ်တကျလုပ်ခဲ့ရမှာ။ အခုကျတော့အဲဒီလို လုံခြုံရေးစနစ်ကိုသေချာမလုပ်ဘဲပေါ့ပေါ့တန် တန် လုပ်ခဲ့တဲ့အတွက် ငွေစက္ကူအတုတွေ ထွက်ပေါ်လာသလို အဲဒီငွေစက္ကူအတုတွေ ကြောင့် မသိနားမလည်တဲ့ ပြည်သူတွေပဲ အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ကြုံတွေ့ရသလို နိုင်ငံရဲ့စီးပွားရေးမှာလည်း ငွေကြေးဖောင်း ပွမှုတွေဖြစ်ပြီး ကမောက်ကမတွေဖြစ်ကုန် တယ်။ နောက်ပြီး ဒီငွေအတုတွေကို မသိနား မလည်ဘဲ လက်ခံထားတဲ့ သူတွေအနေနဲ့ အတု မှန်းမသိလို့ ဆုံးရှုံးမှုတွေ အများကြီးဖြစ်ပေါ်ခဲ့ ပေမယ့် အတုမှန်းသိလို့ ဘဏ်ကိုသွားအပ်တဲ့ အချိန်ကျတော့လည်း ဆုံးရှုံးနစ်နာမှုရဲ့တစ်စိတ် တစ်ဒေသတောင်ပြန်မရဘူး။အမှန်တော့ဒီလို ဖြစ်ရတာက ဗဟိုဘဏ်က ငွေစက္ကူထုတ်တဲ့ အခါမှာ လုံခြုံရေးစနစ် တင်းကျပ်မှုမရှိခဲ့လို့၊ သက်ဆိုင်ရာအပိုင်းကလည်း ငွေတုလုပ်တဲ့သူတွေ ကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ မှုအပိုင်းတွေမှာအားနည်းခဲ့လို့ဖြစ်ရတာ''ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကံညွန့် ကဆိုသည်။

ယင်းအပြင် မကြာသေးမီနှစ် အတော အတွင်းက ထုတ်ဝေခဲ့သောငွေကျပ်တစ်သောင်း တန်များတွင်လည်း အတုများကိုလည်း ယခုအခါ တွေ့မြင်လာရကြောင်း၊ လတ်တလောအား ဖြင့် ငါးထောင်တန်အတုနှင့်တစ်သောင်းကျပ် တန်အတုများကို ယခုနှစ်ပိုင်းအတွင်း ပိုမို အတွေ့များလာကြောင်း၊ ယင်းငွေတုများအား ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် တွေ့ရှိရပြီး ကာလာ ပရင်တာကဲ့သို့ ရောင်စုံမိတ္တူကူးစက်များဖြင့် ပြုလုပ်ထားသော ငွေစက္ကူအတုများအား အလွယ် တကူ ခွဲခြားနိုင်သော်လည်း အဆင့်မြင့် နည်းပညာများဖြင့် ပြုလုပ်ထားသော ငွေစက္ကူ အတုများကိုမူ မခွဲခြားနိုင်ချေ။ ငွေအတုအစစ် ခွဲခြားနိုင်သည့် ကျွမ်းကျင် သူပညာရှင်များသာ သိရှိနိုင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်းဌာန၏ ငွေတုစစ်ဆေးရေးဌာနမှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရသိရ သည်။

ထို့သို့ငါးထောင်ကျပ်တန်ငွေ စက္ကူအတု များနှင့် ပတ်သက်၍မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ငါးထောင်ကျပ်တန် ငွေစက္ကူများ အား စတင်ထုတ်ဝေခဲ့သည့် ၂ဝဝ၉ခုနှစ် အောက်တိုဘာ ၁ရက်မှ ၂ဝ၁၃ခုနှစ် ဇန်နဝါရီ လအထိ ငါးထောင်ကျပ်တန် ပမာဏတန်ဖိုး ငွေ ၂၈ဝဝ ဘီလီယံကျော် ထုတ်ဝေထားပြီး ဘဏ်များတွင် ငွေကြေးလည်ပတ်မှုအရ ငွေ စက္ကူအတုလက်ခံရရှိနိုင်မှုရှိသော်လည်း လှည့် လည်သုံးစွဲနိုင်သည့် ပမာဏ မရှိကြောင်း၊ ယင်းငါးထောင်တန်ငွေစက္ကူများအား စတင်  ထုတ်ဝေခဲ့သည့် အချိန်မှစ၍ ၂ဝ၁၃ခုနှစ် ဇန်နဝါရီလအထိ ငါးထောင်ကျပ်တန်ငွေစက္ကူ အတု ၃၇၅၈ရွက်၊ တန်ဖိုးအားဖြင့် ငွေကျပ် တန်ဖိုး ၁၈၇၉ဝဝဝဝအား လက်ခံရရှိပြီး မှုခင်းတပ်ဖွဲ့မှူးရုံးအား ပေးပို့ခဲ့ကြောင်း၊ ငါး ထောင်ကျပ်တန် ငွေစက္ကူအတုများသည် မြန် မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ တွင် မလည်ပတ်နိုင်သော်လည်း စီးပွားရေး လောကတွင် လည်ပတ်နိုင်သည့်အတွက် ဗဟို ဘဏ်၏ ငွေကြေးစီမံခန့်ခွဲမှုဌာန၏ငွေကြေး ဆိုင်ရာ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်း များ အပိုဒ်-၄၁ပါ ပြဋ္ဌာန်းချက်များအတိုင်း အတုအစစ် ခွဲခြားနိုင်ရန် ပညာပေးခြင်း၊ တွေ့ရှိပါက အမှုဖွင့်တိုင်ကြားအရေးယူခြင်း၊ အတုအစစ် ခွဲခြားသည့် စက်များအသုံးပြု ခြင်းတို့ဖြင့် ထိန်းချုပ်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်ကပြည် သူ့ လွှတ်တော်အစည်းအဝေး တွင်ပြောကြား ခဲ့ကြောင်းသိရသည်။

သို့သော်ငွေတုများနှင့်ပတ်သက်၍ငွေတုစစ်ဆေးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ဒီငွေတုပြဿ     နာမှာတကယ်တမ်းတာဝန်ရှိတာ ကတော့ ဗဟိုဘဏ်ပဲဗျ။ ငွေစက္ကူတွေကိုဗဟို ဘဏ်ကထုတ်တာဆိုတော့ ငွေအတုတွေထိန်း ချုပ်ဖို့ကိုလဲ ဗဟိုဘဏ်ကဦးဆောင်ပြီးဆောင် ရွက်ပေးရမယ်။ ကျွန်တော်တို့ဌာနအနေနဲ့က တော့ ငွေအတုတွေ့တယ်ဆိုရင် ဟုတ်၊မဟုတ် စနစ်တကျစစ်ဆေးပြီးခွဲခြားဆုံးဖြတ်ပေးရတာ ပဲရှိတယ်''ဟု ပြောသည်။

လက်ရှိတွင် ငါးထောင်ကျပ်တန်ငွေစက္ကူ အတုများအား ပြည်တွင်း၌ထုတ်လုပ်နေခြင်း များရှိသကဲ့သို့ ပြည်ပနိုင်ငံများမှတစ်ဆင့်ဝင် ရောက်လာသည်များကိုလည်းတွေ့ရှိရကြောင်း ယင်းကဆက်လက်ပြောသည်။

ထိုသို့သော အခြေအနေများကြောင့်မြန် မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံတော်၏ဈေးကွက်စီးပွားရေးစနစ်ပီပြင် စွာဖြစ်ပေါ်လာ ရေးနှင့် ငွေရေးကြေးရေးစနစ် ခေတ်မီခိုင်မာ တိုးတက်လာစေရေးအတွက်  ဦးတည်ဆောင် ရွက်လျက်ရှိပြီး နိုင်ငံတကာအဆင့်မီ အဆင့် မြင့်လုံခြုံမှု  အဆင့်အတန်းရှိသော ငွေစက္ကူများ ကို ထုတ်ဝေခဲ့ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ၂ဝဝ၉ခုနှစ်၊ အောက်တိုဘာ ၁ရက်တွင် ထုတ်ဝေခဲ့သော ငါးထောင်ကျပ်တန်ငွေစက္ကူ ၏ တရားဝင် လှည့်လည်သုံးစွဲငွေအဖြစ် တည် ရှိနေမှုကို မထိခိုက်စေဘဲ ယင်းငွေစက္ကူ၏လုံခြုံမှုအဆင့်အတန်း ပိုမိုမြင့်မားစေ၍ အရည် အသွေးပိုမိုကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု သက်တမ်းပိုမိုရှည်ကြာစေရန် နှင့် အတုအပပြု လုပ်ခြင်းမှ ကာကွယ်ရန်အလို့ငှာ လုံခြုံရေးကြိုး ပုံစံသစ်၊ ရေစာသစ်နှင့် ငွေစက္ကူ၏မျက်နှာ ပြင်နှစ်ဖက်အား ဗားနစ် ( Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားသည့် ငါးထောင်ကျပ် တန် ငွေစက္ကူကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာ  ၁ ရက်မှ စတင်၍ ထုတ်ဝေသွားမည် ဖြစ်ပါ ကြောင်း၊ ယင်းငွေစက္ကူအသစ်တွင်မူလ ငါး ထောင်ကျပ်တန် ငွေစက္ကူ၏မျက်နှာစာတွင် ဒေါင်လိုက် ထည့်သွင်းထားသောအကန့်လိုက် ဆစ်ပိုင်းပြီးမြှုပ်နှံထားသည့် လုံခြုံရေးကြိုးအစား အရောင်ပြောင်းလဲနိုင်သည့် လုံခြုံရေးကြိုးအ သစ်ကို အကန့်လိုက်အဆစ်ပိုင်းပြီး ပြောင်း လဲထည့်သွင်းထားကြောင်း၊ယင်းလုံခြုံရေး ကြိုး အသစ်သည် ယခင်လုံခြုံရေးကြိုးထက် အရွယ် အစား ပိုမိုကြီးမား၍အရောင်လည်းပြောင်းလဲ နိုင်ပြီး ငွေစက္ကူအားကြည့်သည့် အနေအထား အပေါ် မူတည်၍ လုံခြုံရေးကြိုး၏အရောင် သည် ရွှေဝါရောင်မှ အစိမ်းရောင်သို့ ပြောင်း လဲနိုင်ကြောင်း၊ ငါးထောင်ကျပ်တန်ငွေစက္ကူ ၏မျက်နှာစာဖက်၊ လက်ယာဖက်အပိုင်းတွင် ပုံစံအသစ်ဖြင့်ပြုလုပ်ထားသည့် ဆင်ဖြူတော် ပုံ ရေစာပါရှိပြီး ငွေစက္ကူအားအလင်းရောင် တွင်ကြည့်ပါက ရေစာကို တွေ့နိုင်ကြောင်း၊ ငွေစက္ကူအား ဖုံးအုပ်ကာကွယ်ထားသည့် ဗားနစ် ( ဠမေညငျ့) အလွှာသည်ပြင်ပ မှ ရေခိုး ရေငွေ့များ၊ အရည်များနှင့် အရောင်စွန်း ထင်းနိုင်သော အရာများကြောင့် ငွေစက္ကူ၏အရည်အသွေးနိမ့်ကျ၍ ငွေစက္ကူပျက်စီး ခြင်းကို ကာကွယ်စေသဖြင့်  ငွေစက္ကူ၏အသုံး ပြုမှု သက်တမ်းကို ပိုမို ရှည်ကြာစေကြောင်း၊ ယခုထုတ်ဝေမည့် ငါးထောင်ကျပ်တန်ငွေ စက္ကူမှာ လုံခြုံရေးပုံစံသစ်၊ ရေစာသစ်၊ ငွေ စက္ကူမျက်နှာပြင်နှစ်ဖက်ကို ဗားနစ် ( ဠမေညငျ့) အလွှာဖြင့်ဖုံးအုပ်ကာကွယ်ထားခြင်းတို့မှ အပ ကျန်ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဌာန် နှင့် အရောင်သတ်မှတ်ချက်များသည် မူလငါး ထောင်ကျပ်တန်ငွေစက္ကူအတိုင်းဖြစ်ကြောင်း၊  လက်ရှိတရားဝင်လှည့်လည်သုံးစွဲလျက်ရှိ သော ငါးထောင်ကျပ်တန် ငွေစက္ကူများသည် လည်း တရားဝင်ငွေအဖြစ်ဆက်လက်တည်ရှိ မည်ဖြစ်ကြောင်း ဗဟိုဘဏ်မှထုတ်ပြန်ထား သည်။

ယင်းသို့ ဗဟိုဘဏ်မှ လုံခြုံရေးအဆင့်မြှင့် ထားသော ငါးထောင်ကျပ်တန်ငွေစက္ကူအသစ်များထပ်မံထုတ်ဝေမည့် ကြေညာချက် နှင့်ပတ်သက်၍ ''အခု ဗဟိုဘဏ်ကလုံခြုံရေး စနစ်အဆင့်မြှင့်ထားတဲ့ ငါးထောင်တန်အ သစ်တွေထပ်ထုတ်မယ်ဆိုတဲ့နေရာမှာ ရည်ရွယ် ချက်နဲ့ လုပ်ကိုင်တဲ့စနစ်ကတော့ ကောင်းပါ တယ်။ ဒါပေမဲ့ ဒီငွေစက္ကူအသစ်တွေကို ဘယ်လောက်ပမာဏရိုက်ထုတ်သွားမယ် ဆိုတာနဲ့ လက်ရှိသုံးစွဲနေတဲ့ ငါးထောင်တန် တွေကို ဘယ်လိုသိမ်းဆည်းသွားမလဲဆိုတာ တော့ ဗဟိုဘဏ်ရဲ့ကြေညာချက်ထဲမှာ ပါဝင် တာမတွေ့ရတော လက်ရှိရှိနေတဲ့အတုတွေ ကလည်း မပျောက်အသစ်ကလည်း ထပ်ထွက် လာရင် ငွေကြေးဖောင်းပွမှုနှုန်းတွေပိုမိုမြင့် မားလာပြီး ကုန်ဈေးနှုန်းတွေတက်လာမှာကို တော့ စိုးရိမ်စရာရှိတယ်''ဟု စီးပွားရေးလုပ် ငန်းရှင်ဦးကံညွန့်က သုံးသပ်ပြောကြားသည်။

ယင်းအပြင် ထိုသို့ငါးထောင်ကျပ်တန်ငွေစက္ကူအသစ်များထပ်မံထုတ်ဝေခြင်း ကြောင့် လက်ရှိအချိန်တွင်ငွေကြေးဖောင်းပွမှု ပြဿနာအားကြုံတွေ့လာနိုင်သကဲ့သို့ တိုင်း ပြည်၏စီးပွားရေးခိုင်မာတောင့်တင်းလာသည့် အချိန်၌ငွေကျုံ့မှုပြဿနာနှင့် ရင်ဆိုင်ရနိုင်သည့် အတွက် နှစ်ခါဆုံးရှုံးနိုင်သော အခြေအနေရှိ ကြောင်း၊ ငွေကြေးဖောင်းပွမှုနှင့် ငွေကျုံ့ခြင်း ဖြစ်ပေါ်မှုများလာပါက စစ်ပွဲတစ်ပွဲအားရှုံးသည် ထက်ကုန်ကျစရိတ်ပိုမိုများပြားကြောင်း၊ ဥပမာ အားဖြင့် ဂျပန်နိုင်ငံသည် ယခင်ကငွေစက္ကူ အများအပြားရိုက်နှိပ်ထုတ်ဝေခဲ့သည့် အတွက် ကြေးဖောင်းပွမှုများခဲ့ကြောင်း၊ ယခုအခါ ဂျပန် နိုင်ငံ၏စီးပွားရေးအခြေအနေမှာ များစွာတိုး တက်လာသော်လည်း ယခင်ကဖြစ်ပေါ်ခဲ့သော ငွေကြေးဖောင်းပွမှုများ၏ ဆန့်ကျင်ဖက်ဖြစ် သော ငွေကျုံမှုပြဿနာအားရင်ဆိုင်နေရ ကြောင်း စီးပွားရေးပညာရှင်ဦးတင်သန်းဦးက သုံးသပ်သည်။

''ငါးထောင်တန်အတုတွေပပျောက် အောင်ဆိုပြီး လုံခြုံရေးအဆင့်မြှင့်ထားတဲ့ ငါးထောင်တန်အသစ်တွေထပ်ထုတ်တာက ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လာစေဖို့ ပိုမိုအား ပေးသလိုဖြစ်နေတဲ့အတွက် တိုင်းပြည်အတွက် ရော၊ ပြည်သူတွေအတွက်ပါမကောင်းဘူးလို့ တော့မြင်တယ်။ အမှန်ကတော့ ဒီလိုငွေကြေး တွေထပ်ထုတ်တာဟာ အစိုးရဘတ်ဂျက်လို
ငွေပြမှုကိုကာမိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်တာပါဘဲ။ ဒါပေမဲ့လည်းတစ်ဖက်က လည်း အတုတွေပေါ်နေတဲ့အချိန်မှာလုံခြုံ ရေးအဆင့်မြှင့်ထားတဲ့ ငွေစက္ကူအသစ်တွေထပ်ထုတ်ခြင်းအားဖြင့် ပြည်သူလူထုအနေနဲ့ ငွေတုကြောင့် ဆုံးရှုံးနစ်နာမှုနည်းသွားနိုင် တယ်လို့ ဗဟိုဘဏ်ကယူဆထားပုံရတယ်။ ဒါပေမဲ့ ဒီလိုလုံခြုံရေးအဆင့်မြှင့်ထားတဲ့ငွေ စက္ကူအသစ်တွေထုတ်တဲ့နေရာမှာ ယခင် ထုတ်ထားတဲ့ငွေတွေကို ပြန်လဲမပေးဘဲ ဆက်ပြီး သုံးစွဲခွင့်ပြုထားတဲ့အပေါ်မှာ ပြည် သူတွေအနေနဲ့ကတော့ စိုးရိမ်ပူပန်မှုတွေအပြည့်ရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ ဗဟို ဘဏ်ကငွေစက္ကူအသစ်ထုတ်ရင် ယခင်ထုတ် ထားတဲ့ ငွေစက္ကူအဟောင်းတွေကို ဖြေးဖြေး ချင်းအသစ်နဲ့ အဟောင်းလဲပေးသွားရင်တော့ ပြဿနာမရှိနိုင်ဘူး။ ဒီလိုမဟုတ်ပဲ အသစ်နဲ့ အဟောင်းလည်းလဲ မပေးဘူးဆိုရင် ငွေတု ပြဿနာကို တစ်ဖက်ကစိုးရိမ်ပူပန်ရသလို တစ်ဖက်ကလည်း ယခင်ထုတ်ထားတဲ့ ငွေစက္ကူ တွေကို ပြန်သိမ်းခံရမှာကိုစိုးရိမ်နေတယ်။

 ဒါကလည်း မြန်မာနိုင်ငံမှာဗဟိုဘဏ်က ထုတ်ထားတဲ့ ငွေစက္ကူတွေကိုပဲ တရားမဝင် တော့ပါဘူးဆိုပြီး သုံးကြိမ်တိုင်တိုင်ဘာမှပြန် လဲလှယ်မပေးဘဲ ပြန်သိမ်းယူခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့လိုပဲ''ဟု ယင်းကဆိုသည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံ တွင် ငွေစက္ကူအများအပြားအား မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေခဲ့သော်လည်း ယင်းသို့ထုတ်ဝေလိုက်သည့် တန်ဖိုးကြီးငွေကြေး များသည့် ဗဟိုဘဏ်မှထုတ်ဝေလိုက်သောငွေ စက္ကူများ၏ လုံခြုံရေးဆိုင်ရာအားနည်းချက် များရှိနေခြင်းကြောင့်သော်လည်းကောင်း၊ ငွေကြေးအတုပြုလုပ်သူများအားထိရောက်စွာစုံစမ်းဖော်ထုတ်အရေးယူမှု အပိုင်းတွင် အားနည်းနေခြင်းကြောင့် သော်လည်းကောင်း၊ ငွေစက္ကူအတုများနှင့် ပတ်သတ်၍ ပြည်သူသို့ အသိပညာပေးမှုနည်းပါးခြင်းကြောင့်သော်လည်းကောင်း ငွေကြေးအတု ပြုလုပ်သူများနှင့် ယင်းငွေအတုများကား ယနေ့တိုင် တည်ရှိ နေဆဲပင်ဖြစ်သည်။ 

ထို့အပြင် ငွေစက္ကူအတု များအားအကြောင်း အမျိုးမျိုးကြောင့် လက် ခံရရှိထားသူများမှာလည်း ရှိနိုင်မည်ဖြစ်သည်။ ထိုသူများမှတစ်ဆင့် ငွေစက္ကူ အတုများထပ် မံပြန့်ပွားမှုမရှိစေရေးအတွက် ယင်းတို့ လက်ဝယ် တွင် ရှိနေသော ငွေစက္ကူ များအားအတုဟု သိရှိပါက ယင်းတို့၏အသိစိတ်ဖြင့် ထိုငွေကြေး များအားမည်သည့်နေရာမှမည်သို့ရရှိခဲ့သည် ဟုဆိုကာ သက်ဆိုင်ရာသို့ လာရောက်အပ်နှံမည်ဆိုပါက ငွေစက္ကူအတုပြဿနာမှာ အ နည်းငယ်လျော့ကျသွား နိုင်မည်ဖြစ်သကဲ့သို့ ဗဟိုဘဏ်မှ အသစ်ထုတ်ဝေမည့် လုံခြုံရေးအဆင့်မြှင့်တင်ထားသော ငါးထောင်ကျပ်တန် ငွေစက္ကူကဲ့သို့သော အခြား ငွေစက္ကူများအား ထပ်မံထုတ်ဝေရာတွင်လည်း အသုံးပြုမည် ဆိုပါက ငွေတုပြဿနာမှာ အတန့်အသင့်ပြေ လည်သွားဖွယ်ရာရှိသည်။

 သို့သော် ငွေတု ပြဿနာများအား ပြေလည်စေရန်အတွက် လုံခြုံရေးအဆင့်မြှင့်ထားသော် ငါးထောင် ကျပ်တန်ငွေစက္ကူများအား ထပ်မံထုတ် ဝေသည်ဟု ဆိုသော်ငြား ယင်းထပ်မံထုတ် ဝေသော ငွေစက္ကူများကြောင့် ငွေကြေး ဖောင်း ပွမှုများမဖြစ်ပေါ်စေရေးအတွက် မည်ကဲ့သို့ ပြင်ဆင်ထားသည်ကို ဗဟိုဘဏ်မှတစ်ပါး သိနိုင်မည်မဟုတ်။

မည်သို့ပင်ဆိုစေ လုံခြုံရေးအဆင့်မြှင့် ထားသည့် ကျပ်ငါးထောင်တန်ငွေစက္ကူများ ကို ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ထုတ်ဝေလိုက်ခြင်းအတွက် ကြိုဆိုရမည်ဖြစ် သည်။ 

ထိုရည်ရွယ်ချက်များထဲတွင် အတုအ ပပြုလုပ်မှုမှ ကာကွယ်ရန် ဟူသောအချက်တစ် ချက်လည်း ပါဝင်ရာ နောင်ထုတ်မည့်ကျပ်ငါး ထောင်အသစ်များအတွက် အတုအပမရှိနိုင် တော့ဟု ယုံကြည်ရပေမည်။ 

သို့သော်ယခင် ထုတ်ဝေပြီးသော ကျပ်ငါးထောင်များနှင့်အ တူပါဝင်လာမည့် အတုအပများကိုမူ မည်သို့ ပပျောက်အောင်၊ မသိနားမလည်သူများ မ သုံးစွဲမိအောင် စီမံဆောင်ရွက်ပေးမည်ကိုကား ပြည်သူများ အထူးစိတ်ဝင်တစားရှိနေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

သူရိန်မိုး

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
ကုန်မြို့၏ နာမည်ကျော်ဈေးကြီး တစ်ခုအတွင်း ရာသီပေါ်သီးနှံများအား
ရောင်းချနေသည်မှာ ဆယ်နှစ်ကာလ သို့ရောက်ရှိလာပြီဖြစ်သော်လည်း ¤င်း၏ဆက်ဆံရေးကောင်း မွန်မှု၊ ဖော်ရွေမှုတို့ကြောင့် ဈေးရောင်းချသူအချင်းချင်းနှင့်သာမက ဈေး ဝယ်သူများ၊ ဈေးတာဝန်ခံ များနှင့် တစ်ကြိမ် တစ်ခါမျှ စကားများရန်ဖြစ်ခြင်းမရှိခဲ့ချေ။

အလုပ်ရမည်ဆိုကာ ရွာသားမျာကိုလိမ်ညာငွေယူ



မော်လမြိုင်မြို့၊  ကျောက်တန်းကျေးရွာ၌ စက်တင်ဘာလ(၂၁) ရက်နေ့ နံနက်(၈)နာရီခန့်တွင်အသက်(၄၀)ကျော်ခန့် လူတစ်ဦး သည် ရွာထဲရှိ
လူ(၈)ဦးအား အလုပ်ပေးမည်ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် (၆၀၀၀)ဖြင့် ကျပ် ၄၈၀၀၀ လိမ်လည်ယူဆောင်သွားသည်ဟု သိရှိ ရသည်။
အဆိုပါ လိမ်ညာသူသည် ကျောက်တန်းကျေးရွာဆိုင်ကယ် အငှားဂိတ်၌ မိမိသည် စစ်မှုထမ်းဟောင်း ပြန်တမ်းဝင်အရာရှိတစ်ဦး ဖြစ်ပြီး ယခုအချိန်တွင် ရွှေသံလွင်ကုမ်္ပဏီ၏အလုပ်သမားခေါ်ဆောင် ရေးအဖွဲ့မှ တာဝန်ရှိသူဖြစ်ကြောင်း၊ ကျောက်တန်းကျေးရွာမှ ရွာသား များ