Tuesday, November 18, 2014

လိုင်စင်နှင့်စည်းကမ်း လိုက်နာမှု ရှိ၊ မရှိ KTV များကို စစ်ဆေးအရေးယူမည်

မကွေးမြို့ တွင် KTV နှင့် အရက်ဆိုင်များမှ အစ ပြုသည့် ရာဇဝတ်မှုခင်း ဖြစ်ပွားမှုများ ပြားလာသဖြင့် လိုင်စင်မဲ့အရက်ဆိုင်များ အား အရှိန်အဟုန်မြှင့် ဖမ်းဆီးလျက်ရှိ ပြီး လိုင်စင်မဲ့နှင့် စည်းကမ်းချက်များ မကိုက်ညီသည့် KTV များကိုလည်း ဆက်လက်အရေးယူသွားမည်ဖြစ် ကြောင်း မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားလိုက်သည်။

''လိုင်စင်မဲ့၊ သက်တမ်းလွန် KTV တွေ၊ လိုင်စင်စည်းကမ်းနဲ့မညီညွတ် တဲ့ KTV တွေကို တစ်ပြေးညီအရေး ယူနိုင်ဖို့ အုပ်ချုပ်ရေးပိုင်းနဲ့ စည်ပင် သာယာရေးဌာနတွေက ထုတ်ပြန် ထားတဲ့ စည်းကမ်းချက်တွေကို နိုဝင် ဘာ ၆ရက်က တောင်းခံထားပါတယ်။

စာရေးဆရာ ထင်လင်းဦး နဲ့ ပတ်သက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားထုတ်ပြန်ချက်

Photo: စာရေးဆရာ ထင်လင်းဦး နဲ့ ပတ်သက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားထုတ်ပြန်ချက်

Photo- National League for Democracy

ကေ အိုင် အေ (က ချင်) အ ဖွဲ့ မှ ထောင် ထား သည့် မိုင်း အား နင်း မိ ပေါက် ကွဲ

Photo: ကေ အိုင် အေ (က ချင်) အ ဖွဲ့ မှ ထောင် ထား သည့် မိုင်း အား နင်း မိ ပေါက် ကွဲ
Tuesday, November 18, 2014

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ ဝါရာဇွပ်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့် အကွာ နန့်ဆိုင်း ချောင်းဘေး၌ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ဝါရာဇွပ်ကျေးရွာနေ ဦးအင်ဂိန်နော်ဂျာ ၃၁ နှစ်နှင့် နမ္မတီး ကျေးရွာနေ ဦးလဂျာတူးဝျာ တို့သည် ကေအိုင်အေ (ကချင်)အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်းအား နင်းမိ ပေါက်ကွဲခဲ့သဖြင့် ဦးအင်ဂိန်နော်ဂျာတွင် ယာ လက်မောင်းရိုးကျိုး၊ ယာပေါင်ရင်း ပေါက်ပြဲ ဒဏ်ရာနှင့် ဦးလဂျာတူးဝျာတွင် ဝဲဘက် ခြေဖနောင့် ပေါက်ပြဲဒဏ်ရာ အသီးသီး ရရှိခဲ့သည်။ အဆိုပါ မိုင်းထိလူနာ များအား မြစ်ကြီးနား ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ ဝါရာဇွပ်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့် အကွာ နန့်ဆိုင်း ချောင်းဘေး၌ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ဝါရာဇွပ်ကျေးရွာနေ ဦးအင်ဂိန်နော်ဂျာ ၃၁ နှစ်နှင့် နမ္မတီး

တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူ ၆၀၀ နီးပါး တင်ဆောင်လာသည့်လှေ ဖမ်းမိ

ဓာတ်ပုံ - ရိုက်တာ
မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်နိမိတ်အနီး ဘင်္ဂလား ပင်လယ်အော်ထဲမှာ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ ၆၀၀ လောက်ကို တင်ဆောင်လာတဲ့ လှေတစီး ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းမိခဲ့ပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက စိန့်မာတင်ကျွန်းရဲ့ အရှေ့တောင်ပိုင်းက ရေမိုင် ၅၀ အကွာလောက်မှာ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲ ၀င်ရောက်လာတဲ့လှေကို ရေတပ်သင်္ဘောက တားဆီးလိုက်ပြီး ဖမ်းဆီးခဲ့တာလို့ အမည်မဖော်လိုသူ ရေတပ်အရာရှိတယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ကာကွယ်ရေး ဘတ်ဂျက်လျှော့၍ ကလေးသူငယ် အခွင့်အရေးအတွက် အသုံးပြုရန် သမ္မတထံစာပို့


President-Thein-Sein-2
ရန်ကုန် (မဇ္ဈိမ)။ ။ ကာကွယ်ရေး ကဏ္ဍအတွက် ဘတ်ဂျက်များ အလွန်အကျွံ သုံးစွဲခြင်းများကို လျှော့ချကာ ကလေးသူငယ် အခွင့်အရေးအတွက် ပိုမိုအသုံးပြုရန် အပါအ၀င် ကလေးသူငယ်အခွင့် အရေးများအတွက် လိုအပ်ချက်များ ကို လူ့အခွင့်အရေး အဖွဲ့ အစည်းများက နိုဝင်ဘာ ၁၇ ရက်တွင် သမ္မတ ဦးသိန်းစိန်ထံ စာပို့၍ တောင်းဆို လိုက်သည်။မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ စာချုပ်တွင် လက်မှတ်ရေးထိုးထားခဲ့ပြီး နိုဝင်ဘာ ၂၀ ရက် တွင် အဆိုပါစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်မှာ နှစ်ဆယ့်သုံးနှစ်ပြည့် ခဲ့ပြီဖြစ်သည်။

မြေလတ်ဒေသတွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၄အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှားမှုကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်ပေါ်ခဲ့

မကွေးတိုင်း ဒေသကြီး၏ မြေလတ်ဒေသတစ်ခု ဖြစ်သော ချောက်မြို့၏အနောက် တောင်ဘက်မိုင် ၃ဝအကွာနှင့်မန္တလေး မြေငလျင်စခန်း၏အနောက်တောင် ဘက်မိုင် ၁၄ဝကိုဗဟိုပြုပြီး နိုဝင်ဘာ ၁၇ရက်နံနက် ၁၁နာရီတွင် ရစ်ခ်ျတာ စကေး ၅ ဒသမ ၄အဆင့်ရှိ မြေငလျင် တစ်ခုလှုပ် ခတ်သွားကြောင်း နေပြည် တော်မြေ ငလျင်တိုင်းတာရေးဌာနမှ သိရသည်။

မြေငလျင်လှုပ်ခတ်သွားမှုကို တိုင်းတာရာတွင် အနီးဆုံးချောက်မြို့ ကိုယူထားပြီး ယင်းလှုပ်ခတ်မှုကြောင့် ချောက်မြို့နှင့်နီးစပ်သော စလင်းမြို့ နယ်ရှိ မြေစိုက်အိမ်များလှုပ်ယမ်းခဲ့ သည်။ ထို့ပြင်ဈေးအတွင်းရှိ ပစ္စည်း ထည့်သည့် ဗီရိုကြီးများလည်း ခဏ တာ လှုပ်ယမ်းသွားခဲ့ပြီး ဒေသခံများ ပင် အထိတ်တလန့်ဖြစ်ပေါ်ခဲ့ကြ ကြောင်း စလင်းမြို့ခံများက ပြော ဆိုကြသည်။

တရားမဝင် ဆေးဝါး ၁၂၀,၀၀၀ သယ်ဆောင်လာသော ထိုင်းသံဃာတစ်ပါးကို ဖမ်းဆီးခဲ့

Photo: တရားမဝင် ဆေးဝါး ၁၂၀,၀၀၀ သယ်ဆောင်လာသော ထိုင်းသံဃာတစ်ပါးကို ဖမ်းဆီးခဲ့ 
Tuesday, November 18, 2014

စိတ်ကြွဆေးထက် ပိုမိုအချိန်ကြာမြင့်သည့် အာနိသင်ရှိသော တရားမ၀င် ဆေးဝါး ၁၂၀,၀၀၀ ကို သယ်ဆောင်လာသည့် သံဃာတစ်ပါးကို နိုဝင်ဘာ ၁၆ ရက် ညက ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ ချွန်သုန် ဒေသမှ ဘန်ကောက်သို့ သွားရောက်သည့် ခရီးသည်တင် ဘတ်စကားတစ်စီးပေါ်တွင် ဖမ်းဆီးခဲ့သည်ဟု ထိုင်းရဲများက ပြောကြားခဲ့သည်။ထိုင်းနိုင်ငံ လမ်ဖွန်မြို့၏ လီအရပ်ဒေသတွင်ရှိသော ဘန်ဝန်ဒင် စစ်ဆေးရေးဂိတ်တွင် ရဲများနှင့် စစ်သားများ ပူးပေါင်း၍ ခရီးသည်တင် ဘတ်စကားများကို ပုံမှန် ရှာဖွေမှုများ ပြုလုပ်နေစဉ်အတွင်း အဆိုပါ မသင်္ကာဖွယ် သံဃာတစ်ပါးကို ည ၉ နာရီ ၄၅ မိနစ်ခန့်က သတိထားမိခဲ့ခြင်းဖြစ်သည်။

၎င်း သံဃာတော်၏ အိတ်နှစ်လုံးကို ရှာဖွေရာတွင် တရားမ၀င် ဆေးဝါးအတု ၁၂၀,၀၀၀ ပါဝင်သော အထုပ် ၆၀ နှင့်အတူ မိုဘိုင်းဖုန်းတစ်လုံး နှင့် ဘတ်ငွေ ၂,၂၀၀ ကို တွေ့ရှိခဲ့သည်။

သက်တော် ၄၇ ရှိ ဖရာ သာနာယုသ် ပိုဆင် ဆိုသည့် အဆိုပါ သံဃာတော်က ယင်းဆေးများကို ချင်မိုင်ရှိ ချွန်သုန် ဒေသမှ ၀က်ဖရို ဘူရီရှိ  ဆေးဝါးလက်ခံသူ တစ်ဦးထံသို့ ပို့ဆောင်ရန်အတွက် ဒယ်အုန်းဆိုသည့် အခြားသော သံဃာတစ်ပါးထံမှ ဘတ်ငွေ ၅၀,၀၀၀ ဖြင့် ယူဆောင်လာခြင်းဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။ ထို့ပြင် လက်ရှိတွင် ဘတ်ငွေ ၁၀,၀၀၀ကို ကြိုတင်ရယူထားပြီး ဆေးဝါးများ ပို့ဆောင်မှုလုပ်ငန်းပြီးဆုံးချိန်တွင် ကျန်ရှိသည့် ငွေပမာဏကို ရရှိမည်ဖြစ်သည်ဟု အဆိုပါသံဃာက ထွက်ဆိုခဲ့သည်။

Mizzima
စိတ်ကြွဆေးထက် ပိုမိုအချိန်ကြာမြင့်သည့် အာနိသင်ရှိသော တရားမ၀င် ဆေးဝါး ၁၂၀,၀၀၀ ကို သယ်ဆောင်လာသည့် သံဃာတစ်ပါးကို နိုဝင်ဘာ ၁၆ ရက် ညက ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ ချွန်သုန် ဒေသမှ ဘန်ကောက်သို့ သွားရောက်သည့် ခရီးသည်တင် ဘတ်စကားတစ်စီးပေါ်တွင် ဖမ်းဆီးခဲ့သည်ဟု ထိုင်းရဲများက ပြောကြားခဲ့သည်။ထိုင်းနိုင်ငံ လမ်ဖွန်မြို့၏ လီအရပ်ဒေသတွင်ရှိသော ဘန်ဝန်ဒင် စစ်ဆေးရေးဂိတ်တွင် ရဲများနှင့် စစ်သားများ ပူးပေါင်း၍ ခရီးသည်တင် ဘတ်စကားများကို ပုံမှန် ရှာဖွေမှုများ ပြုလုပ်နေစဉ်အတွင်း အဆိုပါ မသင်္ကာဖွယ် သံဃာတစ်ပါးကို ည ၉ နာရီ ၄၅ မိနစ်ခန့်က သတိထားမိခဲ့ခြင်းဖြစ်သည်။

မြေလတ်ဒေသတွင် ရစ်ခ်ျတာစကေး ၅ ဒသမ ၄အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှားမှုကြောင့် ပြည်သူများအထိတ်တလန့်ဖြစ်ပေါ်ခဲ့

မကွေးတိုင်း ဒေသကြီး၏ မြေလတ်ဒေသတစ်ခု ဖြစ်သော ချောက်မြို့၏အနောက် တောင်ဘက်မိုင် ၃ဝအကွာနှင့်မန္တလေး မြေငလျင်စခန်း၏အနောက်တောင် ဘက်မိုင် ၁၄ဝကိုဗဟိုပြုပြီး နိုဝင်ဘာ ၁၇ရက်နံနက် ၁၁နာရီတွင် ရစ်ခ်ျတာ စကေး ၅ ဒသမ ၄အဆင့်ရှိ မြေငလျင် တစ်ခုလှုပ် ခတ်သွားကြောင်း နေပြည် တော်မြေ ငလျင်တိုင်းတာရေးဌာနမှ သိရသည်။

ကိုယ်စားလှယ်များ ပါတီပြောင်းပါက ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းရန် တပ်မတော်သားကိုယ်စားလှယ်တစ်ဦး လွှတ်တော်သို့ တင်သွင်း

နိုင်ငံရေးပါတီ တစ်ခုမှ အခြားပါတီတစ်ခုသို့ ကူး ပြောင်းသွားသည့် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ပြန်လည်ရုပ်သိမ်းခွင့်ကို ဖွဲ့စည်း ပုံအခြေခံဥပဒေတွင် အသစ်ဖြည့် စွက်ပြဋ္ဌာန်းပေးရန် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြည်ထောင်စု လွှတ် တော်သို့ တင်ပြဆွေးနွေးလိုက် သည်။

အမျိုးသားပညာရေးဥပဒေ ဆန္ဒပြမှု ဆရာများအဖွဲ့ချုပ် ထောက်ခံ

Photo: အမျိုးသားပညာရေးဥပဒေ ဆန္ဒပြမှု ဆရာများအဖွဲ့ချုပ် ထောက်ခံ
Tuesday, November 18, 2014

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုသပိတ် ဆင်နွှဲနေတဲ့ ကျောင်းသားတွေအနေနဲ့ ပြေလည်နိုင်မယ့် နည်းလမ်းတွေကို ပညာရေးတာဝန်ရှိသူတွေနဲ့ မျက်နှာခြင်းဆိုင် တွေ့ဆုံညှိနှိုင်းဖြေရှင်းကြပါလို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောဆို လိုက်ပါတယ်။ ဒီပညာရေးဥပဒေပါ အချက်တွေကိုပြင်ဆင်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ အများပြည်သူ၊ ကျောင်းသားထုနဲ့ဆရာဆရာမတွေရဲ့ သဘောဆန္ဒမပါဘဲ ရေးဆွဲခဲ့တဲ့ပညာရေးဥပဒေအပေါ် ကျောင်းသားထုရဲ့ အခုလိုငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အနေနဲ့ ခြွင်းချက်မရှိ ထောက်ခံတယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ မဆုမွန်က တင်ပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားတွေရဲ့သပိတ် ရက်ဆက် လာချိန်မှာပဲ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အဆင့်မြင့်ပညာဦးစီးဌာနတာဝန်ရှိသူတွေက သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ရွှေတိဂုံစေတီ ကြေးသွန်းဘုရားကြီးမှာ လာရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ကြားဝင်ညှိနှိုင်းပေးမယ်လို့ အလွတ်သဘော လာရောက် ဆွေးနွေးမှုကို ကျောင်းသားတွေက ပယ်ချခဲ့ပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့မှာတော့ကျောင်းသားထုအနေနဲ့ တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ ပြေလည်အောင် အဖြေရှာ ဖြေရှင်းကြပါလို့ အဆင့်မြင့်ပညာ ဦးစီးဌာန အောက်မြန်မာပြည်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျောင်းသားတွေ ဆန္ဒပြတဲ့ကိစ္စက သူတို့တွေ ကြေညာချက်ထုတ်ပြန်တယ်။ အဲဒီကြေညာချက်ထုတ်ပြန်ထားတဲ့အချက်အားလုံးသည် သူတို့ရဲ့ လိုလားချက် အမှန်သာဖြစ်လျှင် ဒါသည် မလုပ်နိုင်တဲ့ကိစ္စ တစ်ခုမှမရှိဘူး။ ..ဖြစ်တဲ့အတွက် ကျနော်တို့က တယောက်နဲ့တယောက် မျက်နှာချင်းဆိုင် တိုင်ပင်ပြီးတော့မှ …လုပ်နိုင်ဖို့၊ ဆောင်ရွက်ဖို့ လိုတော့တဲ့အနေအထားပဲဖြစ်တယ်။ ဒါသည် လိုလားချက်အမှန်ဖြစ်ဖို့ပဲ လိုတယ်။ လိုလားချက်အမှန်သာ ဖြစ်ခဲ့လို့ရှိရင် မျက်နှာချင်းဆိုင် ဆွေးနွေးပြီးတော့မှ ဒါကို ဘယ်လို ရအောင်လုပ်မလဲဆိုတဲ့ နည်းလမ်းရှာလို့ရတဲ့ ကိစ္စတွေချည့်ပဲဖြစ်တယ်။ ဆန့်ကျင်ဘက်တစ်ခုမှမရှိဘူးဆိုတာ ပြောပြချင်တယ်။”

ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ကျောင်းသားအခွင့်အရေးတွေကို ကန့်သတ်ထိန်းချုပ်မှုထားတဲ့ ပညာရေးစနစ်အပေါ် သဘောမတူဘူးလို့ အများပြည်သူ မိဘ ဆရာ ကျောင်းသားတွေရဲ့ သဘောထားဆန္ဒတွေကို အကြိမ်ကြိမ်တင်ပြ တောင်းဆိုပြီးဖြစ်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသုတက ဗွီအိုအေကိုပြောပါတယ်။

“ဆရာတွေဘက်ကပေါ့နော်၊ ကျောင်းသားတွေ ဆန္ဒမပြခင် ကျနော်တို့ ညှိနှိုင်းယူတယ်။ ကျနော်တို့ ဒါတွေကတော့ လက်မခံနိုင်ဘူး၊ ဒီအချက်၊ ဒီ အချက်တွေကို ပြင်ပေးပါဆိုတာ လုံးဝ မပြင်ဘူး။ ကျနော်တို့ ဆရာဆရာမများအဖွဲ့ချုပ်က တောင်းဆိုတဲ့ (၉) ချက်ကို လုံးဝ မလိုက်လျောဘဲနဲ့ သူတို့ အတည်ပြုလိုက်တယ်ဗျာ။ အခုရောက်မှ ညှိနှိုင်းလို့ရတယ်ဆိုတာ ဒါ လက်ခံနိုင်ခြေမရှိဘူး။ ထမင်းရည်ပူလျှာလွှဲ ပြောတဲ့စကားမျိုး၊ ပြဿနာ တခုဖြစ်တော့မှ ကျောင်းသားတွေပဲ အဆိုးဖြစ်အောင် ကျောင်းသားတွေဗျာ၊ ဒဂုံတက္ကသိုလ်ပြတယ်။ နောက်ပြီး ရန်ကုန်တက္ကသိုလ်ဆန္ဒပြတယ်၊ အဲဒီတော့ မုံရွာတက္ကသိုလ်မှာလည်း ဆန္ဒပြတယ်။ တက္ကသိုလ်အသီးသီးမှာ ဆန္ဒပြသွားတဲ့အချိန်မှာ သူတို့က ဘာမှမလုပ်ဘဲနဲ့ ကျောင်းသားတွေကို အမျိုးမျိုး ဖိအားပေးပြီးတော့ ကျောင်းသားသမဂ္ဂဖျက်ဆီးရေး၊ ဖြိုခွင်းရေးကိုပဲ သူတို့ အာရုံစူးစိုက်ခဲ့တယ်။ ဒါ သူတို့ရဲ့မှားယွင်းမှုတရပ်ပဲဗျ။ အခုရောက်ကာမှ သူတို့က ညှိနှိုင်းလို့ရတယ်ဆိုပြီး ပြောတယ်။ ညှိနှိုင်းလို့ရခဲ့တယ်ဆိုရင် သမ္မတက ဘာကြောင့် ကျနော်တို့ ညှိနှိုင်းခဲ့တာကို လက်မခံဘဲနဲ့ ဒီအတိုင်းကြီး အတည်ပြုခဲ့သလဲ။ ပြီးတော့ လွှတ်တော်ကရော ဘာကြောင့် ဒီအတိုင်း အတည်ပြုခဲ့သလဲ။ အဲဒီတော့ လွှတ်တော်ရော၊ အစိုးရအဖွဲ့မှာရော လုံးဝ တာဝန်ရှိတယ်။”

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုရဲ့သပိတ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်အနေနဲ့ ခြွင်းချက်မရှိ ထောက်ခံတယ်လို့လည်း အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောပါတယ်။ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးတဲ့ အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲပေးဖို့ကို နိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်တွေ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ဆက်လက် တောင်းဆိုသွားကြမှာဖြစ်တယ် လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။

“အမျိုးသားပညာရေးဥပဒေနဲ့ပြဌာန်းပြီးတော့ ကျောင်းသားတွေရော၊ ဆရာ ဆရာမတွေရောကို နှိပ်ကွပ်တဲ့ဥပဒေဖြစ်နေတာတော့ လက်ခံနိုင်စရာမရှိတဲ့ အခြေအနေတရပ်ပေါ့နော်၊ အဲဒါကြောင့်မို့လို့ ကျနော်တို့က ကျောင်းသားတွေရဲ့လုပ်ရပ်ကို ခြွင်းချက်မရှိ အပြည့်အဝထောက်ခံပါတယ်ခင်ဗျ။ ကျနော်တို့က ပြည်သူ့ဝန်ထမ်းဖြစ်တဲ့အတွက် ပြည်သူတွေလိုလားတဲ့ဥပဒေကိုတော့ ဥပဒေနဲ့အညီ တောင်းဆိုသွားမှာပါ။ အဲဒီတော့ ဒါက တော်တော် ဝမ်းနည်းစရာ ကောင်းတာပေါ့။ တဘက်ကပြောရင်လည်း ကျနော်တို့က ပြောင်းလဲပါတယ်၊ ပြောင်းလဲပါတယ်ပြောတယ်။ အခု လေးနှစ်အတွင်းမှာဗျာ၊ ဒီတက္ကသိုလ်တွေမှာ အုပ်ချုပ်မှုတွေမှာ လုံးဝမပြောင်းလဲဘူး။ အာဏာရှင်ဆန်ဆန်ပဲသွားတဲ့အတွက် အာဏာရှင်ပညာရေးဆိုတော့ အရင်ကိုလိုနီပညာရေးထက်ဆိုးတဲ့ အခြေအနေရောက်နေတာပေါ့။ ပါမောက္ခချုပ်တွေက သူတို့လုပ်ချင်ရာလုပ်တယ်။ အဲဒီတော့ ပါမောက္ခချုပ်နဲ့ ဝန်ကြီး level တွေက၊ ညွှန်ကြားရေးမှူးချုပ် level တွေက အကုန်လုံးက လာဘ်ပေးလာဘ်ယူတွေမှာ ပါဝင်ပတ်သက်နေတော့ သူတို့က ဒါကို မပြောင်းချင်တာ အဓိကပဲဗျ။ အဲဒီတော့ လူကြီးတွေရဲ့ mindset ပေါ့နော်၊ စိတ်ဓာတ်မပြောင်းသရွေ့ ကျနော်တို့ရဲ့ပညာရေးက ပြောင်းလဲမှာမဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့က ဥပဒေနဲ့အညီ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာက ပေးထားတဲ့အကူအညီတွေကလည်း ပညာရေးမှာ အဟောသိကံဖြစ်နေတာတွေက အများကြီးပဲ။ အဲဒါကြောင့်မို့လို့ လက်ရှိအစိုးရက သူလုပ်ချင်ရာကို လုပ်လို့ရအောင် အာဏာရှင်သက်ဆိုးရှည်အောင်လို့ လုပ်နေတဲ့သဘောလို့ပဲ ကျနော်ထင်တယ်ဗျ။”

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျောင်းသားသပိတ် လေးရက်မြောက်နေ့ဖြစ်လာပြီဖြစ်ပြီး တောင်းဆိုတဲ့အချက်တွေကို မလိုက်လျော ပေးဘူးဆိုရင် ဆက်လက်တောင်းဆိုတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း ကျောင်းသားတွေ စုဖွဲ့ထားတဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကော်မတီက ပြောဆိုထားပါတယ်။

သမ္မတလက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေကြတဲ့ ကျောင်းသားများ။ (နိုဝင်ဘာ ၁၇၊ ၂၀၁၄)
VOA
အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုသပိတ် ဆင်နွှဲနေတဲ့ ကျောင်းသားတွေအနေနဲ့ ပြေလည်နိုင်မယ့် နည်းလမ်းတွေကို ပညာရေးတာဝန်ရှိသူတွေနဲ့ မျက်နှာခြင်းဆိုင် တွေ့ဆုံညှိနှိုင်းဖြေရှင်းကြပါလို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောဆို လိုက်ပါတယ်။ ဒီပညာရေးဥပဒေပါ အချက်တွေကိုပြင်ဆင်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ အများပြည်သူ၊ ကျောင်းသားထုနဲ့ဆရာဆရာမတွေရဲ့ သဘောဆန္ဒမပါဘဲ ရေးဆွဲခဲ့တဲ့ပညာရေးဥပဒေအပေါ် ကျောင်းသားထုရဲ့ အခုလိုငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်အနေနဲ့ ခြွင်းချက်မရှိ ထောက်ခံတယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံ မဆုမွန်က တင်ပြပေးထားပါတယ်။

ကက်ဆင်အား IS အဖွဲ့က သတ်ဖြတ်ခဲ့ခြင်းမှာ အလွန်ဆိုးယုတ်လှသော လုပ်ရပ်ဟု အိုဘားမားပြော

Photo: ကက်ဆင်အား IS အဖွဲ့က သတ်ဖြတ်ခဲ့ခြင်းမှာ အလွန်ဆိုးယုတ်လှသော လုပ်ရပ်ဟု အိုဘားမားပြော
Tuesday, November 18, 2014

ဘေရွတ်၊ နိုဝင်ဘာ ၁၇။ အမေရိကန် လူမှုကူညီရေး ဝန်ထမ်း အက်ဘ်ဒူလ်ရာမန်ကက်ဆင်း အား IS အဖွဲ့က သတ်ဖြတ်လိုက်ခြင်းမှာ လုံးဝဆိုးယုတ်လှသော လုပ်ရပ်တစ်ခု ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ဝေဖန်ရှုတ်ချလိုက်သည်။

ခေါင်းပြတ်တစ်ခု အနီးတွင် မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦး ရပ်နေသော ဗွီဒီယိုတစ်ခုကို အစ္စလာမ္မမစ် စစ်သွေးကြွအဖွဲ့က ထုတ်ပြန်ခဲ့ရာ ကွပ်မျက်သတ်ဖြတ်ခြင်း ခံခဲ့ရသူမှာ ကက်ဆင် ဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့သည်။ ဆီးရီးယား ပြည်သူများ အပေါ် ထားရှိသော ချစ်ခင်မှု၏ ရလဒ်တစ်ခု အဖြစ် သူ သေဆုံးသွားခဲ့ရခြင်း ဖြစ်ကြောင်း သူ၏ မိဘများက ဆိုခဲ့ကြသည်။

အသက် ၂၆ နှစ်အရွယ် ကက်ဆင်း မှာ ဒုက္ခသည် အဖွဲ့တစ်ဖွဲ့ အတွက် အလုပ်လုပ်နေစဉ်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရ သူဖြစ် သည်။ သူသည် IS အဖွဲ့၏ ကွပ်မျက် သတ်ဖြတ်မှုကို ခံခဲ့ရသော ပဉ္စမမြောက် အနောက်နိုင်ငံသား ဓားစာခံတစ်ဦး ဖြစ်သည်။ IS အဖွဲ့သည် ဆီးရီးယား နှင့် အီရတ် တို့တွင် နယ်မြေအချို့ကို သိမ်းပိုက်ထားနိုင်လျက် ရှိသည်။

ကက်ဆင်သည် လူသားချင်း စာနာစိတ်ရှိသူ တစ်ဦးဖြစ်ကြောင်း သမ္မတအိုဘားမားက ချီးကျူး လိုက်ကာ “လူမဆန်တဲ့ အကြမ်းဖက်အဖွဲ့ တစ်ဖွဲ့က လုံးဝဆိုးယုတ်လှတဲ့ လုပ်ရပ်တစ်ခု အနေနဲ့ ကျွန်တော်တို့ဆီကနေ သူကို ယူဆောင်သွား လိုက်တာပါ” ဟုလည်း ပြောခဲ့သည်။

“ဒီနေ့ ကျွန်တော်တို့ အတူတကွ ဝမ်းနည်းကြေကွဲ ကြရပါတယ်။ ဒါပေမဲ့ အက်ဘ်ဒူလ်ရာမန် ကက်ဆင် ဆီမှာရှိတဲ့ ထူးခြားပေါ်လွင်နေတဲ့ ကောင်းမြတ်မှု၊ ဇွဲလုံ့လရှိမှုတွေနဲ့ ပြည့်ဝနေတဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကိုလည်း ကျွန်တော်တို့ အမှတ်ရ မိပါတယ်” ဟု သမ္မတ အိုဘားမားက ဆိုခဲ့သည်။ အိုဘားမားသည် သြစတြေးလျ နိုင်ငံတွင် ကျင်းပလျက်ရှိသော ဂျီ၂၀ ထိပ်သီးဆွေးနွေးပွဲ မှ အမေရိကန်နိုင်ငံသို့ ပြန်နေစဉ်တွင် ယခုကဲ့သို့ မှတ်ချက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ကက်ဆင်၏ မိဘများ ဖြစ်ကြသည့် အင်ဒီယားနားမှ အက်ဒ် နှင့် ပေါ်လာ တို့ကလည်း သားဖြစ်သူ သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေး ရကြောင်း ပြောဆိုခဲ့သည်။ “သူ့ရဲ့ လူသားချင်း စာနာတတ်တဲ့ အသိစိတ်ဓာတ်နဲ့ အညီ နေထိုင်သွားခဲ့တဲ့ သားဖြစ်သူအတွက် ကျွန်တော်၊ ကျွန်မတို့ အထူး ဂုဏ်ယူမိပါတယ်” ဟု ၄င်းတို့က ဆိုထားသည်။ “သူ့ရဲ့ အမွေအနှစ်တွေ ဆက်ပြီးရှင်သန်နေစေဖို့အတွက် နေ့တိုင်းနေ့တိုင်း ကျွန်တော်ကျွန်မတို့ တတ်နိုင်သမျှ လုပ်ဆောင်သွားမှာပါ” ဟုလည်း ဆိုကြသည်။

IS အဖွဲ့၏ ကွပ်မျက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော အခြား အနောက်နိုင်ငံသား ဓားစာခံများမှာ ဘရစ်တန်စ်အလန်ဟန်းနင်း၊ ဒေးဗစ် ဟိန်းစ် နှင့် အမေရိကန် သတင်းထောက်များ ဖြစ်ကြသည့် ဂျိမ်းစ်ဖိုလေးနှင့် စတီဗင်ဆော့လော့ဖ် တို့ ဖြစ်ကြသည်။

ဆီးရီးယား စစ်သားများကို ကွပ်မျက်ရန် ပြင်ဆင်နေသည့် ဂျီဟတ်ဒီဂျွန်နှင့် IS တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Daily Mail
Ref: BBC
Mizzima
ဘေရွတ်၊ နိုဝင်ဘာ ၁၇။ အမေရိကန် လူမှုကူညီရေး ဝန်ထမ်း အက်ဘ်ဒူလ်ရာမန်ကက်ဆင်း အား IS အဖွဲ့က သတ်ဖြတ်လိုက်ခြင်းမှာ လုံးဝဆိုးယုတ်လှသော လုပ်ရပ်တစ်ခု ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ဝေဖန်ရှုတ်ချလိုက်သည်။

ခေါင်းပြတ်တစ်ခု အနီးတွင် မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦး ရပ်နေသော ဗွီဒီယိုတစ်ခုကို အစ္စလာမ္မမစ် စစ်သွေးကြွအဖွဲ့က ထုတ်ပြန်ခဲ့ရာ ကွပ်မျက်သတ်ဖြတ်ခြင်း ခံခဲ့ရသူမှာ ကက်ဆင် ဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့သည်။ ဆီးရီးယား ပြည်သူများ အပေါ် ထားရှိသော ချစ်ခင်မှု၏ ရလဒ်တစ်ခု အဖြစ် သူ သေဆုံးသွားခဲ့ရခြင်း ဖြစ်ကြောင်း သူ၏ မိဘများက ဆိုခဲ့ကြသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရှေ့နှစ်တွင် နိုင်ငံတစ်ဝန်း 3G ကွန်ရက်နှစ်ဆရရှိရန် တိုးချဲ့မည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဂျပန်ဆက် သွယ်ရေးကုမ္ပဏီနှစ်ခုနှင့် ပူး ပေါင်း၍ ၂၀၁၅ မတ်လ ကုန်တွင်နိုင်ငံ တစ်ဝန်း၌လက်ရှိ 3G ကွန်ရက် အရေအတွက်ထက်နှစ်ဆ ခန့်အထိရှိလာစေရန် တိုးချဲ့သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘MPT အနေနဲ့ ကွန်ရက်ချဲ့ ထွင်မှုနဲ့ လိုင်းကျပ်တဲ့ပြဿနာ နှစ်ခုလုံးကို ဟန်ချက်ညီအောင် ဖြေရှင်းသွားဖို့ရှိပါတယ်’’ ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့် သိန်းထွန်းက ပြောသည်။

ရမန်လေးပတ်ပြည့်ပြီး အမှုမတင်နိုင်ပါက ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး တရားရှင်လွတ်နိုင်

Photo: ရမန်လေးပတ်ပြည့်ပြီး အမှုမတင်နိုင်ပါက ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး တရားရှင်လွတ်နိုင်
Tuesday, November 18, 2014

ဖမ်းဆီးခံမြန်မာလုပ် သားနှစ်ဦးသည် နိုဝင်ဘာ ၂၀ ရက်တွင် ရမန်လေးကြိမ် ပြည့်မည်ဖြစ် ပြီး ထိုရက်အတွင်း ထိုင်းရဲတပ်ဖွဲ့ မှ အမှုတည်ဆောက်နိုင်ခြင်း မရှိ ပါက ထိုင်းဥပဒေအရ တရားရှင် လွှတ်ပေးနိုင်သည့် ဥပဒေရှိသော ကြောင့် မြန်မာသံရုံးအထူးအဖွဲ့ က မြန်မာလုပ်သားနှစ်ဦးအား တ ရားရှင်လွှတ်ပေးရန် တောင်းဆို သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ထိုင်းနိုင်ငံဥပဒေသည် ရမန် တစ်ကြိမ်ကို ၁၂ ရက်ယူပြီး အမှု တစ်ခုတည်ဆောက်ရန် ရမန် ခုနစ်ကြိမ် ယူလေ့ရှိသည်။ ထို ရမန် ခုနစ်ကြိမ်၊ ရက်ပေါင်း ၈၄ ရက်အတွင်း အမှုတည်ဆောက် နိုင်ခြင်း မရှိပါက တရားခံအား တ ရားသေလွှတ်ရမည်ဟု ထိုင်းနိုင်ငံ ဥပဒေတွင် ဖော်ပြထားကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

အမှုတစ်ခုအား ရမန်လေး ကြိမ်မြောက်အတွင်း အမှုတည် ဆောက်နိုင်ခြင်း မရှိပါက ရဲတပ် ဖွဲ့အနေဖြင့် တရားခံအား တရား ရှင် လွှတ်ပေးလိုပါက လွှတ်ပေး ခွင့်ရှိကြောင်းလည်း ရှေ့နေ ဦး အောင်မျိုးသန့်က ပြောသည်။

‘‘ရမန်လေးကြိမ်မြောက်လို့ အမှုတွဲ မတင်နိုင်ဘူးဆိုရင် ဖမ်း ထားတဲ့သူကို သူတို့လွှတ်ပေးချင် ရင် လွှတ်ပေးလို့ရတယ်။ မလွှတ် ချင်ရင်လည်း ရမန်ထပ်ယူပြီး လုပ်လို့ရတယ်။ တကယ်တော့ ရမန်က ခုနစ်ကြိမ် ယူလို့ရတယ်။ လေးကြိမ်မြောက်လို့ မတင်နိုင် ရင်လည်း လွှတ်ပေးလို့ရတာပေါ့။ အဲဒါကြောင့် အစိုးရရှေ့နေတွေ က ၂၀ ရက်မှာ အပြီးတင်နိုင် အောင် ရဲတပ်ဖွဲ့ကို ပြောထား တယ်။ အဲဒီနေ့မှာ ရဲတပ်ဖွဲ့က မ တင်နိုင်ဘူးဆိုရင် အန်ကယ်တို့ က တရားရှင်လွှတ်ပေးအောင် အ ယူခံဝင်သွားမယ်’’ ဟု ရှေ့နေဦး အောင်မျိုးသန့်က ပြောသည်။

အဆိုပါ ရမန်လေးကြိမ်ပြည့် ရန်မှာ သုံးရက်သာ လိုတော့ သည်။ မြန်မာ့သံရုံးအထူးအဖွဲ့ သည် မြန်မာလုပ်သားနှစ်ဦးအား တရားရှင်လွှတ်ပေးရန် ရမန်လေး ကြိမ်ပြည့်မည့် နိုဝင်ဘာ ၂၀ ရက် တွင် မြန်မာလုပ်သားနှစ်ဦးအား ရမန်ယူရုံးထုတ်မည့် ကော့စမွီ ထောင်သို့ သွားရောက်မည်ဖြစ် သည်။

ထိုင်းရဲတပ်ဖွဲ့အနေဖြင့် မြန် မာလုပ်သားနှစ်ဦးအား အမှုတွဲ တင်ပါက မြန်မာလုပ်သားနှစ်ဦး ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း သက်သေပြနိုင်ရန် တရားခံပြ သက်သေသုံးဦးကို ထိုင်းရှေ့နေ များကောင်စီက ရှာဖွေတွေ့ရှိ ထားကြောင်း မြန်မာသံရုံးအထူး အဖွဲ့က ပြောသည်။

ထိုင်းရဲတပ်ဖွဲ့သည် မြန်မာ လုပ်သားနှစ်ဦးအား လူသတ်တ ရားခံဟု စွပ်စွဲထားသော်လည်း မျက်မြင်သက်သေနှင့် တရားလို ပြ သက်သေ မရှိသေးပေ။

၎င်းတို့ ယခင်က ထားရှိသော တရားလိုပြသက်သေ မောင် မောင်သည် ဖမ်းဆီးခံ မြန်မာလုပ် သားနှစ်ဦးက လူသတ်တရားခံ များ မဖြစ်နိုင်ကြောင်း၊ အခင်းဖြစ် ပွားရာတွင် မြင်တွေ့ခြင်းမရှိ ကြောင်း ပြောဆိုထားသောကြောင့် ထိုင်းရဲတပ်ဖွဲ့က တရားလိုပြသက် သေအဖြစ် မထားရှိတော့ပေ။

ထိုင်းရဲတပ်ဖွဲ့သည် မြန်မာ လုပ်သားနှစ်ဦးအား တရားခံဟု စွပ်စွဲထားရာတွင် DNA အဖြေ တစ်ခုသာ တူညီသည့် အချက် တစ်ချက်သာ ရရှိထားသည်။

အမျိုးသားလွှတ်တော် ဥက္က ဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင် သော စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ယခုလအတွင်း ထိုင်းနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်ကပြောသည်

တရားခံများအဖြစ် စွပ်စွဲခံထားရသူ နှစ်ဦး (ဓာတ်ပုံ−Supapong Chaolan)
7Day Daily
ဖမ်းဆီးခံမြန်မာလုပ် သားနှစ်ဦးသည် နိုဝင်ဘာ ၂၀ ရက်တွင် ရမန်လေးကြိမ် ပြည့်မည်ဖြစ် ပြီး ထိုရက်အတွင်း ထိုင်းရဲတပ်ဖွဲ့ မှ အမှုတည်ဆောက်နိုင်ခြင်း မရှိ ပါက ထိုင်းဥပဒေအရ တရားရှင် လွှတ်ပေးနိုင်သည့် ဥပဒေရှိသော ကြောင့် မြန်မာသံရုံးအထူးအဖွဲ့ က မြန်မာလုပ်သားနှစ်ဦးအား တ ရားရှင်လွှတ်ပေးရန် တောင်းဆို သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဘန်ကီမွန်း၏ ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို ရခိုင်ပြည်နယ် လွှတ်တော်တွင် ကန့်ကွက်

ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်၏ ရိုဟင်ဂျာ အသုံး အနှုန်းကို ရခိုင်ပြည်နယ်လွှတ် တော်က ကန့်ကွက်လိုက်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၇ရက်က ပြုလုပ် ခဲ့သော ပထမအကြိမ် ရခိုင်ပြည် နယ် လွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မစ္စတာဘန်ကို ကန့်ကွက်ကြောင်း အရေးကြီးအဆိုတင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ခေါက်မြေခွင်သို့ KIA တပ်သားများ ရောက်ရှိလာ၍ ဒေသခံရွာသားများ ထွက်ပြေးလာ

မြန်ပြည်မြောက်ပိုင်း၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲ၊ မံကင်းရွာ ခေါက်မြေခွင်သို့ မနေ့ နိုဝင်ဘာလ(၁၆)ရက်နေ့က ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပိန်းခွန်ရန် အခြေစိုက်၊ တပ်ရင်း(၅)မှ KIA တပ်သားများ ရောက်ရှိလာသောကြောင့် ခေါက်မြေခွင်အတွင်း တောင်ယာ/သစ် လုပ်ကိုင်နေကြသည့် မံကင်းရွာသားများနှင့် ရေနားပင်လုံ၊ တောပင်လုံ၊ ဆင်ဘိုစသည့် ဒေသခံများ ရွာအတွင်းသို့ ထွက်ပြေးလာခဲ့ကြကြောင်း ဒေသခံများထံမှတဆင့် သိရှိရသည်။

Monday, November 17, 2014

အကြမ်းဖက်မှု ကာကွယ်ရန် ပြည်သူ့အားကို မြန်မာ့ရဲ ယူမည်

Security-in-Yangon-Air-Port
ရန်ကုန် (မဇ္ဈိမ)။ ။ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များဖြစ်သည့် အိုင်အက်စ် (အစ္စလာမ်မစ် နိုင်ငံတော်အဖွဲ့)၊ အယ်လ်ခိုင်ဒါနှင့် အာရ်အက်စ်အို (ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့) တို့၏ အန္တရာယ်မှ ကာကွယ်ရေး ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ် စိုးမြိုင်က နိုဝင်ဘာ ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။“အိုင်အက်(စ်)၊ အယ်လ်ခိုင်ဒါမတိုင်မီ ကတည်းက အာရ်အက်စ်အိုရဲ့ အကြမ်းဖက်မှုကို အရင်စိုးရိမ်တာ၊ အဲဒါကို တပ်ဖွဲ့အတွင် ညွှန်ကြားပြီး လုပ်နေရာက အခုလိုကျယ်ပြန့်လာတာ၊ သူတို့စာရင်းကို မကြာခင်မှာ အတည်ပြု ထုတ်ပြန်ပြီးတာနဲ့ ပြည်သူကို အသိပညာပေးမယ်” ဟု ၎င်းက ဆိုသည်။

ခင်ပွန်းဖြစ်သူက ဇနီးနှင့် ကလေးများကို ရဲတင်းဖြင့်ခုတ် သမီးနှစ်ဦး ဒဏ်ရာပြင်းထန်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်ခွဲ မဟိုဆန်ဒါ (၁) ရွာရှိ နေအိမ်တစ်လုံးတွင် နိုဝင်ဘာလ ၁၃ ရက် ည ၈ နာရီခန့်က အသက် ၄၀ အရွယ် ဦးလောဖက ၎င်း၏ဇနီး၊ ၎င်း၏ သမီးအရင်းများ ဖြစ်သည့် အသက် ၄ နှစ် အရွယ်နှင့် အသက် ၂ နှစ်အရွယ် သမီးတို့ကို ရဲတင်းဖြင့် ခုတ်ခဲ့ရာ သမီးနှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း တာလေနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်မျိုးထွန်းဦးက ပြောကြားသည်။

အိုးထရက်ဖို့ဒ်မှာ အားပြိုင်ကြဦးမည့် မက်ဆီနှင့် စီရော်နယ်ဒို

Photo: အိုးထရက်ဖို့ဒ်မှာ အားပြိုင်ကြဦးမည့် မက်ဆီနှင့် စီရော်နယ်ဒို
Monday, November 17, 2014

မော်ဒန်ဘောလုံးလောကတွင် နာမည်ကျော်ကြားလာခဲ့ကြသည့် မက်ဆီနှင့် စီရော်နယ်ဒိုတို့၏ အားပြိုင်မှုကို အိုးထရက်ဖို့ဒ်ကွင်းတွင် မြင်တွေ့ကြရဦးမည်ဖြစ်သည်။

အကြောင်းမှာ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ အိုးထရက်ဖို့ဒ်ကွင်းတွင် လာမည့် အင်္ဂါနေ့ညနေ၌ အာဂျင်တီးနားနှင့် ပေါ်တူဂီတို့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားကြမည်ဖြစ် ခြင်းကြောင့်ပင်။

လာလီဂါတွင် ရီးရဲလ်၊ ဘာစီလိုနာနှင့်အတူ မဟာပြိုင်ဘက်များဖြစ်ခဲ့ရုံသာမက တစ်ဦးချင်းစွမ်းဆောင်ရည်များတွင်လည်း ပြိုင်ဆိုင်နေကြသူနှစ်ဦးဖြစ်သည့် မက်ဆီနှင့် စီရော်နယ်ဒိုတို့သည် ယခုတစ်ဖန်အိုးထရက်ဖို့ဒ်ကွင်း၌ ပြန်လည်ဆုံစည်းရန် အကြောင်း ဖန်လာခဲ့သည်။

အာဂျင်တီးနားအသင်းအတွက် မက်ဆီသည် သူရဲကောင်းတစ်ဦးဖြစ် နေပြီး စီရော်နယ်ဒိုမှာ ပေါ်တူဂီအတွက် မရှိမဖြစ်ကစားသမားတစ်ဦးဖြစ်နေခဲ့သည်။

စီရော်နယ်ဒိုသည် ပြီးခဲ့သည့် အာမေးနီးယားနှင့်ပွဲစဉ်၌ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်သကဲ့သို့ တိုမက်ဆင်တင်ထားသည့် ယူရိုပြိုင်ပွဲတစ် လျှောက် ဂိုးအများဆုံးသွင်းယူထားသည့် စံချိန်ကို၂၃ ဂိုးဖြင့် ချိုးဖျက်ထားနိုင်ခဲ့သူလည်း ဖြစ်သည်။

ထို့အပြင် မန်ယူအသင်းနှင့်အတူ ကစားသမားဘဝအောင်မြင်လာရန် စတင် ခဲ့သည့် စီရော်နယ်ဒိုအနေဖြင့် အိုးထရက်ဖို့ဒ်သို့ တစ်ကျော့ပြန်ခြေချခွင့်ရရှိခဲ့ကာ ပြီးခဲ့ သည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သည့် မက်ဆီ၏ အာဂျင်တီးနားအသင်းနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

အဂူရို၊ ဒီမာရီယာ၊ မက်ဆီစသည့် ကမ္ဘာကျော်ကစား သမားများပါဝင်နေသည့် အာဂျင်တီးနားကို အင်္ဂလန်မြေတွင် ပေါ်တူဂီအသင်းအနိုင် ကစားနိုင်ခြင်းရှိမရှိထက် ကွင်းအတွင်းက မက်ဆီနှင့် စီရော်နယ်ဒိုတို့၏ ပြိုင်ဆိုင်မှုက ပရိသတ်ကို ပိုပြီးဆွဲဆောင်နေခဲ့သည်။

အယ်လ်ကလာစီယိုပွဲစဉ်များတွင်လည်း ပရိသတ်ကိုဆွဲဆောင်နေသည်မှာ လက်ရှိ အချိန်၌ မက်ဆီနှင့် စီရော်နယ်ဒိုတို့၏ ပြိုင်ဆိုင်မှုပင်ဖြစ်ပြီး ထိုပြိုင်ဆိုင်မှုများကပင် ခြေစမ်းပွဲကို အသက်ဝင်စေဦးမည်မှာ သေချာနေသည်။

အင်္ဂလန်တွင် အခြေစိုက်ကာ ခြေစမ်းပွဲများကစားနေသည့် တောင်အမေရိကအသင်းများ အနေဖြင့် အမာခံပရိသတ် များရရှိစေရန်မှာလည်း ဆွဲဆောင်မှုရှိသည့်ကစားဟန်နှင့် ပရိသတ်ကြိုက်မည့် ကစား သမားများ ပါဝင်ရန်မှာလည်း အရေးပါနေသည်။

ပြိုင်ပွဲမတိုင်မီ မက်ဆီအား စီရော် နယ်ဒိုက ဆိုရှယ်ဝက်ဘ်ဆိုက်များမှ ဆဲဆိုသည့် အသုံးအနှုန်းများဖြင့် ပြောကြားခဲ့သည် ဆိုသော သတင်းများ ထွက်ပေါ်မှုကလည်း ပွဲအပေါ် ပရိသတ်များ စိတ်ဝင်စားမှုမြင့် တက်စေရခြင်းဖြစ်သည်။

သို့သော်လည်း စီရော်နယ်ဒိုက မိမိအနေဖြင့် ပရော်ဖက်ရှင်နယ်ကစားသမားများ အပေါ် လေးစားမှုရှိကြောင်းနှင့် မက်ဆီအပေါ်တွင်လည်း ရိုင်းပျစွာပြောဆိုခဲ့ခြင်းမရှိ ကြောင်းဖြင့် တုံ့ပြန်ပြောဆိုထားသည်။

သွင်ပြင်လက္ခဏာအရ စီရော်နယ်ဒိုမှာ နူးညံ့ ပျော့ပြောင်းသူတစ်ဦးအဖြစ် မိသားစုအပေါ်တွင် တာဝန်ကျေပွန်သူဖြစ်သည်။ ထို အချိန်တွင် ဝင်ငွေခွန်ရှောင်လွဲမှုဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည့် မက်ဆီမှာ ခက် ထန်ကြမ်းတမ်းသူတစ်ဦးဖြစ်နေခဲ့သည်။

ချစ်သူမော်ဒယ်များဖြင့် လောကကို ဖြတ် သန်းနေကြသူများဖြစ်ခြင်းမှာတော့ သူတို့နှစ်ဦး၏ တူညီသောအချက်ဖြစ်ပြီး အခြား သောခံစားမှုများမှာ ကွဲပြားခြားနားနေကြသည်။

၂ဝ၁၄ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေါ်တူဂီအနေဖြင့် အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရ ခြင်းကြောင့် စီရော်နယ်ဒို၏ နိုင်ငံတကာ ဘောလုံးဇာတ်ခုံတွင် အနည်းငယ်မှေးမှိန်ခဲ့ ရသည်။

မက်ဆီမှာမူ အာဂျင်တီးနားအသင်းနှင့်အတူ ဗိုလ်လုပွဲအထိ တက်လှမ်းလာနိုင် ခဲ့ပြီး မာရာဒိုနာကဲ့သို့ ချန်ပီယံဆုကို အရမယူနိုင်ခဲ့သော်လည်း ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့သည် အထိအောင်မြင်ခဲ့သည်။

ထိုသို့နိုင်ငံ တကာဘောလုံးသမားဘဝတွင် စီရော်နယ်ဒိုမှာ မက်ဆီကဲ့သို့ အောင်မြင်အောင်စွမ်း ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

အကောင်းဆုံးဆုများအတွက် အပြိုင် ဖြစ်နေကြသည့် မက်ဆီနှင့် စီရော်နယ်ဒို တို့ ထိပ်တိုက်တွေ့ဆုံနေကြချိန်တွင် အိုးထရက်ဖို့ဒ်၌ ခြေစွမ်းပြနိုင်သူက မည်သူ ဖြစ်လာမည်နည်း။

အိုးထရက်ဖို့ဒ်သို့ တစ်ကျော့ပြန်လည်ရောက်လာသည့် စီရော်နယ် ဒိုလား သို့မဟုတ် ကမ္ဘာ့ဖလားတွင် အကောင်းဆုံးဆုရယူထားနိုင်ခဲ့သည့် မက်ဆီလား ဆိုသည်မှာတော့ မန်ချက်စတာမြို့တွင် အားပြိုင်ကြမည့် အာဂျင်တီးနားနှင့် ပေါ်တူ ဂီတို့ပွဲစဉ်က သက်သေပြသွားပေလိမ့်မည်ဖြစ်သည်။

AST
Yangon Media Group
မော်ဒန်ဘောလုံးလောကတွင် နာမည်ကျော်ကြားလာခဲ့ကြသည့် မက်ဆီနှင့် စီရော်နယ်ဒိုတို့၏ အားပြိုင်မှုကို အိုးထရက်ဖို့ဒ်ကွင်းတွင် မြင်တွေ့ကြရဦးမည်ဖြစ်သည်။

အကြောင်းမှာ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ အိုးထရက်ဖို့ဒ်ကွင်းတွင် လာမည့် အင်္ဂါနေ့ညနေ၌ အာဂျင်တီးနားနှင့် ပေါ်တူဂီတို့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားကြမည်ဖြစ် ခြင်းကြောင့်ပင်။

လာလီဂါတွင် ရီးရဲလ်၊ ဘာစီလိုနာနှင့်အတူ မဟာပြိုင်ဘက်များဖြစ်ခဲ့ရုံသာမက တစ်ဦးချင်းစွမ်းဆောင်ရည်များတွင်လည်း ပြိုင်ဆိုင်နေကြသူနှစ်ဦးဖြစ်သည့် မက်ဆီနှင့် စီရော်နယ်ဒိုတို့သည် ယခုတစ်ဖန်အိုးထရက်ဖို့ဒ်ကွင်း၌ ပြန်လည်ဆုံစည်းရန် အကြောင်း ဖန်လာခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် သြစတြေးလျ-မြန်မာကုန်သည်ကြီးများအသင်း ညစာစားပွဲ တက်ရောက်မိန့်ခွန်းပြောကြား

Photo: နိုင်ငံတော်သမ္မတဦးသိန်းစိန် သြစတြေးလျ-မြန်မာကုန်သည်ကြီးများအသင်း ညစာစားပွဲ တက်ရောက်မိန့်ခွန်းပြောကြား
===============================================

ရန်ကုန်၊ နိုဝင်ဘာ ၁၆

 မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ ၁၆ရက် နံနက်ပိုင်းက သြစတြေး လျနိုင်ငံ ဘရစ္စဘိန်းမြို့တွင် ကျင်းပနေသည့်ွ-၂ဝ ထိပ်သီးအစည်းအဝေး အပိုင်း(၂) ကမ္ဘာ့စီးပွားရေး ရေရှည်တည်တံ့မှုဆွေးနွေးပွဲနှင့် အပိုင်း(၃) စွမ်းအင် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အခွန်စနစ်ပြုပြင် ပြောင်းလဲမှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကာ ထိုနေ့ညနေ ပိုင်းတွင် သြစတြေးလျ-မြန်မာကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ မစ္စတာဂလဲန်ရော်ဘင်ဆန် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့  တက်ရောက်၍ မိန့်ခွန်းပြော ကြားခဲ့သည်။

နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသည် အချက် အချာကျသည့် တည်နေရာ၊ ကောင်းမွန်သည့်ဈေးကွက် အနေအထားနှင့် စွမ်းအင်မြင့်မားသည့် လုပ်သား အင်အားများသာမက နိုင်ငံတော်အစိုးရ၏ ဆောင် ရွက်နေသည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကြောင့် အာရှတိုက်တွင် နောက်ဆုံးထွက်ပေါ်လာသည့် စီးပွား ရေးနယ်မြေတစ်ခုဖြစ်ကြောင်း၊  သြစတြေးလျနိုင်ငံနှင့် နီးကပ်စွာဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်ရန်၊ နှစ် နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်တိုးမြှင့်ရန်၊ နှစ်နိုင်ငံအကြား ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာ စေရန် ကတိပြုကြောင်းဖော်ပြထားသည်ကို တွေ့ရ သည်။ 

သြစတြေးလျနှင့် မြန်မာနိုင်ငံတို့၏ ကုန်သွယ်မှု သည် ၃၈ဒသမ၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး စုစုပေါင်းကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၁၃ဝ နီးပါးထိ တိုးတက်လာခဲ့ကာ သြစတြေး လျနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန် ဒေါ်လာ ၃၂ဒသမ၅ သန်းကျော်ဖြင့် မြန်မာနိုင်ငံအတွင်း ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၃ဝ အနက် အဆင့် ၂ဝတွင်ရှိကြောင်း သိရသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ ၁၆ရက် နံနက်ပိုင်းက သြစတြေး လျနိုင်ငံ ဘရစ္စဘိန်းမြို့တွင် ကျင်းပနေသည့်ွ-၂ဝ ထိပ်သီးအစည်းအဝေး အပိုင်း(၂) ကမ္ဘာ့စီးပွားရေး ရေရှည်တည်တံ့မှုဆွေးနွေးပွဲနှင့် အပိုင်း(၃) စွမ်းအင် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အခွန်စနစ်ပြုပြင် ပြောင်းလဲမှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကာ ထိုနေ့ညနေ ပိုင်းတွင် သြစတြေးလျ-မြန်မာကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ မစ္စတာဂလဲန်ရော်ဘင်ဆန် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြော ကြားခဲ့သည်။

ကလေးခန္ဓာကိုယ် အစိတ်အပိုင်းကို ပါဆယ်ထုတ်မှာတွေ

Image: Thai police seizing bomb-making material in Bangkok
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က စာတိုက်က ပါဆယ်ထုတ်တွေကို ကိုင်တွယ်ပို့ဆောင်ပေးတဲ့ ကုမ္ပဏီက လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပါဝင်တဲ့ ပါဆယ်ထုတ် တစ်ထုတ်ကို တွေ့ရှိခဲ့ပါတယ်။

အဲဒီ ပါဆယ်ထုတ်ထဲမှာ ကလေးငယ်ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့ပြီး အဲဒီပါဆယ်ထုတ်က အမေရိကန်နိုင်ငံဆီ ပို့ဆောင်မယ့် အထုတ်ဖြစ်တယ်လို့ သိရပါတယ်။

အိုင်အက်စ် အဖွဲ့တွေ အ၀ိုင်းခံထားရသည့် ခိုဘာနီမြို့တိုက်ပွဲများ ငြိမ်သက်

Photo: အိုင်အက်စ် အဖွဲ့တွေ အ၀ိုင်းခံထားရသည့် ခိုဘာနီမြို့တိုက်ပွဲများ ငြိမ်သက်
Monday, November 17, 2014

အစ္စလာမ္မစ်နိုင်ငံတော် နာမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေ အဝိုင်းခံထားရတဲ့ ဆီးရီးယား နယ်စပ်မြို့ ခိုဘာနီ ဟာ နိုဝင်ဘာလ ၁၆ ရက်နေ့က ငြိမ်သက်နေ ပါတယ်။ခိုဘာနီဟာ အိုင်အက်စ်တွေရဲ့ ထိုးစစ်ကိုဟန့်တားဖို့ အမေရိကန် ဦးဆောင် ညွန့်ပေါင်းတပ်တွေ ရဲ့ စွမ်းရည်ကို စမ်းသပ်မှု ဖြစ်လာနေပါတယ်။

၂ လကြာ ဝန်းရံမှုအတွင်း အိုင်အက်စ်တွေက လက်နက်လူသူ စစ်ကူတွေ ရနေပါတယ်။ လတ်တလောရက်တွေအတွင်း အမေရိကန်လေကြောင်း တိုက်ခိုက်မှု ၁၇ ကြိမ်ကနေ အိုင်အက်စ်တွေရဲ့ တပ်ဖွဲ့ဆယ်ဖွဲ့ကို ထိမှန် ခဲ့ပြီးပါပြီ။

စစ်သွေးကြွတွေဟာ အယ်လ်ကေဒါနဲ့ ချိတ်ဆက်ထားတဲ့ ခိုရာစံအုပ်စုတွေနဲ့အတူ ရှိနေတယ်လို့ အမေရိကန် အလယ်ပိုင်း စစ်တိုင်းဌာနချုပ်က နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်က ဆိုပါတယ်။

အမေရိကန်ဦးဆောင်တပ်တွေက လေကြောင်းတိုက်ခိုက်မှု သီတင်းပတ်တွေနဲ့ချီ ကြာပေမယ့် စစ်သွေးကြွတွေရဲ့ ခြေကုပ်ကို မချိုးဖောက်နိုင်သေးပါဘူး။

အမေရိကန်က ကြိုဆိုတဲ့ အီရတ်က ကာဒစ်ရှ် ပဲ့ရှ်မာဂါ တပ်တွေရောက်လာမှာကို ဆီးရီးယားက ကာ့ဒ်တပ်တွေက မျှော်လင့်နေပါတယ်။

ပဲ့ရှ်မာဂါတပ်တွေက ကိုဘာနီမြို့က တပ်တွေကို ကူညီပြီး ရွာတချို့ကို ပြန်ထိန်းချုပ်နိုင်အောင် ကူညီခဲ့ပေမယ့် မြို့တွင်းထိန်းချုပ်ရေး မျဉ်းတွေ အနားကိုတော့ မရောက်သေးပါဘူး။

DVB TV NEWS
အစ္စလာမ္မစ်နိုင်ငံတော် နာမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေ အဝိုင်းခံထားရတဲ့ ဆီးရီးယား နယ်စပ်မြို့ ခိုဘာနီ ဟာ နိုဝင်ဘာလ ၁၆ ရက်နေ့က ငြိမ်သက်နေ ပါတယ်။ခိုဘာနီဟာ အိုင်အက်စ်တွေရဲ့ ထိုးစစ်ကိုဟန့်တားဖို့ အမေရိကန် ဦးဆောင် ညွန့်ပေါင်းတပ်တွေ ရဲ့ စွမ်းရည်ကို စမ်းသပ်မှု ဖြစ်လာနေပါတယ်။

၂ လကြာ ဝန်းရံမှုအတွင်း အိုင်အက်စ်တွေက လက်နက်လူသူ စစ်ကူတွေ ရနေပါတယ်။ လတ်တလောရက်တွေအတွင်း အမေရိကန်လေကြောင်း တိုက်ခိုက်မှု ၁၇ ကြိမ်ကနေ အိုင်အက်စ်တွေရဲ့ တပ်ဖွဲ့ဆယ်ဖွဲ့ကို ထိမှန် ခဲ့ပြီးပါပြီ။

၂၀၁၄ အတွင်း အပစ်ရပ် လက်မှတ်ထိုးနိုင်မည်ဟု ဦးအောင်မင်း ပြော

NCCT and UPWC met 15082014 (UAungMin)
၂၀၁၄ ခုနှစ်အတွင်း အပစ်အခတ်ရပ်ဆဲရေးလက်မှတ် ရေးထိုးနိုင်မယ်လို့ ယုံကြည်ပြီး ၂၀၁၅ ခုနှစ်မှာ နိုင်ငံရေးဆွေးနွေးပွဲဆောင်ရွက်နိုင်မယ်လို့ မျှော်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

အမေရိကန် အကူအညီပေးရေး လုပ်သား တစ်ဦးကို IS စစ်သွေးကြွတို့က ထပ်မံသတ်ဖြတ်

Photo: အမေရိကန် အကူအညီပေးရေး လုပ်သား တစ်ဦးကို IS စစ်သွေးကြွတို့က ထပ်မံသတ်ဖြတ် 
Monday, November 17, 2014

ဘေရွတ်၊ နိုဝင်ဘာ၁၆။ ဖမ်းမိထားသည့် အမေရိကန် အကူအညီ ပေးရေး လုပ်သား ပီတာ ကတ်ဆင်းကို IS စစ်သွေးကြွ တို့က သတ်ဖြတ်လိုက်သည့် ဗီဒီယို တစ်ခု အင်တာနက်ပေါ် ရောက်ရှိလာ ခဲ့သည်ဟု နိုဝင်ဘာ ၁၆ ရက်က ဘီဘီစီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။ဗီဒီယိုထဲတွင် ကတ်ဆင်း၏ ဦးခေါင်းဟုဆိုသော ဖြတ်ထားသည့် ဦးခေါင်းပေါ်တွင် မျက်နှာဖုံး စွပ်ထားသော စစ်သွေးကြွ တစ်ဦးက မတ်တပ်ရပ်လျက်ရှိသည်။ ယင်းဗီဒီယိုမှာ အစစ်အမှန် ဖြစ်ကြောင်း ချက်ခြင်း အတည်မပြုနိုင် သေးပေ။ ထို့အပြင် အဆိုပါ ဗီဒီယိုထဲ ၌ပင် သတ်ဖြတ် ခံထားရသည့် ဆီးရီးယား စစ်သားများ ကိုလည်း ပြသခဲ့သည်။

ပီတာ ကတ်ဆင်းမှာ လွန်ခဲ့သည့် နှစ်က ဖမ်းဆီး ခံခဲ့ရသည်။ အောက်တိုဘာ လက ဗြိတိသျှ အကူအညီပေးရေး လုပ်သား အလန်ဟန်းနင်းကို သတ်ဖြတ်ပြသည့် ဗီဒီယိုတွင် မစ္စတာ ကတ်ဆင်းကိုလည်း သတ်ဖြတ် မည်ဟု ခြိမ်းခြောက် ခဲ့သည်။

ယခု နောက်ဆုံး ဗီဒီယိုကို အစစ်အမှန် ဟုတ်မဟုတ် သိရှိရရန် ထောက်လှမ်းရေး အသိုင်းအ၀ိုင်းက စုံစမ်းလျက် ရှိကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး ကောင်စီက ပြောကြားခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိ ကတ်ဆင်းသည် အီရတ်စစ်ပွဲ ကာလက အထူး စစ်ဆင်ရေး များ ဆောင်ရွက် ရသော ရိန်းဂျား တပ်ဖွဲ့ဝင်ဟောင်း တစ်ဦး ဖြစ်သည်။ ကတ်ဆင်းသည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ လက ဆီးရီးယား အရှေ့ပိုင်းသို့ သွားရောက်စဉ် ဖမ်းဆီး ခံခဲ့ ရသည်။

Ref: BBC

Mizzima
ဘေရွတ်၊ နိုဝင်ဘာ၁၆။ ဖမ်းမိထားသည့် အမေရိကန် အကူအညီ ပေးရေး လုပ်သား ပီတာ ကတ်ဆင်းကို IS စစ်သွေးကြွ တို့က သတ်ဖြတ်လိုက်သည့် ဗီဒီယို တစ်ခု အင်တာနက်ပေါ် ရောက်ရှိလာ ခဲ့သည်ဟု နိုဝင်ဘာ ၁၆ ရက်က ဘီဘီစီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။ဗီဒီယိုထဲတွင် ကတ်ဆင်း၏ ဦးခေါင်းဟုဆိုသော ဖြတ်ထားသည့် ဦးခေါင်းပေါ်တွင် မျက်နှာဖုံး စွပ်ထားသော စစ်သွေးကြွ တစ်ဦးက မတ်တပ်ရပ်လျက်ရှိသည်။ ယင်းဗီဒီယိုမှာ အစစ်အမှန် ဖြစ်ကြောင်း ချက်ခြင်း အတည်မပြုနိုင် သေးပေ။ ထို့အပြင် အဆိုပါ ဗီဒီယိုထဲ ၌ပင် သတ်ဖြတ် ခံထားရသည့် ဆီးရီးယား စစ်သားများ ကိုလည်း ပြသခဲ့သည်။

ဘင်္ဂါလီ ရိုဟင်ဂျာအရေးကို တွန်းတင်ခဲ့ကြပေမယ့်

(၁)
ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံက ထိပ်သီးခေါင်းဆောင်တွေ နေပြည်တော်မှာ စုဝေးခဲ့ပါတယ်။ အာဆီယံထိပ်သီးနဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွေကို တက်ခဲ့ကြတာပါ။ ပုံမှန် လုပ်ရိုး လုပ်စဉ်ဖြစ်တဲ့ ဆွေးနွေးပွဲတွေဖြစ်လို့ ပြည်သူတွေကြားထဲ ဒီဆွေးနွေးပွဲ အကြောင်းအရာတွေ လွှမ်းမိုးခဲ့တာ မရှိပါဘူး။ လွှမ်းမိုးလောက်တဲ့ သတင်းတွေလည်း မရှိခဲ့ပါဘူး။

ယခုနှစ် ၁၀ လအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်မှုများ၊ လူသတ်မှုများအပါအ၀င် ပြည်တွင်း၌ အမှုပေါင်း ၁၃၀၀၀ ကျော် ဖြစ်ပွားခဲ့

၂၀၁၄ ခုနှစ် ၁၀ လအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ၊ လူသတ်မှုများ၊ ခိုးမှုဖြစ်စဉ်များ အပါအ၀င် ပြည်တွင်း၌ အမှုပေါင်း ၁၃၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ နိုဝင်ဘာ ၁၅ ရက်တွင် သိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ အောက်တိုဘာလကုန်အထိ ပြည်တွင်း၌ လူသတ်မှု ၁၁၂၇ မှု၊ မုဒိမ်းမှု ၆၃၀၊ ခိုးမှုငါးမျိုး၊ ၄၃၆၅ မှု၊ နာကျင် (ရိုးရိုး) ၅၇၁၇ မှု၊ ယာဉ်တိုက်မှု ၁၂၁၈၁ မှု စုစုပေါင်း ၁၃၁၂၀ မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပြည်သူသုံးသန်းကျော် နေ့စဉ်မှီခိုနေရသည့် ဘတ်စ်ကားအစီးရေ ခြောက်ထောင်ကျော်သာရှိပြီး လက်ရှိအသုံးပြုနေသော ကိုယ်ရကိုယ်ယူစနစ်အစား ဘတ်စ်ကားစနစ်ကို အများပိုင်အဖြစ်ပြောင်းလဲရန် နိုင်ငံတော်က စိတ်ဝင်စားနေ


ရန်ကုန်မြို့တွင် လက်ရှိမောင်းနှင်နေသည့် ဘတ်စ်ကားစနစ်မှာ ကိုယ်ရကိုယ်ယူစနစ်ဖြစ်နေပြီး အဆိုပါစနစ်ကြောင့် ယာဉ်ကြော ပိတ်ဆို့မှု များလည်း ဖြစ်ပေါ်စေသဖြင့် အများပိုင်စနစ်အဖြစ်သို့ ပြောင်း လဲရန် နိုင်ငံတော်တာဝန်ရှိသူများက စိတ်ဝင်စားနေကြောင်း ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျရေးအတွက် ဦးဆောင်လုပ်ကိုင်နေသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြံပေးပုဂ္ဂိုလ် ဒေါက်တာမောင်အောင်က ပြောကြားသည်။

အနိမ့်ဆုံးအခကြေးငွေနှုန်းထား အမြန်သတ်မှတ်ရန် အလုပ်သမား ၅၀၀ ခန့် ဆန္ဒပြ

Photo: အနိမ့်ဆုံးအခကြေးငွေနှုန်းထား အမြန်သတ်မှတ်ရန် အလုပ်သမား ၅၀၀ ခန့် ဆန္ဒပြ
Monday, November 17, 2014

အနည်းဆုံး အခကြေးငွေနှုန်းထား အမြန်ဆုံးသတ်မှတ်ရေး အတွက် ရန်ကုန်မြို့တွင် အလုပ်သမား ၅၀၀ ခန့် စုပေါင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန်အတွင်းရှိ လုပ်သားများ စု ပေါင်းပြီး အနည်းဆုံးအခကြေးငွေ နှုန်းထား အမြန်ဆုံးသတ်မှတ်ပေးရန် ရည်ရွယ်ချက်ဖြင့် တောင်းဆို သည့် ဆန္ဒပြပွဲတွင် အလုပ်သမား ဦးရေ ၁,၅၀၀ ပါဝင်မည့်ဟု ခွင့်ပြု ချက်တောင်းခံထားသော်လည်း ဆန္ဒပြပွဲတွင် လူငါးရာကျော်သာ လမ်းလျှောက် ချီတက်ဆန္ဒဖော် ထုတ်ခဲ့ကြသည်။

ယင်းဆန္ဒထုတ်ဖော်မှုတွင် လှိုင်သာယာစက်မှုဇုန်အတွင်းရှိ စက်ရုံငါးရုံခန့်မှ လုပ်သားငါးရာ ခန့် ပါဝင်ခဲ့ပြီး ဆန္ဒပြတောင်းဆို မှုကို နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ လှိုင်သာယာအောက်ထိပ်မှတ် တိုင်မှ အောင်မြေသာယာဘုရား အနီး မြို့နယ်အားကစားကွင်း အထိ ချီတက်ဆန္ဒပြတောင်းဆို ခဲ့သည်။

‘‘တချို့အလုပ်သမားတွေက သူတို့စက်ရုံတွေမှာ ဆန္ဒပြကြလို့ ပင်ပန်းပြီး မလိုက်နိုင်တာနဲ့ တချို့ က စက်ရုံမပိတ်လို့ မလာနိုင်ကြ တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ တို့ကတော့ ရှိတဲ့သူနဲ့ပဲ မဖြစ် ဖြစ်အောင် ဆန္ဒဖော်ထုတ်ကြမှာ ပါ’’ဟု ဆန္ဒပြပွဲတွင် လိုက်ပါ တောင်းဆိုသည့် Gallent Ocean အအေးစက်ရုံမှ အလုပ်သမား မလှလှက ပြောသည်။

ယင်းကဲ့သို့ အနည်းဆုံး အခ ကြေးငွေနှုန်းထား ထွက်ရှိမှုအပေါ် အလုပ်သမားများ စိတ်ဝင်စားမှု နည်းပါးလာရခြင်းနှင့် ပတ်သက် ၍ ဆန္ဒပြပွဲတွင် လိုက်ပါဆောင် ရွက်သော အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေဦးဌေးက ‘‘အခုလို အချိန်ကြန့်ကြာနေတဲ့ အပေါ် အလုပ်သမားတွေကတော့ ယုံကြည်မှု မရှိကြတော့တာ။ ရွေး ကောက်ပွဲနီးမှ လုပ်ပေးဖို့ များ တယ်။ အခုချိန်ကတော့ အချိန်ဆွဲ ထားတာပေါ့။ အခုဆိုရင် ၀န် ထမ်းတွေပဲ လစာနှစ်ကြိမ်တိုးနေ ပြီ။ နောက်တတိယအကြိမ် ထပ် တိုးဖို့ လွှတ်တော်က အတည်ပြု ပြီးပြီဆိုတော့ ကျွန်တော်တို့ အ လုပ်သမားတွေကိုလည်း အမြန် ဆုံးသတ်မှတ်ပေးဖို့ လိုအပ်နေပြီး လို့ သုံးသပ်လို့ ဆန္ဒဖော်ထုတ်ခဲ့ တာပါ’’ ဟု ဆိုသည်။

အနည်းဆုံး အခကြေးငွေ နှုန်းထားအပါအ၀င် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ပြင် ဆင်သည့် ဥပဒေအရ တနင်္ဂနွေ ပိတ်ရက်များအတွက် လုပ်ခလ စာရရှိရေး၊ အလုပ်ရှင်က အလုပ် သမားများအား တစ်ဖက်သတ် အလုပ်ထုတ်မှု ရပ်ဆိုင်းပေးရေး၊ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ် ချက်ကို မလိုက်နာသည့် အလုပ် ရှင်များအား ထောင်ဒဏ်ချမှတ် သည့် ဥပဒေပြင်ဆင်ပေးရေးနှင့် အလုပ်သမားများ သွေးစည်းညီ ညွတ်ရေး၊ လွတ်လပ်သည့် အ လုပ်သမား အဖွဲ့အစည်းပေါ် ပေါက်ရေး၊ အဂတိလိုက်စားမှု ပပျောက်ပြီး တရားဥပဒေစိုးမိုး ရေး စသည့်အချက်ခြောက်ချက် ကို တောင်းဆိုခဲ့သည်။

အလုပ်သမားများ ဆန္ဒဖော်ထုတ်စဉ် (ဓာတ်ပုံ - အေးမြတ်သူ)
7Day Daily
အနည်းဆုံး အခကြေးငွေနှုန်းထား အမြန်ဆုံးသတ်မှတ်ရေး အတွက် ရန်ကုန်မြို့တွင် အလုပ်သမား ၅၀၀ ခန့် စုပေါင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန်အတွင်းရှိ လုပ်သားများ စု ပေါင်းပြီး အနည်းဆုံးအခကြေးငွေ နှုန်းထား အမြန်ဆုံးသတ်မှတ်ပေးရန် ရည်ရွယ်ချက်ဖြင့် တောင်းဆို သည့် ဆန္ဒပြပွဲတွင် အလုပ်သမား ဦးရေ ၁,၅၀၀ ပါဝင်မည့်ဟု ခွင့်ပြု ချက်တောင်းခံထားသော်လည်း ဆန္ဒပြပွဲတွင် လူငါးရာကျော်သာ လမ်းလျှောက် ချီတက်ဆန္ဒဖော် ထုတ်ခဲ့ကြသည်။

သမ္မတက စစ်ကိုင်းတိုင်းတရားလွှတ်တော် တရားသူကြီးချုပ်အား ရာထူးမှ အနားယူခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ် ဦးစန်းကိုအား တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း နိုဝင်ဘာ ၁၄ ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုး၍ နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။

စစ်ကိုင်းတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ် ဦးစန်းကိုအား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၁၂ နှင့် ပြည်ထောင်စုတရားစီရင်ရေး ပုဒ်မ ၄၉ ပါ ပြဋ္ဌာန်းချက်များအရ တာဝန်မှ အနားယူခွင့်ပြုလိုက် ကြောင်း ထုတ်ပြန်ကြေညာချက် တွင် ဖော်ပြပါရှိသည်။

တပ်မတော် ဆရာဝန်များ အရပ်ဘက်သို့ ပိုရောက်လာတော့မည်

တပ်မတော် ဆေးတက္က သိုလ် နောက်ပိုင်း အပတ်စဉ်များမှ ကျောင်းဆင်းပြီး တပ်မ တော်တွင် ဆရာဝန်အဖြစ် တာ ၀န်ထမ်းဆောင်နေသော ဆေး ပညာမဟာဘွဲ့ တက်ခွင့်မရသည့် ဆရာဝန်များအား အရပ်ဘက်သို့ ပြောင်းပေးမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

‘‘စစ်ဆေးရုံတွေမှာ လူနာက မရှိသလောက်နဲ့ သွားတော့ ဆေး သိပ်မကုရဘူး။ ဒါကြောင့် ထွက် ခွင့်ပေးပြီး တိုက်နယ်ဆေးရုံတွေ ကို ပို့မယ်လို့ ပြောတယ်။ အပတ် စဉ်က (၇) လောက်ကနေဆိုတော့ လူက မနည်းဘူး’’ ဟု တပ်မတော် စစ်ဆေးတက္ကသိုလ်တွင် တာဝန် ထမ်းဆောင်နေသော ဗိုလ်ကြီး တစ်ဦးက ပြောသည်။

အကြမ်းဖက်သမား လေးဦးစလုံး ဖမ်းဆီးမိပြီဟု ဆို

ရဲတပ်ဖွဲ့က ထုတ်ပြန် သတိပေးထားသည့် အကြမ်းဖက် သမား လေးဦးစလုံး ဖမ်းဆီးထား နိုင်ပြီး နေပြည်တော်၏ ကွပ်ကဲမှု ဖြင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန်းနီမြို့၊ အေးရှားဝေါဂိတ်တွင် နိုဝင်ဘာ ၁၄ ရက် ညနေက အ ကြမ်းဖက်သမားများဖြစ်သည်ဟု သံသယဖြင့် အမျိုးသားလေးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုညနေတွင်