Saturday, November 29, 2014

နိုင်ငံကို ချစ်လျှင် အလံကို ချစ်ပါ

သိန်းထက်အောင်
လွန်ခဲ့သောအပတ်က ပန်းဆိုးတန်းဘက်သို့ ပင်စင်လစာသွားထုတ်ပြီး အပြန် တွင် ကုန်သည်လမ်း ပေါ်ရှိ စာပေဗိမာန်စာအုပ်ဆိုင်သို့ဝင်ကာ လိုအပ်သော စာအုပ်များကို ဝယ်ယူပါသည်။ ထို့နောက် ကျွန်တော် သည် ကုန်သည်လမ်း ကိုဖြတ်ကူးပြီး လမ်းတစ်ဖက်ရှိကား မှတ်တိုင်မှ ဘတ်စ်ကားစီးပြီးပြန်လာရာ ဆူးလေဘုရား လမ်းကိုကျော်သည်နှင့် ကုန်သည်လမ်းမပေါ်တွင် ယခင်က ခြောက်ထပ်ရုံးဟုကျော်ကြား ခဲ့သည့် ရုံးကြီး၏နောက် ကျောကိုတွေ့မြင် လိုက်ရပါသည်။ ယခုအခါ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏လက်သို့ လွှဲပြောင်းပေး လိုက်သည်ဟု ယူဆရပြီး သစ်လွင်တောက်ပသော ဆေးရောင်များဖြင့် လှပနေသော်လည်း တစ်ချိန်က ဝန်ထမ်းရွေးချယ်လေ့ ကျင့်ရေးအဖွဲ့ရုံးထိုင်ခဲ့ပြီး ကျွန်တော်တို့တစ်တွေ အလုပ် ဝင်စာမေးပွဲဖြေဆိုသည်မှအစ နောက်ပိုင်းလည်း မကြာ ခဏဝင်ထွက်ခဲ့သောရုံးကြီးဖြစ်၍ လွမ်းမိသလိုလို ပင် ဖြစ်မိပါသည်။

ကျောင်းသားများတောင်းဆိုထားသည့်အချက်အချို့ကို ဖြည့်ဆည်းပေးသွားမည်ဟု ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ပြောကြား

Photo: ကျောင်းသားများ တောင်းဆိုထားသည့် အချက် အချို့ကို ဖြည့်ဆည်းပေး သွားမည်ဟု ရတနာပုံ တက္ကသိုလ်ပါမောက္ခချုပ် ပြောကြား
Saturday, November 29, 2014

ကျောင်းသားများ တောင်းဆိုထားသည့်အချက်အချို့ကို ဖြည့် ဆည်းပေးသွား မည်ဖြစ်ကြောင်း ရတနာပုံ တက္ကသိုလ်ပါမောက္ခချုပ်ကပြောကြားသည်။

အမျိုးသားပညာရေးဥပဒေကို သပိတ် မှောက်ခဲ့ရာတွင် ပါဝင်ခဲ့သည့် ရတနာပုံတက္က သိုလ်မှ ကျောင်းသားသမဂ္ဂများနှင့် မန္တလေး တိုင်းဒေသကြီးရှိ ပါမောက္ခချုပ်ခြောက်ဦး တို့သည် နိုဝင်ဘာ ၂၈ ရက်က ကျောင်းသား ဆရာအလွတ်သဘော တံခါးပိတ်တွေ့ဆုံဆွေး နွေးမှုပြုလုပ်ခဲ့ရာ ကျောင်းသားသမဂ္ဂများမှ ရတနာပုံတက္ကသိုလ်တွင် ကားပါကင်ရရှိရန်၊ မိန်းတံခါးနှစ်ခုကို ပြန်ဖွင့်ပေးရန်၊ ကျောင်း သားသမဂ္ဂများနှင့် ပတ်သက်၍ အစည်းအဝေး ပွဲတစ်ခုကို ပြုလုပ်နိုင်သည့်နေရာ စီစဉ်ပေး ရန်၊ စာကြည့်တိုက် တွင် စာဖတ်ဝိုင်းစီစဉ် ပေးရန်၊ ဝေဖန်အကြံပြုနိုင်သည့် ပညာရေး ဆွေးနွေးပွဲ များပြုလုပ်ခွင့်ရရှိရန်ဟူသော အ ချက်ငါးချက်ကို တောင်းဆိုလိုက်ကြကြောင်း သိရသည်။

''ကျောင်းသားတွေနဲ့ တွေ့ဆုံရတယ်ဆို တာက သားအဖတွေ တွေ့သလို တွေ့ဆုံရ ခြင်းဖြစ်ပါတယ်။ ဘာလိုတာရှိလဲဆိုပြီး ရှိရင် ပြောဆိုပြီး ခေါ်တွေ့ ကြတာပါပဲ။ သူတို့က လဲ သူတို့လိုချင်တာလေးတွေကို ပြောသွား တယ်။ ဆရာတို့ဘက်ကလဲ သူတို့တောင်းဆို ထားတာတွေထဲက တတ်နိုင်တာ မှန်သမျှလုပ် ပေးမယ်လို့ ပြောခဲ့ကြပါတယ်''ဟု မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင် သင်းက ပြောသည်။

ယင်းကဲ့သို့ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့သော ပါမောက္ခချုပ်များ သည် အထက်မှညွှန်ကြားချက်ကြောင့်သာ ယင်းတို့နှင့်တွေ့ဆုံခြင်းဖြစ်ကြောင်း ကျောင်း သားသမဂ္ဂများကလည်း ဝေဖန်ပြောကြား ခဲ့သည်။

''အခုလို ပါမောက္ခချုပ်တွေ လာတွေ့ တာက အထက်ကလာခိုင်းတဲ့အတွက် လာ တာမျိုးဖြစ်နေတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လာတဲ့သဘောမဖြစ်နိုင်ပါဘူး။ အရင်ကပါ ချုပ်နဲ့ တွေ့ဖို့သွားတဲ့အခါ တွေ့ဆုံခွင့်မရခဲ့ ဘူး။ လက်ရှိတွေ့ဆုံ ခဲ့တာတွေကိုတော့အားရ ခြင်းမရှိပါဘူး။ တောင်းဆိုထားတဲ့အချက် တွေကိုလည်း ညှိနှိုင်းမယ်၊စဉ်းစားဦးမယ်ပြော နေတယ်။ ပညာရေးနဲ့ပတ် သက်ပြီး ကျောင်း တွင်းဆွေးနွေးပွဲတွေလုပ်ပေးမယ်။ ဖြစ်အောင် လုပ်ပေး မယ်လို့တော့ ပြောသွားတယ်''ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြင်ပပြန်ကြားရေးတာဝန်ခံ ကိုနိုင်ရဲဝေက ပြောသည်။

ကျောင်းသားသမဂ္ဂများမှ တောင်းဆိုခဲ့ သောအချက်အချို့သည် အကောင် အထည် ဖော်သည့်လုပ်ငန်းစဉ်များတွင်ပါဝင်နေသည့် အတွက် တောင်းဆိုချက် အချို့သည် အဆင် ပြေနိုင်ကြောင်း၊ မိန်းတံခါးကို လုံခြုံရေးအ တွက် ပိတ်ထားခြင်း ဖြစ်သည့်အတွက် ပြန် လည်ဖွင့်ပေးရန် ညှိနှိုင်းမှုများ ပြုလုပ်ရန် လို အပ်ကြောင်း ရတနာပုံတက္ကသိုလ်ပါမောက္ခ ချုပ်က ပြောသည်။

''ကျောင်းတွင်းရေးရာကိစ္စနဲ့ပတ်သက် ပြီး တွေ့ဆုံတာဖြစ်ပါတယ်။ ဆရာတပည့် တွေ့ဆုံခြင်းသာဖြစ်ပါတယ်။ ကျောင်းသား တွေက လိုအပ်ချက်တွေကို ပြောပြတာ ဝမ်း သာပါတယ်။ လုပ်ပေးနိုင်တာမှန်သမျှ လုပ် ပေးမှာပါ''ဟု ယင်းက ဆက်လက်ပြောသည်။

ကျောင်းသားသမဂ္ဂများ ဝေဖန်သော အထက်မှ ညွှန်ကြားချက်ကြောင့် တွေ့ဆုံခြင်း ဆိုသည်ကို မန္တလေးတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ မောင်သင်းက ''ဆရာတို့က အထက်က ညွှန်ကြားလို့ ဒီလိုတွေ့ဆုံတာမျိုး မဟုတ်ပါဘူး။ ဆရာတို့က ဝန်ထမ်းဆိုတော့ လည်း ဒီလိုတွေ့ဆုံပါတယ် ဆိုတာတော့ ဖုန်း ဆက်ပြီးတော့ ပြောရတာပေါ့''ဟု ပြန်လည် ပြောကြားသည်။

ရတနာပုံတက္ကသိုလ်မှ ကျောင်းသားဦး ရေ ၅ဝ ခန့်ပါဝင်သော ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၇ ရက်က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် သပိတ်မှောက်မှုများအား မန္တလေးမြို့တွင်း လှည့်လည်ပြုလုပ်ခဲ့သည်။

Democracytoday
ကျောင်းသားများ တောင်းဆိုထားသည့်အချက်အချို့ကို ဖြည့် ဆည်းပေးသွား မည်ဖြစ်ကြောင်း ရတနာပုံ တက္ကသိုလ်ပါမောက္ခချုပ်ကပြောကြားသည်။

MH 17 လေယာဉ်ပေါ်ပါ ခရီးသည်အလောင်းများကို နောက်ဆုံးအသုတ် ပြန်ပို့

Photo: MH 17 လေယာဉ်ပေါ်ပါ ခရီးသည်အလောင်းများကို နောက်ဆုံးအသုတ် ပြန်ပို့
Saturday, November 29, 2014

ယူကရိန်းနိုင်ငံ အရှေ့ဘက်က စစ်မက်ဇုန်မှာ ဇူလိုင်လက ပျက်ကြသွားခဲ့တဲ့ လေယာဉ်ပေါ် ပါသွားခဲ့တဲ့ ခရီးသည်အလောင်းတွေထဲက နောက်ဆုံးအသုတ်ကို မနေ့က ယူကရိန်းကနေ နယ်သာလန်ကို ပြန်ပို့လိုက်ပါတယ်။

ကာကက်မြို့မှာ အကျဉ်းရုံး အခမ်းအနားတခုကို ကျင်းပခဲ့ပြီး ခေါင်းတလား ၆ ခုကို ဒတ်ခ်ျနိုင်ငံက ကုန်တင်လေယာဉ်ပေါ်ကို တင်ပို့လိုက်တာပါ။

နောက်ဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းတွေဟာ ဒတ်ခ်ျနိုင်ငံသားတွေ ဖြစ်ပြီး မလေးရှားလေယာဉ် MH 17  လေယာဉ်နဲ့ လိုက်ပါရင်း ကံဆိုး မိုးမှောင်ကျခဲ့ ရသူတွေဖြစ်ပါတယ်။

ဘိုရင်း  777 လေယာဉ်ဟာ ရုရှားလိုလားတဲ့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေ မြေပြင်ကနေ ဝေဟင်ပစ် မစ်ဇိုင်း ဒုံးကျည်နဲ့ ပစ်ခတ်တာ ခံလိုက်ရတယ်လို့  ယုံကြည်နေကြတာပါ။

လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၂၉၈ ဦး လိုက်ပါခဲ့ပြီး သုံးပုံနှစ်ပုံဟာ နယ်သာလန် နိုင်ငံသားတွေ ဖြစ်ပါတယ်။

လေယာဉ် ပျက်ကျသွားတဲ့နေရာမှာ ရှင်းလင်းရေးလုပ်ငန်းတွေ တပတ်ကြာ လုပ်တာ ပြီးခဲ့တဲ့အပတ်က အဆုံးသတ်လိုက်ပြီလို့ ဒတ်ခ်ျ အစိုးရက ပြောပါတယ်။

လေယာဉ်ကို ဘယ်သူက ပစ်ချလိုက်သလဲဆိုတာကို တိတိကျကျ မသိရသေးပါဘူး၊ ယူကရိန်းအစိုးရက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေကို စွပ်စွဲထားသလို၊ ရုရှားကလည်း ယူကရိန်းအစိုးရ စစ်တပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ဒီဗွီဘီ
ယူကရိန်းနိုင်ငံ အရှေ့ဘက်က စစ်မက်ဇုန်မှာ ဇူလိုင်လက ပျက်ကြသွားခဲ့တဲ့ လေယာဉ်ပေါ် ပါသွားခဲ့တဲ့ ခရီးသည်အလောင်းတွေထဲက နောက်ဆုံးအသုတ်ကို မနေ့က ယူကရိန်းကနေ နယ်သာလန်ကို ပြန်ပို့ လိုက်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်ကိုယ်စားလှယ်လောင်းများ ပြည်သူကရွေးချယ်မည် ဖြစ်သော်လည်း လူထုနှင့် ထိတွေ့ မှုအားနည်းသဖြင့် ဒေသအကျိုးပြု ကိုယ်စားလှယ် ဖြစ် မဖြစ် ပြည်သူများ သံသယရှိနေ

Photo: ရန်ကုန်မြို့တော်စည်ပင်ကိုယ်စားလှယ်လောင်းများ ပြည်သူကရွေးချယ်မည် ဖြစ်သော်လည်း လူထုနှင့် ထိတွေ့ မှုအားနည်းသဖြင့် ဒေသအကျိုးပြု ကိုယ်စားလှယ် ဖြစ် မဖြစ် ပြည်သူများ သံသယရှိနေ
Saturday, November 29, 2014

ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲအား ပြည် သူရွေးချယ်မှုဖြင့် တင်မြှောက်ခွင့်ရ ရှိမည်ဖြစ်သော်လည်း ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများအနေဖြင့် မိမိတို့သည် ကိုယ်စားလှယ်အရည် အချင်း ရှိမရှိ ပြည်သူများသိရှိစေရန် လူထုနှင့် ထိတွေ့မှုအားနည်းခြင်း ကြောင့် ယင်းတို့အပေါ် သက်ဆိုင် ရာ လူထုက ပြည်သူ့အကျိုးပြုကိုယ် စားလှယ်ဖြစ် မဖြစ် သံသယရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအဆင့်ဆင့်တွင် ရွေးချယ်ခံရန် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသူကိုယ်စားလှယ်လောင်း ၂၉၃ဦး ရှိပြီး ယင်းကိုယ်စား လှယ် လောင်းများ အနေဖြင့် မိမိတို့ရွေးကောက်ခံမည့် မြို့နယ်များတွင် မြို့နယ်နေ ပြည်သူ များကို နိုဝင်ဘာ ၅ရက်တွင်စတင် မဲဆယ်စည်းရုံး နိုင်ကြောင်း ရန်ကုန် မြို့တော်ကော်မရှင်က ကြေညာထား သည်။

ယင်းသို့ ကြေညာထားသော် လည်း ရွေးကောက်ခံကိုယ်စားလှယ် အများစု အနေဖြင့် သက်ဆိုင်ရာမြို့ နယ်များရှိ လူထုကိုထိတွေ့မှု၊ မဲဆွယ် စည်းရုံး မှုပြုလုပ်ခြင်းများ အားနည်းနေကြောင်း ရန်ကုန်မြို့အတွင်းရှိပြည်သူ များကြား ဝေဖန်ပြောကြားမှု များရှိနေကြောင်း သိရသည်။

''ဒီဇင်ဘာ၂၇မှာ ကိုယ့်မြို့နယ် ရဲ့စည်ပင်ဥက္ကဋ္ဌနေရာအတွက် တစ် အိမ်ထောင် တစ်ယောက် မဲဆန္ဒပေး ရမည်ဆိုတာ သတင်းစာဖတ်လို့သာ သိရတယ်။ ခုချိန်ထိကို မြို့နယ်မှာဝင် ရောက်ယှဉ်ပြိုင်မယ့်သူက ဘယ်သူ လဲ မသိသေးဘူး။ ရပ်ကွက်ရုံးမှာ သွားကြည့်ဖို့ကလဲ ကိုယ့်စီးပွားရေးနဲ့ ဆိုတော့ မကြည့်ဖြစ်ဘူး။ တကယ်ဆို ဝင်ရောက်ယှဉ်ပြိုင်မယ့်သူက ကိုယ့် မြို့နယ်၊ ရပ်ကွက်က ပြည်သူတွေသိ အောင် မဲဆွယ်စည်းရုံးရေးဆင်းတာ တွေ၊ ပြည်သူတွေကို အသိပေး အ ကြောင်းကြားတာတွေ၊ လက်ကမ်း စာစောင်တွေဖြန့်ဝေဖို့တော့ လိုမယ်။ မြို့တော်၊ မြို့နယ်၊ ရပ်ကွက်တိုးတက် အောင် လုပ်ပေးမယ့်သူက ခုချိန်ထိ ဘာအကောင်အထည်မှ မဖော်သေး တော့ ကျွန်တော်တို့က ဘယ်လိုယုံ ကြည်ရမှာလဲ''ဟု စည်ပင်ရွေးကောက် ပွဲနှင့်ပတ်သက်၍ သာကေတမြို့နယ် ရှိ ပြည်သူတစ်ဦးဖြစ်သူ ဦးညီညီ အောင်က ပြောသည်။

ရန်ကုန်မြို့တော်နှင့် မြို့နယ်ဖွံ့ ဖြိုးတိုးတက်အောင်ပြုလုပ်မည်ဆိုပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်ရွေးကောက် တင်မြှောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းများ လူ ထုနှင့် ထိတွေ့မှုအားနည်းနေသဖြင့် မည်သူ့ကိုရွေးချယ်ရမည်ကိုပင် မသိ ဖြစ်နေကြောင်း ရန်ကုန်မြို့နေ ပြည် သူများထံမှ သိရသည်။

''ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ သူတို့သာ မြို့တော်စည်ပင် အဆင့်ဆင့် ရွေးချယ်ခံ ရရင် သူတို့ အနေနဲ့ သူတို့ကို ရွေးချယ်ပေးလိုက် တဲ့ပြည်သူတွေကို သူတို့တွေအနေနဲ့ ဘာတွေလုပ်ပေးမယ်။ ဘယ်လိုကတိ တွေပေးမယ်ဆိုတာ ကျွန်တော်တို့ တွေ သိပ်သိချင်နေကြပါတယ်''ဟု ရန်ကင်းမြို့နယ်နေ ကိုငြိမ်းပြည့်က ပြောသည်။

''အခုအချိန်ထိတော့ ကျွန် တော်တို့အနေနဲ့ သူတို့ဘာတွေလုပ် ပေးမယ်ဆိုတာ မသိရှိရသေးဘူး။ကတိစကားတွေမကြားရသေးဘူး။ ဒါကြောင့် ကျွန်တော်တို့ ဘယ်သူ့ကို ရွေးချယ်ရမယ်ဆိုတာ အခုချိန်ထိ မသိရှိသေးပါဘူး''ဟု ယင်းက ဆက်လက်ပြောကြားသည်။

''ကျွန်တော်တို့လသာမြို့နယ် မှာဆိုရင် ရပ်မိရပ်ဖက ရွေးချယ်ပေး မယ့် ဥက္ကဋ္ဌနေရာအတွက် မဲဆွယ် ယှဉ်ပြိုင်ရမယ့် ကိုယ်စားလှယ်လောင်း က တစ်ဦးပဲရှိတယ်လို့ သိရတယ်။ ရပ်မိရပ်ဖကရွေးချယ်ပေးမယ့် ကိုယ် စားလှယ် လောင်းက သူတစ်ဦးတည်း ပဲ။ လသာမြို့နယ်အတွက် ယှဉ်ပြိုင်ရ မှာဆိုတော့ သူမဲမဆွယ်လဲ ရဖို့ကျိန်း သေနေတယ်။ အခုချိန်ထိတော့ လ သာမြို့နယ်က ရပ်မိရပ်ဖတွေ သိ အောင် မဲဆွယ်စည်းရုံးတာတွေလဲ မရှိသေးဘူး။ တကယ်ဆို လသာမြို့ နယ်တိုးတက်အောင် ဘာတွေလုပ် ပေးမယ်၊ ပြည်သူတွေက ကိုယ်စား လှယ်လောင်းကို သိရှိအောင် မဲပေး ချင်အောင် မဲဆွယ်စည်းရုံး ရေးဆင်း ဖို့လိုပါတယ်။ ဒီဇင်ဘာ၂၇ရက်မှာ ကျင်းပမှာ ခုပဲ နိုဝင်ဘာပဲရှိနေပြီ။ အခုလိုမျိုးသာဆို ကိုယ့်မြို့နယ်တိုး တက်ဖို့ မဲဆန္ဒပေးတဲ့အခါ ဘယ်လို ယုံကြည်ပြီးပေးရမှာလဲ''ဟု လသာမြို့ နယ်မှ ကိုခင်မောင်သန်းက ထပ် လောင်းပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအဆင့်ဆင့် ရွေး ကောက်တင် မြှောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ခွင့်ရသည့် ကိုယ်စား လှယ်လောင်းများအား မဲအရေအ တွက်များသူကိုသာ ရွေးချယ်ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် ကော်မရှင်မှ သိရသည်။

''ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ကိုယ်စားလှယ်လောင်းတွေထဲက အ နိုင်ရရှိတဲ့သူကို ရွေးချယ်တဲ့အခါ မဲ အရေအတွက်များတဲ့သူကိုသာ ရွေး ချယ်သွားမယ်။ အနိုင်ရရှိနေတဲ့သူက တစ်မဲအသာနဲ့ အနိုင်ရလဲ အနိုင်ရရှိ တာပဲ။ လွှတ်တော် ရွေး ကောက်ပွဲ မဲ ပေးတဲ့စနစ်အတိုင်းပါ''ဟု ရန်ကုန် မြို့တော်ကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီအဆင့်ဆင့်ရွေး ကောက် တင်မြှောက်ပွဲတွင် ခရိုင် လေးခရိုင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိ သည့် လူဦးရေမှာ စုစုပေါင်း ၄ဝ၁၆၃၄ ဦးရှိပြီး အရှေ့ပိုင်းခရိုင်တွင် ၁၁၅၁၅၂ ဦး၊ အနောက်ပိုင်း ခရိုင်တွင် ၄၈၂၂၇ ဦး၊ တောင်ပိုင်းခရိုင်တွင် ၈၈၃၉၈ဦး၊ မြောက်ပိုင်းခရိုင်တွင် ၁၄၉၈၅၇ဦး တို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်း သိရ သည်။

ခရိုင်အလိုက် မဲရုံများမှာလဲ စု စုပေါင်း ၁ဝ၈၆ရုံရှိပြီး အရှေ့ပိုင်း ခရိုင်တွင် ၃၂၄ရုံ၊ အနောက်ပိုင်းခရိုင် တွင် ၁၃၉ရုံ၊ တောင်ပိုင်းခရိုင် တွင်၂၅၆ရုံ၊ မြောက်ပိုင်းခရိုင်တွင် ၃၆၅ ရုံတွင် မဲရုံထားရှိပေးထားသည်။ မဲရုံများတွင် အနိုင်ရသည့်ကိုယ် စားလှယ်လောင်းမဲ၊ ပယ်မဲများကို ပြည်သူများရှေ့တွင် ရေတွက်၍ ပွင့် လင်းမြင်သာစွာ ကြေညာပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာ ယာအဆင့်ဆင့်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် ကိုယ် စားလှယ်လောင်း ၂၉၃ဦးတွင် ကိုယ် စားလှယ် လောင်း ၂၆၁ဦးမှာ အမျိုး သားများဖြစ်ပြီး ကိုယ်စားလှယ် ၃၂ ဦးမှာ အမျိုးသမီးများ ဖြစ်ကာ ယင်း တို့က ရန်ကုန်မြို့တော်စည်ပင်သာ ယာရေး ကော်မတီဝင် ကိုယ်စားလှယ် လေးဦး၊ ခရိုင် လေးခရိုင်မှ တစ်ခရိုင် လျှင် သုံးဦးစီ စုစုပေါင်းကိုယ်စားလှယ် ၁၂ဦး၊ မြို့နယ် ၃၃မြို့နယ်မှ တစ်မြို့နယ်လျှင် သုံးဦးစီ စုစုပေါင်း မြို့နယ်ကိုယ်စားပြုကိုယ်စားလှယ် ၉၉ဦး စုစုပေါင်း ၁၁၅ဦးရွေးချယ်ခံ ရမည်ဖြစ်သည်။

''လူထုနဲ့ ထိတွေ့မှုနည်းတာ မဲ ဆွယ်စည်းရုံးမှုနည်းတဲ့သူတွေက တော့သူတို့ လုပ်တဲ့ ရလဒ်ကို သူတို့ရ မှာပေါ့။ ကျွန်တော်တို့ဘက်ကတော့ ပြည်သူတွေ ဘယ်လိုပုံစံနဲ့ရွေးချယ် ရမယ်ဆိုတဲ့ ကျွန်တော်တို့လုပ်ရမယ့် တာဝန်တွေကိုတော့ မလစ်ဟင်းစေရ ပါဘူး''ဟု ရန်ကုန်မြို့တော်ကော်မရှင် မှ တာဝန်ရှိသူတစ်ဦးက ဒီမိုကရေစီ တူဒေးသတင်းစာသို့ပြောသည်။

Yangon Media Group
ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲအား ပြည် သူရွေးချယ်မှုဖြင့် တင်မြှောက်ခွင့်ရ ရှိမည်ဖြစ်သော်လည်း ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများအနေဖြင့် မိမိတို့သည် ကိုယ်စားလှယ်အရည် အချင်း ရှိမရှိ ပြည်သူများသိရှိစေရန် လူထုနှင့် ထိတွေ့မှုအားနည်းခြင်း ကြောင့် ယင်းတို့အပေါ် သက်ဆိုင် ရာ လူထုက ပြည်သူ့အကျိုးပြုကိုယ် စားလှယ်ဖြစ် မဖြစ် သံသယရှိနေကြောင်း သိရသည်။

ခြောက်ပွင့်ဆိုင်ရန် ပြည်ထောင်စုလွှတ်တော်၏ သ၀ဏ်လွှာကို နိုင်ငံတော်သမ္မတ လက်ခံ၊မခံကို သ၀ဏ်လွှာဖြင့်သာ အကြောင်းပြန်မည်ဟု ဆို

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ခြောက်ပွင့်ဆိုင်တွေ့  ဆုံဆွေးနွေးရေးမှာမဖြစ်နိုင်ဟု နိုင်ငံတော်သမ္မတ၏ပြောခွင့်ရပုဂ်္ဂိုလ်က ပြောကြားထားသော်လည်း နိုင်ငံတော်သမ္မတမှာ ယင်း သ၀ဏ် လွှာကိုပင် မဖတ်ရသေးကြောင်းနှင့် သ၀ဏ်လွှာဖြင့်အကြောင်းပြန် ရမည့်ကိစ္စဖြစ်ကာ မည်သည့် အကြောင်း မှ မပြန်ရသေးကြောင်း နိုင်ငံတော်သမ္မတရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြား လိုက်သည်။

အင်ဂျင်နီယာတပ်ဝင်းအတွင်းလူတစ်ဦးဝင်ရောက် သေနတ်ပစ်ဖောက်

အရပ်သားဆိုသူတစ်ဦးသည် ဒဂုံမြို့နယ၊်မြို့မကျောင်းလမ်းရှိ အမှတ်၉၅၄ ဆောက်လုပ်ရေးအင်ဂျင်နီယာ တပ်ခွဲအတွင်းသို့ ကားဖြင့်အတင်းဝင်ရောက်ပြီး အသင့်ပါလာသည့် ပစ်္စတိုသေနတ်ကို မိုးပေါ်ထောင် ဖောက်ခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဘာသာရေး တင်းကျပ်မှုနဲ့ အကြမ်းဖက် ဝါဒ အဆုံးသတ်ဖို့ ပုပ်ရဟန်း မင်း တောင်းဆို

Photo: ဘာသာရေး တင်းကျပ်မှုနဲ့ အကြမ်းဖက် ဝါဒ အဆုံးသတ်ဖို့ ပုပ်ရဟန်း မင်း တောင်းဆို
Saturday, November 29, 2014

ဘာသာရေး ကိုးကွယ်သူတိုင်းဟာ အခွင့်အရေးတွေ တန်းတူရှိကြတယ်ဆိုတဲ့ ခံယူချက်ကို ကိုင်ဆွဲပြီး ကိုးကွယ်တဲ့ ဘာသာအချင်းချင်းကြား ပိုမိုကျယ်ပြန့်တဲ့ အခြေအတင်ဆွေးနွေးမှုကတဆင့် အစွန်းရောက်မှုနဲ့ အကြမ်းဖက်မှုကို အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီး Francis တိုက်တွန်းခဲ့ပါတယ်။

တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan နဲ့ Ankara မြို့မှာ သောကြာနေ့ ကတွေ့ဆုံပြီးနောက် ဆီးရီးယားနဲ့ အီရတ်နိုင်ငံက ခရစ်ယာန်တွေ အခြား လူနဲစု ဘာသာဝင်တွေအပေါ် IS တွေ တိုက်ခိုက်နေတာကို ပုပ်ရဟန်းမင်းက ပြစ်တင် ရှုံ့ချလိုက်ပါတယ်။ ဒုက္ခသည် ၁.၆ သန်းကို တူရကီနိုင်ငံမှာ ခိုလှုံခွင့်ပေးထားတဲ့အပေါ်မှာလည်း ကျေးဇူးတင်တယ်လို့ ပုပ် Francis ကပြောပါတယ်။

အကြမ်းဖက် စစ်သွေးကြတွေက သူတို့ နယ်မြေဆိုပြီး ကြေညာထားတဲ့ တူရကီတောင်ဘက် နယ်စပ်က တိုက်ပွဲတွေနဲ့ အကြမ်းဖက် ရက်စက်မှုတွေကြောင့် ဒီဒုက္ခသည်တွေဟာ တူရကီဖက်ကို ခိုလှုံလာတာပါ။ ဒီဒုက္ခသည်တွေကို ကူညီနေသူတွေကို နိုင်ငံတကာအနေနဲ့လည်း ၀ိုင်းဝန်း အထောက်အပံ့တွေပေးဖို့ ပုပ်ရဟန်းမင်းက ပြောဆိုခဲ့ပါတယ်။

ထိပ်တန်း အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တဦးဖြစ်သူ Mehmet Gormez နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဘာသာရေးကို အကြောင်းပြပြီး အကြမ်းဖက် တိုက်ခိုက်မှုကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချသင့်တယ်လို့ ဒီလိုတွေ့ဆုံမှု အပြီး ပုပ်ရဟန်းမင်းက ပြောပါတယ်။

တူရကီနိုင်ငံကို တည်ထောင်သူ Mustafa Kemal Ataturk ရဲ့ အထိမ်းအမှတ် ဂူဗိမာန်ကိုလည်း ပုပ်ရဟန်းမင်း သွားရောက်ပြီး ပန်းခွေချခဲ့ပါတယ်။ ကမ္ဘာ့ Orthodox ခရစ်ယာန် ဘာသာရေးခေါင်းဆောင် Patriarch Bartholomew ကို ပုပ် Francis သွားရောက် တွေ့ဆုံမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း) 

ပုပ်ရဟန်းမင်းကြီး Francis နဲ့  အစ္စလာမ် ဘာသာရေး ခေါင်းဆောင် Mehmet Gormez တွေ့ဆုံစဉ်

ပုပ်ရဟန်းမင်းကြီး Francis နဲ့  အစ္စလာမ် ဘာသာရေး ခေါင်းဆောင် Mehmet Gormez တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၂၈၊ ၂၀၁၄)

ဘာသာရေး ကိုးကွယ်သူတိုင်းဟာ အခွင့်အရေးတွေ တန်းတူရှိကြတယ်ဆိုတဲ့ ခံယူချက်ကို ကိုင်ဆွဲပြီး ကိုးကွယ်တဲ့ ဘာသာအချင်းချင်းကြား ပိုမိုကျယ်ပြန့်တဲ့ အခြေအတင်ဆွေးနွေးမှုကတဆင့် အစွန်းရောက်မှုနဲ့ အကြမ်းဖက်မှုကို အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီး Francis တိုက်တွန်းခဲ့ပါတယ်။

အမေရိကန် ရဲတပ်ဖွဲ့ လုပ်ဆောင်ပုံ စုံစမ်း စစ်ဆေးဖို့ ကုလတောင်းဆို

Photo: အမေရိကန် ရဲတပ်ဖွဲ့ လုပ်ဆောင်ပုံ စုံစမ်း စစ်ဆေးဖို့ ကုလတောင်းဆို
Saturday, November 29, 2014

ရဲတပ်ဖွဲ့ရဲ့ မတရား ပြုမူလုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ နှိပ်စက် ညှဉ်းပန်းမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ ကော်မတီက အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းနေပါတယ်။ မစ်ဇူရီပြည်နယ်မှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက်တဦး ကို သေနတ်နဲ့ပစ်သတ်လိုက်တဲ့ လူဖြူရဲအရာရှိတဦးကို တရားမစွဲဖို့ ဂျူရီလူကြီးတွေပါဝင်တဲ့ အဖွဲ့တဖွဲ့က ဆုံးဖြတ်လိုက်တဲ့အပေါ် မကျေနပ်တဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေချိန်မှာပဲ အခုလို တိုက်တွန်းတာပါ။

အထူးသဖြင့် လူနည်းစု လူမျိုးစုတွေနဲ့ တိုင်းရင်းသားတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ ရက်စက်တဲ့ပြုမူမှုနဲ့ အင်အားအလွန်အကျွံ အသုံးပြုမှု တွေနဲ့ပတ်သက်ပြီး တင်ပြချက်အများအပြား ရှိနေတဲ့အပေါ် စိုးရိမ်တဲ့ အကြောင်း သောကြာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကုလသမဂ္ဂကော်မတီက ပြောထားပါတယ်။ လက်နက်မဲ့ လူမည်းပုဂ္ဂိုလ်တွေကို ရဲတွေက ပစ်ခတ်တာ ဒါမှမဟုတ် အသက်သေ ဆုံးရတဲ့ထိ လိုက်လံဖမ်းဆီးတာတွေဟာ မကြာခနဆိုသလိုနဲ့ ထပ်ခါတလဲလဲ ဖြစ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီလို စောဒကတက်တာတွေနဲ့ ပတ်သက်ပြီး အမေရိကန်တာဝန်ရှိသူတွေက အချက်အလက်တွေ မပေးသလို ဘယ်လို စုံစမ်း စစ်ဆေး အရေးယူတယ်ဆိုတာတွေကိုလည်း မပြောဘူးလို့ သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်သူ ကော်မတီအဖွဲ့ဝင် ဆယ်ဦးထဲက တဦးဖြစ်တဲ့ Jens Modvig ကပြောပါတယ်။ ဒါဟာဖြင့် ၂၀၀၆ ခုနှစ်ကတည်းကဆိုရင် ဒီကုလသမဂ္ဂကော်မတီက အမေရိကန်ပြည်ထောင်စုကို လေ့လာသုံးသပ်တာ ပထမဆုံး အကြိမ်ပါပဲ။

ဗွီအိုအေ (မြန်မာပိုင်း)

Ferguson အရေး ဆန့်ကျင် ဆန္ဒပြပွဲများ

Ferguson အရေး ဆန့်ကျင် ဆန္ဒပြပွဲများ

ရဲတပ်ဖွဲ့ရဲ့ မတရား ပြုမူလုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ နှိပ်စက် ညှဉ်းပန်းမှု တိုက်ဖျက် ရေး ကုလသမဂ္ဂကော်မတီက အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းနေပါတယ်။ မစ်ဇူရီပြည်နယ်မှာ လက်နက်မဲ့ လူမည်းဆယ်ကျော်သက်တဦးကို သေနတ်နဲ့ပစ်သတ်လိုက်တဲ့ လူဖြူရဲအရာရှိတဦးကို တရား မစွဲဖို့ ဂျူရီလူကြီးတွေပါဝင်တဲ့ အဖွဲ့တဖွဲ့က ဆုံးဖြတ်လိုက်တဲ့အပေါ် မကျေနပ်တဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေချိန်မှာပဲ အခုလို တိုက်တွန်းတာပါ။

စစ်တွေမှာ တရားမ၀င် ဒိုင်ယာဇီပင်ထိုးဆေး သုံးသောင်းခွဲ သိမ်းဆည်းရမိ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရန်ကုန်ကိုတင်ပို့မယ့် တရားမ၀င် ဒိုင်ယာဇီပင် အလုံး ၃၅၀၀၀ ကျော်ကို မူးယစ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့ပါတယ်။

Friday, November 28, 2014

မြန်မာနိုင်ငံ၌ ဂြိုဟ်တုနှင့် ဆက်နွှယ်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်စီစဉ်


မြန်မာနိုင်ငံ၍ ဂြိုဟ်တုနှင့် ဆက်နွှယ်သော ဝန်ဆောင်မှုများပေးနိုင်ရန် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်း Naung Yoe Technologies ကုမ္ပဏီလီမိတက်နှင့် နယူးဇီလန်အခြေစိုက် Wirelessnation ကုမ္ပဏီတို့ ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ “Network Facilities Service ပေး သွားမှာဖြစ်ပါတယ်။ ကိုယ်ပိုင်ဒီဇိုင်းနဲ့လုပ်မှာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံအတွက် ဘာအားသာချက်ရှိမလဲ ဆိုတော့ မှန်ကန်တဲ့ဈေးနှုန်း၊ မှန်ကန်တဲ့ နည်းပညာရမယ်။ ပြည်သူတိုင်းက သင့်တင့်မျှတစွာ အသုံးပြုနိုင် မယ်” ဟု Naung Yoe Technologies ကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဦးရဲဝင်းထွဋ်တင်က ပြောသည်။

ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဒီဇင်ဘာ၂၇ရက်တွင် ကျင်းပမည်


၂ဝ၁၃ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေး အပ်ပွဲကြီးအား ဒီဇင်ဘာ ၂၇ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Event Park တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
''MEP မှာလုပ်ဖို့က သေချာသ လောက်ပါပဲ။ အဲဒီနေရာမှာလုပ်ရခြင်း ရဲ့ အဓိကရည်ရွယ်ချက်က အနုပညာ ရှင်တွေကို ယခင်နှစ်တွေကထက် ပို ပြီးတော့ဖိတ်ချင်တဲ့အတွက် MEP ကို ရွေးလိုက်ရတာပါ'' ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း က ပြောသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အား ယခုနှစ်မှစတင်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှသာ အစစအ ရာရာ တာဝန်ယူဆောင်ရွက်တော့ မည်ဖြစ်သည်။

၈ နှစ် အရွယ် ကတည်း က ကလေး သရုပ်ဆောင် အဖြစ် ဇာတ်ကားတွေ စတင် ရိုက်ကူးခဲ့တဲ့ ၀ါဆိုမိုးဦး

 ဝါဆိုမိုးဦး က ကလေး သရုပ်ဆောင် အနေ နဲ့ ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားပေါင်း ၂ဝ ကျော် ရိုက်ကူးခဲ့ကြောင်း သိရပါတယ်။ ကလေး သရုပ် ဆောင် အနေနဲ့ စတင် ရိုက်ကူး ခဲ့စဉ်က ၈ နှစ် အရွယ် ရှိပြီဖြစ်ပြီး အနု ပညာရှင်များစွာ ပါဝင်တဲ့ နိုင်ငံတော် ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင် ခဲ့တာဖြစ်ကြောင်း ဝါဆိုမိုးဦး က ပြောပါတယ်။ ကလေး သရုပ်ဆောင် အဖြစ် ရိုက်ကူးဖြစ်ခဲ့ပုံ များကို ဝါဆိုမိုးဦးက “ကလေး သရုပ်ဆောင် လုပ်တုန်းက ခရီးတအား သွားရတယ်။ နယ်စပ် တွေ သွားရတယ်။ တရုတ်ပြည် နယ်စပ်၊ သံလွင်မြစ်ဘက် ကိုသွား ရတယ်။ မော်ကင်း ဥဒါန်းဇာတ် ကားကြီးဆိုရင် ဆလုံကျွန်း ရောက်သွားတယ်။ ငယ်ငယ်တုန်း က ပိုပျော် ဖို့ကောင်းတယ်။ ကလေး ဆိုတော့အ ကုန်လုံးက ဝါဆို့ကို ချစ်ကြတယ်။ အစ်မ တွေ၊ အစ်ကိုတွေ ကြား မှာ ပျော်စရာကြီးပဲ။ ဝါဆိုကငယ် သေးတော့ ဝါသနာ ပါလို့ပါမှန်း မသိဘူး။ အန်တီ ရဲ့အိမ်မှာ လာရိုက် ရင်း နဲ့ ကလေးသရုပ်ဆောင် လုပ် ပါလားလို့ ပြောတော့ရိုက် ဖြစ်သွားတာပါ” လို့

ညဈေးဖွင့်ရန် ယခုလကုန် အပြီးသတ်ဆွေးနွေးမည်

ရန်ကုန်မြို့တွင် ညနေ ဈေးဖွင့်လှစ်ရန် နိုဝင်ဘာလကုန်၌ မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အပြီးသတ် ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ သတင်းရရှိသည်။
ဖွင့်လှစ်မည့် ဈေးဆိုင်အမျိုး အစား ပါဝင်မှု ရာခိုင်နှုန်း၊ ဈေး သည်များအတွက် ရေ၊ မီး၊ မိလ္လာ စနစ်များနှင့် မော်တော်ယာဉ်ရှုပ် ထွေးမှု မဖြစ်အောင် ရွေးချယ်ထားပြီးဖြစ်၍ ယခု ဆွေးနွေးမှုပြီး မြောက်ပါက ညဈေးကို ဖော် ဆောင်သွားမည်ဟု ယင်းအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်မြတ်မိုးက ပြောသည်။
‘‘လုပ်ပြီးရင် ပြန်မဖျက်ချင် လို့ တစ်ခါတည်းသေချာအောင် လုပ်နေလို့ ကြန့်ကြာနေတာပါ။ နောက်ပြီး ယဉ်ကျေးမှုနယ်မြေ တွေထဲမှာလည်း မပါချင်ဘူး။ ရန်ကုန်မြို့တော် မဟာစီမံကိန်း ပေါ်မူတည်ပြီး ဒီဈေးနေရာကို သတ်မှတ်သွားမယ်’’ဟု ဦးကျော် မြတ်မိုးက ပြောသည်။

မော်ဒယ်အေးချမ်းမြတ်မိုးကို ဓားဖြင့် ထိုးခဲ့သည်ဟု စွပ်စွဲခံရသူကပြောခဲ့ကြောင်း အဓိကသက်သေနှစ်ဦးထွက်ဆို

   မော်ဒယ်အေးချမ်းမြတ် မိုးသေဆုံးမှုတွင် စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်က ဓားဖြင့် ထိုးမိကြောင်း အခင်းဖြစ်ပွားချိန်၌ ပြောဆိုခဲ့ သည် ဟု တရားလိုပြသက်သေ နှစ်ဦးက အနောက်ပိုင်းခရိုင် တရားရုံးသို့ ထွက်ဆိုခဲ့ကြောင်း တရားလိုပြအထက်တန်းရှေ့နေ ဦးဇော်မင်းကပြောကြားသည်။
အမှုကို ရုံးတင်စစ်ဆေးရာ တွင် တရားလိုပြသက်သေ ၂၀ ဦးအနက် ငါးဦးကို စစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်က ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ကို စစ်ဆေးခဲ့သည်။ ထိုသို့စစ် ဆေးမှုတွင် စွပ်စွဲခံရသူ အံ့ဖြိုးပိုင် ကို ဖမ်းဆီးရန် နေအိမ်သို့ သွား ရောက်ခဲ့စဉ်က အံ့ဖြိုးပိုင်နေအိမ် က ငါးမိနစ်ခန့်ကြာပြီးမှ အိမ်တံ

ဩစတြေးလျ အရှေ့ပိုင်းတွင် အင်အားပြင်းထန်သည့် မိုးကြိုးမုန်တိုင်းတိုက်ခတ်

Photo: ဩစတြေးလျ အရှေ့ပိုင်းတွင် အင်အားပြင်းထန်သည့်
 မိုးကြိုးမုန်တိုင်းတိုက်ခတ်
Friday, November 28, 2014

 ဩစတြေးလျနိုင်ငံ၊ အရှေ့ဘက် ကမ်းခြေဒေသတွင် အင်အားပြင်းထန်သည့် (Supercell) မိုးကြိုးမုန်တိုင်းကြီးတစ်ခု တိုက်ခတ်မှုကြောင့် အပျက်အစီး အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

အားကောင်းသော လေပြင်းများကြောင့် မြေပြင်တွင် အခြေစိုက် ရပ်နားထားသည့် လေယာဉ်ငယ်များ၊ မော်တော်ကားများပါ ကျွမ်းထိုး ပြောင်းပြန်လန်ကုန်ပြီး နေအိမ် အဆောက်အအုံ အများအပြားမှာ အမိုးများ ကျွတ်ထွက်ကုန်သည်။ နိုဝင်ဘာ (၂၈)ရက် နံနက်ပိုင်းတွင် ဩစတြေးလျ စစ်တပ်သည် မုန်တိုင်းဒဏ်သင့် ဒေသတွင် ရှင်းလင်းမှုများ ကူညီလုပ်ဆောင်ရန် လာရောက် ဖြန့်ကျက်ခဲ့သည်။

မြို့တော် ဘရစ္စဘိန်းနှင့် အနီးအနား ဒေသများတွင် နိုဝင်ဘာ (၂၇)ရက်က တိုက်ခတ်ခဲ့သည့် မိုးကြိုးမုန်တိုင်းအတွင်း တင်းနစ်ဘောလုံး အရွယ်အစားမျှ ရှိသည့် မိုးသီးများလည်း ကြွေကျခဲ့သည်။ လေပြင်းများသည် တစ်နာရီလျှင် ကီလိုမီတာ (၁၄၀)နှုန်းထိ အားကောင်းခဲ့ပြီး လေဆင်နှာမောင်း နှစ်ခုလည်း ဖွဲ့စည်းဖြစ်ပေါ်ခဲ့ရာ သစ်ပင်အချို့ အမြစ်မှ ကျွတ်ထွက်သွားပြီး ဓာတ်တိုင်များပါ လဲပြိုခဲ့သည်။

လက်ရှိအချိန်ထိ ဒဏ်ရာရသူ အရေအတွက် (၃၉)ဦးထိ စာရင်းရရှိထားပြီး အပျက်အစီးတန်ဖိုးသည် အနည်းဆုံး အမေရိကန် ဒေါ်လာ (၈၅)သန်း စာမျှ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ဘရစ္စဘိန်း မြို့လယ်မှ (၁၁)ကီလိုမီတာမျှ အကွာရှိ အာချာဖီးလ် လေဆိပ်တွင် အပေါ့စားလေယာဉ် အနည်းဆုံး (၄)စီးခန့်သည် လေစီးကြောင်းတွင် တရွတ်တိုက် ပါသွားပြီး ပြောင်းပြန်လန်သွားခဲ့သည်။

“မုန်တိုင်းကျနေချိန်မှာ ကမ္ဘာပျက်နေသလိုပဲ”ဟု သတ္တုအမိုးပြား ကျွတ်ထွက်သွားသည့် နေအိမ်တစ်လုံးတွင် နေထိုင်သည့် ဘရစ္စဘိန်း မြို့ခံတစ်ဦးက မှတ်ချက်ပြုခဲ့သည်။ ကွင်းစလန်ပြည်နယ် ဝန်ကြီးချုပ် ကမ့်ဘဲလ်နယူးမန်းက ယခုမိုးကြိုးမုန်တိုင်းသည် (၁၉၈၅)ခုနှစ်နောက်ပိုင်း ဘရစ္စဘိန်းတွင် ကြုံဖူးသည့် အပြင်းထန်ဆုံးဟု ပြောကြားခဲ့သည်။

“အရမ်းဆိုးရွားတဲ့ မုန်တိုင်းကြီးပဲ။ ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ပဲ ဘယ်သူမှ ဆိုးဆိုးရွားရွား ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရတယ်လို့ မကြားရသေးဘူး”ဟု ၎င်းက ABC သို့ ပြောကြားခဲ့သည်။ ဩစတြေးလျ မိုးလေဝသ ဌာနမှ ပရာဒိပ်ဆင်းက “Supercell မုန်တိုင်းကြီးတွေမှာ လေဝဲတွေ ဖြစ်ပေါ်တတ်တယ်။ ပတ်ဝန်းကျင် လေထုက လည်ပတ်ပြီး အထက်ကို တက်သွားတာမျိုးပါ။ အဲဒီလို ဖြစ်ပြီဆိုရင် စိုထိုင်းဆက ရေခဲမှတ် အထက်ထိ ရောက်သွားတယ်။ အဲဒီအခြေအနေက မုန်တိုင်းရဲ့ သက်တမ်းကို ရှည်ကြာနေစေပါတယ်”ဟု ရှင်းပြခဲ့သည်။

စက်တင်ဘာ (၂၈)ရက်တွင် တွက်ချက်ထုတ်ပြန်သော စာရင်းအရ မုန်တိုင်းကြောင့် ဓာတ်တိုင် (၅၀၀)ကျော် ပြိုလဲပျက်စီးပြီး အိမ်ခြေနှင့် လုပ်ငန်းအရေအတွက် (၆၅၀၀၀)ကျော်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သည့် အခြေအနေ ကြုံနေရကြောင်း သိရှိရသည်။

7 Day Daily
ဩစတြေးလျနိုင်ငံ၊ အရှေ့ဘက် ကမ်းခြေဒေသတွင် အင်အားပြင်းထန်သည့် (Supercell) မိုးကြိုးမုန်တိုင်းကြီးတစ်ခု တိုက်ခတ်မှုကြောင့် အပျက်အစီး အများအပြားဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

အားကောင်းသော လေပြင်းများကြောင့် မြေပြင်တွင် အခြေစိုက် ရပ်နားထားသည့် လေယာဉ်ငယ်များ၊ မော်တော်ကားများပါ ကျွမ်းထိုး ပြောင်းပြန်လန်ကုန်ပြီး နေအိမ် အဆောက်အအုံ အများအပြားမှာ အမိုးများ ကျွတ်ထွက်ကုန်သည်။ နိုဝင်ဘာ (၂၈)ရက် နံနက်ပိုင်းတွင် ဩစတြေးလျ စစ်တပ်သည် မုန်တိုင်းဒဏ်သင့် ဒေသတွင် ရှင်းလင်းမှုများ ကူညီလုပ်ဆောင်ရန် လာရောက် ဖြန့်ကျက်ခဲ့သည်။

စိတ်ဖိစီးမှုကို ဘယ်လိုစီမံကွပ်ကဲမလဲ

''စိတ်ဖိစီးလိုက်တာ'' ၊ ''Stress'' ဟူသော စကားလုးံ တို့မှ အလုပ်ခွင်နှင့် နေ့စဉ်ဘ၀တွင် ကြားဖူး နေကျ စကားလုံးများ ဖြစ်နေကြခြင်းမှာ ယနေ့အခါတွင် အဆန်းကြယ်တော့ပါ။ Stress သို့မဟုတ်

စိတ် ဖိစီးမှုကို သင်နှင့် အတူ ဆုပ်ကိုင် မလား။ လွှတ်ဖယ် မလား ဆိုသည်မှာ သင်၏ အနာဂတ်နှင့်သာ သက်ဆိုင်ပေလိမ့်မည်။ ထို့ကြောင့် Stress ကို စွန့်ပယ်ချင်သူ၊ ဆုပ်ကိုင်ချင်သူများအတွက် Stress ကို စီမံ ကွပ်ကဲ နည်းလေးများကို မျှဝေပေးလိုက်ပါတယ်။

(၁) စိတ်ဖိစီးမှု ဖြစ်ရသော အကြောင်း အရင်းကို ရှာပါ

၂ဝ၁၆ အာဆီယံ ဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင် အဖြစ် မြန်မာနှင့် ဖိလစ်ပိုင် ရွေးချယ်ခံရ …..

Photo: ၂ဝ၁၆ အာဆီယံ ဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင် အဖြစ် မြန်မာနှင့် ဖိလစ်ပိုင် ရွေးချယ်ခံရ …..

၂ဝ၁၆ ခုနှစ်တွင် ကျင်းပမည့် အာဆီယံ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲတွင် အိမ်ရှင် နိုင်ငံများအဖြစ် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့ကို အာဆီယံ ဘောလုံးအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးတွင် ရွေးချယ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံသည် ၁၉၉၆ခုနှစ်တွင် တိုက်ဂါးဖလား ပြိုင်ပွဲ အဖြစ်စတင် ကျင်းပခဲ့သည့် အာဆီယံဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတစ် လျှောက်တွင် အိမ်ရှင်အဖြစ် ပထမ အကြိမ် လက်ခံ ကျင်းပခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၆ ခုနှစ် ဘောလုံးပြိုင်ပွဲ၏ ခြေစစ်ပွဲများကို ကမ္ဘောဒီးယား နိုင်ငံ၊ နောက်ဆုံး အဆင့်ပြိုင်ပွဲကို မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ တို့က လက်ခံကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ် သည်။ အာဆီယံ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေးတွင် အခြားပြိုင်ပွဲများ အတွက်လည်း အိမ်ရှင် နိုင်ငံများကို ရွေးချယ်ခဲ့ရာ အာဆီယံ အမျိုးသမီးပြိုင်ပွဲ  အိမ်ရှင်အဖြစ်  ထိုင်းနိုင်ငံ၊ အာဆီယံ ဖူဆယ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် မလေးရှား နိုင်ငံတို့ကို ရွေးချယ် ခဲ့ကြောင်း သိရသည်။

အာဆီယံ ဘောလုံးပြိုင်ပွဲသည် ဒေသတွင်းတွင် အဆင့်အမြင့်ဆုံး လက်ရွေးစင် အဆင့် ပြိုင်ပွဲဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် တိုက်ဂါးဖလား ပြိုင်ပွဲ အဖြစ် စင်ကာပူ နိုင်ငံက စတင် ကျင်းပ ခဲ့သည်။ နှစ်နှစ် တစ်ကြိမ်ကျင်းပသည့် ယခု ပြိုင်ပွဲတွင် စင်ကာပူ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က အိမ်ရှင်အဖြစ် လေးကြိမ်၊ အင်ဒိုနီးရှားနိုင်ငံက သုံးကြိမ်၊ မလေးရှား နိုင်ငံက နှစ်ကြိမ်စီ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ကြောင်း သိရသည်။
၂ဝ၁၆ ခုနှစ်တွင် ကျင်းပမည့် အာဆီယံ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲတွင် အိမ်ရှင် နိုင်ငံများအဖြစ် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့ကို အာဆီယံ ဘောလုံးအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးတွင် ရွေးချယ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံသည် ၁၉၉၆ခုနှစ်တွင် တိုက်ဂါးဖလား ပြိုင်ပွဲ အဖြစ်စတင် ကျင်းပခဲ့သည့် အာဆီယံဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတစ် လျှောက်တွင် အိမ်ရှင်အဖြစ် ပထမ အကြိမ် လက်ခံ ကျင်းပခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

ငွေသန်းပေါင်းများစွာနှင့် ဘဏ်အကောင့်နှစ်ခု ပိုင်ဆိုင်ထားသော သူတောင်းစားကို အီရန်ရဲ ဖမ်းဆီး

Photo: ငွေသန်းပေါင်းများစွာနှင့် ဘဏ်အကောင့်နှစ်ခု
ပိုင်ဆိုင်ထားသော သူတောင်းစားကို အီရန်ရဲ ဖမ်းဆီး
Friday, November 28, 2014

အီရန်နိုင်ငံတွင် ယမန်နေ့က ဖမ်းဆီးရမိခဲ့သော သူတောင်းစား တစ်ဦး၏ အိတ်ထဲတွင် အီရန်ငွေ ကြေးသန်းပေါင်းများစွာနှင့် ဘဏ် အကောင့်နှစ်ခု တွေ့ရှိကြောင်း အ ရာရှိတစ်ဦးက ပြောခဲ့သည်ဟု AFP သတင်းများအရ သိရသည်။

ယခင်လက်ပွေ့ဈေးသည်တစ် ဦးဖြစ်သူ အသက် ၆၄ နှစ်အရွယ် အမျိုးသားသည် ဘူကန်ရှိ သူ တောင်းစားများဖြိုခွင်းရေး ရဲတစ်ဦး ကင်းလှည့်ချိန်တွင် စစ်ဆေးခံခဲ့ရ ခြင်းဖြစ်ကြောင်း နိုင်ငံအနောက် မြောက်ပိုင်းရှိ ဘူကန်မြို့မှ အရာရှိ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား ကာ IRNA သတင်းဌာနက ဖော် ပြခဲ့သည်။

၎င်းကို ရှာဖွေမှုများပြု လုပ်ခဲ့ရာ၎င်း၏အိတ်ထဲတွင်အီရန် ငွေသန်း ၁၁ဝ (ဒေါ်လာ ၃,၃၇ဝ) တွေ့ရှိခဲ့သည်။

ထို့အပြင် ဒေါ်လာ ၄၇,၅၅ဝ ရှိသော ဘဏ်အကောင့် နှစ်ခုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါအမျိုးသားသည် ထို သို့များပြားလှသော ငွေကို မည်သို့ စုဆောင်း ထားသည်ကို မသိရသေး ပေ။ ထိုငွေများကို သိမ်းယူခဲ့ပြီး လူမှု ဖူလုံရေး စင်တာများတွင် ဘဏ္ဍာ ငွေအဖြစ် အသုံးပြုသွားမည်ဖြစ် သည်။

ပြီးခဲ့သောလက သမ္မတ ဟက်ဆန်ရူဟာနီသည် လမ်းများ ထက်မှ သူတောင်းစားများကို ရှင်း လင်းရန် ရဲများအား အမိန့်ပေးခဲ့ ပြီး သူတောင်းစား တချို့၏ နောက် ကွယ်မှ ရာဇဝတ်ကွန်ရက်များကို ဖော်ထုတ်ရန် ပြောခဲ့သည်။

Yangon Media Group
အီရန်နိုင်ငံတွင် ယမန်နေ့က ဖမ်းဆီးရမိခဲ့သော သူတောင်းစား တစ်ဦး၏ အိတ်ထဲတွင် အီရန်ငွေ ကြေးသန်းပေါင်းများစွာနှင့် ဘဏ် အကောင့်နှစ်ခု တွေ့ရှိကြောင်း အ ရာရှိတစ်ဦးက ပြောခဲ့သည်ဟု AFP သတင်းများအရ သိရသည်။

ယခင်လက်ပွေ့ဈေးသည်တစ် ဦးဖြစ်သူ အသက် ၆၄ နှစ်အရွယ် အမျိုးသားသည် ဘူကန်ရှိ သူ တောင်းစားများဖြိုခွင်းရေး ရဲတစ်ဦး ကင်းလှည့်ချိန်တွင် စစ်ဆေးခံခဲ့ရ ခြင်းဖြစ်ကြောင်း နိုင်ငံအနောက် မြောက်ပိုင်းရှိ ဘူကန်မြို့မှ အရာရှိ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား ကာ IRNA သတင်းဌာနက ဖော် ပြခဲ့သည်။

နိုင်ငံတော်သမ္မတ နေရာအတွက် မဆုံးဖြတ်ရသေးကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) က ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပြီးတွင် ဖွဲ့စည်းမည့် အစိုးရအဖွဲ့၏ အကြီးအကဲ သမ္မတနေရာအတွက် ယှဉ်ပြိုင်မည့်သူကို ရွေးချယ်ရန် ဆုံးဖြတ်ချက် မချနိုင်သေးကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုဝင်ဘာ ၂၇ ရက်နေ့က ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အစည်းအဝေးခန်းမတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ

ထိပ်တန်းအပြောင်းအရွှေ့ သတင်း

Photo: ထိပ်တန်းအပြောင်းအရွှေ့ သတင်း
Friday, November 28, 2014

မင်း ---ဘယ်ကိုလဲ မက်ဆီ

မက်ဆီအနေနဲ့ နူးကမ့်ကနေ စွန့်ခွာချင်နေပါပြီလို့ သတင်းထွက်ပေါ်လာခဲ့ပြီး ဥရောပ ထိပ်တန်းကလပ်တွေရဲ့ လှုပ်ရှားမှု တွေက အပြောင်းအရွှေ့ဈေးကွက်ကို ဂယက် ထစေခဲ့ပါတယ်။

မက်ဆီလို ကစားသမားကို အမိအရ ခေါ်ယူနေချင်ကြတဲ့ ကလပ်တွေအတွက်တော့ အပြောင်းအရွှေ့ဈေးကွက်မှာ ဘယ်လိုပုံစံတွေနဲ့ ပါဝင်လာဦးမလဲ ဆိုတာ စောင့်ကြည့်ချင်စရာပါ။

သတင်းမှာတော့ မက်ဆီအနေနဲ့ နူးကမ့်ကို စွန့်ခွာချင်နေပြီလို့ ရေးထားပေမဲ့ သေသေချာချာ အဓိပ္ပါယ် ကောက်ကြည့်ရင် တစ်ခြားအသင်းတစ်ခုကို ပြောင်းချင်တာပါဆိုတဲ့ အဓိပ္ပါယ်ကို ပိုသက်ရောက်နေပါတယ်။

ဆိုလိုချင်တာက မက်ဆီအနေနဲ့ ဘာစီလိုနာမှာ မပျော်ရွှင်လို့ မဟုတ်ပဲ ဥရောပ တစ်ခွင်မှာ အတွေ့အကြုံသစ် ရှာချင်တာ လို့ သတ်မှတ်လို့ ရနိုင်ပါတယ်။

ဘာလို့ အသင်းပြောင်းချင်ရတာလဲ ဆိုတဲ့ အကြောင်းရင်းတစ်ခုကို ကြည့်ရင် မက်ဆီအနေနဲ့ အနီးကပ်ဆုံးပြိုင်ဘက် စီရော်နယ်ဒို အပေါ်မှာ မှတ်တမ်းအရ အသာရထားပေမဲ့ ခြေစွမ်းမှာ အသာမရပါဘူးဆိုတဲ့ ဝေဖန်သံ မကြာခဏ ထွက်ပေါ်နေခဲ့တာပါ။ ဒီလို ဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုက မက်ဆီအနေနဲ့ ဘာစီလိုနာ လောင်းရိပ်အောက်မှာ ,မိ, နေခဲ့တာပါ။
ဇာဗီတို့လို အသင်းဖော်တွေရဲ့ ပံ့ပိုးမှုသာ မပါရင် မက်ဆီအနေနဲ့ ဒီလို ဆုတံဆိပ်တွေ မရနိုင်ဘူးဆိုတဲ့ ဝေဖန်သံကို မက်ဆီအနေနဲ့ ဘယ်အသင်းမှာမဆို ခြေစွမ်းပြနိုင်ကြောင်း ဖော်ပြပြီး ချေဖျက်ချင်နေမှာပါ။

ဒါဟာ မက်ဆီအနေနဲ့ အသင်းပြောင်းချင်ပါတယ် လို့ ဆိုလာတဲ့ အကြောင်းရင်း တစ်ခုဖြစ်နိုင်ပါတယ်။

မက်ဆီ အနေနဲ့ တကယ်သာ နူးကမ့်ကို စွန့်ခွာခဲ့မယ် ဆိုရင် မန်စီးတီး PSG တို့လို အသင်းတွေက ငွေထုတ်ပိုက် လိုက်လာပါလိမ့်မယ်။တစ်ခြားထိပ်တန်းကလပ်တွေလည်း ဆက်တိုက် လှုပ်ရှားလာကြဦးမှာမို့ ဒီသတင်းသာ တကယ်မှန်ရင် ဆောင်းရာသီမှာ စိတ်လှုပ်ရှားစရာ အပြောင်းအရွှေ့ဇာတ်လမ်းတစ်ပုဒ်ကို တွေ့မြင်ရမှာပါ။

မက်ဆီလို ကစားသမားကို မလိုချင်ပါဘူးဆိုတဲ့ အသင်းပရိတ်သတ်က နည်းပါးပါလိမ့်မယ်။အဲဒါကြောင့် သိပ်မကြာခင် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘယ်သူတွေ ဘာဖြစ်ဦးမလဲဆိုတာ ရင်ခုန်ကြည့်ကြရအောင်ပါ။

Ko Ko San
Football Café
မင်း ---ဘယ်ကိုလဲ မက်ဆီ

မက်ဆီအနေနဲ့ နူးကမ့်ကနေ စွန့်ခွာချင်နေပါပြီလို့ သတင်းထွက်ပေါ်လာခဲ့ပြီး ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ လှုပ်ရှားမှု တွေက အပြောင်းအရွှေ့ဈေးကွက်ကို ဂယက် ထစေခဲ့ပါတယ်။

မက်ဆီလို ကစားသမားကို အမိအရ ခေါ်ယူနေချင်ကြတဲ့ ကလပ်တွေအတွက်တော့ အပြောင်းအရွှေ့ ဈေးကွက်မှာ ဘယ်လိုပုံစံတွေနဲ့ ပါဝင်လာဦးမလဲ ဆိုတာ စောင့်ကြည့်ချင်စရာပါ။

သတင်းမှာတော့ မက်ဆီအနေနဲ့ နူးကမ့်ကို စွန့်ခွာချင်နေပြီလို့ ရေးထားပေမဲ့ သေသေချာချာ အဓိပ္ပါယ် ကောက်ကြည့်ရင် တစ်ခြားအသင်းတစ်ခုကို ပြောင်းချင်တာပါဆိုတဲ့ အဓိပ္ပါယ်ကို ပိုသက်ရောက်နေပါတယ်။

လူထုဆန္ဒ ဘယ်လိုပြုကြမလဲ

တစ်ချိန်တုန်းက တပ်မတော်သာအမိ၊ တပ်မတော်သာ အဖဆိုသည့်စကားက တော်တော်ခေတ်စားခဲ့သည်။ အခုတော့ ထိုသို့မဟုတ်တော့။ ပြည်သူသာ အမိ၊ ပြည်သူသာအဖဟု အစားထိုး သုံးနှုန်းလာသည်။

နေရာတိုင်းတွင် ပြည်သူ့ဆန္ဒ အတိုင်းဟု ဆိုလာကြသည်။ သို့အတွက် ကျွန်တော်တို့ပြည်သူ များတွင် တာဝန်ယူရမှုများ တော်တော်များလာတော့သည်။
ပြီးခဲ့သည့် ၂ဝဝ၈ခုနှစ်တုန်းကဆိုလျှင် ပြည်သူ့ဆန္ဒဟု ဆိုကာ ယနေ့အထိ ဝေဖန်မှုများ အတော မသတ်နိုင်သေးသော ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေနှင့် စရိတ် ကျပ် ၁ဝ သိန်းမှ ၁၆ သိန်း တိုးမြှင့်သတ်မှတ်ရေးအပေါ် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲ၍ ပြည်ထောင်စု လွှတ်တော်၌ ဆုံးဖြတ်မည်

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖွဲ့ဦးစီးအဖွဲ့ဝင်များ၏ချီးမြှင့်ငွေနှင့် စရိတ်များ တိုးမြှင့်သတ်မှတ်ရေးအပေါ် လွှတ်တော် နှစ်ရပ် သဘောကွဲလွဲသည့်အတွက် ပြည်ထောင်စု လွှတ်တော်တွင် အဆုံးအဖြတ်ခံယူ မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက် အမျိုး သား လွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ် ခဲ့သည်။

ဥပဒေနှင့် မညီဘဲ နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးထားမှုများ ပြန်လည်စိစစ် အရေးယူမည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြော

Photo: ဥပဒေနှင့် မညီဘဲ နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးထားမှုများ ပြန်လည်စိစစ် အရေးယူမည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြော
Friday, November 28, 2014

ဥပဒေနှင့် ညီညွတ်မှုမရှိ ဘဲ နိုင်ငံသားမှတ်ပုံတင်ထုတ်ပေး ထားမှုများအား ပြနv်လည်စိစစ် အရေးယူမည်ဖြစ်ကြောင်း နိုင်ငံ တော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်ကပြော ကြားသည်။

နိုဝင်ဘာ ၂၂ ရက်က ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် မန္တ လေးမြို့ခံ မီဒီယာသမားများ တွေ့ ဆုံရာတွင် ၂၀၁၃ နှစ်ဆန်းပိုင်းက ပြည်ထောင်စု လွှတ်တော်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက မန္တလေးမြို့တွင် နေထိုင်သည့် မြန်မာစကား မပြောတတ်သူများအား တရားဝင်နေထိုင်နေခြင်းဟုတ်၊ မဟုတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဥပဒေနှင့်အညီတရားဝင် ထုတ်ပေးထားခြင်း ဟုတ်၊ မဟုတ် ပြန်လည်စိစစ်နေသည်ဆိုသော ပြောကြားထားမှုအပေါ် မန္တလေးမြို့ခံမီဒီယာများက မည်သို့ဆက်လက် ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းမှုအား ဦးရဲထွဋ်က ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

‘‘ကျွန်တော် သိသလောက် နယ်စပ်ဒေသတွေမှာရော ဘာရောမှတ်ပုံတင်တွေ ပြန်စိစစ်ဖို့ရှိတယ်လို့သိရတယ်’’ဟု ဦးရဲထွဋ်ကပြောသည်။ ၂၀၁၃ ဖေဖော်ဝါရီအတွင်း က ကျင်းပပြုလုပ်ခဲ့သည့် ပြည် ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က မန္တလေးမြို့၌ မြန်မာစကား မတတ်သည့် လူမျိုးများ တရားမ ၀င် ၀င်ရောက်နေထိုင်မှုကို စိစစ် ဖော်ထုတ် အရေးယူပေးရန် တောင်းဆိုခဲ့ပြီး လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဒုဝန်ကြီးဦးကျော်ကျော်ဝင်း က စတင်စိစစ်မှုများ ပြုလုပ်နေ ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအ တွင်း နေထိုင်သည့် မြန်မာစကား မပြောတတ်သူများကိုင်ဆောင် ထားသည့် အိမ်ထောင်စုလူဦးရေ စာရင်းများနှင့် နိုင်ငံသားမှတ်ပုံ တင်များသည် ဌာနက တရားဝင် ထုတ်ပေးထားသည်များဟုတ်၊ မဟုတ် ရုံးလက်ခံမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးနေကြောင်း၊ မမှန်မကန်မှုများတွေ့ရှိပါက တရားမ၀င်နေထိုင်သူများကို အရေးယူမည်ဖြစ်သလို မမှန်မကန်ဆောင်ရွက်ခဲ့သည့် ၀န်ထမ်းများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဟု ဒုဝန်ကြီးဦးကျော်ကျော်ဝင်းက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

သို့သော်လက်ရှိအချိန်တွင် ရခိုင်ဒေသ၌ နေထိုင်သူများအား နိုင်ငံသားစိစစ်ခြင်းကို ဦးစားပေးလုပ်ဆောင်နေသည်ဟု ဦးရဲထွဋ်ကပြောသည်။ ထို့အပြင် နိုင်ငံသားမှတ်ပုံတင် မရှိသေးသူများအား ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံသားမှတ်ပုံတင်ကတ်ရရှိရန်ဦးစားပေးဆောင်ရွက်နေသည်ဟု ၎င်းက ပြောသည်။ မှတ်ပုံတင်ထုတ်ပေးထားမှုများ ပြန်လည်စိစစ်ခြင်းများ မလုပ်ဆောင်နိုင်သေးသော် လည်း ခိုးဝင်နေမှုများရှိနေသည်ဆိုသော နယ်စပ်ဒေသများတွင် မှတ်ပုံတင်ထုတ်ပေးမှုများနှင့်ပတ်သက်၍ အထူးတင်းကျပ်ထားသည်ဟု ဦးရဲထွဋ်ကပြောကြားသည်။

‘‘ခိုးဝင်မှုရှိနိုင်တယ်ဆိုတဲ့ ဒေသတွေမှာ မှတ်ပုံတင်ထုတ် ပေးမှုစနစ်နဲ့ ပတ်သက်လို့ အရမ်း တင်းကျပ်ထားတယ်။ ရုံးချုပ်က ထုတ်ပေးမှရတယ်လို့ ကျွန်တော် အကြမ်းဖျင်းနားလည်တယ်။ နှစ်ကတော့ ဒုတိယအဆင့်က ပြန်စိစစ်မှုတွေလုပ်ဖို့ရှိတယ်’’ ဟု ဦးရဲထွဋ်ကပြောသည်။

တရုတ်လူမျိုးများ အများ အပြားနေထိုင်သည့် မန္တလေးမြို့ တွင် မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသော်လည်း မြန်မာစကားမပြောတတ်သူများ ရှိနေသည်ဟု မန္တလေးမြို့ခံအချို့ကပြောသည်။ စစ်အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးယူသည့် ကာလ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် မြန်မာစကားမပြောတတ်သူများအလုံးအရင်းနှင့် မန္တလေးမြို့သို့ ၀င်ရောက်လာခြင်း ဖြစ်ကြောင်း မြို့ခံများကပြောသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
7Day Daily
ဥပဒေနှင့် ညီညွတ်မှုမရှိ ဘဲ နိုင်ငံသားမှတ်ပုံတင်ထုတ်ပေး ထားမှုများအား ပြနv်လည်စိစစ် အရေးယူမည်ဖြစ်ကြောင်း နိုင်ငံ တော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိ သူ ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်ကပြော ကြားသည်။

နိုဝင်ဘာ ၂၂ ရက်က ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် မန္တ လေးမြို့ခံ မီဒီယာသမားများ တွေ့ ဆုံရာတွင် ၂၀၁၃ နှစ်ဆန်းပိုင်းက ပြည်ထောင်စု လွှတ်တော်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်ကျော်ဝင်းက မန္တလေးမြို့တွင် နေထိုင်သည့် မြန်မာစကား မပြောတတ်သူများအား တရားဝင်နေထိုင်နေခြင်းဟုတ်၊ မဟုတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်များကို ဥပဒေနှင့်အညီတရားဝင် ထုတ်ပေးထားခြင်း ဟုတ်၊ မဟုတ် ပြန်လည်စိစစ်နေသည်ဆိုသော ပြောကြားထားမှုအပေါ် မန္တလေးမြို့ခံမီဒီယာများက မည်သို့ဆက်လက် ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းမှုအား ဦးရဲထွဋ်က ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခြင်းသည် မြန်မြန်တွေ့ဆုံဆွေးနွေးမည်ဆိုပါက ပြည်သူနှင့် တိုင်းပြည်အတွက် ကောင်းမွန်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခြင်းသည် မြန်မြန်တွေ့ဆုံဆွေးနွေးနိုင်မည် ဆိုပါက ပြည်သူနှင့်တိုင်းပြည်အတွက် ကောင်းမွန်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၇ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံရာ၌ ပြောကြားသည်။ ယင်းကဲ့သို့တွေ့ဆုံရာတွင် သတင်းထောက်တစ်ဦးက “ခြောက်ပွင့်ဆိုင်မတိုင်ခင်မှာ လေးပွင့်ဆိုင်အတွက် ဆန္ဒပြတောင်းဆို တာတွေလည်း ရှိတယ်။ လက်ရှိအချိန်မှာ ခြောက်ပွင့်ဆိုင်ဆိုပြီးတော့ ဖြစ်လာတဲ့အချိန်မှာ အမြန်ဆုံးဖြစ်စေချင်ကြတယ်။ အန်တီအနေနဲ့ ကျန်တဲ့ခေါင်းဆောင်တွေကို ဘယ်လောက်အချိန်အတိုင်းအတာ အတွင်းမှာ တွေ့မှ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲရေးကိုသွားလို့ လွယ်ကူမယ်လို့ အန်တီအနေနဲ့ တိုက်တွန်းပြောလိုပါသလဲ”ဟု မေးမြန်းခဲ့သည်။ 

နေပြည်တော်တွင် ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်ရာမှ သားအမိနှစ်ဦး ပွဲချင်းပြီးသေဆုံး

ဟိုင်းလတ်ယာဉ် နှင့် ဆိုင်ကယ်တို့ မျက်နှာချင်း ဆိုင်ဝင်တိုက်မိ၍ ဆိုင်ကယ် ပေါ်ပါရှိသည့် သားအမိနှစ်ဦးမှာ ဖြစ်ပွားရာနေရာတွင် သေဆုံး သွားကြောင်း နေပြည်တော်ယာဉ် ထိန်းတပ်ဖွဲ့ထံမှ သတင်းရရှိ သည်။

နိုဝင်ဘာ ၂၇ ရက် နံနက် ၄ နာရ်ီတွင် ဇမ္ဗူသီရိမြို့နယ်၊ ဇမ္ဗူဆေးရုံကြီးရှေ့၊ ပျဉ်းမနား တောင်ညှိလမ်းမပေါ်၌ HiluxDouble Cub ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ် မောင်းနှင်လာသော ယာဉ်ကြောပေါ်သို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှလာသော ဆိုင်ကယ်ကို ၀င်တိုက်မိခြင်းဖြစ်သည်။

Thursday, November 27, 2014

အမြန်လမ်းမကြီးအား ကတ္တရာလမ်းအဖြစ် ပြောင်းလဲတော့မည်

Photo: အမြန်လမ်းမကြီးအား ကတ္တရာလမ်းအဖြစ် ပြောင်းလဲတော့မည်
Thursday, November 27, 2014

ရန်ကုန်-မန္တလေး အမြန်လမ်းအား ကွန်ကရစ်လမ်းမှ ကတ္တရာလမ်းအဖြစ် ပြောင်း လဲသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင် ရန်ကုန်-မန္တလေးလမ်းသည် ကွန် ကရစ်နှင့် ခင်းကျင်းထားသည့် လမ်းဖြစ်ပြီး လမ်း ချော်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် လမ်းလည်းဖြစ်သည်။

''ရန်ကုန်-မန္တလေး အမြန်လမ်းကို ကတ္တရာ ခင်းသွားမှာပါ။ အရင်တုန်းကတော့ ကွန်က ရစ်ခင်းထားတဲ့ လမ်းပေါ့။ ဒါပေမဲ့ သတိပြုရ မယ့်အပိုင်းနဲ့ လမ်းကို ပိုင်းခြားထားတဲ့ တံတား တွေကိုတော့ ကွန်ကရစ် ခင်းပေးထားပါတယ်'' ဟု ယင်းက ဆက်ပြောသည်။

ယင်းကတ္တရာခင်းခြင်းအား ရရှိသည့် ဘတ်ဂျက်အပေါ်မူတည်၍ နှစ်အပိုင်း အခြား အလိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ထပ်မံ သိရသည်။
''ကတ္တရာခင်းတာကိုတော့ နိုင်ငံတော်က ချပေးတဲ့ ဘတ်ဂျက်အပေါ်မူတည်ပြီး နှစ်အ ပိုင်းအခြားအလိုက် ပြုလုပ်သွားမှာပါ။ ရန်ကုန်- မန္တလေး အမြန်လမ်းတစ်ခုလုံးကို ကတ္တရာ ခင်းသွားမှာပါ''ဟု ထပ်ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ကွန်ကရစ်လမ်းမှ ကတ္တရာလမ်းအဖြစ် ပြောင်း လဲရန်မှာလည်း ကားသမားများ မျှော်လင့်နေ သည့် ရည်ရွယ်ချက်ဖြစ်ကြောင်းလည်း ကား သမားများက ပြောသည်။
''အမြန်လမ်းကို ကတ္တရာခင်းလိုက်ရင် ပိုကောင်းတာပေါ့။ လမ်းချော်မှု တော်တော် များများက ကတ္တရာလမ်းမှာဖြစ်ခဲတယ်။ ကွန် ကရစ်လမ်းတွေမှာပဲ အဖြစ်များတာ။ ဘာပဲ ဖြစ်ဖြစ် အမြန်လမ်းကြီးကို ကတ္တရာလမ်းအ ဖြစ် ပြောင်းလဲမယ်ဆိုရင်တော့ အကောင်း ဆုံးပါပဲ''ဟု ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးစံ ကောင်းက ပြောသည်။ 

ယင်းရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အား ရှစ်လမ်းသွား အမြန်လမ်း ဖြစ်စေရန်အ တွက်လည်း စီစဉ်ထားကြောင်းကိုလည်း ထပ် မံပြောကြား သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး သည် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော် ကုန်ကျခဲ့သည့် အမြန်လမ်းမကြီးဖြစ်ပြီး မြေ သား တာပေါင်အကျယ်ပေ ၂ဝဝ၊ လမ်းလယ် ကျွန်းဧရိယာ ပေ ၃ဝ နှင့် လမ်းမကြီးတစ်ဖက် စီတွင်၂၅ ပေကျယ်သည့် နှစ်လမ်းသွား (သွား/ ပြန်)စနစ်နှင့် တည်ဆောက်ထားကြောင်း သိ ရသည်။

Yangon Media Group
ရန်ကုန်-မန္တလေး အမြန်လမ်းအား ကွန်ကရစ်လမ်းမှ ကတ္တရာလမ်းအဖြစ် ပြောင်း လဲသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခင် ရန်ကုန်-မန္တလေးလမ်းသည် ကွန် ကရစ်နှင့် ခင်းကျင်းထားသည့် လမ်းဖြစ်ပြီး လမ်းချော်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည့် လမ်းလည်းဖြစ် သည်။

အိုင်အက်စ်၏ ခြိမ်းခြောက် မှုကို တွန်းလှန် နိုင်မည်ဟု ပါကစ္စတန် ယုံကြည်

Photo: အိုင်အက်စ်၏ ခြိမ်းခြောက် မှုကို တွန်းလှန် နိုင်မည်ဟု ပါကစ္စတန် ယုံကြည်
Thursday, November 27, 2014

အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ၂၆။ အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေ အများ အပြား သိမ်းပိုက် ထားသော အိုင်အက်စ် စစ်သွေးကြွ များသည် အခြားနိုင်ငံ များကို မျက်စောင်း ထိုးလာ သည်။ ၎င်းအုပ်စု၏ ကာလီဖိတ် နိုင်ငံတော် အကျယ်အ၀န်း ရည်မှန်း ချက်မှာ မြောက်အာ ဖရိကမှ အရှေ့တောင် အာရှ အထိ ကျယ်ဝန်း သည်။

အထူးသဖြင့် စိမ့်ဝင် ထိုးဖောက်ရန် လွယ်ကူသည့် နိုင်ငံ တစ်ခုမှာ ပါကစ္စတန် နိုင်ငံဖြစ်သည်။ အိုင်အက်စ်တွင် ပျောက်ကြား စစ်ဆင်ရေး လက်နက်များ အပြင်   ခေတ်မီ လေယာဉ်ပစ် လက်နက်များ၊ တင့်ကားများ အပြင် ဂျက်တိုက် လေယာဉ် များပင် ရှိသည်ဟု ယူဆ ရသည်။

“သူတို့ဘာမှ လုပ်နိုင်မယ် မထင်ပါဘူး။ ပါကစ္စတန်ဟာ သူ့ရဲ့ပြည်သူတွေ၊ သူ့ရဲ့ စစ်တပ်၊ တခြားအ ချက်တွေကြောင့် အလွန် အင်အား တောင့်တင်း ပါတယ်။ ဒါ့ကြောင့် သူတို့ ပါကစ္စတန်ကို ဘာမှ လုပ်နိုင်မယ် မထင် ပါဘူး"ဟု ထောက်လှမ်းရေး အရာ ရှိဟောင်း တစ်ဦးဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ် ရှေဇက်ဂျမ်ရှက်အေ ယက်ဇ်က ပြောကြားခဲ့သည်။

သို့သော်လည်း ယင်းကဲ့သို့ ယုံကြည်မှု လွန်ကဲခြင်းက ရလဒ်ပြောင်းပြန် ဖြစ်စေ နိုင်ကြောင်း အခြား သူများက ထောက်ပြ ကြသည်။ပါကစ္စတန် သည်နိုင်ငံတွင်း သို့ တာလီဘန်တို့ စီးဝင်မှုနှင့် ပတ်သက် ၍လည်း အလားတူ ကြေညာ ချက်များ ထုတ်ပြန် ဖူးသည်။

ထို့နောက် စစ်သွေးကြွ များသည် နိုင်ငံတွင်း ၀င်ကာ နယ်မြေ အများအပြားကို သိမ်းပိုက်ကာ နှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့ကြသည်။ သို့သော်လည်း ပါကစ္စတန် သည် အကြမ်းဖက် လှုပ်ရှား မှုများ အမြစ် တွယ်ရန် ဖြစ်နိုင်ကြောင်း လုံခြုံရေး ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် လေတပ် အငြိမ်းစားဒု - မာရှယ် ရှေဇက်ချောက် ဒရီက ပြောကြားခဲ့သည်။

အိုင်အက်စ် အဖွဲ့သည် ပါကစ္စတန် ဒေသတွင်းရှိ အစွန်းရောက် အဖွဲ့အစည်း များနှင့် အဆက် အသွယ် ရနေပြီ ဖြစ်ကြောင်း ပါကစ္စတန်တွင် ပြုလုပ်သည့် အိုင်အက်စ် တပ်မှူး များ၏ အစည်း အဝေးမှ စီအင်အေက သတင်း ရရှိ ခဲ့သည်။ ၎င်းအဖွဲ့ များတွင် ပါကစ္စတန်၏ အကြီး မားဆုံး ဘာသာရေး၊ နိုင်ငံရေး ပါတီ တစ်ခုလည်း ပါဝင် သည်ဟု ဆိုသည်။

Ref: CNA
Mizzima - News in Burmese  

အကြမ်းဖက် သမားများကို ရှာဖွေနေသည့် ပါကစ္စတန် စစ်သားများ
အကြမ်းဖက် သမားများကို ရှာဖွေနေသည့် ပါကစ္စတန် စစ်သားများ

အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ၂၆။ အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေအများအပြား သိမ်းပိုက်ထားသော အိုင်အက်စ် စစ်သွေးကြွ များသည် အခြားနိုင်ငံများကို မျက်စောင်း ထိုးလာသည်။ ၎င်းအုပ်စု၏ ကာလီဖိတ် နိုင်ငံတော်အကျယ်အ၀န်း ရည်မှန်းချက်မှာ မြောက်အာဖရိကမှ အရှေ့တောင်အာရှအထိ ကျယ်ဝန်းသည်။

ငြိမ်းချမ်းရေး အထောက်အကူပြုရန် ပါတီ ၅၆ ခု နိုင်ငံရေးမူဘောင် ချမှတ်


Photo: ငြိမ်းချမ်းရေး အထောက်အကူပြုရန် ပါတီ ၅၆ ခု နိုင်ငံရေးမူဘောင် ချမှတ်
Thursday, November 27, 2014

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အထောက်အကူ ပြုနိုင်ရန် နိုင်ငံရေး ပါတီ ၅၆ ခုက နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် တခု ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ချမှတ်လိုက်သည့် ယင်းမူဘောင်(Political Frame Work)တွင် ပါဝင်ဆွေးနွေးမည့် အစုအဖွဲ့၎ ဖွဲ့ ၊ ဆွေးနွေးမည့် အချက် ၁၉ ချက်နှင့် စုစုပေါင်း အခန်း ၈ ခန်း ပါဝင်သည်ဟု သိရသော်လည်း အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော် မူဘောင်ကို အများပြည်သူ လေ့လာအကြံပြုနိုင်စေရန် ပါတီ ၅၆ ခု၏ အင်တာနက် စာမျက်နှာများတွင် ဖြန့်ဝေ တင်ပြသွားမည် ဖြစ်ကြောင်း ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောသည်။

နိုင်ငံရေး ပါတီ ၅၆ ခု ကိုယ်စားပြုသည့် ကိုယ်စားလှယ် ၁၅ ဦးက ဦးဆောင် ဆွေးနွေးထားသော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ရေး ဆွဲရေး ကော်မတီ (PPIC)က ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါတီ ၅၆ ခုကို ကိုယ်စားပြုသည့် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် တရပ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ဒါကို လုပ်တာဟာ ငြိမ်းချမ်းရေးကို တစုံတရာ အထောက်အကူ ပြုနိုင်မယ် ထင်လို့ လုပ်ရတာပါ”ဟု ရခိုင် အမျိုးသားပါတီ (ANP) ဗဟိုကော်မတီဝင် ဦးဦးလှစောက ဧရာဝတီသို့ ပြောသည်။

ယခု ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၅၆ ပါတီမှ ကိုယ်စားလှယ်များက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး ချုပ်ဆိုနိုင်ရန်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန်တို့ကို မျှော်မှန်းထားကြသည်ဟု သိရ သည်။

လက်ရှိ အချိန်တွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီ(UPWC) ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA) တို့က ရေးဆွဲနေသည့် မူဘောင်များလည်း ရှိထားပြီး ဖြစ်သည်။

ထိုကဲ့သို့ ရေးဆွဲထားပြီး ဖြစ်သည့် မူဘောင်များနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျန်ရှိနေသေးသည့် နိုင်ငံရေး ပါတီများနှင့် လည်း ဘုံသဘော တူညီမှုရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီကိုယ်စားလှယ်များက ပြောသည်။

“ကျနော်တို့ရဲ့ မူဘောင်ကို အတင်းအကျပ် ကိုင်ထားမှာ မဟုတ်ပါဘူး။ ညှိနှိုင်းမယ်၊ လျှော့သင့်တာ လျှော့မယ်၊ ယူသင့်တာ ယူမယ်။ ပြည်သူအတွက် အကောင်းဆုံးဖြစ်မယ့်ဟာကိုပဲ ကြည့်မှာပါ”ဟု ချင်းအမျိုးသား ပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောသည်။

PPIC တွင် တိုင်းရင်းသား ပါတီ ၂၂ ခု စုစည်းထားသော ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(NBF)မှ ကိုယ်စားလှယ် ၄ ဦး၊ ပါတီ ၁၁ ခု စုစည်းထားသော ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် (FDA) မှ ကိုယ်စားလှယ် ၃ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေး ပါတီ မှ ၁ ဦး ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် တခြားပါတီများမှ ကိုယ်စားလှယ် ၅ ဦး စုစုပေါင်း ၁၅ ဦး ပါဝင်ကြောင်း သိရသည်။

PPIC ကို ပါတီ ၅၆ ခု၏ သဘောတူညီမှုဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ

နိုဝင်ဘာ ၂၅ ရက် နှင့် ၂၆ ရက် ၂ ရက်ကျင်းပသော နိုင်ငံရေးပါတီ ၅၆ ခု ၏ မူဘောင် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဇူးဇူး/ဧရာဝတီ)

နိုဝင်ဘာ ၂၅ ရက် နှင့် ၂၆ ရက် ၂ ရက်ကျင်းပသော နိုင်ငံရေးပါတီ ၅၆ ခု ၏ မူဘောင် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ (ဓာတ်ပုံ – ဇူးဇူး/ဧရာဝတီ)

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အထောက်အကူ ပြုနိုင်ရန် နိုင်ငံရေး ပါတီ ၅၆ ခုက နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် တခု ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ပြည်သူ့ အပေါ် အကျိုးပြုသည့် နည်းဥပဒေများ ထွက်ရှိရေး ဒေါ်အောင်ဆန်းစုကြည် အရေးကြီး အဆိုတင်

လွှတ်တော်မှ ပြဋ္ဌာန်း လိုက်သော ဥပဒေ များသည် ပြည်သူလူထု၏ ဘ၀ကို အကျိုးပြုစေရန် လိုအပ်နေသော နည်း ဥပဒေများ ဆောလျင်စွာ ပြဋ္ဌာန်း ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ကော့မှူး မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ယမန် နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။

ဝန်ထမ်းလစာ တိုးမြှင့်ရေး အသေးစိတ် စိစစ်နေကြောင်း ဘဏ္ဍာရေးဝန်ကြီး ပြောကြား

တပ်မတော်သား၊ ရဲနှင့် အစိုးရဝန်ထမ်းများ ဂုဏ်နှင့် သိက္ခာအညီ သင့်တင့်မျှတသော လစာရရှိစေရန် အသေးစိတ်ရရှိရေး အတွက် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ အသေးစိတ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အစတွင် သင့်တင့်မျှတသော လစာတိုးမြှင့်ရေးအတွက် နိုဝင်ဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုချက်ကြောင့် ယင်းကိစ္စ အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်၏ စီမံကိန်းများ မှန်ကန်စွာ လုပ်ဆောင်ရေးနှင့် အခက်အခဲများ ရှိပါက အစိုးရအဖွဲ့ အနေနှင့် လွှတ်တော်သို့ ရှင်းလင်းတင်ပြရန် အဆိုကို ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် သာပေါင်း မဲဆန္ဒနယ်မှ ဦးဝင်းသန်းက အရေးကြီးအဆို တင်သွင်းရာ ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။