Friday, January 23, 2015

ဂျာမနီ ဥရောပ မျိုးချစ်လှုပ်ရှားမှု ခေါင်းဆောင် ဟစ်တလာ လက်သစ်အဖြစ် သတ်မှတ်ခံရပြီးနောက် နုတ်ထွက်


Photo: ဂျာမနီ ဥရောပ မျိုးချစ်လှုပ်ရှားမှု ခေါင်းဆောင် ဟစ်တလာ လက်သစ်အဖြစ် သတ်မှတ်ခံရပြီးနောက် နုတ်ထွက်

Friday, January 23, 2015

ဂျာမနီနိုင်ငံတွင် “ပီဂီဒါ” အမည်ရ မျိုးချစ်ဥရောပသားများ၏ အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြမှုများ လုပ်ဆောင်နေသည့် ခေါင်းဆောင်ဖြစ်သူကို မီဒီယာတစ်ခုက ဟစ်တလာနှင့် နှိုင်းယှဉ်ကာ ဓာတ်ပုံဖော်ပြလိုက်ပြီးနောက် ဆန္ဒပြလှုပ်ရှားမှုများမှ ၎င်းနုတ်ထွက်သွားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ဂျာမနီနိုင်ငံတွင် အစ္စလာမ် ကြီးထွားလာမှု ဆန့်ကျင်ရေးလှုပ်ရှားမှု ခေါင်းဆောင် လတ်ဇ်ဘတ်ခ်ျမန်သည် နိုင်ငံအတွင်းသို့ ဒုက္ခသည်များ ဝင်ရောက်အခြေချ နေထိုင်လာမှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ဝေဖန်ပြောဆိုခဲ့ပြီး ၎င်းကို ပြည်တွင်းသတင်းစာ တစ်စောင်က “ဟစ်တလာလို ပုဂ္ဂိုလ်” ဟု ရေးသားဖော်ပြလိုက်သည်။

အဆိုပါ သတင်းစာတွင် ၎င်း၏ ဓာတ်ပုံကို ဟစ်တလာပုံစံ နှုတ်ခမ်းမွေးနှင့် ဆံပင်ပုံစံမျိုး ပြုလုပ်ထားပြီး ဒုက္ခသည်များအပေါ် ၎င်း၏ ထင်မြင်သုံးသပ်ချက်များနှင့် ပတ်သက်၍ ဝေဖန်ရှုတ်ချထားသည်။

လတ်ဇ်ဘတ်ခ်ျမန်သည် ဂျာမနီနိုင်ငံတွင်းသို့ မွတ်ဆလင် ဒုက္ခသည်များ ဝင်ရောက်လာမှုနှင့် ပတ်သက်၍ “သနားစရာမလိုသူများ၊ တိရစ္ဆာန်များ” ဟု ဝေဖန်ပြောဆိုခဲ့သည်။

အဆိုပါသတင်းနှင့် ဓာတ်ပုံ ပေါ်ထွက်လာပြီးနောက် လတ်ဇ်ဘတ်ခ်ျမန်သည် ပီဂီဒါ လှုပ်ရှားမှုမှ နုတ်ထွက်သွားခြင်း ဖြစ်သည်ဟု ယင်းလှုပ်ရှားမှုတွင် ပါဝင်သူများက ဆိုသည်။

လက်ရှိ အနေအထားတွင် ပီဂီဒါ လှုပ်ရှားမှုကို ဂျာမနီနိုင်ငံ၏ သမိုင်းဝင် မြို့တစ်မြို့ ဖြစ်သော လိုက်ပ်ဇစ်၌ ပြုလုပ်လျက်ရှိပြီး နိုင်ငံတွင်း အစ္စလာမ် ကြီးထွားလာမှုကို မလိုလားကြသူ ထောင်ပေါင်းများစွာ ပူးပေါင်းပါဝင်လျက် ရှိသည်။

သို့သော် တစ်ဖက်တွင် ပီဂီဒါ လှုပ်ရှားမှုကို ဆန့်ကျင်သည့် အင်အားစုများကလည်း တန်ပြန်ဆန္ဒပြမှုများ လုပ်ဆောင်လျက်ရှိရာ နှစ်ဖက်အင်အားစုများအကြား ပဋိပက္ခ ဖြစ်မည်ကို စိုးရိမ်ရသောကြောင့် လိုက်ပ်ဇစ်၌ ဂျာမန် ရဲတပ်ဖွဲ့ဝင်ပေါင်း များစွာ တပ်ဖြန့်ထားသည်။

ပီဂီဒါ လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သူများက “ငါတို့သည် ဂျာမန်ပြည်သူများ ဖြစ်သည်” ဟု ကြွေးကြော်ကြပြီး ယင်းအင်အားစုများကို ဆန့်ကျင်သူများက “ဒီကနေ ထွက်သွားကြ” ဟု တုံ့ပြန်အော်ဟစ်ကြသည်။

ထိုသို့ သဘောထားချင်း ဆန့်ကျင်သည့် အင်အားစုနှစ်ရပ် ချီတက်ဆန္ဒပြမှုများ လုပ်ဆောင်နေကြသော်လည်း အကြမ်းဖက်မှုများနှင့် ပဋိပက္ခများ တစ်စုံတစ်ရာ မပေါ်ပေါက်ခဲ့ပေ။

ဂျာမန်စပီဂယ် သတင်းစာ၏ ရေးသားဖော်ပြချက်အရ ပီဂီဒါ လှုပ်ရှားမှု ခေါင်းဆောင် လတ်ဇ်ဘတ်ခ်ျမန်သည် ၎င်း၏ ပြောဆိုဝေဖန်မှုများအတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ပီဂီဒါ ဘုတ်အဖွဲ့ကနေ ကျွန်တော် ထွက်လိုက်ပါပြီ၊ မဆင်မခြင် ပြောဆိုခဲ့တဲ့အတွက် တောင်းပန်ပါတယ်” ဟု ၎င်းကဆိုသည်။

ပီဂီဒါ၏ အဓိပ္ပာယ် အပြည့်အစုံမှာ Patriotic Europeans Against the Islamization of the West ဖြစ်ပြီး အနောက်ကမ္ဘာသို့ အစ္စလာမ် ဇာတ်သွင်းခြင်းကို ဆန့်ကျင်သည့် မျိုးချစ်ဥရောပသားများဟု အဓိပ္ပာယ်ရသည်။

The Voice Weekly
ဂျာမနီနိုင်ငံတွင် “ပီဂီဒါ” အမည်ရ မျိုးချစ်ဥရောပသားများ၏ အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ဆန္ဒပြမှုများ လုပ်ဆောင်နေသည့် ခေါင်းဆောင်ဖြစ်သူကို မီဒီယာတစ်ခုက ဟစ်တလာနှင့် နှိုင်းယှဉ်ကာ ဓာတ်ပုံဖော်ပြလိုက်ပြီးနောက် ဆန္ဒပြလှုပ်ရှားမှုများမှ ၎င်းနုတ်ထွက်သွားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ဂျာမနီနိုင်ငံတွင် အစ္စလာမ် ကြီးထွားလာမှု ဆန့်ကျင်ရေးလှုပ်ရှားမှု ခေါင်းဆောင် လတ်ဇ်ဘတ်ခ်ျမန်သည် နိုင်ငံအတွင်းသို့ ဒုက္ခသည်များ ဝင်ရောက်အခြေချ နေထိုင်လာမှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ဝေဖန်ပြောဆိုခဲ့ပြီး ၎င်းကို ပြည်တွင်းသတင်းစာ တစ်စောင်က “ဟစ်တလာလို ပုဂ္ဂိုလ်” ဟု ရေးသားဖော်ပြလိုက်သည်။

မြန်မာ ယူ ၂၀ အသင်း တူရကီ ခြေစမ်းပွဲများတွင် ရလဒ်ကောင်းများရရှိ


Photo: မြန်မာ ယူ ၂၀ အသင်း တူရကီ ခြေစမ်းပွဲများတွင် ရလဒ်ကောင်းများရရှိ

Friday, January 23, 2015

နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် တူရကီနိုင်ငံတွင် သွားရောက်လေ့ကျင့်လျက် ရှိသည့် မြန်မာ ယူ ၂၀ အသင်းသည် ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားထားပြီး ရလဒ်ကောင်းများ ရရှိနေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

တူရကီနိုင်ငံသို့ ဇန်နဝါရီလ ၁၇ ရက်နေ့က သွားရောက်လေ့ကျင့်နေသည့် မြန်မာ ယူ ၂၀ အသင်းသည် ပထမခြေစမ်းပွဲအဖြစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ကာဂျစ်ကစ္စတန်ကလပ် Taraza အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုးစီ သရေကျခဲ့ပြီး ယင်းပွဲတွင် နန္ဒကျော်နှင့် အောင်သူတို့ ဂိုးသွင်းယူခဲ့သည်။

ဒုတိယခြေစမ်းပွဲအဖြစ် အဇာဘိုင်ဂျန် ယူ ၂၁ အသင်းနှင့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထပ်မံခြေစမ်းကစားခဲ့ရာ အောင်သူနှင့် နန္ဒကျော်တို့၏ သွင်းဂိုးများဖြင့် နှစ်ဂိုးဂိုးမရှိ ရလဒ်နှင့် အနိုင်ယူခဲ့သည်။

ကာဂျစ်ကစ္စတန်ကလပ် Taraza အသင်းသည် ၂၀၁၄ ခုနှစ် ပြည်တွင်းလိဂ်ပြိုင်ပွဲတွင် အဆင့် ၁၁ ရခဲ့ပြီး ရှုံးထွက်ဖလားပြိုင်ပွဲတွင် ကွာတားအဆင့်ထိ တက်ရောက်နိုင်ခဲ့သည့် အသင်းဖြစ်သည်။

အဆိုပါ Taraza အသင်းကို ၁၉၆၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲ တစ်လျှောက် အမှတ်ပေး ချန်ပီယံတစ်ကြိမ်၊ ရှုံးထွက်ဖလား တစ်ကြိမ် ရယူထားသည့်အသင်း ဖြစ်သည်။

အဇာဘိုင်ဂျန် ယူ ၂၁ အသင်းသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် ၂၀၁၅ ခုနှစ် ဥရောပ ယူ ၂၁ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲတွင် ပေါ်တူဂီ၊ အစ္စရေး၊ နော်ဝေ၊ မက်ဆီဒိုးနီးယား အသင်းတို့နှင့် ကစားခဲ့ပြီး ရှစ်ပွဲကစားခဲ့ရာတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ခြောက်ပွဲ ရှုံးဖြင့် အဆင့်လေးနေရာ ရရှိခဲ့သည့် အသင်းဖြစ်သည်။

မြန်မာ ယူ ၂၀ အသင်းသည် တူရကီနိုင်ငံတွင် ခြေစမ်းပွဲငါးပွဲ ကစားရန် စီစဉ်ထားပြီး တတိယမြောက် ခြေစမ်းပွဲအဖြစ် အီရန်ယူ ၂၂ အသင်းနှင့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး ကျန်နှစ်ပွဲအတွက်ကိုမူ ညှိနှိုင်းဆဲသာ ရှိသေးကြောင်း MFF က ထုတ်ပြန်ထားသည်။

မြန်မာအသင်းသည် ယင်းခြေစမ်းခရီး အပြီးတွင် မြန်မာနိုင်ငံ၌ ပြန်လည်လေ့ကျင့်မည် ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း လူငယ်ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ထားသည့် ဖီဂျီ၊ ဥဇဘက်ကစ္စတန်၊ ကာတာအသင်းတို့နှင့် မြန်မာနိုင်ငံတွင် ဖိတ်ခေါ်ခြေစမ်းဦးမည် ဖြစ်သည်။

ယင်းနောက်တွင် ဂျာမနီ၊ အင်္ဂလန်၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့သို့ သွားရောက်ကာ ခြေစမ်းပွဲများကစားရန် စီစဉ်ထားပြီး အဆိုပါ ခြေစမ်းခရီးများအတွက် အမေရိကန်ဒေါ်လာ သုံးသန်းကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးကျော်က ပြောကြားထားသည်။

မြန်မာအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂျာမနီနိုင်ငံသား နည်းပြ ဂတ်ဖရိုင်းဒရစ်ခ်ျက တာဝန်ယူ လေ့ကျင့်ပေးနေပြီး ကြံ့ခိုင်ရေးနည်းပြများ အဖြစ် ဂျာမနီနိုင်ငံသားနည်းပြ ဂျက်ဖာ၊ ဂျာမနီနိုင်ငံသူ ဂျူးဒစ်တို့နှင့်အတူ ကစားသမား ၂၁ ဦးနှင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။

The Voice Weekly
နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် တူရကီနိုင်ငံတွင် သွားရောက်လေ့ကျင့်လျက် ရှိသည့် မြန်မာ ယူ ၂၀ အသင်းသည် ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားထားပြီး ရလဒ်ကောင်းများ ရရှိနေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ဦးဝီရသူကို ကန့်ကွက်ကြောင်း အာဏာပိုင်နှင့် ဘာသာရေးခေါင်းဆောင်များ ဆန္ဒထုတ်ဖော်ရန် ကုလတိုက်တွန်း


 ကုလသမဂ္ဂက ခန့်အပ် ထားသော လူ့အခွင့်အရေးကျွမ်း ကျင်သူ အထူးကိုယ်စားလှယ် တစ်ဦးအား ပြည့်တန်ဆာနှင့် ခိုင်း နှိုင်းသုံးစွဲခဲ့သည့် ဆရာတော်ဦးဝီ ရသူကို မြန်မာအစိုးရအာဏာပိုင် နှင့် ဘာသာရေးခေါင်းဆောင်များ က ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒ ထုတ်ဖော်ပြသရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီး အကဲက မြန်မာအစိုးရအား တိုက် တွန်းပြောကြားလိုက်သည်။

ဂျီနီဗာအခြေစိုက် ကုလ သမဂ္ဂအဖွဲ့က ဇန်နဝါရီ ၂၁ ရက် တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မြန်မာအစိုးရနှင့် ဘာသာရေး ခေါင်းဆောင်များ အားတိုက်တွန်းတောင်းဆိုလိုက် ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအပါအဝင် ဥပဒေများကို မကြာခဏ မပြင်စကောင်းဟု ကာချုပ်ထုတ်ဖော်ပြောကြား


ရန်ကုန် (မဇ္ဈိမ)။ ။ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေကို သေချာစဉ်းစားကာရေးဆွဲခဲ့သည့်အတွက် မကြာခဏပြင်ဆင် နေခြင်းနှင့် ဥပဒေကို ကိုယ်လိုရာစွဲ ပြင်ဆင်ချက်များ မကြာခဏ ထွက်ရှိလာပါက တည်ငြိမ်မှုကို အများကြီးထိခိုက်နိုင်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၂ဝ နှင့် ၂၁ ရက်တွင် ထုတ်လွှင့်ခဲ့သည့် CNA (Channel News Asia) သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားလိုက်သည်။ CNA သတင်းဌာနက လွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တပ်မတော်၏ ၂၅ ရာခိုင်နှုန်း ပါဝင်မှုရှိနေ ခြင်းကြောင့် ထောက်ခံမှု ၇၅ ရာခိုင်နှုန်းထက်ပိုပြီး လိုအပ်သည့်အတွက် တပ်မတော်၏ အရေးပါမှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဆရာမ ၂ ဦး ဈာပန အစီအစဉ် အချိန်ရွှေ့ဆိုင်း


10406419_1670829156477318_3557609448507068434_n
ရှမ်းပြည်မြောက်ပိုင်းမှာ ဒီလ ၁၉ ရက် ည သန်းခေါင်ယံမှာ အသတ်ခံရတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ဆရာမလေး ၂ ဦးရဲ့ ဈာပနကို မြစ်ကြီးနားမြို့မှာ ဒီမနက် ၉ နာရီမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အလောင်းသယ်ယာဉ်တန်း မရောက်ရှိသေးတာကြောင့် သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်မှာမဟုတ်ဘဲ အချိန် ရွှေ့ဆိုင်းရတော့မှာဖြစ်ပါတယ်။

တက္ကစီသမားတစ်ဦးကို လူအများရှေ့ရိုက်နှက်သည့် ရွှေဧည့်သည်ယာဉ်နောက်လိုက်ကို အမှုဖွင့်

ရွှေဧည့်သည်ယာဉ်လိုင်းယာဉ်နောက်လိုက်က အငှား ယာဉ်မောင်းတစ်ဦးကို ၀င်ရောက် ရိုက်နှက်သော အမှုတွင် အငှား ယာဉ်မောင်းက ညစ်ညမ်းစွာ ပြောဆိုမှု၊ အပြင်းအထန်ဒဏ်ရာရရှိ စေမှု တို့ဖြင့် အမှုဖွင့် ထားကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီ ၂၀ ရက်က ဖြစ် ပွားခဲ့သော အဆိုပါအမှုတွင် အ ငှားယာဉ်မောင်းက တရားလိုလုပ် ၍ ပုဒ်မ (၂၉၄)၊ (၃၂၅) တို့ဖြင့် ရွှေဧည့်သည်ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်ကို အမှုဖွင့်ထားကြောင်း တာမွေမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ် မှူး ရဲမှူးခင်မောင်မြက ပြောသည်။‘‘အဲဒီ ယာဉ်နောက်လိုက်က ရွှေဧည့်သည်ယာဉ်လိုင်းက တရား ၀င်ခန့်ထားတဲ့ ယာဉ်နောက်လိုက် မဟုတ်ဘူးလို့ ယာဉ်လိုင်းဘက်က ပြောပါတယ်။ မင်္ဂလာဈေးဘက် ကို ညဘက်ဈေးဝယ်ဖို့လာရင်းနဲ့ ဒရိုင်ဘာနဲ့ ယာဉ်နောက်လိုက် နှစ် ယောက်လုံးနဲ့ ခင်နေတော့ ၀င်ပြီး တော့ ကူလုပ်ပေးရင်း အဲဒီလိုဖြစ် သွားတာလို့ စုံစမ်းသိရှိရပါတယ်’’ ဟုယင်းအမှုကို လက်ခံဆောင်ရွက်နေသော တာမွေမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ထွန်းမင်းအောင်က ပြောသည်။

MPT ဝန်ဆောင်ခလျှော့ချမည်ဆိုပါက မစိုးရိမ်ဟု တယ်လီနော စီအီးအိုပြော


မြန်မာ့ဆက်သွယ်ရေး (MPT)အနေဖြင့် ၎င်းတို့ထက်ဈေးလျှော့ ချ၍ ဝန်ဆောင်မှုများပေးမည်ဆိုပါက စိုးရိမ်ည်မဟုတ်ဘဲ ယှဉ်ပြိုင်မှုကို သာ အဓိကထားပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင်အရာရှိချုပ် ပီတာဖာဘတ်ကပြောကြားသည်။
‘‘ကျွန်တော်တို့စလုပ်ကတည်းက အော်ပရေတာတွေထဲမှာ ဈေး အနည်းဆုံးနဲ့ ဝန်ဆောင်မှုစပေးခဲ့တာပါ။ အဲဒီအတွက် မကြောက်ပါဘူး။ MPT နဲ့သဘော တူညီမှုပြုလုပ်ပြီး ပြောထားတာမရှိသလို တကယ်လို့ သူကတယ်လီနောထက် ဈေးလျှော့ချပြီးပေးလိုက်မယ်ဆိုရင်လည်း ယှဉ် ပြိုင်မှုတွေလုပ်သွားဦးမှာပဲ။ ပြိုင်ဆိုင်မှုကိုလိုလားပါတယ်’’ဟု ပီတာက ဆိုသည်။

အွန်လိုင်းပေါ်တွင်ပျံနှံ့နေသော ဆရာတော်ဦးဝီရသူအား တိုင်းသာသနာရေးမှ တရားစွဲဆိုသော သတင်းမှာ သတင်းအမှားသာဖြစ်


အွန်လိုင်းစာမျက်နှာများပေါ်တွင် ပျံ့နှံ့လျှက်ရှိသော ဆရာတော်ဦးဝီရသူအား မန္တလေးတိုင်းသာသနာရေး ဦးစီးဌာနမှ တရားစွဲဆိုမည်ဆိုသော သတင်းမှာ သတင်းအမှားတစ်ခုသာဖြစ် မဟုတ်မှန်ကြောင်း မန္တလေးတိုင်း သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ အတည်ပြု ပြောကြားခဲ့သည်။

ဆရာတော်ဦးဝီရသူအား တရားဆွဲဆိုမည်ဆိုသောသတင်းနှင့်ပတ်သက်၍ တိုင်းသာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး`` အဲဒါနဲ့ ပတ်သက်ပြီး ဘာမှညွှန်ကြားခက်မရှိပါဘူး။ မစိုးရိမ်တိုက်သစ်ကို ကျွန်တော်တို့ သွားတယ်ဆိုတာကလည်း အခြားကိစ္စတစ်ခုပါ။ပူဇော်ပွဲကိစ္စတွေနဲ့ သွားတာပါ။အဲဒီကိစ္စ မဟုတ်ပါဘူး´´ဟု အတည်ပြု ဖြေကြားပေးခဲ့သည်။

အမျိုးသားပညာရေး ဥပဒေကို ပညာရေး ဝန်ကြီးဌာနကသာ ပြန်ပြင်ရန် ပြည်ထောင်စုလွှတ်တော် သဝဏ်လွှာ ပြန်ပို့


ဗဟိုချုပ်ကိုင်မှု လျှော့ချပေးရန် အပါအဝင် တောင်းဆိုချက်များကို ထည့်သွင်းပြီး အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပညာရေး ဝန်ကြီး ဌာနကသာ ပြန်လည်ပြင်ဆင်ရေးဆွဲရန် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပြန်ပို့လိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။

အမျိုးသားပညာရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြန်လည်ရေးဆွဲရန် ပေးပို့ထားသော နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာနှင့် ပတ်သက်၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်ကို ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းရာတွင် လွှတ်တော်က ယင်းသို့ ဆုံးဖြတ်ခြင်း ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်လက်ထက်တွင် ၀ယ်ယူခဲ့သော တင်ဒါဈေးနှုန်းဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလက်ထက်က ယူရို ခုနစ်သိန်းသုံးသောင်းကျော်ဖြင့် ၀ယ်ယူခဲ့သော ပုံနှိပ်စက်နှင့်ပတ်သက်၍ မေးမြန်းရာတွင် ဈေးနှုန်းအတိအကျ

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်လက်ထက်တွင် ဝယ်ယူခဲ့သော တင်ဒါဈေးနှုန်းဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၂ဝဝ၉ ခုနှစ် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလက်ထက်တွင် ယူရိုခုနစ်သိန်းသုံးသောင်းကျော်ဖြင့် ဝယ်ယူခဲ့သည့် ပုံနှိပ်စက်နှင့်ပတ်သက်၍ ဈေးနှုန်းအတိအကျ မသိရှိကြောင်း တရားလို ဦးကျော်စိုးက ဇန်နဝါရီ ၂၂ ရက်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံး ရုံးချိန်း ပြန်လှန်စစ်မေးရာ၌ ထည့်သွင်းဖြေကြားခဲ့သည်။ ၂ဝဝ၉ ခုနှစ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစိုးဝင်းလက်ထက်တွင် ပုံနှိပ်စက်တစ်စုံကို ယူရို ခုနစ်သိန်းသုံးသောင်းကျော်ဖြင့် ဝယ်ယူခဲ့ခြင်းကို သိပါသလားဟုမေးမြန်းရာ တရားလိုဦးကျော်စိုးက စက်ဝယ်ယူခဲ့မှုကိုတော့ သိပါသည်၊ 

တပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်သော်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ လစာကို ကျပ် ၃ သိန်းမှ ၁၀ သိန်းသို့ တိုးမြှင့်ရန် လွှတ်တော် အတည်ပြု


တပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ လစာ (ချီးမြှင့်ငွေ) ကို ကျပ်သုံးသိန်းမှ ၁ဝ သိန်းသို့ တိုးမြှင့်ရန် ဇန်နဝါ ရီ ၂၂ ရက်တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော်အစည်းအဝေး၌ မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ကြောင်း သိရသည်။   လွှတ်တော် ကိုယ်စားလှယ် လစာ ၁ဝ သိန်း တိုးမြှင့်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက အုပ်ချုပ်ရေးအဖွဲ့မှ ကြိုတင်ညှိနှိုင်း တွက်ချက်ပြီးမှသာ ထိုက်သင့်သောပမာဏသို့ တိုးမြှင့်ရေးဆောင်ရွက်ကြရန် လွှတ်တော်သို့ အကြောင်းပြန် ခဲ့သော်လည်း ယခုကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။   

အဓမ္မပြုကျင့်သတ်ဖြတ်ခံရသော ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမ နှစ်ဦး၏ ရုပ်အလောင်းအား မြစ်ကြီးနားသို့ သယ်ဆောင်ပြီး လမ်းတစ်လျှောက်ရှိမြို့များတွင် ဆုတောင်းပွဲပြုလုပ်


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆန်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် ဇန်နဝါရီ ၁၉ ရက် က အဓမ္မပြုကျင့်အသတ်ခံရသော ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေး ဆရာမ နှစ်ဦး၏ ရုပ်အလောင်းကို မြစ်ကြီးနားမြို့သို့ သယ်ဆောင်လာခဲ့ပြီး လမ်းတစ်လျှောက်ရှိ မြို့များတွင် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆရာမနှစ်ဦးအသတ်ခံရမှု အထောက်အထားမရှိဘဲ တပ်မတော် ကျူးလွန်ဟုစွပ်စွဲမှုများ ငြိမ်းချမ်းရေး ထိခိုက်စေနိုင်ကြောင်း ၈၈ငြိမ်း/ပွင့် အဖွဲ့ပြော

ကောင်းခါးကျေးရွာ တွင် လုပ်အားပေး ကျောင်းဆရာမနှစ်ဦး အသတ်ခံရမှု၏ တရားခံ အစစ် မဖော်ထုတ်နိုင်မီ သက်သေအထောက်အထား မခိုင်လုံဘဲ အစိုးရစစ်တပ်က ကျူးလွန်ခြင်း ဟု စွပ်စွဲမှု များသည် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေနိုင်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရေးရာတာဝန်ခံ ဦးမြအေးကပြောသည်။

ဇန်နဝါရီ ၂၂ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ရှမ်း ပြည်နယ်(မြောက်)မှ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနှင့်သက် ဆိုင်သည့်သတင်းစာရှင်းလင်းပွဲ ၌ ဦးမြအေးက ယင်းကဲ့သို့ ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၂၀ အသင်း အဇာဘိုင်ဂျန် ယူ-၂၁ အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရရှိ


ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံတွင် ခြေစမ်းပွဲများ သွားရောက် ကစားနေ သည့် မြန်မာ ယူ-၂ဝ အသင်းသည် ခြေစမ်းပွဲ ဒုတိယ ပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၁ ရက်၊ မြန်မာ စံတော်ချိန် ည ၉ နာရီခွဲက အဇာဘိုင်ဂျန် ယူ-၂၁ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ (၂-ဝ)ဂိုးဖြင့် အနိုင် ရရှိ ခဲ့ကြောင်း သိရ သည်။

ကချင်ဆရာမနှစ်ဦးအသတ်ခံရမှု မြစ်ကြီးနားလူငယ်များဆန္ဒပြ


ကချင်နှစ်ခြင်းအသင်း တော် (KBC) မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦးအသတ်ခံ ရမှုကို အဖြစ်မှန် ဖော်ထုတ်ရန် ဇန် န၀ါရီ ၂၂ ရက်က မြစ်ကြီးနားမြို့ တွင် လူငယ်များ ဦးဆောင်၍ အင်အား နှစ်ထောင် ခန့်ဖြင့် ဆန္ဒဖော် ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။မြစ်ကြီးနားမြို့ ကျွန်းပင်သာ ရပ်ကွက်ရှိ ဂိုက်စ် ဘုရားရှိခိုး ကျောင်းမှစတင်၍ ရှဒေါင်ကျေး ရွာဘုရားကျောင်းဝင်းအထိ ဆိုင်းဘုတ်နှင့် ဗီနိုင်းများ ကိုင်ဆောင်ကာအဖြစ်မှန်ဖော်ထုတ်ပေးရန် လမ်း လျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။‘‘အဓိက ရည်ရွယ်ချက်က ဒီ လိုအကြမ်းဖက်မှုတွေကို တုံ့ပြန် နေတဲ့ အချိန်မှာ ဂုဏ်သိက္ခာရှိရှိနဲ့ အမှန်တရား ပေါ်ဖို့ပါ။ ဆက်လက်တိုက်ပွဲဝင်သွားပါမယ်’’ဟု မြစ်ကြီး နားဇုန်နယ် လူငယ်တာဝန်ခံ ကိုလုံအောင်က ပြောသည်။

ခရီးရှည်ချီတက်သပိတ်မှောက်ကျောင်းသားများ မန်းနယ်လုံဝန်ကြီးတားမြစ်သော်လည်း ဆက်လက်ချီတက်


အမျိုးသားပညာရေး ဥပဒေကို မန္တလေးမြို့မှ ရန်ကုန် မြို့အထိ ခရီးရှည်ခြေလျင် ချီတက် သပိတ်မှောက်ကြသည့် တက္က သိုလ် ကျောင်းသား များအား တတိယမြောက်နေ့ ဇန်န၀ါရီ ၂၂ ရက် နံနက်တွင် မန္တလေးတိုင်း နယ် /လုံဝန်ကြီး ဗိုလ်မှူးကြီး အောင် ကျော်မိုးက လာရောက်တားမြစ် ခဲ့သော်လည်း ဆက်လက်ချီတက် လာကြပြီး မြစ်သားမြို့တွင် ညအိပ်ရပ်နားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါသပိတ်မှောက် ကျောင်းသားများသည် တတိယ မြောက်နေ့အဖြစ် ကျောက်ဆည် မြို့မှ မြစ်သားမြို့အထိ ချီတက် လာပြီး မြစ်သားမြို့ရှိ သိမ်တောင် ကျောင်းတိုက်၌ ညအိပ်ရပ်နား၍ ဇန်န၀ါရီ ၂၃ ရက် နံနက်တွင် မြင်းခြံမြို့သို့ ဆက်လက်ချီတက် သွားမည်ဖြစ်ကြောင်း သပိတ် မှောက်ဆန္ဒပြရာတွင် ဦးဆောင် သည့် ဒီမိုကရေစီပညာရေးလှုပ် ရှားမှုကော်မတီမှ သိရသည်။

‘‘လမ်းတစ်လျှောက် အခက် အခဲတော့မရှိဘူး။ မနက်က ကျောက်ဆည်က ထွက်ခါနီး မန္တ လေးတိုင်း နယ်/လုံဝန်ကြီး ဗိုလ် မှူးကြီး အောင်ကျော်မိုးက ပုဒ်မ ၁၈ နဲ့ ခွင့်ပြုချက်ယူပြီးမှ လုပ်ဖို့ လာတားတယ်။ ဒါပေမဲ့ ကျွန် တော်တို့က ခွင့်ပြုချက်မယူဘဲ ဆက်လက်ဆန္ဒပြလမ်းလျှောက် ကြတယ်။ မနက်ဖြန်မြင်းခြံအထိ ချီတက်ဖို့ အစီအစဉ်ရှိပေမယ့် လမ်းလျှောက်တဲ့ အချိန်နဲ့ မြို့ကို ရောက်မယ့်အချိန်ကို ကြည့်ပြီး လမ်းက နွားထိုးကြီးတို့မှာလည်း ညအိပ်နားဖြစ်ချင်နားဖြစ်မယ်’’ ဟု သပိတ်မှောက်ဆန္ဒပြရာတွင် ဦးဆောင်သည့် ဒီမိုကရေစီပညာ ရေးလှုပ်ရှားမှုကော်မတီမှ ပြန် ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော် ကပြောသည်။

သပိတ်မှောက်ဆန္ဒပြသည့် ကျောင်းသားများ၏ ရက် ၆၀ တောင်းဆိုမှု အလွန်တွင် မန္တလေး -ရန်ကုန်ခရီးရှည်သပိတ်မှောက် ခြေလျင် ချီတက်မှု အနေဖြင့် မန္တ လေးမြို့မှ ဇန်န၀ါရီ ၂၀ ရက်က စတင်ထွက်ခွာလာပြီး လမ်းတစ် လျှောက်တွင် ပုလိပ်မြို့နှင့် ကျောက်ဆည်မြို့များ၌ ညအိပ်ရပ်နားခဲ့ကြသည်။

အဆိုပါ သပိတ်မှောက် တက္ကသိုလ်ကျောင်းသားများ သည် ကျောက်ဆည်၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ ပြည်မြို့များကို ဖြတ်သန်းသွားကာ ရန်ကုန်မြို့တွင်၁၅ ရက်အတွင်း သပိတ်စခန်း ဖွင့်လှစ်သွားရန် စီစဉ်ထား ကြောင်း သပိတ်မှောက် ဆန္ဒပြ ရာတွင် ဦးဆောင်သည့် ဒီမိုကရေ စီပညာရေးလှုပ်ရှားမှုဦးဆောင် ကော်မတီမှ သိရသည်။

အလားတူပင် မုံရွာ၊ ပခုက္ကူ၊ ထားဝယ်မြို့နှင့် ကလေးမြို့များရှိ တက္ကသိုလ်ကျောင်းသားများ သည် အမျိုးသားပညာရေးဥပဒေ ကို သပိတ်မှောက်ဆန္ဒပြခဲ့ကြပြီး မန္တလေးမှ သပိတ်မှောက် ကျောင်းသားများ ရန်ကုန်မြို့သို့ ရောက်ရှိ ချိန်တွင် သပိတ်စခန်းဖွင့်လှစ်ရန် သွားရောက် ပူးပေါင်းကြမည်ဖြစ် သည်။အမျိုးသားပညာရေးဥပဒေ ကို သပိတ်မှောက် ဆန္ဒပြကြမည့် တက္ကသိုလ်ကျောင်းသားများ သည် အစိုးရအဖွဲ့၊ လွှတ်တော်၊ မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင် ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)နှင့် သပိတ် မှောက်ဆန္ဒပြရာတွင် ဦးဆောင်ခဲ့ သည့် ဒီမိုကရေစီပညာရေးလှုပ် ရှားမှုဦးဆောင်ကော်မတီတို့ လေး ပွင့်ဆိုင်တွေ့ဆုံညှိနှိုင်း၍ အမျိုး သားပညာရေးဥပဒေတွင် ၎င်းတို့ ပြင်ဆင်လိုသည့်အချက်များကို ပြင်ဆင်နိုင်သည်အထိ သပိတ် မှောက်ဆန္ဒပြသွားမည်ဖြစ်သည်။

Photo: ခရီးရှည်ချီတက်သပိတ်မှောက်ကျောင်းသားများ မန်းနယ်လုံဝန်ကြီးတားမြစ်သော်လည်း ဆက်လက်ချီတက်
January 23, 2015

အမျိုးသားပညာရေး ဥပဒေကို မန္တလေးမြို့မှ ရန်ကုန် မြို့အထိ ခရီးရှည်ခြေလျင် ချီတက် သပိတ်မှောက်ကြသည့် တက္က သိုလ် ကျောင်းသား များအား တတိယမြောက်နေ့ ဇန်န၀ါရီ ၂၂ ရက် နံနက်တွင် မန္တလေးတိုင်း နယ် /လုံဝန်ကြီး ဗိုလ်မှူးကြီး အောင် ကျော်မိုးက လာရောက်တားမြစ် ခဲ့သော်လည်း ဆက်လက်ချီတက် လာကြပြီး မြစ်သားမြို့တွင် ညအိပ်ရပ်နားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါသပိတ်မှောက် ကျောင်းသားများသည် တတိယ မြောက်နေ့အဖြစ် ကျောက်ဆည် မြို့မှ မြစ်သားမြို့အထိ ချီတက် လာပြီး မြစ်သားမြို့ရှိ သိမ်တောင် ကျောင်းတိုက်၌ ညအိပ်ရပ်နား၍ ဇန်န၀ါရီ ၂၃ ရက် နံနက်တွင် မြင်းခြံမြို့သို့ ဆက်လက်ချီတက် သွားမည်ဖြစ်ကြောင်း သပိတ် မှောက်ဆန္ဒပြရာတွင် ဦးဆောင် သည့် ဒီမိုကရေစီပညာရေးလှုပ် ရှားမှုကော်မတီမှ သိရသည်။

‘‘လမ်းတစ်လျှောက် အခက် အခဲတော့မရှိဘူး။ မနက်က ကျောက်ဆည်က ထွက်ခါနီး မန္တ လေးတိုင်း နယ်/လုံဝန်ကြီး ဗိုလ် မှူးကြီး အောင်ကျော်မိုးက ပုဒ်မ ၁၈ နဲ့ ခွင့်ပြုချက်ယူပြီးမှ လုပ်ဖို့ လာတားတယ်။ ဒါပေမဲ့ ကျွန် တော်တို့က ခွင့်ပြုချက်မယူဘဲ ဆက်လက်ဆန္ဒပြလမ်းလျှောက် ကြတယ်။ မနက်ဖြန်မြင်းခြံအထိ ချီတက်ဖို့ အစီအစဉ်ရှိပေမယ့် လမ်းလျှောက်တဲ့ အချိန်နဲ့ မြို့ကို ရောက်မယ့်အချိန်ကို ကြည့်ပြီး လမ်းက နွားထိုးကြီးတို့မှာလည်း ညအိပ်နားဖြစ်ချင်နားဖြစ်မယ်’’ ဟု သပိတ်မှောက်ဆန္ဒပြရာတွင် ဦးဆောင်သည့် ဒီမိုကရေစီပညာ ရေးလှုပ်ရှားမှုကော်မတီမှ ပြန် ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော် ကပြောသည်။

သပိတ်မှောက်ဆန္ဒပြသည့် ကျောင်းသားများ၏ ရက် ၆၀ တောင်းဆိုမှု အလွန်တွင် မန္တလေး -ရန်ကုန်ခရီးရှည်သပိတ်မှောက် ခြေလျင် ချီတက်မှု အနေဖြင့် မန္တ လေးမြို့မှ ဇန်န၀ါရီ ၂၀ ရက်က စတင်ထွက်ခွာလာပြီး လမ်းတစ် လျှောက်တွင် ပုလိပ်မြို့နှင့် ကျောက်ဆည်မြို့များ၌ ညအိပ်ရပ်နားခဲ့ကြသည်။

အဆိုပါ သပိတ်မှောက် တက္ကသိုလ်ကျောင်းသားများ သည် ကျောက်ဆည်၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ ပြည်မြို့များကို ဖြတ်သန်းသွားကာ ရန်ကုန်မြို့တွင်၁၅ ရက်အတွင်း သပိတ်စခန်း ဖွင့်လှစ်သွားရန် စီစဉ်ထား ကြောင်း သပိတ်မှောက် ဆန္ဒပြ ရာတွင် ဦးဆောင်သည့် ဒီမိုကရေ စီပညာရေးလှုပ်ရှားမှုဦးဆောင် ကော်မတီမှ သိရသည်။

အလားတူပင် မုံရွာ၊ ပခုက္ကူ၊ ထားဝယ်မြို့နှင့် ကလေးမြို့များရှိ တက္ကသိုလ်ကျောင်းသားများ သည် အမျိုးသားပညာရေးဥပဒေ ကို သပိတ်မှောက်ဆန္ဒပြခဲ့ကြပြီး မန္တလေးမှ သပိတ်မှောက် ကျောင်းသားများ ရန်ကုန်မြို့သို့ ရောက်ရှိ ချိန်တွင် သပိတ်စခန်းဖွင့်လှစ်ရန် သွားရောက် ပူးပေါင်းကြမည်ဖြစ် သည်။အမျိုးသားပညာရေးဥပဒေ ကို သပိတ်မှောက် ဆန္ဒပြကြမည့် တက္ကသိုလ်ကျောင်းသားများ သည် အစိုးရအဖွဲ့၊ လွှတ်တော်၊ မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင် ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)နှင့် သပိတ် မှောက်ဆန္ဒပြရာတွင် ဦးဆောင်ခဲ့ သည့် ဒီမိုကရေစီပညာရေးလှုပ် ရှားမှုဦးဆောင်ကော်မတီတို့ လေး ပွင့်ဆိုင်တွေ့ဆုံညှိနှိုင်း၍ အမျိုး သားပညာရေးဥပဒေတွင် ၎င်းတို့ ပြင်ဆင်လိုသည့်အချက်များကို ပြင်ဆင်နိုင်သည်အထိ သပိတ် မှောက်ဆန္ဒပြသွားမည်ဖြစ်သည်။

အဆိုပါသပိတ်မှောက် ကျောင်းသားများကို ထောက်ခံ သည့်အနေဖြင့် ပညာရေးဥပဒေ မူကြမ်းအား ကန့်ကွက်သည့် လက်မှတ် ရေးထိုးတောင်းဆိုမှုကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဇန်န၀ါရီ ၂၁ ရက်က စတင်၍ လိုက်လံ ကောက်ယူနေပြီး ဟိုပုံးမြို့နှင့် ညောင်ရွှေမြို့များတွင်ပါ တစ်ပတ်ကြာ လိုက်လံကောက်ယူသွား မည်ဖြစ်ကြောင်း တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။

‘‘ကျောင်းသားတွေရဲ့ အမျိုး သားပညာရေးဥပဒေကို ကန့် ကွက်ပြီး သပိတ်မှောက်ချီတက် တာကို ထောက်ခံတဲ့အနေနဲ့ လက်မှတ်တွေကို ကောက်ခံတာ ပါ။ ကျောင်းသားတွေ ရန်ကုန်ကို ရောက်တဲ့အခါကျရင် အဲဒီလက် မှတ်တွေကို သွားရောက်ပေး ဆောင်သွားမှာပါ’’ဟု ဦးတင်မောင်တိုးကပြော သည်။

အမျိုးသားပညာရေးဥပဒေ ကို ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုမှုများ ရှိလာ၍ ပြည် ထောင်စုလွှတ်တော်က အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက် များအပေါ် ပြန်လည်သုံးသပ်ပြင် ဆင်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်န၀ါရီ ၁၉ ရက်စွဲဖြင့် ဇန်န၀ါရီ ၂၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ် လွှာပေးပို့ထားသော်လည်း တစ်စုံတစ်ရာထူးခြားမှု မရှိသေးပေ။

သပိတ်မှောက်ကျောင်းသားများ ကျောက်ဆည်မြို့မှ ထွက်ခွာလာစဉ် (ဓာတ်ပုံ−ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ)

7Day Daily
အဆိုပါသပိတ်မှောက် ကျောင်းသားများကို ထောက်ခံ သည့်အနေဖြင့် ပညာရေးဥပဒေ မူကြမ်းအား ကန့်ကွက်သည့် လက်မှတ် ရေးထိုးတောင်းဆိုမှုကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဇန်န၀ါရီ ၂၁ ရက်က စတင်၍ လိုက်လံ ကောက်ယူနေပြီး ဟိုပုံးမြို့နှင့် ညောင်ရွှေမြို့များတွင်ပါ တစ်ပတ်ကြာ လိုက်လံကောက်ယူသွား မည်ဖြစ်ကြောင်း တောင်ကြီးခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။

တိုင်းအဆင့် စစ်ဆေးသည့် အဋ္ဌမတန်း အောင်စာရင်း တစ်လခန့်နောက်ကျ ထုတ်ပြန်


ပြီးခဲ့သည့် ဒီဇင်ဘာက တိုင်းအဆင့်မှ စစ်ဆေးသည့် ပြည် မြို့နယ် အဋ္ဌမတန်းအရည်အချင်း စစ်အစမ်း စာမေးပွဲအောင်စာရင်း ကို ပုံမှန်ထုတ်ပြန်ချိန်ထက် တစ် လခန့်နောက်ကျပြီးမှ ထုတ်ပြန် ပေးခဲ့ကြောင်း ပြည်မြို့နယ်ပညာ ရေးမှူးရုံးမှ သတင်းရရှိသည်။

တိုင်းအဆင့်ကြီး ကြပ်စစ် ဆေးသည့် အဋ္ဌမတန်းအစမ်းစာ မေးပွဲကို ဒီဇင်ဘာလလယ်က ကျင်းပခဲ့ပြီး ပုံမှန်အားဖြင့် စာမေး ပွဲအပြီး ရက်သတ္တပတ်အကြာတွင် အောင်စာရင်းထုတ်ပြန်ပေးရမည် ဖြစ်ကြောင်း ကျောင်းသားမိဘ များကပြောသည်။

စာမေးပွဲအောင်စာရင်း မ ထုတ်ပြန်သေးခြင်းမှာ တိုင်းပညာ ရေးမှူးရုံး၏ ညွှန်ကြားချက်မရ သေးသောကြောင့် မထုတ်ပြန်ခြင်းဖြစ်ကြောင်း မြို့နယ်လက် ထောက်ပညာရေးမှူးက ဇန်န၀ါရီ၂၀ ရက်တွင် သတင်းထောက်များအား ဖြေကြားခဲ့ပြီးနောက် ယင်းနေ့ နေ့လယ်၌ပင် အောင်စာရင်း ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များ ဧပြီလမှစ၍ လစာ ဆယ်သိန်းရမည်


အရပ်သားလွှတ် တော်ကိုယ်စားလှယ်များ လာမည့်ဧပြီလမှစတင်၍ ချီးမြှင့်ငွေကျပ်၁၀ သိန်းကို စတင်ခံစားခွင့်ရရှိမည် ဖြစ်ပြီး အဆိုပါတိုးမြှင့်ခံစားခွင့်ပြု မှုတွင် တပ်မတော်သားကိုယ်စား လှယ်များ ပါဝင်ခြင်း မရှိကြောင်း သတင်းရရှိသည်။

လွှတ်တော်ကိုယ်စားလှယ် များအား ချီးမြှင့်ငွေ (လစာ)ကျပ် ၁၀ သိန်းတိုးမြှင့်ပေးရေးကိစ္စကို သမ္မတက လက်ခံခြင်းမရှိဘဲ တစ် ပြိုင်တည်းတိုးမြှင့်ခြင်းအစား ဖြည်းဖြည်းချင်းတိုးမြှင့်ရန် သဘောထားမှတ်ချက်ပေးပို့ ခဲ့မှုကို လွှတ်တော် က ပယ်ချပြီး မူလအတိုင်းထားရှိရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးသာအလိုရှိကြောင်း ပြည်ထောင်စုလွှတ်တော် အကြောင်းပြန်


ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးထက် အားလုံးပါဝင် သော ဆွေးနွေးမှုဖြစ်ရေး ပိုမိုလို လားကြောင်း သမ္မတက လွှတ် တော်သို့ပေးပို့သည့် သဝဏ်လွှာ တွင် ဖော်ပြခဲ့သော်လည်း ပြည် ထောင်စုလွှတ်တော်က ခြောက်ပွင့် ဆိုင်ဆွေးနွေးပွဲကိုသာလိုလားပြီး ဆွေးနွေးပွဲအမြန်ဆုံးဖြစ်မြောက် ရန် ပြုလုပ်ပေးစေလိုသည်ဟု အကြောင်းပြန်လိုက်သည်။
ဆွေးနွေးပွဲတွင် မည်ကဲ့သို့ အကြောင်းအရာများ ဆွေးနွေး မည်ဆိုသည့် ဆွေးနွေးပွဲမူဘောင် အပါအဝင် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းသတ်မှတ်နိုင်ရေး သမ္မတဦးဆောင်သော ခြောက်ဦး အဖွဲ့ တွေ့ဆုံ ရေးကို ဆောလျင်စွာ ပြုလုပ်ပေးရန်လိုကြောင်း ပြည် ထောင်စုလွှတ်တော်မှ နိုင်ငံတော် သမ္မတထံသို့ ပြန်လည်ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြထားသည်။

တယ်လီနောက ဒေသလေးခုတွင် ကွန်ရက်ထပ်မံချဲ့လိုက်ပြီး လစဉ်ဆင်းမ်ကတ် တစ်သန်းခွဲရောင်းမည်


Photo: တယ်လီနောက ဒေသလေးခုတွင် ကွန်ရက်ထပ်မံချဲ့လိုက်ပြီး လစဉ်ဆင်းမ်ကတ် တစ်သန်းခွဲရောင်းမည်
Friday, January 23, 2015

တယ်လီနောမြန်မာအနေ ဖြင့် ပြည်နယ်နှင့် တိုင်းလေးခုတွင်မိုဘိုင်းကွန်ရက်ထပ်မံတိုးချဲ့ဖွင့် လှစ်လိုက်ပြီး ဇန်န၀ါရီလမှစ၍ နိုင် ငံတစ်ဝန်း၌ ဆင်းမ်ကတ် ၁ဒသမ၅ သန်းကို လစဉ်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သတင်းထုတ် ပြန်သည်။

‘‘ကျွန်တော်တို့အနေနဲ့ အ ရည်အသွေးကို အဓိကထားတဲ့အ တွက် လိုင်းတွေကို စိတ်ချရပြီဆိုမှ အခုလို ဖွင့်ပေးလိုက်တာပါ။ ဆင်းမ်ကတ်ရောင်းချပေးတာ နည်းနေတဲ့အတွက် မှောင်ခိုဈေးကွက် ဖြစ်နေတာကြောင့် ဒီလကစပြီး လစဉ် ၁ဒသမ၅ သန်းအထိ တိုး ချဲ့ဖြန့်ဖြူးပေးသွားပါမယ်’’ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ပီတာဖာဘတ်ကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလက ၎င်းတို့၏ ကွန်ရက်အ ခြေအနေကြောင့် ဆင်းမ်ကတ် အရေအတွက်ကို လျှော့ရောင်းခဲ့ ရသော်လည်း လက်ရှိတွင် တာဝါ တိုင်အများအပြား တိုးချဲ့တည် ဆောက်ပြီး ဖြစ်သောကြောင့် ဆင်းမ်ကတ်များ တိုးချဲ့၍ ဖြန့် ဖြူးပေးသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ သတင်းရရှိသည်။

တယ်လီနောက ဇန်န၀ါရီ ၂၂ အထိ မိုဘိုင်းကွန်ရက်တရားဝင် ဖွင့်လှစ်လိုက်သော ပြည်နယ်နှင့် တိုင်းများမှာ စစ်ကိုင်း၊ ပဲခူး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့ ဖြစ်သည်။ ယခင်ပေးခဲ့သော ရန်ကုန်၊ မန္တ လေး၊ နေပြည်တော်တို့တွင် မို ဘိုင်းကွန်ရက်ရှိပြီ ဖြစ်သည်။

‘‘နောက်လဆိုရင် ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ကွန်ရက်ဆက် ပြီး ချဲ့ထွင်သွားမှာ ဖြစ်ပါတယ်။ ဒီပြည်နယ်နှစ်ခုပါမယ်ဆိုရင် တယ်လီနောရဲ့ ကွန်ရက်က မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ ပြည်နယ်နဲ့ တိုင်း ကိုးခုမှာ ရောက်ရှိနေမှာ ဖြစ်ပါ တယ်’’ဟု ပီတာဖာဘတ်က ကွန်ရက်ချဲ့ထွင်သော ပဲခူးမြို့ခရီးစဉ် တွင် ပြောသည်။

မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့ တွင် မိုဘိုင်းကွန်ရက် ကောင်းမွန်စေရန် တာဝါတိုင် ၈၀၀ ခန့် လိုအပ်ပြီး လက်ရှိတွင် တာဝါတိုင်ပေါင်း ၅၃၅ တိုင် တည်ဆောက်ထားပြီး အရေအတွက်ကို မကြာမီပြည့်မီအောင် ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း တယ်လီနောက ဆိုသည်။

နိုင်ငံတစ်ဝန်း တာဝါတိုင် ပေါင်း ၂၀၀ မှ ၃၀၀ အတွင်း လစဉ်တည်ဆောက်၍ တိုးချဲ့သွားမည်ဟု ဆိုသည်

တယ်လီနောမြန်မာအမှုဆောင်အရာရှိချုပ်ပီတာဖာဘတ် မေးခွန်းများ ဖြေဆိုနေစဉ် (ဓာတ်ပုံ - နိုင်လင်းအောင်)
7Day Daily
တယ်လီနောမြန်မာအနေ ဖြင့် ပြည်နယ်နှင့် တိုင်းလေးခုတွင်မိုဘိုင်းကွန်ရက်ထပ်မံတိုးချဲ့ဖွင့် လှစ်လိုက်ပြီး ဇန်န၀ါရီလမှစ၍ နိုင် ငံတစ်ဝန်း၌ ဆင်းမ်ကတ် ၁ဒသမ၅ သန်းကို လစဉ်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သတင်းထုတ် ပြန်သည်။

‘‘ကျွန်တော်တို့အနေနဲ့ အ ရည်အသွေးကို အဓိကထားတဲ့အ တွက် လိုင်းတွေကို စိတ်ချရပြီဆိုမှ အခုလို ဖွင့်ပေးလိုက်တာပါ။ ဆင်းမ်ကတ်ရောင်းချပေးတာ နည်းနေတဲ့အတွက် မှောင်ခိုဈေးကွက် ဖြစ်နေတာကြောင့် ဒီလကစပြီး လစဉ် ၁ဒသမ၅ သန်းအထိ တိုး ချဲ့ဖြန့်ဖြူးပေးသွားပါမယ်’’ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ပီတာဖာဘတ်ကဆိုသည်။

Thursday, January 22, 2015

စည်ပင်လုပ်ငန်းများ ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြရန် လို ဟု ရွေးကောက်ခံကိုယ်စားလှယ်များ ပြော

 စည်ပင်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူများ နားလည်စေရေး ပွင့်လင်းစွာချပြရန် အရေးကြီးပြီး ချက်ချင်းဆောင်ရွက်ပေးရန် မဖြစ်နိုင်သော ကိစ္စရပ်များကို ပြည်သူလူထု သဘောပေါက်အောင် ချပြရန်လိုအပ်ကြောင်းနှင့် ပြည်သူများပါ ပါဝင်ဆောင်ရွက်မှသာ စည်ပင်လုပ်ငန်းများ မြန်ဆန် မည်ဖြစ်ကြောင်း ရွေးကောက်ခံ စည်ပင် ကိုယ်စားလှယ်အချို့က ထောက်ပြပြောဆိုခဲ့သည်။
ရန်ကုန် အရှေ့ပိုင်းခရိုင်မှ တတ်သိပညာရှင်အဖြစ် ရွေးချယ်ခံရသော ဒေါက်တာစိုးထွန်းက ''စည်ပင်လုပ်ငန်း အားလုံးကို ဗဟိုကချုပ်ကိုင်တာ မဟုတ်ဘဲ ဘတ်ဂျက်နဲ့ function (လုပ်ငန်းစဉ်) ကို ပွင့်လင်းမြင်သာစွာ ချပြပေးထားဖို့ လိုတယ်။တကယ့်မြေပြင် အခက်အခဲကို ဗဟိုက သိမှာ မဟုတ်ဘူး။ မြို့နယ်၊ခရိုင်က ပြည်သူတွေက တိုင်ရင် ကျွန်တော်တို့ အဆင့်ဆီအရင်လာတာလေ။ ပွင့်လင်းမြင်သာစွာ ချပြထားမှု မရှိရင် ရှင်းရတာက ခက်ခဲမှုရှိတယ်။ ဒါကကျွန်တော်တို့ ကြုံရတဲ့ အဓိကအခက်အခဲပဲ'' ဟု ဆိုသည်။

ကျူးကျော်များအတွက် အငှားအိမ်ရာများ တည်ဆောက်ပေးမည်

မန္တလေးမြို့ရှိ ကျူး ကျော်နေထိုင်သူများအတွက် အ ငှားအိမ်ရာများဆောက်လုပ်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
အဆိုပါ အငှားအိမ်ရာတိုက် ခန်းများကို ၂၀၁၅ အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး အိမ်ခြေရာခြေမရှိသူများအတွက် သက်သာသော နှုန်းထားများဖြင့် ငှားရမ်းပေးသွားမည် ဖြစ် ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီတွဲဖက်အ တွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။
ကျူးကျော်နေထိုင်သူများ ပပျောက်စေရန် ရည်ရွယ်ချက်ဖြင့်အဆိုပါ လူတန်းစားများနေထိုင် ရာနေရာများနှင့် ၎င်းတို့လုပ်ကိုင် နေသည့် လုပ်ငန်းများအနီးတွင် တည်ဆောက်ပေးရန် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ ကျူးကျော်နေထိုင် သူအများဆုံးတည်ရှိရာ အောင် မြေသာစံမြို့နယ် ဧရာဝတီမြစ် ကမ်းနားလမ်းတစ်လျှောက် (၁၂) လမ်းမှ ကန်တော်ကြီးလမ်းအနီး ထိ တည်ဆောက်သွားမည်ဖြစ် ကြောင်း မန္တလေးစည်ပင်မှ ကော်မတီဝင်အချို့က ပြောသည်။

စက်မှုဇုန်မြေကွက်လွတ်များကိုင်ထားသည့် လုပ်ငန်းရှင်များက ဂိုဒေါင်ဆောက်မည်ဟု အများဆုံးတင်ပြထားပြီး လုပ်ငန်းရှင်များက မြေကွက်များကိုကိုင်၍ ဈေးကစားရန် ထိုင်စောင့်သလိုဖြစ်နေသဖြင့် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်မှုမရှိသည့်ဂိုဒေါင်များနှင့် စက်မှုမြေကွက်များ အစိုးရကို ပြန်အပ်ရမည်

လက်ရှိစက်မှုဇုန်မြေကွက်များသည် မြေကွက်လွတ်များစွာရှိနေပြီး အဆိုပါမြေကွက်များကိုကိုင်ထားကာ ဈေးကစားရန်ထိုင်စောင့်နေသလိုဖြစ်နေသည့်အပြင် လုပ်ငန်းစီမံကိန်းတင်ပြစေရာတွင်လည်း ဂိုဒေါင်ဆောက်လုပ်ရန်သာတင်ပြမှုများနေသဖြင့် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်မှုမရှိသည့် ဂိုဒေါင်များနှင့် စက်မှုဇုန်မြေကွက်များ အစိုးရကိုပြန်အပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦးကပြောကြားသည်။

မြို့တော်စည်ပင်မှ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်မည်ဆိုသော သတင်းများကြောင့် ဒဂုံမြို့သစ်မြို့နယ် အချို့တွင် အိမ်ခြံမြေအရောင်းဈေး ကွက်အေးစက်

ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မ တီမှ တန်ဖိုးနည်းအိမ်ရာများ တည် ဆောက်မည်ဆိုသောသတင်းများ ကြောင့် အဆိုပါမြို့နယ်များတွင် အိမ် ခြံမြေအရောင်းဈေးကွက် အလွန် အေးနေပြီး ဝယ်ယူသူမရှိကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူအချို့ ထံမှသိရသည်။

လုပ်အားပေးဆရာမ ၂ ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရကို အမေရိကန်တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ကောင်းခါးရွာမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေ တဲ့ ကျောင်းဆရာမနှစ်ဦးကို ဒီလ ၁၉ ရက်ညနဲ့ ၂၀ ရက်နေ့မနက် အစောပိုင်းလောက်မှာ အမည်မသိသူတွေက အဓမ္မပြုကျင့် နှိပ်စက်ညှဉ်းပန်းပြီး သတ်ဖြတ်ခဲ့ကြတယ်လို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗုဒ္ဓဟူးနေ့မနက်မှာ ပန်ဆိုင်း (ကြူကုတ်) ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာကို သွားရောက်ပြီး ဒေသခံတွေနဲ့ တပ်မတော်သားတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားတဲ့နေ့ မနက်က ကောင်းခါးရွာအနီးကို ခမရ ၅၀၃ က စစ်ကြောင်းတကြောင်း လာရောက် စခန်းချတာကြောင့် တပ်မတော်သားတွေကို ခေါ်ယူစစ်ဆေးတာ ဖြစ်ပါတယ်။

တိုက်ပွဲများအကြား ပိတ်မိနေသော ဒေသခံအမျိုးသား(၂၀၀) ဦးအား KIA အဖွဲ့မှ ပေါ်တာဆွဲရန်စီစဉ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများအကြားတွင်ပိတ် မိနေသော ဒေသခံ(၇၀၀)ကျော် အနက်မှ အမျိုးသား (၂၀၀) ကျော်အား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ပေါ်တာအဖြစ် အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးမှ Tomorrow ဂျာနယ်သို့ပြောကြားခဲ့ကြောင်း အင်္ဂါနေ့ထုတ် Tomorrow ဂျာနယ် No.47, Volume 1, 20-1-2015 (Tuesday) တွင်ဖော်ပြပါရှိသည်။

အမေရိကား၌ ပညာ သင်ယူရန် မန္တလေးတွင် ပထမဆုံးအကြိမ် ဖိတ်ခါ်

ဇန်န၀ါရီလ (၂၁) ရက်နေ့က မန္တလေးမြို့ Jefferson Centre တွင် အမေရိကား၌ ပညာသင်ယူရန် တက္ကသိုလ်ပေါင်း (၂၀) ကျော်မှ ပထမဆုံးအကြိမ် အဖြစ် ကျောင်းသား များကို လာရောက်၍ ခေါ်ယူကြောင်း သိရသည်။
မန္တလေးမှာ ပထမဆုံးအကြိမ် အနေနဲ့ လာတာပါ။ မြန်မာနိုင်ငံ မှာတော့ သုံးကြိမ် ရှိပါပြီ။ နှစ်ရက်ပဲ ပွဲလုပ် မှာပါ။ အရင် ကတော့ ရန်ကုန်မှာပဲ လုပ်တာ။ ဒီနှစ်တော့ မန္တလေးမှာ တစ်ရက်၊ ရန်ကုန်မှာ တစ်ရက် လုပ်သွား မှာပါ။ မနက်ဖြန်ဆို ရန်ကုန်မှာ လုပ်မှာလေ ဟု အဆိုပါပွဲမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေး အတွက် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက အကြံပြုချက်များ တောင်းခံ

ခြောက်ပွင့်ဆိုင် နိုင်ငံရေး ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေး သွားမည် ဖြစ်သည့် အတွက် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အကြံပြု ချက်များ ပေးပို့ နိုင်ကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြား လိုက်သည်။ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ တစ်ယောက်အနေ နဲ့ ဒီဆွေးနွေးပွဲကို တက်ရောက် ပါမယ်။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ ဆီက တင်ပြ လာတာ တွေကို ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ဆွေးနွေး သွားမှာပါ ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြော သည်။

အနိုင်ရရန်သေချာသည့်နေရာများ စိစစ်ယှဉ်ပြိုင်သွားမည်ဟု NDF ပြော

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)က လာ မည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံ လုံး၌ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သော်လည်း မဲဆန္ဒနယ်အားလုံး တွင်ယှဉ်ပြိုင်မည်မဟုတ်ဘဲ အနိုင်ရရန်သေချာသောနေရာများကို စိစစ်သွားမည်ဟုသတင်းရရှိသည်။
‘‘ဥပမာ ရန်ကုန်မှာဆိုရင် လေးငါးမြို့နယ်ပေါ့။ မဲဆန္ဒနယ် အားလုံးကိုဝင်ပြိုင်မှာမဟုတ်ဘဲနဲ့ သေချာအောင်မြင်နိုင်မယ့်နေရာ မျိုးကိုပဲလုပ်မှာ။ အဲဒါကိုလည်း လူထုသဘောထားစစ်တမ်းတွေ ပါကောက်သွားမယ်’’ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေကပြောသည်။

မန္တလေးတွင် ကျပ်သိန်း (၃၀၀၀) ဖြင့် မြေကွက် လိမ်လည် ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်တွင် တစ်ဦးတည်းပိုင် မြေကွက် မဟုတ်ဘဲ စည်ပင်မှ တားမြစ် ထားသော မြေကွက်ကို လိမ်လည် ရောင်းချခဲ့မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ- (၃.၁.၂၀၁၅) ရက်နေ့တွင် အောင်မြေသာစံ မြို့နယ်၊ မဟာဇေယျာဘုံ ရပ်ကွက်နေ ဒေါက်တာ ဒေါ်ခင်မြလွင် (ဘ) ဦးသန်းအောင် မှ ၄င်း ရပ်ကွက်၊ အကွက် (၅၁၄/ ၈) ဦးပိုင် (၄၀-ခ)ရှိ ဒေါ်အိုက်စွမ်း အမည် ပေါက်ဂရန် မြေကွက် (၀.၀၈၈၆) အား ၎င်း တစ်ဦးတည်း ပိုင်ဆိုင်ကြောင်း ကာလ တန်ဖိုး ငွေကျပ်သိန်း (၃၁၅၀)ဖြင့် ရောင်းချ လိုကြောင်း ပြောဆို သဖြင့် ဒေါ်သီတာစိမ်း (၄၄) နှစ်၊ မှီခို၊ (ဘ) ဦးစိမ်းမောင်၊ အနှိပ်တော် ရပ်ကွက်၊ အောင်မြေသာစံ မြို့နယ်တွင် နေထိုင်သူမှ ၀ယ်ယူခဲ့ကြောင်း သိရသည်။