Monday, June 1, 2015

နီပေါငလျင်ဘေးသင့် ဒေသများတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်

နီပေါနိုင်ငံရှိ ငလျင်ဘေးသင့် ဒေသများမှ ကျောင်းအများစုကို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ဧပြီ ၂၅ ရက်က လှုပ်ခတ်ခဲ့သည့် ရစ်ခ်ျတာစကေး ၇.၈ အဆင့်ရှိ ငလျင်ကြီးကြောင့် နီပေါနိုင်ငံ အနှံ့အပြားတွင် ကျောင်းပေါင်း ၈၀၀၀ ကျော်နှင့် စာသင်ခန်းပေါင်း ၂၅၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့သည်။ အဆိုပါ သဘာဝ ဘေးဆိုးကြီးအတွင်း အသေအပျောက် ပမာဏသည် ၈၀၀၀ ကျော်ထိ ရှိခဲ့သည်။အဆိုပါ ငလျင်ကြီး နောက်ပိုင်းတွင် ခတ္တမန္ဒူ မြို့တော်နှင့် အနီးတဝိုက် ဒေသများမှ ကျောင်းများကို ပိတ်ထားရသော်လည်း မေ ၃၁ ရက်တွင် ကျောင်းအားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်ကို ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း အများစုသည် အခိုင်အမာ တည်ဆောက်ထားခြင်း မဟုတ်ဘဲ သစ်သားများ၊ ဝါးများ၊ ရွက်ဖျင်စများဖြင့် ယာယီ စာသင်ခန်းများသဖွယ် စီစဉ်ထားရခြင်း ဖြစ်သည်။ ထို့အပြင် ကျောင်းများ ပြန်ဖွင့်သော်လည်း လာရောက် ပညာသင်ကြားသည့် ကျောင်းသူကျောင်းသား အရေအတွက်မှာ အလွန် နည်းပါးနေဆဲဟု သိရသည်။

ဦးသိန်းစိန် အစိုးရလက်ထက် သင်္ကြန်အမြောက်သံများ


ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဟန်ရေးသာပြနေသော်လည်း လက်တွေ့မလုပ်ဖြစ်သည့် ထင်ရှားသည့် သာဓကများထဲတွင် အခြေခံဥပဒေပြင်ဆင်ရေးသည် ထိပ်ဆုံးမှပါဝင်နေသည်/ဓာတ်ပုံ− နစ်ကီ
အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် လအနည်းငယ်သာလိုတော့သည်။ မြန်မာ့နွေဦးကတော့ မြူမစင်တိမ်မကင်းနှင့် ကုန်ဆုံးလွန်မြောက်တော့မည် ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် စစ်ရိပ်မပြယ်သေးသည့် အရပ်သားတစ်ပိုင်း အစိုးရ၏ ငါးနှစ်သက်တမ်းသည် ရွေးကောက်ပွဲကျင်းပပြီးနောက်တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။

ကျောက်ကုန်သည်တစ်ဦး ကျပ်သိန်းသောင်းချီ လိမ်လည်တိမ်းရှောင်

 တရုတ်-မြန်မာနယ်စပ်ရွှေလီမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကျောက်မျက်ကုန်သည်အမျိုးသမီးတစ်ဦးက ကျပ်သိန်းသောင်းချီ တန်ဖိုးရှိသည့် ကျောက်မျက်များ လိမ်လည်တိမ်းရှောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရွှေလီမြို့ကျောက်မျက်ဈေးရှိ ဆိုင်ခန်းပိုင်ရှင် ကျောက်ကုန်သည်အမျိုးသမီးတစ်ဦးက မြန်မာကျောက်ကုန်သည်များထံမှ ကျပ်သိန်းသောင်းချီတန်ဖိုးရှိသည့် ကျောက်စိမ်းကျောက်မျက်များ ၀ယ်ယူပြီး ငွေမချေဘဲ တိမ်းရှောင်ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု ငွေကြေးလိမ်လည်ခံရသူများနှင့် နီးစပ်သည့် မန္တလေးမြို့ခံကျောက်ကုန်သည်အချို့က ပြောသည်။
‘‘ပွဲစားအမျိုးသမီးတစ်ယောက်က လိမ်သွားတယ်လို့ ကြားတယ်။ ဦးတို့မိတ်ဆွေကုန်သည်တစ်ယောက်တော့ အပွင့်ထည်တွေပေါ့။ သိန်း ၃,၀၀၀ ဖိုးလောက် ပါသွားတယ်လို့ ပြောတယ်။ ကုန်သည်ဘယ်နှဦးစီက  သိန်းဘယ်လောက်ပါသွားတယ် ဆိုတာတော့ အတိအကျမသိရ သေးဘူး’’ဟု မန္တလေးမြို့မှ ကျောက်ကုန်သည် ဦးဇော်ဇော်က ပြော ကြားသည်။

မြန်မာနှင့် နယ်စပ်အနီး စစ်ရေးလေ့ကျင့်မည့် အစီအစဉ်ကို တရုတ်ကြေညာ

 မြန်မာနိုင်ငံနှင့် နယ်နိမိတ် အနီးတွင် ယခုသီတင်းပတ်အတွင်း တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
မြန်မာအစိုးရ စစ်တပ်နှင့် ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့များ စစ်ပွဲဖြစ်ပွားရာမှ လမ်းလွဲလာသည့် ဗုံးများ ကျရောက် ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသားများ သေဆုံးခဲ့ရာ ဒေသအနီးတွင် တရုတ်က မြေပြင်နှင့် ဝေဟင်တပ်များ စစ်ရေး လေ့ကျင့်မည် ဖြစ်သည်။တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ဇွန် ၂ ရက်တွင် ယူနန်၌ အဆိုပါ စစ်ရေးလေ့ကျင့်မှု စတင်မည်ဖြစ်ကြောင်း၊ ကြည်းတပ်ရော လေတပ်ပါ ပါဝင်မည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း တပ်ဖွဲ့ဝင် အရေအတွက် မည်မျှ ပါဝင်မည် ဆိုသောအချက်နှင့် စစ်ရေးလေ့ကျင့်မှု ကြာမြင့်မည့် ကာလတို့ကို ဖော်ပြမထားခဲ့ချေ။ စစ်ရေးလေ့ကျင့်နေစဉ် အတောအတွင်း ယင်းဒေသကို လေယာဉ်များ ရှောင်ကွင်းပျံသန်းရန်လည်း သတိပေးထားသည်။

မထင်မှတ်တဲ့ စွမ်းဆောင်မှုတွေနဲ့ ယူကရိန်းကို တခုခုလုပ်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်- နယူးဇီလန်ရောက် မြန်မာပရိသတ် ဦးရဲမျိုးဟိန်း


ဇွန်၂ ရက်မှာတော့ နယူးဇီလန် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာအသင်းဟာ ယူကရိန်းအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ကို တက်ရောက်နိုင်ရေး ဒီပွဲဟာ ၂ သင်းစလုံးအတွက် အရေးပါနေပါတယ်။ အုပ်စုတွင်းက အင်အားအတောင့်တင်းဆုံး အမေရိကန်ကို ခြေရည်တူ ကစားနိုင်ခဲ့တဲ့အတွက် မြန်မာဘောလုံးပရိသတ်က ဒီပွဲမှာ မြန်မာအသင်းပေါ်ကို အရမ်းကို မျှော်လင့်ထားပါတယ်။ ယူကရိန်းနဲ့ပွဲမှာ မြန်မာအသင်းအနေနဲ့ မထင်မှတ်တဲ့ စွမ်းဆောင်မှုတွေနဲ့ တခုခုလုပ်ပြနိုင်မယ်လို့လည်း ပရိသတ်တွေက မျှော်လင့်နေပါတယ်။ နယူးဇီလန်အထိ သွားရောက်ပြီး မြန်မာအသင်းကို အားပေးနေတဲ့ ဦးရဲမျိုးဟိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဖေ့စ်ဘွတ်ကို အကျိုးရှိစွာသုံးသည့် ရွှေ့ပြောင်းအလုပ်သမားကြောင့် ထိုင်းရဲအတု ဖမ်းမိ


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးက လူမှုကွန်ရက် ဖေ့ဘုတ်စ်စာ မျက်နှာကို အကျိုးရှိစွာ အသုံးချခဲ့တာကြောင့် ထိုင်းရဲအတု ၂ ဦးကို ဖမ်းဆီး ရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
မိမိကိုယ်မိမိ ထိုင်းရဲလို့ပြောဆိုပြီး ရွှေ့ပြောင်းအလုပ်သမားတွေပေါ် လိမ်လည်ငွေတောင်းနေတဲ့ ထိုင်းလူမျိုး ၂ ဦးကို ဖေ့စ်ဘုတ်ဗွီဒီယိုကလစ်ကနေတဆင့် စုံစမ်းရှာဖွေရာမှာ မေလ ၃၀ ရက်နေ့ ညနေ ၆ နာရီအချိန်က ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းမိုင်မြို့မရဲစခန်း စခန်းမှူး ၀ိရယုဒ်ပဆုပ်ချုတ်ချိုင်း က သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာ-ယူကရိန်း ယူ ၂၀ ပွဲုကြို သုံးသပ်ချက်

ဇွန် ၂ ရက် မြန်မာစံတော်ချိန် ၇ နာရီခွဲမှာ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာအသင်းဟာ ယူကရိန်းအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။မြန်မာ-ယူကရိန်း ဘောလုံးပြိုင်ပွဲမှာ ကွင်းလယ်ဒိုင်နဲ့ အကူဒိုင်တွေအဖြစ် ဘရာဇီးနိုင်ငံသားတွေက ဆောင်ရွက်မှာဖြစ်သလို နောက်အကူဒိုင်ကတော့ ဂါနာနိုင်ငံသား က ဆောင်ရွက်မှာ ဖြစ်ပါတယ်။မြန်မာအသင်းပါဝင်နေတဲ့ အုပ်စု (က)ကို ကြည့်မယ်ဆိုရင်တော့ အမေရိကန် အသင်းက တပွဲကစား တပွဲနိုင် ၃ မှတ်နဲ့ အုပ်စု ပထမနေရာ ရယူထားပါတယ်။

ညှဉ်းပန်းနှိပ်စက်ခံရ၍ လှေစီးထွက်ပြေးသည်ဟု ပြောဆိုချက် ရင့်သီးလွန်းသည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တုံ့ပြန်

နိုင်ငံတကာတွင် ဟိုးလေးတကျော်ကျော် ဖြစ်ပွားနေသည့် လှေစီးခိုးဝင်သူများတွင် ညှဉ်းပန်းနှိပ်စက်ခံရ၍ ရခိုင်ပြည်နယ်က ထွက်ပြေးသူများ ပါဝင်နေသည်ဟု ပြောဆိုချက်များမှာ ရင့်သီးလွန်းကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားသည်။
လှေစီးဒုက္ခသည်များ အရေးနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ရှိ Orchid ဟိုတယ်တွင် မေလ ၃၁ ရက်နေ့က ပြုလုပ်သည့် DVB Debate တွင် လှေစီးခိုးဝင်သူများတွင် ညှဉ်းပန်းနှိပ်စက်ခံရ၍ ရခိုင်ပြည်နယ်က ထွက်ပြေးသူများ ပါဝင်နေသည်ဟု ဆွေးနွေးချက်များနှင့် ပတ်သက်၍ ၎င်းက ယင်းသို့ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

အာရုံစူးစိုက်မှု အပြည့်ထားရမည်ဟု မြန်မာယူ ၂၀ အသင်းကို လက်ထောက်နည်းပြ သတိပေး

နယူးဇီလန်နိုင်ငံတွင် ကျင်းပလျက် ရှိသည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်နေသည့် မြန်မာယူ ၂၀ အသင်း အနေနှင့် လက်ရှိအချိန်သည် အာရုံစူးစိုက်မှု အပြည့်ထားရမည့်အချိန် ဖြစ်ကြောင်း မြန်မာယူ ၂၀ အသင်း လက်ထောက်နည်းပြ ဦးညီညီလတ်က သတိပေး ပြောကြားလိုက်သည်။
အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင် မြန်မာယူ ၂၀ အသင်းသည် မေလ ၃၀ ရက်နေ့က အဖွင့်ပွဲစဉ်အဖြစ် အမေရိကန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ရန်နိုင်ဦး၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အမေရိကန်အသင်းကို ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်ပေးခဲ့ရသောကြောင့် နှစ်ဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ သို့သော် ယင်းပွဲစဉ် ကစားပုံနှင့် ပတ်သက်၍ ချီးကျူးမှုများ ရှိနေရာ ယင်းအပေါ်တွင် သာယာမနေဘဲ အာရုံစူးစိုက်ထားကြရန် လိုအပ်၍ သတိပေးခဲ့ခြင်း ဖြစ်သည်။

အကွဲအပြဲများနဲ့ လော်ခီးလာရလဒ် ဘယ်လိုထွက်ပေါ်မလဲ?

လာမယ့် ဇွန် ၂ ရက်နေ့မှာ လော်ခီးလာတွေ့ဆုံဆွေးနွေးပွဲ စတင်တော့မှာဖြစ်ပါတယ်။ ကြားထားရတဲ့သတင်းက ငြိမ်းချမ်း ရေးအတွက် အပစ်အခတ်ရပ်စဲရေး ရောင်နီသန်းတော့မယ်ဆိုတဲ့ အပေါင်းလက္ခဏာပါ။ NCCT ခေါင်းဆောင်တွေက NCA Final draft ကို အပြီးသတ်ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို အစိုးရနဲ့ NCCT တို့အပြီးသတ်လက်မှတ်ရေးထိုးနိုင်ခဲ့ရင် မြန်မာပြည်သူတို့အတွက် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားပေါ့ဗျာ။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေအတွက် အနှစ်နှစ် အလလက မျှော်လင့်ခဲ့တဲ့ တည်ငြိမ် အေးချမ်းမှုအရသာကို ရရှိခံစားရတော့မှာဖြစ်ပါတယ်။

Sunday, May 31, 2015

ဘင်္ဂါလီအရေးနှင့် နာဇီတို့၏ ဂျူးလူမျိုးများ မျိုးတုံးသတ်ဖြတ်မှုကို ခိုင်းနှိုင်းဝေဖန်မှုများ မြန်မာကန့်ကွက်


ဘင်္ဂါလီအရေးသည် နာ ဇီခေတ် ဂျူးများကို လူမျိုးတုံး သတ်ဖြတ်မှုနှင့်တူညီနေကြောင်း ခိုင်းနှိုင်းဝေဖန်မှုများ ပါဝင်ခဲ့သည့် နော်ဝေးညီလာခံ တစ်ခုမှ ပြော ကြားချက်များကို မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနက ကန့်ကွက်ပယ် ချခဲ့ကြောင်း ကြေညာချက်ကို မေလ ၃၀ ရက်တွင် ထုတ်ပြန်သည်။
မေလ ၂၆ ရက်တွင်နော်ဝေးနိုင်ငံ အော်စလိုမြို့၌ ရိုဟင်ဂျာများ အား မြန်မာနိုင်ငံ၏ နှိပ်ကွပ်ညှဉ်း ပန်းမှုများ အဆုံးသတ်ရေးအော် စလို ညီလာခံခေါင်းစဉ်ဖြင့် ဆွေး နွေးပွဲပြုလုပ်ခဲ့သည်။ ယင်းဆွေး နွေးပွဲတွင် မစ္စတာဂျော့ခ်ျဆိုးရော့စ်၊ ဒေါက်တာ မဟာသီယာမိုဟာ မက်၊ ဒေါက်တာ ဆာအဒ်ဟာ မစ်ဒ်အယ်လ်ဘာနှင့် တောင်အာ ဖရိက အငြိမ်းစားခရစ်ယာန်ဂိုဏ်း ချုပ်ဆရာတော် ဒက်စ်မွန်တူးတူး တို့၏ ပြောကြားချက်များကို ကန့် ကွက်ကြောင်း မြန်မာက တုံ့ပြန် လိုက်ခြင်းဖြစ်သည်။

မြ၀တီ-ကော့ကရိတ်လမ်းပိုင်းတွင် ကရင်လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ဂိတ်ကြေးကောက်မည်

အာရှလမ်းမကြီး မြ၀တီ -ကော့ကရိတ်လမ်းပိုင်းအသုံးပြုသည့်ယာဉ်များကိုကရင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက တစ်ဖွဲ့ချင်းငွေကြေးမကောက်ခံတော့ဘဲ စုပေါင်းဂိတ်ဖွင့်၍စတင်ကောက်ခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇) ဌာနချုပ် (လှိုင်းဘွဲ့ မြို့နယ်)တွင် မေလ ၂၈ နှင့် ၂၉ ရက်၌ ပြုလုပ်ခဲ့သည့် ကရင့် လက်နက်ကိုင်များညီညွတ်ရေး ကော်မတီ အရေးပေါ်အစည်း အ ဝေးတွင် အထက်ပါအတိုင်း ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြ၀တီမြို့ နယ် ကေအင်န်ယူ ဆက်ဆံရေးရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ ယူ-၂၀ အသင်းကို အမေရိကန်နည်းပြ ချီးကျူး

နယူးဇီလန်− မြန်မာယူ-၂၀ အသင်းသည် အလွန်စိတ်ဓာတ်တက်ကြွပြီး မိမိတို့အသင်း၏ ကစားကွက် ဆိုးရွားသွားအောင် ကစားနိုင်ခဲ့ကြောင်း အမေရိကန် အသင်းနည်းပြက ချီးကျူးပြော ကြားသည်။
နယူးဇီလန်တွင် ကျင်းပနေ သည့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ မေလ ၃၀ ရက်တွင် မြန်မာယူ-၂၀ အသင်းကို အမေရိကန် ယူ-၂၀ အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ပွဲအပြီး၌ အမေရိကန်နည်းပြ တက်ဘ်ရာမို့စ်က ‘‘ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း မကစားနိုင်ခဲ့ပါ ဘူး။ ဒါကတော့သေချာပါတယ်။ ကျွန်တော်တို့ အရှေ့မှာ အလွန် စိတ်ဓာတ်တက်ကြွနေတဲ့ အသင်း တစ်သင်းနဲ့ ကစားနေရတာကို တွေ့ခဲ့တယ်။ ကမ္ဘာ့ဖလားကို ၀င် လာတဲ့ မျက်နှာသစ်အသင်း တစ် သင်းပေါ့။ သူတို့အပြင်းအထန် ကြိုးစားခဲ့ကြတယ်။ သူတို့က ကျွန်တော်တို့ကို ပုံပျက်ပန်းပျက် ကစားရစေအောင်၊ ခက်ခဲအောင် လုပ်ခဲ့တယ်။ ကျွန်တော်တို့အ တွက် ခက်ခဲခဲ့ပါတယ်’’ ဟု ပြောသည်။အမေရိကန် လူငယ်အသင်းသည် ယခုပြိုင်ပွဲသို့ (၁၃) ကြိမ် မြောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာလူငယ် အသင်းပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှာ ရေသောက်လို့ တစ်ဂိုးပေးလိုက်ရတဲ့ဂိုးသမားက သူ့ရဲ့အသင်း ကို ပြန်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဂိုးသမားကတော့ Sui Weijie လို့ အမည်ရပြီး Chongqing Lifan အသင်း မှာ ကစားနေတာဖြစ်ပါတယ်။

ဒေသခံရှမ်းတိုင်းရင်းသားတို့၏ လူနေမှုဘ၀ကို ခြိမ်းခြောက်လာသော KIA ရဲ့ မြေမြှုပ်မိုင်းအန္တရာယ်

ကချင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ မြေမြှုပ်မိုင်းအန္တရာယ်ကို ထိတ်လန့် တုန်လှုပ် ကြောက်လန့်နေကြပါတယ်။ မိုင်းနင်းမိမှုကြောင့် သေကြေ၊ဒဏ်ရာရသူတွေဟာ နေ့စဉ်လိုလို ဖြစ်နေတာကြောင့် သွေးပျက် နေကြတာ အမှန်ပါပဲ။ အထူးသဖြင့် KIA စခန်းနဲ့နီးတဲ့ ကျေးရွာတွေ၊ KIA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာတဲ့ နယ်မြေထဲက ကျေးရွာတွေဟာ မြေမြှုပ်မိုင်းဒဏ်ကို ပိုပြီးခံစားကြရပါတယ်။ 

ပအို့ဝ်တိုင်းရင်းသားကျေးရွာများအား RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းမှုကြောင့် PNO အဖွဲ့ မကျေနပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပိန်းဆည်ကျေးရွာအုပ်စု၊ နောင်ဗိုကျေးရွာသို့ မေလ ၁၉ ရက်နေ့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လူသစ်စုဆောင်းမှုများပြုလုပ်သွားခဲ့ကြောင်း ယင်းဒေသခံ ရွာသားများ ထံမှ သိရသည်။
“ရှမ်းအဖွဲ့တွေ ရွာကိုရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်တယ်၊ ပြီးတော့ ကျေးရွာအုပ်စုအတွင်းမှာရှိ တဲ့ အုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး အစည်းအဝေးလုပ်တယ်၊ တစ်ရွာကို အသက် ၁၈ နှစ်နဲ့ ၅၀ ကြားမှာရှိတဲ့ ယောက်ကျားတိုင်း လူသစ်အဖြစ်ဝင်ရောက်ရမယ်၊ မဝင်ဘူးဆိုရင် ရွာထဲအထိ လာဖမ်းမယ်လို့ ခြိမ်းခြောက် ပြောဆိုသွားတယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ရပ်မိရပ်ဖတစ်ဦးမှပြောသည်။

Saturday, May 30, 2015

လှေစီးဒုက္ခသည်အရေး ဖြေရှင်းရန် အထူးစုံ စမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ထူထောင်မည်


ဘန်ကောက်မြို့တွင် လှေစီးဒုက္ခသည်အရေး မြန်မာအပါအ၀င် နိုင်ငံ ၁၇ နိုင်ငံက တက်ရောက်ဆွေးနွေးခဲ့သည် (EPA)
ပင်လယ်တွင်မျောပါနေ သည့် လှေစီးဒုက္ခသည်များ ကယ် ဆယ်ရေး ချက်ချင်းဆောင်ရွက် ရန် နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထား သည့် ရာဇ၀တ်ဂိုဏ်းများအားဖိနှိပ် ရေးအတွက် အဓိကသက်ရောက် သော နိုင်ငံများအကြား အထူးစုံ စမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ထူ ထောင်ရေး အပါအ၀င်အဓိက ဆောင်ရွက်ရမည့် ကဏ္ဍသုံးရပ် ကို မေလ ၂၉ ရက်တွင် ထိုင်းနိုင်ငံ၌ပြုလုပ်ခဲ့သည့် ‘‘အိန္ဒိယသမုဒ္ဒရာ ၌ ပုံမှန်မဟုတ်သော ရွှေ့ပြောင်း မှုဆိုင်ရာ အထူးအစည်းအဝေး’’ အပြီးတွင် ထုတ်ပြန်ကြေညာခဲ့ သည်။

မြိတ်ကျွန်းစုတွင် ဟိုတယ်ဆောက်ရန် ထိုင်းလုပ်ငန်းရှင်အချို့ ကမ်းလှမ်းထားဟုဆို

ထိုင်းလုပ်ငန်းရှင်အချို့ က မြိတ်ကျွန်းစုတွင် ဟိုတယ် တည်ဆောက်ရန် ကျွန်းတစ်ကျွန်း ကို တောင်းဆိုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
မြိတ်ကျွန်းစုရှိ ကျွန်းတစ် ကျွန်းကို အစိုးရထံမှ နှစ် ၅၀ ငှားရမ်းမည်ဖြစ်ပြီး လက်ရှိတွင် တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း နေသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ် လက်နက်ကြီးများ အထိုင်ချ ဆောက်လုပ်ထားဟု အမေရိကန်စွပ်စွဲ

တောင်တရုတ် ပင်လယ်အတွင်းရှိ ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်နေရာ ကျွန်းများပေါ်တွင် တရုတ်က လက်နက်ကြီးများ အထိုင်ချ ဆောက်လုပ်ထားကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်သည်။
သဘာဝ သယံဇာတ ပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်ပြင် ဧရိယာ တစ်ခုလုံးကို တရုတ်က ၎င်းတို့၏ ပိုင်နက်အဖြစ် သိမ်းသွင်းရန် ကြိုးစားနေရာ ဒေသတွင်း နိုင်ငံများက ကန့်ကွက်နေသည်။ တရုတ်သည် တောင်တရုတ် ပင်လယ်အတွင်းရှိ ကျွန်းများပေါ်တွင် စစ်အခြေစိုက် စခန်းများ ဆောက်လုပ်ထားသလို ကျွန်းတုများကိုပါ တည်ဆောက်ပြီး ယင်းဒေသကို ထိန်းချုပ်ရန် ကြိုးပမ်းလျက် ရှိသည်။

ပါကစ္စတန်တွင် သေနတ်သမားများက ဘတ်စ်ကားစီး ခရီးသည်များကို ပစ်သတ်

ပါကစ္စတန်နိုင်ငံတွင် လက်နက်ကိုင် အကြမ်းဖက်သမားများက ဘတ်စ်ကားစီး ခရီးသည်များကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး ပစ်သတ်ခဲ့ရာ လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ပါကစ္စတန် အနောက်ပိုင်း ကွီတာမြို့မှ တောင်ဘက်ကမ်းခြေ ကရာချိသို့ ဦးတည် မောင်းနှင်နေသော ဘတ်စ်ကားများကို သေနတ်သမားများက အဓမ္မ တားဆီးပြီး ခရီးသည်များကို ဖမ်းဆီးခဲ့ခြင်းဟု ဘာလူချီစတန် ဒေသ အုပ်ချုပ်ရေးဌာနက ပြောကြားခဲ့သည်။

ပါတီစည်းကမ်းလိုက်နာမည်ဆိုပါက တပ်ချုပ်ကို လက်ခံမည်ဟု ပြည်ခိုင်ဖြိုးအတွင်းရေးမှူးပြော

တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် တပ်မ တော်မှ အငြိမ်းစားယူကာ နိုင်ငံ ရေးသမားအဖြစ်ခံယူပြီး ပါတီ၏ စည်းကမ်းများကို လိုက်နာနိုင်မည် ဆိုပါက ပါတီက လက်ခံမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးသိန်းဆွေက သတင်းစာရှင်း လင်းပွဲ၌ သတင်းမီဒီယာများအား ပြောကြားလိုက်သည်။

ကျောက်ခေတ်ဦးလက်ရာများ ဖြစ်နိုင်ဖွယ်ရှိသည့် နံရံဆေးရေးပန်းချီများတွေ့ရှိ

ရှမ်းပြည်နယ်တောင် ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ်တွင် ကျောက် ခေတ်လက်ရာ နံရံဆေးရေးပန်းချီများရှိသည့်နေရာများ ရှာဖွေတွေ့ရှိခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သတင်းရရှိသည်။

အကြမ်းဖက်မှု ကိုအားပေးထောက်ခံ သည့်နိုင်ငံစာရင်းမှ ကျူးဘားကို အမေရိကန်ပယ်ဖျက်

ဆယ်စုနှစ်ငါးနှစ်ကြာ ရပ်နားထားသော သံတမန်ဆက်ဆံရေးပြန်လည်ပြုလုပ်ရန် နှစ်နိုင်ငံစလုံးက ကြိုးပမ်းလျက်ရှိစဉ် အမေရိကန်ကို ကျူးဘားကို အကြမ်းဖက်မှုအားပေးထောက်ခံသည့် နိုင်ငံစာရင်းမှ သောကြာနေ့က ပယ်ဖျက်လိုက်ရာ ကြီးမားသည့် အတားအဆီးကြီးတစ်ခုကို ဖယ်ရှားခဲ့သည်။
အမေရိကန်က ကျူးဘားကို ၁၉၈၂ခုနှစ်က အမည်ပျက်စာရင်းသွင်းခဲ့မှုကြောင့် ကျူးဘားသည် ကမ္ဘာ့ဈေးကွက်သို့ ၀င်ရောက်ရေးအဟန့်အတားဖြစ် ခဲ့သည့် အပြင် နိုင်ငံတကာ၏ အပယ်ခံလိုဖြစ်လာခဲ့သည်။

လှေစီးရွှေ့ပြောင်းသူများအား အကူအညီပေးရေးနှင့် ကာကွယ်ရေးဆောင်ရွက်မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းသွားလာသူများအတွက် လူသားချင်းစာနာသည့် အကူအညီ များအား နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM မှတဆင့် ၾသစေၾထးလ် က ၾသစေၾထးလ် ဒေါ်လာ ၆ သန်းနှင့် အမေရိကန်က ယူအက်စ် ဒေါ်လာ ၃ သန်းပေးမည်ဟု သိရသည်။
ယင်းအကူအညီများအနက် သြစထြေးလျက သူ၏ ဒေါ်လာ တစ်သန်းကို အိန္ဒိယသမုဒ္ဒရာအတွင်းမှ ကယ်တင်ခဲ့သူများ အတွက်နှင့် ၅ သန်းကို ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ကော့ဇ်ဘဇားရှိ ဒုက္ခသည်များအတွက် ကူညီမည်ဖြစ်သည်။

ဖိလစ်ပိုင်တွင် ဗလီတစ်ခုကို ဖောက်ခွဲတိုက်ခိုက်၍ လူ ၁၅ ဦးထိခိုက်ဒဏ်ရာရ


ဖိလစ်ပိုင်တောင်ပိုင်းစွန်းတွင် ဗလီတစ်ခုကို ပစ်မှတ်ထားပြီး ဖောက်ခွဲမှုနှစ်ရပ် ပြုလုပ်၍ ကလေးငယ်များအပါအဝင် လူ ၁၅ ဦးဒဏ်ရာရခဲ့ကြောင်း ရဲတာဝန်ရှိသူများ ကပြောသည်။
နင်ဒန်နာအိုတောင်ပိုင်းနယ်မြေ ဂျိုလိုမြို့က ဗလီကို ဗုံးနှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ရဲဌာနကပြောသည်။

Miss Golden Land Myanmar 2015 ပြိုင်ပွဲ၏ Myanmar's Choice Award အတွက် အွန်လိုင်း မဲပေးနိုင်ပြီ

Miss Golden Land Myanmar 2015 ပြိုင်ပွဲတွင် ချီးမြှင့်မည့် Myanmar's Choice Award အတွက် အွန်လိုင်း မဲပေးမှုကို မေလ ၂၉ရက်တွင် စတင်လိုက်ပြီဖြစ်ရာ ပြိုင်ပွဲဝင် ဆန်ကာတင် အလှမယ် ၃၁ဦးကို စတင် မဲပေးနိုင်ပြီ ဖြစ်သည်။

Miss Golden Land အလှမယ် များကို အွန်လိုင်း မဲပေးလိုလျှင် ပထမဆုံး Miss Golden Land Myanmar (Official Facebook Page) ကို ၀င်ရောက်ပြီး Page ကို Like ပေးရမည် ဖြစ်သည်။ Official Page ကို Like မလုပ်ထားသော Facebook User များ၏ Vote များကို ထည့်သွင်း ရေတွက်မည် မဟုတ်ပေ။

အမျိုးသား လုံခြုံရေးအေဂျင်စီ၏ ထောက်လှမ်းရေး အစီအစဉ်ကို အသစ်ရေးရန် ကွန်ဂရက်ကို အိုဘားမားတိုက်တွန်း


အမေရိကန်သမ္မတအိုဘားမားက အမျိုးသားလုံခြုံရေးအေဂျင်စီ NSA၏ အငြင်းပွားဖွယ် ဖုန်းမှတ်တမ်းများဖမ်းယူခြင်းကို ခွင့်ပြုပေးမည့် ဥပဒေပြဌာန်းချက်သစ်ကို ကွန်ဂရက်က ရေးဆွဲပြဌာန်းရန်တိုက်တွန်းလိုက်သည်။

လှေစီးဒုက္ခသည် ခေါ်ယူမည့်အရေး ဘင်္ဂလားဒေ့ရှ် အကြောင်းမပြန်


မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသဖြင့် မောင်တောခရိုင် တောင်ပြိုဝဲမြို့သို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီးဒုက္ခသည် အယောက် ၂၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည် ခေါ်ယူရန် အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

Thursday, May 28, 2015

လူမှောင်ခိုမှုနဲ့ ဆက်နွယ်သံသယရှိသူ ရဲ ၁၂ ဦး မလေးရှားထိန်းသိမ်း


လူကုန်ကူးမှုနဲ့ ဆက်နွယ်မှု ရှိတယ်ဆိုတဲ့ သံသယနဲ့ မလေးရှား ရဲတပ်ဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့ မလေးရှားအစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ ရုပ်အလောင်းတွေ မြှုပ်နှံထားရာ နေရာ ၁၄၀ လောက်ရှိရာ လူမှောင်ခိုကူး စခန်းတွေနဲ့ ပတ်သတ်မှု ရှိတယ်ဆိုပြီး မလေးရှား ရဲတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းခဲ့တာပါ။

မဟုတ်တာလုပ်ပြီး ကြောက်နေတဲ့ KIA

မီဒီယာခေတ်မှာ တိုက်ပွဲသတင်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ မြင်တွေ့ကြားသိခွင့်ရနေပါတယ်။ ဓါတ်ပုံ တွေ၊ သတင်းတွေနဲ့ အွန်လိုင်းပေါ်မှာ သူ့ထက်ငါအပြိုင်တင်နေကြတဲ့အတွက် ဘယ်နေရာမှာ ဘာဖြစ်နေပြီ ဆိုတာအစ သိနေရပါတယ်။ သာဓကအနေနဲ့ လောက်ကိုင်တိုက်ပွဲတွေဖြစ်တုန်းက အွန်လိုင်းပေါ်မှာ ကြည့်ရုံနဲ့ ဘယ်နေရာမှာတိုက်ပွဲဖြစ်နေပြီလဲဆိုတာ သိရတဲ့အခွင့်အရေးပါ။ အစိုးရတပ်က ဘယ်တောင်ကုန်းကို သိမ်း လိုက်ပြီ၊ MNDAA ဘက်က ဘယ်လောက်ကျပြီ၊ ဘယ်လိုဆုတ်ခွာသွားပြီစသဖြင့် သိခဲ့ရပါတယ်။ သတင်းဌာန တွေက ရေးသားဖော်ပြကြသလို တချို့ Personal Account တွေကလည်း Status အနေနဲ့ ရေးသားလာကြပါ တယ်။ အဲဒီလို တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း ရေးသား လာတာတွေ့ရပါတယ်။