Wednesday, February 3, 2016
ဩစတြေးလျတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူနှစ်ဦး တွေ့ရှိ
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် နေထိုင်သူ နှစ်ဦး၌ ဇီကာဗိုင်းရပ်စ် ကူးစက်မှု ရှိခဲ့ကြောင်း ဩစတြေးလျ ကျန်းမာရေး အရာရှိများက အတည်ပြု ကြေညာခဲ့သည်။
အဆိုပါ အမျိုးသား၊ အမျိုးသမီး နှစ်ဦးသည် ကာရေဘီယန်မှ ပြန်လာကြပြီး ပြီးခဲ့သည့် သီတင်းပတ်ကုန် စစ်ဆေးမှု များအရ ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ဇီကာ အဖျားရောဂါ ခံစားခဲ့ရကြောင်း နယူးဆောက်သ်ဝေးလ်စ် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ထိုနှစ်ဦးသည် အချင်းချင်း သိကျွမ်းကြကြောင်းလည်း ၎င်းက ဆိုသည်။
မွန်တီနီဂရိုးနိုင်ငံဝန်ကြီးချုပ် မီလိုဒူကာနိုဗစ်
မီလိုဒူကာနိုဗစ်သည် မွန်တီနီ ဂရိုးနိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ၀န်ကြီးချုပ် အဖြစ် ၂၀၁၂ ကစ၍တာဝန်ယူထားသည်။ ယင်းမတိုင်မီက ဒူကာနိုဗစ်သည် မွန်တီနီဂရိုး ၏ ၀န်ကြီးချုပ်တာဝန်ကို ၁၉၉၁ မှ၁၉၉၈ အထိ ထမ်းဆောင် ခဲ့ပြီး ၁၉၉၈ မှ ၂၀၀၂ အထိ သမ္မတဖြစ်ခဲ့ သည်။ ၂၀၀၃မှ ၂၀၀၆၊ ၂၀၀၈ မှ ၂၀၁၀ အထိလည်း ၀န်ကြီးချုပ် တာဝန်ထမ်းများ ထမ်းဆောင်ခဲ့သည်။
အာဖဂန် အရှေ့ပိုင်းတွင် အိုင်အက်စ် အဖွဲ့၏ ဝါဒဖြန့် ရေဒီယို စခန်းကို အမေရိကန်လေတပ် တိုက်ခိုက်
အာဖဂန် နစ္စတန် အရှေ့ပိုင်းတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့၏ ဝါဒဖြန့် ရေဒီယိုဌာန တစ်ခုကို အမေရိကန် လေတပ်က တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၂၉ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။
အီရတ်နှင့် ဆီးရီးယားတို့တွင် အခြေခိုင်မာစွာ ခြေကုပ်ယူ ထားသည့် အိုင်အက်စ်သည် ယခုအခါ အာဖဂန်သို့ စိမ့်ဝင် ထိုးဖောက် လာခဲ့သည်။ အမေရိကန်သည် အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ် ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်လျက်ရှိပြီး ယခုအခါ အာဖဂန်တွင်ပါ အိုင်အက်စ်၏ လက်တံများကို ချိုးဖျက်ရန် အားထုတ်လာခြင်း ဖြစ်သည်။
အမတ်များကြောင့် တစ်ဖန်ဦးမော့လာသော ခေါင်းပေါင်းလုပ်ငန်း
အမျိုးသမီးတစ်ဦးသည် မျက်မှောင်ကြုတ်ကာ ကြိမ်သားများကို တင်ပျဉ်ခွေထဲထည့်၍ ရုပ်လုံးပေါ်လာအောင် ရက်လုပ်နေ၏။ ကြိမ်က ကြမ်းကာပျော့သည်။ သူရက်လုပ်နေသည်က စက်ဝိုင်းပုံလည်းမကျ၊ ဘဲဥပုံလည်းမကျ၊ ရှေ့ကိုချွန်းချွန်း
ထွက်နေသည့် ခေါင်းအုပ်ပုံစံ။ ပြီးလျှင်တော့ ထိုခေါင်းစွပ်ပုံစံကြိမ်ကို မာသွားအောင် ကော်သုတ်ရမည်။ ထို့နောက် အောက်ခြေမှ အနားစွန်းများကို ပိတ်နှင့်လိုက်ချုပ်ရမည်။
Monday, February 1, 2016
တစ်နေ့တည်း သီးခြားစီမင်္ဂလာဆောင်ကြတဲ့ ဂျောင်ဂါအွန်းနဲ့ ဟာဂျယ်ဆော့
တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီးများဖြစ်ကြသော ဂျောင်ဂါအွန်းနှင့် ဟာဂျယ်ဆော့ တို့သည် ဇန်နဝါရီ ၃၀ ရက်တွင် ဂန်းနမ်အရပ်၌ တစ်ချိန်တည်း မင်္ဂလာဆောင်ခဲ့ကြသည်။ေ
ဂျာင်ဂါအွန်းသည် ဂန်းနမ်ခရိုင်ရှိ ဟိုတယ်ခန်းမ၌ မင်္ဂလာပွဲကျင်းပခဲ့သည်။ ၎င်း၏သတို့သား သည် စီးပွားရေးလုပ်ငန်းရှင်ဖြစ် ပြီး ချစ်သူသက်တမ်း တစ်နှစ် အကြာတွင် လက်ထပ်ခြင်းဖြစ် သည်။ ဂျောင်ဂါအွန်းသည် လက် ရှိတွင် ကိုယ်ဝန် ၁၄ ပတ်ရှိနေပြီး ၎င်းတို့စုံတွဲသည် ဟာဝိုင်အီသို့ ပျားရည်ဆမ်းခရီး ထွက်တော့မည်ဖြစ်သည်။
ရန်ကုန်မြို့၏ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်ဖြစ်သည့် မင်းဓမ္မ စီးပွားရေးဇုန် စီမံကိန်း မကြာမီ အကောင်အထည် ဖော်မည်ဟု သိရ
ရန်ကုန်မြို့၏ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်ဖြစ်သည့် မင်းဓမ္မ စီးပွားရေးဇုန် စီမံကိန်းကို မကြာမီ စတင် အကောင်အထည်ဖော်တော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
လက်ရှိ သိပ်သည်းမှု များပြားနေသည့် ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်အား မဖြစ်မနေ ခွဲထုတ်ရန် မြို့ပြပညာရှင်အချို့က ထောက်ပြခဲ့ကြသည့်အတွက် ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်အား မြောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မ နယ်မြေသို့ ခွဲထုတ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့၏ ဒုတိယမြို့လယ် ဗဟိုစီးပွားရေးဇုန်အား မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ မြေ ၃၆ ဒသမ ၅၅၁ ဧကပေါ်တွင် ဦးစွာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ယင်းအတွက် မြေငှားရမ်း လုပ်ကိုင်ခွင့်ပြုရန် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ၊ ပြည်တွင်းနှင့် ပြည်ပ ဖက်စပ်လုပ်ကိုင်မည့် လုပ်ငန်းများကို တင်ဒါခေါ်ယူခဲ့သည်။
အဆိုပါ စီမံကိန်းအား ၂၀၁၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ရန် ရည်မှန်းထားခဲ့သော်လည်း တင်ဒါ ရွေးချယ်မှု အပိုင်းတွင် ကြန့်ကြာခဲ့ပြီး ယင်းစီမံကိန်းအတွက် တင်ဒါအား First Myanmar Construction ကုမ္ပဏီက ရရှိခဲ့ကြောင်း သိရသည်။
ယင်းကုမ္ပဏီနှင့် လုပ်ငန်းဆောင်ရွက်ရန် စာချုပ် ချုပ်ဆိုခြင်းကို ဇန်န၀ါရီလ အတွင်းက ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“စလုပ်တော့မှာပါ။ အဲဒီ အတွက်လည်း တင်ဒါအောင်တဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆို ပြီးပါပြီ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Thursday, January 28, 2016
ကမ္ဘာ့စက်သုံးဆီဈေးကျသော်လည်း ပြည်တွင်းဈေး မကျ၍ ဈေးလျှော့ချရန် စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြား
စက်သုံးဆီဈေး ထပ်မံ ကျဆင်းစေရေး ကြီးကြပ်ဆောင် ရွက်ရန် စွမ်းအင်ဝန်ကြီးဌာနက မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)သို့ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များ အမြင့်ဆုံး ရောင်းချရန် အခြေခံနှုန်းထား တစ်ခုကို MPTA က ဇန်နဝါရီ ၁၈ ရက်၌ အခြေခံသတ်မှတ်ပေးခဲ့ သော်လည်း လက်ရှိ ဆိပ်ကမ်း ရောက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးလျှော့ချရန် လိုအပ်ကြောင်း စိစစ်တွေ့ရှိရ၍ တစ်ပြည်လုံးရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် လက်လီရောင်းဈေးကို ထိုက်သင့်သည့် ဈေးနှုန်းအထိ ထပ်မံ ကျ ဆင်းစေရေး လိုအပ်သလို ကြီး ကြပ်ဆောင်ရွက်ရန် အကြောင်း ကြားသည်ဆိုကာ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ရက်ပိုင်းအတွင်း မြောက်ကိုရီးယား တာဝေးပစ်ဒုံးကျည် စမ်းသပ်နိုင်ဟု ဂျပန်မီဒီယာ ဖော်ပြ
မြောက်ကိုရီးယားရှိ တွန်ချယ်ရီ ဒုံးကျည်စမ်းသပ်ဧရိယာကို ဝေဟင်မှ တွေ့မြင်ရစဉ်။
ရက်ပိုင်းအတွင်း မြောက်ကိုရီးယားအနေဖြင့် တာဝေးပစ်ဒုံးကျည်တစ်စီး စမ်းသပ်ပစ်လွှတ်လာနိုင်ကြောင်း ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။
ဂျပန်၏ ကာကွယ်ရေးဌာနမှ အမည်မဖော်သည့် ထိပ်တန်းအရာရှိတစ်ဦး၏ အဆိုကို ကိုးကားပြီး မြောက်ကိုရီးယားသည် သီတင်းတစ်ပတ်မျှအတွင်း တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုကို လက်တွေ့အကောင်အထည်ဖော် စီစဉ်လာဖွယ်ရှိနေကြောင်း ကျိုဒိုက ဆိုသည်။
ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ မပေါ့ဆရန် WHOကို အမေရိကန် ပညာရှင်များ သတိပေး
ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အမြန်ဆုံး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကို အမေရိကန် သိပ္ပံပညာရှင်များက သတိပေးလိုက်သည်။
ပညာရှင်များက ခြင်မှ ကူးစက်သည့် အဆိုပါဗိုင်းရပ်စ်သည် ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါပိုးတစ်ခုအဖြစ် ပျံ့နှံ့ရောက်ရှိနိုင်သည့် အလားအလာ ကြီးကြီးမားမားရှိနေကြောင်း ပြောကြားခဲ့သည်။ ဇီကာရောဂါပိုး ကူးစက်ခံရသည့်အခါ အပျော့စား တုပ်ကွေးဝေဒနာ လက္ခဏာများသာ ပြသလေ့ ရှိသည်။ သို့သော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများ ရောဂါပိုးကူးစက်ခံရပါက ဦးခေါင်းသေးပြီး ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းသည့် ကလေးငယ်များ မွေးဖွားလာတတ်သည်ဟု ကမ္ဘာ့ကျန်းမာရေးသုတေသီများက ယူဆထားသည်။
Wednesday, January 27, 2016
စင်ကာပူက မြန်မာခရီးသွားဧည့်သည်တွေကို ပိုမိုလာစေချင်ဟုဆို
မြန်မာနိုင်ငံမှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရန် စင်ကာပူက လိုလားနေပြီး လက်ရှိအချိန်တွင် မြန်မာဈေးကွက်အတွင်း အောင်မြင်မှုရရှိစေရန် အကောင်အထည်ဖော်သွားမည်ဟု မြန်မာ့ခရီးသွား လုပ်ငန်းနှင့် တိုက်ရိုက်ချိတ်ဆက်ကာ ခရီးသွားလုပ် ငန်းတိုးမြှင့်ခြင်းများ လုပ်ဆောင်နေသည့် စင်ကာပူခရီးသွားလုပ်ငန်းအဖွဲ့- Singapore Tourism Board ၏ ထိုင်း၊ မြန်မာရုံးခွဲဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်သူ Ms.Sherleen က မဇ္ဈိမကို ပြောသည်။
လိပ်ကျွန်းမြန်မာတရားခံနှစ်ဦးကို ထောင်အတွင်း မလျော်ကန်စွာ ဆက်ဆံ နေဟု ရှေ့နေအဖွဲ့ပြော
၂၀၁၄ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို အကျဉ်းထောင်အတွင်း မလျော်ကန်စွာ ထားရှိဆက်ဆံခံနေရကြောင်း တရားခံရှေ့နေအဖွဲ့က ဇန်န၀ါရီ ၂၆ ရက်က ပြောသည်။
သေဒဏ်ပေးခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့နှစ်ဦးကို ထောင်အတွင်း အကျဉ်းတိုက်၌ ၂၄ နာရီ သံခြေကျင်းခတ် ထားကြောင်း ရှေ့နေ နက်ခွန်ချွမ်ပုချက်က ပြောသည်။ ၎င်းတို့နှစ်ဦးအတွက် တရားရုံးက အယူခံဝင်ခွင့်ကို အချိန်တိုးခွင့်ပြုပေးခဲ့ရာ ဖေဖော်ဝါရီလအတွင်း တစ်ရက်ရက်၌ အယူခံတင်သွင်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
လ၀က၀န်ကြီးဌာန ပြည်ထဲရေးအောက် ထားရှိဖို့အဆိုအပေါ် တုံ့ပြန်မှု
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီး ဌာနအောက် ပြောင်းရွှေ့ဖို့ သမ္မတဦးသိန်းစိန်အဆို တင်သွင်းထားတဲ့ အစီအစဉ်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေမူကြမ်းကော်မတီက တင်သွင်းမှာ ဖြစ်ပါတယ်။
ဒါဟာ နိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ စစ်တပ်အနေနဲ့ ပိုပြီး လုပ်ပိုင်ခွင့် အာဏာ ရှိစေဖို့ အခုလို လ၀က ကို စစ်တပ်အောက်မှာ ရှိနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဖို့ ကြိုးစားတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
အခုလွှတ်တော်သက်တမ်းပြီးဆုံးဖို့ ၃ ရက်သာ လိုတော့တဲ့အချိန်မှာ စစ်တပ်ရဲ့လုပ်ပိုင်ခွင့် ပိုရှိစေတဲ့ သမ္မတရဲ့ အဆိုတင်သွင်းလာတဲ့အပေါ် လူအများ စိတ်ဝင်တစား ဖြစ်ခဲ့ကြတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် ပြည်ထဲရေး အပါအ၀င် နယ်စပ်ရေးရာနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ၃ ခုကို ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။
Tuesday, January 26, 2016
အာဖဂန် အခြေစိုက် အိုင်အက်စ်တို့ကို ချေမှုန်းသွားမည်ဟု သမ္မတဂန်နီ ကြိမ်းဝါး
၎င်း၏ နိုင်ငံတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်)တို့ ခြေကုပ်မြဲမြဲ မရမီ ပြတ်ပြတ်သားသား ချေမှုန်းသွားမည်ဟု အာဖဂန်နစ္စတန် သမ္မတ အက်ရှ်ရက်ဖ် ဂန်နီက ပြောကြားလိုက်သည်။
ဂန်နီက ဆီးရီးယားနှင့် အီရတ်တို့တွင် အဓိက ခြေကုပ်ယူကာ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ကြီးထွားလာရန် တာဆူနေသည့် အိုင်အက်စ်တို့ကို အပြီးတိုင် မြေမြှုပ်ပစ်မည်ဟု ကြိမ်းဝါးခဲ့သည်။
အရှေ့အာရှ အအေးလှိုင်းကြောင့် တရုတ်ထိုင်ပေတွင် လူ ၈၅ ဦးထက်မနည်း သေဆုံး
အရှေ့အာရှဒေသ အအေးလှိုင်းဖြတ်မှုကြောင့် တရုတ်ထိုင်ပေတွင် အနည်းဆုံး လူ ၈၅ ဦးမျှ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။တရုတ်ထိုင်ပေ မီဒီယာများက ပြီးခဲ့သည့် သီိတင်းပတ်ကုန်မှစ၍ အပူချိန် ရုတ်တရက်ပြောင်းလဲသွားခြင်းကြောင့် ခန္ဓာကိုယ်အပူချိန် ကျဆင်းခြင်း၊ နှလုံးဖောက်ပြန်ခြင်းများဖြစ်ပေါ်ကာ လူအများစု သေဆုံးခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ထိုအချိန်တွင် တောင်ကိုရီးယား၌လည်း နှင်းများထူထပ်စွာ ကျဆင်းခဲ့ပြီး လေယာဉ်ခရီးစဉ်အများအပြား ဖျက်သိမ်းခဲ့ရခြင်းကြောင့် ကမ္ဘာလှည့်ခရီးသည် ၆၀၀၀၀ ကျော် သောင်တင်ပိတ်မိနေသည်။
ဘိန်းခင်းဖျက်သည့်အဖွဲ့နှင့် ဘိန်းခင်းပိုင်ရှင်များ တင်းမာမှုဖြစ်ပွားပြီးနောက် ဘိန်းခင်းဖျက်ရန်သဘောတူ
ဘိန်းခင်းဖျက်ဆီးရန် သွားရောက်သည့် အဖွဲ့များနှင့် ဘိန်းခင်းပိုင်ရှင်များ တင်းမာမှု ဖြစ်ပွားသောကြောင့် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဦး ဆောင်ညှိနှိုင်းဖြေရှင်းခဲ့ပြီး ဘိန်း ခင်းဖျက်ဆီးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။
ကချင်ပြည်နယ် အထူးဒေသ(၁) တွင် ပါဝင်သော ဆဒုံးမြို့ နယ်နှင့် ချီဖွေမြို့နယ်ကြား ရှမ်း ကျူးကျေးရွာမှ ဘိန်းခင်းများအား တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် လူထု အခြေပြု မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဖျက် ဆီးမည့် အစီအစဉ်ကို ဒေသခံ ဘိန်းခင်းပိုင်ရှင်များက တားဆီး ရာမှ တင်းမာမှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အစိုးရဖွဲ့စည်းရေးနှင့် အရေးကြီးကိစ္စရပ်များဆွေးနွေး
ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဘုရင့်နောင်ရိပ်သာ တွင် ဇန်နဝါရီ ၂၅ ရက်က တွေ့ဆုံနှုတ်ဆက်နေကြစဉ် (ဓာတ်ပုံ − Senior General Min Aung Hlaing'S FB)
လွှတ်တော်သစ် စတင်ရန် ခြောက်ရက်အလိုတွင် ပြုံးပြုံးရွှင်ရွှင်တွေ့ ဆုံခဲ့ကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့သည် အစိုးရ ဖွဲ့စည်းရေး၊ အကူးအပြောင်း တည်ငြိမ်ရေး တို့အပါအ၀င် အရေးကြီးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်သည်။
Monday, January 25, 2016
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ပေါ်ပေါက်မည်ဆိုသော ခြိမ်းခြောက်မှုကြောင့် ဆွီဒင်တက္ကသိုလ်တစ်ခု ပိတ်ခဲ့ရ
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ပေါ်ပေါက်လာမည်ဆိုသော ခြိမ်းခြောက်မှု သတင်းစကားကြောင့် ဆွီဒင်ရှိ တက္ကသိုလ် တစ်ခုကို အရေးပေါ် ပိတ်လိုက်ရကြောင်း သိရသည်။
နိုင်ငံအလယ်ပိုင်းရှိ အော်ရီဘရို တက္ကသိုလ်ကို ဇန်နဝါရီ ၂၅ ရက်တွင် ပိတ်ထားလိုက်ရပြီး လုံခြုံရေး တပ်ဖွဲ့များက တက္ကသိုလ် ပရဝုဏ်ကို ထိန်းချုပ်ကာ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။ “Jodel Appမှာ အော်ရီဘရို တက္ကသိုလ်ကို ရည်ရွယ်ထားတဲ့ ခြိမ်းခြောက်မှုတစ်ခု တင်ထားတာ တွေ့ရလို့ပါ”ဟု တက္ကသိုလ်၏ ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီ ၂၄ ရက်၌ ဖော်ပြထားသည်။
လေသန့်ဘူးတွေ ဝယ်ရဦးမှာလား
သဘာဝတရားကြီးက တစ် ခုနဲ့တစ်ခု ကွင်းဆက်မိမိ ချိတ်ဆက်နေတဲ့ ယန္တရားကြီးတစ်ခုပဲ ဆိုတာ လူသားတို့ သတိပြုမိချိန်က အလွန်နောက်ကျနေတဲ့အချိန်ပါ။ လူသားတို့အတွက် မရှိမဖြစ် လိုအပ်လှတဲ့လေက သဘာဝအတိုင်းဆိုရင်တော့ သန့်ရှင်းစင်ကြယ်ပြီးသားပေါ့။ ဒါပေမဲ့ လူသားတွေရဲ့ ပယောဂကြောင့် အမှုမဲ့ အမှတ်မဲ့ ဆင်ခြင်ကင်းမဲ့မှုကြောင့် သန့်စင်လှတဲ့လေတွေက ကြေးညှော်တွေ အထပ်ထပ်နဲ့ ညစ်ပတ်ပေရေကုန်ပါပြီ။
ဆည်မြောင်းတာတမံ ခံနိုင်ရည် စစ်ဆေးနိုင်မည့် စက်ကိရိယာ ၁၅၀ နယ်သာလန် လှူဒါန်း
နယ်သာလန် နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်ရေး ဌာနကဆည်မြောင်း တာတမံများ ၏ မြေသားနှင့် ခံနိုင်ရည်ကို စစ် ဆေးနိုင်သည့် စက်ကိရိယာ ၁၅၀ ကို မြန်မာနိုင်ငံရှိ ဆည်မြောင်း ဦး စီးဌာနသို့ ဇန်န၀ါရီ ၂၀ ရက်က ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
ပြီးခဲ့သည့် ၂၀၁၅ က ဖြစ် ပေါ်ခဲ့သည့် ရေကြီးနစ်မြုပ်မှုအန္တ ရာယ်များ ကြုံတွေ့ခဲ့ရသည့် တာ တမံများနှင့် ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသရှိ တမံများကိုစမ်းသပ် စစ်ဆေးနိုင်ပြီး ရေလွှမ်းမိုးမှုများ ကို တားဆီးကာကွယ်နိုင်ရန် Pri-kstok မြေသား အရည်အသွေး တိုင်းတာသည့် ကိရိယာများကို အကူအညီပေးခြင်းဖြစ်ကြောင်းနယ်သာလန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာနက ထုတ်ပြန်သည်။ အဆိုပါကိရိယာများသည် တာတမံများရှိ မြေလွှာအတွင်း ရေစိမ့်လွှာများ၊ ကြွက်တွင်းနှင့်ခြ တွင်းများကို ရှာဖွေနိုင်ပြီးမြေသား ခိုင်မာမှုရှိ၊မရှိ တိုင်းတာနိုင်သည့် ကိရိယာများဖြစ်သည်။
အခွန်ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် အတည်ပြု
အခွန်မဆောင် ထားသော ကုန်စည်များ လက် ဝယ်ထားရှိမှုများကို သတင်းပေး သူအား ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်း ၊ရှာဖွေဖမ်းဆီးသည့်အဖွဲ့အား ဒဏ်ငွေ၏ ၂၀ ရာခိုင်နှုန်းချီးမြှင့်မည့် အခွန်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။အထက်ပါအချက်ကို ပြင် ဆင်ဖြည့်စွက်ထားသည့် ၂၀၁၆ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ဇန်နဝါရီ ၂၂ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ အ တည်ပြုခဲ့ခြင်းဖြစ်သည်။
ခုတင် ၅၀၀ ဆံ့ဆေးရုံသစ်ကြီး ကျောက်ကပ်အစားထိုး ကုသမှု ၁၅ ခုအောင်မြင်စွာ ပြုလုပ်ပြီး
မင်းရဲကျော်စွာလမ်းရှိ ခုတင် ၅၀၀ ဆံ့အထူးကုဆေးရုံကြီး ၌ ကျောက်ကပ်အစားထိုး ခွဲစိတ် ကုသခြင်းကို လပိုင်းသာခြား၍ ဆက်တိုက်ပြုလုပ်ပေးလျက်ရှိပြီး ယခုအချိန်အထိ အစားထိုးခွဲစိတ် မှုပေါင်း ၁၅ ခုကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွဋ်က ပြောသည်။
ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံကြီးကို ၂၀၁၄ သြဂုတ် အ တွင်း စတင်ဖွင့်လှစ်ပြီးနောက် အဆိုပါနှစ်အတွင်း ကျောက်ကပ် အစားထိုးကုသခြင်း လေးခု၊ ၂၀၁၅၌ အစားထိုးခွဲစိတ်ကုသခြင်း ၁၀ ခုနှင့် ယခု ၂၀၁၆ ဇန်န၀ါရီ အတွင်း ခွဲစိတ်ကုသမှုတစ်ခု ဖြစ်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။
အိန္ဒိယမှ ပင့်ဆောင်လာသည့် မြတ်စွာဘုရားအရိုးဓာတ်တော် အပူဇော်ခံရာမှရရှိသည့် အလှူငွေအချို့ ပြန်လည်လှူဒါန်းမည်
မြတ်စွာဘုရားအရိုးဓာတ်တော်များ ပင့်ဆောင်လာစဉ် (ဓာတ်ပုံ − သီတဂူသာသနာပြုအဖွဲ့ဝင်များ)
မြတ်စွာဘုရား အရိုး ဓာတ်တော်များကို အိန္ဒိယနိုင်ငံဟိ မ၀န္တာတောင်တန်းဒေသမှ ဘုန်း တော်ကြီး ၆၃ပါးက ပထမအကြိမ် ပင့်ဆောင်အပူဇော်ခံ၍ ရရှိသည့် အလှူငွေအချို့ကို ပြန်လည်လှူ ဒါန်းမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံတွင် သီတင်းသုံးနေသော သီ တဂူဓမ္မ၀ိဟာရကျောင်းတိုက်ဆ ရာတော်ဒေါက်တာအရှင်သြသဓ သာရကမိန့်ကြားသည်။
မန္တလေးခရိုင်အတွင်း ရွေးကောက်ပွဲ မသမာမှုကိုးမှုကို တရားရုံးတွင် စစ်ဆေးနေ
မန္တလေးခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲမသ မာမှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ သို့ အမှုဖွင့်တိုင်ကြားမှု ကိုးမှုရှိခဲ့ ပြီး ယင်းအမှုများအားလုံးကို တရား စွဲဆိုစစ်ဆေးနေကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိန်ထွန်းက ပြောသည်။
‘‘အမှုတွေအားလုံး တရားရုံး ရောက်နေပြီ။ တရားရုံးမှာ စစ် ဆေးနေပါတယ်။ ရဲအရေးပိုင်မှု အနေနဲ့ တိုင်ကြားတဲ့ ကိုးမှုစလုံး တရားစွဲဆိုထားပြီး ပလပ်လိုက်တဲ့ အမှုမရှိပါဘူး’’ဟု ဒုရဲမှူးကြီးစိန်ထွန်းက ပြောသည်။
မန္တလေးတိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးနှစ်ရက်ကျင်းပမည်
ပထမအကြိမ် မန္တလေး တိုင်းဒေသကြီးလွှတ်တော်၏ အ ထူးအစည်းအဝေးကို ဇန်န၀ါရီ ၂၆ ရက်မှစတင်ကာ နှစ်ရက်ကြာ ကျင်းပမည်ဟု သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဘဏ္ဍာငွေ အရ အသုံးဘတ်ဂျက်နှင့်ဒေသန္တရ စီမံကိန်းဥပဒေများ အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ဇန်န၀ါရီ ၂၆ ရက် နှင့် ၂၇ ရက်တွင် လွှတ်တော်အ ထူးအစည်းအဝေးကျင်းပမည်ဖြစ် ပြီး ကိုယ်စားလှယ်တစ်ဦးချင်းစီကို အသိပေး အကြောင်းကြားထား ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ထိုင်းကမ်းခြေမှ သတ္တု အစိတ်အပိုင်း MH370မှ ဟုတ်မဟုတ် စစ်ဆေးနေ
MH370 ဝေဟင်ရှာဖွေရေး လုပ်ငန်း ပါဝင်ဆောင်ရွက်နေသူများ။
ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းခြေတစ်ခုတွင် လာတင်နေသည့် အပျက်အစီး အစိတ်အပိုင်း အချို့သည် ပျောက်ဆုံးနေသည့် MH370 လေယာဉ်မှ ဟုတ်မဟုတ် ကျွမ်းကျင်သူများက စစ်ဆေးနေကြောင်း သိရသည်။
မလေးရှား လေကြောင်းလိုင်းပိုင် MH370 လေယာဉ်သည် ၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်က ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားပြီး လေယာဉ်၏ ကံကြမ္မာကို ယနေ့တိုင် တိတိကျကျ အဖြေမထုတ်နိုင်သေးချေ။ ယခုတွေ့ရှိသည့် အစိတ်အပိုင်းများသည် အဆိုပါ Boeing 777 လေယာဉ်မှ ဟုတ်မဟုတ်ကို ထိုင်းနှင့် မလေးရှား တာဝန်ရှိသူများ ပူးပေါင်း စစ်ဆေးနေခြင်း ဖြစ်သည်။
ရာဇာထွန်းရေယာဉ်တိမ်းမှောက်မှု သေဆုံးသူများအား လျော်ကြေးပေးရန် ကျန်ရှိနေသေး
ကလေးဝမြို့နယ်ဂဇက် ကျေးရွာအနီး ချင်းတွင်းမြစ် လောင်းဂရိတ်ဝဲတွင် နစ်မြုပ်ခဲ့ သော ရာဇာထွန်းရေယာဉ် တိမ်း မှောက်မှု၌ သေဆုံးသူများနှင့်ပတ် သက်၍ ကျန်ရစ်သူများထံသို့ မည်သူတစ်ဦးတစ်ယောက်မျှလာ ရောက်တွေ့ဆုံရှင်းလင်းခြင်းမရှိ သဖြင့် သက်ဆိုင်သူများ လာ ရောက်ရှင်းလင်းပေးရန် ကျန်ရစ် သူမိသားစုများက ဌာနဆိုင်ရာ များသို့ ဇန်န၀ါရီ ၂၄ ရက်၌ တိုင် ကြားစာပေးပို့တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၅ နိုဝင်ဘာ ၁ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါရေယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ များအနက် အလောင်းတွေ့သူ များကိုသာ ရေယာဉ်အသင်းက သဂြုင်္ိဟ်စရိတ်အဖြစ် တစ်ဦးလျှင် ကျပ်သုံးသိန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကျပ် နှစ်သိန်းစီ ပေးအပ်ခဲ့ကြောင်း၊ အ လောင်းမတွေ့သူများကိုမူမည်သူ တစ်ဦးတစ်ယောက်မှ အကျိုးအ ကြောင်း လာရောက်တွေ့ဆုံပြော ကြားခြင်းမရှိသည့်အတွက် မထီမဲ့ မြင်ပြုနေသည်ဟု ခံစားရကြောင်း ယာဉ်မှောက်မှုတွင် သား၊ သမီး၊ ချွေးမမိသားစုဝင်သုံးဦး ဆုံးရှုံးခဲ့ သည့် ဦးဝင်းကျော်ကပြောသည်။
Friday, January 22, 2016
မုဒိမ်းမှုများ ကျူးလွန်ခဲ့သည့် အမေရိကန်ရဲအရာရှိကို ထောင်ဒဏ် ၂၆၃ နှစ် ပြစ်ဒဏ်ချမှတ်
အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိဟောင်းတစ်ဦးကို မုဒိမ်းမှုနှင့် အခြားသောစွဲချက်များအတွက် ထောင်ဒဏ် ၂၆၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
အသက် ၂၉ နှစ်ရှိ ဒန်နီရယ်လ် ဟော့ဇ်ကလောသည် ကင်းလှည့်တာဝန်များ ထမ်းဆောင်နေချိန်တွင် အာဖရိကန်နွယ်ဖွား အမေရိကန်အမျိုးသမီးများကို ပစ်မှတ်ထားရှာဖွေကာ လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သူ ဖြစ်သည်။ ပြီးခဲ့သည့်လက ၎င်းအနေဖြင့် စွဲချက် ၃၆ ခုအနက် ၁၈ ခုတွင် အပြစ်ရှိကြောင်း ဟော့ဇ်ကလောက မျက်ရည်လည်ရွဲဝန်ခံခဲ့ပြီးနောက် ဇန်နဝါရီ ၂၁ ရက်တွင် ဂျူရီအဖွဲ့က အဆိုပါပြစ်ဒဏ်ကို ချမှတ်ခဲ့သည်။
အလုံပိတ်တဲများကြောင့် တိုင်းရင်းသားကျေးရွာရှိ အငှားမြေနေရာ ပြန်သိမ်း
ပြည်ထောင်စုတိုင်းရင်း သားကျေးရွာအတွင်းရှိ ပုဂ္ဂလိက သို့ အငှားချထားသည့် မြေ ၁၀ ဧကနေရာတွင် အလုံပိတ်တဲငယ်များ ဖွင့်လှစ်ထားသဖြင့် ပြန်လည်သိမ်းယူလိုက်ပြီး တာဝန်ရှိသူများကို အရေးယူ ဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာရှိ အလုံပိတ်တဲငယ်များ တွင် တက္ကသိုလ်ကျောင်းသားများ နှင့် လူငယ်စုံတွဲများ ၀င်ထွက်မှုရှိ နေသဖြင့် မသင့်လျော်ကြောင်း မီဒီယာများ၌ ဖော်ပြခဲ့သဖြင့် ၀န်ကြီးဌာနက တုံ့ပြန်အရေးယူ ခြင်းဖြစ်သည်။
Subscribe to:
Posts (Atom)




















