Monday, May 6, 2013

သံလွင်တံတား ( မော်လမြိုင် ) ၂၄ နာရီ ဖြတ်သန်းခွင့်ပြုထား


မွန်ပြည်နယ်၏မြို့တော်ဖြစ်သော မော်လမြိုင် မြို့အ၀င် တံတားကြီးမှာ ယခင်က နံနက် ၆ နာရီမှ ညနေ ၈ နာရီ အထိသာ နယ်မြေ လုံခြုံရေး အရ ဖြတ်သန်းခွင့် ပြုခဲ့ရာ ယခုအခါ ပွင့်လင်းမြင်သာသော လူ့ဘောင် စနစ်သို့ ပြောင်းလဲလာပြီဖြစ်၍ အဆိုပါသံလွင်တံတား ( မော်လမြိုင် ) အား ၂၄ နာရီ ဖြတ်သန်းခွင့် ပြုထားပြီး ဖြစ်ကြောင်းသိရသည်။ 

မောင်းနှင်နေသောယာဉ် ၀ါယာရှော့ဖြစ်ရာမှ ခေါင်းပိုင်း မီးလောင်မှု ဖြစ်ပွား

ပဲခူးမြို့နယ် အတွင်း ရန်ကုန် - မန္တလေး ကားလမ်း မိုင်တိုင် အမှတ် ၃၉/၅ နှင့် ၃၉/၆ အကြားတွင် မေလ ၃ ရက်နေ့ ည ၉ နာရီခွဲ အချိန်က ရန်ကုန်ဘက် မှ မန္တလေး ဘက်သို့ ယာဉ်မောင်း မျိုးထွန်း ၄၃ နှစ် ( ရန်ကုန်မြို့ ၊ ရွှေပြည်သာ နေသူ ) မောင်းနှင် လာသော UD နီဆန်း ၂၂ ဘီး ( အနက်ရောင် ) ယာဉ်သည် ၀ါယာရှော့ ဖြစ်ပြီး ယာဉ်၏ ဦးခေါင်း ပိုင်းမှ မီးခိုးများ ထွက်လာ သဖြင့် လမ်းဘေးချ၍ ရပ်တန့်စဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ 

အင်ဒိုနီးရှားက မြန်မာသံရုံးကိစ္စကြောင့် Aerosmith ပွဲပျက်

Photo: အင်ဒိုနီးရှားက မြန်မာသံရုံးကိစ္စကြောင့် Aerosmith ပွဲပျက်
Monday, May 6, 2013

အမေရိကန် Hard Rock ဂီတအဖွဲ့တခုဖြစ်တဲ့ Aerosmith အဖွဲ့ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ သူတို့ရဲ့ ဂီတပွဲကို ဖျက်လိုက်ပါတယ်။ 

 
အကြောင်းရင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ဖြစ်ခဲ့တဲ့ အင်ဒိုနီးရှားအခြေစိုက် မြန်မာသံရုံးကို ဗုံးခွဲဖို့ စီစဉ်သူတွေကို ဖမ်းမိတာနဲ့ ပတ်သက်ပါတယ်။ 

အင်ဒိုနီးရှားမှာ ဒီလို ဗုံးခွဲဖို့ကြံစည်သူတွေကို ဖမ်းမိတာဟာ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေလို့ မေလ ၁၁ ရက်နေ့မှာလုပ်မယ့် ဒီဖျော်ဖြေပွဲကို ဖျက်လိုက်တာပါလို့ ပွဲစီစဉ်သူတွေကဆိုပါတယ်။

Aerosmith အဖွဲ့ကလည်း သူတို့ရဲ့ ပရိသတ်တွေကို ပွဲဖျက်လိုက်ရလို့ စိတ်မကောင်းတဲ့အကြောင်း တောင်းပန်စကားဆိုထားပါတယ်။ 


Aerosmith ဂီတအဖွဲ့ (ဓာတ်ပုံ - www.bu.edu) 

ဧရာဝတီ

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
အမေရိကန် Hard Rock ဂီတအဖွဲ့တခုဖြစ်တဲ့ Aerosmith အဖွဲ့ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပဖို့စီစဉ်ထားတဲ့ သူတို့ရဲ့ ဂီတပွဲကို ဖျက်လိုက်ပါတယ်။

မေလ ၇ ရက် အင်္ဂါနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်

မေလ ၇ ရက် အင်္ဂါနေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်

မန္တလေးက လွဲပြီး မြန်မာ နိုင်ငံ တဝန်း မိုး လိုက်ပြီ။

ရန်ကုန် မိုးထစ်ချုန်းရွာမည် အမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်

မန္တလေး နေသာမည် အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်

တောင်ကြီး မိုးသည်းမည် အမြင့်ဆုံးအပူချိန် ၂၆ ဒီဂရီ စင်တီဂရိတ်

စစ်တွေ မိုးသည်းမည် အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီ စင်တီဂရိတ်

ပုသိမ် မိုးသည်းမည် အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်

မော်လမြိုင် မိုးထစ်ချုန်းရွာမည် အမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်

မတ္ထီလာ မိုးသည်းမည် အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီ စင်တီဂရိတ်

ပျဉ်းမနား မိုးသည်းမည် အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်

လွိုင်ကော် မိုးသည်းမည် အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီ စင်တီဂရိတ်

မြိတ် မိုးထစ်ချုန်းရွာမည် အမြင့်ဆုံးအပူချိန် ၃၂ ဒီဂရီ စင်တီဂရိတ်
မန္တလေးကလွဲပြီး မြန်မာ နိုင်ငံ တဝန်း မိုးလိုက်ပြီ။

မီးမပျက်ရေး စည်းဝေးကြမည်

မြန်မာနိုင်ငံတွင် နှစ်စဉ်ကြုံတွေ့နေရသည့် လျှပ်စစ်အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် အကြီးကျယ်ဆုံးသောမြန်မာ့လျှပ်စစ် ထိပ်သီးဆွေးနွေး ပွဲ(Myanmar Power and El-ectricity Summit 2013)ဆွေးနွေးပွဲကို လာမည့်ဇွန် ၁၁ ရက်တွင် ကျင်းပမည် ဖြစ် ကြောင်း သိရသည်။အဆိုပါဆွေးနွေးပွဲကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်နိုင်ငံ တကာလျှပ်စစ်ရင်းနှီးမြှုပ်နှံရေး

“ဆီးရီးသူပုန်တပ်ဖွဲ့က အစိုးရစစ်တပ်ရဟတ်ယာဉ်အား ပစ်ခတ်တိုက်ခိုက်”

Photo: “ဆီးရီးသူပုန်တပ်ဖွဲ့က အစိုးရစစ်တပ်ရဟတ်ယာဉ်အား ပစ်ခတ်တိုက်ခိုက်”

ဆီးရီးယားနိုင်ငံတွင် သူပုန် တပ်ဖွဲ့များက စစ်တပ်ပိုင် ရဟတ်ယာဉ် တစ်စင်းအား ပစ်ခတ်ခဲ့ရာ အစိုးရ တပ်ဖွဲ့ဝင် (၈)ဦး သေဆုံးသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ 

ကာလရှည်ကြာ ဖြစ်ပေါ်နေသော ပြည်တွင်းစစ်နှင့် ပတ်သက်သည့် ဗီဒီယို တစ်ခုကို ဗြိတိန် အခြေစိုက် ဆီးရီးယား စောင့်ကြည့်ရေး အဖွဲ့က လွှင့်တင်ခဲ့ရာ လက်နက်ကိုင် အချို့သည် ရဟတ်ယာဉ်ပျက်ပေါ်တွင် ရပ်လျှက် ရှိနေသည်ကို တွေ့ရှိရသည်။ 

အဆိုပါ ဗီဒီယိုတွင် ပါဝင်နေသော လက်နက်ကိုင် တော်လှန်ရေး သမားတစ်ဦးက အဆိုပါ ရဟတ်ယာဉ်သည် တနင်္ဂနွေနေ့ ညပိုင်းက နိုင်ငံ အရှေ့ပိုင်း ဒီရာအယ်လ်ဇိုအာတွင် ပစ်ချထားခြင်း ဖြစ်ကြောင်း အတည်ပြု ပြောကြားထားသည်။ ယင်းနေရာသည် အီရတ်နှင့် နယ်စပ်အနီးတွင် တည်ရှိသည်။

Read more http://www.planet.com.mm/news/read.cfm/id/21473
ဆီးရီးယားနိုင်ငံတွင် သူပုန် တပ်ဖွဲ့များက စစ်တပ်ပိုင် ရဟတ်ယာဉ် တစ်စင်းအား ပစ်ခတ်ခဲ့ရာ အစိုးရ တပ်ဖွဲ့ဝင် (၈)ဦး သေဆုံးသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။

“ဘာသာ၊ လူမျိုး မခွဲခြားဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပဋိပက္ခတွေကို ရှောင်ကြဉ်ပြီးတော့ လုပ်ဆောင်မယ်ဆိုရင် မြန်မာပြည်တင်မကပါဘူး၊ တစ်ကမ္ဘာလုံး ငြိမ်းချမ်းသွားမှာပါ” ၊မိတ္ထီလာပဋိပက္ခတွင် လူ ၈၀၀ ကျော်ကို ကယ်တင်ခဲ့သော ဆရာတော်ဦးဝိသုဒ္ဓနှင့် တွေ့ဆုံခြင်း

Photo
လူ့အဖွဲ့အစည်းအားလုံးနှင့် ကမ္ဘာကပါ အံ့သြတုန်လှုပ်ခဲ့ရသော မတ်လ တတိယပတ်တွင် ဖြစ်ပွားခဲ့သည့် မိတ္ထီလာအကြမ်းဖက်မှုများ ဖြစ် ပွားနေစဉ် ဒုက္ခရောက်နေသူများကို စာနာစွာ၊ သတ္တိရှိစွာဖြင့် စွန့်စွန့် စားစား ကယ်တင်ခဲ့သူများလည်း ရှိခဲ့ပါသည်။ မိတ္ထီလာမြို့ ရတနာဦးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ္ဓကလည်း ဒုက္ခသည် ၈၀၀ ကျော်ကို ဘေးမသီရန်မခအောင်ရဲဝံ့စွာ ကယ်တင်  

တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံမည့်ကော်မတီ စတင်ဖွဲ့စည်း

တိုင်းရင်းသားများနှင့် ဆက်ဆံရေး ထိရောက်အောင်မြင်စေရန် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မည့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီကို ဧပြီ ၃၀ ရက်က စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဥာဏ်ဝင်း က ပြောသည်။ ဦးဥာဏ်ဝင်းက “တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီမှ ကျွန်တော်

လွတ်လပ်ပွင့်လင်းပြီး အားလုံးပူးပေါင်း ပါဝင်သည့် မြန်မာနိုင်ငံသစ် ထူထောင်လိုသည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၈ ပါတီတို့သည် မေ ၅ ရက်က နေပြည်တော် ၌ တွေ့ဆုံခဲ့ပြီး ပဋိပက္ခများနှင့် ငြိမ်းချမ်းရေး ကိစ္စများကို အဓိကထား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။ တွေ့ဆုံမှုတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီစသည့်ပါတီများပါဝင်ခဲ့ကာ အင်အားကြီးပါတီနှစ်ခုဖြစ်သည့်

သမ္မတအိုဘားမားနှင့် သမ္မတဦးသိန်းစိန် အိမ်ဖြူတော်တွင် တွေ့မည်

ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ရေး လုပ်ဆောင်နေသည့် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိ လာသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမားတို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် မေလ ၂၀ ရက်နေ့၌ တွေ့ဆုံမည်ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ မြန်မာသမ္မတ ဦးသိန်းစိန်မှာ အမေရိကန်အစိုးရအဖွဲ့၏

GSM နှင့် WCDMA ဖုန်းလိုင်း လေးသန်းတိုးချဲ့မည်ဟုသိရ

GSM နှင့် WCDMA ဖုန်းလိုင်း လေးသန်းတိုးချဲ့မည်ဟုသိရ


GSM နှင့် WCDMA ဖုန်းလိုင်း လေးသန်းတိုးချဲ့မည်ဖြစ်ကြောင်း မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

လက်ရှိ CDMA 800MHz ဖုန်းများကိုချထားခဲ့ပြီး အဆိုပါဖုန်းများ ချထားပြီး
ပါက GSM နှင့် WCDMA ဖုန်းလိုင်းများကို ချထားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM နှင့် WCDMA ဖုန်းလိုင်းများ လိုင်းလေးသန်းတိုးချဲ့ရန် သတင်းစာများမှ တင်ဒါများ ခေါ်ယူဆောင်
ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အချို့မြို့ကြီးများတွင် လိုင်းများကြပ်ပြီး
ခေါ်ဆိုရခက်ခဲနေသည့်အတွက် လိုင်းများတိုးချဲ့ရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဦးစီးဌာန ပြန်ကြားရေးဝန်ကြီးဌာနတို့
တွေ့ဆုံဆွေးနွေးချက်များတွင် ဖော်ပြထားချက်အရသိရသည်။

လိုင်းတိုးချဲ့ခြင်းလုပ်ငန်းကို ထင်သာမြင်သာ ဖြစ်စေရန်အတွက် သတင်းစာ
များအတွက် တင်ဒါခေါ်ယူဆောင်ရွက်ရခြင်းဖြစ်သည်ဟု သိရသည်။ ယခုနှစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တယ်လီဖုန်းလိုင်း ဆယ်သန်းအထိ တိုးချဲ့တပ်ဆင်သွားရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိ ၁၅၀၀ တန် CDMA 800 MHz ဖုန်းများကို ရောင်းချပေးခဲ့ပြီး ယခုလကုန်ခန့်တွင် ထပ်မံရောင်းချသွားမည်ဖြစ်ကြောင်း၊ CDMA 800 MHz ဖုန်းအလုံးရေ သုံးသိန်းခွဲ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

အစိုးရသစ် စတင်တာဝန်ယူချိန်ကာလမှ မိုဘိုင်းတယ်လီဖုန်းလိုင်းလေးသန်း တိုးချဲ့တပ်ဆင်ရေး စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော်ခဲ့ကြောင်း၊
ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီ ၁၃ ခုနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုချထားပေးခဲ့သည့် CDMA 800MHz ဖုန်းများ သတ်မှတ်အလုံးရေ
ပြည့်ပြီးမှသာ GSM နှင့် WCDMA ဖုန်းများကို ချထားပေး သွားမည်ဖြစ်
ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှစတင်ကာ GSM
နှင့် WCDMA ဖုန်းများကို စတင်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

တယ်လီဖုန်းသိပ်သည်းဆများအား နှစ်အလိုက် တိုးချဲ့တပ် ဆင်သွားနိုင်ရေး
အတွက် အကောင်အထည်ဖော်ရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တစ်ခုတည်းအနေဖြင့် ဆောင်ရွက်ပါက အခက်အခဲရှိနိုင်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ပလုပ်ငန်းရှင်များကို ဖိတ်ခေါ်သလို
ပြည်တွင်းလုပ်ငန်းရှင်များ၊ ကုမ္ပဏီကြီးများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်
ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

CDMA 800MHz ဖုန်းများကို ၁၅၀၀ ကျပ်ဖြင့် စတင်ရောင်းချ ပေးခဲ့သကဲ့သို့ GSM နှင့် WCDMA ဖုန်းများကိုလည်း ကျပ် ၁၅၀၀ နှုန်းဖြင့်ပင် ရောင်းချ
မည်ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း၌ မိုဘိုင်းတယ်လီဖုန်း စုစုပေါင်း ၆.၀၉ သန်းကို တပ်ဆင်အသုံးပြုလျက်ရှိပြီး CDMA 450MHz, CDMA 800 MHz, WCDMA, GSM စသည်တို့ဖြစ်ကြောင်း သိရသည်။

Internet Journal - Internet Journal

GSM နှင့် WCDMA ဖုန်းလိုင်း လေးသန်းတိုးချဲ့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရ သည်။
လက်ရှိ CDMA 800MHz ဖုန်းများကိုချထားခဲ့ပြီး အဆိုပါဖုန်းများ ချထားပြီးပါက GSM နှင့် WCDMA ဖုန်းလိုင်းများကို ချထားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရဌာန အဖွဲ့အစည်းများ လိုက်နာ ရမည့် တင်ဒါ စည်းကမ်းချက်များ ထုတ်ပြန်

နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ချက်များအရ နိုင်ငံတော်မှာ သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံလုပ်ငန်း များနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုလုပ်ရာမှာ အစိုးရဌာန၊ အဖွဲ့အစည်းများ လိုက်နာရမယ့် တင်ဒါ စည်းကမ်းချက်များကို ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါ တင်ဒါ စည်းကမ်းချက်များမှာ တင်ဒါ ခေါ်ယူပါက ပြုလုပ် ဆောင်ရွက်သင့်တဲ့ အချက်များဝယ်ရေးဆိုင်ရာ တင်ဒါများနဲ့ ပတ်သက်တဲ့အချက်များ တည်ဆောက်မှုဆိုင်ရာ တင်ဒါများနဲ့ပတ်သက်တဲ့ အချက်များ၊ ၀န်ဆောင်မှု တင်ဒါများနဲ့ ပတ်သက်တဲ့အချက်များ၊ ငှားရမ်း ရောင်းချရေး တင်ဒါများနဲ့ ပတ်သက်တဲ့ အချက်များ စတာတွေ ပါရှိတာပဲ ဖြစ်ပါတယ်။

ဆူပူလှုံ့ဆော်နိင်လောက်သည့် အရည်အချင်းမရှိဟု ဖဖ်းဆီးခံမိသားစုဝင်များ ရှင်းလင်း

မေ(၂)ရက်နေ့က မန္တလေးတွင် ဆူပူဖြစ်ပွားစေရန်လှုံ့ဆော်သူများဟုယူဆ၍ အမှတ်(၈)ရဲစခန်းမှ ပုဒ်မ ၅၀၅(ခ)နှင့် တရားစွဲဆိုခံထားရသောလူငယ်(၃)ဦးမှာ နိုင်ငံရေးအရှုပ်အရှင်းကင်းရှင်း၍ ၄င်းတို့နေထိုင်ရာ ရပ်ကွက်အတွင်း၌ ကောင်းမွန်စွာလုပ်ကိုင်စားသောက်သူများဖြစ်သည်ဟု သိရှိသည်။

အိမ်ဖော်မလေးကို ညှင်းဆဲပြီး မျက်နှာကိုကျဉ်ပွေ့ နဲ့ ထုတဲ့ အိမ်ရှင်အမျိုးသမီးကိစ္စ စံနမူနာဖြစ်ရေးအတွက် ထိရောက်ပြင်းထန်စွာ အရေးယူရန်လို

အိမ်ဖော်မလေးအား ဓားဦး ချွန်ဖြင့် ထိုးဆွမှုပြုကြောင်း၊ မိန်းမအင်္ဂါစပ်အားလည်း ဆေး လိပ်မီးနှင့်ထိုးထားကြောင်း၊ ရင် ဘက်နှင့် ကျောအားလည်း ကျည်ပွေ့ဖြင့်ထုကြောင်း
Monday,May 06,2013


အိမ်ဖော်မလေးကို ညှင်းဆဲပြီး မျက်နှာကိုကျဉ်ပွေ့ နဲ့ ထုတဲ့ အိမ်ရှင်အမျိုးသမီးကိစ္စ စံနမူနာဖြစ်ရေးအတွက် ထိရောက်ပြင်းထန်စွာ အရေးယူရန်လို
===================================== 

အိမ်၌ ခိုင်းစေရန် လခတစ် လကျပ် (၃၀၀၀၀)ဖြင့် ခေါ်ယူ ထားခြင်းခံရသော နွမ်းပါးအိမ် ဖော်မိန်းကလေးတစ်ဦးအား တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက် အိမ်အမှတ်(၄၉)၊ ၄ လွှာနေ အိမ်ရှင်အမျိုးသမီးဖြစ်သူ တင်တင်ရီမှ နေ့စဉ်ဆိုသလို ညှင်းဆဲမှုများပြုလုပ်ခဲ့ပြီး အလုပ် ကို အကြောင်းပြ၍ အိမ်ဖော်ဖြစ် သူ မတင်တင်ထွေး အသင်(၁၈) နှစ်အား အိမ်ရှင်ဒေါ်တင်တင်ရီ မှ ရိုက်ပုတ်နှိပ်စက်ခဲ့ရာ အိမ်ဖော် ဖြစ်သူမတင်တင်ထွေးမှာ နှုတ် ခမ်းကွဲ၊ ဘယ်ညာမျက်လုံးညိုမဲစွဲ၊  ညာမျက်လုံးဖူးရောင်၊ ဘယ်မျက် လုံးသွေးခြေဥသည့်အပြင် အခြား သော ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့သည့်အတွက် ယင်းအိမ်ရှင် အမျိုးသမီးအား စံနမူနာအဖြစ် ပြင်းထန်ထိရောက်စွာ အရေးယူ ရန်လိုကြောင်း တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ် လဲ့လဲ့ဝင်းဆွေကဆိုသည်။


““ကျွန်မနေပြည်တော်မှာ ရောက်နေတုန်း ဒီအိမ်ဖော်မလေး ကို အိမ်ရှင်အမျိုးသမီးက မတရား ရိုက်ပုတ်ညှင်းဆဲတာကိုသိရပြီး သက်ဆိုင်ရာတွေနဲ့ အမြန်ဆက် သွယ်ပြီး အဲဒီအိမ်ဖော်မလေးကို ကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်မသိရသလောက် ဒီအိမ်ဖော် မလေးကို အိမ်ရှင်အမျိုးသမီးက ငွေတစ်ထောင်ခိုးတယ်၊ ရေမချိုး ဘူး၊ ပန်းကန်မဆေးဘူး၊ တံမျက် စဉ်းမလှဲဘူးစတဲ့ အကြောင်းပြ ချက်တွေနဲ့ ရိုက်နှက်ခဲ့တာ သိရ သလောက် ဒီကလေးစရောက်တဲ့ နေ့ကစပြီး နှိပ်စက်တာ၊ ကလေး ကို ကယ်ဖို့တာမွေစခန်းကတာဝန် ရှိသူတွေသွားတော့လည်း အိမ် ရှင်အမျိုးသမီးက တံခါးလုံးဝမဖွင့် ပေးဘဲ တံခါးဖွင့်တဲ့အခါ နှိပ်စက် ခံထားရတဲ့ အိမ်ဖော်မလေးက တာဝန်ရှိသူတွေဆီပြေးပြီး အကူ အညီတောင်းတာကိုတောင် အိမ် ရှင်အမျိုးသမီးက လက်နဲ့ကာ ထားသေးတယ်။ ဒီကိစ္စကို တာဝန် ရှိသူတွေအနေနဲ့ ထိရောက်စွာ အရေးယူဖို့လိုပါတယ်။ ဒီအမျိုး သမီးကို ထိထိရောက်ရောက် အရေးယူတာက စံနမူနာ တစ်ခု ဖြစ်သွားရင် ဒီလို အဓမ္မညှင်းဆဲ မှုတွေ လျာ့သွားနိုင်ပါတယ်””ဟု လွှတ်တော်တရားဥပဒေစိုးမိုးရေး ကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်းဆွေ ကဆိုသည်။

အဆိုပါ အိမ်ဖော်မလေး အား အိမ်ရှင်အမျိုးသမီးမှ မ တရားညှင်းဆဲမှုနှင့်ပတ်သက်၍အရေး ယူဆောင်ရွက်ထားရှိမှု အခြေအနေအား တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမြင့်၊ စခန်းမှူး ရဲအုပ်ကျော် ကျော်ခိုင်တို့အား Hot News  မှ တွေ့ဆုံမေးမြန်းခဲ့ရာတွင်လည်း ယင်းအမျိုးသမီးအား အချုပ် တွင်း ထိန်းသိမ်းထားကြောင်း၊ စခန်းမှ ပုဒ်မ-၂၉၄၊ ၃၂၆၊ ၃၂၅၊ ၄၃၂ (ပ)၁၈၅/၁၃ ဖြင့် အရေး ယူဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ နှိပ်စက်ခံရ သော အိမ်ဖော်အမျိုးသမီးလေး ၏ ပြောပြမှုအရ အိမ်ရှင်ဖြစ်သူ မှာ အလုပ်မလုပ်သည်ကို အကြောင်းပြ၍ ငရုတ်ကျည်ပွေ့ ဖြင့် မျက်နှာသို့ထုကြောင်း၊ ဓားဦး ချွန်ဖြင့် ထိုးဆွမှုပြုကြောင်း၊ မိန်းမအင်္ဂါစပ်အားလည်း ဆေး လိပ်မီးနှင့်ထိုးထားကြောင်း၊ ရင် ဘက်နှင့် ကျောအားလည်း ကျည်ပွေ့ဖြင့်ထုကြောင်း သိရှိခဲ့ သည်။

 ခန့်ခန့်(ဒဿနိက)
ံHotNewsWeekly

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ

အိမ်၌ ခိုင်းစေရန် လခတစ် လကျပ် (၃၀၀၀၀)ဖြင့် ခေါ်ယူထားခြင်းခံရသော နွမ်းပါးအိမ် ဖော် မိန်းကလေး တစ်ဦးအား တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက် အိမ်အမှတ်(၄၉)၊ ၄ လွှာနေ အိမ်ရှင်အမျိုး သမီးဖြစ် သူ တင်တင်ရီမှ နေ့စဉ်ဆိုသလို ညှင်းဆဲမှုများပြုလုပ်ခဲ့ပြီး အလုပ် ကို အကြောင်းပြ၍ အိမ်ဖော်ဖြစ်သူ

နိုင်ငံခြား ကုန်တင် သင်္ဘောတစ်စင်း ပါလီပါလဲ့ ကျွန်းအနီး သောင်တင်သဖြင့် တပ်မတော် (ရေ) စစ်ရေယာဉ်မှ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိ

နိုင်ငံခြား ကုန်တင် သင်္ဘောတစ်စင်း ပါလီပါလဲ့ ကျွန်းအနီး သောင်တင်သဖြင့် တပ်မတော် (ရေ) စစ်ရေယာဉ်မှ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိ

မြန်မာသံရုံးဗုံးဖောက်ခွဲရန်ကြံစည်သူ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ခြေရာခံနိုင်ခဲ့

မေ ၂ ရက်က အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူဟု မသင်္ကာသူတစ်ဦးသည် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကိုအသုံးပြု၍ ၎င်းနှင့်အတူဗုံးခွဲမည့်သူများကို စုဆောင်းခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်း ကျေးရွာ ၄၀၀၀ ကျော် ရေလိုအပ်နေ

Photo: မန္တလေးတိုင်းအတွင်း ကျေးရွာ ၄၀၀၀ ကျော် ရေလိုအပ်နေ

မြန်မာနိုင်ငံ၏ မိုး နည်းရေရှားရပ်ဝန်းတွင် ပါဝင်သောမန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း ၄၇၈၀ ရှိသည့်အနက် ၄၁၀၀ ခန့်ရှိသော ကျေးရွာများမှာ နွေရာသီတွင် ရေလိုအပ်ချက်များ ရှိနေကြောင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်က ပြောကြားသည်။
	
စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးများအနက် မန္တလေးတိုင်းဒေသကြီးသည် ရေလိုအပ် ချက်အကြီးမားဆုံးဖြစ်ပြီး ရေတစ်ထမ်းအတွက် အချိန်များစွာပေးနေရသော ကျေးရွာများနှင့် ပတ်သက်၍ “အစိုးရအဖွဲ့က ကွင်းဆင်းလေ့လာတော့ ပြည်သူကရေပဲပူဆာကြတယ်”ဟူ၍ နေပြည်တော် MICC ခန်းမတွင် မေ ၃ ရက်ကကျင်းပသော သောက်သုံးရေအတွက် ငွေလှူဒါန်းပွဲတွင်  ဦးရဲမြင့်က ပြောကြားသည်။
	
ဒေသ၏ မိုးရွာသွန်းမှုနှင့် မိုးရေချိန်ရရှိမှုမှာလည်း ယခင်နှစ်များက ၅၁ ရက်ရွာပြီး ၃၄ လက်မရရှိ ခဲ့ကြောင်း၊ ယမန်နှစ်တွင် ၄၅ ရက် ရွာသွန်းပြီး ၂၉ လက်မသာရရှိခဲ့ကြောင်း၊ ယမန်နှစ်ကရေရရှိရေးအတွက် ကျပ်သန်း ၁၂၀၀ သုံးစွဲခဲ့ကြောင်းလည်း ၀န်ကြီးချုပ်က ထပ်မံပြောကြားခဲ့သည်။
	
ယမန်နှစ်က မိုးနည်း၍ ရေရှားပါးသော အခြေအနေနှင့် ပတ်သက် ပြီး မိတ္ထီလာမြို့နယ်မှ တောင်သူတစ်ဦးဖြစ်သူ ဦးကျော်လင်းကလည်း “တစ်နှစ်မှ ရေမခန်းဖူးတဲ့ ကန်တွေတောင် ဒီနှစ်ရေခန်းတယ်”ဟုဆိုသည်။ ၎င်းတို့အပြင် မန္တလေး မြို့ပေါ်ကနေ ဦးသောင်းတင်ဝင်းကလည်း “ရပ်ဝေးက သူငယ်ချင်းတွေ အလည်လာမယ်ဆိုရင်တောင် မလာစေချင်ဘူး။ ရေရှားလို့”ဟုမြို့ပေါ်အခြေအနေကိုပြောဆိုသည်။
	
အဆိုပါတိုင်းဒေသကြီးတွင် ရေကန် ၂၀၆ ကန်နှင့် ရေတွင်း ၂၃၀ တွင်းတူးနေကြောင်း၊ တွင်းနက် ၆၆ တွင်းပါဝင်သော်လည်း ရေထွက်ချင်မှ ထွက်မည်ဖြစ်ကြောင်း၊ ရေငန်လည်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ၀န်ကြီးချုပ်ဦးရဲမြင့်က ပြောသည်။ 

အဆိုပါ တိုင်းဒေသကြီး ၃ ခုအပြင် တစ်နိုင်ငံလုံး၌ ၁၉၉၀ခုနှစ်က ကွင်းဆင်းကောက်ယူမှုအရ ရေလိုအပ်သော ကျေးရွာပေါင်း ၂၃၂၂၅ရွာ အတွက် ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ပြောသည်။
	
ယင်းလိုအပ်ချက်အရ ၂၀၀၀ မှ ၂၀၁၀ ပြည့်နှစ်အထိ ဆယ်နှစ်အတွင်း တွင်းတိမ် ၁၈၀၀၄၊ တွင်းအနက် ၆၆၈၄ တွင်း၊ စုစုပေါင်း ၂၄၆၈၇ တွင်းကို ရေရရှိရေးတူးဖော်ပေးခဲ့ ကြောင်း၊ ဘဏ္ဍာငွေ သုံးစွဲမှုအဖြစ် နိုင်ငံတော်မှ ကောက်ခံငွေ ကျပ် ၁၀၄၀၇.၆၂  သန်း၊ စည်ပင်ရန်ပုံငွေ ၁၀၄၈၅.၂၀ သန်း၊ ပြည်တွင်း ပြည်ပအလှူငွေကျပ် ၂၆၉၆.၉၂ သန်းနှင့် ကန်ဒေါ်လာ ၈၈၇၄၃၊ နိုင်ငံတာကာနှင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကန်ဒေါ်လာ ၇.၂၆ သန်း၊ ဂျပန်ယန်း ၁၃၉၉.၆၂ သန်း သုံးစွဲခဲ့ကြောင်းလည်း ဦးသိန်းညွန့်က ပြောသည်။

အဆိုပါဒေသများတွင် ရေအတွက် အချိန်များစွာပေးရသည့်သဖြင့် ၀မ်းပျက်၊ ၀မ်းလျှော၊ မျက်စိတိမ်စွဲစသည့် ရောဂါများပါဖြစ်ပွားသောကြောင့် နိုင်ငံတော်အတွင်း ငွေကြေးနှင့် လုပ်သားများစွာ ဆုံးရှုံးရကြောင်းလည်း ဦးသိန်းညွန့်က ပြောကြားခဲ့သည်။

ဓာတ်ပုံ- ဝေမိုး



မြန်မာနိုင်ငံ၏ မိုး နည်းရေရှားရပ်ဝန်းတွင် ပါဝင်သောမန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း ၄၇၈၀ ရှိသည့်အနက် ၄၁၀၀ ခန့်ရှိသော ကျေးရွာများမှာ နွေရာသီတွင် ရေလိုအပ်ချက်များ ရှိနေကြောင်း တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးရဲမြင့်က ပြောကြားသည်။

ဘာသာမတူကွဲပြားမှုတွေကို အလေးထားတဲ့ ဒုဗိုလ်မှူးကြီး သိန်းစိန်

Photo: ဘာသာမတူကွဲပြားမှုတွေကို အလေးထားတဲ့ ဒုဗိုလ်မှူးကြီး သိန်းစိန်
Monday, May06, 2013

အခုအချိန်မှာ သမ္မတဦးသိန်းစိန် လုပ်ကိုင်နေတဲ့ ဘာသာမတူကွဲပြားမှုတွေကို အလေးထားပြီး ဆောင်ရွက်နေတာတွေကို ကြားသိရတဲ့အခါ ကလေးမြို့မှာ တပ်ရင်းမှူးဘဝနဲ့ အတူနေခဲ့ဘူးတဲ့ နာဂတိုင်းရင်းသား တပ်ကြပ်ကြီး (အဲဒီတုန်းကတော့ ရဲဘော်လေးပေါ့) နိကွန်ရဲ့ ပြောကြားချက်ကို မိတ်ဆွေတွေ သိရှိရအောင် ပြန်ပြောင်း ပြောပြချင်ပါတယ်။

ခလရ(၈၉)မှာ တပ်ရင်းမှူး လုပ်ခဲ့တာပါ။ အခု လယ်ထဲဆင်းနေတဲ့ ဦးသိန်းစိန်ဟာ တပ်ရင်းမှူးဘ၀မှာလည်း မြေ(၁၀၈)ဧကမှာ စိုက်ခင်းတွေအပြည့်၊ ကျွဲ၊ နွားတွေ မွေး၊ ငါးကန်တွေ ဖော်ပြီး လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီတုန်းက ကလေးမြို့မှာ ငါးဆိုတာ ရှားပါးပါ။ ဈေးထဲမှာ ၀ယ်ရင် ငါး(၁)ပိဿာကို (၁၅)ကျပ် ဈေးပေါက်ပါတယ်။ ဦးသိန်းစိန်က သူမွေးထားတဲ့ ငါးတွေကို တစ်ပိဿာ(၅)ကျပ်နဲ့ ဈေးထဲမှာ ရောင်းပေးခဲ့တာပါ။ အဲ...တပ်မိသားစုတွေကတော့ ဦးဦးဖျားဖျား ဝေပေးတာပေါ့။

ပြီးတော့ စိုက်ပျိုးရေး၊ မွေးမြုရေးက ရလာတဲ့ ငွေတွေကို ဘာသာရေးပွဲလမ်းတွေမှာ ရက်ရက်ရောရော သုံးစွဲပါတယ်။ ဘာသာရေးပွဲလမ်း ဆိုလို့ ဗုဒ္ဓဘာသာပွဲလမ်းတွေချည်းပဲ မထင်ပါနဲ့။ ခရစ်ယာန်ပွဲလမ်းတွေ ဖြစ်တဲ့ ခရစ္စမတ်တို့၊ နယူးရီးယားတို့လည်း ခမ်းခမ်းနားနားလုပ်တယ်။ ဟိန္ဒူပွဲတွေ ရှိတယ်။ နတ်ပွဲတွေ ရှိတယ်။

အဲဒီတုန်းက ခလရ(၈၉)က ရဲဘော်တွေထဲမှာ ချင်းတွေ၊ နာဂတွေ၊ ကယားတွေ၊ ရခိုင်တွေ အများကြီး ရှိတာ။ ဗမာစစ်သားက နည်းတယ်။ စုပေါင်းရှင်ပြုဆိုရင် ကိုရင်က အပါး(၈၀)လောက်၊ ရဟန်းက ၉ ပါး ၁၀ ပါး လောက်ပါတယ်။ ပြီးတော့ တပ်ရင်းမှူးဦးသိန်းစိန်က ဘာလုပ်သလဲ ဆိုတော့ ကလေးမြို့က သွားရလာရ ဝေးတယ်၊ ပွဲလမ်းတွေဆိုလည်း နည်းတယ်၊ ရဲဘော်တွေသာမက မြို့လူထုပါ ဆင်နွှဲနိုင်အောင် ဆိုပြီး မန္တလေးက လမင်းတစ်ရာအငြိမ့်ကို ရအောင်ငှားခိုင်းတယ်။ ပြီးတော့ ဆိုင်းဝိုင်းဆိုရင်လည်း နာမည်ကြီးမိုးဇာဗျောကို ရအောင် ငှားခိုင်းတယ်။

အဲဒီခေတ်ကဆိုရင် သိန်း(၂၀)လောက် ကုန်မယ် ထင်တယ်။ ဒါတွေက စိုက်ပျိုးရေး၊ မွေးမြူရေးက ရတဲ့ ငွေတွေနဲ့ အကုန်အကျခံခဲ့တာ။ ဘာပြောကောင်းမလဲ ရဲဘော်တွေ ဆိုရင် ပွဲကြီးပွဲကောင်းပေါ့။ ကလေးမြို့လူထုလည်း လာကြတာမှ အများကြီး။

အဲဒီတုန်းက သိပ်ကိုပျှော်ဖို့ ကောင်းတာလို့ တပ်ကြပ်ကြီးနိကွန်က ပြောပြပါတယ်။ ခရစ်ယာန်တွေရော၊ ဟိန္ဒူတွေရော၊ နတ်ကိုးကွယ်တဲ့ရဲဘော်တွေရော အားလုံးတစ်ပြေးညီပဲ။ ပွဲတော်တွေ လုပ်ပေးတယ်။ ဘာသာပေါင်းစုံညီညွတ်ရေးဆိုတာ အဲဒီကလေးတပ်မှာ ဦးသိန်းစိန်ကိုယ်တိုင် လုပ်ခဲ့တာပေါ့။

ပြီးတော့ နာဂရဲဘော်တွေကို ခွင့်ပေးတာကလည်း တစ်ခါတစ်ခါပေးရင် (၁)လခွဲပဲ။ သွား၇တာလည်း ဝေးတာကိုး။ နိကွန်တို့နာဂရဲဘော်တွေက ဘာဖြစ်လို့ ခွင့်ပြန်ကြတယ် ထင်သလဲ။ တစ်ခြားတော့ မဟုတ်ဘူး - မိန်းမယူဖို့။ လမ်းစရိတ်တွေယူပြီး ခွင့်ပြန်ကြတယ်။ ကြိုက်တဲ့မိန်းမတောင်း တပ်ကိုခေါ်သွားကြပေါ့။ နာဂရဲဘော်တွေ ခွင့်ပြန်ရောက်တော့ ပါးရဲထိုးထား တဲ့ နာဂအမျိုးသမီးတွေ ပါလာကြတယ်။

တပ်ရင်းမှူးဒုဗိုလ်မှူးကြီးသိန်းစိန်လက်ထက် အမှတ်တရတွေ အများကြီးပါ။ အဲဒီတုန်းက နာဂအမျိုးသမီးတွေက အင်္ကျီဝတ်တဲ့ အကျင့် မရှိကြသေးဘူး။ တပ်ရင်းမှူးက တပ်ရေးဗိုလ်ကြီးကို ခေါ်ပြီး နာဂအမျိုးသမီးတွေ အင်္ကျီ မ၀တ်မနေရ ၀တ်ခိုင်းရတာပေါ့။ အဲဒီတော့ နိကွန်ကတော်လည်း တီရှပ်နဲ့ ဘာနဲ့ ဟန်ကျပန်ကျပေါ့။

အဲဒီတုန်းက နိကွန် ယူတဲ့ မိန်းမက (၁)နှစ်လောက်ကြာတော့ ကလေး မမွေးလို့ တပ်ရင်းမှူးကို သတင်းပို့တော့ တပ်ရင်းမှူး အံ့သြလို့။ ဘာဖြစ်လို့လဲ ဆိုတော့ ခွင့်ပြန်ပြီး မိန်းမ သွားလဲမလို့ တဲ့။ နိကွန်တို့ နာဂမှာ အဲဒီတုန်းက အဲဒီလို မိန်းမ ပြန်လဲတာတွေ တစ်ကယ် ရှိခဲ့ပါတယ်။ (အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။)

တပ်ရင်းမှူးကတော် ဒေါ်ခင်ခင်ဝင်း မာဇဒါဂျစ်လေး စီးပြီးတော့ ဈေးသွားတဲ့အခါ မျက်လုံးပြူးသွားပါရော။ စစ်သည်ရဲမေ နာဂအမျိုးသမီးတွေက တန်းစီပြီး ချီတက်လာကြတဲ့အခါမှာ မရိုသေ့စကား ဘော်လီတွေ၊ ဘရာဇီယာတွေ လုံးဝ မပါဘူး။ လမ်းလျှောက်ပြီး သွားကြတော့ ချွေးကလေးဘာလေးထွက်လာတော့ တီရှပ်ကို အပေါ်မလိုက် ပြန်ချလိုက်နဲ့ တီရှပ်နဲ့ ယပ်ခတ်နေကြတာလေ။ တီရှပ်တွေ ဘတ်လတ် ဘတ်လတ်နဲ့ ယပ်ခတ်ရင်း လျှောက်လာကြတာ။ ခေါင်းပေါ်မှာတော့ ဈေးခြင်းတောင်းကြီး ရွက်လို့။ နာဂရဲမေတွေ လမ်းလျှောက်လာတာ နို့ကြီးတွေ ပြူးလို့- တပ်ရင်းမှူးကတော် ဒေါ်ခင်ခင်ဝင်းလည်း မျက်လုံးကြီးတွေ ပြူးလို့။

ဒီတော့ ဘာဆက်လုပ်ရသလဲ ဆိုတော့ ဘော်လီ ၀ယ်ပေး၊ မ၀တ်မနေရ အမိန့်ထုတ်နဲ့ ပေါ့။ ပျှော်စရာလည်း သိပ်ကောင်းခဲ့ပါတယ်။ ဘာသာမတူပေမယ့် ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့ ခရစ်ယာန်ပွဲဆိုရင် ဗမာတွေရော ဟိန္ဒူတွေရော နာဂတွေရော အကုန်လာ။ ပျှော်ကြ။ ဟိန္ဒူပွဲလည်း ဒီအတိုင်း၊ ဗမာပွဲလည်း ဒီအတိုင်း။ တပ်ရင်းမှူးလင်မယားကိုယ်တိုင် လာပြီး တက်ရောက်ကြတာ။

တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသိန်းစိန်က ဘာသာခြားရဲဘော်တွေဆို ပိုပြီး ဂရုစိုက်တယ်။ ဘာသာရေးပွဲတွေ မမေ့မလျော့ လုပ်ပေးတယ်။ အခု သမ္မတကြီး ဖြစ်နေပြီ ဖြစ်တဲ့ ဦးသိန်းစိန်ဟာ ဘာသာမတူကွဲပြားမှုတွေ ရှိပေမယ့် အေးချမ်းတဲ့ နိုင်ငံသားတွေ ဖြစ်အောင် လုပ်ကိုင်နေတာတွေ မြင်တွေ့ရတဲ့အခါ ကလေးတပ်ရင်းတုန်းက အဖြစ်အပျက်တွေ ပြန်ပြောင်းသတိရမိလိမ့်မယ်လို့ တစ်ထစ်ချ ယုံကြည်မိပါတယ်။

အဲဒီတုန်းက အရမ်းပျှော်ဖို့ကောင်းတာ လို့ တပ်ကြပ်ကြီးနိကွန်က ငေးငေးလေး ပြောပါတယ်။ သူ့ကြည့်ရတာ တပ်ရင်းမှူးဦးသိန်းစိန်နဲ့ အတူနေခဲ့တဲ့ကာလကို ပြန်ပြီး လွမ်းဆွတ်နေတယ် ထင်ပါရဲ့။

ဘာသာမတူ ကွဲပြားမှုတွေကို အလေးထားတဲ့ ဦးသိန်းစိန် ငယ်ဘ၀ကို မိတ်ဆွေအပေါင်း သိရှိစေဖို့ We Love True က ရှာဖွေဖော်ထုတ် တင်ဆက်လိုက်ပါတယ်။

We Love True 

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
အခုအချိန်မှာ သမ္မတဦးသိန်းစိန် လုပ်ကိုင်နေတဲ့ ဘာသာမတူကွဲပြားမှုတွေကို အလေး ထားပြီး ဆောင်ရွက်နေတာတွေကို ကြားသိရတဲ့အခါ ကလေးမြို့မှာ တပ်ရင်းမှူးဘဝနဲ့ အတူနေခဲ့ဘူးတဲ့ နာဂတိုင်းရင်းသား တပ်ကြပ်ကြီး (အဲဒီတုန်းကတော့ ရဲဘော်လေးပေါ့) နိကွန်ရဲ့ ပြောကြားချက်ကို မိတ်ဆွေတွေ သိရှိရအောင် ပြန်ပြောင်း ပြောပြချင်ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် စက်မှုဇုန် တည်ထောင်မည်

မြန်မာ- ထိုင်းနိုင်ငံနယ်စပ်ရှိ ထားဝယ်-ကန်ချနာပူရီကားလမ်းအဆုံး ထီးခီးနယ်စပ်စခန်းရှိရာ ဒေသ တွင် ယခုနှစ်အတွင်း ထီးခီးစက်မှု ဇုန်တည်ထောင်မည်ဖြစ်ကြောင်း နေပြည်တော်သမ္မတရုံးမှ သတင်းရရှိသည်။

ဦးရဲထွဋ်ပြောတဲ့ မြန်မာနိုင်ငံကို ဂျီဟဒ် ခြိမ်းခြောက်မှုနဲ့ မီဒီယာအကြောင်း.......

ဦးရဲထွဋ်ပြောတဲ့ မြန်မာနိုင်ငံကို ဂျီဟဒ် ခြိမ်းခြောက်မှုနဲ့ မီဒီယာအကြောင်း.......

မြန်မာနိုင်ငံအပေါ် အစ္စလမ်မစ် ဂျီဟဒ် စစ်ပွဲဆင်နွှဲဖို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ဖောက်ခွဲမှုနဲ့ စွပ်စွဲပြစ်ဒဏ် ကျခံနေရသူ ဘာသာရေး ခေါင်းဆောင်က ခြိမ်းခြောက် ပြောဆိုမှုနဲ့ပတ်သက်ပြီး ပြည်တွင်း သတင်း ဂျာနယ် ရဲ့ ဖော်ပြချက်အပေါ် သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့အမြင်ကို ရေးသား ထားပါတယ်။ 

ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားတာကတော့ ..... 

ပြည်တွင်းက ပုံနှိပ်မီဒီယာမီဒီယာအချို့နဲ့ အင်တာနက်မီဒီယာများမှာ ပြည်ပနိုင်ငံများက အစ္စလမ် စစ်သွေးကြွဝါဒီအချို့က မြန်မာနိုင်ငံအပေါ် ဂျီဟဒ်စစ်ပွဲဆင်နွဲဖို့ ပြောဆိုချက်များကို ကျယ်ကျယ် ပြန့်ပြန့် 
ဖော်ပြခဲ့တာတွေ့ရပါတယ်။

ဂျီဟဒ်စစ်ပွဲဆင်နွဲမယ်လို့ ပြောနေတဲ့ ပြည်ပက အစွန်းရောက်ဝါဒီများရဲ့ ပြောဆိုချက် ၊ လုပ်ဆောင်ချက် များဟာ မြန်မာနိုင်ငံအတွင်းမှာ အေးချမ်းစွာနေထိုင်လိုတဲ့ အစ္စလမ် ဘာသာဝင်များရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်။ 

ဒီလိုပြောဆိုမှုများဟာ အစ္စလမ်ဘာသာ အပေါ် နားလည်မှုလွဲမှားစေနိုင်တဲ့အတွက် ကျွန်တော်တို့အားလုံး ကြိုးပမ်းဆောင်ရွက်နေတဲ့ မတူကွဲပြားတဲ့ လူမှုအဖွဲ့အစည်းများ နားလည်မှုတည်ဆောက် ရေး၊ ငြိမ်းချမ်းစွာ၊ သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးလှုပ်ရှားမှုများကိုလည်း ထိခိုက်စေပါတယ်။

ဒီလို ပြောဆိုတိုက်တွန်းချက်များဟာ လူ့အသိုင်းအ၀န်းနှစ်ခုကြားမှာ သံသယတွေပိုမိုများပြားလာအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်တာလည်း ဖြစ်နိုင်တဲ့ အတွက် ကျွန်တော်တို့အားလုံးက သတိရှိရှိနဲ့ တုန့်ပြန်ဖို့လိုပါတယ်။

မီဒီယာများအနေနဲ့ ဒီလိုပြောဆိုချက်များကို သတင်းရေးသားတဲ့အခါမှာလည်း ဗုဒ္ဓဘာသာ ၀င်တွေကြားမှာ ထိတ်လန့်မှုတွေ၊ သံသယတွေပိုများလာအောင် ရေးသားတာမျိုးမဖြစ်စေရန် သတိထားသင့်ပါတယ်။

အဲဒီလိုပြောဆိုမှုတွေကို သက်ဆိုင်ရာနိုင်ငံအစိုးရများက လက်မခံဘူးဆိုတာလည်း သတိပြု စေလိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလမ်ဘာသာရေးအဖွဲ့ အစည်းများရဲ့ခေါင်းဆောင်များရဲ့ ဒီလို အကြမ်းဖက်တဲ့အယူအဆများအပေါ် သဘောထား ကိုလည်း မေးမြန်းဖော်ပြပေးနိုင်ရင် ပိုသင့်တော်မယ် လို့ ထင်ပါတယ်။

အခုလို ထိလွယ်ရှလွယ်တဲ့အခြေအနေမျိုးမှာ ပုံနှိပ်မီဒီယာများရော၊ အင်တာနက်မီဒီယာ များက ပါ Conflict Sensitive Journalism သဘောတရားလေးကို နှလုံးသွင်းထားသင့်ကြောင်း မေတ္တာ ရပ်ခံတိုက်တွန်းအပ် ပါတယ်။

Irrawaddy
မြန်မာနိုင်ငံအပေါ် အစ္စလမ်မစ် ဂျီဟဒ် စစ်ပွဲဆင်နွှဲဖို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ဖောက်ခွဲမှုနဲ့ စွပ်စွဲပြစ် ဒဏ်ကျခံနေရသူ ဘာသာရေး ခေါင်းဆောင်က ခြိမ်းခြောက် ပြောဆိုမှုနဲ့ပတ်သက်ပြီး ပြည်တွင်း သတင်း ဂျာနယ် ရဲ့ ဖော်ပြချက်အပေါ် သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့အမြင်ကို ရေးသား ထားပါတယ်။

သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့ နေရသော မြို့နယ်၊ ကျေးရွာများတွင် နယ်မြေခံ တပ်မတော်သား များက သောက်သုံး ရေများ ဖြန့်ဝေ လှူဒါန်း

သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့ နေရသော မြို့နယ်၊ ကျေးရွာများတွင် နယ်မြေခံ တပ်မတော်သား များက သောက်သုံး ရေများ ဖြန့်ဝေ လှူဒါန်း

သောက်သုံးရေ ရှားပါးလျက်ရှိသော ကျေးရွာများအား နယ်မြေခံ တပ်မတော်သား များက သောက် သုံးရေ

အစ္စလာမ် စော်ကားသူကို သေဒဏ်ပေးဖို့ တောင်းဆို တဲ့ ဒါကာ အစ္စလာမ် ဆန္ဒပြပွဲကြီး ဖြိုခွဲခံရ

Photo: အစ္စလာမ် စော်ကားသူကို သေဒဏ်ပေးဖို့ တောင်းဆို တဲ့ ဒါကာ အစ္စလာမ် ဆန္ဒပြပွဲကြီး ဖြိုခွဲခံရ
Monday, May06, 2013 

ဒါကာ မြို့တော်က အစ္စလာမ် ဘာသာဝင်တွေရဲ့ ဆန္ဒပြပွဲကြီးကို ရောင်ခြည်ဖြာ ဒိုင်းနမိုက်နဲ့ ရာဘာ ကျည်ဆန်တွေ သုံးပြီး ဘင်္ဂလားဒေဒ့ရှ် ရဲက ဖြိုခွဲ ခဲ့ပါတယ်။ဒါကာ မြို့လယ်က စီးပွားရေး ရပ်ကွက်ကို ရဲနဲ့ လုံခြုံရေး အဖွဲ့တွေ ထိန်းချုပ် လိုက်ပြီ ဖြစ် ပါတယ်။

အာရှအဆောက်အအုံတွေ ကြားမှာ ပုန်းကွယ်နေတဲ့ ဆန္ဒပြသူတွေကို ရဲက ရှာဖွေနေတာမို့ သေနတ်သံနဲ့ ပေါက်ကွဲသံတွေ ကြားနေရ ဆဲ ဖြစ်ပါတယ်။ရဲနဲ့ ဆန္ဒပြသူတွေ အကြား သွေးထွက်သံယို အချင်းများမှု တွေကြောင့် အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့ပြီး ဆန္ဒပြသူတွေက ကျောက်တုံးတွေနဲ့ ပစ်ပေါက် ခဲ့ကြပါတယ်။တင်းကျပ်တဲ့ အစ္စလာမ် စံနှုန်းတွေားရှိရေး တောင်းဆိုကြတဲ့ ထောင်သောင်းချီတဲ့ ပြည်သူတွေ ချီတက် ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။ဘင်္ဂ္လားဒေ့ရှ်ဟာ ဘာသာရေး စွက်ဖက်မှု ကင်းတဲ့ နိုင်ငံ ဖြစ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရက ဒီတောင်းဆိုချက်တွေကို ပယ်ချ ခဲ့ပါတယ်။

BBC Burmese

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

ဒါကာ မြို့တော်က အစ္စလာမ် ဘာသာဝင်တွေရဲ့ ဆန္ဒပြပွဲကြီးကို ရောင်ခြည်ဖြာ ဒိုင်းနမိုက်နဲ့ ရာဘာ ကျည် ဆန်တွေသုံးပြီး ဘင်္ဂလားဒေဒ့ရှ် ရဲက ဖြိုခွဲခဲ့ပါတယ်။ဒါကာ မြို့လယ်က စီးပွားရေးရပ်ကွက်ကို ရဲနဲ့လုံခြုံရေး အဖွဲ့တွေ ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။

ဥာဏ်စမ်း ပဟေဠိ (အပျင်းပြေလေးပါ)

Photo: ဥာဏ်စမ်း ပဟေဠိ (အပျင်းပြေလေးပါ)



ပဟေဠိလေး နည်းနည်းမေးမယ် နော်။ အပျော်ပေါ့။ အဖြေကတော့ ရှိပါတယ်။ မများဘူး ။ ဆယ်ခုထဲပဲ ။ Fan page တစ်ခုကနေ မလာတာ။ ရိုးရိုးလေးတွေပါ။ ခေါင်းသိပ်မစားပါဘူး။ အပျင်းပြေ ဖြေကြည့်နော်။ 





၁။ ရတနာတွေထဲမှာ သက်ရှိက ဖြစ်တည်တဲ့ ရတနာကဘာပါလဲ ။ (ပုလဲ မဟုတ်ပါ )



၂။လူတွေ ခရီးသွားကြတဲ့အခါ ဘာစီးသွားကြပါသလဲ။



၃။ဆန့် ဆန့် ကြီးနေတဲ့မြို့ ကဘာမြို့ လည်း။



၎။အဲဒီ ပစ္စည်းကို အသုံးပြုဖို့ လို အပ်တဲ့ အချိန်မှာ လွင့်ပစ်လိုက် ပြီးမလို အပ်တဲ့ အချိန်မှာတော့ ပြန်သိမ်းထားတယ် တဲ့  အဲတာဘာပစ္စည်းလဲ ဗျ။



၅။လူ၏ ခန္ဓာကိုယ်တွင် အကြီးဆုံးအင်္ဂါအစိတ်အပိုင်းသည် မည်သည့်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါသလဲ။



၆။သူရှိနေတာ နှစ်ပေါင်းသန်းနဲ့ချီ ကြာနေပြီ....ဒါပေမယ့်သူ့အသက်ကတော့ တစ်လမကျော်ဘူး...သူဘယ်သူလဲ။



၇။အိမ်တွေမှာ လူတွေလုံခြုံရေးအတွက် ပန်းတစ်မျိုး ထားတတ်ကြပါတယ်..ဘာပန်းဖြစ်ပါသလဲ ။



၈။လူရယ်လို. ဖြစ်လာတာနဲ. မသင်ပဲ တတ်တာ ဘာဖြစ်မလဲ။ (ငို ခြင်းကိုပြောတာ မဟုတ် )



၉။လူတစ်ယောက်က ရာဇ၀တ်မှုတစ်ခုကို လုပ်ဖို့ ကြိုးစားတယ်။ အဲဒါဆို ရင် သူကို ပြစ်ဒဏ်ပေးတယ်။ အဲ အဲဒီ ရာဇ၀တ်မှုက အောင်မြင်သွားတယ်ဆိုရင်တော့ သူ့ကို ဘယ်သူမှ ပြစ်ဒဏ်မပေးတော့ဘူး ။ အဲဒီ ရာဇ၀တ်မှုက ဘာရာဇ၀တ်မှုလဲ။ 



၁၀။သူ့ကိုအစာကျွေးရင် အသက်ရှင်မယ်။ ရေတိုက်ရင်တော့ သူသေရလိမ့်မယ်။

ဖြေကြည့်နော်......အောက်မှာအဖြေရှိတယ်......။

အားလုံးကိုလေးစားလျက်..... 

အဖြေက ဒီမှာ.......;)



၁။ သာသမီး ရတနာ ၊၂။ဖိနပ် ၊၃။မကွေး ၊၄။ကျောက်ဆူး ၊၅။အရေပြား ၊၆။လ ၊၇။သံပန်း ၈။အသက်ရှူတာ ၊၉။ မိမိကိုယ်ကိုသတ်သေခြင်း ၊၁၀။ မီး
ပဟေဠိလေး နည်းနည်းမေးမယ်နော်။ အပျော်ပေါ့။ အဖြေကတော့ ရှိပါ တယ်။ မများဘူး။ ဆယ်ခုထဲပဲ။ Fan page တစ်ခုကနေ မလာတာ။ ရိုးရိုးလေးတွေပါ။ ခေါင်းသိပ်မစားပါဘူး။ အပျင်းပြေ ဖြေကြည့်နော်။

မတ်လထက်ဧပြီလတွင် ယာဉ်တိုက်မှုများပိုမိုဖြစ်ပွားခဲ့

နေပြည်တော်၊တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မတ်လထက်ဧပြီလတွင် ယာဉ်တိုက်မှုပိုမိုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ဂျပန်အပါအ၀င် နိုင်ငံခြားသားများ ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းများကို ၀ယ်ယူရန် စိတ်ဝင်စားမှုများနေပြီး ကွန်ဒိုဥပဒေကို စောင့်ဆိုင်းနေ



Photo: မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ဂျပန်အပါအ၀င် နိုင်ငံခြားသားများ ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းများကို ၀ယ်ယူရန် စိတ်ဝင်စားမှုများနေပြီး ကွန်ဒိုဥပဒေကို စောင့်ဆိုင်းနေ

=========================================

Monday, May06, 2013



မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ဂျပန်အပါအ၀င် ပြည်ပနိုင်ငံကြီးများမှ နိုင်ငံခြားသားများ ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်းများကို ၀ယ်ယူရန် စိတ်ဝင်စားမှု များနေပြီး ကွန်ဒိုမီနီယမ် ဥပဒေကို စောင့်ဆိုင်းနေကြသည်ဟု ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။



မြန်မာနိုင်ငံတွင် ယခင်ကတည်းက နှစ်ရှည်နေထိုင်ခဲ့သည့် နိုင်ငံခြားသားများ အနေဖြင့် ဟိုတယ်များထက် ကွန်ဒိုတိုက်ခန်းများတွင်သာ ငှားရမ်းနေထိုင်မှု များလျက်ရှိသည်။



ယခုအခါ ရင်းနှီးမြှုပ်နှံရန် ၀င်ရောက်လာသည့် နိုင်ငံခြားသားများ အနေဖြင့် ကွန်ဒိုတိုက်ခန်းများကို ၀ယ် ယူရန်အထိ စိတ်ဝင်စားမှု များလာခဲ့သည်။



''အခုဆိုရင် ကမာရွတ်၊ လှိုင်၊ မရမ်းကုန်း စတဲ့နေရာတွေက ကွန်ဒိုတွေပါ နိုင်ငံခြားသားတွေ စိတ်ဝင်စားနေကြတယ်။ ဒါပေမဲ့ ကွန်ဒိုမီနီယမ် ဥပဒေ မထွက်သေးတော့ ၀ယ်ဖို့ခက်နေကြတယ်။ နိုင်ငံခြားသားတွေ အနေနဲ့က မြန်မာနိုင်ငံမှာ တိုက်ခန်းတွေ မ၀ယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ခန်းတွေမှာက နှစ်ဦးနှစ်ဖက်ပဲ အရောင်းအ၀ယ်စာချုပ် ချုပ်ကြတာ။ နိုင်ငံတကာမှာဆိုရင် အစိုးရက၀င်ပြီး အရောင်းအ၀ယ် စာချုပ်ကို တရားဝင် အသိအမှတ်ပြုပေးတော့ နိုင်ငံခြားသားတွေက အဲဒီလို ခိုင်မာမှု ရှိတာကိုပဲ လိုချင်ကြတယ်။ ကွန်ဒိုမီနီယမ် ဥပဒေ ထွက်လာရင်တော့ နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းတွေ ၀ယ်နိုင်ပြီး ပိုင်ဆိုင်မှုတွေ ခိုင်မာလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အဲဒီဥပဒေ အမြန်ဆုံး ထွက်ဖို့ လိုလားနေကြတာပါ'' ဟု ရှိုင်း ဆောက်လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။



မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားသားများ အနေဖြင့် မြေ၀ယ်ယူရန်မှာလည်း မြေဈေးနှုန်း လွန်စွာကြီးမြင့် နေသဖြင့် ကွန်ဒိုတိုက်ခန်းများကိုသာ ၀ယ်ယူရန် ပိုမိုစိတ်ဝင်စားနေကြခြင်း ဖြစ်သည်။



''ကျွန်မတို့ ကွန်ဒိုမှာ နှစ်ရှည် ငှားရမ်းနေတဲ့ နိုင်ငံခြားသားတွေ ရှိပါတယ်။ အခုလည်း ကွန်ဒိုအခန်းတွေ ၀ယ်ချင်လို့ စိတ်ဝင်စားနေတဲ့ နိုင်ငံခြားသားတွေ များနေတယ်။ ကွန်ဒိုမီနီယမ် ဥပဒေ မထွက်သေးတဲ့အတွက် စောင့်ဆိုင်းနေကြတာပါ။ ကွန်ဒိုမီနီယမ် ဥပဒေ ထွက်လာရင်တော့ ကွန်ဒိုတိုက်ခန်းတွေက ဈေးကွက် ကောင်းလာနိုင်ပါတယ်'' ဟု ပုလဲကွန်ဒိုကို တည်ဆောက်ခဲ့သည့် Asia Express ကုမ္ပဏီမှ ဒါရိုက်တာ မသက်သက်နိုင်က ပြောသည်။



ထို့ပြင် သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် နီးသည့် သန်လျင်တံတားဘေးရှိ ကြယ်စင်မြို့တော် အဆင့်မြင့်အိမ်ရာ စီမံကိန်းတွင်လည်း ဂျပန်၊ အမေရိကန်နှင့် ဗြိတိန် အစရှိသည့် နိုင်ငံများမှ ရုံးခန်းများ ဖွင့်လှစ်ရန် အတွက် အခန်းများ ၀ယ်ယူရန် စိတ်ဝင်စားနေပြီး ဂျပန်နိုင်ငံမှလည်း လွန်စွာစိတ်ဝင်စားနေသည်ဟု ယင်းအိမ်ရာ စီမံကိန်း၏ Director of Sales & Marketing ဖြစ်သူ Mr. Gabriel Cheng က ပြောသည်။



ရန်ကုန်မြို့တွင် လက်ရှိကွန်ဒို တိုက်ခန်းများ၏ ဈေးနှုန်းမှာ နေရာပေါ် မူတည်၍ တစ်စတုရန်းပေလျှင် ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းခွဲအထိ ပေါက်ဈေးရှိပြီး အချို့နိုင်ငံခြားသားများ အနေဖြင့်လည်း မြန်မာနိုင်ငံမှ ကွန်ဒိုတိုက်ခန်း ဈေးနှုန်းများမှာ နိုင်ငံတကာထက် ဈေးနှုန်းကြီးမြင့်သည်ဟု ပြောနေကြသည်။



ကွန်ဒိုများမှာ ရေကူးကန်၊ ကားပါကင်၊ သစ်ပင်ပန်းမန်များ ပါဝင်သည့် စိမ်းလန်းဧရိယာ၊ ရှုခင်းအမျိုးအစားပေါ် မူတည်ကာ ဈေးနှုန်းများ သတ်မှတ်နေခြင်းဖြစ်ပြီး ပြည်လမ်းမပေါ်ရှိ ကွန်ဒိုအချို့တွင် ကွန်ဒိုတိုက်ခန်းတစ်ခန်း ဈေးနှုန်းမှာ ကျပ်သိန်း ၅၇၀၀ ၀န်းကျင်အထိ ပေါက်ဈေးရှိသည်ဟု ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။



ကွန်ဒိုမီနီယမ် ဥပဒေမှာ လက်ရှိရေးဆွဲ ပြီးစီးနေပြီဖြစ်ရာ လွှတ်တော်တွင် အတည်ပြုရန်သာ ကျန်ရှိပြီး မကြာမီ ထွက်ပေါ်လာနိုင်မည် ဖြစ်ကြောင်း၊ ကွန်ဒိုမီနီယမ် ဥပဒေတွင် ဆဋ္ဌမထပ်နှင့် အထက်ရှိ အိမ်ခန်းများကို နိုင်ငံခြားသားများကို ရောင်းချခွင့်ရှိပြီး တိုက်ခန်းများအား အစိုးရမှ ကြားဝင်အသိအမှတ်ပြု စာချုပ်များ ချုပ်ပေးမည် ဖြစ်သောကြောင့် ပိုင်ဆိုင်မှု ပိုမိုခိုင်မာလာမည်ဖြစ်ပြီး ကွန်ဒိုများကို ဘဏ်တွင် အပေါင်ထား၍ ငွေချေးနိုင်ကြောင်း သိရသည်။



ရန်ကုန်မြို့ရှိ ပုလဲကွန်ဒိုအဆောက်အအုံ



Ref:Eleven Media Group
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ဂျပန်အပါအ၀င် ပြည်ပနိုင်ငံကြီးများမှ နိုင်ငံခြားသားများ ရန်ကုန်မြို့ ရှိ ကွန်ဒိုတိုက်ခန်းများကိုဝယ်ယူရန် စိတ်ဝင်စားမှုများနေပြီး ကွန်ဒိုမီနီယမ်ဥပဒေကို စောင့်ဆိုင်းနေကြ သည်ဟု ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်း အသိုင်းအ၀ိုင်းမှ သိရသည်။

ဆီးရီယားနိုင်ငံတွင်း အစ္စရေးလေကြောင်းတိုက်ခိုက်

ဆီးရီယားနိုင်ငံတွင်း အစ္စရေးလေကြောင်းတိုက်ခိုက် 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့အပြင်ဘက်မှာရှိတဲ့ စစ်တပ်ပစ်မှတ်တွေကို အစ္စရေးစစ်လေယာဉ်တွေက တနင်္ဂနွေနေု့တုန်းက ဗုံးကျဲခဲ့တယ်လို့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ ထောက်လှမ်းရေးတာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စရေးကိုတိုက်တဲ့အခါမှာ သုံးနိုင်ဖို့ လက်ဘနွန်က ဟက်ဇဘိုလာအဖွဲ့ဆီကို ပို့မယ့်၊ အီရန်ကတင်ပို့လိုက်တယ်လို့ ဆိုတဲ့ ဖာတာ ၁၁၀ မစ်ဇိုင်း ဒုံးလက်နက်တွေ ထားရာ ဒမတ်စကက် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဂိုထောင်ပေါ်ကို သောကြာနေ့ တုန်းက အစ္စရေးတို့က လေကြောင်းကနေ တိုက်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ထောက်လှမ်းရေးသတင်း ရပ်ကွက်ကပြောပါတယ်။

ဖာတာ ၁၁၀ မစ်ဇိုင်း ဒုံးလက်နက်တွေဟာ ပစ်မှတ်ကို မှန်မှန်ကန်ကန် ပစ်နိုင်တဲ့ ဒုံးလက်နက်အမျိုးအစားတွေ ဖြစ်ပါတယ်။ ဆီးရီးယားအစိုးရဘက်ကတော့ မြို့တော် မြောက်ပိုင်းမှာရှိတဲ့ စစ်သုတေသန နေရာကို ထိမှန်ခဲ့တယ်လို့ ဆိုပြီး လေကြောင်းတိုက်ခိုက်မှုကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အစ္စရေးတာဝန်ရှိသူတွေဘက်ကတော့ ဆီးရီးယားအပေါ် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တရားဝင်ပြောကြားခြင်းမရှိသေးပါဘူး။

http://burmese.voanews.com/content/israel-syria-05-05-13/1655108.html

ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့အပြင်ဘက်မှာရှိတဲ့ စစ်တပ်ပစ်မှတ်တွေကို အစ္စရေးစစ်လေယာဉ်တွေက တနင်္ဂနွေနေု့တုန်းက ဗုံးကျဲခဲ့တယ်လို့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ ထောက်လှမ်းရေး တာဝန် ရှိသူတွေ က ပြောပါတယ်။

မိုင်းခွန်ရွာအနီးရှိ ပယင်းမှော်အတွင်း KIA အဖွဲ့မှ လူသစ်စုဆောင်းမည်ဟု သတင်းများထွက်ပေါ်


ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း မိုင်းခွန်ရွာအနီးရှိ ပယင်းမှော်အတွင်း KIA အဖွဲ့မှ လူသစ်စုဆောင်းမည် ဟု သတင်းများ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လျက်ရှိပြီး မှော်အတွင်း လုပ်ကိုင်လျက်ရှိသော ဒေသခံ မှော်သူ၊ မှော်သားများ အနေဖြင့် တနိုင်း မြို့ပေါ်များသို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း၊ ထိုသို့ပြန်လည် ၀င်ရောက်လာသူများထဲတွင် မျက်နှာစိမ်းလူငယ်များကို ပါ တွေ့မြင်နေရကြောင်း သိရှိရသည်။

ပဋိပက္ခကြောင့် သံဃာတော်နှစ်ပါးကို ဖမ်းဆီးထား




Photo: ပဋိပက္ခကြောင့် သံဃာတော်နှစ်ပါးကို ဖမ်းဆီးထား
Monday,May 06,2013

မြန်မာနိုင်ငံ မြောက်ဖက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေကြောင့် ဗုဒ္ဓဘာသာသံဃာတော်နှစ်ပါးကို ရဲတွေကဖမ်းဆီးလိုက်ပါတယ်။
Monks in Burma's Rakhine state protest against violence targeting Buddhists in neighbouring Bangladesh, October 8 2012.
ဗုဒ္ဓဘာသာကိုမတိုက်ခိုက်ဖို့ဆန္ဒပြတောင်းဆိုနေတဲ့သံဃာတော်တွေ (Credit: Reuters) 

အဖမ်းခံရသူတွေကို စစ်ဆေးမေးမြန်းနေတုန်းဖြစ်ပြီး သက်သေအထောက်အထား ခိုင်လုံရင်တော့ အရေးယူသွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ်က အမည်မဖော်လိုတဲ့ ရဲအရာရှိတဦးက ပြောပါတယ်။

ကချင်ပြည်နယ်က မွတ်စလင်အမျိုးသမီးတဦးဖြစ်တဲ့ အသက် ၄၆နှစ်အရွယ် မိုးမိုးလွင်ရဲ့ ပြောပြချက်အရ ညနေပိုင်းအချိန်လောက်မှာ လူသုံးဆယ်လောက် ရွာထဲကိုရောက်လာပြီး သူတို့ရဲ့ဈေးဆိုင်နဲ့ နေအိမ်တွေကို ခဲနဲ့ပစ်ပေါက်ခဲ့ပါတယ်။

သူတို့အနေနဲ့ အဖျက်ခံရတဲ့ဈေးဆိုင်နဲ့နေအိမ်တွေကို ရပ်ကြည့်ယုံကလွဲပြီး ဘာမှပြန်လည် မတုံ့ပြန်နိုင်ခဲ့ကြောင်း၊ အခုလောလောဆယ်ဆယ်မှာ ရှောင်တိမ်းနေရကြောင်းနဲ့ ရှေ့ဆက်ဘယ်လို ဆက်နေသွားရမလဲဆိုတာ မသိရသေး ကြောင်း၊ အခုဖြစ်ခဲ့ကိစ္စဟာ အပြင်လူတွေကနေလာပြီး ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီဒေသနဲ့နီးတဲ့ ဗုဒ္ဓဘာသာဝင်ရွာကလူတွေကလည်း နေရာသုံးနေရာမှာရှိတဲ့ မွတ်စလင်ဈေးဆိုင်နဲ့ နေအိမ်တွေဖျက်ဆီးခံခဲ့ရတယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

အခုဖြစ်ခဲ့တဲ့ပဋိပက္ခဟာ ကချင်တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်တဲ့နေရာမှာ ပထမဦးဆုံးအကြိမ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတ်လကစပြီး ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး မိထ္ထီလာမှာ ဖြစ်ခဲ့တဲ့ပဋိပက္ခမှာ လူ ၄၃ဦးသေဆုံးခဲ့ပါတယ်။ အကြာသေးခင်က ဥက္ကံမြို့မှာဖြစ်ခဲ့ပဋိပက္ခမှာတော့ လူ တစ်ဦးသေဆုံးခဲ့ပြီး ဆယ်ဦးဒဏ်ရာရခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေမှာ ဗုဒ္ဓဘာသာသံဃာတော်တချို့ ပါဝင်နေတယ်လို့ လေ့လာသူတွေက ယူဆနေကြပါတယ်။
ABC Radio Australia


နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
မြန်မာနိုင်ငံ မြောက်ဖက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေကြောင့် ဗုဒ္ဓဘာသာ သံဃာတော်နှစ်ပါးကို ရဲတွေကဖမ်းဆီးလိုက်ပါတယ်။

မူးယစ်မှောင်ခို ၅ဦး အသေဖမ်းမိ

Photo: မူးယစ်မှောင်ခို ၅ဦး အသေဖမ်းမိM
Monday,May 06,2013

မြန်မာနိုင်ငံ ကနေ မူးယစ်ဆေး သယ်ဆောင်လာသူတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူ ၅ ဦးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


မူရစ်ဆေးသယ်လာသူတွေကို ထိုင်းအာဏာပိုင်တွေက  ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်း ခရိုင် မယ်ဖါ့လုံမြို့နယ်နဲ့ ကီလိုမီတာ ၂၀ ခန့်အကွာ ထိုင်းမြန်မာနယ်စပ်အနီးမှာ လက်နက်တွေနဲ့အတူ မေလ ၅ ရက်နေ့မှာ အသေဖမ်းမိခဲ့တာဖြစ်တယ်လို့ ထိုင်းနယ်စပ်အာဏာပိုင်တွေ ပြောပြချက်အရ သိရပါတယ်။

“၅ ယောက်သေတယ်၊ ဆေး အလုံး ၇ သောင်းမိတယ်၊ နောက်တစ်ခါ ဟိုဟာ ငွေက ဘတ် တစ်သန်း ပါတယ်၊ သေနတ် ၄ လက်မိတယ် ဒါပဲ ပြောတယ်။ သူတို့ ပြောတာက ၀ စခန်းတွေနဲ့ နီးတယ်ပြောတယ်။”

 မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေနဲ့ ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သူတို့ထံကနေ ပွိုင့် 22 သေနတ်တစ်လက်၊ AK 47 မောင်းပြန်ရိုင်ဖယ် သေနတ်တစ်လက်၊ 9 MM ပစ္စတို သေနတ်တစ်လက်နဲ့ တရုတ်နိုင်ငံထုတ် လက်နက်တစ်လက် သိမ်းဆည်းရမိခဲ့ပါတယ်။ သေဆုံးသူ တွေဟာ ဘယ်အဖွဲ့ကဖြစ်တယ်ဆိုတာ အတိအကျ မသိရဘူးလို့ ထိုင်းအရာရှိတစ်ဦးက ပြောဆိုပါတယ်။

ဧပြီ ၂၃ ရက်နေ့တုန်းကလည်း လူ ၁၀ ယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ထိုင်းမြန်မာ နယ်စပ်အနီးမှာပဲ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အက်ဖက်တမင်း စိတ်ကြွဆေးပြား ၉ ၆၀၀၀၀ နဲ့ လူ တစ်ယောက်ကို အသေဖမ်းဆီးရမိခဲ့ပါတယ်။ ကျန်သူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ထိုင်းနယ်စပ်အရာရှိတစ်ဦးက ပြောခဲ့တဲ့အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုးက သတင်းပေးပို့ထားပါတယ်။
ABC Radio Austrailia

thai-burma border drug arrest
မူးယစ်ဆေးသယ်ဆောင်သူတွေဆီကဖမ်းဆီးရမိတဲ့ပစ္စည်းများ (Credit: ABC) 

နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
                     မူးယစ်ဆေးသယ်ဆောင်သူတွေဆီကဖမ်းဆီးရမိတဲ့ပစ္စည်းများ (Credit: ABC) 
မြန်မာနိုင်ငံ ကနေ မူးယစ်ဆေး သယ်ဆောင်လာသူတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူ ၅ ဦးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးနဲ့ တာဝန်သိရင်းနှီးမြှုပ်နှံရေး ၈၈ ခေါင်းဆောင်တွေဆွေးနွေး

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီး အပါအ၀င် အဖွဲ့ဝင်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ လူထုတွေ့ဆုံပွဲတွေလုပ်ဖို့ တပတ်ကြာခရီး ထွက်ခွာသွားပါတယ်။ ဒီကနေ့လားရှိုးမှာ တိုင်းရင်းသားတွေအကြား စည်းလုံးရေးအတွက် ဆွေးနွေး ခဲ့သလို ဒေသတွင်းရင်းနှီးမြှုပ်နှံမှုတွေကြောင့် အခက်အခဲကြုံနေရတဲ့ဒေသတွေမှာ တအောန်းလူငယ်ထု နဲ့ ဆွေးနွေးဖို့လည်း ရှိတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။