
ဘောဒူဖကယ်ဆယ်ရေး စခန်းအနီးရှိ လုံခြုံရေး ရဲကင်းတွင် ဘင်္ဂါလီများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေစဉ်
စစ်တွေမြို့နယ် အတွင်းရှိ ဘောဒူဖ ကယ်ဆယ်ရေးစခန်း အနီးရှိ
ဒုက္ခသည်စခန်းတွင် တည်ဆောက် ထားသော လုံခြုံရေး ရဲကင်းစခန်း တစ်ခုအား
ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့မှုတစ်ရပ် သြဂုတ် ၉ ရက်က ဖြစ်ပွားခဲ့သော်လည်း
လူအသေအပျောက် မရှိကြောင်း၊ ဒဏ်ရာရရှိသူ ခုနစ်ဦးရှိကြောင်း
ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။














