Tuesday, November 26, 2013

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသွင်းနှုန်းဖြစ်သည့် ဟင်နရီ၏စံချိန်ကို အဂူရိုကျော်ဖြတ်

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးသွင်းနှုန်းဖြစ်သည့် ဟင်နရီ၏စံချိန်ကို အဂူရိုကျော်ဖြတ်

စပါးကို (၆)ဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲတွင် (၉)မိနစ်အတွင်း (၂)ဂိုး သွင်းယူနိုင်ခဲ့သည့် မန်စီးတီး တိုက်စစ်မှူး အဂူရိုမှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်း အကောင်းဆုံး တိုက်စစ်မှူးဖြစ်လာခဲ့သည်။ (၂၀၁၃)ခုနှစ်က မန်စီးတီးသို့ ရောက်ရှိလာခဲ့သည့် အဂူရိုမှာ ပရီးမီးယားလိဂ်တွင် (၅၃၇၉)မိနစ် ပါဝင်ကစားခဲ့ရာ၌ (၄၅)ဂိုး သွင်းယူနိုင်ခဲ့ပြီး (၁၁၉.၅)မိနစ်တွင် တစ်ဂိုးနှုန်းသွင်းယူနိုင်ခဲ့ခြင်းကြောင့် ဟင်နရီ၊ နစ္စတယ်ရွိုင်း၊ အလန်ရှီးယား၊ မိုက်ကယ်အိုဝင်စသည့် အထင်ကရ ကစားသမားများထက် ပိုကောင်းသည့် ဂိုးသွင်းနှုန်း ရရှိခဲ့သည်။

ပရီးမီးယားလိဂ် သွင်းဂိုး(၄၀)ကျော် သွင်းယူနိုင်ခဲ့သည့် ကစားသမားများအား ပွဲကစားချိန် မိနစ်အလိုက် တွက်ချက်ခဲ့ရာတွင် အာဆင်နယ်တိုက်စစ်မှူးဟောင်း ဟင်နရီမှာ ၂၁၃၁၃မိနစ်ကြာ ကစားခဲ့ရာ၌ ၁၇၅ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် တစ်ဂိုးသွင်းရန် (၁၂၁.၈)မိနစ်ကြာမြင့်ပြီး မန်ယူ တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းမှာ ၁၂၁၇၈မိနစ်တွင် (၉၅)ဂိုး ရရှိခဲ့ခြင်းကြောင့် (၁၂၈.၂)မိနစ်လျှင် တစ်ဂိုးသွင်းယူနိုင်ခဲ့ကာ (၁၁၉.၅)မိနစ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည့် အဂူရိုမှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်း အကောင်းဆုံး ကစားသမားဖြစ်လာခဲ့သည်။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်း အကောင်းဆုံး ကစားသမား(၁၀)ဦး

၁။ ။ အဂူရို (၄၅)ဂိုး (၅၃၇၉)မိနစ် (၁၁၉.၅)

၂။ ။ ဟင်နရီ (၁၇၅)ဂိုး (၂၁၃၁၃)မိနစ် (၁၂၁.၈)

၃။ ။ နစ္စတယ်ရွိုင်း(၉၅)ဂိုး (၁၂၁၇၈)မိနစ် (၁၂၈.၂)

၎။ ။ ဗန်ပါစီ (၁၂၉)ဂိုး (၁၇၂၃၉)မိနစ် (၁၃၃.၆)

၅။ ။ စတာရစ်(၄၅)ဂိုး (၆၅၁၈)မိနစ် (၁၄၄.၈)

၆။ ။ အလန်ရှီးယား (၂၆၀)ဂိုး (၃၈၁၈၃)မိနစ် (၁၄၆.၉)

၇။ ။ ဆိုးလ်ရှား (၉၁)ဂိုး (၁၃၉၂၆)မိနစ် (၁၅၃)

၈။ ။ အိုဝင် (၁၅၀)ဂိုး (၂၃၀၃၃)မိနစ် (၁၅၃.၆)

၉။ ။ ဆွာရက်ဇ်(၄၇)ဂိုး (၇၂၄၂)မိနစ် (၁၅၄.၁)

၁၀။ ။ အီယန်ရိုက် (၁၁၃)ဂိုး (၁၇၇၈၁)မိနစ် (၁၅၇.၄)

http://yoyarlay.com/sport/football/38908-2013-11-25-18-04-42
ဇော်ထွန်း(ရိုးရာလေး)
စပါးကို (၆)ဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲတွင် (၉)မိနစ်အတွင်း (၂)ဂိုး သွင်းယူနိုင်ခဲ့သည့် မန်စီးတီး တိုက်စစ်မှူး အဂူရိုမှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းနှုန်း အကောင်းဆုံး တိုက်စစ်မှူးဖြစ်လာခဲ့သည်။ (၂၀၁၃)ခုနှစ်က မန်စီးတီးသို့ ရောက်ရှိလာခဲ့သည့် အဂူရိုမှာ ပရီးမီးယားလိဂ်တွင် (၅၃၇၉)မိနစ် ပါဝင်ကစားခဲ့ရာ၌ (၄၅)ဂိုး သွင်းယူနိုင်ခဲ့ပြီး (၁၁၉.၅)မိနစ်တွင် တစ်ဂိုးနှုန်းသွင်းယူနိုင်ခဲ့ခြင်းကြောင့် ဟင်နရီ၊ နစ္စတယ်ရွိုင်း၊ အလန်ရှီးယား၊ မိုက်ကယ်အိုဝင်စသည့် အထင်ကရ ကစားသမားများထက် ပိုကောင်းသည့် ဂိုးသွင်းနှုန်း ရရှိခဲ့သည်။

ထိုင်းဆန္ဒပြသူတွေ အစိုးရရုံးတွေ ၀င်ရောက်စီးနင်း

အစိုးရနိုင်ငံခြားရေးဝန်ကြီးရုံးဝန်းအတွင်းပိုင်းကို စီးထားတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက နိုင်ငံတော်အလံကို ကိုင်ဆောင်ကြွေးကြော်နေကြစဉ်။ (နိုဝင်ဘာ ၂၅၊ ၂၀၁၃)အစိုးရနိုင်ငံခြားရေးဝန်ကြီးရုံးဝန်းအတွင်းပိုင်းကို အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက နိုင်ငံတော်အလံကို ကိုင်ဆောင်ကြွေးကြော်နေကြစဉ်။ (နိုဝင်ဘာ ၂၅၊ ၂၀၁၃)
TEXT SIZE
ဗွီအိုအေ (မြန်မာဌာန)
ထိုင်းနိုင်ငံမှာ ထောင်နဲ့ချီတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေက ဘန်ကောက် မြို့တော်မှာ ဘဏ္ဍာရေး ဝန်ကြီးရုံးကို သိမ်းပိုက်ထားလိုက်ပြီ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra အစိုရပြုတ်ကျအောင် တဆင့်တိုးပြီး ကြိုးစားတဲ့အနေနဲ့ တခြားဒါဇင်နဲ့ချီတဲ့ အစိုးရအဆောက်အဦးတွေကိုပါ ဆက်ပြီးသိမ်းပိုက် မယ်လို့ ဆန္ဒပြသူတွေက ခြိမ်းခြောက်နေပါတယ်။

Monday, November 25, 2013

ဧရာဝတီတိုင်း အစိုးရ လာမည့် ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း တွင် ပြည်သူ့အကျိုးပြုလုပ်ငန်း နည်းပါးဟုဆို

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်ပြလာသော ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ လျာထားငွေ စာရင်းတွင် ပြည်သူလူထု အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းများ နည်းပါးပြီး အုပ်ချုပ်မှုစရိတ် များနေကြောင်း မော်လမြိုင်ကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင် က ပြောကြားသည်။

မောင်တော စည်ပင်ဈေးဆိုင်ခန်း နှစ်ခန်းနှင့် ဗလီမီးလောင်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် မြို့မ စည်ပင်သာယာဈေးနှင့် မောင်တော-ဘူးသီးတောင် ကားလမ်းဘေး ရှိ ဗလီဟောင်းတစ်လုံး နိုဝင်ဘာလ ၂၃ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရခိုင် ပြည်နယ် သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဦးလှသိန်းက ပြောကြားသည်။

မိတ္ထီလာတွင် ဖခင်အရင်းက သမီးနှစ်ဦးကို ဓားဖြင့်ထိုး၍ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သပြေဝကျေးရွာတွင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းခန့် က လင်မယားချင်း စကားများခဲ့သည်ကို အကြောင်းပြု၍ ဖခင်က မူလတန်း ကျောင်းသူအရွယ် သမီးနှစ်ဦးကို ဓားဖြင့်ထိုး၍ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သပြေဝကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဒေသတွင်း ဆီးဂိမ်းစ်ပြိုင်ဘက်များကို ချဉ်းကပ်ခြင်း

၂၇ကြိမ်မြောက်  ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပ ယှဉ်ပြိုင်ဖို့က ၁၅ရက်သာ လိုတော့သည်။ အိမ်ရှင်မြန်မာ အားကစား အဖွဲ့များ ကလည်း မျှော်မှန်းထားသည်။ ရွှေဆု ၁၀၀ ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားပြင် ဆင်ထားကြသည်။ သို့သော် မြန်မာ အားကစား အဖွဲ့များအတွက် နိုင်ငံအသီးသီးမှ အားကစားအဖွဲ့များ မည်သို့ ပြင်ဆင်မျှော် မှန်းနေသည်ကို အကဲခတ် စောင့် ကြည့်ပြီး သတိကြီးစွာဖြင့် ရင်ဆိုင်နိုင်ဖို့ ပြိုင်ဘက်များ၏ သတင်းများကို ကြိုတင် ထောက်လှမ်း သိရှိနိုင်ရန် လိုအပ် ပါလိမ့်မည်။ သို့ဖြစ်ရာ လက်လှမ်းမီသမျှ ဆီးဂိမ်းစ်ဒေသတွင်း ပြိုင်ဘက်များကို ချဉ်းကပ် ခြင်းဟူသော ကဏ္ဍဖြင့် တင်ပြ လိုက်ရ ပါသည်။

အားလုံးကိုဖတ်စေချင်သောအရမ်းကောင်းတဲ့စာစုလေး....


(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့ အခါ တစ်ယောက်တည်း သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။
(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ ဒါမှ မဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေ မလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေ လန်းဆန်း လာလိမ့်မယ်။

တပ်ဖွဲ့ဝင်များ အချိုးကျပါသည့် ဖက်ဒရယ် တပ်မတော် တည်ထောင်လိုဟု UNFC ဆို

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တောင်းဆိုထားသည့် ဖက်ဒရယ် တပ်မတော် ဆိုသည်မှာ လက်ရှိ မြန်မာ့ တပ်မတော်ကို ဖျက်ရန် မလိုဘဲ ကြည်း၊ ရေ၊ လေ တပ်များတွင် ပြည်နယ် အသီးသီးရှိ ပြည်နယ်စောင့် တပ်များမှ တပ်ဖွဲ့ဝင်များ အချိုးကျ ပါဝင် တည်ထောင်လိုခြင်းသာ ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

အသွင်ယူသက်သေနှင့်အတူ ပျော်ပါးစေပြီး ပြည့်တန်ဆာလုပ်ငန်းကို ၀င်ဖမ်း

ပြည့်တန်ဆာနှစ်ဦးကို ဟိုတယ်တစ်ခုသို့ လာရောက်ရန် ဖုန်းဆက်ချိန်းဆိုကာ အသွင်ယူ သက်သေဖြင့် ပျော် ပါးစေပြီးနောက် ဖမ်းဆီးလိုက်ပြီး ယင်းလုပ်ငန်း ဦးဆောင်လုပ်ကိုင်နေသူများကိုလည်း နိုဝင်ဘာ ၂၂ ရက်က ဖမ်းဆီး လိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

ဝက်လက်မြို့နယ် သစ်ဆိမ့်ကျေးရွာတွင် နှစ်ပေါင်း (၂၆ဝ)က ရှေးဟောင်းသမိုင်းဝင် ဘုရားခြေတော်ရာတစ်ဆူ ခိုးယူပျောက်ဆုံးမှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်  သစ်ဆိမ့်ကျေးရွာ မြဂုဏ်ရောင်ကျောင်းတိုက်ပေါ်တော်မူ (အောင်စေတိုင်းရ) ဘုရားပြတိုက်အတွင်း ပူဇော်ခံထားရှိသည့်  သဲကျောက်ဖြင့်ထုလုပ်၍  အလျားလေးပေခွဲ၊  အနံနှစ်ပေခွဲရှိ တန်ဖိုးကြီးမားသည့် ရှေးဟောင်းသမိုင်းဝင် မြတ်စွာဘုရားခြေတော် ရာတစ်ဆူနှင့်  မတ်ရပ်ရုပ်ပွားတော်တစ်ဆူ  ခိုးယူပျောက်ဆုံးမှု     နိုဝင်ဘာ ၈ ရက် နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်များကို ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲထုတ်လွှင့်ရာတွင် ဖမ်းယူနိုင်မည့်စက်သုံးသိန်း အခမဲ့ပေးဝေမည်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အစီအစဉ်များကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲထုတ်လွှင့်ရာတွင် ဖမ်း ယူနိုင်မည့် Set Top Box အလုံးရေသုံးသိန်းကျော်ကို အခမဲ့ပေးဝေသွားမည်ဖြစ်သည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က နိုဝင်ဘာ ၂၄ ရက်က ပြောသည်။
၎င်းက ယင်းသို့ပြောကြားခြင်းမှာ နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ သိမ်ဖြူရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ် ဝေရေး လုပ်ငန်း၏ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲတွင်ဖြစ်ပြီး မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားအစီအစဉ်များကို ယခုနှစ်ကုန်ပိုင်းမှစတင်ကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ တွင် DVBT2 (Digital Video Broadcasting Teresstrial) စနစ်ဖြင့် စတင်ထုတ်လွှင့်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းမှု သမ္မတ၊ လွှတ်တော်နှင့် တပ်မတော် လက်ခံ၊ မခံ တရားဝင် မပြောနိုင်သေး

နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်း လဲ ရေးဆိုင်ရာ အရေးကိစ္စများ တွေ့ဆုံဆွေးနွေး ရန် ဒေါ်အောင်ဆန်းစုကြည် ၏ မေတ္တာ ရပ်ခံမှုအပေါ် တရားဝင်အကြောင်းကြားစာ မရောက်ရှိသေးသဖြင့် လက်ခံ၊ မခံ မပြောနိုင်သေးဟု သက်ဆိုင်ရာ တာဝန် ရှိသူ များက နိုဝင်ဘာ ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဥပဒေတိုင်း ပြည်သူ့အတွက် ထာဝရ အကျိုးဆောင်နိုင်မည်မဟုတ်ဟု သူရဦးရွှေမန်း ပြောကြား

ပြည်သူလူထုအကျိုးစီးပွား နိုင်ငံ့အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအ၀င် ခေတ်စနစ်နှင့်မညီသော ဥပဒေများကို ပြင်ဆင်ရန်လိုအပ်ကြောင်းနှင့် ဥပဒေတိုင်းတွင် အစဉ်သဖြင့် ပြည်သူ့အကျိုးရှိနိုင်မည်မဟုတ်ဟု နိုဝင်ဘာ ၂၄ ရက်က ပြည်မြို့ လူထုတွေ့ဆုံ ပွဲတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက ပြောသည်။

ပုဒ်မ ၁၈ နှင့် ၅၀၅ (ခ) ဖြင့် ပြစ်ဒဏ်ကျခံနေရသူများကို နိုင်/ကျဉ်းစာရင်းတွင် ထည့်သွင်းတောင်းဆိုမည်

ခွင့်ပြုချက်မယူဘဲ ဆန္ဒဖော်ထုတ်သည်ကို အရေးယူသည့် ပုဒ်မ ၁၈ နှင့် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ရာဇသတ်ကြီးပုဒ်မ (၅၀၅/ခ) ဖြင့် ပြစ်ဒဏ်ကျခံနေရ သူများ ကို နိုင်ငံ ရေးအကျဉ်းသားစာရင်းတွင် ထည့်သွင်းပြီး လွှတ်ပေးရန် တောင်းဆိုသွားမည်ဟု လက်ကျန် နိုင်/ ကျဉ်း စိစစ်ရေးကော်မတီဝင် နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ချုပ်မှ ဦးရဲအောင်က နိုဝင်ဘာ ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

လုံခြုံရေး အသိပညာပေးသင်တန်း တောင်ကြီးတွင် ပြုလုပ်

ဟိုတယ်များအပါအ၀င် စားသောက်ဆိုင်များ၊ ဈေးဝယ်စင်တာများအား လုံခြုံရေး အသိပညာပေး သင် တန်းကို ပထမဦးဆုံးအကြိမ်အဖြစ် တောင်ကြီးတွင် နိုဝင်ဘာ၂၄ ရက်က စတင်ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးနှင့် ရှမ်းပြည်နယ် မှုခင်းတပ်ဖွဲ့တို့က ပူးပေါင်းစီစဉ်ခြင်းဖြစ်သည် ဟု တောင်ကြီးခရိုင် အထူးမှုခင်းနှိမ်နင်းရေးဌာနခွဲမှ တာဝန်ခံရဲအုပ် ၀င်းနိုင်က မဇ္ဈိမကို ပြောသည်။

ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတား တရားဝင်ဖွင့်

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများကြောင့် တည်ဆောက်ခဲ့သည့်တံတားတစ်စင်းဖြစ်သော ဘုရင့် နောင် နှစ်ထပ် ခုံးကျော်တံတားကို နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ နှစ်ထပ်စလုံး သွားလာ ခွင့် ပြု လိုက်ပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဒုဌာနမှူး ဦးစည်သူလွင်က မဇ္ဈိမကို ပြောသည်။ ဘုရင့်နောင် နှစ်ထပ်ခုံးကျော် တံတား အောက်လမ်း ကို အောက် တိုဘာ ၃၁ ရက် က ယာဉ်သွားလာခွင့်ပြုခဲ့ပြီး အပေါ်လမ်းကို နိုဝင်ဘာ ၂၄ ရက်တွင် ဖွင့်လှစ် လိုက်ခြင်း ဖြစ်သည်။

သိန်း (၁၅၀၀) ဆု ထီပေါက် သော်လည်း ထီလက်မှတ် ပျောက်နေ

ကသာ ခရိုင်၊ ၀န်းသို မြို့နယ်၊ မယ်ဇလီ ကျေးရွာ အုပ်စု၊ မယ်ဇလီ ကျေးရွာ နေ ဒေါ်နှင်းနွယ်ဦး သည် (၂၉၈) ကြိမ် အောင်ဘာလေ ထီ သိန်း (၁၅၀၀) ဆု ပေါက်သော် လည်း ထီ လက်မှတ် ပျောက်ဆုံး နေကြောင်း သိရ သည်။
၂၀၁၃ - ခုနှစ်၊ အောက်တိုဘာ လ (၂၀) ရက် ၀န်းကျင် ခန့် က အသက် (၂၀) ခန့် လူငယ် (၂) ဦး မှ ဆိုက်တွဲ (နံပါတ် မသိ) ဖြင့် သီချင်း ဆို၍ ရွာစဉ် လှည့်လည် ထီရောင်းချ သူများ ထံမှ ဓ - ၈၆၅၅၄၈ ဂဏန်း အပါအ၀င် (၅) စောင်တွဲ ထီအား တစ် စောင် လျှင် (၈၀၀ိ/-) ကျပ်နှုန်း ဖြင့် (၄၀၀၀ိ/-) ကျပ်ဘိုး ထီထိုး ခဲ့သည်။

ကျပ်သန်း ၂၀ တန်ဖိုးရှိ စိန်နှစ်ပွင့်အား ခိုးယူခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦး မိခင်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနေစဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးရမိ

ကျပ်သန်း ၂၀ တန်ဖိုးရှိ စိန်နှစ်ပွင့်အား ခိုးယူခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦး မိခင်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနေစဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးရမိ

နိုဝင်ဘာ ၂၂ ရက်က ဗိုလ်ချုပ်အောင်ဆန်း ဈေးတွင်းရှိ ရတနာဆိုင် တစ်ဆိုင်မှ ကျပ်သန်း ၂၀ တန်ဖိုးရှိ စိန်နှစ်ပွင့်ကို ခိုးယူခဲ့သည့် တရုတ်နိုင်ငံသား နှစ်ဦးအား မိခင်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနေစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ပန်းဘဲတန်း မြို့မရဲစခန်းမှ စုံစမ်းသိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ယင်းနေ့နံနက် ၁၁ နာရီခန့်က ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဗဟိုရုံဆိုင်အမှတ် (၂၉)တွင် ဖွင့်လှစ်ထားသည့် နေလ၀န်း ရတနာ ပစ္စည်းဆိုင်သို့ တရုတ်လူမျိုး အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ဘူးအနီဖြင့် ထည့်ထားသည့် နှစ်ရတီရှိ တန်ဖိုးကျပ်သန်း ၂၀ တန် စိန်အလွတ် နှစ်ပွင့်အား ၀ယ်ယူရန် ဈေးမေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် ခဏအကြာတွင် ဈေးမတည့်သဖြင့် မ၀ယ်ယူလိုသဖြင့် ယင်းတရုတ် အမျိုးသားနှစ်ဦး ထွက်သွားခဲ့ကြောင်း၊ ၎င်းတို့ ထွက်သွားပြီးနောက် စိန်အလွတ် နှစ်ပွင့် ထည့်ထားသည့် ဘူးအနီအား ဖွင့်ကြည့်ရာ စိန်အလွတ် နှစ်ပွင့်မှာ မရှိတော့ဘဲ ပျောက်နေသဖြင့် အဆိုပါ စိန်နှစ်ပွင့်ကို ခိုးယူသွားသည့် တရုတ်နိုင်ငံသား အမျိုးသားနှစ်ဦးအား စုံစမ်းအရေးယူ ပေးပါရန် ဆိုင်ရှင်ဒေါ်မိုးမိုးက ပန်းဘဲတန်းမြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား နှစ်ဦးအား မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်စုံစမ်း ဖမ်းဆီးခဲ့ရာ နိုင်ငံကူးလက်မှတ် နံပါတ် E-30673483 ကိုင်ဆောင်ထားသည့် Mr.Luo Xiao Chun၊ (၃၆)နှစ်နှင့် နိုင်ငံကူးလက်မှတ် နံပါတ် E-37864511 ကိုင်ဆောင်ထားသည့် Mr. Luo Zhuan De အသက် (၃၆)နှစ်တို့အား တွေ့ရှိခဲ့ပြီး Mr.Luo Xiao Chun ၏ ပိုက်ဆံအိတ် အတွင်းမှ ခိုးယူထားသည့် စိန်နှစ်ပွင့်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်း မြို့မရဲစခန်းမှ တာဝန်ကျ တာဝန်မှူး တစ်ဦးက "ဒီ တရုတ်နိုင်ငံသား နှစ်ဦးကို ဒီနေ့ ရမန်ယူထား ပါတယ်။ သူတို့က တရုတ်နိုင်ငံကို ထွက်ပြေးဖို့ စီစဉ်နေတုန်း လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်" ဟု နိုဝင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ယင်းအမှုအား ပန်းဘဲတန်းမြို့မ ရဲစခန်းမှ (ပ)၃၈၁/၁၃၊ ပြစ်မှုပုဒ်မ-၃၈၀ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

(ဗိုလ်ချုပ်အောင်ဆန်းဈေးအတွင်း ရောင်းချနေသည့် ရတနာဆိုင်များအား နိုဝင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မြင့်သူ)
)
နိုဝင်ဘာ ၂၂ ရက်က ဗိုလ်ချုပ်အောင်ဆန်း ဈေးတွင်းရှိ ရတနာဆိုင် တစ်ဆိုင်မှ ကျပ်သန်း ၂၀ တန်ဖိုးရှိ စိန်နှစ်ပွင့်ကို ခိုးယူခဲ့သည့် တရုတ်နိုင်ငံသား နှစ်ဦးအား မိခင်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနေစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ပန်းဘဲတန်း မြို့မရဲစခန်းမှ စုံစမ်းသိရသည်။

နား သန့်ရှင်းရေး လုပ်ရန် သိထား သင့်သော အချက် (၇) ချက်


မိခင် အတော်များများ က မိမိတို့၏ သားသမီးများ ကို မကြာခဏ နား သန့်ရှင်းရေး လုပ်ဆောင် ပေးသည် ကို မြင်ဖူး၊ ကြုံဖူး ကြပေ မည်။ ထိုနား သန့်ရှင်းရေး ကို ဘာကြောင့် လုပ်ဆောင် ရသည်၊ နား ကို မည်သို့ သန့်ရှင်း အောင် လုပ်ရမည် ကို သိထား သင့်သည်။

လိင်တူချစ်သူများ ခွဲခြားဆက်ဆံခံရမှုများအတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်သို့ လက်မှတ်ရေးထိုး တောင်းဆိုသွားမည်

ပတ်ဝန်းကျင်နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများမှ ခွဲခြားဆက်ဆံမှု၊ အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် လိင်တူ ချစ်သူများ အခွင့်အရေးကွန်ရက် (Myanmar LGBT Rights Networks) အဖွဲ့ဝင်များက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင် (MNHRC) သို့ လက်မှတ်ရေးထိုးတောင်းဆိုသွားမည်ဟု ၄င်း အစီအစဉ် ကို တာဝန်ယူ ဆောင်ရွက်နေသည့် Color Rainbows အဖွဲ့ မှ စီစဉ်ညွှန်ကြားရေးအရာရှိ ဦးလှမြတ်က ဆိုသည်။

မန်စီးတီး Vs စပါး ပွဲအပြီး မှတ်တမ်း (သို့) အဆင့် ၁ မှ ၄ အတွင်းဝင်ခဲ့သည့် အသင်းများ

Photo: မန်စီးတီး Vs စပါး ပွဲအပြီး မှတ်တမ်း (သို့) အဆင့် ၁ မှ ၄ အတွင်းဝင်ခဲ့သည့် အသင်းများ 
Monday, November 25, 2013

တနင်္ဂနွေညရဲ့  ပထမဦးဆုံးပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ အသင်းကြီးများ ဖြစ်တာနှင့်အညီ အကြိတ်အနယ်ပွဲစဉ်တစ်ခုအဖြစ် ခန့်မှန်းရပေမည့်လည်း ပွဲအပြီးမှာ မန်စီးတီးအသင်းက (၆) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါသည်။ မန်စီးတီးအတွက် အနိုင်ဂိုးသွင်းခဲ့တဲ့သူတွေကတော့ ပထမဦးဆုံး မန်စီးတီးမှ နဗက် က ပွဲချိန် (၁) မိနစ်အတွင်းမှာ ဗွေဆော်ဦးဂိုး နှင့် ပွဲချိန် (၉၀) တို့မှာ အပိတ်ဂိုးသွင်းနိုင်ခဲ့တဲ့ ကစား သမားတစ်ဦးဖြစ်ခဲ့ပြီး၊ ထိုနေ့ပွဲအတွက် အကောင်းဆုံး ကစားသမားဆုရခဲ့တဲ့ မန်စီးတီးအသင်း၏ တိုက်စစ်မှုး အကွိရိုကလည်း ပွဲချိန် (၄၁) မိနစ် နှင့် (၅၀) မိနစ်တို့မှာ အနိုင်ဂိုး (၂) ဂိုး နှင့် ပွဲချိန် (၅၅) မိနစ်မှာ တိုက်စစ်မှုး နက်ဂရီဒိုမှလည်း အနိုင်ဂိုးတစ်ဂိုး အသီးသီး သွင်းယူခဲ့ကြပါသည်။ ကျန်တဲ့ ဂိုးတစ်ဂိုးကတော့ စပါးအသင်းမှ Own goal ပေးလိုက်ရခြင်းဖြစ်ပါသည်။ မန်စီးတီးအသင်း၏ ယခုရာသီ ရလဒ်မတည်ငြိမ်မှုများနှင့် အသင်းကြီးများနှင့် တွေ့ဆုံတိုင်းမှာလည်း အကောင်းဆုံးပုံစံဖြင့် ရလဒ်ကောင်းများကို မြင်တွေ့ရတာမို့ ပရီးမီးယာလိ၈်၏ ထူးခြားတဲ့ အသင်းတစ်သင်းဖြစ်လာခဲ့ရပါသည်။ ယခုပွဲအနိုင်ရလဒ်ကြောင့် မန်စီးတီးအသင်းသည် အဆင့် (၉)နေရာမှ အဆင့် (၄) နေရာအတွင်းကို ရောက်ရှိလာခဲ့ပါသည်။ 

ယခုတစ်ပတ်မှာ အဆင့် (၁) မှ (၄) အတွင်း ၀င်နိုင်ခဲ့တဲ့ အသင်းများအဖြစ် အာဆင်နယ်၊ လီဗာပူး၊ ချယ်လ်ဆီး နှင့် မန်စီးတီးအသင်းတို့ ဖြစ်ခဲ့ပါသည်။ ထူးခြားချက်အနေဖြင့် မန်စီးတီးအသင်းက အဆင့် (၉)နေရာမှ အဆင့် (၄)နေရာသို့ တက်လာနိုင်ခဲ့ပြီး၊ ဆောက်သင်တန် အသင်းကတော့ အဆင့် (၄) မှ အဆင့် (၅) သို့ ဆင်းပေးခဲ့ရပါသည်။ မန်ချက်စတာ ယူနိုက်တက်အသင်းသည် တနင်္ဂနွေပွဲစဉ်တွင် အနိုင်ရခဲ့မည် ဆိုပါက အဆင့် (၄) နေရာကို ၀င်နိုင်သော်လည်း၊ ပွဲပြီးခါနီး မိနစ် (၉၀) မှာ ချေပဂိုး ပြန်လည် သွင်းယူခံလိုက်ရတာကြောင့် အဆင့် (၆) နေရာမှာဘဲ ရပ်တည်ခဲ့ရပါသည်။ 


မိုးတိမ် (တမာမြေ) 
http://www.football-cafe.com/
တနင်္ဂနွေညရဲ့  ပထမဦးဆုံးပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ အသင်းကြီးများ ဖြစ်တာနှင့်အညီ အကြိတ်အနယ်ပွဲစဉ်တစ်ခုအဖြစ် ခန့်မှန်းရပေမည့်လည်း ပွဲအပြီးမှာ မန်စီးတီးအသင်းက (၆) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါသည်။ မန်စီးတီးအတွက် အနိုင်ဂိုးသွင်းခဲ့တဲ့သူတွေ ကတော့ ပထမဦးဆုံး မန်စီးတီးမှ နဗက် က ပွဲချိန် (၁) မိနစ်အတွင်းမှာ ဗွေဆော်ဦးဂိုး နှင့် ပွဲချိန် (၉၀) တို့မှာ

ချောကလက်၏ ကောင်းကျိုးများ


(၁) နှလုံးရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။

(၂) သွေးတွင်း သကြားဓာတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။

(၃) သွေးတိုးရောဂါ ရှိသူများ အတွက်လည်း အထူးပင်ကောင်းမွန်ပါတယ်။

အကျဉ်းသား ၈၂ ဦးအား နိုင်ငံရေး အကျဉ်းသား ဖြစ်မဖြစ် စိစစ်နေပြီး သမ္မတထံ တင်ပြမည်

အကျဉ်းသား ၈၂ ဦးအား နိုင်ငံရေး အကျဉ်းသား ဖြစ်မဖြစ် စိစစ်ကာ ဒီဇင်ဘာ လဆန်းပိုင်းတွင် ပြုလုပ်မည့် စိစစ်ရေးကော်မတီ အစည်းအဝေးအပြီး နိုင်ငံတော် သမ္မထံသို့ တင်ပြမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၃ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေးတွင် စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးရဲအောင်က ပြောကြားသည်။

Friday, November 22, 2013

22.11.2013 to 28.11.2013 ထိ၇ရက်ဟောစာတမ်း

တနင်္ဂနွေ
စိတ်မော လူမော စိတ်ပင်ပန်း လူပင်ပန်း ခြင်းကြုံရတတ်၏။ ရည်ရွယ်ချက်များ လျှင်မြန်စွာ အောင်မြင် လိုသော်လည်း နှောင့်နှေး ထစ်ငေါ့ မှု့တွေရင်ဆိုင်ရတတ်၏။ ယုံကြည်အားကိုးရမည် ထင်ရသူတို့ ကလည်း စိတ်တိုင်းမကျ မှု့များ ဖြစ်ပေါ်မည်။ ဒီကြားထဲ အတိုက်အခံ တွေ ပေါ်အုံးမယ်။ အားငယ်ရမလို ဖြစ်သော်ငြား မနည်းအားတင်းနေရတတ်၏။ ဖြေဆိုမှု့များ အောင်မြင်မည်။ ရာထူးအလုပ်များ ရာထူးတက် လစာတိုးမည်။ မရည်ရွယ်သော ခရီးများ သွားရမည်။ ချစ်သူ နှင့် အဆင်မပြေမှု့များ ကြုံမည်။ ချစ်သူ သစ္စာဖောက်၍ အခြား တစ်ယောက် နှင့် ဖြစ်မည်။ သို့သော် သင့်ထံ မုချ ပြန်လာမည်။

စမတ်ဖုန်း သုံးတာသတိထား၊ ကြာကြာသုံးလျှင် လည်ကုပ်နှင့် မေးရိုးများကို ထိခိုက်စေနိုင်

စမတ်ဖုန်းများ အသုံးပြု၍ Message ပေးပို့ခြင်း၊ ဂိမ်းကစားခြင်းများကို အချိန်ကြာမြင့်စွာ လုပ်ဆောင်ပါက လည်ကုပ်နှင့် မေးရိုးများကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ အမေရိကန် နိုင်ငံ ဖလော်ရီဒါမှ အရိုးဘက်ဆိုင်ရာ ဆေးပညာ သုတေသီများသည် စမတ်ဖုန်းများ လွန်ကဲစွာ အသုံးပြု ခြင်းဖြင့် ရေရှည်တွင် ဖြစ်ပေါ်နိုင်သည့် iSlouchingနှင့် iGrindingဆိုသော ထိခိုက်သက်ရောက်မှု နှစ်ခုကို ဖော်ထုတ်ပြခဲ့သည်။ အမေရိကန်တွင် လူတစ်ဦးသည် ပျမ်းမျှအားဖြင့် မိမိ၏ဖုန်းကို နေ့စဉ် အကြိမ်ရေ (၁၁၀)မျှ ထုတ်ကြည့်လေ့ရှိသည်။ အကျိုးဆက် အနေဖြင့် ဖုန်းကို လက်ထဲတွင်ထားကာ ငုံ့ကြည့်ရာမှ ကျော ရိုးဆစ်နှင့် လည်ကုပ်ပိုင်းကို ထိခိုက် သက်ရောက်နိုင်ကြောင်း ဖြစ်သည်။ ဖုန်းကို ကြာရှည်စွာ ငုံ့ကြည့်ရင်း လူတစ်ဦး၏ နောက်ကျောမကြီးကို ဖိအားသက်ရောက်နေသည့် ဖြစ်စဉ်ကို iSlouchingဟု အမည်ပေး ထားသည်။

" ဧည့်စာရင်း စစ်မည်ဟုဆိုကာ အိမ်ရှင်အမျိုးသမီး ခန္ဓာကိုယ်ပွတ်သပ်မှု ဒဂုံဆိပ်ကမ်းတွင်ဖြစ်ပွား "

ဧည့်စာရင်းစစ်မည်ဟုဆိုကာ အိမ် ရှင် အမျိုးသမီး၏ ခန္ဓာကိုယ်အား ပွတ် သပ်၍မဖွယ်မရာပြုခဲ့မှု ဒဂုံဆိပ်ကမ်း မြို့နယ်တွင် နိုဝင်ဘာ ၁၉ ရက် နံနက် ပိုင်း ၁ နာရီ အချိန် က ဖြစ်ပွားခဲ့ကြောင်း ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှ သိရသည်။

ခြေထောက် သုံးချောင်းနဲ့ ပြည့်တန်ဆာမ

ခြေထောက် သုံးချောင်းနဲ့ ပြည့်တန်ဆာမ
Friday, November 22, 2013

ဘလန့်ခ်ျ ဒူးမတ်စ် ဆိုတဲ့အမျိုးသမီးရဲ့ ထူးဆန်းတဲ့အကြောင်းကတော့ စိတ်ကူးယဉ် ပုံပြင်ဝတ္ထုတွေထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ် ။

ဘလန့်ခ်ျ ဒူးမတ်စ် ကို ပြင်သစ်လူမျိုး ဖခင်နဲ့ လူမည်းသွေးအနည်းငယ်ပါတဲ့ မိခင်တို.က မာတင်းနစ်ကျွန်းစုမှာ ၁၈၆၀ ခုနှစ်တွင် မွေးဖွားတယ်လို. ယုံကြည်ရပါတယ် ။သူမအသက် ၂၅ နှစ်တွင် ဆေးပညာမှ မူမမှန်မှုများနဲ့
ထူးခြားမှုများ ဆိုတဲ့ စာတမ်းမှာဖေါ်ပြခံရပါတယ် ။ 

အဲဒီစာတမ်းမှာ သူမကို
"modified duplication of the lower body " လို. ရည်ညွန်းခဲ့ပါတယ် ။
သူမမှာ ကြီးမားကျယ်ပြန့်တဲ့ တင်ပါးဆုံအရိုးကွင်း ရှိပြီး ကောင်းစွာဖွံ့ဖြိုးမှုမရှိတဲ့ခြေထောက်နှစ်ချောင်းနဲ့ တတိယခြေထောက်တစ်ချောင်းက သူမရဲ့ ပေါင်ခွကြားမှာ ကပ်နေတယ် ။ နောက်ပြီး သူမမှာ ကောင်းစွာဖွံ့ဖြိုးတဲ့ ပုံမှန်ရင်သားနှစ်ဖက်ပါရှိပြီး ၊ ဆီးခုံအပေါ်ဘက်မှာ နို့သီးခေါင်းပါဝင်ပြီး ဖွံ့ဖြိုးမှုမရှိ တဲ့ သေးငယ်တဲ့ ရင်သားတစ်စုံလည်း အပိုပါရှိပါတယ် ။ ဒါ့အပြင် ဘလန့််ခ်ျဆီမှာ ကောင်းစွာဖွံ့ဖြိုးပြီး ပုံမှန်အတိုင်းဖြစ်တဲ့ မမျိုးပွားအင်္ဂါအပြည့်အစုံ နှစ်ခု ရှိပါတယ် ။ (ဟုတ်မဟုတ်မသေချာပေမဲ့) အဲဒီနှစ်ခုလုံးက ပုံမှန်အတိုင်း ကောင်းစွာအာရုံခံစားနိုင်မှုရှိတယ်လို့ ဆိုပါတယ် ။

သူမရဲ့ တဏှာရာဂ စိတ်ဆန္ဒပြင်းပြမှုကတော့ အလွန်သိသာလှပါတယ် ။ သူမဟာ အမျိုးသားများနဲ့ ဆက်ဆံလိုစိတ်ပြင်းပြပြီး၊ သူမရဲ့ လိင်အင်္ဂါနှစ်ခုလုံးကို ဆက်ဆံစေချင်စိတ်ဖြစ်တာပါ တဲ့ …
သူမဟာ ပဲရစ်မြို့တော်ကို ပြောင်းရွေ့သွားပြီးနောက် ပြည့်တန်ဆာ တစ်ယောက်ဖြစ်လာခဲ့တယ် ။

ဦးဦး မှော်ဆရာ
သဘာဝလွန် ဖြစ်ရပ်ဆန်းများ ဘလန့်ခ်ျ ဒူးမတ်စ် ဆိုတဲ့အမျိုးသမီးရဲ့ ထူးဆန်းတဲ့အကြောင်းကတော့ စိတ်ကူးယဉ် ပုံပြင်ဝတ္ထုတွေထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ် ။
ဘလန့်ခ်ျ ဒူးမတ်စ် ကို ပြင်သစ်လူမျိုး ဖခင်နဲ့ လူမည်းသွေးအနည်းငယ်ပါတဲ့ မိခင်တို.က မာတင်းနစ် ကျွန်းစုမှာ ၁၈၆၀ ခုနှစ်တွင် မွေးဖွားတယ်လို. ယုံကြည်ရပါတယ် ။သူမအသက် ၂၅ နှစ်တွင် ဆေးပညာမှ မူမမှန်မှုများနဲ့ ထူးခြားမှုများ ဆိုတဲ့ စာတမ်းမှာဖေါ်ပြခံရပါတယ် ။

ငွေစက္ကူတွင် သမ္မတပုံ ရိုက်နှိပ်မည်ဆိုပါက စံဇာဏီဘို ကန့်ကွက်မည်

မြန်မာနိုင်ငံတွင်း ရိုက်နှိပ် ထုတ်ဝေ သုံးစွဲလျက် ရှိသည့် ငွေစက္ကူများတွင် သမ္မတပုံ သုံးစွဲမည်ဆိုပါက ကန့်ကွက်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် နက္ခတ်ဗေဒ ပညာရှင် ဆရာစံဇာဏီဘိုက မြန်မာ သံတော်ဆင့် သို့ ပြောသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး နိုဝင်ဘာ ၁၃ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုင်ငံတော် သုံး ငွေစက္ကူများတွင် နိုင်ငံ့ခေါင်းဆောင် လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံဖြင့် ရိုက်နှိပ် အသုံးပြု ရန် ပြည်သူ့လွှတ်တော်၌ အဆို တင်သွင်းခဲ့ရာ၌ မြန်မာနိုင်ငံသုံး ငွေစက္ကူများတွင် နိုင်ငံရေးပါတီ အမှတ်တံဆိပ်ဖြစ်သည့် ခြင်္သေ့ပုံ ရိုက်နှိပ်ခြင်း ကို ထည့်သွင်း ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ဒုက္ခသည်စခန်းများမှ တရားမဝင် မြန်မာလုပ်သားများ သတ္တမအကြိမ် ပြန်လည် ရောက်ရှိ



Photo: မလေးရှားနိုင်ငံ ဒုက္ခသည်စခန်းများမှ တရားမဝင် မြန်မာလုပ်သားများ သတ္တမအကြိမ် ပြန်လည် ရောက်ရှိ
Friday, November 22, 2013

မလေးရှားနိုင်ငံ ဒုက္ခသည် စခန်းတွင် ရောက်ရှိနေသည့် မြန်မာလုပ်သား ၁၇၀ ကျော်ကို သီတဂူ အထောက်အကူပြု အဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့၏ လှူဒါန်းမှုဖြင့် နိုဝင်ဘာ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သတ္တမအကြိမ် အခမဲ့ ပြန်လည် ခေါ်ဆောင် လာခဲ့ကြောင်း သီတဂူ အထောက်အကူပြု အဖွဲ့မှ ဦးမြတ်သူက ပြောကြားသည်။

MAI စင်းလုံးငှား လေယာဉ်ဖြင့် ပြန်လည် ရောက်ရှိလာသည့် လုပ်သားများသည် ဒုက္ခသည်စခန်း ဂျိုဟိုး၊ လေးညှင်း စသည့် ဒုက္ခသည်စခန်း ကိုးခုမှ ပြန်လည် ခေါ်ဆောင်လာခြင်း ခံရသူများ ဖြစ်ပြီး မြန်မာနိုင်ငံ လေဆိပ်သို့ ပြန်လည် ရောက်ရှိချိန်တွင် လုပ်သားတစ်ဦးလျှင် ကျပ်နှစ်သောင်းစီ လှူဒါန်းခဲ့ကြောင်း ၎င်းကဆိုသည်။
“Camp ထဲက လူတွေစုတယ်။ ၁၇၀ ပြည့်သွားရင် ထပ်ခေါ်မယ်။ ဒီကြားထဲ ပြန်ချင်ရင်တော့ ကိုယ့်စရိတ်နဲ့ ကိုယ်ပေါ့” ဟု ဦးမြတ်သူက ထပ်မံပြောကြားသည်။

ဒုက္ခသည် စခန်းများတွင် နေထိုင်ရသည်မှာ ရေမလောက်ငမှုများ၊ အစားအသောက် အဆင်မပြေမှုနှင့် လူများ စုပြုံထည့်ထားခြင်း စသည့်အခက်အခဲ များကို တွေ့ကြုံရသောကြောင့် သီတဂူ အထောက် အကူအပြု အဖွဲ့မှ ပြန်လည် ခေါ်ဆောင်ရာတွင် လိုက်ပါလာခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံ ကော်တရာဂျာယာ ဒုက္ခသည် စခန်းတွင် နေထိုင်ခဲ့ရသည့် အသက် ၃၀ အရွယ် ဦးကျော်စိုးက ပြောကြားသည်။
“အလိမ်ခံရတာ အရင်က ထိုင်းမှာ တရားဝင်ပေါ့။ ထိုင်း အမျိုးသမီး တစ်ယောက်က အလုပ်ကောင်းတယ် ဆိုပြီး ခေါ်တယ်။ လိမ်မှန်းသိလို့ ပြန်လာတော့ အဖမ်းခံရတာ” ဟု ဒုက္ခသည် စခန်းတွင် တစ်လကျော် နေထိုင်ခဲ့ရသည့် ဒေါ်ဝတ်ရည်ထွေးက ဆိုသည်။

ဒုက္ခသည် စခန်းများကို ပွဲစားများ၏ လိမ်လည်မှုကြောင့် ရောက်ရှိလာသူများ ရှိပြီး အချို့မှာ စိတ်ဓာတ် အလွန်အမင်း ကျဆင်းမှုကြောင့် စိတ်ရောဂါ ဖြစ်နေသူ အချို့နှင့် အချင်းချင်း ခိုက်ရန် ဖြစ်ပွားမှုကြောင့် သေဆုံးသူများပင် ရှိကြောင်း ပြန်လည် ရောက်ရှိလာသည့် လုပ်သားများက ဆိုသည်။

ယခုတစ်ကြိမ် ပြန်လည် ရောက်ရှိလာခြင်းမှာ သတ္တမအကြိမ်မြောက် ဖြစ်ကာ လုပ်သား တစ်ထောင်ကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ပြီး ယခုတစ်ကြိမ်သည် ဒုက္ခသည် စခန်းများမှ လုပ်သားများကိုသာ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် ပြန်လည် ရောက်ရှိလာသည့် လုပ်သား ၁၇၀ ကျော်တွင် အမျိုးသမီး ခြောက်ဦး ပါသည်ကို တွေ့ရှိရသည်။

The Voice Weekly
မလေးရှားနိုင်ငံ ဒုက္ခသည် စခန်းတွင် ရောက်ရှိနေသည့် မြန်မာလုပ်သား ၁၇၀ ကျော်ကို သီတဂူ အထောက်အကူပြု အဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့၏ လှူဒါန်းမှုဖြင့် နိုဝင်ဘာ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သတ္တမအကြိမ် အခမဲ့ ပြန်လည် ခေါ်ဆောင် လာခဲ့ကြောင်း သီတဂူ အထောက်အကူပြု အဖွဲ့မှ ဦးမြတ်သူက ပြောကြားသည်။

ဆယ်ကျော်သက်တွေ ဘာကြောင့် ပိန်ရသလဲ

ဆယ်ကျော်သက်တွေ ဆိုတာ မြီးကောင်ပေါက် အရွယ်တွေကို ခေါ်ကြတာ ဖြစ်ပါတယ်။ ဥရောပနဲ့ အနောက်နိုင်ငံတွေမှာတော့ Teenager လို့ ခေါ်ပါတယ်။ အသက် ၁၀ နှစ်ကျော်ကနေ ၁၈ နှစ်ကြား အရွယ်ဟာ ဆယ်ကျော်သက်အရွယ် ဖြစ်ပါတယ်။ အပျံသင်ခါစအရွယ်၊
အရာရာကို စူးစမ်းလေ့လာလိုစိတ်၊ အတုခိုးလိုစိတ်တွေ၊ အားကျစိတ်တွေ အပြည့်ရှိနေတဲ့ အချိန်လည်း ဖြစ်တယ်။ မိဘတွေအနေနဲ့ အဲဒီအရွယ်မှာ စနစ်တကျ ထိန်းသိမ်းနိုင်မှ ကိုယ်လိုချင်တဲ့ ပုံစံမျိုးကို ရယူနိုင်မှာ ဖြစ်တယ်။ ထစ်ခနဲဆိုတာနဲ့ စိတ်အပြောင်းအလဲ မြန်တတ်တဲ့ အရွယ်ဖြစ်တာကြောင့် သေချာ ဂရုစိုက်ရပါတယ်။