ပြည်ပမှ မော်တော်ယာဉ်များကို တင်သွင်းခွင့်ပြုခဲ့ရာတွင်မော်တော်
ယာဉ်တင်သွင်းသူအချို့သည် ပြည်ပမှ တိုက်ကြေကားများကို တင်သွင်းလာ
မှုများရှိနေသည့်အတွက် အကောက် ခွန်ဦးစီးဌာနမှ စိစစ်လျက်ရှိရာ ယခု အခါတွင်
ပြည်ပမှတင်သွင်းလာပြီး ဆိပ်ကမ်းရောက်နေသည့် မော်တော် ယာဉ်များအနက် ယာဉ်
(၂၂) စီးကို တိုက်ကြေကားဟုယူဆ၍ အကောက် ခွန်ဦးစီးဌာနမှ စိစစ်လျက်ရှိကြောင်း
သိရသည်။
Tuesday, December 17, 2013
ပတ်ဆောင်ဟွာ၏အပြောကြောင့် နံရံကိုလက်သီးဖြင့် ထိုးခဲ့ပြီးပေါက်ကွဲခံစားခဲ့ရတဲ့ ဦးဇော်ဇော် မြန်မာပရိသတ်အားလုံးကို ရှိခိုး၍ တောင်းပန်
အင်ဒိုနီးရှား အသင်းကို အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ရှုံးနိမ့်ကာ
ဆီးဂိမ်းဘောလုံး ပြိုင်ပွဲ၏ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် မြန်မာ
အသင်းကို (၂)နှစ်ကြာ တာဝန်ယူခဲ့သည့် တောင်ကိုရီးယား နိုင်ငံသား နည်းပြချုပ်
ပတ်ဆောင်ဟွာကို မြန်မာအသင်း၏ နည်းပြချုပ် အဖြစ်မှ ထုတ်ပယ် လိုက်ပြီ
ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က
ကြေငြာခဲ့သည်။ ပတ်ဆောင်ဟွာသည် ဦးဇော်ဇော် အပါအ၀င် မြန်မာ့ ဘောလုံး
အသိုင်းအ၀န်း၏ ယုံကြည်ကိုးစားမှုကို အထူးရရှိခဲ့သည့် နည်းပြ တစ်ဦး ဖြစ်ပြီး
မြန်မာ ယူ-၂၃ အသင်းအပါအ၀င်၊ မြန်မာ့ လက်ရွေးစင် အသင်းကိုပါ တစ်ဦးတည်း
တာဝန်ယူခွင့် ရရှိခဲ့သူ ဖြစ်သည်။ ဘောလုံးလည်းရှူံး သိက္ခာလည်း ရှူံး
အင်ဒိုနီးရှားအသင်းကို သရေကစားရုံဖြင့် အုပ်စုတက်ကာ ဆီးဂိမ်း
ရွှေရယူနိုင်ရန် မျှော်မှန်းနိုင်ခဲ့သော် လည်း တစ်လုံးတည်းသော
ပယ်နယ်တီဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့်အတွက် ဆီးဂိမ်း ရွှေအိပ်မက် ပျက်ပြယ်
သွားသော ပရိသတ်များ၏ ပွဲအပြီး ပေါက်ကွဲသောင်းကျန်းမှုကြောင့်
လုံခြုံရေးရဲများနှင့် ပဋိပက္ခများ ဖြစ် ပွားခဲ့ရသည်။
အင်ဒိုနီးရှားကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး အိမ်ရှင်မြန်မာအသင်း အုပ်စုမှ ထွက်ရ နည်းပြပတ်ဆောင်ဟွာ၏ မြန်မာအသင်း လူထုတ်ပုံ၊ လူစားလဲပုံများနှင့် ပတ်သက်၍ ပရိသတ်များ မကျေနပ်
ရန်ကုန်မြို့သုဝဏကွင်းတွင် ကစားနေသော အုပ်စု(ခ) နောက်ဆုံးပွဲစဉ်တွင်
မြန်မာယူ-၂၃ အသင်မှာ အင်ဒိုနီးရှား ယူ-၂၃ အသင်းကို ၁-၀ ဂိုးဖြင့်
ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်မှပင် ထွက်ခဲ့ရပြီဖြစ် သည်။ မြန်မာ အသင်းမှာ
ပထမပိုင်းတွင် ပွဲထွက်စာရင်း၌ ကြည်လင်းကို ဒဏ်ရာကြောင့်
အသုံးမပြုနိုင် ခဲ့ဘဲ မြန်မာ အသင်း နည်းပြ ပတ်ဆောင်ဟွာသည် ကောင်းစည်သူကို
အထောင်တိုက်စစ်မှူးအဖြစ်ထားကာ ၄-၂-၃-၁ ကစား ကွက်ဖြင့် ပွဲ ထွက်ခဲ့သည်။
ပထမပိုင်းတစ်ပိုင်းလုံး မြန်မာအသင်းမှာ ကစားကွက်မမိခဲ့ဘဲ တိုက်စစ်မှာလည်း
တစ်ဖက်အသင်းကို လုံးဝခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိပေ။ မြန်မာအသင်းနည်းပြ
ပတ်ဆောင်ဟွာသည် ဒုတိယပိုင်းရောက်မှသာ ကျော်ကိုကိုကို
လူစားလဲထည့်သွင်းခဲ့ပြီး
မန်စီမြို့နယ်၌ ဒီဇင်ဘာ ပထမလ၀က်အတွင်း ကေအိုင်အေ လက်နက်ကိုင် အဖွဲ့များက လူ ၅၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်မလွတ်သေး
ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ
ကေအိုင်အေ လက်နက် ကိုင် အဖွဲ့အစည်းက လူ ၅၁ ဦးကို ဖမ်းဆီးသွားပြီး ယနေ့အထိ
ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဗန်းမော်ခရိုင် အုပ်ချုပ်ရေးဌာနနှင့်
ဒေသခံကျေးရွာများက ဒီဇင်ဘာ ၁၆ ရက်က ပြောကြားသည်။
မီးလောင်ပျက်စီးခဲ့သော မိတ္ထီလာမြို့ ချမ်းအေးသာယာ နယ်မြေအတွင်းရှိ မြေနေရာများတွင် လုံးချင်းအိမ်ရာများနှင့် အထပ်မြင့် တိုက်ခန်းများ နိုင်ငံတော်မှအခမဲ့ ပြန်လည် ဆောက်လုပ်ပေးမည်

မိတ္ထီလာမြို့
ချမ်းအေးသာယာ နယ်မြေအတွင်း နေထိုင်သူ အများစု ခိုလှုံနေရသော ဗဟိုပို့ဆောင်
ဆက်သွယ်ရေး ကယ်ဆယ်ရေးစခန်းအား ဒီဇင်ဘာလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-၀ဏ္ဏ)
၂၀၁၃ ခုနှစ် မတ်လအတွင်းက မီးလောင်ပျက်စီး သွားခဲ့သော မိတ္ထီလာမြို့
နန်းတော်ကုန်းရပ်ကွက် ချမ်းအေး သာယာ နယ်မြေအတွင်းရှိ မြေနေရာများတွင်
လုံးချင်းအိမ်ရာများနှင့် အထပ်မြင့် တိုက်ခန်းများအား ဒီဇင်ဘာလ ထဲ
နိုင်ငံတော်မှ အခမဲ့ ပြန်လည်ဆောက်လုပ် ပေးမည်ဖြစ်ပြီး ဆောက်လုပ်ရေး
ပစ္စည်းများကို ဒီဇင်ဘာ တတိယပတ်တွင် စတင်ချထားပေးကာ ဆောက်လုပ်ရေး
လုပ်ငန်းများ စတင်နိုင်ရန် ဆောင်ရွက် လျက် ရှိကြောင်း မိတ္ထီလာခရိုင်
အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
မြန်မာဘောလုံးအသင်း ရှုံးနိမ့်မှုကြောင့် မြန်မာတို့၏ ဆီးဂိမ်းဝိညာဉ်ပျောက်ဆုံး အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ခဲ့၍ ပရိသတ်များ အကြမ်းဖက်မှု ဖြစ်ပွား

အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ပြီးနောက် ပရိသတ်အချို့က
ထိုင်ခုံများဖျက်ဆီး၍ ကွင်းအတွင်း ပစ်ပေါက်ထား သည် ကို တွေ့ရစဉ် (
ဓာတ်ပုံ-ညီညီစိုးညွန့်)
ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားသော ဆီးဂိမ်းစ်အမျိုးသား
ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်တွင် မြန်မာအသင်းက
အင်ဒိုနီးရှားအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့်
အုပ်စုမှထွက်ခဲ့ ရပြီ ဖြစ်သည်။
Monday, December 16, 2013
ကျန်းမာရေး အာမခံ ၂ဝ၁၅ ခုနှစ်တွင် စတင် ဆောင်ရွက်မည်
မြန်မာနိုင်ငံတွင်
မြန်မာ့အာမခံ လုပ်ငန်း အမျိုးအစား ၄၆ မျိုး ရှိသော်လည်း ကျန်းမာရေး အာမခံ
လုပ်ငန်း မပါဝင် သေးသောကြောင့် လာမည့် ၂ဝ၁၅ ခုနှစ်တွင် စတင်အကောင် အထည်ဖော်
ဆောင်ရွက် သွား မည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး
ဒေါက်တာ မောင်မောင်သိမ်းက ကျန်းမာရေး အာမခံ ဆွေးနွေးပွဲတွင်
ပြောကြားခဲ့သည်။
ဂုဏ်ယူ ဝမ်းမြောက်ဖွယ် ကောင်းသော စိတ်ဓာတ်

လွန်ခဲ့သော ၁၉၈၇ ခုနှစ် မှာ ဘေဖန်လီ ဆိုတဲ့ ဆိုက်ကား သမား တစ်ယောက် ရှိပါတယ်။ အဲဒီ ခုနှစ်မှာ သူ၏ အသက်က ၇၄ နှစ် ဖြစ်ပါ တယ်။ သူဟာ အသက်ကြီး သောကြောင့် အလုပ် မလုပ်တော့ ဖို့ ဆုံးဖြတ် လိုက်တယ်။ တစ်နေ့မှာ သူဟာ လယ်ကွင်းပြင် ထဲမှာ အလုပ်လုပ် နေသော ကျောင်းနေ အရွယ် ကလေးတွေ ကို မြင်တွေ့ ခဲ့ပါတယ်။ ဒါကြောင့် သူ့စိတ် ထဲမှာ အလွန်ပဲ စိတ် မကောင်းဖြစ် သွားပါ တယ်။ ဒါကြောင့် ထိုကလေးတွေ ကို ကျောင်းထား ပေးဖို့ သူ စိတ်ကူး လိုက်တယ်။
မျိုးချစ်စိတ်ကို ခုတုံးလုပ်ပြီး မတန်တဆဈေးဖြင့် ရောင်းမစားကြပါနှင့်
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေ သည့် ဆီးဂိမ်းပြိုင်ပွဲကြီး
ကိုယခု ဆိုလျှင် မြန်မာနိုင်ငံ ကသာမက ပြိုင်ပွဲဝင် နိုင်ငံပေါင်း
စုံကပရိသတ် များပါ စိတ်ဝင်တစားစောင့်ကြည့်နေကြပြီ ဖစ်သည်။
ပွဲစဉ်များအလိုက်ပါဝင်ယှဉ်ပြိုင်နေကြသည့် ကစားသ မားများကလည်း မိမိတို့၏နိုင်ငံ့ဂုဏ်ကိုမြှင့် တင်ရန် အတွက် ဆုတံဆိပ်များဆာလောင် မွတ်သိပ်နေကြသည်။ ထို့နည်း တူပရိသတ်များကလည်း မိမိနိုင်ငံ၏ အားကစား သမား များကို အောင်မြင်မှုရစေချင်ကြသည်။
ပွဲစဉ်များအလိုက်ပါဝင်ယှဉ်ပြိုင
ရှမ်းမျိုးနွယ်စုအင်အား ၄၀၀၀၀ ဖြင့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုလုပ်ရန် တောင်းဆို

လူအခွင့်အရေးချိုးဖောက်ခံရမှုများအား ဖော်ထုတ်ရန်နှင့် အကာအကွယ်မဲ့နေမှုများအတွက် တောင်းဆိုရန် ရည်ရည်ချက်ဖြင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)မှ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းတွင် မြစ်ကြီးနား ရဲ တပ်ဖွဲ့ရုံးသို့ ရှမ်းမျိုးနွယ်စုအင်အား ၄၀၀၀၀ ဖြင့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်ရန် တောင်းဆိုကြောင်း အဆိုပါအဖွဲ့ထံမှ သတင်းရရှိသည်။
"မုံရွာကြက်မွေးမြူရေးဇုန်တွင် မီးလောင်မှုကြီးဖြစ်ပွားခဲ့".

ယနေ့ (16-12-2013)တနင်္လာနေ့ နံနက်(၉)နာရီ၊မိနစ်(၃၀)အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၏ အရှေ့မြောက်ဘက်အရပ်တွင် တည်ရှိသော မုံရွာကြက်မွေးမြူရေးဇုန်ကြီးတွင် မီးလောင်မှုကြီး တစ်ခုဖြစ် ပွားခဲ့ပြီး မီးလောင်မှုကြောင့် ကြက်ခြံ နှင့် ငုံးခြံ စုစုပေါင်း(၃၀)နီးပါး မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သတင်းများရရှိပါသည်။
တရားမဝင် ကုန်သွယ်မှုများတွင် ပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်နေဟုဆို
တရား မဝင်ကုန်သွယ်မှုတွင် ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းများ မှ
ပါဝင်ဆောင်ရွက် မှုများရှိနေ ကြောင်း စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ဝန်ကြီး ဌာနမှ
တင်သွင်းခွင့် မရှိသောကုန်စည်များအား လက် နက်ကိုင် အဖွဲ့အစည်း အမည်ခံ ကာ
ကုန်သည်များနှင့်ပူးပေါင်း လုပ်ကိုင်မှုများရှိနေပြီး လက်နက်
ဖြင့်ခြိမ်းခြောက်မှုများရှိနေသည် ဟု ယင်းတာဝန်ရှိသူက ပြောဆို သွားသည်။
သတင်းပေးရန် ပျက်ကွက်မှုဖြင့် ကချင် အမျိုးသားနှစ်ဦး ကို ထောင်ဒဏ် ခြောက်လချမှတ်
မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးရမိသော
ကချင်အမျိုးသား နှစ်ဦး ကို ကေအိုင်အေ အကြောင်း သတင်းပေးရန် ပျက်ကွက်မှု ပုဒ်မ
၂၀၂ ဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့ တွင် မြစ်ကြီးနား တရားရုံးက ထောင်ဒဏ်ခြောက်လ
ချမှတ်လိုက်သည်ဟု Kachin Lawyers Group မှ ရှေ့နေ ဦးမုန်ဆိုင်းတူးက The
Voice သို့ ပြောကြားသည်။
ပင်မလျှပ်စစ် ဓာတ်ကြိုးကို ဝင်တိုက်မှုဖြင့် ကုန်တင်ယာဉ်မောင်း ရှစ်ဦးကို အမှုဖွင့်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စု
လမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ ၁၁ ရက် နံနက် ၆နာရီခန့်က မောင်းလာသော
ကွန်တိန်နာနှင့် ကုန်တင်ယာဉ် ရှစ်စီးသည် ဗို့အား ၁၁၀၀၀ ရှိ ပင်မလျှပ်စစ်
ဓာတ်ကြိုးများကို ဝင်တိုက်ပြီး ဝါယာရှော့ခ်ဖြစ်ကာ ထရမ်စဖော်မာ၊
ဓာတ်အားထိန်းစနစ်တို့ ပျက်စီး ဆုံးရှုံးမှုကြောင့် ကွန်တိန်နာ ယာဉ်မောင်း
ရှစ်ဦးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း အဆိုပါ မြို့နယ် လျှပ်စစ် ဓာတ်အားပေး အဖွဲ့ထံမှ သိရှိရသည်။
မြန်မာ-အင်ဒိုနီးရှားပွဲစဉ် ဂိုးပြတ် မပြတ်သာ စောင့်ကြည့်ရမည်
အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ၁၆ ရက်နေ့ ညနေ ၆း၄၅ နာရီတွင် ပရိသတ်
သုံးသောင်းကျော်ဆံ့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကြမည့် အမျိုးသား
ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ၏ မြန်မာအသင်းနှင့် အင်ဒိုနီးရှားတို့၏
ပွဲစဉ်၌ မြန်မာအသင်း အနိုင်သေချာပြီး ဂိုးပြတ်မပြတ်သာ စောင့်ကြည့်ရမည်
ဖြစ်ကြောင်း ဝါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က သုံးသပ်ပြော ကြားသည်။
မြန်မာအသင်း၏ လက်ရှိ ခြေစွမ်းမှာ ဒေသတွင်း နိုင်ငံများ၊ တောင်ကို ရီးယားနှင့် ဂျပန် တို့တွင် ကစားခဲ့သည့် ခြေစွမ်းထက် တိုးတက်ကောင်းမွန် လာမှုကြောင့် ယင်းသို့ ပြောနိုင်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
မြန်မာအသင်း၏ လက်ရှိ ခြေစွမ်းမှာ ဒေသတွင်း နိုင်ငံများ၊ တောင်ကို ရီးယားနှင့် ဂျပန် တို့တွင် ကစားခဲ့သည့် ခြေစွမ်းထက် တိုးတက်ကောင်းမွန် လာမှုကြောင့် ယင်းသို့ ပြောနိုင်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
ထိုင်း-မြန်မာ ဘောလုံးပွဲ လက်မှတ်မှောင်ခိုဈေး ကမ္ဘာကျော် အဆိုတော် ရှိုးပွဲလက်မှတ်ခထက်ပင် မြင့်မား
မြန်မာ အမျိုးသားဘောလုံးအသင်းအတွက် ဆီမီးအဆင့် တက်ရောက်နိုင်ရေးအရေးပါသည့်
ပွဲစဉ် တစ်ပွဲ ဖြစ်သော ထိုင်းအသင်းနှင့်ပွဲစဉ်ကို ဒီဇင်ဘာ ၁၄ ရက်က
ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင် ကစားရာ ရိုးရိုးတန်း၊
အထူးတန်း ပွဲကြည့်စင် လက်မှတ်များသာမက VIP တန်းလက်မှတ်များပါမကြုံ
ဖူးသည့်ဈေးနှုန်းများဖြင့် မှောင်ခိုလက်မှတ်များထွက်ပေါ်ခဲ့ သည်။
မှောင်ခိုဈေးနှုန်းများမှာ ရိုးရိုးတန်း ၂၅,၀၀၀ကျပ်၊ အထူးတန်း ၃၅,၀၀၀
ကျပ်၊ VIPတန်း ၇၅၀၀၀ ကျပ်အထိပေါက်ဈေးရှိကြောင်း ထိုင်း-မြန်မာပွဲ ကို
လာရောက်ကြည့်ရှုသည့် သာကေတမြို့နယ်မှ မြန်မာဘောလုံးပရိသတ် ကိုကျော်ကျော်က
ပြောသည်။ “အခုပဲမှောင်ခိုရောင်းနေတာတွေ့ခဲ့တယ်။
လက်မှတ်လိုလား၊ ရိုးရိုးတန်းလား၊အထူးတန်း လား၊ VIP တန်းလားဆိုပြီး
လိုက်မေးနေတယ်။ ဈေးတွေက ၂၅,၀၀၀၊ ၃၅,၀၀၀၊ ၇၅,၀၀၀တဲ့။ ကျွန်တော်ကတော့
မနက် မိုးမလင်းခင်ကတည်းက တန်းစီပြီး ၀ယ်ထားတဲ့လက်မှတ်နဲ့ ၀င်ကြည့်မှာပါ” ဟု
ကိုကျော်ကျော် က ပြောသည်။
ပေ ၃၀၀ ထက် ကျော်လွန် ပါက လျှပ်စစ်ကြိုးသွယ်တန်း ပေးမည် မဟုတ်ဟုဆို
မိမိနေအိမ်သို့ လျှပ်စစ်မီးသွယ် တန်းရန် လျှောက်ထားလာပါက ပေ ၃၀၀အထက်
ကျော်လွန်သောအိမ်များ ကို လျှပ်စစ်မီးသွယ်တန်းပေးမည် မဟုတ်ကြောင်း၊
ဒလမြို့နယ် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စားဆီများကို ပီပါအဟောင်းများနှင့် မထည့်ရန် စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး တိုက်တွန်း
စားအုန်းဆီများကို
ကြုံရာပီပါခွံများဖြင့်ထည့်သွင်းနေခြင်းသည် စားသုံးသူများအတွက်
အန္တရာယ်ရှိနိုင် သဖြင့် ပြည်ပမှပီပါများ တင်သွင်းအသုံးပြုရန်
ဆီကုန်သည်များအား စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ် ရေး ၀န်ကြီး ဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က တိုက်တွန်း ပြောကြားလိုက်သည်။
ခန္တီးတွင် ငြိမ်းချမ်းရေးယူ နာဂလက်နက်ကိုင်တပ်ဖွဲ့ ဆက်ကြေးထပ်တောင်း
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျားကိုက် ကျေးရွာတွင်
ငြိမ်းချမ်းရေး ရယူထားသည့် နာဂ လက်နက်ကိုင် တပ်ဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်နေ့
နံနက်ပိုင်းက ဆက်ကြေး တောင်းခံမှုတစ်ခု ထပ်မံဖြစ်ပွား ခဲ့ကြောင်း
ယင်းကျေးရွာ ဒေသခံများထံမှ သိရသည်။
နာဂ လက်နက်ကိုင်တပ်ဖွဲ့ (NSCNK) သည် မြို့နယ်အဆင့်ရှိ အရာရှိနှစ်ဦး ရောက်လာပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့က ငွေကျပ် သိန်းသုံးဆယ် လာရောက် တောင်းခံခဲ့ကြောင်း ကျားကိုက်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်ညိုက ဆိုသည်။
နာဂ လက်နက်ကိုင်တပ်ဖွဲ့ (NSCNK) သည် မြို့နယ်အဆင့်ရှိ အရာရှိနှစ်ဦး ရောက်လာပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့က ငွေကျပ် သိန်းသုံးဆယ် လာရောက် တောင်းခံခဲ့ကြောင်း ကျားကိုက်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်ညိုက ဆိုသည်။
မြန်မာ့ဖွံ့ဖြိုးရေး ဆက်လက် ထောက်ပံ့သွားမည်ဟု ဂျပန်ဝန်ကြီးချုပ်ပြော
မြန်မာနိုင်ငံ၏ဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အအုံများ
စတင်တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းများကို ဆက်လက် ထောက်ပံ့သွားမည်ဟု
တိုကျိုမြို့တွင် ဒီဇင်ဘာ ၁၅ ရက်၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ ဆုံပြီး နောက်
ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ပြောကြားလိုက်သည်။
“မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့ အခြေခံအဆောက်အအုံတွေ စတင်တည်ဆောက်ရေး တို့ အတွက် ပုဂ္ဂလိကနဲ့ ပြည်သူပိုင်ကဏ္ဍ နှစ်ရပ်စလုံးကို ကျွန်တော်တို့က ဆက်လက် ထောက်ပံ့သွားမှာ ပါ”ဟု မစ္စတာအာဘေးက ပြောသည်။
“မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့ အခြေခံအဆောက်အအုံတွေ စတင်တည်ဆောက်ရေး တို့ အတွက် ပုဂ္ဂလိကနဲ့ ပြည်သူပိုင်ကဏ္ဍ နှစ်ရပ်စလုံးကို ကျွန်တော်တို့က ဆက်လက် ထောက်ပံ့သွားမှာ ပါ”ဟု မစ္စတာအာဘေးက ပြောသည်။
အစိုးရနှင့် တိုင်းရင်းသားတို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်မူကြမ်း ၅၀ ရာခိုင်နှုန်းခန့် တူညီမှုရှိဟုဆို
တိုင်းရင်းသားများဘက်မှ
ပထမအဆင့် ရေးဆွဲပြီးသည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်
စဲရေးဆိုင်ရာ မူကြမ်းကို ဦးအောင်မင်းခေါင်းဆောင်သည့်
အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး ရာတွင် နှစ်ဘက်သဘောတူညီမှု ၅၀
ရာခိုင်နှုန်းခန့်ရှိသည်ဟု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်း
ရေး အဖွဲ့ (NCCT)၏ ဒုတိယခေါင်းဆောင် စောကွယ်ထူးက ဒီဇင်ဘာ ၁၅ ရက်တွင်
မဇ္ဈိမ ကို ပြော သည်။
မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင် တိုးစေမည့် နည်းများ
မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။
ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။
(၁) ရေများများသောက်ပေးပါ
ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိ
ရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့် ပင်ပန်း နေတတ်ပါတယ်။
ဒါကြောင့် မကြာ ခဏ ရေသောက် ပေးရပါမယ်။
ဖွဲ့စည်းပုံပြင်ပြီး ပြန်လည် သင့်မြတ်ရေးရဖို့ ဒေါ်စု မျှော်မှန်း
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်တာဟာ တိုင်းပြည်ကို
မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင် တာမဟုတ်ဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးကို
ဦးတည်တာဖြစ်တာဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ပြောဆို လိုက်ပါ တယ်။
ဒီကနေ့ ပဲခူးတိုင်း သာယာဝတီခရိုင်မှာ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး
လူထု သဘောထားကောက်ခံမှု အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ပြောဆိုခဲ့တာပါ။
အသေးစိတ်ကိုတော့ မနန္ဒာချမ်းက တင်ပြပေး ထားပါတယ်။
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်တာဟာ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင် တာမဟုတ်ဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်တာဖြစ်တာဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ပြောဆို လိုက်ပါ တယ်။ ဒီကနေ့ ပဲခူးတိုင်း သာယာဝတီခရိုင်မှာ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး လူထု သဘောထားကောက်ခံမှု အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ပြောဆိုခဲ့တာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်းက တင်ပြပေး ထားပါတယ်။
လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ အတွက် မေးခွန်းတစ်ခု . . .၊ ၀န်ကြီးဌာန ၁၉ ခု၊ ကြွေးကျန်ငွေ ကျပ် ၁၁၂၅ ဘီလျံကျော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ငွေကြေးအရှုပ်အရှင်းကို ဘယ်လိုကိုင်တွယ် ဆောင်ရွက်မလဲ

ရန်ကုန်မြို့ရှိ တရားရုံးတစ်ရုံးတွင် လာဘ်ငွေပေးရန် မလိုကြောင်း အသိပေးစာ ထုတ်ပြန်ထား သည် ကို တွေ့ရစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)
၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တစ်ရပ်ကို တင်သွင်းခဲ့သည်။ ထိုအစီရင်ခံစာသည် ပြီးခဲ့သည့် မတ်လက ပြည်ထောင်စု စာရင်းစစ်ချုပ်က တင်သွင်းခဲ့သည့် အစီရင်ခံစာအပြီး ဒုတိယမြောက် ထွက်ပေါ်လာသည့် အစီရင် ခံစာ ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ပါက တပ်မတော်နှင့်ပြည်သူ ရင်ကြားစေ့ရေး အကြီးမားဆုံး အဟန့်အတား ဖြစ်နေဦးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

သာယာဝတီမြို့တွင် ပြုလုပ်သော လူထုဆန္ဒသဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ရှင်း လင်းပြောကြားစဉ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ပါက တပ်မတော်နှင့်ပြည်သူ
ရင်ကြားစေ့ရေးအတွက် အကြီးမား ဆုံးသော အဟန့်အတား ဖြစ်နေဦးမည်ဟု အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာ လူထုသဘောထားရယူပွဲ အခမ်းအနားတွင် ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပဲခူးတိုင်းဒေသကြီး ဒေသလုံးဆိုင်ရာ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် စပ်လျဉ်း၍ လူထုသဘောထား ရယူပွဲ
အခမ်းအနားကို သာယာဝတီမြို့ အားကစားကွင်းအတွင်း ဒီဇင်ဘာ ၁၅ ရက် နံနက်က
ပြုလုပ်ခဲ့ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦးနှင့် ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်များ တက်ရောက်၍
ဖွဲ့စည်းပုံ ပြင်ဆင်ရေး သိကောင်း စရာ များကို ဆွေးနွေးပြောဆိုစဉ်
ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
Subscribe to:
Posts (Atom)



