
ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့က စတင်ပြီး လေး ရက်ကြာ ပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ NCCT တို့ရဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တစ်ခုတည်း သော သဘောတူညီချက် (Single Text) ပထမမူကြမ်းကို သဘောခဲ့ကြပေမယ့် လူသတ်၊ ဗုံးခွဲမှုများ ရှိနေသေး သဖြင့် KIA ပြောတဲ့ ငြိမ်းချမ်းရေး ကို လေ့လာစောင့်ကြည့်သူများက သံသယဖြစ် အထူးစိုးရိမ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။
ဧပြီလ ၈ ရက်နေ့က KIA မ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကိုယ်တိုင် ရန်ကုန်မြို့ MPC သို့ သွားရောက်ကာ ငြိမ်းချမ်းရေးဆွေးနွေး ခဲ့ပြီးနောက် ၅ ရက်အကြာ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ မိုးမောက်-လွယ်ဂျယ် ကားလမ်းပေါ်တွင် ယာဉ်ခုနစ်စင်းပါဝင်တဲ့ အစိုးရ စစ်တပ် ယာဉ်တန်းကို ကေ

















