Tuesday, August 19, 2014

မြန်မာပေးမန့်ယူနီယံကတ် (MPU)ကို နိုင်ငံတကာတွင်အသုံးပြုနိုင်ရန် ဗဟိုဘဏ်သို့တင်ပြထား


Photo: မြန်မာပေးမန့်ယူနီယံကတ် (MPU)ကို နိုင်ငံတကာတွင်အသုံးပြုနိုင်ရန် ဗဟိုဘဏ်သို့တင်ပြထား
Tuesday, August 19, 2014

 ပြည်တွင်း ဘဏ်များအသုံးပြုလျက် ရှိသည့် မြန်မာပေး မန့်ယူ နီယံကတ် (MPU) များကို နိုင်ငံတကာတွင် အသုံးပြုနိုင် ရန်အတွက် ဗဟိုဘဏ် သို့တင်ပြထား ကြောင်း မြန်မာပေးမန့်ယူနီယံအဖွဲ့ မှသိရသည်။

လက်ရှိတွင် ပြည်တွင်းတွင် အသုံးပြုလျက်ရှိသည့် မြန်မာပေး မန့် ယူနီယံကတ် များ သည် Debit Card အမျိုးအစားဖြစ်ပြီး ဘဏ်တွင် ငွေစာရင်း ဖွင့်ထားရ မည်ဖြစ်ကာ ယင်းငွေစာရင်းအတိုင်းသာ ထုတ်ယူ နိုင်သည့် ကတ်အမျိုး အစားဖြစ် ပြီး ယင်းကို နိုင်ငံတကာတွင်အသုံးပြု နိုင်ရန်အတွက် တရုတ်နိုင်ငံသုံး China Union Payment (CUP) နှင့် ဂျပန်နိုင်ငံသုံး Japan Credit Bureau (JCB) တို့နှင့် ပူးပေါင်းကာ ဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။

မြန်မာပေးမန့်ယူနီယံမှ CEO ဦးဇော်လင်းထွဋ်က''လက်ရှိဗဟို ဘဏ်ကိုတင်ထား တာ နှစ်လလောက် တော့ရှိပါပြီ၊ ခွင့်ပြုချက်ကျတာနဲ့ လုပ်ငန်းတွေ စတင်သွား မှာပါ''ဟု ဆိုသည်။ 

မြန်မာပေးမန့်ယူနီယံအဖွဲ့တွင် ပြည်တွင်းဘဏ် ၁၉ ဘဏ်ဖြင့်ဖွဲ့ စည်းထားပြီး လက်ရှိတွင်တရုတ် နိုင်ငံသုံး China Union Payment (CUP) နှင့် ဂျပန်နိုင်ငံသုံး Japan Credit Bureau(JCB) ကတ်များ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။

ဦးဇော်လင်းထွဋ် က''အဲဒီကတ် တွေနဲ့သာ ချိတ်ဆက်လို့ရမယ်ဆိုရင် လက်ရှိသူတို့ ကတ်တွေ ကိုအသုံးပြု နေတဲ့ နိုင်ငံပေါင်း ၁၉၀ ကျော်မှာပါ MPU ကတ်ကို အသုံးပြုနိုင်မယ်''ဟု ဆို သည်။

ပြည်တွင်း၌ အသုံးပြုရန်အ တွက် MPU Network ဖြင့် အသုံးပြုရ မည်ဖြစ် ပြီး ပြည်ပနိုင်ငံ များတွင် CUP နှင့် JCB Network ဖြင့် အသုံးပြုသွားရ မည်ဖြစ်ကြောင်း ဦးဇော်လင်းထွဋ်က ဆိုသည်။

လက်ရှိ CUP/JCB ကတ်များ ကို မြန်မာနိုင်ငံရှိအဖွဲ့ဝင်ဘဏ် များ၏ အေတီအမ် စက်များ တွင် ငွေထုတ်ယူခြင်း၊ ဈေးဝယ်စင် တာများ ရှိ POS စနစ်များတွင် အသုံးပြု နိုင် ပြီး နိုင်ငံတကာတွင် Visa နှင့် Master ကတ်များကဲ့ သို့မ ဟုတ်သော် လည်း အာရှနိုင်ငံများတွင် လူသုံးများသော ငွေကြေး ကတ် များဖြစ်ကြောင်း သိရ သည်။

ပြည်တွင်းလုပ်ငန်းရှင်တစ်ဦး က '' CUP နှင့် JCB ကတ်တွေက နိုင်ငံတကာ မှာဆိုရင် Visa နှင့် Master တို့လောက်မတွင် ကျယ် ဘူး၊ ဒါပေမဲ့ အာရှမှာဆို ရင်တော့ လူသုံးများတဲ့ကတ်တွေပါ၊ ပြည်တွင်း မှာသုံးနေ တဲ့ကတ်တွေလဲ သူတို့သုံး နိုင်မယ်ဆို ရင်တော့ လုပ်ငန်း ရှင်တွေ၊ ပြည်တွင်းက ခရီးသွားတွေ အတွက် အဆင်ပြေ နိုင်တယ်'' ဟု ဆိုသည်။

လက်ရှိဗဟိုဘဏ် မှ မြန်မာနိုင်ငံ သားများကို ငွေကြေးကတ်များအ သုံးပြုခွင့်ပြု ပြီး နောက်ပိုင်း Visa ၊ Master တို့နှင့် ပြည်တွင်း အင်အား ကြီးဘဏ်တချို့နှင့် ပူးပေါင်း ကာ ပြည်ပနိုင်ငံများတွင် အသုံးပြုနိုင် သော ငွေကြေးကတ်များ ထုတ် လုပ် ရန်ခွင့်ပြုထားကြောင်း သိရသည်။

A K S
ပြည်တွင်း ဘဏ်များအသုံးပြုလျက် ရှိသည့် မြန်မာပေး မန့်ယူ နီယံကတ် (MPU) များကို နိုင်ငံတကာတွင် အသုံးပြုနိုင် ရန်အတွက် ဗဟိုဘဏ် သို့တင်ပြထား ကြောင်း မြန်မာပေးမန့်ယူနီယံအဖွဲ့ မှသိရသည်။ လက်ရှိတွင် ပြည်တွင်းတွင် အသုံးပြုလျက်ရှိသည့် မြန်မာပေး မန့် ယူနီယံကတ် များ သည် Debit Card အမျိုးအစားဖြစ်ပြီး ဘဏ်တွင် ငွေစာရင်း ဖွင့်ထားရ မည်ဖြစ်ကာ ယင်းငွေစာရင်းအတိုင်းသာ ထုတ်ယူ နိုင်သည့် ကတ်အမျိုး အစားဖြစ် ပြီး ယင်းကို နိုင်ငံတကာတွင်အသုံးပြု နိုင်ရန်အတွက် တရုတ်နိုင်ငံသုံး China Union Payment (CUP) နှင့် ဂျပန်နိုင်ငံသုံး Japan Credit Bureau (JCB) တို့နှင့် ပူးပေါင်းကာ ဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။

ကြယ်စင်မော်ကွန်းနဲ့အကယ်ဒမီရခဲ့ရင် လိပ်ပြာသန့်တယ်ဆိုတဲ့လူမင်း

Photo: ကြယ်စင်မော်ကွန်းနဲ့အကယ်ဒမီရခဲ့ရင် လိပ်ပြာသန့်တယ်ဆိုတဲ့လူမင်း
Tuesday, August 19, 2014

ကြယ်စင်မော်ကွန်းဇာတ် ကားတွင် သရုပ်ဆောင်ခဲ့သော ဇာတ်ရုပ်သည် ကိုယ်တိုင်အားရ ကျေနပ်သောဇာတ်ကောင်တစ်ခု ဖြစ်သောကြောင့် ယင်းဇာတ်ရုပ် နှင့် အကယ်ဒမီဆုရရှိခဲ့ပါက လိပ် ပြာသန့်ကြောင်း လူမင်းကပြော သည်။

‘‘ကြယ်စင်မော်ကွန်းမှာ ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင် တာလည်းအားရတယ်။ အစ်ကို အစည်းအရုံးဥက္ကဋ္ဌအနေနဲ့လော ကအတွက်ဆောင်ရွက်တာက တစ်ပိုင်းပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့မိခင် ပင်မတပ်ရင်းက သရုပ်ဆောင်ပဲ လေ။ သရုပ်ဆောင်အတွက်ကို ဘယ်လောက်     အပင်ပန်းခံခဲ့တယ်။ ဘယ်လောက်အထိကြိုးစားခဲ့တယ်၊  နောက်ပြီး  ကိုယ့်သရုပ် ဆောင်ချက်ကို   တစ်ယောက် တည်းကြည့်ရတာမှမဟုတ်တာ။ ပညာရှင်တွေရော ပရိသတ်တွေ ရော ကြည့်ပြီးသားဆိုတော့ ရ သင့်ရထိုက်လို့ရမယ်ဆိုရင်လည်း အဲဒီအပေါ်မှာ ကိုယ့်လိပ်ပြာကိုယ် လုံပါတယ်’’ဟု ၎င်းကပြောသည်။

ကြယ်စင်မော်ကွန်းဇာတ် ကားသည် မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းကိုရိုက်ကူးတင်ပြ ထားသည့် ဇာတ်ကားတစ်ကား ဖြစ်ပြီး ဒါရိုက်တာပန်းချီစိုးမိုးက ရိုက်ကူးပုံဖော်ထားကာ နိုင်ငံပိုင် ရုပ်သံလိုင်းများမှ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းအနေဖြင့်ပြသ ခဲ့သော်လည်း ယင်းရုပ်ရှင်ရုံတင်ပြသရာတွင်ရက်တိုးပြသခဲ့ရသည်။

ထို့အပြင် ကြယ်စင်မော် ကွန်းဇာတ်ကားသည် ၂၀၁၃ခုနှစ် အတွက် ရုပ်ရှင်ထူးချွန်ဆုပထမ အဆင့်ရွေးချယ်ရေးအဖွဲ့က ဆန်ခါတင် ရွေးချယ်ခဲ့သော ရုပ်ရှင်ခြောက်ကားတွင်လည်း ပါဝင်လျက်ရှိသည်။

ရုပ်ရှင်အစည်းအရုံးအနေဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ရာနှုန်းပြည့်ကျင်းပခွင့်ရရှိခဲ့၍ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ တစ်ဦးအနေဖြင့်  အခမ်းနားဆုံးကျင်းပနိုင်ရန် စဉ်းစားထားကြောင်း ၎င်းကဆိုသည်။

ရုပ်ရှင်အစည်းအရုံးရွေး ကောက်ပွဲအတွက်လည်းလုပ်ငန်း စဉ်များဆက်လက်ဆောင်ရွက် လျက်ရှိပြီး   ရုပ်ရှင်လောကသား များကို ချပြနိုင်မည့်ရုပ်ရှင်ဥပဒေ မူကြမ်းအတွက်လည်း နောက်ဆုံး အဆင့်ရေးဆွဲမှုများ  ပြုလုပ်နေ ကြောင်း ၎င်းကဆိုသည်။

7Day News Journal ကြယ်စင်မော်ကွန်းဇာတ် ကားတွင် သရုပ်ဆောင်ခဲ့သော ဇာတ်ရုပ်သည် ကိုယ်တိုင်အားရ ကျေနပ်သောဇာတ်ကောင်တစ်ခု ဖြစ်သောကြောင့် ယင်းဇာတ်ရုပ် နှင့် အကယ်ဒမီဆုရရှိခဲ့ပါက လိပ် ပြာသန့်ကြောင်း လူမင်းကပြော သည်။ ‘‘ကြယ်စင်မော်ကွန်းမှာ ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင် တာလည်းအားရတယ်။ အစ်ကို အစည်းအရုံးဥက္ကဋ္ဌအနေနဲ့လော ကအတွက်ဆောင်ရွက်တာက တစ်ပိုင်းပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့မိခင် ပင်မတပ်ရင်းက သရုပ်ဆောင်ပဲ လေ။ သရုပ်ဆောင်အတွက်ကို ဘယ်လောက် အပင်ပန်းခံခဲ့တယ်။ ဘယ်လောက်အထိကြိုးစားခဲ့တယ်၊ နောက်ပြီး ကိုယ့်သရုပ် ဆောင်ချက်ကို တစ်ယောက် တည်းကြည့်ရတာမှမဟုတ်တာ။ ပညာရှင်တွေရော ပရိသတ်တွေ ရော ကြည့်ပြီးသားဆိုတော့ ရ သင့်ရထိုက်လို့ရမယ်ဆိုရင်လည်း အဲဒီအပေါ်မှာ ကိုယ့်လိပ်ပြာကိုယ် လုံပါတယ်’’ဟု ၎င်းကပြောသည်။

ခေတ်မီတိုးတက်ခြင်းနောက်ကွယ်က အန္တရာယ်တချို့

Photo: ခေတိမီတိုးတက်ခြင်းနောက်ကွယ်က အန္တရာယ်တချို့
Tuesday, August 19, 2014

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် အခုခေတ်မိဘတွေအတွက် သားသမီးတွေကို ထိန်းကျောင်း ပျိုးထောင်ရတာ အရင်လောက် မလွယ်ကူတော့ပါဘူး။ အရင်ခေတ်ကထက် ကြိုတင်ကာကွယ်ဖို့ရာ ပိုမိုခက်ခဲပြီး ပိုမိုရှုပ်ထွေးလှတဲ့ အန္တရာယ်တွေကနေ ကိုယ့်ရင်သွေးငယ်တွေကို ကာကွယ်ပေးဖို့ လိုအပ်လာပါတယ်။ အရင်တုန်းကတော့ ကျောင်းဆင်းချိန် ကလေးတွေကို အပြင်ထွက်ကစားခိုင်းလိုက်ရင် သူတို့ဘာသာ ကစားကြပျော်ကြနဲ့ ညနေခင်းတစ်ချိန်လောက်တော့ ထိန်းရသက်သာနိုင်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ အပြင်ထွက် ကစားခိုင်းရင် များပြားလှတဲ့ ကား၊ စက်ဘီး၊ ဆိုက်ကားတွေကြောင့် ရင်တမမ ဖြစ်နေရမှာပါ။ ဒီတော့ ငြိမ်ငြိမ် ကစားနိုင်မယ့် ဂိမ်းဆိုင်သွား၊ အင်တာနက်ဆိုင်သွားဆိုပြီး ဖြစ်လာပါတယ်။ ခေတ်သစ် ကလေးထိန်းနည်းပေါ့။ အဲဒီမှာ ဇာတ်လမ်းက စလာပါပြီ။

ခေတ်မီတိုးတက်တဲ့ ကမ္ဘာမှာ အင်တာနက်ကို အကောင်းဆုံး တီထွင်ဖန်တီးမှုအဖြစ် တင်စားချင်ရင် တင်စားလို့ရပါတယ်။ မောက်စ်တစ်ချက်နှိပ်လိုက်တာနဲ့ လိုချင်တဲ့ သတင်းအချက်အလက်၊ ဆက်သွယ်မှုပေါင်းများစွာ ကိုယ့်မျက်စိရှေ့မှောက်ရောက်အောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အရာပါ။ ဒီလို အံ့မခန်းအစွမ်းထက်တဲ့ အရာကို ကျွန်မတို့ သားသမီးတွေ ဘယ်လို အသုံးပြုနေကြသလဲဆိုတာ သတိမထားလို့ မရတော့ပါဘူး။ အခုအချိန်လို အင်တာနက်ကို ဖုန်းနဲ့ အလွယ်တကူ သုံးလို့ရနိုင်လာတဲ့ အချိန်မျိုးမှာ ဒီကိစ္စဟာ အရေးပေးစဉ်းစားစရာ ဖြစ်လာပါပြီ။ ငယ်ရွယ်တဲ့ကလေး တွေ အင်တာနက်ကို ဂိမ်းကစားရုံသက်သက်သာ အသုံးချမယ်ဆိုရင်တောင် အပြစ်မပြောချင်ပါဘူး။ ဂိမ်းကစားခြင်းက ဖြတ်ထိုးဉဏ်၊ အကွက်မြင်မှုနဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းကို လေ့ကျင့်ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ ... ဒါပေမဲ့ပေါ့။

အင်တာနက်မှာ ကလေးတွေ (သူငယ်တန်းက တက္ကသိုလ်ဝင်တန်းအထိ) နဲ့ မအပ်စပ်မဆက်စပ်တဲ့ မတော်တရော်ပုံတွေ၊ အဖော်အချွတ်ဝက်ဆိုက်တွေနဲ့ ညစ်ညမ်းဝက်ဆိုက်တွေလည်း ရှိနေပါတယ်။ ဒါတွေဟာ ကျောင်းနေအရွယ် ကလေးငယ်များအတွက် အန္တရာယ်များပါတယ်။ အထူးသဖြင့် သားယောက်ျားလေးမွေးထားတဲ့ မိဘများ အထူး ဂရုစိုက်သင့်ပါတယ်။ အခုဆိုရင် အင်တာနက်အသုံးပြုတဲ့ အသက်အရွယ်ကလည်း ငယ်သထက် ငယ်လာပါတယ်။ နှစ်တန်း သုံးတန်းအရွယ်ဆို အင်တာနက်ကို ကောင်းကောင်း အသုံးပြုတတ်နေပါပြီ။ အဲလို ငယ်ရွယ်တဲ့ ယောက်ျားလေးတွေ အင်တာနက်ကြောင့် အရွယ်မတိုင်ခင် မဖြစ်သင့်တာ မဖြစ်ရအောင် စောင့်ကြည့်သင့်ပါတယ်။

နာမည်ကြီးပုဂ္ဂလိကကျောင်းရဲ့ ကျောင်းအုပ်ကြီးပြောပြတဲ့ အဖြစ်အပျက်က စိတ်မသက်သာစရာပါ။ သူ့ကျောင်းမှာ ခုနစ်တန်း ကျောင်းသားတစ်ယောက်ဟာ စာသင်ရင် ဘယ်တော့မှ ဂနာမငြိမ်ပါဘူး။ စာကို လုံးဝအာရုံမစိုက်နိုင်ဘဲ ကျောင်းဆင်းပြီဆိုတာနဲ့ ဟိုမိန်းကလေး လက်လှမ်းဆွဲ၊ ဒီမိန်းကလေးလွယ်အိတ် လှမ်းဆွဲ၊ ပခုံး လှမ်းဖက်နဲ့ အစအနောက်သန်နေပါတယ်။ စာသင်တာ လုံးဝစိတ်မ၀င်စားတဲ့အတွက် သုညရတဲ့ ဘာသာတွေလည်း များပါတယ်။သူ့မိဘတွေကတော့ သားကို အရမ်းချစ်တဲ့သူတွေဖြစ်တာကြောင့် တစ်ရက်မပျက် ကျောင်းကို လိုက်ပို့ လိုက်ကြိုပေးတဲ့အထိ ဂရုစိုက်ပါတယ်။ စာသင်တဲ့ ဆရာမတွေက သူ့ကြောင့် ကျန်တဲ့ကျောင်းသားတွေ စာသင်တာ အနှောင့်အယှက်ဖြစ်ရတယ်လို့ တိုင်ကြားကြတော့ ကျောင်းအုပ်က ခေါ်ယူစစ်ဆေးရပါတယ်။

အဲဒီတော့မှ ဆရာမတွေ မမြင်အောင် ဖွက်ထားတဲ့ ဖုန်းအကောင်းစားကို သွားတွေ့ပါတယ်။ ဖုန်းကို ဖွင့်ကြည့်တော့ အင်တာနက်က ညစ်ညမ်းခွေ ၂၀ ကျော် ထည့်သွင်းထားတာ တွေ့ရပါတယ်။ ပိုးစိုးပက်စက် ရိုက်ထားတဲ့ ညစ်ညမ်းခွေတွေပါ။ ဒါကြောင့် ခုနစ်တန်းအရွယ် ကျောင်းသားတစ်ယောက်ဟာ စာကို အာရုံမစိုက်နိုင်ဘဲ ဂနာမငြိမ် ဖြစ်နေတာပါ။ ခုနစ်တန်းအရွယ်လောက်မှာ ဒီကိစ္စတွေကို အရမ်းစိတ်ဝင်စားနေတာဟာ သူ့အတွက်ရော သူ့ပတ်ဝန်းကျင်က သူတွေအတွက်ရော အန္တရာယ်များလှပါတယ်။ သူနဲ့ ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေလည်း ဒီလို အသစ်အဆန်း အာရုံတွေကို စိတ်ဝင်စားသွားနိုင်ပါတယ်။ သူတို့ ပတ်ဝန်းကျင်က မိန်းကလေးတွေဆိုရင်လည်း အခန့်မသင့်ရင် သူတို့ စမ်းသပ်စရာ သားကောင် ဖြစ်သွားနိုင်ပါတယ်။ တရားခံရှာရင်တော့ အင်တာနက်ပါပဲ။ မိဘတွေက အင်တာနက်သုံးပြီး ဂိမ်းကစားတာပဲဆိုပြီး လွှတ်ထားရာက ဒီလို ဖြစ်လာရတာပါ။ သုံးတတ်ရင်တော့ အင်တာနက်က တကယ့် ကောင်းချီးမင်္ဂလာပါပဲ။ မသုံးတတ်ရင်တော့ ကလေးတွေအတွက် ကျိန်စာ ဖြစ်သွားနိုင်ပါတယ်။ ဒါကို မိဘတွေ သိထားဖို့ လိုပါတယ်။

ကျွန်မမိတ်ဆွေ သူနာပြုဆရာမ တစ်ယောက်ပြောပြတဲ့ သူ့အတွေအကြုံကလည်း ကြက်သီးထစရာပါ။ ငါးတန်းအရွယ် ယောက်ျားလေးနဲ့ နှစ်တန်းအရွယ် မိန်းကလေးနှစ်ဦးတို့ အရွယ်မတိုင်ခင် လိင်ကိစ္စ မဖွယ်မရာ ဖြစ်ကြပါတယ်။ အကြောင်းရင်း စစ်ကြည်တော့ ငါးတန်းကလေးက အင်တာနက်ဆိုင်မှာ ဂိမ်းကစားရင်း အခြားလူငယ်တွေ ကြည့်ကြတဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်တွေကို မြင်တွေ့ပြီး အိမ်နီးချင်းကစားဖော် မိန်းကလေးနှစ်ယောက်နဲ့ စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စတွေကို သူများသားသမီးတွေမှာ ဖြစ်တာပဲလို့ ခပ်ပေါ့ပေါ့ မတွေးစေချင်ပါဘူး။ ကိုယ့်အိမ်မှာ အင်တာနက်သုံးတတ်တဲ့ ကလေးရှိရင် ဂရုစိုက်ဖို့ပါ။ မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေရဲ့ စိတ်ခံစားမှု၊ အနေအထိုင်တွေကို မသိမသာ စောင့်ကြည့်ပေးသင့်ပါတယ်။

နောက်ပြီး သမီးမိန်းကလေး ကျောင်းသူအရွယ်ရှိတဲ့ မိဘတွေ ပူပင်ရမှာကတော့ အင်တာနက်ချက်တင် (chatting) ကိစ္စ ပါပဲ။ ငါးတန်း၊ ခြောက်တန်းအရွယ် ကျောင်းသူလေးတွေဆို ချက်တင်စပြီး သုံးကြပါပြီ။ ကိုကိုတွေ၊ ညီမလေးတွေနဲ့ အချိန်ကုန်နေကြပါပြီ။ ကျောင်းနေအရွယ်မှာ ချက်တင်ကနေတစ်ဆင့် ရည်းစားထားတတ်လာပြီး စာဘက်မှာ အာရုံနည်းလာကြပြန်ပါတယ်။ ဘယ်လောက်ပဲ ကျောင်းစာသပ်သပ် အချစ်ရေးသပ်သပ် ခွဲခြားနိုင်တယ်ပြောပြော တစ်ခုခုမှာ အချိန်ပေးအာရုံစိုက်ရင် နောက်တစ်ခုမှာ အနည်းနဲ့အများတော့ ထိခိုက်တာပါပဲ။ သက်တမ်းရင့် ဆရာဆရာမတွေရဲ့ မှတ်ချက်အရ တက္ကသိုလ်ဝင်တန်းမှာဆိုရင် ရည်းစားသနာကိစ္စကြောင့် ဂုဏ်ထူး သုံးလေးခု ထွက်မယ့်ကလေးက သာမန်ပဲ အောင်ကြပြီး သာမန် အောင်ရုံအောင်နိုင်မယ့် ကလေးမျိုးဆိုရင် ကျဖို့ ၉၀ ရာခိုင်နှုန်း လောက် သေချာသွားပါတယ်။ ဒါကြောင့် မိဘတွေက ကိုယ့်သားသမီး ခြေလှမ်းဘယ်ကို ရောက်နေသလဲဆိုတာ သတိပြုရမှာပါ။

ဘာပဲပြောပြော သားသမီးအတွက် တာဝန်အရှိဆုံးက မိဘဖြစ်တာကြောင့် အလုပ်တွေ ပိနေလို့ အချိန်မရှိလို့ဆိုပြီး လျစ်လျူရှုနေရင် ကိုယ့်သားသမီးတွေရဲ့ ဘ၀လေးတွေ တလွဲတချော် ဖြစ်သွားနိုင်ပါတယ်။ အင်တာနက်ကိစ္စမျိုးဆိုရင် ကလေးတွေ မှန်မှန်ကန်ကန် အသုံးချတတ်အောင် မိဘတွေက တည့်မတ်လမ်းပြပေးဖို့ လိုပါတယ်။

တကယ်တော့ မိဘတွေသာမကပါဘူး။ နိုင်ငံရဲ့ ပညာရေးစနစ်ကလည်း ဒီလိုကိစ္စရပ်တွေမှာ မှန်မှန်ကန်ကန် ထိန်းကျောင်း ပဲ့ကိုင်ပေးနိုင်တဲ့ စနစ်မျိုး ရှိသင့်ပါတယ်။ ဥပမာ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာဆိုရင် အရွယ်ရောက် မြီးကောင်ပေါက်ကလေးတွေကို လိင်မှုကိစ္စနဲ့ပတ်သတ်ပြီး အန္တရာယ်ကင်းအောင်၊ ဘေးဥပါဒ်မရောက်အောင် (sex education) သွန်သင်ပြတာမျိုးတွေ၊ ကလေးတွေ အင်တာနက် အသုံးပြုမှုကို စောင့်ကြည့်တဲ့ နည်းပညာတွေ၊ ဆော့ဝဲလ်တွေ ရှိပါတယ်။ ဘယ်လိုအရာတွေက သူတို့အတွက် အထောက်အပံ့ပေးပြီး ဘယ်အရာတွေက အဆိပ်အတောက်ဆိုတာ ရှင်းပြပေးထားကြပါတယ်။

တစ်ကမ္ဘာလုံးမှာ အင်တာနက်ကို သုံးပြီး ပညာရှာမှီးနေတဲ့ ကလေးတွေ ဒုနဲ့ ဒေးရှိပါတယ်။ ဒါကြောင့် ခေတ်မီတဲ့ နည်းပညာတွေ ပေါ်ထွက်လာမှုကို ကျွန်မတို့ ကြိုဆိုရမှာဖြစ်ပေမယ့် အင်တာနက် အရင်းအမြစ်တွေလို ကွန်ရက်နည်းပညာတွေဟာ ကလေးတွေရဲ့ အသုံးချမှုပေါ် မူတည်ပြီး အကောင်းအဆိုး ရလဒ် ကွဲပြားသွားနိုင်တာကြောင့် မိဘတွေအနေနဲ့ အလေးအနက် ထားကြဖို့ တင်ပြလိုက်ရပါတယ်။
Mizzima - News in Burmese လွန်ခဲ့တဲ့ဆယ်စုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် အခုခေတ်မိဘတွေအတွက် သားသမီးတွေကို ထိန်းကျောင်း ပျိုးထောင်ရတာ အရင်လောက် မလွယ်ကူတော့ပါဘူး။ အရင်ခေတ်ကထက် ကြိုတင်ကာကွယ်ဖို့ရာ ပိုမိုခက်ခဲပြီး ပိုမိုရှုပ်ထွေးလှတဲ့ အန္တရာယ်တွေကနေ ကိုယ့်ရင်သွေးငယ်တွေကို ကာကွယ်ပေးဖို့ လိုအပ်လာပါတယ်။ အရင်တုန်းကတော့ ကျောင်းဆင်းချိန် ကလေးတွေကို အပြင်ထွက်ကစားခိုင်းလိုက်ရင် သူတို့ဘာသာ ကစားကြပျော်ကြနဲ့ ညနေခင်းတစ်ချိန်လောက်တော့ ထိန်းရသက်သာနိုင်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ အပြင်ထွက် ကစားခိုင်းရင် များပြားလှတဲ့ ကား၊ စက်ဘီး၊ ဆိုက်ကားတွေကြောင့် ရင်တမမ ဖြစ်နေရမှာပါ။ ဒီတော့ ငြိမ်ငြိမ် ကစားနိုင်မယ့် ဂိမ်းဆိုင်သွား၊ အင်တာနက်ဆိုင်သွားဆိုပြီး ဖြစ်လာပါတယ်။ ခေတ်သစ် ကလေးထိန်းနည်းပေါ့။ အဲဒီမှာ ဇာတ်လမ်းက စလာပါပြီ။

မျက်စိထဲသို့ တစ်စုံတစ်ခုဝင်ရောက်ပါက အန္တရာယ်မရှိအောင် ဘယ်လိုလုပ်သင့်သလဲ

Photo: မျက်စိထဲသို့ တစ်စုံတစ်ခုဝင်ရောက်ပါက အန္တရာယ်မရှိအောင် ဘယ်လိုလုပ်သင့်သလဲ
Tuesday, August 19, 2014

''မျက်စိထဲကို တစ်စုံတစ်ခုဝင်သွားပြီဆိုရင် ဘယ် လိုလုပ်သင့်တယ်ဆိုတာ မသိကြဘူး။ အဲဒီလို အခါမျိုးမှာ အမြင်အာရုံကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိကြဖို့လို ပါ တယ်'' ဟု မျက်စိအထူးကုဆရာ ဝန်ကြီးပေါမောက္ခဒေါက်တာတင်ဝင်း ကပြောကြားသည်။
ဓာတ်ဆီ၊ ရေနံဆီဝင်ရောက်ပါက
***********************************
မျက်စိထဲသို့ဓာတ်ဆီ၊ ရေနံဆီ တစ်ခုခုဝင်သွားပါက ချက်ချင်းမျက်လုံး အား သန့်စင်သည့်ရေဖြင့် ဆေးကြော သင့်ကြောင်း၊ ယင်းနောက် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ပြသကာ ကုသမှုများကို ခံယူသင့်ကြောင်း သိရသည်။
အက်စစ်၊ ထုံးဝင်ပါက 
************************
အကယ်၍ထုံးဝင်သည် ဆိုပါက လည်း ဝင်သွားသည့်ထုံး အစအန များပါမကျန်အောင် သင့်လျော်သည့် အရှိန်ပါသော ရေပိုက်တစ်ခုခုအောက် တွင်ခံ၍ မျက်စိကိုဆေးကြောခြင်း ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။ မျက်လုံးအတွင်းသို့ အက်စစ် ဝင်ရောက်သည်ဆိုပါက ချက်ချင်းနီး စပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန် ဆုံးသွားရောက်ပြသကြသော်လည်း ထုံးဝင်ရောက်ခြင်းကိုမူ အန္တရာယ် မရှိဟုထင်မှတ်ကာ ပေါ့လျော့နေတတ် ကြကြောင်း ဒေါက်တာတင်ဝင်းကဆို သည်။
''လူတွေရဲ့ခံယူချက်က ဘာလဲ ဆိုတော့ ဘက်ထရီအက်စစ်မျက်လုံး ထဲဝင်ရင်ချက်ချင်းပဲ ဆေးရုံကိုပြေး လာကြတယ်။ဘက်ထရီ အက်စစ်က ပျော့တယ်။ မျက်လုံးကို ဘာမှဆိုးဆိုး ရွားရွားမဖြစ်ဘူး။ ထုံးကတော့ မျက်လုံးထဲကို စိမ့်ဝင်နိုင်တယ်။ အဲဒီ အခြေအနေတွေမှာ ဖြစ်ပြီးတစ်ရက် လဲမရောက်၊ နှစ်ရက်လဲမရောက် နောက်ကျပြီးတော့မှ ရောက်လာကြ တယ်''ဟုယင်းကပြောသည်။
မျက်လုံးအတွင်းသို့ထုံး ဝင် ရောက်သွားပြီဆိုပါက မျက်စိကိုရေ သန့်သန့်နှင့်စင်ကြယ်အောင် သေသေ ချာချာဆေးကြောပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများ သို့အမြန်ဆုံးသွားရောက် ပြသသင့်ပြီး ထုံးသည်ပါးစပ်နှင့် စား၍ ရသောအရာဖြစ်သော်လည်း မျက်စိ အတွင်းသို့ ဝင်သွားပါက ယင်းထုံးသည် မျက်စိထဲရှိ ကလီစာများကို လှိုက်စား ကာ မျက်စိကွယ်သည်အထိဖြစ်သွား နိုင်ကြောင်း အသိပေးပြောကြား ခဲ့သည်။
ယင်းကြောင့် မိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များအား
ထုံးဝယ်ယူခိုင်းခြင်းများမပြုလုပ်ကြရန်နှင့် ထုံးများကို ထုပ်ပိုးရာတွင် လည်း အလွယ်တကူပေါက်နိုင်သော ထုပ်ပိုးနည်းများဖြင့် မပြုလုပ်သင့် ကြောင်း အသိပေးပြောကြားသည်။
အမြင်အာရုံဆုံးရှုံးစေနိုင်သည့် အရာများ
********************************************
မျက်စိထဲသို့ထုံး၊ အက်စစ်၊ အမိုးနီးယား၊ ကော့စတစ်၊ အယ်လ် ကာလီအပြင်းစသည်တို့ မျက်စိထဲသို့ ဝင်သွားပါက မျက်ကြည်လွှာတွင် အနာ ဖြစ်စေပြီးမျက်မြှေးပါးလွှာတွင် အနာ ဖြစ်ခြင်း မျက်လုံးအိမ်နှင့် မျက်ခမ်း ကပ်တွယ်သွားကာ မျက်လုံးဖွင့်မရ ခြင်း၊ မျက်လုံးအတွင်း ရောင်ရမ်းခြင်း
စသည့်နောက်ဆက်တွဲရောဂါများဖြစ် ကာ အမြင်အာရုံပင် ဆုံးရှုံးစေနိုင် ကြောင်း သိရသည်။
မျက်စိထဲသို့ယင်းပစ္စည်းများ ဝင်လျှင် ဝင်ချင်းရှေးဦးသူနာပြုစုနည်း တချို့ကိုပြုလုပ်နိုင်ပါက အမြင်အာရုံ ဆုံးရှုံးစေသည့် နောက်ဆက်တွဲဖြစ် ပေါ်လာမည့်ရောဂါများကို အတော် အသင့် ကာကွယ်ပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။
KTM
''မျက်စိထဲကို တစ်စုံတစ်ခုဝင်သွားပြီဆိုရင် ဘယ် လိုလုပ်သင့်တယ်ဆိုတာ မသိကြဘူး။ အဲဒီလို အခါမျိုးမှာ အမြင်အာရုံကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိကြဖို့လို ပါ တယ်'' ဟု မျက်စိအထူးကုဆရာ ဝန်ကြီးပေါမောက္ခဒေါက်တာတင်ဝင်း ကပြောကြားသည်။
ဓာတ်ဆီ၊ ရေနံဆီဝင်ရောက်ပါက
***********************************
မျက်စိထဲသို့ဓာတ်ဆီ၊ ရေနံဆီ တစ်ခုခုဝင်သွားပါက ချက်ချင်းမျက်လုံး အား သန့်စင်သည့်ရေဖြင့် ဆေးကြော သင့်ကြောင်း၊ ယင်းနောက် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ပြသကာ ကုသမှုများကို ခံယူသင့်ကြောင်း သိရသည်။


UNFC သုံးနှစ်တစ်ကြိမ် ညီလာခံ သြဂုတ်လ နောက်ဆုံးပတ် ကျင်းပမည်

Photo: UNFC သုံးနှစ်တစ်ကြိမ် ညီလာခံ သြဂုတ်လ နောက်ဆုံးပတ် ကျင်းပမည်
Tuesday, August 19, 2014

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ သုံးနှစ်တစ်ကြိမ် ပြုလုပ်မည့် ညီလာခံကို သြဂုတ်လ နောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်သည်ဟု UNFC ၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက သြဂုတ်လ ၁၉ ရက်က NCCT နှင့် လူငယ် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲအပြီး သတင်းထောက်များကို ပြောသည်။

“UNFC ကတော့ ပုံမှန် သုံးနှစ်တစ်ကြိမ် ညီလာခံ လုပ်ဖို့အစီအစဉ်ရှိတယ်။ လုပ်မှာပါ။ ညီလာခံကို ပြင်ဆင်နေတယ်။ အဓိကကတော့ အဖွဲ့ဝင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေပါ။”ဟု နိုင်ဟံသာက ပြောသည်။

ယင်းညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်တွင်းရှိ 
 နိုင်ငံရေး အင်အားစုများကို ဖိတ်ကြားသွားမည်ဖြစ်ပြီး ကျင်းပမည့် နေရာကိုမှု အတည်ပြုပြောကြားခြင်းမရှိပေ။

UNFCသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ယခင် ၂ဝ၁ဝ နိုဝင်ဘာလက ဖွဲ့စည်းခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီကို ပြောင်းလဲဖွဲ့စည်း ထားသည့် အဖွဲ့အစည်းဖြစ်သည်။ UNFC တွင် ချင်းအမျိုးသားတပ်ဦး(CNF)၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ(MNSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအောင်းအမျိုးသားလွတ်မြောက်ရေးပါတီ(PSLF/TNLA)၊ ဝအမျိုးသားအစည်းအရုံး (WNO)တို့ ပါဝင်သည်။

UNFCသည် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်ရန်၊ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားညီလာခံတစ်ခု ပြုလုပ်ရန်နှင့် ပင်လုံစိတ်ဓာတ်အခြေခံသည့် ပြည်ထောင်စု ညီလာခံကြီးတစ်ခု ကျင်းပရန် စသည့် စီမံကိန်း ၆ရပ်ကို ဦးတည်ကာ ငြိမ်းချမ်းရေး လုပ်ငန်းများ၊ တိုင်းရင်းသားအရေး၊ ၂ဝဝ၈ဖွဲ့စည်းပုံ အသစ်ပြန်လည်ရေးဆွဲရေး စသည့်ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိသည်။

Mizzima ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ သုံးနှစ်တစ်ကြိမ် ပြုလုပ်မည့် ညီလာခံကို သြဂုတ်လ နောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်သည်ဟု UNFC ၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက သြဂုတ်လ ၁၉ ရက်က NCCT နှင့် လူငယ် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲအပြီး သတင်းထောက်များကို ပြောသည်။ “UNFC ကတော့ ပုံမှန် သုံးနှစ်တစ်ကြိမ် ညီလာခံ လုပ်ဖို့အစီအစဉ်ရှိတယ်။ လုပ်မှာပါ။ ညီလာခံကို ပြင်ဆင်နေတယ်။ အဓိကကတော့ အဖွဲ့ဝင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေပါ။”ဟု နိုင်ဟံသာက ပြောသည်။ယင်းညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်တွင်းရှိ
နိုင်ငံရေး အင်အားစုများကို ဖိတ်ကြားသွားမည်ဖြစ်ပြီး ကျင်းပမည့် နေရာကိုမှု အတည်ပြုပြောကြားခြင်းမရှိပေ။

Master Sports စက်ရုံလုပ်သားများ နစ်နာကြေး ရက် ၃ဝ အတွင်းဖြေရှင်းပေးရန် ခုံသမာဓိရုံး ဆုံးဖြတ်လိုက်

 Photo: Master Sports စက်ရုံလုပ်သားများ နစ်နာကြေး ရက် ၃ဝ အတွင်းဖြေရှင်းပေးရန် ခုံသမာဓိရုံး ဆုံးဖြတ်လိုက်
Tuesday, August 19, 2014

ဖိနပ်စက်ရုံပိတ်သိမ်းလိုက်သောကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် အလုပ်သမားများအား အလုပ်ပိတ်နစ်နာကြေးနှင့် လုပ်ခလစာများကို သြဂုတ် ၁၉ရက်မှ ရက်ပေါင်း ၃ဝအတွင်း အလုပ်ရှင်မှ ဖြေရှင်းပေးရန် ခုံသမာဓိရုံးက သြဂုတ်လ ၁၉ရက်တွင် ဆုံးဖြတ်ချက်ချလိုက်ပြီဟု အလုပ်သမားခေါင်းဆောင် ကိုထွန်းထွန်းနိုင်က မဇ္ဈိမကို ပြောသည်။

အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒ ပုဒ်မ (၁၇)အရ ခုံသမာဓိရုံးမှ သြဂုတ်လ ၁၉ရက်မှ စ၍ ရက်၃ဝအတွင်း အလုပ်ရှင်ဘက်မှ အလုပ်သမားများအား ဖြေရှင်းပေးရမည်ဖြစ်သည်။

ယင်းအမိန့်စာတွင် လုပ်သက် ၃လအောက် အလုပ်သမားများအား အလုပ်ပိတ်သိမ်း နစ်နာကြေး ၁လစာပေးရန်၊ လုပ်သက် သုံးလမှ တစ်နှစ်အောက်ကို လုပ်ခလစာ၏ နှစ်ဆနှင့် တစ်နှစ်မှ သုံးနှစ်အတွင်း အလုပ်သမားများကို လုပ်ခလစာ သုံးဆနှုန်း စသဖြင့် အမျိုးအစား ငါးမျိုး သတ်မှတ်ထားသည်။

ခုံသမာဓိရုံးမှ အတွင်းရေးမှူး ဒေါ်နွဲ့နွဲ့ရီက "ကျွန်မတို့ရုံးက ဆုံးဖြတ်ချက်ချတဲ့ရုံး။ ရက် ၃ဝပြည့်လို့မှ အလုပ်ရှင်ဘက်က မဖြေရှင်းပေးဘူးဆိုရင် တရားစွဲတဲ့ရုံးက စွဲရမှာပေါ့။ ခုံသမာဓိရုံးကတော့ ဥပဒေနဲ့ ညီမညီဆိုတာပဲ ဆုံးဖြတ်ချက် ချမှတ်ပေးရမှာ"ဟု မဇ္ဈိမကို ပြောသည်။

Master Sport စက်ရုံ အလုပ်သမားများကို အလုပ်ရှင်က ရက်ပေါင်း ၃ဝအတွင်း ဖြေရှင်း မပေးပါက အလုပ်သမားဝန်ကြီးအနေဖြင့် နည်းလမ်းနှစ်မျိုးဖြင့် ဖြေရှင်းနိုင်သည်ဟု အလုပ်သမားဝန်ကြီး ဦးအေးမြင့်က သြဂုတ်လ ၁၆ရက်က လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ (၁) ကနောင်ခန်းမတွင် ပြုလုပ်သည့် အလုပ်ပြန်လည်နေရာချထားရေးနှင့် ထုတ်ကုန်ပစ္စည်းများ ပြပွဲ၌ ပြောကြားခဲ့ကြောင်း ကိုထွန်းထွန်းနိုင်က ဆိုသည်။

ပထမနည်းလမ်းအနေဖြင့် မြန်မာနိုင်ငံ တရားရုံးချုပ်မှ တစ်ဆင့် ကိုရီးယားနိုင်ငံ တရားရုံးချုပ်ကို ချိတ်ဆက်ကာ Master Sport စက်ရုံပိုင်ရှင် ကိုရီးယားနိုင်ငံသားကို တရားစွဲဆိုခြင်းနှင့် ဒုတိယအနေဖြင့် လှိုင်သာယာရှိ စက်ရုံအား ချိတ်ပိတ်ကာ စက်ရုံအတွင်းရှိ ကျန်ရှိပစ္စည်းများကို ထုခွဲရောင်းချကာ အလုပ်သမားများ၏ နစ်နာကြေးများ၊ လုပ်ခလစာများကို ဖြေရှင်းသည့် နည်းဖြင့် ဖြေရှင်းပေးမည်ဟု ဝန်ကြီးက ပြောဆိုခဲ့သည်ဟု ကိုထွန်းထွန်းနိုင်က ပြောသည်။

စက်ရုံပိတ်သိမ်းခဲ့သည့် မာစတာစပေါ့ စက်ရုံမှ အလုပ်ရှင်အား မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ကိုရီးယားသံရုံးမှတစ်ဆင့် ဆင့်ခေါ်သော်လည်း မြန်မာနိုင်ငံသို့ လာရောက်ခြင်း မရှိသေးပေ။

Master Sport ဖိနပ်ချုပ်စက်ရုံကို ဇွန်လ ၂၆ ရက်က ပိတ်သိမ်းခဲ့ပြီး စက်ရုံရှိ အလုပ်သမား ၈ဝဝခန့်က လုပ်ခလစာနှင့် နစ်နာကြေးများ ရရှိရန် စက်ရုံပိတ်သိမ်းသည့်နေ့မှ စတင်ကာ နံနက် ၇နာရီမှ ညနေ ၄နာရီအထိ စက်ရုံရှေ့တွင် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၁၇ရက်ကလည်း လှိုင်သာယာ စက်ရုံရှေ့မှ ဗဟန်းမြို့ ကိုရီးယားသံရုံးအထိ လမ်းလျောက်ကာ သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

လက်ရှိတွင် ယင်းစက်ရုံမှ အလုပ်သမားများမှာ အလုပ်လက်မဲ့ဖြစ်နေပြီး Master Sport အလုပ်သမားများ အလုပ်ရရှိရန် အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်၍ အလုပ်ရှင်များနှင့် သြဂုတ်လ ၂ရက်က ချိတ်ဆက်ပေးခဲ့သည်။ သို့သော် ယခုအချိန်ထိ အလုပ်သမား ၈ဝဝခန့် အထဲမှ အလုပ်သမား ၅ဝဦးသာ အလုပ်ရရှိခဲ့ပြီး အများစုမှ Master Sport စက်ရုံမှ ဆန္ဒပြ အလုပ်သမားဟု ဆိုလျှင် စက်ရုံများက အလုပ်မခန့်၍ အလုပ်လက်မဲ့ဖြစ်နေဆဲ ဖြစ်သည်။
Mizzima
 ဖိနပ်စက်ရုံပိတ်သိမ်းလိုက်သောကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် အလုပ်သမားများအား အလုပ်ပိတ်နစ်နာကြေးနှင့် လုပ်ခလစာများကို သြဂုတ် ၁၉ရက်မှ ရက်ပေါင်း ၃ဝအတွင်း အလုပ်ရှင်မှ ဖြေရှင်းပေးရန် ခုံသမာဓိရုံးက သြဂုတ်လ ၁၉ရက်တွင် ဆုံးဖြတ်ချက်ချလိုက်ပြီဟု အလုပ်သမားခေါင်းဆောင် ကိုထွန်းထွန်းနိုင်က မဇ္ဈိမကို ပြောသည်။ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒ ပုဒ်မ (၁၇)အရ ခုံသမာဓိရုံးမှ သြဂုတ်လ ၁၉ရက်မှ စ၍ ရက်၃ဝအတွင်း အလုပ်ရှင်ဘက်မှ အလုပ်သမားများအား ဖြေရှင်းပေးရမည်ဖြစ်သည်။

LG G3 review စောင့်ရတာတန်တဲ့ ဖုန်းတစ်လုံး


LG G3 ဟာ ကောင်းမွန်တဲ့ဖုန်းခေါ်ဆိုနိုင်မှု၊ မြန်ဆန်တဲ့ LTE Data Speed, ကောင်းမွန်တဲ့ကင်မရာ၊ တောက်ပပြီး ရုပ်ထွက်ကောင်းတဲ့မျက်နှာပြင်၊ လုပ်ဆောင်ချက်မြန်မြန်လုပ်နိုင်ဖို့အတွက် quad-core processor၊ Android 4.4 ကိုပြန်လည်ပြင်ဆင်ထားတဲ့ flat UI၊ ယခင် LG G2 မော်ဒယ်ထက် အဘက်ဘက်မှာ ပိုမိုထူးခြားကောင်းမွန်လာတဲ့စနစ်များ
The Bad : Resolution 2560x1440 ပမာဏရှိ QHD မျက်နှာပြင်ကိုတပ်ဆင်ထားပေးတာကြောင့် ပါဝါစားပြီး ဘထ္ထရီသက်တမ်းကို တိုတောင်းစေပါတယ်
The Bottom Line : ကောင်းမွန်တဲ့ဒီဇိုင်းနဲ့ feature အစုံအလင်နဲ့ LG ကုမ္ပဏီဟာ ၄င်းရဲ့ တောင်ကိုရီးယားကုမ္ပဏီပြိုင်ဘက် Samsung ကိုကောင်းကောင်း စိန်ခေါ်နိုင်လာပါတယ်
LG ကုမ္ပဏီဟာ စမတ်ဖုန်းကြိုးဝိုင်းထဲကို Samsung ထက် အမြဲတမ်းခြေတစ်လှမ်းနောက်ကျပြီးမှ ဝင်လေ့ရှိပါတယ်။ အခုလည်း Galaxy S5 မိတ်ဆက်ပြီးကာမှ LG G3 ကို ဈေးကွက်ထဲ မိတ်ဆက်ခဲ့ပါတယ်။ အထူးသဖြင့် မိခင်ကုမ္ပဏီတွေရဲ့ဒေသ တောင်ကိုရီးယားနိုင်ငံမှာတော့ ဒီဖုန်း၂လုံးရဲ့ပြိုင်ပွဲဟာ ပြင်းထန်လှပါတယ်။ သတင်းတွေအရတော့ စစ မိတ်ဆက်ချင်းကာလမှာ LG G3 ရဲ့ ရောင်းအားနှုန်းဟာ Galaxy S5 ထက် သာလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အူရီးဒူးဆင်းမ်ကတ်ထွက်သော်လည်း အမ်ပီတီကတ်များ အရောင်းအ၀ယ်ဖြစ်ဆဲ

၁၅၀၀ ကျပ်တန် မိုဘိုင်းဆင်းမ်ကတ်များကို အူရီးဒူးမြန်မာ ကုမ္ပဏီက သြဂုတ်လဆန်းပိုင်းမှ စတင်ရောင်းချပေးခဲ့သော်လည်း ယခင်က ရောင်းချပေးခဲ့သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဆင်းမ်ကတ်များကို လာရောက်ဝယ်ယူမှုများရှိနေဆဲဖြစ် ပြီး ယခင်ပေါက်ဈေးများထက် အနည်းငယ်လျော့ကျသွား ကြောင်း စုံစမ်းသိရသည်။
‘‘MPT ဖုန်းတွေက GSM ရော WCDMA ရော ရောင်းနေရတုန်း ပဲ။ လာရောင်းတဲ့ သူရှိရင်တော့ သုံးသောင်းခွဲနဲ့ ၀ယ်တယ်။ ပြန် ရောင်းရင်တော့ လေးသောင်းလောက်နဲ့ ပြန်ရောင်းတယ်၊ CDMA တွေလည်း လေးသောင်းလောက်ပေါက်တယ်။ နယ်ဘက်တွေကအ၀ယ်လိုက်နေတုန်းပဲ။ ဒါပေမဲ့ MPT ဖုန်းတွေက ပြန်ရောင်းတဲ့ သူက ရှားသွားပြီ’’ဟု အင်းစိန်မြို့နယ်ရှိ ဖုန်းဆိုင်ပိုင်ရှင် ကိုတင်ဝင်းလှိုင်က ပြောသည်။မြန်မာ့ဆက်သွယ်ရေးမို ဘိုင်းဆင်းမ်ကတ်များမှာ လစဉ်မဲ စနစ်ဖြင့် ရောင်းချပေးခြင်းနှင့် ပင်စင်စားဝန်ထမ်းများအတွက် ချ ထားပေးသည့် မိုဘိုင်းဆင်းမ်ကတ်များကို လာရောက်ရောင်းချသူများရှိခြင်းကြောင့် လက်ရှိတိုင် အရောင်းအ၀ယ်ရှိနေဆဲဖြစ်ပြီး ယခင်က GSM နှင့် WCDMA ဖုန်းများ ကျပ်ကိုးသောင်းဝန်းကျင် ဈေးပေါက်ကြောင်း သိရသည်။

ရဲသားကြီး ကိုလှရွှေ လူဆိုး ဖမ်းနိုင်စေ

ရွားသားတွေက ရဲတွေကို ၀ိုင်းပြန်ပြီမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကို ရွာသားတွေ ၀ိုင်းပြီး ဖမ်းလိုက်တဲ့ ဖြစ်ရပ်တစ်ခု ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်မှာ ထပ်မံ ဖြစ်ပွားသွားခဲ့ပြန်ပါပြီ။ မနှစ် စက်တင်ဘာလထဲ နေပြည်တော် ကောင်စီနယ်မြေမှာ အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ပြီး တစ်နှစ်လောက်အကြာ အခုတစ်ခါ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက ညောင်ဝန်းဆိုတဲ့ ကျေးရွာမှာ ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို တုတ်တွေ ဓားတွေ ကိုင်ဆောင်ထားတဲ့ ရာနဲ့ချီတဲ့ ကျေးရွာသားတွေက ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးထားလိုက်ကြတာပါ။ နေပြည်တော် ကောင်စီနယ်မြေထဲ ရွာသားတွေက ရဲတွေကို ၀ိုင်းဖမ်းထားလိုက်တုန်းက ညကြီးမင်းကြီးဖြစ်ပြီး အခုကတော့ မနက်ခင်း ၉ နာရီလောက်မှာ အခင်းဖြစ်ပွားခဲ့တာပါ။ ဒီတစ်ကြိမ် ထပ်မံဖြစ်ပွားပုံက အခုနှစ်ထဲ ခပ်စိပ်စိပ် ဖြစ်လာတဲ့ ထွန်တုံးတိုက်ပွဲဝင်ရင်း ဖြစ်ခဲ့တာပါ။ ညောင်ဝန်းက တောင်သူတွေ ထွန်တုံးတိုက်ပွဲဝင်ဖို့ လုပ်တာကို လာတားတဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀ လောက်နဲ့ ကျေးရွာသားတွေ ထိပ်တိုက် တွေ့ကြပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။

အမျိုးသားလွှတ်တော်တွင် ကျင့်သုံးမည့် ပီအာရ်စနစ် ကော်မရှင်ဆုံးဖြတ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများအ တွက် ကိုယ်စားလှယ်လောင်းသို့ အသိပေးရမည့် ပီအာရ်စနစ် (Open List) ကို မြန်မာနိုင်ငံတွင် ကျင့်သုံးရန် အမျိုးသားလွှတ် တော် ပီအာရ် အကောင်အထည်ဖော်ရေးကော်မရှင်က သြဂုတ် ၁၈ ရက်တွင် ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။‘‘ပီအာရ်ကို တိုင်းဒေသကြီး ရော၊ ပြည်နယ်တွေရော အား လုံးသုံးမယ်။ Open List သုံး မယ်။ ဒါပေမဲ့ မဲဆန္ဒနယ်ပြန် လည်သတ်မှတ်ဖို့ ကိစ္စကတော့ တော်တော်ဆွေးနွေးရဦးမှာပါ’’ဟု ယင်းကော်မရှင်အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအုန်းတင်ကပြောသည်။ပီအာရ်စနစ်ကို တိုင်းရင်း သားနိုင်ငံရေးပါတီများက ကန့် ကွက်ထားပြီး အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင်ကျင့်သုံး ခြင်းမပြုရန် တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ်များက ထုတ်ဖော်ပြောကြားထားသည်။ ပီအာရ်စနစ်ကျင့်သုံးရာတွင် ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ များကိုသာ မဲပေးရပြီး နိုင်ငံရေး ပါတီများက ၎င်းတို့၏ ကိုယ်စား လှယ်လောင်းများ အမည်စာရင်း ကို ထုတ်ဖော်ခြင်းမရှိသည့် စနစ် (Close List) နှင့် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းကို ထုတ်ပြန်ရသည့်စနစ်(Open List)တို့တွင် မြန်မာနိုင်ငံနှင့် ကိုက်ညီ နိုင်မည့် စနစ်ကိုရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးဖုန်းမြင့်အောင်က ဆို သည်။

ဖက်ဒရယ်ပြည်ထောင်စုမှသည် စစ်မှန်သော ငြိမ်းချမ်းရေးဆီသို့

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက လက်ရှိအစိုးရနှင့် လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများအကြား ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့်ပတ်သက်ပြီး ဘုံသဘော တူညီချက်တချို့ ရရှိထားပြီဆိုသည့် သတင်းကို ကားခဲ့ကြရသည်။ မင်္ဂလာရှိသော သတင်းအဖြစ် လူတိုင်း လက်ခံကြရပါသည်။
သို့သော် မည်ကဲ့သို့သော ဖက်ဒရယ်ပြည်ထောင်စုပုံစံ ဖြစ်မည်လဲဆိုသည်ကတော့ ဆက်လက်ဆွေးနွေးညှိနှိုင်းကြရဦးမည့်သဘော ရှိနေသေးသည်။ မည်သို့ပင်ဖြစ်စေ ယခင်နှစ်ပေါင်း ၅၀ ကျော်ကတည်းက ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေး အယူအဆသာဖြစ်သည်ဟု အစိုးရအမျိုမျိုးအဆက်ဆက် မှားယွင်းစွာ ၀ါဒဖြန့်ချိလာခဲ့သည့် ခေတ်တစ်ခေတ်သည်မူ နိဂုံးချုပ်သွားလေပြီဟုတော့ ပြောလို့ရပါသည်။

ဆီးရီးယား ဓာတုလက်နက်များအား ဖျက်ဆီးမှု ပြီးဆုံး

 Photo: ဆီးရီးယား ဓာတုလက်နက်များအား ဖျက်ဆီးမှု ပြီးဆုံး
Tuesday, August 19, 2014

ဆီးရီးယားတွင် သြဂုတ် ၁၈ က ဓာတုလက်နက်များ ဖျက်ဆီးမှု ပြီးဆုံးခြင်းအပေါ် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ချီးမွမ်းပြောကြား လိုက်ပြီး ဆီးရီးယားအစိုးရအနေဖြင့် ၎င်း၏ ကတိက၀တ်အ တိုင်း ဆက်လက်လုပ်ဆောင်မှု ရှိ၊မရှိ ကို စောင့်ကြည့်သွားမည်ဟု ပြောကြားသည်။
“ဆီးရီးယားနိုင်ငံက ဓာတုလက်နက်အမြောက်အများကို ဖျက်ဆီးခဲ့မှုကြောင့် ဒီလက်နက်တွေပျံ့နှံမှုကို ထိန်းချုပ်ဖို့ ကျွန်တော်တို့အား လုံး ရဲ့ ဆောင်ရွက်နေမှုမှာ အရေးပါတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။
အဆိုပါ လက်နက်များကို မေရိကန်ရေတပ်စစ်သင်္ဘောက မြေထဲပင်လယ်အတွင်း ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။

ဆီးရီးယားမြို့တော် ဒမတ်စကတ်အနီး ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၄၀၀ ခန့် သေဆုံးခဲ့ရမှုအပေါ် ကမ္ဘာ့နိုင်ငံများက ကန့်ကွက်ရှုတ်ချမှုများ လုပ်ဆောင်ခဲ့သောကြောင့် သမ္မတဘာရှာအာဆတ်အစိုးရက ၎င်းတို့ပိုင်ဆိုင်ထားသည့် ဓာတုလက်နက်များကို ဖျက်ဆီးပစ်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။
Ref:AFP
ဆီးရီးယားတွင် သြဂုတ် ၁၈ က ဓာတုလက်နက်များ ဖျက်ဆီးမှု ပြီးဆုံးခြင်းအပေါ် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ချီးမွမ်းပြောကြား လိုက်ပြီး ဆီးရီးယားအစိုးရအနေဖြင့် ၎င်း၏ ကတိက၀တ်အ တိုင်း ဆက်လက်လုပ်ဆောင်မှု ရှိ၊မရှိ ကို စောင့်ကြည့်သွားမည်ဟု ပြောကြားသည်။
“ဆီးရီးယားနိုင်ငံက ဓာတုလက်နက်အမြောက်အများကို ဖျက်ဆီးခဲ့မှုကြောင့် ဒီလက်နက်တွေပျံ့နှံမှုကို ထိန်းချုပ်ဖို့ ကျွန်တော်တို့အား လုံး ရဲ့ ဆောင်ရွက်နေမှုမှာ အရေးပါတဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။

မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ကော်မတီ ဖျက်သိမ်း၊ အသစ်ပြန်ဖွဲ့စည်း

မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး   ကော်မတီကို တရားဝင်ဖျက်သိမ်းခဲ့ပြီး သုံးလ သက်တမ်းရှိ ကော်မတီသစ်တစ် ရပ် ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိ သည်။

ဝီကီလိခ်ထူထောင်သူက အီကွေဒေါသံရုံးတွင် ခိုလှုံရာမှ မကြာမီထွက်ခွာတော့မည်ဟု ပြောကြား

Photo: ၀ီကီလိခ်ထူထောင်သူက အီကွေဒေါသံရုံးတွင် ခိုလှုံရာမှ မကြာမီထွက်ခွာတော့ မည်ဟု ပြောကြား
Tuesday, August 19, 2014

ဝီကီလိခ်ထူထောင်သူ ဂျူလီယန်အက်ဆန်းက လန်ဒန်မြို့ရှိ အီကွေဒေါသံရုံးတွင် ခိုလှုံရာမှ မကြာမီ ထွက်ခွာတော့မည်ဟု သြဂုတ် ၁၈ ရက် တွင် ပြောကြားခဲ့သော်လည်း ၎င်း၏အဖွဲ့က ထိုသို့ မလုပ်ဆောင်သင့်ကြောင်းနှင့် ဗြိတိန်အစိုးရနှင့် ဆွေးနွေးပြီးမှသာ သံရုံးမှ ထွက်ခွာ သင့်ကြောင်း ပြော ကြားသည်။

အက်ဆန်းသည် ဆွီဒင်နိုင်ငံတွင် မုဒိမ်းမှု၊ကလေးငယ်များနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများဖြင့် စွပ်စွဲခံခဲ့ရပြီး ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းက ဗြိတိန်သို့ ရောက်ရှိစဉ် လန်ဒန်မြို့ရှိ အီကွေဒေါသံရုံး၌ ခိုလှုံနေခဲ့ခြင်းဖြစ်သည်။

အသားအရေဖျော့တော့ကာ မုတ်ဆိတ်မွှေးများထူနေသည့် အက်ဆန်းက “ကျွန်တော် သံရုံးကနေ မကြာမီစွန့်ခွာတော့မှာပါ” ဟု ပြောကြား ခဲ့သည်။

အက်ဆန်းသည် နှလုံးရောဂါ၊အဆုတ်ရောဂါနှင့် သွေးတိုးရောဂါတို့ကို ခံစားနေရကြောင်း ၀ီကီလိခ်၏ သတင်းရင်းမြစ်တစ်ဦး ပြောကြားချက်ကို ဗြိတိန်မီဒီယာများတွင် ဖော်ပြခဲ့ပြီးနောက် ၎င်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

အသက် ၄၃ နှစ်အရွယ် အက်ဆန်က သံရုံးတွင်းမှ မည်သည့်အချိန်တွင် မည်သို့ ထွက်ခွာမည်ကို ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။

အက်ဆန်းအနေဖြင့် ၎င်း၏ အမှုအား ဗြိတိန်အစိုးရနှင့် ညှိနှိုင်းပြီးမှသာ သံရုံးအတွင်းမှ ထွက်ခွာ သင့်ကြောင်း ၀ီကီလိခ်၏ ပြောခွင့်ရပုဂ္ဂိုလ် ခရစ်စတင်းဟာရက်ဖ်ဆွန်က သတင်းစာရှင်းလင်းပွဲတစ်ခု တွင် ပြောကြားသည်။

အက်ဆန်းအနေဖြင့် ဗြိတိန်အစိုးရက ဆွီဒင်သို့ ပြန်ပို့ပါက အမေရိကန်နိုင်ငံသို့  ထပ်မံလွှဲပြောင်းခံရပြီး အမေရိကန်စစ်ဘက်နှင့် သံတမန်ရေး ရာ အချက်အလက်များကို ၀ီကီလိခ်က ဖွင့်ချခဲ့မှုနှင့်ပတ်သက်ပြီး တရားစွဲဆိုခံရမည်ကိုလည်း ၎င်းက စိုးရိမ်လျက်ရှိသည်။

အမေရိကန်ကြည်းတပ် တပ်သွားဟောင်း ချဲလ်စီမန်နင်ခေါ် ဘရက်ဒလေမန်နင်သည်လည်း လျှို့ဝှက် အချက်အလက်များကို ၀ီကီလိခ်သို့ ပေးပို့ခဲ့ မှုကြောင့် ယမန်နှစ်က ထောင်ဒဏ်  ၃၅ နှစ် ချမှတ်ခံခဲ့ရသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက အက်ဆန်းနှင့်ပတ်သက်၍ မိမိတို့ သဘောထားသည် ပြောင်းသွား မည်မဟုတ်ဘဲ သံတမန်လုပ်ထုံး လုပ်နည်းများအတိုင်း ၎င်း၏ ဆွီဒင်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ် ကြောင်းနှင့် အီကွေဒေါသံရုံးအနေဖြင့်လည်း ယခုပြဿနာအား အဆုံးသတ်နိုင်ရန် ပါဝင်ကူညီရေး အတွက် တောင်းဆိုထားသည်။

Ref:AFP
Mizzima - News in Burmese
ဝီကီလိခ်ထူထောင်သူ ဂျူလီယန်အက်ဆန်းက လန်ဒန်မြို့ရှိ အီကွေဒေါသံရုံးတွင် ခိုလှုံရာမှ မကြာမီ ထွက် ခွာတော့ မည်ဟု သြဂုတ် ၁၈ ရက် တွင် ပြောကြားခဲ့သော်လည်း ၎င်း၏အဖွဲ့က ထိုသို့ မလုပ်ဆောင် သင့်ကြောင်းနှင့် ဗြိတိန်အစိုးရနှင့် ဆွေးနွေးပြီးမှသာ သံရုံးမှ ထွက်ခွာ သင့်ကြောင်း ပြော ကြားသည်။

Monday, August 18, 2014

တင်ပါးလှုပ်အက၏ ကျော်ကြားလာမှုအပေါ် ဆိုက်ဘေးရီးယားသူများ ဂုဏ်ယူ

Photo: တင်ပါးလှုပ်အက၏ ကျော်ကြားလာမှုအပေါ် ဆိုက်ဘေးရီးယားသူများ ဂုဏ်ယူ
Monday, August 18, 2014

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသမှ အကြီးဆုံးဖြစ်သည့် နိုဗိုဆီဘရစ်မြို့တွင် ပြုလုပ်ခဲ့သော တင်ပါးလှုပ်အက အစီအစဉ်တစ်ခုကို You Tube တွင် တင်ခဲ့ရာ ကြည့်ရှုသူပေါင်း ၂၉ သန်းအထိ ရှိခဲ့သည်။
အဆိုပါအက ကြောင့်ပင် နိုဗိုဆီရစ်မြို့၏ Fraules (ဂရိဘာသာဖြင့် စတော်ဘယ်ရီသီးလေးများ) အက အဖွဲ့သည်လည်း ထင်ရှားလာခဲ့ပြီး အမေရိကန် အဆိုတော်နှင့်အကမယ် ဘီယွန်းစေး၊ ဂျက်နက်ဂျက်ဆင်နှင့် ဂျနီဖာလိုပက်ဇ်တို့အား အကသင်ပေးရသူ အမေရိကန်အကပညာရှင် ဒန်နီရယ်ပိုလန်ကိုပင် လာရောက်ကြည့်ရှုရသည်အထိ ကျော်ကြားခဲ့သည်။

“ဒီ ဗီဒီယိုထဲက အကကြောင့် ဆိုက်ဘေးရီးယားနဲ့ စိတ်ဝင်စားတဲ့သူများလာပါတယ်” ဟု Fraules အကအဖွဲ့ထား ထူထောင်ထားသူ အသက် ၂၃ နှစ်အရွယ် ယီလီနာ ယက်ကီနာက ပြောကြားသည်။

“ကျွန်မတို့ ဆိုက်ဘေးရီးယားဒေသဟာ ဘယ်လောက်တောင် နေချင်စရာကောင်းလဲဆိုတာ လူတွေကို ပြောပြလိုပါတယ်။ ကျွန်မကိုယ် ကျွန်မ မော်စ ကိုမြို့သူ မဟုတ်ဘူး၊ နိုဗိုဆီဘရစ်မြို့သူဆိုတာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုပါတယ်” ဟု သူမက ပြောကြားသည်။

အမေရိကန်အကပညာရှင် ပိုလန်ကိုက “ဒီနေရာက အရမ်းအေးပေမယ့် လူတွေက နွေးထွေးမှုရှိပြီး ပိုမိုဖော်ရွေပါတယ်။ မော်စကိုထက် ပိုကောင်းပါတယ်” ဟု ပြောကြားသည်။

ယတ်ကီနာက သူမတို့အဖွဲ့ အနေဖြင့် လှည့်လည်ဖြေဖျော်ပွဲများ လုပ်ဆောင်ရန် ကြိုးပမ်းနေပြီး ကမ္ဘာ့ပေါ်တွင် ကျင်းပသည့် အကပြိုင်ပွဲများတွင် တတ်နိုင်သမျှ ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ပြောကြားသည်။

အဆိုပါအကအဖွဲ့သည် ၎င်းတို့အကအဖွဲ့မှ ဗီဒီယိုများကို  ၀က်ဘ်ဆိုက်သို့ တင်ပြီး သင်တန်းသားများ အနေဖြင့် တင်ပါးလှုပ်အကတွင် မည်မျှအထိ တိုးတက်လာ သည်ကို ထုတ်ဖော်ပြသကြသည်။

“လူတွေရဲ့ခန္ဓာကိုယ်မှာ စွမ်းအင်တွေ၊ ကာရန်ညီပြီး လှပတဲ့ လှုပ်ရှားမှုတွေလိုပါတယ်။ ကျွန်မတို့ သင်တန်းကို ဆောင်းရာသီမှာ လာတက်မယ်ဆို ရင်တော့ ရေနွေးငွေ့နဲ့ ပေါင်းခံသလိုဖြစ်ပြီ တစ်ကိုယ်လုံး ချွေးထွက်လာပါလိမ့်မယ်” ဟု ယက်ကီနာက ပြောကြားသည်။
Ref: RT ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသမှ အကြီးဆုံးဖြစ်သည့် နိုဗိုဆီဘရစ်မြို့တွင် ပြုလုပ်ခဲ့သော တင်ပါးလှုပ်အက အစီအစဉ်တစ်ခုကို You Tube တွင် တင်ခဲ့ရာ ကြည့်ရှုသူပေါင်း ၂၉ သန်းအထိ ရှိခဲ့သည်။အဆိုပါအက ကြောင့်ပင် နိုဗိုဆီရစ်မြို့၏ Fraules (ဂရိဘာသာဖြင့် စတော်ဘယ်ရီသီးလေးများ) အက အဖွဲ့သည်လည်း ထင်ရှားလာခဲ့ပြီး အမေရိကန် အဆိုတော်နှင့်အကမယ် ဘီယွန်းစေး၊ ဂျက်နက်ဂျက်ဆင်နှင့် ဂျနီဖာလိုပက်ဇ်တို့အား အကသင်ပေးရသူ အမေရိကန်အကပညာရှင် ဒန်နီရယ်ပိုလန်ကိုပင် လာရောက်ကြည့်ရှုရသည်အထိ ကျော်ကြားခဲ့သည်။

မလေးရှားရှိ မြန်မာနိုင်ငံသား ၇၅ ဦးကိစ္စ သံတမန်နည်းဖြင့် ညှိနေဟု မြန်မာသံရုံးပြော

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ လေဆိပ်တွင် မြန်မာနိုင်ငံသား ၇၅ ဦးဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးက ကြေညာချက်တစ်စောင် ယနေု့ထုတ်ပြန်လိုက်သည်။မြန်မာနိုင်ငံသား ၇၅ ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး ၅၂ ဦးအား ထောင်ဒဏ်ချမှတ်လိုက်ခြင်းကြောင့် ပြစ်ဒဏ်ကို သက်ညှာစွာ စဉ်းစားပေးရန်နှင့် ကျန်အပြစ်မဲ့ထိန်းသိမ်းခံထားရသော သူများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရန်အတွက် မလေးရှားနိုင်ငံ မြန်မာသံရုံးက သံတမန်နည်းလမ်းအရ လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။မလေးရှားနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိ၏ နိုင်ငံကူးလက်မှတ်တွင်ပါရှိသည့် ပြည်ဝင်ခွင့်(ဗီဇာ)အပါအ၀င် အခြားအချက်အလက်များကို ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် အထူးဂရုပြုဆောင်ရွက်သင့်ကြောင်း မလေးရှားနိုင်ငံမြန်မာသံရုံးက နှိုးဆော်ထားသည်။
7daydaily

ရေအောက် ဖိုင်ဘာကြိုးများကို ငါးမန်းရန်မှ ကာကွယ်နိုင်ရန် Google စီစဉ်နေ

အင်တာနက် ရှာဖွေရေး လုပ်ငန်းစုကြီး Google သည် ၎င်းတို့၏ ရေအောက် အင်တာနက် ဖိုင်ဘာလိုင်းများကို ငါးမန်းများ၏ ဝါးမြိုကိုက်ဖျက်မှုမှ ကာကွယ်ရန်အစီအမံများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။ Google ၏ ထုတ်ကုန်ဌာန မန်နေဂျာ တစ်ဦးက Google သည် ကျည်ကာ အင်္ကျီများတွင် အသုံးပြုသည့် ကက်ဗ်လာသားကဲ့သို့ ကြားခံပစ္စည်းမျိုး ကို ရေအောက် ဖိုင်ဘာကြိုးများတွင် ထည့်သွင်း တပ်ဆင်နေကြောင်း Network World သို့ ပြောကြားခဲ့သည်။ ကမ္ဘာ့အင်တာနက်ကွန်ရက် ဖြန့်ကျက်မှုတွင် ရေအောက်မှ သွယ်တန်းထားသည့် ဖိုင်ဘာကြိုးလိုင်းများသည် အဓိက အကျဆုံး ဆက်သွယ်မှု လမ်းကြောင်းများ ဖြစ်ကြသည်။ရေအောက် ဖိုင်ဘာကြိုးများ ပြတ်တောက်နိုင်သည့် အကြောင်းရင်းများတွင် ငါးမန်းများ၏ သွားဒဏ်ကလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ငါးမန်းများသည် အမြင်အာရုံ မကောင်းလှသဖြင့် ဖိုင်ဘာကြိုးလိုင်းများက ထုတ်လွှင့်နေသော သံလိုက်စက်ကွင်းကို အာရုံခံကာ အစာဟု မှားယွင်းယူဆပြီး ကိုက်ဖြတ်လေ့ရှိသည်။ ငါးအုပ်ကြီးတစ်အုပ် ကစဥ့်ကလျား လှုပ်ရှား ကူးခတ်သွားချိန်တွင် ဖြစ်ပေါ်လာသော ရိုက်ခတ်မှုမျိုးသည် ဖိုင်ဘာကြိုးလိုင်းများ၏ သံလိုက်စက်ကွင်းမှ လှိုင်းများ ရိုက်ခတ်မှုနှင့်တူညီနေတတ်ရာ ငါးမန်းများက အဆိုပါ ကြိုးများကို ကိုက်ခဲရန် အလွန်စိတ်ဝင်စားလေ့ ရှိကြောင်းလည်း သိရသည်။

ယူကရိန်းသူပုန်များကို သံချပ်ကာကားများနှင့် တိုက်ခိုက်ရေးသမားများ ရုရှားထောက်ပံ့

Photo: ယူကရိန်းသူပုန်များကို သံချပ်ကာကားများနှင့် တိုက်ခိုက်ရေးသမားများ ရုရှားထောက်ပံ့
Monday, August 18, 2014

ရုရှားက လေ့ကျင့် သင်တန်းပေးထားသော တိုက်ခိုက်ရေးသမားများနှင့် သံချပ်ကာကား အသစ်များကို ယူကရိန်းသူပုန်များ လက်ခံရရှိထားပြီး ယူကရိန်း အစိုးရတပ်ဖွဲ့ကို တန်ပြန်ထိုးစစ် ဆင်နွှဲရန် စီစဉ်နေကြောင်း ခွဲထွက်ရေး သူပုန်ခေါင်းဆောင် တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။
တင့်ကားအစင်း ၃၀ အပါအဝင် သံချပ်ကာ ကားစီးရေ ၁၅၀ ခန့်ကို ယူကရိန်းသူပုန်များ စတင် လက်ခံရရှိနေပြီဟု ခွဲထွက်ရေး ကြေညာထားသော ဒိုးနတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် အလက်ဇန်းဒါး ဇတ်ဟာချန်ကိုက ပြောကြားလိုက်ပြီး ရုရှားတွင် လေးလတာ စစ်သင်တန်း တက်ရောက်ထားသော တိုက်ခိုက်ရေးသမား ၁၂၀၀ ခန့်လည်း ယူကရိန်းသို့ စတင် ရောက်ရှိလာပြီဟု ပြောကြားလိုက်သည်။
“တကယ့်အရေးကြီးတဲ့ အချိန်မှာ သူတို့ ရောက်ရှိ ပူးပေါင်းလာတာပါ” ဟု ၎င်းက သောကြာနေ့တွင် ထုတ်ပြန်လိုက်သော ဗီဒီယိုတွင် ပြောကြားထားသည်။
သို့သော်လည်း သံချပ်ကာ ကားများကို မည်သည့်နေရာမှ ရရှိကြောင်းကို သူပုန်ဝန်ကြီးချုပ်က ရှင်းလင်း ပြောကြားသွားခြင်း မရှိပေ။
ယူကရိန်းသူပုန်များကို လက်နက်နှင့် ရန်ပုံငွေများ ထောက်ပံ့လျက် ရှိသည်ဟု ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများက စွပ်စွဲထားသော်လည်း ရုရှားက ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။
ထို့အပြင် ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များမှာ လေးလတာ ကြာမြင့်လာပြီ ဖြစ်သော တိုက်ပွဲတွင် အရေးနိမ့်လာခြင်းကြောင့် ရုရှားက ဝင်ရောက်စွက်ဖက်မှု လုပ်ဆောင်လာမည်ကို ကီယက်နှင့် အနောက်နိုင်ငံများက စိုးရိမ်လျက်ရှိသည်။
ယူကရိန်းနယ်မြေတွင်းသို့ ရုရှားသံချပ်ကာ ယာဉ်တန်း သောကြာနေ့ ညတွင် ဝင်ရောက်လာသည်ဟု ယူကရိန်းစစ်တပ်က ပြောကြားခဲ့ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွင် စိုးရိမ်မှု တိုးပွားလာခဲ့သဖြင့် ကမ္ဘာ့ရှယ်ယာ ဈေးကွက်တွင် ရှယ်ယာများ ထုတ်ရောင်းမှု ပေါ်ပေါက်ခဲ့သည်။“
ယင်းကဲ့သို့ သတင်းများ ထွက်ပေါ်နေခြင်းကြောင့် ခွဲထွက်ရေး သူပုန်များထံသို့ လက်နက်များ ပေးပို့နေမှုကို ရပ်တန့်ရမည်ဖြစ်ကာ အပစ်အခတ်ရပ်စဲမှု ရရှိရေး လုပ်ဆောင်ရမည်ဟု ဂျာမနီ ချန်ဆယ်လာမာကယ်နှင့် ယူကရိန်းသမ္မတ ပိုရိုရှန်ကိုတို့ နှစ်ဦးက ပူးတွဲ တောင်းဆိုလိုက်သည်။
ထို့အပြင် ယူကရိန်း တပ်ဖွဲ့ဝင်များကို စစ်ရေး အကူအညီပေးရန် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ကလင်ကင်က နေတိုးစစ်အုပ်စုကို တောင်းဆိုလျက် ရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရသော ယူကရိန်း သူပုန်များက တန်ပြန်ထိုးစစ်ကြီး တစ်ရပ်ဆင်နွှဲမည်ဟု ထုတ်ဖော် ပြောကြားနေသော်လည်း လက်ရှိအချိန်ထိ မည်သည့်ထိုးစစ်မှ ထွက်ပေါ်လာခြင်း မရှိသေးပေ။
The Voice Weekly 
 ရုရှားက လေ့ကျင့် သင်တန်းပေးထားသော တိုက်ခိုက်ရေးသမားများနှင့် သံချပ်ကာကား အသစ်များကို ယူကရိန်းသူပုန်များ လက်ခံရရှိထားပြီး ယူကရိန်း အစိုးရတပ်ဖွဲ့ကို တန်ပြန်ထိုးစစ် ဆင်နွှဲရန် စီစဉ်နေကြောင်း ခွဲထွက်ရေး သူပုန်ခေါင်းဆောင် တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများအပေါ် တွေးခေါ်ရှုမြင်သုံးသပ်ပုံ ပြောင်းလိုက်ပြီဟု ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ပြော

  ပြန်ကြား ရေးဝန်ကြီးဌာနအနေဖြင့် အရပ်ဖက် လူမှုအဖွဲ့ အစည်း (NGO)များအ ပေါ် တွေးခေါ်ရှုမြင် သုံးသပ်ပုံပြောင်း လိုက်ပြီ ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။ဩဂုတ် ၁၇ ရက်တွင် ပြန်ကြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးဦးရဲထွဋ် က မြန်မာနိုင်ငံသတင်း စာဆရာအသင်းရုံးသို့ လာရောက်ကာ အသင်းတာ ဝန်ရှိသူ သတင်းစာဆရာ ကြီးများနှင့် တွေ့ဆုံဆွေးနွေးအပြီး တွင် သတင်းမီဒီယာ သမားများအား ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။''ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ပြန်ကြားရေးဝန်ကြီး ဌာနအနေနဲ့ NGO အဖွဲ့အစည်း တွေအပေါ် တွေးခေါ် ရှုမြင်သုံးသပ် ပုံပြောင်း လိုက်ပါပြီ ။ ပြောင်းတယ်ဆို တာ ကျွန်တော်တို့ အစိုးရဌာနတွေ တော်တော် များများဟာ ဟိုတုန်းက ဗဟိုချုပ်ကိုင်မှုကြီးမားတဲ့စနစ်အောက် မှာနေခဲ့တုန်းက အစိုးရကဦးစီး ဖွဲ့စည်း ပေးလိုက်တဲ့ NGO တွေအပေါ်မှာ ဝန်ကြီးဌာနတွေက ကြီးကြပ်ကွပ်ကဲခဲ့တဲ့အစဉ်အလာတွေရှိတယ်။ ဒီဘက်ခေတ်စနစ်ပြောင်းတဲ့ အခါမှာ NGO အနေနဲ့ လွတ်လွတ် လပ်လပ် ဖြစ်သွားပေမယ့်လဲ တချို့သောအစိုးရ အရာရှိတွေ ရဲ့ မသိစိတ်ထဲမှာ NGO ဆိုတာ ဝန်ကြီးဌာနတွေ ရဲ့ အောက် မှာရှိတယ်ဆို တဲ့စိတ်မျိုးတွေဖြစ်နေ တတ်တယ်''ဟု ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် က ပြောသည်။

စက်မှုဇုန်အလုပ်အကိုင်ပြပွဲတွင် လူ ၈၀ ကျော် ချက်ချင်းအလုပ်ရ

Photo: စက်မှုဇုန်အလုပ်အကိုင်ပြပွဲတွင် လူ ၈၀ ကျော် ချက်ချင်းအလုပ်ရ
Monday, August 18, 2014 

လုပ်သား နှစ်ထောင်ခန့် အလုပ်ခေါ်ဆိုထားသော စက်မှုဇုန်အလုပ်အကိုင်ပြပွဲတွင် လုပ်သား ၈၀ ကျော်အား ချက်ချင်းအလုပ်ခန့်ထားခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

သြဂုတ် ၁၆ နှင့် ၁၇ ရက်တွင် လှိုင်သာယာစက်မှုဇုန်အတွင်းရှိ ကနောင်ခန်းမ၌ လုပ်သားလိုအပ်ချက်ဖြစ်ပေါ်နေသည့် စက်ရုံပေါင်း ၃၀ကျော်မှ လုပ်သား နှစ်ထောင်နီးပါး အလုပ်ခေါ်ယူသော အလုပ်အကိုင်ပြပွဲကို နှစ်ရက်ကြာကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါအလုပ်အကိုင်ပြပွဲတွင် အလုပ်လိုအပ်သော လုပ်သားများအပြင် အလုပ်ရှင်ထွက်ပြေး၍ အလုပ်လက်မဲ့ ဖြစ်နေသည့် မာစတာစပေါ့မှ ရာချီသောလုပ်သားများလည်း အလုပ်နေရာရရှိစေရန် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။
ပြပွဲသို့လာရောက်၍အလုပ် ရှာဖွေသူများတွင် မာစတာစပေါ့ စက်ရုံမှ လုပ်သားများအပြင် လုပ် ငန်းခွင်အတွေ့အကြုံမရှိသေးသူ များလည်း လာရောက်လျှောက် ထားလျက်ရှိသည်။ အလုပ်သမား ခေါ်ယူမှုတွင် အများစုမှာ လုပ်ခ လစာကျပ် တစ်သိန်းဝန်းကျင်ဖြင့် လုပ်သားများအတွက် နေစရိတ်၊ စားစရိတ် စီစဉ်ထားကြောင်း သတင်းရရှိသည်။

‘‘အလုပ်ရှင်တွေအနေနဲ့ အခုမာစတာစပေါ့က အလုပ်သ မားတွေဟာ သူတို့ကြောင့် အလုပ်ပိတ်ရတာမဟုတ်ဘူး။ သူတို့ တွေအတွက် ဘာလုပ်ပေးရမလဲ ဆိုတော့ သူတို့က အချုပ်အလုပ် အတွေ့အကြုံရှိပြီးသား။ ဒါကြောင့်ဒီလှိုင်သာယာထဲမှာရှိတဲ့ အနီးအ နားက အချုပ်အလုပ်ဖြစ်တဲ့ ဖိနပ် စက်ရုံတွေ၊ အထည်ချုပ်စက်ရုံ တွေခေါ်၊ အလုပ်သမားတွေခေါ် ပြီး ပွဲလုပ်ပေးလိုက်တာ။ အကယ် ၍ ဒီလုပ်သား ၇၀၀ သာ အလုပ် တကယ်လုပ်မယ်ဆိုရင် ဒီမှာ ခေါ်တာ၇၀၀ မကဘူး။ တစ်ခါတည်း အလုပ်ရသွားနိုင်တယ်’’ဟု အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောသည်။

ထို့ကြောင့်မာစတာစပေါ့မှ လုပ်သားများကို ဦးစားပေးအလုပ် ခန့်ထားရန် အစိုးရက မေတ္တာ ရပ်ခံထားသော်လည်း ထိုလုပ် သားများမှာ စိုးရိမ်မှုကြောင့် မာစ တာစပေါ့စက်ရုံမှ လုပ်သားများ ဟု မပြောဆိုဘဲ လျှောက်ထားမှု များကြောင်း သတင်းရရှိသည်။

‘‘သူတို့က မာစတာစပေါ့က ပါလို့ တရားဝင်မပြောတော့ သူ တို့ဘယ်လောက်အလုပ်ရလဲ မသိဘူး။ စက်ရုံတွေဘက်ကလည်း မပေးတော့ သူတို့အလုပ်ရတဲ့ စာရင်းမရှိဘူး။ ဒါပေမဲ့ အလုပ် လျှောက်ထားသူနဲ့ အလုပ်ရတဲ့သူ အများဆုံးကလည်း စက်ရုံကမှန်း တော့ သိတယ်’’ဟု လှိုင်သာယာ မြို့နယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘စက်ရုံနှစ်ရုံလောက်တော့ လျှောက်ထားတယ်။ ဒါပေမဲ့ မလုပ်သေးပါဘူး။ ဒီဘက်က နစ်နာကြေးရမှပဲ လုပ်ဖို့ ရည်ရွယ်ထားတယ်။ တော်ကြာဟိုရောက်တော့မှ အလုပ်ရှင်က ဒီကိစ္စဖြေ ရှင်းနေတဲ့အချိန် အပြင်ထွက်ဖို့ ခွင့်မပြုရင် ဒီဘက်လွတ်၊ ဟိုဘက်လည်း လွတ်သွားမှာ စိုးရိမ်တယ်။ အဲဒါကြောင့် ရစရာရှိတာ ရမှပဲလုပ်တော့မယ်’’ဟု မာစတာစပေါ့အထည်ချုပ်စက်ရုံမှ အလုပ်သမား မ၀င်းဝင်းခိုင်ကပြောသည်။

အဆိုပါပြပွဲတွင် အလုပ် လျှောက်ထားသူ ခြောက်ရာနီးပါး ခန့်ရှိပြီး ချက်ချင်းအလုပ်ရရှိသူ ၈၂ ဦးရှိခဲ့သည်။ အလုပ်လျှောက် ထားသူများကို စက်ရုံများက တစ် ပတ်အတွင်း အလုပ်အင်တာဗျူး များခေါ်ဆိုခန့်အပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

7Day DAILY 

အလုပ်အကိုင်ပြပွဲသို့ လာရောက်သူများ (ဓာတ်ပုံ - အေးမြတ်သူ)
အလုပ်အကိုင်ပြပွဲသို့ လာရောက်သူများ (ဓာတ်ပုံ - အေးမြတ်သူ)
 လုပ်သား နှစ်ထောင်ခန့် အလုပ်ခေါ်ဆိုထားသော စက်မှုဇုန်အလုပ်အကိုင်ပြပွဲတွင် လုပ်သား ၈၀ ကျော်အား ချက်ချင်းအလုပ်ခန့်ထားခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ သြဂုတ် ၁၆ နှင့် ၁၇ ရက်တွင် လှိုင်သာယာစက်မှုဇုန်အတွင်းရှိ ကနောင်ခန်းမ၌ လုပ်သားလိုအပ်ချက်ဖြစ်ပေါ်နေသည့် စက်ရုံပေါင်း ၃၀ကျော်မှ လုပ်သား နှစ်ထောင်နီးပါး အလုပ်ခေါ်ယူသော အလုပ်အကိုင်ပြပွဲကို နှစ်ရက်ကြာကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါအလုပ်အကိုင်ပြပွဲတွင် အလုပ်လိုအပ်သော လုပ်သားများအပြင် အလုပ်ရှင်ထွက်ပြေး၍ အလုပ်လက်မဲ့ ဖြစ်နေသည့် မာစတာစပေါ့မှ ရာချီသောလုပ်သားများလည်း အလုပ်နေရာရရှိစေရန် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။

စဥ့်ကူးတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်၍ နှစ်ဘက်အမှုဖွင့်ထား

စဥ့်ကူးမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာတွင် သြဂုတ် ၁၄ ရက်က ဖြစ်ပွား ခဲ့သော မြေယာအငြင်းပွားမှုတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ရွာသား ကိုးဦးကို အမှုဖွင့်ထားသည့်အပြင် သေနတ် ထိမှန်ခဲ့သည့် သူက ပစ်ခတ်ခဲ့သူ ရဲကို အရေးယူပေးရန် တိုင်တန်းမှုကိုလည်း အမှုဖွင့်လှစ်ခွင့်ပြုထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။ ဖြစ်စဉ်တွင် စည်းရုံးလှုံ့ဆော်ခဲ့သည့် ညောင်ပင်ဝန်းကျေးရွာ မှ ပေတလူ(ခ) မျိုးငြိမ်းဇော်၊ မျိုးဝင်း၊ ချစ်စန်းမောင်၊ သန်းဇော်၊ အောင်မျိုးဇော်၊ ဇော်ပိုင်၊ ထက်ဇော်၊ ဒေါ်ခင်မြင့်၊ မစန်းကျင်နုတို့အား ကျူးလွန်ခဲ့သူများအဖြစ် အရေးယူပေးရန် သြဂုတ်လ ၁၅ ရက်က လက်ပန်လှရဲစခန်းမှ (ပ)၁၆၃/ ၁၄။ ပြစ်မှုပုဒ်မ ၃၃၃ /၁၄၉/၄၂၇/၅၀၅ (ခ)အရ အမှုဖွင့်စစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု တိုင်းရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သည်။
ထို့ပြင် မဆန်းကြင်နု (၃၇)နှစ် ခြေထောက်တွင် သေနတ်မှန်ခဲ့ရာမှ ပြင်းထန်စွာ ဒဏ်ရာရအောင် မဆင်မခြင် သေနတ်ပစ်ခတ်သူကို ဖော်ထုတ် အရေးယူပေး ပါရန် ဒေါ်စန်းတင့်က တိုင်တန်းခြင်းကို လက်ပံလှ ရဲကင်းစခန်းက (ပ)၁၆၂/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈အရ သြဂုတ် ၁၅ ရက်က လက်ခံထားရှိသည်။

ပဲခူးရေဘေး ဒုက္ခသည်များကို သွားရောက်လှူဒါန်းရာမှ အပြန် လှူဒါန်းသူတစ်ဦး ရေနစ်သေဆုံး

ပဲခူးမြို့ ရေဘေး ကယ်ဆယ်ရေးသို့ ဆေးဝါးနှင့် အစားအသောက်များ သွားရောက် လှူဒါန်းခဲ့သော မိုဘိုင်းလ်ပြုပြင်ရေး သင်တန်းသားအဖွဲ့မှ အသက် ၂၄ နှစ်အရွယ် သင်တန်းသားတစ်ဦး အပြန်တွင် လမ်းတစ်ထောက် နားရာ၌ ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ စုံစမ်းသိရှိရသည်။ လှိုင်မြို့နယ်၊ ပါရမီအိမ်ရာရှိ မိုဘိုင်းလ်ပြုပြင်ရေး သင်တန်းမှ သင်တန်းသားများသည် သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ရေဘေး ကယ်ဆယ်ရေးသို့ သွားရောက်လှူဒါန်းခဲ့ပြီး ရန်ကုန်မြို့သို့ အပြန် အမှတ် (၃) လမ်းနှင့် ထောက်ကြန့် တိုးဂိတ်ကြားရှိဆည်မြောင်းအတွင်း ရေဆင်းကူးရာမှ သုံးခွမြို့နယ်တွင် နေထိုင်သူသင်တန်းသားတစ်ဦး ရေနစ်သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ထောက်ကြန့် နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ “အမှတ်(၃)ကားလမ်းဘေးကစားသောက်ဆိုင်မှာ သူတို့အဖွဲ့ကမုန့်ဝင်စားပြီးဆည်မြောင်း ထဲ ရေဆင်းကူးကြတာ။ ရေကြီးနေချိန် မို့ မြောင်းရေ လျှံနေတာ အနက်က ၁၅ ပေလောက် ရှိတယ်။ ရေနစ်နေတဲ့ သင်တန်းသားကို သူတို့အဖွဲ့က ဝိုင်းရှာဖွေပြီး ဆေးရုံပို့ပေမယ့် လမ်းခုလတ်မှာ ဆုံးသွားတယ်” ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ ရေနစ်သေဆုံးခဲ့ သူ ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ ပီအာရ် ၀၄ ဖြင့် ပို့အပ်ထားပြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂၀/၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
The Voice Weekly

ထိုင်းတွင် သိမ်းဆည်းလက်နက်များ အခိုးခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စစ်ခုံရုံးကနေ ရာဇ၀တ်မှုနဲ့ သိမ်းဆည်းထားတဲ့ ဒါဇင်နဲ့ချီတဲ့ လက်နက်တွေ အခိုးခံရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဗဟိုတရားသူကြီးချုပ်ရုံးက ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က အတည်ပြုပါတယ်။စစ်တပ်အရာရှိ ၂ ယောက်ရဲ့ ပါဝင်ပတ်သက်မှု ဖြစ်နိုင်ချေကိုလည်း အာဏာပိုင်တွေက သက်သေပြခဲ့ပါတယ်။
အခိုးခံရတဲ့ လက်နက်တွေဟာ လတ် တလော နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ရော တရားမ၀င် လက်နက်တွေကို အစိုးရက စီးနင်း သိမ်းဆည်းမှုတွေနဲ့ပါ မပတ်သက်ဘူးလို့ ဗဟိုတရားသူကြီးချုပ် ဗိုလ်ချုပ် ဂျီရာကမွတ်ပန်က ပြောပါတယ်။

ဥရုဂွေး သမ္မတ ဆေးရုံမှာ သာမန်လူနာလို တန်းစီစောင့်

Photo: ဥရုဂွေး သမ္မတ ဆေးရုံမှာ သာမန်လူနာလို တန်းစီစောင့်
Monday, August 18, 2014

ဥရုဂွေး သမ္မတ José Mujica ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ၊ ကမ္ဘာ့အရက်ရောဆုံး သမ္မတ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ဖူး ပါတယ်။ သူဟာ ထင်ထားတာထက် ပိုမြင့်မြတ်သူပါ။ ဒီရက်ပိုင်းမှ သူဟာ ဆေးရုံမှာ သူ့အလှည့်ကျဖို့အတွက် သာမန်လူလို စောင့်ဆိုင်းတတ်သူဆိုတာကိုလည်း သိလိုက်ရ ပါတယ်။
လစဉ် အမေရိကန်ဒေါ်လာ ၁၂၀၀၀ ကို လစာ အဖြစ် ရှိပေမယ့် ၉၀ ရာခိုင်နှုန်းကို ဆင်းရဲသားများသို့ လှူဒါန်းခြင်း အသေးစား စွန့်ဦးတီထွင်သူများကို ပြုလုပ်ပါတယ်။ အိမ် နဲ့ ခြံဟာလည်း သာမန်လူလို ပုံမှန်လေးသာ ဖြစ်ပြီး သွားလာဖို့အတွက်လည်း ဘယ်လုံခြုံရေးမှ မယူ ပါဘူး။ အိမ်မှာလည်း လုံခြုံရေး ထားရှိမထား ပါဘူး။ ၂၀၁၀ ခုနှစ် မှ လို့ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်လာတာ ယနေ့တိုင်လည်း သမ္မတ ဖြစ်နေ ပါသေးတယ်။ သူ့ကို နိုင်ငံတကာ ခေါင်းဆောင်များလည်း ချီးကျူးပြီး မီဒီယာများလည်း ဂုဏ်ပြု ဖော်ပြလေ့ ရှိပါတယ်။
တစ်ချိန်တုန်းက အစိုးရဆန့်ကျင်သူပုန်ခေါင်းဆောင် ဖြစ်ခဲ့ပြီး တိုင်းပြည် ပြုပြင်ပြောင်းလဲရေးအချန် ရောက်တဲ့အခါ သေနတ်နဲ့ အုပ်ချုပ်မင်းလုပ်ခြင်းထက် နှလုံးသားနဲ့ အုပ်ချုပ်မင်းလုပ်ခြင်းကို လိုလားလို့ သာမန်လူလို ရွေးကောက်ပွဲ ၀င်ပြိုင် အနိုင်ရခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ တိုင်းပြည်တိုးတက်ဖို့သာ ကြိုးပမ်းအားထုတ်သူ ဖြစ်ပြီး သမ္မတသာ ဖြစ်ပေမယ့် ဘာအဆောင်အယောင်မှာ ရှိသူ မဟုတ်ပါဘူး။ ပါရာဂွေး၊ ပီရူးနဲ့ မက္ကဆီ နိုင်ငံတို့ကလည်း သူ့ကို ဂုဏ်ပြု ဆုတံဆိပ်များ ပေးအပ်ခဲ့ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး) ဥရုဂွေး သမ္မတ José Mujica ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ၊ ကမ္ဘာ့အရက်ရောဆုံး သမ္မတ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြခဲ့ဖူး ပါတယ်။ သူဟာ ထင်ထားတာထက် ပိုမြင့်မြတ်သူပါ။ ဒီရက်ပိုင်းမှ သူဟာ ဆေးရုံမှာ သူ့အလှည့်ကျဖို့အတွက် သာမန်လူလို စောင့်ဆိုင်းတတ်သူဆိုတာကိုလည်း သိလိုက်ရ ပါတယ်။

အမ်ပီစီနဲ့ အင်န်အယ်လ်ဒီ ကင်းကွာနေသလား

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ညက ရန်ကုန် ရွှေလီလမ်း ငြိမ်းချမ်းရေးစင်တာမှာ ငြိမ်းချမ်းရေးညစာစားပွဲ တစ်ခု လုပ်ပါတယ်။ လက်ရှိ ရန်ကုန်မှာ သြဂုတ် ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရည်စူးပြီး လုပ်တဲ့ပွဲပါ။ ခါတိုင်းလည်း ခုလိုပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြီးတဲ့အခါ ညစာစားပွဲ လုပ်ပေးလေ့ရှိပါတယ်။ ဒီညစာ စားပွဲမှာ မတူညီတဲ့ အသိုင်းအ၀ိုင်းမျိုးစုံက လူတွေ တွေ့ဆုံစကားပြော အလွတ်သဘော အမြင်ချင်း ဖလှယ်နိုင်ကြပါတယ်။ များသောအားဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ပြီး လက်ရှိ တပ်မတော်မှာ တာဝန်ယူနေဆဲ စစ်ဗိုလ်ချုပ်တွေ၊ ၀န်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ ငြိမ်းချမ်းရေးစင်တာက အကျိုးဆောင်တွေ၊ နိုင်ငံခြားသံတမန်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့က ခေါင်းဆောင်တွေ၊ ထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ ပညာရှင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ အင်န်ဂျီအိုအဖွဲ့ တာဝန်ရှိသူတွေ၊ သတင်းစာဆရာတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အစရှိသဖြင့် စုံစုံလင်လင် တက်ရောက်ကြတဲ့ ပွဲမျိုးပါ။ အဓိကအားဖြင့် လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို တွေ့ဆုံမေးမြန်း အမြင်ချင်းဖလှယ် လုပ်ကြတာမျိုးပါ။

မဲဆန္ဒနယ်များတွင် PR စနစ် ဟောပြောရန် ကြံ့ခိုင်ရေးပါတီ ညွှန်ကြားခြင်း မရှိဟုဆို


 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များကို သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် ပတ်သက်ပြီး ဟောပြောရန် ပါတီ (ဗဟို) က တိုက်ရိုက်ညွှန်ကြားခြင်း မရှိကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက The Voice သို့ ပြောကြားသည်။
ရွေးကောက်ပွဲများ၌ PR စနစ် ကျင့်သုံးနိုင်ရေး လွှတ်တော်အတွင်း ကော်မတီများ ဖွဲ့စည်းကာ ဆောင်ရွက်နေဆဲ အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ်များကို သက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် PR စနစ်အကြောင်း ဟောပြောရန် ညွှန်ကြားထားကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

သံရည်ကျိုကားများ အပ်နှံရာတွင် မလိုအပ်သောအချက်များကိုဖြေလျှော့ပေးရန် လိုအပ်နေသေးကြောင်း မော်တော်ကား တင်သွင်းရောင်းချသူများဆို


ကားတင် သွင်းမှုဆိုင်ရာမူဝါဒများ ဖြေလျှော့ ပေးသကဲ့သို့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံရာတွင် ပါဝင်သည့် သံရည်ကျို အပ်နှံမှုတွင် မလိုအပ်သောအချက် များကို ဖြေလျှော့ပေးရန် လိုအပ်နေ သေးကြောင်း မော်တော်ကား တင် သွင်းရောင်းချသူများအသိုင်းအဝိုင်း မှ သိရသည်။
လက်ရှိ ယာဉ်အိုယာဉ်ဟောင်း များ အရည်ကျိုအပ်နှံရာတွင် ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန မှ စစ်ဆေးလက်ခံသော်လည်း သံရည် ကျိုလုပ်ငန်း ပြီးစီးမှသာ အက္ခရာ နံပါတ် ထုတ်ယူနိုင်သည့်အတွက် မော်တော်ယာဉ်တင်သွင်းသူများအနေ ဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ ကြောင်း ယင်းတို့ထံမှ သိရသည်။မော်တော်ကားရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ''မန္တလေး တိုင်းထဲက မြင်းခြံသံရည်ကျိုစက်ရုံမှာ သံရည်ကျိုအပ်ရင် အဝင်တစ်ဆင့်ပဲ ရှိတယ်။ ရန်ကုန်မှာဆိုရင် အဆင့် ၁၇ဆင့်နဲ့ သတ်မှတ်ချက် ၄၇ချက် အားလုံးညီမှ လက်ခံတယ်ဆိုတော့ တော်တော်လေး အခက်အခဲဖြစ်နေ ပါတယ်''ဟု ဆိုသည်။

မြောက်ကိုရီးယားက ခြိမ်းခြောက်မှုများ ပြုလုပ်ထားသော်လည်း အမေရိကန်နှင့်တောင်ကိုရီးယား စစ်လေ့ကျင့်မှု စတင်

Photo: မြောက်ကိုရီးယားက ခြိမ်းခြောက်မှုများ ပြုလုပ်ထားသော်လည်း အမေရိကန်နှင့်တောင်ကိုရီးယား စစ်လေ့ကျင့်မှု စတင်
Monday, August 18, 2014

သက်ညှာမည်မဟုတ်သည့် လက်တုန့်ပြန် တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု မြောက်ကိုရီးယားက ခြိမ်း ခြောက်ထားသော်လည်း အမေရိ ကန်နှင့် နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၈ ရက်တွင် စတင်လိုက် ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုကို Ulchi Freedom Guardian ဟု အမည်ပေးထားပြီး သြဂုတ် ၂၉ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ငါးရက်ကြာ တောင်ကိုရီးယားနိုင်ငံခရီးစဉ်အတွင်း ဆိုးလ်မြို့လူထုတွေ့ဆုံ ပွဲတစ်ခုတွင် ကိုရီးယားကျွန်း ဆွယ်ပြန်လည် သင့်မြတ်ရေးအတွက် တိုက်တွန်းခဲ့သည်။

ယခုပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုမှ အစီအစဉ်အများအပြားကို ကွန်ပြူတာပေါ်တွင် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း တောင်ကိုရီးယားနှင့် အမေရိကန်မှ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်မည်ဖြစ်ကာ မြောက်ကိုရီးယားမှ ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်လာပါက အဆင်သင့်ဖြစ်စေ ရန် လေ့ကျင့်မှု ပြလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်စစ်ရေးလေ့ကျင့်မှုတွင် နျူကလီးယားလက်နက်ဖြင့် ခြိမ်းခြောက်မှုအား တုန့်ပြန်မည့် နည်းလမ်း ပါဝင်မည်ဖြစ်သည်။ အဆိုပါ နည်းလမ်းအား ယမန်နှစ်က ပြုလုပ်ခဲ့သည့် တောင်ကိုရီးယားနှင့်အမေရိ ကန်တို့၏ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ညှိနှိုင်းခဲ့သည့် နည်းလမ်းသစ်တစ်ခုဖြစ်ကြောင်း သိရသည်။

ယခုစစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ဖျက်သိမ်းပစ်ရန် မြောက်ကိုရီးယားက ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ညှာမှု မရှိသော တုန့်ပြန်တိုက်ခိုက်မှုများကို လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ထားသည်။

တောင်ကိုရီးယား စစ်ဘက်အဆင့်မြင့်အရာရှိတစ်ဦးက “မြောက်ကိုရီးယားက ရန်စတိုက်ခိုက်လာမယ် ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားထားသည်။
Re:AFP သက်ညှာမည်မဟုတ်သည့် လက်တုန့်ပြန် တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု မြောက်ကိုရီးယားက ခြိမ်း ခြောက်ထားသော်လည်း အမေရိ ကန်နှင့် နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၈ ရက်တွင် စတင်လိုက် ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုကို Ulchi Freedom Guardian ဟု အမည်ပေးထားပြီး သြဂုတ် ၂၉ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ရေအောက် ဖိုင်ဘာကြိုးများကို ငါးမန်းရန်မှ ကာကွယ်နိုင်ရန် Google စီစဉ်နေ

အင်တာနက် ရှာဖွေရေး လုပ်ငန်းစုကြီး Google သည် ၎င်းတို့၏ ရေအောက် အင်တာနက် ဖိုင်ဘာလိုင်းများကို ငါးမန်းများ၏ ဝါးမြိုကိုက်ဖျက်မှုမှ ကာကွယ်ရန်အစီအမံများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။Google ၏ ထုတ်ကုန်ဌာန မန်နေဂျာ တစ်ဦးက Google သည် ကျည်ကာ အင်္ကျီများတွင် အသုံးပြုသည့် ကက်ဗ်လာသားကဲ့သို့ ကြားခံပစ္စည်းမျိုး ကို ရေအောက် ဖိုင်ဘာကြိုးများတွင် ထည့်သွင်း တပ်ဆင်နေကြောင်း Network World သို့ ပြောကြားခဲ့သည်။ကမ္ဘာ့အင်တာနက်ကွန်ရက် ဖြန့်ကျက်မှုတွင် ရေအောက်မှ သွယ်တန်းထားသည့် ဖိုင်ဘာကြိုးလိုင်းများသည် အဓိက အကျဆုံး ဆက်သွယ်မှု လမ်းကြောင်းများ ဖြစ်ကြသည်။ရေအောက် ဖိုင်ဘာကြိုးများ ပြတ်တောက်နိုင်သည့် အကြောင်းရင်းများတွင် ငါးမန်းများ၏ သွားဒဏ်ကလည်း တစ်ခုအပါအဝင် ဖြစ်သည်။ ငါးမန်းများသည် အမြင်အာရုံ မကောင်းလှသဖြင့် ဖိုင်ဘာကြိုးလိုင်းများက ထုတ်လွှင့်နေသော သံလိုက်စက်ကွင်းကို အာရုံခံကာ အစာဟု မှားယွင်းယူဆပြီး ကိုက်ဖြတ်လေ့ရှိသည်။ ငါးအုပ်ကြီးတစ်အုပ် ကစဥ့်ကလျား လှုပ်ရှား ကူးခတ်သွားချိန်တွင် ဖြစ်ပေါ်လာသော ရိုက်ခတ်မှုမျိုးသည် ဖိုင်ဘာကြိုးလိုင်းများ၏ သံလိုက်စက်ကွင်းမှ လှိုင်းများ ရိုက်ခတ်မှုနှင့်တူညီနေတတ်ရာ ငါးမန်းများက အဆိုပါ ကြိုးများကို ကိုက်ခဲရန် အလွန်စိတ်ဝင်စားလေ့ ရှိကြောင်းလည်း သိရသည်။

Sunday, August 17, 2014

အူရီးဒူးဖုန်းလိုင်း ရန်ကုန်မှာပင် အဆင်မပြေသေး

အူရီးဒူးဆင်းမ်ကတ်များ ကို ဩဂုတ် ၁၅ ရက်မှစ၍ ကောင်း မွန်စွာ အသုံးပြုနိုင်မည်ဟု ပြောကြားထားသော်လည်း လက်ရှိ ရန်ကုန်မြို့၌ပင် ဖုန်းခေါ်ဆိုမှုခက်ခဲခြင်းနှင့် အချို့နေရာများတွင် လိုင်းမမိသည့် ပြဿနာများကြုံတွေ့နေရသေးကြောင်း မိုဘိုင်း ဖုန်းအသုံးပြုသူများထံမှ သတင်းရရှိသည်။
‘‘အူရီးဒူးဖုန်းလိုင်းကောင်း၊ မကောင်းတော့ မသိဘူး။ အခု အချိန်ထိ လိုင်းက သိပ်မကောင်း လို့ ဖုန်းကိုကောင်းကောင်းမပြော ရသေးဘူး’’ဟု ရန်ကုန်မြို့နေ အူရီးဒူးဆင်းမ်ကတ်အသုံးပြုသူ တစ်ဦးက ပြောသည်။
အူရီးဒူးဆင်းမ်ကတ်များဖြင့် ဖုန်းခေါ်ဆိုရသည်မှာယခင်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်အဆင်ပြေလာသော်လည်း လက်ရှိအချိန်ထိ အချို့ဧရိယာများတွင် လိုင်းပျောက်သွားသည့် ပြဿနာကိုကြုံတွေ့နေရသေးကြောင်း လူကြီးမင်းစီးပွားရေးလုပ်ငန်းစု မန်နေဂျင်းဒါရိုက်တာ ဦးပြည်စိုးထွန်းက ပြောသည်။