Monday, September 29, 2014

IS အား လေကြောင်း ဗုံးကြဲစစ်ဆင်ရေးတွင် ပါဝင်သည့် ယူအေအီး အမျိုးသမီးလေယာဉ်မှူးကို မိဘများက စွန့်လွှတ်

အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့ IS အား
 လေကြောင်း ဗုံးကြဲစစ်ဆင်ရေးတွင် ပါဝင်
သည့် ယူအေအီး အမျိုးသမီးလေယာဉ်မှူး၏ 
မိဘများက ၎င်းကို မိသားစုမှ စွန့်လွှတ်ကြောင်း
 ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု  ဒေးလီးမေးလ်
သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

ယူအေအီးနိုင်ငံအတွက် F-16 တိုက်လေယာဉ်ဖြင့် IS အဖွဲ့အား လေကြောင်းမှ ဗုံးကြဲ စစ်ဆင်ရေး ဆင်နွဲနေသူ မာရီယမ် အယ်လ် မန်ဆူရီ၏

ဒေါ်လာ ၂၀ တန် ဆေးခြောက်တစ်ထုတ် အတွက် ဒေါ်လာ သိန်းချီတန် စိန်နဲ့ လဲသတဲ့

အမေရိကန်ဒေါ်လာ ၁သိန်း၆သောင်းဖိုး တန်ကြေး ရှိတဲ့ စိန်တုံးထုပ် တစ်ထုပ်ကို ကန်ဒေါ်လာ ၂၀ ဖိုးတည်း တန်တဲ့ ဆေးခြောက် တစ်ထုပ်နဲ့ လဲလှယ်တဲ့ ဖြစ်ရပ် အမေရိကန်မှာ ဖြစ်ခဲ့ပါတယ်။

Walter Earl Morrison လို့ အမည်ရတဲ့ အသက် ၂၀ အရွယ် လူငယ်ဟာ UPS လို့ခေါ်တဲ့ အမေရိကန်က သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှု ကုမ္မဏီ တစ်ခုမှာ အလုပ်လုပ်ပါတယ်။ အမေရိကန်ပြည်ထောင်စု

မြန်မာနိုင်ပြီသီချင်း ဖွင့်မယ်ဆိုရင် . . .

(၁)
စနေနေ့ဆိုတော့ မိသားစုဟိုဒီသွားဖို့ ကားလေးနဲ့ ထွက်ခဲ့တယ်။ ဒါပေမဲ့ ရွှေဂုံတိုင်မီးပွိုင့်ရောက်တဲ့ အချိန်မှာပဲ စိတ်ညစ်စရာ၊ စိတ်ကသိကအောက် ဖြစ်စရာတွေနဲ့ တိုးတော့တာပဲ။ မီးပွိုင့်မှာ ယာဉ်ထိန်းရဲက ပျာပျာသလဲနဲ့ ဘယ်လိုအကောင်ကြီးကြီး လာသလဲတော့ မသိ။ အလုပ်ရှုပ်နေတယ်။ ကားတွေလည်း လေးဘက်လေးတန် တန်းစီပြီး ပိတ်ကုန်ရော၊ ယာဉ်ထိန်းရဲပုံစံက ရေးကြီးသုတ်ပျာနဲ့ လမ်းတွေကိုပိတ်ပြီး အကွေ့ယာဉ်ကြောဘက် အကြာကြီးစောင့် လမ်းရှင်းပေးနေတော့ အရေးကြီးတဲ့ ဘယ်လိုပုဂ္ဂိုလ်မျိုး သွားမှာမို့လည်းလို့ စိတ်ဝင်စားပြီး ကြည့်မိလိုက်တယ်။

၉၆၉ အဖွဲ့ကို သီရိလင်္ကာက BBSနဲ့ ပူးပေါင်းမယ်လို့ ဦးဝီရသူဆို

သီရိလင်္ကာနိုင်ငံကို ​ရောက်ရှိနေတဲ့ ​အရှင်ဦးဝီရသူက ​သီရိလင်္ကာနိုင်ငံက ​Bodu ​Bala ​Sena ​(BBS) ​အဖွဲ့ဒါမှမဟုတ် ​Buddhist ​Force​လို့ခေါ်တဲ့ ​ဗုဒ္ဓဘာသာ ​အဖွဲ့နဲ့ ​ပူးပေါင်းပြီး ​ဗုဒ္ဓဘာ
သာကို ​ကာကွယ်သွားမယ်လို့ ​ပြောလိုက်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ​စက်တင်ဘာလ ​၂၈ ​ရက်၊ ​မနေ့တုန်းက ​သံဃကောင်စီ ​အစည်းအဝေးကြီး ​ကျင်းပခဲ့တာဖြစ်ပြီး ​အရှင်ဦးဝီရသူကလည်း ​တက်ရောက် ခဲ့တာ ​ဖြစ်ပါတယ်။

လက်ကျန်ငွေ ၂၀၀ ကျန်သည့် Message ရောက်ပါက ပြန်လည်စစ်ဆေးရန်လို

MPT ဆင်းမ်ကတ် အသုံးပြုသူများ၏ မိုဘိုင်းဖုန်းများသို့ ယနေ့မနက်ပိုင်းမှစတင်၍ “လက်ကျန်ငွေ ၂၀၀ ကျပ်သာ ကျန်ရှိတော့သည်” ဟူသည့် SMS များ ဝင်ရောက်လာခဲ့ပြီး ယင်းမှာ System Error ကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း MPT မှ စုံစမ်းသိရသည်။

MPT ၏ အဆိုပါ SMS ကို လက်ခံရရှိသူများအနေဖြင့် ၎င်းတို့၏ အမှန်တကယ် ဖုန်းအသုံးပြုခမှာ လက်ကျန် ၂၀၀ ကျပ်သာ ကျန်ရှိတော့ခြင်း မဟုတ်သဖြင့် ဖုန်းဘီလ်များကို စစ်ဆေးပေးကြစေလိုကြောင်း MPT မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပျောက်ဆုံးနေသော ရဟတ်ယာဉ် တစ်ရက်ကျော်သည့်တိုင် ရှာမတွေ့သေး


 ပျောက်ဆုံးတောင်တက်သမား နှစ်ဦးအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်စဉ် ပျောက်ဆုံး သွားသော B4 ရဟတ်ယာဉ်ကို ရှာဖွေမှုများအရှိန်မြှင့်ဆောင်ရွက်သော်လည်း တစ်ရက်ကျော် ကြာသည့်တိုင် အဆက်အသွယ်မရရှိသေး ကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံAdvance Aviationမှ ထူးဖောင်ဒေးရှင်းကငှားရမ်းထားသော B4 ရဟတ်ယာဉ်မှာ ပူတာအိုလေဆိပ်မှ တဟွန်ဒမ်းရွာသို့

ဆိုမာလီစစ်သွေးကြွများက အမျိုးသမီးတစ်ဦးကို ကျောက်တုံးနှင့် ထုသတ်

ဆိုမာလီယာတောင်ပိုင်း၊ ဘာရာဝီမြို့တွင် သောကြာ (စက်တင်ဘာ ၂၆) နေ့က အယ်လ်ရှာဘတ်တို့၏ အစ္စလမ္မစ် ရှာရီယာ တရားရုံးတစ်ခု
မှ အမျိုးသမီးတစ်ဦးကို အိမ်ထောင်ရေးဖောက်ပြန်သည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် ဆိုမာလီ 
အယ်လ်ရှာဘတ် စစ်သွေးကြွ များက ကျောက်တုံးနှင့် ထုသတ်ခဲ့ကြ သည်။

လှချင်လွန်းလို့ နှာခေါင်းသွားပြင်ခဲ့ရာမျိုးသမီးအားမေ့ ဆေးပေးပြီးမုဒိန်းကျင့်ခံရ

သင်မြင်တွေ့နေရတဲ့ပုံဟာ အမျိုးသမီးတစ် ဦးနှာခေါင်း လှချင်လို့ နာခေါင်း သွားပြင်ခဲ့တဲ့ ပုံပါဖြစ်ပါတယ်။နှာခေါင်းမပြင်ခင် အရင်ဦးဆုံး နာကျဉ်မှုဝေဒနာ မခံစားရအောင်ဆိုပြီးထို အမျိုးသမီးအားမေ့ဆေးပေးဖို့ လူနာနဲ့နှာခေါင်းပြင်ပေးမဲ့ ဆရာ သဘောတူလိုက်ကြပါတယ်။

မေ့ဆေးလည်းပေးပြီးရော လူနာမှာလည်း လင်ငုတ်တုတ် ဘယ်ချိန်က ရလိုက်မှန်းမသိရသွားခဲ့တဲ့အဖြစ်ကို လှို့ဝှက် cctv မှrecord မိထားတဲ့ပုံပဲဖြစ်ပါတယ်။

အင်ဒိုနီးရှားတွင် လိင်တူဆက်ဆံမှုနှင့် ဖမ်းဆီးအရေးယူခံရရင် ကြိမ်ဒဏ်ချမှတ်ရန် ဥပဒေပြဌာန်း

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ လိင်
တူဆက်ဆံမှုနဲ့ ဖမ်းဆီးအရေးယူခံရရင်
ကြိမ်ဒဏ်အချက် ၁၀၀ ပြစ်ဒဏ်ချဖို့
ဥပဒေပြဌာန်းခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံကနေ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရေး နှစ်ပေါင်း ၃၀ ကျော် ကြိုးပမ်းခဲ့ရပြီး အစ္စလာမ္မစ်ဘာသာဥပဒေကို တရားဝင် ကျင့်သုံး ခွင့်ရတဲ့ အင်ဒိုနီးရှားပြည်နယ်ဖြစ် လာပါတယ်။ လိင်တူဆက်ဆံသူ ဘယ်သူမဆို ကြိမ်ဒဏ်အချက်

ဆွေမျိုးများကအရှင်လတ်လတ် မြေမြုပ်ခဲ့သော်လည်း လမ်းသွား လမ်းလာကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် ကလေးငယ်

အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ် ပြည်နယ်တွင် လမ်း
သွား လမ်းလာ တစ်ဦးက မြေကြီးများ လှုပ်ရွ
 နေသည်ကို တွေ့ ရှိ တူးဖော်ရာမှ အရှင်လတ်
လတ် မြေမြုပ်ခြင်း ခံထားရသည့် ခုနစ်နှစ်
အရွယ် မိန်းကလေး တစ်ဦးကို တွေ့ရှိပြီး
ကယ်တင် လိုက်ရသည်။


ကလေးမလေးကို မိသားစုဝင်များ ကိုယ်တိုင်

အဓမ္မ ပြုကျင့်ခြင်းကိုခံခဲ့ရသည့်အမျိုးသမီးတစ်ဦးအခြားအမျိုးသား တစ်ဦးကို အကူအညီ တောင်းခဲ့သော်လည်း ထပ်ဆင့် အဓမ္မ ပြုကျင့်ခံရ

အမေရိကန် နိုင်ငံ နယူးယော့ခ်တွင် အမျိုးသား တစ်ဦး၏ အဓမ္မ ပြုကျင့်ခြင်းကို ခံခဲ့ရသည့် အမျိုးသမီး တစ်ဦးမှာ အခြား အမျိုးသား တစ်ဦးကိုအကူအညီ တောင်း ခဲ့သော် လည်း အကူအညီမရဘဲ ထပ်ဆင့် အဓမ္မ ပြုကျင့်ခြင်းကို ခံခဲ့ရသည်။
သြဂုတ် ၃၁ရက် နံနက်ခင်း ၅ နာရီခန့် အချိန်က One Last Shag ဆိုသည့် ဘားဆိုင်မှ အိမ်သို့ ပြန်လာသည့် အသက် ၃၁နှစ် အရွယ် အမျိုးသမီး တစ်ဦးကို မျက်နှာစိမ်း အမျိုးသား တစ်ယောက်က အတင်းပွေ့ ဖက် နမ်းရှုပ်ကာ မြေပေါ် တွန်းလှဲ၍ သေနတ်ဖြင့် ပစ်သတ် မည်ဟု ခြိမ်းခြောက်ကာ အဓမ္မ ပြုကျင့်သည်။ ယင်းအမျိုးသားမှာ ထိုသို့ အတင်း ဗလ္လက္ကာယ ပြုကျင့်ပြီး ပိုက်ဆံအိတ်ကို ယူပြီး ထွက်ပြေး သွားကြောင်း ဘရွတ်ကလင်း တရားရုံးတွင် အဆိုပါ အမျိုးသမီးက ထွက်ဆိုသည်။

အစ္စလာမ်ဘာသာရေးခေါင်းဆောင် အသတ်ခံရမှု လူ ၂ ဦးကို သေဒဏ်ပေး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ၀ီဂါဒေသက ဘာသာရေး ခေါင်းဆောင်းတဦးကိုသတ်ဖြတ်မှုနဲ့ လူ ၂ ဦးကို သေဒဏ်ပေးလိုက်ပြီး ၁ ဦးကိုတော့ တသက်တကျွန်း ပြစ်ဒဏ်ချမှတ်လိုပါတယ်။

ဝီဂါဒေသက ကက်စ်ဂါ အုပ်ချုပ်ရေးနယ်မြေ တရားရုံးမှာ မနေ့က အမှုကို ကြားနာပြီး ချက်ချင်း ပြစ်ဒဏ် ချမှတ်လိုက်တာဖြစ်ပါတယ်။

Miss Asia Pacific World အဖွဲ့က မေမြတ်နိုး၏မိခင်ကို တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ကြေညာချက်ထုတ်ပြန်

Photo: Miss Asia Pacific World အဖွဲ့က မေမြတ်နိုး၏မိခင်ကို တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ကြေညာချက်ထုတ်ပြန်
Monday, September 29, 2014

Miss Asia Pacific World ၏ ကော်မတီအဖွဲ့ဝင် အင်ဒရေဂျန်က မေမြတ်နိုး၏မိခင်ကို ရာဇဝတ်မှု စွဲချက်များဖြင့် တရားစွဲရန် ပြင်ဆင်နေကြောင်း ကြေညာခဲ့သည်။

အဖွဲ့၏ တာဝန်ခံကော်မရှင်နာဖြစ်သူ အင်ဒရေဂျန်က မေမြတ်နိုးသည် ကမ္ဘာတစ်ဝန်းမှ သတင်းထောက် ၁ဝဝ ခန့်ပါဝင်သော သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့က သူမကို ခေါင်းအစခြေအဆုံး ခွဲစိတ်ပြုပြင်ရန် ဖိအားပေးခဲ့ကြောင်းနှင့် နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများနှင့် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုများ ဆောင်ရွက်ရန် ဖိအားပေး စေခိုင်းခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း၊ ထိုမှားယွင်းသော ပြောဆိုမှုသည် ကော်မတီ၏ ဂုဏ်သတင်း၊ ပံ့ပိုးသူများနှင့် တောင်ကိုရီးယားနိုင်ငံ၏ ဂုဏ်သတင်းကို ပျက်စီးစေခဲ့ကြောင်း၊ ထို့အတွက်ကြောင့် အဖွဲ့၏ဥက္ကဋ္ဌသည် စက်တင်ဘာ ၂၂ ရက်တွင် တောင်ကိုရီးယားနိုင်ငံ၏ ၃၇ ယောက်မြောက် ရှေ့နေချုပ် ဂျွန်ဂျူကင်နှင့် တိုင်ပင်ခဲ့ကြောင်း၊ ထိုတွေ့ဆုံမှုတွင် မစ္စတာကင်က မြန်မာနိုင်ငံရှိ နိုင်ငံတကာရှေ့နေတစ်ဦးနှင့် မိတ်ဆက်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ကော်မတီအဖွဲ့ဝင်အားလုံးက မေမြတ်နိုးနှင့် သူ၏မိခင်ကို အရေးယူအပြစ်ပေးရန် သဘောတူညီခဲ့ကြကြောင်း၊ ထို့နောက် ထပ်မံစုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားသည်။

မေမြတ်နိုးသည် Miss Asia Pacific World အဖွဲ့၏ ဂုဏ်သတင်းကို ပျက်စီးစေခဲ့ပြီး သရဖူ ပြန်လည်အပ်နှင်းမှုနှင့် သူမသေဆုံးသည့်တိုင် ထိုပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ကော်မတီအဖွဲ့ဝင်များက သတ်မှတ်ခဲ့ကြသည်။

ထို့ပြင် မေမြတ်နိုးသည် မြန်မာနှင့်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးကိုလည်း ပျက်စီးစေခဲ့ကြောင်း၊ မေမြတ်နိုးပြဿနာကြောင့် နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုများ ထိခိုက်စေခဲ့ကြောင်း၊ ထို့ပြင် အာရှနိုင်ငံများနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ ကျဆင်းမှုအတွက် မေမြတ်နိုးက အဓိကအကြောင်းရင်းတစ်ခု ဖြစ်ခဲ့ကြောင်း ကြေညာချက်က ဖော်ပြခဲ့သည်။

မေမြတ်နိုးသည် ဖိအားပေး ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း ကိုရီးယားဘာသာဖြင့် ကျွမ်းကျင်စွာ လိမ်လည်ပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲတွင်မူ သူမက “ကျွန်မဘယ်တုန်းကမှ ခွဲစိတ်မှု မခံယူခဲ့ပါဘူး” ဟု ပြောကြားခဲ့ကြောင်း၊ MBC TV Korea ၏ Real Story Eye အစီအစဉ် အင်တာဗျူးတွင် သူမက “ကျွန်မအမေနှင့် ကျွန်မခွဲစိတ်ကုသမှုအတွက် သဘောတူညီချက်ကို လက်မှတ်ထိုးတုန်းက အဲဒါဟာ ကျန်းမာရေးဆေးစစ်တာလို့ ထင်ခဲ့ပါတယ်။ အကြောင်းအရာပါ အဓိပ္ပာယ်ကို ကျွန်မမသိခဲ့ပါဘူး” ဟု ပြောကြားခဲ့ကြောင်း၊ သူမသည် တောင်ကိုရီးယားနိုင်ငံအား ကမ္ဘာတွင် အရှက်ရစေခဲ့ပြီး တစ်ကမ္ဘာလုံးကို လိမ်လည်ခဲ့ကြောင်း ကြေညာချက်က ရေးသားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မေမြတ်နိုး၏ မိခင်ဖြစ်သူက “ကျွန်မတို့ဘက်ကလည်း ဥပဒေကြောင်းအရ ပြန်လည်ရင်ဆိုင်သွားဖို့ စီစဉ်ထားပါတယ်။ သမီးကတော့ အသက်ကလည်း ငယ်ရွယ်သေးတယ်။ သူအခုဆိုရင် ကျောင်းလည်းပြန်တက်နေပြီ။ သူရင်ဆိုင်ခဲ့ရတာတွေ အားလုံးမေ့ဖျောက်ပြီး သူ့ဘာသာ အကောင်းဆုံး ကြိုးစားနေတာပါ။ ကိုရီးယား အဖွဲ့အစည်းဘက်က တာဝန်ရှိသူတွေ လာယူမယ်ဆိုရင် သရဖူကို ပြန်ပေးမယ်လို့ ပြောထားပြီးပါပြီ။ ဒါကိုမှ သူတို့ဘက်က ဥပဒေအရ ဆောင်ရွက်မယ်ဆိုရင် ကျွန်မအနေနဲ့လည်း ဥပဒေကြောင်းအရ ပြန်လည်ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်”ဟု ဆိုပါသည်။

MBC TV Korea ၏ Real Story အစီအစဉ်အတွက် မီဒီယာဝေဖန်ရေး ဆောင်ရွက်သူ ဂျယ်အွန်ဟာက လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုများ ဆောင်ရွက်ရန် ဖိအားပေး စေခိုင်းခံခဲ့ရသည်ဟု နိုင်ငံရပ်ခြား အမျိုးသမီးတစ်ဦး၏ စွပ်စွဲပြောဆိုမှုများကြောင့် တောင်ကိုရီးယား ဖျော်ဖြေရေးလုပ်ငန်း တစ်ခုလုံးကို တုန်လှုပ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

သူမ၏ မှားယွင်းသော စွပ်စွဲပြောဆိုမှုများကြောင့် ကိုရီးယားဖျော်ဖြေရေးလုပ်ငန်း ပြိုလဲမှုကို ကာကွယ်ရန်သည် တရားစွဲဆိုမှုများအတွက် အရေးအကြီးဆုံး အကြောင်းရင်းဖြစ်ကြောင်း Miss Asia Pacific World အဖွဲ့က ထုတ်ပြန်ခဲ့သည်။

၂ဝ၁၁ ခုနှစ်က ဝေလမယ် ပါဝင်ပတ်သက်ခဲ့သော အငြင်းပွားမှုသည် သတင်းမှားဖြစ်ကြောင်း ကိုရီးယားအမျိုးသားရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော်လည်း ကိုရီးယားမီဒီယာအချို့က ၎င်းတို့၏ ပြိုင်ပွဲအကြောင်းကို လှုပ်လှုပ်ရွရွဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့၏ပြိုင်ပွဲသည် တောင်ကိုရီးယားနိုင်ငံကို အထင်မှားစေခဲ့သည်ဟု ရေးသားခဲ့ကြကြောင်း Miss Asia Pacific World အဖွဲ့က ပြောကြားသည်။ ထို့ကြောင့် အဖွဲ့သည် သတင်းစာများ၊ ရုပ်သံများကို ဂရုတစိုက် စောင့်ကြည့်နေကြောင်း၊ ၎င်းတို့၏ မှားယွင်းသောသတင်းများကြောင့် အလှမယ်ပြိုင်ပွဲ ပျက်စီးမှုမှ အဖွဲ့ဝင်များက ကာကွယ်သွားမည်ဖြစ်ကြောင်း ကြေညာချက်က ဖော်ပြခဲ့သည်။

“လှိုင်သာယာမြို့နယ် စက်မှုဇုန်(၃)မှာရှိတဲ့ ကိုရီးယားလူမျိုး မစ္စတာအင်ဟိုဘန်းပိုင် မာစတာစပေါ့ ဖိနပ်စက်ရုံက စက်ရုံအလုပ်သမားတွေကို ဇွန်လပိုင်း လုပ်ခလစာနှင့် စက်ရုံပိတ်သိမ်း နစ်နာကြေးမပေးဘဲ စက်ရုံကို ဇူလိုင်လဆန်းပိုင်းမှ စတင်ပိတ်သိမ်းခဲ့တယ်။ ကိုရီးယားလူမျိုး မစ္စတာအင်ဟိုဘန်းက ကိုရီးယားကို ထွက်ပြေးတိမ်းရှောင်သွားလို့ သူ့ကိုထိရောက်တဲ့ အရေးယူမှု၊ တရားစွဲမှု ဘာမှမလုပ်နိုင်ဘူး။ ဟိုဘက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ထိထိရောက်ရောက် ကူညီတာ မရှိဘူး။ အခု Miss Asia Pacific World ရဲ့ ကော်မတီအဖွဲ့ဝင်က မေမြတ်နိုးရဲ့မိခင်ကို ရာဇဝတ်မှု စွဲချက်တွေနဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်။ မေမြတ်နိုးနဲ့ သူ့ရဲ့မိခင်က လက်ရှိမြန်မာနိုင်ငံမှာ။ သူတို့နိုင်ငံဘက်ကနေ တရားစွဲလည်း သူတို့နိုင်ငံဥပဒေနဲ့ပဲ တရားစွဲလို့ရမယ်။ သူတို့နိုင်ငံ ဥပဒေနဲ့ တရားစွဲရင် ဒီကိုလာဖမ်းလို့ မရဘူး။ ဘာလို့လဲဆိုတော့ ဒီကိစ္စက ပုဂ္ဂိုလ်ရေးကိစ္စ။ သူတို့က နိုင်ငံတကာနဲ့ဆိုင်တဲ့ အကြမ်းဖက်တဲ့ပြစ်မှုမျိုး ကျူးလွန်ထားတဲ့ ရာဇဝတ်တရားခံတွေလည်း မဟုတ်လို့ ဒီကိုလွယ်လွယ်နဲ့ လာဖမ်းလို့ မရနိုင်ဘူး။ မစ္စတာအင်ဟိုဘန်းက ကိုရီးယားကို ထွက်ပြေးတိမ်းရှောင်သွားလို့ သူ့ကိုထိရောက်တဲ့ အရေးယူမှု တရားစွဲမှု ဘာမှမလုပ်နိုင်သလို မြန်မာနိုင်ငံမှာရှိနေတဲ့ မေမြတ်နိုးနဲ့ သူ့ရဲ့မိခင်ကိုလည်း ကိုရီးယားနိုင်ငံကနေ ကိုရီးယားဥပဒေတွေနဲ့ ဒီမှာဘာမှလာလုပ်လို့ မရဘူး” ဟု ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

MBC TV Korea ရုပ်သံဌာနက မေမြတ်နိုးနှင့် မိခင်ဖြစ်သူအား လာရောက်တွေ့ဆုံမေးမြန်းစဉ်
Eleven Media Group
Miss Asia Pacific World ၏ ကော်မတီအဖွဲ့ဝင် အင်ဒရေဂျန်က မေမြတ်နိုး၏မိခင်ကို ရာဇဝတ်မှု စွဲချက်များဖြင့် တရားစွဲရန် ပြင်ဆင်နေကြောင်း ကြေညာခဲ့သည်။

အဖွဲ့၏ တာဝန်ခံကော်မရှင်နာဖြစ်သူ အင်ဒရေဂျန်က မေမြတ်နိုးသည် ကမ္ဘာတစ်ဝန်းမှ သတင်းထောက် ၁ဝဝ ခန့်ပါဝင်သော သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့က သူမကို ခေါင်းအစခြေအဆုံး ခွဲစိတ်ပြုပြင်ရန် ဖိအားပေးခဲ့ကြောင်းနှင့် နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများနှင့် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေ မှုများ ဆောင်ရွက်ရန် ဖိအားပေး စေခိုင်းခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း၊ ထိုမှားယွင်းသော ပြောဆို မှုသည် ကော်မတီ၏ ဂုဏ်သတင်း၊ ပံ့ပိုးသူများနှင့် တောင်ကိုရီးယားနိုင်ငံ၏ ဂုဏ်သတင်းကို

IS အား လေကြောင်း ဗုံးကြဲစစ်ဆင်ရေးတွင် ပါဝင်သည့် ယူအေအီး အမျိုးသမီးလေယာဉ်မှူးကို မိဘများက စွန့်လွှတ်

အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့ IS အား လေကြောင်း ဗုံးကြဲစစ်ဆင်ရေးတွင် ပါဝင်သည့် ယူအေအီး အမျိုးသမီးလေယာဉ်မှူး၏ မိဘများက ၎င်းကို မိသားစုမှ စွန့်လွှတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု ဒေးလီးမေးလ် သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ယူအေအီးနိုင်ငံအတွက် F-16 တိုက်လေယာဉ်ဖြင့် IS အဖွဲ့အားလေကြောင်းမှ ဗုံးကြဲ စစ်ဆင်ရေး ဆင်နွဲနေသူ မာရီယမ် အယ်လ် မန်ဆူရီ၏ စစ်ဆင်ရေးများသည် အောင်မြင်မှုများ ရရှိခဲ့သော်လည်း ၎င်း၏ မိဘများထံမှ ဟု ယူဆရ သည့် ကြေညာ ချက်စာတမ်းတွင် ဆီးရီးယားရှိ ရက်စက်သော ဗုံးကြဲတိုက်ခိုက်မှုများအတွင်း ပါဝင်ခဲ့သည့် အတွက် ၎င်းအား မိသားစုမှ စွန့်လွှတ်ကြောင်း ပါဝင်ခဲ့သည်။

ခေတ်စားလာတဲ့ Hip Hop ဖက်ရှင်




 Hip Hop ဂီတကို ကြိုက်နှစ်သက်တဲ့ ဒီနေ့ ခေတ်ရေစီးကြောင်းထဲက Hip Hop Crazy လူငယ်တွေအတွက် အထာကျပြီး ဒီဇိုင်းလန်းတဲ့ Hip Hop Fashion ဝတ်စားမှုပုံစံမျိုးကို ဟစ်ဟော့ရှိုးပွဲတွေမှာသာမကဘဲ အပြင်မှာလည်း သဘောကျ နှစ်ခြိုက်စွာနဲ့ တွင်တွင်ကျယ်ကျယ် ဝတ်စားလာကြတာကို တွေ့မြင်နေရပါပြီ။

အခုဆိုရင် Hip Hop နဲ့ ပတ်သက်တဲ့ ဖက်ရှင်အဝတ်အစား အင်္ကျီ၊ ဘောင်းဘီတွေအပြင် Hip Hop Fashion မှာ မပါမဖြစ် Rapper ဦးထုတ်၊ Hip Hop Culture အရ Bling Bling လို့ ခေါ်တဲ့ အရောင်ပြိုးပြိုးပြက်ပြက် ဆွဲကြိုး Accessories တွေ၊ ဖိနပ်တွေ စသဖြင့်ရှိတဲ့အထဲမှာ ဦးထုပ်၊ ဆွဲကြိုး၊ အကျီ င်္ အချို့မှာ မြန်မာနိုင်ငံပုံနဲ့ ကိုယ်ပိုင်ဒီဇိုင်း၊ ကိုယ်ပိုင် Brand တခု ထွင်ပြီး ထုတ်ထားတဲ့ Hip Hop Fashion တွေ ဝတ်လာကြတာကိုလည်း တွေ့ရပါတယ်။ 

လက်ကိုင်ဖုန်း နဲ့ အန္တရာယ်

မြိုင်မြို့နယ်မှာ မိုးရွာနေတုန်း လမ်းလျှောက် ဖုန်းပြောနေတဲ့သူတယောက် သူ့ဖုန်း "ပေါက်ကွဲ"တဲ့အတွက် ဒဏ်ရာရ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

သူ ထီးဆောင်းထားသလား၊  မိုးရေစိုနေသလား ဆိုတာတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါ။

ဒီသတင်းကြောင့် မိုးရွာထဲ လမ်းလျှောက်သူတွေ ဖုန်းအသုံးပြုမှု ဆင်ခြင်ကြမယ်လို့ ယူဆရပါတယ်။

ဖုန်းအားသွင်းနေတုန်း အသုံးပြုရင်လည်း ဒုက္ခရောက်တတ်ပါတယ်။

စုစုနွေး လုပ်ကြံခဲ့သော သာယာကုန်းမှ အမှန်တရား

တစ်နေ့ကအင်တာနက်လူမှုကွန်ယက်ပေါ်တွင် သတင်းတစ်ပုဒ် ဖတ်လိုက်ရလေသည်။ သတင်းထဲတွင် ဓါတ်ပုံလေးတစ်ပုံလည်းပါရှိလေသည်။ ဓါတ်ပုံထဲတွင် ကျောင်းဝတ်စုံ ၀တ်ဆင်ထားသည့် ခလေးငယ် လေးငါးယောက် သည် အုတ်တံတိုင်းတစ်ခုကို ၀ါးလှေကားလေးဖြင့်ကျော်တက်နေသည့် ဓါတ်ပုံဖြစ်သည်။ သတင်းခေါင်းစဉ်ကတော့ အမှတ်(၁) ခဲယမ်းမီးကျောက်တပ်၏ မြေသိမ်း ယူမှုနှင့်အုတ်တံတိုင်းခတ်မှုကြောင့် ရွာခံကလေးငယ်များ ကျောင်းသွား ရာတွင်အခက်အခဲများဖြစ်ပေါ်လျှက်ရှိသည် ဟူသည့်သတင်းပင်ဖြစ်ပေ တော့ သည်။ ကျွန်ပ်အနေဖြင့်ပထမတော့ အံ့သြသွားခဲ့ရပေသည်။ သို့သော် ထိုသတင်း ၏ ဇစ်မြစ်အစသည် မစုစုနွေး၏ ဖေ့ဘုတ်စာမျက်နှာမှ စတင်လာသည်ကို တွေ့ရှိခဲ့ ရပြီးနောက်တွင်တော့ အံသြခြင်းမဖြစ်ပေါ် တော့ပေ၊ အဘယ်ကြောင့်ဆိုသော် မစုစုနွေး ကျွန်ပ်တို့ရွာသို့လာရောက်ကတည်းက ဒီလိုသတင်းမျိုးကို ကျွန်ပ်တွေ့ရ မည်ကို ကြိုတင်တွက်ဆပြီးဖြစ်ပေသည်။ ထို့ကြောင့်သာယာကုန်းရွာတွင် လက်ရှိနေထိုင်နေသော ကျွန်ပ်အနေဖြင့်ဤအကြောင်းရာနှင့်ပက်သက်သည့် အကြောင်းစုံကိုအနည်းငယ်ဖော်ပြလိုပါသည်။ 

ကံကောင်းလို့ဆုရခဲ့တာဆိုတဲ့ Miss Myanmar World သရဖူဆုရှင် ၀ိုင်းလေး

Photo: ကံကောင်းလို့ဆုရခဲ့တာဆိုတဲ့ Miss Myanmar World သရဖူဆုရှင် ၀ိုင်းလေး
Monday, September 29, 2014

 ပြိုင်ပွဲဝင်များတွင်ကိုယ့် ထက်လှသူများပါသောကြောင့် ဆုရရှိရန် မှန်းမထားဘဲ ကံ ကောင်း၍ ဆုရခဲ့ခြင်းဖြစ်ပြီး ကြိုး စားမှုနှင့် ထပ်တူကျခဲ့သည်ဟု ထင်ကြောင်း Miss Myanmar World 2014ဆုရှင် ၀ိုင်းလေးက ပြောသည်။

‘‘ပြိုင်ပွဲတောက်လျှောက်အ ကောင်းဆုံးကြိုစားခဲ့တယ်။ ဆုရ  ရမယ်ဆိုတာထက် အကောင်းဆုံး ပြင်ဆင်ခဲ့တယ်။ နောက်ဆုံးဖိုင် နယ်နေ့မှာလည်း ဆုကိုမှန်းမထား ဘဲ မထင်မှတ်ဘဲ ရခဲ့တဲ့အတွက် ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ထပ်တူညီ တယ်လို့ ထင်ပါတယ်’’ဟု ၀ိုင်း လေးကပြောသည်။

Miss Myanmar World 2014 ဆုကို ၀ိုင်းလေးရရှိခဲ့သည့် အပေါ် ပရိသတ်အချို့ကနောက် ဆုံးပြိုင်ပွဲတွင် ၀ိုင်းလေးဝတ်ဆင် သည့် ၀တ်စုံအရောင်နှင့် ဗဟုသု တမေးခွန်းများမေးသည့်ကဏ္ဍ တွင် ၀ိုင်းလေး၏ဖြေဆိုမှုကိုဝေဖန် မှုများရှိခဲ့သည်။

ဝေဖန်မှုများနှင့်ပတ်သက်၍ ၀ိုင်းလေးက မေးခွန်းဖြေဆိုသည့် ကဏ္ဍတွင် မေးခွန်းနှစ်ခုမေးခဲ့ သော်လည်း အဖြေတစ်ခုကိုသာ ဖြေဆိုခဲ့ခြင်းသည် ပွဲကျင်းပသည့် အဖွဲ့အစည်းဘက်မှ မေးခွန်းဖြေ ဆိုချိန် စက္ကန့်သုံးဆယ်သာသတ် မှတ်ပေးထားသောကြောင့်သတ် မှတ်ထားသည့်အချိန်အတွင်း အ ကောင်းဆုံးအဖြေတစ်ခုကိုဖြေဆို ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထို့အပြင် ၎င်းဝတ်ဆင်ထား သည့် ၀တ်စုံအရောင်နှင့် သရဖူအ ရောင်တူညီနေခြင်းမှာလည်း တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပြီး ဒီဇိုင် နာပေးသည့်အရောင်ကိုသာဝတ် ဆင်ခဲ့ခြင်းဖြစ်ကာ ကြိုတင်စီစဉ် ထားခြင်းမဟုတ်ကြောင်း ၎င်းက ဆိုသည်။

Miss Worldပြိုင်ပွဲကို ဒီဇင် ဘာလအတွင်း ဗြိတိန်နိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခုအချိန်မှစ၍ ပြိုင်ပွဲအ တွက် လေ့ကျင့်ပြင်ဆင်သွားမည်ဟု ၀ိုင်းလေးကပြောသည်။

‘‘ပြိုင်ပွဲကြီးမှာ ဆုမရရင် တောင် ၀ိုင်းလေးကိုကြည့်ပြီး မြန် မာနိုင်ငံမှာ အရည်အချင်းရှိတဲ့အ မျိုးသမီးတွေရှိပါလားဆိုတာကို သိအောင်တင်ပြသွားမယ်’’ဟု ၎င်း ကပြောသည်။

လေ့ကျင့်မည့်  အစီအစဉ် များကိုမူ အသေးစိတ်မသိရသေး ဘဲ Talentပိုင်း ပြင်ဆင်မှုအတွက် စန္ဒရား(သို့)ပတ္တလားဖြင့် မြန်မာ သံသီချင်းသီဆိုရန် ရည်မှန်းထား ကြောင်း ၎င်းကဆိုသည်။

7Day DAILY 

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ပြိုင်ပွဲဝင်များတွင်ကိုယ့် ထက်လှသူများပါသောကြောင့် ဆုရရှိရန် မှန်းမထားဘဲ ကံ ကောင်း၍ ဆုရခဲ့ခြင်းဖြစ်ပြီး ကြိုး စားမှုနှင့် ထပ်တူကျခဲ့သည်ဟု ထင်ကြောင်း Miss Myanmar World 2014ဆုရှင် ၀ိုင်းလေးက ပြောသည်။

‘‘ပြိုင်ပွဲတောက်လျှောက်အ ကောင်းဆုံးကြိုစားခဲ့တယ်။ ဆုရ ရမယ်ဆိုတာထက် အကောင်းဆုံး ပြင်ဆင်ခဲ့တယ်။ နောက်ဆုံးဖိုင် နယ်နေ့မှာလည်း ဆုကိုမှန်းမထား ဘဲ မထင်မှတ်ဘဲ ရခဲ့တဲ့အတွက် ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ထပ်တူညီ တယ်လို့ ထင်ပါတယ်’’ဟု ၀ိုင်း လေးကပြောသည်။

Miss Myanmar World 2014 ဆုကို ၀ိုင်းလေးရရှိခဲ့သည့် အပေါ် ပရိသတ်အချို့ကနောက် ဆုံးပြိုင်ပွဲတွင် ၀ိုင်းလေးဝတ်ဆင် သည့် ၀တ်စုံအရောင်နှင့် ဗဟုသု တမေးခွန်းများမေးသည့်ကဏ္ဍ တွင် ၀ိုင်းလေး၏ဖြေဆိုမှုကိုဝေဖန် မှုများရှိခဲ့သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သောဓာတ်ပုံများကြောင့် မန္တလေးနန်းတော်တွင်း မဖွယ်မရာပြုလုပ်ပါက အရေးယူမည်

 မြနန်းစံကျော်ရွှေနန်း တော်အတွင်း စီစီတီဗီကင်မရာ များတပ်ဆင်ပြီး   မဖွယ်မရာပြု လုပ်ပါက    အရေးယူ သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
နန်းတော်အတွင်း   မဖွယ် မရာပြုလုပ်ခြင်းများကိုအရေးယူ မည်ဟု စက်တင်ဘာ ၂၇ရက် ထုတ်မန္တလေးနေ့စဉ်သတင်းစာ တွင် ကြေညာခဲ့ပြီး ၂၈ရက်မှ စတင်  အရေးယူသွားမည်ဖြစ် ကြောင်း မန္တလေး တိုင်းဒေသကြီး ရှေးဟောင်းသုတေသန၊ အမျိုး သားပြတိုက်နှင့် စာကြည့်တိုက်ဦး စီးဌာနမှ သတင်း ရရှိသည်။

IS အန္တရာယ် အမေရိကန် လျှော့တွက်

Photo: IS အန္တရာယ် အမေရိကန် လျှော့တွက်
Monday, September 29, 2014

Islamic State စစ်သွေးကြွတွေနဲ့ ဆီးရီးယားအခြေစိုက် တခြားစစ်သွေးကြွအဖွဲ့တွေ ပေါ်ထွက်လာတဲ့အပေါ် အမေရိကန်က လျှော့တွက်ခဲ့မိသလို သူတို့အပေါ် အီရတ်ရဲ့တိုက်ခိုက်နိုင်စွမ်းကို ပိုတွက်ခဲ့မိတယ်လို့ အမေရိကန်သမ္မတ Barack Obama ကပြောလိုက်ပါတယ်။

အမေရိကန်အစိုးရထဲက တချို့တိုက်တွန်းခဲ့သလို ဆီရီးယားမှာ အလယ်အလတ်ကျတဲ့ သူပုန်တွေကို အမေရိကန်က လွန်ခဲ့တဲ့ ၂ နှစ်ကသာ လက်နက်တပ်ဆင် ထောက်ပံ့ပေးခဲ့ရင် ဒီကနေ့ ဆီးရီးယားနိုင်ငံမှာ ပြဿနာတွေရှိနေမှာ မဟုတ်ဘူးဆိုတာဟာ စိတ်ကူးယဉ်ပြောတာသာဖြစ်တယ်လို့
အမေရိကန်မှာ တနင်္ဂနွေနေ့ညပိုင်းပြသတဲ့ CBS ရုပ်သံက 60 Minutes အစီအစဉ်မှာ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။ အခုအီရတ်မှာဖြစ်နေတဲ့

အခြေအနေတွေဟာ အီရတ်ဝန်ကြီးချုပ်ဟောင်း Nouri al-Maliki ကြောင့်လည်း တစိတ်တပိုင်းဖြစ်တယ်လို့ သမ္မတက အပြစ်တင်ပါတယ်။ အီရတ်နိုင်ငံ
စည်းစည်းလုံးလုံးဖြစ်စေဖို့ အခွင့်အရေးတခုကို ဝန်ကြီးချုပ်က အလဟဿ ဖြစ်စေခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ မစ္စတာ Maliki ဟာ
ဆူနီမွတ်ဆလင်တွေနဲ့ Kurds တွေအပေါ် သံသယရှိခဲ့ပြီး စည်းလုံးညီညွတ်တဲ့ အစိုးရဖြစ်အောင် စုစည်းဖို့ထက် သူ့ရဲ့ ရှီရာမွတ်လင်တွေဆီက အခိုင်အမာ ထောက်ခံမှု ရရှိဖို့ကိုပဲ ပိုပြီး စိတ်ဝင်စားခဲ့တယ်လို့ ပြောပါတယ်။

ဆီးရီးယား၊ အီရတ်နဲ့ ဒေသတွင်းက တခြားခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သဘောပေါက်အောင် စဉ်းစားရမယ်လို့ အမေရိကန်သမ္မတက ဆိုပါတယ်။

ကိုယ်က ရှီရာလား၊ ဆူနီလားဆိုတာကိုပဲ လူငယ်တွေ အာရုံစိုက်နေမဲ့အစား ပညာရှာဖို့ အလုပ်အကိုင် ကောင်းကောင်းရအောင်လုပ်ဖို့တွေကို ပိုပြီး အာရုံစိုက်သင့်တယ်လို့ CBS ရုပ်သံရဲ့ 60 Minutes အစီအစဉ်မှာ သမ္မတအိုဘားမားက ပြောကြားသွားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
Islamic State စစ်သွေးကြွတွေနဲ့ ဆီးရီးယားအခြေစိုက် တခြားစစ်သွေးကြွအဖွဲ့တွေ ပေါ်ထွက်လာတဲ့အပေါ် အမေရိကန်က လျှော့တွက်ခဲ့မိသလို သူတို့အပေါ် အီရတ်ရဲ့တိုက်ခိုက်နိုင်စွမ်းကို ပိုတွက်ခဲ့မိတယ်လို့ အမေရိကန်သမ္မတ Barack Obama ကပြောလိုက်ပါတယ်။

အမေရိကန်အစိုးရထဲက တချို့တိုက်တွန်းခဲ့သလို ဆီရီးယားမှာ အလယ်အလတ်ကျတဲ့ သူပုန်တွေကို

ဂိုး ၄၀၀ သွင်းနိုင်မည်ဟု စိတ်မကူးခဲ့ကြောင်း မက်ဆီပြော

Photo: ဂိုး ၄၀၀ သွင်းနိုင်မည်ဟု စိတ်မကူးခဲ့ကြောင်း မက်ဆီပြော
Monday, September 29, 2014

ဘာစီလိုနာ−အသက် (၂၅) နှစ် အရွယ်မှာပင် လာလီဂါ၌ ဂိုး ပေါင်း ၂၀၀ သွင်းနိုင်ခဲ့သည့် ဘာစီလို နာတိုက်စစ်မှူးမက်ဆီသည် ဘာစီလိုနာအသင်းက ဂရန်နာဒါအသင်းကို ခြောက်ဂိုး ဂိုးမရှိ နိုင်ခဲ့သောပွဲတွင် ဂိုး ၄၀၀ ပြည့်နှင့် ၄၀၁ ဂိုးမြောက်ဂိုးများသွင်းယူနိုင်ခဲ့သည်။

မက်ဆီသည် ဂရန်နာဒါ အသင်းဘက်သို့ နှစ်ဂိုးသွင်းယူ နိုင်ခဲ့ပြီး နှစ်ဂိုးဖန် တီးပေးခဲ့သည်။ ယင်းပွဲတွင် မက်ဆီ၏  အသင်းဖော်ဘရာဇီးလက်ရွေးစင်  နေမာ လည်း ဟက်ထရစ် ရရှိခဲ့သည်။

ပွဲပြီးသည့်နောက် မက်ဆီက ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် စုစု ပေါင်း သွင်းဂိုး ၄၀၀ ပြည့်မည် ဟု လုံးဝစိတ်မကူးခဲ့ကြောင်း နှင့် ချီးကျူးဂုဏ်ပြုမှုများ အားလုံး အ
တွက် ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြသည်။

အာဂျင်တီးနားအသင်းအ တွက် ၄၂ ဂိုး၊  ဘာစီလိုနာအသင်း အတွက် ၃၅၈ ဂိုး  စုစုပေါင်း ဂိုး ၄၀၀သွင်းနိုင်ခဲ့သည့်အတွက် အသင်းဖော်များ၊ ပရိသတ်များ အား ကျေး ဇူးတင်ကြောင်းနှင့် နောက်ထပ်ဂိုး များစွာ သွင်းနိုင်ရန် ကြိုးစားသွား မည်ဖြစ်ကြောင်း မက်ဆီ (၂၇) နှစ်က ပြောကြားသည်။

ဘာကာနည်းပြ အင်းနရစ်ကမိမိတို့မျိုးဆက်တွင် ဂိုး ၄၀၀ သွင်း နိုင်သော ကစားသမားမရှိကြောင်း၊ သာမန်ကစားသမားများအတွက် ကျောင်းတွင်၊ လမ်းဘေးတွင် ကစားသောပွဲများမှ ဂိုးများထည့်ပေါင်းလျှင်ပင် ပြည့်ရန် မလွယ်ကြောင်း ချီးကျူးခဲ့သည်။  

Ref: Marca 
7Day DAILY
ဘာစီလိုနာ−အသက် (၂၅) နှစ် အရွယ်မှာပင် လာလီဂါ၌ ဂိုး ပေါင်း ၂၀၀ သွင်းနိုင်ခဲ့သည့် ဘာစီလို နာတိုက်စစ်မှူးမက်ဆီသည် ဘာစီလိုနာအသင်းက ဂရန်နာဒါအသင်းကို ခြောက်ဂိုး ဂိုးမရှိ နိုင်ခဲ့သောပွဲတွင် ဂိုး ၄၀၀ ပြည့်နှင့် ၄၀၁ ဂိုးမြောက်ဂိုးများသွင်းယူနိုင်ခဲ့သည်။

မက်ဆီသည် ဂရန်နာဒါ အသင်းဘက်သို့ နှစ်ဂိုးသွင်းယူ နိုင်ခဲ့ပြီး နှစ်ဂိုးဖန် တီးပေးခဲ့သည်။ ယင်းပွဲတွင် မက်ဆီ၏ အသင်းဖော်ဘရာဇီးလက်ရွေးစင် နေမာ လည်း ဟက်ထရစ် ရရှိခဲ့သည်။

ပွဲပြီးသည့်နောက် မက်ဆီက ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် စုစု ပေါင်း သွင်းဂိုး ၄၀၀ ပြည့်မည် ဟု လုံးဝစိတ်မကူးခဲ့ကြောင်း နှင့် ချီးကျူးဂုဏ်ပြုမှုများ အားလုံး အတွက် ကျေးဇူးတင်ကြောင်း ရေး သားဖော်ပြသည်။

တယ်လီနောဆင်းမ်ကတ် ပြင်ပဈေးကွက်တွင် ကျပ်တစ်သောင်းဝန်းကျင် ဈေးပေါက်

ဈေးကွက်အတွင်း မရောက်ရှိခင် ကတည်းက  လူအများစု စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်ခဲ့သော  တယ်လီနော ဆင်းမ်ကတ်များ မန္တလေးမြို့တော်
တွင် စက်တင်ဘာ ၂၇ ရက်နေ့က စတင်ရောင်း ချပြီး နာရီပိုင်းအတွင်း ပြင်ပဈေးကွက်တွင် ဆင်းမ် ကတ် တစ်ကတ်လျှင် ကျပ် ၁ သောင်းဝန်းကျင် အထိ ရောက်ရှိသွားကြောင်း တယ်လီနော ဆင်းမ်ကတ်ကို သွားရောက် ဝယ်ယူခဲ့သူများက ပြောကြားသည်။

ပစ်သတ်ခံရသည့် ဂျပန်သတင်းထောက်အမှု ဖော်ထုတ်ပေးရန် ညီမဖြစ်သူ တောင်းဆို

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပစ်သတ်
ခံခဲ့ရတဲ့ ဂျပန် ဓာတ်ပုံသတင်းထောက် နဂအိ
 ခန်းဂျီစံအတွက် အမှုမှန် ဖော်ထုတ်ပေးဖို့
 ညီမဖြစ်သူ နိုရီကို အိုဂ၀စံက စက်တင်လာ
၂၇ ရက်က ပြုလုပ်တဲ့ ရွှေဝါရောင်  ၇ နှစ်မြောက်

အောက်မေ့ဖွယ်ဆုတောင်းပွဲမှာ တောင်းဆိုခဲ့ ပါ တယ်။

deadphoto ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက တဆင့် တောင်းဆိုနေတာ ၇ နှစ်ရှိ ပြီဖြစ်ပြီး ဂျပန်အစိုးရ တာဝန်ရှိသူတွေကလည်း အမှုမှန်ဖော် ထုတ်ပေး ဖို့ မြန်မာအစိုးရကို အမြဲတောင်း ဆိုနေပါတယ်။

အမျိုးသမီးအချို့ ငရုတ်ရည်ဖျန်းဆေးဘူးများဆောင်လာ

ဆယ်ကျော်သက်စုံတွဲ အချင်းချင်း ဓားထိုးအကြမ်းဖက်မှု များဖြစ်ပေါ်နေ၍ အမျိုးသမီးအချို့သည် မိမိ ကိုယ်ကိုယ်ကာကွယ်နိုင်မည့် ငရုတ်ရည် ဖျန်းဆေး ဘူးငယ်လေးများဆောင်လာကြသည်ဟုသတင်း ရရှိသည်။

အဆိုပါဘူးမှာ စပရေးပုံစံ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ရန်မူ တိုက်ခိုက်ခံရပါက မျက်လုံးကို ပက်ဖျန်းလိုက်ရုံဖြင့် တစ်နာရီကျော်ကြာ မျက်လုံးဖွင့်နိုင်မည်မဟုတ်ဘဲထွက်ပြေးလွတ်မြောက်နိုင်ကြောင်း အဆိုပါ ဖျန်းဆေး ရေးဘူးဆောင်ထားသူ Laurel Art အနုပညာ သင်တန်းကျောင်းမှ ကျောင်းသူအေးမြမြင့်မိုရ်က ပြော သည်။

အဆိုပါဘူးများကို ယခုလအတွင်း စတင်ရောင်းချလာပြီဖြစ်ရာ အမျိုးသမီးတစ်ထောင်ကျော် စတင်စမ်းသပ်သုံးစွဲနေပြီဟု ဂိတ်သရပါကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးကောင်းကျော်က ပြောသည်။

စိတ်ကြွဆေးပြား လေးသိန်းကျော်ပါရှိသော အထုပ်ပိုင်ရှင်ကို စုံစမ်းနေ

မြောက်ဦးမြို့နန်းတော်ရာကုန်းပေါ်မှ စိတ်ကြွဆေးပြား လေးသိန်းကျော်ထည့်ထားသည့် အထုပ်တစ်ထုပ်တွေ့ရှိခဲ့၍ ပိုင်ရှင်ကို စုံစမ်းရှာဖွေနေကြောင်း မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ယင်းအထုပ်ကိုစက်တင်ဘာ ၂၇ ရက် ညနေက တွေ့ခဲ့ခြင်းဖြစ်ပြီး စိတ်ကြွဆေးပြားတန်ဖိုးမှာ ကျပ်သိန်းပေါင်းတစ်သောင်းနှစ်ထေ
ာင်ရှိသည်။ မြောက်ဦးမြို့တွင် ယခုကဲ့သို့ ပမာဏ များသောစိတ်ကြွဆေးများ ဖမ်းဆီးခဲ့ဖူးခြင်းမရှိကြောင်း မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးကပြောသည်။

ဘင်္ဂလီ သွေးစည်းညီညွတ်ရေးအဖွဲ့ သတင်းတပ်သားတစ်ဦး မောင်တောတွင် ဖမ်းဆီးရမိဟုဆို

ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းရှိ ကျီးကန်းပြင် စစ်ဆေးရေးဂိတ်တွင် ဘင်္ဂလီ သွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) အမည်ရဘင်္ဂါလီ လက်နက်ကိုင် တပ်ဖွဲ့ဝင်ဟုယူဆရသူ အမျိုးသား တစ်ဦးကို ဖမ်းဆီးထားကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ယာဆိန်းအာဖာဆိုသည့် အသက် ၂၆ နှစ်အရွယ် အဆိုပါ အမျိုးသားကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် RSO တပ်များရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူလာဘီကင်း စခန်းတွင် နှစ်လ သင်တန်းတက်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ချက်များကို အခြေခံကာ ၎င်းက ရှင်းပြသည်။

Saturday, September 27, 2014

ပြင်သစ်နိုင်ငံသား ခေါင်းဖြတ်သတ်ခံရပြီးနောက် ပြင်သစ်တနိုင်ငံလုံး လုံခြုံရေးတင်းကျပ်

ပြင်သစ်နိုင်ငံသားတဦး အယ်ဂျီးရီးယားနိုင်ငံမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြင်သစ်တနိုင်ငံလုံးမှာ လုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။ ၀မ်းနည်းဖွယ်အထိမ်းအမှတ်နဲ့ နိုင်ငံတော်အလံကို တိုင်ဝက် ၃ ရက်ဆက်လွှင့်ထူခဲ့ကြပါတယ်။ပြင်သစ်နိုင်ငံသား အာဗေ ဂူဒဲလ် အသတ်ဖြတ်ခံရအပြီး ပြင်သစ်နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို သွေးစည်းညီညွတ်လာကြပြီး အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်တွေကို အရင်ကထက်ပိုပြီးထိထိရောက်ရောက်အရေးယူမှုတွေ ပြုလုပ်ဖို့ကိုလည်း ပြင်သစ်ပြည်သူတွေ တောင်းဆိုလာကြပါတယ်။
Photo: ပြင်သစ်နိုင်ငံသား ခေါင်းဖြတ်သတ်ခံရပြီးနောက် ပြင်သစ်တနိုင်ငံလုံး လုံခြုံရေးတင်းကျပ်

စက်တင်ဘာ ၂၇ ရက် ၂၀၁၄ ခုနှစ်

ပြင်သစ်နိုင်ငံသားတဦး အယ်ဂျီးရီးယားနိုင်ငံမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြင်သစ်တနိုင်ငံလုံးမှာ  လုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။ ၀မ်းနည်းဖွယ်အထိမ်းအမှတ်နဲ့ နိုင်ငံတော်အလံကို တိုင်ဝက် ၃ ရက်ဆက်လွှင့်ထူခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံသား အာဗေ ဂူဒဲလ် အသတ်ဖြတ်ခံရအပြီး ပြင်သစ်နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို သွေးစည်းညီညွတ်လာကြပြီး အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်တွေကို အရင်ကထက်ပိုပြီး ထိထိရောက်ရောက်အရေးယူမှုတွေ ပြုလုပ်ဖို့ကိုလည်း ပြင်သစ်ပြည်သူတွေ တောင်းဆိုလာကြပါတယ်။

အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာရှိတဲ့ ပြင်သစ်သံရုံးတွေကိုလည်း လုံခြုံရေးတိုးမြှင့်ခဲ့ပြီး ပြင်သစ်နိုင်ငံထဲက အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့ပါတယ်။

ပါရီမြို့တော်နဲ့ အမေရိကန်မြို့ကြီးတွေရဲ့ မြေအောက်ရထားလိုင်းတွေကို အိုင်အက်စ် အကြမ်းဖက်တွေ တိုက်ခိုက်မယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေ ရခဲ့တယ်လို့လည်း အီရတ်ဝန်ကြီးချုပ်က  စက်တင်ဘာလ ၂၅ ရက်နေ့က ပြောဆိုပါတယ်။

ပြင်သစ်မွတ်စလင်အဖွဲ့ချုပ်က စက်တင်ဘာလ ၂၆ ရက်နေ့မှာ အိုင်အက်စ်အကြမ်းဖက်တွေကို ဆန့်ကျင်ဆန္ဒပြပွဲ ကျင်းပခဲ့ပါတယ်။
DVB 

အောင်မင်္ဂလာ-ဆူးလေပြေးဆွဲနေသည့် စုပေါင်းတက္ကစီ တိုင်းအစိုးရအမိန့်ဖြင့် ယာယီရပ်


Photo: အောင်မင်္ဂလာ-ဆူးလေပြေးဆွဲနေသည့် စုပေါင်းတက္ကစီ တိုင်းအစိုးရအမိန့်ဖြင့် ယာယီရပ်

စက်တင်ဘာ ၂၇ ရက် ၂၀၁၄ ခုနှစ်

အောင်မင်္ဂလာအဝေး ပြေးမှ ဆူးလေအထိ ငွေကျပ် တစ်ထောင်ဖြင့် ပြေးဆွဲပေးနေ သော စုပေါင်းတက္ကစီယာဉ်လိုင်း အမျိုးအစားဖြစ်သည့် အောင် မဟာယာဉ်လိုင်းကို ရန်ကုန်တိုင်း အစိုးရအမိန့်ဖြင့် ယာယီရပ်နား လိုက်ကြောင်း သတင်းရရှိသည်။

အောင်မဟာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ်သည် ဇွန် ၁၀ ရက်က စတင်ပြီး ဆူးလေ-အောင်မင်္ဂလာ လမ်းကြောင်းကို ၁၂ ဦးဆံ့အဲကွန်း ကားဖြင့် ပြေးဆွဲနေပြီး အောင်မြင်မှုရရှိနေသည်။

‘‘တိုင်ကြားသူရှိလို့ တစ်လိုင်းလုံးရပ်ဆိုင်းခံရတာပါ။ ရန်ကုန် တိုင်းအစိုးရအဖွဲ့က အရေးယူ တာပါ’’ဟု အဆိုပါယာဉ်လိုင်း ဥက္ကဋ္ဌ ဦးအေးသောင်းကပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အရေးယူအကြောင်းကြားစာတွင် (ဂ) စင်းလုံးငှား(တက္ကစီ)လိုင်စင် ယူပြီး၊ (ခ)ခရီးသည်တင်ယာဉ်ကဲ့ သို့ လုပ်ငန်းမျိုးပြေးဆွဲနေခြင်း ကြောင့် အရေးယူခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ယာဉ်လိုင်းမှာ ကား မှတ်တိုင်များတွင် ခရီးသည်များ ခေါ်ယူတင်ဆောင်သည့်အတွက်  ခရီးသည်တင် ဘတ်စ်ကားလိုင်း အချို့က တိုင်ကြား၍ တိုင်းဒေသကြီးအစိုးရက အရေးယူခြင်းဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ) ဥက္ကဋ္ဌဦးလှအောင်က ပြောသည်။

အဆိုပါယာဉ်လိုင်းအသစ် သည် ကားအစီးရေ ၃၀ ကျော် ရှိပြီး အောင်မြင်မှုရနေသဖြင့် နောက်ပိုင်းတွင် ယာဉ်အစီးရေ ၆၀ ကျော်အထိ တိုးမြှင့်ရန် စီစဉ်ထားစဉ် အရေးယူခံရခြင်းဖြစ်သည်ဟု ဆိုသည်။

အောင်မဟာ အဆင့်မြင့် ယာဉ်လိုင်းက တစ်ဦးလျှင် ကျပ် တစ်ထောင်နှုန်းဖြင့် အဲကွန်းဖွင့် ကာ အင်းစိန်မှ ဆူးလေ၊ အောင် မင်္ဂလာ အဝေးပြေးမှ ဒဂုံ-ဧရာ အဝေးပြေး စသည့်ခရီးစဉ်များ အဖြစ် ပြေးဆွဲလျက်ရှိသည်။

နယ်မှလာသော ခရီးသည် များအနေဖြင့် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ မြို့တွင်းသို့ အငှားယာဉ်ငှားရာတွင် ဈေးနှုန်း ကြီးမြင့်ခြင်း၊ စောင့်ဆိုင်းရချိန် ကြာမြင့်ခြင်း၊ စုပေါင်းစပ်ပေါင်း ငှားရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းတို့ကို ဖြေရှင်းနိုင်ရန် စီစဉ်ပြေးဆွဲစေခြင်းဖြစ်သည်။
7daydaily.com

အောင်မင်္ဂလာအဝေး ပြေးမှ ဆူးလေအထိ ငွေကျပ် တစ်ထောင်ဖြင့် ပြေးဆွဲပေးနေ သော စုပေါင်းတက္ကစီယာဉ်လိုင်း အမျိုးအစားဖြစ်သည့် အောင် မဟာယာဉ်လိုင်းကို ရန်ကုန်တိုင်း အစိုးရအမိန့်ဖြင့် ယာယီရပ်နား လိုက်ကြောင်း သတင်းရရှိသည်။အောင်မဟာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ်သည် ဇွန် ၁၀ ရက်က စတင်ပြီး ဆူးလေ-အောင်မင်္ဂလာ လမ်းကြောင်းကို ၁၂ ဦးဆံ့အဲကွန်း ကားဖြင့် ပြေးဆွဲနေပြီး အောင်မြင်မှုရရှိနေသည်။

ဒလရှိ မိဘမဲ့ဂေဟာတွင် အလှူငွေထည့်ရန် ရေခဲရေ ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်

 Photo: ဒလရှိ မိဘမဲ့ဂေဟာတွင် အလှူငွေထည့်ရန် ရေခဲရေ ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်

စက်တင်ဘာ ၂၇ ရက် ၂၀၁၄ ခုနှစ်

ဒလမြို့ ကျန်စစ်သားရပ်ကွက်ရှိ ပါရမီ မြန်မာလူငယ်ပျိုးထောင်ရေး ဂေဟာ (မိဘမဲ့ ဂေဟာ) ရှိ ကလေးအများအတွက် အလှူငွေထည့်ရန် အီတလီနိုင်ငံသူတစ်ဦးက ဂေဟာရှေ့တွင် ရေခဲရေကို ကိုယ်ပေါ်သို့လောင်းချ၍  စိန်ခေါ်ခဲ့သည်။
ထိုအစီအစဉ်ကို အီတလီနိုင်ငံသူ စာရေးဆရာမ Ms Pamela Mccourt က စက်တင်ဘာ ၂၇ရက်က ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

“ငါတို့ကလေးတွေကိုစောင့်ရှောက်လို့ရှိရင် ကမ္ဘာကြီးကို စောင့်ရှောက်တာနဲ့အတူတူပါပဲလို့ ပြောစကားရှိပါတ ယ်။ အဲ့တာကြောင့် ကျွန်မဒီနေရာမှာ ရေခဲရေကို ခေါင်းပေါ်ကနေ လောင်းချပြီး ကလေးတွေအတွက် အလှူငွေ ထည့်ဖို့ ဖိတ်ခေါ်ပါမယ်”ဟုပြောပြီး Ms Pamela Mccourt က ရေခဲရေများ လောင်းချခဲ့သည်။

အလှူငွေထည့်ဝင်ရန် သူမစိန်ခေါ်ခဲ့သူများမှာ မြန်မာနိုင်ငံမှ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၊ ဟိုတ ယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း၏သားဖြစ်သူ ဦးတိုးနိုင်မန်း၊ မြန်မာ့ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင့်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာ၊ မန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်နှင့် Star model Int’l မှ ဂျွန်လွင်တို့ဖြစ်သည်။

‘‘Ice Bucket Challenge’’ ခေါ် ကိုယ့်ကိုကိုယ် ရေခဲရေလောင်းပြီး စိန်ခေါ်မှုမှာ ကမ္ဘာ့နိုင်ငံများတွင် ခေတ်စားနေ ပြီး ALS အာရုံကြောရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေလှုပ်ရှားမှုက အစပြုခဲခြင်းဖြစ်သည်။ ထိုစိန်ခေါ်မှု၏ သဘောမှာ စိန်ခေါ်ခံရသူအနေဖြင့် ရေခဲရေမလောင်းနိုင်ပါက အလှူငွေထည့်ရမည်ဖြစ်ပြီး ရေခဲရေလောင်းပြီး တစ်ခြားသူများကို ထပ်မံစိန်ခေါ်ခွင့်ရှိသည်။

အဆိုပါလှုပ်ရှားမှုကို ကမ္ဘာကျော်များဖြစ်သည့် ချယ်လ်ဆီးနည်းပြမော်ရင်ဟို၊ ဘောလုံး အားကစားသမား နေမာ၊ မက်ဆီ၊ ဂျွန်တယ်ရီ၊ ဒေးဗစ်ဘက်ခမ်းတို့ အပါအဝင် အားကစားလောက၊ အနုပညာလောက ကျော်ကြားသူတို့ လက်ခံဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် နိုင်ငံရေးလောက ကျော်ကြားသူများဖြစ်သည့် အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းဝင် ဘီလ်ဂိတ်၊ လူမှုကွန်ရက် Facebook တည်ထောင်သူ မာ့ခ်ဇူကာဘာ့ဂ်တို့လည်း ပါဝင်ဆင်နွှဲထားကြသည်။

စိန်ခေါ်ခဲ့သည့် အီတလီအမျိုးသမီးမှာ ထိုလှုပ်ရှားမှုအပြင် ယခုနှစ် ဒီဇင်ဘာလအတွင်း  အီတလီနိုင်ငံမှ တေးဂီတပညာရှင်များ ဖိတ်ခေါ်၍ ချက်ထရီယန် ဟိုတယ်တွင် ဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ကာ ပါရမီ မိဘမဲ့ ဂေဟာအတွက် ရန်ပုံငွေ ရှာဖွေသွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါ ပါရမီဂေဟာတွင် မိဘနှစ်ပါးလုံးမရှိသူနှင့် မိခင်မရှိသူများကို ဦးစားပေးလက်ခံထားရှိပြီး  အသက် ၄ နှစ်မှ ၂၂ နှစ်အထိ ကလေးငယ် ၂၂ ယောက်ကိုစောင့်ရှောက်ပေးနေပြီး အရွယ်ရောက် အမျိုးသမီးများအတွက် လုံခြုံသည့် အဆောက်အဦး ဆောက်လုပ်ရန် လိုအပ်နေသည်။
အီတလီနိုင်ငံမှ အလွတ်တန်းသတင်းထောက်နှင့် ခရီးသွား အကြံပေးဖြစ်သူ Ms. Pamela Mccourt သည် ဒလမြို့ရှိ ပါရမီ မိဘမဲ့ဂေဟာမှ ကလေးငယ်များအတွက် အလှူငွေရရှိရန် လှုံ့ဆော်သည့်အနေဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရေခဲရေလောင်း စိန်ခေါ်မှုကို ဒလမြို့ရှိ ပါရမီ မိဘမဲ့ဂေဟာတွင် ပြုလုပ်စဉ်။ (ဓာတ်ပုံ - ယုဝေ၊ မဇ္ဈိမ)
ဒလမြို့ ကျန်စစ်သားရပ်ကွက်ရှိ ပါရမီ မြန်မာလူငယ်ပျိုးထောင်ရေး ဂေဟာ (မိဘမဲ့ ဂေဟာ) ရှိ ကလေးအများအတွက် အလှူငွေထည့်ရန် အီတလီနိုင်ငံသူတစ်ဦးက ဂေဟာရှေ့တွင် ရေခဲရေကို ကိုယ်ပေါ်သို့လောင်းချ၍  စိန်ခေါ်ခဲ့သည်။
ထိုအစီအစဉ်ကို အီတလီနိုင်ငံသူ စာရေးဆရာမ Ms Pamela Mccourt က စက်တင်ဘာ ၂၇ရက်က ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
“ငါတို့ကလေးတွေကိုစောင့်ရှောက်လို့ရှိရင် ကမ္ဘာကြီးကို စောင့်ရှောက်တာနဲ့အတူတူပါပဲလို့ ပြောစကားရှိပါတ ယ်။ အဲ့တာကြောင့် ကျွန်မဒီနေရာမှာ ရေခဲရေကို ခေါင်းပေါ်ကနေ လောင်းချပြီး ကလေးတွေအတွက် အလှူငွေ ထည့်ဖို့ ဖိတ်ခေါ်ပါမယ်”ဟုပြောပြီး Ms Pamela Mccourt က ရေခဲရေများ လောင်းချခဲ့သည်။

ပုဇွန်တောင် အမတ်လွှတ်တော် သုံးနှစ်ကျော် ကာလအတွင်း မဲဆန္ဒရှင်များနှင့် မထိတွေ့

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ပုဇွန်တောင်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်သည် ၎င်း၏ လွှတ်တော်ကိုယ်စားလှယ် သက်တမ်းအတွင်း ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများနှင့် ထိတွေ့မှု လုံးဝမရှိဟု ပုဇွန်တောင်မြို့နယ်နေ တက်ကြွလှုပ်ရှားသူများက စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ပြည်သူ့လွှတ်တော်တွင် ပီအာရ်စနစ်ကို ဦးဆောင်အဆိုတင်သွင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူများ၏ ကန့်ကွက်ရှုတ်ချပွဲတွင် စာနယ်ဇင်းရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။