Monday, January 5, 2015

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် သမ္မတ တို့ ပြည်တွင်းငြိမ်း ချမ်းရေး ဆွေးနွေး

Photo: တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် သမ္မတ တို့ ပြည်တွင်းငြိမ်း ချမ်းရေး ဆွေးနွေး

ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၅

နေပြည်တော်ရောက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတဦးသိန်းစိန်တို့ ဒီကနေ့ ဇန်န၀ါရီ ၅ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ခေါင်းဆောင် ၂ ဦးကျစီ တက်ရောက်ကြမှာ ဖြစ်ပြီး အဓိက ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ကိစ္စရပ်ကို ဆွေးနွေးကြမှာဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက စုံစမ်းသိရှိရပါတယ်။
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်မယ့် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်နေပါတယ်။

သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်တို့ ဆက်လက်တွေ့ဆုံမှာဖြစ်ပြီး ဒါဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းများစွာက ခေါင်းဆောင်တွေနဲ့ အစိုးရပိုင်းတာဝန်အရှိဆုံးသူတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုလည်း ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ အဆိုအရတော့ သမ္မတနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ အချိန်ကန့်သတ်မှု မရှိဘူးလို့ ဆိုပါတယ်။

DVB
နေပြည်တော်ရောက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတဦးသိန်းစိန်တို့ ဒီကနေ့ ဇန်န၀ါရီ ၅ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ခေါင်းဆောင် ၂ ဦးကျစီ တက်ရောက်ကြမှာ ဖြစ်ပြီး အဓိက ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ကိစ္စရပ်ကို ဆွေးနွေးကြမှာဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက စုံစမ်းသိရှိရပါတယ်။
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်မယ့် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်နေ ပါတယ်။

ကျိုက်ထီးရိုး ဘုရားဖူးယာဉ်နှင့် ကုန်တင်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိရာမှ သုံးဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အဗျား (ဘိုတဲ) ကျေးရွာအနီး ရန်ကုန်-ကျိုက်ထို ကားလမ်းတွင် ဇန်နဝါရီလ ၄ ရက် မွန်းလွဲ ၃ နာရီခန့်က ကျိုက်ထီးရိုး ဘုရားဖူး ပြန်လာသော လိုက်ထရပ်ယာဉ်နှင့် ကင်တာ အမျိုးအစား ကုန်တင်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိရာမှ ဘုရားဖူး ယာဉ်ပေါ်ပါ အမျိုးသမီးသုံးဦး နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဝေါမြို့နယ်ရှိ နာရေးကူညီမှု အသင်းထံမှ စုံစမ်းသိရှိရသည်။

အင်္ဂလန်တောင်ပိုင်းတွင် ကုန်တင်သင်္ဘောကြီးတိမ်းစောင်းနစ်မြုပ်

Photo: အင်္ဂလန်တောင်ပိုင်းတွင် ကုန်တင်သင်္ဘောကြီးတိမ်းစောင်းနစ်မြုပ်

ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၅

ကုန်တင်သင်္ဘော Hoegh Osaka သည် ဇန်နဝါရီ ၄ ရက် ဒေ သစံတော်ချိန် ၂ဝး၂၁ နာရီဝန်းကျင် ၌ ဆိပ်ကမ်းမှ ထွက်ခွာပြီး တစ်နာ ရီမကြာမီမှာပင် Wight ကျွန်းကလေး မှာ မလှမ်းမကမ်းရေပြင်တွင် တိမ်း စောင်းနစ်မြုပ်သွားသည်ဟု သိရ သည်။

Hoegh Osaka သင်္ဘော သည် အလျားမီတာ ၁၈ဝ ရှည်သည်။ အလေးချိန်သည် တန် ၁၅၈,ဝဝဝ နီးပါးရှိသည်။ စင်ကာပူမှတ်ပုံတင် သင်္ဘောဖြစ်သည်။

ထိုသင်္ဘောသည် ဂျာမန်ဆိပ်ကမ်း Bremerhaven သို့ ဦးတည်ခုတ်မောင်းနေစဉ် တိမ်း စောင်းနစ်မြုပ်သွားခြင်းဖြစ်သည်။ ထိုသင်္ဘောကို ၂ဝဝဝ ပြည့်နှစ်၌ တည်ဆောက်ခဲ့သည်။

သင်္ဘောမှာ ရေကြောင်းသွား လာသောစနစ် ချွတ်ယွင်းသော ကြောင့် တိမ်းစောင်းနစ်မြုပ်ရခြင်း ဖြစ်သည်ဟု ယုံကြည်ရကြောင်းသိရ သည်။

ထိုသင်္ဘောမှ သင်္ဘောသား ၂၅ ဦးတို့ကို ကယ်ဆယ်ရရှိကြောင်း ထိုသူတို့အနက် တစ်ဦးမှာခြေကျိုး သွားကြောင်း သိရသည်။ ကယ် ဆယ်ရေးလုပ်ငန်းကို မရိန်းနှင့် ကမ်း ရိုးတမ်းစောင့်ရဟတ်ယာဉ်များဖြင့် ဆောင်ရွက်ကြောင်း မရိန်းနှင့် ကမ်း ရိုးတန်းစောင့် အေဂျင်စီကဆို သည်။ ထိုကုန်တင်သင်္ဘောတွင် ကားများ တင်ဆောင်ထားကြောင်း သိရသည်။

Mail Online

Democracytoday

Yangon Media Group
ကုန်တင်သင်္ဘော Hoegh Osaka သည် ဇန်နဝါရီ ၄ ရက် ဒေ သစံတော်ချိန် ၂ဝး၂၁ နာရီဝန်းကျင် ၌ ဆိပ်ကမ်းမှ ထွက်ခွာပြီး တစ်နာ ရီမကြာမီမှာပင် Wight ကျွန်းကလေး မှာ မလှမ်းမကမ်းရေပြင်တွင် တိမ်း စောင်းနစ်မြုပ်သွားသည်ဟု သိရ သည်။

Hoegh Osaka သင်္ဘော သည် အလျားမီတာ ၁၈ဝ ရှည်သည်။ အလေးချိန်သည် တန် ၁၅၈,ဝဝဝ နီးပါးရှိသည်။ စင်ကာပူမှတ်ပုံတင် သင်္ဘောဖြစ်သည်။

အိမ်ရာ ပြဿနာ ဖြေရှင်း နိုင်ရန် (၂၀၀၀၀) တန် အိမ်ရာ စီမံကိန်း ရလဒ်အား အစိုးရထံ တင်ပြမည်


အိမ်ရာ လိုအပ်မှု ပြဿနာအား ဖြေရှင်းနိုင်ရေး အတွက် နှစ်သောင်းတန် အိမ်ရာ စီမံကိန်း အောင်မြင်မှု ရလဒ် များအား သက်ဆိုင်ရာ ၀န်ကြီး ဌာနများနှင့် အစိုးရထံ တင်ပြ သွားမည် ဖြစ်ကြောင်း ပျိုမေ့အိမ် လူမှု ဖွံ့ဖြိုးရေး အသင်း ထံမှ သတင်း ရရှိသည်။

ကမ္ဘာ့ အပျော့ပျောင်းဆုံး ရုရှားသူ နဲ့ အပြိုင် ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာက အဘွားဒေါ်ထွေး

Photo: ကမ္ဘာ့ အပျော့ပျောင်းဆုံး ရုရှားသူ နဲ့ အပြိုင် ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာက အဘွားဒေါ်ထွေး

ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၅

ဆည်းဆာရိပ် ဂိလာန ဘိုးဘွား ရိပ်သာမှာ လက်ရှိ နေထိုင်နေတဲ့ အသက်(၉၅)နှစ် ရှိပြီ ဖြစ်တဲ့ အဘွား ဒေါ်ထွေးက ၂ဝ၁၅ ပြက္ခဒိန် ရိုက်တဲ့ ကမ္ဘာ့ အပျော့ပျောင်းဆုံး ရုရှားသူ နဲ့ အပြိုင် ဖေ့စ်ဘုတ် လူမှု ကွန်ရက်မှာ စိတ်ဝင်စားခြင်း ခံနေရ ပါတယ်။ အဘွားက အသက်(၉၅) နှစ် ရှိပြီဖြစ်ပေမယ့် ကျန်းမာပြီး ပျော့ပျောင်းစွာ လှုပ်ရှားနိုင် ပါတယ်။ အဘွားကို ပြုစု စောင့်ရှောက်နေတဲ့ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ မှ ဒုဥက္ကဋ္ဌ ဒေါ်ခင်မမကို အဘွား ရောက်ရှိခဲ့ပုံနဲ့ အဘွား ရဲ့ အကြောင်း ကို စိတ်ဝင် တစား မေးကြည့်ဖြစ်ခဲ့ တဲ့အခါမှာတော့ “အဘွားက ၉လ ပိုင်း ၂ဝ၁၄ ကမှ ရောက်လာတာ။ လပိုင်း ပဲရှိ သေးတာ။ အဘွား ဒီကို ရောက်လာတာ ကစာရေးဆရာ ဘုန်း ကြီး တစ်ပါးရယ်၊ ရွှေတောင် မြို့နယ် ထဲမှာရှိတဲ့ ဆင်သေရွာက ဦးပဉ္စတစ် ပါးရယ်က လှမ်းပြောပြပေး တာပါ။ အဘွားက ရွှေတောင်မြို့ ရဲ့ ဟိုးဘက် ညောင်စာရေးရွာ မှာနေ တယ်။ ရွှေနတ်တောင် ရဲ့ ဟိုးဘက်ပေါ့။ အမှန်တိုင်း သိရတာ ကတော့ အဘွား ကို လက်ခံတဲ့ သူတွေ ကိုယ်တိုင်ကို ကအဘွားကို လက်မခံ ချင်တော့တာ ပါ။အစတုန်း ကတော့ အဘွား မှာ ပစ္စည်းလေး နည်းနည်းပါးပါး ရှိတုန်းကတော့ ပြုစုပေးတယ်ပေါ့။ အဘွားမှာ မရှိတော့ ငြိုငြင် လာတာပေါ့။ အဘွားက ခုချိန်ထိ အဲဒီ လူတွေ ရဲ့ မကောင်းကြောင်း ကို မပြောဘူး။ ဒါတောင် ကျွန်မ တို့ဘာသာ သိလာရတာ။ သူတို့ကျွေးတဲ့ ထမင်းကို စားခဲ့ဖူးတယ်။ သူတို့အကူ အညီကို ယူခဲ့ဖူးတယ်။ အဲဒီ အတွက် သူတို့ မကောင်းကြောင်း မပြောချင်ဘူး ဆိုပြီး အဘွား က အဲဒီလိုပြောတာ။ အဘွားက သူ့မှာတစ်ဖက်သားကို အကောင်းမြင် စိတ်ရှိတယ်။ အဲဒါကိုလည်း တွေ့ခဲ့ရ တယ်။ အဘွားက သူများအိမ်မှာ မှီခို နေတယ်။ ငြိုငြင်တဲ့ အနေအထား ဖြစ်နေတော့ ကျွန်မတို့ ဆင်သေရွာထိ သွားခေါ်ခဲ့တာပါ။ အဘွားက အရင် တုန်းက လက်သည်။ ကလေးတွေ အများကြီး မွေးပေးခဲ့ဖူးတယ်။ လက်သည် တစ်ယောက် ဖြစ်ခဲ့တော့ အဘွားက သူ့မှာ ကျန်းမာရေး အသိရှိတယ်။ ထမင်းစားရင် လည်း အစာ ကြေအောင် စားတယ်။ သူ့ကိုယ် သူ ဂရုစိုက်တယ်။ အဘွားက အကြော တွေပျော့နေတာ အမြဲတမ်း အဲဒီ လိုတွေ လုပ်နေလို့ မလုပ်နဲ့လို့ ပြော ထားရတယ် ။တော်ကြာ ထမင်းစားပြီး လည်း လုပ်နေမှာ စိုးလို့ ပြောထားရ တယ်။ သူက အဲဒီလို လုပ်ပြရရင် ပျော်နေတာပဲ”လို့ ပြောပြခဲ့ပါတယ်။

အဘွား ဒေါ်ထွေးက လက်ရှိမှာ အသက် (၉၅)နှစ် ရှိပြီဖြစ်ပြီး ယခင်က ရွှေတောင် မြို့နယ်ရှိ ညောင်စာရေးရွာ မှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခင်က သားဖွား လက်သည် အလုပ်ကို လုပ်ကိုင်ခဲ့ပြီး တွယ်တာ စရာ သား၊သမီး၊ ဆွေမျိုးများ မရှိကြောင်း သိရပါတယ်။ ဆရာတော် ရဲ့ ဆက်သွယ်ပေးမှုကြောင့် စက်တင်ဘာလ ၁၈ ရက်နေ့ ၂ဝ၁၄ ခုနှစ်က ဆည်းဆာ ရိပ်ဂိလာန ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

The Voice Weekly
ဆည်းဆာရိပ် ဂိလာန ဘိုးဘွား ရိပ်သာမှာ လက်ရှိ နေထိုင်နေတဲ့ အသက်(၉၅)နှစ် ရှိပြီ ဖြစ်တဲ့ အဘွား ဒေါ်ထွေးက ၂ဝ၁၅ ပြက္ခဒိန် ရိုက်တဲ့ ကမ္ဘာ့ အပျော့ပျောင်းဆုံး ရုရှားသူ နဲ့ အပြိုင် ဖေ့စ်ဘုတ် လူမှု ကွန်ရက်မှာ စိတ်ဝင်စားခြင်း ခံနေရ ပါတယ်။ အဘွားက အသက်(၉၅) နှစ် ရှိပြီဖြစ်ပေမယ့် ကျန်းမာပြီး ပျော့ပျောင်းစွာ လှုပ်ရှားနိုင် ပါတယ်။ အဘွားကို ပြုစု စောင့်ရှောက်နေတဲ့ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ မှ ဒုဥက္ကဋ္ဌ ဒေါ်ခင်မမကို အဘွား ရောက်ရှိခဲ့ပုံနဲ့ အဘွား ရဲ့ အကြောင်း ကို စိတ်ဝင် တစား မေးကြည့်ဖြစ်ခဲ့ တဲ့အခါမှာတော့ “အဘွားက ၉လ ပိုင်း ၂ဝ၁၄ ကမှ ရောက်လာတာ။ လပိုင်း ပဲရှိ သေးတာ။

၂၀၁၅ ရွေးကောက်ပွဲ မဲဆန္ဒနယ်အားလုံး NLD ဝင်ပြိုင်မည်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယခုနှစ် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်း၌ ကျင်းပပြုလုပ်မည်ဟု ကြေညာထားသော ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်များ အားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) က ဆုံးဖြတ်ထားကြောင်း အဆိုပါ ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က The Voice သို့ ပြောကြားသည်။

မြန်မာ့နိုင်ငံရေးတွင် ၂၀၁၅ ခုနှစ်အတွင်း စိန်ခေါ်မှုများ ရင်ဆိုင်ရနိုင်ဟု သမ္မတဦးသိန်းစိန် ပြောကြား


မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းမှု ကာလ၏ အရေးအကြီးဆုံး နှစ်အဖြစ် နိုင်ငံရေးလေ့လာသူများက သတ်မှတ်ထားသော ၂၀၁၅ ခုနှစ်အတွင်း မြန်မာ့နိုင်ငံရေးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

“ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာစေဖို့ ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်ဆင့်ကနေ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ဆိုတဲ့ အချက်တွေက ကျွန်တော်တို့ ကျော်လွှားရမယ့် စိန်ခေါ်မှုများပဲ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

KIA အဖွဲ့မှ ဒေသခံသစ်စက်ပိုင်ရှင်များအား ဆက်ကြေးကောက်ခံလျက်ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ တိန်းဆန့်ကျေးရွာတွင် သစ်စက်လုပ်နေသော လုပ်ငန်းရှင်များအား ဇန်နဝါရီလ ၂ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့မှ ဆက်ကြေး ငွေများ လာရောက်ကောက်ခံသွားကြောင်း သိရသည်။
“ဒီနားတစ်ဝိုက်မှတော့ သစ်စက်လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်း ၁၀ ကျော်လောက်ရှိတယ်။ KIA အဖွဲ့က ဆက်ကြေးလာကောက်တယ်လို့ သိရတယ်။ ဘယ်လောက်ပေးလိုက်ရလဲတော့ မသိဘူး”ဟု ရွာသား တစ်ဦးက ပြောသည်။

အေးခဲသည့် မိုးတိမ်တိုက်များကြောင့် လေယာဉ် ပျက်ကျခဲ့ခြင်း ဖြစ်နိုင်သည်ဟု အင်ဒို မိုးလေဝသအေ ဂျင်စီပြော

ဂျာကာတာ။ ။ ဒီဇင်ဘာ ၂၈ ရက်က အင်ဒိုနီးရှားမှ စင်င်္ကာပူသို့ ပျံသန်းခဲ့သော အဲအေးရှား QZ 8501 ပျက်ကျမှု၏ မူလ အရင်းခံ အကြောင်း တရားသည် ရာသီ ဥတုဆိုးရွားမှု ကြောင့်ဖြစ်ပြီး ရေခဲတစ်မျှ အေးခဲသည့် မိုးတိမ်များ အတွင်း ပျံသန်းခဲ့ရမှုက အင်ဂျင်ကို ပျက်စီးစေ ခဲ့ဖွယ် ရှိသည်ဟု အင်ဒိုနီးရှား မိုးလေဝသအေ ဂျင်စီက ပြောသည်။

အဲအေးရှားလေကြောင်းလိုင်းမှ A 320-200လေယာဉ်သည် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာ မြို့မှ စင်င်္ကာပူသို့ပျံသန်းရာ လမ်းကြောင်းတွင် ပျက်ကျ ခဲ့ခြင်းဖြစ် ပြီး လေယာဉ် ပျက်ကျရခြင်း၏ အကြောင်း ရင်းကို စုံစမ်းသိ ရှိနိုင်ရန် ရှာဖွေ ကယ်ဆယ်ရေး သမားများက ပျံသန်းမှု မှတ်တမ်း အချက် အလက်များ ပါဝင်သည့် ဘလက်ဘောက်ကို ရှာဖွေလျက်ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် သမ္မတ တို့ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေး

နေပြည်တော်ရောက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတဦးသိန်းစိန်တို့ ဒီကနေ့ ဇန်န၀ါရီ ၅ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ခေါင်းဆောင် ၂ ဦးကျစီ တက်ရောက်ကြမှာ ဖြစ်ပြီး အဓိက ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ကိစ္စရပ်ကို ဆွေးနွေးကြမှာဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက စုံစမ်းသိရှိရပါတယ်။

အရိမေတ္တယျဘုရား ဘယ်အချိန်ပွင့်သလဲ

မေး- အရိမေတ္တယျဘုရားရှင်ဟာ ဘယ်အချိန်မှာ ပွင့် မှာလဲဘုရား။ အရိမေတ္တယျဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာကပျက်မှာလား၊ မပွင့်သေးခင် ပျက်မှာလားဆို တာသိချင်ပါတယ်ဘုရား။

မေသက်လှိုင်(လားရှိုး)

ဖြေ- ဒါမပြောမီ တစ်ကမ္ဘာရဲ့သက်တမ်းကို ပထမပြော ပါမယ်။ ဒါပြောမယ်ဆိုရင် အသင်္ချေယျဆိုတဲ့စကား ကို အရင်ပြောရမယ်။ အသင်္ချေယျဆိုတာ မရေမတွက် နိုင်တာကို ပြောတာပါ။ ဒါမှမဟုတ် တစ်အနောက်က သုညပေါင်း ၁၄ဝ ရှိတဲ့ကိန်းဂဏန်းကို 'အသင်္ချေယျ' လို့ခေါ်ပါတယ်။

စားသောက်ဆိုင် အလုပ်သမားမလေး အတွက် စားသုံးသူတို့ ကားဝယ်ပေး

Photo: စားသောက်ဆိုင် အလုပ်သမားမလေး အတွက် စားသုံးသူတို့ ကားဝယ်ပေး

ဇန်န၀ါရီလ ၅ ရက်၊ ၂၀၁၅

စေတနာအကျိုးပေးတယ်ဆိုတာ အမှန်ပါပဲ။ ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးဟာ စားသောက်ဆိုင်က သာမန် ဝန်ထမ်း တစ်ဦး ဖြစ်ပြီး ဆိုင်ကို ပုံမှန်လာစားသူများက သူမ အတွက် ခရစ်စမတ် လက်ဆောင် အဖြစ် ကားတစ်စီးကို ငွေစုလို့ ဝယ်ပေးခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု North Carolina ပြည်နယ်က မြို့လေးတစ်ခုတွင်းရှိ Raleigh လို့ အမည်ရတဲ့ စားသောက်ဆိုင် တစ်ခုမှာ ဖြစ်ပါတယ်။ ယင်း ဆိုင်မှာ အလုပ်လုပ်တဲ့ Shirley Ratliff လို့ အမည်ရတဲ့ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးဟာ သူမ အလုပ်ကို ရောက်ဖို့အတွက် ဘတ်စ်ကား သုံးဆင့် စီးပါတယ်။ သူမဟာ ကားဝယ်စီးဖို့ စိတ်ကူး အိပ်မက် ရှိပြီး ယင်းအတွက် ငွေလည်း နှစ်အတော်ကြာ စုနေခဲ့ပါသတဲ့။ တစ်နေ့တော့ ကင်ဆာရောဂါ ဝေဒနာ ကို ကုသဖို့ အတွက် မမျော်လင့်ပဲ သုံးလိုက်ရ ပါတယ်။

သူမဟာ ဆိုင်မှာ လာရောက် စားသုံးသူတို့ကို အင်မတန် ဖော်ရွေးပြီး ကောင်းမွန်စွာ ဆက်ဆံပါတယ်။ ဆိုင်မှာ လာစားသူတိုင်း သူမကို မချီးမွမ်းပဲ မနေရလောက်အောင် လူပြောများ သတဲ့။ သူ့ကို ဆိုင်ရဲ့ အိမ်ဂျယ်မလေးလို့တောင် တင်စားခေါ်ဝေါ်ကြပါသေးတယ်။ သူ့ကြောင့်လည်း ဆိုင်က အင်မတန် ရောင်းကောင်းပါတယ်။ သူမဟာ ကျန်းမာရေးအတွက် ငွေသုံးလိုက်ရတာကို သိတဲ့ လာရောက် စားသုံးသူ တစ်ဦးက ခရစ်စမတ် မတိုင်မီမှာ ဆိုင်လာစားနေကြ အမှာခံ စားသုံးသူများကို စုစည်းလို့ သူမအတွက် ကားဝယ်ပေးဖို့ ကြိုးစားပါတော့တယ်။

လူချစ်လူခင်ပေါတဲ့ အမျိုးသမီး ဖြစ်နေတော့ သိပ်မကြာပါဘူး။ ခရစ်စမတ်မတိုင်မှီ မှာပဲ ကားတစ်စီး ဝယ်ပေးလိုက်နိုင်ပါတယ်။ ဆိုင်ရှေ့ကို ခေါ်ထွက်ပြီး ကားကို ပြတော့ သူမဟာ ယခုလို အံ့သြနေခဲ့ ပါတယ်။ ကားဟာ သိပ် အကောင်းစားကြီး မဟုတ်ပေမယ့် သာမန် ကားလေး တစ်စီး ဖြစ်ပါတယ်။

ဒါကြောင့်မို့ စေတနာကောင်း ထားပြီးတော့ အလုပ်လုပ်ရင် ဘဝမှာ ပျော်ရွှင်ရသလို၊ တန်ပြန် အကျိုးကျေးဇူးလည်း နည်းမှာ မဟုတ်ဘူးဆိုတာ Shirley Ratliff က သက်သေပြသွားခဲ့ပါတယ်။
.
Ref: Huffingspot
အောင်ခမ်း (ရိုးရာလေး)
စေတနာအကျိုးပေးတယ်ဆိုတာ အမှန်ပါပဲ။ ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးဟာ စားသောက်ဆိုင်က သာမန် ဝန်ထမ်း တစ်ဦး ဖြစ်ပြီး ဆိုင်ကို ပုံမှန်လာစားသူများက သူမ အတွက် ခရစ်စမတ် လက်ဆောင် အဖြစ် ကားတစ်စီးကို ငွေစုလို့ ဝယ်ပေးခဲ့ကြပါတယ်။

ပြည်သူများ မျှော်လင့်သည့် လွတ်လပ်ရေးဟုတ်ရဲ့လား

DASSK
ရန်ကုန် (မဇ္ဈိမ)။ ။ ယနေ့ မြန်မာနိုင်ငံတွင် ရရှိနေသည့် လွတ်လပ်ရေးသည် ပြည်သူများ မျှော်လင့်နေသည့် လွတ်လပ်ရေး ဟုတ်ရဲ့လား ဟု ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်သည့် ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည် အခမ်း အနားတွင် မေးခွန်းထုတ် လိုက်သည်။ ဒေါ်အောင်ဆန်း စုကြည်က “လွတ်လပ်ရေးကတော့ ရသွားပါပြီ။ လွတ်လပ်ရေးရအောင်တော့ လုပ်ဖို့ မလိုတော့ပါဘူး။ ဒါပေမဲ့ ဒီလွတ်လပ်ရေးဟာ ပြည်သူတွေ မျှော်လင့် ခဲ့တဲ့ လွတ်လပ်ရေးမျိုး ဟုတ်ရဲ့လားဆိုတာ ကျွန်မတို့ စဉ်းစားရမယ်။ အဲ့သလို လွတ်လပ်ရေး မျိုး ဖြစ်အောင်လည်း ကျွန်မတို့ ၀ိုင်းပြီးလုပ်ရမယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

Key Chain Finder

Photo: Key Chain Finder

Key Chain Finder ဆိုသည့်အတိုင်း သင့်၏ ကားသော့၊ ဖုန်း၊ ပိုက်ဆံအိတ် အစရှိသည်တို့၌ ချိတ်ထားခြင်းဖြင့် မိမိပစ္စည်း နေရာအထား မှားသည့်အခါ ဖြစ်စေ၊ ပျောက်သွားသည့်အခါ ဖြစ်စေ လေချွန်လိုက်ရုံဖြင့် ၎င်း Key Chain မှ Alert ထမြည်လိမ့် မည်။

ရရှိနိုင်သော အရောင်များ အနေဖြင့် အဖြူရောင်၊ အမည်းရောင်၊ အနီရောင်နှင့် အပြာ ရောင်တို့ ရရှိနိုင်ပြီး ဈေးနှုန်းမှာ ငွေကျပ် ၁၅ဝဝဝ ဖြစ်သည်။

မြ၀တီ
Key Chain Finder ဆိုသည့်အတိုင်း သင့်၏ ကားသော့၊ ဖုန်း၊ ပိုက်ဆံအိတ် အစရှိသည်တို့၌ ချိတ်ထားခြင်းဖြင့် မိမိပစ္စည်း နေရာအထား မှားသည့်အခါ ဖြစ်စေ၊ ပျောက်သွားသည့်အခါ ဖြစ်စေ လေချွန်လိုက်ရုံဖြင့် ၎င်း Key Chain မှ Alert ထမြည်လိမ့် မည်။

၅၃နှစ်အတွင်း ပထမဆုံးကျင်းပသော ဗိုလ်ရှုသဘင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ ပြင်သင့်ပြင်ထိုက်သည်များကို ဥပဒေနှင့်အညီ ပြင်ဆင်ရမည်ဟု သမ္မတပြော


မိမိတို့နိုင်ငံ၊ မိမိတို့ လူ့အဖွဲ့အစည်း၊ နိုင်ငံရေးအခြေ အနေများအပေါ်မူတည်၍ ဖွဲ့ စည်းပုံအခြေခံဥပဒေမှ ပြင်သင့် ပြင်ထိုက်သည်များကို ဥပဒေနှင့် အညီ ပြင်ဆင်သွားရမည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အ ခမ်းအနားနှင့် ဗိုလ်ရှုခံသဘင်တွင် ပြောကြား သည်။
‘‘ဒီမိုကရေစီစနစ် အမြစ် တွယ် ခိုင်မာလာစေဖို့ ငြိမ်းချမ်း ရေးဖြစ်စဉ်အဆင့်ဆင့်ကနေ နိုင် ငံရေးဆွေးနွေး ပွဲများပေါ်ပေါက် လာဖို့ နဲ့ လွတ်လပ်ပြီးတရားမျှတ တဲ့ ၂၀၁၅အထွေထွေရွေးကောက် ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ဖို့ ဆိုတဲ့အချက်များဟာကျွန်တော် တို့ ကျော်လွှားရမယ့် စိန်ခေါ်မှုများ ပဲဖြစ်ပါတယ်’’ဟု သမ္မတကပြောသည်။

နာမည်ပြောင်းလိုက်တဲ့ ဂျနီဖာလိုပက်ဇ်


အမေရိကန် အဆိုတော် ဂျနီဖာလိုပက်ဇ်သည် ၂၀၁၄ ဒီဇင်ဘာ ၃၁ ရက်တွင် ၎င်း၏ တရားဝင်နာမည်ကို ၎င်း၏ မူရင်းအမည်သို့ ပြန်ပြောင်းခဲ့ ကြောင်း တရားရုံးစာရွက်စာတမ်း များအရ သိရသည်ဟု TMZ သတင်းက ဖော်ပြသည်။

သင်၏ မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "

Photo: သင်၏ မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "
===================================

ဇန်န၀ါရီလ ၅ ရက်၊ ၂၀၁၅

ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊
ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်
လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို
ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။

အိပ်ရာကထလာတာနဲ့အပူတွေကတစ်ကိုယ်လုံးမှာပြန့်နှံ့နေတာပါ ၊
ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကိုအရင်သစ်လိုက်မယ်ဆိုရင်
ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ
အကုန်ပြေးလာကြပါတယ် ၊ ဒါကြောင့်မျက်စိကိုတစ်ကိုယ်လုံးက အပူခိုး ၊
အပူငွေ့တွေလာရိုက်တော့တာပေါ့ ။ ။ ။

သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ ၊
မျက်လုံးနှစ်လုံးစလုံး " ရဲ " နေတာတွေ့ရလိမ့်မယ်၊ အဲ့ဒီလိုအပူခိုးတွေ
ရိုက်ပါများလာတဲ့အခါ " ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့ " ။ ။ ။

ဒါကြောင့်အပူခိုးတွေ မျက်စိဆီကိုမသွားဘဲ အောက်ရောက်သွားအောင်
ခြေထောက်ကိုအရင်ရေလောင်းရတာပေါ့ ၊ ဒူးကနေရေလောင်းပြီးတဲ့အခါမှာလည်း
ချက်ချင်းမျက်နှာမသစ်ရသေးဘူး ။ ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ
ထွက်သွားအောင် မတ်တတ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက်
အောက်ချလိုက် နဲ့ အနည်းဆုံး အကြိမ် ၂၀ လောက်လုပ်ပေးရမယ် ။ ။ ။

အဲ့ဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေလျှော့သွားအောင် ခေါင်းကို
နောက်ကျောဘက်ရောက်နိုင်သလောက် လှန်ချရမယ် ၊ ရှေ့ကိုလည်း
ရသလောက် ငုံ့ရမယ် ။ ဒါကလည်းအကြီမ် ၂၀ လောက်ပေါ့ ၊ ပြီးရင် ခေါင်းကို
ဘယ်ညာ အခါ ၂၀ လောက်လှည့်ပေးရမယ် ။ ။ ။

ဒီလေ့ကျင့်ခန်း သုံးခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေ
ခြေထောက်ကတဆင့် ထွက်နေတာ ကုန်သွားပါပြီ ။ သေချာသိချင်ရင်
ခြေထောက်ကိုစမ်းကြည့်လိုက်ပေါ့ ။
" ရေတစ်စက်မှမရှိတော့ဘဲ ခြောက်နေတာတွေ့ရလိမ့်မယ် " ။
အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ် ၊ သွားမတိုက်ရသေးဘူး ။
ပါးစပ်ကိုပိတ်ထားရမယ် ။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့သုတ်ပေတော့ ။

ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့ ၊
အဲ့ဒီကျတော့မှ သွားတိုက်ရမယ် ၊ သွားတိုက်ရင်းနဲ့ သွားကြိုသွားကြားမှာရှိတဲ့
အခိုးအငွေ့တွေဟာ " မျက်နှာကမွှေးညှင်းပေါက်များမှတဆင့် ထွက်ကုန်မယ်လေ" ။

ဒီနည်းကတော့" အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ " ကို ကြိုတင်ကာကွယ်နည်းပါ ။

နောက်ပြီးဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ် ၊
ညဘက်ကိုနည်းနည်း ပဲကြည့်စေချင်တယ် ။

ွှ ဒီနည်းဖြင့် မျက်စိမှုန်နေသူများ ပြန်အားကောင်းနိုင်ပါတယ် ။
မျက်စိအားကောင်းသော သူများပင်လျှင် ဒီနည်းကို အမြဲတစေပြုလုပ်မည်ဆိုပါက
မျက်မှန်တတ်ရမည့် အဆင့်သို့ မရောက်နိုင်တော့ပါ ။ ။ ။

အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ )
စာရိတ္တသတ္တိ စာအုပ်မှ မျှဝေပါသည်
ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊
ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်
လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို
ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။

အစိုးရ၀န်ထမ်းများ လစာစုဆောင်းပြီး အိမ်ရာဝယ်နိုင်မည့် အစီအစဉ် အကောင်အထည်ဖော်မည်

အစိုးရ၀န်ထမ်းများ လစာအရစ်ကျစုဆောင်းပြီး အိမ် ရာဝယ်နိုင်ရန် တစ်ဦးချင်းစီ ၀င် ငွေစုဆောင်းသည့် စနစ် (Myan-mar Provident Fund) ကို မကြာမီ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နိုင်ငံတကာတွင် ၀န်ထမ်းများ၏ လစာကို လစဉ်စုဆောင်းပြီး အိမ်ရာဝယ်နိုင်မည့် စနစ်များရှိ၍ မြန်မာနိုင်ငံတွင်လည်း အကောင်အထည်ဖော်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်အေး အေးမြင့်က ပြောသည်။

‘‘အိမ်ရာနဲ့ပတ်သက်ပြီး စုငွေလုပ်ဆောင်ဖို့ လိုနေပြီ။ ဒါ ကြောင့် ဒီကဏ္ဍကိုလေ့လာပြီး အကောင်အထည် ဖော်ဖို့ လုပ်နေ တယ်။ ဒီစနစ်က တခြားနိုင်ငံတွေ မှာလည်း ရှိတယ်။ လက်တွေ့သုံး နေတယ်’’ဟု ၎င်းက ပြောသည်။

ကေအိုင်အေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေအတွက် ဆုတောင်းပွဲပြုလုပ်

Photo: ကေအိုင်အေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေအတွက် ဆုတောင်းပွဲပြုလုပ်

ဇန်န၀ါရီလ ၅ ရက်၊ ၂၀၁၅

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသူတွေ အတွက် သူတို့ရဲ့ မိဘ ဆွေမျိုးတွေစုပေါင်းပြီး အမျှဝေဆုတောင်းပွဲတစ်ရပ်ကို မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားမှာ ဒီနေ့ပြု လုပ်ခဲ့ပါတယ်။

KIA က ဖမ်းဆီးခံရတဲ့ ရှမ်းတိုင်းရင်းသား ၂၃၀ ကျော်ရှိသွားပြီလို့ အခမ်းအနားမှာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောပါတယ်။

"ကျနော်တို့ရှမ်းတွေကို အခုမတရား ဆပ်ကြေးကောက်နေတာ၊ ကျနော်တို့ ရှမ်းသားသမီးတွေ တောထဲတောင်ထဲမှာ အခုအဖမ်းခံနေရတယ်၊ အခုဆို ကေအိုင်အေဖမ်းသွားတာ ၂၃၄ ဦးရှိပါပြီ၊ နောက်ပြီး ဒီထဲမှာသေဆုံးသွားတဲ့ ဒီကနေ့ ကျနော်တို့ ဆွမ်းသွပ်ရတဲ့အထိ ဘဝအခြေအနေ အဲ့လိုဖြစ်လာပါတယ်၊ ဒါကျနော်တို့ လက်ခံလို့မရတော့ဘူး"

အခမ်းအနားကိုတက်ရောက်လာကြတဲ့ မိသားစုဝင်တွေကလည်း သူတို့ရဲ့ခံစားချက်တွေကိုရင်ဖွင့် ပြောဆိုကြပါတယ်။

မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ ဒေါ်မြင့်ကြည်က ခင်ပွန်းဖြစ်သူ ဦးလှထွန်းဟာ KIA ရဲ့ သတ်ဖြတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ဆင်ဘိုမှာ ကျမတို့မိသားစု လယ်ယာမြေကို ရိုးရိုးသားသား လုပ်ကိုင် စားသောက်ပါတယ်၊ ကျမတို့ခင်ပွန်းသည် အလုပ်အကိုင် လုပ်နေရတဲ့ အချိန်မှာ ကေအိုင်ကေတွေက ဖမ်းသွားပြီးတော့မှ ဘာမှမသိညာမှန်းမသိ သတ်ဖြတ်ခဲ့ပါတယ်"

KIA ရဲ့ဖမ်းဆီးသတ်ဖြတ်ခံခဲ့သူတွေရဲ့မိသားစုဝင်တွေဟာ အဓမ္မစစ်သား စုဆောင်းတဲ့ လက်နက်ကိုင်အဖွဲ့တွေ အလိုမရှိစတဲ့ ပိုစတာတွေကိုင်ပြီး မြစ်ကြီးနားမြို့ရှမ်းစုမြောက်ရပ်ကွက်ကနေ ဆုတောင်းပြည့် ဘုရားအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။

KIA က ဖမ်းဆီးသတ်ဖြတ်ခံရတယ်ဆိုတဲ့ ရှမ်းမျိုးနွယ်စုတိုင်းရင်းသား အရေအတွက်နဲ့ ပတ်သက်လို့ စိစစ်သွားရမှာဖြစ်တယ်လို့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ နည်းပညာအထောက်အကူပြုအလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးက ပြောပါတယ်။

"ကျနော်တို့ ကချင်တွေလည်း ဒီလိုပဲ နိုင်ငံတကာသိအောင် အစိုးရသိအောင် ဆန္ဒတွေထုတ်ဖော်မယ်၊ ဖော်ပြမယ်၊ ထိုနည်း၎င်းပဲ ရှမ်းတွေမှာလည်း ဒီအခွင့်အရေးရှိပါတယ်၊ ကျနော်တို့ ကချင်တွေနဲ့ ဖြစ်တဲ့ကိစ္စကျတော့ ကျနော်တို့လည်း ပြန်စိစစ်ရမှာပေါ့၊ သူတို့ပြောသလောက် မရှိဘူးဆိုတာ ကျနော်တို့သိနေတယ်လေ"

ဒီနေ့ဆန္ဒပြဝတ်ပြုဆုတောင်းပွဲကို မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် စတဲ့မြို့ရွာတွေက ဒေသခံရှမ်းတိုင်းရင်းသား တစ်ထောင်ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

RFA Burmese
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသူတွေအတွက် သူတို့ရဲ့ မိဘ ဆွေမျိုးတွေစုပေါင်းပြီး အမျှဝေဆုတောင်းပွဲတစ်ရပ်ကို မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားမှာ ဒီနေ့ပြု လုပ်ခဲ့ပါတယ်။

KIA က ဖမ်းဆီးခံရတဲ့ ရှမ်းတိုင်းရင်းသား ၂၃၀ ကျော်ရှိသွားပြီလို့ အခမ်းအနားမှာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့နှင့် သမ္မတ၊ ကာချုပ်တို့ ယနေ့တွေ့ဆုံမည်

ဗိုလ်ရှုခံအခမ်းအ နားသို့ တက်ရောက်လာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် နိုင်ငံတော် သမ္မတ၊ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်တို့ သည် နေပြည်တော်တွင် ယနေ့ သီးခြားတွေ့ ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်း စိန်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၂ ဖွဲ့မှ ကိုယ်စားလှယ် များသည် ယနေ့နံနက် ၉ နာရီ တွင် မြန်မာကွန်ဗင်းရှင်းစင်တာ (၁)  (MICC−1) ၌ တွေ့ဆုံမည် ဖြစ်သည်။ ထို့နောက်နေ့လယ်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဘုရင့်နောင်ရိပ်သာ၌ တွေ့ဆုံ မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးဖဒို စောကွယ်ထူးဝင်းက ပြောသည်။

ကေအိုင်အေကို မြစ်ကြီးနားမြို့မှာ ဆန္ဒပြ

Saturday, January 3, 2015

နိုင်ငံခြားပညာတော်သင်များ ပြန်မလာလျှင် သိန်းငါးဆယ်လျော်ရသည့်စနစ် ပယ်ဖျတ်

ပြည်ပနိုင်ငံများသို့ နိုင်ငံခြား ပညာတော်သင်အဖြစ် သွားရောက်သည့် နိုင်ငံ့ဝန်ထမ်းများ မြန်မာနိုင်ငံသို့ ပြန်မလာလျှင် ပညာသင် အာမခံလျော်ကြေးငွေ သိန်းငါးဆယ် ပေးလျော်ရသည့် စနစ်ကို ဇန်နဝါရီလ ၁ ရက်နေ့မှစတင် ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ထံမှ သိရသည်။
ယခင်က နိုင်ငံခြား ပညာတော်သင်များ မြန်မာနိုင်ငံသို့ ပြန်လာရန် ပျက်ကွက်လျှင် ကာယကံရှင် သို့မဟုတ် ဆွေမျိုးရင်းချာ တစ်ဦးဦးက လျော်ကြေးအဖြစ် ကျပ်သိန်းငါးဆယ် ပေးလျော်ပါမည်ဟူသော ကတိခံဝန်ချက်ကို ပညာသင်များ ပြည်ပမသွားရောက်မီ လက်မှတ် ရေးထိုးရခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း ပြည်ပ ပညာတော်သင်သွားမည့် နိုင်ငံ့ဝန်ထမ်းများ ယင်းသို့ လက်မှတ်ရေးထိုးရန် မလိုတော့ကြောင်း နိုင်ငံခြား ပညာတော်သင်ဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောဆိုသည်။
“Bond ထိုးစရာ မလိုတော့ဘူး။ အဲဒီတော့ ပြန်မလာရင် သိန်းငါးဆယ် လျော်စရာမလိုတော့ဘူး ဆိုတဲ့သဘောပေါ့။ ဒါပေမဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းက သီးခြားစည်းကမ်း သတ်မှတ်ချက်တွေ ရှိနိုင်တယ်” ဟု ၎င်းကရှင်းပြသည်။

ရခိုင်တွင် ဘင်္ဂါလီများကို နိုင်ငံသားစိစစ်မှု ပြန်လည်စတင်

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ဇန်နဝါရီလမှ စတင်ကာ တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် နိုင်ငံသားစိစစ်မှုများကို ပြန်လည်စတင်နေပြီဖြစ်ကြောင်း လှုဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (လ.ဝ.က) ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောကြားသည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှုများကို ဇန်နဝါရီလမှ စတင်ကာ ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ခြောက်လတစ်ကြိမ်နှုန်းဖြင့် စိစစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံခြားပညာတော်သင်များ ပြန်မလာလျှင် သိန်းငါးဆယ်လျော်ရသည့်စနစ် ပယ်ဖျတ်

ပြည်ပနိုင်ငံများသို့ နိုင်ငံခြား ပညာတော်သင်အဖြစ် သွားရောက်သည့် နိုင်ငံ့ဝန်ထမ်းများ မြန်မာနိုင်ငံသို့ ပြန်မလာလျှင် ပညာသင် အာမခံလျော်ကြေးငွေ သိန်းငါးဆယ် ပေးလျော်ရသည့် စနစ်ကို ဇန်နဝါရီလ ၁ ရက်နေ့မှစတင် ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စု ရာထူးဝန်အဖွဲ့ထံမှ သိရသည်။
ယခင်က နိုင်ငံခြား ပညာတော်သင်များ မြန်မာနိုင်ငံသို့ ပြန်လာရန် ပျက်ကွက်လျှင် ကာယကံရှင် သို့မဟုတ် ဆွေမျိုးရင်းချာ တစ်ဦးဦးက လျော်ကြေးအဖြစ် ကျပ်သိန်းငါးဆယ် ပေးလျော်ပါမည်ဟူသော ကတိခံဝန်ချက်ကို ပညာသင်များ ပြည်ပမသွားရောက်မီ လက်မှတ် ရေးထိုးရခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်း ပြည်ပ ပညာတော်သင်သွားမည့် နိုင်ငံ့ဝန်ထမ်းများ ယင်းသို့ လက်မှတ်ရေးထိုးရန် မလိုတော့ကြောင်း နိုင်ငံခြား ပညာတော်သင်ဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောဆိုသည်။
“Bond ထိုးစရာ မလိုတော့ဘူး။ အဲဒီတော့ ပြန်မလာရင် သိန်းငါးဆယ် လျော်စရာမလိုတော့ဘူး ဆိုတဲ့သဘောပေါ့။ ဒါပေမဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းက သီးခြားစည်းကမ်း သတ်မှတ်ချက်တွေ ရှိနိုင်တယ်” ဟု ၎င်းကရှင်းပြသည်။

ဗုဒ္ဓဘာသာ လေ့လာနေသည့် အနောက်နိုင်ငံသားများ စလင်းမြို့ဟောင်းတွင် ရှင်ပြုအလှူပြုလုပ်

တိဗက်တွင် ဗုဒ္ဓဘာသာကို လေ့လာခဲ့ကြသည့် မဟာယာနဗုဒ္ဓဘာသာဝင် အင်္ဂလန်နိုင်ငံ မှ နိုင်ငံတကာ ခရီးသွား ၁၃ဦးတို့က မကွေးတိုင်း စလင်းမြို့ဟောင်းရှိ ရုပ်စုံကျောင်းတွင် မြန်မာ့ရိုးရာရှင်ပြုအလှူတခု ပြုလုပ်လှူဒါန်းခဲ့ကြောင်း Myanmar Zarmani Creative Tours Co.ltd.မှ မန်နေဂျင်ဒါရိုက်တာ ဒေါ်နီနီမြင့်က ပြောကြားသည်။
“ဒီကို လာလေ့လာတဲ့ နိုင်ငံတကာခရီးသွားတွေထဲမှာ မဟာယာနတွေလည်းပါတယ်။ သူတို့ကတောင်ပိုင်း ဗုဒ္ဓ ဘာသာကို လေ့လာချင်လို့ စလင်းမြို့ဟောင်းကို လာခဲ့တာပါ”ဟုယင်းကပြော ဆိုသည်။
အဆိုပါ အင်္ဂလန်မှ ဘာသာရေးလေ့လာသူများအဖွဲ့တွင် ရုပ်သံဇာတ်လမ်းတိုရိုက်ကူးရေးသမားများလည်း ပါဝင်ကြောင်း သိရသည်။ ဗုဒ္ဓဘာသာ မြန်မာဓလေ့ ရှင်ပြုအလှူပွဲတွင် ကုသိုလ်ပြုလှူဒါန်းခြင်းအပြင် ကွမ်းဒေါင်ကိုင်၊ ပန်းဒေါင်ကိုင်သူများအဖြစ်လည်း အလှူပွဲတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။

စန္ဒရားတင်ဝင်းလှိုင်၏ အကယ်ဒမီ ရွှေစင်ရုပ်တုပြန်သိမ်းမည်ဆိုသည့် သတင်းမှာ ကောလာဟလသာဖြစ်ဟုဆို

အကယ်ဒမီ ရွှေစင်ရုပ်တု ပြန်လည်သိမ်းဆည်း မည်ဟု ထွက်ပေါ်နေသည့် သတင်း များမှာ ကောလာဟလသာဖြစ် ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဒုဥက္ကဋ္ဌ-၂ ဦးအေးကြူလေး၏ ပြောပြချက်အရ သိရသည်။
''အကယ်ဒမီရွှေစင်ရုပ်တု ပြန် သိမ်းမယ်ဆိုပြီးတော့ ထွက်ပေါ်နေ တဲ့ သတင်းတွေက မဟုတ်ပါဘူး။ ဘယ်တုန်းကမှလဲ အဲဒီလိုအဖြစ်အ ပျက်မျိုးမရှိခဲ့ပါဘူး။ အကယ်ဒမီဆု ဆိုတာက ပေးချင်တိုင်းပေးပြီးတော့ ပြန်သိမ်းချင်တိုင်း ပြန်သိမ်းလို့ရတဲ့ ပစ္စည်းမဟုတ်ပါဘူး။ အကယ်ဒမီဆု ပေးဖို့အတွက်ကို အကယ်ဒမီစိစစ် ရေးဘုတ်အဖွဲ့က တာဝန်ရှိသူတွေ အားလုံးရဲ့ဆုံးဖြတ်ချက်နဲ့ ပေးခဲ့တာ ပါ။ တစ်ဦးတစ်ယောက်တည်းရဲ့ဆုံး ဖြတ်ချက်နဲ့ ပေးခဲ့တာမဟုတ်ပါဘူး''ဟု ယင်းကဆက်လက်ပြောသည်။

စန္ဒရားတင်ဝင်းလှိုင်၏ အကယ်ဒမီ ရွှေစင်ရုပ်တုပြန်သိမ်းမည်ဆိုသည့် သတင်းမှာ ကောလာဟလသာဖြစ်ဟုဆို

အကယ်ဒမီ ရွှေစင်ရုပ်တု ပြန်လည်သိမ်းဆည်း မည်ဟု ထွက်ပေါ်နေသည့် သတင်း များမှာ ကောလာဟလ သာဖြစ် ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဒုဥက္ကဋ္ဌ-၂ ဦးအေးကြူလေး၏ ပြောပြချက်အရ သိရသည်။
''အကယ်ဒမီရွှေစင်ရုပ်တု ပြန် သိမ်းမယ်ဆိုပြီးတော့ ထွက်ပေါ်နေ တဲ့ သတင်းတွေက မဟုတ်ပါဘူး။ ဘယ်တုန်းကမှလဲ အဲဒီလိုအဖြစ်အ ပျက်မျိုးမရှိခဲ့ပါဘူး။ အကယ်ဒမီဆု ဆိုတာက ပေးချင်တိုင်းပေးပြီးတော့ ပြန်သိမ်းချင်တိုင်း ပြန်သိမ်းလို့ရတဲ့ ပစ္စည်းမဟုတ်ပါဘူး။ အကယ်ဒမီဆု ပေးဖို့အတွက်ကို အကယ်ဒမီစိစစ် ရေးဘုတ်အဖွဲ့က တာဝန်ရှိသူတွေ အားလုံးရဲ့ဆုံးဖြတ်ချက်နဲ့ ပေးခဲ့တာ ပါ။ တစ်ဦးတစ်ယောက်တည်းရဲ့ဆုံး ဖြတ်ချက်နဲ့ ပေးခဲ့တာမဟုတ်ပါဘူး''ဟု ယင်းကဆက်လက်ပြောသည်။

ထမင်းစားစဉ် ရေခဲရေမသောက်ပါနှင့်

Photo: ထမင်းစားစဉ် ရေခဲရေမသောက်ပါနှင့်
ဇန်န၀ါရီလ ၃ ရက်၊ ၂၀၁၅

နိုင်ငံတကာ ကျန်းမာရေး လေ့လာ သုတေသနပြုမှုများအရ ထမင်းစားပြီး ချိန်နှင့် ထမင်းစားသောက်ပြီးနောက် ၁၅ မိနစ်ခန့်အတွင်း ရေခဲရေအပါအဝင် အ လွန်အမင်း အေးသော ရေနှင့် အအေး မျိုးစုံကို မသောက်သုံးသင့်ကြောင်း ကျန်းမာရေး ပါရဂူကြီးများက ပြောကြားသွား ခဲ့သည်။

သုတေသနပြု လေ့လာဆန်းစစ် ချက်တွင် ထမင်းစားနေစဉ် ရေခဲရေကို သောက်သုံးသောသူများထက် ရေနွေး ကို သောက်သုံးလေ့ရှိသူများက သက် တမ်း ပိုမိုရှည်နေကြောင်း တွေ့ရှိခဲ့သည်။ အစားအစာ စားသောက်နေချိန်တွင် အ အေးသောက်သုံးမှု ပြုလုပ်လိုက်လျှင် ၄င်း အစားအစာများသည် အဆီအခဲ (သို့မ ဟုတ်) အစိုင်အခဲအဖြစ် ပြောင်းလဲသွား စေခဲ့ပြီး အာဟာရ မဖြစ်မြောက်တော့ ဘဲ ရောဂါကိုသာ ဦးတည်သွားစေနိုင် ကြောင်း ပါရဂူကြီးများက ပြောကြားလိုက် သည်။

၎င်းပြောင်းလဲသွားမှုသည် အစာ အိမ်၊ အူသိမ်အူမတို့အား ထိခိုက်ပျက်စီး စေ၍ အစာမကြေဖြစ်ခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ရုတ်တရက် အသက်ရှူကျပ်ခြင်းတို့ကို ဖြစ်စေသည့်အပြင် ရေရှည်ကာလ၌ အ စာအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာရော ဂါတို့ကို ဖြစ်နိုင်ခြေများစေကြောင်း နှစ် ရှည်လများ သုတေသနပြု လေ့လာမှုအ ရ တွေ့ရှိခဲ့ရသည်။

TheYangonTimes
နိုင်ငံတကာ ကျန်းမာရေး လေ့လာ သုတေသနပြုမှုများအရ ထမင်းစားပြီး ချိန်နှင့် ထမင်း စားသောက်ပြီးနောက် ၁၅ မိနစ်ခန့်အတွင်း ရေခဲရေအပါအဝင် အ လွန်အမင်း အေးသော ရေနှင့် အအေး မျိုးစုံကို မသောက်သုံးသင့်ကြောင်း ကျန်းမာရေး ပါရဂူကြီးများက ပြောကြားသွား ခဲ့သည်။

မန္တလေးပဋိပက္ခမှ ကတုံးမအမှုကို အများပြည်သူရှေ့မှောက်တွင် တရားစီရင်ရန်လျှောက်လဲ

မန္တလေးပဋိပက္ခ ဖြစ်စဉ်တွင် အဓိကပါဝင်သူ ကတုံးမအပါအဝင် ငါးဦးကို စစ် ဆေးရာ၌ အများပြည်သူရှေ့ မှောက် တရားစီရင်အမိန့်ချမှတ် နိုင်ရန် ဇန်နဝါရီ ၂ ရက်က ပျဉ်း မနားမြို့ တရားရုံးတွင် လျှောက် ထားခဲ့ကြောင်း သတင်းရရှိ သည်။

‘‘ထောင်ထဲ၊ တရားရုံးထဲမှာ လုံခြုံရေးအစောင့်အရှောက်တွေ နဲ့အမှုစစ်ဆေးရမယ်လို့ ဘယ်ဥပဒေကမှပြဋ္ဌာန်းထားတာမရှိဘူး။ ဒါ ကြောင့် အများပြည်သူ ရှေ့မှောက်မှာ သက်သေတွေပြဖို့၊ အမိန့်ချမှတ်ဖို့ အတွက် လျှောက်ထားတာပါ’’ဟု စွပ်စွဲခံရသူများအားလိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေဦး အောင်သူရိန်ထွန်းက ပြော သည်။

ဗိုလ်ရှုခံအခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့ တက်ရောက်မည် KIA၊ TNLA နှင့် KNPP တို့ တက်ရောက်မည်မဟုတ်

Photo: ဗိုလ်ရှုခံအခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့ တက်ရောက်မည်
KIA၊ TNLA နှင့် KNPP တို့ တက်ရောက်မည်မဟုတ်

ဇန်န၀ါရီလ ၂ ရက်၊ ၂၀၁၅

လွတ်လပ်ရေးနေ့တွင် ကျင်းပမည့် ဗိုလ်ရှုခံ အခမ်း အနားသို့ ဧည့်သည်တော်အဖြစ် တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အင်အားစု ၁၆ ဖွဲ့အား ဖိတ်ကြားခဲ့ရာတွင် ၁၃ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ မှ သတင်းရရှိသည်။

ဗိုလ်ရှုခံကျင်းပရေးကော်မ တီအနေဖြင့် KIA (ကချင်လွတ် မြောက်ရေးအဖွဲ့) နှင့် TNLA (တ အောင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော်) တို့ အပါအ၀င် အ ဖွဲ့ ၁၆ ဖွဲ့အား ဖိတ်ကြားခဲ့သည်။

KIA၊ TNLA နှင့် KNPP (က ရင်နီအမျိုးသားတိုးတက်ရေးပါ တီ) မှ ကိုယ်စားလှယ်များ တက် ရောက်မည်မဟုတ်ကြောင်း သ တင်းရရှိသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့တွင် KIA၊ TNLA တို့နှင့် အ စိုးရ စစ်တပ်တို့မှာ အပစ်ရပ်လက် မှတ်မထိုးနိုင်သေးဘဲ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော်မတီ (UPWC) နှင့် NCCT တို့ ပြုလုပ်သော ဆွေးနွေး ပွဲသို့လည်း KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် တက်ရောက် ခြင်း မရှိခဲ့ပေ။

ဗိုလ်ရှုခံအခမ်းအနား တက် ရောက်ရန် ကရင်အမျိုးသားအ စည်းအရုံး (KNU)၊ KNU/ KNLA (PC)၊ ‘၀’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ/‘၀’ ပြည် သွေး စည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA)၊ NDAA (ရှမ်းပြည်နယ်အရှေ့ပိုင်းအထူး ဒေသ (၄)နှင့် ABSDF (မြန်မာနိုင် ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) မှ ကိုယ်စားလှယ်များသည် အခမ်းအနားတက်ရောက်ရန် ရောက်ရှိနေကြပြီဖြစ်ကြောင်း အဆိုပါအဖွဲ့များမှ ပြောရေးဆိုခွင့်ရှိသူများက ပြော သည်။

အပစ်အခတ် ရပ်စဲရေး အောင်မြင်စေရန် အစိုးရနှင့် မြန် မာ့တပ်မတော်တို့၏ စိတ်ပိုင်းဖြတ် ချက်များကို သက်သေပြရန် ဖိတ် ခေါ်ခဲ့ခြင်းဖြစ်ပြီး တက်ရောက် ခြင်း၊ မတက်ရောက်ခြင်းမှာမူ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သဘောထားသာဖြစ်ကြောင်း နိုင်ငံ တော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

‘‘လွတ်လပ်ရေးရတယ်ဆို တာ လူတချို့အတွက် ရတာမ ဟုတ်ဘူး။ တိုင်းရင်းသားအားလုံး နဲ့ ဆိုင်တယ်။ ပင်လုံမှာ လက် မှတ်ထိုးတာ တိုင်းရင်းသားခေါင်း ဆောင်တွေလည်းပါတယ်’’ ဟု KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြော သည်။ဗိုလ်ရှုခံအခမ်းအနားအပြီး နောက်တစ်နေ့တွင် သမ္မတနှင့် တက်ရောက်လာသော တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံ ရန်ရှိကြောင်း ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

ဗိုလ်ရှုခံအခမ်းအနားသို့ တက်ရောက်မည့် တိုင်းရင်းသား အဖွဲ့များမှာ KNU၊ KNU/ KNLA (PC)၊ DKBA၊ ABSDF၊ NMSP၊ WUSA၊ NDAA၊ SSPP/ SSA၊ RCSS/SSA၊ PNLO၊ ALP၊ NSCN-k (နာဂအမျိုးသားဆို ရှယ်လစ် ကောင်စီခပ်ပလန်) အဖွဲ့မှ ခေါင်းဆောင်များ တက် ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်

ဗိုလ်ရှုခံအခမ်းအနားအတွက် ၀တ်စုံပြည့် လေ့ကျင့်နေကြစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily
လွတ်လပ်ရေးနေ့တွင် ကျင်းပမည့် ဗိုလ်ရှုခံ အခမ်း အနားသို့ ဧည့်သည်တော်အဖြစ် တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အင်အားစု ၁၆ ဖွဲ့အား ဖိတ်ကြားခဲ့ရာတွင် ၁၃ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ မှ သတင်းရရှိသည်။

ဗိုလ်ရှုခံကျင်းပရေးကော်မ တီအနေဖြင့် KIA (ကချင်လွတ် မြောက်ရေးအဖွဲ့) နှင့် TNLA (တ အောင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော်) တို့ အပါအ၀င် အ ဖွဲ့ ၁၆ ဖွဲ့အား ဖိတ်ကြားခဲ့သည်။