Wednesday, May 20, 2015
လှေစီးဒုက္ခသည်တွေကို ဖိလစ်ပိုင်နဲ့ ဂမ္ဘီးယားနိုင်ငံ ခေါ်ယူမည်
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက လှေနဲ့ထွက်ပြေးသွားတဲ့ လူပေါင်း ၃ ထောင်လောက်ကို ဖိလစ်ပိုင်နိုင်ငံက ကြိုဆိုဖို့အဆင့်သင့်ရှိနေတယ်လို့ မနေ့ကပြော လိုက်ပါတယ်။ ဒီကိစ္စအတွက် ဖိလစ်ပိုင်အစိုးရနဲ့ ခရစ်ယန်ကက်သလစ်ဘုရားကျောင်းက သဘောတူ ထားတယ်လို့လည်း သိရပါတယ်။
ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာစာချုပ်ကို ဖိလစ်ပိုင်က သဘောတူထားတဲ့အတွက် ထွက်ပြေး လာတဲ့ အဲဒီ့လူတွေကိုကူညီမယ်လို့ ပြောဆိုတာဖြစ်တဲ့ အကြောင်း၊ ဖိလစ်ပိုင်တရားရေးဝန်ကြီး Leila Lima နဲ့ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Charles Jose တို့ က ပြောပါတယ်။
ဦးခင်အောင်မြင့်နဲ့အဖွဲ့ ဘယ်လာရုစ် သွားမည်
အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံကို မကြာခင်ရက်ပိုင်းအတွင်း သွားရောက်ကြမယ်လို့ Belarusian News သတင်းက ဖေါ်ပြပါတယ်။ဘယ်လာရုစ် အမျိုးသားလွှတ်တော်ကောင်စီရဲ့ ဖိတ်ကြားချက်အရ မေလ ၂၁ရက်နေ ၂၄ ရက်နေ့အထိ သွားရောက်လည်ပတ်ကြမှာဖြစ်ကြောင်း သိရပါတယ်။ဦးခင်အောင်မြင့်နဲ့အဖွဲ့ဟာ ဘယ်လာရုစ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ အခမ်းအနားတချို့ကို တက်ရောက်ကြမယ့်အပြင်၊ သမိုင်းဝင်နေရာတွေ၊ ယဉ်ကျေးမှုဆိုင်ရာနေရာတွေကို လည်း သွားရောက်လေ့လာကြမယ်လို့ သတင်းမှာဖေါ်ပြ ပါတယ်။
လူဦးရေထိန်းညှိမှုဥပဒေ အမေရိကန် စိုးရိမ်
မြန်မာနိုင်ငံရဲ့ လူဦးရေထိန်းညှိမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းနဲ့ တခြားဥပဒေကြမ်း သုံးခုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဥပဒေကြမ်းတွေဟာ အန္တရာယ်ကြီးမားပြီး၊ လူနည်းစုတွေရဲ့ ဒီမိုကရေစီမျှော်လင့်ချက်တွေကို ပျက်ပြားသွားစေမှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jeff Rathke က ဒါဟာ ကလေးမွေးဖွားနှုန်းအပေါ် ညီမျှမှုမရှိဘဲ တစ်ဘက်စောင်းနင်း အတင်းအဓမ္မထိန်းချုပ်ပြီး၊ ခွဲခြားဆက်ဆံတာကို တရားဝင်ဖြစ်အောင် ဖန်တီးတာသာဖြစ်တယ်၊ မျိုးဆက်ပြန့်ပွားခွင့်၊ အမျိုးသမီးအခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေအပေါ် လေးစားမှုရှိရေးကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။

မြန်မာတွေလျှော်ကြေးရဖို့ သံရုံးနဲ့ ကုမ္ပဏီညှိနိုင်း
အင်ဒိုနီးရှားနိုင်ငံက ငါးဖမ်းလုပ်ငန်းတွေ မှာ ကျေးကျွန်တွေသဖွယ် ခိုင်းစေခံခဲ့ရသူ မြန်မာနိုင်ငံ သားတွေ လျော်ကြေးရရှိရေးအတွက် မြန်မာသံရုံးနဲ့ သက်ဆိုင်ရာကုမ္ပဏီတို့ ညှိနှိုင်းပြောဆိုနေကြပါတယ်။
ဒီကိစ္စအတွက် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဆန်းမြင့်ဦး အပါအ၀င် သံရုံးအရာ ရှိတွေဟာ အင်ဒိုနီးရှားရှေ့နေများအသင်းက ရှေ့နေနှစ် ဦး၊ မြန်မာအလုပ်သမားတွေကိုခိုင်းစေခဲ့တဲ့ အင်ဒိုနီးရှား ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းနေ ကြကြောင်း ထိုင်းနိုင်ငံထုတ်နေးရှင်းသတင်းက ဖေါ်ပြ ပါတယ်။

လူအများ၏ ရန်ပြု သတ်ဖြတ်မှုခံရသည့် အမျိုးသမီးကို အကာအကွယ်မပေးသည့် အာဖဂန်ရဲများ ထောင်ဒဏ်ချမှတ်ခံရ
အမျိုးသမီးတစ်ဦးကို လူအုပ်ကြီးက ဝိုင်းဝန်းသတ်ဖြတ်နေချိန်၌ လုံလောက်သော အကာအကွယ်ပေးမှု မရှိခဲ့ဘဲ ဝတ္တရားပျက်ကွက်ခဲ့သည့် အာဖဂန်နစ္စတန် ရဲတပ်ဖွဲ့ဝင် ၁၁ ဦးကို ကဘူးလ်မြို့ရှိ တရားရုံးတစ်ခုက ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ဆော်ဒီတွင် အာဏာပါးကွက်သား အသစ်များ ခန့်အပ်ရန် လိုအပ်လာ
သေဒဏ်ချမှတ်သည့် ပြစ်ဒဏ်စီရင်မှုများ တိုးပွားလာသည့်နောက် ဆော်ဒီအာရေဗျ အာဏာပိုင်များက အာဏာပါးကွက်သား အဖြစ် တာဝန်ထမ်းဆောင်ရန် အလုပ်ခေါ်သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။အဆိုပါ အလုပ်ခေါ်စာတွင် ပါးကွက်သား ရာထူးအတွက် ရှစ်နေရာ တိုးမြှင့် ခန့်အပ်သွားမည်ဖြစ်ပြီး လျှောက်ထားသူများသည် အထူးပြု ပညာရပ်တစ်ခုခု တတ်မြောက်ထားရန် မလိုသော်လည်း လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို တိတိရိရိ ဖြတ်တောက်နိုင်ရမည်ဟု ဖော်ပြထားသည်။
ရခိုင်ကမ်းရိုးတန်းတွင် မိုးသက်လေပြင်း တိုက်ခတ်သဖြင့် ငါးဖမ်းလှေတစ်စီး နစ်မြုပ်
ရခိုင်ပြည်နယ်မြို့နယ် အချို့တွင် မေလ ၁၉ ရက် ညနေက မိုးသက်လေပြင်းများ ကျရောက်ခဲ့ရာ သံတွဲမြို့နယ်ကမ်းရိုးတန်း၌ငါးဖမ်းလှေတစ်စီးနစ်မြုပ်သွားကြောင်း သတင်းရရှိသည်။
သံတွဲမြို့နယ် ဂျိတ်တောရပ်ကွက်ရှိ ပင်လယ်ဝနှင့် ဆက်စပ်နေသောနေရာတွင် ရေလုပ်သားသုံး ဦးလိုက်ပါလာသည့် ငါးဖမ်းလှေ တစ်စီးနစ်မြုပ်သွားသဖြင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သံတွဲမြို့နယ် ရခိုင်လူမှု ကွန်ရက်မှ ဦးကျော်ဌေးဝင်းက မေလ ၁၉ ရက် ညနေတွင် 7Day Daily အား ပြောသည်။‘‘လောလောဆယ်တော့ လူတွေ လိုက်ဆယ်နေကြတယ်။ နောက်ဆက်တွဲတော့ မသိရသေးဘူး။

အမှတ်တရရုပ်ရှင်ပွဲတော်သို့ မီရှဲယိုး အပါအ၀င် နာမည်ကျော်အချို့ တက်ရောက်မည်
တတိယအကြိမ် ပြုလုပ် မည့် ‘‘အမှတ်တရ’’ နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ကမ္ဘာကျော်မင်း သမီး မီရှဲယိုးအပါအ၀င် ဟောင် ကောင်၊ ပြင်သစ်နှင့် စင်ကာပူတို့ မှ နာမည်ကြီး သရုပ်ဆောင်မင်း သမီးများ လာရောက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ရာမာဒီမှ အိုင်အက်စ်တပ်များကို တွန်းလှန်ရန် စေတနာ့ဝန်ထမ်း ပြည်သူ့စစ်များကို အီရတ်အစိုးရ ဖိတ်ခေါ်
ရာမာဒီမြို့ကို သိမ်းပိုက်ထားသည့် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တွန်းလှန် တိုက်ထုတ်ရန်အတွက် ပြည်သူ့စစ်များအနေဖြင့် မိမိတို့၏ စိတ်ဆန္ဒဖြင့် ပူးပေါင်းပါဝင်လာရန် ဖိတ်ခေါ်ကြောင်း အီရတ်အစိုးရက ကြေညာခဲ့သည်။
အိုင်အက်စ်တို့သည် ယခုသီတင်းပတ် အစောပိုင်းတွင် ဘဂ္ဂဒက်မြို့တော်နှင့် မဝေးလှသည့်နေရာ၌ တည်ရှိသော ရာမာဒီမြို့၏ အစိတ်အပိုင်း အားလုံးနီးပါးကို ထိန်းချုပ် သိမ်းပိုက်ထားလိုက်သည်။ ရာမာဒီသည် အန်ဘာပြည်နယ်၏ မြို့တော်ဖြစ်ပြီး ယခုအခါ အဆိုပါ ပြည်နယ်တစ်ခုလုံးနီးပါး အိုင်အက်စ်တို့လက် ကျရောက်နေပြီ ဖြစ်သည်။

စွမ်းအင်က နိုင်ငံခြားကုမ္ပဏီနှင့် ပူးပေါင်းပြီး စက်သုံးဆီဈေးကွက် ပြန်ဝင်မည်
စွမ်းအင်ဝန်ကြီးဌာနသည် စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချခြင်းကို နိုင်ငံခြားကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းကာ ဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်မည်ဟု သတင်းရရှိသည်။
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းသည် ၂၀၁၁ ခုနှစ်တွင် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးခဲ့ပြီးနောက် ဈေးကွက်ယှဉ်ပြိုင်မှု အားကောင်းစေရန် တစ် ကျော့ပြန် ၀င်ရောက်လုပ်ကိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူးဦးမြင့်ဇော် က ပြောသည်။

Tuesday, May 19, 2015
အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ဒီချုပ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ကန့်ကွက်
မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက် ၍ အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခဲ့ရာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ကန့်ကွက်ခဲ့ပြီး ကိုယ်စားလှယ် သုံးဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။
မေလ ၁၈ ရက်က အမျိုး သားလွှတ်တော်တွင် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးခဲ့သော လွှတ်တော်ကိုယ်စားလှယ် ငါးဦးမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦး၊ ဦးသိမ်းဆွေ၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်၊ ဦးကျော်ထွန်းအောင် နှင့် အမျိုးသားဒီမိုကရေစီအင် အားစုပါတီမှ ဒေါ်ခင်ဝိုင်းကြည်တို့ ဖြစ်သည်။

အသနားခံထားသည့် ကာလအတွင်း အင်အားသုံးဖယ်ရှားခံရမည်ကို ဒဂုံဆိပ်ကမ်းရှိ ကျူးများစိုးရိမ်
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျူးကျော်နေအိမ် ၁,၅၀၀ ခန့်က ၎င်းတို့လက်ရှိနေထိုင်နေသော မြေနေရာကို ပေါက်ဈေးအတိုင်း ဝယ်ယူမည်ဖြစ်၍ ဖယ်ရှားခိုင်းခြင်းမပြုလုပ်ပါရန် ဒုသမ္မတအပါအဝင် သက်ဆိုင်ရာဌာနခြောက်ခုသို့ အသနားခံစာတင်ထားပြီး ပြန်လည် အကြောင်းမပြန်မီ အချိန်အတွင်း အင်အားသုံးဖယ်ရှားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
ကိုလံဘီယာတွင် မြေပြိုမှုများ ဖြစ်ပွားပြီး လူ ၅၂ ဦးထက်မနည်း သေဆုံး
ကိုလံဘီယာ နိုင်ငံတွင် ဆိုးရွားသော မြေပြိုမှုများ ဖြစ်ပွားပြီး လူ ၅၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ကိုလံဘီယာ အနောက်မြောက်ပိုင်း လျှိုမြောက်ထူထပ်ရာ ဒေသများတွင် မေလ ၁၈ ရက် နံနက် အရုဏ်မတက်မီ ဖြစ်ပွားသော မြေပြိုမှုများအတွင်း လူ ၅၂ ဦး အနည်းဆုံး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။ ဆယ်လ်ဂါတွင် မြေပြိုမှုများ ဖြစ်ပွားရာ လူနေဧရိယာ အများအပြားသည် ရွှံ့နှင့်ရေများ ဖုံးလွှမ်းသွားကြောင်း သိရသည်။
Monday, May 18, 2015
၂၀၁၅ရွေးကောက်ပွဲအတွက် မဲရုံအရေအတွက်ကို မဲစာရင်းပြုစုပြီးမှသာ ဆုံးဖြတ်မည်
၂၀၁၅ခုနှစ် နိုဝင်ဘာလဆန်းတွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် တည်ဆောက်မည့် မဲရုံအရေ အတွက်ကို မဲစာရင်း ပြုစုပြီးသည့် အချိန်မှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော် မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကိုပြောသည်။
ကိုးကန့်တိုက်ပွဲအတွင်း ဖမ်းမိသည့် တရုတ် အမျိုးသား သုံးဦးကို တရုတ်အစိုးရသို့ ပြန်လွှဲပေးမည်
ပွိုင့် ၂၂၀၂ တောင်ကုန်း အနီး မေလ ၁၂ ရက်ကဖြစ်ပွားခဲ့ သော တိုက်ပွဲတွင် တရုတ်အမျိုး သားသုံးဦးဖမ်းဆီးနိုင်ခဲ့ပြီး တရုတ် အစိုးရသို့ ပြန်လွှဲပေးမည်ဟု ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။
ကိုးကန့်တပ်ဖွဲ့များ ခြေ ကုပ်ယူထားသည့် ပွိုင့် ၂၂၀၂ တောင်ကုန်းကို အစိုးရတပ် မတော်က သိမ်းပိုက်နိုင်ရန် ထိုး စစ်ဆင်နေပြီး မေလ ၁၂ ရက်က တိုက်ပွဲဖြစ်စဉ်တွင် တရုတ်လူမျိုး အမျိုးသားသုံးဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ကိုးကန့်ဒေသတွင် ဖေဖော်ဝါရီကပင် စတင်ခဲ့သည့် တိုက်ပွဲကာလအတွင်း တရုတ် နိုင်ငံသားများကို မူးယစ်ဆေးမှု၊ လောင်းကစားမှုတို့ဖြင့် ဖမ်းမိခဲ့ ခြင်းများရှိခဲ့သော်လည်း ယခုမူ တိုက်ပွဲဖြစ်စဉ်အတွင်း ဖမ်းမိခဲ့ ခြင်းဖြစ်၍ ထူးခြားမှုရှိနေကာ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် တရားဝင်လွှဲပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှရဲအရာရှိကြီးတစ်ဦးက ပြော သည်။

စုနိုင်မှ ဖြုတ်မည်
မေလ (၁၅) ရက်နေ့ သောကြောနေ့က အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေးကို အရေးပေါ် အဆင့်မှာ ဆက်လက် ထားသွားဖို့ အမေရိကန်သမ္မတ အိမ်ဖြူတော်ကကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေသေးတာကြောင့် ဆက်ဆံရေးကို အခုလို အရေးပေါ်အဆင့် ဆက်ပြီးထားဖို့ ဆုံးဖြတ် လိုက်တာဖြစ်တယ်လို့ အိမ်ဖြူတော် ထုတ်ပြန်ချက်ထဲမှာ သမ္မတ အိုဘားမားက ပြောထားပါတယ်။ ဒါ့ကြောင့် ၁၉၉၇ ခုနှစ်၊ မေလ ၂၀ ရက်နေ့က သမ္မတ ဘီလ်ကလင်တန် ပြုလုပ်ခဲ့တဲ့ ပိတ်ဆို့မှုကိုလည်း နောက်ထပ် တစ်နှစ်သက်တမ်း ထပ်တိုးလိုက်ပါတယ်။
ပွိုင့် ၂၂၀၂ အောင်ပွဲ
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား တိုက်ခိုက်ခဲ့တဲ့ ကိုးကန့်သောင်းကျန်းသူအဖွဲ့ဟာ အခုဆိုရင် ကစဥ့် ကလျားထွက် ပြေးနေရပါပြီ။ လောက်ကိုင်အပါအ၀င် ဒေသတစ်ခုလုံးကို စစ်မီးတောက်လောင်စေခဲ့တဲ့ ကိုးကန့် သောင်းကျန်းသူအဖွဲ့ ထွက်ပြေးသွားရတဲ့သတင်းက ကျွန်တော်တို့ ပြည်သူတွေအတွက် ၀မ်းသာစရာသတင်း ဖြစ်ပါတယ်။ ဒေသခံကိုးကန့် တိုင်းရင်းသားတွေအတွက်ကတော့ အဲဒီအဖွဲ့ထွက်ပြေးသွားတာဟာ ၀မ်းသာပီတိ ဂွမ်းဆီထိသလို အပျော်မျိုးဖြစ်လို့နေ ပြန်ပါတယ်။
ပါလက်စတိုင်းခေါင်းဆောင်ကို ပုပ်ရဟန်းမင်းကြီး ချီးကျူး

ပုပ် Francis နဲ့ ပါလက်စတိုင်းခေါင်းဆောင် Mahmoud Abbas ဗာတီကန်မှာ တွေ့ဆုံစဉ်။ (မေ ၁၆၊ ၂၀၁၅)
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ စနေနေ့က ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ တွေ့ဆုံပါတယ်။ ပါလက်စတိုင်းတွေနဲ့ ပထမဆုံး သဘောတူစာချုပ်တခုကို သိပ်မကြာခင်မှာ လက်မှတ်ရေးထိုးဖို့ ပြင်ဆင် နေတယ်လို့ ဗာတီကန်နန်းတော်က ကြေညာအပြီး ရက်ပိုင်း အတွင်းမှာပဲ အခုလိုတွေ့ဆုံတာပါ။
Sunday, May 17, 2015
ပြည်တွင်းငြိမ်းချမ်းအောင် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့လို

သမ္မတဦးသိန်းစိန်ရှေ့မှောက်မှာ ၃၁ ရက် မတ်လ ၂၀၁၅ ခုနှစ်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို နှစ်ဘက်ကိုယ်စားလှယ်ခေါင်းဆောင်တွေ အတည်ပြု လက်မှတ်ရေးထိုး ခဲ့ကြစဉ် (ဓာတ်ပုံ - မြန်မာငြိမ်းချမ်းရေးစင်တာ)
အမှန်တကယ် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လိုလားတယ်ဆိုရင် အစိုးရအနေနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာဖို့လိုတယ်လို့ တိုင်းရင်းသားခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက တိုက် တွန်းပြောဆိုလိုက်ပါတယ်။ တနိုင်ငံလုံးအပစ်ရပ် စာချုပ်ချုပ်ဆိုနိုင်ရေး တိုင်းရင်းသား ခေါင်း ဆောင်တွေနဲ့ အစိုးရ ကြိုးပမ်းနေချိန်မှာ ဒီသီတင်းပတ်ထဲ တိုင်းရင်းဒေသအချို့မှာ တိုက်ပွဲပြင်းထန်ခဲ့သလို မြန်မာစစ်တပ် ဘက်က စစ်အင်အား အလုံးအရင်း ထပ်မံတိုးချဲ့ချနေလို့ စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
မန်းကျောက်စိမ်းဈေးကွက်အပွင့်လိုင်း အရောင်းအဝယ်သွက်

မန္တလေးမြို့ ကျောက်စိမ်းအရောင်းအဝယ် ဈေးကွက်တွင် အပွင့်လိုင်းကျောက်များသာ လတ်တလော အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မန္တလေးမြို့ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်သူများထံမှ သိရ သည်။
ထင်းခုတ်နေသော ဒေသခံ ၁၅ ဦးထံမှ KIA အဖွဲ့ ဆက်ကြေးငွေများ ကောက်ခံ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ စက ကျေးရွာ(ဟောင်း)မှ ထင်းခုတ်နေ သော ဒေသခံများအား မေလ ၁၄ ရက် နေ့၊ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများ လာရောက်တောင်း ခံသွားကြောင်း သိရ သည်။
ကာလဒေသ အချိန်အခါနဲ့ကိုက်ညီမယ့်ဥပဒေများ ပြင်ဆင်ပြောင်းလဲ မပြဋ္ဌာန်းလိုက်ဘူးဆိုရင် ပြုပြင်ပြောင်းလဲမှုတွေဟာ ဘယ်လိုမှ အောင်မြင်နိုင်စရာမရှိနိုင်ဟု သူရဦးရွှေမန်း ပြောကြား

ဒီမိုကရေစီနိုင်ငံ ထူထောင်တဲ့နေရာမှာ ပြုပြင်ပြောင်းလဲတယ် ဆိုတဲ့နေရာမှာ ပြုပြင်ပြောင်းလဲမှုနဲ့ ပြင်သင့် ပြင်ထိုက်တဲ့ဥပဒေတွေ မပြင်နိုင်ဘူးဆိုရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အပါအဝင် စနစ်တစ်ခုလုံးကို ပြောင်းလဲနိုင်မှာ မဟုတ်တဲ့အတွက် မိမိတို့ အလေးထားရမယ့်ကိစ္စက ဥပဒေများ ကာလဒေသအချိန်အခါနဲ့ ကိုက်ညီမယ့် ဥပဒေများ ပြင်ဆင်ပြောင်းလဲ မပြဋ္ဌာန်းလိုက်ဘူးဆိုရင် ပြုပြင်ပြောင်းလဲ မှုတွေဟာ ဘယ်လိုမှ အောင်မြင်နိုင်စရာ မရှိဘူး။
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်အမှု မေ ၁၉ ရက်နေ့ ကြားနာမည်

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် (ဓာတ်ပုံ - အေအက်ဖ်ပီ)
နိုင်ငံဘဏ္ဍာငွေ သန်းပေါင်းများစွာ အရှုံးပြခဲ့တဲ့ စပါးဝယ်ယူရေး အစီအစဉ်ကို တလွဲစီမံခဲ့တယ်ဆိုပြီး စွပ်စွဲ ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်န၀ပ်ကို စွပ်စွဲထားတဲ့အမှု မေ ၁၉ ရက်နေ့ ကြားနာမှာ ဖြစ်ပါတယ်။
၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ခပ်စိပ်စိပ်လုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

၆ ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲတွေကို ခပ်စိပ်စိပ် အလေးအနက်ထားလုပ် ပေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆို လိုက်ပါတယ်။
အရေးပါသည့် နိုင်ငံရေးအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နိုင်ရေး NDF ကြိုးပမ်းရမည်ဟုဆို
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)သည် အရေးပါသည့် နိုင်ငံရေးအခန်းကဏ္ဍတွင် ဆက်လက် ပါဝင်နိုင်ရေး လာမည့်လွှတ်တော်သက်တမ်း၌ သင့်လျော်သည့် ကိုယ်စားလှယ်အရေအတွက် ရရှိရေး ကြိုးပမ်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေက ပြောကြားလိုက်သည်။
ဓာတ်ပုံဆရာတစ်ဦး ပေတစ်သောင်းကျော် တောင်သုံးလုံးသို့ တက်ရောက် မှတ်တမ်းတင်နိုင်ခဲ့
မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ အသင်းသားတစ်ဦးသည် အမြင့်ပေ တစ်သောင်း ကျော်ရှိသည့် ကချင် ပြည်နယ်မှ ရေခဲတောင်သုံးလုံးသို့ ဆက်တိုက်တက်ရောက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ရွှေ့ပြောင်း ဝင်ရောက်သူများအရေး အစည်းအဝေးတက်ရန် မြန်မာကို တွန်းအားမပေးနိုင်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ထိုင်းဝန်ကြီးချုပ် ချန်အိုချာ
ပင်လယ်တွင် ရွှေ့ပြောင်းဝင်ရောက်ကာ လှေများပေါ် သောင်တင်နေသူများအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှ အစည်းအဝေး တက်ရောက်ဖွယ်မရှိဟု ဦးသိန်းစိန်၏ လက်ထောက်က ပြောကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောလိုက်ပြီး ယင်းသည် အိမ်နီးချင်းနိုင်ငံ၏ အခွင့်အရေးပင် ဖြစ်သည် ဟုဆိုကြောင်း www.asianewsnet.net အင်တာနက် စာမျက်နှာတွင် ဖေါ်ပြသည်။
လိုင်စင်မရှိဘဲ အမျိုးသမီး ၆၀ ကို စင်ကာပူနိုင်ငံသို့ ပို့ဆောင်မည့် အမျိုးသမီး တစ်ဦးကို အမှုဖွင့်
ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လုပ်ကိုင်ရန် လိုင်စင်မရှိဘဲ အမျိုးသမီး ၆၀ ဦးကို စင်ကာပူ နိုင်ငံသို့ ပို့ဆောင်ရန် ဆောင်ရွက်နေသည့် အမျိုးသမီး တစ်ဦးကို မေ ၁၄ ရက်က ကျောက်တံတားမြို့ မရဲစခန်းတွင် အမှုဖွင့်ထားပြီး အဆိုပါအမျိုးသမီးကို စစ်ဆေးနိုင်ရန် ဆောင်ရွက်နေသည်ဟု ကျောက်တံတားမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက မေ ၁၆ ရက် မွန်းလွဲပိုင်းတွင် ပြောသည်။
Friday, May 15, 2015
ရွှေ့ပြောင်းနေထိုင်သူ ၄၀၀ နီးပါး ပါရှိသည့် လှေကို ပင်လယ်ဘက်သို့ ထိုင်းရေတပ် ဆွဲထုတ်ပေး
ဘင်္ဂါလီ ၄၀၀ ဝန်းကျင် လိုက်ပါလာပြီး ထိုင်းပိုင်နက် ကျွန်းတစ်ကျွန်းတွင် တစ်ပတ်မျှ သောင်တင်နေသည့် လှေတစ်စီးကို ထိုင်းရေတပ်က ပင်လယ်ဘက်သို့ ပြန်ဆွဲထုတ်ပြီး ကမ်းမှ ခွာစေခဲ့ကြောင်း သိရှိရသည်။
လှေ၏ ပျက်စီးနေသော အင်ဂျင်ကို ပြင်ဆင်ပေးပြီး လိုအပ်သည့် စားနပ်ရိက္ခာနှင့် သောက်ရေတို့ ဖြည့်ဆည်းပေးကာ ပင်လယ်ဘက်သို့ ပြန်လည် ထွက်ခွာစေခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လှေသည် ထိုင်းနိုင်ငံတောင်ပိုင်း အင်ဒိုနီးရှားဘက်သို့ ဦးတည် ခုတ်မောင်းသွားကြောင်း ထိုင်းအစိုးရ ရေဒီယိုဌာနက မေလ ၁၅ ရက်တွင် ကြေညာခဲ့သည်။
အိမ်ဝယ်လျှင် လူကိုပါ လက်ထပ်ရမည်ဆိုသည့် အင်ဒိုအမျိုးသမီးအတွက် ဝယ်လက် ပေါ်လာ
မိမိအိမ်ကို ဝယ်ယူပါက မိမိကိုပါ လက်ထပ်ရမည်ဟု ကြေညာခဲ့မှုကြောင့် နာမည်ကြီးခဲ့သည့် အင်ဒိုနီးရှား အမျိုးသမီးသည် သူမ၏ ဝယ်လက် (သို့မဟုတ်) ခင်ပွန်းလောင်းကို ရှာဖွေ တွေ့ရှိသွားပြီ ဖြစ်သည်။
ယွန်ယာကာတာတွင် နေထိုင်သည့် အသက် (၄၀) အရွယ် အမျိုးသမီး ဝီနာလိုင်က သူမ၏ အိမ်ကို ဝယ်ယူရန် သင့်တော်သည့် ကမ်းလှမ်းမှုကို အမျိုးသားတစ်ဦးထံမှ လက်ခံရရှိခဲ့ကြောင်း Kompas နေ့စဉ် သတင်းစာသို့ ပြောကြားခဲ့သည်။ “သူ့နာမည်က ရီဒီ အီကိုပါ။ သူကလည်း ဇနီးတစ်ယောက် အလိုရှိနေတာပါ”ဟု ဝီနာက ဆိုသည်။
Subscribe to:
Posts (Atom)