Friday, October 9, 2015

လက်ကို ကိုင်ထားရင် လမ်းလျှောက်တတ်တဲ့ မကောင်းဆိုးဝါး အရုပ်ဗီဒီယို အင်တာနက်မှာ ပျံ့ နှံ့ နေ

လမ်းလျှောက်တတ်တဲ့ အရုပ်တစ်ရုပ် ရဲ့ ကျောချမ်းစရာ ဗီဒီယိုဟာ အင်တာနက်မှာ ပျံ့ နှံ့ နေပြီး ကြည့်ရှုသူတွေဟာ အရုပ်ရဲ့ မယုံကြည်နိုင်စရာ လူသားတစ်ယောက်လို လမ်းလျှောက် တတ်ခြင်းကြောင့် သွေးပျက်ထိတ်လန့် နေကြပါတယ်။

ဆိုရှယ်မီဒီယာဆိုက်အများအပြားမှာ share လုပ်မှု သန်းပေါင်းများစွာရှိခဲ့ပြီး ပေါက်သွားခဲ့တဲ့ ဗီဒီယိုဟာ တကယ်တော့ လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက အွန်လိုင်းမှာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အနက်ရောင် ကြီးမားတဲ့မျက်လုံးတွေရှိတဲ့ ဒီထူးဆန်းတဲ့ အရုပ်မဟာ လူတစ်ယောက်ယောက်က သူ့ လက်ကို ဆွဲကိုင်ထားရင် လူနဲ့  အတူတူ လမ်းလျှောက်သွားနိုင်ပါတယ်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ က၊ ယာဉ်ကြော ၅၀ ပါ လမ်းမမှာ ကမ္ဘာ့အရှည်ဆုံး ယာဉ်ကြောပိတ်ဆို့ မှုဖြစ်

နောက်တစ်ခါ သင် ကားပိတ်တာကြုံလို့ စိတ်ညစ်နေပြီဆိုရင်၊ ဘေဂျင်းမြို့ သားတွေကို စာနာကြည့်လိုက်ပါ။

လေပြင်းတိုက်ခတ်ခြင်း နဲ့ မိုးကြီးမည့်သတိပေးချက်

မနက်(၆)နာရီအချိန်တိုင်းတာချက်
၉-၁၀-၂၀၁၅
နံနက်(၆း၁၇)နာရီ။
(၉-၁၀-၂၀၁၅)ရက် နံနက် (၆)နာရီအချိန် တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းကိုဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။

တို့ဆေးဖြင့် လိမ်လည်ခေါ်ဆောင်ခံရသော ဆယ်တန်းကျောင်းသူကို လှိုင်မြို့နယ်တွင် ပြန်တွေ့

မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် အောက်တိုဘာလ ၇ ရက်နေ့က ဆယ်တန်းကျောင်းသူတစ်ဦး ကျောင်းသို့ မရောက်လာသောကြောင့် အုပ်ထိန်းသူများထံ အကြောင်းကြားရာမှ လိုက်လံရှာဖွေခဲ့ရာ တို့ဆေးဖြင့် လိမ်လည်ခေါ်ဆောင်ခံရသော ယင်းကျောင်းသူကို လှိုင်မြို့နယ်ရှိ ဘုရင့်နောင်လမ်းဘေးတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့မရဲစခန်းထံမှ သိရှိရသည်။
“ဒီနှစ်ထဲ ကျောင်းသားတွေ ပျောက်ဆုံးနေမှု သတင်းတွေ ကြားသိနေရလို့ ကျောင်းမလာတဲ့ ကလေးကို မိဘတွေထံ ဖုန်းဆက်မေးရာကနေ ကလေးပျောက်မှန်း သိခဲ့ရတာ၊ ကျောင်းသူကို မိဘတွေကိုယ်တိုင် စာသင်ကျောင်းကို လာပို့ခဲ့တာ၊ ကျောင်းဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးနှစ်ယောက်က ကလေးမကို စာအုပ်သွားဝယ်ဖို့ လက်ကို တို့ဆေးတို့ပြီး ဆွဲခေါ်သွားတာ လိုက်ရှာရာက ဘုရင့်နောင် လမ်းဘေးက MMTM ဓာတ်ဆီဆိုင်နားမှာ ကျောင်းသူကို ပြန်တွေ့ခဲ့တယ် ” ဟု အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။

၂၀၁၅ နိုဗယ်ဆုပေးပွဲမှာ နိုဗယ်ဆုရရှိခဲ့တဲ့ ဓာတုဗေဒ ပညာရှင်

၂၀၁၅ ခုနှစ် နိုဗယ်ဆုပေးပွဲကို ဆွိဒင်နိုင်ငံ ၊ စတော့ဟုန်း မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်အတွက် ဆုကိုတော့ ဓာတုဗေဒ ပညာရှင်သုံးဦးမှ ရရှိသွားခဲ့ပါတယ်။ ဆွိဒင်နိုင်ငံရဲ့ တော်ဝင် သိပ္ပံ အကယ်ဒမီ တစ်ခုရဲ့ ဆုံးဖြတ်ချက်အရ ၂၀၁၅ ခုနှစ် ရဲ့ နိုဗယ်ဆု အတွက် ဓာတုဗေဒ ပညာရှင် သုံးဦးဖြစ်တဲ့ Tomas Lindahl, Paul Modirch နဲ့ Aziz Sancar တို့က ဆွတ်ခူးရရှိသွားတာဖြစ်ပါတယ်။ ယခု ပုံဖြင့် ဖော်ပြထားသူကတော့ Tomas Lindahl ဖြစ်ပါတယ်။ ၄င်းနိုဗယ်ဆုကို ဗုဒ္ဓဟူးနေ့က ကြေငြာသွားခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဓာတုဗေဒ ပညာရှင် သုံးဦးရရှိသွားတဲ့ ဓာတုဗေဒ ဆိုင်ရာ တွေ့ရှိချက်ကတော့ လူတစ်ယောက်မှာရှိနေတဲ့ DNA ကို ပြန်လည် ပြုပြင်ပြီး သက်ရှိဆဲလ်များဟာ ကင်ဆာရောဂါကို ကုသရာမှာ မည်သို့ မည်ပုံ အသုံးဝင်ကြောင်း တွေ့ရှိသွားတဲ့ တွေ့ရှိချက်တစ်ခုဖြစ်ပါတယ်။

ကြံ့ခိုင်းရေးပါတီ မဲဆွယ်ယာဉ် ပိတ်ဆို့သူကို အရေးယူမည်မဟုတ်ဟုဆို

မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အောက်တိုဘာလ ၈ ရက်နေ့က မဲဆွယ်စည်းရုံးစဉ် အိမ်စီး မော်တော်ယာဉ်ဖြင့် ပိတ်ဆို့မှုပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ အမှုဖွင့်ခြင်းပြုလုပ်မည်မဟုတ်ကြောင်း အဆိုပါပါတီ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
“အမှတ် ၁၀ ရဲတပ်ဖွဲ့စခန်းတာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ သာမန်အရပ်သားဖြစ်ပြီး ဘယ်ပါတီရဲ့အရိပ်မှ မရှိဘူးလို့ တွေ့ရှိရလို့ ကျွန်တော်တို့ပါတီ အနေနဲ့ အမှုဖွင့်လှစ်ခြင်း မပြုတော့ပါဘူး။ဒါလည်း မမျှော်လင့်ဘဲ ဖြစ်တာလို့ နားလည်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်တွင် IS စစ်သွေးကြွများ စိမ့်ဝင်လှုပ်ရှားနေမည်ကို အနောက်နိုင်ငံများ အထူးစိုးရိမ်

မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံခြားသားများ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရမှုများကို IS အုပ်စုက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ရာ ဒါကာအစိုးရက မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သော်လည်း ယင်းနိုင်ငံတွင်း ပြင်ပနိုင်ငံများမှ အကြမ်းဖက်အုပ်စုများ ဝင်ရောက်အခြေချနေပြီလော ဟူသည့် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့က ဒါကာမြို့တော် သံတမန်ရပ်ကွက်၌ နယ်သာလန် အခြေစိုက် ဖွံ့ဖြိုးရေးအေဂျင်စီ တစ်ခုမှ အီတလီသား စီမံကိန်းမန်နေဂျာ တစ်ဦးကို အမည်မသိ သေနတ်သမားသုံးဦးက ပစ်ခတ်သတ်ဖြတ်မှု ပေါ်ပေါက် ခဲ့သလို စနေနေ့ကလည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပညာရှင် ဂျပန်နိုင်ငံသားတစ်ဦး ဖြစ်သူ ကူနီယိုဟိုရှီဆိုသူကို သေနတ်သမားသုံးဦးကပင် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံခြားသားများ တိုက်ခိုက်ခံရမှုသည် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စရပ်ဖြစ်ပြီး အဆိုပါ လူသတ်မှုများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် ဂျပန်တို့က အမြန်ဆုံး ဖော်ထုတ်အရေးယူရန် တောင်းဆိုလိုက်သည်။

တာချီလိတ်၌ လူသတ်ပြီး နေအိမ်မီးရှို့မှု ဖြစ်ပွားရာ လူ(၃)ဦး သေဆုံး

၂၀၁၅ခုနှစ် အောက်တိုဘာလ (၈)နေ့ ည(၉)နာရီခွဲအချိန် ၀န်းကျင်တွင် တာချီလိတ်၌ မိုးရွာသွန်းနေစဉ် အတွင်း မီးလောင်မှုတစ်ခု ဖြစ်ပွားရာ၊ အဆိုပါ မီးလောင်မှု၏ နောက်ကွယ်တွင် တာချီလိတ်ဒေသခံများ တုန်လှုပ်ခြောက်ခြား ထိတ်လန့်စေခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။အခင်းဖြစ်ပွားရာ နေအိမ်သည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ပိတောက်(၉)လမ်းသွယ်ရှိ နေအိမ်အမှတ် (၉၂)တွင်ဖြစ်ပြီး နေအိမ်အတွင်း၌  အသက်(၅၁)နှစ်ရှိ မအားညွှန့်၏ အိပ်ခန်းအတွင်း၌ ကုတင်နှင့် မွေ့ယာ အပြင် မျက်နှာ

ရွေးကောက်ပွဲမတိုင်ခင်ဖြန့်မယ့် မေခလာရဲ့ ‘နိုင်ငံရေးတွေမပြောချင်ဘူး’သီချင်း

‘နိုင်ငံရေးတွေမပြောချင် ဘူး’သီချင်းသည် အခြေခံလူတန်း စားများအတွက် ခံစားသီဆိုထား ခြင်းဖြစ်ပြီး ပရိသတ်များက အား ပေးသောကြောင့် ကြိုးစားရကျိုး နပ်ကြောင်း မေခလာကပြော သည်။
မေခလာ၏ ‘နိုင်ငံရေးတွေ မပြောချင်ဘူး’သီချင်းသည် မကြာမီဖြန့်ချိရန်ရည်ရွယ်ထားသည့် ၎င်း၏တစ်ကိုယ်တော်အခွေအသစ်မှ သီချင်းတစ်ပုဒ်ဖြစ်ပြီး ယင်းသီချင်းအတွက် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်အကြမ်းကို ယခုရက် အတွင်း အွန်လိုင်း၌တင်ပေးခဲ့ရာ ပရိသတ်အားပေးမှုရရှိခဲ့ခြင်းဖြစ် သည်။
‘‘ဒီသီချင်းကို အစ်မက အခြေခံလူတန်းစားတွေအတွက် တစ်ခုခုလုပ်ပေးချင်တယ်ဆိုပြီး ဦးနိုင်(နိုင်မြန်မာ)ကိုရေးခိုင်းတာ။ ဦးနိုင်ကလည်း ခံစားချက်ကရှိနေ တော့ ကလောင်ကလည်းထက် တယ်။ အဲဒီတော့ အခြေခံလူတန်း စားတွေအတွက် ခွန်အားဖြစ်တဲ့ သီချင်းလေးပေါ့’’ဟု ယင်းသီချင်း ၏ရည်ရွယ်ချက်ကိုပြောသည်။

မတ်ပဲလက်ကျန် ပြတ်ခါနီးတွင် တစ်တန်လျှင် ကျပ် ၂၆ သိန်းဖြစ်

ပြည်တွင်း၌ ပဲအထွက် နည်းသည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ ရာသီဥတုဖောက်ပြန်ပြီး ၀ယ်လို အားများသဖြင့် ပဲဈေးစံချိန်တင်မြင့်တက်လာကာ မတ်ပဲလက်ကျန်ပြတ်ခါနီးတွင် တစ်တန်လျှင် ကျပ် ၂၆ သိန်းခန့် ဈေးမြင့်လာ ကြောင်း သတင်းရရှိသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ မိုးပဲ ထွက်လာသော်လည်း စိုက် ပျိုးချိန်တွင် ရာသီဥတုဖောက်ပြန် မှုကြောင့် တစ်ဧကအထွက်နှုန်း နည်း၍ မြန်မာနိုင်ငံမှ ပဲကို ဆက် လက် ၀ယ်ယူနေကြောင်း ပြည် တွင်းရှိ ပဲကုန်သည်များက ပြော သည်။ ထို့အပြင် ဈေးနှုန်းကိုလည်း ယခင်ထက်တိုးပေးခြင်း၊ ငွေလဲ နှုန်း မြင့်တက်နေခြင်းတို့ကြောင့် ပြည်တွင်းပဲဈေးမှာ စံချိန်တင်မြင့် တက်နေခြင်းဖြစ်သည်ဟု ကုန် သည်များက ပြောသည်။

ရန်ကင်းတောင်အတက်လမ်းတွင် စွန့်ပစ်ထားသည့် အမျိုးသားအလောင်းမှပစ္စည်းများပျောက်ဆုံးနေကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးပြော

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရန် ကင်းတောင်အတက် ကားလမ်း ဘေးတွင် ခရီးဆောင်အိတ်ဖြင့် စွန့်ပစ်ခံထားရသည့် သေဆုံးသူ အမျိုးသားသည် ဆိုင်ကယ်အငှား မောင်းနှင်သူဖြစ်ပြီး ၎င်းအသုံးပြု သည့် ဆိုင်ကယ်၊ ဖုန်းနှင့် ကျပ် ငါးသောင်းတို့ ပျောက်ဆုံးနေ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။

ပြည်မြို့တွင် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးခံရ

ပြည်မြို့တွင် ပြည်ခိုင်ဖြိုးပါ တီ၏ လွှတ်တော်ကိုယ်စားလှယ် လောင်းများဓာတ်ပုံပါ အောင်နိုင် ရေးမဲဆွယ်ဆိုင်းဘုတ်တစ်ခု ဖျက် ဆီးခံရကြောင်း ပြည်ခိုင်ဖြိုးပါတီ မှ သတင်းရရှိသည်။
‘‘အောင်နိုင်ရေးမဲဆွယ်ဆိုင်း ဘုတ်ဖျက်ဆီးခံလိုက်ရပါတယ်။ ဘယ်သူဘယ်ဝါရယ်လို့တော့ မ သိပါဘူး။ ဥပဒေအတိုင်း ကော်မ ရှင်ကို တိုင်ကြားတာတို့၊ အမှုဖွင့် ဆောင်ရွက်တာတို့ လုပ်သွားပါ မယ်’’ဟု ပြည်မြို့ရှိ ပြည်ခိုင်ဖြိုးပါ တီမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုး(ခ) ဦးမျိုးအောင်က ပြောသည်။

မြန်မာအသင်း လက်ဘနွန်ကို ရှုံးနိမ့်

၂ဝ၁၈ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယ အဆင့် ခြေစစ်ပွဲဖြစ် သည့် မြန်မာ အသင်းနှင့် လက်ဘနွန်အသင်း တို့မှာ ယနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆုပါသာလာ ထိုင်းကွင်း၌ ယှဉ်ပြိုင် ကစားရာ မြန်မာ အသင်းမှာ နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်သွားသည်။
လက်ဘနွန် -နှစ်ဂိုး
မြန်မာ-ဂိုးမရှိ

Wednesday, October 7, 2015

သူ့နာမည်က Abdul လို့ခေါ်ပါတယ်


သူ့နာမည်က Abdul လို့ခေါ်ပါတယ်။ အသက်က ၃၅ နှစ်ပါ။ ဆီးရီးယား ပြည်တွင်းစစ် ကြောင့် လက်ဘနွန် နိုင်ငံကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် တစ်ဦးပါ။ သူ့မှ ၉ နှစ်အရွယ်သား ရယ်၊ ၄ နှစ်အရွယ် သမီးတစ်ယောက် ရယ်ရှိပါတယ်။
မိန်းမကတော့ စစ်အတွင်းမှာ ဆုံးသွားပြီလို့ ယူဆရပါတယ်။ ဘေရွတ်မြို့ ဆင်းရဲသား ရပ်ကွက် ရဲ့ ကျိုးပဲ့နေတဲ့ လှေခါးပဲ ရှိတဲ့ တိုက်တစ်ခုရဲ့ ခေါင်မိုးပေါ်မှာ ရှိတဲ့ အခန်းကျဉ်း ကျဉ်းလေး မှာ သူတို့ သားအဖ သုံးယောက်နေပါတယ်။ သူဟာ သူတောင်းစား တစ်ယောက် မဟုတ်ပါဘူး။

ငါးနှစ်အတွင်း ဌာနဆိုင်ရာ အုပ်ချုပ်မှုကို ပြည်သူ့အုပ်ချုပ်မှု ယန္တရားအဖြစ် အသွင်းပြောင်းလဲ နိုင်ရေး အခြေခံ ဥပဒေကို ပြင်ဆင်မည်ဟု သမ္မတဆို

လာမည့် ငါးနှစ်အတွင်း မြို့နယ်များတွင် အစိုးရ က တိုက်ရိုက်ခန့်အပ်လေ့ရှိသောဌာနဆိုင်ရာ အုပ်ချုပ်မှုကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခွင့်ရမည့် ကိုယ်စားလှယ်များ ပါဝင်သော ပြည်သူ့အုပ်ချုပ်မှု ယန္တရားအဖြစ် အသွင်ပြောင်းလဲနိုင်ရေး အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကပြောကြားသည်။
အောက်တိုဘာလ ၆ ရက် နိုင်ငံတော်သမ္မတ၏ လစဉ် ရေဒီယို မိန့်ခွန်းတွင် ၎င်းကယင်းသို့ ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။
လက်ရှိ အသုံးပြုနေသော မြို့နယ်၊မြို့ပြ အုပ်ချုပ်ရေးများတွင် အစိုးရ အုပ်ချုပ်ရေး စနစ်မှ ပြည်သူများက ရွေး ချယ် ပေးသော ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် မြို့နယ်ကောင်စီ (Township Council)၊ မြို့တော်ကောင်စီ(City Council) များအဖြစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောကြားသည်။

ငြိမ်းချမ်းရေးကို စိန်ခေါ်လိုက်ခြင်းလော


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကိုရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးဗဟိုဌာန (MPC) တွင် အောက်တိုဘာလ ၄ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်း အနားကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါတယ်။ NCA လက်မှတ်ရေးထိုး နိုင်ရေးအတွက် တက်ရောက်ခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) အဖွဲ့တို့ဖြစ်ပါတယ်။

နေပြည်တော် ကောင်စီ နယ်မြေတွင် ခင်ပွန်းဖြစ်သူအား သတ်၍ ဇနီးသည်ကို အဓမ္မ ပြုကျင့်သူ လေးဦးအနက် နှစ်ဦးကို ဖမ်းမိ

နေပြည်တော် ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် ခင်ပွန်းဖြစ်သူအား သတ်၍ ဇနီးသည်အား အဓမ္မပြုကျင့်ခဲ့သူ လေးဦး အနက်မှ နှစ်ဦးအား ဖမ်းဆီး ရမိထားကြောင်း သတင်းရရှိသည်။
အဆိုပါ ပြစ်မှု ကျူးလွန်သူ လေးဦးအနက် ကျော်မောင်နှင့် အောင်ပိုင် ဆိုသူတို့ကို အောက်တိုဘာ ၆ ရက် ညနေ ၆ နာရီခန့်တွင် ဖမ်းမိ ခဲ့ခြင်း ဖြစ်ပြီး ည ၇ နာရီခန့်တွင် ပြစ်မှု ကျူးလွန်ခဲ့ပုံအား သရုပ်ပြ စေခဲ့ကြောင်း သိရ သည်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်းတိုင်းဖြစ်လာနိုင်၍ မြန်မာနိုင်ငံအနှံ့ မိုးဆက်လက်ရွာနိုင်

ဘင်္ဂလားပင်လယ်အော် အတွင်း လေထုမတည်မငြိမ် ဖြစ် နေမှု အားကောင်းလာကာ မုန် တိုင်းအဆင့်ဖြစ်လာနိုင်ပြီး မြန်မာ နိုင်ငံဒေသအများစုတွင် မိုးဆက် လက်ရွာနေနိုင်သည်ဟု ဒေါက် တာထွန်းလွင်က သတိပေးထား သည်။
အနောက်တောင် မုတ်သုံ လေ မြန်မာနိုင်ငံမှ အပြီးသတ် ဆုတ်ခွာသွားပြီးနောက် မြန်မာ နိုင်ငံဒေသအများစုတွင် လေထု မတည်မငြိမ်ဖြစ်ကာ နေရာကွက် ၍ လေပြင်းကျခြင်းနှင့် မိုးရွာခြင်း များ ဖြစ်ပေါ်ခဲ့သည်။ အောက်တို ဘာ ၆ ရက် တိုင်းတာချက်များအရ ဘင်္ဂလားပင်လယ်အော်တွင် လေ ထု မတည်မငြိမ် ဖြစ်နေမှု အား ကောင်းလာကာ မုန်တိုင်းအဆင့် ဖြစ်လာနိုင်ခြေ ၁၂ ရာခိုင်နှုန်းအ ထိ ရှိနေသည်ဟု ဒေါက်တာထွန်း လွင်က ပြောသည်။

တောင်ငူတွင် စတုတ္ထတန်း ကျောင်းသူကို အဓမ္မပြုကျင့်မှုဖြစ်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် အမျိုးသား တစ်ဦးက (၉) နှစ်အရွယ် စတုတ္တ တန်းကျောင်းသူတစ်ဦးကို အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သ တင်းရရှိသည်။
နေအိမ်တွင် ကလေးငယ် တစ်ဦးတည်းရှိနေစဉ် အိမ်ရှေ့ ရေနုတ်မြောင်းအနီးရှိ သစ်ပင် အောက်သို့ခေါ်ဆောင်ပြီး အဓမ္မ ပြုကျင့်ခဲ့ကြောင်း မြို့သစ်နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။

လူသတ်၊ လုယက်၊ မုဒိမ်းမှုများ လှိုင်သာယာတွင် အများဆုံးဖြစ်ပွားနေဆဲဟုဆို

ရန်ကုန်တိုင်းဒေသကြီး အတွင်းအမှုကြီးနှင့်အခြားအမှု များဖြစ်ပွားမှုသည် လှိုင်သာယာ မြို့နယ်တွင် အများဆုံးဖြစ်ပွားနေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ယခုနှစ်စက်တင်ဘာ ၃၀ ရက်အထိ လူသတ်မှု ၁၃၂ မှု၊ လုယက်မှု ၄၆ မှုနှင့်မုဒိမ်းမှု ၉၂ မှုဖြစ်ပွားခဲ့ပြီး လှိုင်သာယာ၊တိုက် ကြီး၊ အင်းစိန်၊ လှည်းကူး၊ ဒဂုံ တောင်စသော ငါးမြို့နယ်တွင် လူသတ်မှု ၄၇ မှု၊ လုယက်မှု ၁၆မှုနှင့် မုဒိမ်းမှု ၄၂ မှုအထိဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိ တစ်ဦးကပြောသည်။

Saturday, October 3, 2015

မသေဆေး ရှာဖွေ တွေ့ရှိခဲ့ဟု ရုရှား သိပ္ပံပညာရှင် တစ်ဦး ပြောကြား

ရုရှားနိုင်ငံမှ သိပ္ပံပညာရှင်ကြီး တစ်ဦးသည် ထာဝရ အသက်ရှင်မှုကို ပေးအပ်နိုင်သည့် နှစ်သန်းပေါင်း ၃ ဒသမ ၅ သန်းရှိ ဗက်တီးရီးယား တစ်မျိုးကို ၎င်း၏ ကိုယ်ခန္ဓာအတွင်းသို့ ထိုးသွင်းခဲ့ပြီးနောက် ယခင်ကထက် ပိုမို သန်စွမ်းလာ သည့်အပြင် ဖျားနာခြင်းလည်း မရှိကြောင်း ပြောကြားထားသည်။ Bacillus F အမည်ရှိ အဆိုပါ ဗက်တီးရီးယားပိုးကို ခန္ဓာကိုယ်အတွင်း သို့ ထိုးသွင်းခဲ့သော သိပ္ပံပညာရှင်ကြီးဖြစ်သူ အန်နာတိုလီဘရောက်ခ်ျကော့ဗ်သည် ၎င်းပိုးကို ၂ဝဝ၉ ခုနှစ်အတွင်းက ဆိုက်ဘေးရီးယား ဒေသအတွင်းရှိ အကြီးဆုံး ပြည်နယ်ဖြစ်သော ဆာခါ ပြည်နယ်မှ ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လုံခြုံရေးပေးရန် ရဲတပ်ဖွဲ့ စီစဉ်

နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို လုံခြုံရေးပေးရန် စီစဉ်ထားကြောင်း နေပြည်တော် တိုင်း၊ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှုးကြီးဇော်ခင်အောင်က နေပြည်တော်ရှိ တိုင်းရဲတပ်ဖွဲ့ မှူး ရုံးတွင် အောက်တိုဘာလ ၂ ရက်နေ့က ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကိစ်္စနှင့် ပတ်သက်သော ရှင်းလင်းပွဲတွင် ပြောကြားသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် ကိုယ်စားလှယ်လောင်းများမဲဆွယ်နေသည့် လက်ရှိအချိန်တွင် လုံခြုံရေးအတွက် ၄၀ဦးတာဝန်ချထားပြီး ဆက်လက် တာဝန်ချထားပေးရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။

ရိုဟင်ဂျာအရေးစွဲချက်များဖြင့် နိုင်ငံတော်သမ္မတအား အမေရိကန်တရားရုံးကဆင့်ခေါ်မှု အခြေအမြစ်မရှိ၍ လုံးဝဖြေရှင်းရန်မလိုကြောင်း နိုင်ငံတော်သမ္မတရုံး တုံ့ပြန်

တပ်မတော်သား ရှစ်ထောင်ခန့်အား တစ်ဆင့်မြင့်ရာထူးများ ပထမဆုံး တိုးမြှင့်

နိုင်ငံတစ်ဝန်းရှိ တပ်မ တော်သား၇,၇၀၀ ကျော်အားတစ် ဆင့်မြင့်ရာထူးများကို သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များမှတစ် ဆင့် အသီးသီးတိုးမြှင့်ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁ရက်မှစ တင်၍ ယင်းသို့ ရာထူးတိုးမြှင့်ပေး ခဲ့ခြင်းဖြစ်ပြီး အရာရှိတစ်ရာကျော် နှင့် အခြားအဆင့် ၇,၆၀၀ ကျော် တို့ကို တိုးမြှင့်ခြင်းဖြစ်သည်။ တပ် သားအဆင့်အား ဒုတိယတပ်ကြပ် အဆင့်၊ ဒုတိယတပ်ကြပ်အဆင့် အား တပ်ကြပ်အဆင့်၊ တပ်ကြပ် အဆင့်အား တပ်ကြပ်ကြီးအဆင့် နှင့် ဗိုလ်ကြီးအဆင့်အား ယာယီ တပ်ခွဲမှူး (ဗိုလ်မှူး) အဆင့်သို့ အသီးသီး တိုးမြှင့်ပေးခြင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။တပ်မတော်တွင် နှစ်ကာလ ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့ ကြသည့် ပြစ်မှုကင်းရှင်းသော တပ်မတော်(ကြည်း၊ရေ၊ လေ) မှ လုပ်သက်ရင့် အရာရှိ၊ စစ်သည် များအား ဂုဏ်ပြု၍ ရာထူးတိုးမြှင့် ခဲ့ခြင်းဖြစ်သည်။

Friday, October 2, 2015

ဓာတ်ပုံဈေးကွက် မိုဘိုင်းဖုန်း ဝင်ယူခြင်းကြောင့် ဓာတ်ပုံ လုပ်ငန်းရှင်များ ရပ်တည်ရန် ခက်ခဲလာ


 မိုဘိုင်းဖုန်းအသုံးပြုနိုင်သည့် လူဦးရေ တိုးတက်လာကာ မိုဘိုင်းဖုန်း ကင်မရာကို အသုံးပြုပြီး ဓာတ်ပုံ ရိုက်မှတ်တမ်းတင်သူ များပြားလာခြင်းကြောင့် စေတီ၊ ပုထိုးနှင့် ပန်းခြံများတွင် ဓာတ်ပုံရိုက်ကူးခြင်းဖြင့် အသက်မွေးနေကြသည့် ဓာတ်ပုံဆရာများ ရပ်တည်ရန် ခက်ခဲလာနေသည်ဟု ဓာတ်ပုံလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်များက ပြောသည်။"ဟိုးခေတ်တွေလို ထင်သလောက် မရနိုင်တော့ဘူးလေ အနေအထားကိုက အကုန်ပြောင်းလဲသွားပြီ၊ ဆိုင်ရှေ့မှာ လူတွေ တော်ရုံတန်ရုံ သိပ်မှမရှိတော့တာ။ အရင်တုန်းကတော့ ဒီလိုနေရာမှာ စည်နေတယ်လေ၊ ကွာသွားတာပေါ့ တိုးတက်လာတဲ့ခေတ်နဲ့ ဖုန်းတွေအားလုံး ကိုင်တဲ့ခေတ်ကကျတော့ ဒီဟာတွေက ဓါတ်ပုံလုပ်ငန်းတွေက တဖြည်းဖြည်း ကွယ်ပျောက်သွားတယ်လို့တော့ မဟုတ်ဘူး မှိန်သွားတာပေါ့" ဟု ရန်ကုန်မြို့တွင်း မြတ်ရွှေရည် ဓာတ်ပုံဆိုင် မန်နေဂျာ ဦးအောင်မြင့်က ပြောသည်။

ကုန်ကားများကို အာဆီယံ သတ်မှတ်တန်ချိန်အတိုင်း ပြန်လည်တင်ဆောင်ခွင့်ပြု


 ပြည်တွင်းသုံးကုန်ကား များ အာဆီယံနိုင်ငံများအတွက် သတ်မှတ်ထားသည့် ကုန်တန်ချိန် များအတိုင်း တင်ဆောင်ခွင့်ကို အောက်တိုဘာ ၁ ရက်တွင် ပြန် လည်ခွင့်ပြုကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။ဆောက်လုပ်ရေးဝန်ကြီး ဌာနက မိုးတွင်းကာလတွင် လမ်း များကြံ့ခိုင်မှုရှိစေရန်နှင့် ကုန်တင် ကားများ တိမ်းမှောက်မှုမရှိစေရန် အာဆီယံသတ်မှတ်ကုန်တန်ချိန် ထက် ၂ တန်ခန့်လျှော့ချတင်ပို့ရန် ကုန်စည်ပို့ဆောင်ရေးဂိတ်များ အား ညွှန်ကြားခဲ့သည်။
‘‘ကုန်ကားတစ်စီးကို ပျမ်းမျှ တန်ချိန် ၁ တန်ကနေ ၂ တန်အထိပဲ တန်ချိန်တိုးမြှင့်လိုက်တာပါ။ ကုန် တင်ခနှုန်းထားတွေကတော့ အ တက်အကျမရှိနိုင်ပါဘူး’’ဟု မဏ္ဍိုင်ကုန်စည်ပို့ဆောင်ရေးလုပ် ငန်းမှ ကိုလင်းဦးက ပြောသည်။

ရွေးကောက်ပွဲတွင် ဘက်မလိုက်ဘဲ ကြားနေမှုကို သက်သေပြရန် ရဲတပ်ဖွဲ့ဝင်များအား ရဲချုပ်ပြော


လာမည့် ရွေး ကောက်ပွဲတွင် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဘက်မလိုက်ဘဲ ကြား နေသည်ကို ပြည်သူလူထုအား သက်သေပြရန် လိုအပ်သည်ဟု ရဲချုပ် ဇော်ဝင်းက တစ်နိုင်ငံလုံးရှိ ရဲတပ်ဖွဲ့ဝင်များအား ပြောကြား လိုက်သည်။နေပြည်တော်တွင် ကျင်းပ သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ (၅၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အ ခမ်းအနား၌ ယင်းကဲ့သို့ မိန့်ခွန်းပြောကြားခြင်းဖြစ်သည်။ ထိုမိန့် ခွန်းကို နိုင်ငံအနှံ့ရှိ ရဲစခန်းတိုင်း တွင် သက်ဆိုင်ရာရဲအရာရှိများ က ရဲချုပ်ကိုယ်စား ပြန်လည်ဖတ် ကြားမည်ဖြစ်သည်။
‘‘ရွေးကောက်ပွဲဆိုင်ရာကိစ္စ တွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဟာ ဘက်မလိုက်ဘဲ ကြားနေတဲ့ စံနှုန်း အမြင့်ဆုံးဆောင်ရွက်နေတယ်ဆို တာ ပြည်သူအားလုံးသိအောင် ပြ ဖို့ လိုတယ်’’ဟု ရဲချုပ် ဇော်ဝင်းက ပြောသည်။ရဲချုပ် ဇော်ဝင်းက နှစ်ပတ် လည်မိန့်ခွန်းတွင် ယင်းအကြောင်း အရာကို အရေးကြီးအချက်တစ်ခု အဖြစ် ပြောကြားခဲ့ပြီး မီဒီယာများနှင့် သီးသန့်တွေ့ဆုံကာ ယင်းအကြောင်း ထပ်မံပြောကြားခဲ့သည်။ သို့သော်အချိန်အခက်အခဲရှိသည်ဟုဆိုကာ တန်ပြန်မေးခွန်းကို မေးမြန်းခွင့်မပြုခဲ့ပေ။

မွေးကျွတ်နာပေါက်ပြီဆိုရင် ဘာတွေလုပ်ရမလဲ

 ဘက်တီးရီးယားတစ်မျိုး ကြောင့် အရေပြားမှာ ဝက်ခြံလို အဖုသေးလေးကစလို့ တဖြည်း ဖြည်းကြီးလာပြီး ပြည်တည်နာ အထိဖြစ်တတ်တဲ့ မွေးကျွတ်နာ တို့၊ အနာပဆုပ်တို့ဖြစ်လာခဲ့ပြီဆို ရင် အန္တရာယ်ကင်းကင်းနဲ့ သက် သာပျောက်ကင်းစေမယ့်နည်း လမ်းလေးတွေသိထားရအောင် ဖော်ပြပေးလိုက်ပါတယ်။
အိမ်မှာ နနွင်းမှုန့်အဆင်သင့် ရှိတယ်ဆိုရင် နနွင်းမှုန့် ၂ ဇွန်းကို ရေခပ်နွေးနွေးလက်ဖက်ရည်တစ် ပန်းကန်စာဖျော်စပ်ပြီး သောက် ပေးနိုင်သလို နနွင်းမှုန့်နဲ့ရေနဲ့ ခပ် ပျစ်ပျစ်ဖျော်ပြီး အနာကိုလိမ်းပေး နိုင်ပါတယ်။ ရေနွေးအဖြူထဲကို ဆားအနည်းငယ်ခတ်ပြီး အဝတ် သန့်တစ်ခုစိမ်ပြီး အနာပေါ်ကို နွေးနေတဲ့အဝတ်လေးအုပ်ပေး ရင်လည်း သက်သာစေပါတယ်။

Thursday, October 1, 2015

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မြသရဖူ ခရီးသည်တင် မှန်လုံ ယာဉ်သည်မိုင်တိုင် ၄၅/ ၅ အရောက်တွင် လေးခွဖြင့် ပစ်ခတ်ခံရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မြသရဖူ ခရီးသည်တင် မှန်လုံ ယာဉ်သည်မိုင်တိုင် ၄၅/ ၅ အရောက်တွင် လေးခွဖြင့် ပစ်ခတ်ခံရပြီး ယာဉ်၏ ယာဘက်ခြမ်း ထိုင်ခုံ အမှတ်(၁၁/၁၂)ရှိ လေကာမှန်အား ထိမှန်၍ ကွဲကြေ သွားခဲ့သည်။ပစ်ခတ်သူကိုလည်း ဘောနတ်ကြီး အမြန်လမ်း ရဲစခန်းမှ ဖမ်းဆီးရမိခဲ့သည်ဟု အစိုးရသတင်းတွင်ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးတွင် မဲစာရင်းအမည်မပါ၍ လျှောက်ထားသူ ခုနစ်သောင်းကျော်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်း နောက်ဆုံးအကြိမ် ထုတ်ပြန်သည့် အခြေခံမဲစာရင်းတွင် အမည်စာရင်း၌ အမည် မပါ၍ ဖြည့်စွက်လျှောက်ထားသူ ခုနစ်သောင်းကျော်ရှိကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိ သည်။
မဲစာရင်းမှားယွင်းမှုများ ပြင်ဆင်နိုင်ရန် ယခုလအတွင်း နောက်ဆုံးအကြိမ် ထုတ်ပြန်ကြေညာခဲ့ရာ မဲစာရင်းတွင် အမည်မပါ၍ ပုံစံ(၃) ဖြင့် ဖြည့်စွက် လျှောက်ထားသူ ၇၀,၀၁၆ ဦး၊ မဲ စာရင်းအချက်အလက်များ မမှန်ကန်၍ ပုံစံ ၄(ဂ)ဖြင့် ပြင်ဆင် လျှောက်ထားသူ ၇၇,၁၈၁ ဦးနှင့် သေဆုံးခဲ့ပြီးသူများ မဲစာရင်းတွင် ပါဝင်နေ၍ ပုံစံ (၄)ဖြင့် ပယ်ဖျက် သူ ၁၅,၁၁၅ဦးရှိကြောင်း တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။