Thursday, February 20, 2014

မျက်စိ ကျန်းမာရေး အတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်

Photo: မျက်စိ ကျန်းမာရေး အတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်
Thursday, February 20, 2014

၁။ကန်စွန်းဥစားပါ
ကန်စွန်းဥမှာ ညဘက် အမြင် အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေ များစွာ ပါဝင်ပြီး မုန်လာဥ (Beetroot)မှ ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြော ငယ်တွေ သွေးယို စိမ့်မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် Retinopathy (မျက်စိ မမြင်ရတဲ့ အကြောင်းရင်း တစ်ခု) မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

၂။ ကွန်ပျူတာ ကြည့်တာ လျှော့ပါ။
အခန်း အပူချိန် လျှော့ထားပါ အသင့်မျက်လုံးနဲ့ လေထုကို ခြောက်သွေ့ စေနိုင်လို့ပါ။ ပတ်ဝန်းကျင် စွတ်စိုမှုရှိအောင် သစ်ပင် အနည်းငယ် စိုက်ထားပေးပါ။

၃။ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်း လုပ်တာကြောင့် မျက်စိအတွင်း ဖိအားတွေ လျှော့ချနိုင်ပြီး အတွင်းတိမ် မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်။ လေ့လာမှု တစ်ခုအရ တစ်ကြိမ်ကို မိနစ် ၄၀ ခန့်၊ တစ်ပတ်ကို လေးကြိမ် လမ်းလျှောက်တဲ့ လေ့ကျင့်ခန်း လုပ်သူတွေဟာ ရေတိမ် ဖြစ်နိုင်ခြေကို အများကြီး လျှော့ချနိုင်တယ်လို့သိရပါတယ်။

၎။ နံနက်စာ အတွက် ဘလူးဘယ်ရီစားပါ
ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်မှုများတဲ့ ဘလူးဘယ်ရီသီးကို နံနက်စာအဖြစ် စားသုံးပေးပါက အသက် ၅၀ ကျော်ရင် ဖြစ်တတ်တဲ့ အသက်အရွယ်နဲ့ ဆက်စပ်တဲ့ မျက်စိအမြင်အာရုံ ဆုံးရှုံးမှု (AMD) မဖြစ်အောင် ကာကွယ်နိုင်ပေးပါတယ်။ ကျန်းမာရေးကို မြှင့်တင်နိုင်ဖို့ ဒိန်ချဉ်နဲ့ အတူ တွဲစားပါ။

၅။ မွှေးရနံ့ ရှူပါ
စံပယ်ပန်းရနံ့ပါဝင်တဲ့ ရနံ့ဆီကို ပခုံးမှာ ဆွတ်ထားပြီး ရှူပေးပါ။ ဦးနှောက်အတွင်း ဘီတာလှိုင်း တွေ ပိုများလာပြီး ပိုမိုတက်ကြွမှု ရှိလာနိုင်တဲ့အတွက် အာရုံ စူးစိုက်မှုလည်း ပိုကောင်း လာပါတယ်။

ဒေါက်တာခင်မိုးမိုး
(ငါတို့ချစ်တဲ့မြန်မာပြည်)
၁။ကန်စွန်းဥစားပါ
ကန်စွန်းဥမှာ ညဘက် အမြင် အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေ များစွာ ပါဝင်ပြီး မုန်လာဥ (Beetroot)မှ ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြော ငယ်တွေ သွေးယို စိမ့်မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် Retinopathy (မျက်စိ မမြင်ရတဲ့ အကြောင်းရင်း တစ်ခု) မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

မြန်မာ့လူမျိုးရေးပဋိပက္ခ မလေးရှားရဲ စောင့်ကြည့်

Photo: မြန်မာ့လူမျိုးရေးပဋိပက္ခ မလေးရှားရဲ စောင့်ကြည့်
Thursday, February 20, 2014

မလေးရှားနိုင်ငံမှာ ဒီလဆန်းပိုင်းက မြန်မာ့ နိုင်ငံရေး လှုပ်ရှားသူ တဦး အသတ်ခံရမှု နဲ့ ရခိုင်တိုင်းရင်းသား ပါတီ ခေါင်းဆောင်တွေ ကို လုပ်ကြံဖို့ ကြိုးပမ်း တာတွေ နဲ့ ဆက်နွယ်ပြီး၊ မြန်မာ့ နိုင်ငံရေး နဲ့ လူမျိုးရေး ပဋိပက္ခ တွေကို အနီးကပ် စောင့်ကြည့် လေ့လာနေတယ် လို့ မလေးရှား ရဲစစ်ဆေးရေးမှုးချုပ် ခါလစ် အဘူဘက္ကာ က ပြောပါတယ်။

မလေးရှား နိုင်ငံ မှာ မြန်မာနိုင်ငံသားတွေ လည်း အများအပြား ရှိတဲ့ အတွက် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စတွေ မလေးရှား ကို ကူးစက်လာတာမျိုး မဖြစ်စေချင် လို့ စောင့်ကြည့် နေရတဲ့ အကြောင်း ရဲစစ်ဆေးရေးမှုးချုပ် ခါလစ် အဘူဘက္ကာ က ပြောတာပါ။ ဒါ့အပြင် မြန်မာနိုင်ငံက နိုင်ငံရေး သမားတွေ မလေးရှား မှာ လာရောက်ပြီး အစည်းအဝေးတွေ၊ တွေ့ဆုံပွဲတွေ ကျင်းပတာကို လည်း ခွင့်မပြုဘူး လို့ သူ က ဆိုပါတယ်။ ဒါပေမဲ့ မလေးရှားဟာ လွတ်လပ်တဲ့ နိုင်ငံ ဖြစ်တဲ့ အတွက် တရားဝင် စာရွက် စာတန်း ကိုင်ဆောင်ထားသူ ဆိုရင်တော့ ပြည်ဝင်ခွင့် ကို ပိတ်ပင်မှာ မဟုတ်ဘူး လို့ ရဲစစ်ဆေးရေးမှုးချုပ် ခါလစ် အဘူဘက္ကာ က ပြောပါတယ်။

လုပ်ကြံဖို့ ကြံစည်တာ ကို ခံရတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင် က လည်း သူတို့ ရခိုင်တိုင်းရင်းသား အဖွဲ့ ကို သေနတ်နဲ့ ပစ်ခတ်တဲ့ အမှု ကို မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှာ အမှုဖွင့်ထားပြီး ထွက်ဆိုချက် ပေးထားပေမဲ့၊ မြန်မာနဲ့ မလေးရှား ရဲ အဖွဲ့တွေ က ထပ်မံ ဆက်သွယ်တာ မရှိသေးကြောင်း ဘီဘီစီ ကို ပြောပါတယ်။

မလေးရှားရောက် မြန်မာ အသိုင်းအဝိုင်း ကြားမှာလည်း အရင်ကထက် လုံခြုံရေး အတွက် စိုးရိမ်ပူပန်မှု တွေ ရှိနေကြောင်း သိရပါတယ်။ အထူးသဖြင့် မလေးရှား နိုင်ငံမှာ မြန်မာနိုင်ငံက ရောက်လာတဲ့ မွတ်ဆလင်တွေ နဲ့ ဗုဒ္ဓဘာသာဝင် တွေ ဟာ နီးကပ်စွာ နေထိုင်၊ လုပ်ကိုင်စားသောက် ကြရလို့ အခြေအနေ တည်ငြိမ်ရေး အရေးကြီးကြောင်း ပြောကြပါတယ်။

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များရုံး စါရင်းအရ မလေးရှား နိုင်ငံမှာ ရိုဟင်ဂျာ သုံးသောင်းခွဲ နီးပါးနဲ့ ရခိုင်လူမျိုး ရှစ်ထောင် နီးပါး ဟာ နိုင်ငံရေး ဒုက္ခသည် အဖြစ် စါရင်း ပေါက်သလို မြန်မာနိုင်ငံမှ တရားမဝင် လာရောက် အလုပ်လုပ်သူတွေ လည်း ထောင်ပေါင်း များစွာ ရှိနေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
မလေးရှားနိုင်ငံမှာ ဒီလဆန်းပိုင်းက မြန်မာ့ နိုင်ငံရေး လှုပ်ရှားသူ တဦး အသတ်ခံရမှု နဲ့ ရခိုင်တိုင်းရင်းသား ပါတီ ခေါင်းဆောင်တွေ ကို လုပ်ကြံဖို့ ကြိုးပမ်း တာတွေ နဲ့ ဆက်နွယ်ပြီး၊ မြန်မာ့ နိုင်ငံရေး နဲ့ လူမျိုးရေး ပဋိပက္ခ တွေကို အနီးကပ် စောင့်ကြည့် လေ့လာနေတယ် လို့ မလေးရှား ရဲစစ်ဆေးရေးမှုးချုပ် ခါလစ် အဘူဘက္ကာ က ပြောပါတယ်။

ထိုင်းဘုရင့် ရေတပ်မှ စစ်ရေယာဉ် သုံးစင်း ရန်ကုန်မြို့သို့ရောက်ရှိ

Photo: ထိုင်းဘုရင့် ရေတပ်မှ စစ်ရေယာဉ် သုံးစင်း ရန်ကုန်မြို့သို့ရောက်ရှိ
Thursday, February 20, 2014

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် သုံးစင်း HTMS KRABURI, HTMS SAIBURI, HTMS NARATHIWAT သည် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ယနေ့ နံနက် ၈နာရီ ၄၅မိနစ်တွင် ရန်ကုန်မြို့ သန်လျင် သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ ရေတပ် လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဌေးနိုင်နှင့် တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များက နွေးထွေးစွာ ကြိုဆို နှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်များတွင် ထိုင်းဘုရင့် ရေတပ်မှ Cadet Traning Command ၏ Commander ဖြစ်သူ Rear Admiral Vaslnsan Chantavarin ဦးစီး၍ အရာရှိ ၈၃ ဦး၊ ဗိုလ်လောင်း ၂၈၃ဦး၊ စစ်သည် ၃၁၁ဦး၊ အရပ်သား ဝန်ထမ်း ၁၈ ဦးတို့ လိုက်ပါလာပြီး ၎င်းစစ်ရေယာဉ် များသည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁၉ရက်မှ ၂၃ ရက်အထိ ငါးရက်ကြာ လည်ပတ်မည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ များမှ စစ်ရေယာဉ်များ မကြာခဏလာ ရောက်လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံ ရေတပ် အချင်းချင်း သာမက နိုင်ငံ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု များကို ပိုမိုမြှင့်တင် ဆောင်ရွက် လာနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ
ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် သုံးစင်း HTMS KRABURI, HTMS SAIBURI, HTMS NARATHIWAT သည် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ယနေ့ နံနက် ၈နာရီ ၄၅မိနစ်တွင် ရန်ကုန်မြို့ သန်လျင် သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ ရေတပ် လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဌေးနိုင်နှင့် တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များက နွေးထွေး စွာ ကြိုဆို နှုတ်ဆက် ကြသည်။

ကင်ဆာရောဂါကို တီဆဲလ်သုံး ကုသရာတွင် အောင်မြင်မှု တစ်ချို့ ရရှိ

Photo: ကင်ဆာရောဂါကို တီဆဲလ်သုံး ကုသရာတွင် အောင်မြင်မှု တစ်ချို့ ရရှိ
Thursday, February 20, 2014

လူနာ၏ ကိုယ်တွင်း ခုခံအားစံနစ်ကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် ချဉ်းကပ်သည့် နည်းလမ်းသစ်သည် အရွယ်ရောက်ပြီးသူများတွင် ၈၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း အမေရိကန် သုတေသန ပညာရှင်များမှ ကြာသပတေးနေ့တွင် ပြောဆိုခဲ့သည်။

တစ်ချို့က သက်ရှိဆေးဝါးဟု ခေါ်ဆိုကြသည့် နည်းလမ်းကို အသုံးပြုပြီး ကင်ဆာရောဂါကို ကုသရာတွင် ယင်းကဲ့သို့ အောင်မြင်ခဲ့မှုသည် ကျယ်ပြန့်လာသည့် ကင်ဆာရောဂါ ကာကွယ်ကုသရေး ကုထုံးများအတွက် သတင်းကောင်း ဖြစ်ကြောင်း New York မှ သိပ္ပံပညာရှင်များက ပြောဆိုခဲ့သည်။ Science Translation Medicine ဂျာနယ်တွင် ပါရှိခဲ့သည့် နောက်ဆုံး စမ်းသပ်မှုတွင် adult B cell acute lymphoblastic leukemia (All) ဟု ခေါ်ဆိုကြသည့် သွေးကင်ဆာ အမျိုးအစား လူနာ ၁၆ ဦး ပါဝင်ခဲ့သည်။

၎င်းရောဂါကြောင့် အမေရိကတွင် တစ်နှစ်လျှင် လူ ၁၄၀၀ ခန့် သေဆုံးနေကြရသည်။ ကာကွယ်ကုသနိုင်သည့် ကင်ဆာရောဂါများတွင် ပါဝင်သော်လည်း လူနာများသည် မကြာခဏ ဆိုသလို ပဋိဇီဝ ဆေးဝါးများဖြင့် ကုသရာတွင် ဆေးယဉ်ပါးမှု ဖြစ်ပွားပြီး နောက်ဆုံးတွင် ရောဂါအခြေအနေ ပြန်လည်ဆိုးရွားသွားကြသည်။

၎င်းလေ့လာမှုတွင် ကိုယ်တွင်းမှ တီဆဲလ်များကို ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် မျိုးရိုးဗီဇဆိုင်ရာ အင်ဂျင်နီယာအရ ပြုပြင်ပြောင်းလဲခဲ့ပြီး အရွယ်ရောက်ပြီး လူနာ ၁၆ ယောက်ထဲမှ ၁၄ ယောက်သည် ရောဂါအခြေအနေ သက်သာခဲ့ကြောင်း သိရှိရသည်။ စမ်းသပ်မှု ပြုလုပ်သည့် အချိန်တွင် လူနာများသည် ပျမ်းမျှ အသက် ၅၀ ဝန်းကျင် ရှိပြီး ပဋိဇီဝ ဆေးဝါးများဖြင့် ကုသမှုသည်လည်း အကျိုးသက်ရောက်မှု မရှိတော့ပဲ သေဆုံးရတော့မည့် အခြေအနေများ ဖြစ်သည်။

၎င်းကုထုံး မရှိပါက အခြေအနေ ဆိုးရွားသည့် လူနာများထဲမှ ၃၀ ရာခိုင်နှုန်းသာ အထူးပဋိဇီဝ ဆေးဝါးဖြင့် ကုသမှုကို တုန့်ပြန်ရန် အခွင့်အလမ်း ရှိသည်။ ကုထုံးမှာ လူနာများ၏ တီဆဲလ် အချို့ကို ထုတ်ယူပြီး ကင်ဆာဆဲလ်များတွင် ပါဝင်သော CD19 ဟု သိရှိကြသည့် ပရိုတင်းကို မှတ်မိစေရန် မျိုးရိုးဗီဇ နည်းပညာဖြင့် ပြောင်းလဲပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်စေခြင်း ဖြစ်သည်။

လူတို့၏ ကိုယ်တွင်း ခုခံအားစံနစ်ရှိ တီဆဲလ်များသည် ပုံမှန်အတိုင်း ဆိုပါက ကိုယ်ခန္ဓာတွင်း ဝင်ရောက်လာသော ဒုက္ခပေးသည့် အခြား အရာများကို တိုက်ခိုက်သော်လည်း ကင်ဆာဆဲလ်များကိုမူ တိုက်ခိုက်ခြင်း မရှိပေ။

“ အခြေခံကတော့ တီဆဲလ်တွေကို ကင်ဆာဆဲလ်တွေ အကြောင်း မှတ်မိပြီး တိုက်ထုတ်စေဖို့ မျိုးရိုးဗီဇ နည်းပညာနဲ့ ပြန်လည် သင်ကြားပေးလိုက်တာပေါ့။ ဒီနည်းပညာဟာ ကင်ဆာရောဂါ အမျိုးအစား တစ်ချို့ ရှိတဲ့ လူနာတွေ အတွက် အလုပ်ဖြစ်ပါတယ် ” ဟု ယခုနည်းပညာ အပေါ် ၁၅ နှစ်ကြာ လုပ်ကိုင်ခဲ့သည့် ဘရန့်ဂျန်မှ ပြောဆိုခဲ့သည်။ ကုထုံး ခံယူပြီးနောက် ရောဂါ သက်သာမှုကို ရရှိခဲ့သည့် လူနာ ငါးဦး အကြောင်းကို ပြီးခဲ့သော နှစ်က ၎င်းတို့ အဖွဲ့မှ တင်ပြခဲ့သည်။

REF: AFP
မြန်မာ့ခေတ်
လူနာ၏ ကိုယ်တွင်း ခုခံအားစံနစ်ကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် ချဉ်းကပ်သည့် နည်းလမ်း သစ်သည် အရွယ်ရောက်ပြီးသူများတွင် ၈၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း အမေရိကန် သုတေသန ပညာရှင်များမှ ကြာသပတေးနေ့တွင် ပြောဆိုခဲ့သည်။

တောင်ငူမြို့မဈေး မီးလောင်၍ မိုင်ဒါကွင်းအတွင်း ယာယီဈေးနေရာ ချထားပေးခြင်းကို ဘော်လီဘော ကော်မတီ ကန့်ကွက်

တောင်ငူမြို့မဈေးကြီး မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် ဈေးသူ ဈေးသားများ၏ တောင်းဆိုချက်အရ တိုင်းဒေသကြီး အစိုးရအဖွဲ့က အမှတ် ၁၈ ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်း ဟောင်းဘေးရှိ မိုင်ဒါကွင်း အတွင်း၌ ယာယီဈေး ချထားပေးမှုကို လက်ခံနိုင်ခြင်း မရှိကြောင်း တောင်ငူမြို့ ဘော်လီဘော ဆပ်ကော်မတီဝင်များက ပြောကြားသည်။

သီယာဂို၏ညီ ရာဖာကို စိတ်ဝင်စားနေသည့် မန်ချက်စတာ ယူနိုက်တက်

Photo: သီယာဂို၏ညီ ရာဖာကို စိတ်ဝင်စားနေသည့် မန်ချက်စတာ ယူနိုက်တက်
Thursday, February 20, 2014

သီယာဂို အယ်လ်ကန်ထရာကို လက်လွတ် ခဲ့ရသည့်နောက် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ရာဖာအယ်လ်ကန်ထရာကို ဆက်လက် စိတ်ဝင်စားလာကြောင်း သတင်းများက ဆိုသည်။

ဘာစီလိုနာ အသင်းမှ ကွင်းလယ် ဖန်တီးရှင် သီယာဂိုသည် နွေရာသီ ဈေးကွက် အတွင်းက ယူနိုက်တက်၏ အဓိက ပစ်မှတ်အဖြစ် ရပ်တည်ခဲ့သော်လည်း ဘိုင်ယန်မြူးနစ် အသင်းသို့သာ ပြောင်းရွှေ့ဖြစ်ခဲ့သည်။ ယခုအခါ ယူနိုက်တက်သည် ဘာစီလိုနာ အရန် အသင်းတွင် ကစားနေသည့် ရာဖာကို ဆက်လက် စောင့်ကြည့်နေဆဲဟု ဆိုသည်။ ရာဖင်ဟာဟု လူသိများသည့် အသက်(၂၁)နှစ်အရွယ် ကစားသမားလေးမှာ သီယာဂို၏ ညီအရင်းလည်း ဖြစ်သည်။ ၎င်းသည် ဆယ်လ်တာဗီဂိုတွင် အငှား ထွက်ကစားပြီး ခြေစွမ်းပြနိုင်သည့်နောက် ဘာစီလိုနာ၏ ပထမ အသင်းသား အဖြစ် လာမည့် ရာသီတွင် ဝင်ဆံ့ လာလိမ့်မည်ဟု သတင်းကြီးနေသည်။

သို့သော်လည်း ရှာဗီဟာနန်ဒက်ဇ်၊ အန်းဒရက်စ်အင်နီယေစတာ၊ ဆာဂျီယိုဘုရှ်ကွက်စ်နှင့် ဆက်စ်ဖာဘရီဂက်စ်တို့ ရှိနေသော ဘာစီလိုနာ ကွင်းလယ်တွင် ရာဖာအတွက် ပွဲထွက်ခွင့် နည်းပါး လွန်းခြင်းကြောင့် ယင်းအခြေအနေကို ယူနိုက်တက်က အခွင့်ကောင်းယူ ဆွဲဆောင် သိမ်းသွင်းရန် မျှော်လင့်နေခြင်း ဖြစ်သည်။ ရာဖာသည် အစ်ကိုဖြစ်သူ သီယာဂိုကဲ့သို့ပင် ကျွမ်းကျင်မှု ပြည့်ဝသော ကွင်းလယ် ကစားသမား တစ်ဦးဖြစ်ပြီး တိုက်စစ်ပိုင်းကို ပိုမိုအားပြု ကစားလေ့ရှိသည်။ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် နွေရာသီတွင် အသင်းကို အကြီးစား ပြင်ဆင်မှုများ ပြုလုပ်ရန် သေချာနေပြီး ရာဖာသည်လည်း ပစ်မှတ်တစ်ခု ဖြစ်လာနိုင်သည်။

ယူနိုက်တက် အမှုဆောင်ချုပ်နှင့် ဒုတိယ အမှုဆောင်ဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်က "ကျွန်တော်တို့ အနေနဲ့ ရာသီကုန်မှာ အသင်းအင်အားကို ဖြည့်တင်းတည်ဆောက်ဖို့ အာရုံစိုက်ထားကြောင်း ပြောနိုင်ပါတယ်။ ဈေးကွက်ထဲမှာ လှုပ်ရှားဖို့ ကျွန်တော်တို့ ဘာကိုမှ နောက်တွန့်နေမှာ မဟုတ်ပါဘူး။ ပုံမှန်ဆိုရင်တော့ အသင်းဟာ ဈေးကွက်ကာလမှ (၃)ယောက်လောက် ရောင်းပြီး (၃)ယောက်လောက် ဝယ်တာမျိုး လုပ်နေကျပါ။ ဒီတစ်ကြိမ်မှာတော့ ခုထက်ပိုများတာမျိုး ဖြစ်နိုင်ကောင်းပါတယ်"ဟု ပြောဆိုထားသည်။

Ref:Mirror
Soccer Myanmar
သီယာဂို အယ်လ်ကန်ထရာကို လက်လွတ် ခဲ့ရသည့်နောက် မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ရာဖာအယ်လ်ကန်ထရာကို ဆက်လက် စိတ်ဝင်စားလာကြောင်း သတင်းများက ဆိုသည်။

သူဋ္ဌေးကြီး ဦးတေဇရဲ့ ပူတာအိုမှာ လုပ်မယ့် အလှူ

Photo
ဦးတေဇရဲ့ အလှူ တခုပါ။ ဦးတေဇဆိုလို့ နာမည်တူ လူတူတွေ ရှိတတ်တာမို့ ဒီအလှူကတော့ အခုတလော ပူတာအိုခရိုင်ဘက်မှာ စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်နေတယ်လို့ နာမည်ကြီးနေတဲ့ သူဋ္ဌေးကြီး ဦးတေဇ က လုပ်မယ့် အလှူတခုပါ။ 

ကမ္ဘာလှည့် ခရီးသည်တင် အ ပျော် စီး သင်္ဘောကြီး ရန်ကုန်ရောက်ရှိ

Photo: ကမ္ဘာလှည့် ခရီးသည်တင် အ ပျော် စီး သင်္ဘောကြီး ရန်ကုန်ရောက်ရှိ
Thursday, February 20, 2014

အမေရိကန်နိုင်ငံ အခြေစိုက် Silversea Cruises မှ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောကြီး M.V SILVER SHADOW သည် ယနေ့နံနက် ၆နာရီ ခန့်တွင် ဒုတိယ အကြိမ်အဖြစ် မြန်မာ အပြည်ပြည် ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိ လာကြောင်း သိရသည်။ အဆိုပါ ကမ္ဘာလှည့် ခရီးသည်တင် သင်္ဘောကြီးသည် ထိုင်းနိုင်ငံ ဖူးခက် ဆိပ်ကမ်းမြို့မှ တစ်ဆင့် ဆိုက်ရောက် လာခြင်းဖြစ်ပြီး သင်္ဘောပေါ်တွင် ခရီးသည် ၃၂၆ဦးခန့်နှင့် သင်္ဘော ဝန်ထမ်း ၂၉ဝခန့် လိုက်ပါ လာကြသည်။

ကမ္ဘာလှည့် ခရီးသည်များသည် ရန်ကုန်မြို့တွင်း၌ လှည့်လည်ကြည့်ရှုခြင်း၊ ညနေပိုင်း လေယာဉ်ဖြင့် ပုဂံနှင့် မန္တလေးသို့ သွားရောက်ခြင်း၊ သန်လျင်ဈေးနှင့် ကျိုက်ခေါက် ဘုရားသို့ သွားရောက်ခြင်း၊ Governor Residence ၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကဖြင့် ဖျော်ဖြေ မှုများကို ကြည့်ရှုခြင်းနှင့် ညစာ သုံးဆောင်ခြင်း၊ ပဲခူး နေ့ခြင်းပြန် ခရီးစဉ်၊ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်နှင့် ရွှေတိဂုံ ဘုရားသို့ သွားရောက်ခြင်း များ ဆောင် ရွက်ကြ မည် ဖြစ်သည်။

၂ဝ၁၄ခုနှစ် ပထမ လေးလတာ ကာလတွင် ရန်ကုန်မြို့သို့ Cruises ၁၂စင်း ဝင်ရောက်ရန် ရှိပြီး ဗြိတိန်၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံတို့မှ သင်္ဘောများ အပါအဝင် အမေရိကန်မှ ခုနစ်စင်း ပါဝင်ကြောင်း၊ ရန်ကုန် ဆိပ်ကမ်းသို့ ကမ္ဘာလှည့် ခရီးသည်တင် သင်္ဘောကြီးအစင်း ၂ဝထိ ရောက်ရန် ရှိသဖြင့် Year of Cruises ဟု ဆိုနိုင် ကြောင်း၊ မြန်မာ နိုင်ငံသို့ အပျော်စီး သင်္ဘောများ လာရောက်ရေး အတွက် အဓိက ဈေးကွက် ရှာဖွေပေးနေသော တိုင်းရင်းသား ပိုင်ကုမ္ပဏီ Myanmar Voyages မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောကြီးသည် ဖေဖော်ဝါရီ ၂၂ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းမှ မလေးရှား နိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

ခင်ချိုဝင်း
မြ၀တီ
အမေရိကန်နိုင်ငံ အခြေစိုက် Silversea Cruises မှ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောကြီး M.V SILVER SHADOW သည် ယနေ့နံနက် ၆နာရီ ခန့်တွင် ဒုတိယ အကြိမ်အဖြစ် မြန်မာ အပြည်ပြည် ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိ လာကြောင်း သိရသည်။ အဆိုပါ ကမ္ဘာလှည့် ခရီးသည်တင် သင်္ဘောကြီးသည် ထိုင်းနိုင်ငံ ဖူးခက် ဆိပ်ကမ်းမြို့မှ တစ်ဆင့် ဆိုက်ရောက် လာခြင်းဖြစ်ပြီး သင်္ဘောပေါ်တွင် ခရီးသည် ၃၂၆ဦးခန့်နှင့် သင်္ဘော ဝန်ထမ်း ၂၉ဝခန့် လိုက်ပါ လာကြသည်။

မော်တော်ယာဉ် တင်သွင်းရန် အထောက်အထားအတုဖြင့် လျှောက်ထားသူ များကို အရေးယူမည်

Photo: မော်တော်ယာဉ် တင်သွင်းရန် အထောက်အထားအတုဖြင့် လျှောက်ထားသူ များကို အရေးယူမည်
Thursday, February 20, 2014

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများ ပြုလုပ်ရာတွင် အထောက်အထား အတုများဖြင့် လျှောက်ထားသူများကို တည်ဆဲ ဥပဒေများအတိုင်း အရေးယူမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

မော်တော်ယာဉ် တင်သွင်းခွင့်အတွက် အထောက်အထား အတုများဖြင့် လျှောက်ထားသူများကို ရဲစခန်းသို့ တိုင်ကြား၍ အမှုဖွင့် အရေးယူမည် ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာနကလည်း ထပ်မံ၍ အရေးယူမှုများ ပြုလုပ်နိုင်ရန် စီစဉ်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမင်းမင်းက The Voice သို့ ပြောကြားသည်။

“အရင်တုန်းကတော့ အတုလျှောက်တဲ့ သူတွေကို ရဲစခန်းပို့ပြီး အမှုဖွင့်လိုက်တာပါပဲ။ အခုကျွန်တော်တို့ ဌာနကနေပြီး အရေးယူနိုင်ဖို့ကိုလည်း စီစဉ်သွားမှာပါ။ အမှန်တကယ်က ဒီလိုလုပ်တာက လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တပိုင်းနဲ့ အများကြီး ဆိုင်ပါတယ်။ ဘဏ်စာအုပ်ထဲ တကယ်ငွေထည့်ပြီး လုပ်လည်း အတိုးက ဘယ်လောက်မှမ ကျပါဘူး” ဟု ၎င်းကပြောဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သွင်းကုန်ဌာနသို့ အထောက်အထား အတုဖြင့် လာရောက် လျှောက်ထားသူ ခုနစ်ဦး၊ ရှစ်ဦးခန့် ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။
“အဓိကက စနစ်ကကို လွဲနေတာပါ။ Personal Account နဲ့ အခွန်ကောက်တာက ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ ကောင်းတာကတော့ ကားတင်သွင်းတဲ့ လူတွေက တင်သွင်းတဲ့ ကုမ္ပဏီတွေကို Register အရင်လုပ်ပြီးမှ သွင်းရင် ပိုကောင်းပါတယ်။ တင်သွင်းတဲ့ လူတွေကလည်း ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာသင့်ပြီး အစိုးရကလည်း ကားတင်သွင်းသူတွေ လိုက်နာနိုင်မယ့် စည်းကမ်းကို ချမှတ်ပေးဖို့ လိုအပ်ပါတယ်” ဟု မော်တော်ယာဉ် လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။

သန်းခေါင်စာရင်းအတု၊ နေရပ်လိပ်စာ အတုနှင့် ဘဏ်စာအုပ် အတုများဖြင့် မော်တော်ယာဉ် တင်သွင်းသူ အများစုသည် အရင်းအနှီး နည်းနည်းဖြင့် အမြတ်များများ ရလိုကြ၍ ဖြစ်ကြောင်း ဦးမင်းမင်းက ပြောဆိုသည်။

The Voice Weekly
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများ ပြုလုပ်ရာတွင် အထောက်အထား အတုများဖြင့် လျှောက်ထားသူများကို တည်ဆဲ ဥပဒေများအတိုင်း အရေးယူမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

ဘန်ကောက် သပိတ်စခန်းများတွင် အဓိကရုဏ်း ဖြစ်ပြီးနောက် ဆန္ဒပြသူများ ယင်းလပ် ရှိရာသို့ ချီတက်၊ ရဲတပ်ဖွဲ့ စစ်ဆင်ရေး ရပ်ဆိုင်း

Photo: ဘန်ကောက် သပိတ်စခန်းများတွင် အဓိကရုဏ်း ဖြစ်ပြီးနောက် ဆန္ဒပြသူများ ယင်းလပ် ရှိရာသို့ ချီတက်၊ ရဲတပ်ဖွဲ့ စစ်ဆင်ရေး ရပ်ဆိုင်း
Thursday, February 20, 2014

ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်တွင် အစိုးရ ဆန့်ကျင်ရေး အင်အားစုများ အချိန်အတန်ကြာ ဖွင့်လှစ်ထားခဲ့သည့် သပိတ်စခန်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံးကာ ပြန်လည် ရယူခဲ့မှုကြောင့် ပဋိပက္ခများနှင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရခြင်း အပေါ် အမျက်ဒေါသ ထွက်နေသည့် ဆန္ဒပြ အုပ်စုများက ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ယာယီရုံးထိုင်ရာ အစိုးရ အဆောက်အအုံ တစ်ခု အနီးတစ်ဝိုက်တွင် အင်အား အလုံးအရင်းဖြင့် ပိတ်ဆို့ ဆန္ဒပြကြကြောင်း Reuters သတင်းဌာနက ရေးသား ဖော်ပြသည်။

အင်္ဂါနေ့က ဘန်ကောက်မြို့ ငြိမ်းချမ်းရေးဟူသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် သပိတ်စခန်းများ ပြန်လည် သိမ်းယူသော စစ်ဆင်ရေးတွင် ထိပ်တိုက် ပဋိပက္ခများနှင့် သွေးထွက် သံယိုမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေနှင့် ကျန်ရှိသော သပိတ်စခန်းများကို ပြန်လည် သိမ်းပိုက်ရန် ကြိုးပမ်းမှုများကို ရပ်ဆိုင်းထားဦးမည် ဖြစ်သည်ဟု လုံခြုံရေး တပ်ဖွဲ့မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

အတိုက်အခံ အင်အားစုများက ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရကို အပြီးသတ် ဖြုတ်ချနိုင်သည် အထိ တိုက်ပွဲဝင် သွားမည်ဟု ကြိမ်းဝါး ပြောဆိုလျက် ရှိသည်။

“ဒီနေရာကို ကျွန်တော်တို့ ရောက်ရှိလာတာ ဘာကြောင့်လဲ ဆိုတော့ ဒီကာကွယ်ရေး ဝန်ကြီးဌာန အဆောက်အအုံကို ယင်းလပ်ရှင်နာဝပ် အသုံးပြုနေတာကို မကြိုက်လို့ပဲ ဖြစ်ပါတယ်။ ဒီအဆောက်အအုံ ယင်းလပ်ကို အသုံးပြုခွင့် မပြုဖို့ စစ်သားတွေကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်” ဟု ဆန္ဒပြ ခေါင်းဆောင် တစ်ဦးက အင်အား ၃၀၀၀ ခန့် ရှိသည့် ဆန္ဒပြ လူအုပ်ကြီးကို မိန့်ခွန်း ပြောကြားသည်။

ထိုင်းစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အကယ်၍ ရဲတပ်ဖွဲ့ဝင်များ အနေနှင့် ဘန်ကောက် မြို့တော် လုံခြုံရေးကို ထိန်းသိမ်းနိုင်ခြင်း မရှိပါက စစ်တပ်က ကြားဝင် ဆောင်ရွက်ရလိမ့်မည် ဖြစ်ကြောင်း၊ ပဋိပက္ခတွင် နှစ်ဦးနှစ်ဖက် အနေနှင့် ထိပ်တိုက်ရင်ဆိုင် တွေ့မှုကို ရှောင်ရှားသင့်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ မူဝါဒက ပြောင်းလဲမှု မရှိသေးပါဘူး၊ ကျွန်တော်တို့ ရည်မှန်းချက်က ရဲတပ်ဖွဲ့ကို အထောက်အပံ့ ပေးဖို့ပါပဲ။ တပ်ဖွဲ့ဝင်တွေ တိုးမြှင့် ဖြန့်ကြက်ထားဖို့ ရည်ရွယ်ချက်လည်း မရှိပါဘူး။ တကယ်လို့ အစိုးရ အနေနဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အကူအညီတွေ ထပ်မံ လိုအပ်တယ်ဆို ကျွန်တော်တို့ကို ပြောမှာပေါ့။ ယခု အထိတော့ အစိုးရဘက်က ထုတ်ပြောတာမျိုး မရှိသေးပါဘူး” ဟု စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝီရာချွန်းက ပြောကြားသည်။

ထိုင်းနိုင်ငံရေးတွင် ကြီးမားသည့် သမိုင်းကြောင်းရှိသော စစ်တပ်သည် ယခု နောက်ဆုံး ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းတွင် ဝင်ရောက် စွက်ဖက်မှု မပြုလုပ်သည်မှာ ထူးခြားသော ဖြစ်ရပ်ပင် ဖြစ်သည်ဟု လေ့လာ စောင့်ကြည့်သူတို့က ဆိုသည်။

ဆန္ဒပြသူများသည် ဘန်ကောက်မြို့တော် ဗဟိုချက်မ ဒေသနှင့် မြောက်ဘက်ရှိ အစိုးရ အဆောက်အအုံများကို သိမ်းပိုက်ကာ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရ ဖြုတ်ချရေး ဆန္ဒပြမှုများကို ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်ကာ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ဇန်နဝါရီ လလယ်ပိုင်းမှ စတင်ခဲ့သော ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြမှုအတွင်း လူပေါင်း ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရာနှင့်ချီ၍ ဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းအစိုးရ အာဏာပိုင်များက ဆိုသည်။

The Voice Weekly
ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်တွင် အစိုးရ ဆန့်ကျင်ရေး အင်အားစုများ အချိန်အတန်ကြာ ဖွင့်လှစ် ထားခဲ့သည့် သပိတ်စခန်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံးကာ ပြန်လည် ရယူခဲ့မှုကြောင့် ပဋိပက္ခများနှင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရခြင်း အပေါ် အမျက်ဒေါသ ထွက်နေသည့် ဆန္ဒပြ အုပ်စုများက ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ယာယီရုံးထိုင်ရာ အစိုးရ အဆောက်အအုံ တစ်ခု အနီးတစ်ဝိုက်တွင် အင်အား အလုံးအရင်းဖြင့် ပိတ်ဆို့ ဆန္ဒပြကြကြောင်း Reuters သတင်းဌာနက ရေးသား ဖော်ပြသည်။

အချစ်ဆိုတာ သင်ဇာ့ဘ၀မှာ မရှိလည်းဖြစ်တဲ့အရာတစ်ခုပါလို့ ဆိုလိုက်တဲ့ သင်ဇာဝင့်ကျော်

Photo: အချစ်ဆိုတာ သင်ဇာ့ဘ၀မှာ မရှိလည်းဖြစ်တဲ့အရာတစ်ခုပါလို့ ဆိုလိုက်တဲ့ သင်ဇာဝင့်ကျော် 
Thursday, February 20, 2014

ရဲရင့်ပွင့်လင်းပြီး ကိုယ်စိတ်ထဲက ပုံစံအတိုင်း နေထိုင်ပြုမူတတ်သူလေး ကတော့ သင်ဇာဝင့်ကျော်ပါပဲ။ အားလုံးနဲ့ မတူတဲ့ ပုံစံမျိုး၊ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်ရင်ထဲ ၀င်လာခဲ့တဲ့ သူမနဲ့ တွေ့ဆုံခိုက် သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ အချစ်ရေးအကြောင်း မေးကြည့်ဖြစ်တဲ့အခါ ‘ခုရိုက်နေတဲ့ကားလေးက အဆုံး=အစပေါ့။ ဖန်စီဟာသလေးပါပဲ။ မင်းသားက ထွန်းကိုကိုပါ။ ဒီကားထဲမှာ သင်ဇာက ခပ်စွာစွာကောင်မလေးပေါ့။ မင်းသားကိုလဲ အရမ်းနိုင်တယ်။ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းပေါ့။ သူ့အပေါ်လဲ သံယောဇဉ်ရှိရဲ့သားနဲ့ တမင်သက်သက်လုပ်တာပေါ့။ နောက်ဆုံး ညားသွားတဲ့ ကားလေးပါပဲ။ ဒီကားပြီးရင် မင်းသားဇေရဲထက်နဲ့ ဦးဝင်းထွန်းထွန်းနဲ့ ကားရိုက်ပါမယ်’လို့ သူမက ပြောပါတယ်။

ချစ်သူများနေ့ကိုသူမဖြတ်သန်းဖြစ်တဲ့အကြောင်းကိုတော့ သူမက ‘အလုပ်တွေနဲ့ပဲဖြတ်သန်းဖြစ်ပါတယ်။ သင်ဇာအိမ်ထောင်ပြုဖို့လဲ စိတ်ကူးမရှိဘူး။ စဉ်းလဲမစဉ်းစားထားဘူး။ ကိုယ့်အဖေနဲ့ ကိုယ့်အမေကို ဘယ်လို စိတ်ချမ်းသာအောင်ထားရမလဲဆိုတဲ့ အတွေးမျိုးပဲရှိပါတယ်။ သူတို့နဲ့ပဲနေဦးမယ်။ အချစ်ဆိုတာ သင်ဇာဘ၀မှာမရှိလဲ ဖြစ်တဲ့အရာတစ်ခုပါ။ ဘာလို့လဲဆိုတော့ ဒီဟာမရှိတော့လဲ နေလို့ရတယ်။ ကိုယ့်အတွက် ကိုယ့်အလုပ်ရယ်၊ ကိုယ့်မိသားစုရယ်၊ ကိုယ့်သူငယ်ချင်းတွေရယ်ရှိရင် ပြည့်စုံပါတယ်။ သင်ဇာ့ဘ၀ကို တည်ဆောက်လို့ရတယ်။ ငယ်ငယ်တုန်းကတော့ အချစ်မရှိရင်မနေတတ်ဘူး။ အခုအရွယ်မှာကျတော့ စိတ်ရှု့ပ်ရတယ်ပေါ့။ မရှိမကောင်း၊ ရှိမကောင်းပေါ့။ ငယ်ရွယ်စဉ်ကအတွေးနဲ့တော့ နဲနဲကွာသွားတာပေါ့’တဲ့။

ခင်ဆွေသက် 
Trend Myanmar
ရဲရင့်ပွင့်လင်းပြီး ကိုယ်စိတ်ထဲက ပုံစံအတိုင်း နေထိုင်ပြုမူတတ်သူလေး ကတော့ သင်ဇာဝင့်ကျော်ပါပဲ။ အားလုံးနဲ့ မတူတဲ့ ပုံစံမျိုး၊ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်ရင်ထဲ ၀င်လာခဲ့တဲ့ သူမနဲ့ တွေ့ဆုံခိုက် သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ အချစ်ရေးအကြောင်း မေးကြည့်ဖြစ်တဲ့အခါ ‘ခုရိုက်နေတဲ့ကားလေးက အဆုံး=အစပေါ့။ ဖန်စီဟာသလေးပါပဲ။ မင်းသားက ထွန်းကိုကိုပါ။ ဒီကားထဲမှာ သင်ဇာက ခပ်စွာစွာကောင်မလေးပေါ့။ မင်းသားကိုလဲ အရမ်းနိုင်တယ်။ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းပေါ့။ သူ့အပေါ်လဲ သံယောဇဉ်ရှိရဲ့သားနဲ့ တမင်သက်သက်လုပ်တာပေါ့။ နောက်ဆုံး ညားသွားတဲ့ ကားလေးပါပဲ။ ဒီကားပြီးရင် မင်းသားဇေရဲထက်နဲ့ ဦးဝင်းထွန်းထွန်းနဲ့ ကားရိုက်ပါမယ်’လို့ သူမက ပြောပါတယ်။

ဒုချီးရားတန်း အကြမ်းဖက်မှု အစိုးရနှင့် ပူးပေါင်းစုံစမ်းရန် ကုလကို တိုက်တွန်းမည်ဟု ကင်တားနားဆို

Photo: ဒုချီးရားတန်း အကြမ်းဖက်မှု အစိုးရနှင့် ပူးပေါင်းစုံစမ်းရန် ကုလကို တိုက်တွန်းမည်ဟု ကင်တားနားဆို
Thursday, February 20, 2014

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်မှုကို မြန်မာအစိုးရနှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNIC) ကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားက ပြောကြားသည်။

မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတက ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည့် နိုင်ငံတကာ စံချိန်စံညွန်းမီသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ခြင်း မရှိသဖြင့် ယင်းသို့ တိုက်တွန်းရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ၎င်း၏ နောက်ဆုံး အစီရင်ခံစာကို တင်သွင်းရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကင်တားနား၏ ခရီးစဉ်အပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“စုံစမ်းစစ်ဆေးရေးအဖွဲ့(ပူးပေါင်းအဖွဲ့) ဖြစ်ရပ်မှန်တွေကို ဖော်ထုတ်ဖို့ လိုတယ်။ ဒုချီးရားတန်း ဖြစ်စဉ်မှာ အမှန်တကယ် အပြစ်ရှိတယ် သူတွေကို ဖော်ထုတ် အရေးယူရမယ်” ဟု ကင်တားနားက ပြောကြားသည်။

ဒုချီးရားတန်း ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ နည်းပညာပိုင်း ဆိုင်ရာ အကူအညီများကို ရယူရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တိုက်တွန်းခဲ့ကြောင်း ကင်တင်နားက ပြောကြားသည်။

အဆိုပါ အကြမ်းဖက်မှုသည် ပြည်တွင်းတွင် စုံစမ်းစစ်ဆေးရမည့်ကိစ္စ ဖြစ်သဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကိုယ်စားလှယ်များကို ဝင်ရောက် စွက်ဖက်ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒုချီးရားတန်း အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာများတွင် အကြမ်းဖက်မှု ဖြစ်စဉ်များကို ဖော်ထုတ်ရန် လူပုဂ္ဂိုလ် ၁၀ ဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။

ကင်တားနား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အစိုးရ၏ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်မှု အပါအဝင် တရားဥပဒေ စိုးမိုးရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုများ၏ စိန်ခေါ်မှုကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း ၎င်းကပြောကြားသည်။

ဒုချီးရားတန်း ကျေးရွာတွင် ဘင်္ဂါလီများ တိုက်ခိုက်၍ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးမှု သတင်းသည် နိုင်ငံတကာ စာမျက်နှာများတွင် ဘင်္ဂါလီ ၄၀ ခန့် သတ်ဖြတ်ခံရသည်ဟု ပျံ့နှံ့လာပြီးနောက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရကို ဖိအား ပေးခဲ့ကြသည်။

ကင်တားနားသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်သည့် သက်တမ်းခြောက်နှစ်မှာ လာမည့် မတ်လတွင် ကုန်ဆုံးမည်ဖြစ်ပြီး ယင်းအစီရင်ခံစာကို မတ်လ ၁၄ ရက်နေ့တွင် UNHRC သို့ တင်ပြရမည် ဖြစ်သည်။

The Voice Weekly
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်မှုကို မြန်မာအစိုးရနှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNIC) ကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားက ပြောကြားသည်။

အစိုးရ အရပ်ဘက်ဝန်ထမ်းများ အချိန်ပိုကြေးရရှိရေး ဆွေးနွေးမည်

Photo: အစိုးရ အရပ်ဘက်ဝန်ထမ်းများ အချိန်ပိုကြေးရရှိရေး ဆွေးနွေးမည်
Thursday, February 20, 2014

အစိုးရ အရပ်ဘက်ဝန်ထမ်းများ အချိန်ပိုလုပ်ခရရှိနိုင်ရေး တိုင်းအစိုးရက ဆောင်ရွက်ပေးရန်အဆိုကို လပွတ္တာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ဖေဖော်ဝါရီ ၁၉ ရက် ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းလိုက်သည်။

“တပ်မတော်အစိုးရလက်ထက်မှာ ၀န်ထမ်းအားလုံးသည် ၂၄ နာရီ တာဝန်ရှိသည်ဆိုပြီး နေ့ညမဟူ လို အပ်သလို ခေါ်ယူစေခိုင်းခဲ့ပါတယ်။ လက်နက်ကိုင်ဝန်ထမ်းများသာ မဟုတ်ဘဲ အရပ်ဘက်ဆိုင်ရာဝန် ထမ်းများပါ အချိန်ပိုစေခိုင်းခြင်းများ၊ အချိန်မဲ့ ခေါ်ယူစေခိုင်းခြင်းများ ရှိခဲ့ပါတယ်။ ယခင် စစ်အုပ်ချုပ်ရေး ကာလဖြစ်သည့်အတွက် အမိန့်နာခံခြင်းက အဓိကမို့ ဘာမှပြောစရာမလိုပါဘူး။ ဒီနေ့ ပြောင်းလဲလာ တယ်။ အစိုးရပြောင်းလဲလာတဲ့ အုပ်ချုပ်ရေးစနစ်မှာ ဒီပုံစံကို သယ်ယူ ကျင့်သုံးနေတာ ရှိနေဆဲပါ”ဟု ၎င်းက လွှတ်တော်သို့ အဆိုတင်ရာတွင် ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ထမ်းမဟုတ်သည့် အစိုးရစက်ရုံ၊ အလုပ်ရုံများအပါအ၀င် အခြားသော ဌာနဆိုင်ရာအသီးသီးမှ ၀န်ထမ်းများသည် အချိန်ပိုကြေးမရှိဘဲ ရုံး ချိန်ပြင်ပ ခိုင်းစေမှုများ၊ အလုပ်ပိတ်ရက်၊ ရုံးပိတ်ရက်များတွင်လည်း အချိန်ပိုကြေးမရဘဲ အလုပ်ဆင်းနေ ရမှုများရှိနေပြီး ၀န်ထမ်းထုကြားတွင် ဝေဖန်ပြောဆိုသံများ ကြားလာရသည့်အပြင် ယင်းတို့ နစ်နာနေမှု များကို ဖြေရှင်းပေးစေလိုကြောင်းလည်း တောင်းဆိုမှုများရှိနေသည်ဟု ၎င်းက ဆိုသည်။

“၀န်ထမ်းတွေအပေါ်မှာ ဥပဒေအရ ပေးခွင့်ရှိတဲ့ အခွင့်အရေးမှန်သမျှကို ပြည့်ပြည့်၀၀ ပေးသင့်ပါတယ်။ ၀န်ထမ်းတွေဘက်က ထောက်ပြစရာ အားနည်းချက်တစ်ခုဖြစ်နေတဲ့ အချိန်ပိုစေခိုင်းခြင်းနဲ့ အချိန်မဲ့ခိုင်း စေခြင်းများကို ဥပဒေနှင့်အညီ ခိုင်းစေခြင်းများနဲ့ ချေဖျက်နိုင်ပါတယ်”ဟု ဦးဇော်ဝင်းက လွတ်တော်သို့ အဆိုတင်ရာတွင် ပြောဆိုသည်။

၎င်းအဆိုနှင့်ပတ်သက်ပြီး အိမ်မဲမြို့နယ် တိုင်းကိုယ်စားလှယ် ဦးမန်းငြိမ်းရွှေက ထောက်ခံကြောင်း လွှတ် တော်သို့ ပြောဆိုခဲ့ပြီး တိုင်းအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် အလုပ်သမားဝန်ကြီး ဦးကျော်ဝင်းနိုင် ကလည်း လွှတ်တော်တွင် ဆွေးနွေးရန် ထောက်ခံခဲ့သည်။ ယင်းအဆိုကို ဖေဖော်ဝါရီလ ၂၆ ရက်တွင် တိုင်းလွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

အဆိုရှင်ဦးဇော်ဝင်း၏ တင်ပြဆွေးနွေးချက်တွင် အရပ်ဘက်ဝန်ထမ်းများကို အလုပ်သမားအခွင့်အရေး များနှင့်အညီ အချိန်ပိုကြေးများ ခံစားရရှိမှု ကင်းမဲ့နေခြင်းကြောင့် အချိန်ပိုလုပ်အားခများ ရရှိရေးကို တိုင်း အစိုးရက စီမံဆောင်ရွက်ပေးစေလိုကြောင်း၊ အရပ်ဘက်ဆိုင်ရာဝန်ထမ်းများ အချိန်ပိုစေခိုင်းခြင်းများ၊ အချိန်မဲ့ခေါ်ယူစေခိုင်းမှုများ၊ ပြည်သူ့ဝန်ထမ်းများသည် အစိုးရထံ အလုပ်လုပ်နေတဲ့ အလုပ်သမားများဖြစ် ပြီး၊ အလုပ်သမားအခွင့်အရေးများ၊ ရသင့်ရထိုက်သည်များ၊ ဥပဒေပါ ခံစားခွင့်များ ရသင့်သည်ဟု ပါရှိသည်။

စည်သူမောင်မောင်
Mizzima - News in Burmese
အစိုးရ အရပ်ဘက်ဝန်ထမ်းများ အချိန်ပိုလုပ်ခရရှိနိုင်ရေး တိုင်းအစိုးရက ဆောင်ရွက်ပေးရန်အဆိုကို လပွတ္တာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ဖေဖော်ဝါရီ ၁၉ ရက် ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းလိုက်သည်။

သမိုင်းကြောင်း အပြောင်းအလဲမှာ မူးယစ်ဆေးဝါးနာမည်ဆိုးနဲ့ ဆက်လက်ကျော်ကြားနေဆဲ UWSA

Photo: သမိုင်းကြောင်း အပြောင်းအလဲမှာ မူးယစ်ဆေးဝါးနာမည်ဆိုးနဲ့ ဆက်လက်ကျော်ကြားနေဆဲ UWSA
Thursday, February 20, 2014

အခုဆိုရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနှင့်အတူ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေး နွေးပွဲလှုပ်ရှားမှုများက မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အားတက်ဖွယ်ရာပင် ဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး အဆုံးသတ်နိုင်ပါက ဒီမိုကရေစီ လမ်းကြောင်းသည် ဖွံ့ဖြိုးတိုးတက်မှု များစွာနှင့်အတူ တဟုန်ထိုးပြောင်းလဲ လာမည်ဖြစ်ပါသည်။ သို့သော် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စား လှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ရပ်စဲ ရေးအတွက် ၂၀၁၃ ခုနှစ်တွင် မြစ်ကြီးနားမြို့၌ လည်းကောင်း၊ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် လောခီးလာတွင်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ UWSA`၀´ အဖွဲ့ ပါဝင်တက်ရောက်ခြင်း မရှိခဲ့ပေ။

ထိုကဲ့သို့ သမိုင်းကြောင်း အပြောင်းအလဲတွင် UWSA`၀´ အဖွဲ့အနေဖြင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့်မတူ တစ်မူထူးခြားနေခြင်းမှာ အကြောင်းတရားများစွာ ရှိနေပါသည်။ UWSA`၀´ အဖွဲ့သည် အရပ်သား အစိုးရအဖြစ် အသွင်ပြောင်းလာချိန်ကို အခွင့်ကောင်းယူကာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဒေသကြီးမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် အဖြစ် အသိအမှတ်ပြုရန် တောင်းဆိုထားသည်။ အစိုးရနှင့် ငြိမ်းချမ်းရေးကို ဟန်ပြလုပ်ပြီး နောက်ကွယ်တွင် `၀´ တပ်မတော်ကို အင်အားတောင့်တင်းပြီး ခေတ်မီလက်နက်များဖြင့် ဖွဲ့စည်းတည်ဆောက်လာသည်။ `၀´ လူမျိုးနှင့် လူနေမှုဓလေ့ထုံးစံများ၊ မြို့ပြအိမ်ရာများကိုလည်း တရုတ်နိုင်ငံထဲက မြို့တစ်မြို့အသွင်ဖန်တီးတည်ဆောက်ကာ တရုတ် လက်အောက်ခံ မြို့ကြီး တစ်မြို့အသွင် ဖန်တီးနေပြီဖြစ်သည်။ လက်နက်မှောင်ခို ရောင်းဝယ်မှုဖြင့် `၀´အဖွဲ့ကို အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကပင် ပတ်သက်ဆက်နွယ်လာရသည်အထိ ဖြစ်လာသလို မူးယစ်ဆေးဝါး ကြောင့်လည်း UWSA`၀´ ၏ နာမည်ဆိုးသည် ဆက်လက်ကျော်ကြား နေဆဲပင် ဖြစ်သည်ဟု ဆိုရပါမည်။

ယခင်က ရှမ်းပြည်နယ်တစ်ခုလုံးမှ ထွက်ရှိသော မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုသည် UWSA`၀´အဖွဲ့နှင့် RCSS/SSA အဖွဲ့များ၏ လုပ်ရပ်များ ဖြစ်သည်ဟု နာမည်ကျော်ကြားခဲ့သော်လည်း ယနေ့ခေတ်တွင် RCSS/SSA ကပင် UWSA`၀´အဖွဲ့အား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပါဝင်ဆောင် ရွက်ရန် ကမ်းလှမ်းထားသော အခြေအနေအဖြစ် ပြောင်းလဲနေပြီဖြစ်ပါသည်။

မြန်မာ-ထိုင်း-လာအို နယ်စပ်အဖြစ် နာမည်ကျော်ကြားသော ရွှေတြိဂံ နယ်မြေမှတစ်ဆင့် အမေရိကန်အပါအ၀င် ကမ္ဘာ အနှံ့သို့ ပျံ့နှံ့ရောက်ရှိ နေသော မူးယစ်ဆေးဝါးများ၏ အဓိကအရင်းအမြစ်ကို ရှာဖွေဆန်းစစ် ကြည့်ရာ ၁၉၈၉ ခုနှစ်က တပ်မတော်နှင့် ငြိမ်းချမ်းရေးရယူခဲ့သော UWSA `၀´ အဖွဲ့ကို တွေ့ရှိရကြောင်း RCSS/SSA ထိပ်ပိုင်းခေါင်းဆောင်က ပြောဆိုခဲ့ကြပြီ ဖြစ်ပါသည်။

UWSA `၀` တပ်ဖွဲ့အနေဖြင့် ပန်ဆန်းကို မူးယစ်ဆေးဝါးပပျောက်သော ဒေသအဖြစ် ကြေညာနိုင်ရေး ကြိုးပမ်းနေ သော်လည်း တကယ့်လက်တွေ့ တွင် ရှမ်းပြည်နယ်ထဲက ဘိန်းများကို ဒေသပေါက်ဈေးထက် အဆမတန် ပေးကာ ၀ယ်ယူလျက်ရှိသည်။ ယခင်နှစ်များက ဘိန်းတစ်ပိဿာလျှင် ဘတ် ၂၅၀၀၀ ခန့်ရှိရာကနေ `၀´ အဖွဲ့၏ ပေါက်ဈေး မဟုတ်သော ၀ယ်ယူ နေမှုများကြောင့် ဘိန်းဈေးမှာ ယခုနှစ်တွင် တစ်ပိဿာလျှင် ဘတ် ၃၃၀၀၀ အထိ မြင့်တက်နေပြီ ဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ မူးယစ် အထူးအဖွဲ့များ၏ လေ့လာစုံစမ်းချက်များက ဖော်ပြလျက်ရှိသည်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်နှင့် ချင်းမိုင်ခရိုင်များအတွင်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သော Amphetamine အမြောက် အများသည် `၀´ တပ်ဖွဲ့၏ မူးယစ်ဆေးဝါးများဖြစ်ကြောင်း ထိုင်းရဲသတင်းများအရ သိရှိရသည်။ ထိုသို့ ဖမ်းဆီးခံရမှုမှာ RCSS/SSA က ထိုင်းရဲကို သတင်းပေး၍သာ အဖမ်းခံ ရခြင်းဖြစ်သည်ဟု `၀´ အဖွဲ့က သံသယရှိခဲ့သည်။ RCSS/SSA အဖွဲ့ အနေဖြင့် `၀´ အဖွဲ့၏ မူးယစ်ဆေးဝါးပို့ဆောင်မှုသတင်းများကို ရယူပြီး ထိုင်းရဲများကို ပေးခဲ့ခြင်းဖြင့် ထိုင်းအစိုးရ ဆီက ရွှေလင်းယုန်ဆုကို စပ်ရွက်ဆစ်က ယူသွားခြင်းဖြစ်သည်ဟု `၀´ တပ်ဖွဲ့မှ ယုံကြည်ခဲ့သည်။ မူးယစ်ဆေးဝါး ပြဿနာနှင့်ပတ်သက်ပြီး UWSA`၀´ အဖွဲ့နှင့် RCSS/SSA ကြားမှာ တင်းမာမှုများရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ် ခဲ့သည်။

ယခင် အတိတ်ကာလများစွာကတည်းက မူးယစ်ဆေးဝါးဖြင့် နာမည် ကျော်ခဲ့သော UWSA `၀´ အဖွဲ့အနေဖြင့် သမိုင်းကြောင်း အပြောင်းအလဲမှာ နာမည်ဆိုးဖြင့် ဆက်လက်ရပ်တည်ရန် မသင့်တော်တော့ပေ။ `၀´ အဖွဲ့ကို မူးယစ် ဆေးဝါးထုတ်လုပ်နေသော အဖွဲ့အစည်း၊ `၀´ ခေါင်းဆောင်ပိုင်း များကိုလည်း ကမ္ဘာကအလိုရှိနေသော မူးယစ်ရာဇာ များဟု လူတိုင်းက သိနေပြီဖြစ်ပါသည်။ မြန်မာတစ်မျိုးသားလုံးသာမက ကမ္ဘာ့လူသား အားလုံးကိုပါ လူညွှန့်တုံး စေသော မူးယစ်ဆေးဝါးကို မြန်မာနိုင်ငံတင်မကပဲ တစ်ကမ္ဘာလုံးကပါ ၀ိုင်းဝန်းကာကွယ်တားဆီးနေချိန်မှာ UWSA `၀´ အဖွဲ့ ကတော့ မူးယစ်ဆေးဝါးနဲ့ စီးပွားရှာကောင်းနေဆဲပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ငြိမ်းချမ်းရေးနောက်ကွယ်တွင် နာမည်ဆိုးနဲ့ ကျော်ကြားနေဆဲ UWSA `၀´အဖွဲ့ရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနေမှုများကို မြန်မာပြည်သူ တစ်ရပ်လုံးက ၀ိုင်းဝန်းကာကွယ်တားဆီးမှသာ မူးယစ်ဆေးဝါး အန္တရာယ် ချုပ်ငြိမ်းပျောက်ကွယ်မည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားအပ်ပါသည်။

အိုက်ပီး
Shan News
အခုဆိုရင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနှင့်အတူ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေး နွေးပွဲလှုပ်ရှားမှုများက မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အားတက်ဖွယ်ရာပင် ဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး အဆုံးသတ်နိုင်ပါက ဒီမိုကရေစီ လမ်းကြောင်း သည် ဖွံ့ဖြိုးတိုးတက်မှု များစွာနှင့်အတူ တဟုန်ထိုးပြောင်းလဲ လာမည်ဖြစ်ပါသည်။ သို့သော် အစိုးရငြိမ်း ချမ်းရေးဖော်ဆောင်ရေး ကိုယ်စား လှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ရပ်စဲ ရေးအတွက် ၂၀၁၃ ခုနှစ်တွင် မြစ်ကြီးနားမြို့၌ လည်းကောင်း၊ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် လောခီးလာတွင်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ UWSA`၀´ အဖွဲ့ ပါဝင် တက်ရော က်ခြင်း မရှိခဲ့ပေ။

အဝေးသင်တက္ကသိုလ်ပါမောက္ခ အလုပ်ဖြုတ်မှု ပြည်ထောင်စု တရားလွှတ်တော် ချုပ် နှစ်ဖက်ကြားနာရန် ဆင့်ခေါ်နိုင်

Photo: အဝေးသင်တက္ကသိုလ်ပါမောက္ခ အလုပ်ဖြုတ်မှု ပြည်ထောင်စု တရားလွှတ်တော် ချုပ် နှစ်ဖက်ကြားနာရန် ဆင့်ခေါ်နိုင်
Thursday, February 20, 2014

အဝေးသင်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ဒေါ်ကျင်ဌေးအား အလုပ်ဖြုတ်ခဲ့သော ပညာရေးဝန်ကြီးဌာနကို မကြာမီ ပြည်ထောင်စု တရားလွှတ်တော် ချုပ်က နှစ်ဖက်ကြားနာရန်အတွက် ဆင့် ခေါ်မည့်အခြေအနေ ရှိနေသည်ဟု သိရသည်။

အရပ်သားအစိုးရသစ် အဖွဲ့ဟု ကြွေးကြော်နေသော သမ္မတဦးသိန်းစိန် လက်ထက် ကာလအတွင်း ဝန်ကြီးဌာန နှင့် ဝန်ထမ်းအကြား ယခုဖြစ်ရပ်က အမြင့်ဆုံးသော တရားရုံးတော်တွင် ပထမဆုံးထိပ်တိုက်တွေ့ခြင်းဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက ၎င်းတို့အမိန့် ဖြင့် အလုပ်ဖြုတ်ပြီး တစ်နှစ်အကြာတွင် တွေ့ဆုံခြင်းလည်းဖြစ်ကြောင်း တရားလို ဖြစ်သူ ပါမောက္ခဒေါက်တာ ဒေါ်ကျင် ဌေးက ဆိုသည်။

''အခုလို သိရတာဝမ်းသာတယ်။ ကျွန်မက နှစ်ပေါင်း ၃၅ နှစ်ကျော်လုံးလုံး ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့အညီ ဖြောင့်မတ်စွာနေလာခဲ့တာ။ ဒါကို မတရား ဖြုတ်လိုက်တာ မခံနိုင်ဘူး။

အခုမတရား မှုကို ရင်ဆိုင်ဖြေရှင်းခွင့် ရသွားတယ် လို့ မြင်တယ်'' ဟု ၎င်းကဆိုသည်။ နိုင်ငံတော်သမ္မတရုံးစာအရဟု ရည်ညွှန်းထားပြီး နိုင်ငံဝန်ထမ်း ပုဒ်မ ၄၁ နှင့်အညီဟု
ဆိုထားသော ကြေညာ စာဖြင့် ဒေါက်တာဒေါ်ကျင်ဌေးကို ပညာရေးဝန်ကြီးဌာနက ၂ဝ၁၃ မတ်လ ၂၉ ရက်နေ့တွင် မယူမနေရပင်စင်ဖြင့် အလုပ်ဖြုတ်ခဲ့သည်။

အလုပ်ဖြုတ်ခဲ့စဉ်က ဒေါ်ကျင်ဌေး မှာ အဝေးသင်တက္ကသိုလ် စီးပွားရေး ပညာဌာနတွင် ပါမောက္ခ (ဌာနမှူး) တာဝန်ယူလုပ်ကိုင်နေသည်။

ယခု ပြည်ထောင်စုတရားလွှတ် တော်ချုပ်ရုံးက ပညာရေးဝန်ကြီးဌာန အားဆင့်ခေါ်မှုမှာ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ လ ၂၃ ရက်နေ့တွင် တရားလို က တင်သွင်းခဲ့သော စာချွန်လွှာအရ ဖြစ်သည်ဟု တရားလို၏ ရှေ့နေဖြစ်သူ ဦးမောင်မောင်တိုးက ပြောသည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဆရာ၊ ဆရာမများအသင်းမှ အတွင်း ရေးမှူး ဦးသန်းထိုက်အောင်က ''ကျွန် တော်တို့ အသင်းအနေနဲ့ ဥပဒေနဲ့အညီ ပညာရေးဝန်ကြီးဌာနထံ စာထုတ်ပြီး တောင်းဆိုတာမျိုးတွေသာ လုပ်နိုင်ပါ တယ်။

ဆရာမ ဒေါ်စိုးစိုးခိုင်တုန်းက လည်း ဘာမှ မထူးခဲ့ပါဘူး။ ဥပဒေကို ဝန်ကြီးဌာနတစ်ခုက ပြောင်ပြောင်တင်း တင်း ချိုးဖောက်နေတယ်။ ဒီတော့ ကျွန် တော်တို့က တရားထစွဲဖို့ပဲ ရှိတော့ တယ်'' ဟု ပြောသည်။

ဒေါက်တာဒေါ်ကျင်ဌေး အမှုကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့တွင် လက်ခံရန် သင့်၊ မသင့် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် အဖွဲ့က ဆွေးနွေး ကာ တရားလိုဘက်က လျှောက်လဲချက် ပေးခဲ့ရပြီး ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လက်ခံသွားမည်ဟု အဖွဲ့က ဆုံးဖြတ်ခဲ့ ကြသည်ဟု သိရသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး သို့တည်းမဟုတ် ၎င်း၏ ကိုယ် စားလှယ်ကို ကြားနာရန် ဆင့်ခေါ် မှုကို ဖေဖော်ဝါရီလဆန်းထဲတွင် တရားလို ရှေ့နေထံ အကြောင်းကြားလာသည်ဟု သိရသည်။

Popular Myanmar News Journal
အဝေးသင်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ဒေါ်ကျင်ဌေးအား အလုပ်ဖြုတ်ခဲ့သော ပညာရေးဝန်ကြီးဌာန ကို မကြာမီ ပြည်ထောင်စု တရားလွှတ်တော် ချုပ်က နှစ်ဖက်ကြားနာရန်အတွက် ဆင့် ခေါ်မည့်အခြေအနေ ရှိနေသည်ဟု သိရသည်။

မွန်လူငယ် ၃ ဦး ပိတ်လောင် ခိုင်းစေခံရမှုကနေ ပြန်လွတ်

ထိုင်းနိုင်ငံငံ ဘန်ကောက်မြို့ ပသူနန်းရပ်ကွက်ရှိ FEEL pratunam ဆိုတဲ့ ပင်လယ်စာရောင်းတဲ့ စားသောက် ဆိုင်တခုမှာ လစာမရဘဲ ပိတ်လှောင် ခိုင်းစေခံနေရတဲ့ မွန်လူငယ် ၃ ဦး ဖေဖော်ဝါရီ ၁၉ ရက်နေ့ က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

မြောက်ကိုရီးယား လူ့အခွင့်အရေး ချိုးဖောက်မှုများ ကုလစိုးရိမ်

မြောက်ကိုရီးယားနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အကြီးအကျယ် ရှိနေကြောင်း ကုလသမဂ္ဂက လုပ်ပိုင်ခွင့်ပေးထားသည့် စုံစမ်းရေးကော်မရှင်က တွေ့ရှိခဲ့ရာ ကုလသမဂ္ဂ အကြီးအကဲ မစ္စတာ ဘန်ကီ မွန်းက မြောက်ကိုရီးယား၏ အခြေအနေ နှင့်ပတ်သက်၍ အလွန် စိတ်အနှောင့်အယှက် ဖြစ်မိကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာသည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်းလည်း ဆိုခဲ့သည်ဟု ဖေဖော် ဝါရီ ၁၉ ရက်က အေ အက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဇာတိမြေကို မစွန့်ခွာလိုသည့် သမီးကလေး ကျေးရွာနေသူများ DKBA အဖွဲ့နှင့် လိုက်ပါခြင်းမရှိ

Photo: ဇာတိမြေကို မစွန့်ခွာလိုသည့် သမီးကလေး ကျေးရွာနေသူများ DKBA အဖွဲ့နှင့် လိုက်ပါခြင်းမရှိ
Thursday, February 20, 2014

ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီခိုလှုံနေသော သမီးကလေးကျေးရွာ နေသူများကို ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်က ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့မှ ၁၂ ဘီး ယာဉ်များဖြင့် ကရင်ပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်ရန် လာရောက် ခေါ်ဆောင်သော်လည်း မွေးရပ်ဇာတိမြေ မစွန့်ခွာလိုသဖြင့် အဆိုပါအဖွဲ့နှင့် လတ်တလောတွင် လိုက်ပါခြင်း မရှိကြောင်း ယင်းကျေးရွာနေသူများထံမှ သိရှိရသည်။

DKBA အရာရှိကြီးတွေက နေစရာမရှိရင် ကူညီပေးမယ်လို့ ပြောခဲ့တဲ့အတိုင်း ဒီနေ့ကားကြီးတွေနဲ့ လာခေါ်တယ်။ ဟိုရောက်ရင် စားရေး ဒုက္ခရောက်မှာစိုးလို့ ဆန်နဲ့ အခြားရိက္ခာ ပစ္စည်းတွေပါ ရွာသားတွေအတွက် ဝယ်လာခဲ့တယ်။ ဒါပေမဲ့ လူဆိုတာ ကိုယ့်ဇာတိမှာ နေချင်တာကြောင့် မလိုက်သွားတာပါ။ လုံးဝနေခွင့်မရတော့တဲ့ အခြေအနေ ရောက်ခဲ့ရင်တော့ လိုက်သွားမယ်” ဟု သမီးကလေး ကျေးရွာသား ကိုကျော်စိန်ဦးက ပြောကြားသည်။

ဘုန်းတော်ကြီးကျောင်းတွင်း ယာယီ နေထိုင်နေသော သမီးကလေး ကျေးရွာမှ လူဦးရေ ၅၀၀ ကျော်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက နေရာမပေးဘဲ ချက်ချင်း ဖယ်ရှားနေမှုကြောင့် DKBA ဌာနချုပ်၏ ထိန်းချုပ်နယ်မြေအတွင်း နေထိုင်ခွင့်ပြုမည်ဟု ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြောကြားထားသည့်အတိုင်း ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းတွင် အဆိုပါ ဘုန်းတော်ကြီးကျောင်းသို့ ၁၂ ဘီးယာဉ်၊ ၁၀ ဘီးယာဉ်များဖြင့် လာရောက် ခေါ်ဆောင်ခြင်း ဖြစ်ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။
“လူဆိုရင် အိုးအိမ်ဆိုတာ ရှိရမယ်။ အခု ဒုက္ခရောက်နေသူတွေကို DKBA က နေစရာ မြေနေရာ ကူညီပေးမယ်။ အစိုးရ အဖွဲ့မဟုတ်လို့ အိမ်တော့ မဆောက်ပေးနိုင်ပေမယ့် ကိုယ့်ဘာသာ သစ်ဝါးခုတ်ပြီး အိမ်ဆောက် နေထိုင်လို့ရအောင် စီမံပေးမယ်။ တောင်ယာလုပ်ကိုင် စားသောက်လို့ရအောင် ကူညီပေးသွားမယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ဖယ်ရှားပေးရန် အမိန့်စာ ထုတ်ပြန်ခံထားရသော ဒုက္ခသည်များ ရွှေ့ပြောင်း နေထိုင်နိုင်ရန် မြဝတီမြို့နယ် ဆုံဆည်းမြိုင်အနီးရှိ ကျောက်ခတ်ကျေးရွာတွင် တစုတဝေးတည်း နေထိုင်နိုင်ရန် လတ်တလော စီစဉ်ထားပြီး ယင်းအနီးရှိ ကျေးရွာများတွင်လည်း မိမိစိတ်ကြိုက် ရွေးချယ်ကာ နေထိုင်ခွင့်ပြုမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင်က ရှင်းလင်းပြောကြားသည်။
“DKBA က ကူညီမယ်လို့ ပြောခဲ့တုန်းက လိုက်မယ်လို့ ကတိပေးမထားပါဘူး။ မနေ့ည ၁၁ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးက ဦးပဉ္စင်းဆီ ဖုန်းဆက်ပြီး ဓမ္မာရုံထဲ ရွှေ့ပြောင်းနေသူတွေကို ဖယ်ခိုင်းတယ်။ ကလေးငယ်တွေ စာမေးပွဲပြီးချိန် တစ်ပတ်ကြာမှ အားလုံးဖယ်ပေးနိုင်မယ့်လို့တော့ အကြောင်းပြန်ခဲ့တယ်။ လုံးဝအကျပ်အတည်း ဖြစ်လာရင်တော့ သူတို့တွေ DKBA နောက် လိုက်သွားရမှာပေါ့လေ။ ဒီကြားမှာ နေစရာ မြေပြန်ရအောင် ပြည်သူတွေရဲ့ အကူအညီယူပြီး နိုင်ငံ့လူကြီးတွေထံမှာ အကူအညီ တောင်းရမှာပဲ” ဟု အောင်သိဒ္ဓိကျောင်းထိုင် ဆရာတော် အရှင်အဂ္ဂဓမ္မက မိန့်ကြားသည်။

DKBA ဌာနချုပ်၏ ထိန်းချုပ် နယ်မြေအတွင်း လိုက်ပါနေထိုင်သူများ၏ စားဝတ်နေရေး အဆင်ပြေစေရန် DKBA အဖွဲ့နှင့်အတူ မွန်ပြည်နယ် ဒေသခံများနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ လူမှုကွန်ရက်အဖွဲ့များမှ စုပေါင်းကာ ဆန်အိတ် ၁၀၀ ကျော်၊ ကော်ဖီထုပ်၊ ငါးသေတ္တာဘူး ၆၀၀ ကျော်၊ ဟင်းသီးဟင်းရွက်များ လှူဒါန်းခဲ့ကြောင်း လူမှုဘဝ တိုးတက်မြင့်မားရေးအသင်းမှ ဦးနေမျိုးဇင်က ပြောကြားသည်။
“အမှန်တကယ် ဒုက္ခရောက်တဲ့ မိသားစုဝင်တွေရဲ့ စာရင်းကောက်ပြီး မြေနေရာတစ်ခု ရရှိအောင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီကို အသနားခံစာ တင်ပြထားပါတယ်။ အစိုးရပိုင်းက လက်မခံနိုင်ဘူး ဆိုရင်တော့ DKBA နဲ့ လိုက်သွားပြီး အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ဖို့ DKBA က တာဝန်ရှိ အရာရှိပိုင်းတွေနဲ့ တိုင်ပင် ဆွေးနွေးထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အစိုးရက ကျူးကျော်သူများကို အင်အားသုံး ဖယ်ရှားမှုကြောင့် နေစရာမရှိ ဒုက္ခရောက်နေသူများကို DKBA အဖွဲ့က ကူညီဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ အစိုးရကို ယှဉ်ပြိုင်ချင်း မဟုတ်ဘဲ လူသားချင်း စာနာထောက်ထားစိတ်ဖြင့် ကူညီခြင်းဖြစ်ပြီး အဖွဲ့အတွင်းသို့ ဝင်ခိုင်းရန် အစီအစဉ် မရှိကြောင်း၊ သမီးကလေး ကျေးရွာအပြင် အခြားဖယ်ရှားခံရသော မြေနေရာ မဲ့နေသူများအတွက် ဆက်လက်ကူညီ ဆောင်ရွက်ပေးနိုင်ရန် တိုင်းရင်းသားလူမျိုးများ၊ လူမှုကွန်ရက် အသင်းအဖွဲ့တို့နှင့် ဆွေးနွေးလျက် ရှိပြီး ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေကြောင်း DKBA မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က The Voice သို့ ပြောကြားသည်။

လှည်းကူးမြို့နယ်ရှိ တပ်ပိုင်မြေတွင် ကျူးကျော် နေထိုင်သည်ဟုဆိုကာ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားခဲ့သော သမီးကလေးကျေးရွာမှ အိမ်ထောင်စုပေါင်း ၁၅၀ ခန့်၊ လူဦးရေ ၅၀၀ ကျော်မှာ အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် ဖယ်ရှားခံရသောနေ့မှ စတင်နေထိုင်ခဲ့ပြီး လာရောက် လှူဒါန်းသော အလှူရှင်များ၏ အကူအညီဖြင့် ကျောင်းထိုင် ဆရာတော်က ကူညီစောင့်ရှောက် ထားရကြောင်း အောင်သိဒ္ဓိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီး အလိုင်နီဆည် အနီးရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီ ခိုလှုံနေသော သမီးကလေးကျေးရွာ နေသူများကို ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်က ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့မှ ၁၂ ဘီး ယာဉ်များဖြင့် ကရင်ပြည်နယ်သို့ ပြောင်းရွှေ့နေ ထိုင်ရန် လာရောက် ခေါ်ဆောင်သော်လည်း မွေးရပ်ဇာတိမြေ မစွန့်ခွာလိုသဖြင့် အဆိုပါအဖွဲ့နှင့် လတ်တလောတွင် လိုက်ပါခြင်း မရှိကြောင်း ယင်းကျေးရွာနေသူများထံမှ သိရှိရသည်။

ပညာရေးဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး အမေရိကန်ဒေါ်လာ တစ်သန်း နှစ်စဉ်သုံးမည်

ပညာရေးဝန်ကြီးဌာန၏ ကျောင်းထောက်ပံ့ရေး သုံးနှစ်စီမံချက်တွင် ပညာရေးဝန်ထမ်းများ စွမ်းရည် မြှင့်တင်ရေးအတွက် အမေရိကန်ဒေါ်လာ တစ်သန်းစီကို လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်သုံးစွဲရန် လျာထားကြောင်း ပညာရေး သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက The Voice သို့ ပြောကြားသည်။

Facebook က WhatsApp ကို ၁၉ ဘီလီယံဒေါ်လာဖြင့် ၀ယ်ယူ

Photo: Facebook က WhatsApp ကို ၁၉ ဘီလီယံဒေါ်လာဖြင့် ၀ယ်ယူ
Thursday, February 20, 2014

လစဉ် အသုံးပြုသူဦးရေ ၄၅၀ သန်းတိုးပွားလျက်ရှိသော မက်ဆေ့ခ်ျအခမဲ့ပေးပို့နိုင်သည့် WhatsApp application ကို Facebook က ငွေသားနှင့် ရှယ်ရာ စုစုပေါင်း ၁၉ ဘီလီယံဒေါ်လာနှင့် ညီမျှသောပမာဏဖြင့် ၀ယ်ယူလိုက်ကြောင်း သိရသည်။

အဆိုပါ ၀ယ်ယူမှုနှင့် ပက်သတ်၍ Facebook၏ သတင်းထုတ်ပြန်ချက်တွင် ကုမ္ဗဏီတည်ထောင်သူ Mark Zukerberg က whatsApp သည် “အလွန်တရာ တန်ဖိုးရှိသော” application ဖြစ်သည်ဟု ဆိုသည်။

WhatApps သည် အင်တာနက်ချိတ်ဆက်မှုဖြင့် အခမဲ့ မက်ဆေ့ခ်ျပေးပို့နိုင်ပြီး အသုံးပြုသူများထံမှ စာရင်းသွင်းခအဖြစ် တစ်နှစ်တွင် ၁ ဒေါ်လာသာ ကောက်ခံသည်။

WhatApps ပူးတွဲတည်ထောင်သူ Jan Koum က “Mark ရယ် Facebook ရယ်နဲ့ တွဲဖက်လုပ်ကိုင်ရမှာ ရင်လည်းခုန်တယ်၊ ဂုဏ်လည်းယူပါတယ်။ Whatsapp ကို တစ်ကမ္ဘာလုံးက လူတွေဆီ ပိုမိုရောက်ရှိအောင် ဆက်လက်ဆောင်ရွက်သွားမယ်” ဟုပြောသည်။

Mark Zukerberg က WhatsApp အသုံးပြုသူ သန်း ၁၀၀၀ ရှိလာမည်ဟု ယုံကြည်ကြောင်း၊ WhatsApp မှတဆင့် ကြော်ငြာဖြင့် ၀င်ငွေရှာမည်မဟုတ်ကြောင်း ပြောသည်။

အရောင်းအ၀ယ်ကိစ္စ အပြီးသတ်ပြီးပါက WhatsApps ၏ ပူးတွဲတည်ထောင်သူများဖြစ်သည့် Jan Koum နှင့် Brian Acton တို့သည် Silicon Valley မှ အသစ်ဆက်ဆက် ဘီလီယံနာများ ဖြစ်လာဖွယ်ရှိသည်။

Facebook သည် ၂၀၁၂ ခုနှစ်ကလည်း ဓါတ်ပုံလူမှုကွန်ယက် Instagram ကို ဒေါ်လာ ၁ ဘီလီယံဖြင့် ၀ယ်ယူခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
လစဉ်အသုံးပြုသူဦးရေ ၄၅၀ သန်းတိုးပွားလျက်ရှိသော မက်ဆေ့ခ်ျအခမဲ့ပေးပို့နိုင်သည့် WhatsApp application ကို Facebook က ငွေသားနှင့် ရှယ်ရာ စုစုပေါင်း ၁၉ ဘီလီယံဒေါ်လာနှင့် ညီမျှသော ပမာဏဖြင့် ၀ယ်ယူလိုက်ကြောင်း သိရသည်။

အလှမယ်များ ရေကြည်ရန်ပုံငွေပွဲတွင် ပါဝင်ကူညီကြမည်

ရွှေရောင်အနာဂတ်လူငယ်အဖွဲ့၏ “အခမဲ့”လူနာတင်ယာဉ် ဖြစ်မြောက်ရေးရန်ပုံ ငွေပွဲကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ရေကြည်မြို့ ပြည်သူ့အားကစားကွင်း၌် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ယင်းဖျော်ဖြေပွဲတွင် သရုပ် ဆောင်၊ စာရေးဆရာ၊ ဒါရိုက်တာ အကယ် ဒမီကျော်သူ (နာရေးကူညီမှုအသင်းဥက္ကဋ္ဌ) နှင့်အတူ မြန်မာ နိုင်ငံမှ အလှမယ်များလည်း ပါဝင်ကြမည်ဖြစ်ကြောင်း Miss Golden Land Myanmar Organization မှ ကိုဝေယံအောင်က မဇ္ဈိမသို့ ပြောသည်။

အေးခဲနေခဲ့ရသည့် အမေရိကန်-အိန်္ဒိယဆက်ဆံရေး

လွန်ခဲ့သောဆယ်စုနှစ်များက တရုတ်၊ ရုရှားနှင့် ဘရာဇီးကဲ့သို့သော တခြား အင်အားကြီးနိုင်ငံများနှင့် အမေရိကန်၏ ဆက်ဆံရေးအခြေအနေမှာ ဆိုးရာမှ ပိုဆိုးဝါးသည့် အနေအထားသို့ ရောက်ရှိခဲ့သည်။ ခြွင်း ချက်နိုင်ငံတစ်ခုမှာ အိနိ္ဒယပင် ဖြစ်သည်။ အမေရိကန်နိုင်ငံဆိုင်ရာ အိနိ္ဒယသံအမတ် ဒီရာနိုကိုဘရာဂိတ် နှင့် ပတ်သက်၍ နယူးဒေလီနှင့် ဝါရှင်တန်တို့အကြား မနှစ်မြို့ဖွယ်ရာ ကတောက်ကဆ မဖြစ်ခင်အထိ နှစ်နိုင်ငံ အစိုးရများအကြား အဆင်ပြေ ချောမွေ့ခဲ့၏။

အစာရေစာပြတ်၍ ဒုက္ခသည်စခန်းတွင် လူများသေဆုံး

သုံးနှစ်နီးပါးခန့် ပြည်တွင်းစစ်ဖြစ်ပွားနေသော ဆီရီးယားနိုင်ငံ ဒမတ်စကတ် မြို့တော်တောင်ပိုင်းရှိ ယာ မက်ခ်ပါလက်စတိုင်း ဒုက္ခသည်စခန်းမှ လူသုံးဦး သေဆုံးခဲ့ကြောင်းနှင့် ဂိုတာဆင်ခြေဖုံးတွင်လည်း ဖေဖော်ဝါရီ ၁၇ နှင့် ၁၈ ရက်က လေးဦးသေဆုံးခဲ့သည်ဟု ဆေးဘက်ဆိုင်ရာမှ သတင်းထုတ်ပြန်ခဲ့ ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Obama နဲ့ရုပ်တူလို့ ရုပ်ရှင်ကနေထုတ်ပယ်ခံခဲ့ရတဲ့ သရုပ်ဆောင်

Photo: Obama နဲ့ရုပ်တူလို့ ရုပ်ရှင်ကနေထုတ်ပယ်ခံခဲ့ရတဲ့ သရုပ်ဆောင်
Thursday, February 20, 2014

The Bible TV mini-series တွေထဲမှာမကောင်းဆိုးဝါး(စေတန်) အဖြစ် သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင် Mohamen Mehdi Ouazanni ကို အမေရိကန်သမ္မတနဲ့လွန်စွာမှရုပ်ချင်းဆင်တူနေတဲ့အကြောင်းပြချက်နဲ့ အဲဒီ့ series တွေနဲ့စပ်ဆက်နေတဲ့ရုပ်ရှင် Son Of God ကနေထုတ်ပယ်ခဲ့ပါတယ်။
Producer တွေဖြစ်ကြတဲ့ Roma Downey နဲ့ Mark Burnett တို့ဟာ Mohamen Mehdi Ouazanni ရဲ့စေတန်ဇာတ်ကောင်ကို ထုတ်ပယ်ဖို့ဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။ Mohamen Mehdi Ouazanni ဟာ ၂၀၁၃ ခုနှစ် သမ္မာကျမ်းစာအခြေခံ series ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး နိုင်ငံရေးကျွမ်းကျင်လေ့လာသူတွေက ဒီသရုပ်ဆောင်ဟာ Obama ကိုတုပဖို့အတွက်ထည့်သွင်းထားတာဖြစ်ကြောင်း ဝေဖန်ခဲ့တဲ့အတွက် အင်တာနက်ပေါ်မှာ စိတ်ဝင်တစားပြောဆိုစရာ ဖြစ်ခဲ့ပါတယ်။

“ဒီမကောင်းဆိုးဝါးကို ထုတ်ပယ်တဲ့အကြောင်းပြောပြရတာ အရမ်းကိုစိတ်ချမ်းသာစရာကောင်းပါတယ်။ ဒီဇာတ်ကားဟာ ဘုရားသခင်ရဲ့သားတော်ယေရှုအကြောင်းဖြစ်ပါတယ်။ ပြီးတော့မကောင်းဆိုးဝါး (စေတန်) ဟာနောက်ထပ် ရုပ်ရှင်မှာပါဝင်စရာမရှိတော့ပါဘူး။ မကောင်းဆိုးဝါး (စေတန်) အဖြစ်ပါဝင်တဲ့ ဒီသရုပ်ဆောင်ဟာ ကျွန်မတို့ရဲ့သမ္မတအဖြစ်ဆင်တူယိုးမှားတုပတယ်လို့မှတ်ချက်ပေးပြီး ရုတ်တရက် မီဒီယာတွေအရူးထကုန်ကြပါတယ်။ နောက်နေ့မှာတော့ အားလုံး ယေရှုရဲ့အကြောင်းပြောကြလိမ့်မယ်လို့ကျွန်မယုံကြည်ထားပေမယ့်၊ သူတို့တွေက စေတန်ရဲ့အကြောင်းကိုပြောနေကြပါတယ်။ ကျွန်မတို့ရုပ်ရှင် Son of God အတွက်ကတော့ ကျွန်မက အာရုံတွေအကုန်လုံးကို ယေရှုအပေါ်မှာရှိစေချင်ပါတယ်။ ကျွန်မ ဒီရုပ်ရှင်ကြည့်ခဲ့တဲ့လူတိုင်းရဲ့နှုတ်ခမ်းဖျားမှာ သူ့(ယေရှု) နာမည်ရှိနေစေချင်ပါတယ်။ ဒါကြောင့်ကျွန်မတို့ စေတန်ကိုထုတ်ပယ်ခဲ့တာပါ”
လို့ ဒီ series ထဲမှာ ကိုယ်တိုင် မေရီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Roma Downey က ဟောလိဝုဒ်သတင်းထောက်ကိုပြောပါတယ်။

Ref:starpulse.com
Trend Myanmar
The Bible TV mini-series တွေထဲမှာမကောင်းဆိုးဝါး(စေတန်) အဖြစ် သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင် Mohamen Mehdi Ouazanni ကို အမေရိကန်သမ္မတနဲ့လွန်စွာမှရုပ်ချင်းဆင်တူနေတဲ့အကြောင်းပြချက်နဲ့ အဲဒီ့ series တွေနဲ့စပ်ဆက်နေတဲ့ရုပ်ရှင် Son Of God ကနေထုတ်ပယ်ခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရန် ရန်ကုန်မှ မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒပြမည်

ဧရာဝတီမြစ်ဆုံတွင် အကောင်အထည်ဖော်မည့် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ပြန်လည် လုပ်ဆောင်ခြင်း မပြုဘဲ အပြီးတိုင် ရပ်ဆိုင်းရန်အတွက် ရန်ကုန်မြို့တော်မှ ကချင်ပြည်နယ် မြစ်ဆုံဒေသအထိ မတ်လ နောက်ဆုံးပတ်အတွင်း လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုကော်မတီမှ ဦးဆောင် လှုပ်ရှားသူ ဦးရဲထွဋ်ခေါင်က ပြောကြားသည်။
Photo: အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ ပင်မ သပိတ်စခန်းကြီးကို ယူကရိန်း တပ်ဖွဲ့ဝင်များ ဖြိုခွင်း လူ ၂၅ ဦး သေဆုံး
Thursday, February 20, 2014

ယူကရိန်းနိုင်ငံ ကိယက် မြို့တော်တွင် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက သိမ်းပိုက် နေရာယူ ဖွင့်လှစ်ထားခဲ့သည့် သပိတ်စခန်းကို ရဲတပ်ဖွဲ့ဝင်များက ဗုဒ္ဓဟူးနေ့တွင် စတင် ဝင်ရောက် နှိမ်နင်း ဖြိုခွင်းရာ အပြန်အလှန် ပဋိပက္ခ ဖြစ်ပွားပြီး လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။

ယူကရိန်း အစိုးရ ဆန့်ကျင်ရေး အင်အားစုများ အဓိက အခြေချရာ လွတ်လပ်ရေး ရင်ပြင်ရှိ သပိတ်စခန်းအား အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်များက ဖြိုခွင်းရာ ဆန္ဒပြသူများက မီးရှူးများဖြင့် ပြန်လည် ပစ်ခတ်သောကြောင့် ပေါက်ကွဲမှုများနှင့် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များဘက်က အင်အားသုံး နှိမ်နင်းမှုကို အမျက်ဒေါသ ထွက်နေသည့် ဆန္ဒပြ လူအုပ်ကြီးက ပြန်လည် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး အပါအဝင် လူပေါင်း ၂၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ များစွာ ရှိခဲ့သည်။

ထိုသို့ ဆူပူ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ယူကရိန်း သမ္မတ ယန်နူကိုဗစ်ခ်ျက အတိုက်အခံ ခေါင်းဆောင်အပေါ် ပြစ်တင် ပြောဆိုပြီး ပဋိပက္ခကို ရပ်ဆိုင်းရန် အချိန် နောက်ကျနေခြင်း မရှိကြောင်း သတိပေး ပြောကြားသည်။

ယူကရိန်း အာဏာပိုင်များ အဆိုအရ သမ္မတ ယန်နူကိုဗစ်ခ်ျသည် အထင်ကရ အတိုက်အခံ ခေါင်းဆောင်များ ဖြစ်ကြသော ဗစ်တာလီ ကီရှင်ကို၊ အာဆန်တီယာ ဆန်ညက်တို့နှင့် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက လွတ်လပ်ရေး ရင်ပြင်တွင် လူစုဖွဲ့ သပိတ်စခန်း ဖွင့်မှုကို အင်္ဂါနေ့ ညနေ ၆ နာရီ နောက်ဆုံးထား၍ ရပ်ဆိုင်းပေးရန် သတ်မှတ်ချိန် ထုတ်ပြန်ခဲ့ပြီး ယင်းအချိန် ကျော်သွားချိန်တွင် အင်အားသုံး ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင်မူ အကြမ်းဖက်မှုများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်မှုများကြောင့် ကိယက် မြို့လယ်ကောင် ဒေသသို့ မော်တော်ယာဉ်များ ဝင်ရောက်လာခြင်း မရှိသည်ကို တွေ့ရကြောင်း နိုင်ငံခြား သတင်းထောက်များက ပြောကြားသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက “အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်မှု” ဟူသော အမည်ဖြင့် လက်ကိုင် အသံချဲ့စက်များ ကိုင်ကာ သတိပေး ပြောဆိုပြီးနောက် သပိတ်စခန်းကို အင်အား အလုံးအရင်းဖြင့် ဝင်စီးခဲ့သည်။

ထိုသို့ စီးနင်း ဝင်ရောက်လာသည့် လုံခြုံရေး တပ်ဖွဲ့များကို ဆန္ဒပြသူများက မီးရှူးများ၊ ဓာတ်ဆီ ဗုံးများဖြင့် ပြန်လည် ပစ်ခတ်ကြကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း သံချပ်ကာ ယာဉ်များဖြင့် ဝင်ရောက်ကာ သပိတ်စခန်းရှိ အဟန့်အတားများကို ဖြိုဖျက်ပစ်ကြကြောင်း BBC သတင်းထောက်က ဆိုသည်။

အဆိုပါ ဖြစ်ရပ်များအတွင်း သပိတ်စခန်းတွင် ထိုးထားသော တဲများ မီးလောင်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယို ဗုံးများ သာမက မီးသတ်ပိုက်များဖြင့် ဖြိုခွင်းခဲ့ကြသည်ဟု ဆန္ဒပြသူများက ပြောကြားသည်။

“ဒီရင်ပြင်နေရာဟာ လွတ်လပ်ရေး ကျွန်းတစ်ခုပါပဲ။ လွတ်လပ်မှုကို ကျွန်တော်တို့ ကာကွယ်သွားမယ်” ဟု အတိုက်အခံ ခေါင်းဆောင် တစ်ဦးက ပြောကြားသည်။

ဤအတောအတွင်းမှာပင် ကိယက် မြို့တော်သာမက အခြားသော မြို့များတွင်လည်း မငြိမ်မသက်မှုများ ပေါ်ပေါက်လျက် ရှိကြောင်း ယူကရိန်း မီဒီယာများက ရေးသား ဖော်ပြသည်။

The Voice Weekly
ယူကရိန်းနိုင်ငံ ကိယက် မြို့တော်တွင် ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက သိမ်းပိုက် နေရာယူ ဖွင့်လှစ်ထားခဲ့သည့် သပိတ်စခန်းကို ရဲတပ်ဖွဲ့ဝင်များက ဗုဒ္ဓဟူးနေ့တွင် စတင် ဝင်ရောက် နှိမ်နင်း ဖြိုခွင်းရာ အပြန်အလှန် ပဋိပက္ခ ဖြစ်ပွားပြီး လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။

အသက်အာမခံပါ GSM ဆင်းမ်ကတ် မလေးရှားရောက် မြန်မာလုပ်သား အားလုံး အခမဲ့ပေးမည်ဟုဆို

မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူနှင့် ယင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ် သားများအတွက် အသက်အာမခံစနစ် ပါဝင်သော မလေးရှားနိုင်ငံသုံး GSM ဆင်းမ်ကတ် များကို မတ်လ ၁ ရက်နေ့မှ စတင်၍ အခမဲ့ ထုတ်ပေးရန် စီစဉ်သွားမည် ဖြစ်ကြောင်း ယင်းဝန်ဆောင်မှု ပေးအပ်မည့် မလေးရှားနိုင်ငံ Tone Plus ကုမ္ပဏီထံမှ သိရှိရသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၁၈ ဖျက်သိမ်းရေး ရွှေတောင်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ပေးရေးနှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၁၈) ဖျက် သိမ်းပေးရေးအတွက် ပဲခူးတိုင်းရွှေတောင်မြို့နယ်တွင် မြို့ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူ၂၆ ဦးက ဖေ ဖော်ဝါရီ ၁၉ ရက်တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်သည်။

ကျေးလက်လူငယ်များ အလုပ်နှင့်ပညာရေးအခွင့်အလမ်း နည်းပါး

မန္တလေးတိုင်းအတွင်းရှိ ကျေးလက်ဒေသများတွင် လူငယ်များ၏ အလုပ်အကိုင်နှင့် ပညာရေးအခွင့်အ လမ်းများ နည်းပါးနေဆဲဖြစ်၍ ကျပန်းလုပ်ကိုင်စားသောက်နေကြရပြီး လူငယ်များ၏အနာဂတ် ခွန်အား များ ဆုံးရှုံးနေသည်ဟု အထက်မြန်မာပြည် ကျေးလက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ပညာရေး စောင့် ကြည့်ရေးအဖွဲ့မှ အတွင်းရေးမှူးဦးကျော်မိုး (သုတေသန)က မဇ္ဈိမကို ပြောသည်။

ပြန်လည် တောင်းပန်ခြင်း မရှိပါက မွန်းတည့်နေဂျာနယ်ကို တရားစွဲမည်ဟုဆို

Photo: ပြန်လည် တောင်းပန်ခြင်း မရှိပါက မွန်းတည့်နေဂျာနယ်ကို တရားစွဲမည်ဟုဆို
Thursday, February 20, 2014

မွန်းတည့်နေ ဂျာနယ်ပါ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတန်စစ်တပ် ကူညီမည်ဟူသော သတင်းခေါင်းစဉ်ဖြင့် ရေးသားသော စာသားများသည် ထုတ်ဖော် ပြောဆိုထားခြင်း မရှိဘဲ ရေးသား ဖော်ပြထားမှုကြောင့် ဝန်ချတောင်းပန်ခြင်း မရှိပါက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် မြန်မာ့တပ်မတော် အရာရှိများကို ဗြိတိန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ ခေါ်ယူပြီး နားချရန် ကြိုးပမ်းမည်ဟု ဗြိတိန်နိုင်ငံ Nicky Bray,Air Commordore (UK Of 6) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုထားသည်ဟု ဦးဝင်းမြင့်က ပြောကြားကြောင်း အဆိုပါ ဂျာနယ်က ရေးသားထားသောကြောင့် ယခုကဲ့သို့ ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းကဲ့သို့ ရေးသားဖော်ပြမှုသည် ပါတီအဖွဲ့အစည်း သို့မဟုတ် လူတစ်ဦးတစ်ယောက် ထိခိုက်စေသည့်အပြင် နိုင်ငံရေး ရှုပ်ထွေးမှု ဖြစ်စေရန် မဟုတ်မမှန် ရေးသားခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ဒီကိစ္စကို ကျွန်တော့်ကိုလည်း မမေးဘူး၊ ကျွန်တော်လည်း မဖြေဖူးဘူး၊ ဒီဂျာနယ် အပတ်စဉ်ထုတ် ဆိုတာလည်း ကျွန်တော် မသိဘူး။ အဲဒါကြောင့် ရိုးရိုးလေးပဲ။ မတောင်းပန်ရင် တရားရေးအရ ဖြေရှင်းမယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ သတင်းကိစ္စကို ဦးဝင်းမြင့် ကိုယ်တိုင် ဖြေရှင်းရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ လွှတ်တော် အစည်းအဝေး မကျင်းပမီ အချိန်၌ တာဝန်ပေးထားခြင်း ဖြစ်ကြောင်း ဦးဝင်းမြင့်က ထုတ်ဖော် ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မွန်းတည့်နေ ဂျာနယ်သို့ The Voice မှ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆက်သွယ် မေးမြန်းရာ၌ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှသာ ပြန်လည် ပြောကြားနိုင်မည် ဖြစ်ကြောင်း အယ်ဒီတာ ဦးဟန်သစ်က ဖြေကြားခဲ့သည်။

The Voice Weekly
မွန်းတည့်နေ ဂျာနယ်ပါ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဗြိတန်စစ်တပ် ကူညီမည်ဟူသော သတင်းခေါင်းစဉ်ဖြင့် ရေးသားသော စာသားများသည် ထုတ်ဖော် ပြောဆိုထားခြင်း မရှိဘဲ ရေးသား ဖော်ပြထားမှုကြောင့် ဝန်ချတောင်းပန်ခြင်း မရှိပါက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။