Monday, June 2, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ လွှတ်တော်တွင် ဆွေးနွေးရန် မလိုသေးဟုဆို



မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် မေလနောက်ဆုံးပတ် အတွင်းက စတင်ဖြစ်ပွားနေသော နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုများကို လွှတ်တော်တွင် ထည့်သွင်း ဆွေးနွေးရန် မလိုအပ်သေးကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ သိရသည်။

လက်ရှိ နှစ်နိုင်ငံအကြား ဖြစ်ပွားနေသော အငြင်းပွားဖွယ် ကိစ္စများကို သက်ဆိုင်ရာ အစိုးရများက သံတမန် နည်းလမ်းအရသာ ငြိမ်းချမ်းစွာ ဖြေရှင်းလိုကြောင်း ပြောကြားထားသည့်အတွက် လွှတ်တော်အတွင်း ဆွေးနွေး မေးမြန်းမှုများ ပြုလုပ်ပါက မလိုအပ်ဘဲ ပြဿနာကို အကျယ်ချဲ့မှုမျိုး ဖြစ်စေနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

တရုတ်-မြန်မာနယ်စပ်တွင် ငလျင်ကြီးများဖြစ်ပေါ်နိုင်ကြောင်း မြေငလျင်ပညာရှင် ဦးစိုးသူရထွန်းက သတိပေးပြောကြား

ရန်ကုန်၊ မေ ၃၁- တရုတ်-မြန်မာနယ်စပ်အနီး တွင် အင်အားအသင့်အတင့်ရှိသော မြေငလျင် များ ခပ်ကျဲကျဲလှုပ်ခတ်လျက်ရှိရာမှ ရက်ခြား၍ လှုပ်ခတ်လာပါက ငလျင်ကြီးများဖြစ်ပေါ် လာ နိုင်ကြောင်း မြန်မာနိုင်ငံမြေ ငလျင်ကော်မတီမှ ဦးစိုးသူရထွန်းက သုံးသပ်ပြောသည်။
မန္တလေးမြေ ငလျင်စခန်း အရှေ့မြောက် ဘက်တရုတ်-မြန်မာနယ်စပ် မြစ်ကြီးနားမြို့၏အရှေ့တောင်ဘက် အနီးတွင် မေလနောက်ဆုံး ပတ်အတွင်း အင်အားအသင့်အတင့်ရှိ မြေငလျင် နှစ်ကြိမ်ခန့်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာန မြေငလျင်ဌာနမှ သတင်းထုတ်ပြန် ထားကြောင်းသိရသည်။
''ဒီဒေသမှာ ငလျင်လှုပ်တာ ဖြစ်ရိုးဖြစ် စဉ်တစ်ခုပါ။ တစ်နှစ်ခြားတစ်ခါ လှုပ်လေ့ရှိတတ် တယ်။ ဒါပေမဲ့ ခပ်ကျဲကျဲ လှုပ်ခတ်နေရာကနေ ရက်ခြားရက်ခြား လှုပ်ခတ်လာရင်တော့ ငလျင် ကြီးတွေ ဖြစ်ပေါ်နိုင်လို့ သတိထားရမှာဖြစ်ပါ တယ်''ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ဦးစိုး သူရထွန်းက ပြောသည်။
မြန်မာနိုင်ငံနှင့်နီးသော နယ်စပ်တစ် လျှောက်တွင် အင်အားရစ်ခ်ျတာစကေး ၅ နှင့် ၆ ကြားရှိသော မြေငလျင်များသာ လှုပ်ခတ်လေ့ ရှိသော်လည်း တရုတ်နိုင်ငံ နယ်စပ်ဒေသများ တွင် အင်အားကြီးငလျင်များ လှုပ်ခတ်တတ် ကြောင်း သိရသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်ရမည်ဟု နိုင်ငံတော်သမ္မတပြောကြား

ရန်ကုန်၊ မေ ၃၁- နိုင်ငံတော်သမ္မတမှ လ စဉ် ပြည်သူလူထုထံ မိန့်ခွန်းပြောကြားခဲ့ ရာ မေ ၃၁ ရက်က ပြောကြားခဲ့သောမိန့် ခွန်းတွင် နိုင်ငံရေးဆွေးနွေးပွဲမှ သဘောတူ ညီချက်များနှင့် ပွင့်လင်းလွတ်လပ်သည့်လူ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရေး အတွက် လိုအပ်မည့် ဒီမိုကရေစီစံချိန်စံနှုန်း များပြည့်မီလာရန် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင်ရမည်ဖြစ် ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အား အချက်(၃)ချက်ပေါ်မူတည်၍ ပြင်ဆင် ရမည်ဟု နိုင်ငံတော်သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပညာရေးဌာနမှအရာရှိများကို ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဆိုသည့်ဝန်ကြီးက ယင်းကိစ္စကို ဖြေကြားလိုခြင်းမရှိ

ရန်ကုန်၊ မေ ၃၁- ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ပါးက ပညာရေးဌာန မှအရာရှိများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သည်ဆိုခြင်းနှင့်ပတ်သက်၍ အ ကြောင်းစုံကို ဖြေကြားပေးလိုသည့် ဆန္ဒမရှိကြောင်း အဆိုပါဝန်ကြီးက ဖလားဝါး နယူးစ်ဂျာနယ်သို့ပြောသည်။
''ကျွန်တော် ခရီးထွက်နေလို့ပါ၊ ဘာမှမမေးပါနဲ့''ဟု ယင်းကပြောသည်။
ဖလားဝါးနယူးစ်ဂျာနယ်မှ အဆိုပါဝန်ကြီးအား မေ ၃ဝ ရက်က ပညာရေး ဌာနမှ ဆရာများအား ကိုယ်ထိလက်ရောက် ထိုးကြိတ်မှုများဖြစ်သည်ဆိုခြင်းကို သိလိုသည်ဟုမေးမြန်းခဲ့ရာ ယင်းက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နှစ်ဖက်ပစ်ခတ်မှုများကြောင့် အင်အားဖြည့်တင်းရန် စစ်တပ်နှင့်ရဲတပ်ရင်းများ ထပ်မံစေလွှတ်မည်

ရန်ကုန်၊ မေ ၃၁- မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်ဖြစ်ပွားနေသော နှစ်ဖက်ပဋိ ပက္ခကို နိုင်ငံတော် လုံခြုံရေးအဆင့်(၁) အဖြစ် သတ်မှတ်ကာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် နယ်စပ် ရေးရာ လုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။ 
ယင်းပဋိပက္ခကြောင့် ယခုအ ခါ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံအကြား နှစ်ဖက်တင်းမာမှုများ ဆက်တိုက်ဖြစ် ပွား နေပြီး စစ်ရေးပြင်ဆင်မှုများလည်း ပြုလုပ် လာနေပြီဖြစ်ကြောင်း သိရသည်။

နယ်စပ်တစ်လျှောက်တွင် မြန်မာစစ်တပ်က မြေမြှုပ်မိုင်းများ ချထားသည်ဟု ဘင်္ဂလားဒေ့ရှ်စစ်ဘက် စွပ်စွဲ

မြန်မာစစ်တပ်သည် နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက် ကာ ဘင်္ဂလား-မြန်မာနယ်စပ် တစ်လျှောက် မြေမြှုပ်မိုင်းများ မြှုပ်ထားကြောင်း ဘင်္ဂလား ဒေ့ရှ် စစ်ဘက်ဝက်ဘ်ဆိုက်တစ်ခုတွင် မေ ၃၁ ရက်က စွပ်စွဲဖော်ပြလိုက်သည်။

မြန်မာစစ်အင်ဂျင်နီယာတပ်ဖွဲ့ များသည် နယ်ခြားမှတ်တိုင် ၃၇၊ ၃၈၊ ၃၉ နှင့် ၄ဝ တစ်လျှောက် ကိုက် ၇ဝ မှ ကိုက် ၁ဝဝ အတွင်း အကွာအဝေးအမျိုးမျိုး အတွင်း မြေ မြှုပ်မိုင်းများ ချထားသည်ဆိုသည်။ ယင်း ကဲ့သို့

နှစ်နိုင်ငံ နယ်ခြားစောင့်တပ်များ ဇွန် ၃ ရက်တွင် မျက်နှာစုံညီဆွေးနွေးမည်

 
 လူသေဆုံးခဲ့သည်အထိ နှစ်နိုင်ငံ နယ်စပ်အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်များ မျက်နှာစုံညီ ဆွေးနွေးပွဲ တစ်ခုကို ဇွန်လ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နှစ် ဖက်လုံခြုံရေးအရာရှိများက ပြော ကြားသည်။

နှစ်နိုင်ငံ နယ်ခြားစောင့် တပ်များအကြား ဆွေးနွေးရန်အ တွက် ဘင်္ဂလားဒေ့ရှ်ဘက်မှကမ်း လှမ်းမှုကို ရရှိထားကြောင်း အ မှတ်(၄)ရဲတပ်ရင်းများ ကွပ်ကဲ ရေးအဖွဲ့မှ ရဲမှူးကြီးထွန်းဦးက ပြောသည်။

နယ်စပ်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကျေးရွာခံများ မြို့ပေါ်သို့ပြောင်းရွှေ့လာကြ

Photo: နယ်စပ်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကျေးရွာခံများ မြို့ပေါ်သို့ပြောင်းရွှေ့လာကြ
Monday, June 2, 2014

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်တစ်လျှောက် RSO သောင်းကျန်းသူ လက်နက်ကိုင် များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ များဖြစ်ပွားနေ၍ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ ကျေးရွာများမှ ရွာခံများမှာ မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့လာကြကြောင်း သတင်းရရှိသည်။

ပြောင်းရွှေ့လာသည့် ကျေး ရွာမှာ မောင်တောမြို့နယ်မြောက် ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရချင်းချောင်းကျေးရွာမှ အိမ် ထောင်စုများဖြစ်ပြီး မေလ ၂၉ ရက်က အိမ်ထောင်စုလေးစု၊ လူဦးရေ ၁၈ ဦးမှာ ဝေသာလီ၊ ကန်ပြင်သာစည်နှင့် သရေကုန် ဘောင်ကျေးရွာများရှိ ဆွေမျိုးများ နေအိမ်တွင် ယာယီနေထိုင်နေကြကြောင်း သိရသည်။

‘‘အဓိက ကတော့ အသက် အန္တရာယ်  စိုးရိမ်တဲ့အတွက် ပြောင်းလာကြတာဖြစ်ပါတယ်။ ရွာမှာ အိမ်ထောင်စုက ၁၅ စုပဲရှိ ပါတယ်။  အဲဒီအထဲမှာ အိမ် ထောင်စုလေးစု  ပြောင်းရွှေ့လာ ကြတာဖြစ်ပါတယ်။ ဝေဘာလီမှာ နှစ်စု၊ ကန်ပြင်သာစည်မှာ တစ်စု၊ သရေကုန်ဘောင်မှာတစ်စု ဆွေ မျိုးအိမ်တွေမှာ ယာယီနေထိုင်နေ တာဖြစ်ပါတယ်’’ဟု ပြောင်းရွှေ့ လာသူတစ်ဦးက ပြောသည်။

မောင်တောမြို့နယ် မြောက် ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်တစ်လျှောက်တွင် RSOသောင်းကျန်းသူလက်နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားမှုမှာပိုမိုများပြားလာပြီး တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ကျေးရွာများမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာများဖြစ်သည်။

7 Day Daily
မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်တစ်လျှောက် RSO သောင်းကျန်းသူ လက်နက်ကိုင် များနှင့် မြန်မာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲ များဖြစ်ပွားနေ၍ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရှိ ကျေးရွာများမှ ရွာခံများမှာ မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့လာကြကြောင်း သတင်းရရှိသည်။

ပြောင်းရွှေ့လာသည့် ကျေး ရွာမှာ မောင်တောမြို့နယ်မြောက် ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရချင်းချောင်းကျေးရွာမှ အိမ် ထောင်စုများဖြစ်ပြီး မေလ ၂၉ ရက်က အိမ်ထောင်စုလေးစု၊ လူဦးရေ ၁၈ ဦးမှာ ဝေသာလီ၊ ကန်ပြင်သာစည်နှင့် သရေကုန် ဘောင်ကျေးရွာများရှိ ဆွေမျိုးများ နေအိမ်တွင် ယာယီနေထိုင်နေကြကြောင်း သိရသည်။

ထိုင်းစစ်တပ်အကြီးအကဲက အစိုးရအိမ်တော်ကို မသုံးဘဲ စစ်တပ်ဌာနချုပ်တွင်သာ ရုံးထိုင်မည်

ဘန်ကောက်-  ထိုင်းအာဏာသိမ်းစစ်ကောင်စီဖြစ်သည့် ငြိမ်းချမ်းရေးနှင့်ငြိမ်ဝပ်ပိပြားရေး အမျိုးသားကောင်စီ (NCPO) အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ သည် ကြားဖြတ် အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သော်လည်း နိုင်ငံတော်အာဏာပြယုဂ်ဖြစ်သည့် အစိုးရအိမ်တော်ကိုဌာနချုပ်အဖြစ် အသုံးမပြုဘဲ စစ်တပ်ဌာနချုပ်၌သာအုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ရတ်ချာဒမ်နွန်နော့ခ်ရိပ်သာရှိ စစ်တပ်ဌာနချုပ် မှပင် အုပ်ချုပ်ရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲသွားမည်ဟု ဆိုသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု ပြည်ခိုင်ဖြိုးအမတ်များ လက်မှတ်မထိုး

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ရေးထိုးပြီးသည့် လွှတ်တော် ကိုယ်စားလှယ် ဦးရေ ၃၀ ကျော်တွင် ပြည်ခိုင်ဖြိုးအမတ်များ မပါဝင်ဟု နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မဇ္ဈိမကို ပြောသည်။

“ပြည်ခိုင်ဖြိုးဘက်က ပါဝင်ပူးပေါင်းတာမရှိပါဘူး” ဟု ၎င်းက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်

ဝန်ကြီးချုပ်အိမ်မီးလောင်မှု တရားစွဲဆိုနိုင်ရန် ရက်ပေါင်း လေးဆယ်ကျော်ကြာမှ မြို့နယ်ဥပဒေရုံးသို့ တင်ပြထား

မန္တလေးတိုင်း၊ ၀န်ကြီးချုပ်ဦးရဲမြင့်နေအိမ် ဧပြီလ ၁၉ရက်က မီးလောင်ကျွမ်းခဲ့ခြင်းကို ရဲတပ်ဖွဲ့က တရားစွဲဆိုရန် ရက်ပေါင်း လေးဆယ်ကျော်ကြာမြင့်ပြီး မေ ၃၁ ရက်တွင် မြို့နယ်ဥပဒေရုံးထံသို့ တင်ပြ ထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး ဦးစိန်ထွန်းက ဇွန်၁ရက်တွင် မဇ္ဈိမကို ပြောသည်။

“ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ဆေးပေါ်ပေါက်ချက်တွေကို မြို့နယ်ဥပဒေရုံးကို တင်ပြထားပါတယ်။ အဲဒီက အကြံပြုချက် တွေကျလာပြီးမှ တရားစွဲဆိုဖို့ကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ ဥပဒေရုံးကို မနေ့က မေ ၃၁ရက်က တင်ပြထားပါတယ်” ဟု ဒု-ရဲမှူးကြီးက ပြောသည်။

ဒီမိုကရေစီ အစစ်အမှန် မလိုချင်သူများက တပ်မတော်နှင့် သဘောကွဲလွဲအောင် လုပ်ဆောင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အသက် ၇၆ နှစ်အရွယ်အဖိုးအိုတစ်ဦးနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ အပြန်အလှန်စကား များတိုက်ခိုက်


 
 ဗွီဒီယိုဖိုင်ကြည့်ဖို့  connection မကောင်းသူတွေအတွက် ဘာတွေ ပြောသွားသလဲဆိုတာကို သိရအောင် ပြန်ရေးပေးလိုက်တာပါ။
မနေ့ ည ၁. ၆. ၂၀၁၄ လယ်ဝေး၊ပျဉ်းမနား၊တပ်ကုန်း ၃ မြို့ နယ်ပေါင်းပြီးပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး အတွက် ဒေါ်စုဟောပြောစည်းရုံးပွဲလုပ်ပါတယ်။

ဟောပြောပွဲကအပြန် တပ်ကုန်းမြို့အထွက်နားမှာ ၄၃၆ မပြင်ဆင်ဖို့ ဆန္ဒပြ တဲ့ လူတစ်စုနဲ့ တွေ့ ပါတယ်... ဒေါ်စုကလာခဲ့ပါဆိုပြီး ဘာကြောင့် မပြင်ချင်တာလဲ။

ဒေသန္တရ မိုင်းဟောင်း နင်းမိပေါက်ကွဲ

Photo: ဒေသန္တရ မိုင်းဟောင်း နင်းမိပေါက်ကွဲ

ပဲခူးတိုင်း ဒေသကြီး ကျောက်ကြီးမြို့နယ် မီးတိုင်တော ကျေးရွာနေ မျိုးအောင်(ခ) ဖိုးဝ ၃၂နှစ် (ဘ) ဦးတင်မြင့်နှင့် ငပိန် ၂၅နှစ် (ဘ)ဦးခင်မြင့် တို့သည် မေ ၂၈ရက် နံနက် ၆နာရီက လှည်းဖြင့် ဝါးခုတ်ရန် ထွက်ခွာလာရာ နံနက် ၇ နာရီ ခွဲခန့်တွင်

မြောင်ဦး စခန်း၏ အရှေ့မြောက်ဘက် မီတာ ၃ဝဝဝခန့် အကွာသို့ ရောက်ရှိစဉ် လှည်း၏ ညာဘက် ဘီးဖြင့် ဒေသန္တရ နင်းမိုင်းဟောင်း တစ်လုံးအား နင်းမိ ပေါက်ကွဲသဖြင့် ရှေ့သို့ ဆက်မသွားဘဲ မျိုးအောင်(ခ) ဖိုးဝမှ နွားလှည်းအား ဆွဲ၍ ပြန်လှည့်လာစဉ် မီတာ ၂ဝ ခန့် အကွာအရောက်၌ ဒေသန္တရ နင်းမိုင်းဟောင်း တစ်လုံးအား ထပ်မံ နင်းမိ ပေါက်ကွဲသည်။

အဆိုပါ ဒေသန္တရ နင်းမိုင်းဟောင်း နင်းမိ ပေါက်ကွဲမှုကြောင့် မျိုးအောင် (ခ) ဖိုးဝသည် ညာခြေချင်းဝတ်ပြတ်၊ ဘယ်ခြေသလုံး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး လိုအပ်သော ဆေးဝါး ကုသနိုင်ရေး  မုန်းပြည်သူ့ ဆေးရုံမှ တစ်ဆင့် နယ်မြေခံ တပ်မတော် ဆေးရုံသို့ ဆက်လက် ပို့ဆောင်ကုသမှု ခံယူလျက် ရှိကြောင်း သတင်း ရရှိသည်။
ပဲခူးတိုင်း ဒေသကြီး ကျောက်ကြီးမြို့နယ် မီးတိုင်တော ကျေးရွာနေ မျိုးအောင်(ခ) ဖိုးဝ ၃၂နှစ် (ဘ) ဦးတင်မြင့်နှင့် ငပိန် ၂၅နှစ် (ဘ)ဦးခင်မြင့် တို့သည် မေ ၂၈ရက် နံနက် ၆နာရီက လှည်းဖြင့် ဝါးခုတ်ရန် ထွက်ခွာလာရာ နံနက် ၇ နာရီ ခွဲခန့်တွင်

မြောင်ဦး စခန်း၏ အရှေ့မြောက်ဘက် မီတာ ၃ဝဝဝခန့် အကွာသို့ ရောက်ရှိစဉ် လှည်း၏ ညာဘက် ဘီးဖြင့် ဒေသန္တရ နင်းမိုင်းဟောင်း တစ်လုံးအား နင်းမိ ပေါက်ကွဲသဖြင့် ရှေ့သို့ ဆက်မသွားဘဲ မျိုးအောင်(ခ) ဖိုးဝမှ နွားလှည်းအား ဆွဲ၍ ပြန်လှည့်လာစဉ် မီတာ ၂ဝ ခန့် အကွာအရောက်၌ ဒေသန္တရ နင်းမိုင်းဟောင်း တစ်လုံးအား ထပ်မံ နင်းမိ ပေါက်ကွဲသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲများကို တန်ပြန်ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်

Photo: ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲများကို တန်ပြန်ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်

နေပြည်တော်၊ ဇွန် ၁

နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဇွန်လ ၁ ရက်နေ့က သုံးနေရာ ဆက်တိုက်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများကို လူတစ်စုက တန်ပြန်ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း NLD ပါတီထံမှ သိရသည်။

ဇွန်လ ၁ ရက်နေ့က နေပြည်တော်ကောင်စီ နယ်မြေရှိ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောနေချိန် ယင်းသို့ ကန့်ကွက် ဆန္ဒထုတ်ဖော်သည့် လူစုများ ထွက်ပေါ်လာကြောင်း၊  ယင်းအဖွဲ့များမှာ ဆန္ဒဖော်ထုတ်ခွင့် တရားဝင် လျှောက်ထားခြင်း မရှိကြောင်း နေပြည်တော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအုပ်တစ်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပျဉ်းမနားမြို့မှ ဟောပြောပွဲအပြီး တပ်ကုန်းမြို့နယ် အတွင်းသို့ သွားရောက်သည့် လမ်း၌ ပုဒ်မ ၄၃၆ မပြင်ဆင်ရန် ဆန္ဒပြသူ ၂၀ နှင့် ထိပ်တိုက်တွေ့ဆုံကာ အပြန်အလှန် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြောင်း NLD ပါတီဝင်အချို့က ပြောဆိုသည်။ 

ယင်းသို့ တွေ့ဆုံစဉ် ဆန့်ကျင်ဆန္ဒပြသည့် အဖွဲ့မှ ဦးစန်းလွင်က ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ယခုကဲ့သို့ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်နေခြင်းသည် အများပြည်သူကို လမ်းပေါ်ထွက် ဆန္ဒပြရန် တွန်းအားပေးသကဲ့ ဖြစ်နေပြီး အခြေခံဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်ဂျပန်များကို ခေါ်လာသည့်အတွက် ၎င်း၏ မိဘနှစ်ပါး သေဆုံးခဲ့ရကြောင်း အပါအဝင် စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က NLD ၏ ဟောပြော လုပ်ဆောင်မှုသည် အခြေခံ ဥပဒေနှင့် ညီညွတ်မှု ရှိသောကြောင့် မကျေနပ်ပါက သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ကြောင်း အပါအဝင် တုံ့ပြန်ဖြေကြားမှုများ ပြုလုပ်ခဲ့သည်။

အခြေခံဥပဒေ ပုဒ်မ ၄၃၆ မပြင်ဆင်ရေးအတွက် ခွင့်ပြုချက်မတောင်းဘဲ ဆန္ဒပြသည့် အစုအဖွဲ့ လေးစုခန့် ရှိပြီး မည့်သို့ အရေးယူမည်ကို မသိရှိရသေးကြောင်း အဆိုပါ နေပြည်တော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲအုပ်က ဆိုသည်။ 
“သတင်းတွေတော့ တက်လာတယ်။ အရေးယူမယ် မယူဘူး ဆိုတာ မပြောနိုင်ပါဘူး” ဟု ၎င်းကဆိုသည်။ 

ပုဒ်မ ၄၃၆ မပြင်ဆင်ရေးအတွက် ဆန္ဒပြသူများသည် မိမိတို့၏ ဆန္ဒအတိုင်း ပြုလုပ်ပိုင်ခွင့် ရှိသော်လည်း အောက်တန်းကျသော စိတ်များနှင့် အထက်အမိန့် ကြောက်ရသော စိတ်များကို ဖယ်ရှားရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပျဉ်းမနားမြို့နယ်တွင် ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။

ပျဉ်းမနားမြို့နယ် ရွှေချီရပ်ကွက်တွင် နေသည်ဟု ပြောဆိုပြီး ပုဒ်မ ၄၃၆ မပြင်ဆင်ရေးအတွက် ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် ဦးအောင်လင်းက “ပုဒ်မရဲ့ အဓိပ္ပာယ်ကိုတော့ မသိဘူး။ ကျွန်တော်တို့က နိုင်ငံခြားသားနဲ့ ဘာသာခြားတွေ သမ္မတ မဖြစ်ဖို့ကို ရည်ရွယ်ပြီး ဆန္ဒပြတာပါ။ ခွင့်ပြုချက်တော့ မတင်ထားပါဘူး” ဟု ပြောဆိုသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီတာခ မတိုးမြှင့်ရေး၊ အလုပ်သမား ဆန္ဒပြမှုများ၊ လယ်မြေ အသိမ်းခံထားရမှုကြောင့် ဆန္ဒထုတ်ဖော်ခဲ့သူများကို ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်မှုဖြင့် အရေးယူထားပြီး ၂၀၁၃ ခုနှစ်အတွင်း အဆိုပါ ပုဒ်မဖြင့် တရားစွဲဆို ခံထားရသူ ၈၀ ကျော် ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သိရှိရသည်။
နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဇွန်လ ၁ ရက်နေ့က သုံးနေရာ ဆက်တိုက်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများကို လူတစ်စုက တန်ပြန်ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း NLD ပါတီထံမှ သိရသည်။

ဇွန်လ ၁ ရက်နေ့က နေပြည်တော်ကောင်စီ နယ်မြေရှိ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောနေချိန် ယင်းသို့ ကန့်ကွက် ဆန္ဒထုတ်ဖော်သည့် လူစုများ ထွက်ပေါ်လာကြောင်း၊ ယင်းအဖွဲ့များမှာ ဆန္ဒဖော်ထုတ်ခွင့် တရားဝင် လျှောက်ထားခြင်း မရှိကြောင်း နေပြည်တော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအုပ်တစ်ဦးက ပြောကြားသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ မှားယွင်းမှု ဖြစ်စဉ်အား ငြိမ်းချမ်းစွာ ဖြေရှင်းပြီးစီး

Photo: မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ မှားယွင်းမှု ဖြစ်စဉ်အား ငြိမ်းချမ်းစွာ ဖြေရှင်းပြီးစီး
Monday, June 2, 2014

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် RSO သောင်းကျန်းသူအဖွဲ့ ဝင်ရောက် လှုပ်ရှားလျက် ရှိကြောင်း သတင်း ရရှိသည့် အတွက် မိမိနယ်မြေခံ လုံခြုံရေး တပ်ဖွဲ့များက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက် ရှိရာ မေ ၂၈ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် RSO သောင်းကျန်းသူ အဖွဲ့မှဟု ယူဆရသော လက်နက် ကိုင်ဆောင်ထားသူ နှစ်ဦးသည် မိမိနိုင်ငံ နယ်နိမိတ် အတွင်းသို့ ဝင်ရောက်လာခဲ့သဖြင့် လုံခြုံရေး ဆောင်ရွက်နေသော နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ရာ အဝါရောင် ပြောက်ကျား ယူနီဖောင်းဝတ် အလောင်း တစ်လောင်း၊ ၎င်းကိုင်ဆောင်သော သေနတ်တစ်လက်နှင့် ခဲယမ်းအချို့တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

မေ ၂၉ ရက်တွင် ဘင်္ဂလားဒေ့ရှ် စစ်သံရုံး (ရန်ကုန်)မှ အကြောင်းကြားချက်အရ ၎င်းတို့ နယ်ခြားစောင့် တပ်ဖွဲ့မှ အဖွဲ့တစ်ဖွဲ့သည် လှည့်ကင်း တာဝန် ထမ်းဆောင်နေစဉ် ၎င်းတို့ တပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း၊ မြန်မာနိုင်ငံဘက်မှ ထိန်းသိမ်း ထားရှိပါက ပြန်လည် လွှဲပြောင်း ပေးစေလိုကြောင်း၊ သေဆုံးပါကလည်း အလောင်းကို ပြန်လည် ပေးအပ်စေလိုကြောင်း ညှိနှိုင်း အကြောင်းကြား လာခဲ့သည်။ မိမိဘက်မှလည်း အဝါရောင် ပြောက်ကျား ယူနီဖောင်းဝတ် အလောင်း တစ်လောင်းကို နယ်စပ် မှတ်တိုင် (၅၂)အနီး၊ မိမိနိုင်ငံ နယ်မြေ အတွင်းတွင် တွေ့ရှိထားကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အလောင်း မှန်ကန်ပါက ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နယ်စပ် မှတ်တိုင်(၅၂)အနီးတွင် ပြန်လည် လွှဲပြောင်း ပေးအပ်မည် ဖြစ်ကြောင်း အကြောင်း ပြန်ကြားခဲ့သည်။

မေ ၃၁ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် အမှတ်(၃၁) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး ကာရပ်ဖ်ဦးစီးအဖွဲ့ နယ်စပ်မှတ်တိုင် (၅၂)အနီးသို့ ရောက်ရှိလာခဲ့ရာ မိမိလုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူများက ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး သေဆုံးသူ အလောင်းကို စိစစ်ခဲ့ရာ အမှတ်(၃၁) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ၎င်းတို့တပ်ဖွဲ့ဝင် ဖြစ်သည်မှာ မှန်ကန်ကြောင်း၊ တပ်ကြပ်အဆင့်ရှိ မာဇမ်ဆိုသူဖြစ်ကြောင်း၊ ၎င်းသည် နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ် လူစုကွဲ ပျောက်ဆုံးသွားခဲ့သူ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်နိမိတ် နယ်စပ်ဒေသတွင် လိုက်နာ လုပ်ဆောင်ရမည့် အချက်များကို ဆောင်ရွက်ခဲ့ခြင်း မရှိသဖြင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ဝင်ရောက်သွားစဉ် လုံခြုံရေး အဖွဲ့များနှင့် ထိတွေ့ပြီး ယခုကဲ့သို့ဖြစ်စဉ် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ပြဿနာ မရှိပါကြောင်း၊ ၎င်းတို့အနေဖြင့် ဘယ်လိုမှ စိတ်ထဲမှာ မထားကြောင်း၊ မြန်မာဘက် အနေဖြင့်လည်း စိတ်ထဲတွင် မည်သို့မျှ မထားရန်နှင့် ယခုကဲ့သို့ အပြည့်အဝ ကူညီပေးသည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ ၎င်းတို့ အထက်ဌာနမှလည်း ကျေးဇူးတင်နေပါကြောင်း၊ ၎င်းတို့ဘက်တွင် အခြား ပြဿနာများရှိပါက ပြောကြားရန်နှင့် လိုအပ်ပါက ကူညီပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မိမိလုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူကလည်း ဖြစ်စဉ်နေရာကို လိုက်လံပြသခြင်း၊ ဖြစ်စဉ် ဖြစ်ပွားပုံကို ရှင်းလင်း ပြောကြားခြင်း၊ နယ်စပ်လုံခြုံရေး ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ စောင့်ထိန်း လိုက်နာရမည့် အချက်များကို အလေးထား ဆောင်ရွက် ပေးစေလိုကြောင်း ပြန်လည် ပြောကြားခဲ့ပြီး ရုပ်အလောင်းကို စနစ်တကျ လက်မှတ်ရေးထိုး လွှဲပြောင်း ပေးအပ်ခဲ့သည်။

ညနေ ၅နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့များသည် ရုပ်အလောင်းကို လက်ခံယူပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။

အထက်ပါ နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ ယုံကြည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုတို့ကို ဆက်လက် ထိန်းသိမ်း ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် RSO သောင်းကျန်းသူများ အခြေမခံနိုင်ရေး၊ မလိုလားအပ်သော နယ်စပ် ပြဿနာများ မပေါ်ပေါက်စေရေးတို့ အတွက် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံအလံတင် အစည်းအဝေးကို မကြာမီ ရက်ပိုင်းအတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

MOI
မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် RSO သောင်းကျန်းသူအဖွဲ့ ဝင်ရောက် လှုပ်ရှားလျက် ရှိကြောင်း သတင်း ရရှိသည့် အတွက် မိမိနယ်မြေခံ လုံခြုံရေး တပ်ဖွဲ့များက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက် ရှိရာ မေ ၂၈ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် RSO သောင်းကျန်းသူ အဖွဲ့မှဟု ယူဆရသော လက်နက် ကိုင်ဆောင်ထားသူ နှစ်ဦးသည် မိမိနိုင်ငံ နယ်နိမိတ် အတွင်းသို့ ဝင်ရောက်လာခဲ့သဖြင့် လုံခြုံရေး ဆောင်ရွက်နေသော နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ရာ အဝါရောင် ပြောက်ကျား ယူနီဖောင်းဝတ် အလောင်း တစ်လောင်း၊ ၎င်းကိုင်ဆောင်သော သေနတ်တစ်လက်နှင့် ခဲယမ်းအချို့တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အစိုးရ ထက်၊ လယ်၊ မူ ကျောင်း ဆရာ ဆရာမများ အပိုငွေ ကောက်ခံပါက ထိထိ ရောက်ရောက် အရေးယူမည်

Photo: အစိုးရ ထက်၊ လယ်၊ မူ ကျောင်း ဆရာ ဆရာမများ အပိုငွေ ကောက်ခံပါက ထိထိ ရောက်ရောက် အရေးယူမည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
ရန်ကုန် ဇွန် ၁

နိုင်ငံတစ်ဝန်း ပညာရေး ဝန်ကြီးဌာန အောက်ရှိ အစိုးရပိုင် ထက်၊ လယ်၊ မူ ကျောင်းများမှ ဆရာ ဆရာမများ အနေဖြင့် ယခုနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အားကစားကြေး၊ အာစရိယပူဇော်ကြေး၊ ကျောင်း စာကြည့်တိုက်ကြေး၊ စာမေးပွဲကြေး၊ စာရွက် စာတမ်းကြေးကအစ အခြား မည်သည့် အကြောင်းအရာဖိုးမှ ကျောင်းသားများနှင့် ကျောင်းသား မိဘများထံမှ ကောက်ခံမှုကို လုံးဝ ခွင့်ပြုတော့မည် မဟုတ်ဘဲ တိုင်ကြား သိရှိပါက ပညာရေး ဝန်ကြီးဌာန အနေဖြင့် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဘက်ပေါင်းစုံမှ ပြုပြင် ပြောင်းလဲမှုများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက် ရှိရာတွင် နိုင်ငံ အဆင့်အတန်း မြင့်စေရန် အဓိက အခြေခံအချက် ဖြစ်သည့် ပညာရေးကို အစဉ်တစိုက် တစ်ဟုန်ထိုး လုပ်ဆောင်နေပြီ ဖြစ်သည်။ ယခင်နှစ် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ အခမဲ့ မူလတန်းကျောင်း ပညာရေးကို စတင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်သည်။ ယခုနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်လည်း တစ်ဆင့်မြှင့်၍ အခမဲ့ အလယ်တန်းအဆင့် ပညာရေးကို နိုင်ငံတော် စီမံချက်ဖြင့် စတင်အကောင်အထည် ဖော်လုပ်ဆောင်နေပြီဖြစ်သည်။

" ကျွန်တော်တို့ ယခုနှစ်ကစပြီး အလယ်တန်း အခမဲ့ ပညာရေးစနစ်ကို နိုင်ငံတော် စီမံချက်ဖြင့် လုပ်ဆောင် ပေးနေပါပြီ။ ကျောင်းအပ်ခ၊ ဖတ်စာအုပ်ဖိုးက အစ မည်သည့်ငွေမှ တစ်ပြားတစ်ချပ်မှ မပေးရပါဘူး။ ဒါ့အပြင် အားကစားကြေး၊ ကျောင်းစာကြည့်တိုက်ကြေး၊ စာမေးပွဲကြေး၊ အာစရိယ ပူဇော်ပွဲကြေးကအစ ကျောင်းသားနဲ့ ကျောင်းသားမိဘတွေထံက ဘာဆိုဘာမှ ကောက်ခံမှု မပြုရတော့ပါဘူး။ ကောက်ခံရင် တစ်ဦး တစ်ယောက်က တိုင်လို့ပဲဖြစ်ဖြစ်၊ သိလို့ပဲ ဖြစ်ဖြစ် ဒီနှစ်ကတော့ အရင်နှစ်တွေကလို မြို့ကနေ နယ်တွေ ပြောင်းတာတို့၊ ရာထူး လျှော့တာတို့ မလုပ်တော့ပါဘူး။ အနည်းဆုံး ပင်စင်ပေးလို့ရရင် ပင်စင်ပေးမယ်။ အပြစ်ပေါ်မှာ မူတည်ပြီးတော့ လုံးဝ ဖြုတ်သင့်ရင်ဖြုတ်၊ အပြစ်ကြီးငယ်ပေါ် မူတည်ပြီး ဒီကိစ္စကို ပညာရေး ဝန်ကြီးဌာန အနေနဲ့ ကင်းစင် ပပျောက်သွားအောင် လုပ်ဆောင်သွားဖို့ စီစဉ် ဆောင်ရွက်မှုတွေ လုပ်နေပါတယ်" ဟု ပညာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်စိန်က မြန်မာ့အလင်းသို့ ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကို အဆင့်မြင့်စေရန် ရည်ရွယ်ချက်ဖြင့် ယခင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစပြီး နိုင်ငံတစ်ဝန်းရှိ ထက်၊ လယ်၊ မူ ကျောင်းများကို သင့်တင့် လျောက်ပတ်သည့် အသုံးငွေ ဘတ်ဂျက်များ စတင် ချထားပေးခဲ့သည်။ ထို့အပြင် ကမ္ဘာ့ဘဏ်၊ ဩစတြေးလျနှင့် NGO အဖွဲ့အချို့တို့ ကလည်း မြန်မာနိုင်ငံ ပညာရေး အဆင့်မြင့်စေရန် ဒေါ်လာသန်း ၁၀၀ ကို ထောက်ပံ့ လှူဒါန်းမှုပြုခဲ့သည်။

သို့သော် ယခင် ပညာသင်နှစ်တွင် ထက်၊ လယ်၊ မူကျောင်းများသို့ နိုင်ငံတော်က ချထားပေးသည့် အသုံးပြု ရန်ငွေ ဘတ်ဂျက်များကို စည်းကမ်းတကျ သုံးစွဲမှု အလေ့အထ မရှိသော ကျောင်းအချို့က အဆိုပါငွေကိုသုံးစွဲမှု မရှိဘဲ ကျောင်းသားများနှင့် ကျောင်းသား မိဘများထံမှ အချို့ အသုံးစရိတ်ငွေများကို ကောက်ခံမှုများ ရှိခဲ့ခြင်းတို့ကြောင့် ယခုနှစ်တွင် ထိုသို့ မဖြစ်စေရန် ပညာရေးဝန်ကြီးဌာန အနေဖြင့် ထိထိ ရောက်ရောက် အပြစ်ပေး ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့ ပညာရေးအနေနဲ့ အရင်နှစ်တွေက အခုလို ဘတ်ဂျက် ချထားပေးတာ မရှိခဲ့ဘူးလေ။ အခုလို ချထားပေးတော့ ဘယ်လို သုံးရမယ်မှန်းလည်း မသိဘူးပေါ့။ ပြီးတော့ စာရင်းစစ်ကိုလည်း ကြောက်ရတယ်လေ။ အဲဒီငွေထဲက သိပ်မသုံးရဲလို့ ကျောင်းမိုးမလုံလို့ ပြင်ဖို့တောင်မှ မတင်ပြခဲ့ဘူး။ ဒီနှစ်တော့ ပညာရေးက လိုက်လံ ကြီးကြပ် စစ်ဆေးတဲ့အဖွဲ့က တကယ် အမှန်လုပ်တာ၊ တိတိကျကျနဲ့ စစ်မှန်တဲ့ ဘောက်ချာ အစစ်နဲ့ဆိုရင် ရဲရဲတင်းတင်း သုံးလို့တော့ မှာထားတယ်။ ဒါ့ကြောင့် ဒီနှစ်မှာတော့ လုပ်သင့် လုပ်ထိုက်တာ၊ ပြင်သင့် ပြင်ထိုက်တာကိုလည်း ပြင်မယ်။ ပြီးတော့ ကလေးတွေ ကျန်းမာရေး အတွက် ကျောင်းနောက်က ချုံနွယ်တွေကို ရှင်းဖို့လည်း အထက်ကို တင်ပြထားပါတယ်"ဟု သာကေတ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း ကျောင်းအုပ် ဆရာမတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်၍ အခမဲ့မူလတန်း ပညာရေးကို စတင်ခဲ့ပြီး ယခုနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခမဲ့ အလယ်တန်း ပညာရေးကို စတင် ဆောင်ရွက်ခဲ့ပြီ ဖြစ်သည်။ အခမဲ့ မူလတန်း ပညာရေး စနစ်တွင် ကျောင်းအပ်နှံခ၊ ဖတ်စာအုပ်၊ ဗလာ စာအုပ်နှင့် ကလေးများကို ခဲတံ၊ ဘောပင် စသည်တို့ကို ဝယ်ယူရန် ငွေကျပ် ၁၀၀၀ နှုန်းကိုလည်း နှစ်နှစ် ဆက်တိုက် ပေးဝေခဲ့ပြီး ယခုနှစ်အခမဲ့ အလယ်တန်း ပညာရေးတွင် ကျောင်းအပ်နှံခနှင့် ကျောင်းသုံး ဖတ်စာအုပ်တို့ကို အခမဲ့ ပေးဝေသည့် အပြင် ပညာသင်နှစ် တစ်ခုလုံးတွင်လည်း ကျောင်းသားနှင့် ကျောင်းသား မိဘများအနေဖြင့် အကုန်အကျခံ ပေးဆောင် သင်ယူရတော့မည် မဟုတ်ကြောင်း သိရသည်။
င်ငံတစ်ဝန်း ပညာရေး ဝန်ကြီးဌာန အောက်ရှိ အစိုးရပိုင် ထက်၊ လယ်၊ မူ ကျောင်းများမှ ဆရာ ဆရာမများ အနေဖြင့် ယခုနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အားကစားကြေး၊ အာစရိယပူဇော်ကြေး၊ ကျောင်း စာကြည့်တိုက်ကြေး၊ စာမေးပွဲကြေး၊ စာရွက် စာတမ်းကြေးကအစ အခြား မည်သည့် အကြောင်းအရာဖိုးမှ ကျောင်းသားများနှင့် ကျောင်းသား မိဘများထံမှ ကောက်ခံမှုကို လုံးဝ ခွင့်ပြုတော့မည် မဟုတ်ဘဲ တိုင်ကြား သိရှိပါက ပညာရေး ဝန်ကြီးဌာန အနေဖြင့် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆို့မှုပြဿနာနှင့်မြို့ခံတို့၏အသံ

ကားတင်သွင်းခွင့်မူဝါဒပြောင်းလဲ
အပြီး ၂ နှစ်ကျော်အကြာတွင် ပြည်ပမှ ကားစီးရေပေါင်း နှစ်သိန်းခွဲကျော်တင်သွင်းပြီးဖြစ်သည်ဟုဆိုပါသည်။ ထို ၂ နှစ်ခွဲကျော်ကာလအတွင်း ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုမှာလည်း ဆိုးသထက်ဆိုးလာပြီဖြစ်သည်။ ယာဉ်မောင်းနှင်ခြင်းဆိုင်ရာ လမ်းပေါ်ယဉ်ကျေးမှုအားနည်းခဲ့သည့် ယာဉ်မောင်းများ၊ စနစ်တကျမရှိသည့် ရန်ကုန်မြို့မှ လမ်းများ၊ ကားရပ်နားစရာ ထည့်သွင်းတည်ဆောက်ခြင်းမရှိသည့် ရန်ကုန်မြို့ပြအဆောက်အအုံတည်ဆောက်မှု အားနည်းချက်၊ ယာဉ်ထိန်းအရေအတွက် မလုံလောက်မှုစသည်တို့ကြောင့် ရှစ်သန်းနီးပါးရှိ ရန်ကုန်လူထုမှာ လမ်းမများပေါ်တွင် ၎င်းတို့၏ တန်ဖိုးရှိသော အချိန်များ ပျောက်ဆုံးနေကြရသည်။ ရန်ကုန်မြို့ခံ၊ ယာဉ်မောင်း၊ ယာဉ်ထိန်းနှင့် ပညာရှင်တို့အသံကို ယနေ့နားထောင်ကြည့်နိုင်ရန်ဖော်ပြလိုက်ပါသည်။

ငြိမ်းးချမ်းရေး ဖြစ်စဉ်ကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

Photo: ငြိမ်းးချမ်းရေး ဖြစ်စဉ်ကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း 
Monday, June 2, 2014

ငြိမ်းချမ်းရေး ဖြစ်စဉ်များကို အခြေခံကာ ပေါ်ပေါက် လာမည့် နိုင်ငံရေး ဆွေးနွေး ပွဲများမှ ရရှိလာသော ရလဒ်များအပေါ် မူတည်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားသည်။ 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဇွန်လ ၁ ရက်နေ့တွင် ပြောကြား ခဲ့သည့် ရေဒီယိုမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေး ဆွေးနွေး ပွဲများမှ သဘောတူညီချက်များပေါ်မူ တည်၍ လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် တိုင်းရင်းသားအားလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနှင့် သဟဇာတ ဖြစ်စေရန် အခြေအနေ အချိန်အခါပေါ် မူတည်၍ ပြင်ဆင်ရေးသားနိုင်သော အခြေခံမှုမျိုးကို ချမှတ်ထားမှသာ အခြေခံဥပဒေသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ 

အဆိုပါ တိုင်းရင်းသားအားလုံး ပါဝင်နိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကျင်းပပြုလုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိပြီး အဆိုပါ ဆွေးနွေးပွဲ မတင်မီ ကနဦးပြုလုပ်ရမည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ၂၀၁၄ ခုနှစ်အတွင်း အပြီးသတ် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရေးအဖွဲ့ NCCT ခေါင်းဆောင်အချို့က ဆိုထားသည်။ 

သို့သော် အခြေခံဥပဒေကို ပြင်ဆင်ရာတွင် မည်သည့် နိုင်ငံသား၊ တိုင်းရင်းသား တစ်ဦးကိုမျှ နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်အား ကန့်သတ် တားမြစ်ထားခြင်းမျိုး မဖြစ်စေလိုကြောင်း၊ သို့သော်လည်း တစ်ဖက်တွင် အမျိုးသား အကျိုး စီးပွားနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်မျိုး ထားရှိရန် လိုအပ်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ပေးရန် တောင်းဆိုထားသော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ရေးဆိုင်ရာ အခန်း ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ သဘောထားကို ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေလ ဒုတိယပတ်အတွင်း ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ပြုလုပ်သော အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ဟောပြောပွဲ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အခြေခံဥပဒေကို ပြုပြင် ပြောင်းလဲပေးလိုစိတ်ရှိသူ မဟုတ်ဟု ဝေဖန်ပြောဆိုထားသည်။

The Voice Weekly 
ငြိမ်းချမ်းရေး ဖြစ်စဉ်များကို အခြေခံကာ ပေါ်ပေါက် လာမည့် နိုင်ငံရေး ဆွေးနွေး ပွဲများမှ ရရှိလာသော ရလဒ်များအပေါ် မူတည်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဇွန်လ ၁ ရက်နေ့တွင် ပြောကြား ခဲ့သည့် ရေဒီယိုမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေး ဆွေးနွေး ပွဲများမှ သဘောတူညီချက်များပေါ်မူ တည်၍ လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်း များ ပြုလုပ် သင့်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာများ မပေါ်ပေါက်စေရေး ညှိနှိုင်းရန် နှစ်နိုင်ငံ အလံတင်အစည်းအဝေး မကြာမီရက်ပိုင်းတွင်း ပြုလုပ်မည်

Photo: မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာများ မပေါ်ပေါက်စေရေး ညှိနှိုင်းရန် နှစ်နိုင်ငံ အလံတင်အစည်းအဝေး မကြာမီရက်ပိုင်းတွင်း ပြုလုပ်မည် 
Monday, June 2, 2014

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် မလိုလားအပ်သည့် နယ်စပ်ပြဿနာများ မပေါ်ပေါက်စေရေး ညှိနှိုင်းဆောင်ရွက်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အလံတင်အစည်းအဝေးကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန် ၁ ရက် ညပိုင်းက ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် မေ ၂၈ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့အကြား မှားယွင်းပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ရာ ယင်းဖြစ်စဉ်တွင် ကျဆုံးခဲ့သော ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းအား မေ ၃၁ ရက်က မြန်မာလုံခြုံရေးအဖွဲ့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ဖြစ်စဉ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် RSO သောင်းကျန်းသူအဖွဲ့ ၀င်ရောက်လှုပ်ရှားလျက်ရှိသည့် သတင်းနှင့်ပတ်သက်ပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် မြန်မာလုံခြုံရေး တပ်ဖွဲ့များနှင့် လက်နက်ကိုင်ဆောင်ပြီး မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ၀င်ရောက်လာသူနှစ်ဦးတို့ ထိတွေ့မှု ဖြစ်ပွားခဲ့ရာ မြန်မာနယ်နိမိတ် အတွင်းသို့ ၀င်လာသူနှစ်ဦးအနက် အ၀ါရောင် ပြောက်ကျားယူနီဖောင်းဝတ် အလောင်းတစ်လောင်းနှင့် ၎င်းကိုင်ဆောင်ထားသော လက်နက်တစ်လက်၊ ခဲယမ်းအချို့တို့အား မြန်မာလုံခြုံရေး တပ်ဖွဲ့က ရရှိခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်စစ်သံရုံး (ရန်ကုန်)မှ မေ ၂၉ ရက်တွင် ၎င်းတို့ နယ်ခြားစောင့်တပ်ဖွဲ့မှ အဖွဲ့တစ်ဖွဲ့သည် လှည့်ကင်းတာဝန် ထမ်းဆောင်နေစဉ် ၎င်းတို့တပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေကြောင်း၊ မြန်မာနိုင်ငံဘက်မှ ထိန်းသိမ်းထားရှိပါက ပြန်လည်လွှဲပြောင်း ပေးစေလိုကြောင်း၊ သေဆုံးပါကလည်း အလောင်းအား ပြန်လည်ပေးအပ်စေလိုကြောင်း မြန်မာဘက်သို့ ညှိနှိုင်းအကြောင်းကြားလာခဲ့ရာ မြန်မာဘက်မှလည်း အ၀ါရောင် ပြောက်ကျားယူနီဖောင်းဝတ် အလောင်းတစ်လောင်းအား နယ်စပ်မှတ်တိုင်(၅၂)အနီး မြန်မာနိုင်ငံ၏ နယ်မြေအတွင်း၌ တွေ့ရှိထားကြောင်း၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်၏ အလောင်းမှန်ကန်ပါက ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်စပ်မှတ်တိုင် (၅၂) အနီးတွင် ပြန်လည်လွှဲပြောင်းပေးအပ်မည်ဟု အကြောင်းပြန်ကြားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေ ၃၁ ရက် ညနေပိုင်းတွင် အမှတ် (၃၁) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးကာရပ်ဖ် ဦးစီးအဖွဲ့သည် နယ်စပ်မှတ်တိုင်(၅၂)အနီးတွင် သေဆုံးသူအလောင်းအား စိစစ်ခဲ့ရာ ၎င်းတို့၏ တပ်ဖွဲ့ဝင်တပ်ကြပ် မာဇာမ်ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် လူစုကွဲ ပျောက်ဆုံးသွားခဲ့သူ ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ နယ်နိမိတ် နယ်စပ်ဒေသတွင် လိုက်နာလုပ်ဆောင်ရမည့် အချက်များအား ဆောင်ရွက်ခဲ့ခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ၀င်ရောက်သွားစဉ် လုံခြုံရေးအဖွဲ့များနှင့် ထိတွေ့ပြီး ယခုကဲ့သို့ ဖြစ်ပွားရခြင်းဖြစ်ကြောင်း စသည်တို့ကို ပြောကြားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အထက်ပါ နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား ဆက်ဆံရေး၊ ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့အား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် RSO သောင်းကျန်းသူအဖွဲ့ အခြေမချနိုင်ရေးနှင့် မလိုလားအပ်သော နယ်စပ်ပြဿ နာများ မပေါ်ပေါက်စေရေးတို့အတွက် လိုအပ်သည်များကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ်မည့် နှစ်နိုင်ငံ အလံတင်အစည်းအဝေးတွင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Eleven 
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် မလိုလားအပ်သည့် နယ်စပ်ပြဿနာများ မပေါ်ပေါက်စေရေး ညှိနှိုင်းဆောင်ရွက်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အလံတင်အစည်းအဝေးကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန် ၁ ရက် ညပိုင်းက ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်းမြန်မာနယ်စပ် အခြေပြုပြီး ငလျှင်ငယ် ထပ်လှုပ်.

Photo: ထိုင်းမြန်မာနယ်စပ် အခြေပြုပြီး ငလျှင်ငယ် ထပ်လှုပ်.
Monday, June 2, 2014

ဇွန်လ ၂ ရက်နေ့ မနက်အစောပိုင်း ၄ နာရီ ၁၇ မိနစ်က မြန်မာနိုင်ငံ အရှေ့ပိုင်း ထိုင်း - မြန်မာနယ်စပ်အနီးက မြန်မာပြည်တွင်းတနေရာကို ဗဟိုပြုပြီး အင်အား ၂.၂ ရှိတဲ့ ငလျင်ငယ်တခု လှုပ်သွားခဲ့တယ်လို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက တိုင်းတာရရှိခဲ့ကြောင်း မိုး/ဇလပညာရှင် ဒေါက်တာ ဦးထွန်းလွင်ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ငလျင်ဗဟိုပြုလှုပ်သွားတဲ့နေရာ အသေးစိတ်နဲ့ ထိခိုက် ပျက်စီးမှု ရှိမရှိဆိုတာတော့ မသိရသေးပါဘူး။

စနေနေ့ညသန်းခေါင်ကျော် တနင်္ဂနွေနေ့မနက် ၁ နာရီကျော်လောက်တုန်းကလည်း ပြင်းအား ၄.၇ ရှိတဲ့ ငလျင်တခု ရန်ကုန်မြို့နဲ့ ၂၅ မိုင်လောက်အကွာ တွံတေးမြို့ရဲ့ အနောက်မြောက်ဖက် ၁၀ မိုင်လောက်အကွာမှာ လှုပ်သွားခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင်က သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

၂၀၁၂ ခု၊ နိုဝင်ဘာ ၁၃ က စစ်ကိုင်းတိုင်းမှာ လှုပ်သွားတဲ့ငလျင်ကြောင့် အပျက်အစီး။ 
ဇွန်လ ၂ ရက်နေ့ မနက်အစောပိုင်း ၄ နာရီ ၁၇ မိနစ်က မြန်မာနိုင်ငံ အရှေ့ပိုင်း ထိုင်း - မြန်မာနယ်စပ်အနီးက မြန်မာပြည်တွင်းတနေရာကို ဗဟိုပြုပြီး အင်အား ၂.၂ ရှိတဲ့ ငလျင်ငယ်တခု လှုပ်သွားခဲ့တယ်လို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက တိုင်းတာရရှိခဲ့ကြောင်း မိုး/ဇလ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ခွေးတစ်အုပ် ကိုက်ချီ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ မြလေးလမ်းတွင် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ခွေးတစ်အုပ်က ဝိုင်းကိုက်ကာ စားရန်အတွက် ချီသွားခဲ့ကြောင်း ကလေး၏ မိသားစုများထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် ယင်းလမ်း မူလတန်းကျောင်းဘေးရှိ နေအိမ် တစ်အိမ်မှ သုံးနှစ်အရွယ် ကလေးတစ်ဦးနှင့် ငါးနှစ်အရွယ် ကလေးတစ်ဦးသည် လမ်းပေါ်ထွက်ကာ

မိတ္ထီလာ ပြည်သာယာရပ်ကွက်အတွင်း နေအိမ်တစ်အိမ်ရှိ မွေ့ရာ၊ အ၀တ်အစားများမှ အလိုအလျောက် မီးလောင်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် စစ်ပြင်ခဲ့သော် . . .

မေ ၂၈ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် (၅၂)အနီးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ လက်နက်ကိုင်နှစ်ဦးသည် မြန်မာနယ်စပ်အနီး ပေ ၈ဝ ခန့်သို့ ချဉ်းကပ်လာပြီး လုံခြုံရေးတာဝန် ဆောင်ရွက်နေသော မြန်မာနယ်စပ် လုံခြုံရေးတပ်ဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ပတ်ခတ်မှု ဖြစ်စဉ်တွင် အဝါရောင်ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တစ်ဦး ကျဆုံးပြီး အမ်-၂၂ သေနတ်တစ်လက်၊ ကျည်ကတ်လေးခု၊ ကျည် ၉၈ တောင့် သိမ်းဆည်းရမိကြောင်း နယ်ခြားစောင့်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Sunday, June 1, 2014

ဆန္ဒပြပွဲများကို တားဆီးရန် ထိုင်းနိုင်ငံတွင် စစ်သားများနှင့် ရဲများချထား

ဘန်ကောက် - စစ်တပ်ကို အာခံကာ ဆန္ဒပြမည်ဟု ခြိမ်းခြောက်ထားသော အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြသူများကို တားဆီးရန် အာဏာပိုင်များက ကြိုးစားကာ ဇွန်လ ၁ ရက်တွင် ဘန်ကောက်မြို့တစ်ဝန်း ရဲတပ်ဖွဲ့များနှင့် စစ်သားအင်အား ၆၀၀၀ ခန့်ချထားသည်ဟု ထိုင်းအရာရှိတစ်ဦးက ပြောသည်။ မေလ ၂၂ ရက်က အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဘန်ကောက်မြို့တွင် ဆန္ဒပြပွဲအသေးစားများ နေ့စဉ် နေ့တိုင်း ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများမှာ ၎င်းတို့၏ မိသားစုဝင်များပင်ဖြစ်စေ တင်းကျပ်သည့် စစ်ဥပဒေများဖြင့် အပြစ်ပေးခံရမည်ဟု စစ်ဘက်ဆိုင်ရာ အကြီးအကဲ ပရာယွတ်ချန်အိုချာက သတိပေးထားသည်။ သို့သော် ဆန္ဒပြသူများစွာကို ဖမ်းဆီးခြင်းသာ ရှိပြီး အင်အားသုံး နှိမ်နင်းခြင်း မရှိခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားချက်များ မမှန်ကန်ကြောင်း မြန်မာအစိုးရ သတင်းထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နယ်စပ်၌ဖြစ်ပွားနေသော ပြဿနာနှင့်ပတ်သက်၍ မြန်မာအစိုးရက ပထမဆုံးအကြိမ်သတင်းထုတ်ပြန်ချက်ကို ဇွန်လ ၁ ရက်တွင်ထုတ်ပြန်လိုက်သည်။
နယ်စပ်၌ဖြစ်ပွားခဲ့သောပြဿနာများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားချက်များ မမှန်ကန်ဘဲ၊ မြန်မာနိုင်ငံက မိမိ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကိုထိပါးလျှင် လုံးဝလက်ခံမည်မဟုတ်သလို နှစ်နိုင်ငံအကြားရှိရင်းစွဲချစ်ကြည်ရေး၊ အိမ်နီးချင်းကောင်းဆက်ဆံရေးတို့ကို အခြေခံ၍ သံတမန်နည်းလမ်းအရ ငြိမ်းချမ်းစွာညှိနှိုင်းဆောင်ရွက်သွားမည်ဟုဖော်ပြထားသည်။
 မေလ ၂၈ ရက်နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်မောင်တောမြို့နယ် မိုင်တိုင်အမှတ် ၅၁ နှင့် ၅၂ အကြား မြန်မာပိုင်နက်အတွင်း နယ်စပ်ခြံစည်းရိုးဘက် ပေ ၈၀ ခန့်အကွာသို့ အဝါရောင်ပြောက်ကျားယူနီဖောင်းဝတ်ဘင်္ဂါလီ နှစ်ဦး ချဉ်းကပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့က လက်နက်ငယ်ဖြင့် ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ဘင်္ဂါလီတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့် ခဲယမ်းများဖမ်းမိခဲ့သည်။ ကျန်တစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ပြေးသွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ မြန်မာမမှားဟု သမ္မတရုံး တာဝန်ရှိသူပြော


မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တိုက်ခိုက်မှုများတွင် မြန် မာလုံခြုံရေး တပ်ဖွဲ့နှင့် တပ်မ တော်မှာ လုံးဝ မအမှားအယွင်း မရှိခဲ့ဘဲ မိမိပိုင်နက်ကို လက်နက် ကိုင်တပ်ဖွဲ့များ ကျူးကျော်လာ ခြင်းကြောင့် ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို အ ထိအခိုက်မခံလိုသည့် မြန်မာနိုင်ငံ ၏ မူဝါဒအရ ပြဿနာကို သံတမန်နည်းဖြင့် အေးချမ်းစွာဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကမ်းလှမ်းထားကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံက ပစ်ခတ်ဖမ်းဆီးရမိခဲ့သော ရုပ်အ လောင်းမှာ RSO တပ်ဖွဲ့ဝင်ဖြစ် ကြောင်း သိသော်လည်း တစ်ဖက် က BGB ဟု ပြောကာတောင်းနေသဖြင့် ရေရှည်နယ်စပ်တည်ငြိမ်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကုန်သွယ်ရေးတို့ကို ရှေးရှု၍ အ လောင်းကို ယနေ့နံနက် (မေလ ၃၁ ရက်) တွင် ဘင်္ဂလားဒေ့ရှ်သို့လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက အတည်ပြုပြောကြားသည်။

တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်သမားများ စက်ရုံထဲသို့ ၀င်ခွင့်မရဘဲ ဒုက္ခသည်စခန်းတွင် ဆက်လက်နေထိုင်ရပြီး စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်ပေါ်

Photo: တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်သမားများ စက်ရုံထဲသို့ ၀င်ခွင့်မရဘဲ ဒုက္ခသည်စခန်းတွင် ဆက်လက်နေထိုင်ရပြီး စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်ပေါ်
Sunday, June 1, 2014

တရုတ်နိုင်ငံသားပိုင် စဥ့်ကိုင်မြို့နယ်ရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အလုပ်သမားများအနေဖြင့် လက်ရှိအချိန်အထိ စက်ရုံထဲသို့ ပြန်ဝင်ခွင့်မရသေးဘဲ ဒုက္ခသည်စခန်းတွင် ဆက်လက်နေထိုင်နေရပြီး စားဝတ်နေရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။
 
အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် အလုပ်ရှင်နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း  အလုပ်သမားများ စက်ရုံအတွင်း ပြန်လည်ဝင်ရောက်ခွင့်ရရေး အချက်ကိုပင် အလုပ်ရှင်နှင့် ညှိနှိုင်းမရဘဲ  ဖြစ်နေကြောင်း သိရသည်။
 
“ဒီအလုပ်သမားတွေက ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားတွေပါ။ အခု ဒုက္ခသည်စခန်းမှာ စားဝတ်နေရေးအတွက် တော်တော်လေးကို အခက်အခဲဖြစ်နေတယ်။ ညဘက်အိမ်ရင်တောင် ခြင်ထောင်မရှိဘူး။ တစ်နေ့က အလုပ်သမားဝန်ကြီးဌာနက ညွှန်ချုပ်ဒေါက်တာ သန်းဝင်းက ဒုက္ခသည်စခန်းကို ရောက်လာတယ်။ လူတွေက များလှချည်လား ရွာသားတွေကိုပါ ဆွဲထည့်ထားတာလို့လည်း မေးတယ်။ ဘယ်ရွာသားက ဒီထဲကို လာထိုင်မလဲ။ ဦးသန်းဝင်း ကိုယ်တိုင်အလုပ်ရှင်နဲ့ သုံးကြိမ်ဆွေးနွေးခဲ့ပေမယ့် အခုအချိန်အထိ အလုပ်သမားတွေက စက်ရုံထဲဝ င်ခွင့်မရသေးဘူး။ သူတို့က သပိတ်စခန်းဖွင့် တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒုက္ခသည်စခန်းဖွင့်တာပါ။အခြေအနေက အရေးပေါ်ဖြစ်နေတယ်။ ဒီတိုင်းဆက်နေလို့ အဆင်မပြေဘူး။ မြို့နယ်မှာ ညိနှိုင်းလို့အဆင်မပြေလို့ ခုံသမာဓိကို ဆက်တက်မယ်လို့ ပြောတယ်။ ခုံသမာဓိကို ဆက်တက်မယ်ဆိုရင် တော်တော်ကြာမှာဆိုတော့ အလုပ်သမားတွေက အဲ့ဒီအချိန်အထိ တောင့်ခံနိုင်မှာမဟုတ်ဘူး” ဟု  မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ ဥက္ကဌ ဦးအောင်လင်းက ပြောကြားသည်။
 
အဆိုပါ သစ်အချောထည်စက်ရုံမှ အလုပ်သမားများအနေဖြင့် မေ ၂၇ ရက်တွင် သတင်းစာရှင်းလင်းပွဲ တစ်ခုကို ရန်ကုန်မြို့ရှိ ကျောက်မြောင်းမြို့နယ်၌ ပြုလုပ်ခဲ့ပြီး အလုပ်ရှင်သည် အလုပ်ရှင်အလုပ်သမား စာချုပ်မချုပ်ဆိုဘဲ အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ကြောင်း ပြောကြားသည်။
 
အဆိုပါ စက်ရုံတွင် မေ ၁၉ ရက်က လုပ်သက်ရင့် ဝန်ထမ်းများကို အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်ချုပ်တွင် အတင်းအဓမ္မ လက်မှတ်ရေးထိုးခိုင်းခဲ့ပြီး လက်မှတ်မထိုးပါက အလုပ်ထုတ်မည်၊ ဖမ်းဆီးထောင်ချမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ မေ ၂၁ ရက်တွင်မှု လတ်မှတ်မထိုးသည့် အလုပ်သမား ၇ဝဝ ခန့်ကို အလုပ်ရှင်မှ ပြည်သူ့ရဲများ၊လုံခြုံရေးများ ပူးပေါင်းကာ စက်ရုံအပြင်သို့ ဆွဲထုတ်ခံခဲ့ရပြီး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် အလုပ်သမား ၇ဝဝ ခန့်သည် ယင်းတို့အလုပ် လုပ်ကိုင်နေသည့် စက်ရုံနှင့် ခုနစ်မိုင်ခန့် ကွာဝေးသည့်  ရှမ်းကန်ရွာဦးဘုန်းကြီးကျောင်းတွင်  ဒုက္ခသည်စခန်း ဖွင့်လှစ်နေထိုင်နေရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အလုပ်သမား မေ ၂၇ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
Eleven Media Group

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အလုပ်သမား မေ ၂၇ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
တရုတ်နိုင်ငံသားပိုင် စဥ့်ကိုင်မြို့နယ်ရှိ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အလုပ်သမားများအနေဖြင့် လက်ရှိအချိန်အထိ စက်ရုံထဲသို့ ပြန်ဝင်ခွင့်မရသေးဘဲ ဒုက္ခသည်စခန်းတွင် ဆက်လက်နေထိုင်နေရပြီး စားဝတ်နေရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။

ကျူးကျော်လာသော ရန်သူကို ပြန်လည်တုံ့ပြန်ရန် အင်အားအပြည့်အ၀ရှိဟု တာဝန်ရှိသူတစ်ဦးပြော

Photo: ကျူးကျော်လာသော ရန်သူကို ပြန်လည်တုံ့ပြန်ရန် အင်အားအပြည့်အ၀ရှိဟု တာဝန်ရှိသူတစ်ဦးပြော
Sunday, June 1, 2014

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမျဉ်းကို ကာကွယ်စောင့်ရှောက်နေသည့် မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ နောက် တွင် တပ်မတော်က အသင့်ရှိနေ ပြီး မည်သည့်ကျူးကျော်လာသော ရန်ကိုမဆို ပြန်လည်တုံ့ပြန်နိုင် သည့် အင်အားအပြည့်အ၀ရှိ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

‘‘အင်အားကို နာရီပိုင်းအ တွင်း တိုးမြှင့်နိုင်တဲ့အနေအထား ရှိပါတယ်။ အခြေအနေကတော့ သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ ရိုးသားလို့ရှိရင်တော့ အဆင်ပြေမှာပါ။ သူတို့ဘက်က နိုင်ငံရေးအမြတ်ထုတ်ရင်တော့ တစ်မျိုးပေါ့’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး အဆင့်တာဝန်ရှိသူအရာရှိကြီး တစ်ဦးက7 Day Daily အား ပြောကြားသည်။

ယခုလတတိယပတ် နံနက် ၉ နာရီ ၇၀ မိနစ်က ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)အင်အား ခြောက်ဆယ်ခန့်သည် မောင်တောမြို့နယ် နယ်စပ် မိုင်တိုင်အမှတ် (၅၂) အနီး ကင်း စခန်းကို ၀င်ရောက်ပစ်ခတ်တိုက် ခိုက်မှုကြောင့် မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့မှ ရဲတပ်သား လေးဦးကျဆုံးကာ အရာရှိတစ်ဦးဒဏ်ရာရ၍ လက်နက်နှစ်လက်ပျောက်ဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ မေလ ၂၁ ရက်က နယ် စပ်မှတ်တိုင် (၅၁) အနီး ရဲကင်း တစ်ခုတွင် နယ်ခြားစစ်တပ်နှစ် ဖက်တွေ့ဆုံဆွေးနွေးရာ ဘင်္ဂ လားဒေ့ရှ်မှ တာဝန်ခံမှုမရှိသောကြောင့် နှစ်ဖက်တင်းမာမှု ဖြစ်ပွားပြီး တစ်ဖက်နှင့် တစ်ဖက် ခြောက်လှန့်ပစ်ခတ်သည်အထိ ဖြစ်ခဲ့သည်။

မေလ ၂၈ ရက်တွင် မြန်မာ ပိုင်နက်နယ်စပ် ပေ ၈၀ ခန့် အ ကွာအဝေးအထိ အ၀ါရောင် ပြောက်ကျားဝတ်စုံဝတ်ဆင်ထား သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင် နှစ်ဦး ခိုးဝင်လာသောကြောင့် ကင်းပုန်းဝပ်ကာ လုံခြုံရေးယူနေ သည့် တပ်ဖွဲ့က ပစ်ခတ်ခဲ့၍ ခိုးဝင်လာသည့် လက်နက်ကိုင်တစ်ဦး ကျဆုံးခဲ့သည်။

ထိုအခါမှ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ကျဆုံး သွားသည့် လက်နက်ကိုင်မှာ ၎င်း တို့တပ်ဖွဲ့ဝင်ဖြစ်ကြောင်း အ ကြောင်းကြား၍ လက်နက်နှင့် အတူ ပြန်လည်အပ်နှံရန် တောင်း ဆိုခဲ့ရာ မေလ ၃၁ ရက် နံနက်တွင် အလောင်းနှင့် သေနတ်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့အမှတ် (၁) မှ သတင်းရရှိသည်။

‘‘ဟိုဘက်က အဖွဲ့ကတော့ RSO ဆိုတာ သေချာတယ်။ ဟို ဘက်က အားပေးထောက်ခံမှုပါ လားဆိုတာတော့ ပြောရခက် တယ်။ သူတို့ကတော့ သူတို့နိုင်ငံ ထဲမှာ မရှိပါဘူးငြင်းထားတာပဲ။ သူတို့ခွင့်မပြုဘဲ RSO က သူတို့ နိုင်ငံထဲမှာ နေလို့မရပါဘူး။ ခြံ စည်းရိုးနားကပ်လာတယ်ဆိုက တည်းက ကိုယ့်ပိုင်နက်ထဲကပ် လာတာပါပဲ’’ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိကြီးတစ်ဦး ကပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်မှ ဒုတိယရဲမှူးကြီးမင်းအောင် ကလည်း ‘‘သဘောရိုးမှန်ရင် သောင်းကျန်းသူရှိတဲ့ နေရာကို ၀င်လာစရာအကြောင်းမရှိဘူး လေ။ မတည်မငြိမ်ဖြစ်နေတဲ့ နေ ရာကို ၀င်လာတာကြောင့် နယ်စပ်လုံခြုံရေးအရပစ်ခဲ့ပြီး သေဆုံး တော့မှသာ သူတို့လူလို့ ပြောတာ ပါ’’ဟု မှတ်ချက်ပေးထားသည်။

လွန်ခဲ့သည့် ရခိုင်ပဋိပက္ခ ဖြစ်စဉ်များကတည်းက စစ်တပ် ကို ရခိုင်ပြည်နယ်တွင် တိုးမြှင့် ချထားပေးပြီး ပင်လယ်ပြင်ရှိ ရေ တပ်စခန်းဌာနချုပ်တွင်လည်း ဒုံး ပျံတင်သင်္ဘောများ အသင့်အနေ အထားဖြင့် အမြဲရှိနေကာ မြန်မာ့ တပ်မတော်(ရေ)ကလည်း ရေပြင်ပစ်သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်တစ်လုံးကို ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံးအကြိမ် စမ်းသပ်ပစ်ခတ်ပြခဲ့သည်။

‘‘ပိုင်နက်ကိစ္စနဲ့ ပတ်သက် လာရင် မြန်မာ့ရေထု၊ မြေထုကို တစ်လက်မမှ အထိမခံဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က သဘောထားရှိပါတယ်။ အဲဒီအတွက် တပ်ချုပ်က အ ကောင်းဆုံးစီစဉ်သွားမှာပါ’’ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ် မှူးကြီးတစ်ဦးကပြောသည်။

နိုင်ငံတော်သမ္မတရုံး ညွှန် ကြားရေးမှူး ဦးဇော်ဌေးကလည်းဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် မိမိနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ ကြောင်း၊ မိမိနိုင်ငံပိုင်နက်နယ်မြေ သို့ ၀င်ရောက်လာသည့် RSO ဟု ယူဆရသော လက်နက်ကိုင်များ သာဖြစ်ကြောင်း၊ မိမိတပ်ဖွဲ့များ အမှားမရှိပါဘဲ လက်မောင်းတံ ဆိပ်မပါ ပြောက်ကျားဝတ်စုံ အ၀ါဝတ်လက်နက်ကိုင်များ မိမိနယ် မြေသို့ ၀င်ရောက်လာ၍ ဖြစ်ပွား ရခြင်းသာဖြစ်ကြောင်း၊ နှစ်နိုင်ငံ အထင်လွဲမှားမှုမရှိစေရန် သံတ မန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည် ဟု မျှော်လင့်ထားကာ စိုးရိမ်ပူပန် မှုများမရှိစေလိုကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားထုတ်ပြန်ခဲ့သည်။

ဘူးသီးတောင်-မောင်တောဒေသကို ယခင်မူဂျာဟစ် သူပုန်အဖွဲ့မှ နာမည်ပြောင်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ RSO အဖွဲ့က လက်နက်အပြည့်အစုံဖြင့် ခြေကုပ်ယူထားမှုကြောင့် ၁၉၉၄ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးမောင်ကို ဦးဆောင်၍ ခြေမြန်တပ်ရင်း (၃၄၆) က မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာအနီးတစ်ဝိုက်နှိမ်နင်းချေမှုန်းမှုများပြုလုပ် ခဲ့ရသည့် သမိုင်းကြောင်းရှိခဲ့ဖူးသည်။

‘‘အဲဒီတုန်းက ရခိုင်ရိုးမမှာ တောတောင်တွေ ထူထပ်တယ်။ ကျွန်တော်တို့က ပုတ်ပြတ်စစ်ဆင် ရေးနဲ့ချခဲ့တာ။ တစ်လခွဲလောက် ကြာခဲ့တယ်။ နောက်ဆုံးနတ်မြစ် ကို လက်ပစ်ကူးပြီး ထွက်ပြေးတဲ့ သူတွေလည်းရှိတယ်။ အဓိကက တော့ ဘူးသီးတောင် - မောင် တောကို သူတို့ခြေကုပ်ယူချင် တာ’’ဟု ယင်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် တပ်မတော်အရာ ရှိတစ်ဦးကပြောပြသည်။

ယင်းအချိန်က RSO အဖွဲ့ ၀င်တစ်ရာနီးပါးနှင့် တင့်ကား ဖျက်၊ လေယာဉ်ဖျက်လက်နက် များအပါအ၀င် လက်နက်ခဲယမ်း အမြောက်အမြားကို အလယ်သံ ကျော်ကျေးရွာအနီး လျှိုမြောင် များအတွင် မြန်မာ့တပ်မတော်က သိမ်းဆည်းရမိခဲ့သည်။ ထိုစဉ်ကလည်း ဘင်္ဂလား ဒေ့ရှ်အစိုးရသည် ယင်းဖြစ်စဉ်နှင့်  ပတ်သက်၍ မှတ်ချက်တစ်စုံတစ် ရာမပေးခဲ့ပေ။

ယခုလတ်တလောတွင် မြန် မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအရေး ကို လူအများစိတ်ဝင်စားမှုမြင့် တက်နေပြီး လူမှုကွန်ရက်အွန် လိုင်းစာမျက်နှာများတွင် တက်ကြွသည့် စာသားများကို ရေးသား လျက်ရှိသည့်အပြင် ကောလာဟ လသတင်းမှား လွှင့်ထုတ်မှုများ လည်းရှိနေခဲ့သည်။

မေလ ၃၀ ရက်က ဘင်္ဂလား ဒေ့ရှ်ပိုင်နက် နတ်ချောင်းစရီရဲစ ခန်းတွင် သေဆုံးသူရုပ်အလောင်းနှင့် လက်နက်ကို မြန်မာနယ်ခြားစောင့်ရဲက ပြန်အပ်စဉ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က တင့်ကား ခြောက်စီးဖြင့် အင်အားပြသည့် ပုံစံမျိုးပြုလုပ်ခဲ့ကြောင်း အမှတ် (၁) နယ်ခြား စောင့်လုံခြုံရေးရဲအရာရှိတစ်ဦးကပြောသည်။ ယင်းညနေက ၄၅ မိနစ်ကြာမျှ ပစ်ခတ်မှု အမှန်တကယ်ဖြစ်ပွားခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက်စကားပြောစက်နှင့် ချိတ်ဆက်၍ တိုက်ပွဲကို ရပ်တန့်ခဲ့ရကြောင်း သိရသည်။

‘‘အလောင်းအပ်ဖို့လုပ်နေ တုန်း ဘယ်အဖွဲ့မှန်းမသိရတဲ့ လက်နက်ကိုင်အဖွဲ့ကနေ သေ နတ်နဲ့စပစ်တယ်။ ဒီဘက်က လည်း ပြန်ပစ်တော့ BGB ဒုတိယ ဗိုလ်မှူးကြီးတစ်ယောက်က တိုက် ပွဲရပ်ဖို့ စက်နဲ့ လှမ်းပေါက်တယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ ဘူး။ ပစ်ခတ်မှုမဖြစ်ခင်မှာ အ လောင်းရော၊ သေနတ်ရော ပေး ထားပြီးလို့ နောက်ထပ်ဇယား မရှုပ်တော့တာ။ ဒီနေ့ကတော့ ငြိမ်နေတယ်’’ဟု အဆိုပါရဲအရာရှိ ကပြောသည်။

 ထို့အပြင် နယ်စပ်တစ် လျှောက် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်ရဲတပ်ဖွဲ့က အင်အားတိုးချဲ့ ထားသည့် သတင်းများအခိုင်အ မာရရှိထားကြောင်း အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ် သည့် တပ်မတော်အရာရှိတစ်ဦး ကပြောသည်။ ထို့အပြင် မောင် တောနယ်စပ်တစ်လျှောက် ဘင်္ဂ လားဒေ့ရှ်ဘက်ခြမ်းတွင် ပုံမှန် ထက်ပိုသော လှုပ်ရှားမှုများတွေ့ နေရပြီး မောင်တောဒေသလုံခြုံ ရေးအတွက် အသင့်အနေအထား ရှိနေရန် ညွှန်ကြားထားသည်ကို သိရကြောင်း ကာကွယ်ရေးဝန် ကြီးဌာနမှ အရာရှိတစ်ဦးက ပြော ပါသည်။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကင်းလှည့်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − HlaOo's Blog)
7Day Daily
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကင်းလှည့်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − HlaOo's Blog)
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမျဉ်းကို ကာကွယ်စောင့်ရှောက်နေသည့် မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ နောက် တွင် တပ်မတော်က အသင့်ရှိနေ ပြီး မည်သည့်ကျူးကျော်လာသော ရန်ကိုမဆို ပြန်လည်တုံ့ပြန်နိုင် သည့် အင်အားအပြည့်အ၀ရှိ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ရန်ကုန်မြို့အနီး တွံတေးမြို့ အနောက်တောင် ၁၀မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၇ ရှိ မြေငလျင်တစ်ခု လှုပ်ခတ်


ဇွန် ၁ ရက် နံနက် ၁၂ နာရီ ဝ၁ မိနစ် ၄၈ စက္ကန့်အချိန်၌ ရန်ကုန်မြို့အနီး တွံတေးမြို့ အနောက်တောင်ဘက် ၁ဝ မိုင်ခန့်အကွာ ကမ္ဘာအေးမြေငလျင်စခန်း၏ အနောက်တောင်ဘက် ၂၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာ စကေး ၄ ဒသမ ၇ ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခဲ့သည်။
အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် တွံတေးမြို့နှင့် အနီးတစ်ဝိုက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအချို့နှင့် ရန်ကုန်မြို့တို့တွင် သက်ရောက်မှုများ ရှိခဲ့ပြီး လှုပ်ခတ်ချိန် ၁၂ စက္ကန့်ခန့် ကြာမြင့်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊မြေငလျင်ဌာနခွဲ မှ သိရသည်။
မြေငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက“ငလျင်လှုပ်ခတ်ခဲ့တဲ့ အကြောင်းရင်းကိုတော့ လတ်တလော မသိရသေးပါဘူး။ လှုပ်သွားတာက ၁၂ စက္ကန့်လောက် ကြာပါတယ်။ ဗဟိုပြုတာက တွံတေးမြို့ အနောက်တောင်ဘက် ၁ဝ မိုင်လောက်အကွာ၊ ကမ္ဘာအေးမြေငလျင်စခန်းရဲ့ အနောက်တောင်ဘက် ၂၇ မိုင် လောက်အကွာအဝေးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တယ်။ အင်အားအနည်းငယ်ရှိတဲ့ငလျင် ဖြစ်ပါတယ်။ ရစ်ခ်ျတာစကေးက ၄ ဒသမ ၇ ရှိပါတယ်”ဟု နံနက် ၁၂ နာရီ ၄၅ မိနစ်တွင် ပြောကြားသည်။