Wednesday, February 18, 2015

ကြက်ခြေနီများကို ပစ်မှတ်အဖြစ် တိုက်ခိုင်းခြင်းမပြုရန် မေတ္တာရပ်ခံ

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စေတနာလုပ်အားရှင် ၂ ဦးသည် ဖေဖော်ဝါရီလ ၁၇ ရက်အင်္ဂါနေ့တွင် လောက်ကိုင်ဒေသမှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်သူများကို မော်တော်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးစဉ် ပစ်ခတ်တိုက်ခိုက်ခံရ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကြက်ခြေနီများကို ပစ်မှတ်အဖြစ် တိုက်ခိုက်ခြင်းမပြုရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းက မေတ္တာရပ်ခံလိုက်ကြောင်း သိရှိရသည်။
ထိုမတော်တဆမှုသည် ကွမ်လုံမြို့နယ်နှင့် ချင်းရွှေဟော်မြို့နယ်တို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စေတနာလုပ်အားရှင် နှစ်ဦးတွင် တစ်ဦးမှာ ဦးခေါင်းပိုင်းတွင်လည်းကောင်း၊ တစ်ဦးမှာ ဝမ်းဗိုက်ပိုင်း တွင် လည်းကောင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ယခုအခါတွင် စေတနာလုပ်အားရှင် နှစ်ဦးလုံးသည် ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ နေလျက်ရှိပြီး ၄င်းတို့အနက် ဦးခေါင်းဒဏ်ရာ ရရှိသူ တစ်ဦးမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်းနှင့် ၄င်းတို့၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာ မရှိကြောင်းသိရှိရသည်။

ရေနံချောင်း မြို့မဈေးကြီး မီးလောင်မှု ဆိုင်ခန်းပေါင်း သုံးရာကျော် ဆုံးရှုံး

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မြို့မ (မြောက်) ရပ်ကွက် လမ်းမတော်လမ်းရှိ ရေနံချောင်း မြို့မဈေးကြီးတွင် ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာမှ ဈေးဆိုင်ခန်း ၃၁၂ ခန်း မီးလောင် ဆုံးရှုံးခဲ့ကြောင်း မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

“တစ်ဈေးလုံးနီးပါး မီးလောင်တာ။ နံနက်လေးနာရီ ထိုးခါနီးမှ မီးငြှိမ်းနိုင်ခဲ့တယ်။ မီးလောင်မှုရဲ့ အကြောင်းအရင်းကို ခုထိ ဘာမှ မသိရသေးတာကြောင့် မီးသတ်နဲ့ ရဲပူးပေါင်းပြီး စုံစမ်းစစ်ဆေးနေတယ်” ဟု ရေနံချောင်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရေပုတ်သင် စားသုံးမှုနှင့် ပတ်သက်၍ တရုတ်တွင် ရဲချုပ်တစ်ဦးကို အလုပ်ဖြုတ်


တရုတ်နိုင်ငံတောင်ပိုင်းရှိ ရှန် ကျန်းမြို့တွင် မျိုးသုဉ်းပျောက်ကွယ် တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေ ရသည့် ကြီးမားသော ရေပုတ်သင် တစ်ကောင်ကို စားသုံးနေသော အရာရှိအဖွဲ့ကို ဓာတ်ပုံရိုက်ယူရန် ကြိုးပမ်းခဲ့သော သတင်းထောက် များကို ဝိုင်းရိုက်နှက်မှုနှင့် ပတ်သက် ၍ ရဲချုပ်တစ်ဦးကို အလုပ်ဖြုတ်လိုက် ကြောင်း The Straits Times သတင်း အရ သိရသည်။
အရာရှိအဖွဲ့သည် ပင်လယ်စာ စားသောက်ဆိုင်တစ်ဆိုင်တွင် ကမ္ဘာ့ အကြီးမားဆုံး ကုန်းနေရေနေ သတ္တဝါ ဖြစ်သော ရေပုတ်သင်ကို စားသုံး ကြောင်း စွပ်စွဲခံခဲ့ရသည်ဟု ပြီးခဲ့ သောလက ပြည်တွင်းမီဒီယာများ တွင် ဖော်ပြခဲ့သည်။

အီရတ်တွင် လူ ၄၅ ဦးအား အိုင်အက်စ်တို့က အရှင်လတ်လတ်မီးရှို့ သတ်

အီရတ်နိုင်ငံ အနောက်ပိုင်း အယ်လ်ဘဂ္ဂဒါဒီမြို့တွင် အိုင်အက်စ်တို့က လူ ၄၅ ဦးကို အရှင်လတ်လတ်မီးရှို့ သတ်ပစ်ခဲ့ကြကြောင်း ဌာနေရဲ အကြီးအကဲဖြစ်သူက ပြောသည်။ထိုသို့ အသတ်ခံရသူများသည် မည်သူ မည်ဝါများ ဖြစ်သည်နှင့် မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ခြင်းကို သေချာ မသိရ သေးသော်လည်း ရဲမှူးကြီး ကာဆင်အယ်လ်အိုဘိုင်ဒီက အသတ်ခံရသူများတွင် လုံခြုံရေး တပ်သားများလည်း ပါဝင်ဖွယ်ရှိကြောင်း ပြောသည်။

အထည်ချုပ်လုပ်သား၂၀၀ဝခန့်၏ အလုပ်သမားသပိတ်စစ်ကြောင်း ညှိနှိုင်းခြင်း


ပြေလည်မှုမရ၊ ဆက်လက်ဖြေရှင်းပေးမည့်အခြေအနေကို စောင့်ဆိုင်း မည်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇-အထည် ချုပ်လုပ်သား ၂၀၀ဝခန့် ပါဝင်သည့် အလုပ်သမား သပိတ်စစ်ကြောင်း သည် သုံးပွင့်ဆိုင်ညှိနှိုင်းခြင်း ပြေ လည်မှုမရသော်လည်း စစ်ကြောင်း ပိတ်သိမ်းပြီး မူလ ဆန္ဒပြတောင်းဆို နေသည့် စက်ရုံများရှေ့တွင် ပြန်လည်တောင်းဆိုကာ ညှိနှိုင်းဖြေရှင်း ပေးမည့် အခြေအနေကို ဆက်လက် စောင့်ဆိုင်းသွား မည်ဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများမှ သိရသည်။

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း ရက်ပိုင်းအတွင်း လွှတ်တော်တင်ဖွယ်ရှိ


နိုင်ငံတော်သမ္မတက အတည်ပြု ပြဋ္ဌာန်းထားသည့် အမျိုးသား ပညာရေးဥပဒေကို ကျောင်းသားများ တောင်းဆိုထားသည့် အတိုင်း ပြန်လည် ပြင်ဆင် ရေးဆွဲထားသော ပြင်ဆင်ရေး ဥပဒေကြမ်းကို ယခုရက်ပိုင်းအတွင်း ပြည်သူ့လွှတ်တော်သို့ တင်သွင်း ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က The Voice သို့ပြောကြားသည်။

အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းအတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော်ရှိ ဇမ္ဗူသီရိ အစည်းအဝေးခန်းမ၌ တံခါးပိတ် အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

လောက်ကိုင်မှ ပြန်လာသော ကြက်ခြေနီ ယာဉ်တန်း ပစ်ခတ်ခံရ

လောက်ကိုင်ဒေသအတွင်း ကျန်ရှိနေသော စစ်ဘေး ဒုက္ခသည်များကို ကယ်ဆယ်သည့် ကြက်ခြေနီ ယာဉ်တန်းမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ချင်းရွှေဟော်မြို့နှင့် လောက်ကိုင်မြို့အကြား လမ်းပေါ်တွင် ပစ်ခတ်ခံရပြီး ယာဉ်မောင်းနှင့် ကြက်ခြေနီတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း ကွမ်းလုံမြို့နယ် ကြက်ခြေနီအဖွဲ့ဝင် ဦးကျော်ဇောက ပြောကြားသည်။
“တောင်ခါးပန်း အကွေ့အနား အရောက်မှာ သေနတ်သံ စကြားတယ်၊ လေကာမှန်ကို ဖောက်ပြီး ပထမဆုံး ကားသမားကိုထိတယ်၊ နောက်ပြီး ဘေးကထိုင်တဲ့ တစ်ယောက် ဗိုက်ကို ထိတယ်” ဟု ၎င်းကဆိုသည်။
ထိခိုက်ဒဏ်ရာ ရရှိသူများကို ယာဉ်တန်းနှင့်အတူ ပါလာသော သတင်းထောက်များ အကူအညီဖြင့် ပြန်လည် သယ်ယူလာခြင်း ဖြစ်ကြောင်း ဦးကျော်ဇောက ထပ်လောင်းပြောကြားသည်။

ဘလုတ်ညွန့်ရပ်ကွက် မီးဘေးသင့် အိမ်ထောင်စုများကို နေအိမ်များ ပြန်လည် ဆောက်လုပ်ပေးမည်


အိမ်ခြေ ၂၅၀ ကျော် ဆုံးရှုံးခဲ့ရသော ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ဘလုတ်ညွန့် ရပ်ကွက် တစ်ခုလုံးနီးပါး မီးလောင်ကျွမ်းမှုတွင် မီးဘေးဒုက္ခသည် ၂၀၀၀ ကျော် ပြန်လည် နေထိုင်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် နေအိမ်များ ပြန်လည် ဆောက်လုပ်ပေးနိုင်ရန် စီစဉ်နေကြောင်း ကြည့်မြင်တိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်ကျောဝင်းက ပြောကြားသည်။
နေအိမ် မီးလောင်ကျွမ်းမှုကြောင့် ခိုကိုးရာမဲ့နေသော မီးဘေး ဒုက္ခသည်များကို သာသနာ့ရောင်ခြည် ခါတော်မီ ကျောင်းတိုက်ရှိ ဓမ္မာရုံနှင့် ကန်သာအေး ဘုန်းကြီးကျောင်း ဓမ္မာရုံတို့တွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားကြောင်း၊ လတ်တလောတွင် မြို့နယ်ပေါင်းစုံမှ အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိပြီး တိုင်းဒေသကြီး အစိုးရထံ နေအိမ်များ အမြန်ဆုံး ဆောက်လုပ် ပေးနိုင်ရေးအတွက် တင်ပြရန် မီးလောင် ဆုံးရှုံးခဲ့သော နေအိမ်များနှင့် မိသားစုဝင်များ စာရင်းများကို ကောက်ယူလျက် ရှိသည့်အပြင် ပြန်လည် ထူထောင်ရေးအတွက် အလှူငွေများကို လက်ခံလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဘိုမရုပ်မျက်နှာနဲ့ ဗလအလွန်တောင့်သူ ရုရှားက မိန်းမပျို


ကမ္ဘာပေါ်မှာရှိတဲ့ မိန်းကလေးအများစုက ကိုယ့်ရဲ့မျက်နှာ ဖြူစင်ဝင်းမွတ်နေပြီး သေးသွယ်ကျော့ရှင်းတဲ့ ခန္ဓာကိုယ်မျိုးကိုပဲ အလိုရှိတာဖြစ်ပေမယ့် ရုရှားမှာနေတဲ့ ဆယ်ကျော်သက်မိန်းလေး Julia Vins ကတော့ ဒီလိုမဟုတ်ပါဘူး။ အသက် ၁၈ နှစ်အရွယ် Vins ရဲ့မျက်နှာဟာ ဘိုမရုပ်လေးတစ်ရုပ်လို လှပကျော့ရှင်းပေမယ့် ခန္ဓာကိုယ်ကတော့ လူသန်ကြီးဇာတ်ကားထဲကဇာတ်ကောင် Hulk လိုမျိုး ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ 

အနောက်ဗာဂျီနီးယားတွင် ရေနံစိမ်းတင်ရထားလမ်းချော်ရာ မြို့တစ်မြို့မှ လူများကို နေရာရွှေ့ပြောင်းထားရ


အမေရိကန်ပြည်ထောင်စု အ ရှေ့ပိုင်းရှိ အနောက်ဗာဂျီနီးယား ပြည်နယ်တွင် ဖေဖော်ဝါရီ ၁၆ရက် ၌ ရေနံစိမ်းများတင်ဆောင်မောင်း နှင်သည့် ကုန်တင်ရထားတစ်စင်း သည် လမ်းချော်သွားရာ ဧရာမမီး လျှံမီးတောက်ကြီးဖြစ်ပေါ်လာ ကြောင်း၊ မြစ်ထဲသို့ ရေနံစိမ်းများ ဖိတ်ကျသောကြောင့် မြို့တစ်မြို့မှ လူများကို နေရာရွှေ့ပြောင်းပေးရ ကြောင်း အရာရှိများက ဆိုသည်။

ကမ္ဘာတစ်ပတ် နေ့ရောညပါ ငါးရက်ဆက်တိုက်ပျံသန်းမည့် ဆွစ်ဇာလန် နိုင်ငံမှ နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် မန္တလေးမြို့သို့ မတ် ရက်တွင် ရောက်ရှိမည်


စက္ကူထက်သုံးဆခန့် ပိုမိုပေါ့ပါးသော ကာဗွန် အမျှင်ပြားများနှင့် လူ့ဆံချည်မျှင်မျှရှိသော ဆိုလာဆဲလ်မျှင်များဖြင့် တီထွင်ထားသည့် ဆွစ်ဇာလန် နိုင်ငံမှ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် Solar Impulse- 2 သည် မန္တလေးမြို့သို့ မတ် ၈ ရက်တွင် ရောက်ရှိလာမည်ဖြစ်သည်။
ယင်းလေယာဉ်ခရီးစဉ်ကို ပင်လယ်ကွေ့ဒေသမှ စတင်မည်ဖြစ်ပြီး အာရေဗျပင်လယ်၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ ပစိဖိတ်သမုဒ္ဒရာ၊ အမေရိကန်ပြည်ထောင်စု၊ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ဥရောပတောင်ပိုင်း(သို့မဟုတ်) မြောက်အာဖရိက ဒေသတို့သို့ ဖြတ်သန်းမည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အရ အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းတွင်သာ ယင်းသို့ ရပ်နားမည်ဖြစ်သည်။
နေရောင်ခြည်စွမ်းအင်သုံးလေယာဥ Solar Impulse-1 ကို လေယာဉ်မှူးAndre' Borschberg ၏ ဦးဆောင်မှုဖြင့် အင်ဂျင်နီယာနှင့် နည်းပညာရှင် ၈ဝ တို့က တီထွင်ခဲ့ကြခြင်းဖြစ်သည်။ ယခု ခရီးစဉ် တွင်လည်း အဆိုပါလေယာဉ် မှူးAndre' Borschberg ဦးစီးသောအဖွဲ့ကပင် ပျံသန်းမောင်းနှင်မည်ဖြစ်သည်။

အက်ဖ်အေဖလား ကွာတားတွင် လက်ရှိချန်ပီယံ အာဆင်နယ်တို့ မန်ယူနှင့် ထိပ်တိုက်တွေ့ဆုံ


(လန်ဒန်)။ ။ မတ်လ ၇ ရက်နှင့် ၈ ရက်တွင်ကစားမည့် အက်ဖ်အေဖလား ကွာတားအဆင့်ပွဲစဉ်များ ထွက်ပေါ်လာခဲ့ရာ လက်ရှိချန်ပီယံအာဆင်နယ် အသင်းသည် မန်ယူနှင့် အဝေးကွင်းတွင် ရင်ဆိုင်ရမည် ဖြစ်သည်။ လီဗာပူးလ်အသင်းက ဘလက်ဘန်းကို အိမ်ကွင်းတွင် ကစားရမည်ဖြစ်ပြီး လိဂ်-၁ ကလပ်ဘရက်ဖို့ဒ်အသင်းက ရီးဒင်းနှင့်လည်း ကောင်း၊ အက်စတွန်ဗီလာအသင်းက ၀က်စ်ဘရွန်းအသင်းနှင့်လည်းကောင်း ကစားရမည်ဖြစ်သည်။ အက်ဖ်အေဖလားကွာတားအဆင့်သို့ မန် ယူ၊ လီဗာပူးလ်နှင့် အာဆင်နယ်တို့ သုံးသင်းလုံးတစ်ပြိုင်နက် တက်ရောက်နိုင်ခြင်းမှာ ၁၉၇၉ နောက်ပိုင်းပထမဆုံးအကြိမ်လည်းဖြစ်သည်။ ကွာတားဖိုင်နယ်အဆင့်တွင် ထိပ်တိုက်တွေ့ဆုံနေသည့် မန်ယူနှင့်အာဆင်နယ်တို့သည် ကာဒစ်ဖ်ကွင်းတွင် ၂၀၀၄-၀၅ ဗိုလ်လုပွဲအဖြစ် ရင်ဆိုင် ခဲ့ကြဖူးပြီး ပွဲချိန်တွင်းဂိုးမရှိ သရေကျကာ ပင်နယ်တီတွင် အာဆင်နယ်က ၅-၄ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ကမ္ဘာကို ဖြတ်နိုင်တဲ့ Death Star တည်ဆောက်မယ့် အမေရိကန် အစီအစဉ်

Death Star ကို သိကြပါသလား။ Sci-Fi (ခေတ်လွန်သပ္ဗံဇာတ်ကား) ကြည့်သူများ ဆိုရင် သိကြမှာပါ။ သူ့ကို Star War ရုပ်ရှင် အချို့မှာ Feature အဖြစ် ပါဝင်ပြီး လူတို့ နေထိုင်ရာ ဂြိုလ်အပြင် အခြားသော ဘယ် ဂြိုလ်ကို မဆို လေဆာ တစ်ချက်တည်းနဲ့ အဆိပ်ဆိပ် ပျက်ဆီးသွားအောင် တိုက်နိုင်တဲ့ အာကာသ စစ်ယာဉ်ကြီး တစ်မျိုး ဖြစ်ပါတယ်။
သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာတုန်းက ယင်းကဲ့သို့ ယင်းကို ဆောက်ဖို့အတွက် အမေရိကန်မှာ တောင်းဆိုမှု ပြုလုပ်ခဲ့ကြရာ လက်မှတ်ပေါင်း ၃ သိန်းကျော်ခဲ့ပါတယ်။ ယင်းပမာဏဟာ လွတ်တော်မှာ ဆွေးနွေးပြီး ဖြေရှင်းပေးရတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ တောင်းဆိုသူများ ရည်ရွယ်ချက်က ယင်း အာကာသ ယာဉ်ပျံ Death Star သာ တည်ဆောက်ရင် အမေရိကန် နိုင်ငံသားတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ တိုးလာမှာ ဖြစ်ကြောင်း ဆိုပါတယ်။ အဓိက ကတော့ အင်ဂျင်နီယာဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ပြီး ဒါကို တည်ဆောက်ရန် အမေရိကန် လွတ်တော်ထဲမှာတောင် ထောက်ခံသူများ ရှိခဲ့သတဲ့။

ကိုးကန့်ဒေသကို ပြန်လည်ရရှိအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း သမ္မတထံသို့ ဖုန်ကြားရှင်အဖွဲ့ အိတ်ဖွင့်စာ ပေးပို့

ကိုးကန့်အထူးဒေသကို ပြန်လည်ရရှိရန် မလွဲမသွေဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ အနေဖြင့် မြန်မာလူမျိုးကြီးဝါဒနှင့် လူမျိုးရေးခွဲခြားမှုများကို စွန့်လွှတ် ၍ ကိုးကန့်အပါအ၀င် တိုင်းရင်း သားအားလုံးကို တန်းတူညီမျှ အခွင့်အရေးပေးရန် တောင်းဆို ကြောင်း ဖုန်ကြားရှင်၏ ကိုးကန့် တပ်ဖွဲ့က သမ္မတထံ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့လိုက်သည်။

မြန်မာလူမျိုးများ၏ လူမျိုး ကြီးဝါဒကျင့်သုံးခြင်းမှာ ပြည်တွင်းနိုင်ငံရေးကို ရှုပ်ထွေးစေပြီး မ အောင် မြင်ကြောင်း၊ MNDAA အ ပါအ၀င် အခြားသောတိုင်းရင်း သားများက ယုံကြည်လက်ခံ ကြောင်း စာတွင် ဆက်လက်ဖော် ပြထားသည်။

ပစ်ခတ်မှုတွေရပ်တန့်ရန် ကိုးကန့်တိမ်းရှောင်အဖွဲ့ ကမ်းလှမ်း


ကိုးကန့်ဒေသမှာ လတ်တလော ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် တိမ်းရှောင်အဖွဲ့က သမ္မတထံ ကမ်းလှမ်း လိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်ထံ အိပ်ဖွင့်ပေးစာ ပေးပို့ခဲ့ တာဖြစ်ပြီး ကိုးကန့်ဟာ ပြည်ထောင်စုထဲက တိုင်းရင်းသား တမျိုးဖြစ်ကြောင်း၊ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ကိုယ့်အိမ်ကိုယ်ပြန်ကာ နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်ဝတ္တရားကို ပူးပေါင်း ဆောင်ရွက်လိုကြောင်း စာထဲမှာ ဖော်ပြပါတယ်။

ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်၊ အရေးပေါ် အခြေအနေ ကြေငြာ

ကိုးကန့်ဒေသတွင် ဖေဖော်ဝါရီ ၁၇ ရက်မှ စ၍ အရေးပေါ်အခြေအနေ ကြေငြာ လိုက်ပြီဖြစ်ပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
ကိုးကန့်ဒေသတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တရားစီရင်ခွင့်ဆိုင်ရာ လုပ်ပိုင်ခွင့်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အပ်နှင်းလိုက်ပြီ ဟု ဖေဖော်ဝါရီ ၁၇ရက် ည ၇ နာရီတွင် သမ္မတ၏ အမိန့်ဖြင့် ကြေငြာလိုက် သည်။
ထုတ်ပြန်ချက် အပြည့်အစုံမှာ -
စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခြင်း
၁။ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၁၅)ဖြင့် အရေးပေါ်အခြေအနေ ကြေညာထားသည့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသတွင် မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်း ငှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ)အရ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်လိုက်သည်။
၂။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် များနှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အပ်နှင်းလိုက်သည်။

ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကြက်ခြေနီယာဉ်တန်း ချင်းရွှေဟော်မြို့အနီး၌ ပစ်ခတ်ခံရ


လောက်ကိုင်ဒေသတွင် နေရပ်ဒေသသို့ ပြန်လည်ထွက်ခွာလာကြသူများနှင့် စစ်ဘေးရှောင် ဒုက္ခသည် များအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ယာဉ်တန်း ချင်းရွှေဟော် အနီး၌ ပစ်ခတ်ခံရကြောင်း သိရသည်။
ယနေ့မွန်းလွဲ ၁ နာရီကျော်ခန့်တွင် လောက်ကိုင်ဒေသမှ စစ်ဘေးရှောင်ဒုက္ခသည် ၁ဝဝ ကျော်အား မော်တော် ယာဉ် ခုနစ်စီးဖြင့် သယ်ဆောင်လာစဉ် ချင်းရွှေဟော်မြို့နှင့် ကိုးမိုင်ခန့်အကွာတွင် လက်နက်ငယ်များဖြင့် ငါးမိနစ်ခန့် ပစ်ခတ်ခံရပြီး ကွမ်းလုံမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ဦးမိုးကျော် ၅၂ နှစ်မှာ ဝမ်းဗိုက်ထိမှန်ဒဏ်ရာ နှင့် ဦးဇော်မင်းထိုက် ၃၉ နှစ်မှာ မျက်စိထိမှန်ဒဏ်ရာများ ရရှိခဲ့ကြသည်။
ထိခိုက်ဒဏ်ရာရသူများအား ကွမ်းလုံမြို့နယ်ဆေးရုံတွင် ဆေးဝါးကုသမှုများပြုလုပ်ပေးရာ ဦးမိုးကျော်၏ ဝမ်းဗိုက်ဒဏ်ရာအား ကုသနိုင်ခဲ့သော်လည်း ကိုဇော်မင်းထိုက်မှာ ကွမ်းလုံဆေးရုံ၌ မျက်စိဆရာဝန် မရှိသဖြင့် လားရှိုးဆေးရုံသို့ ဆက်လက် ပို့ဆောင်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

‘၀’ နှင့် မိုင်းလားတို့၏ ရပ်တည်မှု အပါအ၀င် အဖွဲ့ဝင်များစွာနှင့် ကွဲပြားမှုများ ရှိနေခြင်းက တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ဆောင်ရန် ကြီးမားသည့် စိန်ခေါ်မှု ဖြစ်နေ

“၀” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလား အဖွဲ့ (NDAA)တို့၏ ရပ်တည်မှု အပါအ၀င် အဖွဲ့ဝင်များစွာနှင့် တစ်ဖွဲ့ချင်းစီ၏ ကွဲပြားမှုများ ရှိနေခြင်းက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန်အတွက် ကြီးမားသည့်စိန်ခေါ်မှု ဖြစ်သည်ဟု ငြိမ်းချမ်းရေးဆွေးနွေးနေသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် များ၏ ပြောကြားချက်အရ သိရသည်။
၂ဝ၁၄ ခုနှစ် စက်တင်ဘာက ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲတွင် မပြေလည်မှုများ ရှိခဲ့ပြီးနောက် လက်ရှိအချိန်အထိ ထပ်မံညှိနှိုင်းရန် ဆွေးနွေးပွဲရက် မသတ်မှတ်နိုင်ခြင်းသည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်သည်ဟု KNU ဥက္ကဋ္ဌရုံးမှ ပဒိုစောတာမူလာက ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့ရှိ ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

ပင်မသပိတ်စစ်ကြောင်း ရန်ကုန်မြို့ထဲဝင်၊ မ၀င် ယနေ့ဆုံးဖြတ်ချက်ချမည်

လက်ပံတန်းမြို့သို့ ရောက်ရှိလာသော ပင်မသပိတ် စစ်ကြောင်းသည် ရန်ကုန်မြို့ထဲ သို့ ၀င်ရောက်မည့်အစီအစဉ်နှင့် ပတ်သက်၍ ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) တွင် လက်ပံတန်းမြို့၌ အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ် ချက်ချသွားမည်ဟု ပင်မသပိတ် ကျောင်းသားခေါင်းဆောင်များက ပြောသည်။
ရန်ကုန်မြို့သို့ ချီတက်လာ သော ပင်မသပိတ်စစ်ကြောင်း သည် ဖေဖော်ဝါရီ ၁၇ ရက်တွင် မင်းလှမြို့မှ လက်ပံတန်းမြို့သို့ ရောက်ရှိလာပြီး လက်ပံတန်းမြို့ ၌ သပိတ်စစ်ကြောင်းတစ်ရက် နားမည်ဖြစ်သည်။
‘‘လက်ပံတန်းမှာ တစ်ရက် နားပါမယ်။ ရန်ကုန်ထဲကို ၀င် ရောက်မယ့် အစီအစဉ်ရော၊ သပိတ်နဲ့ ပတ်သက်လို့ စည်းကမ်းပိုင်းတွေရော အကုန်လုံးနဲ့ ပတ်သက်ပြီး လက်ပံတန်းမှာ အစည်းအဝေးလုပ်သွားပါမယ်။ အဲဒီမှာ ဆုံးဖြတ်ချက်ချပါမယ်။ လောလောဆယ်တော့ ရပ်နားဖို့ အစီအစဉ်မရှိသေးပါဘူး’’ဟု ပင်မ သပိတ်ကျောင်းသားခေါင်း ဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေး သစ်က ပြောသည်။

တောင်ကုတ်တွင် လမ်းချဲ့ရန် မြေတူးရာမှ စစ်ကျန်ဗုံး ၄၆ လုံး တွေ့ရှိ


တောင်ကုတ်မြို့ နယ် ၀က်ကျိတ်ကျေးရွာအုပ်စု ၀ဲကြီးကျေးရွာရှိ ငွေတောင်ရေခဲစက် ဘေးလမ်းသွယ်ကို လမ်း ချဲ့ဖောက်လုပ်ရန် မြေတူးစဉ် စစ်ကျန်ဗုံး ၄၆ လုံးကို ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ရှိခဲ့ကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ သတင်း ရရှိသည်။
လမ်းချဲ့ခြင်း လုပ်ငန်းကို ထာဝရအောင်မြေ အများပိုင် ကုမ္ပဏီက မြေတူးစက်ဖြင့် တူး ဖော်စဉ် ရရှိခဲ့ခြင်းဖြစ်ပြီး ဗုံးတစ် လုံး၏ အရွယ်အစားမှာ အလျား ၁၈ လက်မ၊ လုံးပတ် ၁၀ လက်မ၊ ငှက်ပျောဖူးသဏ္ဌာန်ဖြစ်ကာ ဗုံး သီးများတွေ့ရှိကြောင်း ဆောက်လုပ်ရေးကုမ္ပဏီ လမ်းကြီးကြပ်ရေး တာဝန်ခံ ဦးခင်ဝေက သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ခေါင်းလောင်းတွေ့ပြီဆိုသော်လည်းတိုင်းအစိုးရအတည်မပြုသေး

ဓမ္မစေတီခေါင်းလောင်း တွေ့ရှိပြီဟု ရှာဖွေသူဦးကျော်ဝင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရကို အာမခံပြောကြားသော်လည်း ၎င်း၏ပြောကြားချက်အ ပေါ် အတည်ပြုလက်ခံထားခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့မှ သတင်းရရှိ သည်။
‘‘အခု အနေအထားနဲ့က တွေ့ပြီဆိုတာကို အစိုးရအဖွဲ့က အတည်မပြုသေးပါဘူး။ သူ့(ဦး ကျော်ဝင်း)ကိုသေချာအောင်ထပ် လုပ်ခိုင်းထားတယ်။ ၅၀ရာခိုင်နှုန်း လောက် သေချာလောက်ပြီဆိုရင် တော့ အစိုးရအဖွဲ့က လိုအပ်တဲ့ ပံ့ပိုးမှုတွေလုပ်သွားရမှာပေါ့’’ဟု ခေါင်းလောင်းဆယ်ယူမှုကို ကြီး ကြပ်နေသည့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဦးစောထွန်း အောင်မြင့်ကပြောသည်။
ကောင်းကင်ဂြိုဟ်တုဓာတ်ပုံ တွင် ခေါင်းလောင်းဟုယူဆရ သော ပုံရိပ်မှာ နှစ်လုံးတွဲဟုသိရပြီး ရေငုပ်သမားများနှင့်ရှာဖွေရာတွင် ကျောက်တုံးကြီးဟုသိရသဖြင့် ထပ်မံစမ်းသပ်ရဦးမည်ဖြစ်ကြောင်း ရှာဖွေနေသူ သင်္ဘောအ ရာရှိဟောင်းဦးကျော်ဝင်းကပြောသည်။

Saturday, February 14, 2015

မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးတို့အတွက် ရန်ကုန်တိုင်း အတွင်းသို့ သပိတ်စစ်ကြောင်းများ ၀င်ရောက်ခြင်း မပြုရန် အစိုးရ သတင်း ထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်



မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်နှင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ရန်ကုန်တိုင်းအတွင်းသို့ သပိတ်စစ်ကြောင်းများ ၀င်ရောက်ခြင်း မပြုရန် အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ သည်။
ဆန္ဒပြ ကျောင်းသားကျောင်းသူများ သိရှိနိုင်ရန်အတွက် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် ဖေဖော်ဝါရီ ၁၁ ရက်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ NNER ကိုယ်စားလှယ်များ၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသား ကိုယ်စားလှယ် များနှင့် လေး ပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းဆွေးနွေးရာတွင် တောင်းဆိုချက် (၁၁) ချက်နှင့် ပတ်သက်၍ နှစ်ဖက်သဘောတူညီချက်များ ရရှိခဲ့ကြပြီး ဖြစ်ကြောင်း၊ ထို့အပြင် အခြားသဘောတူညီချက်များကိုလည်း လိုက်လျောပေးထားပြီးဖြစ်၍ သပိတ် စစ်ကြောင်းများ ရန်ကုန်မြို့သို့ ဦးတည်ချီတက်ခြင်း မပြုရန် အဆိုပါ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားထားပြီးဖြစ်ကြောင်း ပါရှိသည်။ အဆိုပါ ဆွေးနွေးပွဲရလဒ်များကို ဆက်လက်အကောင် အထည် ဖော်ရန် အတွက် ဖေဖော်ဝါရီ ၁၄ ရက်တွင် လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံဆွေးနွေးရန်

စင်ကာပူတွင် မြန်မာအမျိုးသမီး အိမ်အကူတစ်ဦး တိုက်အမြင့် မှ ပြုတ်ကျေ သဆုံးမှုအပေါ် မိသားစုက သံသယ ရှိသည့်အတွက် အမှုမှန်ပေါ်ပေါက်ရေး အကူအညီ တောင်းခံ


စင်ကာပူတွင် မြန်မာအမျိုးသမီး အိမ်အကူတစ်ဦး တိုက်အမြင့်မှ ပြုတ်ကျေ သဆုံးခဲ့သည့်အပေါ် မိသားစုက သံသယ ရှိသည့်အတွက် အမှုမှန်ပေါ်ေ ပါက်ရေး အကူအညီ တောင်းခံထားကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင်းလင်းလူ့အဖွဲ့အစည်းမှ အလုပ်သမားရေးရာ တာဝန်ခံ မမာမာဦး က ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက စင်ကာပူသို့ အိမ်အကူအဖြစ် သွားရောက် လုပ်ကိုင်ခဲ့သည့် မတင်နီလာအောင်သည် နိုဝင်ဘာလ အကုန်က တိုက်အမြ င့်ပေါ်မှ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
“အလောင်း ဒီကိုရောက်လာတဲ့ အချိန်မှာ မှုခင်းဆရာဝန် စစ်ချက်တွေ မပါ လာဘူး။ ပြီးတော့ ခန္ဓာကိုယ်မှာလည်း နှိပ်စက်ထားတဲ့ ဒဏ်ရာတွေ တွေ့ တယ်။ အလုပ်လုပ်တဲ့ နေရာကတခြား သေတဲ့နေရာကတခြား ဖြစ်နေတယ်။ နောက် labour က မိသားစုကို လက်မှတ်ထိုးခိုင်းတဲ့ စာထဲမှာ သူ့ဘာသာသူ ခုန်ချေ သ တယ်ဆိုပြီး ပါတယ်။ ဒါကြောင့် မိသားစုဘက်က ဒီအမှုကို သံသယဖြစ်ပြီး ဘာကြောင့် သေရတယ်ဆိုတဲ့ အမှုမှန် ပေါ်ပေါက်ဖို့ လာရောက်အ ကူ အညီ တောင်းခံထားတာပါ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းနှင့် ပွင့်လင်းလူ့ အဖွဲ့အ စည်း က မမာမာဦးက ဆိုသည်။
“နောက်ဆုံးသိရတဲ့ သတင်းအရတော့ စင်ကာပူက မြန်မာသံရုံးမှာ မူခင်း စစ်ဆေးချက်ကို ဖတ်ပြမယ်လို့ သိရပါတယ်” ဟု ၎င်းက ဆက်လက်ြေ ပာကြား သည်။

ကျဆုံး အစိုးရ စစ်သည်များ၏ သားသမီးများ ပညာရေးအတွက် ဦးတေဇ သိန်း တစ်ထောင်လှူမည်



ရန်ကုန် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် အစိုးရ တပ်နှင့် ဖုန်ကြားရှင်ဦးဆောင်သည့် တပ်ပေါင်းစုတို့ ကြား ဖြစ်ပွား ခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးသွားသည့် အစိုးရစစ်သည်များ၏ သားသမီးများ ပညာရေးအတွက် ထူးဖောင်ဒေးရှင်၏ နာယကဖြစ်သူ ဦးတေဇမှ ငွေကျပ် သိန်းတစ်ထောင်လှူဒါန်းသွားမည်ဟု ထူးဖောင်ဒေးရှင်း၏ လူမှုကွန်ယက် စာမျက်နှာတွင် လွန်ခဲ့သည့် မိနစ်သုံးဆယ်က ရေးသားထားသည်။
“တိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြသော တပ်မတော်သားများအတွက် ထူးဖောင်ေ ဒးရှင်းမှ ကျန်ရစ်သော မိသားစုများနှင့် ထပ်တူ ဝမ်းနည်းေ ကြကွဲမိ ပါသည်” ဟုလည်း ထူးဖောင်ဒေးရှင်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသား ထားသေးသည်။

အမေရိကန်စစ်သည်များ ရှိနေသည့် လေတပ်စခန်း တစ်ခုအနီးရှိ မြို့တစ်မြို့ကို အိုင်အက်စ်တပ်များ သိမ်းပိုက်



အီရတ် အနောက်ပိုင်းရှိ မြို့တစ်မြို့ကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် အီရတ်အခြေစိုက် အမေရိကန် တပ်ဖွဲ့ဝင်များ ရှိနေသည့် လေတပ်စခန်း တစ်ခု၏ လုံခြုံရေးကို ခြိမ်းခြောက် လာနေပြီဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
အိုင်အက်စ် တပ်များသည် အယ်လ်ဘဂ္ဂဒက်ဒီမြို့၏ (၉၀)ရာခိုင်နှုန်းမျှကို ထိန်းချုပ်ထားလိုက်ပြီဟု သိရသည်။ အဆိုပါမြို့သည် စစ်ရေးအရ အချက်အခြာကျသည့် အန်ဘာခရိုင်အတွင်း ရာမာဒီမြို့ အနောက်မြောက်ဘက် မိုင်(၅၀)မျှ အကွာတွင် တည်ရှိသည်။ ထို့အပြင် အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ရာဂဏန်းမျှ တပ်စွဲထားပြီး အီရတ်စစ်သည်များကို လေ့ကျင့်ပေးနေသည့် လေတပ်စခန်း တစ်ခုနှင့်လည်း မိုင်အနည်းငယ်မျှသာ ကွာဝေးသည်။
အယ်လ်ဘဂ္ဂဒက်ဒီကို လအနည်းငယ်မျှ ကြာသည်အထိ ဆွန်နီအစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွများက ဝန်းရံ ပိတ်ဆို့ထားပြီးနောက် ယခုအခါ မြို့၏ အစိတ်အပိုင်း အားလုံးနီးပါး အိုင်အက်စ်တို့လက် ကျရောက်သွားခြင်း ဖြစ်သည်။ အိုင်အက်စ် တပ်ဖွဲ့များသည် ပြီးခဲ့သည့်နှစ်မှ စတင်ကာ အီရတ် အနောက်ပိုင်းရှိ ဒေသအများအပြားကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ် သိမ်းပိုက်လာနိုင်ခဲ့သည်။
ရက်စက်ကြမ်းကြုတ်မှုများကြောင့် နာမည်ဆိုးနှင့် ကျော်ကြားသော အိုင်အက်စ် တပ်များသည် ဖေဖော်ဝါရီ ၁၂ ရက်က အယ်လ်ဘဂ္ဂဒက်ဒီမြို့ကို စစ်ကြောင်းနှစ်ခုဖြန့်ကာ ထိုးဖောက် ဝင်ရောက်ခဲ့ကြောင်း အီရတ် ထောက်လှမ်းရေး ဌာနက ပြောကြားခဲ့သည်။

ကတိသစ္စာမဲ့ခြင်းကြောင့် လောက်ကိုင်တိုက်ပွဲဖြစ်ပွားရဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြော



ရန်ကုန် (မဇ္ဈိမ) ။ ။ အစိုးရတပ်သည် မည်သည့်လက်နက် ကိုင်ဌာနချုပ်ကိုမျှ သွားရောက် တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ လောက်ကိုင် ဒေသတွင် လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများမှာလည်း ကတိသစ္စာမဲ့ခြင်းကြောင့် ဖြစ်ရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တွင်ရောက်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်(၁၃)ဖွဲ့နှင့် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ဆုံစဉ် ပြောလိုက်သည်။

ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့အပါအဝင် တပ်ပေါင်းစုအဖွဲ့နှင့် အစိုးရစစ်တပ်တို့အကြား လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကို ရည် ညွှန်းပြီး ''ငြိမ်းချမ်းရေးလို့ ပါးစပ်ကပြောပြီးတော့ စစ်မြေပြင်မှာ ဒီလိုဆောင်ရွက်တာတော့ မသင့် တော် ဘူးပေါ့။ သစ္စာမဲ့ရာ ကျတယ်လို့ပြောပါတယ်'' ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီးခွန် ဥက္ကာက မဇ္ဈိမကို ပြောသည်။
အထက်ပါပြောဆိုချက်သည်မည်သည့် အဖွဲ့ဟု ကာကွယ်ရေးဦးစီးချုပ်က အတိအကျ ရည်ညွှန်းပြောဆိုခြင်း မရှိသော်လည်း သက်သေများရရှိထားပြီး မကြာခင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဟု အချိန်တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့သည့် ဆွေးနွေးပွဲတွင် ကာချုပ်ကပြောဆိုခဲ့သည်ဟု ၎င်းက ဆိုသည်။
''သူတို့ မြန်မြန်လုပ်မယ်ထင်မယ်။ တော်တော်ပူပူလောင်လောင်ဖြစ်နေတာ။ တပ်ဖက်က တော်တော်လေး အထိနာနေတာ။ တပ်မတော်ဘက်က အထိအခိုက် အကျအဆုံးတွေသိပ်များနေတယ်။ ဟိုဘက်က လက်နက်လည်း တော်တော်ကောင်းတယ်ပြောတယ်။ တပ်မတော်ဘက်က အထိနာတဲ့သဘောရှိတယ်။ ဒါကြောင့် တပ်မတော် အကြီးအကဲအနေနဲ့လည်း သူမခံမရပ်နိုင်ဖြစ်ချင်လည်း ဖြစ်မှာပေါ့ဗျာ'' ဟု ၎င်းက ပြောသည်။
ယခုလ ၉ ရက်ကစပြီး ဖုန်ကြားရှင်ဦးဆောင်သည့် ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)၊ ရခိုင်တပ်မတော် (AA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော်(SSPP/SSA)စသည့် တပ်ပေါင်းစုအဖွဲ့များနှင့် အစိုးရတပ် တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်း ဖြစ်သည်။
တပ်မတော်ကာကွယ်ဦးရေးဦးစီးချုပ် နှင့် တွေ့ဆုံခဲ့သူတစ်ဦးဖြစ်သူ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှကလည်း''အခုတိုက်ပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပါဝင်ပတ်သက် နေတဲ့အကြောင်း တပ်မတော်အနေနဲ့ သိရှိထားပြီး ဖြစ်ပါတယ် ဆိုတဲ့အကြောင်း ပေါ့လေ။ အဲ့ဒီကိစ္စမှာပြန်ပြီးတော့ တာဝန်ယူရမှာဖြစ်ကြောင်း သူက အဲ့လိုပောပါတယ်'' ဟု မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ် အပါအ၀င် တပ်မတော်၏ အမျိုးသားရေးမူများကို ရှင်းပြ



တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၃ ဖွဲ့မှ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၁၃ ရက် က နေပြည်တော်တွင် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာ ထိုသို့ေ တွ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ် အပါအ၀င် တပ်မတော်၏ အမျိုးသားရေး မူဝါဒများကို ရှင်းပြခဲ့ကြောင်း ဆွေးနွေးမှုတွင် ပါဝင်သည့် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များထံက သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယခုရက် ပိုင်းအတွင်း လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် ကိုးကန့်တိမ်းရှောင်အဖွဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် တိမ်းရှောင်အဖွဲ့များသည် ကျေးရွာပြည်သူ့စစ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ၊ မိမိ တပ်ဌာနချုပ်များကို စတင်တိုက်ခိုက်ခြင်းကြောင့် ယင်းတိုက်ပွဲများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း၊ တိုက်ပွဲများတွင် တပ်မတော်မှ ထိခိုက်ကျဆုံးမှုများလည်းရှိပြီး ဖြစ်စဉ်အမှန်အတိုင်း သတင်း ထုတ်ပြန် ခဲ့ကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဌာနချုပ်များ၊ စခန်းများအား တိုက်ခိုက်မှု လုံးဝမရှိကြောင်း၊ ကိုးကန့်တိမ်းရှောင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်စဉ်များတွင် အချို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ပါဝင်ပတ်သက်မှုများ အထောက်အထားနှင့် ရှိနေကြောင်း၊ ယင်းအတွက်လည်း တာဝန်ယူရမည်ကို ပြောကြားလိုကြောင်း၊ ငြိမ်းချမ်းရေး အပစ်အခတ် ရပ်စဲရေးဆိုသည့် စကားများ ဆိုနေကြချိန်တွင် စတင်တိုက်ခိုက်ပါက မူသဘောထားကို များစွာ စဉ်းစားရမည်ဖြစ်ကြောင်း၊ မကြာမီ တပ်မတော်အနေဖြင့် သတင်းစာရှင်း လင်းပွဲ ပြုလုပ် သွားမည်ဖြစ်ေ ကြာင်း စသည်တို့ကို ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
“၀” ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့(UWSA) ၏ ကိုယ်စားလှယ်နှင့် မိုင်းလားအဖွဲ့မှ ကိုယ်စားလှယ်များက လောက်ကိုင်ဒေသ ဖြစ်စဉ်တွင် ၎င်းတို့အနေဖြင့် စစ်ရေးအရ၊ နိုင်ငံရေးအရ ပါဝင်ပတ်သက်မှု ကူညီထောက်ပံ့မှု မရှိဟု ငြင်းဆိုခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုမလုပ်ရန် တိုင်းရင်းသားပါတီများ တောင်းဆို





ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်စဉ်ကာလအတွင်း နှစ်ဖက်တပ်တွေ စစ်ရေးလှုပ်ရှားမှု အရှိန်တိုးမြှင့်တာနဲ့ လေကြောင်း စစ်ဆင်တာတွေမလုပ် ဘဲ ရှောင်ရှားဖို့ တိုင်းရင်းသား ပါတီတွေက တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကနေပြည်တော်မှာ ကျင်းပတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ရဲ့ ၂၁ ကြိမ် မြောက် ပုံမှန်အစည်းအဝေး အပြီး ကြေညာ ချက်ထုတ်ပြန် တိုက်တွန်းတောင်းဆိုလိုက်တာပါ။
ဒီကြေညာချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ရွေးကောက်ပွဲ မတိုင်မီ ပြင် ဆင်ဖို့ နဲ့ ရွေးကောက်ပွဲမှာ NBF အဖွဲ့ဝင်ပါတီတွေ အနေနဲ့ သက်ဆိုင်တဲ့ မဲဆန္ဒနယ်မြေတွေမှာ အပြည့်ဝင်ပြိုင်မှာ ဖြစ်ပြီး တိုင်းရင်သား ပါတီတွေ အချင်းချင်း ထိပ်တိုက်ယှဉ်ပြိုင်မှုမဖြစ်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ လည်း ပါရှိပါတယ်။

ပြည်ပရောက် အိမ်အကူလုပ်သားတွေရဲ့ဘ၀ကံကြမ္မာ



ဟောင်ကောင်မှာ အိမ်ဖော်တဦးကို ကိုယ်ထိ လက်ရောက် နှိပ်စက်ညှဉ်းပန်းမှုနဲ့ အိမ်ရှင်အမျိုးသမီးကို အပြစ်ရှိေ ကြာင်း ဟောင်ကောင်တရားရုံးတခုက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။ ဒီအမှုအတွက် နိုင်ငံတကာက စိတ်ဝင်တစား ဂရုပြုလာခဲ့ကြပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ဒါဟာ မြို့ကြီးတွေမှာ အိမ်ဖော်အဖြစ် သွားပြီး အလုပ်လုပ်နေရသူတွေရဲ့ ဘ၀တွေ တိုးတက်ပြောင်းလဲဖို့ လမ်း ရှိ - မရှိ မေးခွန်းတွေ ထုတ်လာကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Shannon Van Sant ဟောင်ကောင်ကနေ ပေးပို့ထားတဲ့ သတင်းလွှာအပေါ် အခြေခံပြီး ပြည်ပမှာ အိမ်ဖော်အဖြစ် သွားရောက် အလုပ်လုပ်ဖို့ ကြိုးစားကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ အရေးနဲ့ ပတ်သက်လို့လည်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။
VOA

ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ဂျာမနီနိုင်ငံ Prisma Group မှ Director ဖြစ်သူ Mr. Nicolas Yllera ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ



စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ဂျာမနီနိုင်ငံ Prisma Group မှ Director ဖြစ်သူ Mr. Nicolas Yllera ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့နံနက် (၈) နာရီခွဲတွင် ဝန်ကြီး၏ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် Mr. Nicolas Yllera က ၎င်းတို့၏ Prisma Group သည် ဂျာမနီနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ သတင်းဆောင်းပါးများ ရေးသားဖော်ပြပြီး ကမ္ဘာနှင့်အဝှမ်းတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကူညီပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် လည်း စက်မှုကဏ္ဍနှင့် ပတ်သက် ၍ ဂျာမနီနိုင်ငံမှ