Tuesday, March 31, 2015
သင်္ကြန်ကာလဖြစ်ပွားနိုင်သောမှုခင်းများကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာအောင်မြေအနောက် ရပ်ကွက်ရှိ ငြိမ်းအေးချမ်းသာဓမ္မာရုံတွင် သင်္ကြန်ကာလအတွင်း ဖြစ်ပွား နိုင်သော မှုခင်းများကြိုတင်ကာကွယ်ရေးနှင့်အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် လူတစ်ယောက် အခက်အခဲဖြစ်နေသည်ကို ဥပေဒနှင့်အညီဝန်ဆောင်မှုပေးခြင်းသည် ပါရမီဖြည့်တာပဲဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်းအများပြည်သူပျော်ရွှင်မှုကို အနှောင့်အယှက်ဖြစ်စေ သောတုတ်၊ ဓားလက်နက်များကိုင်ဆောင်ခြင်း၊ အရက်သေစာရောင်း ချ၊ သောက်စားခြင်းမပြုရန်၊ ကာမရာဂစိတ်ကိုနှိုးဆော်ပေးသောဆေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အမျိုးကောင်းသမီးငယ်များ ဘဝပျက်ပြား နိုင်သဖြင့် မိဘဆွေမျိုးများက ဝိုင်းဝန်းထိန်းသိမ်းပေးကြရန်၊ မန္တလေး နန်းမြို့၏ယဉ်ကျေးမှုအမွေအနှစ် အစဉ်အလာကောင်းများကို ဝိုင်းဝန်း စောင့်ရှောက်ရန် မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ရီက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲနိုင်ငံရေး
လာမည့် နိုဝင်ဘာလနှောင်းပိုင်းတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာမည့် တတိယမြောက် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ရွေးကောက်ပွဲကို ဦးတည်သော နိုင်ငံရေးများကိုလည်း ခပ်စိပ်စိပ် တွေ့မြင်လာရမည် ဖြစ်သည်။
ပုံမှန်အားဖြင့် တွေ့မြင်ရမည့် ရွေးကောက်ပွဲကို အကြောင်းပြုသော မဲဆွယ်စည်းရုံးမှုများ၊ မဲဆွယ်အကြိုလှုပ်ရှားမှုများ၊ ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုနှင့် ရွေးကောက်ပွဲဝင် ပါတီများ၊ ခေါင်းဆောင်များ၏ လူကြိုက်များ ရေပန်းစားမှုတို့ကို အကြိုစစ်တမ်း ကောက်ယူမှုကဲ့သို့ ဖြစ်ရိုးဖြစ်စဉ် နိုင်ငံရေးများအပြင် လူပုဂ္ဂိုလ်နှင့် ပါတီ၊ အဖွဲ့အစည်းအပေါ် အဓိကဦးတည်သော နိုင်ငံရေးများကိုလည်း မြင်တွေ့ရမည် ဖြစ်သည်။
နီပေါရှိ မြို့တစ်မြို့တွင် ကြံ့တစ်ကောင် ဝင်သောင်းကျန်းရာ တစ်ဦးသေပြီး ခြောက်ဦး ဒဏ်ရာရ
နီပေါနိုင်ငံတွင် လူနေရပ်ကွက်ထဲ ဝင်ရောက် သောင်းကျန်းခဲ့သည့် ကြံ့တစ်ကောင်ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူခြောက်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
မတ်လ၂၉ ရက်က ကြံ့ထိန်းသိမ်းရေး ဘေးမဲ့စခန်း တစ်ခုမှ နယ်ကျော်ထွက်လာသည့် ကြံ့နက်တစ်ကောင်သည် မာဝမ်ပါမြို့ထဲ ဝင်လာပြီး လမ်းသွားလမ်းလာများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲဒဏ်ရာဖြင့်ကွယ်လွန်ခဲ့သူ ကြက်ခြေနီတပ်ဖွဲ့ဝင်ထောက်ပံ့ငွေပေးအပ်
လောက်ကိုင်ဒေသတိုက်ပွဲတွင် ရရှိခဲ့သောဒဏ်ရာဖြင့် သေဆုံးသွား သည့် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ကော်မတီဝင် ကြက်ခြေနီတပ်ဖွဲ့ ဝင်ဦးမိုးကျော်သန်း၏မိသားစုအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယခုလ ၂၈ ရက် နံနက် ၇ နာရီခွဲတွင် တိုင်းဒေသကြီးကျန်းမာရေးဦးစီး ဌာနရုံးခန်းမတွင်ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အစိုး ရအဖွဲ့က ထောက်ပံ့ငွေ ၁ဝ သိန်း၊ လူမှုရေးဝန်ကြီးဒေါက်တာဝင်းလှိုင် မိသားစုက ထောက်ပံ့ငွေကျပ် တစ်သိန်း၊ ဗဟိုကြက်ခြေနီအသင်း မှ ထောက်ပံ့ငွေကျပ်ငါးသိန်း၊ ဗဟို ကြက်ခြေနီအသင်းဥက္ကဋ္ဌက နှစ် သိန်း၊ တိုင်းကြက်ခြေနီအသင်းက နှစ်သိန်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ နှစ်သိန်းနှင့် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဟန် ထွန်းကထောက်ပံ့ငွေကျပ်တစ်သိန်း စုစုပေါင်းကျပ် ၂၃ သိန်းကို ဦးမိုး ကျော်သန်း၏ဇနီး ဒေါ်ဂျုံးသွယ် အားပေးအပ်ခဲ့ကြောင်းသိရသည်။
အိမ်အတွင်းက ပိုးမွှားအများဆုံး ၆ နေရာ
( ၁ ) မီးဖိုချောင်ဘေစင် အိမ်သာခွက်ထဲမှာရှိတဲ့ ပိုမွှားတွေကြောင့် ဖျားနာမှုတွေ ရနိုင်တယ်ဆိုတာကို ကျွန်မတို့အားလုံး သိကြပါတယ်။ ဒါပေမယ့် အိမ်သာခွက်ထက် ဘေစင်မှာ ပိုးမွှားတွေပိုများတယ်ဆိုတာကိုတော့ မသိကြပါဘူး။ ပန်းကန်ခွက်တွေထဲက အစာအစအနတွေ၊ ပန်းကန်ဆေးရင်းကနေ ကပ်ကျန်နေတဲ့ အစားအစာတွေဟာ နာမကျန်းမှုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ရှင်သန်ပေါက်ဖွားစေပါတယ်။ ဒီလိုပိုးကောင်တွေဟာ လက်တွေ၊ အစားအစာတွေဆီကို ရောက်ရှိလာပါတယ်။ အိမ်သာကို ပိုးသတ်ဖို့ သတိရကြပေမယ့် ဘေစင်ကို သန့်ရှင်းရေးပုံမှန်လုပ်ပေးဖို့တော့ မေ့နေတတ်ပါတယ်။ သန့်ရှင်းရေးလုပ်တယ်ဆိုရင်လည်း ရေနဲ့ဆေးချတာကို သန့်ရှင်းသွားပြီလို့ ထင်တတ်ပါတယ်။ တကယ်တမ်း ဘက်တီးရီးယားတွေ မပေါက်ဖွားစေချင်ရင်တော့ ချွတ်ဆေးရည်ကို အသုံးပြုသင့်ပါတယ်။ ဆေးများများနဲ့ ဆေးချပစ်ပြီး ပိတ်ဆို့နေတာတွေကို ဖယ်ရှားပေးရပါမယ်။ ပြီးရင် လက်ဆေးဖို့လည်း မမေ့သင့်ပါဘူး။
ပြည်တွင်း၌ ကြက်မွေးမြူရန် မြေနေရာ ရရှိမှုသည် အခက်ခဲဆုံး ဖြစ်
လက်ရှိပြည်တွင်း၌ ကြက်မွေးမြူရေး လုပ်ကိုင်ရာတွင် မြေနေရာ အခက်အခဲများ ရှိသောကြောင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မည်ကဲ့သို့ အခက်အခဲများ ရှိသည်ကို သိရှိစေရန် မြန်မာ့ကြက် မွေးမြူရေး အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်လှလှသိန်း အား တွေ့ဆုံ မေးမြန်းခဲ့ပုံကို ဖော်ပြ ပေးလိုက်ပါသည်။
လက်ရှိမှာ ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေ အနေနဲ့ အသားတိုး ကြက်တွေ မွေးမြူဖို့ အခက်အခဲ ရှိနေတယ်ဆိုတာ ဟုတ်ပါသလား။
NCA လက်မှတ်ထိုးရန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ထိပ်သီးညီလာခံခေါ်ယူပြီး ဆွေးနွေးဆုံးဖြတ်မည်
နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် (NCA)ကို လက်မှတ်ထိုးရန် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ များ ထိပ်သီးညီလာခံတစ်ခုခေါ်ယူ ပြုလုပ်ပြီးမှသာ ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်သည်ဟု တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)ခေါင်းဆောင် နိုင်ဟံသာက ယမန်နေ့က ပြောဆိုလိုက်သည်။
ကျောင်းသားသပိတ် ဘာကြောင့် ကျဆုံးရသလဲ
ကျောင်းသားသပိတ်စတင်ကတည်းက ကျွန်တော် သဘောမတူခဲ့ပါ ။ သပိတ်အောင်မြင်မှာ မဟုတ် ၊ တောင်းဆိုမှုတွေ ပေးမှာ မဟုတ်ဟုပြောခဲ့သည် ။ အဆုံးသတ်တိုက်ပွဲ မဆင်နွှဲနိုင်ရင် နိုင်ငံရေး မတည်ငြိမ်မှုတွေသာနောက်ဆက်တွဲဖြစ်လာပြီး ၊ တိုင်းပြည်နစ်နာမည် ။ ဒေါက်တာသိန်းလွင်ရဲ့ နိုင်ငံရေးကစားကွက် ဖြစ်လို့ ပိုပြီး မထောက်ခံခဲ့ပါ ။ အစိုးရကို ဖြုတ်ချနိုင်လောက်တဲ့ နိုင်ငံရေး အတွေးအခေါ် မရှိကြပါ ။ အစိုးရအနေနဲ့
နိုင်ငံရေးသိက္ခာကျရင်တောင် ၂၀၁၅ မှာ အစိုးရသစ်ဖွဲ.နိုင်ဖို့ အသေအချာ ပြင်ဆင်ပြီး ဖြစ်လိမ့်မည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည် ။ ဆက်ပြီးဆူပူရင် ဆက်ပြီးဖမ်းအုန်းမည်ဖြစ်သည် ။ အကြောင်းပြချက်က ၂၀၁၅ ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းစွာ ကျင်းပရေး ဖြစ်သည် ။ ၂၀၁၅ အစိုးရသစ်ဖွဲ.ပြီးမှ အစိုးရအတွက် မျက်နှာရ အမှတ်ကောင်ယူဖို့ အကျဉ်းသားတွေကို လွတ်ပေးသည်ဆိုသော စေတနာကိုပြအုန်းမည် ။
မဲဆန္ဒရှင် စာရင်းအား ပြည်သူလူထု စိတ်ဝင်စားမှု ရှိမရှိ (၁၄) ရက်တိုင် စောင့်ကြည့် လေ့လာမည်
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်(၁၀) မြို့နယ်၏ မဲဆန္ဒရှင် စာရင်းအား သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် အလိုက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးခွဲများတွင် ကပ်သွားမည် ဖြစ်ပြီး၊ အဆိုပါ မဲဆန်္ဒရှင်စာရင်းအား ပြည်သူလူထု စိတ်ဝင်စားမှု ရှိမရှိကို (၁၄) ရက် တိုင်တိုင် စောင့်ကြည့် လေ့လာ သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သတင်း ရရှိ သည်။
မဲဆန္ဒရှင် စာရင်းအား ပြည်သူလူထု သွားရောက် ကြည့်ရှုရန် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် သတင်းစာ၊ ရုပ်မြင် သံကြားများမှ အသိပညာပေး ထားပြီး၊ ရွေးကောက်ပွဲနှင့် ဆက်စပ်သော အရပ်ဖက် လူမှု အဖွဲ့အစည်းများ ကလည်း ယခုလ(၁၆) ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ မြို့နယ်၊ ရပ် ကွက်အလိုက် အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
မတရား သိမ်းဆည်းထားသော လယ်ယာမြေ အားလုံး ရာနှုန်းအပြည့် စွန့်လွှတ်ရန် ဧရာဝတီ တိုင်းဒေသကြီး ၀န်ကြီးချုပ် တိုက်တွန်း
ဧရာဝတီ တိုင်းဒေသကြီး အတွင်း မတရားသိမ်းဆည်း ထားသော လယ်ယာမြေများ အားလုံးကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရာနှုန်းပြည့် စွန့်လွှတ်ရန် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က တိုက်တွန်း ပြောကြား လိုက်သည်။
နိုင်ငံတော် စီမံကိန်း ဆိုသော်လည်းပဲ သူများဆီက သိမ်းထားရင် ဧကတစ်ရာသိမ်း ထားရင်တော့ တစ်ရာပြန် စွန့်လွှတ် ရမယ်။ နှစ်ရာ သိမ်းထား နှစ်ရာ စွန့်လွှတ်ရမယ်။ ဘာမှ ဈေးဆစ်စရာ အကြောင်း မရှိဘူး။ သူများဆီက သိမ်းထာ တာက မတော်မတရား။ ဌာနပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိကပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီပဲ ဖြစ်ဖြစ် ဘယ်သူမှ မတော်မတရားယူလို့ မရတာလေ။ ဟိုတုန်းကတော့ မပြောရဲဘူးပေါ့ အခုတော့ ပြောလာတာ ပေါ့နော်၊ ပြောလာတော့ တကယ်ပေး သင့်တယ် ဆိုရင်တော့ ရာနှုန်းပြည့် ပြန်ပေး ရမယ်။ နိုင်ငံတော် စိုက်ကွင်း မအောင်မြင်လို့ ဘာမှ မဖြစ်ဘူး ဒီမှာက ရှင်းလို့ မဆုံးတော့ဘူးလေ ဟု ၎င်းက ဆိုသည်။
သင်္ကြန်တွင် သရုပ်ပျက် ၀တ်စား ဆင်ယင်သူများအား တားဆီး ပိတ်ပင်မည်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တော် အတွင်း၌ မဟာသင်္ကြန် ရိုးရာပွဲတော် ကာလ ရေကစားရာတွင် ယဉ်ကျေးမှုနှင့် လျော်ညီခြင်း မရှိသည့် သရုပ်ပျက် ၀တ်စား ဆင်ယင်ကာ လည်ပတ်သူ များအား တားဆီးပိတ်ပင် သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံ့ရေး ၀န်ကြီးဌာန ထံမှ သိရသည်။
မြန်မာ့ရိုးရာ အတာသင်္ကြန် ကာလများ အတွင်း ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့် သရုပ်ပျက် ၀တ်ဆင် ဆင်ယင်သည့် အမျိုးသား၊ အမျိုးသမီး များ ရေကစား မဏ္ဍပ် အတွင်းသို့ ၀င်ရောက်ခြင်း မရှိစေရေးနှင့် မလိုလားအပ်သည့် ကိစ္စရပ်များ မဖြစ်ပေါ်စေရေးတို့ အတွက် မြို့ပြင်ဝင်/ ထွက် ဂိတ် အသီးသီးတွင် လုံခြုံရေးများမှ စစ်ဆေးမှုများ ထပ်မံ ပြုလုပ် သွားမည် ဖြစ်ကြောင်း အဆိုပါဌာန ထံမှ သိရသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မျှတမှု မရှိပါက ရွေးကောက်ပွဲ မျှတမှုရှိမည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မျှတမှု မရှိပါက ရွေးကောက်ပွဲသည်လည်း မျှတမှု ရှိမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။ ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားစဉ် အတွင်း လွှတ်တော်သို့ လာရောက် ကြသည့် NLD ပါတီဝင်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တကယ် အရေးကြီးဆုံး ကိစ္စက နောက်လွှတ်တော် မှန်မှန်ကန်ကန် ပေါ်လာ မှာလား။ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော် ဖြစ်နိုင်တဲ့ အခြေအနေတွေ ဒါပေး သလားဆိုတာ အဲဒါကို စဉ်းစားဖို့ လိုတယ် ဟု ၎င်းက ဆက်ပြောသည်။ ထို့ပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲ လိုခြင်းမှာ ရွေးကောက်ပွဲ တရား မျှတရန်နှင့် လွတ်လပ်ဖို့သာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တစ်ဖက်စောင်း နင်းဖြစ်နေပါ က မည်သည့် ရွေးကောက်ပွဲမှ ညီမျှမှု ရှိမည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌက ဆိုသည်။
Monday, March 30, 2015
အပစ်ရပ်ဖို့နီးလာပေမယ့် စိန်ခေါ်မှုတွေများစွာရှိနေသေးတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်
တစ်နှစ်ခွဲကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ အကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု တွေမှာ အခြေအနေကောင်းတဲ့ ဆွေးနွေးပွဲစာရင်းထဲ ထည့်နိုင်တဲ့ ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကတော့ မတ် ၃ဝရက်မှာ ဆက်လက်ကျင်းပ ဦးမှာ ဖြစ်ပါတယ်။ ဆက် လက်ကျင်းပမယ့် ဆွေးနွေးပွဲမှာ သဘောတူညီ မှုမရရှိ သေးတဲ့ အချက်လေးချက်ကို ဆက်လက်ဆွေးနွေးဦးမှာ ဖြစ်ပါတယ်။
ပြည်သူချစ်သော ပြည်သူ့တပ်မတော်ဆီသို့
အနှစ် (၇၀) မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်ရှိ တပ်မတော်နေ့ စစ်ရေးပြကွင်းတွင် ကျင်းပခဲ့ရာ ယခင်နှစ်များနှင့် မတူသော ထူးခြားချက်အချို့ကို တွေ့မြင်ရပေသည်။
ပထမထူးခြားချက်မှာ ယခင့်ယခင်နှစ်များက ကျင်းပသော တပ်မတော်နေ့များကဲ့သို့ လုံခြုံရေး အထူးတင်းကျပ် စစ်ဆေးမှုမျိုး မရှိတော့ဘဲ ဖိတ်ကြားထားသည့် ဧည့်သည်များ စိတ်လက်ပေါ့ပါးစွာ တက်ရောက်နိုင်ခြင်း ဖြစ်သည်။
ဒုတိယထူးခြားမှုမှာ တပ်မတော်အစိုးရ လက်ထက်က တပ်မတော်နှင့် အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစား တပ်မတော် အရာရှိကြီးများကို တပ်မတော်တွင် ၎င်းတို့ နောက်ဆုံးထမ်းဆောင်ခဲ့သည့် ရာထူးအတိုင်း စစ်ဝတ်စုံအပြည့်ဖြင့် တက်ရောက်ခွင့်ပြုခြင်း ဖြစ်သည်။
ထမင်းငတ်သေမှာကြောက်နေသော ကာတွန်းဆရာ ကိုရွှေထူး
မြန်မာတိုင်းမ်ဂျာနယ်ရဲ့ မတ်လ ၂၅ ရက်နေ့ထုတ် အတွဲ(၃၆)၊ စာမျက်နှာ ၄၆ တွင်ပါဝင်သော ကာတွန်းပုံဖတ်လိုက်ရတော့ များစွာစိတ်မကောင်းဖြစ်မိပါတယ်။ လက်ရှိလောက်ကိုင်ဒေသမှာ ကျဆုံး သွားတဲ့ တပ်မတော်သားတွေဟာ သူတစ်ပါးတိုင်းပြည်ကို ကျူးကျော်ရန် သွားရောက်တိုက်ခိုက်ခဲ့ခြင်း မဟုတ်ဘဲ မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ့အချုပ်အခြာအာဏာကို ကာကွယ်ရင်း အသက်ပေးဆပ်ခဲ့ကြ ရခြင်းပဲဖြစ်ပါတယ်။ လောက်ကိုင်ဒေသအတွက် သောင်းကျန်းသူတွေကို တိုက်ခိုက်ရင်း သေဆုံးသွားရတဲ့ အတွက် သူတို့ရဲ့မိသားစုအတွက် ဆုံးရှုံးထိခိုက်နစ်နာရသလို တိုင်းပြည်အတွက်လည်း ကာကွယ်ရေး အင်အားတွေကိုလည်း ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် တပ်မတော် နယ်မြေရှင်းလင်းရေး စစ်ကြောင်းမှ တာရွှေထန်အနီး နယ်မြေရှင်း လင်းရေး ဆောင်ရွက်စဉ် ခန့်မှန်းမြေပုံညွှန်း (အမ်ဂျီ-၇၃၀၂၇၅) နေရာတွင် အုတ်တံတိုင်းကာရံထားသော လူနေထိုင်ခြင်းမရှိသည့် ခြံဝင်းအတွင်း အလျား ၈၀ ပေ အနံ ၄၀ ပေခန့်ရှိသော နှစ်ထပ်အိမ် ၁ လုံးအား မသင်္ကာဖွယ် အနံ့အသက်များ ရရှိသဖြင့် အသေးစိတ်ရှင်းလင်းခဲ့ရာ မြေညီထပ် ထင်းသိုလှောင်ထားသော အခန်းအတွင်း ထင်းပုံအောက်ရှိ မြေအောက် ခန်းအတွင်း၌ မူးယစ်ဆေးဝါး ချက်လုပ် ရာတွင် အသုံးပြုသော ဆက်စပ် ပစ္စည်းများ တွေ့ရှိရပြီး၊ WY စာတမ်းပါ
ဘုရင့်နောင်ကုန်စည် ဈေးကွက်တွင် ဆန်နှင့်ဆီဈေး အနည်းငယ်မြင့်တက်
ဘုရင့်နောင် ကုန်စည်ဈေးကွက်တွင် ဆန်နှင့်ဆီ ကုန်စည်ဈေးနှုန်းများမှာ အနည်းငယ် မြင့်တက်လျက်ရှိနေကြောင်း ပွဲရုံ များမှ သိရသည်။
ယင်းကဲ့သို့ ဆန်ဈေးမြင့်တက် ရခြင်းမှာ ယခုနှစ်စပါးရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုများရှိခဲ့ခြင်းကြောင့် စပါးအရည်အသွေး ကျဆင်းခဲ့ ကြောင်း သိရသည်။ ထိုသို့ကျဆင်း ခဲ့မှုကြောင့် စပါးကြိတ်ရာတွင်လည်း အကျိုးအကြေများခဲ့ပြီး ဆန်အထွက် နှုန်းများသဖြင့် ဆန်ချောဈေးမှာ တစ် အိတ်လျှင် ယခင်ထက် ၃၀၀၀ ကျပ်ထိ မြင့်တက်လာကြောင်း ဘုရင့်နောင် ပိတောက်လမ်းရှိ အိုကေဆန်ပွဲရုံမှ ဒေါ်ချိုကပြောသည်။
''အကြမ်းကတော့ ပုံမှန်ပါပဲ။ ဒီရက်မှာ သိပ်မတက်သေးဘူး။ အရင် ရက်ကတက်ထားတဲ့ ဈေးပဲရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ အခု နွေဆန်ပေါ်ချိန်ဖြစ်နေတော့ ဈေးကွက် ထဲ ဆန်ပေါနေတယ်။ ဒါပေမဲ့ သင်္ကြန်ရက်ရှိသေးတော့ ဆန်ဈေးတွေက အခုတက်နေတဲ့ဈေး ထက် တော့ အောက်မကျနိုင်ဘူး''ဟု ၎င်း ကပြောသည်။
နိုင်ဂျီးရီးယား ရွေးကောက်ပွဲ ကျင်းပနေစဉ် ဘိုကိုဟာရမ်အဖွဲ့ တိုက်ခိုက်မှုကြောင့် လူ ၄၁ ဦး သေဆုံး
နိုင်ဂျီးရီးယားနိုင်ငံ၏ ရာဇ၀င်တွင် အပြိုင်အဆိုင်အရှိ ဆုံး သမ္မတရွေး ကောက်ပွဲ ကျင်းပ နေစဉ် ဘိုကိုဟာရမ်အဖွဲ့မှ စစ် သွေးကြွများ၏ တိုက်ခိုက်မှုများ အတွင်း လူ ၄၁ ဦး သေဆုံးသွားပြီး နိုင်ငံအရှေ့မြောက် ပိုင်းရှိ မဲရုံ များမှ လူရာပေါင်းများစွာကို ထိတ် လန့်သွားစေခဲ့သည်။
အစ္စလာမ်မစ်အစွန်းရောက် များကို ၎င်းတို့၏ အဓိကအမာခံ နေရာအပါအ၀င် အဓိကဒေသ အားလုံးမှ ရှင်းလင်းထားပြီးဖြစ် သည်ဟု နိုင်ဂျီးရီးယား စစ်တပ်က မတ်လ ၂၇ ရက်တွင် ကြေညာခဲ့ သော်လည်း နိုင်ငံအရှေ့မြောက် ပိုင်း၌ ဘိုကိုဟာရမ်အဖွဲ့က လူနေအိမ်များကို မီးရှို့ပြီး ထွက်ပြေးသူများအား ပစ်သတ်ခဲ့ခြင်းဖြစ် သည်။
ပဲခူးတက္ကသိုလ် ကျောင်းသားတချို့ အကျဉ်းကျ ကျောင်းသားများအတွက် လက်ပတ် အဖြူနှင့်အနက် နှစ်မျိုးပတ်၍ ဝတ်ပြုဆုတောင်းပွဲပြုလုပ်
၂၆-၃-၂၀၁၅ရက်နေ့ မနက် ၁၀:၃၀ အချိန် ပဲခူးတက္ကသိုလ်ရှေ့တွင် စာမေးပွဲဖြေဆိုပြီး ပြန်ထွက်လာသော ကျောင်းသားများအား ကိုမျိုးကိုကိုခိုင် ဦးဆောင်သော ကျောင်းသားအဖွဲ့ မှ လက်ပတ်အဖြူများ လိုက်လံဝေငှ ပတ်ပေးခဲ့သည်။ ထို့နောက်နေ့လယ် ၂:၁၀အချိန်တွင်လည်း စာမေးပွဲ ဖြေဆိုပြီး ပြန်ထွက်လာသော ကျောင်းသားများအား ပဲခူးတက္ကသိုလ် မုဒ်ဦး ရှေ့တွင် လက်ပတ်အနက်များအား ထပ်မံ၍ဝေငှပတ်ပေးခဲ့သည်။
ရွှေပေးသွင်းရန် ကျန်သောကုမ္ပဏီငါးခုကို တရားစွဲမည်ဟု အစိုးရကြေညာ
ရွှေပေးသွင်းရန် ကျန်ရှိ သည့် ကုမ္ပဏီငါးခုမှ အုပ်ချုပ်မှု ဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင် များကို တရားစွဲမည်ဟု သတ္တု တွင်းဝန်ကြီးဌာနက မတ်လ ၂၉ ရက်တွင် နိုင်ငံပိုင်သတင်းစာများ ၌ ကြေညာထားသည်။
ရွှေသတ္တုအသေးစားထုတ် လုပ်မှုလုပ်ငန်းကို သတ္တုတွင်းဝန် ကြီးဌာန အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ကုမ္ပဏီများသည် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် လုပ်ဆောင်ခဲ့ပြီး အချို့ကုမ္ပဏီများသည် ရွှေပေးသွင်းရန် ပျက်ကွက်သဖြင့် ယခုကဲ့သို့ တရားစွဲဆိုရန်စီစဉ်ခြင်းဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန၏ ကြေညာချက်တွင် ပါရှိသည်။
ဝန်ကြီးဌာနသို့ ရွှေပေးသွင်း ရန် ကျန်ရှိသည့် ကုမ္ပဏီငါးခုမှာ အံ့ဖွယ် ကမ္ဘာ၊ မိုးသောက်ကြယ် သစ်၊ ခုနစ်ခုသောရာစုနှစ်၊ အောင်စစ်သွေးနှင့် မြန်မာထာဝရတည် တံ့သော ကုမ္ပဏီတို့ ဖြစ်သည်။ အဆိုပါ ကုမ္ပဏီ ငါးခုမှ ဒါရိုက်တာအဖွဲ့များကို ယခုဘဏ္ဍာနှစ် မတ်လအကုန်တွင် ရွှေပေးသွင်းရန် အကြောင်းကြားသော်လည်း လာရောက်ပေးသွင်းခြင်းမရှိသဖြင့် မကြာမီ တရားစွဲဆိုမည်ဖြစ် ကြောင်း ဖော်ပြထားသည်။
ရွှေပေးသွင်းရန် ကျန်သောကုမ္ပဏီငါးခုကို တရားစွဲမည်ဟု အစိုးရကြေညာ
ရွှေပေးသွင်းရန် ကျန်ရှိ သည့် ကုမ္ပဏီငါးခုမှ အုပ်ချုပ်မှု ဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင် များကို တရားစွဲမည်ဟု သတ္တု တွင်းဝန်ကြီးဌာနက မတ်လ ၂၉ ရက်တွင် နိုင်ငံပိုင်သတင်းစာများ ၌ ကြေညာထားသည်။
ရွှေသတ္တုအသေးစားထုတ် လုပ်မှုလုပ်ငန်းကို သတ္တုတွင်းဝန် ကြီးဌာန အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ကုမ္ပဏီများသည် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ်ဖြင့် လုပ်ဆောင်ခဲ့ပြီး အချို့ကုမ္ပဏီများသည် ရွှေပေးသွင်းရန် ပျက်ကွက်သဖြင့် ယခုကဲ့သို့ တရားစွဲဆိုရန်စီစဉ်ခြင်းဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန၏ ကြေညာချက်တွင် ပါရှိသည်။
အီရန်နျူကလီယာအရေး အပြင်းအထန် ဆွေးနွေးနေ
အီရန်ရဲ့ နျူကလီယာအရေး နဲ့ပတ်သက်ပြီး အခြေခံ သဘောတူညီမှု ရလာဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက် ဖြစ်တဲ့ မတ်လ ၃၁ ရက် နီးကပ်လာတာ နဲ့ အမျှ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ အပြင်းအထန် ဆွေးနွေးနေကြပါတယ်။
သက်ဆိုင်ရာ နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဆွစ်ဇာလန်နိုင်ငံ လိုဇန်း မြို့မှာ တွေ့ဆုံနေကြတာ ဖြစ်ပါတယ်။
နှစ်ဘက်စလုံးက အလျှော့ပေး သဘောတူ နိုင်တာတွေကို အပြန်အလှန် စမ်းစစ်နေကြတယ် ဆိုပြီး အမေရိကန် အရာရှိတွေက ပြောပါတယ်။
Sunday, March 29, 2015
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရသည့် တောင်ငူခရိုင် ဒုခရိုင်တရားသူကြီးဟောင်း ဦးရွှေမှာ ထွက်ပြေးတိမ်းရှောင်နေ၍ ဖမ်းဝရမ်းထုတ်ကာ တရားခံပြေးအဖြစ် ကြေညာမည်ဟု သိရ
ခရိုင်တရားသူကြီး ၂ ဦးရွှေမှ အမိန့်ချမှတ်သည်ကို မကျေနပ်သောကြောင့် တောင်ငူခရိုင် တရားရုံးရှေ့တွင် အော်ဟစ်ဆူပူမှုများ ဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများ ဖြေရှင်းပေးနေသည်ကို ၂၀၁၄ ဇူလိုင် ၁၀ ရက်က တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် ၁ ရဲစခန်းတွင် ဇန်နဝါရီ ၂၁ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခံထားရသည့် တောင်ငူခရိုင်၊ ဒု ခရိုင်တရားသူကြီးဟောင်း ဦးရွှေမှာ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ဖမ်းဝရမ်းထုတ်ကာ တရားခံပြေးအဖြစ် ကြေညာတော့မည် ဖြစ်ကြောင်း နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံမှ သိရသည်။
နှလုံးသားတံခါး ဖွင့်ထားပါ
လွမ်းစရာ
လွမ်းစရာလည်း ကောင်းတယ်။ ၀မ်းနည်းစရာလည်း ကောင်းတယ်။ နိဂုံးဆိုတဲ့ ဇာတ်သိမ်းပိုင်းက စက္ကန့်နဲ့အမျှ ရောက်လာတယ်။ မင်းသမီးက သေတော့မှာ။ ဦးနှောက်အသားပိုရောဂါ ဖြစ်ရာကနေ ကင်ဆာအဆင့် (၄) ရောက်နေပြီ။ ဆရာဝန်တွေကလည်း မင်းသမီးကို အိမ်ပြန်ခွင့်ပြုလိုက်ပြီ။ မင်းသမီးကို စွဲစွဲလမ်းလမ်း ချစ်နေပြီး မင်းသမီးနဲ့ပေါင်းရဖို့ ကြိုးစားခဲ့တဲ့ မင်းသား ဘယ်လို ခံစားရမလဲ။ ဘယ်လောက်ခံစားရမလဲ။ ကြည့်နေတဲ့ ပရိသတ်တွေ မျက်ရည်စို့မတတ်ပဲ။ ကျလာတဲ့ မျက်ရည်ကို လူတွေမသိအောင် လက်ဖမိုးနဲ့ ကမန်းကတန်း သုတ်လိုက်ပေမယ့် ကိုယ်လိုပဲ ခံစားနေတဲ့သူနဲ့ မျက်လုံးချင်းဆုံမိတယ်။ သူ့မှာလည်း မျက်ရည်တွေရွှဲလို့ ကျိတ်လွမ်းရတဲ့အလွမ်း။ ပိုလွမ်းတယ်။
မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်သလား . . .
(၁)
၂ဝ၁၅ ခုနှစ် မြန်မာ့စီးပွားရေး အခြေအနေအတွက် စိုးရိမ်ဖွယ်ရာတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက သတိပေးပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မတ် ၂၄ ရက်မှာ တစ်ပြိုင်နက်တည်း ထုတ်ပြန်ခဲ့တဲ့ ADB (အာရှဖွံ့ဖြိုးရေးဘဏ်) နဲ့ ကမ္ဘာ့ဘဏ် အစီရင်ခံစာတွေမှာ ဒီအချက်တွေကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ADB ရဲ့ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာမှာ မြန်မာ့ငွေကြေး ဖောင်းပွမှုနှုန်း မြင့်မားလာတာကို ဦးတည်ပြီး စိုးရိမ်ဖွယ် စိန်ခေါ်မှု၊ အကျိုးဆက်တွေကို ထောက်ပြပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုဟာ ကြီးမားတဲ့အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ထားဝယ်ဆိပ်ကမ်းစီမံကိန်း ပြန်လည်အသက်ဝင်လာမည်ကို ဒေသခံများစိုးရွံ့
မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမြို့ဖြစ် သည့် ထားဝယ်မြို့ တွင် လွန်ခဲ့သော ၂နှစ်ခန့်က သီဟိုဠ်ခြံအသေးစားလေးကို မနုမေနှင့် ခင်ပွန်းတို့ စတင်လုပ်ကိုင်ခဲ့ပါသည်။ သို့သော် လွန်ခဲ့သော ၂ နှစ်ခန့်ကစပြီး သူတို့၏ ဘဝက မအေးချမ်းနိုင်တော့။
ရေနံ၊ သဘာဝဓာတ်ငွေ့ ကုမ္ပဏီများအတွက် ထောက်ပံ့ရေးဆိပ်ကမ်းတစ်ခု တည်ဆောက်ရန်ရှိ
ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး ကုမ္ပဏီများအား လိုအပ်သည့် ပစ္စည်းများထောက်ပံ့ပေးမည့် ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် စင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုက စီစဉ်နေကြောင်းသတင်းရရှိသည်။
ကမ်းလွန်ရေနံတူးဖော်ရေး ကုမ္ပဏီများအတွက် လိုအပ်သော အရန်ပစ္စည်းများထောက်ပံ့ပေးသည့် ကုမ္ပဏီများမှာ ထိုင်းနှင့် စင်ကာပူနိုင်ငံဆိပ်ကမ်းများတွင်သာရှိပြီး မြန်မာနိုင်ငံ၌ မရှိ ကြောင်း၊ ထို့ကြောင့် ထိုကုမ္ပဏီများလိုအပ်နေကြောင်း မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ညွှန်ကြားရေးမှူး ဦးသန်းထွန်းကပြောသည်။
ဒေဒေါင်းကုမ္ပဏီမှ လယ်ယာသုံးထွန်စက်နှင့်စက်ကိရိယာများ အရစ်ကျစနစ်ဖြင့်ငဖဲမြို့နယ်တွင်ရောင်းချ
မကွေးတိုင်းဒေသကြီး သမဝါ ယမဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန် မှုဖြင့် ငဖဲမြို့နယ် သာယာကုန်း ကျေးရွာတွင် ယခုလ ၂၄ ရက် နံနက်က အောင်ဇမ္ဗူလယ်ယာနှင့် အထွေထွေ စီးပွားရေးသမဝါယမ အသင်းမှ အသင်းသားများ၊ပြည်သူ များ စိုက်ပျိုးရေးကဏ္ဍတွင် ထုတ် လုပ်မှုမြှင့်တင်နိုင်ရေးအတွက် ကိုရီးယားနိုင်ငံ(DAEDONG) ဒေဒေါင်းကုမ္ပဏီက လယ်ယာသုံး စက်ကိရိယာများကို အရစ်ကျစနစ် ဖြင့် ပံ့ပိုးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
HIV ဗိုင်းရပ်စ်များ လေးလအတွင်း ဦးနှောက်ထဲသို့ ပျံ့နှံ့သွားနိုင်
အေအိုင်ဒီအက်စ်ရောဂါ ဖြစ်စေနိုင်သည့် HIV ဗိုင်းရပ်စ်ကူးစက်ခံရပြီး နောက် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ကုထုံးဖြင့် ကုသမှုခံယူခြင်း မရှိ လျှင် ယင်းဗိုင်းရပ်စ်များ လေးလအတွင်း ဦးနှောက်ထဲသို့ ပျံ့နှံ့ရောက်ရှိသွားနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။
PLOS ဂျာနယ်တွင် ဖော်ပြထားသော ယင်းလေ့လာတွေ့ရှိ ချက်များက HIV ဗိုင်းရပ်စ်ကူးစက်ခံရမှုကို အစောဆုံးသိရှိနိုင်ရန် ပုံမှန်စစ်ဆေးမှုခံယူရန် အရေးကြီးကြောင်း ဖော်ပြထားသည်။
HIV ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် ဗိုင်းရပ်စ်တိုက်ဖျက်တားဆီးရေး ဆေး (ART)သောက်သုံးမှု မရှိသောရောဂါရှင် သုံးပုံတစ်ပုံသည် နောက်ပိုင်းတွင် HIV ဗိုင်းရပ်စ်နှင့် ဆက်စပ်သော ကျန်းမာရေး ထိခိုက်မှုများ ဖြစ်လာလိမ့်မည်ဟု အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်မှ အေအိုင်ဒီအက်စ်သုတေသနစင်တာ (CFAR) ညွှန်ကြားရေးမှူး ရော်နယ်ဆ၀န်စထရွန်းက ပြောသည်။
ပို့ကုန်မဟာဗျူဟာသစ်ကြောင့် ကုမ္ပဏီငယ်များအကျိုးဖြစ်ထွန်းဖွယ်ရှိ စီးပွားရေးအသွင်ပြောင်းကဏ္ဍအရှိန်မြှင့်ရန် အာဆီယံစီးပွားရေးကွန်ရက်နှင့်ပိုမိုချိတ်ဆက်မည်
နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းရေးဆွဲခဲ့သောပို့ကုန်မဟာ ဗျူဟာသစ်ကို စတင်ဖော်ဆောင် နိုင်ပါက ပြည်တွင်းရှိကုမ္ပဏီငယ် များအကျိုးဖြစ်ထွန်းစေဖွယ်ရှိကြောင်း နိုင်ငံတကာကုန်သွယ်ရေးစင်တာ ၏သတင်းထုတ်ပြန်တစ်ရပ်တွင်ဖော် ပြသည်။
ပြည်တွင်းရှိ အသေးစားနှင့်အ လတ်စားစီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီငယ်များ ပို့ကုန်တင်ပို့ရာ တွင်အကျိုးဖြစ်ထွန်းစေရန်ရည်ရွယ် ပြီး ပို့ကုန်မဟာဗျူဟာသစ်ကိုရေး ဆွဲခဲ့ခြင်းဖြစ်ကာ နိုင်ငံတကာကုန် သွယ်ရေးစင်တာ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၊ ဂျာမနီနိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီနှင့် မြန်မာ အစိုးရတို့ ပူးပေါင်းရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ရေးဆွဲခဲ့သောပို့ကုန် မဟာဗျူဟာမှာ မြန်မာနိုင်ငံ အတွက် ပထမဆုံးအမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာဖြစ်သည်ဟု လည်းသိရသည်။
Subscribe to:
Posts (Atom)





