Friday, December 4, 2015

လွှတ်တော်ကိုယ်စားလှယ်များ နိုင်ငံရေး အလေ့အထကောင်းများ ပေါ်ထွန်းရန် အလေးထားဆောင်ရွက်သင့်ဟု OMI အကြံပြု

လွှတ်တော်ကိုယ်စား လှယ်များသည် မိမိတို့၏ တိုင်း ရင်းသားဖြစ်မှု၊ နိုင်ငံရေး ပါတီ နောက်ခံစသော အချက်အလက် များအပေါ် အခြေခံစဉ်းစားခြင်း ထက် ဒီမိုကရေစီနှင့် နိုင်ငံရေး အ လေ့အထကောင်းများ ပေါ်ထွန်း လာရေးကိုသာ အလေးထား ဆောင်ရွက်သင့်ကြောင်းပွင့်လင်း မြန်မာ့ရှေ့ဆောင်အဖွဲ့(OMI) က အကြံပြုတောင်းဆိုခဲ့သည်။
(၁၁) ကြိမ်မြောက် လွှတ် တော်ပုံမှန်အစည်းအဝေးများကို ကိန်းဂဏန်းအခြေပြု ချဉ်းကပ် လေ့လာချက်ဖြစ်သော လွှတ် တော် စောင့်ကြည့်လေ့လာရေး အစီရင်ခံစာအမှတ် (၆) ကို OMI က အောက်တိုဘာတွင် ထုတ်ပြန်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်စွဲဖြင့် ထပ်မံ၍ အကြံပြု တောင်းဆိုခြင်းဖြစ်သည်။
ပွင့်လင်းမြန်မာ့ရှေ့ဆောင် အဖွဲ့က လွှတ်တော်များ၏ အဓိ က တာဝန်များဖြစ်သော ပြည်သူ များကို ကိုယ်စားပြုရေး၊ ဥပဒေပြု ရေးနှင့် အစိုးရအား စိစစ်ထိန်း ကျောင်းရေးတို့ကို ပိုမိုထိရောက် စွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လွှတ်တော်စောင့်ကြည့်ရေး အစီ ရင်ခံစာများကို ၂၀၁၃ မှစတင် ကာ ပြုစုထုတ်ပြန်ခဲ့သည်။

အိန္ဒိယ ဝန်ကြီးချုပ်၏ ပြုပြင်ထားသည့် ဓာတ်ပုံကို အွန်လိုင်းသုံးစွဲသူများ လှောင်ပြောင်


နိုင်ငံပိုင် မီဒီယာဌာန တစ်ခုက အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ရေဘေးသင့် ဒေသများသို့ သွားရောက် စစ်ဆေးနေဟန် ပြုပြင်ထားသည့် ဓာတ်ပုံအတုကို ဖော်ပြခဲ့ခြင်းကြောင့် အကြီးအကျယ် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
အိန္ဒိယရှိ ချန်နိုင်းတွင် လူအသေအပျောက် ရာနှင့်ချီ ဖြစ်ပေါ်သည်အထိ ဆိုးဆိုးရွားရွား ရေကြီးမှုများ ဖြစ်ပေါ်နေပြီး အစိုးရပိုင် Press Information ဗျူရိုက လေယာဉ်ပြတင်းပေါက်မှတစ်ဆင့် ချန်နိုင်း ရေဘေးသင့် ဒေသများကို မိုဒီက လှမ်းကြည့်နေဟန် ဓာတ်ပုံကို Twitterတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အဆိုပါ ဓာတ်ပုံမှာ လေယာဉ်ပေါ်တွင် မိုဒီရှိနေစဉ် ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံကို ပြုပြင်ကာ ရေဘေးသင့် ဒေသ ဓာတ်ပုံတစ်ခုနှင့် ရောစပ်ဖန်တီးထားကြောင်း ပေါ်ပေါက်လာသည့်နောက် အွန်လိုင်းတွင် လူအများက ဖြန့်ဝေ လှောင်ပြောင်ခဲ့ကြသည်။ အထူးသဖြင့် Twitterတွင် ယင်းကိစ္စမှာ အထူးသတင်းကြီးခဲ့ပြီး အခြားသူများကပါ နောက်ထပ် ကိုယ်တိုင် ပြုပြင်ပြောင်းလဲထားသည့် ဓာတ်ပုံများဖြင့် မိုဒီက ရေဘေးသင့် ဒေသတွင် ပျော်ရွှင်စွာ Selfie ရိုက်နေဟန် ဖန်တီး ပြက်ရယ်ပြုခဲ့ကြသည်။

ကယ်လီဖိုးနီးယား ပစ်ခတ်မှု တရားခံ ဇနီးမောင်နှံအိမ်၌ လက်နက်အများအပြား ရှာတွေ့

တရားခံများ၏ နေအိမ်တွင် ရှာတွေ့သည့် ကျည်ဆန်များ။
ကယ်လီဖိုးနီးယားရှိ လူမှုစောင့်ရှောက်ရေး စင်တာတစ်ခုကို ဝင်ရောက်ပစ်ခတ်ကာ လူ ၁၄ ဦးထက်မနည်း သေဆုံးစေခဲ့သည့် သေနတ်သမား ဇနီးမောင်နှံ၏ နေအိမ်တွင် လက်နက်အမြောက်အမြား ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၂ ရက်က ပြည်နယ်မြို့တော် လော့စ်အန်ဂျလိစ် အနီးရှိ ဆန်ဘာနာဒီနို မြို့လေးမှ လူမှုစောင့်ရှောက်ရေး စင်တာတစ်ခုကို အမျိုးသား၊ အမျိုးသမီး နှစ်ဦးက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာ လူ ၁၄ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာများ ရရှိခဲ့သည်။
သေနတ်သမားများသည် SUVကားတစ်စီးနှင့် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့က ထပ်ကြပ်မကွာ လိုက်ပါပြီး အသေပစ်ခတ် ဖမ်းဆီးခဲ့သည်။ ထို့နောက်ပိုင်းတွင် သေနတ်သမား နှစ်ဦးမှာ အသက် ၂၈ နှစ်အရွယ် ဆာယာက်ဒ် ရစ်ဇ်ဝမ် ဖာရွတ်ခ်နှင့် ဇနီးဖြစ်သူ အသက် ၂၇ နှစ်အရွယ် တက်ရှ်ဖင်းမာလစ်ခ်တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စသုံးလုံး အရာရှိတစ်ဦးကို ကျပ်သိန်း သောင်းချီတန် မူးယစ်ဆေးများ သယ်ဆောင်မှုဖြင့် ဖမ်းဆီး

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ)မှ စုံစမ်းစစ် ဆေးရေးမှူးတစ်ဦးကို ကျပ်သိန်း သောင်းချီတန်ဖိုးရှိသည့် မူးယစ် ဆေးနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်လာမှုဖြင့် ဖမ်းဆီး စစ်ဆေးနေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ရှမ်းပြည်နယ် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန စုံစမ်းစစ် ဆေးရေးမှူး သူရ၀င်းဆိုသူကိုဖမ်း ဆီးစစ်ဆေးနေပြီး ၎င်းစီးလာသော ကားပေါ်မှ ကျပ်သိန်း ၄၈,၂၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ်တစ်လက်၊ ကျည် အချို့ကို ရဲတပ်ဖွဲ့က ရှာဖွေဖမ်း ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်း အမှု၏ နောက်ဆက်တွဲ သံသယ ရှိသူအချို့ကို တောင်ကြီးမြို့အေး သာယာမြို့သစ်နှင့် တာချီလိတ် မြို့တို့၌ ဆက်လက်ဖမ်းဆီးထား ပြီး ကျပ်သိန်း သောင်းချီတန် မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းအချို့ ထပ်မံဖမ်းဆီးနိုင်ခဲ့ ကာ စုံစမ်းစစ်ဆေးနေသည်ဟုမြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲအနိုင်ရ အစိုးရများ အေးအေးချမ်းချမ်း အာဏာလွှဲပြောင်းသည့် အစဉ်အလာ ထူထောင်သွားရန် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူ

ဒီဇင်ဘာ ၂ ရက် နံနက်က သမ္မတဦးသိန်းစိန်နှင့် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနေစဉ် (ဓာတ်ပုံ − အီးပီအေ)
ရွေးကောက်ပွဲ အနိုင်ရ အစိုးရတစ်ရပ်က နောက် ရွေးကောက်ပွဲတွင် အနိုင်ရလာ သည့် အစိုးရတစ်ရပ်သို့ အေးအေး ချမ်းချမ်း အာဏာလွှဲပြောင်းပေး သည့် အစဉ်အလာမျိုးကို မြန်မာနိုင်ငံ၌ ထူထောင်ရန် သမ္မတဦးသိန်း စိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူညီခဲ့ကြကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
‘‘ကျွန်တော်တို့ နိုင်ငံမှာ ၁၉၄၈ လွတ်လပ်ရေးရကတည်းက ရွေးကောက်ပွဲတစ်ရပ်မှာ အနိုင်ရတဲ့ အစိုးရတစ်ရပ်က နောက်ရွေး ကောက်ပွဲမှာ အနိုင်ရတဲ့ အစိုးရ တစ်ရပ်ကို ချောချောမွေ့မွေ့အေး အေးချမ်းချမ်းလွှဲပေး တယ်ဆိုတဲ့ အစဉ်အလာလုံးဝမရှိခဲ့ဘူး။ အဲဒီ အစဉ်အလာကို မဖြစ်ဖြစ်အောင် ကျွန်တော်တို့ လုပ်မယ်’’ဟု ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဆို သည်။ နိုဝင်ဘာ ၂ ရက်က နေပြည် တော်ရှိ သမ္မတ အိမ်တော်တွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ နှစ်ဦး တွေ့ဆုံ ဆွေးနွေးခဲ့မှုနှင့်ပတ်သက်၍ ပြု လုပ်သော သတင်းစာရှင်းလင်းပွဲ ၌ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

တစ်ကိုယ်တော်ဆန္ဒပြ၍ တရားစွဲခံရသည့်ရှေ့နေ တရားလွှတ်တော်ရှေ့နေအဖြစ်မှ ထုတ်ပယ်ခံရ

တရားရုံးပြစ်ဒဏ်များချမှတ်ခံထားရသည့် ပြည်မြို့မှရှေ့နေတစ်ဦးသည် ရှေ့နေလိုင်စင်ရုပ်သိမ်းခံရပြီး တရားလွှတ်တော်ရှေ့နေအဖြစ်မှ ထုတ်ပယ်ခံရကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုတရားစီရင် ရေး ကြီးကြပ်မှုရုံး၏ နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်သောအမိန့်စာ အရ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး(ခ) ဦးပဏ္ဍိတ သည် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)အရ ပြစ်ဒဏ်နှစ်ကြိမ် ချမှတ်ခံရခြင်းသည် ရှေ့နေ ရှေ့ရပ်လုပ်ငန်းနှင့် စပ်လျဉ်း သည့် ကျင့်ဝတ်သိက္ခာကို ဖောက် ဖျက်ရာရောက်ကြောင်း စိစစ် တွေ့ရှိသဖြင့် ရှေ့နေလိုင်စင်ပြန်လည်ရုပ်သိမ်းပြီး တရားလွှတ်တော်ရှေ့နေအဖြစ်မှ ထုတ်ပယ်လိုက်သည်ဟု ဖော်ပြပါရှိသည်။

ဗလင်စီယာတွင် ဂယ်ရီနဗီးလ် အောင်မြင်မည်ဟု ဖာဂူဆန်နှင့် မိုယက်စ်ဟောကိန်းထုတ်

လန်ဒန် - မန်ယူကို မိမိကိုင်တွယ် စဉ်က အသင်းခေါင်းဆောင်တာ ၀န်ယူခဲ့သော ဂယ်ရီနဗီးလ်သည် စပိန်မှ ဗလင်စီယာ အသင်း၏ မန်နေဂျာအဖြစ် အောင်မြင်ရန် ခေါင်းဆောင်မှု အရည်အသွေးရှိ သူဖြစ်သည်ဟု မန်ယူ နည်းပြ ဟောင်း အဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်သည်။

ဗလင်စီယာနည်းပြဟောင်း နူနိုဆန်ကို တနင်္လာနေ့က နုတ် ထွက်သွားပြီးနောက် ၎င်း၏နေ ရာတွင် ဂယ်ရီနဗီးလ်ဝင်ရောက် လာခြင်းဖြစ်ကာ လာမည့် သီ တင်းပတ်နိုဝင်ဘာ ၉ ရက်၌ကစား မည့် လိုင်ယွန်နှင့်ပွဲကို စတင်ကိုင် တွယ်ရမည်ဖြစ်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်း ၄၀ ပါဝင်ရေး ဆုံးဖြတ်ချက် ဖီဖာရွှေ့ဆိုင်း

ဇူးရစ် - ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ပြုပြင်ပြောင်းလဲရေး အစီ အစဉ်များ၏ တစ်စိတ်တစ်ပိုင်း အဖြစ် လေးနှစ်တစ်ကြိမ်ကျင်းပ သော ကမ္ဘာ့ဖလားတွင် အသင်း ပေါင်း ၄၀ ဖြင့်ယှဉ်ပြိုင်ရေး အဆို ပြုချက်ကို ဖီဖာအမှုဆောင်ကော် မတီက အချိန်ရွှေ့ဆိုင်းထားလိုက် သည်။
ယင်းအဆိုပြုချက်အရလက် ရှိတွင် ၃၂ သင်းဖြင့် ယှဉ်ပြိုင်နေ သော ကမ္ဘာ့ဖလားပြိုင်ပွဲကို၂၀၂၆ ကစ၍ အသင်း ၄၀ ဖြင့် ယှဉ်ပြိုင် ရန် စီစဉ်ထားသည်ဟု ဖီဖာနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ က ပြောသည်။
ကမ္ဘာ့ဖလားကို ယခင်က ၂၄ သင်းဖြင့်သာ ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၈ တွင် ၃၂ သင်းအထိ တိုး မြှင့်ခဲ့ခြင်းဖြစ်သည်။

ဆန်ဈေး အနည်းငယ်ကျဆင်းပြီး စပါးဈေးမြင့်

ပြည်တွင်း၌ ဆန်ဈေး များကျဆင်းနေသော်လည်း စပါး အသစ်ပေါ်ချိန်တွင် စပါးအဖွင့် ဈေး မြင့်တက်ခဲ့သောကြောင့် ယခင်နှစ်ထက် စပါးဈေးပိုမိုမြင့် တက်နေကြောင်း မန္တလေးဆန် စပါး ကုန်စည်ဒိုင်မှ သတင်းရရှိ သည်။
၂၀၁၄ တွင် စပါးအဖွင့်ဈေး ကို စပါး အမျိုးအစားအလိုက် တင်းတစ်ရာလျှင် ကျပ်နှစ်သိန်းခွဲ မှ သုံးသိန်းထိသာရှိသော်လည်း ယခုနှစ် စပါးအသစ်ပေါ်ချိန် (ဒီ ဇင်ဘာ) တွင် တင်းတစ်ရာလျှင် ငါးသိန်းကျပ်မှ ခြောက်သိန်းအထိ ပေါက်ဈေးရှိကြောင်း မန္တလေးမြို့ ဆန်စပါးဈေးကွက်အတွင်းမှသိရ သည်။
ယခုနှစ်အတွင်း ပြည်တွင်း၌ ဖြစ်ပေါ်ခဲ့သည့် ရေကြီး ရေလျှံမှုများကြောင့် စပါးအဓိက စိုက် သော ဒေသများဖြစ်သည့် မကွေး တိုင်း၊ ဧရာဝတီတိုင်းတို့တွင် စပါး အထွက်နှုန်း လျော့ကျခဲ့သော ကြောင့် စပါးအသစ်ပေါ်ချိန်တွင် ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်း ဆန်ကုန်သည်အများစုက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သူရဦးရွှေမန်းနှင့် ခုနစ်ကြိမ်မြောက် ထပ်တွေ့ သမ္မတ၊ တပ်ချုပ်တို့နှင့် မတွေ့မီတစ်ရက်အလိုတွင် တွေ့ဆုံခဲ့ပြီး ယခုထပ်မံတွေ့ဆုံခြင်းဖြစ်

နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့နှင့်တွေ့ဆုံပြီးနောက်တစ်ရက် ဒီဇင်ဘာ ၃ ရက်တွင် ဒေါ်အောင် ဆန်းစုကြည်သည် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေ မန်းနှင့် ထပ်မံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲအနိုင်ရပါတီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်သည် သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် မ တွေ့ဆုံမီတစ်ရက်အလို ဒီဇင်ဘာ ၁ ရက်ကလည်း သူရဦးရွှေမန်းနှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေး နွေးခဲ့ပြီး ယခုတွေ့ဆုံဆွေးနွေးမှု များအပြီး ဒီဇင်ဘာ ၃ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရုံးခန်း၌ ထပ်မံတွေ့ဆုံခြင်းဖြစ်သည်။
ရွေးကောက်ပွဲအပြီး (၁၃) ကြိမ်မြောက်ပုံမှန်လွှတ်တော်အ စည်းအဝေးများ ပြန်လည်ကျင်းပ ချိန်တွင် လွှတ်တော်နာယက သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ မကြာခဏတွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံမှုသည် တစ်နာရီခွဲခန့် ကြာမြင့်ခဲ့ကာ ရွေးကောက်ပွဲအ ပြီး ခုနစ်ကြိမ်မြောက်တွေ့ဆုံမှု လည်းဖြစ်သည်။

ပြည်တွင်းသို့ ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၈ ဦးကို နေရပ်သို့ ပြန်ပို့

မြန်မာနိုင်ငံသို့ လှေဖြင့် တရားမဝင် ခိုးဝင်လာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၈ ဦးကို ဒီဇင်ဘာ ၂ ရက်တွင် ၎င်းတို့နိုင်ငံသို့ပြန် လည်လွှဲပြောင်းပေးခဲ့ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
ဒီဇင်ဘာ ၂ ရက်ညနေတွင် တောင်ပြို(လက်ဝဲ)မြို့၌ နှစ်နိုင်ငံအလံတင် အစည်းအဝေး ကျင်းပပြီးနောက် နယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တရားဝင်ပြန်လည်လွှဲပြောင်းပေး ခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် ယခုနှစ်အစော ပိုင်းက တရားမဝင်ခိုးဝင်လာကြ ပြီး ယခုအကြိမ်အပါအဝင် ဘင်္ဂ လားဒေ့ရှ်နိုင်ငံသား ၇၇၇ ဦးကို ခုနစ်ကြိမ်ခွဲကာ ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည် လွှဲပြောင်းပေးပြီးဖြစ် ကြောင်း သိရသည်။

ဗဟိုဘဏ် တရားဝင်ငွေလဲနှုန်း မကျသော်လည်း ပြင်ပတွင် သုံးရက်အတွင်း ၁၀ ကျပ်ခန့် ဈေးကျ

ဗဟိုဘဏ်က တရားဝင် သတ်မှတ်သည့် ရည်ညွှန်းငွေလဲနှုန်းကျဆင်းခြင်းမရှိသော်လည်း ပြင်ပဈေးကွက်တွင် တရားမ၀င်ငွေလဲနှုန်းသည် ယခုလသုံးရက်အတွင်း တစ်ဒေါ်လာလျှင် ၁၀ ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သတင်းရရှိသည်။
ပြင်ပဈေးကွက်တွင် ငွေလဲ နှုန်းသည် ၀ယ်လိုအားနည်းလာ ခြင်းကြောင့် ဒီဇင်ဘာ ၁ ရက်မှစတင်၍ ပြန်လည်ကျဆင်းလာသည်။ ဒီဇင်ဘာ ၁ ရက်တွင် ပြင်ပဈေးကွက်၌ ကန်တစ်ဒေါ်လာ လျှင် ၁,၃၀၀ ကျပ်ခန့်မှ ဒီဇင်ဘာ ၃ ရက်တွင် ၁,၂၉၀ ကျပ်ခန့်သို့ ကျဆင်းလာသည်။

လောက်ကိုင်တွင် ညမထွက်ရအမိန့် ဆက်လက်ထားရှိ

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် တွင် စစ်အုပ်ချုပ်ရေးအမိန့်ရုပ် သိမ်းခဲ့သော်လည်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည်။
စစ်အုပ်ချုပ်ရေးကာလ၌ ညနေ ၆ နာရီမှ နံနက် ၅ နာရီမ ထွက်ရသည့်အမိန့်မှ ည ၈ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ကို နယ်မြေတည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအခြေအနေအရ ဆက်လက်ထား ရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။
ထို့ပြင် လူ ငါးဦးနှင့်အထက် စုဝေး၍ စီတန်းဟစ်အော်လှုံ့ ဆော်ခြင်းနှင့် ရုန်းရင်းဆန်ခတ် အခြေအနေများလည်း မပြုလုပ် ရန် တားမြစ်ထားသည်။
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ဖြင့် ထုတ်ထားသော တားမြစ်မိန့်သည် လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်နှင့် မော်ထိုက်မြို့များအထိ အာဏာသက် ရောက်မည် ဖြစ်သည်။
လောက်ကိုင်တွင် စစ်အုပ် ချုပ်ရေးရုပ်သိမ်းပြီး နှစ်ပတ်မ ပြည့်မီမှာပင် လောက်ကိုင်မြို့ထဲ သို့ ၀င်ရောက်ပစ်ခတ်မှုများရှိခဲ့ ကြောင်း သိရသည်။

ရန်ကုန်တွင် လုယက်မှု စံချိန်တင် ၊ကျူးလွန်သူများကို အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း အုပ်စုဖွဲ့ အကြမ်းဖက် လုယက်မှုများ စံချိန်တင် မြင့်တက် လာမှုကြောင့် လုယက်မှုများ လျော့နည်းကျဆင်းစေရန် ပြစ်မှုကျူးလွန်သူများကို အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ် အထိ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်တရားသူကြီးများထံမှ စုံစမ်း သိရှိရသည်။
“လုယက်မှု ကျူးလွန်သူတွေကို ထောင်ဒဏ် ငါးနှစ်လောက်ပဲ အမိန့်ချမှတ်ခဲ့တာ များတယ်၊ အခု နောက်ပိုင်းမှာ လုယက်မှုတွေက လူစည်ကားရာနဲ့ မြို့လယ်ကောင် နေရာတွေမှာပါ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ လုယက်မှုတွေ ဖြစ်လာတာကြောင့် ပြစ်မှုကျူးလွန်ကြောင်း သက်သေခိုင်လုံသူတွေကို အမြင့်ဆုံးပြစ်ဒဏ်အထိ ထိရောက်စွာ အရေးယူဖို့ အထက်က ညွှန်ကြားထားတယ် ” ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ မြို့နယ် တရားသူကြီး တစ်ဦးက ပြောကြားသည်။
ယခုနှစ် မေလက အလုံမြို့နယ် ၊ အလုံလမ်းတွင် အငှားယာဉ် တစ်စီးပေါ်မှ အမျိုးသား ငါးဦးက ပလက်ဖောင်းပေါ် လမ်းလျှောက်လာသော အမျိုးသား သုံးဦးကို ဝိုင်းဝန်းထိုးကြိတ်ကာ လုယက်မှု ကျူးလွန်ခဲ့သောကြောင့် ယင်းငါးဦးကို ဒီဇင်ဘာလ ၂ ရက်နေ့က အလုံမြို့နယ် တရားရုံးက တစ်ဦးလျှင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း အလုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် NCA လက်မှတ်မထိုးသည့်တိုင်းရင်းသား လက်နက်ကိုင်များပါဝင်ရေးအစိုးရနှင့်ညှိနှိုင်း

နိုင်ငံရေးဆွေးနွေးပွဲများတွင်နိုင်ငံလုံးချီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် NCA စာချုပ် လက်မှတ်ရေးထိုးခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် အထူးကိုယ်စားလှယ်အဖြစ်ပါဝင်ဆွေးနွေးခွင့်ရရေးအတွက် အစိုးရနှင့်ညှိနှိုင်းမှုများပြုလုပ်လျက်ရှိကြောင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံမှသိရသည်။
“NCA လက်မှတ်မထိုးတဲ့အဖွဲ့တွေကို နိုင်ငံရေးဆွေးနွေးပွဲမှာလေ့လာသူအနေနဲ့မဟုတ်ဘဲ အထူးဖိတ်ကြားသူအနေနဲ့တက်ရောက်ခွင့်ရဖို့ပေါ့။ လေ့လာသူကတော့ဆွေးနွေးခွင့်မရှိဘူး။ဆုံးဖြတ်ခွင့်မရှိဘူးပေါ့။ဒါပေမဲ့ အထူးဖိတ်ကြားသူကတော့ဆွေးနွေးလို့ရတာပေါ့။ဒါပေမဲ့ မဲခွဲဆုံးဖြတ်ရတဲ့ကိစ္စမျိုးမှာဆိုရင်တော့သူတို့မှာဆုံးဖြတ်ခွင့်မရှိဘူးပေါ့” ဟု NCA လက်မှတ်ရေးထိုးထားသည့်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌဦးခွန်မြင့်ထွန်းကရှင်းပြသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) ကိုနိုဝင်ဘာ၁၅ရက်နေ့က အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်၈ဖွဲ့တို့ သဘောတူလက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး အဆိုပါစာချုပ်လက်မှတ်ရေးထိုးပြီး ရက်ပေါင်း၉၀အတွင်း အင်အားစုအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကိုစတင်ရမည်ဖြစ်သည်။

Thursday, December 3, 2015

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှု မုံရွာတွင် ပြုလုပ်

ဒီဇင်ဘာ ၃ ရက်တွင် ကျ ရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအ မှတ် အကြိုလှုပ်ရှားမှုပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ စစ် ကိုင်းတိုင်းဒေသကြီး မြန်မာနိုင်ငံ မျက်မမြင်များအသင်းရုံးနှင့် ရောင်ခြည်သစ် မျက်မမြင်ကျောင်းတို့ ၌ ဒီဇင်ဘာ ၂ ရက်က ကျင်းပခဲ့ သည်။
စစ်ကိုင်းတိုင်းဒေသကြီး မြန် မာနိုင်ငံမျက်မမြင်များအသင်း၊ မြန်မာနိုင်ငံမသန်စွမ်းအရင်းအ မြစ်ဌာန (မုံရွာ)နှင့် ရောင်ခြည်သစ်မျက်မမြင်ကျောင်းတို့ ပူးပေါင်း၍ ၂၀၁၅ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအခမ်းအနားများ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထားဝယ်မြို့ ထန်းပင်တန်းကို မြို့ဝင်အမှတ်အသားအဖြစ် ထိန်းသိမ်းထားမည်

ထားဝယ်မြို့အ၀င်ရှိ ထန်းပင်တန်းကို မြို့ဝင်အမှတ်အ သားအဖြစ် မြို့သာယာလှပရေး အတွက် ခုတ်လှဲခြင်းမပြုနိုင်ရန် တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေအရ တရားဝင်ထိန်းသိမ်း စောင့်ရှောက်မည် ဖြစ်သည်။
ထားဝယ်မြို့မှ လောင်းလုံး မြို့နှင့် မောင်းမကန်ကမ်းခြေသို့ သွားရာ(ကမြောကင်း တံတားအ နီး) ကမြောကင်းလမ်းမကြီးဝဲယာ တစ်လျှောက်ရှိ ထန်းပင်တန်းကို ထိန်းသိမ်းရေးအတွက် နိုဝင်ဘာနောက်ဆုံးပတ်မှစတင်၍ စည်ပင်သာယာရေးအဖွဲ့က တရားဝင်နံပါတ်များ တပ်ဆင်သတ်မှတ်ခဲ့သည်။ ‘‘အဲဒီထန်းပင်တန်းက ထား ၀ယ်မြို့ရဲ့ မြို့ဝင်အမှတ်အသား တစ်ခုပါ။ အဲဒါကြောင့်မြို့ဝင်မြို့ ထွက် သာယာလှပရေးအတွက် ထိန်းသိမ်းလိုက်တာပါ။ အဲဒီထန်း ပင်တန်းမှာရှိတဲ့ ထန်းပင်တွေကို စည်ပင်အဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ခုတ်ခဲ့ရင် စည်ပင်ဥပဒေအရ အ ရေးယူသွားမှာပါ’’ဟု မြို့နယ်စည် ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးအောင်ကျော်မျိုးက ပြောသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် မီးဘေးလုံခြုံရေး အကောင်းဆုံးဆောင်ရွက်နိုင်မှု ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း ရှမ်းပြည်နယ် မီးသတ်တပ်ဖွဲ့၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သုံးဆယ့်ငါးသိန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပထမဆုံးအကြိမ် ပေးအပ်ခဲ့ကြောင်း ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ဆယ်ရက်ကြာ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးခဲ့၍ ဆုချီးမြှင့်ခံရခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းက ပြောသည်။

လာမည့် သြဂုတ်လတွင် ဖွင့်လှစ်မည့် မန္တလေး ကျောက်မျက်ဈေးသစ်ဆိုင်ခန်းများ စတင်ရောင်းချ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ရွာမြင်းမူ ကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်ကားလမ်းဘေးတွင် တည် ဆောက်နေသည့် နိုင်ငံတကာ အဆင့်မြင့် ကျောက်စိမ်းနှင့်တွင်း ထွက်ကျောက်မျက်ရတနာ ဈေး ကို ၂၀၁၆ သြဂုတ်၌ စတင်ဖွင့်လှစ် မည်ဟု သတင်းရရှိသည်။
ကျောက်မျက်ဈေးသစ်ကို ဆင်ရွာမြင်းမူကျေးရွာအတွင်းရှိ မြေဧက ၃၀ ကျော်ပေါ်တွင် ၂၀၁၂ က စတင်တည်ဆောက်ခဲ့ ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် အောင်ကောင်းကျော်၊ ရတနာ မြိုင်၊ တော်ဝင်မြန်မာ၊ ယူနိုက် တက်ရွိုင်ရယ်အာရှနှင့်တက်လမ်း ဆောက်လုပ်ရေးကုမ္ပဏီတို့က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။‘‘အခုဈေးဆိုင်ခန်းတွေကို စ တင်ရောင်းချနေပါပြီ။ လာမယ့် သြဂုတ်မှာ ဖွင့်ပွဲလုပ်ပြီးဈေးသစ် ကြီးကို ဖွင့်လှစ်မှာဖြစ်ပါတယ်’’ ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသည့် ကျောက် မျက်ဈေးသစ်ဆိုင်ခန်းနေရာချ ထားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောကြား သည်။

ဗီယက်နမ်မင်းသမီး တောင်းဆိုလို့ ကူညီပေးခဲ့တဲ့ သျှားထွဋ်အိန္ဒြာ

ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ ရွှေတိဂုံ စေတီတော်သို့ သွားရောက်ဖူးမြော် သည့်အစီအစဉ်တွင် မင်းသမီး၏ တောင်းဆိုမှုကြောင့် လိုက်ပါ ကူညီဖြစ်ခဲ့ကြောင်း Miss Unive-rse Myanmar 2014 သျှားထွဋ်အိန္ဒြာက ပြောကြားသည်။‘‘မီဒီယာဆဲဗင်းက ကိုရွှေ မန်းတို့က သူလာမယ်၊ လေဆိပ်မှာ ကြိုဖို့ရှိတယ်ဆိုတာကြောင့် မနေ့ က သွားကြိုဖြစ်တယ်။ ညဘက် ဒင်နာအထိ သူနဲ့အတူတူ အဖော် လုပ်ပေးရင်း သူက ဘုရားကိုသွား ရင်း လိုက်စေချင်တယ်။ အမှန်က ဘုရားသွားဖို့ ညီမ မပါဘူး။ စစ တွေ့တွေ့ချင်းမှာပဲ သူက သူ့ကို Miss Universe တစ်ယောက်က လာကြိုတာကို အရမ်းဂုဏ်ယူ တယ်။ မနက်ဖြန်လည်း ညီမ မပါ ရင် အရမ်းပျင်းနေမှာ။ အဖော် လုပ်ပေးပါဆိုလို့ ဘုရားကိုလိုက် ပေးဖြစ်တယ်’’ဟု ၎င်းက ပြော သည်။

အကောင်းဆုံးညနေခင်းဝတ်စုံဆု ဆွတ်ခူးသွားတဲ့ မြန်မာအလှမယ် Lဘောက်နူး

ပိုလန်နိုင်ငံတွင် ပြုလုပ် နေသော Miss Supranational 2015 ပြိုင်ပွဲ၌ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် Lဘောက် နူးက အကောင်းဆုံးညနေခင်း ဝတ်စုံဆု ရရှိခဲ့သည်။
ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၈၂ နိုင်ငံမှ အလှမယ်များ ပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး နောက်ဆုံးအ ဆင့်တွင် ဖိလစ်ပိုင် ဗီယက်နမ် နိုင်ငံများမှ အလှမယ်များကို ကျော်ဖြတ်၍ မြန်မာအလှမယ်က ဆုရရှိခဲ့ခြင်းဖြစ်သည်။
‘‘ဒီဝတ်စုံလေးရအောင် အ ကြံဉာဏ်ပေးခဲ့တဲ့ ဆရာဝေယံ အောင်နဲ့ ဆရာဟန်ဇော်လတ်၊ နောက်တန်းကနေ ဆုတောင်းကူ ညီပေးနေတဲ့ မိသားစုဝင်များနဲ့ သူငယ်ချင်များ၊ အားပေးနေကြ တဲ့ မိဘညီအစ်ကိုမောင်နှမများ အားလုံးကို အထူးကျေးဇူးတင်ရှိ ပါတယ်။ ဆက်လက်ပြီးတော့ လည်း ဆုတောင်းကူညီပေးကြပါ နော်’’ဟု အလှမယ် Lဘောက်နူး က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။

တိုင်းနှင့် ပြည်နယ် ဆယ်ခုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်၍ တောင်သူများ သတိပြုရန်လို

တိုင်းဒေသကြီးနှင့် ပြည် နယ် ဆယ်ခုတွင် ဒီဇင်ဘာ ၃ ရက် မှ ၅ ရက်အထိ အချိန်အခါမဟုတ် မိုးရွာနိုင်သည်ဟု မိုး/ဇလဌာနက သတင်းထုတ်ပြန်ထားပြီး ရိတ် သိမ်းဆဲသီးနှံများ မပျက်စီးရေးအ တွက် အမိုးအကာအောက် အ ချိန်မီပို့ဆောင်ထားရန် လိုအပ် သည်ဟု စိုက်ပျိုးရေးပညာရှင်အ ချို့က သတိပေးသည်။
ဘင်္ဂလားပင်လယ်အော် ဘက်မှ ရွေ့လာသော လေနွေး များနှင့် တရုတ်နိုင်ငံဘက်မှ ရွေ့ လာသော လေအေးများဆုံကာ မြန်မာနိုင်ငံတွင် အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဌာန ညွှန်ကြားမှုဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးကျော်မိုးဦးက ပြောသည်။

မော်တော်ယာဉ်နည်းဥပဒေပြဋ္ဌာန်းရန် အဆင့်သုံးဆင့်သာကျန်

ယခုနှစ်ကုန်ပိုင်းတွင် ထွက်ရှိမည့် မော်တော်ယာဉ်ဥပ ဒေ၏ နည်းဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ရန် အဆင့်သုံးဆင့်သာ ကျန်ရှိတော့ကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပြန်ကြားရေးတာဝန်ခံ ဦးလျန်ကျင့်မန်က ပြောသည်။
ပြန်လည်ပြင်ဆင်ရေးဆွဲ ထားသည့် မော်တော်ယာဉ်ဥပဒေ အသစ်အတွက် လိုအပ်သည့် နည်းဥပဒေမူကြမ်းကို အကြံပြုခြင်း၊ ပြင်ဆင်ခြင်းများပြုလုပ်နိုင်ရန် ၀န်ကြီးဌာနများနှင့် အသင်းအဖွဲ့များ ထံပေးပို့ထားရာ ၎င်းတို့၏ အကြံပြုချက်များကို ပြန်လည်ဖြည့်စွက် ပြီး လွှတ်တော်ရှေ့နေချုပ်ရုံးနှင့် နိုင်ငံတော်သမ္မတရုံးတို့ကို ပေးပို့ ၍ ယခုနှစ်ကုန်တွင် အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ရည်ရွယ်ထား ကြောင်း ဦးလျန်ကျင့်မန်က ဆို သည်။

အာဏာလွှဲပြောင်းမှုကာလ အထောက်အကူဖြစ်စေရန် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ထောက်ပံ့မည့်ကာလ တစ်နှစ်ထပ်မံတိုးမြှင့်

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအာဏာ လွှဲပြောင်းမှု ကာလအတွင်း ထိခိုက်နစ်နာ လွယ်သော ပြည်သူများအား စားနပ်ရိက္ခာအထောက်အပံ့များ ထောက်ပံ့ရန် သက်တမ်း ၂နှစ်ထပ်မံတိုးမြှင့်ခဲ့ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က သတင်းထုတ်ပြန် သည်။
ထိခိုက်နစ်နာလွယ်သော ပြည်သူများထံ စားနပ်ရိက္ခာ ထောက်ပံ့ပေးရေး စီမံကိန်းကို ယခုနှစ်ကုန်တွင် ရပ်နားရန်စီစဉ် ထားသော်လည်း မကြာမီရွေး ကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်များနှင့် ၂၀၁၆ နှစ် ဦးတွင် အစိုးရသစ်ဖြစ်လာမည့် အတိုက်အခံပါတီ အထောက်အ ကူဖြစ်စေရန် စီမံကိန်း ၂၀၁၇ အထိ သက်တမ်းတိုးမြှင့်ခဲ့ခြင်း ဖြစ်သည်ဟု WFP သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

မြင်းခြံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၀၁၆ မတ်လတွင်ပြီးစီးမည်

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှရရှိမည့် ဓာတ်ငွေ့ဖြင့် မြင်းခြံဒေသတွင်တည်ဆောက် နေသော လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ် ထွက်ရှိနိုင်သည့် ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ၂၀၁၆ မတ်လတွင် ပြီးစီးမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှသတင်းရရှိသည်။
မြင်းခြံဒေသတွင်တည် ဆောက်နေသော ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား များကို မြင်းခြံတွင်တည်ဆောက် မည့် သံမဏိစက်ရုံသို့ ဓာတ်အား ဖြန့်ဖြူးပေးမည်ဖြစ်ပြီး ထိုမှတစ် ဆင့်ပေးပို့သောဓာတ်ငွေ့ကို ပြည် တွင်းသို့ ဖြန့်ဖြူးပေးမည်ဟု စုံစမ်းသိရသည်။

မြန်မာပြည်သူ့ဖိုရမ် ၂၀၁၅ မှ ရရှိသည့်အချက်များကို မူဘောင်ရေးဆွဲပြီး အစိုးရသစ်နှင့် လွှတ်တော်သစ်သို့တင်မည်

မြန်မာပြည်သူ့ဖိုရမ် ၂၀၁၅ ဆွေးနွေးပွဲမှ ရရှိလာသည့် အချက်အလက်များကို ပြည်သူ့ ရေးရာ မူဝါဒကျွမ်းကျင်သူများက မူဝါဒဆိုင်ရာ မူဘောင် (Policy Framework) တစ်ရပ်ရေးဆွဲကာ ၂၀၁၆ တွင် အစိုးရသစ်နှင့် လွှတ်တော်သစ်သို့ တင်ပြမည်ဖြစ် ကြောင်း မြန်မာပြည်သူ့ ဖိုရမ်လုပ် ငန်းအဖွဲ့မှ သတင်းရရှိသည်။
၂၀၁၃ ကတည်းက ကျင်းပ ခဲ့သည့် မြန်မာပြည်သူ့ဖိုရမ်များနှင့် ဒေသဆိုင်ရာ ပြည်သူ့ဖိုရမ်များ တွင် အများဆုံးဆွေးနွေးခဲ့ကြ သော ငြိမ်းချမ်းရေး၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး၊ သယံဇာတခွဲဝေရေး၊ တိုင်း ရင်းသားလူမျိုးစု အခွင့်အရေးများ နှင့် လူငယ်ဖွံ့ဖြိုးရေးစသည့် အဓိက အချက်ငါးချက်ကို စကား ၀ိုင်းဆွေးနွေးပွဲများဖြင့် ပြုလုပ် မည်ဖြစ်ကြာင်း အဆိုပါအဖွဲ့ အမှုဆောင်ဒါရိုက်တာဦးကျော် လင်းဦးက ပြောသည်။

မန္တလေးရှိ ရေသန့်လုပ်ငန်း ၁၂ ခု ယာယီပိတ်သိမ်းခံရ

မန္တလေးမြို့တွင် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန၏ ထောက်ခံချက်မရှိ သည့် သောက်ရေသန့်လုပ်ငန်း ၁၂ ခုအား ယာယီပိတ်သိမ်းစေခဲ့ ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ သတင်း ရရှိသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်မရှိသည့်အပြင် ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်နှင့်အညီ ဆောင်ရွက်မှု မရှိသော သောက်ရေသန့်လုပ်ငန်း များအား ဒီဇင်ဘာ ၁ ရက်မှ စတင်၍ လုပ်ငန်းယာယီပိတ်သိမ်းစေခဲ့ကြောင်း မန္တလေးမြို့တော်စည် ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Wednesday, December 2, 2015

ရေခဲတောင်ထိပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့၏ ဓာတ်ပုံများရိုက်ကာ ဂုဏ်ပြု

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ ဓာတ်ပုံတို့ကို ယူဆောင်ကာ ကချင်ပြည်နယ်အတွင်းရှိ မဒွယ်ရေခဲတောင်ထိပ်တွင် ဓာတ်ပုံဆရာတစ်ဦးဖြစ်သူ ကိုကျော်သာက ဓာတ်ပုံရိုက်ခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

သမိုင်းဝင် ဒီဇင်ဘာ ၂ရက်နေ့ ကတိမှသည် ဇန်န၀ါရီ ၃၁သို့

 
ရန်ကုန်မန္တလေးလမ်းနဲ့ ပင်လောင်းလမ်းကြီး အဆုံကနေ တစ်မိုင်လောက်ဝင်လိုက်တဲ့ အခါမှာပဲ လုံခြုံရေးအဆင့်ဆင့်ချထားပြီး၊ မိုင်းရှင်းလင်းရေး ခွေးကြီးနှစ်ကောင်နဲ့ သတင်းမီဒီယာတွေဆီက ပါလာသမျှကို ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ဆေးရေးဂိတ်မှာ အနံ့ခံရှာဖွေနေပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံဆွေးနွေးကြမယ့် ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်းမှာ အဲဒီလို လုံခြုံရေးတွေယူ ရှာဖွေနေတာ ဖြစ်ပါတယ်။

အော်ပရေတာများနှင့် မိုဘိုင်းဖုန်းထုတ်ကုန်များတွင် ယူနီကုတ်မဖြစ်မနေသုံးရန် ဆောင်ရွက်မည်


ဆက်သွယ်ရေးအော်ပရေတာများနှင့် မိုဘိုင်းဖုန်းကဲ့သို့ နည်းပညာထုတ်ကုန်များတွင် ယူနီကုတ် (Unicode) စနစ်ကိုမဖြစ်မနေအသုံးပြုရန် ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ညွှန်ကြားချက်ထုတ်ပြန်ဆောင် ရွက်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ လက်အောက်တွင် ဖွဲ့စည်းထားသည့် National Language Processing (NLP) သုတေသနဌာနမှ သတင်းရရှိသည်။‘‘အော်ပရေတာတွေနဲ့ မိုဘိုင်းဖုန်းတွေလို ထုတ်ကုန်တွေမှာ ယူနီကုတ်ကို မဖြစ်မနေသုံးဖို့အတွက်
ညွှန်ကြားချက်ထုတ်ပြန်ပေးသွားဖို့အတွက် ဝန်ကြီးဌာနနဲ့ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ အော်ပရေတာတွေက မိုဘိုင်းဖုန်းအသုံးပြုသူတွေဆီကို မြန်မာစာနဲ့ SMS တွေ ပို့တဲ့အခါမှာ ယူနီကုတ်ကိုမသုံးဘဲ ဇော်ဂျီတစ်မျိုးတည်းကိုသာ သုံးနေတဲ့အတွက် အခုလိုစီစဉ်ရတာဖြစ်ပါတယ်’’ဟု NLP သုတေသနဌာန၏ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းသူရသက်က ပြောသည်။