Thursday, January 23, 2014

မျက်စိအားကောင်းစေရန်

Photo: မျက်စိအားကောင်းစေရန်
Thursday, January 23, 2014

မျက်စိ အားကောင်းစေရန် အောက်ပါ အချက်များကို လိုက်နာ သင့်ပါတယ်။

(၁) ငါးများများ စားပေးပါ။ ငါးများမှာ မျက်ခုံးထဲက မျက်ရည် ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာ ပါဝင်တယ်။ ငါးမကြိုက်သူများ ငါကြီးဆီ ဆေးလုံးများကို အသုံးပြု နိုင်ပါတယ်။

(၂)ရေကူးမယ် ဆိုရင် ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ ရေထဲက ကလိုရင်း ဓါတ်တွေကို အကာအကွယ် ပေးတယ် ။ဆောက်လုပ်ရေးတို.၊ စက်ပြင်ဆရာတို.ဆိုရင်လည်း အကာအကွယ် မျက်မှန် တပ်ဆင် သင့်ပါတယ်။ မတော်တဆ ထိခိုက်မှုတွေ ဖြစ်တပ်ပြီး cornea လို. ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက် စေနိုင်ပါတယ်။

(၃) ကားမောင်းစဉ် လေအေးပေးစက် ဒလက်ပြား တွေကို မျက်နှာ တည့်တည့် မချိန်ထားဘဲ ခြေထောက်လောက် အထိကို ချိန်ထားပါ။ မျက်နှာ တည့်တည့် ထားရင် လေအေးပေးစက်က ထွက်လာတဲ့ လေဟာ မျက်လုံးထဲက မျက်ရည်တွေကို ရေမြုပ်လို စုပ်ယူ တက်တယ်။ ဒါကြောင့် ခြေထောက်လောက်ကို စိုက်ထားပါ။ မျက်ရည် ခမ်းခြောက်တာ များသွားရင် မျက်ကြည်လွှာ ပျက်စီး တက်ရုံမက ကြာရင် မျက်စိပါ ကွယ်သွား နိုင်ပါတယ်။

(၄)ဟင်းချက်ရင် အခြား ကြက်သွန်တွေထက် ကြက်သွန်နီကို ပိုသုံးပေးပါ။ ကြက်သွန်နီမှာ မျက်စိတိမ် ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ ဓါတ်တစ်မျိုး ပါဝင်လို.ပါ။

(၅)အိမ်အပြင် နေကူထဲ သွားရင် နေကာ မျက်မှန် တပ်ပေးပါ။ စူရှတဲ့ နေရောင်ခြည်ကို ကာကွယ် ပေးရုံမက လေတိုက် ခတ်ခြင်းကြောင့် ဖြစ်ပေါ် လာတတ်တဲ့ မျက်ရည် ခမ်းခြောက် ခြင်းကိုလည်း ကာကွယ် ပေးပါတယ်။

(၆) ညစာစားတဲ့ အခါ စိမ်းစာဥ စားပေး သင့်တယ်။ ညမြင်ကွင်း ပိုကောင်းစေတဲ့ vitamin a ပါဝင်တယ်။

(၇)ညအိပ်ရာ မဝင်ခင် မျက်စိ တစ်ဝိုက်နားက မိတ်ကပ်တွေ ဖယ်ရှားပေးပါ။ မိတ်ကပ် အပိုင်းအစ ကလေး တွေဟာ မျက်ကြည်လွှာကို ခြစ်သွား နိုင်တယ်။

(၈)သန့်ရှင်းတဲ့ မျက်နှာသုတ် ပုဝါကို သုံးပါ။ အခြားသူတွေ သုံးတဲ့ မျက်နှာသုတ် ပုဝါကို မသုံးပါနဲ.။conjunctivitus လို.ခေါ်တဲ့ ကူးစက်မြန် မျက်စိ ရောဂါ ဖြစ်စေတယ်။

(၉)စာဖတ် စာကျက်တဲ့ ကျောင်းသူ ကျောင်းသားတွေ ဆိုရင် မိနစ် သုံးဆယ် ပြည့်တိုင်း စာအုပ်ကို ခဏချပြီး ခပ်လှမ်းလှမ်းကို စကန်. သုံးဆယ် လောက်ကြည့် သင့်တယ်။ (နာရီသံပတ် ပေးပြီး နှိုးဆော်ပါ)

(၁၀)တစ်လတစ်ခါ သွေးပေါင်ချိန် တိုင်းသင့်တယ်။ သွေးပေါင်ချိန် မြင့်ရင် မျန်စိထဲက သွေးကြော တွေကို ဒုက်ခ ပေးနိုင်တယ်။

၁၁) စပယ်နဲ.ပါတဲ့ ရေမွှေးကို သုံးပေးရင် မျက်စိ အားကောင်းတယ်။ စပယ်ပန်း ရနံ.ဟာ ဦးနှောက် ရှေ.ပိုင်းက beta လှိုင်းတွေကို ဖြစ်ပေါ်စေပြီး နိုးကြား ထက်မြက်မှုနဲ. မျက်စိ အားကောင်းခြင်း တို.ကို ဖြစ်စေတယ်။

(၁၂)ဇီးရောင် နေကာ မျက်မှန်ထက် မီးခိုးရောင် နေကာ မျက်မှန်ကို သုံးပါ။ အရောင် သွေဖယ်မှု နည်းတယ်။ ယာဉ်ကောင်တဲ့ အခါ ပိုအရေး ကြီးတယ်။

(၁၃)အငန်လျှော့ စားသင့်တယ်။ အငန်ဓါတ်များရင် မျက်စိမှာ တိမ်ဖြစ်ဖို. အခြေအနေ ပိုပေး တက်တယ်။ ဆားလျှော့စားပါ။

မြ၀တီ
မျက်စိ အားကောင်းစေရန် အောက်ပါ အချက်များကို လိုက်နာ သင့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွက်ဟုဆိုကာ ငွေလိမ်ကောက်သည့် ရပ်ကွက်စည်းရုံးရေးမှူး ပါတီဝင်အဖြစ်ရပ်စဲ

မီဒီယာသမားများနာမည် အသုံးပြု၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်၊ နမ့်စန်ခရီးစဉ် အတွက်ဟုဆိုကာ တောင်ကြီးမြို့ပေါ်တွင် ငွေလိမ်လည် ကောက်ခံသည့် တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက်မှ NLD ပါတီစည်းရုံးရေးမှူးကို ပါတီဝင်အဖြစ်မှ ရပ်စဲလိုက်ကြောင်း တောင်ကြီးခရိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်တိုး က ပြောကြားသည်။

ကိုယ်ဝန်ဆောင်ချိန် စိတ်ဖိစီးမှု များပါက မိန်းမလျာ မွေးဖွားနိုင်

Photo: ကိုယ်ဝန်ဆောင်ချိန် စိတ်ဖိစီးမှု များပါက မိန်းမလျာ မွေးဖွားနိုင်
Thursday, January 23, 2014

အမျိုးသမီး များသည် ကိုယ်ဝန် ဆောင်စဉ် ကာလအတွင်း စိတ်ဖိစီးမှု ခံစားရပါက မွေးဖွားလာသည့် ကလေး သည် မိန်းမလျာ ဖြစ်နိုင်ခြေ များကြောင်း အငြင်းပွားလျက် ရှိသော စာအုပ်တစ် အုပ်၏ ဖော်ပြချက် အရ သိရသည်။

ကိုယ်ဝန်ဆောင် မိခင်၏ ဘဝ နေထိုင်မှု ပုံစံသည် ဟော်မုန်း၊ ဦးနှောက် အချိုးအစား အား ပြောင်းလဲစေကာ မွေးဖွား လာမည့် ကလေးအား အကျိုး သက်ရောက်မှု ရှိစေကြောင်း သိရသည်။

ထို့အပြင် ဆေးလိပ် သောက်သုံးခြင်း (သို့မဟုတ်) မူးယစ်ဆေးဝါးသုံး စွဲခြင်းကြောင့်လည်း မိန်းမလျာလေး မွေးဖွားစေနိုင်ကြောင်း နှင့် လိင်တူ စုံမက် သူဖြစ်စေနိုင်ကြောင်း ဒတ်ခ်ျအာရုံကြော ဆိုင်ရာ သိပ္ပံပညာရှင် ဒစ်က်ဆွက်ဘ်က အဆိုပါ စာအုပ်၌ ဖော်ပြထားပြီး နောက် စာမျက်နှာ တစ်ခု၌ မိခင်၏ ဘဝနေထိုင် မှု ပုံစံကြောင့်လည်း လိင်တူ စုံမက်သူ မွေးနိုင်ကြောင်း ဆိုထားသည်။

ပါမောက္ခ ဆွက်ဘ်က သန္ဓေသား၏ လိင်အင်္ဂါသည် မိခင်၏ သားအိမ် အ တွင်း၌ ရှိနေစဉ် အတွင်း သတ်မှတ်ပြီး သား ဖြစ်ကြောင်း လက်ခံ ထားကာ အခြား ပါမောက္ခ များက မိခင်၏ ဘဝနေ ထိုင်မှု ပုံစံသည် ကလေးငယ်အား အကျိုး သက်ရောက်မှု ရှိစေကြောင်း ဆိုပြန် သည်။

ဥပမာဆိုရလျှင် ဝသော ဖခင်တစ် ဦးမှ မွေးဖွားလာသည့် သမီးများသည် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ များပြားပြီး အဝ လွန်ရောဂါ ခံစားရမည်ဖြစ်သည်။

ကိုယ်ဝန်ဆောင် မိခင်သည် နီကို တင်း (သို့မဟုတ်) စိတ်ကြွဆေးများ သုံးစွဲပါက ယောက်ျားလျာ စိတ်ဝင်နေ သော သမီးများ မွေးဖွားနိုင်ကြောင်း သိရသည်။

ထို့အပြင် စိတ်ဖိစီးမှုဖြစ်သည့် ဟော်မုန်းသည် သန္ဓေသား၏ လိင်အင်္ဂါ ဟော်မုန်းအား သက်ရောက်မှုရှိကြောင်း သိရသည်။

Popular Myanmar News Journal
အမျိုးသမီးများသည် ကိုယ်ဝန် ဆောင်စဉ်ကာလအတွင်း စိတ်ဖိစီးမှု ခံစားရပါက မွေးဖွားလာသည့် ကလေး သည် မိန်းမလျာဖြစ်နိုင်ခြေများကြောင်း အငြင်းပွားလျက်ရှိသော စာအုပ်တစ်အုပ်၏ ဖော်ပြချက်အရ သိရသည်

ဖက်ဒရယ် တပ်မတော်စနစ် လေးဝါးညီလာခံ မူကြမ်းမှာ ထည့်သွင်းရေးဆွဲ

Photo: ဖက်ဒရယ် တပ်မတော်စနစ် လေးဝါးညီလာခံ မူကြမ်းမှာ ထည့်သွင်းရေးဆွဲ
Thursday, January 23, 2014

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အမည်နာမသတ်မှတ်မှုမှာ "တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်" အဖွဲ့လို့ခေါ်ဆိုဖို့ ဆုံးဖြတ်လိုက်တဲ့အပြင် ဖက်ဒရယ်တပ်မတော်နဲ့ ပတ်သက်ပြီးတော့လည်း မူကြမ်းထဲမှာ အခန်းတစ်ခုအနေနဲ့ ထည့်သွင်းရေးဆွဲထားတယ်လို့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာက RFA ကို ပြောပါတယ်။

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လေးဝါးမှာကျင်းပနေတဲ့ ဒီနေ့ ၄ ရက်မြောက်နေ့ ဆွေးနွေးပွဲအပြီးမှာ ဦးနိုင်ဟံသာက အခုလို ပြောပါတယ်။

“ကျနော်တို့က အချောမရိုက်ရသေးဘူးဗျ၊ ဒီပြင်ဆင်ချက်တွေကို ကျနော်တို့ အချောပြန်ရိုက်ပြီးတော့မှ တင်ပေးရဦးမယ်၊ ဒါကတော့ အားလုံးဆွေးနွေးပြီးသွားပြီဗျ၊ သဘောကတော့ တော်လှန်ရေးစာလုံးကိုတော့ ကျနော်တို့က ပြန်ထည့်ရတယ်၊ အဲဒီပြည်ထောင်စု တပ်မတော်ကိစ္စကိုတော့ ကျနော်တို့ အခံတစ်ခုအနေနဲ့ ထည့်ထားတာပေါ့ဗျာ၊ ဒါပေမယ့် ဒါကိုတော့ နိုင်ငံရေးဆွေးနွေးတဲ့ အခါကျရင်တော့ ပါဝင်ဖို့ဆိုပြီးတော့မှ အဲလောက်ပဲထည့်ထားတာပါ”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ တက်ရောက်နေတဲ့ ဒီညီလာခံဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့အတွက် မူကြမ်းတစ်ခုရအောင် ဆွေးနွေးနေတာပါ။

ဒီကနေ့ ဆွေးနွေးမှုမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့ NCCT က ရေးဆွဲထားတဲ့ အခန်း ၁၁ ခန်းပါ အပစ်ခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းကို အပြီးသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကို မနက်ဖြန် ဆက်လက်ကျင်းပမှာဖြစ်ပြီး အပစ်ခတ်ရပ်စဲမှုဆိုင်ရာ မူကြမ်းကို အတည်ပြုမှာ ဖြစ်ပါတယ်။

RFA Burmese
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အမည်နာမသတ်မှတ်မှုမှာ "တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်" အဖွဲ့လို့ခေါ်ဆိုဖို့ ဆုံးဖြတ်လိုက်တဲ့အပြင် ဖက်ဒရယ်တပ်မတော် နဲ့ ပတ်သက်ပြီးတော့လည်း မူကြမ်းထဲမှာ အခန်းတစ်ခုအနေနဲ့ ထည့်သွင်းရေးဆွဲထားတယ်လို့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာက RFA ကို ပြောပါတယ်။

တောင်တရုတ်ပင်လယ်၌ ကင်းလှည့်မှုများ ထပ်မံလုပ်ဆောင်ရန် တရုတ်စီစဉ်

Photo: တောင်တရုတ်ပင်လယ်၌ ကင်းလှည့်မှုများ ထပ်မံလုပ်ဆောင်ရန် တရုတ်စီစဉ်
Thursday, January 23, 2014

တရုတ်နိုင်ငံက တန်ချိန် ၅၀၀၀ ရှိသည့် ကင်းလှည့်ရေယာဉ် အသုံးပြုပြီး တောင်တရုတ်ပင်လယ် အတွင်း၌ အရပ်ဘက် စောင့်ကြည့် ကင်းလှည့်မှုအသစ်များ ထပ်မံလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သွားခြင်းကြောင့် ပိုင်နက် အငြင်းပွားမှုများ ပိုမိုတင်းမာလာနိုင်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

တန်ချိန် ၅၀၀၀ ရှိ ကင်းလှည့်သင်္ဘော တစ်စင်းကို ဒေသခံ အာဏာပိုင်တွေက ပေးအပ်သွားမည်ဖြစ်ပြီး ကင်းလှည့်သင်္ဘော သုံးစင်းပါသည့် ပုံမုန်ကင်းလှည့်ရေး စနစ်တစ်ခုကို တည်ထောင်သွားမည်ဟု တရုတ်သမုဒ္ဒရာ သတင်းတွင် ဖော်ပြထားသည်။

အမျိုးသား အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်း ကူညီထောက်ပံ့မှု တိုးတက် လုပ်ဆောင်ရန်၊ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး လုပ်ဆောင်ရန်တို့အတွက် ကင်းလှည့်စနစ်ကို တည်ထောင်ခြင်း ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ် ဒေသအများစုကို ဘေဂျင်းက တောင်းဆိုထားပြီး ဆန်ရှမြို့ အုပ်ချုပ်ရေးအောက်တွင် ယင်းနယ်မြေများကို ထည့်သွင်းထားသည်။

ထို့အပြင် နယ်မြေပိုင်ဆိုင်ရေး တောင်းဆိုချက်များ ခိုင်မာစေရေး တရုတ်နိုင်ငံက လှုပ်ရှားမှု အသေးစားများ လုပ်ဆောင်လျက်ရှိပြီး ယင်းကဲ့သို့သော ဖြစ်ရပ်များ ပေါ်ပေါက်လာပါက ဒေသတွင်းရှိ နိုင်ငံများနှင့် တင်းမာမှုများ ပေါ်ပေါက်လျက်ရှိသည်။

ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်နိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ် တစ်စိတ်တစ်ဒေသကို ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် အုပ်ချုပ်ရေးအောက်တွင် ထည့်သွင်းထားသည့် တောင်တရုတ်ပင်လယ် ရေပြင်အတွင်း ဝင်ရောက် ငါးဖမ်းလိုသည့် နိုင်ငံခြားသင်္ဘောများ ခွင့်ပြုချက်ယူရမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံက ဥပဒေ ထုတ်ပြန်လိုက်သဖြင့် အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံများက ဝေဖန်ခဲ့သည်။

ထို့အပြင် အငြင်းပွားမှုများ ဖြစ်ပွားနေသော အရှေ့တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက နိုဝင်ဘာလအတွင်း လေကြောင်းရန် ကာကွယ်ရေးဇုန်တစ်ခု တည်ထောင်လိုက်သဖြင့် ဒေသတွင်းရှိ ဂျပန်နှင့် အမေရိကန် နှစ်နိုင်ငံက အငြင်းအထန် ကန့်ကွက်လျက် ရှိသည်။

Myawady New
တရုတ်နိုင်ငံက တန်ချိန် ၅၀၀၀ ရှိသည့် ကင်းလှည့်ရေယာဉ် အသုံးပြုပြီး တောင်တရုတ် ပင်လယ် အတွင်း၌ အရပ်ဘက် စောင့်ကြည့် ကင်းလှည့်မှုအသစ်များ ထပ်မံလုပ်ဆောင် သွားမည်ဟု ထုတ်ပြန်သွားခြင်းကြောင့် ပိုင်နက် အငြင်းပွားမှုများ ပိုမိုတင်းမာလာနိုင်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်း ဆန္ဒပြသူတွေကို ရဲက နှိမ်နင်းမှုကြောင့် ၃ ဦးသေဆုံး

Photo: ယူကရိန်း ဆန္ဒပြသူတွေကို ရဲက နှိမ်နင်းမှုကြောင့် ၃ ဦးသေဆုံး
Thursday, January 23, 2014

ယူကရိန်းနိုင်ငံ ကိဗ်မြို့က ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခမှာ လူ ၃ ဦးသေဆုံးပြီး ရာကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဇန်န၀ါရီ ၂၂ ရက်နေ့က ဆိုပါတယ်။

ဒီအကြမ်းဖက်မှုတွေဟာ အစိုးရနဲ့ ဆန္ဒပြသူတွေကြား ၃ ရက်မြောက် ထိပ်တိုက် တွေ့ဆုံမှုတွေပဲ ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေ ပြင်းထန်လာတာဟာ ပြီးခဲ့တဲ့ရက် ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူ ၃ ဦး သေဆုံးခဲ့တာကြောင့် ဖြစ်ပါတယ်။

အစိုးရနဲ့ အတိုက်အခံတွေက ၂ လကြာ အမှုတွေကို အဆုံးသတ်ဖို့ ဆွေးနွေး ခဲ့ကြပေမယ့် ဇန်န၀ါရီ ၂၁ ရက်နေ့ညက ဆွေးနွေးပွဲ ပျက်ပြားခဲ့ပါတယ်။

အစိုးရက ပြီးခဲ့တဲ့အပတ်က လူထုစုရုံးခွင့်တွေကို ပိတ်ပင်တဲ့ ဥပဒေတွေ ပြဌာန်း ခဲ့ပြီး နောက်ပိုင်း အခုလို အခြေအနေတွေ ပိုဆိုးခဲ့တယ်လို့လည်း ဆိုပါတယ်။

ယူကရိန်းဝန်ကြီးချုပ်က ဆန္ဒပြသူတွေကို အကြမ်းဖက်သူတွေအဖြစ် စွပ်စွဲခဲ့ပြီး ဆန္ဒပြသူ တွေ ထိခိုက်သေဆုံးမှုဟာ ဆန္ဒပြသူတွေရဲ့ လုပ်ရပ်နဲ့ပဲ ဆိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

DVB
ယူကရိန်းနိုင်ငံ ကိဗ်မြို့က ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခမှာ လူ ၃ ဦးသေဆုံးပြီး ရာကျော် ဒဏ်ရာရရှိခဲ့ တယ်လို့ ဇန်န၀ါရီ ၂၂ ရက်နေ့က ဆိုပါတယ်။

လှိုင်သာယာတွင် ကျူးကျော်အိမ် တစ်ထောင်ကျော်ကို ဒုတိယအကြိမ် ထပ်မံဖယ်ရှား

Photo: လှိုင်သာယာတွင် ကျူးကျော်အိမ် တစ်ထောင်ကျော်ကို ဒုတိယအကြိမ် ထပ်မံဖယ်ရှား
Thursday, January 23, 2014

ရန်ကုန်မြို့တော် လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်နေအိမ်များကို အစိုးရက ဖယ်ရှား ရှင်းလင်းလျက်ရှိရာ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်အစောပိုင်းက ဒုတိယမြောက်နေ့အဖြစ် (၁၅) ရပ်ကွက်၊ ရွှေလင်ပန်း ချောင်းဘေးရှိ ကျူးကျော်နေအိမ် တစ်ထောင်ကျော်ကို ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း နေအိမ် ဖျက်ဆီးခံရသော ကျူးကျော် နေထိုင်သူများထံမှ သိရသည်။

ယနေ့ ရှင်းလင်းသည့် နေအိမ်များမှာ လှိုင်သာယာမြို့နယ် (၁၅) ရပ်ကွက်၊ ရွှေလင်ပန်းချောင်းဘေးရှိ စည်ပင်သာယာပိုင် မြေပေါ်မှ ကျူးကျော်နေအိမ်များ ဖြစ်ပြီး စုစုပေါင်း ၁၂၀၀ ဝန်းကျင် ရှိကြောင်း နံနက် ၆ နာရီဝန်းကျင်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၅၀၀ ဝန်းကျင်နှင့် စည်ပင်သာယာ ဝန်ထမ်းများ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများ စုစုပေါင်း ၇၀၀ ဝန်းကျင်က လာရောက် ရှင်းလင်း ဖယ်ရှားခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

ရှင်းလင်းဖယ်ရှား ခံရသူများ၏ အဆိုအရ ကျူးကျော်တဲ ၁၂၀၀ ကျော် ဖျက်ဆီးခံရသည်ဟု သိရသော်လည်း လာရောက် ရှင်းလင်းရာတွင် ကိုယ်တိုင် ပါဝင်သူတစ်ဦး၏ အဆိုအရမူ အိမ် ၂၀၀ ကျော်သာ ရှင်းလင်းခဲ့ကြောင်း သိရသည်။

“စာရင်းရှိတာက ၂၁၆ လုံးပါ။ ဒါပေမဲ့ စာရင်းကောက်တဲ့သူက လမ်းဘေး ရှေ့မျက်နှာစာတန်းကိုပဲ အကြမ်းဖျင်း ကောက်တာ၊ နောက်မှာ ကပ်လျက်ဆောက် ထားတာတွေလည်း ရှိသေးတော့ ၂၅၀ ဝန်းကျင်တော့ ရှိလိမ့်မယ်” ဟု ၎င်းကဆိုသည်။
“မဖျက်ခင်မှာ ၁၅ မိနစ်အတွင်း ပစ္စည်းတွေ သိမ်းပေးဖို့ အသံချဲ့စက်နဲ့ လှည့်အော်တယ်။ လူတော်တော်များများကတော့ ဖျက်မယ်ဆိုတာ ကြိုသိထားလို့ ညကတည်းက လမ်းပေါ်ကို ရွှေ့ထားကြတယ်။ အိပ်တော့လည်း လမ်းပေါ်မှာပဲ” ဟု ၎င်း၏အိမ် ရှင်းလင်းခံရသူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသည် နံနက် ၂ နာရီဝန်းကျင်ကပင် အဆိုပါ နေရာသို့ ရောက်ရှိနေပြီး ကျူးကျော် ရပ်ကွက်ရှိ အဝင်၊ အထွက်လမ်းများကို ပိတ်ဆို့ စောင့်ကြည့်ခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများက ပြောကြားသည်။

ကျူးကျော် နေထိုင်သူများသည် ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ အဆိုပါ နေရာတွင် နေအိမ်များ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး အများစုမှာ လှိုင်သာယာမြို့နယ် (၁၅) ရပ်ကွက်ရှိ အငှားတန်းလျားများတွင် နေထိုင်ခဲ့သူများ ဖြစ်သည်ဟု ဆိုသည်။
“ချုံတွေ၊ တောတွေကလည် အပြည့်ပဲ။ မြွေတွေလည်း တွေ့တယ်။ ပြီးတော့ အမှိုက်တွေကလည်း နံစော်နေတာပဲ။ ကျွန်တော်တို့ ရှင်းခဲ့ရတာ။ အဲဒီတုန်း ကတည်းက နေလို့မရဘူးပြောရင် ဘယ်နေ ပါ့မလဲ။ အခုတော့ လုပ်အားခလည်း ရှုံးတယ်။ အိမ်ဖိုးလည်း ဆုံးတယ်” ဟု လှိုင်သာယာ (၁၅) ရပ်ကွက်တွင် အိမ်ငှားနေထိုင်ခဲ့ရာမှ ကျူးကျော်အိမ် ဆောက်လုပ်နေထိုင်ခဲ့သော ဦးမောင်မြင့်က ဆိုသည်။

အဆိုပါ ကျူးကျော် နေအိမ်များ ရှင်းလင်းရာတွင် စည်ပင်သာယာဝန်ထမ်း ၁၅၀ ဦးခန့်နှင့် ရပ်ကွက်နေပြည်သူ ၂၀၀ ဝန်းကျင် ပါဝင်ပြီး လုံခြုံရေးရဲတပ်ဖွဲ့ အင်အားကိုမူ မသိရှိကြောင်း၊ နေအိမ်များ ဖယ်ရှားရှင်းလင်းမည်ကို ဇန်နဝါရီလ ၁၇၊ ၁၈ နှင့် ၁၉ ရက်နေ့တို့တွင် သတိပေး အကြောင်းကြားခဲ့ကြောင်း လှိုင်သာယာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

နေအိမ်များ ဖယ်ရှားရန် လာသူများကို ကျူးကျော် နေထိုင်သူ အမျိုးသမီး ၃၀ ဝန်းကျင်က ရပ်ကွက်အတွင်းသို့ ဝင်ရောက်ရာလမ်း၌ ဝါးလုံးများဖြင့် ပိတ်ဆို့ ဟန့်တားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ရုပ်သိမ်းသွားခဲ့ကြောင်း၊ ယနေ့ ဖယ်ရှားခဲ့သည့် နေအိမ် အရေတွက်မှာ ၂၅၀ ဝန်းကျင်သာရှိပြီး အများစုမှာ နေထိုင်ခြင်းမရှိသည့် နေအိမ်များ ဖြစ်ကြောင်း နေအိမ်များ ရှင်းလင်းဖယ်ရှားရာတွင် ကိုယ်တိုင် ပါဝင်ခဲ့သူတစ်ဦးက The Voice သို့ ပြောကြားသည်။

ဖယ်ရှား ရှင်းလင်းခံရသည့် မိသားစုများအနက် လူဦးရေ ၂၀ ခန့်မှာ ပြောင်းရွှေ့ နေထိုင်ရန် အခက်အခဲများ ဖြစ်နေသဖြင့် အဆိုပါနေရာ အနီးတွင်ပင် ဆက်လက်နေထိုင်လျက် ရှိသေးကြောင်း လုံခြုံရေး တာဝန်ကျ အမျိုးသားတစ်ဦးက ယနေ့ညပိုင်းတွင် ဆက်သွယ် ပြောဆိုသည်။

ယခုနှစ်အတွင်း ကျူးကျော်နေအိမ်များ ရှင်းလင်းဖယ်ရှားမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိရာ ဇန်နဝါရီလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ်အကြားရှိ ပန်းလှိုင်မြစ်ကမ်းဘေး အပါအဝင် လှိုင်သာယာ-တွံတေး ကားလမ်း ဝဲယာရှိ ကျူးကျော်နေအိမ် သုံးထောင်ဝန်းကျင်နှင့် ဇန်နဝါရီလ ၂၁ ရက်နေ့က လှိုင်သာယာမြို့နယ် (၁၉) ရပ်ကွက်ရှိ နေအိမ် ၁၀၀ ဝန်းကျင်တို့ကို ဖယ်ရှား ရှင်းလင်းခဲ့သည်။

The Voice Weekly
ရန်ကုန်မြို့တော် လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်နေအိမ်များကို အစိုးရက ဖယ်ရှားရှင်းလင်းလျက်ရှိရာ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်အစောပိုင်းက ဒုတိယမြောက်နေ့အဖြစ် (၁၅)ရပ်ကွက်၊ ရွှေလင် ပန်း ချောင်းဘေးရှိ ကျူးကျော်နေအိမ် တစ်ထောင်ကျော်ကို ဖယ်ရှားရှင်းလင်း ခဲ့ကြောင်း နေအိမ် ဖျက်ဆီး ခံရသော ကျူးကျော် နေထိုင်သူများထံမှ သိရသည်။

ပလိပ်အထည်စက်ရုံ ဝန်ထမ်း တစ်ရာကျော် မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ပေးမည်

Photo: ပလိပ်အထည်စက်ရုံ ဝန်ထမ်း တစ်ရာကျော် မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ပေးမည်
Thursday, January 23, 2014

စက်မှုဝန်ကြီးဌာန အောက်ရှိ အမှတ် ၂ အထည်စက်ရုံ (ပလိပ်)ကို ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပုဂ္ဂလိက ကုမ္ပဏီသို့ လွှဲအပ်စဉ်က ယင်းစက်ရုံ ဝန်ထမ်း ၁၁၁ ဦးသည် အစိုးရဝန်ထမ်း အဖြစ် ဆက်လက် လုပ်ကိုင်လိုကြောင်း အဆိုပြုခဲ့ရာ အဆိုပါ ဝန်ထမ်း တစ်ရာကျော်ကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်စေမည် ဖြစ်ကြောင်း ယင်းဌာန စက်ရုံတာဝန်ခံ ဦးစောလွင်က ပြောကြားသည်။

“ပြောင်းရွှေ့ခွင့် ညွှန်ကြားစာကို ၂၀ ရက်နေ့က ရပါတယ်။ အစိုးရဝန်ထမ်း အဖြစ် ဆက်လုပ်မယ်ဆိုပြီး အဆိုပြုထားတဲ့ အတွက် အခုလို ပြောင်းရွှေ့ ခံရတာပါ။ သံမဏိစက်ရုံမှာ ဇန်နဝါရီလ ၂၇ ရက်နေ့ အလုပ်စ ဝင်ရပါမယ်” ဟု အဆိုပါ မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ခံရသူ ဝန်ထမ်း တစ်ဦးက The Voice သို့ ပြောကြားသည်။

လက်ရှိ အဆိုပါ အမှတ် ၂ အထည် စက်ရုံ(ပလိပ်) စက်ရုံ ဝန်ထမ်း ၆၀၀ ဦးကျော် (အဆိုပြုထားသူ ၁၁၁ ဦးမပါ) သည် ဇန်နဝါရီလ ၁၆ ရက်နေ့ စတင်ကာ ဆန္ဒဖော်ထုတ်လျက်ရှိရာ ၂၀၁၅ ခုနှစ်အထိ အစိုးရဝန်ထမ်း အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခွင့် ရရှိရေး အချက်မှလွဲ၍ ကျန်တောင်းဆိုချက် ၁၂ ချက်ကို ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း ယင်းဆန္ဒ ထုတ်ဖော်နေသူများ ထံမှ သိရှိရသည်။

ယင်းကဲ့သို့ ဆန္ဒပြတောင်းဆိုနေမှုများ ပြုလုပ်နေစဉ်အတွင်း အစိုးရဝန်ထမ်း အဖြစ် ဆက်လက် လုပ်ကိုင်ရန် ပြီးခဲ့သည့် စက်တင်ဘာလကပင် အဆိုပြုထားသူ ဝန်ထမ်း ၁၁၁ ဦးကိုသာ စက်မှုဝန်ကြီး ဌာနအောက်ရှိ မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း ယင်းစက်ရုံ တာဝန်ရှိသူထံမှ သိရှိရသည်။

The Voice Weekly
စက်မှုဝန်ကြီးဌာန အောက်ရှိ အမှတ် ၂ အထည်စက်ရုံ (ပလိပ်)ကို ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပုဂ္ဂလိက ကုမ္ပဏီသို့ လွှဲအပ်စဉ်က ယင်းစက်ရုံ ဝန်ထမ်း ၁၁၁ ဦး သည် အစိုးရဝန်ထမ်းအဖြစ် ဆက်လက်လုပ်ကိုင်လိုကြောင်း အဆိုပြုခဲ့ရာ အဆိုပါဝန်ထမ်းတစ်ရာကျော်ကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ မြင်းခြံသံမဏိစက်ရုံသို့ ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်စေမည် ဖြစ်ကြောင်း ယင်းဌာနစက်ရုံ တာဝန်ခံ ဦးစောလွင်ကပြောကြားသည်။

အမြန်ဆုံးအရေးယူသင့်သည့် အကြံသမား ဟန်ဝင်းအောင်

ရန်ကုန်မှာ မီးတွေပျက်တဲ့ကိစ္စနဲ့ ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုမှ အစပြုကာ တစ်စတစ်စ လူသိများလာသူ တစ်ဦး ကတော့ ဟန်ဝင်းအောင်ပဲဖြစ်ပါတယ်။ ဟန်ဝင်းအောင်ဟာ ၁၉၉၄ ခုနှစ်က ကျောင်းသားသမဂ္ဂကို တရား မ၀င် ပြန်လည် ထူထောင်လိုမှုနဲ့ ထောင် ၇ နှစ် ကျခံခဲ့ရပြီး၊ ၂၀၀၃ ခုနှစ်မှာလည်း တရားမ၀င်စာရွက် စာတမ်း ဖြန့်ဝေမှုနဲ့ နောက်ထပ် အဖမ်းခံခဲ့ရ ပါတယ်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာမှာတော့ ပြန်လည် လွတ်မြောက် လာခဲ့ပါတယ်။

ကားပေါ်တွင် အိပ်နေသူထံမှ ပိုက်ဆံအိတ် လုယူထွက်ပြေး

အလုံမြို့နယ်တွင် ကားရပ်ပြီး ကားပေါ်တွင် ခေတ္တအိပ်နေသူ တစ်ဦးထံမှ ငွေထုပ်လုယက်မှု တစ်ခု ဇန်န၀ါရီ ၂၁ ရက်က ဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူနှစ်ဦးကို အမှုဖွင့်တိုင်တန်းပြီး ၄၅ မိနစ်အချိန်အတွင်းတွင် ပြန် လည် ဖမ်းဆီးလိုက်နိုင်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်ထားသည်။

သမ၀ါယမစနစ် ပြည်သူတို့ ယုံကြည်မှုရရန် ဥပဒေနှင့်ညီရန်လိုဟု အမတ်များပြော

သမ၀ါယမစနစ်အပေါ် ပြည်သူလူထု၏ ယုံကြည်မှု ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်၍ သမ၀ါယမ၀န် ကြီးဌာမှ ဖုံးကွယ်ထားသည့် ဥပဒေနှင့် မညီညွတ်သော ကိစ္စများကို ပြန်လည်ဖော်ထုတ်၍ ယုံကြည်မှု ပြန်ရရန်ရေးလုပ်ဆောင်သင့်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အချို့က ထောက်ပြ ပြောဆို လိုက်သည်။

ကျပ်သန်းပေါင်း နှစ်သောင်းကျော် ၀န်ကြီးဌာန ငါးခုပေးသွင်းရန်ကျန်

နိုင်ငံပိုင် မြေကွက်များ၊ အဆောက်အအုံများ၊ နိုင်ငံပိုင်သိမ်းဆည်းပစ္စည်းများ နှင့် စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိကသို့ရောင်းချထားသည့် ၀န်ကြီးဌာန ငါးခုက ပေးသွင်းရန် ကျန်ရှိနေ သည့် ငွေပမာဏမှာ ကျပ် သန်းပေါင်း နှစ်သောင်းကျော် (၂၁,၇၃၆ ဒသမ ၀၀၄) ကျန်ရှိနေ သည် ဟု အမျိုးသားလွှတ်တော်၏ ပြည် သူ့ငွေစာရင်း ကော်မတီက ဇန်န၀ါရီ ၂၂ ရက်တွင် လွှတ် တော်သို့ အစီရင်ခံစာတင်သွင်းလိုက်သည်။

၂၀၁၄-၂၀၁၅ တွင် အလယ်တန်းပညာရေးအတွက် သင်ထောက်ကူ ပစ္စည်းများဖြင့် အခမဲ့စတင်သင်ကြားမည်

လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ အလယ်တန်းပညာရေးကို အခမဲ့အလယ်တန်း ပညာရေးစနစ် အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဇန်န၀ါရီ ၂၂ ရက်တွင် မြန်မာနိုင်ငံပညာရေး သုတေ သနအဖွဲ့ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီး က မဇိ္ဈမကို ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များ၊ မိုင်းယန်းတွင်၊ ထပ်တွေ့မည်

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇) လော်ခီးလာတပ်စခန်းတွင် ပြုလုပ်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံတွင် ဆွေးနွေးမှုများ မပြီးပြတ်လျှင် ရှမ်းပြည် နယ် အရှေ့ပိုင်းရှိ မိုင်းယန်း မြို့တွင် ဆက်လက်ပြုလုပ်သွားရန် လျာထားသည်ဟု ညီလာခံ တက်ရောက် လာသော ကရင်လက်နက် ကိုင်အဖွဲ့အစည်းတစ်ခု၏ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

ကုန်စည်ကိုဝယ်ယူရောင်းချသည့် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ကြ ပါရန် အသိပေးနှိုးဆော်ချက်

မိမိလုပ်ငန်းသည် တစ်နှစ်ရောင်းရငွေ သိန်း ၁၀၀ အထက်ရှိပါကကုန်သွယ်လုပ်ငန်းခွင် အခွန်ထမ်းအဖြစ် မှတ်ပုံတင်ခွင့်ပြုပါရန် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာအခွန် ရုံးတွင် လျှောက်ထား၍လုပ်ငန်းမှတ်ပုံတင်လက်မှတ် ထုတ်ယူကြရ ပါမည်။

လျှပ်စစ်စီမံကိန်း အတော်များများကို ဥရောပ နိုင်ငံတွေနဲ့ လုပ်ဖို့ရှိ

Photo: လျှပ်စစ်စီမံကိန်း အတော်များများကို ဥရောပ နိုင်ငံတွေနဲ့ လုပ်ဖို့ရှိ

မြန်မာနိုင်ငံမှာ တရုတ်ကုမ္ပဏီတွေ အဓိက လွှမ်းမိုးထားတဲ့ ရေအား လျှပ်စစ် ထုတ်ယူရေး လုပ်ငန်းတွေကို ဥရောပနိုင်ငံတွေနဲ့ ဖက်စပ် လုပ်ကိုင်တော့မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ရေအား လျှပ်စစ် ထုတ်လုပ်ဖို့အတွက် ပြည်ပ နိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ MoU နားလည်မှု စာချွန်လွှာ ၂၁ ခုရှိတယ်လို့ လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာနက ပြောပါတယ်။

အဲဒီထဲက စီမံကိန်း အတော်များများကို ဥရောပနိုင်ငံ တွေနဲ့ ဖက်စပ် လုပ်ကိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီးဒုတ် ရေအား လျှပ်စစ်စီမံကိန်း၊ အလယ် ပေါင်းလောင်း စီမံကိန်း၊ အလယ် ရဲရွာ စီမံကိန်း၊ ဘောဂထ စီမံကိန်းတွေကို ဥရောပ နိုင်ငံတွေနဲ့ ဖက်စပ် လုပ်ကိုင်ဖို့ စီစဉ်နေတဲ့အကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမော်သာထွေးက လွှတ်တော်မှာ ရှင်းပြသွားခဲ့ပါတယ်။

အရင်တုန်းကတော့ အစိုးရ လုပ်သမျှ ပြည်သူတွေ ဘာမှ မသိခဲ့ရပေမယ့် အခုတော့ လွှတ်တော်မှာ ပြောသလောက်ကို ကြားနိုင် တာဟာ စံနစ်သစ်ရဲ့ အကျိုးကျေးဇူး တခုလို့ ဆိုရမှာပါ။

ဒါပေမယ့် အဲဒီစီမံကိန်းတွေ တည်ဆောက်မှာနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ တိုင်ပင်တာတို့၊ ပြည်သူတွေရဲ့ သဘောထား ဆန္ဒကို တောင်းခံတာတို့၊ MoU နားလည်မှု စာချွန်လွှာတွေ ထဲမှာ ဘာတွေပါလဲ ဆိုတာကို အများ ပြည်သူကို အသိပေးတာတို့တော့ မတွေ့ရသေးပါဘူး။

အရင်တုန်းက တရုတ်နိုင်ငံနဲ့ ဖက်စပ် လုပ်ကိုင်ခဲ့တဲ့ စီမံကိန်းတွေမှာ ပြည်သူတွေဖက်က လက်မခံခဲ့တဲ့ အဓိက အချက်တွေထဲမှာ ပွင့်လင်း မြင်သာမှု မရှိတာဟာ အရေးကြီးတဲ့ အချက်တခု ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

မြန်မာအစိုးရဟာ စီမံကိန်းကြီးတွေနဲ့ ပတ်သက်ရင် အရင်ကထက် ပိုပြီး ပွင့်လင်း မြင်သာအောင် ကြိုးစားလာတာ တွေ့ရပေမယ့် တကယ့် လိုအပ်တဲ့ သတင်း အချက်အလက်တွေကိုတော့ ပြည်သူတွေ အလွယ်တကူ မသိနိုင်သေးပဲ ဖြစ်နေဆဲပါ။

ဘီဘီစီ (မြန်မာပိုင်း)

မြန်မာ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းတွေကို တရုတ်ကုမ္ပဏီတွေ လွှမ်းမိုးထား
မြန်မာ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းတွေကို တရုတ်ကုမ္ပဏီတွေ လွှမ်းမိုးထား
မြန်မာနိုင်ငံမှာ တရုတ်ကုမ္ပဏီတွေ အဓိက လွှမ်းမိုးထားတဲ့ ရေအားလျှပ်စစ် ထုတ်ယူရေး လုပ် ငန်းတွေကို ဥရောပ နိုင်ငံတွေနဲ့ ဖက်စပ် လုပ်ကိုင်တော့မယ်လို့ သိရပါတယ်။

တရုတ်ထိပ်တန်းခေါင်းဆောင် မိသားစုဓန ပြည်ပမှာ လျှို့ဝှက်အပ်နှံ

Photo: တရုတ်ထိပ်တန်းခေါင်းဆောင် မိသားစုဓန ပြည်ပမှာ လျှို့ဝှက်အပ်နှံ
Thursday, January 23, 2014

သမ္မတ Xi Jinping အပါအ၀င် တရုတ်နိုင်ငံက ထိပ်တန်းခေါင်းဆောင်နဲ့ နီးစပ်တဲ့ ဆွေမျိုးသားချင်းတွေဟာ သူတို့ရဲ့ ဧရာမ ချမ်းသာကြွယ်ဝမှုတွေကို ဖုန်းကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ ပြည်ပနိုင်ငံတွေမှာ ကုမ္ပဏီတွေ တည်ထောင်ထားကြတယ်လို့ အမေရိကန်အခြေစိုက် သတင်းထောက်တွေ ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုမှာ ဖော်ပြထားပါတယ်။

ပြည်ပတိုင်းပြည်တွေက စီးပွားရေးလုပ်ငန်းတွေ၊ ယုံကြည် အပ်နှံထားမှုတွေရဲ့ မူလပိုင်ရှင်တွေ အမည်စာရင်းကို ဖော်ပြထားတဲ့ လျှို့ဝှက် ထွက်လာတဲ့ စာရွက် စာတမ်းပေါင်း ၂ သန်းခွဲကနေ ရရှိတဲ့ အချက်အလက်တွေအရ အဲဒီလို သိရှိခဲ့ရခြင်း ဖြစ်တယ်လို့ နိုင်ငံတကာ စုံစမ်းထောက်လှမ်းတဲ့ သတင်းထောက်များအဖွဲ့ ICIJ က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သမ္မတ Xi Jinping ရဲ့ ယောက်ဖနဲ့ အရင် ၀န်ကြီးချုပ်ဟောင်း Wen Jiabao ရဲ့သားတို့လည်း အဲဒီ စာရင်းထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။ သမ္မတဟောင်း Hu Jintao၊ ၀န်ကြီးချုပ်ဟောင်း Li Pen နဲ့ ကွယ်လွန်သူ တရုတ်ခေါင်းဆောင်ဟောင်း Deng Xiaoping တို့ရဲ့ ဆွေမျိုးသားချင်းတွေ ပြည်ပနိုင်ငံတွေမှာ ဦးပိုင် စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ထားတဲ့ စာရင်းလဲ ပါဝင်တယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ICIJ ရဲ့ အင်တာနက် ၀ဘ်ဆိုက်ကို တက်ကြည့်လို့မရအောင် တရုတ်အစိုးရက ပိတ်ပင် ကန့်သတ်ထားလိုက်တာကလွဲလို့ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ အစိုးရဘက်က တရားဝင် တုံ့ပြန် ပြောဆိုတာမျိုး မရှိပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
သမ္မတ Xi Jinping အပါအ၀င် တရုတ်နိုင်ငံက ထိပ်တန်းခေါင်းဆောင်နဲ့ နီးစပ်တဲ့ ဆွေမျိုးသားချင်းတွေဟာ သူတို့ရဲ့ ဧရာမ ချမ်းသာကြွယ်ဝမှုတွေကို ဖုန်းကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ ပြည်ပနိုင်ငံတွေမှာ ကုမ္ပဏီတွေ တည်ထောင်ထားကြတယ်လို့ အမေရိကန်အခြေစိုက် သတင်းထောက်တွေ ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေး မှုမှာ ဖော်ပြ ထားပါတယ်။

မဟာဗန္ဓုလ တံတားအဆင်းတွင် ယာဉ် ၁၀ စီး ဆင့်ကဲတိုက်

Photo: မဟာဗန္ဓုလ တံတားအဆင်းတွင် ယာဉ် ၁၀ စီး ဆင့်ကဲတိုက်
Thursday, January 23, 2014

ဒေါပုံမြို့နယ်ရှိ မဟာဗန္ဓုလတံတားအဆင်း၌ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ကွန်တိန်နာ ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှ ယာဉ် ၁၀ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးဝင်းတင် မောင်းနှင်လာသည့်၆ခ/....နစ်ဆန်းဒီဇယ် အမျိုးအစား ကွန်တိန်နာ ယာဉ်သည် မဟာဗန္ဓုလ တံတားပေါ်မှ ဒေါပုံ ဘက်ခြမ်း အဆင်းတွင် ဘရိတ်ပေါက်ကာ ရှေ့မှ အငှားယာဉ်အား ပွတ်တိုက်မိပြီး ယာဉ် ၁၀ စီး ဆင့်ကဲ တိုက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဖြစ်စဉ်တွင်ပါဝင်သည့် ယာဉ်အချို့မှာ ဆိုးရွားစွာပျက်စီးသွားခဲ့ပြီး ဗန္ဓုလတံတားအဆင်းလမ်းတွင်အချိန် နှစ်နာရီခန့် ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပွား ခဲ့ကာလူထိခိုက်ဒဏ်ရာရမှုများမရှိခဲ့ကြောင်း သိရသည်။

ဘရိတ်ပေါက်တဲ့ကားကြီးက လမ်းပေါ်ရှိ ယာဉ်အချို့ကို တိုက်ပြီး ဒေါပုံရဲစခန်းရှေ့က ခြံစည်းရိုးနံရံနဲ့ ဓာတ်တိုင်ကို တိုက်ကာ ရပ်သွားတယ်။ သူတိုက်မိတဲ့ ကွန်တိန်နာကားကြီးကလည်း အရှိန်မထိန်းနိုင်လို့ နောက်ကားတွေကို ထပ်တိုက်၍ တော်တော် ပျက်စီးသွားတယ်။ နောက်တိုက်ခံရတဲ့ ကားကြီးက ဘရိတ်အချိန်မီ ဖမ်းနိုင်လို့ လူတွေထိခိုက်ဒဏ်ရာမဖြစ်တာဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

MOI Webportal Myanmar
ဒေါပုံမြို့နယ်ရှိ မဟာဗန္ဓုလတံတားအဆင်း၌ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ကွန်တိန်နာ ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှ ယာဉ် ၁၀ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

Wednesday, January 22, 2014

ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေ ပြဌာန်းနိုင်ရေး သူရ ဦးရွှေမန်း တိုက်တွန်း


ပြည်ထဲရေးဝန်ကြီးဌာနက ရေးဆွဲတင်သွင်းတဲ့ "ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်း" ကို အမြန် ဆုံး ပြဌာန်းနိုင်အောင်ကြိုးစားဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းက ဒီနေ့ အစည်းအဝေးမှာ လွှတ်ေ တာ် ကိုယ်စားလှယ်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

မော်လမြိုင်စက်မှုဇုန် စီမံကိန်းမြေ သတင်းကြိုတင်ရသူများ လိုက်လံဝယ်ယူ

Photo: မော်လမြိုင်စက်မှုဇုန် စီမံကိန်းမြေ သတင်းကြိုတင်ရသူများ လိုက်လံဝယ်ယူ
Wednesday, January 22, 2014

မွန်ပြည်နယ် အစိုးရက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင် လုပ်ကိုင်မည်ဟု စီမံကိန်း ရေးဆွဲထားသော မော်လမြိုင်စက်မှုဇုန် (ကျောက်တန်း စက်မှုဇုန်) မြေများကို ပြည်နယ်အစိုးရနှင့် နီးစပ်ပြီး သတင်းအချက်အလက် ကြိုတင် ရရှိထားသည့် အဖွဲ့အစည်းများက လက်ဦးမှု ရယူကာ လိုက်လံဝယ်ယူလျက် ရှိကြောင်း မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်တွင် နေထိုင်သူများက ပြောကြားသည်။

အဆိုပါ စက်မှုဇုန်ကို တပ်မတော် အစိုးရလက်ထက် ၁၉၉၇ ခုနှစ်ကတည်းက သတ်မှတ်ထားသော မြေနေရာတွင် ပြန်လည် တည်ဆောက်ရန် မွန်ပြည်နယ် အစိုးရက စီစဉ်ထားခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးနိုင်လဝီအောင်က ပြောကြားသည်။

အဆိုပါ စက်မှုဇုန်မြေနေရာ အဖြစ် သတ်မှတ်ထားသော လယ်ယာမြေများကို မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးရေး ကော်မတီ အထောက်အကူပြု ကော်မတီ၊ လယ်ယာမြေစီမံခန့်ခွဲ ကော်မတီ တို့တွင် ပါဝင်ခွင့် ရရှိထားသည့် စီးပွားရေး လုပ်ငန်းရှင် အချို့က လိုက်လံဝယ်ယူနေခြင်း ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ အတွင်းရေးမှူး ဦးလှရှိန်က ဆိုသည်။

အဆိုပါ စက်မှုဇုန်စီမံကိန်း အတွက် မြေဧက ၂၅၄ ဧက သတ်မှတ်ထားရာ အဆိုပါကော်မတီတွင် ပါဝင်သော စီးပွားရေး လုပ်ငန်းရှင်အချို့က မြေဧက ၂၀၀ နီးပါး လက်ဦးမှုရယူကာ ဝယ်ယူခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ ဦးသောင်းရှိန်က ရှင်းပြသည်။

"ဒီစီမံကိန်း ရှိတယ်ဆိုတာ ပြည်သူတွေကို အစိုးရအပါအဝင် အထောက်အကူပြု ကော်မတီတွေက ချပြဖို့တာဝန် ရှိတယ်။အဲ့လို ချပြရမယ့်အစား သူတို့ကိုယ်တိုင် လိုက်ဝယ်နေတာတော့ မဖြစ်သင့်ဘူး" ဟု ဦးလှရှိန်က ဆိုသည်။

အဆိုပါ စီမံကိန်းအတွက် မြေ လိုက်လံဝယ်ယူမှုများ ရှိနေသည်ကို သိရှိထားခြင်း မရှိကြောင်း၊ ယင်းစက်မှုဇုန် မြေနေရာတွင် စက်ရုံတည်ဆောက်ရန် အတွက် လျှောက်ထားသည့် ကုမ္ပဏီတစ်ခုသာ ရှိသေးကြောင်း၊ အဆိုပါ ကုမ္ပဏီက မြေ ၂၇ ဒသမ ၅ ဧကကို လျှောက်ထားခဲ့ကြောင်း မွန်ပြည်နယ် စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးနိုင်လဝီအောင်က ဆိုသည်။

အဆိုပါ စက်မှုဇုန်စီမံကိန်း အတွင်းရှိ လယ်ယာမြေများသည် ကာလပေါက်ဈေး တစ်ဧက ကျပ်ငါးသိန်း နီးပါးသာ ရှိသော်လည်း ကျပ်နှစ်ဆယ့်နှစ်သိန်းမှ ကျပ်သိန်းငါးဆယ် အထိ ပေးဝယ်နေကြောင်း ဦးသောင်းရှိန်က ဆိုသည်။

"စက်မှုဇုန်က မြေကိုပိုင်တိုင်း စက်ရုံ ဆောက်ခွင့်ရမှာ မဟုတ်ပါဘူး။ တကယ် စက်ရုံတည်မယ့် သူတွေကို ပြည်နယ်အစိုးရက ရင်းနှီးမြှုပ်နှံခွင့် ပြုသွားမယ်။ ဒါပေမဲ့ ဒီမြေအားလုံး ကိုတော့ တစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်ခွင့်တော့ မပြုဘူး။ ဆောက်မယ့်စက်ရုံက သေးပြီး မြေနေရာ များနေရင်လည်း ခွင့်မပြုဘူး။ နောက် အဲဒီစက်ရုံက ဘေးထွက်ဆိုးကျိုး ဘယ်လောက်ရှိလဲ၊ ဒေသခံတွေကို ဘယ်လောက် အလုပ်ပေးနိုင်မလဲ ဆိုတာတွေ ကြည့်ပြီးမှ ခွင့်ပြုမှာပါ" ဟု စက်မှုဇုန်စီမံကိန်း မြေလက်ဦးမှု ရယူခြင်းနှင့် ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရက ချမှတ်ထားသည့် မူဝါဒကို ဦးနိုင်လဝီအောင်က ရှင်းပြသည်။

အစိုးရက မြေဧက ၂၅၄ ဧကကို စက်မှုဇုန်မြေနေရာ အဖြစ် သတ်မှတ်ပေး ထားကြောင်း၊ ယင်းကြောင့် အဆိုပါ စက်မှုဇုန်နယ်မြေ အတွင်း လယ်ယာမြေ ပိုင်ဆိုင်ထားသော လယ်သမားများကို ကာလပေါက်ဈေး အတိုင်း လျော်ကြေးပေးဆောင် ရမည် ဖြစ်ကြောင်း ဦးနိုင်လဝီအောင်က ဆိုသည်။

အဆိုပါမြေနေရာတွင် ၁၉၉၇ ခုနှစ် ကတည်းက တပ်မတော်အစိုးရက စက်မှုမြေနေရာ အဖြစ် သတ်မှတ်သိမ်းယူခဲ့ပြီး စီမံကိန်းစတင်ရန် လမ်းများနှင့် တံတားများ တည်ဆောက်အပြီးတွင် စီမံကိန်း ပြန်ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ယင်းစက်မှုဇုန်မြေနေရာ၏ မူလပိုင်ရှင် များကို လယ်ယာ လုပ်ပိုင်ခွင့် ပြန်လည်ပေးအပ် ခဲ့သည်။

The Voice Weekly
မွန်ပြည်နယ် အစိုးရက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင် လုပ်ကိုင်မည်ဟု စီမံကိန်း ရေးဆွဲ ထားသော မော်လမြိုင်စက်မှုဇုန် (ကျောက်တန်း စက်မှုဇုန်) မြေများကို ပြည်နယ်အစိုး ရနှင့် နီးစပ်ပြီး သတင်းအချက်အလက် ကြိုတင် ရရှိထားသည့် အဖွဲ့အစည်းများက လက်ဦးမှု ရယူကာ လိုက်လံဝယ်ယူ လျက် ရှိကြောင်း မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်တွင် နေထိုင် သူ များ က ပြောကြားသည်။

NLD ရဲ့ ပညာရေးမူကြမ်းကို လက်ခံဆွေးနွေးဖို့ အစိုးရသဘောတူ

Photo: NLD ရဲ့ ပညာရေးမူကြမ်းကို လက်ခံဆွေးနွေးဖို့ အစိုးရသဘောတူ
Wednesday, January 22, 2014

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားကွန်ရက်က ရေးဆွဲထားတဲ့မူကြမ်းကို ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက လက်ခံဆွေးနွေးဖို့ အစိုးရအဖွဲ့က ဒီနေ့ သဘောတူလိုက်တယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပညာရေး မူဝါဒမူကြမ်းကို မနေ့ကစပြီး ရန်ကုန်တက္ကသိုလ် စိန်ရတုခမ်းမမှာ ဆွေးနွေးနေတာဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးပွဲတွေမှာ ရန်ကုန်တက္ကသိုလ် ဆရာ ဆရာမများအသင်း၊ ကျောင်းသားသမဂ္ဂတွေနဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားကွန်ရက်အဖွဲ့ဝင်တွေ ၀င်ရောက်ဆွေးနွေးခွင့် မရတဲ့အတွက် အဲဒီအဖွဲ့တွေအားလုံးက မနေ့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့ကြပါတယ်။

ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားကွန်ရက်က ရေးဆွဲထားတဲ့ မူကြမ်းကို ဒီနေ့ အစိုးရဖက်က လက်ခံဆွေးနွေးဖို့ ဖြစ်လာတယ်လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“အစိုးရဘက်ကလုပ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး တာဝန်ရှိသူတွေနဲ့ ကျနော်တို့ NNER ဘက်က ပညာရေးမူဝါဒဆိုင်ရာ တာဝန်ရှိတဲ့သူတွေ တွေ့ဆုံပြီးတော့ မူဝါဒနှစ်ခုကို ထပ်မံညှိနှိုင်းတာလုပ်ဖို့ ကျနော်တို့ ဒီနေ့ပဲ ဆွေးနွေးသဘောတူညီခွင့်ရပါတယ်၊ အဲဒါကတော့ လာမယ့်တစ်ပတ်မှာ လုပ်သွားမှာပါ”

ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့မူကြမ်းကို လွှတ်တော်မှာတင်ပြပြီး ဥပဒေအဖြစ်ပြဌာန်းမှာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မူကြမ်းကို လွှတ်တော်မှာ တင်သွင်းထားတယ်လို့ သိရပါတယ်။ အဲဒီမူကြမ်းကို လာမယ့်သတင်းပတ်ထဲမှာ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

RFA Burmese
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသား ကွန်ရက်က ရေးဆွဲ ထားတဲ့မူကြမ်းကို ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက လက် ခံဆွေးနွေး ဖို့ အစိုးရအဖွဲ့က ဒီနေ့ သဘော တူလိုက်တယ်လို့ သိရပါတယ်။

ကလေးမြို့တွင် အန္တရာယ်ရှိ ဆေးဝါးတစ်မျိုး ပေါ်ပေါက်နေဆိုသော သတင်းအား စုံစမ်းစစ်ဆေးမည်

ကလေးမြို့ APK အွန်လိုင်းသတင်းတွင်ဖော်ပြသော အန္တရာယ်ရှိနိုင်ဟု ယူဆရသည့်ဆေးဝါး တစ်မျိုး ပေါ်ပေါ က် နေ သည်ဆိုသည့်သတင်းအား စုံစမ်းစစ် ဆေးမည်ဟု သိရသည်။

ဆန္ဒပြမှုများနှင့် ဗုံးပေါက်ကွဲမှုများ ပိုမိုများပြားလာသောကြောင့် ဘန်ကောက်မြို့ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ

ဆန္ဒပြမှုများနှင့် ဗုံးပေါက်ကွဲမှုများ ပိုမိုပြင်းထန်များပြားလာသောကြောင့် ထိုင်းအစိုးရက ဘန်ကောက်မြို့နှင့် အနီး အနားခရိုင်အချို့ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာ လိုက်ကြောင်း သိရသည်။

အာဆတ်ကို ဖြုတ်ချဖို့ အမေရိကန်ပြော

Photo: အာဆတ်ကို ဖြုတ်ချဖို့ အမေရိကန်ပြော
Wednesday, January 22, 2014

ဆီးရီးယား အစိုးရရဲ့ ညှင်းပမ်း နှိပ်စက်မှု အထောက် အထားတွေဟာ သမ္မတ ဘာရှား အယ်လ် အာဆတ်ကို ဖြုတ်ချဖို့ လိုအပ် နေပြီ ဆိုတဲ့ အချက်ကို လေးနက် ထင်ရှား စေတယ်လို့ အမေရိကန် အစိုးရက ပြောလိုက် ပါတယ်။ ဆီးရီးယား အရေး ဆွေးနွေးပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံတွေကို ရိုက်ကူးသူက သူ့နာမည်ကို ဆီဇာဆိုတဲ့ လျှို့ဝှက်နာမည်သာ ထုတ်ဖော် ပြောဆိုပါတယ်။ သူဟာ အရင်က စစ်ဘက်ဆိုင်ရာ ရဲတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အလုပ်တာဝန်ဟာ သေသူတွေရဲ့ အလောင်းကို ဓါတ်ပုံရိုက်ရတဲ့ တာဝန်လို့လည်း ဆိုပါတယ်။

အဲသလို ဓါတ်ပုံရိုက်ခိုင်းတဲ့ ရည်ရွယ်ချက်ကတော့ သေစာရင်းပြုလုပ်ဖို့ရယ်၊ အစိုးရက သုတ်သင်ရှင်းလင်းခိုင်းတဲ့သူတွေ သေဆုံးသွားပြီဆိုတာ အထောက်အထား ခိုင်မာဖို့လို့ ဆိုပါတယ်။

သူနဲ့ အတူ သူရိုက်ကူးခဲ့တဲ့ သောင်းနဲ့ချီတဲ့ ဓါတ်ပုံတွေကို ယူဆောင်ပြီး ဆီဇာဟာ ဆီးရီးယားနိုင်ငံထဲက ခိုးထွက်ပြီး စစ်ရာဇဝတ်မှုစွဲချက်တင်သူ အမှုလိုက်ရှေ့နေ သုံး ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။

သူနဲ့ပါလာတာကတော့ သေဆုံးသူ ၁ သောင်း ၁ ထောင်ရဲ့ ဓါတ်ပုံပေါင်း ၅ သောင်း ၅ထောင်လို့ ဆိုပါတယ်။

ဆီးရီးယား အပြင်ဘက် တနေရာမှာ ရက်အတန်ကြာ တွေ့ဆုံ မေးမြန်းစုံစမ်းမှုတွေ လုပ်ပြီးနောက် သက်သေအထောက်အထားတွေဟာ အလွန်ခိုင်မာတဲ့ သက်သေတွေ ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။

ဒီလို ဓါတ်ပုံတွေကို ရိုက်ကူးပေးပို့ဖို့ အစီစဉ်ချ တာဝန်ပေးခဲ့သူကတော့ ကာတာနိုင်ငံ ဖြစ်ပါတယ်။

ဆီးရီးယား သူပုန်တွေကို ထောက်ခံသူ ကာတာနိုင်ငံက စီစဉ်တဲ့ဓါတ်ပုံတွေ ဖြစ်တဲ့ အတွက် ဒီဓါတ်ပုံတွေဟာ လက်ခံယုံကြည်ဖွယ်ရာ မရှိဘူးလို့ ဆီးရီးယား အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအမှူး နာဗီပီလေးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရူးပါတ် ကိုဗေးလ်က အခုဒီပုံတွေဟာ အချက်ပေးခေါင်းလောင်းတီးလိုက်သလိုပါပဲ။ ဒီပုံတွေဟာ အစစ်အမှန်ဖြစ်ကြောင်းသက်သေထူနိုင်ပြီဆိုရင်တော့ အလွန်ဆိုးဝါး ကြောက်မက်ဖွယ် ကောင်းပါတယ်လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး မေရီ ဟာ့ဖ် က ကျမတို့အနေနဲ့ အာဆတ်အစိုးရကို ဖြုတ်ချပြီး အသွင်ကူးပြောင်းရေးကာလ အစိုးရ တရပ်ဖွဲ့စည်းဖို့လိုပါပြီလို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ်ဂ် ကလည်း အင်မတန် တုန်လှုပ်ခြောက်ခြားစရာကောင်းပြီး ခိုင်မာတဲ့ သက်သေ အထောက်အထားတွေကို သူတွေ့ခဲ့ရပါတယ်လို့ ပြောပါတယ်။

လူပေါင်း ၁သောင်းကျော်ရဲ့ ဓါတ်ပုံတွေအားလုံးအနက် လူတယောက်ကလွဲပြီး ကျန်သူအားလုံးဟာ ယောကျာ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ အများစုဟာ အလွန်ပိန်လှီချိနဲ့နေကြပြီး အများအပြားဟာ ရိုက်နှက်ခံထားရတာတွေ လည်မြိုညှစ်ခံထားရတာတွေကို တွေ့ရတယ်လို့ စုံစမ်းရေး အရာရှိတွေက ဆိုပါတယ်။ တချို့ဟာ မျက်စိမပါတော့ဘူး တချို့ကတော့ လျှပ်စစ်ရှော့ရိုက်ခံထားရတယ်လို့လည်း ဆိုပါတယ်။

ဒီအထောက်အထားတွေဟာ ဆွေးနွေးပွဲ မတိုင်ခင် ရက်အနည်းငယ်အလိုမှာ ထွက်ပေါ်လာတာဖြစ်တဲ့ အတွက် စနစ်ကျတဲ့ နိုင်ငံရေး ထိုးနှက်ချက် တခုဖြစ်သလို ဒီအထောက်အထားတွေရဲ့ ဂယက်ဟာ ဆွေးနွေးပွဲကို အများကြီး သြဇာသက်ရောက်စေမှာလည်း ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ဆီးရီးယား အစိုးရရဲ့ ညှင်းပမ်း နှိပ်စက်မှု အထောက် အထားတွေဟာ သမ္မတ ဘာရှား အယ်လ် အာဆတ် ကို ဖြုတ်ချဖို့ လိုအပ် နေပြီဆိုတဲ့ အချက်ကို လေးနက်ထင်ရှား စေတယ်လို့ အမေရိ ကန်အစိုးရက ပြော လိုက်ပါတယ်။ ဆီးရီးယားအရေး ဆွေးနွေးပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ အခုလို ပြောဆိုလိုက်တာ လည်း ဖြစ်ပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းနှင့် မကျေလည်သေးသည့် မျိုးနွယ်စုပြဿနာ

Photo: ၂၀၁၄ သန်းခေါင်စာရင်းနှင့် မကျေလည်သေးသည့် မျိုးနွယ်စုပြဿနာ
Wednesday, January 22, 2014

မကြာမီ ရက်ပိုင်း အတွင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသား များအဖို့ အကျပ်ရိုက် နိုင်လောက်သည့် မေးခွန်း တစ်ခုကို ဖြေကြား ရတော့မည်ဖြစ်သည်။

မေးခွန်းက “သင်မည်သည့် လူမျိုး ဖြစ်သနည်း”ပင်ဖြစ်သည်။

လာမည့်မတ်လ ၃၀ ရက်မှစတင်ပြီး နှစ်ပတ်ကြာ ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် အထက်ပါ မေးခွန်းကို ဖြေကြရမည်ဖြစ်သည်။

“ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း”စသည့် တိုင်းရင်းသား မျိုးနွယ်စုကြီး များထဲမှ တစ်ခုခုကိုဖြေပြီး မေးခွန်းက လွယ်လွန်းသည်ဟု ထင်သူများအတွက် ဦးနှောက်ခြောက်စေမည့် နောက်ထပ်မေးခွန်း တစ်ခုရှိသေးသည်။

ဥပမာ- သင်က ဗမာဟု ဖြေလိုက်သည်ထားတော့။ နောက်ဆက်တွဲမေးခွန်းက “ဗမာမျိုးနွယ်စုဝင်အဖြစ် သတ်မှတ်ထားသည့် ဗမာ၊ ထားဝယ်၊ မြိတ်၊ ဆော(ယော)၊ ရဘိန်း၊ ကဒူး (ဒုံကူး)၊ ဂဏန်း၊ ဆလုံ၊ ဖုန်း(ဖွန်)” ကိုးမျိုးထဲမှ တစ်ခုကို ရွေးချယ်ရဦးမည်ဖြစ်သည်။

“ကချင်”ပါဟု ဖြေကြားသူများအတွက်လည်း “ကချင်၊ ထရုမ်း၊ ဒလောင်၊ ဂျိန်းဖော၊ ဂေါ်ရီ၊ ခခု၊ ဒူးလန်း၊ မရူ (လော်ဂေါ်)၊ ရ၀မ်၊ လရှီ၊ အဇီး၊ လီဆူး”မျိုးနွယ်စုများထဲမှ တစ်ခုကို ရွေးချယ်ရဦးမည်ဖြစ်သည်။

ယခင်အစိုးရများလက်ထက်က တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုး သတ်မှတ်ရာတွင် အငြင်းပွားစရာ ဆုံးဖြတ်ချက်များရှိခဲ့ကြောင်း တိုင်းရင်းသားမျိုးနွယ်စုများက အစဉ်တစိုက်ဝေဖန်ခဲ့ကြသည်။

ဂဏန်းနံပါတ်အစွဲအလမ်းကြီးလွန်းသည့် အစိုးရအရာရှိများ၏စနက်ကြောင့် ၁+၃+၅=၉ ဖြင့် ၁၃၅ ဖြစ်လာသည်ဟုလည်း စွပ်စွဲမှုများလည်း ရှိခဲ့သည်။

၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး ၁၉၉၀ စက်တင်ဘာ ၂၆ ရက်ထုတ် အစိုးရသတင်းစာများ၏ လူမျိုး ၁၃၅ မျိုး သတ်မှတ်ချက်မှစတင်သည်ဟုလည်း ပြောလေ့ရှိသည်။

အစိုးရဘက်ကတော့ သမိုင်းပညာရှင်များ၊ သမိုင်းကြောင်းအချက်အလက်များကို လေ့လာသုတေသနပြုရာမှ ထွက်ပေါ်ခဲ့သည့်စာရင်းဟု တုံ့ပြန်ခဲ့သည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကောက်ခံမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း စတင်ချိန်တွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး သတ်မှတ်မှုနှင့်ပတ်သက်ပြီး အငြင်းပွားမှုအရှိန်သည် အမြင့်ဆုံးသို့ ရောက်လာနိုင်ကြောင်း တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်အချို့ကပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတော်က သတ်မှတ်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုးကို အခြေခံပြီး ကောက်ခံသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားစာရင်းထဲတွင် မပါဝင်သူများအား သီးခြားစာရင်းခွဲကာ ကောက်ခံသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လ၀က) ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားထားသည်။

ကယန်းပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောလွင်က ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အချက်အလက်များရရှိရန် သန်းခေါင်စာရင်းကောက်ခံခြင်းအပေါ် ထောက်ခံသော်လည်း တိုင်းရင်းသားများ၏ခံစားချက် ထည့်သွင်းစဉ်းစားရန် အစိုးရကပျက်ကွက်ခြင်းကို ကန့်ကွက်ကြောင်း ပြောသည်။

“တိုင်းရင်းသားတွေရဲ့ သဘောထားအမြင်ကိုမယူဘဲနဲ့ အစိုးရရဲ့ တစ်ဖက်သတ် သတ်မှတ်ချက်တွေအပေါ် အခြေခံပြီးလုပ်တဲ့အခါကျတော့ ဆိုးကျိုးတွေဖြစ်လာမှာ သေချာပါတယ်။ တိုင်းရင်းသားတစ်မျိုးနဲ့တစ်မျိုးကြား အထင်အမြင်လွဲမှားမှုတွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေတဲ့ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်”ဟု ဗိုလ်မှူးစောလွင်ကပြောသည်။

အစိုးရသတ်မှတ်ချက်များအရ စာရင်းကောက်ခံမည်ဆိုပါက ၎င်းတို့သည် “ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ ကဲ့ခို၊ ဂေဘား၊ ပရဲ (ကယော်)၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော်”အဖြစ် သတ်မှတ်ထားသည့် ကယားမျိုးနွယ်စု ကိုးစုအောက်တွင် စာရင်းရောက်ရှိမည်ဖြစ်သည်။

ယင်းကဲ့သို့သတ်မှတ်ချက်ကို ကယန်းလူမျိုးများက အပြင်းအထန်ကန့်ကွက်မှုများရှိနေသည်။ သီးခြားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုရန် “ကယန်း(ပဒေါင်)” အမည်တွင် “ပဒေါင်”သည် နှိမ့်ချသည့်အသုံးအနှုန်းဖြစ်သောကြောင့် ပယ်ဖျက်ပေးရန် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် Kayun အစား Kayan ဟုသုံးနှုန်းရန် စသည့်အချက်များကိုလည်း ကယန်းတိုင်းရင်းသားများအရေး လှုပ်ရှားသူများက အပြင်းအထန်တောင်းဆိုလျက်ရှိသည်။

အစိုးရသတ်မှတ်စာရင်းတွင် မျိုးနွယ်စု ၅၃ စုထိ သတ်မှတ်ထည့်သွင်းကာ ချင်းတိုင်းရင်းသားမျိုးနွယ်စုခေါင်းစဉ်အောက်တွင် ကောက်ခံခဲ့ပါကလည်း အဆိုပါမျိုးနွယ်စုဝင်များအကြား စည်းလုံးညီညွတ်မှုများ ပျက်ပြားမည်ကို စိုးရိမ်မိကြာင်း ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရွှေခါးကပြောသည်။

“နောက်တစ်ချက်က ဥပမာ လူဦးရေ ၀ ဒသမ ၀၁ ရာခိုင်နှုန်းရှိတယ်ဆိုရင် ပြည်နယ်တစ်ခုမှာလား။ တိုင်းဒေသကြီးတစ်ခုမှာလား။ တိုင်းရင်းသားရေးရာဝန်ကြီးတွေရှိရမယ်ဆိုတာ ဖြစ်လာတော့ ၁၃၅ မျိုး တစ်ခုချင်းဆီကို အခြေခံမှာလား။ ဒါမှမဟုတ် အရင်တုန်းကလို ချင်း၊ ရှမ်း၊ ကချင် အဲလိုဟာမျိုးကို အခြေခံမှာလားဆိုတာက မေးခွန်းမေးစရာဖြစ်လာတယ်”ဟု ဒေါက်တာရွှေခါးကပြောသည်။

အထက်ပါ တိုင်းရင်းသားခေါင်းဆောင်များ စိုးရိမ်သလို အခြားတိုင်းရင်းသားများလည်း အဆိုပါ ၁၃၅ မျိုးကိစ္စအပေါ် စိုးရိမ်စိတ်ကိုယ်စီရှိနေကြသည်။

မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဟု ဆိုနေကြသည့် ရခိုင်ပြည်နယ်တွင်လည်း “ရခိုင်၊ ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်”ဟု သတ်မှတ်ထားသည့် သတ်မှတ်ချက်များအတွက် စိုးရိမ်စိတ်မကင်းဖြစ်လျက်ရှိသည်။

ရခိုင်မျိုးနွယ်စုအောက်သတ်မှတ်ချက်ထဲထည့်သွင်းပြီး “ကမန်” လူမျိုးများကို တိုင်းရင်းသားအဖြစ် သတ်မှတ်ထားရှိမှုသည် ကမန်များနှင့် ဘာသာတူဘင်္ဂါလီများ အခွင့်အရေးအဖြစ် အသုံးချမည်ကို ရခိုင်တိုင်းရင်းသားများက စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။

လက်ရှိအချိန်တွင်ပင် ကမန်အမည်ခံ ဘင်္ဂါလီအများအပြား နိုင်ငံသားလက်မှတ် လက်ဝယ်ရရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများကဆိုသည်။

မျိုးနွယ်စုအမည် ထည့်သွင်းသတ်မှတ်ရာတွင် တစ်မျိုးတည်းကို ထပ်ခါထပ်ခါရေတွက်ခြင်းများလည်းရှိကြောင်း၊ အပြင်လောကတွင် အမှန်တကယ်မရှိသည့် မျိုးနွယ်စုဝင်များ စာရင်းပေါက်နေသည်များလည်းရှိကြောင်း တိုင်းရင်းသားများကထောက်ပြသည်။

“ကရင်ပြည်နယ်မှာတော့ စကောကရင်ရယ်၊ ပိုးကရင်ရယ်ဆိုပြီးတော့ပဲရှိတယ်။ အဲဒီတော့မျိုးနွယ်စုကိစ္စတော့ ပြဿနာသိပ်မရှိဘူး။ ဒါပေမဲ့ စာဖြူကရင်ဆိုတာကို လူမျိုးနာမည်ထဲမှာ ထည့်မယ်ဆိုလို့တော့ ကြားထားတယ်။ ဒါကလူမျိုးနာမည်တော့ မဟုတ်ဘူး။ ခရစ်ယာန်ကိုးကွယ်ကြတဲ့ ကရင်လူမျိုးတွေကို ခေါ်ကြတာပါ”ဟု ဖလုံစခေါ်ဒီမိုကရက်တစ်ပါတီ(ဥက္ကဋ္ဌ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသိန်းအောင်ကပြောသည်။

အစိုးရစာရင်းများအရ ကရင်မျိုးနွယ်စု ၁၁ စုရှိပြီး အသေးစိတ်အနေဖြင့် ကရင်၊ ကရင်ဖြူ၊ ပလေကီး၊ မွန်ကရင်(စာဖြူ)၊ စကော(ကရင်)၊ တလှေပွား၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွား၊ ပိုး(ကရင်)တို့ဖြစ်သည်။

ကချင်တိုင်းရင်းသားစာရင်းတွင် မျိုးနွယ်စုတစ်ခုအဖြစ် “ကချင်”ကို ပြန်လည်ထည့်သွင်းထားခြင်းကြောင့် ပြည်နယ်အတွင်းတိုင်းရင်းသားများအကြား ဝေဖန်မှုများရှိနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောသည်။

“အားလုံးက စိုးရိမ်ပူပန်ပြီး ကချင်ပျောက်မှာစိုးလို့ ကချင်မှာပဲ အားလုံးထည့်ပါပြောတော့ အားလုံးထည့်ရင် ကျန်တဲ့လဝေါ်တို့၊ လချိပ်တို့၊ ဂျိန်းဖောတို့ဆိုတာ ပျောက်သွားမှာပေါ့နော်”ဟု ပြည်သူ့လွှတ်တော်တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဒေါ်ဒွဲဘူကပြောသည်။

၁၃၅ စာရင်းတွင် ထူးခြားမှုအနေဖြင့် မျိုးနွယ်စုတစ်စုတည်းသာ အစိုးရသတ်မှတ်ခဲ့သည့် တိုင်းရင်းသားလူမျိုးစုတစ်စုလည်းရှိသည်။ “မွန်”သည် ထပ်မံခွဲခြားစိတ်ဖြာခြင်းမခံရသည့် တစ်ခုတည်းသောတိုင်းရင်းသား ဖြစ်သည်။

သို့သော်လည်း သူတို့တွင်လည်း စိန်ခေါ်မှုအများအပြားရှိနေဆဲဖြစ်သည်။ မွန်တိုင်းရင်းသားများသည် ယခင်ကာလများက အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်(သို့) သန်းခေါင်စာရင်းတွင် “မွန်”အဖြစ် သတ်မှတ်ခြင်းမခံခဲ့ရသောကြောင့် လူမျိုးပျောက်ကွယ်မည့်အရေး ကြုံတွေ့နေရကြောင်း မွန်တိုင်းရင်းသားများကဆိုသည်။

သန်းခေါင်စာရင်းကောက်ယူသည့်အချိန်မတိုင်မီ မွန်သံဃာတော်များနှင့် မွန်ခေါင်းဆောင်များက အဆိုပါအချက်ကို အစဉ်အမြဲထောက်ပြကာ မွန်လူမျိုးစာရင်းကောက်ယူရေးအတွက် ကြိုးစားလျက်ရှိသည်။

“ကျွန်တော်တို့က ပအိုဝ်းလူမျိုးက ကရင်ပြည်နယ်မှာ လူနည်းစုပါ။ ဒါပေမဲ့ သန်းခေါင်စာရင်းမှာ လူမျိုးနာမည်ဖြည့်မယ်ဆိုရင်တော့ ပအိုဝ်းလူမျိုးဆိုပြီး ဖြည့်မှာပါ။ လူကြီးတွေကလည်း ကိုယ့်လူမျိုးနာမည်ပဲဖြည့်လို့ပြောထားတယ်။ အဲလိုဖြည့်လို့လည်း ပြဿနာမဖြစ်လောက်ပါဘူး။ ကိုယ့်လူမျိုးနာမည်ဖြည့်မှ ဘာလူမျိုးလဲဆိုတာကို သိကြမှာလေ။ ရပ်ကွက်ထဲက လူကြီးတွေကတော့ သန်းခေါင်စာရင်းမှာ ဘယ်လိုဖြည့်ရမလဲဆိုတာတော့ ပြောထားတာရှိပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ကတော့ ကိုယ်လူမျိုးနာမည်ပဲ ဖြည့်မှာပါ”ဟု ကရင်ပြည်နယ်၊ နောင်သငဲ့ကျေးရွာမှ ပအိုဝ်းတိုင်းရင်းသား ခွန်မျိုးလွင်ကပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ပုံစံနှင့် လူမျိုးအမည် ကုတ်သတ်မှတ်ချက်များသည် သက်ဆိုင်ရာလူမျိုးစုများအကြား ရှုပ်ထွေးနေပြီး အငြင်းပွားမှုများရှိနေ၍ ကချင်ပြည်နယ် လူထုအခြေပြုအဖွဲ့အစည်းများက သန်းခေါင်စာရင်းကောက်ယူမှုကို အချိန်ရွှေ့ဆိုင်းနောက်ဆုတ်ပေးရန် ဇန်န၀ါရီ ၁၂ ရက်က အစိုးရထံတောင်းဆိုထားသည်။

“ကချင်တိုင်းရင်းသားတွေရဲ့ လိုလားချက်က ဘာလဲဆိုတာကို အရင်ဆွေးနွေးပြီးမှ သူတို့ကုတ်သတ်မှတ်ရမှာ။ အဲဒီလိုမဆွေးနွေးဘဲနဲ့ အပေါ်ကနေ ဗဟိုဦးစီးစနစ်နဲ့ချပေးတော့ အောက်ခြေမှာ မကျေမလည်တွေ အများကြီးဖြစ်တာပေါ့”ဟု ဒေါ်ဒွဲဘူကပြောသည်။

နှစ်ပေါင်း ၃၀ ကျော်ကြာမှ တစ်ကျော့ပြန်လာသည့် သန်းခေါင်စာရင်းကောက်ယူမှုမှာ ယခင်အစိုးရများလက်ထက် သတ်မှတ်ခဲ့သည့် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးအရေးနှင့် မကြာမီအချိန်အတွင်း သန်း ၆၀ သော နိုင်ငံသားများ ကြုံတွေ့ရတော့မည်ဖြစ်သည်။

အချို့အတွက်တော့ “သင် မည်သည့်လူမျိုးဖြစ်သနည်း”ဆိုသည့်မေးခွန်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ရေး ကန့်သတ်ချက် ၅၉(စ)ကို ပြင်ရေး၊ မပြင်ရေး(သို့မဟုတ်) လွှတ်တော်တွင်း ပုံမှန်ခွဲတမ်းရနေမည့် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်များ စစ်တန်းလျား ပြန်ရေး၊ မပြန်ရေး ကိစ္စထက်လည်း ပိုအရေးကြီးလေးနက်သည့်ကိစ္စတစ်ခုလည်း ဖြစ်နိုင်ပေသည်။

ရေးသားသူ- နန်းအောင်၊ ရန်မျိုးနိုင်၊ ထွန်းခိုင်
7Day News Journal
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားများအဖို့ အကျပ်ရိုက် နိုင်လောက်သည့် မေး ခွန်း တစ်ခုကို ဖြေကြား ရတော့မည်ဖြစ်သည်။

GM ကားကုမ္ပဏီမှ မြန်မာဈေးကွက်တွင်တိုးချဲ့ရန်စီစဉ်

Photo: GM ကားကုမ္ပဏီမှ မြန်မာဈေးကွက်တွင်တိုးချဲ့ရန်စီစဉ်
Wednesday, January 22, 2014

ထိုင်းနှင့် မြန်မာဈေးကွက်အတွင်း ကားအစီးရေ ၅၇ဝဝဝကျော် ခန့်ရောင်းချ၍ မြန်မာပြည်ဈေးကွက်သို့ပါတင်ပို့နိုင်ရန် စီစဉ်နေကြောင်း GM ကားကုမ္ပဏီမှ သိရသည်။

မြန်မာနိုင်ငံတွင် မာစီဒီး၊ချက်ပလက်အပါအဝင် နိုင်ငံတကာမှ ကမ္ဘာကျော်ကားကုမ္ပဏီများက အရောင်းပြခန်းများဖွင့်လှစ်ကာ
ဈေးကွက်တိုးချဲ့ဝင်ရောက်နေပြီး GM ကုမ္ပဏီကလည်း ဈေးကွက်
ဝေစုပိုမိုရရှိရန် ကြိုးပမ်းချက်တစ်ခုဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် GM ကုမ္ပဏီရုံးခွဲမှ တာဝန်ခံဂတ်စတာ ဗိုကိုလော့ဆီက''ဒီနှစ်ထဲမှာလုပ်ငန်းတိုးချဲ့ဖို့လိုအပ်ပါတယ်။ အရောင်း အဝယ်ကျွမ်းကျင်မှုနဲ့ပတ်သက်ပြီး ပိုလုပ်သွားမှာပါ။ မြန်မာပြည်ဈေး ကွက်တိုးချဲ့ဖို့လဲစီစဉ်နေပါတယ်'' ဟုပြောသည်။

ွGM ကုမ္ပဏီသည် ယမန်နှစ်က လာအိုနိုင်ငံတွင် ဈေးကွက် စတင်ခဲ့ပြီး ထိပ်တန်းအမှတ်တံဆိပ် ၁ဝ ခု စာရင်းဝင်အဖြစ်ရရှိထား ကြောင်းသိရသည်။

ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ GM စက်ရုံမှာ အင်ဂျင်များထုတ်လုပ် သည့် နောက်ဆုံးပေါ်ခေတ်မီစက်ရုံတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၇ဝ သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံတစ်ဝန်းတွင် GM ကားအရောင်းဆိုင် ၁ဝ၄ ဆိုင်ရှိပြီး ထိုဆိုင်ပေါင်း ၁၁ဝ အထိ တိုးမြင့်ဖွင့်လှစ်ရန်နှင့် အာဆီယံဒေသ တွင်း ရောင်းအားအစီးရေ ၅၆ဝဝဝ ကျော်ရှိကြောင်းသိရသည်။

The Union Daily
ထိုင်းနှင့် မြန်မာဈေးကွက်အတွင်း ကားအစီးရေ ၅၇ဝဝဝကျော် ခန့်ရောင်းချ၍ မြန်မာပြည်ဈေး ကွက်သို့ပါ တင်ပို့နိုင်ရန် စီစဉ်နေကြောင်း GM ကားကုမ္ပဏီမှ သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်းတွင် ရခိုင်တိုင်းရင်းသားအများ ပိုင်ကုမ္ပဏီ (၁၁ )ခုနှင့် အခြားတိုင်းရင်းသား ကုမ္ပဏီတစ်ခုပါဝင်

Photo: ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်းတွင်
ရခိုင်တိုင်းရင်းသားအများ ပိုင်ကုမ္ပဏီ (၁၁ )ခုနှင့် အခြားတိုင်းရင်းသား ကုမ္ပဏီတစ်ခုပါဝင်
Wednesday, January 22, 2014

ကျောက်ဖြူ အထူးစီးပွားရေး ဇုန်အကောင်အထည်ဖော်ဆောင် ရွက်ရန် မြန်မာနိုင်ငံမှလုပ်ငန်းရှင် များက ၅၁ ရာခိုင်နှုန်းရင်းနှီးမြှုပ်
နှံရမည်ဖြစ်ရာ ရခိုင်အများပိုင် ကုမ္ပဏီ(၁၁)ခုနှင့် အခြားတိုင်းရင်း သားကုမ္ပဏီတစ်ခုတို့မှ ရှယ်ယာ ရှင်များဖွဲ့စည်းကာ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရခိုင် ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းမှ သိရသည်။ 

ကျောက်ဖြူအထူး စီးပွားရေးဇုန် သည် သီလဝါနှင့် ထားဝယ်အထူး စီးပွားရေးဇုန်များကဲ့သို့ အစိုးရ အချင်းချင်းရင်းနှီးမြှုပ်နှံမှု (Govern- ment to Government) မဟုတ်ဘဲ ပုဂ္ဂလိကအများပိုင်ကုမ္ပဏီအချင်း ချင်း(Business to Business)ရင်း နှီးမြှုပ်နှံမှုဖြစ်သောကြောင့် အများ ပိုင်ကုမ္ပဏီများကို တင်ဒါခေါ်ဆောင် ရွက်ရခြင်းဖြစ်ရာ နည်းပညာနှင့် အတတ်ပညာပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရန် အတွက် အများပိုင်ကုမ္ပဏီ(၁၂)ခု ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်းသိရသည်။ 

ကျောက်ဖြူ အထူးစီးပွားရေး ဇုန်ကို အဆင့်သုံးဆင့်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် 
SEZ Dev- elopment Plan အတွက် ပြည်တွင်း ကုမ္ပဏီ (၁၂) ခုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ၌ ဖွဲ့စည်းထားပြီး ဒုတိယအဆင့်ဖြစ်သှောနဇ အတွက် အကြံပေးအဖွဲ့တစ်ဖွဲ့ကို ပြည်ပနိုင်ငံ ပေါင်း ၁၆ နိုင်ငံရှိ အဖွဲ့ပေါင်း ၃၁ဖွဲ့မှ ရွေးချယ်သွားမည်ဖြစ်ရာ အထက်ပါအဆင့်များဆောင်ရွက် ပြီးစီးပါက တတိယအဆင့်ဖြစ်သော SEZ (အထူးစီးပွားရေးဇုန်) ပထမ အဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ကျောက်ဖြူ အထူးစီးပွားရေး ဇုန်သည် အများပိုင်ကုမ္ပဏီများရင်း
နှီးမြှုပ်နှံသွားမည်ဖြစ်သော်လည်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှု
၅၁ ရာခိုင် နှုန်းတွင်အစိုးရဘက်မှလည်း ရင်း နှီးမြှုပ်နှံမှုပါဝင်နိုင်ကြောင်း၊ ပါဝင် နိုင်မည့်ပမာဏကိုမူ အတိအကျ မသိရှိရသေးချေ။ ကျန် ၄၉ ရာခိုင် နှုန်းကို ပြည်ပလုပ်ငန်းရှင်များက ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

စီးပွားရေးဇုန်ပထမအဆင့်ဧက ၁ဝဝဝ အကောင်အထည်ဖော်ရာ တွင် ဒေသခံများကျွမ်းကျင်သော ငါးဖမ်းလုပ်ငန်းကိုအခြေခံသည့် စက်မှုလုပ်ငန်း၊ အထည်ချုပ်လုပ် ငန်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကိုလုပ်ကိုင်ကာ ဒေသခံ များအတွက် အလုပ်အကိုင်အခွင့် အလမ်းများကိုလည်း ဖန်တီးဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။

The Voice Weekly
ကျောက်ဖြူ အထူးစီးပွားရေး ဇုန်အကောင်အထည်ဖော်ဆောင် ရွက်ရန် မြန်မာနိုင်ငံမှလုပ်ငန်းရှင် များက ၅၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံရမည်ဖြစ်ရာ ရခိုင်အများပိုင် ကုမ္ပဏီ(၁၁)ခုနှင့် အခြားတိုင်းရင်း သားကုမ္ပဏီတစ်ခုတို့မှ ရှယ်ယာ ရှင်များဖွဲ့စည်းကာ ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရခိုင် ဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းမှ သိရသည်။ 

မဏိစန္ဒာကျောက်စာမှ မြန်မာစာပေ အသစ် တွေ့ရှိဟုဆို

Photo: မဏိစန္ဒာကျောက်စာမှ မြန်မာစာပေ အသစ် တွေ့ရှိဟုဆို
Wednesday, January 22, 2014

ဘာသာခြောက်မျိုးနဲ့ရေးထိုးထားတဲ့ မဏိစန္ဒာမိဖုရားနဲ့ ကျောက်စာကိုမြစ်သားမြို့မှာ တွေ့ရှိခဲ့ရတဲ့အ တွက် မြန်မာစာပေနဲ့ပတ်သက်ပြီး အသစ်တွေ့ရှိခဲ့တယ်လို့ ပျူအက္ခရာကို အထူးပြုကျွမ်းကျင်တဲ့ မြန်မာ့ရှေးဟောင်း ကျောက်စာသုတေသနပညာရှင် Mr.Mikey Heart ကပြောပါတယ်။

ယခင်ကမြန်မာစာပေနဲ့ပတ်သက်ပြီး ရာဇကုမာရ်ကျောက်စာမှာ အစောဆုံးတွေ့ရှိခဲ့ရပေမဲ့ ယခု ကျောက်စာဟာ စောလူးမင်းရဲ့ မိဖုရားခေါင်ကြီးဖြစ်စဉ်အချိန်က ရေးထိုးထားခဲ့တာဖြစ်တယ်လို့ ဆိုပါ တယ်။

'ကျွန်တော်တို့ပညာရှင်တွေ သိလာခဲ့ကြတဲ့အသိက ကျွန်တော်တို့မြန်မာမှာ ကျန်စစ်သားမင်းမတိုင်မီ ကမြန်မာစာပေရေးသားခြင်းမရှိဘူးလို့ ပြောကြတယ်။ ကျန်စစ်သားမင်းလက်ထက် ရောက်လာတဲ့အခါ မှမွန်စာပေကို ကျွန်တော်တို့ကအတုယူပြီးတော့ လိုက်ပြီးရေးတဲ့အခါကျတော့မှ ဒီရာဇကုမာရ်လက် ထက်ရောက်လာတဲ့အခါကျတော့မှ မြန်မာစာပေကိုသုံးနိုင်တယ်လို့ အခုထက်ထိယူဆထားကြတယ်။ ဒါပေမဲ့ ဒီစောလူးမိဖုရား (မဏိစန္ဒာ) ကျောက်စာက ရာဇကုမာရ်ထက်လဲ စောနေတယ်။ ကျန်စစ်သား မင်းထက်လဲ စောနေတယ်။ မြန်မာစာရှိနေပြီ။ အဲဒီတစ်ချက်ပြောရတယ်။ ကျန်စစ်သားမင်းလက်ထက် စောတဲ့စောလူးမင်းလက်ထက် မြန်မာစာကိုတွေ့ရတယ်' လို့ မြန်မာလူမျိုးထိုင်းနိုင်ငံသား မြန်မာ့ရှေး ဟောင်းကျောက်စာသုတေသန ပညာရှင် Mr.Mikey Heart ကပြောပါတယ်။

သုတေသနပြုလေ့လာတွေ့ရှိချက်အရ မဏိစန္ဒာမိဖုရားကြီး (သီရီစန္ဒာဝဋံသကာဒေဝီ) ကိုမြန်မာ၊ ဂုံသျှမ်း၊ ပျူသုံးပါဠိ၊ ပျူ၊ မွန်-မြန်မာပါဠိ၊ မွန်-ဂြွမ်းဘာသာတွေနဲ့ ရေးထိုးထားတယ်။ မိဖုရားကြီးပြုလုပ် တဲ့လှူဒါန်းမှုနဲ့ ပတ်သက်ပြီး ရေးထိုးထားတာဖြစ်တယ်။ မြန်မာစာအရေးအသားနဲ့ပတ်သက်ပြီး ယခင် လက်ခံထားတဲ့ သမိုင်းဆိုင်ရာတွေနဲ့ ကွဲလွဲမှုရှိနေတယ်လို့ ဆိုပါတယ်။

'မြန်မာအက္ခရာနဲ့ အစောဆုံးအက္ခရာဟာ လေးထောင့်အခြေခံအက္ခရာပါလို့ ဒီနေ့ထိတိုင်ယုံကြည် တုန်း၊ ဒီစောလူး မိဖုရားကျောက်စာမှာ လေးထောင့်မဟုတ်ပါဘူး။ ဒါကြောင့်မြန်မာအက္ခရာဟာ လေးထောင့်ကမစဘူးလို့ ပြောလို့ရပါတယ်' လို့ Mr.Mikey Heart ကပြောပါတယ်။

မဏိစန္ဒာ မိဖုရားကြီးရဲ့ကျောက်စာကို တွေ့ရှိခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပေတော ကျောင်းတိုက်မှာပဲ ကျောက်စာတိုက်ပြုလုပ်ပြီး ထိန်းသိမ်းမှာဖြစ်တယ်လို့ ကျောက်စာထိန်းသိမ်းရေး ကော်မတီဝင်တစ်ဦးထံက သိရပါတယ်။

မော်ဒန်သတင်းဂျာနယ်
ဘာသာခြောက်မျိုးနဲ့ရေးထိုးထားတဲ့ မဏိစန္ဒာမိဖုရားနဲ့ ကျောက်စာကိုမြစ်သားမြို့မှာ  တွေ့ရှိခဲ့ ရတဲ့ အတွက် မြန်မာစာပေနဲ့ပတ်သက်ပြီး အသစ်တွေ့ရှိခဲ့တယ်လို့ ပျူအက္ခရာကို အထူးပြု ကျွမ်းကျင်တဲ့ မြန် မာ့ရှေးဟောင်း ကျောက်စာသုတေသနပညာရှင် Mr.Mikey Heart ကပြော ပါတယ်။

သီးနှံရောင်းချငွေမပေးက အတိုက်အခံနှင့် ပူးပေါင်းမည်ဟု တောင်သူများ ထိုင်းအစိုးရကိုခြိမ်းခြောက်

မိမိတို့၏ သီးနှံရောင်းချငွေများကို အချိန်မီမပေးပါက အစိုးရကိုဖြုတ်ချရန် ကြိုးစားနေသော အတိုက်အခံ များနှင့် ပူးပေါင်းတော့မည်ဟု ထိုင်းနိုင်ငံစပါးတောင်သူ အချို့ကခြိမ်းခြောက် လိုက်ကြောင်း ဇန်န၀ါရီ ၂၁ ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ခမောက်ကြီးမြို့နယ်ခွဲ တွင် ဆိုင်ကယ်နှင့် ခြောက်ဘီးကား ခေါင်းခြင်း ဆိုင်တိုက် မှုဖြစ်ပွား

ခမောက်ကြီးမြို့နယ်ခွဲ ကော့သောင်း-ဘုတ်ပြင်း ကားလမ်း ပေါ်တွင် ဇန်န၀ါရီ ၂၀ ရက်နေ့၊ ည(၇း၄၅)နာရီ က ခြောက်ဘီးတပ် ကုန်တင် မော်တော်ကား နှင့် မော်တော်ဆိုင်ကယ်ခေါင်းခြင်းဆိုင်တိုက်မှု တစ်ခုဖြစ်ပွား သည်။