Wednesday, February 5, 2014

ရဲတပ်ဖွဲ့ကို စွပ်စွဲမှုဖြင့် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား စစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မီးရှို့မှုကို ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်သည်ဟု ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က DVB သတင်းဌာနသို့ ပြောကြားခဲ့သည့်အတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

မူလတန်းနဲ့ အလယ်တန်း သင်ရိုးတချို့ ခပ်ပါးပါး ပြုပြင်ထား

Photo: မူလတန်းနဲ့ အလယ်တန်း သင်ရိုးတချို့ ခပ်ပါးပါး ပြုပြင်ထား
Wednesday, February 5, 2014

လာမယ့် ၂ဝ၁၄ -၁၅ ပညာသင်နှစ်က စပြီး မြန်မာ အစိုးရက မူလတန်းနဲ့ အလယ်တန်း သင်ရိုး ပြဋ္ဌဌာန်းစာ တချို့ကို ပမာဏ လျှော့ချ သွားတော့မယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေးမှာ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ထပ်တူ အဓိက အရေးကြီးတဲ့ ကဏ္ဍဍတွေကတော့ ပညာရေးနဲ့ ကျန်းမာရေး မြှင့်တင်မှုတွေ ဖြစ်ပါတယ်။

ကျောင်းသား ကျောင်းသူတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု ၊ work load အပြင် ခေတ်စံနစ်နဲ့ မညီတဲ့ သင်ရိုး ညွန်းတမ်းတွေကို နည်းနည်း ပြုပြင်ထားတယ်လို့ အမှတ်( ၁) အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။

သူတို့ အနေနဲ့ နည်းနည်းဘဲ အချိန်မှီ လုပ်နိုင်ခဲ့ပြီး လက်ရှိရဲ့ ၈၅ ကနေ ၉ဝ ရာခိုင်နှုန်း ကိုသာ ခပ်ပါးပါးပဲ ပြုပြင် ထားတယ်လို့ မြန်မာ အစိုးရ ပညာရေး ဝန်ကြီးဌာနက ပညာ သင်ကြားရေးမှာ ခေတ်မီ ပြောင်းလဲဖို့ အတွက် ကျောင်းသင်ရိုး လျှော့ချမယ့် ကိစ္စနဲ့ ပတ်သက်လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ် အတွက် ခပ်ပါးပါး ပြုပြင်ထားတဲ့ သင်ရိုးညွှန်းတမ်း စာအုပ်ရိုက်ပြီး ကျောင်းသူ ကျောင်းသားတွေကို ဖြန့်ဝေပေးနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

ဘက်စုံ လမ်းညွှန် လေ့လာသုံးသပ်ရေး လုပ်ငန်းက ၂၀၁၃ ဇွန်လ ကနေ ဒီဇင်ဘာလ အထိ အဆင့် ၂ ကို အသေးစိတ် လေ့လာ ဆန်းစစ်တာတွေ လုပ်ပြီး အစီရင်ခံစာ ပြုစု နေတယ်လို့ သူက ဆိုပါတယ်။

၂၀၁၄ ဇန္နဝါရီ ကနေ ဇွန်လ ဘတ်ဂျက် ပါတဲ့ ပညာရေး စီမံကိန်း ပြုစုဖို့ သုတေသန စီမံကိန်းတွေ လုပ်နေပြီး ပြည်တွင်း ပြည်ပနဲ့ နိုင်ငံတကာ မိတ်ဖက် အဖွဲ့တွေနဲ့ ဆောင်ရွက်နေကြောင်းလည်း သူက ပြောပါတယ်။

အရည်အသွေး ရှိတဲ့ ပညာရေး ဆောင်ရွက်ဖို့ ဆိုရင် ဆရာ ဆရာမတွေရဲ့ သင်ကြား ပို့ချမှု အပေါ် အများကြီး မူတည်နေတယ်လို့ သူက ဆိုပါတယ်။

သင်ကြားမှုကိုလည်း ကလေး ဗဟိုပြု ဖြစ်ဖို့ မြို့နယ် ၃၃၀ထဲမှာ ကျန်နေသေးတဲ့ မြို့နယ်တွေမှာ ရှိတဲ့ ကလေး ဗဟိုပြု သင်ကြား မွမ်းမံ သင်တန်းတွေ လုပ်နေတယ်လို့ သူက ဆိုပါတယ်။

သင်ရိုးပြုပြင်ရေးသာ မက သင်ကြားနည်းနဲ့ စာမေးပွဲ စနစ်တွေမှာရော ပြုပြင်ရေးတွေ လုပ်ဖို့ရှိတာနဲ့ ပတ်သက်ပြီးလည်း ဒေါက်တာ မျိုးသိမ်းကြီးက ရှင်းပြရာမှာ စာမေးပွဲ စံနစ်နဲ့ ပတ်သက်လို့ ကျောင်းသား ကျောင်းသူတွေရဲ့ တီထွင် ကြံဆမှုနဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ဦးတည်တဲ့ စာမေးပွဲ စံနစ် ဖြစ်ဖို့ လေ့လာ ဆန်းစစ်နေတယ်လို့လည်း ပြောပါတယ်။

နှစ်ပေါင်း များစွာ ခေတ်နောက်ကျ ကျန်ရစ်တဲ့ မြန်မာ့ ပညာရေးမှာ ပြုပြင် ပြောင်းလဲရေးတွေ အရှိန်မြှင့် လုပ်ဖို့ အများကြီး လိုအပ်နေတယ်လို့ သုံးသပ် ပြောဆိုမှုတွေလည်း မကြာခဏ ကြားနေရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကျောင်းသင်ခန်းက သင်ရိုး ပြဠာန်းစာ လျှော့မယ်
ကျောင်းသင်ခန်းက သင်ရိုး ပြဠာန်းစာ လျှော့မယ်
လာမယ့် ၂ဝ၁၄ -၁၅ ပညာသင်နှစ်က စပြီး မြန်မာ အစိုးရက မူလတန်းနဲ့ အလယ်တန်း သင်ရိုး ပြဋ္ဌဌာန်းစာ တချို့ကို ပမာဏ လျှော့ချ သွားတော့မယ်လို့ သိရပါတယ်။

အချစ်ကို နားမလည်သေးပါဘူးလို့ ဆိုလိုက်တဲ့ ဆောင်းယွန်းစံ

အနုပညာလှုပ်ရှားမှုများနဲ့ အနည်းငယ်အလှမ်းဝေးနေသလို ထင်ရတဲ့ ဆောင်းယွန်းစံက အခုနောက်ပိုင်းမှာ ကြော်ငြာတွေအပြင် ဇာတ်လမ်းတွဲတွေပါ ရိုက်လာတာကြောင့် သူမနဲ့ တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းကြည့်လိုက်တဲ့အခါ သူမက ‘အခုကြော်ငြာတွေ ရိုက်ဖြစ်တယ်။ ဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်နေပါတယ်။ ကြော်ငြာက ငွေဆောင်မှာ ACE ကြော်ငြာ ရိုက်ထားပါတယ်။ ပြီးတော့ ဆိုင်ကယ်ကြော်ငြာ ရိုက်ထားတယ်။ ဆီဆိုင်ကြော်ငြာ ရိုက်ထားပါတယ်။ ဇာတ်လမ်းတွဲက အပိုင်းဖြတ်ပြီး ရိုက်မဲ့ဇာတ်လမ်းတွဲပါ’တဲ့။

ခုချိန်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့က နံပါတ်တစ်လို့ ဆိုတဲ့ မိုးစက်ဝိုင်

Photo: ခုချိန်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့က နံပါတ်တစ်လို့ ဆိုတဲ့ မိုးစက်ဝိုင်
Wednesday, February 5, 2014

Miss Universe Myanmar 2013 ဖြစ်တဲ့ မိုးစက်ဝိုင်က လတ်တလောမှာ အနုပညာ လှုပ်ရှားမှုများစွာနဲ့ မအားမလပ် ဖြစ်နေသူပါ။ အနုပညာခြေလှမ်းတွေ စိပ်လာတဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ‘အခု မိုးစက် လောလောဆယ် ဖေဖော်ဝါရီတစ်လလုံးက ခရီးသွားမှာ ဖြစ်တဲ့အတွက် မဂ္ဂဇင်းကာဗာတွေ ရိုက်ထားတယ်။ မတ်လအတွက် ထွက်မှာပေါ့။ ပြီးတဲ့အခါ ကြော်ငြာရိုက်ဖို့ရှိတယ်။ ပြီးရင် ခုနကပြောတဲ့ ယိုးဒယားနယ်စပ်ကား ရိုက်ဖို့ရှိတယ်။ ဇာတ်ညွှန်းက မထွက်သေးတဲ့အတွက် သေချာတော့ မသိသေးဘူးပေါ့နော်။ ခရီးက USနဲ့ ကိုးရီယားသွားမယ်’လို့ သူမက ပြောပါတယ်။

လာမဲ့ချစ်သူများနေ့ကို သူမဘယ်လို ဖြတ်သန်းမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သူမက ‘ချစ်သူများ နေ့က မိုးစက်အတွက် ကျန်တဲ့နေ့တွေနဲ့အတူတူပါပဲ။ အရင်နှစ်တွေလဲ တူတူပါပဲ။ မိုးစက်ခံ ယူထားတာက ဘယ်နေ့မဆို ပျော်အောင်ဖြတ်သန်းပါတယ်။ ထူးထူးခြားခြားကြီးမရှိပါဘူး။ ချစ်သူများနေ့မှာ ဘာအမှတ်တရမှ မရှိပါဘူ။ သူများကိုပေးဖို့လဲ မရှိပါဘူး။ အချစ်ဆိုတာ နဲနဲတော့ ပြောရခက်မယ။် နားလည်ဖို့အတွက် အများကြီး လိုဦးမယ်လို့ထင်ပါတယ်။ မိုးစက်က ဘာမှမဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ အိမ်ထောင်ရေးက စဥ်းစားမယ်။ မစဉ်းစားဘူးဆိုတာထက် ရေစက်ရှိမရှိ ကိုယ့်ကိုကိုယ်လဲ အခွင့်အရေးပေးတယ်။ သူများကိုလဲ အခွင့်အရေးပေးတယ်။ ပြုကိုပြုရမယ်လို့တော့ မခံယူထားပါဘူး။ ခုချိန်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့က နံပါတ်၁ပါ။ မိသားစုကလဲ တားမြစ်ထားတာမျိုးမရှိပါဘူး။ လူတစ်ယောက်က ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်ပဲလေ။ ဘယ်သူရယ်လို့တော့ သတ်မှတ်မထားပါဘူး။ ရေစက်ရှိတဲ့သူနဲ့ပေါ့နော်။ မရှိရင်လဲ ဘယ်သူနဲ့မှမဖြစ်ဘူးပေါ့။ မိုးစက်က အချက်အလက်တွေနဲ့ သတ်မှတ်ထားတာမျိုးလဲ မရှိပါဘူး’တဲ့။

Trend Myanmar
Miss Universe Myanmar 2013 ဖြစ်တဲ့ မိုးစက်ဝိုင်က လတ်တလောမှာ အနုပညာ လှုပ်ရှားမှုများစွာနဲ့ မအားမလပ် ဖြစ်နေသူပါ။ အနုပညာခြေလှမ်းတွေ စိပ်လာတဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ‘အခု မိုးစက် လောလောဆယ် ဖေဖော်ဝါရီတစ်လလုံးက ခရီးသွားမှာ ဖြစ်တဲ့အတွက် မဂ္ဂဇင်းကာဗာတွေ ရိုက်ထားတယ်။ မတ်လအတွက် ထွက်မှာပေါ့။ ပြီးတဲ့အခါ ကြော်ငြာရိုက်ဖို့ရှိတယ်။ ပြီးရင် ခုနကပြောတဲ့ ယိုးဒယားနယ်စပ်ကား ရိုက်ဖို့ရှိတယ်။ ဇာတ်ညွှန်းက မထွက်သေးတဲ့အတွက် သေချာတော့ မသိသေးဘူးပေါ့နော်။ ခရီးက USနဲ့ ကိုးရီယားသွားမယ်’လို့ သူမက ပြောပါတယ်။

ထိုင်းနိုင်ငံထုတ် ငံပြာရည်အတုများ စစ်ဆေးတွေ့ရှိ

Photo: ထိုင်းနိုင်ငံထုတ် ငံပြာရည်အတုများ စစ်ဆေးတွေ့ရှိ
Wednesday, February 5, 2014

ပြည်တွင်း စားသောက်ကုန် ဈေးကွက်တွင် ရောင်းချနေသော ထိုင်းနိုင်ငံ ထုတ်ငံပြာရည် တံဆိပ်တစ်မျိုး၏ ပုလင်းများတွင် ငံပြာရည် အတုအချို့ စစ်ဆေးတွေ့ရှိ ထားခဲ့သောကြောင့် သက်ဆိုင်ရာ တင်သွင်းသော ကုမ္ပဏီထံ အကြောင်းကြားထားကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ငံပြာရည်တံဆိပ်ကို ထိုင်းဘာသာစကားနှင့်သာ ရေးသားထားပြီး တံဆိပ်ရုပ်ပုံမှာ အဖြူရောင် စားဖိုမှူး တစ်ဦးက ပုစွန်ကို ထမ်းထားသည့်ဟန် ဖြစ်ကြောင်း၊ ငံပြာရည်ပုလင်း အရွယ်အစားသည် ၇၅၀ မီလီလီတာ ရှိပြီး ပုလင်းနှင့် တံဆိပ်တွင် တူသော်လည်း အရောင်နှင့် အနံ့မှာ မူလငံပြာရည် ပုလင်းနှင့် သိသိသာသာ ကွဲပြားကြောင်း ၎င်းကပြောကြားသည်။

ရန်ကုန်မြို့ မင်္ဂလာဈေးကွက်အတွင်း ရောင်းချနေသော ယင်းငံပြာရည် ပုလင်းများကို ထိုင်းနိုင်ငံမှ ဝယ်ယူဖြန့်ချိသူ ရွှေဆည်တော် ၉၉၉ ရောင်းဝယ်ရေး ကုမ္ပဏီက ယင်းသို့ တွေ့ရှိသဖြင့် စားသုံးသူ ကာကွယ်ရေးအသင်းထံ အကြောင်းကြား ခဲ့ကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောဆိုသည်။
“ဝယ်ခဲ့တဲ့ အလုံးရေကိုတော့ အတိအကျ ပြောခွင့်မရှိဘူး။ ပြောလို့လည်း မရဘူး၊ အချိန်မီသိခဲ့လို့ ဈေးကွက်ထဲကိုတော့ မဖြန့်ခဲ့ဘူး။ တခြားသူတွေ ဝယ်မိမှာစိုးလို့ စားသုံးသူ ကာကွယ်ရေး အသင်းကတစ်ဆင့် အသိပေးတာပါ” ဟု ၎င်းကဆက်လက် ပြောဆိုသည်။

အဆိုပါ ငံပြာရည်သည် ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က လက်မှတ် ရရှိထားသော ငံပြာရည် ဖြစ်သော်လည်း ယခုကဲ့သို့ အတုပေါ်ထွက် လာခြင်းကြောင့် ပြန်လည် ဓာတ်ခွဲစမ်းသပ်သွားမည် ဖြစ်ကြောင်း FDA ၏ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က The Voice သို့ ပြောကြားသည်။

စားသုံးသူ ကာကွယ်ရေးအသင်းနှင့် ရွှေဆည်တော် ၉၉၉ ရောင်းဝယ်ရေး ကုမ္ပဏီတို့သည် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အဆိုပါ ငံပြာရည်တံဆိပ်နှင့် ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးသွားရန် ရှိကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းထံမှ စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ်အတွင်းက ငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသည်ဟု သတင်းများ ထွက်ခြင်းနှင့် ပတ်သက်ပြီး ငါးပိဈေးကွက် နိမ့်ကျသွားပြီးနောက် ယခုနှစ်ဆန်းပိုင်းတွင် ယင်းကဲ့သို့ ငံပြာရည်အတု စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်း စားသောက်ကုန် ဈေးကွက်တွင် ရောင်းချနေသော ထိုင်းနိုင်ငံ ထုတ်ငံပြာရည် တံဆိပ်တစ်မျိုး၏ ပုလင်းများတွင် ငံပြာရည် အတုအချို့ စစ်ဆေးတွေ့ရှိ ထားခဲ့သောကြောင့် သက်ဆိုင်ရာ တင်သွင်းသော ကုမ္ပဏီထံ အကြောင်းကြားထားကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။

မြေနေရာများ အခက်အခဲ ဖြစ်ပေါ်နေသည့်အတွက် ဟိုတယ်ဇုန်သစ် တည်ဆောက်ရန် အခက်အခဲရှိ

Photo: မြေနေရာများ အခက်အခဲ ဖြစ်ပေါ်နေသည့်အတွက် ဟိုတယ်ဇုန်သစ် တည်ဆောက်ရန် အခက်အခဲရှိ
Wednesday, February 5, 2014

မြန်မာနိုင်ငံတွင် ဟိုတယ်ဇုန် အသစ်များ ထပ်မံဖော်ဆောင်ရန်အတွက် ဇုန်အလိုက် ညွှန်ကြားမှုများကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ခွင့်ပြု ပေးထားသော်လည်း

ဟိုတယ်ဇုန်များ အနေဖြင့် ဇုန်အသစ် ဖော်ဆောင်ရန်အတွက် မြေနေရာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ဇုန်အသစ်ဖော်ဆောင်ရန်မှာ လက်ရှိအချိန်တွင် မလွယ်ကူ နိုင်သေးကြောင်း တောင်ကြီး ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကြည်လွင်က ပြောကြားခဲ့သည်။

ဟိုတယ်အသစ်များ အနေဖြင့် တည်ဆောက်ရန် မြေနေရာ ရှားပါးနေပြီး တည်ဆောက်မည် ဆိုပါက မြေနေရာ လွတ်များမှာ သစ်တောပိုင် မြေနေရာများသာရှိပြီး အဆိုပါ နေရာများ မှာ နေရာကျယ်ဝန်းပြီး ဟိုတယ်တည်ဆောက်ရန်အတွက် ရှုခင်းကောင်းမွန်သည့် နေရာဒေသများ ဖြစ်သော်လည်း သစ်တောပိုင် မြေနေရာများဖြစ်သည့် အတွက် တည်ဆောက်ရန် ခက်ခဲမှုများရှိကြောင်း သိရသည်။ ဟိုတယ်ဇုန်အလိုက် တည်ဆောက်ရန် မြေနေရာ အခက်အခဲဖြစ်ပေါ် နေသကဲ့သို့ တစ်လုံးချင်း တည်ဆောက်သည့် အပိုင်းတွင် လည်း မြေနေရာများမှာ ဝယ်ယူရန် ခက်ခဲသကဲ့သို့ တည်ဆောက်ရာတွင်လည်း အခက်အခဲများ ရှိကြောင်း သိရသည်။ ''အခုက ဟိုတယ်ဆောက်မယ် ဆိုရင်နေရာက ဟိုနေရာလည်း ဝယ်ရခက်၊ ဒီနေရာလည်း ဝယ်ရခက်ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ အခုက ဂရန်ရှိမှ ဆောက်ရမလို ဖြစ်နေတယ်။ ပုံစံကလည်း ဂရန်ရှိမှ ဆောက်လို့ရတဲ့ နေရာတွေဆိုတော့ နည်းနည်း အခက်အခဲရှိတယ်'' ဟု ဦးကြည်လွင်က ဆက်လက် ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် မြေယာပြဿနာများနှင့် ရင်ဆိုင်နေရသည့် အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများမှာ လက်ရှိတွင် ဟိုတယ် တည်ဆောက်မှု အပိုင်းတွင် တောင်ကြီး၊ အင်းလေးနှင့်ကလော စသည့်ဒေသများ၌ ဝင်ရောက် လုပ်ကိုင်ရန် မဖြစ်နိုင်သေးကြောင်း သိရသည်။ ''ဒီဟိုတယ်တွေ တည်ဆောက်တဲ့ ကုန်ကျစရိတ်က သိန်းကို သောင်းဂဏန်းချီတယ်လေ။ ဒီလို ရင်းနှီးမြှုပ်နှံ ပြီးတော့မှ အငှားဂရန်က နှစ်ကလေး အနည်းငယ်လောက်နဲ့ ခွင့်ပြုပေးတာဆိုတော့ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ လုပ်ငန်းရှင်တွေအနေနဲ့ ထိခိုက်တာပေါ့။ ဒါက ပြည်တွင်း အခြေအနေပဲ ရှိသေးတယ်။ ပြည်ပ လုပ်ငန်းရှင်တွေကလည်း ဒီလိုပြဿနာတွေ ရှိနေတာကိုသိရင် ဘယ်လိုပဲ အထဲကိုထဲထဲဝင်ဝင် လာတာပဲဖြစ်ပါစေ နည်းနည်းတော့ လန့်မှာပဲ။ သူတို့ဝင်ရင်လည်း သေချာမှပဲ ဝင်လာလိမ့်မယ်။ ဒီမှာပြဿနာတွေ မရှိနိုင်တဲ့ နေရာတွေကိုပဲ ဝင်မှာ။ ပြဿနာရှိ တဲ့ ဒေသတွေမှာ လုပ်ကိုင်ချင်ပေမဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံတဲ့ သူတွေက လက်ရှိအချိန်မှာ စောင့်ကြည့်နေကြတယ်''ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။ တောင်ကြီး ဟိုတယ်ဇုန်၌ ကြယ်ငါးပွင့် အဆင့်ဟိုတယ်များ မရှိသေးသကဲ့သို့ ကြယ်လေးပွင့် အဆင့် ဟိုတယ်များမှာလည်း အင်းလေးဒေသတွင်သာ နှစ်လုံးရှိကာ ကြယ်သုံးပွင့်အဆင့် ဟိုတယ်များမှာ ကလော၊ တောင် ကြီးနှင့် အင်းလေးစသည့် နေရာများတွင်ရှိပြီး တခြားသော နေရာဒေသများတွင် ကြယ်တစ်ပွင့် နှစ်ပွင့်အဆင့် ဟိုတယ်များသာရှိကြောင်း သိရသည်။

မြ၀တီ
မြန်မာနိုင်ငံတွင် ဟိုတယ်ဇုန် အသစ်များ ထပ်မံဖော်ဆောင်ရန်အတွက် ဇုန်အလိုက် ညွှန်ကြားမှုများကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ခွင့်ပြု ပေးထားသော်လည်း ဟိုတယ်ဇုန်များ အနေဖြင့် ဇုန်အသစ် ဖော်ဆောင်ရန်အတွက် မြေနေရာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ဇုန်အသစ်ဖော်ဆောင်ရန်မှာ လက်ရှိအချိန်တွင် မလွယ်ကူ နိုင်သေးကြောင်း တောင်ကြီး ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကြည်လွင်က ပြောကြားခဲ့သည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ကချင်ပြည်နယ်တွင်း ပြည်သူ့စစ်အင်အား ငါးထောင်အထိ ထပ်မံတိုးချဲ့ဖွဲ့စည်းသွားမည်

အင်အား(၈၀၀)ကျော်ရှိသော တာလောဌာနေပြည်သူ့စစ်
မြန်မာပြည်မြောက်ပိုင်း(ကချင်ပြည်နယ်) ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ  ကချင်ပြည်နယ်အတွင်း မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ဖားကန့်၊ အင်းတော်ကြီးဒေသများနှင့် ဧရာဝတီမြစ်ရိုးတစ်လျှောက်တို့တွင် နိုင်ငံတော် အစိုးရသို့ တင်ပြကာ တရားဥပဒေနှင့်အညီ ပြည်သူ့စစ်အင်အား (၅၀၀၀)အထိ ထပ်မံတိုးချဲ့ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာလေးဘီလျံကျော် ရရှိခဲ့ပြီး မူဆယ်နယ်စပ်စခန်းတစ်ခုတည်းမှ ကုန်သွယ်မှု ဒေါ်လာသုံးဘီလျံကျော် ရရှိ

Photo: နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာလေးဘီလျံကျော် ရရှိခဲ့ပြီး မူဆယ်နယ်စပ်စခန်းတစ်ခုတည်းမှ ကုန်သွယ်မှု ဒေါ်လာသုံးဘီလျံကျော် ရရှိ
Wednesday, February 5, 2014

နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော် ရရှိခဲ့ပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ် စသည့် နယ်စပ်စခန်း ၁၄ ခုမှ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၄ ရက်အထိ အမေရိကန်ဒေါ်လာ ၄၀၁၁ ဒသမ ၉၄၈ သန်း ရရှိခဲ့ကြောင်း သိရသည်။

နယ်စပ်စခန်းအားလုံးပေါင်းမှ ရရှိသည့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အနက် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်စခန်းတစ်ခုတည်းမှ အမေရိကန်ဒေါ်လာ ၃၁၁၈ ဒသမ ၇၁၈ သန်း (သုံးဘီလျံကျော်) ရရှိခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် လွယ်ဂျယ်နယ်စပ်စခန်းများမှ ကုန်သွယ်ခြင်းဖြစ်ပြီး အိန္ဒိယနှင့်ကုန်သွယ်ရာတွင် တမူး၊ ရိဒ်နယ်စပ်စခန်းများမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနှင့်နယ်စပ်ကုန်သွယ်ရာတွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဆောင်ရွက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုကို စစ်တွေနှင့် မောင်တောနယ်စပ်စခန်းများမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးလုပ်ငန်းများကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှုအများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းများတွင်ပါ ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။

နယ်စပ်ဒေသနေဒေသခံများ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှုပြုလုပ်နိုင်ရန်နှင့် တရားမ၀င်ကုန်သွယ်မှု လျော့နည်းလာစေရန်အတွက် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ကတ်များကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများအားလုံးတွင် ထုတ်ပေးနေပြီး အဆိုပါတစ်ဦးတည်းပိုင် ကုန်သွယ်မှုကတ်ဖြင့် ကုန်သွယ်မှုပမာဏမှာလည်း ကျပ်ငါးဘီလျံကျော်ပြီဖြစ်ကြောင်း သိရသည်။ 

Eleven Media Group
နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော် ရရှိခဲ့ပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

Photo: မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
Wednesday, February 5, 2014

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှု ဆိုင်ရာ တရားစီရင်ရေး ကဏ္ဍအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ဟိုတယ်ဇုန်ရှိ အမရာဟိုတယ်၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သဘာပတိ ပြည်ထောင် စု ရှေ့နေချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းက အလုပ်ရုံ ဆွေးနွေးပွဲ၏ ရည်မှန်းချက်များကို ရှင်းလင်းတင်ပြကာ AAPTIP တာဝန်ရှိသူ တစ်ဦးက အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ငန်းစဉ်နှင့် မျှော်မှန်း ရလဒ်များကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ကဏ္ဍနှင့် ဆက်နွှယ်သော မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး အကောင်အ ထည်ဖော် ဆောင်ရွက်မှု အခြေအနေ များကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထွန်းက တင်ပြသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၄ ရက်မှ ၅ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ အမေရိကန်သံရုံး၊ သြစတြေးလျသံရုံး၊ Asean Secretariat Office, UNICEF, IOM, UNODC, AAPTIP, World Vision Myanmar, Save the Children Myanmar, Kayin Baptist Convention, Human Rights Defenders and Promoters, The Warnath Group (Myanmar-US TIP Project) တို့မှ တာဝန်ရှိသူ ၆ဝ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြ၀တီ
လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှု ဆိုင်ရာ တရားစီရင်ရေး ကဏ္ဍအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ဟိုတယ်ဇုန်ရှိ အမရာဟိုတယ်၌ ကျင်းပသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ ခေါင်းဆောင်များတွေ့ဆုံ၊ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ခေါင်းဆောင် များဖြစ်သော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးပြုံးချို၊ ဦးဂျင်မီနှင့် ဦးမြအေးတို့ နေပြည်တော်၌ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သီးသန့်တွေ့ဆုံခဲ့ပြီး NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် သွားမည် ဖြစ်ကြောင်း နှစ်ဖက်အဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။

ငွေဒဏ်မဆောင်နိုင်မှသာ ထောင်ဒဏ်ကျခံရမည်ဖြစ်သော အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု

အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီ ဥပဒေအမှတ် ၅/၂၀၁၄)ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များ အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ထိုင်းရွေးကောက်ပွဲ အတိုက်အခံပါတီ စိန်ခေါ်

Photo: ထိုင်းရွေးကောက်ပွဲ အတိုက်အခံပါတီ စိန်ခေါ်
Wednesday, February 5, 2014

ထိုင်းနိုင်ငံမှာ လပေါင်းအတော်ကြာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာကို မဖြေရှင်းပေးနိုင်တဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲကို ဥပဒေကြောင်းအရ စိန်ခေါ်ဖို့ အတိုက်အခံတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အတိုက်အခံ ဒီမိုကရက်ပါတီကနေ အာဏာရ Pheu Thai party ကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးမှာ ဒီကနေ့ လျှောက်ထားလိုက်ပါတယ်။

ဒီမိုကရက်တွေ တင်သွင်းမယ့် ကန့်ကွက်စာမှာ အစိုးရဟာ ရွေးကောက်ပွဲကို စောကျင်းပပြီး ရတဲ့နည်းနဲ့ အာဏာကို ကိုင်စွဲနိုင်ဖို့ လုပ်ဆောင်တယ်လို့ ပြောထားပါတယ်။ ဒုတိယကန့်ကွက်စာမှာတော့ ရွေးကောက်ပွဲအကြို ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပလို့ မရဘူးလို့ ပြောထားပါတယ်။

ရွေးကောက်ပွဲနေ့မှာ တိုက်ခိုက်မှုတွေ မရှိခဲ့ပေမဲ့ မဲထည့်ဝင်သူ အရေအတွက်က ၅၀ ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။ ဒေသအတော်များများမှာတော့ အစိုးရဆန့်ကျင်သူတွေက မဲထည့်ဝင်မှုတွေကို နှောင့်ယှက်ခဲ့ပါတယ်။

ရွေးကောက်ပွဲ နောက်ပိုင်းမှာ ဘန်ကောက်မြို့တော်က ဆန္ဒပြပွဲတွေ အရှိန်ကျသွားတဲ့ပုံရှိပေမဲ့ ဆန့်ကျင်ဆန္ဒပြသူတွေကတော့ ဝန်ကြီးချုပ် ယင်းလတ် ရှင်န၀ပ် (Yingluck Shinawatra) ရာထူးက မနှုတ်ထွက်မချင်း ဆက်ပြီး ဖိအားပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ထိုင်းနိုင်ငံမှာ လပေါင်းအတော်ကြာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာကို မဖြေရှင်းပေးနိုင်တဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲကို ဥပဒေကြောင်းအရ စိန်ခေါ်ဖို့ အတိုက်အခံတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အတိုက်အခံ ဒီမိုကရက်ပါတီကနေ အာဏာရ Pheu Thai party ကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးမှာ ဒီကနေ့ လျှောက်ထားလိုက်ပါတယ်။

ဒီမိုကရက်တွေ တင်သွင်းမယ့် ကန့်ကွက်စာမှာ အစိုးရဟာ ရွေးကောက်ပွဲကို စောကျင်းပပြီး ရတဲ့နည်းနဲ့ အာဏာကို ကိုင်စွဲနိုင်ဖို့ လုပ်ဆောင်တယ်လို့ ပြောထားပါတယ်။ ဒုတိယကန့်ကွက်စာမှာတော့ ရွေးကောက်ပွဲအကြို ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလအတွင်းမှာ ရွေးကောက်ပွဲ ကျင်းပလို့ မရဘူးလို့ ပြောထားပါတယ်။

ရွေးကောက်ပွဲနေ့မှာ တိုက်ခိုက်မှုတွေ မရှိခဲ့ပေမဲ့ မဲထည့်ဝင်သူ အရေအတွက်က ၅၀ ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။ ဒေသအတော်များများမှာတော့ အစိုးရဆန့်ကျင်သူတွေက မဲထည့်ဝင်မှုတွေကို နှောင့်ယှက်ခဲ့ပါတယ်။

ရွေးကောက်ပွဲ နောက်ပိုင်းမှာ ဘန်ကောက်မြို့တော်က ဆန္ဒပြပွဲတွေ အရှိန်ကျသွားတဲ့ပုံရှိပေမဲ့ ဆန့်ကျင်ဆန္ဒပြသူတွေကတော့ ဝန်ကြီးချုပ် ယင်းလတ် ရှင်န၀ပ် (Yingluck Shinawatra) ရာထူးက မနှုတ်ထွက်မချင်း ဆက်ပြီး ဖိအားပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

မိုင်ခရိုဆော့ဖ် တည်ထောင်သူ Bill Gates အနားယူတော့မယ်

Photo: မိုင်ခရိုဆော့ဖ် တည်ထောင်သူ Bill Gates အနားယူတော့မယ်
Wednesday, February 5, 2014

နည်းပညာဆိုင်ရာ ကွန်ပြူတာ ကုမ္ပဏီကြီး Microsoft ကို တည်ထောင်ခဲ့သူ Bill Gates ဟာ ကုမ္ပဏီရဲ့ ဥက္ကဌ ရာထူးကနေ အနားယူတော့မယ်လို့ Microsoft ကုမ္ပဏီက ကြေညာလိုက်ပါတယ်။
မိုင်ခရိုဆော့ဖ် အကြီးအကဲ Bill Gates (Credit: Reuters)

ဘေးလ်ဂိတ်ဟာ နည်းပညာပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် Microsoft ကုမ္ပဏီမှာ ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပြီး သူ့ရဲ့ နေရာကိုတော့ John Thompson က ၀င်ရောက်မှာ ဖြစ်ပါတယ်။

Microsoft ကုမ္ပဏီအတွင်း တခြား အပြောင်းအလဲတွေကတော့ အရင် အလုပ်အမှုဆောင် အရာရှိချုပ် Steve Ballmer ရဲ့ နေရာကိုတော့ Satya Nadella က ၀င်ရောက်မှာ ဖြစ်ပါတယ်။

တခြား နည်းပညာ ကုမ္ပဏီကြီးတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် တီထွင်မှုအသစ်တွေ ဖန်တီးဖို့ နဲ့ အကျိုးအမြတ်တွေပိုမို ရရှိနိုင်ဖို့အတွက် ခေါင်းဆောင်မှု အသစ်တွေ ကို Microsoft ကုမ္ပဏီ ရင်းနှီးမြှပ်နှံသူတွေက လိုလားနေကြခဲ့ကြတဲ့ နောက်ပိုင်း အခုလို အပြောင်းအလဲ တွေ ဖြစ်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ABC Radio Australia
မိုင်ခရိုဆော့ဖ် အကြီးအကဲ Bill Gates (Credit: Reuters)
နည်းပညာဆိုင်ရာ ​ကွန်ပြူတာ ​ကုမ္ပဏီကြီး ​Microsoft ​ကို ​တည်ထောင်ခဲ့သူ ​Bill ​Gates ​ဟာ ​ကုမ္ပဏီရဲ့ ​ဥက္ကဌ ​ရာထူးကနေ ​အနားယူတော့မယ်လို့ ​Microsoft ​ကုမ္ပဏီက ​ကြေညာလိုက်ပါတယ်။

ပုဒ်မ ၅၉(စ)နှင့် ၅၉(ဃ) ပြင်ပေးရန် ဆန္ဒဖော်ထုတ်မည်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်သမ္မတနှင့် ဒု-သမ္မတများ၏ အရည်အချင်း သတ်မှတ် ချက်များတွင် ပါဝင်သော ပုဒ်မ ၅၉ (စ)နှင့် ၅၉ (ဃ)ကို ပြင်ပေးရန်အတွက် ရန်ကုန်မြို့ အလုံမြို့ နယ်တွင် ဖေဖော်ဝါရီ ၆ ရက်၌ ဆန္ဒဖော်ထုတ်သွားမည်ဟု ဆန္ဒဖော်ထုတ်ရာတွင်ဦးဆောင်သူ Generation youth အဖွဲ့ဝင် ကိုမင်းနေထူးက မဇ္ဈိမကို ပြောသည်။

ဝန်ကြီးဦးအုန်းမြင့်ကို တရားလွှတ်တော်ရှေ့နေ တစ်ကိုယ်တော်ဆန္ဒပြ

“နယ်လှည့်ပါးရိုက်နေတယ်”ဟု ပြောဆိုခဲ့သည့် မွေး/ရေ၀န်ကြီးဦးအုန်းမြင့်ကို မကျေနပ်သည့်အတွက် ပဲခူးတိုင်း ပြည်မြို့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြည်သူလူထုအားလုံးအတွက် ပါးကို အချက် သန်းခြောက်ဆယ် အရိုက်ခံမည်ဟု ဆိုကာ ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်မြို့အတွင်း တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒပြလိုက်သည်။

စစ်သင်တန်းကျောင်းနယ်မြေဟုဆိုကာ လှည်းကူးမြို့နယ်မှ အိမ်ခြေ ၄၀၀ ရှိ ရွာကို စက်ယန္တရားကြီးများနှင့် ဖျက်ဆီး

ရန်ကုန်တိုင်း၊ လှည်းကူးမြို့အနီး သမီးလေးကျေးရွာကို စစ်သင်တန်းကျောင်းနယ်မြေပိုင်ဟုဆိုကာ အဆို ပါနေရာရှိ အိမ်ခြေ ၄၀၀ ခန့်ကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး အစိုးရပိုင်းက ဇန်န၀ါရီ ၄ရက်တွင် ဘူဒိုဇာ များဖြင့် ဖျက်သိမ်းလိုက်သည်ဟု အဆိုပါကျေးရွာတွင် နေထိုင်သူများက ပြောသည်။

“နံနက် ၅ နာရီလောက်က စည်ပင်ဝန်ထမ်းတွေ၊ အရပ်ဝတ်တွေနဲ့လူတွေက အိမ်တွေကို ၀င်ဖျက်တယ်။ ဖျက်လို့မရတဲ့အိမ်တွေကို ဘူဒိုဇာနဲ့ထိုးတယ်။ အကုန်လုံး တစ်အိမ်မကျန် အကုန်လုံးကို ဖျက်ဆီးပစ်တာ။ ဘာမှမထားဘူး။ နောက်ပြီး အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ဖမ်းဆီးပစ်ခတ်ပြီး ယူသွားကြတယ်”ဟု ဦး မြင့်မောင်က ဆိုသည်။

ပုဒ်မ ၅၉(စ) ပြင်ဆင်သင့်၊ မသင့် လူထုဆန္ဒခံယူရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်သူ့ကွန်ရက် တောင်းဆို

ပြည်သူလူထု၏ ဆန္ဒသဘောထားကို ပိုမိုထင်ရှားစွာ သိရှိစေရန်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်သင့်၊ မပြင်ဆင်သင့် လူထုဆန္ဒခံယူပွဲ ပြုလုပ်ပေးရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ကွန်ရက်က ပြည်ထောင်စုလွှတ်တော်ကို တောင်းဆိုလိုက်သည်။

ရိုဟင်ဂျာဆိုသည်မှာ လုပ်ကြံထားသည့်နာမည်တစ်ခုသာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန် ပြောဆို

နိုင်ငံတော်သမ္မတနှင့် ကျွမ်းကျင်ပညာရှင်များက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိဘူးဟုပြော ဆိုနေသော်လည်း လူအချို့က ရိုဟင်ဂျာလူမျိုးများရှိသည်ဟု ပြောဆိုနေခြင်းများနှင့် ပတ်သက်၍ ယခင် တမ်မတော်အစိုး ရထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် က မြန်မာနိုင်ငံ တွင် ရိုဟင်ဂျာဆိုသည်မှာ တကယ်မရှိကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြောဆိုသည်။

မင်္ဂလာဆောင်အပြန် ရေဆိုးချောင်းအတွင်း ဆိုင်ကယ်ထိုးကျ၊ အမျိုးသမီးနှစ်ဦးသေဆုံး

ပြည်မြို့နယ် တီတွတ်-၀က်ထီးကန် ကားလမ်းမိုင်တိုင် အမှတ်(၁၁)အနီးတွင် ရေဆိုးချောင်းထဲသို့ ဆိုင်ကယ် တစ်စီးထိုးကျခဲ့ပြီး ဆိုင်ကယ်စီးလာသည့် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့သည်ဟု ပြည်မြို့၊ အမှတ် (၃) ရဲစခန်း မှူးက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောသည်။

ဝန်ကြီးဦးအုန်းမြင့် သစ်ရာကောက်ကျေးရွာ ရွာသားများထံ ထပ်မံသွားရောက်

မွေးမြူရေးနှင့် ရေလုပ်ငန်း ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်အနေဖြင့် နိုင်ငံရေးသမားများနှင့် မီဒီ ယာများကို စော်ကားသည့်သဘောဖြင့် ပြောတာမဟုတ်သည့်အပြင် ရွာသားများကိုလည်း ဆဲရေးတိုင်း ထွာရန်လာခြင်းမဟုတ်ဟု ဖေဖော်ဝါရီ ၄ ရက်တွင် သစ်ရာကောက်ကျေးရွာသို့ ပြန်လည် သွားရောက်စဉ် ပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ယခုနှစ် နိုဝင်ဘာတွင် စတင်အကောင်အထည်ဖော်မည်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းစီစဉ်နေသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂၀၁၄ နိုဝင်ဘာတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဒု-သမ္မတဦးဉဏ်ထွန်းက ပြောဆို လိုက်ပြီဖြစ်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ရောက်ရှိစဉ် ကျောက်ဖြူအထူးစီးပွားရေးဇုန် တာဝန်ရှိသူများက ရှင်း လင်းခဲ့သော အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး ရှင်းလင်းချက်များတွင် ဒု-သမ္မတ ဦးဉဏ်ထွန်းက ထည့်သွင်းရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု အထူးစီးပွားရေးဇုန် အကြံပေးအဖွဲ့မှ တွဲဖက်အတွင်းရေး မှူး ဦးအောင်ကျော်သန်းက ဆိုသည်။

အခြေခံဥပဒေပုဒ်မ ၅၉ ကို ထောက်ခံဆွေးနွေးပွဲ မန္တလေးတွင် ပြုလုပ်မည်

၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့် ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၅၉ ကိုထောက်ခံကြောင်း ဆွေးနွေးဟော ပြောပွဲကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၉ လမ်း နန်းရှေ့ ဘောလုံးကွင်းတွင် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြုလုပ်မည်ဟု ၀ံသာနုရက်္ခိတ စနေလူငယ်များအသင်း အထက်မြန်မာပြည် မန္တလေးမှ ကိုနီနီ အောင်က မဇ္ဈိမကို ပြောသည်။

ဖယ်ဒရယ်ပြည်ထောင်စုပါတီ လူအင်အား ၁,၃၀၀ ထိ ဖြည့်မည်

မှတ်ပုံတင်ခွင့်ရပြီးသော ဖယ်ဒရယ်ပြည်ထောင်စုပါတီ အက်ဖ်ယူပီသည် ပါတီဝင်အင်အား ၁,၃၀၀ ၀န်း ကျင်အထိ ဖြည့်တင်းရန် ဖေဖော်ဝါရီလကုန် နောက်ဆုံးထား စုဆောင်းနေသည်ဟု ပါတီဒု-ဥက္ကဋ္ဌ ဦးစော သန်းမြင့်က မဇ္ဈိမကို ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖယ်ဒရယ်ပြည်ထောင်စုပါတီ အက်ဖ်ယူပီကို မှတ်ပုံ တင်ခွင့် ပေးပြီးနောက် ပါတီ၏လိုအပ်ချက်ဖြစ်သည့် ပါတီတွင်း လူအင်အားပြည့်မီစေရေးအတွက် စတင်လုပ် ဆောင်နေပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

Tuesday, February 4, 2014

နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနှင့် သတင်းမီဒီယာ

ပြီးခဲ့တဲ့ ရက်အတွင်းမှာပဲ Unity ဂျာနယ်မှ မီဒီယာလွတ်လပ်ခွင့်ကို အသုံးချပြီး နိုင်ငံတော်နှင့် အမျိုးသား အကျိုးစီးပွါးကို ထိခိုက်စေနိုင်သော၊ နိုင်ငံတော်လုံခြုံရေးအတွက် ထိခိုက်စေနိုင်သော သတင်း ဆောင်းပါး အား ရေးသားဖော်ပြခဲ့ပါတယ်။ Unity ဂျာနယ်ပါ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာ/ချုပ်နှင့် တရုတ် ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတု လက်နက်စက်ရုံ” အမည်ရ သတင်းဆောင်းပါးတွင် ဓါတ်ပုံ၊ တည်နေရာနှင့် တကွ ရေးသားဖော်ပြခြင်းဟာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ကန့်သတ် ထားသော တည်ဆဲဥပဒေတွေကို ချိုးဖောက်ခြင်းဖြစ်ပါတယ်။ အဆိုပါ သတင်းဆောင်းပါးနှင့် ပတ်သက်ပြီး အမှုဆောင် အရာရှိချုပ် ဦးတင်ဆန်းနှင့် အဆိုပါ သတင်းဆောင်းပါး ရေးသားရာတွင် ပါဝင်သတင်းရယူ ခဲ့ကြသော ယူနတီဂျာနယ်မှ အကြီးတန်း သတင်းထောက် ကိုရာဇာဦး၊ ကိုသက်ပိုင်ကျော်နှင့်၊ အငယ်တန်း သတင်းထောက် ကိုစည်သူစိုးတို့ သုံးဦး ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်းများပြုလုပ်ခံရကြောင်း သိရပါတယ်။

နောက်ခံလူများအစွမ်းပြမှုနဲ့အတူ ထိုက်တန်လှတဲ့ အဝေးကွင်းနိုင်ပွဲ


ယနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ဇယားထိပ်ပိုင်းမှာရပ်တည်နေကြတဲ့ ချယ်ဆီး အသင်း နှင့် မန်စီးတီးပွဲစဉ်က ပရိတ်သတ်အကြိုက်ဖြစ်ခဲ့ပါတယ်.။ပွဲအပြီးမှာတော့ ချယ်ဆီးက မန်စီးတီးအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်အနိုင် ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းသည် အိမ်ကွင်းတွင် ပွဲကစားချိန် (၃၂)မှာ ချယ်ဆီးနောက်ခံလူ အီဗန်နိုဗစ်သွင်းယူ သွားခဲ့တဲ့ သွင်းဂိုးတစ်ဂိုးကြောင့် ရှုံးနိမ့်ခဲ့ရခြင်းလည်းဖြစ်ပါတယ်။

NLD ပါတီ၏ သိန်းနှစ်ထောင်အလှူငွေကိစ္စ ပါတီတွင်း စကားအခြေအတင် ဖြစ်

NLD ပါတီ၏ သိန်းနှစ်ထောင်အလှူငွေကိစ္စ ပါတီတွင်း စကားအခြေအတင် ဖြစ်
============================================

Tuesday, February 4, 2014

NLD ပါတီ၏ အလှူငွေ သုံးစွဲမှု စာရင်းရှင်းတမ်းများ ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ပြန်ပေးခြင်း မရှိ၍ ပါတီတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။

မိတ္ထီလာပဋိပက္ခဖြစ်စဉ်တွင် မီးဘေးသင့်ခဲ့ရသော ဘင်္ဂါလီများအား နိုင်ငံတကာ အဖွဲ့အစည်းများ၊ OIC အဖွဲ့ဝင်များက ၀ိုင်းဝန် ကူညီထောက်ပံ့ခဲ့ရာ NLD ပါတီမှလည်း သိန်းနှစ်ထောင် ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဘင်္ဂါလီများအား သိန်းနှစ်ထောင် လှူဒါန်းခဲ့သော်လည်း ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ တစ်ပြားတစ်ချပ်မှ လှူဒါန်းမှု မရှိခဲ့ခြင်းအပေါ် ပါတီဝင်များအတွင်း မကျေမလည် ဖြစ်ကာ အပြင်းအထန် အငြင်းပွားသည့်အဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ သိချင်တာကာ ဒီသိန်းနှစ်ထောင် ဘယ်ကလာတဲ့ ပိုက်ဆံလဲ။ ပါတီရန်ပုံငွေလား။ အလှူရှင်တွေ လှူဒါန်းတာကို NLD က ကြားက၀င်ပြီး နာမည် ခံပေးထားတာလား။ အရင်ကလဲ ထူးကုမ္ပဏီက လှူတာကို ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှူပေးခဲ့ဘူးတယ်။ အခုလဲ OIC က ပေးတာ ဆိုရင်လဲ OIC နာမည်နဲ့ပဲ ပေးဖို့၊ NLD ပိုင်တဲ့ ပိုက်ဆံ မဟုတ်ရင် NLD ပါဝင်ပတ်သက်ခြင်း မပြုဖို့ ရှင်းရှင်းလင်းလင်း သိချင်တာပါ" ဟု အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

သို့သော်လည်း ယင်းတို့၏ တောင်းဆိုချက်ကို NLD CEC များ ဖြစ်ကြသော ဦးဝင်းထိန်၊ ဒေါက်တာမြတ်ဥာဏစိုးနှင့် ဥပဒေပညာရှင် ဘင်္ဂါလီလူမျိုး ဦးကိုနီတို့က ပယ်ချခဲ့ကြပြီး အသေးစိတ် ရှင်းလင်းစရာ မလိုဟု ယတိပြတ် ပြောကြားခဲ့ကြောင်း၊ အဆိုပါ ပြောကြားချက်မှာ ပြင်းထန်လွန်း၍ ပါတီဥက္ကဌ၏ သဘောထားကို ပြောကြားနေခြင်းလော ဟု ဆန်းစစ်လျက် ရှိကြောင်း သိရှိရသည်။

ပြည်သူ့အာဏာ
NLD ပါတီ၏ အလှူငွေ သုံးစွဲမှု စာရင်းရှင်းတမ်းများ ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ပြန်ပေးခြင်း မရှိ၍ ပါတီတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။

မိတ္ထီလာပဋိပက္ခဖြစ်စဉ်တွင် မီးဘေးသင့်ခဲ့ရသော ဘင်္ဂါလီများအား နိုင်ငံတကာ အဖွဲ့အစည်းများ၊ OIC အဖွဲ့ဝင်များက ၀ိုင်းဝန် ကူညီထောက်ပံ့ခဲ့ရာ NLD ပါတီမှလည်း သိန်းနှစ်ထောင် ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် NLD အနိုင်ရမည်ကို ကြောက်၍သာ ၅၉ (စ) ကို မပြင်လိုခြင်းဖြစ်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

လာမည့် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရမည်ကို ကြောက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ (စ) ကို မပြင်ဆင်လိုခြင်း ဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဖေဖော်ဝါရီ ၃ ရက်က ပြည်သူ့လွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးဦးအုန်းမြင့် ရိုင်းပျမှု ရန်ကုန်မှာ ဆန္ဒပြ

Photo: ဝန်ကြီးဦးအုန်းမြင့် ရိုင်းပျမှု ရန်ကုန်မှာ ဆန္ဒပြ
Tuesday, February 4, 2014

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အနီး သစ်ရာကောက်ကျေးရွာက ရွာသားတွေနဲ့ တွေ့ဆုံစဉ် ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေအပေါ်မှာ စကားလုံးကြမ်းကြမ်း သုံးပြီး ပြောဆိုသုံးနှုန်းခဲ့တာနဲ့ပတ်သက်ပြီး မကျေနပ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုက ဒီကနေ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ ဦးဆောင်သူနှစ်ဦးကို ခွင့်ပြုမိန့်မရဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ (၁၈)နဲ့ တရားစွဲဆိုဖို့ အာဏာပိုင်တွေက ပြင်ဆင်နေချိန်မှာပဲ  ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိုလည်း တန်ပြန် တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ဆန္ဒထုတ်ဖော်သူတွေက ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဖေဖော်ဝါရီလ (၃) ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့နဲ့ မဟာဗန္ဓုလပန်းခြံလမ်းမှာ ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီးအတွင်းက သစ်ရာကောက်ကျေးရွာကို ကျေးလက်ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းချိန်မှာ ပြည်သူတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တဲ့ စကားလုံးအသုံးအနှုန်းတွေအပေါ် မကျေနပ်ကြတဲ့အတွက် ပြည်သူတွေ၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ဒီမိုကရေစီ အင်အားစုအဖွဲ့က “ပါးရိုက်ခံဖို့ အသင့်ပါပဲ။” ဆိုတဲ့ စာတမ်းဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး မြို့တော်ခမ်းမရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒီဆန္ဒပြပွဲ ဦးဆောင်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘမြင့်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဝန်ကြီးဦးအုန်းမြင့်က နယ်တကာလှည့်ပြီး ပါးရိုက်(ရဲ)တယ်ဆိုတဲ့ စကားလုံးလည်းတွေ့တယ်။ ငါတို့အစိုးရလက်ထက်မှာ ငါတို့အစိုးရကို ဝေဖန်ရင် ထောင်ချပစ်မယ်တို့၊ ဘာတို့ - ဒါမျိုးတွေကြိမ်းတော့ ကျနော်တို့ ပါးရိုက်ခံကြမယ်။ ရည်ရွယ်ချက်ကတော့ ဒီဝန်ကြီးတွေ ဒီလို မိုက်မိုက်ရိုင်းရိုင်းနဲ့ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ပြောတဲ့စကားလုံးတွေ၊ ဆဲရေးတိုင်းထွာတဲ့စကားလုံးမျိုးတွေ၊ အဆင့်အတန်းမရှိတဲ့ စကားလုံးတွေ သုံးနေတာကို ကျနော်တို့ မကျေနပ်လို့ သွားပြီးတော့ ဆန္ဒပြကြတာပေါ့နော်။”

နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဒီမိုကရေစီ အင်အားစုအပါအဝင် လူငယ်မျိုးဆက်အဖွဲ့တွေပါဝင်တဲ့ ဆန္ဒပြသူသုံးဆယ်ကျော်လောက်က  ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်အနေနဲ့ ဒီ့ထက်ပိုယဉ်ကျေးအောင် သင်ယူသင့်ပြီးတော့ အခုလိုမျိုး ပြောဆိုခဲ့တဲ့အတွက်လည်း အခုလက်ရှိ ဝန်ကြီးရာထူးကနေ နုတ်ထွက်ပေးသင့်တယ်လို့လည်း ဦးဆောင်သူ ဦးဘမြင့်က ပြောပါတယ်။

“ကျနော်တို့က ဦးအုန်းမြင့်ကို ယဉ်ကျေးစေချင်တယ်။ ဒီလိုနေရာမျိုးက ပြည်သူ့ခေါင်းဆောင်တွေ နေရမယ့်နေရာမျိုး၊ အစိုးရနဲ့ဝန်ကြီးအဖွဲ့ ဆိုတာ အစိုးရအဖွဲ့ပေါ့နော်။ သမ္မတနဲ့ဝန်ကြီးများအဖွဲ့ဆိုတာဟာ ပြည်သူတရပ်လုံးရဲ့အကျိုးကို ဆောင်ရွက်ရမယ့်နေရာမျိုးမှာ ပြည်သူကို ဆန့်ကျင်တဲ့ စကားလုံးတွေ ပြောလာတဲ့အတွက် အဲဒီလိုနေရာမျိုးနဲ့ လုံးဝ မတန်ဘူးလို့ပဲ ကျနော်တို့က ပြောချင်ပါတယ်။”

ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ကို မကျေနပ်ကြောင်း မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ပွဲမှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းထံက တရားဝင် ခွင့်ပြုချက် မတောင်းခံခဲ့လို့ဆိုပြီး ဦးဆောင်သူနိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘမြင့်နဲ့ ဒီမိုကရေစီအင်အားစုက ဦးသန်းဆွေတို့ နှစ်ဦးကို ရဲလုံခြုံရေးတွေဘက်က ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေချိန်မှာပဲ ဒီမိုကရေစီအင်အားစုဘက်ကလည်း ဝန်ကြီးအနေနဲ့ ပြည်သူကို အခုလို ရိုင်းပျစွာဆက်ဆံခဲ့တာနဲ့ပတ်သက်ပြီး တန်ပြန် တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ဒီမိုကရေစီအင်အားစုက ဦးဆောင်သူ ဦးသန်းဆွေကလည်း ပြောပါတယ်။

“အဲဒီ နယ်လှည့်ပါးရိုက်မယ်ဆိုတဲ့ ပြည်ထောင်စုဝန်ကြီး (ဦး) အုန်းမြင့်အား ပါးရိုက်ခံရန် ပြည်သူများနဲ့အတူ နိုင်ငံရေးအင်အားစုမှ စောင့်မျှော်နေပါသည်- နိုင်/ကျဉ်းတစု၊ နောက် ဒီမိုကရေစီအင်အားစုက တစု၊ နှစ်စုပေါ့နော်။ ကိုယ့်ပါးနဲ့ကိုယ် အရိုက်ခံဖို့ စောင့်တာတောင်မှ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်လည်း တောင်းခံစရာမလိုဘူး။ ကိုယ့်ပါးနဲ့ကိုယ် အရိုက်ခံဖို့အတွက် ဘယ်သူ့ဆီမှလည်း အမိန့်တောင်းစရာလည်း မလိုဘူး။ ကျနော်တို့ကတော့ အရိုက်ခံရမယ့် အနေအထားနဲ့ပဲ စောင့်နေပါတယ်။ ဒါကို သူတို့က ကျနော်တို့ကို ပုဒ်မ (၁၈) နဲ့ တရားစွဲတယ် ဆိုရင် - လက်ရှိဝန်ကြီးကို ဥပဒေပုဒ်မ (၂၉၄) မှာပါ- ညစ်ညမ်းစွာဆဲဆိုခြင်းနဲ့ အရေးယူလို့လည်း ရပါတယ်။ နောက် ပြည်သူလူထုကို ခြိမ်းခြောက်တဲ့အတွက် ဥပဒေပုဒ်မ (၅၀၆) နဲ့လည်း တရားစွဲလို့ရပါတယ်။ အဲဒါဆိုရင် ကျနော်တို့ကို တရားစွဲတဲ့ ပုဒ်မ (၁၈) နဲ့ တရားစွဲတယ်ဆိုရင် သူ့ကိုလည်း ပြည်ထောင်စုဝန်ကြီးကိုလည်း ဒီပုဒ်မနှစ်ခုနဲ့ ကျနော်တို့က ဦးတိုက်တရားစွဲပါမယ်ခင်ဗျ။”

အခုဆိုရင် ဆန္ဒပြတဲ့သူတွေကို ရဲလုံခြုံရေးတွေက ဝန်းရံထားပြီး ပန်းဘဲတန်း ရဲစခန်းနဲ့ ကျောက်တံတားရဲစခန်းတာဝန်ရှိသူတွေက  ဦးဆောင်ဆန္ဒပြသူ နှစ်ဦးကို စောင့်စားခေါ်ယူနေတယ်လို့ ဦးသန်းဆွေက နောက်ဆုံးအခြေအနေကို ပြောပြပါတယ်။

အခုလိုပြည်ထောင်စုဝန်ကြီးက ဒေသခံရွာသားတွေအပေါ် ကြမ်းတမ်းတဲ့ စကားလုံးနဲ့ သုံးနှုန်းပြောဆိုချက်တွေအပေါ် ထင်ရှားတဲ့ နိုင်ငံရေး လှုပ်ရှား သူတွေဘက်ကလည်း ကန့်ကွက်ရှုတ်ချခဲ့ကြပြီး လက်ရှိအရပ်သား အစိုးရ လက်ထက် အဆင့်မြင့်အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားတဲ့ ဝန်ကြီးအနေနဲ့ နိုင်ငံရေးလောကနဲ့ သတင်းမီဒီယာအပါအဝင် ပြည်သူလူထုအပေါ်ထားတဲ့ သဘောထားနဲ့ ပတ်သက်ပြီးလည်း နိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း မေးခွန်း ထုတ်လာကြတာဖြစ်ပါတယ်။

ပည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ရဲ့ သစ်ရာကောက်ကျေးရွာသားတွေအပေါ် စကားအသုံးကြမ်းတမ်းခဲ့မှုကို မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြကန့်ကွတ်နေသူများ။ ဖေဖော်ဝါရီ ၃၊ ၂၀၁၄။ (ဓာတ်ပုံအား ကိုအောင်သူရရဲ့ FB မှ ကူးယူဖော်ပြပါသည်။)
VOA
ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်ရဲ့ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အနီး သစ်ရာကောက်ကျေးရွာက ရွာသားတွေနဲ့ တွေ့ဆုံစဉ် ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေအပေါ်မှာ စကားလုံးကြမ်းကြမ်း သုံးပြီး ပြောဆိုသုံးနှုန်းခဲ့တာနဲ့ပတ်သက်ပြီး မကျေနပ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုက ဒီကနေ့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ ဦးဆောင်သူနှစ်ဦးကို ခွင့်ပြုမိန့်မရဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ (၁၈)နဲ့ တရားစွဲဆိုဖို့ အာဏာပိုင်တွေက ပြင်ဆင်နေချိန်မှာပဲ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကိုလည်း တန်ပြန်

မိတ္ထီလာခရိုင် အတွင်း၌ ယာဉ်တိုက်မှုဖြစ်ပွားရာ နောက်မှကူညီရန် လိုက်လာသော ဆွေမျိုးတစ်စု၏ယာဉ် ထပ်မံတိမ်းမှောက်သဖြင့် ခြောက်ဦးသေဆုံးကာ ၄၂ ဦး ဒဏ်ရာရရှိ

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဖေဖော်ဝါရီ ၂ ရက်က ယာဉ်တိုက်မှု ဖြစ်ပွားသော သတင်းကြားသိရသဖြင့် နောက်မှကူညီရန် လိုက်လာသော ဆွေးမျိုးတစ်စု စီးနင်းလာသောယာဉ် ထပ်မံတိမ်းမှောက်သဖြင့် လူခြောက်ဦး သေဆုံးခဲ့ကာ လူ ၄၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ရွှေကူကျေးရွာအနီး ရန်ကုန်-မန္တလေး မိုင်တိုင်အမှတ် ၃၇၈ အနီးတွင် နွားထိုးကြီးမြို့နယ် ကြာပင်အိုင် ကျေးရွာနေ ဦးရွှေဝင်း (၄၅)နှစ် မောင်းနှင်လာသော ၃ဌ/----အပြာရောင် ထော်လာဂျီယာဉ်နှင့် ပုသိမ်ကြီးမြို့နယ် သုံးအိမ်ကျေးရွာနေ ဦးအောင်ဝင်း(၅၈)နှစ် မောင်းနှင်လာသော ၉ဗ/-----ခဲရောင်ဗင်ကားတို့

ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်

ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်
Tuesday, February 4, 2014

ဆံပင် ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာတွေ ဖြစ်နိုင် တယ်လို့ ယခင်က လေ့လာမှုတွေ အရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြု သူတွေ များပြားလျက် ရှိတယ်လို့ သိရှိ ရပါတယ်။

ဆံပင်ဆိုး ဆေးမှာ ပါဝင်တဲ့ ဓာတု ပစ္စည်း တွေဟာ ဆေးလိပ်ငွေ့နဲ့ တခြား လေထု ညစ်ညမ်း စေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့တဲ့ အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်ဆုံး ဒြပ်ပေါင်း တစ် မျိုးကို ဖန်တီးပေးနိုင် တယ်လို့သိပ္ပံ ပညာရှင်တွေက တွေ့ရှိ ထားပါတယ်။

ယနေ့ အချိန်ခါမှာ အမျိုးသမီး သုံးပုံတစ်ပုံခန့် ယောက်နှုန်း ဆံပင် ဆိုးဆေးကို အသုံးပြု နေကြတယ်လို့ သိရပါတယ်။ တစ်နှစ်ကို ကိုးကြိမ်ထက် ဆံပင်ဆိုးဆေး အသုံးပြု တဲ့ အမျိုးသမီး တွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ တွေ့ရှိ ထားပါတယ်။

Secondary Amines ဝင်တတ်ပြီး ဆံပင်ဆိုးပြီး နောက်ဦး ရေပြား အတွင်း ဝင်ရောက်နိုင် ကာဆံပင် ပေါ်မှာလည်း သီတင်း ပတ်ပေါင်း၊ လပေါင်း များစွာ ရှိနေ နိုင်ပါတယ်။ နှစ်ပေါင်း များစွာ ထိတောင် ရှိနေ နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီ ဓာတု ပစ္စည်းဟာ ဆေးလိပ်ငွေ့နဲ့ မော်တော်ကား အိပ်ဇောငွေ့ တွေနဲ့ ဓာတ်တုံ့ပြန်မှု ဖြစ်ပြီး အလွန် အဆိပ်ပြင်းတဲ့ ဓာတု ပစ္စည်း N-nitrosanimes တွေ ဖြစ်ပေါ်ကာ ကင်ဆာ ရောဂါကို ဖြစ်စေနိုင်တယ်လို့ သုတေသီ တွေက မှတ်ချက် ပေးထား ပါတယ်။

Good Health
မြ၀တီ
ဆံပင် ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေး ကင်ဆာတွေ ဖြစ်နိုင် တယ်လို့ ယခင်က လေ့လာမှုတွေ အရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြု သူတွေ များပြားလျက် ရှိတယ်လို့ သိရှိ ရပါတယ်။
ဆံပင်ဆိုး ဆေးမှာ ပါဝင်တဲ့ ဓာတု ပစ္စည်း တွေဟာ ဆေးလိပ်ငွေ့နဲ့ တခြား လေထု ညစ်ညမ်း စေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့တဲ့ အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်ဆုံး ဒြပ်ပေါင်း တစ် မျိုးကို ဖန်တီးပေးနိုင် တယ်လို့သိပ္ပံ ပညာရှင်တွေက တွေ့ရှိ ထားပါတယ်။