ယာဉ်မတော်တဆမှုနှုန်း မြင့်တက်နေသည့် ရန်ကုန်-မန္တ လေးအမြန်လမ်းအတွက် လုံခြုံ စိတ်ချမှုဆိုင်ရာ နည်းပညာအကူ အညီပေးခြင်းသဘောတူစာချုပ် ကို အမေရိကန်အစိုးရနှင့် ချုပ်ဆို လိုက်ကြောင်း အမေရိကန်သံရုံး က ဇွန်လ ၉ ရက်တွင် သတင်း ထုတ်ပြန်သည်။
အဆိုပါစာချုပ်ကို အမေရိ ကန်နိုင်ငံမှ နိုင်ငံတကာအကူအ ညီပေးရေးအဖွဲ့နှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့က မေလ ၂၇ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာအဝေးပြေးလမ်း များတွင် အသုံးပြုသည့် လုံခြုံမှု စံချိန်စံညွှန်းများ၌ ပါဝင်သည့် ၁၀ ကီလိုမီတာလျှင် အပိုင်းတစ် ပိုင်းအလိုက် လမ်းပိုင်းများ သရုပ် ပြတည်ဆောက်ထိန်းသိမ်းခြင်း များကို အမေရိကန်ဗိသုကာနှင့် အင်ဂျင်နီယာပညာရှင်များက သင် တန်းပေးခြင်းဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိ သည်။