Wednesday, July 16, 2014
တက္ကသိုလ်နည်းပြနှင့် လက်ထောက်ကထိကများကို လစာတိုးပေးမည်
အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်ဆရာ၊ ဆရာမ လစ်လပ်နေရာများအတွက် စိတ်ဝင်စားသူ ပိုတိုးလာရန် တက္ကသိုလ်နည်းပြနှင့် လက်ထောက်ကထိကတို့ကို လစာတိုးပေးရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားကြောင်း မိတ္ထီလာစီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းက The Voice သို့ပြောကြားသည်။
ရေကြီးနိုင်သည့်အလားအလာများရှိနေသောကြောင့် ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်းမြို့နယ် တို့၌ ကြိုတင်ကာကွယ်မှုများပြုလုပ်သင့်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်း မြို့နယ်များတွင် ယခုလ ၂ဝ ရက်မှ ၃ဝ ရက်အထိ ရေကြီးနိုင် သည့်အလားအလာများရှိနေသော ကြောင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒဌာနမှ ဒုတိယညွှန် ကြားရေးမှူးဦးချစ်ကျော်က ပြည် ထောင်စုနေ့စဉ်သို့ ပြောသည်။
ယခုအချိန်တွင် စစ်ကိုင်းနှင့် ခန္တီးတို့တွင် မိုးများပိုမိုရွာသွန်းနေ သောကြောင့် အပေါ်မြစ်ရိုးဘက် တွင် စိုးရိမ်ရေမှတ်သို့ မရောက်ရှိ သေးသော်လည်း ၄င်းရေများသည် ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်း မြို့နယ်များသို့ ရောက်ရှိလာပြီး ယခုရက်ပိုင်းအတွင်း ရွာသွန်းထား သည့် မိုးရေအခံနှင့်ဆိုလျှင် ရေ အနည်းငယ်များလာနိုင်ပြီး လယ် ကွင်းများထဲသို့ ရေများဝင်ရောက် လာနိုင်ကြောင်း ဦးချစ်ကျော်က ခန့်မှန်းသည်။
မလေးရှားရောက် မြန်မာအမျိုးသားတစ်ဦး လိင်အင်္ဂါ အဖြတ်ခံရ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား တစ်ဦး၏ လိင်အင်္ဂါ ကို ဇနီးဖြစ်သူက ဖြတ်ပစ်လိုက်သည့် မှုခင်းတစ်ခု ဇူလိုင် ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာလင်မယားစုံတွဲသည် မလေးရှားနိုင်ငံတွင် UNHCR(ဒုက္ခ သည်ကဒ်ပြား)
နှာခေါင်းမပါဘဲ မွေးလာသော သမီးလေး အနံ့ခံနိုင်စွမ်းမရှိသော်လည်း နှာချေနိုင်
Photo
ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံက ဖြုတ်ယူသွားသည့်အလံ တက္ကသိုလ်တာဝန်ရှိသူများပြန်ပေး
Photo: ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံက ဖြုတ်ယူသွားသည့်အလံ တက္ကသိုလ်တာဝန်ရှိသူများပြန်ပေး 
Wednesday, July 16, 2014
ဒဂုံတက္ကသိုလ် ကျောင်းသားများ ဆန္ဒပြမှုကြောင့် ဒဂုံတက္ကသိုလ် တာဝန်ရှိသူများက ဖြုတ်သိမ်းသွားသော ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ယာယီရုံးခန်းတွင် ထားရှိသည့် ခွပ်ဒေါင်းအလံနှင့် ဆိုင်းဘုတ်ကို တက္ကသိုလ် တာဝန်ရှိသူများက ဇူလိုင်လ ၁၄ ရက်နေ့တွင် ဆရာများသမဂ္ဂမှတစ်ဆင့် ပြန်လည် ပေးအပ်ခဲ့ကြောင်း အဆိုပါသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက ပြောကြားသည်။ 
ယင်းအလံကို ဇူလိုင်လ ၉ ရက်နေ့တွင် တက္ကသိုလ်လုံခြုံရေး တာဝန်ရှိသူများက ဖြုတ်သိမ်းခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဖြုတ်သိမ်းမှုကြောင့် ဇူလိုင်လ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီက ဒဂုံတက္ကသိုလ်ကျောင်းသား လေးဆယ်ခန့် ကျောင်းဧရိယာအတွင်း ပါမောက္ခချုပ်နှင့် ကျောင်းအာဏာပိုင်များကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းကဲ့သို့ အလံဖြုတ်ယူခဲ့ခြင်းအတွက် ဇူလိုင်လ ၁၅ ရက်နေ့တွင် ထပ်မံဆန္ဒပြရန် ဆုံးဖြတ်ကာ ကျောင်းသားများ သိစေရန် ကြေညာခဲ့သောကြောင့် ယင်းသို့ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရှိရသည်။
“ကျောင်းသားသမဂ္ဂကို အသိမပေးဘဲ အချိန်မတော် ညဘက်ဖြုတ်သိမ်းတာဟာ လူကြီးလူကောင်းမဆန်တာ။ စော်ကားတာလို့ သတ်မှတ်တယ်။ ကျောင်းသားတွေရှိတဲ့အချိန် အလံကို လာဖြုတ်သင့်တယ်လေ” ဟု ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသုခက ဆိုသည်။
ဇူလိုင်လ ၁၄ ရက်နေ့တွင် ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂက ကြားဝင် စေ့စပ်မှုကြောင့် ခွပ်ဒေါင်းအလံကို ပြန်လည်ပေးအပ်ပေးရန် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်က ပြောဆိုခဲ့သည့်အတွက် ကျောင်းသားသမဂ္ဂထံ အလံပြန်လည် ပေးအပ်ခဲ့ကြောင်း ဒေါက်တာအာကာမိုးသူက ပြောကြားသည်။
“ခေါ်ယူညှိနှိုင်းရမယ့် ကိစ္စမျိုးကို ညပိုင်းအလံဖြုတ်တဲ့အတွက် ကျောင်းသားတွေ မခံမရပ်နိုင်ဖြစ်လို့ ဆန္ဒပြကြတယ်။ အလံကိုဖြုတ်တာ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ဂုဏ်သိက္ခာအရ စော်ကားသလို ဖြစ်တယ်။ မလုပ်သင့်ဘူးထင်တယ်။ ကျောင်းသားတွေ ဆန္ဒပြတယ် ဆိုတာကလည်း ကျောင်းကပုဂ္ဂိုလ်ကို တိုက်ခိုက်တာထက် တက္ကသိုလ်ထဲကြီးစိုးနေတဲ့ စနစ်ကို တိုက်ခိုက်တာ” ဟု ၎င်းကဆိုသည်။
အဆိုပါ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ယာယီရုံးခန်းတွင် ကျောင်းသားများ စာအုပ်ငှားရမ်းဖတ်ရှုနိုင်ရန် သမဂ္ဂစာကြည့်တိုက်ကို ဖွင့်လှစ်ထားပြီး၊ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂတွင် အဖွဲ့ဝင်ပေါင်း တစ်ရာကျော်ရှိကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရှိရသည်။
ဒဂုံတက္ကသိုလ် ကျောင်းသားများ ဆန္ဒပြမှုကြောင့် ဒဂုံတက္ကသိုလ် တာဝန်ရှိသူများက ဖြုတ်သိမ်းသွားသော ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ယာယီရုံးခန်းတွင် ထားရှိသည့် ခွပ်ဒေါင်းအလံနှင့် ဆိုင်းဘုတ်ကို တက္ကသိုလ် တာဝန်ရှိသူများက ဇူလိုင်လ ၁၄ ရက်နေ့တွင် ဆရာများသမဂ္ဂမှ တစ်ဆင့် ပြန်လည် ပေးအပ် ခဲ့ကြောင်း အဆိုပါသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ အာကာမိုးသူက ပြောကြားသည်။
ယင်းအလံကို ဇူလိုင်လ ၉ ရက်နေ့တွင် တက္ကသိုလ်လုံခြုံရေး တာဝန်ရှိသူများက ဖြုတ်သိမ်းခဲ့ခြင်းဖြစ်ပြီး
တိုက်ပွဲကြောင့် ပြည်သူများ တိမ်းရှောင်နေရမှု အရေးကြီးအဆိုကို မှတ်တမ်းတင်ရန် ဆုံးဖြတ်
မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တပ်မတော် (၀မ်ဟိုင်း၊ တောင်ပိုင်း)(SSA) တို့ ဖြစ်ပွားနေသည့်တိုက် ပွဲများကြောင့် ဒေသခံ ပြည်သူများ လုံခြုံမှုမရှိတော့သဖြင့် စစ်ဘေးရှောင်နေရကာ စားဝတ်နေရေးခက်ခဲခြင်း၊ စိုက် ပျိုးရာသီတွင် အခက်အခဲကြုံတွေ့နေရသည့်အပေါ် အမတ်တစ်ဦးက အဆိုတင်သွင်းရာ လွှတ်တော်က မှတ်တမ်းတင်ထားရန် ဆုံးဖြတ်ခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းက“ ဒီအဆိုနဲ့ပတ်သက်ပြီးတော့မှတ်တမ်းတင်ထားရှိဖို့ ပြီးတဲ့အခါ
မောင်တောနယ်စပ် အိမ်ထောင်စုလူဦးရေစာ၇င်း ကောက်ခံမှု တရားခံပြေးများရှိ၍ ငြင်းဆန်
Photo: မောင်တောနယ်စပ် အိမ်ထောင်စုလူဦးရေစာ၇င်း ကောက်ခံမှု တရားခံပြေးများရှိ၍ ငြင်းဆန်
Wednesday, July 16, 2014
ဇွန်လ ၁၀ ရက်မှ စတင်ကောက်ခံနေသည့် မောင်တောနယ်စပ်ဒေသ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူမှုများကို နယ်ခြားစောင့်ရဲနှင့် နိုင်ငံခြားသားများ မတရားဝင်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ)တို့က မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိရာ တရားခံပြေးများရှိနေသည့် ကျေးရွာများ၌ စာရင်းကောက်ယူမှုကို ငြင်းဆန်နေကြကြောင်း သတင်းရရှိသည်။
မောင်တောနယ်စပ်ဒေသ တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားပြီး နောက် ဘင်္ဂါလီဦးရေသောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြပြီး ဒုချီးရားတန်း ဘင်္ဂါလီကျေးရွာ တွင် ရဲတပ်ကြပ်ကြီး အသတ်ခံရ မှုနှင့် ပတ်သက်၍လည်း ပြစ်မှု ကျူးလွန်သူများ ထွက်ပြေးတိမ်း ရှောင်နေခဲ့သည်။ အဆိုပါ ပြစ်မှု ကျူးလွန်သူများမှာ ဖြစ်စဉ်ဖြစ် ပွားမှု အချိန်ကြာမြင့်လာသည်နှင့် အမျှ ကျေးရွာများသို့ ပြန်လည်ဝင် ရောက်နေထိုင်မှုများ ရှိနေ ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။
လူဦးရေစာရင်း ကောက်ယူ ခြင်းလုပ်ငန်းကို ယခင် နယ်စပ် ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ် ကဲမှုဌာနချုပ် (နစက) လက်ထက် ကလည်း နှစ်စဉ်ဆောင်ရွက်ခဲ့ပြီး နစကဖျက်သိမ်းလိုက်ပြီးနောက် စာရင်းမကောက်နိုင်သည်မှာ တစ် နှစ်နီးပါးရှိနေပြီဖြစ်သည်။ နစက နေရာတွင် တာဝန်ယူလိုက်သည့် နယ်ခြားစောင့်ရဲ (BGP) ၏ ကွပ် ကဲမှုနှင့်အတူ နိုင်ငံခြားသားများ မတရားဝင်ရောက်မှု ကာကွယ် တားဆီးရေးအဖွဲ့ (မကဖ) အဖွဲ့က ပြန်လည်ကောက်ခံနေခြင်း ဖြစ် ကြောင်း စာရင်းလာကောက်သည့် မကဖအဖွဲ့ဝင်တစ်ဦးက  ပြော သည်။
မောင်တောမြို့နယ်အတွင်း လူဦးရေစာရင်း ကောက်ယူခြင်း ကို တိုင်းရင်းသားနေအိမ်များနှင့် ဘင်္ဂါလီကျေးရွာများတွင်ပါ တစ် အိမ်တက်ဆင်း ကောက်ယူနေ သော်လည်း ဘင်္ဂါလီအများစုမှာ စာရင်းကောက်ခံမှုကို ငြင်းဆန် ခြင်းများ ပြုလုပ်သည်ဟု မြို့မ မြောက်ရပ်ကွက်၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးက ပြောကြားသည်။
ယခင် နစကလက်ထက် ကာလက လူဦးရေစစ်ဆေးရာတွင် နေအိမ်ရှိ လူအရေအတွက်ကို အိမ်ထောင်စုနှင့် တိုက်ဆိုင် စစ်ဆေးကာ မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်းနှင့် အိမ်ထောင်စု၌ အမည်ရှိပြီး လူမရှိသူများကို BD ပြေးအဖြစ် ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ စာရင်းကောက်ယူမှု ကို ငြင်းဆန်ခြင်းနှင့် ပတ်သက်၍ ပြည်သူ့ဝန်ထမ်း ၀တ္တရား နှောင့် ယှက်မှုဖြင့် တရားစွဲဆိုနိုင်သော် လည်း တရားဥပဒေအရ အရေးယူ ဆောင်ရွက်မှုမရှိသေးကြောင်း၊ လွန်ခဲ့သည့် မတ်လ ၃၁ ရက်မှ ဧပြီ ၁၀ ရက်အထိ ကောက်ခံခဲ့ သည့် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက် ယူမှုတွင်လည်း ဘင်္ဂါလီများက ကောက်ယူမှုကို ငြင်းဆန်ခဲ့ပြီး ယင်းသို့ ငြင်းဆန်ခြင်းမှာ သန်း ခေါင်စာရင်းဥပဒေနှင့် ကိုက်ညီမှု မရှိသော်လည်း ငြင်းဆန်သူများ ကို အရေးယူ ဆောင်ရွက်ခဲ့မှုများ ယခုထိမရှိသေးကြောင်း ဥပဒေ ရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
7 Day Daily
မောင်တောမြို့တွင်း တစ်နေရာ (ဓာတ်ပုံ - မောင်ကံ)
ဇွန်လ ၁၀ ရက်မှ စတင်ကောက်ခံနေ သည့် မောင်တောနယ်စပ်ဒေသ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူမှုများကို နယ်ခြားစောင့်ရဲနှင့် နိုင်ငံခြားသားများ မတရားဝင်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ)တို့က မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာ များတွင် ဆောင်ရွက်လျက် ရှိရာ တရားခံပြေးများ ရှိနေသည့် ကျေးရွာများ၌ စာရင်းကောက်ယူ မှုကို ငြင်းဆန်နေကြကြောင်း သတင်းရရှိသည်။
မောင်တောနယ်စပ်ဒေသ တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားပြီး နောက်
ရမ်မာဆန် တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး ၁၀ ဦးသေ
ဘရာဇီး နိုင်ငံက ကမ္ဘာ့ ရုပ်အဖြောင့်ဆုံး ရထားဘူတာ စောင့်
ဘရာဇီး နိုင်ငံက Sao Paulo ရှိ ရထား ဘူတာ တစ်ခုမှာ ကမ္ဘာ့ ရုပ်အဖြောင့်ဆုံး ရထား ဘူတာရုံ စောင့် လုံခြုံရေး ဝန်ထမ်း တစ်ဦး ရှိပါတယ်။ သူ့အမည်က Guilherme Leao လို့ အမည်ရပြီး တစ်ကမ္ဘာလုံးက ဝိုင်းလို့ မဲပေး ထားခြင်း ဖြစ်ပါတယ်။
ကမ္ဘာ့ ဖလား ကျင်းပပြီးနောက် နိုင်ငံခြားသား အလာများလို့ သူ့ကို ပိုလို လူသိ များသွား ကြ ပါတယ်။ အသက် ၂⁠၂ နှစ်သာ ရှိသေးပြီး အရပ်က ၆ပေ ၁လက်မ ကျော် ပါတယ်။ ရုပ်ရည် အရကော၊ အရပ်မောင်း အရကော ပြောစရာ မရှိအောင် စမတ်ကျ နေတာကြောင့် ဘူတာလာတဲ့ ခရီးသည် အမျိုးသမီး ကြီးကြီး ငယ်ငယ် ဝိုင်းငေး ကြသတဲ့။
နှစ်ကုန်၌ နိုင်ကျဉ်း ၁၀၀ ကျော်နိုင်ဟု အေအေပီပီပြော
တက်ကြွလှုပ်ရှားသူများနှင့် မီဒီယာ သမားများအား ဆက်လက်ဖမ်းဆီး ထောင်ချနေပါက ၂၀၁၄ နှစ်ကုန်တွင် အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ရှိလာနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) AAPP(B)၏ ဇူလိုင်လ ၁၅ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
အာဇာနည်နေ့တွင် ဥသြဆွဲသံဖြင့် ဂုဏ်ပြုနိုင်မည့် မိုဘိုင်း Application ထွက်ရှိ
ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင် ကိုးဦး လုပ်ကြံခံခဲ့ရသည့် အာဇာနည်နေ့တွင် မိုဘိုင်းဖုန်းမှ တစ်ဆင့် ဥသြဆွဲသံဖြင့် ဂုဏ်ပြုနိုင်မည့် App ကို ရေးဆွဲပြီး အခမဲ့ ဖြန့်ဝေထားသည်ဟု Android Application ရေးသားနည်းစာအုပ်များ ရေးသားနေသည့် ဒေါက်တာထားထားလွင်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။
အမျိုးသားလွှတ်တော်အစည်းအဝေး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဘေးအန္တရာယ်ကင်းရေး နှစ်အလိုက်လုပ်ငန်းစီမံချက်များ ရေးဆွဲထားပြီးဖြစ်
Photo: အမျိုးသားလွှတ်တော်အစည်းအဝေး
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဘေးအန္တရာယ်ကင်းရေး နှစ်အလိုက်လုပ်ငန်းစီမံချက်များ ရေးဆွဲထားပြီးဖြစ်
Wednesday, July 16, 2014
အမျိုးသားလွတ်တော် ဒဿမပုံမှန်အစည်းအဝေး(၂၈)ရက်မြောက်နေ့ ကို ယနေ့ နံနက် ၁၀နာရီတွင် ကျင်းပပြီး လမ်း၊ တံတား၊ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးကဏ္ဍဆိုင်ရာ မေးခွန်းများ မေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်းတစ်ခု အတည်ပြုခြင်းတို့ ကို ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေးအတွက် ယာဉ်ကြံ့ ခိုင်မှု စစ်ဆေးခြင်း၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်၊ လုပ်ငန်းလိုင်စင် စစ်ဆေးခြင်း၊ အရက်မူးတိုင်းကိရိယာဖြင့် စစ်ဆေးခြင်း၊ တာယာကြံ့ ခိုင်မှု စစ်ဆေးခြင်း၊ ယာဉ်အောက်ပိုင်း ကြံ့ ခိုင်မှု စစ်ဆေးခြင်းတို့ အား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အဆင့်မြင့်တင် ဆောင်ရွက်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၁၅ဘီလီယံဖြင့် ၃၅မိုင် ၇ဖာလုံ AC ခင်းခြင်း၊ တံတား ခုနှစ်စင်း ရေပြွန်တည်ဆောက်ခြင်းနှင့် အ၀င်/အထွက် ကွန်ကရစ်ခင်းခြင်း၊ ပျော်ဘွယ်-နတ်မောက် ရထားလမ်းနှင့် တံတားလမ်းကြား ကွန်ကရစ်ခင်းခြင်း ၂၂၂၆ ပေ၊ ၅မိုင် ၄ဖာလုံ ကျောက်ရောမြေလမ်းပခုံး ပြုလုပ်ခြင်း၊ ၅မိုင် ၃ဖာလုံ လမ်းလယ်ကျွန်း အုတ်စီရေမြောင်း ပြုလုပ်ခြင်း၊ Rest Camp များတွင် လမ်းမီးတိုင် ၆၂တိုင် Overhead Light တပ်ဆင်ခြင်း၊ Guard Rail တပ်ဆင်ခြင်း ၄၅မိုင်၊ အရှိန်ထိန်း ကင်မရာ ၆ ခု တပ်ဆင်ခြင်း၊ ကီလိုမီတာတိုင် ၁၁၇၈ ခု စိုက်ထူခြင်းတို့ ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အထူးပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် တံတား ၂၅စင်းအား တစ်ဖက်လျှင် မူလ ၂၄ပေမှ ၄၈ပေ အကျယ်ချဲ့ ခြင်းတို့ ကို ဆောင်ရွက်မည် ဖြစ်ပါကြောင်း။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဖြည့်စွက် ရန်ပုံငွေ ကျပ် ၁၀ဘီလီယံဖြင့် ၂၅ပေအကျယ် AC ခင်းခြင်း ၂၆မိုင်၊ Guard Rail တပ်ဆင်ခြင်း မိုင် ၂၀၊ တံတား ၂၅စင်းအား တစ်ဘက်လျှင် မူလ ၂၄ပေမှ ၄၈ပေ အကျယ်ချဲ့ ခြင်း ဆောင်ရွက်ရန် ရန်ပုံငွေတင်ပြတောင်းခံသွားမည် ဖြစ်ကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ နောက် ၃နှစ်ကာလအတွက် နှစ်အလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲထားပြီး ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရရှိသည့် ရန်ပုံငွေအပေါ်မူတည်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အကုန်တွင် ပြီးစီးမှုရာခိုင်နူန်းဖြင့် တင်ပြသွားရန် အစီအစဉ်ရှိပါကြောင်း ဖြေကြားသည်။
Yangon-Mandalay Expresswayအမျိုးသားလွတ်တော် ဒဿမပုံမှန်အစည်းအဝေး (၂၈)ရက်မြောက်နေ့ ကို ယနေ့ နံနက် ၁၀နာရီတွင် ကျင်းပပြီး လမ်း၊ တံတား၊ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးကဏ္ဍဆိုင်ရာ မေးခွန်းများ မေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်းတစ်ခု အတည်ပြုခြင်းတို့ ကို ဆောင်ရွက်ခဲ့ကြသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးမျိုးထွန်းအောင်၏ “ရန်ကုန်-မန္တလေး
ဆေးသိပ္ပံပညာမှတွေ့ရှိသော ဆင်တုံးမနွယ်
Photo: ဆေးသိပ္ပံပညာမှတွေ့ရှိသော ဆင်တုံးမနွယ်
Wednesday, July 16, 2014
၁၉၇၀ ပြည့်နှစ် အစောပိုင်းကာလတွေကစပြီး အနောက်တိုင်းဆေးပညာနယ်ပယ်မှာ စတီးရွိုက်မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ အသုံးများတွင်ကျယ်လာတာနဲ့ တစ်ပြိုင်နက် လူတွေရဲ့ အစာအိမ်ကိုပါ ဥပဒ်ပေးလာတယ်ဆိုတာကိုပါ ဆေးပညာရှင်တွေ သတိပြုလာမိခဲ့ကြတယ်။
တစ်ချိန်တည်းမှာပဲ ရိုးရာဆေးပညာမှာရှိတဲ့ အကိုက်အခဲနဲ့အရောင်ကျစေတဲ့ ဆေးပင်တွေကိုလည်း သိပ္ပံပညာရှင်တွေက စိတ်ဝင်စားလာခဲ့ကြတယ်၊ ဒီလိုနဲ့သူတို့ဟာ ဆေးဘက်ဝင်တဲ့အပင်တွေကို ရှာဖွေရင်းနဲ့ ဆင်တုံးမနွယ်အပင်ကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ လက်တင်ဘာသာစကားအရ ဆင်တုံးမ နွယ်ကို tinospora cordifolia လို့ခေါ်ပါတယ်။ အိန္ဒိယနိုင်ငံကတော့ guduchi လို့ခေါ်ပြီး အင်္ဂလိပ်လို ကတော့ heartleaf moonseed လို့ခေါ်တယ်။
နိုင်ငံတကာမှ ဆေးသိပ္ပံပညာရှင်တွေဟာ ဆင်တုံးမနွယ်မှာပါဝင်တဲ့ syringing and cordial ဒြပ်ပေါင်း တွေက ရောင်ရမ်းတာကိုဖြစ်ပေါ်စေတဲ့ Enyzme တွေကိုဟန့်တားနိုင်စွမ်းရှိတာကို သိခဲ့ကြတယ်။ အဆစ်အမျက်ရောင် ရောဂါအမျိုးမျိုးကို သက်သာစေတယ်၊ အထူးသဖြင့် rheumatoid arthritis ရောဂါတွေမှာဖြစ်ပေါ်လေ့ရှိတဲ့ morning stiffness ကိုလျော့ကျစေတယ်၊ ဒါတွင်မကပါဘူး။ အာသီး ရောင်တာ၊ အစာအိမ်ရောင်တာ၊ အသည်းရောင်တာ၊ ဆီးအိမ်ရောင်တာတို့ကို လျော့နည်းသက်သာစေ နိုင်တာကို လေ့လာမိခဲ့ကြတယ်။
ဆင်တုံးမနွယ်မှာပါဝင်တဲ့ antioxidant တွေက အခြားအရေးပါတဲ့ antioxidant နှစ်မျိုးဖြစ်တဲ့ glutathione နဲ့ vatimin-C တို့ကိုများပြားအောင် အကူအညီပေးတယ်၊ အသက်ကြီးတဲ့သူတွေ Antioxidant ကိုသုံးရင် အသက်ရှည်နုပျိုစေတယ်၊ ဒါကြောင့်လည်း အသက်ကြီးရင် ဆင်စီးပါလို့ မြန်မာတွေ ဆိုရိုးစကားရှိခဲ့တယ်၊ ဆင်စီးပါဆိုတာက အသက်ကြီးလာရင် ဆင်တုံးမနွယ်ကို မှီဝဲပါလို့ ဆိုလိုတာဖြစ်တယ်။
ဆေးပညာ လက်တွေ့နယ်ပယ်မှာတော့ ဆင်တုံးမနွယ်ရဲ့ ပင်စည်ဟာအသည်းရောင် အသားဝါရောဂါ အတွက်အလွန်အသုံးဝင်တာ တွေ့ရတယ်၊ အသည်းရောင်ခြင်းကို လျော့ကျစေသလို အသားဝါတာကို လည်းမြန်မြန်သက်သာစေတာတွေ့ရတယ်။ ဆင်တုံးမနွယ်ဟာ ခုခံအားစနစ်ရဲ့ အဓိကဖြစ်တဲ့ သွေးဖြူဥတွေပုံမှန် ထုတ်လုပ်ခြင်းကို အားပေးတာကို တွေ့ရတယ်။ ရိုးရာဆေးပညာရှင်တွေနဲ့ (Indian ayuedic medicine) ဆေးပညာရှင်တွေက ဆင်းတုံးမနွယ်ကို ဆီးချိုရောဂါမှာ ကျယ်ကျယ် ပြန့်ပြန့်သုံးတာ တွေ့ရတယ်။ ဆီးချိုရောဂါ သိပ်မရင့်သေးတဲ့သူတွေနဲ့ အစောပိုင်းကာလ ဆီးချိုဝေဒနာ ရှင်တွေအတွက် အသုံးပြုနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်တဲ့သတ္တိရှိလို့ ဆီးချိုဝေဒနာ ရှင်တွေအတွက် သတင်းကောင်းတစ်ခုပါ။
ဆင်တုံးမနွယ်ပင်စည် ၁ ဒသမ ၅ ဂရမ်ကို လူကြီးတစ်ယောက်အတွက် တစ်နေ့ကို သုံးကြိမ်ကနေ လေးကြိမ်အထိ သောက်နိုင်တယ်၊ ဒါပေမယ့်အရက်နဲ့တော့ တွဲမသောက်ရပါကြောင်း တင်ပြအပ်ပါ6တယ်။
မြန်မာ့အလင်းသတင်းစာ
ဇွန် (၁၅) ရက်၊ ၂၀၁၄ ခုနှစ်
၁၉၇၀ ပြည့်နှစ် အစောပိုင်းကာလတွေကစပြီး အနောက်တိုင်းဆေးပညာနယ်ပယ်မှာ စတီးရွိုက်မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ အသုံးများတွင်ကျယ်လာတာနဲ့ တစ်ပြိုင်နက် လူတွေရဲ့ အစာအိမ်ကိုပါ ဥပဒ်ပေးလာတယ်ဆိုတာကိုပါ ဆေးပညာရှင်တွေ သတိပြုလာမိခဲ့ကြတယ်။
တစ်ချိန်တည်းမှာပဲ ရိုးရာဆေးပညာမှာရှိတဲ့ အကိုက်အခဲနဲ့အရောင်ကျစေတဲ့ ဆေးပင်တွေ ကိုလည်း သိပ္ပံပညာရှင်တွေက စိတ်ဝင်စားလာခဲ့ကြတယ်၊ ဒီလိုနဲ့သူတို့ဟာ ဆေးဘက်ဝင်တဲ့အပင်တွေကို ရှာဖွေရင်းနဲ့ ဆင်တုံးမနွယ်အပင်ကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ လက်တင်ဘာသာစကားအရ
သိမ်းဆည်းလက်နက် ၃ သောင်းခွဲခန့် ထိုင်းစစ်တပ်ဖျက်ဆီး
Photo: သိမ်းဆည်းလက်နက် ၃ သောင်းခွဲခန့် ထိုင်းစစ်တပ်ဖျက်ဆီး
Wednesday, July 16, 2014
ထိုင်းအာဏာပိုင်တွေဟာ သိမ်းယူရရှိထားတဲ့ သောင်းနဲ့ချီတဲ့ လက်နက်တွေကို ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က ဖျက်ဆီးခဲ့ပါတယ်။ဘန်ကောက်မြို့စွန် စမွတ်ပရာကန်ခရိုင်မှာ ဖျက်ဆီးမယ့် သေနတ်အလက်ပေါင်း ၃ သောင်း ၄ ထောင်ကျော်ကို ခင်းကျင်းပြသခဲ့တာပါ။
ဒီလက်နက်တွေဟာ ၂၀၀၀ ပြည်နှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ရာဇ၀တ်မှုတွေကနေ သိမ်းဆည်းရမိတာတွေလို့ အာဏာပိုင်တွေက ပြောပါတယ်။
နိုင်ငံတလွှား မှောင်ခိုဈေးကွက်ထဲမှာ အဆုံးသတ်မယ့် ဘေးကနေ တားဆီဖို့ ဒီလက်နက်တွေကို ဖျက်ဆီးတာလို့လည်း ပြောပါတယ်။
လက်ရှိ ရဲချုပ် ၀ပ်ချရာပွန် ပရာစာန်ရတ်ချာကစ်က သူတို့တာဝန်ဟာ ထိုင်းနိုင်ငံတွင်း တရားမ၀င်လက်နက် အရေအတွက်ကို ကန့်သတ် လျော့ချဖို့လို့ ပြောပြီး သေနတ်အားလုံးကို သံမဏိ အရည်ကျိုစက်ထဲ ထည့်ပြီး သံမဏိပြန်ထုတ်ရာမှာ အသုံးချမှာပါ။
သံမဏိတန်ချိန် ၃၀၊ ထိုင်းဘတ်ငွေ ၃ သိန်းလောက် ရမယ်လို့ မျှော်လင့်ထားပါတယ်။ ဒီငွေတွေကိုတော့ သံမဏိချက်စက်ရုံမှာ ကိရိယာ တန်ဆာပလာတွေ သုံးဖို့ အတွက် ပြန်ပေးမယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
DVB TV News
ထိုင်းအာဏာပိုင်တွေဟာ သိမ်းယူရရှိထားတဲ့ သောင်းနဲ့ချီတဲ့ လက်နက်တွေကို ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က ဖျက်ဆီးခဲ့ပါတယ်။ဘန်ကောက်မြို့စွန် စမွတ်ပရာကန်ခရိုင်မှာ ဖျက်ဆီးမယ့် သေနတ် အလက်ပေါင်း ၃ သောင်း ၄ ထောင်ကျော်ကို ခင်းကျင်းပြသခဲ့တာပါ။
ဒီလက်နက်တွေဟာ ၂၀၀၀ ပြည်နှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ရာဇ၀တ်မှုတွေကနေ သိမ်းဆည်းရမိတာတွေလို့ အာဏာပိုင်တွေက ပြောပါတယ်။
အင်အားပြင်း Rammasun မုန်တိုင်းဒဏ် ဖိလစ်ပိုင်အသင့်ပြင်
Rammasun တိုင်ဖုန်းမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်ကမ်းရိုးတန်းဘက်ကို အင်္ဂါနေ့မှာ စတင် ဝင်ရောက်ခဲ့တာကြောင့် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။ မိုးသည်းထန်စွာရွာနေပြီး လေပြင်းတွေနဲ့အတူ တိုင်ဖုန်းမုန်တိုင်းဟာ မနီလာမြို့တော်ရှိရာဘက်ကို ဦးတည် တိုက်ခတ်နေပါတယ်။
မုန်တိုင်းဝင်မယ်လို့ ခန့်မှန်းထားတဲ့ ဗုဒ္ဓဟူးနေ့အတွင်း မနီလာမြို့တော်ထဲက အစိုးရရုံးတွေ၊ ကျောင်းတွေကို ပိတ်ထားဖို့ သမ္မတ Benigno Aquino က အမိန့်ထုတ်ထားပါတယ်။ အနောက်မြောက်ဘက်ကို
အသက်အန္တရာယ်ရှိသည့် ထိခိုက်ဒဏ်ရာရ လူနာများ မည်သည့် ဆေးရုံ၊ ဆေးခန်းတွင်မဆို ကုသနိုင်
Photo: အသက်အန္တရာယ်ရှိသည့် ထိခိုက်ဒဏ်ရာရ လူနာများ မည်သည့် ဆေးရုံ၊ ဆေးခန်းတွင်မဆို ကုသနိုင်
Wednesday, July 16, 2014
အသက်အန္တရာယ်စိုးရိမ် ရသော ထိခိုက်ဒဏ်ရာရလူနာ များကို ရဲစခန်း ဆေးစာမပါဘဲ မည် သည့်ဆေးရုံ၊ ဆေးခန်းများတွင် မဆိုကုသနိုင်ကြောင်း နေပြည် တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်မှ သတင်းရရှိသည်။
အရေးပေါ်ထိခိုက်ဒဏ်ရာ ရရှိသည့် လူနာများအား လက် ရှိတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း များက ရဲမှုခင်းဖြစ်စဉ်ဟုဆိုကာ လက်မခံဘဲ အစိုးရဆေးရုံကြီး များသို့ သွားရောက်ရန်သာညွှန် ကြားလျက်ရှိသည့် ကိစ္စနှင့် ပတ် သက်၍ နေပြည်တော်ရှိ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်တွင်ပြုလုပ်သော တရားခံ၊ တရားခံပြေးများ နှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံမှုခင်းဌာန ညွှန်ကြားရေးမှူး ရဲမှူးကြီး အုန်းခိုင်က မီဒီယာများအားပြောကြားသည်။
‘‘အမှန်ကတော့ ရဲဆေးစာ မပါလည်း လက်ခံကုသပေးနိုင်ပါ တယ်။ ဘယ်ဆေးရုံ၊ ဆေးခန်း တွေမှာမဆို ကုသပေးနိုင်ပါ တယ်။ဒီအတွက် တာဝန်ရှိသူတွေ ဆေးရုံဆေးခန်းတွေကို အရေးယူတာမရှိပါဘူး။ ဆေးရုံ၊ ဆေးခန်းက အချိန်နှင့် တစ်ပြေးညီရဲစခန်းကို သတင်းပေးရင် ရဲကလည်း ချက်ချင်းဆေးစာလုပ်ပေးရမှာ ဖြစ်ပါတယ်’’ဟု ရဲမှူးကြီး အုန်းခိုင်ကပြောသည်။
အရေးပေါ်ထိခိုက်ဒဏ်ရာရ ရှိ၍ ရောက်ရှိလာသည့် လူနာနှင့် ပတ်သက်၍ သက်ဆိုင်ရာဆရာ ၀န်က ဒဏ်ရာနှင့် ပတ်သက်သည့် ထင်မြင်ယူဆချက်ကို ဆေးစာနှင့် အတူဖြစ်စေ၊ သီးခြားစာရွက်နှင့် ဖြစ်စေ ရေးသား၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ပြန်လည်ပေးပို့ပေးရ မည်ဟု ၎င်းကဆိုသည်။
ထို့အပြင်အသက်ဘေးအန္တ ရာယ်စိုးရိမ်ရသော ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအား အချိန်မီ ဆေးကုသနိုင်ရေးနှင့် ပတ်သက်၍ ရဲအမှုအခင်းစစ်ဆေးဆောင်ရွက် ခြင်း၊ မှတ်တမ်းဓာတ်ပုံများ မတင် ရသေးသဖြင့် ထိတွေ့ကိုင်တွယ် ခြင်းမပြုလုပ်ရဆိုသည့်အယူအ ဆမှာလည်း မှားယွင်းသည့် အယူ အဆသာဖြစ်ပြီး ဥပဒေအရ တား မြစ်ပြဋ္ဌာန်းထားခြင်းမရှိကြောင်း နှင့် ကူညီကယ်ဆယ်ဆောင်ရွက် ပေးခြင်းဖြစ်၍ အရေးယူခြင်းမရှိ ကြောင်း သိရသည်။
အရေးပေါ်ထိခိုက်ဒဏ်ရာ ရရှိသူများအား ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင်လည်း ကုသနိုင် ပြီး ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပြီး ဖြစ်ကြောင်း လက်ရှိတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အသက်ဘေးအန္တရာယ်စိုးရိမ်ရသော ထိခိုက်ဒဏ်ရာရရှိသည့် လူနာများအား အချိန်မီဆေးကုသနိုင်ရေးအတွက် ကူညီစောင့် ရှောက်ပေးရေးဥပဒေကြမ်းကို ရေးဆွဲနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
7 Day daily
ယာဉ်တိမ်းမှောက်မှုတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
အသက်အန္တရာယ်စိုးရိမ် ရသော ထိခိုက်ဒဏ်ရာ ရလူနာ များကို ရဲစခန်း ဆေးစာ မပါဘဲ မည် သည့်ဆေးရုံ ၊ ဆေးခန်းများတွင် မဆို ကုသနိုင်ကြောင်း နေပြည် တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ်မှ သတင်းရရှိသည်။
အရေးပေါ်ထိခိုက်ဒဏ်ရာ ရရှိသည့် လူနာများအား လက် ရှိတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း များက ရဲမှုခင်းဖြစ်စဉ်ဟုဆိုကာ လက်မခံဘဲ
ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံရမည်စိုး၍ မြို့တွင်းခရီးသည်တင်ယာဉ်မောင်းအချို့ ယာဉ်မထွက်ရဲကြ
Photo: ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံရမည်စိုး၍ မြို့တွင်းခရီးသည်တင်ယာဉ်မောင်းအချို့ ယာဉ်မထွက်ရဲကြ
Wednesday, July 16, 2014
ရန်ကုန်မြို့တွင်း ခရီး သည်တင်ယာဉ်များ ယာဉ်စည်း ကမ်းဖောက်ဖျက်ပါက ခြောက်လမှ လေးနှစ်အထိ လိုင်စင်ပိတ်သိမ်း အရေးယူသဖြင့် မြို့တွင်းပြေးဆွဲ နေသော ခရီးသည်တင်ယာဉ်အချို့ မပြေးဆွဲကြ၍ ခရီးသည်များ အ ဆင်မပြေဖြစ်နေကြောင်း သတင်းရရှိသည်။
‘‘လှိုင်သာယာကနေ ဆူးလေရောက်ဖို့အတွက် နှစ်နာရီခွဲ လောက်ကားစီးရတယ်။ ကား တစ်စီးလာဖို့အတွက် တော်တော် စောင့်ရတယ်။ လာပြန်ရင်လည်း ကျပ်ညပ်နေတာပဲ။ အလုပ်ချိန်မမီမှာစိုးလို့သာစီးရတာ။ လူက အသက်တောင်မနည်းရှူနေရတယ်’’ ဟု လှိုင်သာယာမှ ဆူးလေသို့ အလုပ်သွားသူကိုစိုးနိုင်ကပြော သည်။ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က ရန်ကုန်မြို့ တွင်းပြေးဆွဲလျက်ရှိသည့် ခရီး သည်တင်ယာဉ်လိုင်းများ လမ်း စည်းကမ်းဖောက်ဖျက်ပါက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လိုင်စင်ကို ခြောက်လမှ လေးနှစ် အထိ ပိတ်သိမ်းအရေးယူသွား မည်ဟု ဇူလိုင် ၁၁ ရက်က ကြေ ညာခဲ့သည်။ ဇူလိုင် ၁၄ ရက် အထိ ယာဉ်မောင်းများကို အရေးယူမှု တစ်ရာကျော်ရှိပြီး ၎င်းတို့အားလုံး ကို လိုင်စင်ခြောက်လပိတ်ပင် မည်ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲရုံးမှ ဒုရဲမှူးကြီးလင်းထွဋ်ကပြောသည်။
ခရီးသည်တင်ယာဉ်လိုင်း များမှ ယာဉ်မောင်းများမှာ လိုင် စင်ပိတ်သိမ်းခံရမည့် အရေးကို စိုးရိမ်သည့်အတွက် ယာဉ်ပိုင်ရှင် များက ပြေးဆွဲခိုင်းသော်လည်း မပြေးဆွဲကြဟု ယာဉ်ပိုင်ရှင်က ပြောသည်။
‘‘အခုထုတ်ထားတဲ့ ဥပဒေ က အရမ်းပြင်းထန်လွန်းတယ်။ ယာဉ်မောင်းတွေက လိုင်စင် အ သိမ်းခံရမှာစိုးတဲ့အတွက် မမောင်းကြဘူး။ အခုဆိုရင် လိုင်းတစ်လိုင်းမှာ ယာဉ်တစ်ဝက်လောက်ပဲ ထွက်တယ်။ ထွက်တဲ့ယာဉ်တွေ ကလည်း အရာရှိပိုင်ယာဉ်တွေပဲ ထွက်ကြတယ်’’ဟု(၁၂၄) ယာဉ် လိုင်းမှ ယာဉ်ပိုင်ရှင် ဦးခင်မောင် ၀င်းကပြောသည်။
ခရီးသည်တင်ယာဉ်လိုင်း များမှ ယာဉ်မောင်းများသည် မြို့ တွင်းခရီးသည်တင်ယာဉ်များတွင် မောင်းနှင်ခြင်းမရှိတော့ဘဲ အဝေး ပြေးယာဉ်လိုင်းများသို့ ပြောင်းရွှေ့မှုများရှိနေပြီး အချို့ယာဉ်မောင်း များမှာလည်း ကုန်တင်ယာဉ် ပြောင်းလဲမောင်းနှင်နေသည့်အ တွက် နောက်ပိုင်းတွင် မြို့တွင်း မောင်းနှင်မည့် ယာဉ်မောင်းများ ရှားပါးလာနိုင်သည်ဟု အဆိုပါ ယာဉ်ပိုင်ရှင်ကပြောသည်။
‘‘နေ့တိုင်းသွားလာနေရ တာ။ ဒီကားတွေကမထွက်တော့ ဘာနဲ့ သွားရမှာလဲ။ လာတဲ့ ကား ကျပြန်တော့လည်း လူကို ငါးပိသိပ်သလိုတင်တယ်။ ရုံးတက်ရုံးဆင်း အချိန်တွေဆို ပိုဆိုးတယ်။ တက္က စီလည်း မစီးနိုင်တော့ လိုင်းကား မလာမချင်း စောင့်စီးနေရတယ်’’ ဟု ရွှေပြည်သာမြို့နေ မသီတာက ပြောသည်။
ဇူလိုင် ၁၄ ရက်တွင်ခရီးသည်တင်ယာဉ်လိုင်းများ မပြေးဆွဲခဲ့ သဖြင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာရေးအ ခက်အခဲဖြစ်ခဲ့ပြီး ရန်ကုန်အ နောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ စီစဉ်မှုဖြင့် ကျောင်းရှေ့မှ သမကုန်းအထိ အခမဲ့လိုက်လံပို့ဆောင်ပေးကာ အကူအညီပေးခဲ့ရသည်ဟု သိရ သည်။
‘‘ယာဉ်မောင်းတစ်ယောက် ကို လိုင်စင်ခြောက်လပိတ်မယ်ဆို တော့ ယာဉ်မောင်းတွေက မမောင်းရဲကြဘူး။ အဲဒီတော့ ယာဉ်တွေ မထွက်နိုင်ဘူး။ အဖမ်း ခံရတဲ့ ယာဉ်မောင်းက ခြောက်လ လောက်ဘာအလုပ်သွားလုပ်ရ မှာလဲ။ ယာဉ်မောင်းတွေရဲ့ ထမင်းစားလက်မှတ်ကို သိမ်းမှာတော့ ဘယ်သူမှ မောင်းကြမှာ မဟုတ် ဘူး’’ဟု(၃၃၃)ယာဉ်လိုင်းမှ ယာဉ် မောင်းတစ်ဦးကပြောသည်။
ရန်ကုန်မြို့တွင်းပြေးဆွဲ သည့် ၃၉၊ ၄၈၊ ၃၃၃၊ ၃၉(အထူး) ၈၈(သန်မြန်သူ)၊ ၅၁၊ ၃၄၊ မေတ္တာလှိုင်း၊ ၁၂၄ အစရှိသည့် ယာဉ်လိုင်းများမှ ယာဉ်များသည် ဇူလိုင် ၁၁ ရက်မှစကာ အနည်း ငယ်သာ ပြေးဆွဲလျက်ရှိပြီး နောက်ရက်များတွင်လည်း ယာဉ် လိုင်းများမှ ယာဉ်မောင်းများ သပိတ်မှောက်သည့်အနေဖြင့် ယာဉ်လိုင်းများမထွက်ရန် စီစဉ် နေကြသည်ဟု ၃၆ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်ကိုကျော်နိုင်က ပြောသည်။
7 Day Daily
ယာဉ်ကြောရှုပ်ထွေးသည့် ရန်ကုန်မြို့ ဗဟိုလမ်းဝန်းကျင်တွင် လိုင်းကားများ မောင်းနှင်နေစဉ်(ဓာတ်ပုံ−နစ်ကီ)
ရန်ကုန်မြို့တွင်း ခရီး သည်တင်ယာဉ်များ ယာဉ်စည်း ကမ်းဖောက်ဖျက် ပါက ခြောက်လမှ လေးနှစ်အထိ လိုင်စင်ပိတ်သိမ်း အရေးယူသဖြင့် မြို့တွင်းပြေးဆွဲ နေသော ခရီးသည်တင်ယာဉ်အချို့ မပြေးဆွဲကြ၍ ခရီးသည်များ အ ဆင်မပြေဖြစ်နေကြောင်း သတင်းရရှိသည်။
‘‘လှိုင်သာယာကနေ ဆူးလေရောက်ဖို့အတွက် နှစ်နာရီခွဲ လောက်ကားစီးရတယ်။ ကား
Adidas အားကစားကုမ္ပဏီနှင့် မန်ယူအသင်းတို့ ကမ္ဘာ့စံချိန်တင်ကြေးဖြစ်သည့် ပေါင် သန်း ၇၅ဝတန် စာချုပ်ချုပ်ဆိုခဲ့
Photo: Adidas အားကစားကုမ္ပဏီနှင့် မန်ယူအသင်းတို့ 
ကမ္ဘာ့စံချိန်တင်ကြေးဖြစ်သည့် ပေါင် သန်း ၇၅ဝတန် စာချုပ်ချုပ်ဆိုခဲ့
Wednesday, July 16, 2014
ပရီးမီးယားလိဂ်ထိပ်သီးကလပ် အသင်းကြီးဖြစ်သည့် မန်ယူအသင်း သည် ၁၃နှစ်ကျော်ကြာ လက်တွဲခဲ့ သည့် အမေရိကန်အားကစား ကုမ္ပ ဏီ Nike နှင့် ရာသီကုန်တွင် လမ်းခွဲ ရန်ဆုံးဖြတ်ခဲ့ပြီးနောက် ဂျာမနီ အားကစားကုမ္ပဏီ Adidas နှင့် ကမ္ဘာ့စံချိန်တင်ဂျာစီစပွန်ဆာကြေး ဖြစ်သည့် ပေါင်သန်း၇၅ဝဖြင့် စာ ချုပ်သစ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ 
မန်ယူအသင်းသည် လက်ရှိ ၂ဝ၁၄- ၂ဝ၁၅ ဘောလုံးရာသီတွင် Nike ကုမ္ပဏီထုတ် ဂျာစီအင်္ကျီကို ဝတ်ဆင် သွားမည်ဖြစ်ပြီး ဂျာစီသစ်မိတ်ဆက် မှုကို ပြီးခဲ့သည့် ဇူလိုင်၇ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
လက်ရှိအချိန်တွင် ဂျာစီစပွန် ဆာကြေး အများဆုံးရရှိနေသည့် စပိန်လာလီဂါကလပ် ရီးရဲလ်မက် ဒရစ်အသင်းသည် တစ်နှစ်လျှင် ပေါင် ၃၁ သန်းသာရရှိနေခဲ့ခြင်းကြောင့် မန်ယူအသင်းအနေဖြင့် လာမည့်ရာ သီသစ်တွင် ကမ္ဘာပေါ်၌ ဂျာစီစပွန် ဆာကြေး အများဆုံးရရှိသည့်အ သင်းဖြစ်လာမည်ဖြစ်သည်။ 
Adidas အားကစားကုမ္ပဏီ သည် လာမည့် ၂ဝ၁၅-၁၆ ဘော လုံးရာသီသစ်တွင် မန်ယူအသင်း ကို ဂျာစီအင်္ကျီစပွန်ဆာပေးရန် ဆုံး ဖြတ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် တွင် ၇ သင်းမြောက်အဖြစ် စပွန် ဆာပေးခြင်းဖြစ်လာမည်ဖြစ်သည်။ 
လက်ရှိအချိန်တွင် ပရီးမီးယားလိဂ် ၌ Adidas ကုမ္ပဏီသည် ချဲလ်ဆီး၊ ဆွမ်ဆီး၊ ဆန်းဒါးလန်း၊ ဝက်စ်ဘ ရွန်း၊ ဝက်စ်ဟမ်း၊ ဟားလ်စီးတီးအ သင်းများနှင့် ဂျာစီစပွန်ဆာအဖြစ် စာချုပ်ချုပ်ဆိုထားသည်။
Adidas အားကစားကုမ္ပဏီ သည် မန်ယူအသင်းအား ယင်းကဲ့ သို့ စံချိန်တင်ကြေးဖြင့် ဂျာစီစပွန် ဆာပေးရန်ဆုံးဖြတ်ခဲ့ခြင်းမှာ နည်း ပြသစ်ဖြစ်လာမည့် လူးဝစ်ဗန်ဟားလ် ကြောင့်ဖြစ်နိုင်ကြောင်း သုံးသပ် သူအချို့မှ သုံးသပ်ခဲ့ကြသည်။
WKM
Yangon Media Group
 ပရီးမီးယားလိဂ်ထိပ်သီးကလပ် အသင်းကြီးဖြစ်သည့် မန်ယူအသင်း သည် ၁၃နှစ်ကျော်ကြာ လက်တွဲခဲ့ သည့် အမေရိကန်အားကစား ကုမ္ပ ဏီ Nike နှင့် ရာသီကုန်တွင် လမ်းခွဲ ရန်ဆုံးဖြတ်ခဲ့ပြီးနောက် ဂျာမနီ အားကစားကုမ္ပဏီ Adidas နှင့် ကမ္ဘာ့စံချိန်တင် ဂျာစီစပွန်ဆာကြေး ဖြစ်သည့် ပေါင်သန်း ၇၅ဝဖြင့် စာ ချုပ်သစ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် လက်ရှိ ၂ဝ၁၄- ၂ဝ၁၅ ဘောလုံးရာသီတွင် Nike ကုမ္ပဏီထုတ် ဂျာစီအင်္ကျီကို ဝတ်ဆင် သွားမည်ဖြစ်ပြီး
ညအမှောင်ကို ပြည်သူ့ရဲတို့ ဘာကြောင့်ကြိုက်
မှုခင်းဖြစ်စဉ်များတွင်သာမဟုတ် နိုင်ငံအနှံ့ဖြစ်ပွားနေသည့် ပြဿနာများ၌ ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ပြီးဖြေရှင်းရာတွင်ညအမှောင်ကို ရွေးချယ်ဆောင်ရွက်ခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ မည်သည့်အတွက်ကြောင့် ညအချိန်ကို ရွေးချယ်အသုံးပြုကြသနည်း။ သံသယရှိသူ လွတ်မြောက်သွားမည်
ရှမ်းတောင်သူတွေအရေး လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်း
Photo: ရှမ်းတောင်သူတွေအရေး လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်း
Wednesday, July 16, 2014
ရှမ်းပြည်နယ် ကျေးသီးမြို့နယ်မှာ အစိုးရနဲ့ SSPP/SSA တို့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ဒေသ ခံတွေ ပြန်လည်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ကူညီပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်းက ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွားခဲ့ပါတယ်။
အဲ့ဒီအဆိုအပေါ် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က တပ်မတော်အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်နိုင်အောင် ကြိုးစားမယ်လို့ အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။
"တပ်မတော်အနေနဲ့ ဒေသခံလုပ်သားပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်စားသောက်ပြီး လူနေမှုဘဝမြှင့် တင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်၊ ကျေးလက်ဒေသပြည်သူများ ဒုက္ခရောက်မယ့် စစ်ဆေးလှုပ်ရှားမှုားကို အတတ်နိုင်ဆုံးရပ်တန့်းအောင် ကြိုးပမ်းဆောင်ရွက်ရေး၊ စစ်ကြောင်းများ စစ်ဘေးရှောင် တိုင်းရင်းသားများ ငြိမ်းချမ်းစွာ ပြန်လည်နေထိုင်စားသောက်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ တပ်မတော်က ကူညီဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်"
တပ်မတော်အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေအတိုင်း လိုက်နာသွားမှာ ဖြစ်ကြောင်းလည်း ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါတဲ့ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း လေးစား လိုက်နာဖို့ လိုအပ်ကြောင်းလည်း ဒုတိယ၀န်ကြီး ပြောကြားခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ SSPP/SSA ၀မ်ဟိုင်းအဖွဲ့တို့ စစ်ရေးလှုပ်ရှား မှုတွေကြောင့် ဇူလိုင်လဆန်းက ဒေသခံပြည်သူ ၂၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း အဆိုတင်သွင်းသူ ဦးစိုင်းအွမ်ဆိုင်မိုင်းက ပြောကြားခဲ့ပါတယ်။
RFA
ရှမ်းပြည်နယ် ကျေးသီးမြို့နယ်မှာ အစိုးရနဲ့ SSPP/SSA တို့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ဒေသ ခံတွေ ပြန်လည်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ကူညီပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်းက ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွားခဲ့ပါတယ်။
ကြိုတင် သတိပေးခြင်းဖြင့် စိတ်နဲ့ ထိန်းကြောင်းမှု
ယနေ့ ဒီဂျစ်တယ်ခေတ်ဖြစ်သည့်နဲ့ အညီ ကွန်ပျူတာ၊ စမတ်ဖုန်း အစရှိတဲ့ ခေတ်ပေါ် နည်းပညာကရိယာတွေနဲ့ဘတ်စ်ကားစောင့်တဲ့ အချိန်ကအစ အလစ်မပေးပဲ နောက်ဆုံးပေါ် သတင်းတွေကို ရယူနေကြတဲ့ ခေတ်မှာ Information overload လို့ခေါ်တဲ့ ဦးနှောက်ကို ရူပ်ထွေးခြင်း (သို့) ဦးနှောက်မှတ်ဥာဏ်ဝန်ပိခြင်း ဆိုတဲ့ အကြောင်းအရာတစ်ရပ်က နေ့စဉ်နေ့တိုင်း လူတိုင်းနီးပါးမှာ ဖြစ်ပေါ်လျက်ရှိလာပါတယ်။ ထို ဖြစ်ရပ်ဟာ သာမန်ကြည့်ရင် ဘာမှမဆိုနိင်ပေမဲ့ စိတ်ဓာတ်ကို ဖိအား သက်ရောက်တဲ့Stress ပိတဲ့ရောဂါ နဲ့ဆက်နွယ်ကာ ရောဂါတစ်ခုအဖြစ် တိုးပွားလာလျက် ရှိတဲ့ကဏ္ဍ
ကာကွယ်မနှေး စမ်းသပ်ပေး
ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ် များတဲ့ ကင်ဆာရောဂါတစ်မျိုး ဖြစ်တဲ့အတွက်ကြောင့် တချို့ အမျိုးသမီးတွေဟာ ရင်သား ကင်ဆာ ဖြစ်မှာကို အလွန်အကျွံ စိုးရိမ်ပူပန် တတ်ကြပါတယ်။
ဒါပေမဲ့ ရင်သားမှာအဖု၊ အကျိတ်၊ အသီး၊ အရည်အိတ်စတာတွေ ဖြစ်ပေါ်တိုင်း ကင်ဆာဖြစ်ပြီလို့ အလွန်အကျွံ မစိုးရိမ်ပါနဲ့။ ဖြစ်နိုင်တဲ့ အကြောင်းရင်း တွေက အများအပြားရှိတာကြောင့်ပါ။
ရင်သားကင်ဆာဟာ သွေးဆုံးပြီး အမျိုးသမီးတွေ၊ မိသားစု မျိုးရိုးမှာ ရင်သား ကင်ဆာ ရောဂါ
ရှမ်းပြည်နယ်အတွင်း တပ်မတော်စစ်ကြောင်းများနှင့် SSPP/SSA တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံပြည်သူများ လုံခြုံမှုမရှိ၍ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ပေးရန် လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်း
Photo: ရှမ်းပြည်နယ်အတွင်း တပ်မတော်စစ်ကြောင်းများနှင့် SSPP/SSA တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံပြည်သူများ လုံခြုံမှုမရှိ၍ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ပေးရန် လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်း
Wednesday, July 17, 2014
ရှမ်းပြည်နယ် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်အတွင်းရှိ ဝမ်ဝပ်ကျေးရွာအုပ်စု၊ ဝမ်ဝပ်ကျေးရွာ တာဖာဆောင်တံတားတွင် တပ်မတော်စစ်ကြောင်းများနှင့် SSPP/SSA တို့၏ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူများမှာ လုံခြုံမှုမရှိသည့်အတွက် နီးစပ်ရာ ဝမ်ဝပ်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသောကြောင့် စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ပေးရန် အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။
အရေးကြီးအဆိုအား ရှမ်းပြည်နယ် ကျေးသီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်းက နေပြည်တော်တွင် ဇူလိုင် ၁၅ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့၌ တင်သွင်းခဲ့ခြင်းဖြစ်သည်။
စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံပြည်သူများသည် မိမိ၏ရွာတွင် လုံခြုံမှုမရှိတော့သဖြင့် စစ်ဘေးရှောင်ပြည်သူများအဖြစ် စားဝတ်နေရေး အခက်အခဲ၊ ကျန်းမာရေး အခက်အခဲ၊ ပညာရေး အခက်အခဲနှင့် စိုက်ပျိုးရာသီကာလ ဖြစ်သည်နှင့်အညီ စိုက်ပျိုးလုပ်ကိုင်ရန် အခက်အခဲဒုက္ခ အမျိုးမျိုး ကြုံတွေ့နေရ၍ နီးစပ်ရာ ဝမ်ဝပ်ဘုန်းကြီးကျောင်းသို့ သွားရောက်ခိုလှုံနေရကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်းက ဆိုသည်။
ထိုသို့ စစ်ရေးလှုပ်ရှားမှုများကြောင့် ဝမ်ဝပ်ကျေးရွာအုပ်စု တာဖာဆောင်တံတား ပတ်ဝန်းကျင်ရှိ ဝမ်ဝပ်၊ ဖာဆောင်၊ ငူးလိန်၊ လွယ်ခေါ်ကျေးရွာများရှိ ဒေသခံ စစ်ဘေးရှောင်ဒုက္ခသည် ၂ဝဝ ကျော်နှင့် ရဟန်းသံဃာတော် ၅၂ ပါးအထိ ရှိနေပြီးဖြစ်သည့်အတွက် စစ်ရေးလှုပ်ရှားမှုမှာ ကာလရှည်ကြာသွားလျှင် စားဝတ်နေရေး အခက်အခဲ ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
အရေးကြီးအဆိုနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ဝမ်ဝပ်ကျေးရွာအုပ်စု နယ်မြေသည် အစိုးရတပ်မတော် စစ်ကြောင်းများ နယ်မြေစိုးမိုးရေး ဆောင်ရွက်လျက်ရှိသည့် နယ်မြေဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
SSA ဝမ်ဟိုင်းအဖွဲ့နှင့် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက် တောင်ကြီးမြို့၌ ပြုလုပ်ခဲ့သည့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ နှစ်ဦးနှစ်ဖက် သဘောတူညီထားသော နယ်မြေများမှအပ နယ်မြေကျော်လွန် လက်နက်ကိုင်ဆောင် သွားလာမှုများကို နှစ်ဦးနှစ်ဖက် ကြိုတင်ညှိနှိုင်းပြီးမှ ဆောင်ရွက်သွားမည်ဟူသောအချက်ကို လိုက်နာမှုမရှိကြောင်း ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။
ဆက်လက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကျော်ညွန့်က “လောလောဆယ် စစ်ရေးနည်းလမ်းဖြင့် တုံ့ပြန်ဖြေရှင်းခြင်း မရှိသေးဘဲ သတ်မှတ်ထားသည့် နေရာများသို့ ပြန်လည်ဆုတ်ခွာပေးရန် အကြောင်းကြားပြီး ဖြစ်သည့်အပြင် လုံလောက်သည့် အချိန်ကိုလည်း သတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်။ ၎င်းတို့၏ သတ်မှတ်နေရာတွင် ပြန်လည်နေထိုင်ပြီး သဘောတူညီချက်များကို လိုက်နာဆောင်ရွက်ပါက စစ်ရေးလှုပ်ရှားမှုကြောင့် အခက်အခဲ ရောက်နေကြသော ဒေသခံရွာသားများ အနေဖြင့် သက်ဆိုင်ရာ ကျေးရွာများသို့ အချိန်မရွေး ပြန်လည်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်” ဟုဆိုသည်။
အရေးကြီးအဆိုအား ထောက်ခံဆွေးနွေးခဲ့သည့် ရှမ်းပြည်နယ်၊ ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက “ကျောင်းသား၊ ကျောင်းသူများ ပညာရေးကဏ္ဍတွင် ထိခိုက်နစ်နာနေပါတယ်။ ဝမ်ဝပ်ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် စားဝတ်နေရေး အကူအညီ အရေးတကြီး လိုအပ်နေပါတယ်။ နေရပ်ကို အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေး အမြန်ဆုံးလုပ်ပေးရန် လိုအပ်နေပါတယ်” ဟု ပြောကြားသည်။
ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ရှိ တာဖာဆောင်ဒေသတွင် မြန်မာ့တပ်မတော် စစ်ကြောင်းများနှင့် SSPP/SSA (ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်) တို့၏ စစ်ရေးလှုပ်ရှားမှုများသည် ဇွန် ၂၆ ရက်မှ ယနေ့အထိ ဖြစ်ပွားနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ပြောကြားသည်။
၎င်းအရေးကြီးအဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယခုကဲ့သို့ဖြစ်စဉ်မျိုး ကြားသိရသည့်အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြောင်း၊ ဒေါ်နန်းဝါနုအနေဖြင့် ဆွေးနွေးရာတွင် တော်လှန်ရေးတပ်များဆိုသည့် စကားရပ်အစား လက်နက်ကိုင်တပ်များဟု သုံးနှုန်းသင့်ကြောင်း ပြောကြားသည်။
ထို့နောက် အဆိုကို လွှတ်တော်ဆုံးဖြတ်ချက်အရ မှတ်တမ်းတင်ခဲ့ပြီး အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ လွှတ်တော်မှ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
ဇူလိုင် ၁၅ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွမ်ဆိုင်မိုင်း တင်သွင်းစဉ်
Eleven Media Group
ရှမ်းပြည်နယ် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် အတွင်းရှိ ဝမ်ဝပ်ကျေးရွာအုပ်စု၊ ဝမ်ဝပ်ကျေးရွာ တာဖာဆောင်တံတားတွင် တပ်မတော်စစ်ကြောင်းများနှင့် SSPP/SSA တို့၏ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူများမှာ လုံခြုံမှုမရှိသည့်အတွက် နီးစပ်ရာ ဝမ်ဝပ်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသောကြောင့် စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ပေးရန် အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။
အရေးကြီးအဆိုအား ရှမ်းပြည်နယ် ကျေးသီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရန်ကုန်မြို့ ရပ်ကွက်အချို့ ရေပြန်မကျ၍ နေထိုင်ရေး အခက်ကြုံ
Photo: ရန်ကုန်မြို့ ရပ်ကွက်အချို့ ရေပြန်မကျ၍ နေထိုင်ရေး အခက်ကြုံ
Wednesday, July 17, 2014
ရန်ကုန်မြို့ ရွှေပေါက်ကံရှိ ရပ်ကွက်တစ်ခုတွင် ရေမြုပ်နေသည့် ဈေးဆိုင်တန်းကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − သူရကျော်)
ရန်ကုန်တိုင်းဒေသကြီး ရပ်ကွက်အချို့တွင် ရေကြီးရေလျှံ နေဆဲဖြစ်ပြီး ရေထပ်မံတက်နိုင် သည့်အလားအလာ ရှိနေသဖြင့် နေထိုင်ရန် အခက်အခဲကြုံတွေ့ နေကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်း အတွင်းရှိ မြောက်ဥက္ကလာပ (၂)ရပ်ကွက်၊ ရွှေပေါက်ကံ၊ တောင်ဥက္ကလာပ၊ ငမိုးရိပ်ချောင်းနှင့်အနီးတစ်ဝိုက် ဘေလီ၊ သာကေတစသည့်မြို့ နယ်များတွင် မြစ်ရေ၊ ချောင်းရေ တက်မှုကြောင့် ရေကြီးရေလျှံကာ သွားလာရေး အခက်အခဲဖြစ် လျက်ရှိသည်။
‘‘ရေမြုပ်တာလေးရက်ရှိပြီ။ အိမ်အပေါ်ထပ်မှာ တက်နေရ တယ်။ အဖေဆို အသက်(၉၉)နှစ် ရှိပြီ ဒီမနက်ပဲ ဆေးခန်းသွားဖို့ ကို ရေထဲကဖြတ်ပြီး ကုန်းပိုးပြီး သွားရတယ်’’ဟု ရွှေပေါက်ကံနေ ဦးဒေါင်းကပြောသည်။
ရပ်ကွက်တွင်းအိမ်များ၌ ရေတက်နေမှုကြောင့် လေဖြတ် သူအချို့ရှိလာပြီး အသက်ကြီးသူ များနှင့် အသက် ၃၀ အရွယ် လူလတ်ပိုင်းများ ပါဝင်သည်ဟု သိရ သည်။ နှစ်စဉ် ရေနစ်မြုပ်လေ့ရှိသော်လည်း ယခုရက်ပိုင်းရေကြီး မှုမှာ အဆိုးဆုံးဖြစ်ကာ အစိုးရ ဌာနဆိုင်ရာများမှ အကူအညီများမရဟုဆိုသည်။
‘‘ရေက တစ်လကို နှစ်ခါ လောက်တက်တယ်။ ခုရေကျတာ တောင် အိမ်ကမြုပ်တုန်း။ ခုညနေ ဆို ရေထပ်တက်လာဦးမယ်တဲ့။ လူကြီးရပ်မယ်ဆိုရင် ရင်ဘတ်ထိ ရှိတယ်’’ဟု ဦးဒေါင်းကပြောသည်။ ရေတက်မှုကြောင့် ရပ်ကွက် တွင်းရှိ ကျောင်းများလည်းပိတ် ထားရပြီး ရပ်ကွက်တွင်းနေထိုင် သူ ကလေးငယ်များမှာ ဖျားနာ၊ တုပ်ကွေးများအဖြစ်များကြောင်း ယင်းရပ်ကွက်နေ ဦးမြင့်အေးက ပြောသည်။
‘‘ရေတက်နေတဲ့ လမ်းတွေ မှာ သွားရင်းလာရင်းမြွေတွေ တွေ့ တယ်။ ကလေးတွေအတွက် မြွေ ပါးကင်းပါးစိုးရိမ်တယ်။ကျန်းမာ ရေးစိုးရိမ်တယ်။ နှစ်တိုင်းဖြစ်နေ တော့ ဒီလိုပဲနေရတာပေါ့’’ဟု ရေ ကြီးရေလျှံမှု ဖြစ်ပေါ်နေသောနေ ရာတွင် နေထိုင်သူအိမ်ရှင်မတစ် ဦးကဆိုသည်။
ငမိုးရိပ်ချောင်းအနီးရှိ အိမ် ခြေတစ်ထောင်ကျော်ရှိသော ရွှေ ပေါက်ကံမြို့နယ် ၁၀ ရပ်ကွက်၊ ၁၁/၁ ရပ်ကွက်၊ ၁၁/၂ရပ်ကွက် တို့တွင် ရေနစ်မြုပ်နေပြီး ယခုနှစ် တွင် ရေကြီးမှုမှာ အဆိုးရွားဆုံး အခြေအနေဖြစ်သည်ဟုသိရသည်။
‘‘မနေ့ညကတည်းက ရေ တွေတက်တာပါ။ ဒီနေ့ မနက်ပိုင်း ကပိုပြီးတက်လာတယ်။ ရေတက် လာတာသုံးရက်ရှိသွားပြီ။ ပြန်ကျ တာမရှိဘူး။ လမ်းတွေပေါ်နဲ့အိမ် တွေပေါ်အထိ ရေတက်တာပါ။ ခြေတံရှည်တဲ့ အိမ်တွေဆို တော်သေးတယ်။ တချို့ဆိုအိမ် တွေပေါ်ရေတက်မှာကို စိုးရိမ်လို့ တစ်ညလုံးမအိပ်ဘဲထိုင်စောင့်နေ ရတာတွေရှိတယ်။ ချောင်းလက် တက်ဖြစ်တဲ့ ချောင်းလက်တက် နှစ်ခုကြားမှာ ရှိနေတဲ့အတွက် ရေ ပိုတက်တာပါ။ လပြည့်လကွယ် ဆို ရေတက်နေကြပါ။ ခါတိုင်းဝါ ထပ်တဲ့နှစ်ဆို ရေတက်တာ။ အခု ၀ါမထပ်ဘဲနဲ့ကို ရေကအဆမတန် တက်နေတာပါ’’ဟု ရွှေပေါက်ကံ ၁၂ ရပ်ကွက်နေ ဒေါ်စန်းအေးက ပြောသည်။
ရန်ကုန်မြို့ ရွှေပေါက်ကံရှိ ရပ်ကွက်တစ်ခုတွင် ရေမြုပ်နေသည့် ဈေးဆိုင်တန်းကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − သူရကျော်)
7Day Daily
ရန်ကုန်မြို့ ရွှေပေါက်ကံရှိ ရပ်ကွက် တစ်ခုတွင် ရေမြုပ်နေသည့် ဈေးဆိုင် တန်းကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − သူရကျော်)
ရန်ကုန်တိုင်းဒေသကြီး ရပ်ကွက် အချို့တွင် ရေကြီးရေလျှံ နေ ဆဲဖြစ်ပြီး ရေထပ်မံတက်နိုင် သည့်အလားအလာ ရှိနေသဖြင့် နေထိုင်ရန် အခက် အခဲကြုံတွေ့ နေကြောင်း သတင်းရရှိသည်။
နှလုံးခုန် ရုတ်တရက် ရပ်တန့်စေတဲ့ ရောဂါ
Photo: နှလုံးခုန် ရုတ်တရက် ရပ်တန့်စေတဲ့ ရောဂါ
Wednesday, July 16, 2014
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်း မဟုတ်ပဲ
နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။
တရုတ်လူမျိုး နဲ့ ဂျပန်လူမျိုးတွေဟာ ထမင်းစားနေစဉ်မှာ ရေနွေးသောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ခုချိန်မှာ တော့ သူတို့ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့ အထကိုရတီတို့တွေပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။
ခုဆောင်းပါးလေး က တော့ ထမင်းစားပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက်တော့ သက်ရောက်မှု ရှိပါတယ်။ တကယ်တော့ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော်လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ က နေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့ အစာတွေ ကို ဆီခဲ တွေ လို အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့အဖတ်တွေကလဲ အက်စစ် အဖြစ် တုံ့ပြန်ပြီးတော့ အဲဒါတွေ ကို ဖြိုခွဲပြီးတော့ အူနံရံတွေကနေပြီး အခဲအစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲဒါ တွေ ဟာအူထဲ မှာ သွားပြီးတော့ စီတန်းနေပါပြီ ။ မကြာခင်ပဲ အဲဒါ တွေဟာ
အဆီခဲ အဖြစ်ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါကို ဖြစ်စေ ဖို့ ဦးတည်နိုင်ပါတယ်။
အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ်
ရေနွေးဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။
( အရေးကြီးတဲ့ နှလုံးခုန် ရုတ်တရက်
ရပ်တာမျိုး) သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက် ရပ်တန့်တဲ့ လက္ခဏာတွေအားလုံးမှာ ဘယ်ဖက်လက်မောင်းကိုက် ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက်
နာကျင်လာခြင်းဟာလဲ သတိထားသင့်ပါတယ်။)
(နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာတော့ သင်ဟာ ဘယ်တော့မှ ပထမရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ ဖျားနာခြင်းနဲ့
ချွေးထွက်လွန်ခြင်း တွေဟာလည်း အများဆုံး လက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော
နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး ပြန်လည်
နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု က သင့် ကိုနိုးထအောင်လုပ်နိုင်ပါတယ်။ ကျွန်တော် တို့တစ်တွေ ဂရုပြုပြီး တော့ သတိထားရမှာပါ။အဲတာက ရတီတို့ ဆက်လက် အသက်ရှင်ရပ်တည်ဖို့အခွင့်အရေးကောင်းဖြစ်ပါတယ်။
နှလုံးရောဂါအထူးကု တစ်ယောက် က ပြောတာ က ဒီစာ ကိုဖတ်မိသူတစ်ယောက် က နေ ပြီးတော့နောက်ထပ် ၁၀ ယောက် ကို ဆက်ပေးပို့မယ်ဆိုယင် သင် နဲ့ ကျွန်ုပ်တို့ ဟာ အနဲဆုံးအသက်တစ်ချောင်း ကို ကယ်ဆယ်နိုင်မယ်ဖြစ်ပါတယ်။
ဒီဆောင်းပါးလေး ကို
ဖတ်ပါ။ပြီးတော့ မိတ်ဆွေတစ်ယောက်ဆီကို ပို့ပေးလိုက်ပါ။
ဒီလိုလုပ်ခြင်းဟာအသက်တစ်ချောင်း ကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။
ဒါကြောင့် မိတ်ဆွေကောင်း အဖြစ်
နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေး နဲ့အတူ ဂရုတစိုက်ရှိဖို့
ပေးပို့ ဖြစ်အောင်ပို့ပေး လိုက်ပါနော်..
Credit: Yati Netpumchee Athinchay
ကျန်းမာရေးသတင်းများ
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်း မဟုတ်ပဲ
နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။
တရုတ်လူမျိုး နဲ့ ဂျပန်လူမျိုးတွေဟာ ထမင်းစားနေ စဉ်မှာ ရေနွေးသောက်သုံးတဲ့  အလေ့ ရှိကြပါ တယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ခုချိန်မှာ တော့ သူတို့ဆီက ထမင်း စားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့ အထကိုရတီတို့တွေပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။
ခုဆောင်းပါးလေး က တော့ ထမင်းစားပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက်တော့
ကလပ်ခြေစမ်းပွဲစဉ်များ
Photo: ကလပ်ခြေစမ်းပွဲစဉ်များ
Credit to MOI
Credit to MOI
မန္တလေးတွင် ဖြစ်ပေါ်နေသော အခြေအနေများကြောင့် ကျောက်ဆစ်ဈေးကွက်တွင် ပြည်တွင်းပြည်ပ ၀ယ်လိုအားကျဆင်း
မန္တလေးမြို့တွင် ဖြစ်ပေါ်နေသော အခြေအနေ များကြောင့် ကျောက် ဆစ်ဈေးကွက်တွင် ပြည်တွင်း၊ ပြည်ပ ၀ယ်လိုအားများ ကျဆင်းလျက်ရှိကြောင်း ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ကျောက်ဆစ်လုပ်ငန်းများ၏ ပြည်တွင်းaဈးကွက်တွင် ပုံမှန်အားဖြင့် ၀ါတွင်းကာလ၌ အရောင်းအ၀ယ်အေးတတ်လေ့ ရှိသော်လည်း ပြည်ပ အရောင်းအ၀ယ် ဈေးကွက်မှာ ယခုကဲ့သို့ ၀ါတွင်းကာလမှ စတင်၍ ကောင်းမွန်လေ့ရှိရာတွင် မန္တလေး၌ ဖြစ်ပွားခဲ့သော ပဋိပက္ခ
အင်တာနက် လူမှုကွန်ရက်စာမျက်နှာများတွင် အကောင့်အတုများဖြင့် ဆူပူမှုများဖြစ်ပေါ်အောင် ရည်ရွယ်ချက်ဖြင့် ရေးသားနေသူများကို အရေးယူရန် စောင့်ကြည့်နေ
အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် အကောင့်အတုပေါင်းစုံဖြင့် ဆူပူမှုများဖြစ်ပေါ်အောင် ရည်ရွယ်ချက်ဖြင့် ရေးသားနေသူများကို အရေးယူရန် စောင့်ကြည့်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဖြစ်သူ ဗိုလ်မှူးကြီးတင်ဝင်းက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ မှန်ကန်မှုမရှိ သတင်းများနှင့် ပြည်သူလူထု ဆူပူအုံကြွ လာအောင် ရေးသားနေသူ
ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် ပင်မစီမံချက် အပြီးရေးဆွဲရန် အချိန်သုံးလမှ လေးလခန့် ကြာမြင့်မည်
မိုးရာသီကာလ၌ ရန်ကုန်မြို့တွင်း ရေကြီးရေ လျှံမှုများ လျော့နည်းစေရေး ပင်မစီမံချက်ရေး ဆွဲရန် အတွက် ပညာရှင်များနှင့်ဆွေးနွေးခြင်း၊ လိုအပ်သော အချက်အလက် ကောက်ယူခြင်းနှင့် တိုင်းတာမှုများ ပြုလုပ်နေရာ စီမံချက်ပြီးစီးရန် အချိန်သုံးလမှ လေးလခန့် ကြာမြင့်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ သိရသည်။
နှစ်စဉ် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံနေသည့် ရန်ကုန်မြို့တော်အား ရေကြီးရေလျှံ
(၁၈၇ ) ဘီအမ်ခရီးသည်တင်ယာဉ်တစ်စီး စည်းကမ်းမဲ့မောင်းနှင်မှုကြောင့် ဒဂုံတောင်-မြောက်လမ်းဆုံ မီးပွိုင့်၌ တိမ်းမှောက်ကာ ခရီးသည် ၂၃ ဦး ဒဏ်ရာရ
 ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီ ခွဲဝန်းကျင်တွင် တောင်ဒဂုံမြို့နယ် ဒဂုံတောင် -မြောက် လမ်းဆုံမီးပွိုင့်၌ တာမွေမှတောင်ဒဂုံ ၁၀၆ သို့ ပြေးဆွဲသည့် (၁၈၇) ဘီအမ်ယာဉ်တစ်စီး စည်းကမ်းမဲ့မောင်းနှင်မှုကြောင့် တိမ်းမှောက် မှုဖြစ်ကာ ယာဉ်ပေါ်ပါ ခရီးသည် ၂၃ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပုံမှာ တာမွေ မှ တောင်ဒဂုံ ၁၀၆ သို့ ပြေးဆွဲသည့် (၁၈၇) ဘီအမ်ယာဉ်သည် သင်္ဃန်းကျွန်းဘက်မှ တောင်ဒဂုံဘက်သို့ အမှတ်(၂)လမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် မီးပွိုင့်မိနေသဖြင့် ကွေ့ကြောမှတစ်ဆင့်