ကုမ္ပဏီထောင်ထားပြီး မူးယစ်ဆေးအရောင်းအ၀ယ်ပြု လုပ်နေသောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အလိုရှိနေသည့် စီးပွား ရေးလုပ်ငန်းရှင်ကို မြောက်ဦးမြို့ နယ်တွင် ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်မှ ညွှန်ကြား ချက်ဖြင့် စစ်တွေခရိုင်နှင့် မြောက် ဦးခရိုင်ရဲအရာရှိများက စက်တင် ဘာ ၁ ရက်ညနေတွင် ပူးပေါင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာ ရှိကြီးတစ်ဦးကပြောသည်။
‘‘ဒီလူဖမ်းမိဖို့က အရေးကြီး တယ်။ လွယ်လွယ်နဲ့ ရတာတော့ မဟုတ်ဘူး။နည်းစနစ်တွေ အ များကြီးသုံးရတာ။ သူ့ပိုင်ဆိုင်မှု တွေကို အသေးစိတ်လိုက်စစ်နေ ပါပြီ’’ဟု ၎င်းကပြောသည်။
ဖမ်းဆီးမိသည့် စီးပွားရေး လုပ်ငန်းရှင်မှာ Natural Force ကုမ္ပဏီအမည်ဖြင့် ပြည်တွင်း ပြည်ပကုန်စည်ပို့ဆောင်သည့် လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ် ငန်း၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းနှင့် အုတ်သဲကျောက်လုပ်ငန်းတို့လုပ်ကိုင်နေသူဖြစ်သည်။ ၎င်း ပိုင်ဆိုင်သည့် စိတ်ကြွဆေးပြားသုံးသိန်းကျော်နှင့် သေနတ်နှစ်လက်၊ ဇနီးဖြစ်သူနှင့် ၀န်ထမ်းနှစ်ဦးကိုရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီးနောက် တိမ်းရှောင်နေသူဖြစ်သည်။