ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် တစ်စတုရန်းပေ အကျယ်အဝန်း မြေကွက် ဈေးနှုန်းတွေရဲ့ တန်ဖိုးကို အရင်ထက် တိုးပြီး သတ်မှတ်ဖို့ ရန်ကုန်တိုင်း အခွန်ဦးစီးဌာန အိမ်ခြံမြေ ကာလတန်ဖိုး စိစစ်ရေး အဖွဲ့က ပြင်ဆင်နေ ပါတယ်။
Wednesday, October 8, 2014
ရေကူးချန်ပီယံ မိုက်ကယ်ဖဲ့လ် အရက်သောက်ပြီး ကားမောင်းခြင်းကြောင့် ပြိုင်ပွဲဝင်ခွင့် ခြောက်လပိတ်ခံရ

အမေရိကန်မှ ကမ္ဘာ့အိုလံပစ်နှင့် ကမ္ဘာ့စံချိန်ရှင် ရေကူးသမား မိုက်ကယ်ဖဲ့လ်သည် အရက်သောက်ပြီး ကားမောင်းမှု ကြောင့် ခြောက်လ ခန့် ရေကူးအား ကစားနှင့် သက်ဆိုင်သည့် မည် သည့်ယှဉ်ပြိုင်မှုမှ မပြုလုပ်ရန် ပိတ် ပင် တားမြစ်ခံလိုက်ရကြောင်း သိရသည် ။
သင်္ဘောသစ်သုံးစီးဖြင့် ပန်းဆိုးတန်း-ဒလ ခရီးစဉ် နိုဝင်ဘာတွင် ပြေးဆွဲမည်

လက်ရှိပြေးဆွဲနေသော ပန်းဆိုးတန်း−ဒလ သင်္ဘောတစ်စီး (ဓာတ်ပုံ − နစ်ကီ)
ဂျပန်အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးအေ ဂျင်စီ (JICA)က လှူဒါန်းထားသည့် သင်္ဘောသစ် သုံးစီးကို ပန်းဆိုး တန်း-ဒလ ခရီးစဉ် အတွက် နိုဝင် ဘာလတွင်ပြေးဆွဲသွားမည်ဖြစ် ကြောင်း ပြည်တွင်းရေကြောင်း ပို့ ဆောင်ရေးမှ သတင်းရရှိသည်။
သားအိမ် အစားထိုး ကုသမှု ခံယူ ခဲ့သည့် အမျိုး သမီး နှစ်ဦး လာမည့် လတွင် ကလေး မွေးဖွားမည်
ဆွီဒင်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး စီမံကိန်းအရ မိခင်နှစ်ဦးထံမှ သားအိမ်များဖြင့် အစားထိုးခွဲစိတ်ကုသမှု ခံယူထားသည့် အမျိုးသမီး နှစ်ဦးသည် လာမည့် လ တွင် ၎င်း တို့၏ရင်သွေးများကို မွေးဖွားတော့မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန်တောင်းဆို

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန်အစိုးရ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက မနေ့က တောင်းဆိုလိုက်ပါတယ်။
ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ အစိုးရကြား သောကြာနေ့ ဆွေးနွေးမည်

ဟောင်ကောင်ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ်ဖို့ တောင်းဆိုထား ချက်တွေကို အခုသီတင်းပတ် ကုန်ပိုင်းမှာ တရားဝင် ဆွေးနွေး ညှိနှိုင်း ဖို့ သဘောတူညီမှု ရရှိပြီးဖြစ်ကြောင်း ဟောင်ကောင်အစိုးရနဲ့ ဆန္ဒပြကျောင်းသားတွေ က ပြောဆိုပါတယ်။
အစ္စလာမ်မစ်အစွန်းရောက်လက်ထဲ Kobani မြို့ ကျမည့်အန္တရာယ်တိုး

IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေ တဲ့ ဆီးရီးယားနိုင်ငံ နယ်စပ်က Kobani မြို့အနီး ပြုလုပ် ခဲ့တဲ့ လေကြောင်း တိုက်ခိုက် မှုဟာ အကျိုးရှိတဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု က ပြောဆိုလိုက်ပါတယ်။
ဓာတ်ပုံ ခိုးယူပြီး အွန်လိုင်းပေါ်တင်မှု လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုဖြစ်ဟု ဂျနီဖာပြော

သူရဲ့ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေကို ဖောက်ထွင်းခိုးယူပြီး အွန်လိုင်းပေါ် အမှုဟာ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု မြောက်တယ်လို့ အော်စကာ ဆုရှင် ဂျနီဖာ လော့ရင့်က ပြောပါတယ်။
Tuesday, October 7, 2014
စွပ်စွဲခံနေရသည့် မြန်မာနိုင်ငံသား(၂)ဦးအား ဥပဒေအရ ရသင့်ရထိုက်သည့် အခွင့်အရေးများ အပြည့်အဝ ခံစားခွင့်ရရှိရေး၊ တရားမျှတသည့် စုံစမ်းမှုဖြစ်ရေး တို့အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းရှိ အပန်းဖြေ ကမ်း ခြေ စခန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး စက်တင်ဘာ(၁၅)ရက်က အသတ်ခံ ရမှုဖြင့် အခင်းဖြစ်ပွားရာ နေရာနှင့် အနီးအနားတွင် အလုပ်လုပ်ကိုင်နေ သည့် မြန်မာနိုင်ငံ သား(၃)ဦးအား အောက်တိုဘာ(၃)ရက် က ဖမ်းဆီးခဲ့ကြောင်း သိရ သည်။
နေလှန်းဆားများကို ဆားကောင်း၊ ဆားသန့်ထုတ်လုပ်နိုင်ရေး ပြည်နယ်အစိုးရ ကျပ်သိန်းသုံးရာထုတ်ချေးမည်

အဆင့်မြင့်စက်ကိရိယာများအသုံးပြုကာ ဆားထုတ်လုပ်နေသည့် ထိုင်းနိုင်ငံ ဆမှတ်ဆခွန်မှ ဆားထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခု (ursulasweeklywanders.com)
နေလှန်းဆားများ အဓိက ထုတ်လုပ်နေသည့် ရခိုင်ပြည်နယ်တွင် နေလှန်းဆားကြမ်းများကို ဆားကောင်း၊ ဆားသန့်များအဖြစ် အဆင့်မြှင့်ထုတ်လုပ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က ချေးငွေကျပ်သိန်းသုံးရာ ထုတ် ချေးပေးမည်ဟု သတင်းရရှိ သည်။
မာစတာစပေါ့ဖိနပ်စက်ရုံလုပ်သားများအား နစ်နာကြေးပေးရန် စက်ပစ္စည်းများလေလံတင်ရောင်းချ
မာစတာစပေါ့ဖိနပ်စက် ရုံမှ စက်ပစ္စည်းများဝယ်ယူရန် ပြည်ထောင်စုဝန်ကြီးက ဖိနပ်လုပ် ငန်းရှင်များနှင့်တွေ့ဆုံကာ မေတ္တာရပ်ခံတောင်းဆိုမှုပြုလုပ်ခဲ့ကြောင်းအလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ကိုရီးယားအလုပ်ရှင်က အ လုပ်သမားများကို နစ်နာကြေးမ ပေးဘဲကိုရီးယားနိုင်ငံသို့ ထွက် ပြေးတိမ်းရှောင်ခဲ့၍ အလုပ်သမား များ စားဝတ်နေရေးအခက်အခဲ များဖြစ်ပေါ်နေသောကြောင့်ယင်း စက်ရုံမှစက်ပစ္စည်းများကို လေလံ တင်ရောင်းချပြီး နစ်နာကြေးပေး လျော်ရန်အစိုးရက စီစဉ်ဆောင် ရွက်လျက်ရှိသည်။
လေလံတင်ရောင်းချရန် ကြေညာခဲ့ပြီးနောက် စက်ရုံရှစ်ခု မှ လေလံဆွဲရန်စပေါ်ငွေကျပ်သိန်းတစ်ရာစီ ပေးသွင်းထားကြောင်း သတင်းရရှိသည်။ လေလံဝယ်ယူ မည့်သူများတွက် ယင်းရောင်းချ မည့်စက်ပစ္စည်းများနှင့်အသုံးမ တည့်နိုင်သော လုပ်ငန်းအချို့ပါ ၀င်သဖြင့် အောက်တိုဘာ ၆ရက် က ဖိနပ်လုပ်ငန်းရှင်များအား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက ဖိတ်ကြားပြီးဝယ်ယူ ရန်မေတ္တာရပ်ခံတောင်းဆိုသည့် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
လေလံတင်ရောင်းချရန် ကြေညာခဲ့ပြီးနောက် စက်ရုံရှစ်ခု မှ လေလံဆွဲရန်စပေါ်ငွေကျပ်သိန်းတစ်ရာစီ ပေးသွင်းထားကြောင်း သတင်းရရှိသည်။ လေလံဝယ်ယူ မည့်သူများတွက် ယင်းရောင်းချ မည့်စက်ပစ္စည်းများနှင့်အသုံးမ တည့်နိုင်သော လုပ်ငန်းအချို့ပါ ၀င်သဖြင့် အောက်တိုဘာ ၆ရက် က ဖိနပ်လုပ်ငန်းရှင်များအား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက ဖိတ်ကြားပြီးဝယ်ယူ ရန်မေတ္တာရပ်ခံတောင်းဆိုသည့် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
လျှပ်စစ်ရထား အိပ်မက် တကယ်ဖြစ်လာမှာလား
ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ခရီးသွား ပြည်သူတွေအတွက် မျှော်လင့်ချက် အိပ်မက်တခု ပေးလိုက်ပါတယ်။ အဲဒီ အိပ်မက် ကတော့ လျှပ်စစ်ဓာတ်ရထား အိပ်မက်ပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ မြို့ပတ်ရထားတွေနေရာမှာ လျှပ်စစ်ရထားတွေကို အစားထိုး တွေ့မြင်ရဖို့အတွက် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန အနေနဲ့ နှစ် ၃၀ စီမံကိန်းအဖြစ် ၂၀၁၅ ခုနှစ်ကနေ ၂၀၄၅ ခုနှစ်အထိ စီစဉ်ရေးဆွဲထားတယ်လို့ ဆိုပါတယ်။အဲဒီ နှစ်ရှည် စီမံကိန်းအတွင်း ရထားပြေးဆွဲနှုန်းကိုလည်း ပုံမှန် အမြန်နှုန်း ပျမ်းမျှ မိုင် ၃၀ နှုန်းကနေ အမြန်ဆုံး မိုင် ၈၀ အထိ ဖြစ် လာ အောင် စီစဉ်သွားမယ်လို့လည်း သိရပါတယ်။
အဲဒီအပြင် စီမံကိန်းမှာ ကုန်ကျနိုင်မယ့် ငွေကြေးပမာဏဟာ ရန်ကုန်တမြို့လုံးအတွက် အသေးစိတ် မတွတ်ချက်ရသေးပေမယ့် ဒညင်းကုန်း-ရန်ကုန်-မလွှကုန်း ရထားလမ်းပိုင်းအထိ အားလုံး အဆင့်မြှင့်တင်မယ်ဆိုရင် အမေရိကန် ဒေါ်လာ သန်း ၇၀၀ ခန့် ကုန် ကျနိုင်တယ်လို့တော့ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက အကြမ်းဖျင်း တွက်ချက်ပြီး သတင်း မီဒီယာတွေကို အသိပေးပြောကြား ထားပါသေးတယ်။
စားသုံးသူများအတွက် ဖြန့်ဖြူးေ ရာင်းချပေးနိုင်သော လယ်ယာထုတ်ကုန် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် လက်ကား ဆိုင်ကြီးများ ဖွင့်လှစ် အကောင်အထည် ဖော်နိုင်ရေး ဆွေးနွေး
လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်သည် စက်တင်ဘာ ၂၉ရက်က အီတလီနိုင်ငံ ရောမမြို့၌ ကျင်းပသော (၂၄)ကြိမ် မြောက် နိုင်ငံတကာ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ ကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ရုံးချုပ်၌ အဖွဲ့ညွှန်ကြားရေး မှူးချုပ် Dr. Jose Graziano Da Silva အား တွေ့ဆုံ၍ ကုလသမဂ္ဂ အဖွဲ့ကြီး၏ ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး ရည်မှန်းချက် (Zero Hunger Target)ဆိုင်ရာ ကိစ္စရပ်များ၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် အာဟာရ ပြည့်ဝရေး (Food Security and Nutrition)ဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်း နိုင်ငံများနှင့် ဟန်ချက်ညီစွာ ပူးပေါင်း ဆောင်ရွက်နေမှု လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ပြီး ကမ္ဘာ့စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီးနှင့် မြန်မာနိုင်ငံ အကြား ပိုမို၍ နီးကပ်စွာ လက်တွေ့ ပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်း၊ လက်တွေ့နည်းလမ်းများကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ သည်။
ရိုက်နှက်စစ်ဆေးခံရခြင်းကြောင့် မြန်မာလုပ်သားနှစ်ဦးပြစ်မှု မကျူးလွန်ဘဲ ကျူးလွန်ဟု ထွက်ဆိုခဲ့ကြောင်း ပြောကြား
ဗြိတိန်စုံတွဲအသတ်ခံရ မှုဖြင့် ဖမ်းဆီးခံရသော မြန်မာ လုပ်သားနှစ်ဦးက ထိုင်းရဲတပ် ဖွဲ့နှင့် စကားပြန်တို့၏ ရိုက်နှက် စစ်ဆေးမှုကြောင့် ပြစ်မှုမကျူး လွန်ဘဲ ကျူးလွန်သည်ဟု ထွက် ဆိုရခြင်းဖြစ်ကြောင်း မြန်မာ သံရုံးအထူးအဖွဲ့ကို ပြောဆိုလိုက် ပြီး အမှုမှန်ပေါ်ပေါက်ရေး ကူညီ ပေးရန် မြန်မာအစိုးရအား ကာယ ကံရှင်နှစ်ဦးက တောင်းဆိုလိုက် ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၆ ရက်တွင် မြန်မာသံရုံးအထူးအဖွဲ့သည် ဖမ်း ဆီးခံမြန်မာလုပ်သားနှစ်ဦး ထား ရှိရာ ကော့စမွီထောင်သို့ သွား ရောက်၍ တွေ့ဆုံမေးမြန်းရာ ၎င်းတို့နှစ်ဦးက မြန်မာသံရုံးအ ထူးအဖွဲ့အား ထိုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။‘‘သူတို့ အဲဒီညမှာ ဂစ်တာ တီးပြီး ဘီယာသောက်နေတယ်ဆို တာ ၀န်ခံပါတယ်။ အဲဒီအသတ်ခံ ရတဲ့ သူတွေနဲ့ ၂၅ ကိုက်လောက် မှာ ရှိနေတယ်လို့ ပြောတယ်။ သူ တို့ လုပ်ပါတယ်လို့ မပြောဘူး။ ထိုင်းရဲဘက်က မြန်မာစကားပြန် တစ်ယောက်က ရိုက်နှက်လို့၊ ရဲ တွေက ရိုက်နှက်လို့ ပြောလိုက် တာပါလို့ ပြောတယ်။ နောက် ပြီး နည်းပညာနဲ့ အမှုမှန်ကို ပေါ် ပေါက်အောင် လုပ်ပေးပါလို့ အ စိုးရကို အကူအညီတောင်းတယ်။ သူတို့ကြည့်ရတာ သနားစရာပါ ပဲ။ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာ တွေတွေ့တယ်။ ဒီနေ့တွေ့ရှိချက် တွေအားလုံးကို မြန်မာအစိုးရဆီကို ချက်ချင်းအကြောင်းကြား ထားပါတယ်’’ ဟု ဖမ်းဆီးခံ မြန် မာလုပ်သားနှစ်ဦးအား စစ်ဆေး မေးမြန်းရန် စေလွှတ်လိုက်သော မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က 7Day Daily အား ပြောကြားသည်။
အောက်တိုဘာ ၆ ရက်တွင် မြန်မာသံရုံးအထူးအဖွဲ့သည် ဖမ်း ဆီးခံမြန်မာလုပ်သားနှစ်ဦး ထား ရှိရာ ကော့စမွီထောင်သို့ သွား ရောက်၍ တွေ့ဆုံမေးမြန်းရာ ၎င်းတို့နှစ်ဦးက မြန်မာသံရုံးအ ထူးအဖွဲ့အား ထိုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။‘‘သူတို့ အဲဒီညမှာ ဂစ်တာ တီးပြီး ဘီယာသောက်နေတယ်ဆို တာ ၀န်ခံပါတယ်။ အဲဒီအသတ်ခံ ရတဲ့ သူတွေနဲ့ ၂၅ ကိုက်လောက် မှာ ရှိနေတယ်လို့ ပြောတယ်။ သူ တို့ လုပ်ပါတယ်လို့ မပြောဘူး။ ထိုင်းရဲဘက်က မြန်မာစကားပြန် တစ်ယောက်က ရိုက်နှက်လို့၊ ရဲ တွေက ရိုက်နှက်လို့ ပြောလိုက် တာပါလို့ ပြောတယ်။ နောက် ပြီး နည်းပညာနဲ့ အမှုမှန်ကို ပေါ် ပေါက်အောင် လုပ်ပေးပါလို့ အ စိုးရကို အကူအညီတောင်းတယ်။ သူတို့ကြည့်ရတာ သနားစရာပါ ပဲ။ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာ တွေတွေ့တယ်။ ဒီနေ့တွေ့ရှိချက် တွေအားလုံးကို မြန်မာအစိုးရဆီကို ချက်ချင်းအကြောင်းကြား ထားပါတယ်’’ ဟု ဖမ်းဆီးခံ မြန် မာလုပ်သားနှစ်ဦးအား စစ်ဆေး မေးမြန်းရန် စေလွှတ်လိုက်သော မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က 7Day Daily အား ပြောကြားသည်။
လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် ပေါ်ထွက်လာရေးသည် အရေးကြီးဆုံး
လယ်သမားများ အဖမ်းခံနေကြရသည့် ကိစ္စ၊ တက်ြွကလှုပ်ရှားသူများ ဆန္ဒပြ၍ ဖမ်းဆီးထောင်ချခံနေရသည့် ကိစ္စ၊ သတင်းမီဒီယာသများ ဖမ်းဆီးထောင်ချခံရသည့် ကိစ္စများသည် လွတ်လပ်၍ မျှတသည့် တရားစီရင်ရေးစနစ် မရှိခြင်းကြောင့်ဟုဆိုလျှင်မှား မည်မထင်ပေ။ လွတ်လပ်၍ တရားမျှတသော တရားစီရင်မှုစနစ်ရှိရေးသည် ယနေ့ မြန်မာနိုင်ငံတွင် ကြုံတွေ့နရသည့် ပြဿနာအတော်များများအတွက် အဖြေဖြစ်နေခြင်းကြောင့် ဖြစ်ပေသည်။ဆိုလိုသည်မှာ လွတ်လပ်ပြီး တရားမျှတမှုရှိကာ အရည်အချင်းလည်း ပြည့်ဝသည့် တရားစီရင်ရေးစနစ်သာရှိပါလျှင် အခြားသော နယ်ပယ်များ၌ ဖြစ်ပွားသည့် ပဋိပက္ခများကို မှန်ကန်စွာစီရင်ဆုံးဖြတ်ပေးနိုင်မည်ဖြစ်ပြီး နယ်ပယ် အသီးသီးမှ သက်ဆိုင်သူများက ကျေနပ်စွာခံယူနိုင်မည့် သဘောကို ဆိုလိုခြင်းဖြစ်သည်။တရားစီရင်ရေးစနစ်သည် နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးသည့် အရာဖြစ်ကြောင်း ယခုဖော်ပြသည့် အကြောင်းအကျိုးယုတ္တိဖြင့် အထိုက်အလျောက် နားလည်လိမ့်မည်ဟု ထင်ပါသည်။
ထိုင်း လူသတ်မှုကိစ္စ၊ သမ္မတကြီး ပြည်သူ့အသံ နားထောင်ပါ
ခုရက်ပိုင်း ပြည်သူတွေ စိတ်အဝင်စားဆုံး သတင်းကတော့ ထိုင်းနိုင်ငံတောင်ပိုင်း ဆူလတ်ဌာနီခရိုင် ခိုတောင်ကျွန်းပေါ်မှာ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံလိုက်ရမှုနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်း မြန်မာအလုပ်သမား လူငယ်လေးနှစ်ယောက်ကို ထိုင်းအာဏာပိုင်တွေ စွပ်စွဲဖမ်းဆီးလိုက်တဲ့ ကိစ္စပါ။ ဖမ်းဆီးထိန်းသိမ်းထားရုံမက လူသတ်ခဲ့တယ်လို့ ဝန်ခံတယ်ဆိုပြီး အခင်းဖြစ်ပွားရာနေရာမှာ ပြန်ပြီး သရုပ်ပြခိုင်းတာကိုလည်း လုပ်ခဲ့ပါတယ်။လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒီလူသတ်မှုကို အဲဒီ မြန်မာလူငယ်နှစ်ယောက် ကျူးလွန်ခဲ့တယ်ဆိုတာ မြန်မာနိုင်ငံသား အများစုကြီးက မယုံကြည်ကြပါဘူး။ အလားတူ ထိုင်းနိုင်ငံသားတွေကရော၊ ထိုင်း သတင်းစာတွေကပါ ယုံကြည်မှုမရှိပါဘူး။ ဘာကြောင့် အဲလိုယုံကြည်မှုမရှိတာလဲ၊ မြန်မာနိုင်ငံသားတွေကရော ဘာကြောင့် ယုံကြည်မှုမရှိတာလဲ၊ ဒီပြဿနာနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေ အထူးသဖြင့် သမ္မတကိုယ်တိုင် ဘယ်လို သဘောထားးသင့်လဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်မှာ ထိုင်းနိုင်ငံထဲက ကမ္ဘာလှည့်ခရီးသည်တွေအသွားများတဲ့ တောင်ပိုင်း ဆူလတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်းပေါ်မှာ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံခဲ့ရပါတယ်။ ဗြိတိန်သူဟာ အသတ်မခံရခင် မတရားပြုကျင့်ခံရတယ်လို့လည်း ရဲမှတ်တမ်းတွေက ဆိုပါတယ်။ နောက်ပိုင်း ထိုင်းရဲတပ်ဖွဲ့ဟာ တရားခံရှာဖို့ အပူတပြင်း ကြိုးစားပါတော့တယ်။
စောနိုင် အားလုံး သိတယ် အပိုင်း ( ၁ ) (ကရင်လက်နက်ကိုင်အဖွဲ့၏ အတွင်ရေးများ)

စောနိုင် စိတ်ပျက် ခဲ့ ပါပြီ။ ဘာလို့လဲ ဆိုတော့ တစ်နေ့ က ဖေ့ဘွတ် စာမျက်နှာ တွင် KNU ဗဟို ကော်မတီ ပြောင်းလဲ ဖွဲ့စည်းရန် အတွက် ကရင် တစ် ယောက် မှ အကြံပြု ထားသည် ဆိုသည့် သတင်း တစ်ပုဒ် ကို တွေ့ခဲ့ ရသည်။ ဥက္ကဌ ရာထူး ကို ဒေးဗစ် သာကပေါ ၊အထွေထွေ အတွင်း ရေးမှူး ရာထူး ကို စီဖိုးရာစိန် နှင့် စစ်ဦးစီး ချုပ် ရာထူး အား ဘောကျော်ဟဲ တို့ကို တာဝန် ပေး သင့် ကြောင်း နှင့် လက်ရှိ ဗဟို ကော်မတီ တွင် အသက် ၆၅ နှစ်ကျော် သူများ အား ထုတ်ပယ် သင့်ကြောင်း ဖော်ပြ ထား သည်။ ဘယ်သူ က ခိုင်းလို့ ဘယ်သူ က ရေးသလဲ ဆိုတာ ကို ကျူပ်ကောင်း ကောင်းသိ သည်။ သတင်း ကို ကြည့်၍ အကြီး အကျယ် စိတ်ပျက် မိသည်။ ဒါကြောင့် ကျုပ် အနေ ဖြင့် ဆုံးဖြတ် ချက် တစ်ခု ချလိုက် ရသည်။ ဤ ဆုံးဖြတ် ချက် သည် KNU နှင့် ကရင် အမျိုးသား များ ကို သစ္စာ ဖောက် လို၍ မဟုတ် ဘဲ ကရင် တစ်မျိုးသား လုံး ၏ ကောင်းကျိုး ကိုသာ ရှေ့ရှု ခဲ့ခြင်း ဖြစ်ပေ သည်။ ထို့ကြောင့် ကျွန်ုပ် အနေဖြင့် KNU ၏ လက်ရှိ ဖြစ်ပေါ် နေသော လျှို့ဝှက် အတွင်း သတင်း အားလုံး ကို ထုတ်ဖော် ရေးသား လိုက်ရ ပါတော့ သည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဟိုတယ်သင်တန်းကျောင်း သင်တန်းသား တစ်ရာကျော်ဖြင့် ယခုလကုန်သင်တန်းစမည်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် ကော့မှူးမြို့နယ်တွင် ဗဟိုစာကြည့်တိုက် ဖွင့်ပွဲကျင်းပစဉ် (ဓာတ်ပုံ - နစ်ကီ)
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကော့မှူးတွင် ဖွင့်လှစ်ထား သော ဟိုတယ်ဆိုင်ရာ သင်တန်း ကျောင်းသို့ လာရောက်လျှောက်ထားသူ ၂၀၀ ကျော်မှ ၁၀၀ ကျော်ကို ရွေးချယ်ကာ အောက်တိုဘာလကုန်၌ သင်တန်းစတင်နိုင်မည်ဟု သတင်းရရှိသည်။
မြန်မာ့ပင်လယ်ပြင်တွင် မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ပြီး ဒေသအချို့ မိုးသက်လေပြင်း ကျနိုင်
မြန်မာ့ပင်လယ်ပြင်တွင် ၂၄ နာရီအတွင်း ၂၀၁၄ ခုနှစ် အတွက် တတိယမြောက် မုန်တိုင်း ငယ် ဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုး လေဝသ ပညာရှင် ဒေါက်တာထွန်း လွင်က သတိပေးထားသည်။
လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းခံရသည့် မြန်မာများအရေး ဘန်ကောက်မြို့ မြန်မာစစ်သံရုံးမှ ကူညီဆောင်ရွက်နေ

ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲကို စက်တင်ဘာ ၁၄ ရက်နေ့က သတ်သည်ဟူသောစွဲချက်ဖြင့် မြန်မာ လုပ်သား ၃ ဦးအား ဖမ်းဆီးထားမှုကို တပ်မတ်ာကာကွယ်ရေးဦးစီးချုပ် ညွှန်ကြားချက်အရ မြန်မာစစ်သံရုံးမှ လိုက်ပါ ကူညီဆောင်ရွက်ပေး နေကြောင်း သတင်းရရှိသည်။
Monday, October 6, 2014
ကျနော်တို့ကို ဥပဒေ အရ ကာကွယ်ပေးပါ

ထိုင်းနိုင်ငံ စူရက်ဌာနီ ခရိုင်အတွင်းရှိ လိပ်ကျွန်းခေါ် ( Koh Tao ကျွန်းမှာ ) ဗြိတိန်နိုင်ငံသား စုံတွဲ အသတ်ခံ ရမှုနဲ့ ပတ်သက် တဲ့ သတင်းဟာ ကမ္ဘာကျော် သတင်းတပုဒ်ဖြစ်နေပါတယ်။ ဒီဖြစ်စဉ်မှာ ထိုင်းရဲတွေက မြန်မာ နိုင်ငံသား ရခိုင်တိုင်းရင်းသား လူငယ်လေးနှစ်ဦးကို လူသတ်တရားခံအဖြစ် ထုတ်ပြန် လိုက်တဲ့ အပေါ် ဗြိတိန်နိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားတွေ သာမကဘဲ ထိုင်းနိုင်ငံသား အများစု ကပါ ထိုင်းရဲတွေရဲ့ လုပ်ဆောင်ချက်ဟာ အပြစ်မရှိတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို လူစားထိုး လိုက်တယ်ဆိုပြီး အယုံအကြည် ကင်းမဲ့တဲ့ ဝေဖန်မှုတွေကလည်း ပိုမိုကျယ်ပြန့်လာနေပါတယ်။ ဒါကြောင့် မြန်မာအစိုးရ ဘက်ကလည်း လှုပ်ရှားမှုတွေရှိလာပြီး ဒီအမှုကို လိုက်ပါ စုံစမ်းဖို့ မြန်မာသံရုံး ကောင် စစ် အရာရှိ ဦးထွန်းအေး ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ အတူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သား များ စောင့်ရှောက် ရေး ကော်မတီ က တာဝန်ရှိသူတွေ၊ ရှေ့နေတွေ အပါအဝင် စုစုပေါင်း ၉ ဦး က အဖမ်းခံ ထားရတဲ့ မြန်မာနိုင် ငံသားတွေနဲ့ သွားရောက် တွေ့ဆုံနေကြပါတယ်။
မောက်မယ်အနီး ခရီးသွားသူများ လက်နက်ဖြင့် တိုက်ခိုက်ခံရ
ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသအတွင်း ပအိုဝ်းတိုင်းရင်းသားများ စီးနင်းလာသည့် ယာဉ်တစ်စီးမိုင်းခွဲ တိုက်ခိုက်ခံရသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း က အောက်တိုဘာ ၆ ရက်တွင် မဇ္ဈိမကိုပြောသည်။အောက်တိုဘာ၆ရက် နံနက်ပိုင်းက မောက်မယ်မြို့နယ် ထီပက်နမ်နှင့် တိုက်နမ်ရွာကြားရှိ လမ်းပေါ်တွင် ဖောက်ခွဲခံရခြင်းဖြစ်ပြီး တစ်ဦးသေဆုံးကာ လေးဦးကို ဟိုနမ်းရွာဆေးခန်းသို့ပို့ဆောင်
ဦးခွန်းမြင့်ထွန်းက ပြောသည်။
ဧရာဝတီတိုင်းတွင် ဆင်စွယ်ခိုးဂိုဏ်းဟု ယူဆရသူ ၇ ဦး စစ်တပ်ကဖမ်းမိ
ဧရာဝတီတိုင်း ငပုတောမြို့နယ်အတွင်း ဆင်သတ်၍ အစွယ်ဖြတ်ယူသည့် ဆင်စွယ်ခိုးဂိုဏ်း အဖွဲ့ဝင်ဟု ယူဆရသူ ၇ ဦးကို ယမန်နေ့က နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းတခုက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ဆင်စွယ်ခိုးဂိုဏ်း အဖွဲ့ဝင်ဟု ယူဆရသူ ၇ ဦးကို ငပုတောမြို့နယ် ငရုပ်ကောင်း မြို့နယ်ခွဲ ကွင်းဘတ်ကျေးရွာအုပ်စုအနီး ဘောကြိုးတောင်ကြောအတွင်း၌ ဆင်စွယ်များ၊ ဆင်သားရေများနှင့်အတူ တွေ့ရှိရသည့်အတွက် ခြေလျင်တပ်ရင်း(ခလရ) – ၃၈ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး နေထွန်းလှိုင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ထားကြောင်း ဧရာဝတီ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
လိပ်ကျွန်း လူသတ်မှု ထိုင်းရဲတပ်ဖွဲ့ အချောသတ် ပြင်ဆင်
ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ဖငန်းမြို့နယ် ဒေသအခေါ် ကော့တောင်(လိပ်ကျွန်း)က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က အမှုတွဲကို အချောသပ်ပြင် ဆင်နေတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာ ပတ်သက်ပြီး ပြည်တွင်းနဲ့ ပြည်ပ မီဒီယာတွေနဲ့ လူမှုအသိုင်းအ၀ိုင်းတွေကပါ စောင့်ကြည့်နေကြတဲ့အပြင် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာလည်း လူသတ်တရားခံ မဖြစ်နိုင်ဘူးလို့ သံသယရှိနေတဲ့အတွက် အမှုတွဲကို အားလုံး သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ပြီး အချောသတ်နေတယ်လို့ အမှတ် ၈ တိုင်းဒေသရဲတပ်ဖွဲ့ ဒုရဲမှူးချုပ် ပရ၀င်း ဖုန်းဆီရင်းက သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်းလူသတ်မှုအတွက် လွတ်လပ်တဲ့ စုံစမ်းမှုတစ်ခုပြုလုပ်ပေးဖို့ ဗြိတိန်ကိုတောင်းဆို
ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ အသတ်ခံရတဲ့ ဗြိတိန်နိုင်ငံ သားစုံတွဲ ၂ ဦးအမှုနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးမှုတစ်ရပ် ပြုလုပ်ပေးဖို့ အင်တာနက်ကနေ လက်မှတ် ထိုးလှုံ့ဆော်တဲ့ လှုပ်ရှားမှု တစ်ခုကို ဂျပန်နိုင်ငံသားတစ်ဦးက စတင်လိုက်ပါတယ်။ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေဟာ ရှေ့နောက်မညီတဲ့အပြင် လူသတ်တရားခံ အဖြစ်စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာ အကွက်ဆင် လက်ထောက်ချခံရတာ ဖြစ်နိုင်ကြောင်း ဒီလက်မှတ် ထိုးတောင်းဆိုလှုပ်ရှားမှုကိုစတင် တဲ့ Christopher Hankins က ပြောပါတယ်။
အစိုးရနှင့် SSPP/SSA တပ်တို့ တိုက်ခိုက်မှုများ ထပ်မလုပ်ရန် သဘောတူ
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း အစိုးရတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာ အောက်တိုဘာ ၆ ရက်မှ စတင်၍ နှစ်ဘက် သဘောတူ အပစ်အခတ်ရပ်စဲခဲ့ကြောင်း SSPP/SSA အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်းက မဇ္ဈိမကို ပြောသည်။
၎င်းက "သူတို့တပ်တွေ ပြန်ဆုတ်တဲ့အချိန်မှာ ဆွဲမိုင်းဆွဲတာတွေ ချုံခိုတိုက်တာတွေ မလုပ်ဖို့ဆိုပြီး အကြောင်းကြားတယ်။ ကျွန်တော်တို့ကလည်း ငြိမ်းချမ်းစွာဖြေရှင်းလိုတဲ့အတ
စီမံကိန်းများကို နားလည်မှုအားနည်းသောကြောင့် ဝေဖန်မှုများပြုနေခြင်းဖြစ်ဟု နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောကြား
အ စိုးရသစ်လက်ထက်တွင် ပြုလုပ်သည့် စီမံကိန်းများနှင့်ပတ်သက်ပြီး ပြည် သူများက နားလည်မှုအားနည်း သောကြောင့် ဝေဖန်မှုများ ပြုလုပ် နေခြင်းဖြစ်သည်ဟု သမ္မတရုံးဝန် ကြီးဦးစိုးသိန်းက ပြောကြားလိုက် သည်။အောက်တိုဘာ ၅ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် နိုင်ငံတော်သမ္မတရုံး ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုး တိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်နှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးဝင်းရှိန်တို့မှ မီဒီယာများနှင့် တွေ့ဆုံသည့်ပွဲတွင် ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အစိုးရယန္တရားလည်ပတ်မှုကို ပြည် သူတွေက နားမလည်လို့ ဆွေးနွေး ကြမယ်၊ ဝေဖန်ကြမယ်၊ ပြောကြမယ် ဆိုလဲ ကျွန်တော်တို့က နားထောင် ရမှာပဲ။
စနစ်ကိုနားလည်ရင် ဒီလိုပြောတာ မျိုးတွေဖြစ်လာမှာ မဟုတ်ဘူး''ဟု နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဘဏ္ဍာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၏ မူဝါဒလုပ်ငန်းစဉ်များ ရှင်း လင်း၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ ၃၉၀၀၀ ခန့်အနက် ယခုနှစ် ပထမသုံးလအတွင်း ၀င်ငွေခွန်ကြေညာလွှာတင်သည့် ကုမ္ပဏီမှာ ၃၀ ရာခိုင်နှုန်းသာ ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူ ပြောကြား
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီပေါင်း ၃၉ဝဝဝ ခန့်တွင် ယခုဘဏ္ဍာနှစ် ပထမသုံးလပတ်အတွက် ဝင်ငွေခွန်ကြေညာလွှာ တင်သည့် ကုမ္ပဏီမှာ ရာခိုင်နှုန်း ၃ဝ သာရှိပြီး ကြေညာလွှာမတင်သွင်းသည့် ကုမ္ပဏီပေါင်းမှာ ရာခိုင် နှုန်း ၇ဝ အထိရှိကြောင်း အောက်တိုဘာ ၅ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
ဟောင်ကောင်ဆန္ဒပြပွဲ နိုင်ငံပိုင်မီဒီယာ၏ ရေးသားဖော်ပြမှု ပြန်ကြားရေး ၀န်ကြီးရှင်း
ဟောင်ကောင်ကျောင်း သားများဆန္ဒပြပွဲသတင်းကို နိုင်ငံ ပိုင်ကြေးမုံ သတင်းစာ တွင်ဖော်ပြ လိုက်ခြင်းနှင့် ပတ်သက်၍ ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်က ၎င်း ၏ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက် နှာ၌ ရှင်းလင်းထားသည်။
ထိုင်း-မြန်မာလက်ဝှေ့စိန်ခေါ်ပွဲ သိမ်ဖြူအားကစားခန်းမတွင် ကျင်းပမည်
မြန်မာနိုင်ငံရိုးရာလက် ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ထိုင်း-မြန်မာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို အောက်တိုဘာ ၁၂ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသွား မည်ဖြစ်သည်။
Subscribe to:
Posts (Atom)