Wednesday, December 31, 2014

ဆန္ဒပြ ကျောင်းသားတွေကို အမိန့်ချပြီ

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်တဲ့ ဆန္ဒဖော်ထုတ်ခဲ့လို့ ပုဒ်မ ၁၈ နဲ့ အမှုဖွင့် ခံထားရတဲ့ တောင်ငူခရိုင် ဗကသ အဖွဲ့ဝင် ကျောင်းသား နှစ်ယောက်နဲ့ လိုက်ပါ ကူညီသူ တစ်ဦးကို တောင်ငူမြို့နယ် တရားရုံးက ဒီနေ့မှာ တစ်ယောက်ကို ဒဏ်ငွေ ကျပ်တစ်သောင်းစီ ပြစ်ဒဏ်ချလိုက်ပါတယ်။

“ရုံးတော်မှာပဲ ဒဏ်ငွေ ဆောင်ခဲ့လိုက်တယ်။ တစ်ယောက်က ပြင်ပက ကူညီတဲ့သူ။ ကျွန်တော်နဲ့ ကိုထွန်းအောင်ကျော်က ကျောင်းသားတွေပါ” လို့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒ ထုတ်ဖော်ခဲ့လို့ ဒဏ်ငွေဆောင်ခဲ့ရတဲ့ တောင်ငူခရိုင် ဗကသဥက္ကဌ ကိုလောရင့်ကျော်ကျော်က ဆိုပါတယ်။

ဆန္ဒပြ ကျောင်းသားတွေကို အမိန့်ချပြီ

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်တဲ့ ဆန္ဒဖော်ထုတ်ခဲ့လို့ ပုဒ်မ ၁၈ နဲ့ အမှုဖွင့် ခံထားရတဲ့ တောင်ငူခရိုင် ဗကသ အဖွဲ့ဝင် ကျောင်းသား နှစ်ယောက်နဲ့ လိုက်ပါ ကူညီသူ တစ်ဦးကို တောင်ငူမြို့နယ် တရားရုံးက ဒီနေ့မှာ တစ်ယောက်ကို ဒဏ်ငွေ ကျပ်တစ်သောင်းစီ ပြစ်ဒဏ်ချလိုက်ပါတယ်။

“ရုံးတော်မှာပဲ ဒဏ်ငွေ ဆောင်ခဲ့လိုက်တယ်။ တစ်ယောက်က ပြင်ပက ကူညီတဲ့သူ။ ကျွန်တော်နဲ့ ကိုထွန်းအောင်ကျော်က ကျောင်းသားတွေပါ” လို့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒ ထုတ်ဖော်ခဲ့လို့ ဒဏ်ငွေဆောင်ခဲ့ရတဲ့ တောင်ငူခရိုင် ဗကသဥက္ကဌ ကိုလောရင့်ကျော်ကျော်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲမှ အမေးအဖြေများ


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ဒီဇင်ဘာ ၃၀ ရက်တွင်ပြည်တွင်းပြည်ပ သတင်းထောက် များနှင့်တွေ့ဆုံ၍ အချိန် လေးဆယ့် ငါးမိနစ်ကြာသတင်း စာရှင်းလင်း ပွဲတစ်ရပ်ပြု လုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲ၏ ခေါင်းစဉ်ကို သတ်မှတ်ထားခြင်းမရှိဘဲ သတင်း ထောက်များ မေးမြန်းသော မေးခွန်းများအားလုံးကို ဖြေကြား ပေးခဲ့သည်။ သတင်းစာရှင်းလင်း ပွဲတွင်  Education Digest၊ ပြည်သူ့ခေတ်၊ ပေါ်ပြူလာနယူး၊ မဇ္ဈိမ၊စံတော်ချိန်၊ 7 Day Daily၊ TheVoice၊ MITV၊  5 Plus၊ AP၊ AFP၊ CCTV၊ ကုမုဒြာ၊ နိပွန် TV၊ ယူမီယူရီ၊ဧရာဝတီ၊ The Farmer သတင်းဌာနများက မေးခွန်းများမေးမြန်း ခဲ့ပြီး   စာဖတ်ပရိသတ်များအ တွက် အမေးအဖြေများကို ကောက်နုတ် ဖော်ပြပေးလိုက်ရပါသည်။

သစ်တောဝန်ထမ်း လေးဦးအသတ်ခံရမှု နိုင်ငံတော်အဆင့် ဖြေရှင်းမည်

သစ်တောဝန်ထမ်းလေး ဦးသေဆုံးမှုနှင့် ပတ်သက်၍ အမှု မှန်ပေါ်ပေါက်ရေးအတွက် နိုင်ငံ တော် အဆင့်ဖြေရှင်းသွားမည်ဖြစ် ကြောင်းပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

ယခုသေဆုံးမှုနှင့်ပတ်သက် ၍ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သမ္မတရုံးသို့ အမှုမှန်ပေါ်ပေါက် ရေးအတွက် နိုင်ငံတော်အဆင့်ဖြေ ရှင်းရန် အဆင့်ဆင့်တင်ပြထား ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေး ပွဲများတွင်လည်း ထည့်သွင်းဆွေး နွေးသွားမည် ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

ပျောက်ဆုံး Air Asia မှ ရုပ်အလောင်း ၄၀ ကျော်ရှာတွေ့

Photo: ပျောက်ဆုံး Air Asia မှ ရုပ်အလောင်း ၄၀ ကျော်ရှာတွေ့ 

ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၁၄

တနင်္ဂနွေနေ့က မုန်တိုင်း ကျနေချိန်အတွင်း ပျက်ကျသွားတဲ့ AirAsia လေကြောင်းလိုင်းက ခရီးသည်တင် ဂျက်လေယာဉ်ရဲ့ အပျက်အစီး အစအနတွေကို တွေ့ရတဲ့ ပင်လယ်ထဲကနေ အလောင်း ၄၀ ထက်မနည်းကို ပြန်ဆယ်ယူရရှိထားပြီလို့ အင်ဒိုနီးရှား တာဝန်ရှိ သူတွေက ပြောပါတယ်။

Borneo ကျွန်းအနောက် တောင်ဘက် မိုင် ၁၀၀ အကွာလောက်မှာ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေက Java ပင်လယ်ထဲမှာ မျောနေတဲ့ ရုပ်အလောင်းတွေ ဆွဲတင်နေတာကို ဒေသတွင်း ရုပ်သံသတင်းဌာနတွေက ဒီနေ့ ထုတ်လွှင့်ပြသပါတယ်။

အသက်ကယ်အင်္ကျီမပါတဲ့ ရုပ်အလောင်းတွေ Java ပင်လယ်ထဲမှာ မျောနေတဲ့ပုံတွေကို တွေ့ရတော့ ဒီလေယာဉ်ခရီးစဉ်မှာ ပါသွားကြသူ ၁၆၂ ဦးရဲ့ မိသားစုတွေ အချင်းချင်းပွေ့ဖက်ပြီး ငိုကြွေးခဲ့ကြပါတယ်။ ညရောက်လာတဲ့အထိ  လေယာဉ်ပျက်ကျတဲ့ထဲမှာ ပါသွားတဲ့ ခရီးသည်တွေထဲက လေးပုံ တပုံလောက်ရဲ့ အလောင်းတွေကိုပဲ ကယ်ဆယ်ရေး လုပ်သားတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အသက်ရှင် ကျန်ရစ်သူတယောက်မှ ရှာမတွေ့ပါဘူး။ လိမ္မော်ရောင် အသက်ကယ်ဝတ်စုံတစုံ၊ ခရီးဆောင်သေတ္တာ၊ အနီနဲ့ အဖြူရောင်သုတ်ထားတဲ့ အရေးပေါ်တံခါးလို့ ယူဆရတာတွေ အပါအဝင် လေယာဉ်ကနေ ပြုတ်ကျတဲ့ ပစ္စည်းတွေကို ရှာတွေ့ခဲ့ပြီး မကြာခင်မှာပဲ ရုပ်အလောင်းတွေ တွေ့ရှိတာပါ။

ရေမျက်နှာပြင်အောက်မှာ အရိပ်ကြီးတခုကို တာဝန်ရှိသူတွေ တွေ့ရှိထားပြီး ပျက်ကျတဲ့ လေယာဉ်ကိုယ်ထည်လို့ ယူဆရပါတယ်။ ပင်လယ်ထဲမှာ တွေ့ရတဲ့ အပျက်အစီးတွေဟာ အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့ကနေ စင်္ကာပူနိုင်ငံဆီကို တနင်္ဂနွေနေ့က ပျံသန်းတဲ့ နှစ်နာရီကြာ ခရီးတိုအတွင်း လမ်းထက်ဝက် လောက်မှာ ပျောက်ဆုံးသွားတဲ့ Airbus A320-200 လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစတွေ ဖြစ်တယ်လို့ Air Asia က အင်္ဂါနေ့ညပိုင်းမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အတည်ပြုသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
တနင်္ဂနွေနေ့က မုန်တိုင်း ကျနေချိန်အတွင်း ပျက်ကျသွားတဲ့ AirAsia လေကြောင်းလိုင်းက ခရီးသည်တင် ဂျက်လေယာဉ်ရဲ့ အပျက်အစီး အစအနတွေကို တွေ့ရတဲ့ ပင်လယ်ထဲကနေ အလောင်း ၄၀ ထက်မနည်းကို ပြန်ဆယ်ယူရရှိထားပြီလို့ အင်ဒိုနီးရှား တာဝန်ရှိ သူတွေက ပြောပါတယ်။

Borneo ကျွန်းအနောက် တောင်ဘက် မိုင် ၁၀၀ အကွာလောက်မှာ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေက Java ပင်လယ်ထဲမှာ မျောနေတဲ့ ရုပ်အလောင်းတွေ ဆွဲတင်နေတာကို ဒေသတွင်း ရုပ်သံသတင်းဌာနတွေက ဒီနေ့ ထုတ်လွှင့်ပြသပါတယ်။

နှစ်နိုင်ငံနယ်ခြားစောင့်တပ်များ အလံတင်အစည်းအဝေးတွင် အိန္ဒိယ၏ကျူးကျော်မှုများ ဖယ်ရှားရန် တောင်းဆို

အိန္ဒိယ- မြန်မာနှစ်နိုင်ငံ နယ်ခြားစောင့်တပ်များအလံတင် အစည်းအဝေး၌ နယ်စပ်မိုင်တိုင် ခုနစ်ခုတွင် အိန္ဒိယနိုင်ငံက ကျူး ကျော်ထားသော အခြေခံအ ဆောက်အအုံများ ကိုဖယ်ရှားပေးရန် မြန်မာအစိုးရကတောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အိန္ဒိယနိုင်ငံက ကျူးကျော် ထားသော မြေနေရာအကျယ်အ ၀န်းမည်မျှရှိသည်ဆိုသောအချက် အလက်များကို မြန်မာ့တပ်မ တော်က စတင်စုဆောင်းနေပြီး လာမည့်နှစ်အတွင်း ကျင်းပမည့် နှစ်နိုင်ငံနယ်ခြားစောင့်တပ်အလံ တင်အစည်းအဝေး၌ အိန္ဒိယအစိုး ရကို ဖိအားပေးပြောဆိုသွားရန် ပြင်ဆင်နေကြောင်းတပ်မတော် အသိုင်းအ၀ိုင်းမှ သတင်းရရှိ သည်။

လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးရှိ အသက် ၁၀၀နှင့်အထက် ဘိုးဘွားများအား သမ္မတက ဂုဏ်ပြုလက်မှတ်နှင့် ထောက်ပံ့ငွေ ပေးအပ်မည်

(၆၇)နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်အ ဖြစ် တစ်နိုင်ငံလုံးရှိ အသက်၁၀၀ နှင့်အထက် အဘိုးအဘွား ၅၀၀ ကျော်အား နိုင်ငံတော်သမ္မတ ကိုယ်တိုင် လက်မှတ်ရေးထိုးထား သော ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ ကြေးများ ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင် က ပြောသည်။

‘‘နိုင်ငံတကာမှာလည်း သက် ကြီးရွယ်အိုတွေအတွက် ပြုလုပ်ပါ တယ်။ အသက်ရှင်နေထိုင်နိုင်တဲ့ ဘိုးဘွားတွေအတွက် နိုင်ငံတော် က ချီးမြှင့်တာပါ’’ဟု ယင်းဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဒေါ်စံစံ အေးက ပြောသည်။

ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့အတူ အိပ်တဲ့ပုံစံ၊ ကိုယ်ခန္ဓာအနေအထားတွေက သင်တို့အချစ်ရေး ဘယ်လိုရှိတယ်ဆိုတာ ပြောပြနိုင်


ကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူအိပ်တဲ့အခါ သင်တို့နှစ်ဦးရဲ့ အိပ်စက်ပုံအိပ်စက်နည်းတွေက သင်တို့ရဲ့အချစ်ရေးက ဘယ်လိုရှိတယ်ဆိုတာ ထောက်ပြပေးနေသလိုပါပဲ။ ခန္ဓာဗေဒက ပြောပြပေးတဲ့ တိကျတဲ့အရာတွေထဲမှာ ဒီ အိပ်စက်တဲ့ပုံစံတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ခြွင်းချက်တွေအနေနဲ့ ရှိမနေဘူးလားလို့ မေးလာရင်တော့ ရှိကောင်းရှိနိုင် တယ်လို့ ဆိုရပါလိမ့်မယ်။ ကိုယ့်ချစ်သူက ကိုယ့်အနားက ခပ်ခွာခွာအိပ်တတ်လို့ အချစ်ရေး

အစိုးရတပ်နှင့် ကေအိုင်အေ ကာမိုင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)တို့ ကာမိုင်းမြို့ နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကေအိုင်အေစခန်းတစ်ခု သိမ်းပိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂၈ ရက် ညနေက ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ရှိ ဟွေကြောစခန်းကို မြန်မာ့ တပ်မတော် ခမရ(၅) လက်အောက်တပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကေအိုင်အိုဘက်က ပြောသည်။

‘‘အင်အားခုနစ်ဦးပဲရှိတဲ့ စခန်းကို ၀င်သိမ်းတာ။ မနေ့ကအထိ စခန်းပြန်ရဖို့ တိုက်နေတယ်။ ဒီနေ့ အခြေအနေတော့ မသိရသေးဘူး’’ဟု ကေအိုင်အိုအလုပ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောသည်။

Tuesday, December 30, 2014

သစ်တော လက်ထောက်ညွှန်မှူးနှင့် သစ်တောဝန်ထမ်းများ အသတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် သစ်တော လက်ထောက်ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်း များသည် တရားမဝင်သစ်များ ဖမ်းဆီးရန် သွားရောက်စဉ် တောတွင်းတစ်နေရာ၌ လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့တစ်ဖွဲ့က ပစ်ခတ်ခဲ့သောကြောင့် လက်ထောက်ညွှန်မှူး အပါအဝင် သစ်တောဝန်ထမ်း လေးဦး သေဆုံးခဲ့ကြောင်း လင်းခေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အကယ်ဒမီပေးပွဲတွင် ရိုင်းစိုင်းသည့်စကားလုံးပြောဆိုမိခြင်းအပေါ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း ပြန်လည်တောင်းပန်

အကယ်ဒမီ ပေးပွဲတွင် ရိုင်းစိုင်းသည့် စကားလုံး ထွက်ဆိုလိုက်မိခြင်းအပေါ် မြန်မာ့ နိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြန်လည်တောင်းပန် လိုက်ကြောင်း သိရသည်။

''အကယ်ဒမီပေးပွဲ ပြီးခါနီး အကယ်ဒမီဆုရတဲ့ သူတွေအားလုံး စုပေါင်းဓာတ်ပုံရိုက်ကြတဲ့အချိန်မှာ ကျွန်တော်က ရုပ်သံတွေကနေပြီး တော့ တိုက်ရိုက်ထုတ်လွှင့်ပေးတာ ကို သတိမေ့ပြီးတော့ ပြောလိုက်တဲ့ စကားလုံးကြောင့် ပရိသတ်တွေ အားလုံးကို ကျွန်တော့်အနေနဲ့ တောင်းပန်ပါတယ်။ တကယ်တော့ ပြေတီဦးအပေါ်မှာ သူအကယ်ဒမီ ဆုရသွားလို့ ဘာမလိုမုန်းတီးစိတ်မှ မရှိဘဲ အရင်ကတည်းက အပြင်မှာ ပြောနေကျအတိုင်း ကျွန်တော်ပြော လိုက်မိတာပါ။ အဲဒီအတွက် အား လုံးကို တောင်းပန်ပါတယ်''ဟု ယင်း ကဆက်လက်ပြောသည်။

စိုင်းစိုင်းခမ်းလှိုင်က ပြည်တွင်း ကျော်ကြားသူများ၏ Facebook စာမျက်နှာများအနက် ပထမဦးဆုံး Like ၁ သန်း ရရှိသူဖြစ်လာ

Photo: စိုင်းစိုင်းခမ်းလှိုင်က ပြည်တွင်း ကျော်ကြားသူများ၏ Facebook စာမျက်နှာများအနက် ပထမဦးဆုံး Like ၁ သန်း ရရှိသူဖြစ်လာ

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၁၄

ပြည်တွင်း ဟစ်ဟော့ပ် အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်၏ တရားဝင် Facebook စာမျက်နှာသည် Like ၁ သန်းကျော်ရှိခဲ့ပြီး ၎င်းသည် မြန်မာနိုင်ငံ၏ နာမည်ကျော်ကြားသူများအနက် ပထမဦးဆုံး Like ၁ သန်းပြည့်သူ ဖြစ်လာခဲ့သည်။

ပြည်တွင်းအခြေစိုက် Amara Digital Marketing Agency မှ ပြည်တွင်းရှိ အောင်မြင်ကျော်ကြားသူများ၏ Facebook စာမျက်နှာ Like ရရှိမှု အခြေအနေအား application တစ်ခုဖြင့် စိစစ်ထားခြင်းဖြစ်ပြီး ပျမ်းမျှအားဖြင့် Facebook သုံးစွဲသူ ၃ ဦးတွင် ၁ ဦးက အဆိုပါ အနုပညာရှင်၏ လူမှုကွန်ရက် စာမျက်နှာကို Like ပြုလုပ်ထားသည်ဟု သိရသည်။

ယခုလ ၂၈ ရက်နေ့က တရားဝင် Facebook စာမျက်နှာတွင် Like ၁ သန်း ရရှိသွားသော စိုင်းစိုင်းခမ်းလှိုင်၏ အဆိုပါ လူမှုကွန်ရက် စာမျက်နှာသည် ယနေ့နံနက်ပိုင်းတွင် ၁ သန်း ၃ ထောင်ကျော်သွားပြီဖြစ်သည်။

စိုင်းစိုင်းခမ်းလှိုင်၏ Facebook စာမျက်နှာ Like ရရှိမှုနောက်တွင် ရပ်တည်နေသော အခြားကျော်ကြားသည့် အနုပညာရှင်မှာ ဝတ်မှုန်ရွှေရည်ဖြစ်ပြီး သူမ၏ တရားဝင် Facebook စာမျက်နှာသည် ယခုအချိန်တွင် Like ရရှိမှု ၉ သိန်း ၁ သောင်းကျော်ဖြစ်သည်။

ယခုလက်ရှိ မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူဦးရေမှာ ၃ သန်းကျော်ရှိလာပြီဖြစ်ကြောင်း အထက်ပါ အေဂျင်စီမှ သိရသည်။

Internet Journal
Yesterday at 10:01am ·
ပြည်တွင်း ဟစ်ဟော့ပ် အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်၏ တရားဝင် Facebook စာမျက်နှာသည် Like ၁ သန်းကျော်ရှိခဲ့ပြီး ၎င်းသည် မြန်မာနိုင်ငံ၏ နာမည်ကျော်ကြားသူများအနက် ပထမဦးဆုံး Like ၁ သန်းပြည့်သူ ဖြစ်လာခဲ့သည်။

ဝမ်ပေါင်မှ ခြံစည်းရိုးခတ်အပြီး တစ်ပတ်ခန့်အကြာတွင် ဒေသခံများက ခြံစည်းရိုးကိုဖျက်၍ သပိတ်စခန်းဖွင့် ဆန္ဒပြ


စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းတွင် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ခြံစည်းရိုး တိုးချဲ့ခတ်ယူထားမှုများကို ဒေသခံများက ဖယ်ရှား၍ သပိတ်စခန်းဖွင့် လိုက်ကြောင်း သိရသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပဋိပက္ခဖြစ်ပွားပြီး တစ်ပတ်ခန့်အကြာတွင် ဒေသခံများက အဆိုပါခြံစည်းရိုး တိုးချဲ့ခတ်ယူထားမှုကို ဖယ်ရှား၍ ဆည်တဲကျေး ရွာ နှင့် တုံကျေးရွာရှိ ဒေသခံများက အဆိုပါခြံစည်းရိုးခတ်ထားမှုကို ဖယ်ရှား၍ ၎င်းတို့၏ နေရာများပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့်၍ ဆန္ဒပြတောင်း ဆိုမှုများ ဒီဇင် ဘာ ၂၉ ရက် မွန်းလွဲပိုင်းမှစ၍ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ငါးပြေမအတု သတိပြု

Photo: ငါးပြေမအတု သတိပြု 

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၁၄

မြန်မာလူမျိုးတို့ အသည်းစွဲနှစ်ခြိုက် သော ရေချိုငါးမျိုးများတွင် ငါးပြေမ ပါဝင်ပါသည်။ စားသုံးရာ၌ အရသာ လေးလေးပင်ပင်ရှိခြင်း၊ အသားနူးညံ့ ခြင်းတို့ကြောင့် အကြိုက်ပိုကြဟန် တူပါ၏။ အလယ်ရိုးကြောင်းအပြင် ကျောဘက် ဆူးမာများနှင့် ဝမ်းဘက်ဆူး တောင်များကြောင့် အရိုးများလွန်း သည်ဟူ၍ အချို့က ရှောင်ကြသော် လည်း မြန်မာထမင်းဆိုင်များတွင် ငါးပြေမဆီပြန်ဟင်းသည် ရောင်းပန်း လှသော ဟင်းတစ်ခွက်ဖြစ်ပါသည်။

ပဲခူးတိုင်းဒေသကြီး ပျဉ်ပုံကြီးဘက်မှ ထွက်သော လက်တစ်ဝါးခန့် ငါးပြေမ ကြီးများသည် ကဝက်ကင်းငါးသလောက် နည်းတူ ပျဉ်ပုံငါးပြေမဟူ၍ နာမည် ရသည်။ ငါးပြေမသည် မြန်မာ့တိုင်း ရင်း ရေချိုငါးမျိုးဖြစ်ပြီး သိပ္ပံအမည်မှာAnabus testudineus ဖြစ်သည်။ မျိုးရင်း (Family) Anabantidae ၌ ပါဝင်ပြီး အင်္ဂလိပ်အမည်မှာ climbing perch ဖြစ်၏။

ငါးပြေမသည် အသားစားငါးမျိုး (Carnivore) ဖြစ်ပြီး ပါးဟက်အတွင်း အပိုလေရှူ အင်္ဂါပါ၍ ငါးကျည်း၊ ငါးခူများနည်းတူ အသက်ပြင်းသည်။ ငါးဈေးတန်းများ အတွင်း အကောင်အရှင်ထားရောင်း သည်ကို တွေ့နိုင်ပြီး အရွယ်အစား ကိုလိုက်၍ တစ်ပိဿာလျှင် ၆ဝဝဝ ကျပ်မှ ၁ဝဝဝဝ ကျပ်အတွင်း ရောင်း ဈေးရှိ၍ ဈေးကောင်းလှ၏။ ငါးပြေမ ကို ပြည်တွင်း၌ သုတေသနပြု စမ်းသပ်သားဖောက်နိုင်သော်လည်း စီးပွားဖြစ်သားပေါက်များ ထုတ်လုပ် ရောင်းချနိုင်သည့်အဆင့်သို့ မရောက် ရှိသေးပေ။
ယခုနှစ်ပိုင်းအတွင်း ငါးပြေမနှင့် ဆင်တူသော ငါးတစ်မျိုးကို ဈေးများရှိ ငါးဈေးတန်းများတွင် လည်းကောင်း၊ လမ်းဘေးခေါင်းရွက်ဗျပ်ထိုး ဈေးသည် လေးများထံတွင်လည်းကောင်း ငါးပြေမ ဟူ၍ ဈေးခေါ်ပြီး တွင်တွင်ကျယ်ကျယ် ရောင်းချနေသည်ကို တွေ့ရှိနေရပါ၏။ မိမိရောက်လေ့ရှိသော (၃၈)လမ်းဈေး၊ ပုဇွန်တောင်ဈေးနှင့် ရေကျော် ဈေးများ၌လည်း တွေ့မြင်ရပါသည်။

ရောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် တစ်သောင်းမှ တစ်သောင်းနှစ်ထောင် အထိ ဈေးကောင်းသည်။
ယင်းငါးသည် ငါးပြေမနှင့် အသွင် သဏ္ဌာန်ဆင်နေ၍ ရုတ်တရက် ကြည့်ပါက ဆင်တူနေသော်လည်း ဂရုတစိုက်ကြည့်ပါမူ ကွဲပြားသည့် အချက်များရှိသည်ကို တွေ့ရပါလိမ့် မည်။ ထိုငါးသည် ငါးပြေမထက် ဦးခေါင်းပိုင်းသေးငယ်ပြီး ချွန်နေကာ ကိုယ်အလျားမှာ ခုံးဝိုင်းသည်။ ငါးပြေမတွင်ကား ကိုယ်အလျား ပို၍ ရှည်သည်။ ထင်ရှားသော ကွဲပြား ချက်မှာ ငါးပြေမ၏ ပါးဟက်ဖုံး (opercle) ၌ ခွေးသွားစိတ်သဏ္ဌာန် ဆူးဇောင်းများပါရှိပြီး အဆိုပါ ငါးတွင်မူ ပါးဟက်ဖုံး၌ အရိုးပြား ၂ ချောင်းသာ တွေ့ရ၏။ မိမိလက်လှမ်း မီသမျှ စူးစမ်းလေ့လာချက်များအရ ယင်းငါး၏ မျိုးရင်းသည် Nandidae ဖြစ်ပြီး သိပ္ပံအမည်မှာ Pristolepis fasciata ဖြစ်ပါသည်။အင်္ဂလိပ်အမည်မှာ Catopra ဖြစ်ပြီး မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများ၌တွေ့ရှိကာ အစုံစားသည့် ငါးမျိုး (Ominivore) ဖြစ်ပါသည်။

နေ့စဉ် ဈေးဝယ်ခြမ်းချက်ပြုတ်နေရ သော အိမ်ရှင်မများအဖို့ကား ဈေးဝယ်ရာ၌ ရောင်းမှားဝယ်မှား ဖြစ်လေ့ဖြစ်ထရှိပေရာ အာဖရိက ငါးခူနှင့် တိုင်းရင်းမြန်မာငါးခူ၊ ငါးဖမ်းမနှင့် ငါးဖယ်အောင်း၊ ရွှေဝါငါးကြင်းနှင့် ငါးဖိန်း၊ ငါးမြင်းနှင့် ငါးတန်တို့ကား မှားဝယ်လေ့ရှိသော၊ မှားဝယ်တတ်သော ငါးမျိုးများ ဖြစ်ပါသည်။ အချို့ဆိုလျှင် ငါးခူနှင့် ငါးကျည်း၊ ငါးခုံးမနှင့် ငါးဘဲဖြူတို့ ကိုပင် မှားဝယ်သည်ကို တွေ့ဖူးသည်။ အာဖရိကငါးခူတွင် ဦးခေါင်းနှင့် ကိုယ်အပိုင်းဆက်သည့် ကုတ်နေရာ၌(V) ပုံသဏ္ဌာန်အချွန်ရှိပြီး မြန်မာ တိုင်းရင်းငါးခူ၌မူ မြန်မာအက္ခရာ (က)ပုံသဏ္ဌာန် တွေ့နိုင်ပါသည်။ ငါးဖယ်အောင်းမှာ ငါးဖမ်းမနှင့် ဆင်တူသော်လည်း ငါးဖမ်းမထက် အရွယ်ကြီးသော ငါးမျိုးဖြစ်သည်။ ရွှေဝါငါးကြင်းမှာ ခန္ဓာကိုယ်ခုံးဝိုင်း ကာ ငါးဖိန်းမှာမူ ကိုယ်အလျား ရှည်သွယ်ပါသည်။ ငါးမြင်းနှင့် ငါးတန် တွင်ကား ခုတ်သားများသာ အရောင်း များ၍ အသား၏ အရောင်ကို ကြည့်ရှုပြီး ခွဲခြားနိုင်ပါသည်။ ငါးမြင်း ၏အသားမှာ ဖြူပြီး ငါးတန်အသားမှာမူ အဝါရောင်သန်းပါသည်။ လောက ဓမ္မတာအရ အရာရာတွင် ဆင်တူ ယိုးမှားရှိသော အဖြစ်မျိုးများရှိတတ် ပေရာ မည်သည့်နယ်ပယ်၌မဆို ရောင်းမှားဝယ်မှား အဖြစ်မများကြ စေခြင်းငှာ သတိချပ်၍ ဝယ်ယူစားသုံး နိုင်ကြပါရန် ရေးသားဖော်ပြလိုက် ရခြင်းဖြစ်ပါသည်။

စံလွင် (ငါးဦးစီး)
The Mirror Daily
မြန်မာလူမျိုးတို့ အသည်းစွဲနှစ်ခြိုက် သော ရေချိုငါးမျိုးများတွင် ငါးပြေမ ပါဝင်ပါသည်။ စားသုံးရာ၌ အရသာ လေးလေးပင်ပင်ရှိခြင်း၊ အသားနူးညံ့ ခြင်းတို့ကြောင့် အကြိုက်ပိုကြဟန် တူပါ၏။ အလယ်ရိုးကြောင်းအပြင် ကျောဘက် ဆူးမာများနှင့် ဝမ်းဘက်ဆူး တောင်များကြောင့် အရိုးများလွန်း သည်ဟူ၍ အချို့က ရှောင်ကြသော် လည်း မြန်မာထမင်းဆိုင်များတွင် ငါးပြေမဆီပြန်ဟင်းသည် ရောင်းပန်း လှသော ဟင်းတစ်ခွက်ဖြစ်ပါသည်။

တေးနုယဉ်၏ နောက်ဆုံးခရီးခန္ဓာကိုယ်အနှံ့ဒဏ်ရာဒဏ်ချက် များကို နာရေးပို့သူများမြင်တွေ့ခဲ့ရ


 ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်အတွင်း အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တာဝန်ကျဝန်ထမ်းတစ်ဦးက သနပ်ခါးများ ထူပိန်းစွာလိမ်းပေးနေသည်။ သနပ်ခါးများ  ထူပိန်းနေသည့်ကြားကပင်  ညိုမည်းနေသော ဒဏ်ရာ ဒဏ်ချက်များကို မြင်တွေ့နေရဆဲဖြစ်သည်။

မျက်နှာပြင်တစ်ခုတည်းမ က လက်၊ လည်ပင်း၊ ရင်ဘတ်နှင့်  ကျောဘက်များ တွင်လည်း အညို အမည်း ဒဏ်ရာများစွာကို အထင်း သားမြင်တွေ့နေရသည်။

အစိုးရရုပ်သံလိုင်းသစ်မှ ပရီးမီးယားလိဂ်ပွဲများ တစ်ပတ်လျှင် နှစ်ပွဲနှုန်းအခမဲ့ပြသမည်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ တိုးချဲ့ရုပ်သံလိုင်းဖြစ် သော MRTV Entertainment ဖျော်ဖြေရေး ရုပ်သံလိုင်းသစ်မှ ရွှေသံလွင်မီဒီယာနှင့် ပူးပေါင်း ကာ  အင်္ဂလန်ပရီးမီးယားလိဂ် ပွဲ စဉ်များကို တစ်ပတ်လျှင် နှစ်ပွဲနှုန်းဖြင့် ၂၀၁၅ ဇန်န၀ါရီ ၁ ရက်မှစ ၍ ပြသရန်စီစဉ်လျက်ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ပျောက်ဆုံးသွားသော အဲအေးရှားလေယာဉ်၏ နောက်ဆုံးရ သတင်းနှင့် လက်ရှိလုပ်ဆောင်ချက်များ

Photo: ပျောက်ဆုံးသွားသော အဲအေးရှားလေယာဉ်၏ နောက်ဆုံးရ သတင်းနှင့် လက်ရှိလုပ်ဆောင်ချက်များ

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၁၄

အဲအေးရှားနှင့် အင်ဒိုနီးရှားမှ တာဝန်ရှိသူများ၊ အင်ဒိုနီးရှား အမျိုးသား ရှာဖွေရေးနှင့် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့(BASARNAS)၊ အင်ဒိုနီးရှား လေဆိပ်မှာ တာဝန်ရှိသူများ၊ Angkasa Pura I မှ လေဆိပ် တာဝန် ခံများသည် ပျောက်ဆုံးသွားသူ မိသားစု များနှင့် တွေ့ဆုံ၍ နောက်ဆုံးဖြစ်စဉ် များကို အကြောင်းကြားရန် ဖြစ်နိုင်သည့် နည်းလမ်း မျိုးစုံဖြင့် အထောက်အကူ ပေးမည်ဖြစ်ကြောင်း မကြာသေးမီက ဆာရာဘရာတွင် သတင်းထုတ်ပြန် ပြောကြား ခဲ့ပါတယ်။

အဲအေးရှား အင်ဒိုနီးရှား၏ အမှုဆောင် အရာရှိချုပ် Mr.Sunu Widyatmoko က ဒီ ကိစ္စကြောင့် ကျွန်တော်တို့ အရမ်းထိတ်လန့် ခဲ့ရပြီး ၀မ်းနည်း ခဲ့ရပါတယ်။ ယခု ဖြစ်စဉ်ဘာကြောင့်ဖြစ်တယ် ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ အင်အားအပြည့် အစုံဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်နေပါတယ်။ ယခုချိန်မှာတော့ ကျွန်တော်တို့ရဲ့ အဓိက တာဝန်ကစီးနင်း လိုက်ပါလာသူ မိသားစုများနှင့် ခင်မင်ရင်းနှီးသူများအား နောက်ဆုံးရ သတင်းအချက် အလက်များကို အချိန်နဲ့အမျှ ထုတ်ပြန်ပေးခြင်း ပဲဖြစ်ပါတယ် လို့ပြောကြား သွားခဲ့ပါတယ်။

လေယာဉ်တွင် ပါဝင်သူများအား ဖြစ်နိုင်တဲ့ နည်းလမ်းများဖြင့် စုံစမ်းလေ့လာ သွားမှာဖြစ်ပြီး ယင်းတို့၏ အရေးပေါ်လိုအပ်ချက်များကို အထောက်အကူဖြစ်ရန် နေစရာထိုင်ခင်း နှင့် ခရီးသွားလာ နိုင်ရေး ပါဝင်တဲ့ ထောက်ပံ့နိုင်မည့် အသင်းအား စေလွတ်ပြီးပြီ ဖြစ်ပါသည်။ မိသားစုဝင်များအတွက်လည်း Surabaya တွင် ယာယီနေရာထိုင်ခင်းများ စီစဉ်ပေးထားပါသည်။ စင်ကာပူမှ မိသားစုဝင်များ အတွက်လည်း အရေးပေါ်ယာယီနေရာထိုင်ခင်းကို ချန်ဂီ နိုင်ငံတကာလေဆိပ် ဂိတ်ပေါက် နံပါတ်၂ တွင် လည်းထားရှိပြီး အဲအေရှားအင်ဒိုနီးရှားမှ အရေးပေါ် သတင်းများ ထောက်ပံ့ပေးမည် ဖြစ်ပါတယ်။

ပျောက်ဆုံးသွားသော လေယာဉ်တွင် ပါဝင်သည့် ဆွေမျိုးများ၊ မိတ်ဆွေများ အတွက် အချက်အလက်များ စုံစမ်းမေးမြန်းချင်လျှင် အရေးပေါ် ဖုန်းခေါ်ဆိုနိုင်ဖို့ ထားရှိပါတယ်။ ဖုန်းနံပါတ်ကတော့ +၆၂၂၁၂၉၂၇၀၈၁၁ ဖြစ်ပါတယ်။

ယခုချိန်မှာတော့ ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့အစည်း များသည် ပြည်တွင်း ရှာဖွေရေး၏ လမ်းညွှန်မှုနှင့် အင်ဒိုနီးရှား သမ္မတနိုင်ငံ၏ ကယ်ဆယ်ရေး တပ်ဖွဲ့ (BASARNAS)အောက်မှာ လှုပ်ရှားဆောင်ရွက် နေကြပါတယ်။ အဲအေးရှား အင်ဒိုနီးရှားသည် ဖြစ်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် စုံစမ်းလေ့လာဆောင်ရွက်နေပါတယ်။ ပျောက်ဆုံး သွားသော လေယာဉ်သည် လေယာဉ်နံပါတ် A320-200 ဖြစ်ပြီး မှတ်ပုံ တင်အမှတ် PK-AXC ဖြစ်ပါသည်။ လေယာဉ်တွင် စီးနှင်းသူ ၁၅၅ ဦးပါဝင်ပြီး လူကြီး ၁၃၇ဦး၊ ကလေး ၁၇ဦး နှင့် မွေးကင်းစကလေး ၁ ဦး ပါဝင်ပါသည်။။ လေယာဉ်မောင်းနှင်သူ ၂ဦး၊ လေယာဉ်မယ် ၄ဦးနှင့် အင်ဂျင်နီယာ ၁ ဦး ပါဝင်ပါသည်။

လေယာဉ်မောင်းနှင်သူ ကပ္ပတိန်သည် လေယာဉ်မောင်းနှင်မှု ပျံသန်းချိန် စုစုပေါင်း ၂၀,၅၃၇နာရီရှိပြီး အဲအေးရှားအင်ဒိုနီးရှားနှင့်အတူ နာရီပေါင်း ၆,၁၀၀ လေယာဉ်မောင်းနှင်ခဲ့သော အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။ ပထမတန်း အရာရှိမှာလည်း အဲအေးရှား အင်ဒိုနီးရှားနှင့်အတူ ပျံသန်းချိန် နာရီပေါင်း၂,၂၇၅ ကျော် အတွေ့အကြုံရှိ သူဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများကိုရလျင် ရချင်းထုတ်ပြန်မည်ဖြစ်ပြီး ကျွန်တော်တို့ဆုတောင်းမေတ္တာ များမှာ လည်း QZ8501 လေယာဉ် အတွင်းပါဝင်သူများနှင့် အတူတည်ရှိ ပါတယ်။
Note to Editors: မီဒီယား သမားများ အနေဖြင့် ပျောက်ဆုံး သွားသော လေယာဉ်တွင် ပါဝင်သည့် ဆွေမျိုးများ၊ မိတ်ဆွေများ အတွက် အချက်အလက်များ စုံစမ်းမေးမြန်းရန် ထားရှိသည့် အရေးပေါ်ဖုန်းအား မခေါ်ဆိုရန် တောင်းဆို ပါသည်။ မီဒီယာသမားများ အတွက် +၆၂၂၁၂၉၂၇၀၈၃၁ ကို ခေါ်ဆိုနိုင်ပါသည်။

အဲအေးရှား အင်ဒိုနီးရှား QZ5801 ၏ နောက်ဆုံးရ သတင်း

၂၀၁၄ ဒီဇင်ဘာ၂၉ ရက်နေ့ ဒေသစံတော်ချိန် ၁၀နာရီခွဲ (GMT+7) အဲအေးရှား အင်ဒိုနီးရှားသည် ပြည်တွင်းရှာဖွေရေးနှင့် အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ ကယ်ဆယ်ရေးအဖွဲ့မှ သတင်းရရှိခဲ့ပါတယ်။သတင်းစဉ်မှာ အင်ဒိုနီးရှား၊ စင်ကာပူ နှင့် မလေးရှား မှ ကယ်ဆယ်ရေးအစီအစဉ်သည် လေယာဉ် QZ8501 ကိုရှာဖွေခဲ့ကြောင်း သိရပါသည်။ယနေ့ ဆူယာဘာယာတွင် ရှာဖွေရေးအစီအစဉ်ကို ယနေ့ ဒေသစံတော်ချိန် မနက်၆နာရီ (GMT +7) တွင် ထုတ်ပြန်ခဲ့ပါသည်။

အဲအေးရှား အင်ဒိုနီးရှားသည် ဆက်လက်၍ ရှာဖွေရေးအင်းအား ဖြည့်ပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေး တာဝန်ရှိသူများနှင့် ပူပေါင်းပါဝင်ဆောင်ရွက် ခဲ့ပါသည်။ အဲအေးရှား အင်ဒိုနီးရှား၏ ပထမ အဆင့်ဦးတည်ချက်မှာ မိသားစုဝင်များ အတွက်ဖြစ်ပြီး အဲအေးရှား အင်ဒိုနီးရှား၏ အမှုဆောင်အရာရှိ ချုပ်ဖြစ်သူ Mr.Suna Widyatmoko လက်ရှိတွင် ဆူယာဘယာရှိ ကျန်ရစ်သူ မိသားစုများနှင့်အတူ Surabaya တွင် ရောက်ရှိနေပါသည်။ ကျွန်တော်တို့ဟာ ကျန်ရှိသူ မိသားစုဝင်များ အတွက်ရှာဖွေရေးနှင့်ကယ်ဆယ်ရေး အစီအစဉ်များဖြင့် အားဖြည့်ပေးနေပြီး စိတ်သက်သာမှု ရှိစေရန် အစွမ်းကုန်ကြိုးစားပေး နေပါသည်။ အဲအေးရှား၏ အခြားသော တာဝန်ရှိသူများကလည်း စင်ကာပူမှာ ရှိသည့် မိသားစုဝင်များကိုလည်း အလားတူ ထောက်ပံ့ပေးနေပါသည်။

ကျန်ရှိသူ မိသားစုဝင်များကို သတင်းအချက်အလက်များ ပေးရန် အရေးပေါ် ဖုန်းနံပါတ်များ ထုတ်ပြန်ကြေညာထားပါသည်။ ဖုန်းနံပါတ်မှာ +၆၂၂၁၂၉၂၇၀၈၁၁ (သို့) ၀၃၁-၈၆၉၀၈၅၅ (သို့) ၀၃၁-၂၉၈၆၇၉၀ ( Surabaya)

Photo By - Channel NewsAsia
ကျော်လင်းနိုင် (ရိုးရာလေး)
အဲအေးရှားနှင့် အင်ဒိုနီးရှားမှ တာဝန်ရှိသူများ၊ အင်ဒိုနီးရှား အမျိုးသား ရှာဖွေရေးနှင့် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့(BASARNAS)၊ အင်ဒိုနီးရှား လေဆိပ်မှာ တာဝန်ရှိသူများ၊ Angkasa Pura I မှ လေဆိပ် တာဝန် ခံများသည် ပျောက်ဆုံးသွားသူ မိသားစု များနှင့် တွေ့ဆုံ၍ နောက်ဆုံးဖြစ်စဉ် များကို အကြောင်းကြားရန် ဖြစ်နိုင်သည့် နည်းလမ်း မျိုးစုံဖြင့် အထောက်အကူ ပေးမည်ဖြစ်ကြောင်း မကြာသေးမီက ဆာရာဘရာတွင် သတင်းထုတ်ပြန် ပြောကြား ခဲ့ပါတယ်။

အဲအေးရှားလေယာဉ် ရေအောက်ကြမ်းပြင်ဆီ ရောက်သွားပြီလား

Photo: အဲအေးရှားလေယာဉ် ရေအောက်ကြမ်းပြင်ဆီ ရောက်သွားပြီလား

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၁၄

 အဲအေးရှားလေယာဉ် ပျက်ကျမှုကြောင့် ၂၀၁၄ အတွင်း ကမ္ဘာ တစ်ဝန်းတွင် လေကြောင်းခရီး ကြောင့် လူသေဆုံးသည့် အရေ အတွက်မှာ ၁,၂၁၂ ဦးအထိရှိသွားပြီး ဆယ်စုနှစ်အတွင်း လေ ကြောင်းကဏ္ဍ၌ လူသေဆုံးသူ အမြင့်ဆုံးနှစ်ဖြစ်ကြောင်း လေ ယာဉ်အပိုင်စီးမှုများ အပါအ၀င် လေကြောင်းမတော်တဆမှုများ ကို ခြေရာကောက်စောင့်ကြည့် နေသော လေယာဉ်လုံခြုံရေးကွန် ရက်၏ စစ်တမ်းတွင် တွေ့ရ သည်။

ဒီဇင်ဘာ ၂၈ ရက်နံနက်က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်းနေစဉ် ပျောက်ဆုံးသွားခဲ့သော လူ ၁၆၂ ဦးပါ အဲအေးရှားလေယာဉ်သည် ပင် လယ်ကြမ်းပြင်ပေါ်တွင် ပျက်ကျ နစ်မြုပ်နေလောက်ပြီဖြစ်ကြောင်း အင်ဒိုနီးရှားအရာရှိများက ဒီဇင် ဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။ လေယာဉ်ပါ် လိုက်ပါစီးနင်းသွားသူများ၏ စိုးရိမ်ဖွယ်ရာ အသက်ဆုံးရှုံးနိုင်ခြေ အပါအ၀င် ကမ္ဘာတစ်ဝန်း လေကြောင်းခရီးကြောင့် သေဆုံးရသူမှာ ယခုအချိန်တွင် ၁,၂၁၂ ဦး ရှိသွားပြီဖြစ်သည်။အဲအေးရှားလေယာဉ် QZ8501 မပျက်ကျမီ ၂၀၁၄ အတွင်း လေကြောင်းမတော်တဆဖြစ်ပွားမှု ကြောင့် လူပေါင်း ၁,၀၅၀ ဦး သေ ဆုံးခဲ့ပြီးဖြစ်သည်။ မတော်တဆ မှုများတွင် လူပေါင်း ၆၉၉ ဦး သေ ဆုံးစေခဲ့သည့် မလေးရှားအခြေ စိုက်လေကြောင်းလိုင်းများလည်း ပါဝင်နေသည်။ လူသေဆုံးသည့် ပမာဏ မြင့်မားသော်လည်း ၂၀၁၄ အတွင်း လေယာဉ်ပျက်ကျ မှုမှာ ၁၁၁ ခု ရှိခဲ့သည်။ ကျန် လေယာဉ် မတော်တဆမှုများ၌ ကုမ္ပဏီများ၊ အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂလိကလေယာဉ်များ မတော် တဆမှုတို့လည်း ပါဝင်နေသည်။

၂၀၁၄ အတွင်း လေယာဉ် မတော်တဆမှုများတွင် မလေး ရှားလေကြောင်းလိုင်းမှ လေယာဉ်များပါဝင်သည့် မတော်တဆမှု နှစ်ခုရှိခဲ့သည်။ တစ်ခုမှာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ဖြစ်ပြီး ကျန်တစ်ခုမှာ အိန္ဒိ ယသမုဒ္ဒရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ယင်းတို့ကြောင့် လူပေါင်း ၅၃၇ သေဆုံးခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်က အဲ အေးရှားလေယာဉ် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံး မသွားမီအတွင်း ရာသီဥတုအခြေ အနေကြောင့် လေကြောင်းလမ်းကို ပြောင်းလဲမောင်းနှင်ရန် မြေ ပြင်ရှိ လေကြောင်းထိန်းသိမ်းရေး စခန်းသို့ လေယာဉ်မှူးက လှမ်းအ ကြောင်းကြား မေးမြန်းမှုရှိခဲ့သည်။ လေယာဉ်ကို နောက်ဆုံးခြေရာခံမိခဲ့သည့်နေရာက ဂျာဗားပင်လယ်အပေါ် ကလီမန်တန်နှင့် ဂျာဗားကျွန်းများအကြားတွင်ဖြစ် ကြောင်း အင်ဒိုနီးရှားလေကြောင်း ၀န်ကြီးဌာနအရာရှိက မီဒီယာများ အား ပြောကြားခဲ့သည်။

‘‘လေယာဉ်က ပင်လယ်ပေါ် မှာလို့ ကျွန်တော်တို့ ခန့်မှန်းခဲ့ကြ တယ်။ အခုအချိန်မှာတော့ ပင် လယ်အောက်ခြေမှာ ရှိနေနိုင်ပါ ပြီ’’ဟု ပျောက်ဆုံးလေယာဉ်ရှိနေ နိုင်သည့် နေရာကို သတင်း ထောက်များက မေးမြန်းစဉ် အင် ဒိုနီးရှား၏ ရှာဖွေကယ်ဆယ်ရေး အေဂျင်စီအကြီးအကဲ Soelistyo က ဖြေကြားခဲ့သည်။

လေယာဉ်ပျောက်ဆုံးသွား ပြီးနောက် အင်ဒိုနီးရှား၊ စင်ကာ ပူနှင့် မလေးရှား သုံးနိုင်ငံ ပူးပေါင်းရှာဖွေ ကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ကြသည်။ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့ကလည်း အကူအညီများ ကမ်းလှမ်းခဲ့ကြသည်။

ပျောက်ဆုံးနေသော အဲ အေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင် လေယာဉ် မောင်း ၂ ဦး၊ ၀န်ထမ်း ၅ ဦးနှင့်ခရီးသည် ၁၅၅ ဦးလိုက်ပါသွားသည်။ ခရီးသည်များအနက်လူကြီး ၁၃၈ ဦး၊ ကလေး ၁၆ ဦး နှင့် ရင်ခွင်ပိုက် ကလေးငယ် ၁ ဦး တို့ ပါဝင်နေသည်။

လေယာဉ်ပေါ် ပါသွားသူ များမှာ စင်ကာပူနိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ ပြင် သစ် ၁ ဦး၊ တောင်ကိုရီးယား ၃ ဦးနှင့် အင်ဒိုနီးရှား ၁၅၆ ဦး ဖြစ် သည်။

ကျွမ်းကျင်သူများသုံးသပ်ချက်

ပျောက်ဆုံးအဲအေးရှားလေ ယာဉ်မှ ရှင်သန်လွတ်မြောက်သူ များကို ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေရာ၌ အခွင့်အရေး အနည်းငယ်သာရှိပြီး မကြာမီ လေယာဉ်အပျက်အစီး အပိုင်း အစများကို တွေ့ရှိရဖွယ်ရှိ ကြောင်း နိုင်ငံတကာမှ ကျွမ်းကျင် သူများက သုံးသပ်နေကြသည်။

လေယာဉ်တစ်စီးသည် ရေ ပြင်အပေါ်၌ ပျောက်ဆုံးသွား သည့်အခါ ပျက်ကျရာမှ ရှင်သန် လွတ်မြောက်နိုင်သူ တစ်ဦးဦးရှိ နိုင်ခြေမှာ အလွန်တရာနည်းပါး ကြောင်း လေကြောင်းလုပ်ငန်း၌ နိုင်ငံတကာအတွေ့အကြုံ နှစ် ပေါင်းများစွာရှိသူ လေယာဉ်နှင့် လေကြောင်းဆိုင်ရာ ဂျာမန်ကျွမ်းကျင်ပညာရှင် ဟိန်းရစ်ခ်ျဂရော့စ်ဘွန်းဂတ်ဒ်က ပြောကြားကြောင်း ဂျာမန်သတင်းဌာန ဒီဒဗလျူက ဖော်ပြသည်။

အာရှ၏ ကျယ်ပြန့်မှု၊ ရေ ပြင်ပေါ်မှ ပျံသန်းရသည့် များပြား လှသော လေကြောင်းလမ်းများ နှင့် မပြည့်စုံသည့် ရေဒါလွှမ်းခြုံမှု တို့သည် ဒေသ၏ လေယာဉ်ခရီး စဉ်များကို အခက်အခဲဖြစ်စေ ကြောင်း Expairtise Communi-cations ၏ မန်နေဂျင်းဒါရိုက်တာ လည်းဖြစ်သည့် ဟိန်းရစ်ခ်ျဂ ရော့စ်ဘွန်းဂတ်ဒ်က ပြောကြား လိုက်သည်။ အဲအေးရှားလေယာဉ် အပျက်အစီးအပိုင်းအစ များကို မကြာမီရက်အနည်းငယ် အတွင်း ပြန်လည်တွေ့ရှိမည်ဖြစ်ကြောင်း ၎င်းက အခိုင်အမာပြောသည်။

လေယာဉ်ပျောက်ဆုံးသည့် နေရာ၌ တိမ်ထူထပ်နေခဲ့ကြောင်း အင်ဒိုနီးရှားလေကြောင်းဝန်ကြီး ဌာနက ပြောသည်။ CNN သတင်းဌာန၏ မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင် ဒါရက်ဗန်ဒမ်ကလည်း ရာသီဥတုဆိုးရွားမှုသည် လေယာဉ်ပျောက်ဆုံးမှု၏ အကြောင်းရင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။ မစ္စတာဟိန်းရစ်ခ်ျကလည်း ပြီးခဲ့သည့် နှစ်များအတွင်း တွေ့ခဲ့ရသည့် ရာသီဥတုနှင့် ဆက်စပ်သည့် မတော်တဆမှုများ အားလုံး တွင် ရာသီဥတုသည် အကြောင်းရင်းတစ်ခုဖြစ်သည်ဆိုသည်။ သို့သော် အခြား အကြောင်းများလည်း အမြဲလိုရှိကြောင်း ၎င်းကပြောသည်။ ရာသီဥတုနှင့်အတူနည်းပညာပိုင်းဆိုင်ရာ ပြဿနာ အချို့ (သို့မဟုတ်) ရာသီဥတုနှင့် လေယာဉ်ဝန်ထမ်း၏ မှားယွင်းသည့် ဆုံးဖြတ်ချက်တို့ ပေါင်းစပ်ဖြစ်နိုင်ခြေရှိကြောင်း သိရသည်။ လေယာဉ်နှင့် လေကြောင်းလမ်းထိန်းသိမ်းရေးအကြား ဆက်သွယ်ရေး ထုတ်ပြန်သည့်အခါတွင် ရေဒါအချက်အလက်များကို မြင်ရမည် ဖြစ်ပြီး ယင်းက အမှန်တကယ် မည်ကဲ့သို့ဖြစ်ပွားခဲ့သလဲ ဆိုသည်ကို ကနဦးနိမိတ်ပြနိုင်မည်ဖြစ် သည်။

အမြင့်ပေ ၃၂,၀၀၀ တွင် လေယာဉ်ပျံသန်းနေခဲ့ချိန် တိမ် များကို ရှောင်ကွင်းမောင်းနှင်ရန် အတွက် အမြင့်ပေ ၃၈,၀၀၀ ၌ ပျံ သန်းရန် မြေပြင်ရှိ လေကြောင်း လမ်းထိန်းသိမ်းရေးဌာနသို့ မ တောင်းဆိုမီအထိ အဆိုပါနေရာတွင် ရာသီဥတုဆိုးရွားခဲ့ကြောင်း အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ လေကြောင်းသယ် ယူပို့ဆောင်ရေး ဒါရိုက်တာ Joko Muryo Atmodjo က ပြောသည်။ ယင်းနေရာရှိ လေယာဉ်လမ်း ကြောင်း အခြေအနေကြောင့် ခွင့် ပြုချက် မပေးလိုက်ရသေးဘဲ ငါးမိနစ်အကြာ တနင်္ဂနွေနေ့ နံနက် ၆ နာရီ ၁၇ မိနစ်တွင် လေယာဉ်နှင့် မြေပြင်ဌာန အဆက်အသွယ် ပြတ်တောက်ခဲ့သည်ဟုဆိုသည်။

လေကြောင်းများကို အချိန် နှင့်တစ်ပြေးညီ ခြေရာခံနေသည့် Flightradar24.com ၏ အချက် အလက်များအရ ယင်းနေရာအနီး အနားတစ်ဝိုက်ရှိ လေယာဉ်အ များအပြားသည် ထိုအချိန်က အ မြင့်ပေ ၃၄,၀၀၀ မှ ၃၆,၀၀၀ သို့ မောင်းနှင်ခဲ့ကြကြောင်း တွေ့ရ သည်။ ယင်း Level မှာ ခရီးသည်တင်လေယာဉ်များအတွက် ထူးခြားမှုတစ်စုံတစ်ရာ မဟုတ်ပေ။

ယခုလေယာဉ်ပျောက်ဆုံးမှု ၌ လေယာဉ်အပိုင်စီးမှုကဲ့သို့ ပြစ် မှုအမျိုးအစားနှင့် နှီးနွှယ်နေနိုင် သည့် မည်သည့်အရာမျိုးကိုမှ မ တွေ့ရကြောင်း အပြည်ပြည်ဆိုင် ရာ လေကြောင်းလုံခြုံရေး စုံစမ်း စစ်ဆေးသူများ အသိုက်အဝန်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အန်ထော်နီ ဘရစ်ဟောက်စ်က ပြောသည်။

QZ8501 လေယာဉ်မှူး သည် ရာသီဥတုအခက်အခဲကို တွေ့ဆုံခဲ့ပြီး ယင်းကို ရှောင်ရှားရန်အတွက် အရှိန်အလွန်နှေးကွေးစွာဖြင့် မောင်းနှင်ခဲ့ကြောင်း လေယာဉ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပြီး airlinerratings.com ၏ အယ်ဒီတာဖြစ်သူ ဂျော်ဖရေးသောမတ်စ်ကဆိုသည်။

ယင်းမှာ ၂၀၀၉ က ပျက်ကျခဲ့သည့် Air France AF447 ၏ အခြေအနေနှင့် အလားတူ လေခွင်းအားရပ်တန့်မှုကို ဖြစ်သွားစေခဲ့သည်ဟုဆိုသည်။ Air France AF447 မှာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမှ ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ပျံသန်းနေစဉ် အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။

သောမတ်စ်၏ အဆိုအရ အဲအေးရှား QZ8501 သည် တစ် နာရီ ကီလိုမီတာ ၁၆၀ ခန့်အထိ အလွန်နှေးကွေးစွာ ပျံသန်းခဲ့ပြီး ထိုအချိန်ကရှိနေခဲ့သည့် ပင်လယ်ပြင်အထက်အမြင့်နှင့် ယင်းအမြန်နှုန်းမှာ အလွန်အမင်း အန္တရာယ် ရှိခဲ့သည်။

Air France AF447 ပျက် ကျမှုတွင် ခရီးသည် ၂၁၆ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦး သေ ဆုံးခဲ့ရသည်။ လေယာဉ်အပျက် အစီး အစအနများကို ရက်ပေါင်း များစွာ ရှာဖွေသော်လည်း မတွေ့ ရှိခဲ့ပေ။ ပျက်စီးသွားသော လေ ယာဉ် တည်နေရာကို သိရှိရန်ပင် နှစ်ပေါင်းများစွာ ကြာခဲ့သည်။ စုံ စမ်းစစ်ဆေးသူများက နောက်ဆုံး တွင် ယင်းပျက်ကျမှု၌ နည်းပညာပိုင်းအမှားနှင့် လူသားအမှားနှစ်ခုစလုံးကို အပြစ်ဖို့ခြင်းဖြင့် နိဂုံးချုပ်ခဲ့ကြ၏။

7 Day Daily
အဲအေးရှားလေယာဉ် ပျက်ကျမှုကြောင့် ၂၀၁၄ အတွင်း ကမ္ဘာ တစ်ဝန်းတွင် လေကြောင်းခရီး ကြောင့် လူသေဆုံးသည့် အရေ အတွက်မှာ ၁,၂၁၂ ဦးအထိရှိသွားပြီး ဆယ်စုနှစ်အတွင်း လေ ကြောင်းကဏ္ဍ၌ လူသေဆုံးသူ အမြင့်ဆုံးနှစ်ဖြစ်ကြောင်း လေ ယာဉ်အပိုင်စီးမှုများ အပါအ၀င် လေကြောင်း မတော်တဆ မှုများ ကို ခြေရာကောက်စောင့်ကြည့် နေသော လေယာဉ်လုံခြုံရေးကွန် ရက်၏ စစ်တမ်းတွင် တွေ့ရ သည်။

ဒီဇင်ဘာ ၂၈ ရက်နံနက်က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်းနေစဉ် ပျောက်ဆုံးသွားခဲ့သော လူ ၁၆၂ ဦးပါ အဲအေးရှားလေယာဉ်သည် ပင် လယ်ကြမ်းပြင်ပေါ်တွင် ပျက်ကျ

အကယ်ဒမီပေးသည့် ညတွင် ကိုယ့်ကိုယ်ကိုယ် ညံ့မှန်းသိခဲ့ဟု ပန်းချီစိုးမိုး ပြောကြား

အကယ်ဒမီနှစ်ဆု ရရှိခဲ့ ဖူးသော်လည်း “ကြယ်စင်မော်ကွန်း” ရုပ်ရှင် ဇာတ်ကားတွင် ဒါရိုက်တာ ဆုနှင့် လွဲခဲ့ သည့် ပန်းချီစိုးမိုးက မိမိတွင် အရည် အချင်း လိုအပ်နေသေး သည့်အပြင် ဒါရိုက်တာ သက်တမ်း ၄၈ နှစ် ကာလ အတွင်း၌ ကိုယ့် ကိုယ်ကိုယ် ညံ့မှန်း အကယ်ဒမီ ဆုပေးသည့် ည၌ပင် သိခဲ့ရ သည်ဟု ၎င်းကမဇ္ဈိမကို ပြောသည်။
“နံပါတ်တစ်ကတော့ ဆုံးဖြတ်တဲ့ အကယ်ဒမီဘုတ်နဲ့ ဆိုင်တယ်။ ဘုတ်မှာ ရွေးထားတဲ့လူရဲ့ အရည် အချင်း နဲ့ လည်း ဆိုင်တယ်။ နောက်ပြီး အရည်အချင်းရှိလည်း စိတ်ဓာတ်နဲ့ ဆိုင်တယ်။ အနုပညာကို အနုပညာ မျက်စိနဲ့ ကြည့်ဖို့ ကောင်းပါတယ်။ ဒီ“ကြယ်စင်မော်ကွန်း” ဇာတ်ကားသည် ဗိုလ်ချုပ်နဲ့ ပတ်သက်လို့ အရင်တုန်း ကပြော လို့ ဆိုလို့တောင် မရဘူး။ ခုံတောင်ဖြည့်လို့ မရဘူးလို့ လူတွေပြော ကြတယ်။ ဗိုလ်ချုပ်ကားကို ဗိုလ်ချုပ် ပါဝင် တဲ့ သမိုင်းကို ရိုက်တဲ့ အခါမှာ ဒီကား သည်ပေါ်လစီကား မဟုတ်ဘူး။

အစိုးရဝန်ထမ်းများ လစာတိုးရန်သင့်၊ မသင့် သမ္မတရုံး စစ်တမ်းကောက်ယူနေ

Photo: အစိုးရဝန်ထမ်းများ လစာတိုးရန်သင့်၊ မသင့် သမ္မတရုံး စစ်တမ်းကောက်ယူနေ

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၁၄

အစိုးရဝန်ထမ်းများအား လစာတိုးပေးသင့်၊ မသင့်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးဝက်ဘ် ဆိုက်တွင် ပထမဆုံးအကြိမ် စစ် တမ်း ကောက်ယူလျက်ရှိသည်။

လွှတ်တော်က အစိုးရဝန် ထမ်းများ၏လစာကို အနည်းဆုံးတစ်ဦးလျှင် ကျပ်နှစ်သိန်းထိ တိုး မြှင့်ပေးရန် အဆိုပြုတင်ပြ ထောက်ခံပြီးနောက် နိုင်ငံတော် သမ္မတရုံးက ဝန်ထမ်းများနှင့် တွေ့ ဆုံပွဲ၊ စီးပွားရေးပညာရှင်များနှင့် ဆွေးနွေးပွဲများပြုလုပ်ကာ စစ် တမ်းကောက်ယူခြင်းဖြစ်သည်။အစိုးရသက်တမ်း လေးနှစ် အတွင်း ပြည်သူများ၏ ၂ ရာခိုင် နှုန်းရှိသော နိုင်ငံ့ဝန်ထမ်း တစ် သန်းခွဲဝန်းကျင်ကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် လစာများတိုးပေး ရန်ပြုလုပ်သင့်၊ မသင့် စစ်တမ်းကောက်ယူခြင်းဖြစ်သည်။

အစိုးရဝန်ထမ်းများကို လစာတိုးပေးမှုသည် ယခင်သုံးကြိမ်တိုး မြှင့်ပေးခဲ့သော်လည်း ကုန်ဈေး နှုန်းကြီးမြင့်မှုကိုထည့်သွင်း မစဉ်း စားဘဲတိုးပေးခဲ့သည်။ ယခုနှစ်မှ သာ လစာတိုးမြှင့်ပေးရာမှ ကုန် ဈေးနှုန်းကြီးမည်ကိုစိုးရိမ်နေခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကလည်း လာဘ်ပေးလာဘ်ယူ ကင်းရှင်းရန် အစိုးရဝန်ထမ်းများအားလုံး လုံလောက်သောလစာထောက်ပံ့ ငွေများပေးရန် လိုအပ်ကြောင်းပြောကြားသည်။

လွှတ်တော်မှ တောင်းဆို ထားသည့်အတိုင်း ဝန်ထမ်းလစာ များ တိုးမြှင့်ပေးလျှင် မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှု ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြင့် တက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌဒေါ်ခင်စောဦး ကပြောကြားသည်။

အစိုးရဝန်ထမ်းများ လစာ တိုးမြှင့်မှုကြောင့် ငွေကြေးဖောင်း ပွမှုကို အစိုးရ အသုံးစရိတ်များ လျှော့ချပြီး အခွန်ငွေပိုရအောင် ကောက်ယူခြင်း၊ ပြည်ပမှနှစ်ရှည် ချေးငွေများရယူခြင်းတို့ဖြင့် ထိန်း သိမ်းနိုင်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေးဦးသန်းလွင် ကပြောကြားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဝန်ထမ်း များကိုလစာတိုးမြှင့်ပေးမှုအတွက် ကျပ်ဘီလီယံ ၈၀၀ ကျော် ပိုမို သုံးစွဲခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှစ၍ ဝန်ထမ်းတစ်ဦးလျှင် တစ်လကျပ်နှစ်သောင်းတိုးပေးမှု ကြောင့် ကျပ် ၃၄၈ ဘီလီယံ၊ ၂၀၁၃-၁၄တွင် ကျပ် ၂၃၃ ဘီလီယံ၊ ၂၀၁၄-၁၅ တွင် ကျပ် ၂၅၄ ဘီလီယံရှိကြောင်း ဘဏ္ဍာအခွန်ဒုဝန်ကြီးဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

7Day Daily
အစိုးရဝန်ထမ်းများအား လစာတိုးပေးသင့်၊ မသင့်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးဝက်ဘ် ဆိုက်တွင် ပထမဆုံးအကြိမ် စစ် တမ်း ကောက်ယူလျက်ရှိသည်။

လွှတ်တော်က အစိုးရဝန် ထမ်းများ၏လစာကို အနည်းဆုံးတစ်ဦးလျှင် ကျပ်နှစ်သိန်းထိ တိုး မြှင့်ပေးရန် အဆိုပြုတင်ပြ ထောက်ခံပြီးနောက် နိုင်ငံတော် သမ္မတရုံးက ဝန်ထမ်းများနှင့် တွေ့ ဆုံပွဲ၊ စီးပွားရေးပညာရှင်များနှင့် ဆွေးနွေးပွဲများပြုလုပ်ကာ စစ် တမ်းကောက်ယူခြင်းဖြစ်သည်။အစိုးရသက်တမ်း လေးနှစ် အတွင်း ပြည်သူများ၏ ၂ ရာခိုင် နှုန်းရှိသော နိုင်ငံ့ဝန်ထမ်း တစ် သန်းခွဲဝန်းကျင်ကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် လစာများတိုးပေး ရန်ပြုလုပ်သင့်၊ မသင့် စစ်တမ်းကောက်ယူခြင်းဖြစ်သည်။

နယ်စပ်ဒေသလုံခြုံရေး ထိရောက်စွာ ကာကွယ်ရမည်ဟု ကာချုပ်ပြော


မြန်မာနိုင်ငံ၏ နယ်စပ် ဒေသလုံခြုံရေးကိုထိရောက်စွာ ကာကွယ်စောင့်ရှောက်ရမည်ဖြစ် ပြီး ဘာသာရေးအစွန်းရောက်များ ၏ အန္တရာယ်နှင့် တရားမ၀င်လူ ၀င်ရောက်မှုတို့ကို အမျိုးသားရေး အမြင်ဖြင့် တပ်မတော်က ထိန်း သိမ်းစောင့်ရှောက်ရမည်ဖြစ် ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ အကြောင်းအရာ မသိရသေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် ဒီဇင်ဘာ ၃၀ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ် မည်ဟု သတင်းရရှိသည်။

တစ်ကျော့ပြန်လည်ဖြစ်ပေါ် လာသော လက်ပံတောင်းတောင် အရေးအခင်းတွင် တောင်သူအ မျိုးသမီးတစ်ဦး သေနတ်မှန်သေ ဆုံးခြင်းကြောင့် ပဋိပက္ခပိုမိုကြီး မားလာရာ ယင်းကိစ္စများသည် ကော်မရှင်၏ အကြံပြုချက်များကို အပြည့်အ၀အကောင်အထည် ဖော်နိုင်မှုမရှိခြင်းနှင့် ရုန်းရင်းဆန် ခတ်မှုများကို ဖြေရှင်းရန် နည်း လမ်းအတိအကျရှိသော်လည်း မဖြေရှင်းနိုင်ခြင်းတို့ကြောင့် ဖြစ် သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

အကယ်ဒမီပွဲက ရယ်စရာကောင်းတယ်ဆိုတဲ့ နေတိုး

Photo: အကယ်ဒမီပွဲက ရယ်စရာကောင်းတယ်ဆိုတဲ့ နေတိုး

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၁၄

အကယ်ဒမီဆုနှင့် လွဲ ချော်ခဲ့ရသော နေတိုးက အကယ် ဒမီပွဲတက်နေစဉ်တစ်လျှောက် လုံး ခံစားချက်သုံးမျိုး ခံစားခဲ့ရ ကြောင်း ပြောကြားသည်။

‘‘ပွဲကို ကျွန်တော်ပြန်သုံးသပ် ပေးရရင်တော့ ပထမပိုင်းမှာ ပျော်စရာကောင်းနေတယ်။ ဒုတိယ ပိုင်းမှာ အရမ်းဝမ်းသာဖို့ ကောင်း တယ်။ နောက်ဆုံးမှာတော့ ရယ် စရာကောင်းနေပါတယ်။ ဒါကျွန် တော့် ခံစားမှုပါ’’ ဟု နေတိုးက ၎င်း၏ အကယ်ဒမီ ခံစားချက်ကို ပြောသည်။

ယခုနှစ် အကယ်ဒမီပေးပွဲ တွင် ထူးချွန်ဆုပေးချိန်၌ အနု ပညာရှင်အားလုံး၏ ပျော်ရွှင်စရာ များကြောင့် ပျော်ရွှင်သည့်စိတ် ဖြစ်ပေါ်ခဲ့ပြီး ဒုတိယပိုင်း ဒါရိုက် တာများပေးအပ်ချိန်ထိ ၀မ်းသာ ခဲ့ရကြောင်းနှင့် နောက်ဆုံးဆုကြေ ညာချိန်တွင် ရယ်စရာကောင်းခဲ့ ကြောင်း သရုပ်ဆောင်နေတိုးက ပြောသည်။

‘‘ကျွန်တော်ပြောတာကို ပရိ သတ်တွေလည်း ကိုယ်တိုင်ခံစား ရမယ်လို့ ထင်ပါတယ်’’ ဟု ဆို သည်။

အကယ်ဒမီပေးပွဲတွင် ဆု နှင့် လွဲချော်ခဲ့ရပြီး ဆုမရရှိမှန်းကို ပွဲချိန်တစ်ဝက်ကျိုးကတည်းက ကြိုတင်သိရှိနေခဲ့ကြောင်း နေ တိုးက ပြောသည်။

အတတ်ပညာပိုင်းဆိုင်ရာ ဆုများ မချီးမြှင့်ခဲ့သည်ကို သ ဘောမကျကြောင်းဆိုသည်။

ဇာတ်ကားများ ရိုက်ကူးရာ တွင် အကယ်ဒမီဆုကို မျှော်မှန်း ၍ ရိုက်ကူးခဲ့ခြင်းမဟုတ်ဘဲ ရှေ့နှစ်များတွင်လည်း ဆုရသည်ဖြစ် စေ၊ မရသည်ဖြစ်စေ ဇာတ်ကား များကို ရသစုံအောင် ရိုက်ကူး သွားမည်ဖြစ်ကြောင်း၊ အားပေး သည့် ပရိသတ်များကိုလည်းအလွန်မမျှော်လင့်စေလိုကြောင်း သတင်းစကားပါးခဲ့သည်။

၂၀၁၃ အတွက် အကယ် ဒမီဆုပေးပွဲတွင် အမျိုးသား ဇာတ်ဆောင်ဆုအတွက် ပြိုင်ဆိုင် မှုပြင်းထန်ခဲ့ပြီး အကယ်ဒမီဆုကို နင်စေရင်ဇာတ်ကားဖြင့် သရုပ် ဆောင်ပြေတီဦး ရရှိခဲ့သည်။

အကယ်ဒမီနေတိုးသည် အဖြူရောင်ရဲတိုက်၊ စေတန်ရဲ့ ကချေသည်၊ ကြယ်စင်မော်ကွန်းနှင့် စုန်း ပြူးဇာတ်ကားတို့ဖြင့် ပရိသတ်၏ တစ်ပေးခြင်းခံခဲ့ရသည်။

7Day Daily
အကယ်ဒမီဆုနှင့် လွဲ ချော်ခဲ့ရသော နေတိုးက အကယ် ဒမီပွဲတက်နေစဉ်တစ်လျှောက် လုံး ခံစားချက် သုံးမျိုး ခံစားခဲ့ရ ကြောင်း ပြောကြားသည်။

‘‘ပွဲကို ကျွန်တော်ပြန်သုံးသပ် ပေးရရင်တော့ ပထမပိုင်းမှာ ပျော်စရာကောင်းနေတယ်။ ဒုတိယ ပိုင်းမှာ အရမ်းဝမ်းသာဖို့ ကောင်း တယ်။ နောက်ဆုံးမှာတော့ ရယ် စရာကောင်းနေပါတယ်။ ဒါကျွန် တော့် ခံစားမှုပါ’’ ဟု နေတိုးက ၎င်း၏ အကယ်ဒမီ ခံစားချက်ကို ပြောသည်။

ယခုနှစ် အကယ်ဒမီပေးပွဲ တွင် ထူးချွန်ဆုပေးချိန်၌ အနု ပညာရှင်အားလုံး၏ ပျော်ရွှင်စရာ များကြောင့် ပျော်ရွှင်သည့်စိတ် ဖြစ်ပေါ်ခဲ့ပြီး ဒုတိယပိုင်း ဒါရိုက် တာများပေးအပ်ချိန်ထိ ၀မ်းသာ ခဲ့ရကြောင်းနှင့် နောက်ဆုံးဆုကြေ ညာချိန်တွင် ရယ်စရာကောင်းခဲ့ ကြောင်း သရုပ်ဆောင်နေတိုးက ပြောသည်။

Monday, December 29, 2014

လူပေါင်း ၁၆၂ ဦးလိုက်ပါလာသော အဲအေးရှားလေယာဉ် ပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့ ဂျူအန်ဒါလေဆိပ်မှ စင်ကာပူသို့ ပျံသန်းလာသော အဲအေးရှားလေယာဉ် ပျောက်ဆုံးခဲ့ရာ လေယာဉ်ပေါ်ပါသူများ၏ ဆွေမျိုးသားချင်းများ လေယာဉ်သတင်းစောင့်ဆိုင်းရင်း ငိုကြွေးနေကြစဉ် (ဓာတ်ပုံ − အေပီ)
အဲအေးရှားလေယာဉ် QZ8501 သည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်းနေစဉ်အတွင်း တနင်္ဂနွေနေ့နံနက်က ပျောက်ဆုံးသွားခဲ့သည်။ လေယာဉ်ပေါ်၌ လူ ၁၆၂ ဦးပါသွား၏။ အဆက်အသွယ် ပြတ်တောက်မသွားမီအတွင်း ရာသီဥတုအခြေအနေကြောင့် လေကြောင်းလမ်းကို ပြောင်းလဲမောင်းနှင်ရန် မြေပြင်ရှိ လေကြောင်းထိန်းသိမ်းရေးစခန်းသို့ လေယာဉ်မှူးကလှမ်းအကြောင်းကြားမေးမြန်းခဲ့မှုရှိခဲ့သည်။ ယင်းနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

ဆီးချို သွေးချို ရောဂါ ပျောက်ကင်းတဲ့ သင်္ဘောသီးစိမ်ရေနွေး

Photo: ဆီးချို သွေးချို ရောဂါ ပျောက်ကင်းတဲ့ သင်္ဘောသီးစိမ်ရေနွေး

ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၄

ယခုရက်ပိုင်းအတွင်း ခေတ်စားလာတဲ့ တိုင်းရင်း ဆေးနည်းပါ..

သင်္ဘောသီးစိမ်း အဆင်သင့်ကို

ခေါင်းပိုင်းကိုဖြတ် ၊ အတွင်းကအစေ့နုတွေကို ခြစ်ထုတ်ပြီး ဆူနေတဲ့ ရေနွေးအဖြူ လောင်းထည့်ပြီး ပိတ်ထားလိုက်ပါ. ၁၅မိနစ်ခန့်ကျော်ပြီးမှ သွန်ငှဲ့လိုက်ပါ. အနည်းငယ် အအေးခံပြီး သောက်နိုင်ပါတယ်.

သင်္ဘောသီးကိုလွှင့်မပစ်ရပါဘူး.. ရေနွေးပြန်ပြန်ဖြည့် ပြီး တစ်နေကုန်၎ကြိမ်၅ကြိမ်အထိ တိုက်ပေးနိုင်ပါတယ်.

ဒီနည်းက အမူးရောဂါအမျိုးမျိုး၊ အပြင်သွေးယားရောဂါ. အိပ်မပျော်တဲ့ရောဂါနဲ့ အစာအိမ်ရောဂါပါ ပျောက်ကင်းတယ်လို့ ကြည်လွင်မြင့် မုဒြာမှာ ဖော်ပြထားပါတယ်.
.
အမေသိန်းဆိုတဲ့ ပုံပါ အဖွားဟာ ဆီးချိုသွေးချိုရောဂါနဲ့ အထူးကုဆရာဝန်ကြီးများမှာ ပြပြီး ဆေးစားနေတာ ၂နှစ် ကျော် ရှိပါပြီ..အဖွားက ဆီးချိုတက်လာရင် မူးလဲတတ်ပါတယ်.

ပုပ္ပားကို ခရီးထွက်တဲ့ အမေသိန်းက ပုပ္ပားတောင်စောင်းတန်းမှာ မူးလဲတော့. ဘေးနားက အမေကြီးက အမေသိန်းကို ထိုဆေးနည်းအတိုင်း တိုက်လိုက်တော့. သက်သာလာပါတယ်..

အမေသိန်းကလည်း ဒီနည်းကို ယုံယုံကြည်ကြည်နဲ့ တစ်လကြာ စွဲစွဲမြဲမြဲသောက်ဖြစ်ခဲ့တယ်. နေ့စဉ်စစ်ဆေးနေတဲ့ဆီချိုရောဂါလည်း လုံးဝမတက်လာတော့ဘူးလို့ ဆိုပါတယ်.

ဒီနည်းကို တင်ပြသူ ဆရာမဒေါ်ကြည်ကြည်သန်း နဲ့ အမေသိန်းတို့ ပုံကိုပါ ဖော်ပြထားပါတယ်.

ဘေးထွက်ဆိုးကျိုးမရှိတဲ့ဆေးနည်းလို့ ယူဆရတာမို့ တင်ပြလိုက်ရပါတယ်..

Yangon Life Myanmar
ယခုရက်ပိုင်းအတွင်း ခေတ်စားလာတဲ့ တိုင်းရင်း ဆေးနည်းပါ..

သင်္ဘောသီးစိမ်း အဆင်သင့်ကို

ခေါင်းပိုင်းကိုဖြတ် ၊ အတွင်းကအစေ့နုတွေကို ခြစ်ထုတ်ပြီး ဆူနေတဲ့ ရေနွေးအဖြူ လောင်းထည့်ပြီး ပိတ်ထားလိုက်ပါ. ၁၅မိနစ်ခန့်ကျော်ပြီးမှ သွန်ငှဲ့လိုက်ပါ. အနည်းငယ် အအေးခံပြီး သောက်နိုင်ပါတယ်.

သင်္ဘောသီးကိုလွှင့်မပစ်ရပါဘူး.. ရေနွေးပြန်ပြန်ဖြည့် ပြီး တစ်နေကုန်၎ကြိမ်၅ကြိမ်အထိ တိုက်ပေးနိုင် ပါတယ်.

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားပြီထင်ပြီး လက်ထဲက မိုက်ကိုမေ့ကာ စနောက်မိခဲ့ခြင်းဖြစ်ကြောင်း လူမင်းရှင်း

Photo: တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားပြီထင်ပြီး လက်ထဲက မိုက်ကိုမေ့ကာ စနောက်မိခဲ့ခြင်းဖြစ်ကြောင်း လူမင်းရှင်း

ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၄

အကယ်ဒမီပေးပွဲပြီးချိန် တွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြီး သွားပြီဟုထင်ကာ လက်ထဲမှ မိုက်ကိုလည်း သတိမထားမိဘဲ စိတ်လွတ်လက်လွတ်နှင့် ပျော် စေပြက်စေသဘောဖြင့် ပြေတီဦး ကို စနောက်ခဲ့ခြင်းသာဖြစ် ကြောင်း လူမင်းက အကယ်ဒမီ ညတွင် တိုက်ရိုက်ရုပ်သံထုတ် လွှင့်မှုမှတစ်ဆင့် ဆဲဆိုသံ ပရိသတ်များ ကြားခဲ့ရခြင်းကို ပြန်လည် ရှင်းလင်းသည်။

‘‘အဲဒီအချိန်က တိုက်ရိုက် ထုတ်လွှင့်တာ ပြီးသွားပြီလို့ ထင် တာက တစ်ကြောင်း၊ နောက်တစ် ခုက လက်ထဲက မိုက်ကိုလည်း သတိမထားမိဘူး။ နောက်ပြီး ပွဲကြီး အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူနေတာ ပြီးသွားပြီဆိုတော့ စိတ်ကို လျော့လိုက်ပြီး ပြေတီဦး ကို ခါတိုင်းလည်း ညီအစ်ကိုတွေ လိုဆိုတော့ စလိုက်၊နောက်လိုက် တဲ့ သဘောပါ’’ဟု လူမင်းက ပြောသည်။

ယင်းကိစ္စကို ဖေ့စ်ဘွတ်ခ် တွင် ဝေဖန်မှုများရှိခဲ့သောကြောင့် ၎င်းအနေဖြင့် ဖေ့စ်ဘွတ်ခ်၌ လည်း အဖြစ်မှန်ကို ရှင်းပြထား ကြောင်း လူမင်းက ပြောသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ ပထမဆုံးအကြိမ် ကျင်းပ ခွင့်ရရှိသည့် ရုပ်ရှင်ထူးချွန်ဆုပေး ပွဲကြီးကို ဒီဇင်ဘာ ၂၇ ရက်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ပွဲ အစီအစဉ်အပေါ် ချီးကျူးသူများ ရှိသကဲ့သို့ ဝေဖန်သူများလည်း ရှိခဲ့သည်။

အဓိကအားဖြင့် ယခုနှစ် ထူး ချွန်ဆုပေးပွဲတွင် အတတ်ပညာ ဆိုင်ရာ ဆုများမပေးအပ်ခဲ့သည့် အပေါ် ဝေဖန်မှုများခဲ့သည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ လူမင်းက ‘‘ဒီ ကိစ္စကို ရုပ်ရှင်အစည်းအရုံးက တာဝန်ယူပြီး လုပ်တာမဟုတ်ဘူး။ ဆုရွေးချယ်စိစစ်ရေး အဖွဲ့နှစ်ဖွဲ့ ဖွဲ့ပြီး နာယကကြီးတွေ ကိုယ်တိုင် ဆောင်ရွက်တာဆိုတော့ အဲဒီအ ပေါ်မှာ သုံးသပ်ပြောကြားလိုမှု မရှိပါဘူး’’ဟု ပြောသည်။

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
7Day Daily
အကယ်ဒမီပေးပွဲပြီးချိန် တွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြီး သွားပြီဟုထင်ကာ လက်ထဲမှ မိုက်ကိုလည်း သတိမထားမိဘဲ စိတ်လွတ်လက်လွတ်နှင့် ပျော် စေပြက်စေသဘောဖြင့် ပြေတီဦး ကို စနောက်ခဲ့ခြင်းသာဖြစ် ကြောင်း လူမင်းက အကယ်ဒမီ ညတွင် တိုက်ရိုက်ရုပ်သံထုတ် လွှင့်မှုမှတစ်ဆင့် ဆဲဆိုသံ ပရိသတ်များ ကြားခဲ့ရခြင်းကို ပြန်လည် ရှင်းလင်းသည်။

မြန်မာနိုင်ငံ၌ ဥာဏ်တော်အမြင့်ဆုံး ဆင်းတုတော်ကြီးထုလုပ်ရန် ကျောက်တော်ကြီး သယ်ဆောင်မည်

Photo: မြန်မာနိုင်ငံ၌ ဥာဏ်တော်အမြင့်ဆုံး ဆင်းတုတော်ကြီးထုလုပ်ရန် ကျောက်တော်ကြီး သယ်ဆောင်မည်

ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၄

နေပြည်တော် မောင့်ပလဲဆင့်ဟိုတယ်အနီး အောင်မောဠိတောင်ညွန့်၌ တည်ထားကိုးကွယ်မည့် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီးထုလုပ်ရန် စကျင်ကျောက်တော်ကြီးကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် စကျင်ကျေးရွာမှ နေပြည်တော်သို့ စတင်သယ်ယူမည်ဖြစ်သည်။
မဟာသကျရံသီရုပ်ရှင်တော်မြတ် ကြီးကို ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အာနန္ဒာဘုရားတောင်ဘက်မုခ် ရှိရပ်တော်မူ ဘုရားပုံတော်အတိုင်း ပုံစံတူ၊ အရွယ်တူ ထုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို စကျင်ကျေးရွာ၌ အကြမ်းထုလုပ် ပြီး အချောသတ်လုပ်ငန်းများကိုနေပြည်တော်၌ ကျောက်ဆစ် ပညာရှင်များနှင့် ကွန်ပျူတာ နည်းပညာရှင်များ အတူပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆင်းတုတော်ကြီး ထုလုပ်မည့် ကျောက်တော်ကြီးသည် အလျား ၄၅ ပေ၊ အနံ ၁၃ ပေခွဲနှင့် အမြင့် ၈ ပေရှိကာ အလေးချိန် တန် ၁၃၀ ခန့်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ဘုရားကြီး တည်ထားပြီးပါက မြန်မာနိုင်ငံတွင် ဥာဏ်တော်အမြင့်ဆုံး စကျင်ကျောက်ဆင်းတုတော်ကြီး ဖြစ်လာမည် ဖြစ်သည်။
ဆင်းတုတော်ကြီး ထုဆစ်ခြင်းလုပ်ငန်းကို မန္တလေးမြို့ ပန်တော်မူကျောက်ဆစ်လုပ်ငန်းမှ ကျောက်ဆစ်ပညာရှင် ဦးခင်ဇော်နှင့်အဖွဲ့က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။
ကျောက်တော်ကြီးကို စကျင်ကျေးရွာမှ နေပြည်တော်အချောထည်ဆောင် ရွက်ရမည့်နေရာအထိ ပို့ဆောင်ခြင်း၊ အချောထည်ပြီးချိန်တွင် ဘုရားတည်မည့် တောင်ညွန့်ပေါ်အထိပို့ဆောင်ခြင်း၊ ဆင်းတုတော်ကြီး ထောင်မတ် ပေးခြင်းလုပ်ငန်းများကို ဆင်နှစ်ကောင်မိသားစုကုမ္ပဏီက ဆောင်ရွက် ပေးမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းများအတွက်ကျပ်သိန်းသုံးထောင်ခန့် ကုန်ကျ မည်ဖြစ်ပြီး ကုန်ကျစရိတ်အားလုံး ကို ဆင်နှစ်ကောင်မိသားစုက လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို ဦးအောင်ခိုင်သန်း-ဒေါ်တိုးတိုးနွယ် (ဓာတ်သတ္တုတူးဖော်ရေးလုပ်ငန်း)တို့က လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။ ကျောက်တော်ကြီးကို ပင့်ဆောင်ရာတွင် စကျင်၊ မတ္တရာမှ မန္တလေးမြို့တွင် မန္တလေးတောင် အရှေ့ဘက်၊ ကျုံးအရှေ့ဘက် ၆၆ လမ်းအတိုင်း၊ သိပ္ပံလမ်းအထိ၊ သိပ္ပံလမ်းမှ ရန်ကုန်မန္တလေး လမ်းဟောင်းအတိုင်း ပလိပ်၊ ထိုမှ အမြန်လမ်းမပေါ်သို့ တက်ပြီး အမြန်လမ်းအတိုင်း နေပြည်တော်အရောက် သယ်ဆောင်မည်ဖြစ်သည်။

ဇန်နဝါရီ ၁ ရက်ညတွင် စကား အင်းကားရပ်နားကွင်းတွင် လည်းကောင်း၊ ဇန်နဝါရီ ၂ ရက်တွင် မိတ္ထီလာ သီးကုန်းစခန်းတွင်လည်း ကောင်း ရပ်နားမည်ဖြစ်ပြီး ဇန်နဝါရီ၃ ရက်တွင် နေပြည်တော်အရောက် သယ်ဆောင်မည် ဖြစ်သည်။ ကျောက်တော်ကြီးကို တင် ဆောင်သယ်ယူမည့် Heavy Modular Trailer ယာဉ်ကြီးသည် အလျား ပေ ၉၀ ရှိပြီး ဘီးလုံး ၁၂၂ လုံးပါဝင် ကာ ဘီးလုံးတိုင်းတွင် အလိုက်သင့် ကွေ့နိုင်သော စတီယာရင် စနစ်ပါဝင်ပြီး ဟန်ချက်ညီစေရန် အလိုအလျောက် ထိန်းညှိပေးနိုင်သော ဟိုက်ဒြောလစ် စနစ်များ ပါဝင်၍ ကျောက်တော်ကြီး ကိုသယ်ဆောင်ရာ လမ်းခရီး တစ်လျှောက်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်မည်ဖြစ်ပြီး တံတားများ ပေါ်တွင်လည်း အပိုဝန်မဖြစ်နိုင်ကြောင်း ဆင်နှစ်ကောင် မိသားစုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဟန်စိုးကျော်က ပြောသည်။

အဆိုပါဆင်းတုတော်ကြီးအား နေပြည်တော်ကောင်စီက အကောင်အထည်ဖော် ကာ အေစီအီးကုမ္ပဏီက အဓိက ပံ့ပိုးလှူဒါန်းထားကြောင်း သိရသည်။

MOI Webportal Myanmar
နေပြည်တော် မောင့်ပလဲဆင့်ဟိုတယ်အနီး အောင်မောဠိတောင်ညွန့်၌ တည်ထားကိုးကွယ်မည့် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီးထုလုပ်ရန် စကျင်ကျောက်တော်ကြီးကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် စကျင်ကျေးရွာမှ နေပြည်တော်သို့ စတင်သယ်ယူမည်ဖြစ်သည်။
မဟာသကျရံသီရုပ်ရှင်တော်မြတ် ကြီးကို ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အာနန္ဒာဘုရားတောင်ဘက် မုခ် ရှိရပ်တော်မူ ဘုရားပုံတော်အတိုင်း ပုံစံတူ၊ အရွယ်တူ ထုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို စကျင်ကျေးရွာ၌ အကြမ်းထုလုပ် ပြီး အချောသတ်လုပ်ငန်းများကိုနေပြည်တော်၌ ကျောက်ဆစ် ပညာရှင်များနှင့် ကွန်ပျူတာ နည်းပညာရှင်များ အတူပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လွှတ်တော်တောင်းဆိုသည့်အတိုင်း လစာတိုးပေးလျှင် ငွေကြေးဖောင်းပွမှု ၈ မှ ၁၀ ရာခိုင်နှုန်းထိရှိလာနိုင်

မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏တွက်ချက်မှုအရ လွှတ် တော်က တောင်းဆိုထားသော နှုန်းထားအတိုင်း အစိုးရဝန်ထမ်း များအား လစာတိုးပေးပါက ငွေ ကြေးဖောင်းပွမှုနှုန်းမှာ ၈ ရာခိုင် နှုန်းမှ ၁၀ ရာခိုင်နှုန်းထိရှိလာနိုင် ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်ခင် စောဦးက ပြောသည်။

ဗဟိုဘဏ် တွက်ချက်မှုအရ လက်ရှိ ငွေကြေးဖောင်းပွမှုမှာ ၆ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ကမ္ဘာ့ ဘဏ်တွက်ချက်မှုအရ မြန်မာ နိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ၇ ရာခိုင်နှုန်းရှိကာ ၁၀ ရာခိုင်နှုန်း မကျော်သေးသော်လည်း မြန်မာနိုင်ငံ အနေဖြင့် လက်ရှိငွေကြေးဖောင်းပွမှုနှုန်းကို ဂရုတစိုက် ကိုင်တွယ်ရန် တိုက်တွန်းထားသည်။

အကယ်ဒမီနဲ့ လွဲခဲ့လို့ မကျေနပ်တဲ့ သီင်္ဂီထွန်း ရှင်းမည်


မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးက ပထမဆုံးကျင်းပခဲ့ သည့် ၂၀၁၃အတွက် အကယ်ဒမီ ဆုပေးပွဲတွင် ဇာတ်ပို့ဆုနှင့်လွဲ ချော်ခဲ့သည်ကို မကျေနပ်၍ သရုပ်ဆောင်သီင်္ဂီထွန်းက သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ဖြစ်ကြောင်း ပြောသည်။

အကယ်ဒမီပေးပွဲတွင် ရုပ် ရှင်အစည်းအရုံးမှ လူတစ်စု၏ တရားမျှတမှုမရှိသည်ကို စာရွက် စာတမ်းအချို့ဖြင့် ဖော်ထုတ် သွားမည်ဖြစ်ပြီး နောက်ပိုင်းအနု ပညာလောကတွင် မလုပ်ရတော့ လျှင်လည်း ကိစ္စမရှိကြောင်း သရုပ်ဆောင်သီင်္ဂီထွန်းက 7Day Daily အား ပြောသည်။

ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ ရလဒ်များ

Photo: ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ ရလဒ်များ

စပါး ၀ - ၀ မန်ယူ
ဆောက်သမ်တန် ၁ - ၁ ချဲလ်ဆီး
မန်စီးတီး ၂ - ၂ ဘန်လေ
ဗီလာ ၀ - ၀ ဆန်းဒါးလန်း
ကျူပီအာ ၀ - ၀ ခရစ္စတယ်ပဲလေ့စ်
ဟူးလ်စီးတီး ၀ -၁ လက်စတာ
ဝက်စ်ဟမ်း ၁ - ၂ အာဆင်နယ်
စတုတ်စီးတီး ၂ - ၀ ဝက်စ်ဘရွန်း
နယူးကာဆယ် ၃ - ၂ အဲဗာတန်

လီဗာပူးပွဲဆက်လက်ဖော်ပြပါမည်

Nz (ရိုးရာလေး)
စပါး ၀ - ၀ မန်ယူ