Friday, April 3, 2015

အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို အကြောင်းပြပြီး ရွေးကောက်ပွဲများ ရွှေ့ဆိုင်းသွားမည်ကို စိုးရိမ်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီတို့ ဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စနန်စီပလိုစီဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်း အတွင်းရှိ ကော်မတီဆောင် I-12 ၌ ဧပြီ ၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် (Photo:NLD Chairperson facebook)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီ ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်း အတွင်းရှိ ကော်မတီဆောင် I-12 ၌ ဧပြီ ၁ ရက် ညနေ ၄ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဗန်းမော်မြို့မှတစ်ဆင့် တရုတ်နိုင်ငံ လွယ်ဂျယ်နယ်စပ်သို့ ၁၀ ဘီးကားကြီးများဖြင့် တစ်ရက်လျှင် မီးသွေးတန် ၁၀၀ ခန့် ခိုးထုတ်နေ


ဗန်းမော်ဆိပ်ကမ်းတွင် တရုတ်နိုင်ငံသို့တင်ပို့မည့် မီးသွေးအိတ်များကို ဧပြီ ၁ ရက်က တွေ့ရစဉ်

ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ် ဂိတ်မှ တစ်ရက်လျှင် တန် ၁ဝဝ နီးပါးတင်ပို့နေမှုကို  မတ် ၂၃ ရက်က ကချင်ပြည်နယ် လွှတ်တော်တွင် မေးမြန်းဆွေးနွေးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

ယင်းအဆိုကို ဗန်းမော်မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရှိန်က  သစ်သားမီးသွေးကို နိုင်ငံခြား တိုင်းပြည်သို့ တရားဝင်တင်ပို့ရောင်းဝယ်ခွင့် ရှိ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။ ကချင်ပြည် နယ်လွှတ်တော်တွင် တင်ပြရသည့်အကြောင်း မှာ

ပူးတွဲစုံစမ်းစစ်ဆေးမှု သုံးသပ်ချက် ထွက်ပေါ်လာပြီးနောက် မြန်မာက ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရုတ်ငါးဦး သေဆုံးမှုကို တရားဝင်တောင်းပန်


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လင်းချန်းခရိုင် မုန်တိမ်မြို့ တာ့ရွှေရှန်း တုကျွေးရွာအနီး ကြံခင်းတွင် မြန်မာစစ်လေယာဉ်က ဗုံးဆန်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာ-တရုတ် ပူးတွဲစုံစမ်းစစ်ဆေးမှု သုံးသပ်ချက် ထွက်ပေါ်လာပြီးနောက် မြန်မာက တရုတ်အား ဧပြီ ၂ ရက်က တရားဝင်တောင်းပန်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

အဆိုပါ မြန်မာ-တရုတ် ပူးတွဲစုံစမ်းစစ်ဆေးမှုကို နှစ်ဖက်တပ်မတော်မှ ကျွမ်းကျင်ပညာရှင်များဖြင့် မတ် ၂၄ ရက်မှ ၂၆ ရက် အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ပေးရေး ဆန္ဒပြခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနှင့် တက်ကြွလှုပ်ရှားသူ တစ်ဦးကို စတင်ရုံးထုတ်သည့် နေ့မှာပင် ပြည်မြို့နယ် ဒုတိယတရားသူကြီး ဦးသောင်းထွန်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးလ ချမှတ်



ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး ပြည်မြို့မှ တရားလွှတ်တော်ရှေနေ့ ဦးမြင့်အေးနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးသူထွဋ်တို့ နှစ်ဦးအား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ရုံးတင်စစ်ဆေးသည့် နေ့မှာပင် ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံသဖြင့် ဒုမြို့နယ် တရားသူကြီး ဦးသောင်းထွန်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးလအမိန့် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

တရားရင်ဆိုင်ခြင်း မရှိသည့်အတွက် ဖမ်းဝရမ်း အထုတ်ခံထားရသော ဂရိတ်ဝေါလ်ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန်တို့မှာ ပြည်တွင်း၌ပင်ရှိနေဟု သတင်းများထွက်ပေါ်နေပြီး သုံးလကြာသည့်တိုင် ဖမ်းဆီးနိုင်ခြင်း မရှိသည့်အပေါ် မြို့ခံများ ဝေဖန်


မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီဆေးရုံ တတိယအထပ်တွင် လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်လှစ်ခြင်း၊ နိုင်ငံခြားသား တရုတ်နိုင်ငံသား များမှာလည်း ခွင့်ပြုမိန့်မရှိဘဲနေထိုင်ခြင်း၊ ညစ်ညမ်းစာစောင်များနှင့် ဆေးရုံကြော်ငြာမှု တို့ကြောင့်ဆေးရုံပိုင်ရှင် ဦးတင်မောင်နှင့် ဇနီးတို့အား အမှုဖွင့်တရားစွဲဆိုထားခဲ့ရာ တရုတ်နိုင်ငံသားအပါအ၀င် ဦးတင်မောင်(ခ) လီ ဆန်ရှင်းနှင့်ဇနီးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တရားခံပြေးများအဖြစ် ကြေညာထားသည်။

အရည်အသွေးမရှိသည့် ပညာရေးပေးရန် အမျိုးသား လွှတ်တော် ဆုံးဖြတ်ဟု NNER ထုတ်ပြန်


ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်၏ ဥပဒေကြမ်း ကော်မတီက ပြန်လည်ပြင်ဆင်ရေးသားပြီး အတည်ပြုလိုက်သည့် အချက်များကို ရည်ညွှန်းလျက် အမျိုးသားလွှတ်တော်သည် အရည်အသွေးမရှိသည့် ပညာရေးကို ပေးရန် ဆုံးဖြတ်ပေးလိုက်သည်ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER  က ထုတ်ပြန်လိုက်သည်။

ငြိမ်းချမ်းရေး အလင်းတန်း ဘယ်လောက် လင်းနိုင်မလဲ


ရန်ကုန်(မဇ္ဈိမ) ။ ။"ငြိမ်းချမ်းရေး အလင်းရောင်သာမက ငြိမ်းချမ်းရေး အလင်းတန်းတွေပါ လင်းလာပါပြီ" မတ်လ ၃၁ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ်မူကြမ်း NCA တွင်ပါရှိမည့် အချက်များကို နှစ်ဘက် သဘောတူ လက်မှတ်ထိုးပြီးနောက် သမ္မတ ဦးသိန်းစိန် ပြောဆိုခဲ့သည့် စကားဖြစ်သည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဋ္ဌာန MPC တွင် မတ်လ ၃၁ ရက်က ပြုလုပ်သည့် လက်မှတ်ထိုးပွဲသို့ သမ္မတကိုယ်တိုင် တက်ရောက်လာခဲ့ခြင်းသည် လက်မှတ်ထိုးမှုကို အထူးတလည် အလေးထားကြောင်း ထင်ရှားသည်။ 

ရွှေညဝါ ဆရာတော် တရားဟောခွင့် ပိတ်ပင်မှု Freedom House ရှုတ်ချ


ရွှေညဝါဆရာတော် တရားပွဲ။ (သတင်းဓာတ်ပုံ- ရွှေညဝါ တောရကျောင်း မှော်ဘီ)

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ရွှေည၀ါဆရာတော်ကို အကန့်အသတ်မရှိ တရားဟောခွင့် ပိတ်ပင်လိုက်တာကို အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးက ဝေဖန်ကန့်ကွက်လိုက်ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို လူသိရှင်ကြား အသရေဖျက်ပြောဆိုခဲ့တဲ့ အရှင်ဝီရသူကိုတော့ အရေးယူ ပိတ်ပင်တာမျိုးမလုပ်ပဲ ရွှေည၀ါဆရာတော်ကိုပဲ မဟန အဖွဲ့ကြီးက အရေးယူခဲ့ကြောင်း ဧပြီလ (၂)ရက်နေ့က ထုတ်ပြန်တဲ့ Freedom House ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

မြန်မာအသင်း၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တစ်ပွဲကို ထိုင်းနိုင်ငံတွင် ယှဉ်ပြိုင်ကစားမည်


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က မြန်မာ့လက်ရွေးစင်အ သင်းအား အိမ်ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ထားမှုကြောင့်  လာမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် အိမ်ကွင်းပွဲတစ်ပွဲကို ကြားကွင်း၌ ယှဉ်ပြိုင်ရ မည်ဖြစ်ကာ ယင်းပွဲကို ထိုင်းနိုင်ငံတွင် ကစားရန် ရွေးချယ်ထား ကြောင်း သတင်းရရှိသည်။

၂၀၁၁ က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် မြန်မာနှင့် အိုမန် အသင်းတို့၏ ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် မြန်မာအသင်းပရိ သတ်များ အလွန်အကျူးအားပေး မှုကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်က မြန်မာနိုင်ငံတွင် လက်ခံ ယှဉ်ပြိုင်ရမည့် အိမ်ကွင်းပွဲစဉ် ကမ္ဘာ့ဖလား ခြေစစ်ပွဲတစ်ပွဲကို ကြားကွင်း၌ကစားရန် ပြစ်ဒဏ် ချမှတ်ထားသည်။

အောက်လွှတ်တော်အမတ် နန်စီ ဦးဆောင်သောအဖွဲ့ ရွေးကောက်ပွဲ၊ အခြေခံဥပဒေ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးတို့နှင့် ပတ်သက်၍ အဓိကဆွေးနွေး



သမ္မတဦးသိန်းစိန်နှင့် ကန်အောက်လွှတ်တော်အမတ် နန်စီပလိုစီ (ဓာတ်ပုံ −သမ္မတရုံး)

အမေရိကန်အောက် လွှတ်တော်အမတ် နန်စီပလိုစီ ဦးဆောင်သည့် ကိုယ်စားလှယ်အ ဖွဲ့သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လုံခြုံရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး၊ လူ့အခွင့်အရေး၊  ကုန်သွယ်ရေးနှင့် မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲအရေးတို့ကို ဦးစားပေးဆွေး နွေးခဲ့ကြကြောင်း သတင်းထုတ်ပြန် သည်။

စာရေးဆရာထင်လင်းဦး အမှု (၁၃)ကြိမ်မြောက် ရုံးထုတ်စစ်ဆေး



စာရေးဆရာထင်လင်းဦးအား ရုံးထုတ်စစ်ဆေးနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

 ချောင်းဦးမြို့နယ် ဟော ပြောပွဲတစ်ခုတွင် ဘာသာသာ သနာစော်ကားပြောဆိုသည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခြင်းခံရ သော စာရေးဆရာထင်လင်းဦး အား ချောင်းဦးမြို့နယ် တရားရုံး၌ ဧပြီ ၂ ရက်က (၁၃)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

တရားမမှုများ သီးသန့်စစ်ဆေးသည့် တရားရုံးများ ဖွဲ့စည်းရန် အစီအစဉ်မရှိဟုဆို


 နှစ်နှင့်ချီ၍ ရင်ဆိုင်နေကြရသော တရားမမှုများကို သီးသန့်စစ်ဆေးစီရင်ရသည့် တရားရုံးများ ဖွဲ့စည်းဆောင်ရွက်ရန် မရှိသေးကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူ ကြီး ဦးစိုးညွန့်က ပြောကြားသည်။

‘‘တရားမမှုများကို သီးသန့် စစ်ဆေးရသော သီးခြားတရားရုံး များ ဖွဲ့စည်းဆောင်ရွက်ရင် တရားသူကြီးများရဲ့ ပြစ်မှုနဲ့ တရားမမှု နှစ်မျိုးစလုံး စစ်ဆေးစီရင်နိုင်တဲ့ အရည်အချင်း ထိခိုက်လာနိုင်ပါတယ်’’ဟု ဦးစိုးညွန့်ကဆိုသည်။

ဆံပင်မဖြူအောင် ကာကွယ်နိုင်တယ်ဆိုတဲ့ အစားအစာတွေ




ဆံပင်ဖြူတာဟာ ပုံမှန်အားဖြင့် အသက်အရွယ်နဲ့ ဆက်စပ်နေ တယ်ဆိုပေမယ့် စောစောစီးစီး ဆံပင်ဖြူတာ မဖြစ်ရလေအောင် အာဟာရပြည့်တဲ့ အစားအစာတွေ ဖြည့်စွက်စားပေးရင်းနဲ့ ကြိုတင် ကာကွယ်နိုင်ပါတယ်။ ဗီတာမင် တွေ၊ သတ္တုဓာတ်တွေပါတဲ့ ဆေးဝါးတွေ စားပေးရင်း ကာကွယ် တာမျိုးထက် ပုံမှန်စားနေတဲ့ အစားအစာတွေကလည်း ဆံပင် ဖြူတာ ကာကွယ်ပေးနိုင်တာမို့ ဘာတွေလဲသိထားရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

ညစာမစားခင်နဲ့ ညစာစားပြီး သတိထားရမယ့် အချက်တွေ



ကျန်းမာကြံ့ခိုင်တဲ့ နေထိုင်မှု ဘ၀ကို ပိုင်ဆိုင်ဖို့ရာမှာ အစာစားသောက်ပုံ နည်းစနစ်တွေမှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။ မနက်စာက အရေးကြီးသလို အိပ်ပျော်နေစဉ်မှာ လိုအပ်တဲ့ အာဟာရတွေကို ထောက်ကူပေးတဲ့ ညစာကလည်း အရေးပါပြန်ပါတယ်။ ကျန်းမာရေး ပညာရှင်တွေက ညစာကို အိပ်ရာမ၀င်ခင် အနည်းဆုံး နှစ်နာရီလောက်အလိုမှာ နောက်ဆုံးစားသုံးဖို့ အကြံပြုထားတာကြောင့် ဆောင်ရန် ရှောင်ရန်လေးတွေကို မျှဝေလိုက်ပါတယ်။

Thursday, April 2, 2015

အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း အတည်ပြုနိုင်ခြင်း အပေါ် ပြည် တွင်း၊ ပြည်ပ အဖွဲ့အစည်းပေါင်းစုံကြိုဆို

တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နောက်ဆုံးမူကြမ်း အတည်ပြုလက်မှတ်ရေးထိုးလိုက်မှုအပေါ် ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ပြည်တွင်းအဖွဲ့ အစည်းများ၊ နိုင်ငံရေး ပါတီများ၊ ကော်မရှင်အချို့က ကြိုဆိုကြောင်း ကြေညာချက်များ ဆက်တိုက် ထုတ်ပြန်လာကြသည်။

ဧပြီ ၁ ရက်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကြည့်မြင်တိုင်မြို့နယ် လွှတ်တော် အမှတ် (၁)မဲဆန္ဒနယ်မှ ကိုယ်စား လှယ် ဒေါ်ကြည်ကြည်မာက NCA နောက်ဆုံးမူကြမ်း အတည်ပြု လက်မှတ်ရေးထိုးနိုင်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း အရေးကြီး အဆို တင်သွင်းခဲ့ပြီး လွှတ်တော်ကလည်း ထောက်ခံခဲ့သည်။

ဖမ်းဆီးခံကျောင်းသားပြည်သူ လွတ်မြောက်ရေး ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားတွေစတင်လှုပ်ရှား


မတ်လ ၁၀ ရက်နေ့က ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုးခွင်း ဖမ်းဆီးခံခဲ့ရတဲ့ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေ ချက်ခြင်းပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ စတစ်ကာတွေကို လိုက်ကပ်ပြီး တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုတွေကို ပြည်နည်းပညာတက္ကသိုလ်နဲ့ ပြည်မြို့ပေါ်မှာ ဧပြီလ ၁ ရက်နေ့က စတင်ပြီး ၃ ရက်နေ့အထိ ပြုလုပ်နေကြပါတယ်။ 

သင်္ကြန်စာ အလိုအရ လာမည့်နှစ် နိုင်ငံ အကြီးအကဲများ အပြောင်းအလဲ ရှိနိုင်


သင်္ကြန်စာ, နိုင်ငံ အကြီးအကဲများ , ဗေဒင် , စံဇာဏီဘို
ယခုနှစ် သင်္ကြန်စာကို ဖတ်နေသူ တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ခရစ်နှစ် ၂၀၁၅ ခုနှစ် မြန်မာ သက္ကရာဇ် ၁၃၇၇ ခုနှစ် အတွက် မဟာသင်္ကြန်စာအရ သင်္ကြန်မင်းဟု ခေါ်သော တနင်္ဂနွေဂြိုဟ်မင်း သည် ဂဠုန်စီးပြီး လက်တဘက်တွင် သန်လျက်ကိုင်၍ လူ့ပြည်သို့ ဆင်းသည့်အတွက် လာမည့်နှစ်တွင် နိုင်ငံရေး အခြေအနေအရ မင်း(နိုင်ငံ အကြီးအကဲများ) အပြောင်းအလဲ ရှိနိုင်ကြောင်း သိရသည်။

သင်္ကြန်အကြို လစာတိုး၍ ကုန်ဈေးနှုန်း တက်မည်ကို စိုးရိမ်

ကုန်ဈေးနှုန်း, စားသောက်ကုန် , သင်္ကြန်, လစာတိုး
ရန်ကုန်မြို့ရှိ လှည်းတန်းဈေး အတွင်း ဈေးသည်များနှင့် ဈေးဝယ်သူများကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

သင်္ကြန်ကာလ ပိတ်ရက်များနှင့် ယခုဘဏ္ဍာနှစ်အတွင်း တိုးမြှင့်ပေးလိုက်သည့် အစိုးရ၀န်ထမ်း လစာနှုန်းထားများကြောင့် ဈေးကွက် အတွင်း စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်နေကြောင်း စားသုံးသူများက ပြောသည်။

အမှိုက်ကောက်တာ ကိုယ်ရည်သွေးဖို့ မဟုတ်ပါလို့ ဦးမြင့်ဆွေ တုန့်ပြန်ဖြေရှင်း

vsvklsjvs

ကိုယ်တိုင်အမှိုက်ကောက်နေသောဓာတ်ပုံ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ ပြီးနောက်ဝေဖန် ခံရသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ကိုယ်တိုင် အမှိုက်ကောက်ခြင်းသည် ရန်ကုန်မြို့သန့်ရှင်းလှပရေးအတွက်ကိုသာ ရည်ရွယ်ပြီး အခြား ရည်ရွယ်ချက် ကိုယ်ရည်သွေး လုပ်ဆောင်မှု တစ်စုံတစ်ရာ မရှိဟု တုန့်ပြန်ဖြေ ရှင်းလိုက်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ထိန်းချုပ်စနစ်ပါသည့် စက်ပါမှသာ ဖြတ်သန်းခွင့်ပြုတော့မည်


ယခုလမှစတင်ကာ မော်တော် ယာဉ်ထိန်းချုပ်မှုစနစ်ပါဝင်သည့် စက် တပ်ဆင်မှသာ ရန်ကုန်-မန္တလေး အမြန် လမ်းအားမောင်းနှင်ခွင့် ပြုမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။

ဝှိုက်ကတ် အပ်နှံမှု လုပ်ငန်းစဉ်များ စတင်

ယာယီ သက်သေခံ လက်မှတ် (White Card) ၀ှိုက်ကတ်, ရခိုင် , ဘင်္ဂါလီ

ယာယီ သက်သေခံ လက်မှတ် (White Card) ကို ကိုင်ဆောင်ပြနေသူ တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အဖြူရောင်ကတ်(White Card) ခေါ် ယာယီ သက်သေခံ လက်မှတ် သက်တမ်း ကုန်ဆုံးရက်သည် ယခုနှစ် မတ်လ ၃၁ ရက်တွင် နောက်ဆုံးရက် ဖြစ်သည့်အတွက် ပြန်လည်အပ်နှံရေး အစီအစဉ်များကို ဧပြီ ၁ ရက်မှ စတင်ပြီး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရ သည်။

သင်္ကြန်ကာလအတွင်း မှုခင်းများ စစ်ဆေးနိုင်ရန် အထူးတရားရုံးများ ဖွင့်မည်


လာမည့် မဟာသင်္ကြန်ပွဲတော်ကာလ ဖြစ်ပွားသည့် မှုခင်းများကို အမြန်ဆုံးစစ်ဆေး၍ စီရင်ချက် ချမှတ်နိုင်ရန်အတွက် မန္တလေးခရိုင်အတွင်း မြို့နယ်လေးခုရှိ တရားရုံးများကို အထူးတရားရုံးများ အဖြစ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
သင်္ကြန်ကာလတွင် ဖြစ်ပွားလေ့ရှိသည့် ခိုက်ရန်ဖြစ်ပွားမှုများ၊ ယာဉ်တိုက်မှု စသည့် အမှုများကို သင်္ကြန်တွင်း ရုံးတင်စစ်ဆေးပြီး ချက်ချင်း အမိန့်ချနိုင်ရန်အတွက် ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ မဟာအောင်မြေနှင့် ချမ်းမြသာစည် မြို့နယ်တို့ရှိ မြို့နယ်တရားရုံးများကို ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ပမှ ကျပ် ၃၉ဝဝ ဘီလျံထက် ပိုမချေးရန် လွှတ်တော်ဆုံးဖြတ်

လာမည့်ဘဏ္ဍာနှစ်မှ စတင် ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် ပြည်တွင်းပြည်ပမှ ချေး ငွေကျပ်သန်းပေါင်း ၃၉ သိန်းထက် ပိုမိုကျော်လွန်ပြီး မချေးငှားရန် ပြည်ထောင်စုလွှတ်တော်မှ အ တည်ပြုခဲ့သည်။

မတ်လ ၃၁ရက်နေ့က ကျင်းပ သော ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန် အစည်း အဝေးတွင် ၂ဝ၁၅ခုနှစ် ပြည် ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင် ရာ ဥပဒေကြမ်းအားဥပဒေအဖြစ် အတည်ပြုခဲ့ပြီးထိုကဲ့သို့ပြည်ထောင် စုအစိုးရအနေဖြင့်ကျပ်သန်းပေါင်း ၃၉ သိန်းထက်ကျော်မသုံးရန် ပြည် ထောင်စုလွှတ်တော်မှ မဲခွဲဆုံးဖြတ် ပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဒီနှစ်သင်္ကြန်မှာ Iron Cross အဖွဲ့သားတွေနဲ့အတူ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ သီဆိုဖျော်ဖြေမယ့် တေးသံရှင်ဝိုင်ဝိုင်းနဲ့ တွေ့ဆုံမေးမြန်းထား ပါတယ်။


Voice : ဒီနှစ်သင်္ကြန်မှာ Iron Cross အဖွဲ့က ရန်ကုန် ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ရှိမယ်လို့ သိထားတယ်။ သင်္ကြန်မှာ Iron Cross အဖွဲ့နဲ့ ဘယ်လိုဖျော်ဖြေဖို့ စဉ်းစားထားလဲ။
Y Wine : ရန်ကုန်ပရိသတ်ကတော့ သင်္ကြန်မှာ အရမ်းအားပေးကြပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဆိုဖို့အတွက် စိတ်လှုပ်ရှားတယ်။ သင်္ကြန်တွင်းမှာ ကျွန်တော်တို့အားလုံး မျှော်စင်ကျွန်းမှာ ရှိနေမှာဖြစ်လို့ လာခဲ့ကြပါဦးလို့ ပြောချင်ပါတယ်။

ကြိုတင်မဲ မသာမာမှု အတတ်နိုင်ဆုံး ကာကွယ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကတိပေး


၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲမသမာမှုများကို အတတ်နိုင်ဆုံး အကာအကွယ်ပေးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က ဧပြီလ ၂ ရက် ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲကာလ မီဒီယာနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် မီဒီယာများ ဆွေးနွေးပွဲတွင် ပြောကြားသွားသည်။

AGDဘဏ်ငွေထုတ်စက်ဝန်ဆောင်မှု ရပ်ဆိုင်းသွားခြင်းကို ဘဏ်တာဝန်ရှိသူ ရှင်းလင်း


မတ်လ ၃၁ ရက်က AGD ဘဏ်တွင် ငွေထုတ်စက်မှ ငွေထုတ်ယူရန် တန်းစီစောင့်ဆိုင်းနေသူများ(ဓာတ်ပုံ - နေမင်းခိုင်)
ထင်ရှားသည့် သူဌေးကြီးဦးတေဇ၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်(AGDဘဏ်)၏ အလိုအလျောက်ငွေထုတ်စက် ၀န်ဆောင်မှုစနစ်သည် မတ်လ ၂၉ ရက် ညနေမှစတင်ကာ နာရီပေါင်း ၄၀ကြာ ရပ်ဆိုင်းသွားခဲ့ကြောင်း သတင်းရရှိသည်။

AGD ဘဏ်၏ ATMစက်များသည် မတ်လ ၂၉ရက်ညနေ

ကမ္ဘာ့ထိပ်တန်းငွေပေးချေရေးဝန်ဆောင်မှုလုပ်ငန်း VISA မှ ပြည်တွင်း၌ အွန်လိုင်းငွေပေးချေမှု e-Commerce လုပ်ငန်းလုပ်ကိုင်မည်


ကမ္ဘာ့ထိပ်တန်းငွေ ပေးချေရေးဝန်ဆောင်မှုလုပ်ငန်းတစ် ခုဖြစ်သည့် VISA မှ ပြည်တွင်း၌ အွန်လိုင်းငွေပေးချေမှု e-Commerceလုပ်ငန်းလုပ်ကိုင်နိုင်ရန် စီစဉ် လျက်ရှိကြောင်း သိရသည်။
အဆိုပါ VISA မှတစ်ဆင့် နိုင်ငံတကာမှ လေယာဉ်လက်မှတ် များ၊ ဟိုတယ်နှင့်ပညာရေးတို့ဖြင့် သက်ဆိုင်သည့်ငွေကြေးကိစ္စရပ်များ ကို အွန်လိုင်းမှငွေပေးချေနိုင်သည့် စနစ်လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မွေးနေ့အမှတ်တရ နာမည်ကျန်နေရစ်အောင်လုပ်မယ့် ဖြူဖြူကျော်သိန်း

ကိုယ်ပိုင်သံစဉ်ရော့ခ် သီချင်းများပါဝင်သော ‘‘နာမည် ကျန်နေရစ်မယ်’’တစ်ကိုယ်တော် တေးစီးရီးကို ဧပြီ ၂၅ ရက်တွင် စတင်ဖြန့်ချိပေးမည်ဟု ဖြူဖြူ ကျော်သိန်းက ပြောသည်။
‘‘ဖြူဖြူ့မွေးနေ့က ဧပြီ ၂၂ ရက်ပါ။ နှစ်သစ်လည်းဖြစ်တယ်။ မွေးနေ့လည်း ရှိတဲ့အတွက် အမှတ်တရအနေနဲ့ ဖြန့်ဖို့စီစဉ် လိုက်တာပါ။ ပရိသတ်ကလည်း တောင်းဆိုနေတာ

ထိုင်းတွင် စစ်အုပ်ချုပ်ရေးအမိန့် ရုပ်သိမ်းကြောင်း ကြေညာ

ထိုင်းအစိုးရသည် (၁၀)လကြာ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းထားမှုကို ရုပ်သိမ်းလိုက်ပြီး လုံခြုံရေး စည်းမျဉ်းသစ် တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
၂၀၁၄ ခုနှစ်၊ မေလက ထိုင်းစစ်တပ် အာဏာသိမ်းယူပြီးကတည်းက ဘန်ကောက်နှင့် မြို့ကြီးများတွင် စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခင်စစ်တပ် အကြီးအကဲနှင့်

‘‘အာ့လာပြောတာ’’၊ ‘‘ဆေးထိုးကြမ်းတယ်’’တို့နှင့် ဖေ့စ်ဘွတ်ခ်ဗန်းစကားရေစီးကြောင်း


‘‘ဆေးထိုးကြမ်းတယ်’’၊‘‘၀ုန်းသွားတယ်’’

ရုတ်တရက် နားထောင်ကြည့်ပါက မသိသူများအဖို့ အူလည်လည် ဖြစ်သွားနိုင်သော်လည်း မြန်မာနိုင်ငံသားအများစု အသုံးပြုလာကြသော လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ အဆိုပါ စကားလုံးများက အဆန်းမဟုတ်ဘဲ ဆိုလိုရင်းကို ဒက်ခနဲ နားလည်ကြစမြဲ။ ‘‘ဆေးထိုးတယ်’’ ဟူသည့် စကားလုံးက လူမှုကွန်ရက်ပေါ်မှာ ဆေးပညာဆိုင်ရာ အသုံးအနှုန်းမဟုတ်ပါ။ တစ်ဦးနှင့်တစ်ဦး အပျော်သဘောနှင့် ချောက်ချခြင်းဟု အဓိပ္ပာယ်ရပါသည်။