Wednesday, April 22, 2015

UNFC ကို ပြည်ပသြဇာခံ သူပုန်တပ်ပေါင်းစုဆိုကာ BNI အင်တာနက် စာမျက်နှာကို တိုက်ခိုက်

ရန်ကုန် (မဇ္ဈိမ)။ ။ တိုင်းရင်းသား သတင်းဌာန ၁၁ ခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် နိုင်ငံတကာ မြန်မာ့ သတင်း BNI (အင်္ဂလိပ်ပိုင်း) အင်တာနက် စာမျက်နှာသည် ဧပြီ ၂၂ ရက် နံနက်ပိုင်းမှ စတင်ကာ တိုက်ခိုက်ခံနေရသည်ကို တွေ့ရှိသည်။
Haked-BIN
BNI (အင်္ဂလိပ်ပိုင်း) ကို ဝင်ရောက်ကြည့်ရှုမည်ဆိုပါက "မြန်မာနိုင်ငံအား ကျူးကျော်ရန်စခဲ့သည့် ကိုးကန့် သောင်းကျန်းသူများကို အားပေး အားမြှောက်ပြုနေသော ပြည်ပသြဇာခံ သူပုန်တပ်ပေါင်းစု UNFC အား ၎င်းင်းတို့၏ မီဒီယာ ဝဘ်ဆိုဒ်ဖြစ်သည့် Burma News International မှတစ်ဆင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟက်ကာများ သမဂ္ဂမှ ပြင်းထန်စွာ သတိပေးအပ်သည်" ဟု ရေးသားထားသည်ကို တွေ့ရှိရသည်။

အမျိုးသမီးငယ်များအား အိုင်စီတီ ပညာသင်ဆု ချီးမြှင့်မည့် ပြပွဲကျင်းပ

ရန်ကုန် (မဇ္ဈိမ)။ ။ ဧပြီ ၂၃ ရက်တွင် ရန်ကုန်၌ ပထဦးဆုံးအကြိမ် ကျင်းပမည့် girl in ICT နေ့ ပြပွဲတွင် အမျိုးသမီးငယ်များအတွက် အိုင်စီတီ ပညာသင်ဆု ချီးမြှင့်သွားမည်ဟု ယင်းပွဲစီစဉ်သည့်  မြန်မာနိုင်ငံ ယုဝတီ ခရစ်ယာန်အသင်းမှ အထွေအထွအတွင်းရေးမှူး ဒေါ်ဇင်မာဦးထံမှ သိသည်။
girl in ICT နေ့ ပြပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ ယုဝတီ ခရစ်ယာန် အသင်းနှင့် MIDO အဖွဲ့တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။ ယင်းပြပွဲကို ဧပြီ ၂၃ ရက်တွင်ရန်ကုန်မြို့ ဗိုလ်ကလေး ဈေးလမ်းရှိ YWCA ခန်းမတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပမည် ဖြစ်သည်။

ခေါင်းကိုက်ခြင်းကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး ကုသပေးမယ့် ဆေးနည်း


ကျွန်ုပ်တို့ ခေါင်းကိုက်ရင် ဆေးကို ချက်ချင်းသောက်လေ့ရှိကြတယ်။ အဲဒီအချိန် ဖြစ်နေတဲ့ပြသနာကို ဖြေရှင်းကောင်း ဖြေရှင်းနိုင်ပေမယ့် အကြိမ်များလာရင် နောက်ပြသနာတောင် ထပ်ဖြစ်နိုင်ပါတယ်။

ရန်ကုန်တွင် ရွေးကောက်ပွဲဝင်မည့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ၏ ၁၅ ရာခိုင်နှုန်းတွင် အမျိုးသမီးများ ပါဝင်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP ) ပါတီဝင် ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးဦးရေကို ၁၅ ရာခိုင်နှုန်းထိ ထည့်သွင်းယှဉ်ပြိုင်သွားမည်ဟု ရန်ကုန်တိုင်း ပါတီအတွင်းရေးမှူး ဦးသာဝင်းက ဧပြီ ၂၁ ရက်တွင် မဇ္ဈိမကို ပြောသည်။
USDP-Party
(ဓာတ်ပုံ - အီးပီအေ)
"ပြည်သူ၊ အမျိုးသား၊ တိုင်းဒေသကြီး နေရာအားလုံးရဲ့ ၁၅ ရာခိုင်နှုန်းက အမျိုးသမီးတွေ၊ ဒါကို ဗဟိုကိုလည်း တင်ထားတယ်၊ ဇွန်လလောက် အတည်ပြုပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

ထိပ်ပြောင်တဲ့ အမျိုးသားတွေအတွက် ဆံပင်ပြန်ပေါက်နည်း

ထိပ်ပြောင်တဲ့ အမျိုးသားတွေ အတွက်တော့ သိပ္ပံပညာရှင်တွေရဲ့ ဆံပင်ပြန်ပေါက်အောင်ပြုလုပ်နည်း ကို ရှာဖွေတွေ့ရှိမှုကြောင့် ၀မ်းသာစရာ ဖြစ်လာခဲ့ပါပြီ။
အဲဒီနည်းလမ်းက ပျော်ဖို့တော့ကောင်းမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ကျန်တဲ့ ဆံပင်တွေ အားလုံးကိုပါ ညှပ်ပစ်ရမှာ မို့လို့ပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေအကြုံများစွာအရ အမေရိကန် သုတေသီ တွေဟာ သူတို့ ဆံပင် ၂၀၀ ခန့် ကို ရိတ်လိုက်ရာမှာ ခြောက်ဆ လောက်ရှိတဲ့ များစွာသော ဆံပင်တွေ ပြန်ပေါက်လာတာကို တွေ့ရှိခဲ့ပါတယ်။

လူသတ်မှုဖြင့် ပြောင်းလဲ အမှုဖွင့်ထားသည့် ဒေါ်ခင်ဝင်း အမှုကို ရှေ့နေများကွန်ရက် စောင့်ကြည့်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင်  ဒီဇင်ဘာ ၂၂ ရက်က သေနတ်ထိမှန် သေဆုံးခဲ့ရသည့်
ဒေါ်ခင်ဝင်း၏ အမှုကို  ရဲစခန်းက လူသတ်မှုအဖြစ် ပြောင်းလဲ အမှုဖွင့်ထားပြီး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ရာ ယင်းအမှုနှင့် ပတ်သက်၍  မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က အနီးကပ်စောင့် ကြည့်လေ့လာသွားမည်ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးအောင်သိန်းက မဇ္ဈိမကို ပြောသည်။
Lappataung-Daw-Khin-Win-1
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆာလင်းကြီးမြို့နယ် မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်းအား မိုးကြိုးပြင်အလယ်ရွာ သုသာန်၌ ဂူသွင်းသဂြိုလ်သည့် ဈာပနကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းက ပြုလုပ်စဉ်။ ( ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
သေမှုသေခင်းဖြင့်  ဒီဇင်ဘာ ၂၃ ရက်က အမှုကို လက်ခံခဲ့ခြင်းဖြစ်ကာ ဧပြီ ၉ ရက်တွင် ဆားလင်းကြီးမြို့နယ် တရားသူကြီးက သာမန် သေမှုသေခင်း မဟုတ်ကြောင်း အမိန့်ချမှတ်ပြီးနောက် ယခုကဲ့သို့ အမှုပြောင်းလဲ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Podesta က နေပြည်တော် အတွက် ဘာအကျိုး ဆောင်မှာလဲ

Podesta, Lobby

အကျိုးဆောင်အဖွဲ့ တည်ထောင်သူ John Podesta နှင့် မစ္စ ဟီလာရီ ကလင်တန် (ဓာတ်ပုံ – North News & Picture)
အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန် အခြေစိုက် Podesta ဆိုတဲ့ သြဇာကြီးသော အကျိုးဆောင် ကုမ္ပဏီ (Lobby Firm) ကို မြန်မာအစိုးရက ငှားရမ်းခဲ့တဲ့သတင်းဟာ အတိုက်အခံနဲ့ တက်ကြွလှုပ်ရှားသူတွေကြားမှာ အံ့သြစရာ၊ လက်မခံနိုင်စရာ အဖြစ်နဲ့ တုံ့ပြန်ခဲ့ကြတာ တွေ့ရပါတယ်။

အခြေခံဥပဒေကို ဇူလိုင်လအတွင်း ပြင်ဆင် အတည်မပြုနိုင်လျှင် အစိုးရအဖွဲ့ တာဝန်မကျေဟုဆို

နေပြည်တော် (မဇ္ဈိမ)။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်အတည်ပြုခြင်းကို ဇူလိုင်လမကုန်မီ မဆောင်ရွက်နိုင်ပါက လက်ရှိအစိုးရသည် သမိုင်းပေးတာဝန်ကို မကျေပွန်သည့် အစိုးရအဖြစ် မှတ်တမ်းဝင်သွားမည်ဟု ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့် လွှတ်တော်တွင်းရှိ တိုင်းရင်းသား ကိုယ်စားလှယ်များ ခေါင်းဆောင် ဒေါက်တာ အေးမောင်က မဇ္ဈိမကို ပြောသည်။
“သြဂုတ်လ ၁ ရက်မတိုင်ခင်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်အတည်ပြုပြီးသားကို လူထုကို ချပြနိုင်ရမယ်။ ဒီလိုချပြနိုင်မှသာ အားလုံး ပါဝင်နိုင်မယ့် ရွေးကောက်ပွဲကို ကျင်းပနိုင်မှာ၊ ဒီလိုမှ မဟုတ်ရင် လက်ရှိအစိုးရဟာ သမိုင်းပေးတာဝန် မကျေပွန်တဲ့ အစိုးရအဖြစ် မှတ်တမ်းဝင်သွားမှာ” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် နွေရာသီ လျှပ်စစ်ဓာတ်အားသုံးစွဲမှု စံချိန်တင်မြင့်တက်

ရာသီဥတုပူပြင်းခြင်းက လျှပ်စစ်ဓာတ်အားသုံးစွဲမှုမြင့်တက်လာခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်/ ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ယခုနှစ်နွေရာသီ၌ စံချိန်တင်မြင့်တက်နေကြောင်း ရန်ကုန်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သတင်းရရှိသည်။ ရာသီဥတုပူပြင်းလာသည့်အတွက် မတ်လကုန်မှစ၍ လျှပ်စစ်ဓာတ်အားသုံးစွဲမှု သိသာစွာမြင့်တက်နေပြီး ယခင်နှစ် ဧပြီအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းမှာ တစ်ရက်လျှင် မဂ္ဂါဝပ် ၉၀၀ ခန့်သာရှိခဲ့ကာ ယခုနှစ်တွင် တစ်ရက်လျှင်မဂ္ဂါဝပ် ၁,၀၀၀ ကျော် ရောက်ရှိနေ၍ ရန်ကုန်မြို့၏ အမြင့်ဆုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှုအဖြစ် စံချိန်တင်လာခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်က ပြောသည်။

ရခိုင်စစ်ဘေးဒုက္ခသည်များကိုကူညီရန် ဒေသတွင်း အုပ်ချုပ်သူများ တားမြစ်နေဟု ဆို

အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်ကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် စစ်ဘေးသင့်သူ လေးရာကျော်ရှိနေပြီး ၎င်းတို့ကို ကူညီရေးအတွက် ဒေသတွင်းအုပ်ချုပ်သူများက တားမြစ်နေကြောင်းအရပ်ဘက်အဖွဲ့အစည်းများထံမှ သတင်းရရှိသည်။
ကျောက်တော်မြို့နှင့် မိုင် ၂၀ခန့်အကွာ အောင်လံချောင်း၊ ဘင်ချောင်းနှင့် ပင်လုံကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ် ပြီး ထိုရွာသုံးရွာမှ ဒေသခံလေးရာ ကျော်ပိတ်မိနေကြောင်း ကျောက် တော်မြို့နယ် ရခိုင်လူမှုကွန်ရက် မှ ဦးထွန်းခင်က ပြောသည်။ ထို ရွာသုံးရွာအနီးရှိ တောင်ခြေများ တွင် ရက္ခိုင့်တပ်မတော်တပ်ဖွဲ့ဝင် များရှိနေနိုင်သည်ဟု ဆိုကာ ဒေသခံများအား အစိုးရတပ်မတော်က နေရာရွှေ့ခိုင်းထားသောကြောင့် အခက်အခဲများ ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဟံသာဝတီ ဦးဝင်းတင်ကို 'ဒီမိုကရေစီရဲဘော်' အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု

ရန်ကုန် (မဇ္ဈိမ)။ ။ စစ်အာဏာရှင်စနစ်ကို တစ်လျှောက်လုံးဆန့်ကျင်ခဲ့သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် အားကိုးရပြီး အင်အားပြည့်ဝသည့် ဒီမိုကရေစီ ရဲဘော်တစ်ယောက် ဖြစ်သည်ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က  ဦးဝင်းတင် ကွယ်လွန်သည့် တစ်နှစ်ပြည့်နေ့တွင် ဂုဏ်ပြုစကား ပြောလိုက်သည်။
U-Win-Tin-Decease-08
အမှတ်တရစကား ပြောကြားပေးနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ခြောက်ပွင့်ဆိုင် အပေါ်ယံရုပ်ပြမဖြစ်စေလိုပါ

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲသို့ တက်ရောက်လာသော မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ (ဓာတ်ပုံ − Si Thu)
‘‘နှစ်နာရီကျော် တွေ့ဆုံမှုကာလအတွင်း ပါဝင်ဆွေးနွေးသူတွေအနေနဲ့ ညီအစ်ကိုမောင်နှမစိတ်ဓာတ်နဲ့ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲပြီးတဲ့အခါမှာလည်း အောင်မြင်တဲ့ဆွေးနွေးပွဲဖြစ်တယ်လို့ အားလုံးက သဘောတူခဲ့ကြပါတယ်’’ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြီးခဲ့သည့် ဧပြီ ၁၀ ရက် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သောစကားဖြစ်သည်။

အီဂျစ်သမ္မတဟောင်း မော်စီကို ထောင်ဒဏ်နှစ် ၂ဝ ချမှတ်

ထုတ်ပယ်ခံထားရသော အီဂျစ် သမ္မတဟောင်း မိုဟာမက်မော်စီအား အီဂျစ်တရားရုံးတစ်ခုက ထောင်ဒဏ် နှစ် ၂ဝ အပြစ်ပေးလိုက်သည်။ မော် စီအား ဆန္ဒပြသမားများအပေါ်အ ကြမ်းဖက်နှိမ်နင်းမှုဖြင့် အပြစ်ပေးခြင်း ဖြစ်သည်။
၎င်းအပေါ်အစ္စလာမ္မစ် ခေါင်းဆောင်အဖြစ် စွဲဆိုထားမှုကို တရားသေ လွှတ်လိုက်သည်။ ဤအ မှုမှာ သေဒဏ်ကျခံရမည်ဖြစ်သည်။

ဘရာဇီးက အရပ်အရှည်ဆုံး လူသားဟာ သူ့ထက်သုံးပေနိမ့်တဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ပြုလိုက်ပြီလို့ သိရ


ဘရာဇီးနိုင်ငံက အရပ်အရှည်ဆုံး လူသားအဖြစ် သတ်မှတ်ခံထားရတဲ့ Joelison Fernandes da Silva ဟာ ကလေးဘ၀ကတည်းက သူများတွေနဲ့မတူ ထူးခြားတဲ့သူဖြစ်မယ်မှန်း သူ့ရဲ့မိခင်က သိနေပြီးသားပါ။ အထူးသဖြင့် သူဟာ အရပ်ရှည်တဲ့သူ ဖြစ်မယ်ဆိုတာ ကလေးဖိနပ်ဆိုဒ်လေးတွေနဲ့ မတော်တဲ့ သူ့ရဲ့ခြေထောက်က သက်သေပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့မိခင်ဟာ ဒါတစ်ခုခုမှားယွင်းနေတာများလားလို့ ထင်မိခဲ့ကြောင်း Barcroft TV မှာ ပြောကြားသွားခဲ့ပါတယ်။

ပီအာရ်စနစ် အမျိုးသား လွှတ်တော်များအတွက် ကျင့်သုံးရန် မဖြစ်နိုင်တော့ဟု အင်န်အယ်လ်ဒီ အမတ်ဆို

နေပြည်တော် (မဇ္ဈိမ)။ ။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများအတွက် ကျင့်သုံးမည်ဟု ဆုံးဖြတ်ထားသော အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation-ပီအာရ်) စနစ်ကို လာမည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲများတွင် ကျင့်သုံးရန် မဖြစ်နိုင်တော့ဟု အတိုက်အခံ အင်န်အယ်လ်ဒီ အမတ်က ပြောသည်။
PR
အမျိုးသားလွှတ်တော် အင်န်အယ်လ်ဒီပါတီအမတ် ဦးသိန်းဆွေက ‘‘ကော်မရှင် (ပြည်ထောင်စု ရွေးကောက်ပွဲ)က ပီအာရ်စနစ်နဲ့ ပတ်သက်ပြီး ဧပြီလအတွင်း အပြီးမသတ်နိုင်ရင် လာမယ့်ရွေးကောက်ပွဲ အတွက် ကျင့်သုံးဖို့ မဖြစ်နိုင်ဘူးလို့ စာပို့ထားပါတယ်’’ ဟု တယ်လီဖုန်းမှ တစ်ဆင့် ဖြေကြားသည်။

အစိုးရတပ်နှင့် ရက္ခိုင့်တပ်မတော်ကြား တိုက်ပွဲများကြောင့် ဒေသခံ ၅၀၀ ခန့် ထွက်ပြေး

 မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် ဒေသခံပြည်သူ ၅၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ် နေကြောင်း သတင်းရရှိသည်။

ဆရာ၊ ဆရာမများ သမဂ္ဂအဖွဲ့ချုပ်က ဦးဆောင်ပြီး ပထမဆုံးအကြိမ် ညီလာခံ ကျင်းပမည်

မန္တလေး (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံဆိုင်ရာ ဆရာ၊ဆရာမများ သမဂ္ဂအဖွဲ့ချုပ်က ဦးဆောင်၍ ပထမဆုံးအကြိမ် ဆရာ၊ ဆရာမများ ညီလာခံကို  မေ  ၂ ရက်နှင့် ၃ ရက်တွင် မန္တလေးမြို့၌ ကျင်းပသွားမည်ဟု မြန်မာနိုင်ငံ ဆရာ၊ ဆရာမ သမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသုတက မဇ္ဈိမကို ပြောသည်။
အဆိုပါ ညီလာခံကို မန္တလေးမြို့  ၅၃ လမ်း၊ ၇၃ လမ်းထောင့်ရှိ Hotel Hazel တွင် နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ  ကျင်ပသွားမည် ဖြစ်သည်။

ခြောက်ပွင့်ဆိုင်ရလဒ်များ ပါဝင်သည့် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်း လာမည့်လွှတ်တော်တွင် တင်သွင်းမည်

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကျင်းပနေစဉ် (ဓာတ်ပုံ - စည်သူ)
လာမည့်မေလတွင် ပြန် လည်ကျင်းပမည့် လွှတ်တော်အ စည်းအဝေး၌ ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုရလဒ်များ ပါဝင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် သည့် ဥပဒေမူကြမ်းကို တင်သွင်း သွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မ တီ အတွင်းရေးမှူး ဦးစောလှထွန်း က ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ပညာရေးဦးစီးဌာန သုံးခုကို တခုတည်းအဖြစ် ပြောင်းပြီ

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ ပညာရေး ဦးစီးဌာန သုံးခုကို အခြေခံပညာရေးဦးစီးဌာန တစ်ခုတည်းအဖြစ် ဧပြီ ၁ ရက်က ပြောင်းလဲ ကျင့်သုံးလိုက်ပြီဟု အမှတ်(၃) အခြေခံ ပညာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။
Education
ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ ပညာရေးဦးစီးဌာန မြန်မာနိုင်ငံ စာစစ်ဌာနရုံးကို ဧပြီလ ၁၅ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - သိင်္ဂီထွန်း၊ မဇ္ဈိမ)

ဆင်ဆာဖြတ်တောက်မှု အများဆုံး ၁၀ နိုင်ငံစာရင်း မြန်မာပါဝင်

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ကထုတ်ပြန်တဲ့ သတင်း မီဒီယာကို တိုက်ခိုက်မှုများ” အစီရင်ခံစာမှာ မြန်မာ့သတင်းလွတ်လပ်ခွင့်ပုံဖော်မှု ဓာတ်ပုံကို ဖော်ပြထားပုံ။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ကထုတ်ပြန်တဲ့ သတင်း မီဒီယာကို တိုက်ခိုက်မှုများ” အစီရင်ခံစာမှာ မြန်မာ့သတင်းလွတ်လပ်ခွင့်ပုံဖော်မှု ဓာတ်ပုံကို ဖော်ပြထားပုံ။

နယူးရောက်အခြေစိုက် CPJ လို့ခေါ်တဲ့ သတင်းထောက်များကာကွယ်ပေးရေးကော်မတီက ဧပြီလ (၂၁) ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဆင်ဆာ ဖြတ်တောက်မှု အများဆုံး (၁၀) နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် (၉) အဆင့်မှာ ပါဝင်နေပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ရှိအောင် ဆောင်ရွက်မယ်လို့ သမ္မတဦးသိန်းစိန်အစိုးရက ကတိကဝတ်ပေးထားတဲ့ အပေါ် နိုင်ငံတကာအနေနဲ့ မေးခွန်းထုတ်စရာတွေ ရှိလာတယ်လို့ CPJ က ဗွီအိုအေကို ပြောပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။

အတိတ်တစ်ချိန်က ဒီနေ့

ဘရာဇီးဘောလုံးသမား ကာကာ ကို ဘောလုံးချစ်သူတိုင်း သိကြမှာပါ။
၁၉၈၂ ဧပြီ ၂၂မှာမွေးဖွားခဲ့တဲ့သူဟာ အသက်၈နှစ်အရွယ်မှာတင် ဒေသတွင်းကလပ်တစ်ခုမှာ စတင်ကစားနေခဲ့ပါပြီင်္။ အဲဒီအချိန်က တင်းနစ်အားကစားကိုပါလိုက်စားနေခဲ့တဲ့ ကာကာဟာ အသက် ၁၅ နှစ်အရောက်မှာတော့ သူ့ရဲ့အဓိကားကစားကိုဘောလုံးအဖြစ်ခံယူပြီး ဆောင်ပေါလို အက်ဖ်စီအသင်းမှာ စာချုပ်စာတမ်းနဲ့ စတင်ကစားဖြစ်ခဲ့ပါတယ်။

ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အတွက် ပီအာရ်စနစ်ကျင့်သုံးရန် မဖြစ်နိုင်တော့


အမျိုးသားလွှတ်တော်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် (ပီအာရ်)ကျင့်သုံးခြင်းကို ဧပြီလအတွင်း လွှတ်တော်က အပြီးသတ်ဆုံးဖြတ်ရမည်ဖြစ်သော်လည်း လွှတ်တော်များ ခေတ္တနား ထားသောကြောင့် မဆုံးဖြတ်နိုင်၍ လာမည့်ရွေးကောက်ပွဲ၌ ယင်းစနစ်ကျင့်သုံးနိုင်တော့မည်မဟုတ်ကြောင်း သတင်းရရှိသည်။
အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲအတွက် ပီအာရ်စနစ် ကျင့်သုံး၊မသုံးကို ဧပြီလအတွင်း အပြီးသတ်မဆုံးဖြတ်ပေးပါက လာမည့် ရွေးကောက်ပွဲတွင် အဆိုပါစနစ်ကျင့်သုံးရန် ကော်မရှင်က ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်သို့ အကြောင်းကြားထားကြောင်း သတင်း ရရှိသည်။

စိတ်ကြွဆေးမှောင်ခိုရောင်းဝယ်မှု အရှေ့တောင်အာရှမှာတိုး



အင်တာနက်ကတဆင့် ရောင်းဝယ်ရေးလုပ်ငန်းတွေ လွယ်ကူလာတာနဲ့ ဝယ်ယူသုံးစွဲသူတွေ များပြားလာ တာတွေကြောင့် အရှေ့တောင် အာရှတိုက် အတွင်း စိတ်ကြွဆေး တရားမဝင် မှောင်ခိုကူးမှုတွေ များပြားလာနေတဲ့ အကြောင်း ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ညီလာခံက ပြောပါတယ်။ အာဏာပိုင်တွေအနေနဲ့ မူးယစ်ဆေးဝါးချက်တဲ့နေရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းတွေအပေါ် တင်းကျပ်စွာ ချုပ်ကိုင်ရေး တောင်းဆိုနေကြတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Ron Corben က ဘန်ကောက်မြို့ကနေ သတင်း ပေးပို့ထားပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားများ ရန်ကုန်မြို့၌ပြုလုပ်ရာ တက်ရောက်သူများပြား

ဧပြီ ၂၁ ရက်က ရန်ကုန်မြို့၌ပြုလုပ်သည့် သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီဦးဝင်တင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ်ဂုဏ်ပြုအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှတ်တရစကားပြောကြားနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားများကို ဧပြီ ၂၁ ရက်က ရန်ကုန်မြို့၌ပြုလုပ်ရာ တက်ရောက်သူ များပြားခဲ့သည်။

လောက်ကိုင်ဒေသတိုက်ပွဲများကြောင့် လားရှိုးမြို့တွင် လာရောက်တိမ်းရှောင်နေသည့် ဒေသခံများ လောက်ကိုင်မြို့သို့ ပြန်လည်ထွက်ခွာ

(ပုံစာ-လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင် လာရောက်ခိုလှုံနေသော လောက်ကိုင်ဒေသခံများ လောက်ကိုင်မြို့၌ ပြန်လည်အခြေချနေထိုင်ရန် ဧပြီ ၂၁ ရက်က ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ်)
လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတွင် လာရောက် ခိုလှုံနေသော လောက်ကိုင်ဒေသခံများ လောက်ကိုင်မြို့၌ ပြန်လည်အခြေချနေထိုင်ရန် ဧပြီ ၂၁ ရက်က ပြန်လည်ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ရုံးပိတ်ရက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ပြင်ပဈေး မြင့်တက်ပြီး ဧပြီ ၂၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၀၈၀ ဖြစ်လာ

မြန်မာနှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက်အတွင်း ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လျက်ရှိပြီး ဧပြီ ၂၁ ရက်တွင် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ကျပ် ၁၀၇၅၊ ရောင်းဈေး ၁၀၈၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့ကြောင်း ပြင်ပငွေကြေးဈေးကွက်မှ သတင်းရရှိသည်။
သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် မတိုင်မီ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းသည် ဧပြီ ၁၀ ရက် က တစ်ဒေါ်လာလျှင် ၁၀၇၀ ကျပ်ဖြစ်ပြီး သိမ်ဖြူကောင်တာ ငွေလဲနှုန်းမှာ ၀ယ်ဈေး ၁၀၇၃ ကျပ်၊ ရောင်းဈေး ၁၀၇၈ ကျပ် ဖြစ်သည်။ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၁၀၇၅ ကျပ် ရောင်းဈေး ၁၀၇၉ ကျပ်ဖြစ်သည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ပြည်တွင်းသုံးအတွက် ကုဗမီတာ သန်း ၂၀၀၀ ခွဲတမ်းရရှိထားသော်လည်း ပြည်တွင်းအနေဖြင့် ၁၀ ရာခိုင်နှုန်းသာ ၀ယ်ယူအသုံးပြုမှုရှိ

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် နတ်ရေကန်တောင်ကြောပေါ်မှ မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ ထပ်တွန်းစက်ရုံတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်သူငြိမ်း)
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ပြည်တွင်းသုံးအတွက် ကုဗမီတာ သန်း ၂၀၀၀ ခွဲတမ်း ရရှိထားသော်လည်း ပြည်တွင်းအနေဖြင့် ၁၀ ရာခိုင်နှုန်းသာ ၀ယ်ယူအသုံးပြုမှုရှိကြောင်း မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို တာဝန်ယူ လည်ပတ်ဆောင်ရွက်နေသည့် SEAGP မှ သိရသည်။
“ပြည်တွင်းသုံးအတွက် ခွဲတမ်းစခန်းလေးခုကနေ ကုဗမီတာ သန်း ၂၀၀ စတင် ဖြန့်ဖြူးနေပါပြီ။ ပြည်တွင်းက ထပ်ပြီးဝယ်ရင် ထပ်ပြီးဖြန့်ဖြူးပေးသွားမှာပါ” ဟု SEAGP မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အင်းလေးကန်တွင် ရေခန်းခြောက်မှုကြောင့် အင်းလေးဖောင်တော်ဦးဘုရားအနီးတစ်ဝိုက် စက်လှေများ သွားလာ၍မရလောက်အောင်ကြုံတွေ့နေ

 အင်းလေးဖောင်တော်ဦးဘုရားဝန်းကျင်၌ ရေခန်းခြောက်နေသည်ကို ဧပြီ ၂၁ ရက်က တွေ့ရစဉ်
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်တွင် ဧပြီလအတွင်း ရေခန်းခြောက်မှုပြဿနာနှင့် ကြုံတွေ့နေရသောကြောင့် ကန်အတွင်း သောက်သုံးရေးရှားပါးခြင်း၊ သွားလာမှုခက်ခဲခြင်းများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
အင်းလေးဖောင်တော်ဦးဘုရားအနီးနားတစ်ဝိုက်တွင် စက်လှေများသွားလာ၍မရတော့လောက်အောင် ရေခြောက်ခန်း မှုနှင့်ကြုံတွေ့နေရပြီး ယခင်က ထိုနေရာတွင် တိုင်လုံးများအထိ ရေနစ်မြုပ်လျက်ရှိကြောင်း စက်လှေသမား များကဆိုသည်။

သာယာဝတီမြို့နယ်တွင် အမျိုးသားနှစ်ဦး အချင်းများပြီး လူသတ်မှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ဂုံမင်းမြှောင်ကျေးရွာနှင့် ကံကလေးကျေးရွာတွင် ဧပြီ၂၁ ရက်က လူသတ်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ဆင်စခန်းကျေး ရွာနေ စိန်ဝင်းပုဆိုသူဖြစ်ပြီး ၎င်း၏ အလောင်းကို တာလမ်းတူးမြောင်းအတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လူသတ်မှုမဖြစ်ပွားမီ နံနက်က သာယာဝတီမြို့ ဆင်စခန်းကျေးရွာနေ သေဆုံးသူ စိန်ဝင်းပု၏ ဆိုင်ကယ်ကယ်ရီကို ရန်မင်းအောင် (ခ) ရွှေအလေးက ငှားစီးရာမှ ဆိုင်ကယ်တိမ်းမှောက်ခဲ့ပြီး ၎င်းတို့ နှစ်ဦးအချင်းများခဲ့ကြောင်း ကြို့ကုန်းကျေးရွာမှ မျက်မြင်အချို့က ပြောသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်က အကြိုဆွေးနွေးရန် ရွေ့ဆိုင်း



လာမယ့်နှစ်မှာလုပ်မယ့် ရွှေမြွေဟောက်စစ်ရေးလေ့ကျင်မှု (Cobra Gold)အတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ပစ္စဖိတ်ဒေသ ဆိုင်ရာ အမေရိကန်စစ်ဌာနချုပ်(USPACOM)က ရွေ့ဆိုင်းထားကြောင်းထိုင်းစစ်ဘက် သတင်းရပ်ကွက်ကို ကိုးကားပြီး ဘန်ကောက်ပိုစ် သတင်းတွင် ဖော်ပြထားပါတယ်။