ရေဘေးသင့်ပြည်သူ များအတွက် သွားရောက်လှူဒါန်း ရန် ရန်ကုန်မြို့မှ လူငယ်များအဖွဲ့ သည် မြို့တွင်းလမ်းမများတွင် အလှူငွေကောက်ခံမှုများနှင့် အွန် လိုင်းမှ အလှူခံမှုများပြုလုပ်လာ ကြသည်။
မြန်မာနိုင်ငံအထက်ပိုင်းရှိ ရေဘေးသင့် ပြည်သူများအား ကယ် ဆယ်ရေးပစ္စည်းများနှင့် လိုအပ် သည့် အထောက်အပံ့များ လှူဒါန်း နိုင်ရန် ‘‘ရေဘေးကယ်ဆယ်ရေး အတွက် လက်တစ်ဖက်ကမ်းကြ မယ်’’အဖွဲ့မှ လူငယ်တစ်ရာခန့် သည် သြဂုတ် ၁ ရက်က မြေနီကုန်း စမ်း ချောင်းမြို့နယ်တွင် အလှူငွေ ကောက်ခံမှုပြုလုပ်ခဲ့သည်။ ‘‘ရေဘေးသတင်းတွေတစ်ရက်ထက်တစ်ရက်ဆိုးရွားလာတဲ့ အခြေအ နေတွေကို အင်တာနက်မှာတွေ့ရ တော့ ကျွန်တော်တို့ သူငယ်ချင်း တွေနဲ့ တစ်ပိုင်တစ်နိုင် ကုသိုလ်ပြုပေးချင်တာကြောင့် လုပ်ဖြစ်ခဲ့ တာပါ။ လောလော ဆယ်မှာတော့ နှစ်ရက်အလှူငွေ ကောက်ခံပေးဖို့ စီစဉ်ထားပါတယ်။ မြေနီကုန်းစမ်းချောင်းတစ်ဝိုက်ကနေရာတွေ မှာ အလှူငွေ လိုက်လံကောက်ခံ ပေးမှာပါ’’ဟု ယင်းအဖွဲ့မှကိုဗိုလ် ဗိုလ်ကျော်က ပြောသည်။
Sunday, August 2, 2015
မန်စီးတီးတိုက်စစ်မှူး ဂျိုဗီတစ်ကို အင်တာမီလန်အငှားဖြင့် ခေါ်ယူ
မန်စီးတီးတိုက်စစ်မှူး စတီဗန်ဂျိုဗီတစ်သည် အင်တာ မီလန်အသင်းသို့ ၁၈ လအငှား စာချုပ်ဖြင့် ပြောင်းရွှေ့သွားပြီး အင်တာက နောက်ပိုင်းတွင် အပြီးသတ်ဝယ်ယူနိုင်သည်ဟု မန်စီးတီးအသင်းက ကြေညာသည်။မွန်တီနီဂရိုးလက်ရွေးစင် ဂျိုဗီတစ် (၂၅) နှစ်သည် ၂၀၁၃ ကဖီအိုရင်တီးနားမှ ပေါင် ၂၂ သန်းဖြင့် မန်စီးတီးသို့ ရောက်ရှိလာပြီးမန်စီးတီးတွင် အထိုင်ကျရန် ရုန်းကန်ခဲ့ရသည်။ ဒဏ်ရာရရှိခဲ့ခြင်း ကလည်း ၎င်း၏ တိုးတက်မှုကို နှေးကွေးစေခဲ့သည်။မန်စီးတီးအတွက် (၄၄) ကြိမ် ကစားခဲ့ပြီး ၁၁ ဂိုးသွင်းယူခဲ့သော ဂျိုဗီတစ် အင်တာတွင် အဆင်ပြေပါစေကြောင်း ဆုမွန်တောင်း လိုက်သည်ဟု မန်စီးတီးက ထုတ် ပြန်သည်။
စစ်ကိုင်း ရေဘေးသင့်သူများအတွက် မေတ္တာသင်္ဂဟအဖွဲ့ ကျပ်သိန်း ၃၂၀ လှူဒါန်း
စစ်ကိုင်းတိုင်းမှ ရေဘေး သင့်ဒေသများအတွက် မေတ္တာ သင်္ဂဟအဖွဲ့က အလှူငွေ ကျပ်သိန်း ၃၂၀ လှူဒါန်းမည်ဖြစ် ကြောင်း သတင်းရရှိသည်။အလှူငွေလှူဒါန်းပွဲကို ဩဂုတ် ၁ ရက်က တော်ဝင်ဂါးဒင်း ဟိုတယ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အလှူငွေများအပါအဝင် အင်္ကျီ အသုံးအဆောင်များနှင့် အခြား ပစ္စည်းများကိုလည်း လှူဒါန်းမည် ဖြစ်သည်။
အနုပညာလှုပ်ရှားမှုတွေ ပြန်လည်စတင်ဖို့ ပြင်ဆင်နေတဲ့ လီထယ်အင်း
တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး လီထယ်အင်း သည် အနုပညာလုပ်ငန်းများ ပြန် လည်စတင်ရန် ပြင်ဆင်နေသည်။
‘‘လီထယ်အင်းဟာ စက် တင်ဘာ (သို့မဟုတ်) အောက်တို ဘာမှာ အနုပညာလုပ်ငန်းပြန် လည်စတင်ဖို့ပြင်ဆင်နေပါ တယ်။ You'll Love Me ဒရာမာ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ် ဆောင်ဖို့ ကမ်းလှမ်းခံထားရပါ တယ်’’ဟု ၎င်း၏လုပ်ဖော်ကိုင် ဖက်တစ်ဦးက Daily Sports သတင်းအားပြောသည်။

Saturday, August 1, 2015
CD ကို Software မသုံးဘဲ ကူးနည်း
CD ကို Software မသုံးဘဲ ကူးနည်း
CD ကို Nero Express လို မျိုး CD burn တဲ့ software မသုံးဘဲ my computer ထဲက CD/DVD Writer ပေါ်မှာ တိုက်ရိုက်ကူးလို့ ရတဲ့အကြောင်းလေးပေါ့။ သိပြီးသားလူတွေလဲ အများကြီးပေါ့နော်။ သူတို့အတွက် မရည်ရွယ်ပါဘူး။ ကျွန်တော်တို့လို့ ခုမှ သိတဲ့လူတွေအတွက် ပြန်လည် မျှဝေပေးတာပါ။ ၁။ ကူးချင်တဲ့ file , floder က ကိုယ့် computer ထဲ မှာရှိရပါမယ်။ မရှိသေးရင် computer ထဲ ကူးထည့်လိုက်ပါ။ ၂။ CD ,

အပူပိုင်းဇုန်တွင် ရေဘေးကြုံရသူများ

အပူပိုင်း မိုးနည်းရပ်ဝန်းဒေသဟု ခေါ်ဆိုသော မကွေးတိုင်းအတွင်း ဇူလိုင် ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ (၀ါဆိုလပြည့်နေ့) အထိ မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းခဲ့သည်။ ထိုမိုးများသည် မြန်မာနိုင်ငံ ဒေသအနှံ့နီးပါး ရွာသွန်းခဲ့ခြင်းလည်း ဖြစ်သည်။ မကွေးတိုင်းနှင့် ဧရိယာချင်း ဆက်စပ်လျှက်ရှိသော ချင်းပြည်နယ်တွင် မိုးရေချိန် ရှစ်လက်မ ကျော်သည်အထိ ရွာသွန်းခဲ့သည်။ ထိုသို့ရွာသွန်းခဲ့သော
ဟားခါးမြို့ ရိက္ခာပြတ်တော့မည်

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ချင်းပြည်နယ်၏မြို့တော် ဟားခါး၌ မြေပြိုမှု၊ အိမ်ပြိုကျမှုများ အမြောက်အမြား ဖြစ်ပွားနေပြီး ကားလမ်းအဆက်အသွယ်များလည်း ပြတ်တောက်နေသည့်အတွက် ဟားခါးမြို့ခံများမှာ စားနပ်ရိက္ခာပြတ်လပ်မည့် အခြေအနေ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
Friday, July 31, 2015
နိုဝင်ဘာ ၈ ရွေးကောက်ပွဲနှင့် ဒီချုပ်အလားအလာ
ရက်ပေါင်း ၁၀၀ စွန်းစွန်းသာ လိုတော့သည့် အထွေထွေရွေး ကောက်ပွဲအပြီးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံကို အုပ်ချုပ်မည့် အစိုးရတစ်ရပ် ကောင်းမွန်စွာ ဖွဲ့စည်းနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည် ပြောကြားထားသည့်အတိုင်း အစိုးရတစ်ရပ်ကို ကောင်းမွန်စွာ ဖွဲ့စည်းနိုင်ရန် အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရမည့် ရလဒ်ကို နိုင်ငံရေးအသိုင်းအ၀ိုင်းနှင့် ပြည်သူများကြားတွင် စိတ်ဝင်စားမှု ရေချိန်မြင့်တက်လာသည်။

သီးနှံစိုက်ဧကလေးသိန်း နီးပါးရေမြုပ်နေ
နေပြည်တော်(မဇ္ဈိမ) ။ ။ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြော င့် နိုင်ငံအဝှမ်းရှိ တောင်သူဦးကြီးတို့ သီးနှံစိုက်ပျိုးထားသည့် မြေဧကလေးသိန်းနီးပါး(၃၉၅၆၅၆) မှာ ရေမြုပ်နေသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာနက ဇူလိုင် ၃၀တွင် ထုတ်ပြန်လိုက်သည်။
စိုက်ပျိုးမြေများရေမြုပ်နေသည့် ဒေသများမှာနေပြည်တော်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း တို့ဖြစ်သည်။
"စပါးပင်တွေက အပင်နုရင်တော့ ရေမြုပ်ပြီး တစ်ပတ်၊ ဆယ်ရက်လောက်ပဲ ခံပါတယ်။ အမြစ်ပုတ်သွားတာကိုး" ဟု ဧရာဝတီတိုင်းမှ လယ်သမားကြီးတစ် ဦးက ပြောသည်။
အမတ်လောင်းရွေးချယ်ရေး စိန်ခေါ်မှုများ
![]() |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်အဆင့်ဆင့်ကိုယ်စားလှယ်လောင်းများရွေးချယ်ရေး ဆွေးနွေးနေကြစဉ်/ဓာတ်ပုံ − စိုးညွန့်ဖေ့စ်ဘွတ် |
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ရွေးကောက် ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ် စားလှယ်လောင်းစာရင်း တင်သွင်းရမည့်ရက် ၂၀ ရက်သာ ပေး၍ သြဂုတ် ၈ ရက်နောက်ဆုံးထား ပေးပို့ရမည်ဟု ကြေညာထားသည့်အတွက် ပါတီများအနေဖြင့် အချိန်မီကိုယ်စားလှယ်လောင်း ရွေးချယ်နိုင်ရေးတက်သုတ်ရိုက် လုပ်ကိုင်နေကြရသည်။ ထို့အပြင် ရွေးကောက်ပွဲဝင်ရန် ငွေကြေး အခက်အခဲ၊ စိတ်ကြိုက်ကိုယ်စား လှယ်ရရှိနိုင်မှုအခက်အခဲအပါအဝင် အခြားအခက်အခဲများစွာ ရှိနေကြောင်း နိုင်ငံရေးပါတီများက ပြောသည်။
မဲခေါင်ဒေသ အာဏာပိုင်များ မူးယစ်ဆေးဝါးရှာဖွေမှု အရှိန်မြင့်မည်
နယ်စပ်ဖြတ်ကျော်မူးယစ်ဆေးဝါးရောင်းဝယ်မှုကို နှိမ်နင်းရန် အထက်မဲခေါင်ဒေသရှိ ထိုင်း၊ မြန်မာ၊ လာအိုနှင့် တရုတ် အာဏာပိုင်များသည် အဓိကဆိပ်ကမ်းမြို့ကြီးများသို့ သွားလာသော သင်္ဘောများတွင် ကုန်ပစ္စည်းစစ်ဆေးမှုကို တင်းကျပ်မည်ဖြစ်သည်။ကွမ်လေ (တရုတ်)၊ မောင်းဖွန်င် (မြန်မာ)၊မောင်းမွမ် (လာအို)နှင့်ချင်းရိုင်၏ ချင်းဆဲန်တို့သို့ သွားလာသောသင်္ဘောများကို ပစ်မှတ်ထားခြင်းဖြင့် မဲခေါင်မြစ်မြောက်ပိုင်းမှအင်အားကြီး မူးယစ်ဆေးဝါးရောင်းဝယ် သူ များကို ဖမ်းဆီးနိုင်ရန် ကြိုးစားကြမည်ဖြစ်သည်။မဲခေါင်မြစ်တွင် ရာဇ၀တ်မှုနှင့် မူးယစ်ဆေးဝါးဖမ်းမိမှု နှစ်များစွာကြာပြီးနောက်မှ မြစ်တွင်းလုံခြုံရေးကို ခိုင်မာအောင် ပြုလုပ်သည့် ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
နိုဝင်ဘာ ရွေးကောက်ပွဲနဲ့ ဖယ်ထုတ်ဖို့ ခက်ခဲနေတဲ့ သံသယ အရိပ်အငွေ့များ
နာမည်တွေ၊ မွေးသက္ကရာဇ်တွေက အရောရော အထွေးထွေး ဖြစ်နေတယ်။ မိသားစုတစ်ခုလုံး၊ တချို့ဆိုလည်း ရွာလုံးကျွတ် မွေး နေ့တစ်နေ့တည်း ဖြစ်နေတာမျိုး တွေလည်း ကြုံနေရတယ်။
မြန်မာနိုင်ငံဟာ နိုဝင်ဘာလ မှာ ကျင်းပမယ့် အထင်ကရ ရွေး ကောက်ပွဲကြီးအတွက် နောက် ဆုံးအဆင့် ပြင်ဆင်မှုတွေကို တက်သုတ်ရိုက် လုပ်ဆောင်နေ ပါပြီ။ ဒါပေမဲ့ ရွေးကောက်ပွဲ ဆိုင်ရာ မဲစာရင်းတွေ မှားယွင်းမှု ပြဿနာတွေက လုပ်ငန်းစဉ်ကြီး တစ်ရပ်လုံး လမ်းချော်သွားနိုင် လောက်တဲ့ ခြိမ်းခြောက်မှုမျိုးတွေ ဖြစ်လာစေပါတယ်။

ရေဘေးအန္တရာယ် အရေးပေါ်ဒေသ အဖြစ်ကြေညာကူညီဖို့ သင့်နေပါပြီ
ယခုနှစ် မိုးရာသီ နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် မိမိတို့တစ်နိုင်ငံလုံးနီးပါး ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ တချို့နေရာများတွင် မြို့လုံးကျွတ် ရွာလုံးကျွတ် နယ်လုံးကျွတ် ရေလွှမ်းမိုးခံနေရပြီး ကူသူ ကယ်သူမဲ့လုနီးပါး ဖြစ်နေသည်ကိုလည်း အင်တာနက် အွန်လိုင်းစာမျက်နှာများတွင် နေ့စဉ်လိုပင် တွေ့နေကြရပါသည်။
တချို့ဒေသများတွင် ဥပမာ ကောလင်းမြို့လိုဒေသများတွင်မူ ကူညီကယ်ဆယ်သည့် သတင်း များကို တွေ့ရပါသည်။ သို့သော် ရေလွှမ်းမိုးခံရသည့်နေရာဒေသ လူဦးရေ အနေအထားက ကြီးမား သည့်အတွက် ဆင့်ပါးစပ် နှမ်းပက်သလိုသာ ဖြစ်နေသည်။
ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ လူပုဂ္ဂိုလ်များကလည်း တတ်စွမ်းသမျှ လိုက်လံကူညီနေသည် များကိုတွေ့ရပါသည်။ တပ်မတော်သားများပင်လျှင် ဝင်ရောက်ကူညီဆောင်ရွက်ပေးနေသည့် သတင်း များကို တွေ့နေကြရပါသည်။ သို့သော် အထက်က ပြောခဲ့သလို ဆင့်ပါးစပ် နှမ်းပက်သလို တကယ် ထိရောက်သည့် ကူညီမှုမျိုးတော့ မဟုတ်ချေ။

အစ်မဖြစ်သူနဲ့လူမမှားဖို့ ပရိသတ်ကို မေတ္တာရပ်ခံတဲ့ အဆိုတော်မေသင်ချိုဆွေ
အစ်မဖြစ်သူအဆိုတော် အေသင်ချိုဆွေနှင့် အမည်ရော အသံပါ ဆင်တူသည်ဟုထင်ရ ၍ ပရိသတ်များအနေဖြင့် ၎င်း၏သီချင်းများကို ခွဲခြား၍နားထောင်ပေးရန် တေးသံရှင် မေသင်ချိုဆွေက မေတ္တာရပ်ခံပြောကြားသည်။
‘‘နာမည်အရင်းကလည်း မေသင်ချိုဆွေဖြစ်နေတာကြောင့် သမီးကို အစ်မအေသင်ချိုဆွေ အမှတ်နဲ့ ပရိသတ်တွေမှားကြ တယ်။ အသံလည်းတူပေမယ့် မအေသင်ရဲ့သီချင်းဆိုဟန်နဲ့ တော့မတူဘူး။ ရုပ်ကလည်းမတူ ပါဘူး။ အသံတူနေတာတော့ ပရိ သတ်တွေကသည်းခံပြီးတော့ နား ထောင်ပေးပါလို့။ နာမည်က အရမ်းတူတော့ တစ်ခုခုရေးထား တာဆိုရင် အေသင်ရေးရင် မေသင်လို့ထင်ကြတယ်။ ဒါကြောင့် ပရိသတ်ကြီးက ခွဲပြီး ကြည့်ပေးပါလို့’’ဟုမေသင်ချိုဆွေ ကပြောသည်။

ဦးနှောက်ကို ဘယ်အရာတွေက တဖြည်းဖြည်း ပျက်စီးစေတာလဲ
စာရိုက်တဲ့အခါ အမှားတွေ များ လာတာမျိုး၊ အရင်ကလောက် စိတ်ကူးစိတ်သန်းတွေ မကောင်း တော့တာမျိုး စတာတွေ ကြုံလာ ရခြင်းဟာ ဦးနှောက်ဆဲလ်တစ်ခုခု ယိုယွင်းလာတာကို သတိပေး လိုက်တာပါပဲ။ နေ့စဉ်လုပ်မိတဲ့ အရာတွေကနေ ဦးနှောက်ကို တဖြည်းဖြည်း ပျက်စီးစေနိုင်တာ ကြောင့် ထပ်မလုပ်မိရလေအောင် ဖော်ပြပေးလိုက်ပါတယ်။
နေထိုင်မကောင်းဖြစ်ရင် ဆရာဝန်တွေ အကြံပြုသလို စိတ် ရောကိုယ်ပါ ကောင်းကောင်းနား နေဖို့ လိုပါတယ်။ နေမကောင်း ဖြစ်တဲ့အချိန်မှာ ဦးနှောက်ဟာ အ လုပ်တွေ ပိုလုပ်ရတာကြောင့် အတွေးနယ်ချဲ့ပြီး စဉ်းစားတာမျိုး တွေ ရှောင်ပြီး အိပ်စက်အနားယူ သင့်ပါတယ်။

နွားနို့ကို နနွင်းနဲ့ သောက်ခြင်းရဲ့ကောင်းကျိုး
နွားနို့သောက်တဲ့အခါ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ချောကလက်မှုန့်၊ သကြား၊ ခရင်မ်တွေထည့်ပြီးသောက်တာထက် နနွင်းထည့်သောက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ နွားနို့ပူပူထဲကို နနွင်းလက်ဖက်ရည်ဇွန်းဝက် ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် နနွင်းတက်တစ်လက်မ အရွယ်လောက်ထည့်ပြီး ၁၅ မိနစ် လောက်နေရင် သောက်လို့ရပါပြီ။
နနွင်းက သဘာဝဆေးဖက်ဝင်ပစ္စည်းဖြစ်တာမို့ နွားနို့နဲ့ရောသောက်ပေးတဲ့အခါ အအေးမိ၊ ချောင်းဆိုး ဝေဒနာအမျိုး မျိုးအတွက် အမြန်ဆုံးပျောက်ကင်းစေဖို့ ထောက်ကူပါတယ်။
နနွင်းက သဘာဝဆေးဖက်ဝင်ပစ္စည်းဖြစ်တာမို့ နွားနို့နဲ့ရောသောက်ပေးတဲ့အခါ အအေးမိ၊ ချောင်းဆိုး ဝေဒနာအမျိုး မျိုးအတွက် အမြန်ဆုံးပျောက်ကင်းစေဖို့ ထောက်ကူပါတယ်။
ရေကြီးပြီးနောက် သတိထားရမည့် ရောဂါဘယနှင့် ဘေးအန္တရာယ်
ဇူလိုင်လဆန်းကစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသအချို့တွင် ရေလွှမ်းမိုးမှုများ ရှိလာပြီး ယင်း၏ နောက်ဆက်တွဲအဖြစ်ကျန်းမာရေးပြဿနာများကို ကြုံတွေ့နေကြရပြီဖြစ်သည်။
ကျန်းမာရေးပြဿနာများ အဖြစ် ရေလွှမ်းမိုးရာဒေသအချို့တွင် လတ်တလော၌ အအေး မိ၍ ဖျားနာခြင်းအပြင် သဘာဝဘေးအန္တရာယ်ဖြစ်သော မြွေကိုက်ခံရမှုများလည်း ကြုံတွေ့နေရကြောင်း လူမှုအဖွဲ့အစည်းများထံမှ သိရသည်။‘‘အခုအခြေအနေက တော်တော်များများဖျားနာနေကြတယ်။ အနည်းစုက ဝမ်းရောဂါတွေဖြစ်တယ်။ ကောလင်းဆေးရုံမှာ တစ်ရက်ကိုမြွေကိုက်လူနာက တစ်ယောက်နှစ်ယောက်ကတော့ရှိနေတယ်’’ဟု ကောလင်းမြို့နယ် နာရေးကူညီမှုအသင်းမှ ကိုစိုးလွင်ကပြောသည်။

ရေဘေးသင့်ပြည်သူတွေအတွက် ပြဇာတ်ကမယ့် ခင်လှိုင်
ရေဘေးသင့်ပြည်သူ များအား လှူဒါန်းရန် အနုပညာရှင်များ ပါဝင်တင်ဆက်မည့် ရန်ပုံငွေဖျော်ဖြေပွဲတွင် ‘ချစ်သော တနင်္ဂနွေ’ဟုအမည်ပေးထား သည့် ဟာသပြဇာတ်ဖြင့် တင် ဆက်ပေးမည်ဟု ခင်လှိုင်ကပြောသည်။ယင်းပြဇာတ်တွင် လူမင်း၊ ဇေရဲထက်၊ ညီထွဋ်ခေါင်၊ ခိုင် သင်းကြည်၊ ဝတ်မှုံရွှေရည်၊ အိ ချောပိုတို့ အပါအဝင် ဟာသ လူရွှင်တော်များပါဝင်မည်ဖြစ်ပြီး ခင်လှိုင်က ဒါရိုက်တာအဖြစ် တာဝန်ယူထားသည်။
စစ်တပ်ဟာ နိုင်ငံရဲ့အစေခံဖြစ်ရမယ်
တိုင်းရင်းသား ပြည်သူ လူထုသည် တိုင်းပြည်၏ အရှင်သခင်ဖြစ်မည်ဆိုလျှင် ဒီမိုကရေစီအခြေခံအုတ်မြစ်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် ရေရှည်တည်တံ့ အားကောင်းမောင်းသန်မည်ဖြစ်သည်။ စစ်တပ် (တပ်မတော်) သည် တိုင်းပြည်၏ အစေခံဖြစ်ရ မည်ဟု တပ်မတော်ဖခင်ကြီး ဗိုလ် ချုပ်အောင်ဆန်းက လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်ကတည်းက မိန့်ကြားခဲ့ပြီးဖြစ်သည်။ စစ်တပ် (တပ်မတော်)အနေဖြင့် တိုင်းရင်း သားပြည်သူလူထုကို အရှင်သခင် အဖြစ်လည်းကောင်း၊ မိမိကိုယ် ကိုယ် အစေခံအဖြစ်လည်းကောင်း သတ်မှတ်နိုင်ရမည်ဖြစ်သည်။
တစ်ခွန်းဆိုတစ်ခွန်း လွမ်းလောက်ရဲ့လား
(တစ်)
စကား စကားပြောပါများ စကားထဲက ဇာတိပြဆိုတဲ့ စကား မြန်မာမှာရှိပါတယ်။ အဓိပ္ပာယ် ရှင်းရှင်းကလေးပါ။ လူတစ်ယောက်ဟာ ဘယ်လိုလူစားလဲ ဆိုတာကို သူစကားပြောလာတဲ့ အထဲမှာပေါ်နေပြီးသားဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
သည်လူဟာ ဉာဏ်ကြီး တယ်၊ မကြီးဘူး။ ပညာကိုအခြေ ခံတယ်၊ မခံဘူး။ ရိုးဖြောင့်တယ်၊ မရိုးဖြောင့်ဘူး။ အမြော်အမြင်ကြီး တယ်၊ မကြီးဘူးဆိုတာ စကား များများပြောလာတဲ့အခါမှာ ပေါ် ပါတယ်တဲ့။
ကျွန်တော်ကတော့ စကား များများပြောမှရယ်လို့ မဟုတ်ပါ ဘူး။ တစ်ခွန်းဆိုဆိုသလောက်နဲ့ အဲသည့်လူတစ်ယောက်ကို ဘာ လဲဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ် လို့ ပြောချင်တာပါ။

ထားဝယ်တွင် ဘာသာပေါင်းစုံမိတ်ဆုံစားပွဲ ကျင်းပ
အစ္စလာမ်ဘာသာဝင် များ၏ အစ် အထိမ်းအမှတ်ဖြင့် ထားဝယ်တွင် ပထမအကြိမ် ဘာ သာပေါင်းစုံမိတ်ဆုံစားပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အစ္စလာမ်ဘာသာ၌ နှစ်တစ် နှစ်အတွင်း အစ်ပြုလုပ်ခြင်းနှစ် ကြိမ်ရှိရာ ပထမအစ် အထိမ်းအမှတ်အဖြစ် မိတ်ဆုံစားပွဲအခမ်းအနားကို ဇူလိုင် ၃၀ ရက်က ထား ၀ယ်မြို့ သင်္ဘောဆိပ်ရပ် စွန္နီဂျာမေဗလီတွင် ကျင်းပခဲ့ပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ် အပါအ၀င် အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးမှသက်ဆိုင်ရာ ဘာသာဝင်များတက်ရောက်ခဲ့ကြသည်။
‘‘အရင်ကတော့ တခြားဘာ သာတွေရဲ့ ဘာသာရေးအခမ်းအ နားနေ့တွေမှာ ဒီလိုမိတ်ဆုံပွဲတွေ လုပ်ခဲ့ဖူးတယ်။ အစ္စလာမ် ဘာ သာမှာတော့ ဒါဟာ ပထမအကြိမ် ဘာသာပေါင်းစုံ မိတ်ဆုံတွေ့ကြ တာပေါ့’’ဟု ဘာသာပေါင်းစုံချစ် ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

အငှားချအိမ်ရာ စီမံကိန်းအတွက် ကျပ် ၄၆ ဘီလီယံ အသုံးပြုမည်ဟုဆို
တစ်နိုင်ငံလုံးတွင် အငှားချအိမ်ရာ စီမံကိန်း လုပ် ဆောင်ရန် ကျပ် ၄၆ ဘီလီယံအသုံးပြု တည်ဆောက်သွားမည်ဟု ဇူလိုင် ၂၉ ရက်က ပြုလုပ်သည့် ဆောက်လုပ်ရေးဝန်ကြီး ဌာနသတင်းစာရှင်းလင်းပွဲတွင် ညွှန် ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။
အငှားချအိမ်ရာ စီမံကိန်း တွင် ၀န်ထမ်းများအတွက် အငှား ချမည့် အိမ်ရာနှင့် ပြည်သူများအ တွက် အငှားချမည့် အိမ်ရာဟူ၍ ခွဲခြားတည်ဆောက်မည်ဖြစ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး အစိုး ရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမင်းထိန်က ပြောသည်။ သို့သော်အဆိုပါစီမံကိန်းကိုမည်သည့် အချိန်တွင် စတင်မည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
အခြေခံပြည်သူများအတွက် ရည်ရွယ်သည့် အငှားချအိမ်ရာစီမံ ကိန်းအတွက် ကုန်ကျမည့်ဆောက်လုပ်ရေးစရိတ် ပေအကျယ်အခန်းယူနစ်ကို တွက်ချက်နေဆဲဖြစ်ပြီး နှစ်ရှည်ကာလဖြစ်သည့် နှစ် ၄၀ မှ နှစ် ၅၀ အထိ အငှားချပေးရန် ရည်ရွယ်ထားကာ ဈေးနှုန်းမသတ် မှတ်ရသေးကြောင်း သိရသည်။

အာဆီယံငါးနိုင်ငံအကြား ဗီဇာတစ်ခုတည်း စနစ် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်မည်ဟုဆို
ACMECS သဘောတူညီချက်အရ မြန်မာ အပါအဝင် အာဆီယံငါးနိုင်ငံ အကြား နယ်စပ်ဖြတ်ကျော်ခရီး သွားလုပ်ငန်းများ ပေါ်ပေါက်လာ စေရေး တစ်ခုတည်းသော ဗီဇာ စနစ်အကောင်အထည်ဖော်နိုင် ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုသမ္မတဦးဉာဏ်ထွန်းက ပြော သည်။
ဇူလိုင် ၂၉ ရက်က နေပြည် တော်တွင်ကျင်းပသည့် တတိယ အကြိမ် CLMV နှင့် ဒုတိယအကြိမ် ACMECS အစည်းအဝေး၌ ဒုသမ္မတဦးဉာဏ်ထွန်းက အဖွင့် အမှာစကားတွင် ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
‘‘ACMECS သဘောတူညီ ချက်အရ နယ်စပ်ဖြတ်ကျော်ခရီး သွားလုပ်ငန်း၊ ဒေသခွဲအတွင်း ပေါင်းစည်းဆက်သွယ်မှုမြှင့်တင် ရေးနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးတို့အတွက် အဖွဲ့ဝင်နိုင်ငံများကြား တစ်ခု တည်းသော ဗီဇာစနစ်ကျင့်သုံး အကောင်အထည်ဖော်ရေးဟာ လည်း အထူးအာရုံစိုက်ရမယ့် လုပ်ငန်းစဉ်ဖြစ်ပါတယ်’’ဟု ဒုသမ္မတဦးဉာဏ်ထွန်းက ပြော သည်။

လွတ်ငြိမ်းချမ်းသာခွင့် တရုတ်အတွက်လား
ဆန္ဒပြလယ်သမား၊ အလုပ်သမားများနှင့် ကျောင်း သားများအပါအ၀င် ရာနှင့် ချီ သော မြန်မာနိုင်ငံသား နိုင်ငံရေး အကျဉ်းသားများကို ဆက်လက် ထိန်းသိမ်းထားပြီး ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံထားရသည့် တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူ များအား လွှတ်ပေးခဲ့သော အစိုးရ၏ ဆုံးဖြတ်ချက်သည် နိုင်ငံအ တွက် အရှက်ရဖွယ်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ဝေ ဖန်ပြောကြားလိုက်သည်။
Thursday, July 30, 2015
အိန္ဒိယ သမုဒ္ဒရာအတွင်း ကျွန်းတစ်ခုတွင် MH370မှဟု ယူဆရသည့် လေယာဉ်ပျက် အစိတ်အပိုင်းတစ်ခု တွေ့ရှိ
အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ကျွန်းငယ်တစ်ကျွန်းတွင် ရေမျောပြီး လာတင်နေသည့် လေယာဉ်ပျက် အစိတ်အပိုင်းသည် MH370 လေယာဉ်မှ ဟုတ်မဟုတ် စစ်ဆေးရန် မလေးရှားမှ ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ခု ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ကနဦး စစ်ဆေးမှုများအရ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ပြင်သစ်ပိုင် ရီယူနီယံကျွန်း၏ ကမ်းခြေတွင် လာတင်နေသည့် အစိတ်အပိုင်းသည် Boeing 777 လေယာဉ်တစ်စီးမှ ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက ယူဆထားသည်။ ၂၀၁၄ ခုနှစ်၊ မတ် ၈ ရက်က မလေးရှားမှ တရုတ်သို့ ဦးတည်ပျံသန်းစဉ် လူပေါင်း ၂၃၉ ဦးနှင့်အတူ ထူးဆန်းစွာ ပျောက်ကွယ်သွားသည့် MH370 လေယာဉ်သည်လည်း Boeing 777 အမျိုးအစား ဖြစ်သည်။

ဖုန်းနဲ့ ကွန်ပြူတာတွေကို အစိုးရက ဖောက်ထွင်းနေသလား
ပြည်တွင်းတွင် စောင့်ကြည့်မှုများ ပြုလုပ်ရန်အတွက် အီတလီနိုင်ငံမှ spyware ထုတ်လုပ်သည့် ကုမ္ပဏီတခုနှင့် မြန်မာ အစိုးရတို့ ၂၀၁၂ ခုနှစ်မှ စတင်၍ ဆွေးနွေးနေခဲ့ကြောင်း WikiLeaks မှ ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ဖော်ခဲ့သည့် အီးမေးလ်များအရ သိရသည်။
ဧရာဝတီမှ လေ့လာခဲ့သည့် WikiLeaks မှ အီးမေးလ်များ အရ Hacking Team ကုမ္ပဏီက မြန်မာ စစ်ထောက်လှမ်းရေး အဖွဲ့ကို “ဥပဒေနှင့်အညီ ကြားဖြတ်ဝင်ရောက်ခြင်း”နှင့် “သတင်းအချက်အလက် နည်းပညာဆိုင်ရာ ကျူးကျော်မှုများ” ပြုလုပ်နိုင်ရန် ၀န်ဆောင်မှုများ ပေးမည်ဟု ပြီးခဲ့သည့် နှစ်ကုန်ပိုင်းလောက် အထိ ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။
လူသတ်မှုဖြင့် မင်းအုပ်စိုးကို တစ်ကျွန်းချ၊ အယူခံမ၀င်ဟု ဆို
သရပါမဂ္ဂဇင်းအယ်ဒီ တာ မတေးနုယဉ်ကို သတ်ဖြတ်မှု ဖြင့်စွဲချက်တင်ထားသည့် သရုပ် ဆောင်မင်းအုပ်စိုးကို ဇူလိုင် ၂၉ ရက်တွင်ထောင်ဒဏ်တစ်သက် တစ်ကျွန်းကျခံစေရန် အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်သည်။
ယင်းပြစ်ဒဏ်မှာ မင်းအုပ်စိုး ကို စွဲချက်တင်ထားသည့်လူသတ် မှုပုဒ်မ ၃၀၂(၂)အရ အမြင့်ဆုံးချ မှတ်သည့်ပြစ်ဒဏ်ဖြစ်ပြီး အဆိုပါပြစ်ဒဏ်နှင့်ပတ်သက်၍ အယူခံဝင်ရန်အစီအစဉ်မရှိကြောင်း မင်းအုပ်စိုးက အမိန့်ချအပြီးတွင် တရားရုံးသို့လာရောက်သည့် သတင်းထောက်များ၏ မေးမြန်းမှုအား ဖြေကြားခဲ့သည်။
ပြည်နယ်သုံးခုရှိ ဒုက္ခသည်များအား အမေရိကန်က ကန်ဒေါ်လာလေးသန်းခွဲ ထောက်ပံ့မည်
ကချင်၊ ရှမ်းမြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ လေးသန်းခွဲထောက်ပံ့မည်ဟု ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့မှ သ တင်းရရှိသည်။
အဆိုပါထောက်ပံ့ငွေကို ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေး အဖွဲ့သို့ ယခုလတွင်ပေးအပ်ခဲ့ပြီး ကူညီထောက်ပံ့မှုများကို စက်တင် ဘာအထိ ကချင်၊ ရှမ်းမြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ ဒေသများ၌ ဆောင်ရွက်ပေးမည်ဖြစ်သည်။
ပြည်နယ်သုံးခုတွင်နေထိုင် ကြသည့် ပြည်တွင်းဒုက္ခသည်များ အတွက် စားနပ်ရိက္ခာထောက်ပံ့ ခြင်း၊ အလုပ်လုပ်၍ အစားအ သောက်ပေးခြင်းစနစ်တို့ဖြင့် ထောက်ပံ့ကူညီမည်ဖြစ်သည်။
Tuesday, July 28, 2015
ဘုရားပွဲနဲ့ မော်ဒယ်ဂဲလ် (သတိပြုဆင်ခြင်ဖွယ်ရာ)
ဆရာရေ မြန်မာပြည်မှာ ဒါမျိုးကြီးတွေ တရားဝင် လုပ်လို့ရနေပြီလားဟင်လို့ နံနက်ခင်း တစ်ခုမှာ အတူ လက်ဖက်ရည်ဆိုင် ထိုင်ဘက် ဘော်ဒါကြီး တစ်ယောက်က အင်တာနက် ဖွင့်ထားတဲ့ သူ့ဖုန်း လာထိုးပြတယ်။ ဖတ်လိုက်တော့ စတီးရောင် ပြောင်လက်လက် တိုင်တစ်လုံး ကိုင်ပြီး ပတ်ကနေတဲ့ မြန်မာပြည်က Sexy အကျဆုံးလို့ နာမည်ကြီးတဲ့ မော်ဒယ်ဂဲလ် သုံးယောက် ပုံတွေ ထိပ်ဆုံးကပါတဲ့ သတင်း တစ်ပိုဒ်။
မသိရင် ဟောလီးဝုဒ် ရုပ်ရှင်ပြကွက် တစ်ခုလား ထင်ရတယ်။ အရင်က မိသားစုနဲ့ အတူဆိုရင် ရစ်ကြည့်ရတတ်တဲ့ အခန်းမျိုးထဲ ပါတယ်။ ခုများတော့ မြန်မာပြည်က ဟိုတယ် တစ်ခုထဲမှာ တရားဝင် လုပ်ပြသတဲ့။
ဒီလောက်ဆိုရင် ဆရာကျတဲ့ သူတွေ ဒက်ခနဲ သိလောက်ပါပြီ။ ဘေးနားထိုင်နေတဲ့ လုပ်ငန်းရှင် ပေါက်စလေးက ထအော်တယ်။ ဇွန်ရယ် ဇာရယ် ကဗျာရယ် ပေါင်းလုပ်တဲ့ပွဲ၊ လက်မှတ် တစ်စောင် အနည်းဆုံး တစ်သောင်း ကစတယ်။ VIP က တစ်စောင် ခြောက်သောင်း၊ VVIP က ခုနစ်သောင်း နဲ့ VVVIP လက်မှတ် ကတော့ တစ်စောင် ကိုးသောင်းတဲ့။
သတင်း ဖတ်ကြည့် လိုက်တော့ သူပြောတဲ့ နှုန်းတွေက ကွက်တိ။ သိလှချေလား ဧကန္တ တစ်ယောက်တည်း ကြိတ်သွားအားပေး ထားပြီနဲ့ တူတယ်လို့ သူ့ကို ၀ိုင်းစကြရင်း သတင်းဆုံးအောင် ဆက်ဖတ်ရတယ်။
ဦးအောင်သောင်း၏ အရိုးပြာ ဝဲလောင်ရွာတွင် ဂူသွင်းမည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း၏ အရိုးပြာကို ၎င်း၏ ဇာတိဖြစ်သော တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာတွင် ဂူသွင်းမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။
“သူရဲ့အရိုးပြာကို သြဂုတ်လ ၂ ရက်နေ့မှာ နောက်ဆုံးဂူသွင်းမှာပါ။ ဝဲလောင်ကျေးရွာမှာရှိတဲ့ သူ့ဇနီးရဲ့ အုတ်ဂူဘေးမှာပါ။ အဲ့ဒီနေ့မှာ ရဟန်းသံဃာ အပါးကိုးဆယ်ကို ပင့်ဖိတ်ပြီး အလှူလုပ်မယ်။ နောက် ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ သူရဲ့ဆွေမျိုးသားချင်းတွေ အစုံအလင်နဲ့ နောက်ဆုံးဂူသွင်းခြင်းကို လုပ်သွားဖို့ ရှိပါတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။
တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာရှိ ဦးအောင်သောင်း၏ ဇနီး အုတ်ဂူအနီးတွင် ဂူသွင်းမြှုပ်နှံရန် ကာယကံရှင်ကိုယ်တိုင် မကွယ်လွန်မီကတည်းက ကြိုတင်စီစဉ်ထားခြင်း ဖြစ်ကြောင်း ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။
တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာရှိ ဦးအောင်သောင်း၏ ဇနီး အုတ်ဂူအနီးတွင် ဂူသွင်းမြှုပ်နှံရန် ကာယကံရှင်ကိုယ်တိုင် မကွယ်လွန်မီကတည်းက ကြိုတင်စီစဉ်ထားခြင်း ဖြစ်ကြောင်း ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။
Subscribe to:
Posts (Atom)