Monday, October 12, 2015

မြန်မာအချင်းချင်းသတ်ပြီး ကွန်တိန်နာအိမ်ထဲ ပစ်ထားခဲ့သည့် တရားခံ မလေးရဲ ဖမ်းဆီး

အခင်းဖြစ်သည့်နေရာအားမလေးရှား တာဝန်ရှိသူများ စစ်ဆေးကြည့်ရှုနေစဉ်။ (ဓာတ်ပုံ - နယူးစထရိတ်တိုင်းမ်)
မလေးရှားနိုင်ငံ၊ ကွာလာဒီပန်းအရပ်မှာ လုပ်ဖော်ကိုင်ဘက် မြန်မာအချင်းချင်းသတ်ပြီး ကွန်တိန်နာအိမ်ထဲမှာ ပစ်ထားခဲ့တဲ့ တရားခံကို ရဲတွေက အောက်တိုဘာ ၁၁ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ မလေးရှားနိုင်ငံအခြေစိုက် နယူးစထရိတ်တိုင်းမ် သတင်းမှာ ဖော်ပြပါတယ်။

ဝက်များနဲ့ အဖွဲ့ကျတဲ့ ကြောင်ကလေး

ချစ်သူတွေ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်တဲ့ ထွန်းထွန်းနဲ့ ရွှေမှုံရတီ

လူမှုကွန်ရက်စာမျက်နှာ တွင် နှစ်ယောက်အတူ တွဲရိုက် ထားသော ဓာတ်ပုံကိုတင်၍ ချစ် သူဖြစ်နေသည်ဟု ပြောကြားမှု များနှင့်ပတ်သက်၍ ကာယကံရှင် များဖြစ်သည့် ထွန်းထွန်းနှင့် ရွှေမှုံ ရတီတို့က မဟုတ်မှန်ကြောင်း အသီးသီး ငြင်းဆိုခဲ့သည်။

တူရကီတွင် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြသူများ အသေခံ ဗုံးခွဲတိုက်ခိုက်ခံရ၊ လူ ၁၀၀ ခန့် သေဆုံး

တူရကီနိုင်ငံ အန်ကာရာမြို့တော်တွင် ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၁၀၀ ခန့် သေဆုံးခဲ့ရသည့် ဖြစ်ရပ်အတွက် သုံးရက်တာမျှ နိုင်ငံတော်အဆင့် လွမ်းဆွတ်အောက်မေ့ဖွယ် အထိမ်းအမှတ် ပြုလုပ်သွားမည်ဟု အာဏာပိုင်များက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

အန်ကာရာမြို့တော်၌ ပြုလုပ်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြမှုသည် ကာ့ဒ်ခွဲထွက်ရေး PKK စစ်သွေးကြွများနှင့် တူရကီအစိုးရအကြား တိုက်ခိုက်မှုများ ရပ်ဆိုင်းရေးအတွက် တောင်းဆိုခဲ့ကြခြင်း ဖြစ်ပြီး ယင်းသို့ စီတန်းလှည့်လည်နေစဉ် အသေခံ ဗုံးခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။ 

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို NLD အယုံအကြည်မရှိဟု ဦးဝင်းထိန်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဗဟိုကော်မတီဝင် ဦးဝင်းထိန်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအနေဖြင့် အပစ်အခတ် ရပ်စဲရေးစာချုပ် NCA အပေါ် အယုံအကြည်မရှိကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်မှ ပြောကြား သည်။
အောက်တိုဘာလ ၁၀ ရက်နေ့က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းချိန်တွင် ယင်းသို့ပြောကြား လိုက်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် NCA အပေါ် ယခင်ကတည်းက ယုံကြည်မှုမရှိခဲ့တာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပွဲမှာ အသိသက်သေအဖြစ် ဖိတ်ကြားလာ လျှင်လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်ကြောင်း ဦးဝင်းထိန်မှ ဆိုသည်။
“ဒီလက်မှတ်ထိုးပွဲကို ဒေါ်အောင်ဆန်းစုကြည် လုံးဝ မတက်ပါဘူး။ အကြောင်းပြချက်ကရှင်းရှင်းလေးပဲ။ ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ NCA ကိုရော၊ ဦးဆောင်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုရော အရင်က တည်းကလည်း အယုံအကြည်မရှိခဲ့ဘူးလေ ” ဟု ဦးဝင်းထိန်မှ ပြောသည်။

ပေါက်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေး ယာဉ်ပေါ်မှ အမျိုးသမီး တစ်ဦး ပြုတ်ကျသေဆုံး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးယာဉ်ပေါ်မှ အမျိုးသမီး
တစ်ဦးပြုတ်ကျ သေဆုံးမှုဖြစ်ခဲ့သည်ဟု သတင်းရရှိသည်။

ပေါက်မြို့နယ် ဆေးပင်ကြီး ရွာတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စား လှယ်လောင်းများ၏ အောက်တို ဘာ ၁၁ရက်က ပြုလုပ်သည့်စည်း ရုံးရေးခရီးစဉ်အတွင်းယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခြင်းဖြစ်သည်ဟု နယ်မြေခံရဲ
စခန်းဖြစ်သည့်ရေပြာ ရဲစခန်းမှူးကပြောသည်။

ကလေးဝတွင် တောင်ကျရေနှင့် မျောပါမှုကြောင့် ပျောက်ဆုံးနေသူသုံးဦး ရုပ်အလောင်းများ ပြန်တွေ့

မိုးအဆက်မပြတ်ရွာသွန်းခဲ့ ပြီး တောင်ကျရေစီးဆင်းမှုကြောင့် ကလေးဝမြို့နယ် ရွာတစ်ရွာမှ လူ နှင့် ကျွဲ၊ နွားများပျောက်ဆုံးခဲ့ရာ အမျိုးသားသုံးဦး ရုပ်အလောင်း များကို အောက်တိုဘာ ၁၀ရက် တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအ ဖွဲ့ရုံးမှ သတင်းရရှိသည်။
အောက်တိုဘာ ၈ရက်ကမိုး အဆက်မပြတ် ရွာသွန်းခဲ့ပြီး တောင်ကျရေ စီးဆင်းမှုကြောင့် ကလေးဝမြို့နှင့် ၅၂မိုင်ခန့်အကွာ ကျောက်ကြီး ကျေးရွာတွင် အိမ် ထောင်စုနှစ်စု၊ အမျိုးသားကိုးဦး၊ အမျိုးသမီးငါးဦး၊ ကျွဲခုနစ်ကောင်၊ နွားနှစ်ကောင်တို့ ရေစီးဖြင့်မျော ပါခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသ တင်းရရှိသည်။

Saturday, October 10, 2015

ကမ်းခြေမှာ ကောက်ကြောင်းအလှပြလိုက်တဲ့ မက်ကယ်ဖီး

မျက်စိမမြင်သော အမျိုးသမီးတစ်ယောက်


“ကျောက်မဲမြို့ ရေလွှမ်းခံရသည့် မြင်ကွင်းအချို့”

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မြောင်းတကာမှာ မဲဆွယ်စည်းရုံး


အွန်လိုင်းပေါ်မှာခေတ်စားလို့နေတဲ့အငှားချစ်သူထားခြင်း

တရုတ်နိုင်ငံရဲ့အွန် လိုင်းပေါ်မှာ အခုတလောခေတ်စားလို့နေ တာကတော့ အငှားချစ်သူထားခြင်းဖြစ် တယ်လို့သိရပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် အဂူရို ဒဏ်ရာရ

မန်ချက်စတာ- ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ အီကွေဒေါအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲတွင် အာဂျင်တီးနားအတွက် ကစားရင်းမန်စီးတီးတိုက်စစ်မှူးအဂူရိုသည် တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့သည်။

ချင်းတွင်းမြစ်ကမ်း တစ်လျှောက် တရားမဝင် ရွှေတူးဖော်လုပ်ကိုင်သူ နှစ်ဦး အမှုဖွင့်ခံရ

ချင်းတွင်းမြစ်ကမ်း တစ်လျှောက် တရားမဝင် ရွှေတူးဖော်လုပ်ကိုင်သူ နှစ်ဦး အမှုဖွင့်ခံရ
ဟုမ္မလင်းမြို့နယ် မိုင်း နောင် ကျေးရွာအနီး ချင်းတွင်း မြစ်အနောက်ဘက်မြစ်ကမ်းခန္တီး မြို့နယ်တွင် တရားမဝင် ရွှေတူး ဖော်လုပ်ကိုင်သူနှစ်ဦးကို အောက် တိုဘာ ၈ ရက်က ခန္တီးမြို့နယ် လင်းဖား နယ်မြေရဲစခန်း၌ အမှု ဖွင့်တိုင်ကြားခဲ့ကြောင်း သတင်း ရရှိသည်။

ဖားကန့်၊ မိုင်းရှူးနှင့် မိုးကုတ်ဒေသများတွင် ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်သူများ မဲဆန္ဒရှင်စာရင်း တင်သွင်းရာတွင် အခက်တွေ့နေ

ဖားကန့်၊ မိုင်းရှူးနှင့် မိုးကုတ်ဒေသတို့တွင် ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်နေ သည့် ရွှေ့ပြောင်းလုပ်သားများ မဲဆန္ဒရှင်စာရင်း တင်သွင်းရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

ယင်းဒေသတွင် လာရောက် လုပ်ကိုင်သူများသည် ရွေးကောက်ပွဲ ကော်မရှင်က ပြဋ္ဌာန်းထားသည့် ဥပဒေပါ အချက်အတိုင်း ပုံစံ-၃(က) ဖြည့်စွက်၍ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ ထောက်ခံချက် တောင်းခံသော်လည်း အုပ်ချုပ်ရေးမှူးများက ပေးရန်ပျက်ကွက် သဖြင့် အခက်အခဲကြုံနေရခြင်း ဖြစ်သည်။

တရားဝင်ဇနီးက တိုင်ကြား၍ တည်းခိုခန်းရောက် စုံတွဲကို တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူ

 မြန်မာနိုင်ငံတွင် ဘီယာ သောက်သုံးမှုနှုန်းတိုးပွားနိုင်သော ကြောင့် လာရောက်ရင်းနှီးမြှုပ်နှံ ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ၌ စက်ရုံဖွင့်လှစ်ပြီး ရောင်းချနေပြီ ဖြစ်သည့် ဟန်နီကန်(Heineken)မန်နေဂျင်းဒါရိုက်တာလက်စတာဒန်ကပြောသည်။

ဟန်နီကန်မှ အမှတ်တံဆိပ် အသစ်တစ်မျိုးဖြင့် ဖြန့်ဖြူးသည့် Regal Seven ဘီယာမှာလည်း ဈေးကွက်တွင်စတင်ဖြန့်ဖြူးထား သည်မှာ ခုနစ်ပတ်ကျော်ရှိခဲ့ပြီဖြစ် ပြီး ဈေးကွက်မှ တုံ့ပြန်မှုအား ကောင်းကြောင်း လက်စတာဒန် ကပြောသည်။

တရားဝင်ဇနီးက တိုင်ကြား၍ တည်းခိုခန်းရောက် စုံတွဲကို တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူ

 တရားဝင်ဇနီးက တိုင်ကြားသဖြင့် ပြည်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေထိုင်သော အသက် (၂၃)နှစ်အရွယ်ရှိ အမျိုးသားနှင့် အမျိုးသမီးတို့အား တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် ပြည်မြို့မရဲစခန်းက အောက်တိုဘာ ၈ ရက်၌ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အဆိုပါအမျိုးသားနှင့်အမျိုး သမီးသည် ပြည်မြို့ တည်းခိုခန်း တစ်ခုတွင် တည်းခိုနေကြောင်း အမျိုးသား၏ တရားဝင် ဇနီးက ရဲစခန်းသို့လာရောက်တိုင်ကြားခဲ့ ရာ တိတ်တိတ်ပုန်း အကြင်လင် မယားအဖြစ် ပေါင်းသင်းကြောင်း ပေါ်ပေါက်သဖြင့် ပြည်မြို့မ ရဲ စခန်းက တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။

Friday, October 9, 2015

လက်ကို ကိုင်ထားရင် လမ်းလျှောက်တတ်တဲ့ မကောင်းဆိုးဝါး အရုပ်ဗီဒီယို အင်တာနက်မှာ ပျံ့ နှံ့ နေ

လမ်းလျှောက်တတ်တဲ့ အရုပ်တစ်ရုပ် ရဲ့ ကျောချမ်းစရာ ဗီဒီယိုဟာ အင်တာနက်မှာ ပျံ့ နှံ့ နေပြီး ကြည့်ရှုသူတွေဟာ အရုပ်ရဲ့ မယုံကြည်နိုင်စရာ လူသားတစ်ယောက်လို လမ်းလျှောက် တတ်ခြင်းကြောင့် သွေးပျက်ထိတ်လန့် နေကြပါတယ်။

ဆိုရှယ်မီဒီယာဆိုက်အများအပြားမှာ share လုပ်မှု သန်းပေါင်းများစွာရှိခဲ့ပြီး ပေါက်သွားခဲ့တဲ့ ဗီဒီယိုဟာ တကယ်တော့ လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက အွန်လိုင်းမှာ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အနက်ရောင် ကြီးမားတဲ့မျက်လုံးတွေရှိတဲ့ ဒီထူးဆန်းတဲ့ အရုပ်မဟာ လူတစ်ယောက်ယောက်က သူ့ လက်ကို ဆွဲကိုင်ထားရင် လူနဲ့  အတူတူ လမ်းလျှောက်သွားနိုင်ပါတယ်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ က၊ ယာဉ်ကြော ၅၀ ပါ လမ်းမမှာ ကမ္ဘာ့အရှည်ဆုံး ယာဉ်ကြောပိတ်ဆို့ မှုဖြစ်

နောက်တစ်ခါ သင် ကားပိတ်တာကြုံလို့ စိတ်ညစ်နေပြီဆိုရင်၊ ဘေဂျင်းမြို့ သားတွေကို စာနာကြည့်လိုက်ပါ။

လေပြင်းတိုက်ခတ်ခြင်း နဲ့ မိုးကြီးမည့်သတိပေးချက်

မနက်(၆)နာရီအချိန်တိုင်းတာချက်
၉-၁၀-၂၀၁၅
နံနက်(၆း၁၇)နာရီ။
(၉-၁၀-၂၀၁၅)ရက် နံနက် (၆)နာရီအချိန် တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းကိုဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။

တို့ဆေးဖြင့် လိမ်လည်ခေါ်ဆောင်ခံရသော ဆယ်တန်းကျောင်းသူကို လှိုင်မြို့နယ်တွင် ပြန်တွေ့

မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် အောက်တိုဘာလ ၇ ရက်နေ့က ဆယ်တန်းကျောင်းသူတစ်ဦး ကျောင်းသို့ မရောက်လာသောကြောင့် အုပ်ထိန်းသူများထံ အကြောင်းကြားရာမှ လိုက်လံရှာဖွေခဲ့ရာ တို့ဆေးဖြင့် လိမ်လည်ခေါ်ဆောင်ခံရသော ယင်းကျောင်းသူကို လှိုင်မြို့နယ်ရှိ ဘုရင့်နောင်လမ်းဘေးတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့မရဲစခန်းထံမှ သိရှိရသည်။
“ဒီနှစ်ထဲ ကျောင်းသားတွေ ပျောက်ဆုံးနေမှု သတင်းတွေ ကြားသိနေရလို့ ကျောင်းမလာတဲ့ ကလေးကို မိဘတွေထံ ဖုန်းဆက်မေးရာကနေ ကလေးပျောက်မှန်း သိခဲ့ရတာ၊ ကျောင်းသူကို မိဘတွေကိုယ်တိုင် စာသင်ကျောင်းကို လာပို့ခဲ့တာ၊ ကျောင်းဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးနှစ်ယောက်က ကလေးမကို စာအုပ်သွားဝယ်ဖို့ လက်ကို တို့ဆေးတို့ပြီး ဆွဲခေါ်သွားတာ လိုက်ရှာရာက ဘုရင့်နောင် လမ်းဘေးက MMTM ဓာတ်ဆီဆိုင်နားမှာ ကျောင်းသူကို ပြန်တွေ့ခဲ့တယ် ” ဟု အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။

၂၀၁၅ နိုဗယ်ဆုပေးပွဲမှာ နိုဗယ်ဆုရရှိခဲ့တဲ့ ဓာတုဗေဒ ပညာရှင်

၂၀၁၅ ခုနှစ် နိုဗယ်ဆုပေးပွဲကို ဆွိဒင်နိုင်ငံ ၊ စတော့ဟုန်း မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်အတွက် ဆုကိုတော့ ဓာတုဗေဒ ပညာရှင်သုံးဦးမှ ရရှိသွားခဲ့ပါတယ်။ ဆွိဒင်နိုင်ငံရဲ့ တော်ဝင် သိပ္ပံ အကယ်ဒမီ တစ်ခုရဲ့ ဆုံးဖြတ်ချက်အရ ၂၀၁၅ ခုနှစ် ရဲ့ နိုဗယ်ဆု အတွက် ဓာတုဗေဒ ပညာရှင် သုံးဦးဖြစ်တဲ့ Tomas Lindahl, Paul Modirch နဲ့ Aziz Sancar တို့က ဆွတ်ခူးရရှိသွားတာဖြစ်ပါတယ်။ ယခု ပုံဖြင့် ဖော်ပြထားသူကတော့ Tomas Lindahl ဖြစ်ပါတယ်။ ၄င်းနိုဗယ်ဆုကို ဗုဒ္ဓဟူးနေ့က ကြေငြာသွားခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဓာတုဗေဒ ပညာရှင် သုံးဦးရရှိသွားတဲ့ ဓာတုဗေဒ ဆိုင်ရာ တွေ့ရှိချက်ကတော့ လူတစ်ယောက်မှာရှိနေတဲ့ DNA ကို ပြန်လည် ပြုပြင်ပြီး သက်ရှိဆဲလ်များဟာ ကင်ဆာရောဂါကို ကုသရာမှာ မည်သို့ မည်ပုံ အသုံးဝင်ကြောင်း တွေ့ရှိသွားတဲ့ တွေ့ရှိချက်တစ်ခုဖြစ်ပါတယ်။

ကြံ့ခိုင်းရေးပါတီ မဲဆွယ်ယာဉ် ပိတ်ဆို့သူကို အရေးယူမည်မဟုတ်ဟုဆို

မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အောက်တိုဘာလ ၈ ရက်နေ့က မဲဆွယ်စည်းရုံးစဉ် အိမ်စီး မော်တော်ယာဉ်ဖြင့် ပိတ်ဆို့မှုပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ အမှုဖွင့်ခြင်းပြုလုပ်မည်မဟုတ်ကြောင်း အဆိုပါပါတီ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
“အမှတ် ၁၀ ရဲတပ်ဖွဲ့စခန်းတာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ သာမန်အရပ်သားဖြစ်ပြီး ဘယ်ပါတီရဲ့အရိပ်မှ မရှိဘူးလို့ တွေ့ရှိရလို့ ကျွန်တော်တို့ပါတီ အနေနဲ့ အမှုဖွင့်လှစ်ခြင်း မပြုတော့ပါဘူး။ဒါလည်း မမျှော်လင့်ဘဲ ဖြစ်တာလို့ နားလည်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်တွင် IS စစ်သွေးကြွများ စိမ့်ဝင်လှုပ်ရှားနေမည်ကို အနောက်နိုင်ငံများ အထူးစိုးရိမ်

မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံခြားသားများ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရမှုများကို IS အုပ်စုက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ရာ ဒါကာအစိုးရက မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သော်လည်း ယင်းနိုင်ငံတွင်း ပြင်ပနိုင်ငံများမှ အကြမ်းဖက်အုပ်စုများ ဝင်ရောက်အခြေချနေပြီလော ဟူသည့် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့က ဒါကာမြို့တော် သံတမန်ရပ်ကွက်၌ နယ်သာလန် အခြေစိုက် ဖွံ့ဖြိုးရေးအေဂျင်စီ တစ်ခုမှ အီတလီသား စီမံကိန်းမန်နေဂျာ တစ်ဦးကို အမည်မသိ သေနတ်သမားသုံးဦးက ပစ်ခတ်သတ်ဖြတ်မှု ပေါ်ပေါက် ခဲ့သလို စနေနေ့ကလည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပညာရှင် ဂျပန်နိုင်ငံသားတစ်ဦး ဖြစ်သူ ကူနီယိုဟိုရှီဆိုသူကို သေနတ်သမားသုံးဦးကပင် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံခြားသားများ တိုက်ခိုက်ခံရမှုသည် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စရပ်ဖြစ်ပြီး အဆိုပါ လူသတ်မှုများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် ဂျပန်တို့က အမြန်ဆုံး ဖော်ထုတ်အရေးယူရန် တောင်းဆိုလိုက်သည်။

တာချီလိတ်၌ လူသတ်ပြီး နေအိမ်မီးရှို့မှု ဖြစ်ပွားရာ လူ(၃)ဦး သေဆုံး

၂၀၁၅ခုနှစ် အောက်တိုဘာလ (၈)နေ့ ည(၉)နာရီခွဲအချိန် ၀န်းကျင်တွင် တာချီလိတ်၌ မိုးရွာသွန်းနေစဉ် အတွင်း မီးလောင်မှုတစ်ခု ဖြစ်ပွားရာ၊ အဆိုပါ မီးလောင်မှု၏ နောက်ကွယ်တွင် တာချီလိတ်ဒေသခံများ တုန်လှုပ်ခြောက်ခြား ထိတ်လန့်စေခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။အခင်းဖြစ်ပွားရာ နေအိမ်သည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ ပိတောက်(၉)လမ်းသွယ်ရှိ နေအိမ်အမှတ် (၉၂)တွင်ဖြစ်ပြီး နေအိမ်အတွင်း၌  အသက်(၅၁)နှစ်ရှိ မအားညွှန့်၏ အိပ်ခန်းအတွင်း၌ ကုတင်နှင့် မွေ့ယာ အပြင် မျက်နှာ

ရွေးကောက်ပွဲမတိုင်ခင်ဖြန့်မယ့် မေခလာရဲ့ ‘နိုင်ငံရေးတွေမပြောချင်ဘူး’သီချင်း

‘နိုင်ငံရေးတွေမပြောချင် ဘူး’သီချင်းသည် အခြေခံလူတန်း စားများအတွက် ခံစားသီဆိုထား ခြင်းဖြစ်ပြီး ပရိသတ်များက အား ပေးသောကြောင့် ကြိုးစားရကျိုး နပ်ကြောင်း မေခလာကပြော သည်။
မေခလာ၏ ‘နိုင်ငံရေးတွေ မပြောချင်ဘူး’သီချင်းသည် မကြာမီဖြန့်ချိရန်ရည်ရွယ်ထားသည့် ၎င်း၏တစ်ကိုယ်တော်အခွေအသစ်မှ သီချင်းတစ်ပုဒ်ဖြစ်ပြီး ယင်းသီချင်းအတွက် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်အကြမ်းကို ယခုရက် အတွင်း အွန်လိုင်း၌တင်ပေးခဲ့ရာ ပရိသတ်အားပေးမှုရရှိခဲ့ခြင်းဖြစ် သည်။
‘‘ဒီသီချင်းကို အစ်မက အခြေခံလူတန်းစားတွေအတွက် တစ်ခုခုလုပ်ပေးချင်တယ်ဆိုပြီး ဦးနိုင်(နိုင်မြန်မာ)ကိုရေးခိုင်းတာ။ ဦးနိုင်ကလည်း ခံစားချက်ကရှိနေ တော့ ကလောင်ကလည်းထက် တယ်။ အဲဒီတော့ အခြေခံလူတန်း စားတွေအတွက် ခွန်အားဖြစ်တဲ့ သီချင်းလေးပေါ့’’ဟု ယင်းသီချင်း ၏ရည်ရွယ်ချက်ကိုပြောသည်။

မတ်ပဲလက်ကျန် ပြတ်ခါနီးတွင် တစ်တန်လျှင် ကျပ် ၂၆ သိန်းဖြစ်

ပြည်တွင်း၌ ပဲအထွက် နည်းသည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ ရာသီဥတုဖောက်ပြန်ပြီး ၀ယ်လို အားများသဖြင့် ပဲဈေးစံချိန်တင်မြင့်တက်လာကာ မတ်ပဲလက်ကျန်ပြတ်ခါနီးတွင် တစ်တန်လျှင် ကျပ် ၂၆ သိန်းခန့် ဈေးမြင့်လာ ကြောင်း သတင်းရရှိသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ မိုးပဲ ထွက်လာသော်လည်း စိုက် ပျိုးချိန်တွင် ရာသီဥတုဖောက်ပြန် မှုကြောင့် တစ်ဧကအထွက်နှုန်း နည်း၍ မြန်မာနိုင်ငံမှ ပဲကို ဆက် လက် ၀ယ်ယူနေကြောင်း ပြည် တွင်းရှိ ပဲကုန်သည်များက ပြော သည်။ ထို့အပြင် ဈေးနှုန်းကိုလည်း ယခင်ထက်တိုးပေးခြင်း၊ ငွေလဲ နှုန်း မြင့်တက်နေခြင်းတို့ကြောင့် ပြည်တွင်းပဲဈေးမှာ စံချိန်တင်မြင့် တက်နေခြင်းဖြစ်သည်ဟု ကုန် သည်များက ပြောသည်။

ရန်ကင်းတောင်အတက်လမ်းတွင် စွန့်ပစ်ထားသည့် အမျိုးသားအလောင်းမှပစ္စည်းများပျောက်ဆုံးနေကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးပြော

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရန် ကင်းတောင်အတက် ကားလမ်း ဘေးတွင် ခရီးဆောင်အိတ်ဖြင့် စွန့်ပစ်ခံထားရသည့် သေဆုံးသူ အမျိုးသားသည် ဆိုင်ကယ်အငှား မောင်းနှင်သူဖြစ်ပြီး ၎င်းအသုံးပြု သည့် ဆိုင်ကယ်၊ ဖုန်းနှင့် ကျပ် ငါးသောင်းတို့ ပျောက်ဆုံးနေ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။

ပြည်မြို့တွင် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးခံရ

ပြည်မြို့တွင် ပြည်ခိုင်ဖြိုးပါ တီ၏ လွှတ်တော်ကိုယ်စားလှယ် လောင်းများဓာတ်ပုံပါ အောင်နိုင် ရေးမဲဆွယ်ဆိုင်းဘုတ်တစ်ခု ဖျက် ဆီးခံရကြောင်း ပြည်ခိုင်ဖြိုးပါတီ မှ သတင်းရရှိသည်။
‘‘အောင်နိုင်ရေးမဲဆွယ်ဆိုင်း ဘုတ်ဖျက်ဆီးခံလိုက်ရပါတယ်။ ဘယ်သူဘယ်ဝါရယ်လို့တော့ မ သိပါဘူး။ ဥပဒေအတိုင်း ကော်မ ရှင်ကို တိုင်ကြားတာတို့၊ အမှုဖွင့် ဆောင်ရွက်တာတို့ လုပ်သွားပါ မယ်’’ဟု ပြည်မြို့ရှိ ပြည်ခိုင်ဖြိုးပါ တီမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုး(ခ) ဦးမျိုးအောင်က ပြောသည်။

မြန်မာအသင်း လက်ဘနွန်ကို ရှုံးနိမ့်

၂ဝ၁၈ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယ အဆင့် ခြေစစ်ပွဲဖြစ် သည့် မြန်မာ အသင်းနှင့် လက်ဘနွန်အသင်း တို့မှာ ယနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆုပါသာလာ ထိုင်းကွင်း၌ ယှဉ်ပြိုင် ကစားရာ မြန်မာ အသင်းမှာ နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်သွားသည်။
လက်ဘနွန် -နှစ်ဂိုး
မြန်မာ-ဂိုးမရှိ