ပြည်တွင်း မိုဘိုင်း အော်ပရေတာ တယ်လီနောက ပေးမည့် မိုဘိုင်းဝန်ဆောာင်မှုများတွင် အခြေခံ အသံစနစ် ဝန်ဆောင်မှုများအပြင် အခြား Value Added (တန်ဖိုးမြင့် ဝန်ဆောင်မှု)များကို ထည့်သွင်းဝန်ဆောင်မှု ပေးမည် ဖြစ်သည်ဟု အာရှဒေသဆိုင်ရာ တယ်လီနော အဖွဲ့၏ အကြီးအကဲဖြစ်သူ Mr.Sigve Brekke က မတ် ၃ရက်က တယ်လီနော မြန်မာ ၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးချုပ်ဖွင့်ပွဲတွင် ပြောသည်။
Sunday, March 2, 2014
တိုက်ကြီးမြို့နယ်တွင် ခရီးသည်တင်ယာဉ်မှ လမ်းဘေးသစ်ပင်ကို တိုက်မိ၍ (၁)ဦးသေ၊(၁၉)ဦးဒဏ်ရာရ

၁.၃.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် တိုက်ကြီးမြို့၊ တာခွကျေးရွာ၊ ရန်ကုန်ပြည်လမ်း မိုင်တိုင် အမှတ် ၄၄/၈နှင့် ၄၄/၇ တို့ကြားတွင် မြောက်မှတောင်သို့ ယာဉ်မောင်းစိုးမင်းထိုက်(ဘ) ဦးစိုးမြင့်မြတ်၊ တိုက်ကြီးမြို့နေသူ မောင်းနှင်လာသည့် ဗ/---- Hilux အဖြူရောင်၊ တိုက်ကြီး - ရန်ကုန်ခရီးသည်တင်ယာဉ်မှာ အရှိန်မထိမ်းနိုင်သဖြင့် လမ်းယာဘက်ဘေးရှိ မလေးရှားပိတောက်ပင်အား ၀င်ရောက်တိုက်မိ ခဲ့ပါသည်။
ရခိုင်က MSF လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းထားမည်

နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF Holland (AZG) ရဲ့ရခိုင်ပြည်နယ်တွင်း လုပ်ငန်းတွေကို ခေတ္တ ရပ်ဆိုင်း ထားမယ်လို့ မြန်မာ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။
အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုအတွက် ညီအစ်ကိုနှစ်ဦးကို အမှုဖွင့်
အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခံရမှုတွက် ပြုမှုကျူးလွန်သူဟု ယူဆထားသူ ညီအစ်ကိုနှစ်ဦးကို အမှုဖွင့် တိုင်တန်းထားသဖြင့် ထန်းတပင်မြို့နယ် တော်လတဲ့နယ်မြေရဲစခန်းက မတ်လ ၁ ရက်တွင် အမှုဖွင့် စစ်ဆေးနေ သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပွဲမဝင်ခင် ကြိုပြင်ရမယ့် ကျန်းမာရေးအသိ

အလျှံညီးညီး ပူပြင်းတောက်လောင်သော နွေဦးရာသီ အစတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပတော့ မည်။ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူအားလုံး နောက်ဆုံး ဆုံးဖြတ်ချက်ပေးမည့် စာမေးပွဲ အတွက် စိုးရိမ်ပူပန်မူ အထွတ်အထိပ် ရောက်ရှိနေပြီ။ သင်ခန်းစာများအတွက် တစ်နှစ်ပတ်လုံး ပြင်ဆင် ထားသလို ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင် ရန်လည်း အရေးကြီးသည်။
ပြည်ပအလုပ်အကိုင်ပြပွဲတွင် အိမ်အကူ အများဆုံးခေါ်ယူ

ပြည်ပအလုပ်အကိုင်ပြပွဲတွင် ပြည်ပနိုင်ငံများရှိ စက်ရုံများသို့ သွားရောက်လု ပ်ကိုင်ရန် သဘောတူထားသော စက်ရုံလုပ်သား များလည်း ပါဝင်ရာ နှစ်နိုင်ငံအေဂျင်စီချင်း သဘောတူစာချုပ်ရေးထိုးသည့် အစီအစဉ်များအရ ပြည်ပစက်ရုံများသို့ သွားရောက် လုပ်ကိုင်မည့် မြန်မာလုပ်သားများ လက်မှတ်ရေးထိုးပွဲသို့ လာရောက်စဉ် ဓာတ်ပုံ − ကျော်ဇင်သန်း
Myanmar Info Tech တွင် မတ်လ ၁ ရက်မှ ၂ ရက်အထိ ကျင်းပသည့် အလုပ်အကိုင်ပြပွဲ၌ ပြည်ပအလုပ်အကိုင်အေဂျင်စီ အများစုပါဝင်ပြီး ပြည်ပမှ အလုပ်ခေါ်စာ သုံးသောင်းကျော် ကမ်းလှမ်းခဲ့သည်။
မန္တလေးခရိုင် မြို့နယ် နှစ်ခုတွင် စစ်သုံးကျည်ကာ ပုံစံဝတ်စုံများနှင့် တိုက်ခိုက်ရေး ပစ္စည်းများတွေ့

မန္တလေးမြို့တော် ချမ်းအေးသာစံ မြို့နယ် အနောက် အပ်ချုပ်ဝင်း ရပ်ကွက်နှင့် ချမ်းမြသာစည် မြို့နယ်တို့တွင် နေထိုင်သော လူခြောက်ဦးထံမှ ဖေဖော်ဝါရီလ ၂၈ ရက်နှင့် မတ်လ ၁ ရက်နေ့တို့တွင် စတီးပြားများ ထည့်သွင်း၍ ဓား၊ လှံ အကာအကွယ်ဖြင့် အထူး ပြုလုပ်ထားသည့် စစ်သုံးကျည်ကာ ပုံစံဝတ်စုံ ၁၄ စုံနှင့် တိုက်ခိုက်ရေး ပစ္စည်းများ စစ်ဆေး တွေ့ရှိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။
ဘန်ကောက်ပိတ်ဆို့မှု စစ်ဆင်ရေး အဆုံးသတ်မည်ဟု ထိုင်းအစိုးရ ဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင် ကြေညာ

ပြီးခဲ့တဲ့ လက ဘန်ကောက်ပိတ်ဆို့မှု စစ်ဆင်ရေး ပြုလုပ်စဉ်
ထိုင်းအစိုးရ ဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင် ဆူထေ့ပ် တောင်းဆုပန်က ဇန်န၀ါရီ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ ဘန်ကောက်ပိတ်ဆို့မှု စစ်ဆင်ရေးကို မတ်လ ၃ ရက်နေ့မှာ အဆုံးသတ်မယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ညက ကြေညာလိုက်ပါတယ်။
အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ ခန့်တန်ကြေးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ

ပုဇွန်တောင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ သိန်း ၅၀၀ နီးပါးတန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို မတ်လ ၁ ရက်က ဖမ်းဆီးမိသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
တရုတ်-ကူမင်း ဘူတာရုံ ဓားနဲ့အကြမ်းဖက်မှု ၃၃ ဦးသေဆုံး
ကူမင်းဘူတာရုံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ခရီးသွားတွေအတွက် ဝတ်ပြုဆုတောင်းပေးကြစဉ်။ (မတ်လ ၂၊ ၂၀၁၄)
တရုတ်နိုင်ငံ တောင်ပိုင်း Kunming မြို့တော်က မီးရထားဘူတာရုံတစ်ခုမှာ အနက်ရောင်ဝတ်စုံတွေ ဝတ်ထားတဲ့ အမည်မသိ လူ ၁၀ ယောက် ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၃၃ ယောက်ထက်မနည်း သေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ကူမင်းဘူတာရုံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ခရီးသွားတွေအတွက် ဝတ်ပြုဆုတောင်းပေးကြစဉ်။ (မတ်လ ၂၊ ၂၀၁၄)
တရုတ်နိုင်ငံ တောင်ပိုင်း Kunming မြို့တော်က မီးရထားဘူတာရုံတစ်ခုမှာ အနက်ရောင်ဝတ်စုံတွေ ဝတ်ထားတဲ့ အမည်မသိ လူ ၁၀ ယောက် ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၃၃ ယောက်ထက်မနည်း သေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အမျိုးသား အယောက် ၃၀၀နဲ့ အိပ်ခဲ့ပြီး တစ်နေ့ကို အနည်းဆုံး လိင်ဆက်ဆံမှု ၅ကြိမ်ပြီးမြောက်မှ ကျေနပ်တဲ့ အမျိုးသမီး

အသက် ၂၄နှစ်အရွယ် ဗြိတိန်နိုင်ငံသူ Nessa Jayဟာ ရာဂလွန်ကဲရောဂါ ခံစားနေရပါတယ်။ သူမဟာ နော်ဖလော့ခ်ပြည်နယ်၊ ခရိုမာကမ်းခြေ ဒေသမှာ နေထိုင်ပါတယ်။ သူမအတွက် ပထမဦးဆုံး အကြိမ်ကတော့ အသက် ၁၆နှစ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲ့ဒီ့ကတည်းကစပြီး လူ ၃၀၀နဲ့ အိပ်ခဲ့ပြီးပါပြီ။
ဒေါ်လာ(၇၀၀၀၀)ကျော်ပါသည့် မီးခံသေတ္တာကို ပုံစံတူမီးခံသေတ္တာနှင့် လဲလှယ်ခိုးယူခံရမှုအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ ဖော်ထုတ်

၂၄.၂.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်ကမာရွတ်မြို့နယ်နေ ဦးကောင်းညွန့် သည် ကုမ္ပဏီဖွင့်ရန်ငှားရမ်း ထားသည့် ဘုရင့်နောင်တာဝါနေအိမ်ခန်းရှိ မီးခံသေတ္တာမှာဖွင့်မရတော့ကြောင်းကို စာရင်းကိုင်ဖြစ်သူ မလူးလူးမှ ဖုန်းဆက်အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာ မီးခံသေတ္တာမှာ ၎င်း၏ မီးခံသေတ္တာ မဟုတ်တော့ဘဲ ပုံစံတူအခြားတစ်ခုဖြစ်နေကြောင်း တွေ့ရှိရကာ အမေရိကန်ဒေါ်လာ(၇၁၉၅၆) ထည့်ထား သည့် ၎င်းပိုင် မီးခံသေတ္တာမှာပျောက်ဆုံးနေကြောင်းတွေ့ရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၉၄/၂၀၁၄၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် မူဝါဒနှင့် တည်ဆဲဥပဒေအချို့ ကိုက်ညီမှုမရှိသည့်အတွက် အတားအဆီးဖြစ်နေ
မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် မူဝါဒပိုင်းအား ဖွင့်ပေး ခဲ့သော်လည်း လက်ရှိအသက်ဝင်နေဆဲ ဥပဒေအချို့နှင့် ကိုက်ညီမှုမရှိသည့်အတွက် အတား အဆီးဖြစ်နေကြောင်းနှင့် ထို့အတွက် Legal Fra-mework ပိုင်းဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်ရန် လို အပ်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရရှိသောသတင်းများအရ သိရသည်။
မတ္တရာမှာ တောင်သူတွေ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် တံငါရွာက တောင်သူလယ်သမား အသိမ်းခံထားရတဲ့ လယ်ယာမြေ ပြဿနာကို မဖြေရှင်းပေးတာကြောင့် လယ်သမား ၂၀၀ လောက်ဟာ သမဝါယမဝန်ကြီးဌာက သိမ်းယူထားတဲ့ လယ်မြေတွေမှာ ဒီနေ့ ၀င်ရောက်ထွန်ယက်ကြပါတယ်။
အိန္ဒိယမြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ထား

ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယ မြန်မာ နယ်စပ် တမူး မိုရေးဒေသမှာ အိန္ဒိယနိုင်ငံသား ပန်ချာပီ နှစ်ဦး အသတ် ခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ အိန္ဒိယ နိုင်ငံဘက်ခြမ်းမှာ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ရပြီး နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး တွေလည်း ပိတ်ထားလိုက် ပါတယ်။
တိုက်ကြီးမြို့နယ်တွင် ခရီးသည်တင်ယာဉ်မှ လမ်းဘေးသစ်ပင်ကို တိုက်မိ၍ (၁)ဦးသေ၊(၁၉)ဦးဒဏ်ရာရ

၁.၃.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန်တွင် တိုက်ကြီးမြို့၊ တာခွကျေးရွာ၊ ရန်ကုန်ပြည်လမ်း မိုင်တိုင် အမှတ် ၄၄/၈နှင့် ၄၄/၇ တို့ကြားတွင် မြောက်မှတောင်သို့ ယာဉ်မောင်းစိုးမင်းထိုက်(ဘ) ဦးစိုးမြင့်မြတ်၊ တိုက်ကြီးမြို့နေသူ မောင်းနှင်လာသည့် ဗ/---- Hilux အဖြူရောင်၊ တိုက်ကြီး - ရန်ကုန်ခရီးသည်တင်ယာဉ်မှာ အရှိန်မထိမ်းနိုင်သဖြင့် လမ်းယာဘက်ဘေးရှိ မလေးရှားပိတောက်ပင်အား ၀င်ရောက်တိုက်မိ ခဲ့ပါသည်။
ထိုင်းအစိုးရ ဆန္ဒပြသူများက ဘန်ကောက် “ပိတ်ဆို့ ဆန္ဒပြမှု” ရပ်ဆိုင်းရန် စီစဉ်

မတ် ၁ ရက်တွင် ဘန်ကောက်ရှိ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည့် ဆန္ဒပြမှုများအတွင်း သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲသို့ တက်လာသော ဆန္ဒပြခေါင်းဆောင် ဆူသက်
မြို့တော်ဘန်ကောက်ကို ပိတ်ဆို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသော ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြသူများက တင်းမာမှုလျော့ကျရေး အကြိုခြေလှမ်းတစ်ရပ်အဖြစ် လမ်းပေါ်ရှိ ဆန္ဒပြသူအင်အားကို သိသိသာသာ လျှော့ချ သွားမည်ဖြစ်ကြောင်း အတိုက်အခံဆန္ဒပြသူ အဖွဲ့ခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ဖေဖော်ဝါရီ ၂၈ ရက် ညတွင် ပြောကြားခဲ့သည်။ ဘန်ကောက်တစ်ဝန်းရှိ အဓိကလမ်းဆုံများတွင် ဆောက်ထားသော စင်များ မှနေ၍ ဆန္ဒပြသူများကိုခေါ်ယူပြီး ဆန္ဒပြမှုပြုလုပ်သည့် အစဉ်အလာနေရာ တစ်ခုဖြစ် လာသော Lumpini ဥယျာဉ်တွင် ဆန္ဒပြသူများက မတ် ၃ရက်မှ စတင်၍လူအင်အား ပေါင်းစည်းမည်ဖြစ်ကြောင်း သိရသည်။
ရုရှားက ယူကရိန်းနယ်မြေကို ကျူးကျော်ဝင်ရောက်ပါက ဆိုချီ ၌ပြုလုပ်မည့် ဂျီ-၈ ထိပ်သီးဆွေးနွေးပွဲကို သပိတ်မှောက်မည်ဟု အိုဘားမား သတိပေး

ဖေဖော်ဝါရီ ၂၈ ရက်က ယူကရိန်းပြည်မနှင့် ခရိုင်းမီးယားကျွန်းဆွယ်တို့ကို ဆက်သွယ်ထားသော အဝေးပြေးလမ်းမပေါ်၌ ရုရှား အလံ(၀ဲ)နှင့် ရုရှားရေတပ်အလံ(ယာ)တို့ အောက်ရှိ စစ်ဆေးရေးစခန်းတစ်ခုတွင် ဘာကက်တပ်ဖွဲ့ဝင်တစ်ဦး ရိုင်ဖယ်ဖြင့်ချိန်ထား စဉ်
အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် အခြားဥပရောပခေါင်းဆောင် များက ရုရှားသည် ယူကရိန်း နယ်မြေ သို့ ကျူးကျော်ဝင်ရောက်သည်ဟု သူတို့အနေဖြင့် ဆုံးဖြတ်ပါက ဆိုချီ၌ ပြုလုပ်မည့် ဂျီ-၈ ထိပ် သီးဆွေးနွေး ပွဲကို သပိတ်မှောက်မည် ဖြစ်ကြောင်း မတ် ၁ ရက်တွင် သတိပေးလိုက်သည်။
ကမ္ဘာ့အရှည်ဆုံးလေယာဉ်ကို ဗြိတိန်တွင် မိတ်ဆက်ပြသ

လေသင်္ဘောပုံစံ ကမ္ဘာ့အရှည်ဆုံးလေယာဉ်ကို ဗြိတိန်တွင် ဖေဖော်ဝါရီ ၂၈ ရက် က မိတ်ဆက် ပြသခဲ့သည်။ ဗြိတိန် လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Hybrid Air Vehicles က အမေရိကန်စစ်တပ်အတွက် ထုတ် လုပ်သော Airlander လေယာဉ်သည် ပေ ၃ဝဝ (၉၁ မီတာ) ရှည်လျားသည်။ ယင်းလေယာဉ်သည် သုံးပတ် အထိ လေထဲတွင် ပျံသန်းနိုင်ပြီး ကမ္ဘာတစ်ဝန်း၌ ကုန်စည်ပို့ဆောင်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူညီများ ဖြန့်ဖြူးရေးတို့တွင် အဓိက အသုံးဝင်မည် ဖြစ်သည်။ တန် ၆ဝ အထိ တင်ဆောင်နိုင်သော ယင်းလေယာဉ်သည် လက်ရှိကမ္ဘာ့အရှည်ဆုံး လေယာဉ် ရုရှားလေယာဉ် Antonov AN-225 (၈၄ မီတာ) ထက် ပိုမိုရှည်လျားသည်။ Airlander လေယာဉ်သည် လေသင်္ဘောပုံစံ ကိုယ်ထည်သုံးခုကို ပေါင်းစပ်ထားပြီး ကမ္ဘာ့အကြီးဆုံးလေယာဉ်များဖြစ်သည့် ဘိုရင်း- ၇၄၇၊ အဲဘတ်စ် အေ-၃၈ဝ တို့ထက် ပေ ၆ဝ ကျော် ပိုမိုရှည်လျားသည်။
MSF Holland AZG အဖွဲ့နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်
ကျန်းမာရေးဝန်ကြီးဌာနက MSF Holland AZG အဖွဲ့နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို မတ် ၁ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မြန်မာတိုင်း(မ်) ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရသည့် ပက်(ပ်)စီ ဦးသိန်းထွန်း MGS မိသားစုဝင်များ ၀ယ်ယူ

ပက်(ပ်)စီ ဦးသိန်းထွန်း၏ သမက် IBTC ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးကျော်ကို ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြုလုပ်သော သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲတွင် သမ္မတနှင့်အတူ တွေ့ရစဉ်
မြန်မာတိုင်း(မ်) ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အစိုးရနှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရ ပက်ပ်စီ ဦးသိန်းထွန်း MGS (Myanmar Golden Star) ကုမ္ပဏီ မိသားစုဝင်များက ဝယ်ယူလိုက်ကြောင်း သိရသည်။
၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ငါးနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၄၅၇၃ ဦးရှိခဲ့ပြီး နှစ်စဉ် သေဆုံးသူ ၁၄ ရာခိုင်နှုန်းကျော် တိုးလာ
၂ဝဝ၉ ခုနှစ် ၂ဝ၁၃ ခုနှစ်အထိ ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူအရေ အတွက် ၁၄၅၇၃ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ပျမ်းမျှ နှစ်စဉ် ၁၄ ရာခိုင်နှုန်းကျော် တိုးနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မြန်မာတစ်နိုင်ငံလုံးရှိ MSF(AZG) လုပ်ငန်းများ ရပ်ဆိုင်းရန် အစိုးရက ညွှန်ကြားသည်ဆိုသော MSF ထုတ်ပြန်ချက် လွဲမှားနေကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
မြန်မာတစ်နိုင်ငံလုံးရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF(AZG) ၏ လုပ်ငန်းများကို ရပ်ဆိုင်းရန် အစိုးရက ညွှန်ကြားသည်ဆိုသော MSF ၏ထုတ်ပြန်ချက် အသုံးအနှုန်းမှာ လွဲမှားနေကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မတ် ၁ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။
သန်းခေါင်စာရင်းကောက်ယူမှုသည် နိုင်ငံ့လူဦးရေ၊ နိုင်ငံတည်ရှိမှုနှင့် မျိုးနွယ်စုများပါဝင်ဖွဲ့စည်းမှုတို့ကိုပါ ဖော်ညွှန်းပေးနိုင်သည့်အတွက် အလွန်အရေးကြီးကြောင်း သမ္မတ ပြောကြား

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုအထိမ်းအမှတ်အခမ်းအနား၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်
၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုများကို ပြုလုပ်သွားမည်ဖြစ်ရာ ယင်းအထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်ရှိ MICC အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သန်းခေါင်စာရင်း ကောက်ယူမှုသည် နိုင်ငံ၏လူဦးရေ စုစုပေါင်းအရေအတွက်လောက် ကိုသာ ဖော်ထုတ်ရရှိနိုင်သည် မဟုတ်ဘဲ နိုင်ငံ့လူဦးရေ၊ နိုင်ငံတည်ရှိမှုနှင့် မျိုးနွယ်စုများ ပါဝင်ဖွဲ့စည်း ထားမှုတို့ကိုပါ ဖော်ညွှန်းနိုင်သည့်အတွက် အလွန်အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည်

ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းအား လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များ ရှိသဖြင့် ပြည်ထောင်စု လွှတ်တော်၌ ဆုံးဖြတ်အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။
အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး ထူထောင်ရေး တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုအစည်းအဝေးတွင် ဆွေးနွေး

နေပြည်တော်တွင် မတ် ၁ရက်က ပြုလုပ်သည့် ဘင်းမ် စတက် ထိပ်သီးအကြို အစည်းအဝေးကို တွေ့ရစဉ်
တတိယအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအကြိုဆွေးနွေးပွဲကို မတ် ၁ ရက် က နေပြည်တော်ရှိ Royal Kumudra Hotel တွင် ကျင်းပလျက်ရှိရာ ဘင်းမ်စတက်နိုင်ငံများအကြား အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) ထူထောင်ရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ပသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည့် အလုပ်သမားများ ခေါင်းပုံဖြတ်မခံရရေး၊ လူကုန်ကူးမခံရရေးအတွက် အေဂျင်စီများအား တရားဝင်လိုင်စင်များ ထုတ်ပေးနေ
ပြည်ပသို့ ပြောင်းရွှေ့လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ ခေါင်းပုံဖြတ်မခံရရေးနှင့် လူကုန်ကူး မခံရရေးအတွက် ပြည်ပအလုပ် အကိုင်အေဂျင်စီများကို တရားဝင်လိုင်စင်များ ထုတ်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းဆွေက ပြောကြားသည်။
Saturday, March 1, 2014
ကလေးမြို့တွင် တစ်ပီပါအထက် လောင်စာဆီသိုလှောင်မှုများအား အရေးယူ

ကလေးမြို့တွင် နွေရာသီမီးဘေး အန္တရာယ်အတွက် တစ်ပီပါ အထက် လောင်စာဆီသိုလှောင်မှုများအား ဖမ်းဆီး အရေးယူနေကြောင်း သိရသည်။ ကလေးမြို့ အနီး ကျေး ရွာတစ်ရွာတွင် မီးလောင်မှု ဖြစ်ပြီးနောက် ပိုင်း ခရိုင်စီမံချက်ဖြင့် ယခုကဲ့သို့စစ်ဆေးအရေးယူမှုများကိုလည်း စတင်ခဲ့ကြောင်း မြို့နယ်ရဲဌာန စခန်းမှူး ဦးစိုး မြင့် က ပြော သည်။
အင်းစိန် မီးရထားပိုင်မြေအတွင်း နေအိမ်ဖယ်ရှားခံရသော လူဦးရေ ၂၀၀ ကျော် နေရေးအခက်ကြုံ
အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ ရပ်ကွက်၊ မီးရထားစက်ခေါင်း စက်ရုံပိုင် မြေအတွင်း နေအိမ် ၁၂၀ နီးပါး ဖယ်ရှားခံရသောကြောင့် လူဦးရေ ၂၀၀ ကျော်မှာ ပြောင်းရွှေ့နေထိုင်ရန် နေရာမရှိ၍ ဖယ်ရှား ခံရသည့် နေရာတွင်ပင် ယာယီ အမိုးအကာများထိုးကာ ခိုလှုံနေရကြောင်း ယင်းနေရာတွင် နေထိုင်နေသူများထံမှ သိရှိရသည်။
ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည့် Samsung Tech Institude Mobile Application Training

Samsung ရုံးခွဲမြန်မာ၊ Samsung ရုံးခွဲထိုင်းနဲ့ UCSY တို့ပူးပေါင်းပြီး Mobile Application တွေရေးသားဖို့ သင်ကြားပေးတဲ့ Samsung Tech Institude Mobile Application Training သင်တန်းရဲ့ ဖွင့်ပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇)ရက်နေ့က ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (UCSY) မှာ ကျင်းပပြု လုပ် ခဲ့ပါတယ်။ ဒီသင်တန်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီလ 22ရက်နေ့ကနေက စတင်ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်ပြီး သင်တန်းဖွင့်ပွဲကိုတော့ ဖေဖော်ဝါရီ 27ရက်နေ့မှ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Subscribe to:
Posts (Atom)