Saturday, July 12, 2014

ပုဂ္ဂလိက၀န်ထမ်းများလည်း တစ်ပတ်လျှင်တစ်ရက် နားရက်ရတော့မည်

Photo: ပုဂ္ဂလိက၀န်ထမ်းများလည်း တစ်ပတ်လျှင်တစ်ရက် နားရက်ရတော့မည်
Saturday, July 12, 2014

နိုင်ငံ့ဝန်ထမ်းများနည်း တူအလုပ်ပိတ်ရက်ခံစားခွင့် တူ ညီစွာမရသော ပုဂ္ဂလိက လုပ်ငန်း များမှ အလုပ်သမားများအား တစ်ပတ်လျှင် တစ်ရက် မဖြစ်မ နေနားရက်အဖြစ် သတ်မှတ်ပေး ရမည်ဖြစ်ပြီး အဆိုပါနားရက်အ တွက် လုပ်ခလစာအပြည့်အ၀ရရှိ နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ယခုလ ၉ ရက်တွင်ပြုလုပ် သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ ပုဂ္ဂလိက လုပ်ငန်းများမှ အလုပ် သမားများမှာ အထက်ပါခံစားခွင့် များရရှိမည်ဖြစ်ကြောင်း ပြည် ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေး မှူး ဦးစောလှထွန်းကပြောသည်။

‘‘ဒီဥပဒေမှာ ထူးခြားချက်က ဘာရှိလဲဆိုတော့ ပြင်ပပုဂ္ဂလိက လုပ်ငန်းက အလုပ်သမားတွေ တော်တော်များများက ပိတ်ရက် ခံစားခွင့်မညီမျှဘူး။ အခုဒီဥပဒေ ပြဋ္ဌာန်းပြီးပြီချင်း ဒီဥပဒေအရတစ် ပတ်ကို တစ်ရက်ပိတ်ရက်ရမယ်။ အဲဒီအတွက် လစာဖြတ်လို့မရ ဘူး။ အပြည့်ပေးရမယ်’’ဟု ဦး စောလှထွန်းကပြောသည်။

နိုင်ငံ့ ၀န်ထမ်းဖြစ်သော အစိုးရ၀န်ထမ်းများ အနေဖြင့်မူ တစ်ပတ်လျှင် ပိတ်ရက်နှစ်ရက်ခံ စားခွင့်ရရှိသည့်အပြင် အစိုးရရုံး ပိတ်ရက်တိုင်းတွင် ပိတ်ရက်ရရှိ နေသော်လည်း ပုဂ္ဂလိကလုပ်ငန်း များမှ ၀န်ထမ်းများမှာမူ ထိုအခွင့် အရေးများရရှိခြင်းမရှိသဖြင့် အ ဆိုပါအချက်ကို ထည့်သွင်းထား ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်တော်တို့ စက်ရုံက ပိတ်ရက်ဆိုတာ မရှိသလောက်ဘဲ။ တစ်လမှာ တစ်ရက်ပဲပိတ်ရက် ပေးထားတယ်။ အဲဒီပိတ်ရက်က လည်း မသွားရင် လစာအဖြတ်ခံ ရတယ်။ အဲဒါကြောင့် ဆင်းနေ ရတာပဲ။ နေမကောင်းလို့ တောင် မနားရဲဘူး’’ဟု လှိုင်သာယာစက် မှုဇုန်အတွင်းရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်သူ ကိုအေးစိုးက ပြောသည်။

ယခု နှစ်ဆန်းပိုင်းတွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံဝန်ထမ်းနည်း ဥပဒေနှင့် ကိုက်ညီစေရန် အထက်ပါဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ပြီး အချို့သော ခွင့်ရက်များနှင့် ပိတ်ရက်များကို ပြင်ဆင်မှုပြုခဲ့ ကြောင်း ဦးစောလှထွန်းကပင် ပြောသည်။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအ ရအစိုးရ၀န်ထမ်းအမျိုးသမီးများ အနေဖြင့် ယခင်က မီးဖွားခွင့် သုံးလသာရရှိရာမှ ယခုနှစ်မတ်လ ၂၆ ရက်မှစတင်ကာ မီးဖွားခွင့် ခြောက်လ တရားဝင်ခံစားခွင့်ရရှိနေပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး က ယခုလအတွင်းပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ၌ ပြောကြားခဲ့သည်။

ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်များကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
7Day Daily
နိုင်ငံ့ဝန်ထမ်းများနည်း တူအလုပ်ပိတ်ရက်ခံစားခွင့် တူ ညီစွာမရသော ပုဂ္ဂလိက လုပ်ငန်း များမှ အလုပ်သမားများအား တစ်ပတ်လျှင် တစ်ရက် မဖြစ်မ နေနားရက်အဖြစ် သတ်မှတ်ပေး ရမည်ဖြစ်ပြီး အဆိုပါနားရက်အ တွက် လုပ်ခလစာ အပြည့်အ၀ရရှိ နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ယခုလ ၉ ရက်တွင်ပြုလုပ် သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ ပုဂ္ဂလိက

ပြည်တွင်း ဆေးပစ္စည်းဈေးကွက် ကျန်းမာရေး ဝန်ကြီးဌာန အများဆုံး ဝယ်ယူ

Photo: ပြည်တွင်း ဆေးပစ္စည်းဈေးကွက် ကျန်းမာရေး ဝန်ကြီးဌာန အများဆုံး ဝယ်ယူ
Saturday, July 12, 2014

ကျန်းမာရေး အသုံးစရိတ် လေးဆနီးပါး တိုးမြှင့်ပေးခဲ့ပြီးနောက် ပြည်တွင်းပုဂ္ဂလိက ဆေးပစ္စည်း ဈေးကွက်တွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်းများထက် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်လိုအား အများဆုံး ဖြစ်လာကြောင်း ပြည်တွင်း ဆေးကုမ္ပဏီများထံ စုံစမ်းသိရှိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆေးရုံသုံး ပစ္စည်းများ ဝယ်ယူ နေရသောကြောင့် ပုဂ္ဂလိကဆေးနှင့် ဆေးပစ္စည်း ဈေးကွက်တွင် ရောင်းအား မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း Medi-tech Trade Center ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမျိုးမြင့်ဦးက ပြောကြားသည်။

ဝန်ကြီးဌာနက ယခင်က ဆေးပစ္စည်း အရည်အသွေးပိုင်းထက် ဈေးနှုန်း အနည်း၊ အများကို ကြည့်၍ ဝယ်ယူသော်လည်း အသုံးစရိတ် မြင့်တက်လာပြီး နောက်ပိုင်းတွင် အရည်အသွေးမြင့်သော ဆေးနှင့် ဆေးပစ္စည်းများကို ပိုဝယ်ယူလာကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အရင်က အသုံးစရိတ်ကို ကြည့်ပြီးတော့ အဆင်ပြေတဲ့ ဈေးနှုန်းနဲ့ ဝယ်တာ ဆိုတော့ သိပ်မကောင်းတာတွေလည်း ပါတယ်။ ဈေးသက်သာပေမယ့် အရည်အသွေး မကောင်းတဲ့အတွက် တရုတ်က ပစ္စည်းတွေကို ဝန်ကြီးဌာနက မဝယ်တော့ဘူး” ဟု ဒေါက်တာမျိုးမြင့်ဦးက ဆိုသည်။

ပြည်သူ့ဆေးရုံများ၏ ဆေးပစ္စည်း လိုအပ်ချက်များကို ဗဟိုဆေးပစ္စည်း ထိန်းသိမ်းရေး ဌာနသို့ စာရင်းပေးသွင်းရပြီး ယင်းမှတစ်ဆင့် လုပ်ငန်းရှင်များထံ တင်ဒါခေါ်ယူကြောင်း ရန်ကုန်မြို့တော်ရှိ ဆေးရုံအုပ်ကြီးတစ်ဦးက ပြောကြားသည်။

သို့သော် အခြေခံ ဆေးဝါး လိုအပ်ချက် အတွက်မူ သက်ဆိုင်ရာ ပြည်နယ်ဆေးရုံများကို တာဝန်လွှဲအပ်ထားပြီး ဆေးဝါးဝယ်ယူစရိတ် အသုံးစရိတ်ကို ဘဏ္ဍာနှစ်အလိုက် ခွဲဝေပေးခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာနသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အသုံးစရိတ် ၃၆၇ ဘီလီယံကျော်အထိ တိုးမြှင့်သုံးစွဲခဲ့ပြီး ယင်းပမာဏသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ထက် လေးဆနီးပါး မြင့်တက်ခဲ့သည်။

The Voice Weekly
ကျန်းမာရေး အသုံးစရိတ် လေးဆနီးပါး တိုးမြှင့်ပေးခဲ့ပြီးနောက် ပြည်တွင်း ပုဂ္ဂလိက ဆေးပစ္စည်း ဈေးကွက်တွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်း များ ထက် ကျန်းမာရေး ဝန်ကြီးဌာနက ဝယ်လိုအား အများဆုံး ဖြစ်လာကြောင်း ပြည်တွင်း ဆေးကုမ္ပဏီများထံ စုံစမ်းသိရှိရသည်။

မောင်တောနယ်စပ် မင်္ဂလာညွန့်ကျေးရွာမှ စပါးပျိုးပင်များ ညအချိန် လာရောက်ဖျက်ဆီးခြင်းခံနေရ

မောင်တော၊ ဇူလိုင် ၁၀- မောင်တော မြို့နယ်မြောက်ပိုင်း မင်္ဂလာညွန့်(နတ လ )ကျေး ရွာ မှ တိုင်းရင်းသားများ၏ လယ်ယာမြေများတွင် စပါးစိုက်ရန် ပျိုးထောင်ထားသော ပျိုးပင်များကို ညအချိန်လာရောက်ဖျက်ဆီးမှုများ ရှိ နေ ၍ ဒေသ အာဏာပိုင်များထံ မင်္ဂ လာညွန့်ကျေးရွာမှ ရွာသားများက စာရေးတိုင်ကြားထားကြောင်း သိရ သည်။
''ဇွန် ၁၈ရက်က ဦးစိန်မောင် လယ်မြေမှာ ပျိုးထောင်ထားတဲ့ ပျိုးပင် တွေ ကို နွားတွေသွင်းပြီး စားခိုင်းပါ တယ်။ ဇွန်၂၄ရက်ညကလဲ ပျိုးထောင် ထားတဲ့နေရာေ တွကို လူစုလူဝေးနဲ့ လာပြီး ဖျက်ဆီးတာတွေပြုလုပ်ကြပါ တယ်။ ပြီးတော့ အဲဒီနေ့မှာပဲ ဥယျာဉ် ခြံမြေမှာရှိတဲ့ ပိန­္နဲသီးတွေအကုန်လုံး ကို

မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို သံရုံး သတိပေး

Photo: မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို သံရုံး သတိပေး
Saturday, July 12, 2014

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားများအနေနဲ့ မိမိတို့လုံခြုံရေးကို အထူးဂရုပြု သွားလာနေထိုင်ဖို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ သတိပေးစာကို ဇူလိုင်လ ၁၀ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံအတွင်း ဇူလိုင်လ ၁ရက်နေ့ကစပြီး ဇူလိုင်လ ၉ ရက်နေ့အတွင်း မြန်မာနိုင်ငံသား ၄ဦး ဓါးခုတ်ခံပြီး သေဆုံးခဲ့ရတာကြောင့်သံရုံးက ခုလိုသတိပေးစာထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး ဆိုင်ကယ်စီးအုပ်စုတွေက သတ်ဖြတ် တာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အုပ်စုတစ်ခုခုက ရည်ရွယ်ချက်ရှိရှိ နဲ့ ဆောင်ရွက်နေတာလို့ မမြင်မိကြောင်း ကွာလာလမ်ပူမြို့ မြန်မာသံရုံးက အလုပ်သမားရေးရာသံအရာရှိ ဦးမင်းမင်းဝင်းက ပြောပါတယ်။

"အဲ့လို မော်တော်ဆိုင်ကယ်သမား သတ်တယ်ဆိုတာလည်း သိရဆဲပဲရှိတာပါ၊ အကုန်လုံးက မော်တော်ဆိုင်ကယ်သမား သတ်တယ်ဆိုတာမဟုတ်ဘူးဆိုတာ မဟုတ်လောက်ဘူးထင်တယ်၊ ဒီရက်ထဲမှာကြားရသလောက်တော့ မော်တော် ဆိုင်ကယ်သမားချည်းပဲ သတ်နေတဲ့ပုံစံမျိုးတော့မဟုတ်ဘူး၊ ကျနော့် အမြင်ကတော့ အဲ့လိုမြင်ပါတယ်ခင်ဗျ၊ အဖွဲ့တစ်ဖွဲ့တည်းက ရည်ရွယ်ချက်ရှိရှိလုပ်နေတာတော့ မဟုတ်ပါဘူး ကြုံကြိုက်သွားလို့ပဲ ဖြစ်ပါလိမ့်မယ်ဗျ၊ သူတို့ဟာ သူတို့ပတ်သက်မှု ဘာညာတော့ရှိပါလိမ့်မယ် ဒါပေမဲ့ အဲ့လို မလေးရှားနိုင်ငံမှာတော့ နေရာတကာဖြစ်နေတာတော့ လုံးဝမဟုတ်ပါဘူး၊ ကျနော်ထင်တာတော့ ပုဂ္ဂိုလ်ရေးဆက်သွယ်မှုတွေ ပတ်သက်လိမ့်မယ်လို့ ထင်ပါတယ်ဗျ၊ ဒါကတော့ သူတို့ကိုယ်တိုင်မှပဲ သိမှာလေ အမျိုးမျိုးတော့ ပြောနေကြတာပဲ"

ခုလို မြန်မာနိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး မြန်မာသံရုံးက သံအမတ်ကြီးနဲ့ စစ်သံမှူးတို့ဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံသားများကို အကြမ်းဖက်တိုက်ခိုက်မှု များမှ ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ ကျူးလွန်တဲ့တရားခံများကို အမြန်ဆုံးဖေါ်ထုတ်အရေး ယူပေးဖို့ မေတ္တာရပ်ခံထားတယ်လို့သိရပါတယ်။

မလေးရှားနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အသတ်ခံရမှုတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ ပိုမိုများပြားခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ် နောက်ပိုင်း အသတ်ခံရတဲ့ မြန်မာနိုင်ငံသား ၃၀ခန့်ရှိပြီး အသတ်ခံရသူအများစုဟာ ကွာလာလမ်ပူနဲ့ ပီနန်းမြို့တွေကဖြစ်တယ်လို့ ကပုန်းနာရေး ကူညီမှုအသင်းကပြောပါတယ်။

မလေးရှားနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၅သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

RFA
မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားများအနေနဲ့ မိမိတို့လုံခြုံရေးကို အထူးဂရုပြု သွားလာနေထိုင်ဖို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ သတိပေးစာကို ဇူလိုင်လ ၁၀ရက်နေ့စွဲနဲ့ ထုတ်ပြန်ထား ပါတယ်။

မလေးရှားနိုင်ငံအတွင်း ဇူလိုင်လ ၁ရက်နေ့ကစပြီး ဇူလိုင်လ ၉ ရက်နေ့အတွင်း မြန်မာနိုင်ငံသား ၄ဦး ဓါးခုတ်ခံပြီး သေဆုံးခဲ့ရတာကြောင့်သံရုံးက ခုလိုသတိပေးစာထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး ဆိုင်ကယ်စီးအုပ်စုတွေက သတ်ဖြတ် တာဖြစ်တယ်လို့

အဓိက၀င်ငွေရသော ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုကဏ္ဍတို့ကို EITI အဖွဲ့ဝင်လောင်း အစီရင်ခံစာတွင်ပါဝင်ရန် အစိုးရနှင့် သုံးပွင့်ဆိုင် ဆွေးနွေးမည်

EITI  အဖွဲ့ဝင်လောင်းနိုင်ငံဖြစ်ပြီး တင်သွင်းရမည့် အစီရင်ခံစာတွင် အဓိကဝင်ငွေရနေသည့် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုကဏ္ဍတို့ကို ယင်းအစီရင်ခံစာတွင် မည်သည့်ကဏ္ဍ ထည့်သွင်းမည်ကို ဆုံးဖြတ်ရန်အတွက် အစိုးရအပါအဝင် ကုမ္ပဏီနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ယခုလအတွင်း သုံးပွင့်ဆိုင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံတွင် ကျင်းပသည့် EITI ဖော်ဆောင်ရေးအဖွဲ့၏ (၂၇)ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံအား EITI အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် EITI Board မှ ဇူလိုင် ၂ ရက်တွင်

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပခုက္ကူမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ဟောပြောမည်

Photo: ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပခုက္ကူမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ယနေ့ဟောပြောမည်
Saturday, July 12, 2014

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၂ ရက် (ယနေ့)တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို ပခုက္ကူမြို့ရှောင်လမ်းရှိ ပုဂ္ဂလိက ပိုင် ယာခင်းများအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်တို့က ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

ဟောပြောပွဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး ပါဝင်ဟောပြောရန်စီစဉ်ခဲ့ပြီး နောက်တိုးစာရင်း ထပ်မံတင်ပြခဲ့သော်လည်း မြို့နယ်ရဲတပ်ဖွဲ့က ငြင်းပယ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းဒေသကြီး အတွင်းရေးမှူး ကိုနေမျိုးကျော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နံနက်ပိုင်းတွင် ပခုက္ကူမြို့အလယ်တိုက်တွင် ဆရာတော်ကြီးများအား ဖူးမြော်ပြီးမှ ဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်း၊ ထို့နောက်တွင် ရပ်မိရပ်ဖများ၊ မကွေးတိုင်းဒေသကြီး တိုင်းခရိုင်မြို့နယ် ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်လျှင် ဒေသခံများနှင့် ပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည်အား သောင်းသောင်းဖျဖျကြိုဆိုရန် ပြင်ဆင်ထားကြောင်း၊ ဟောပြောပွဲအား အေးအေးချမ်းချမ်း ပြီးဆုံးနိုင်ရန်အတွက် လုံခြုံရေးဆောင်ရွက် ထားကြောင်းနှင့် အဖွဲ့ဝင်များက ၀န်းရံသွား မည်ဖြစ်ကြောင်း၊ လုံခြုံရေးအာဏာပိုင်များ အနေဖြင့်လည်း အေးအေးချမ်းချမ်းဖြင့် ပြီးဆုံးစေရေး ပူးပေါင်းပါဝင်ရန် တိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်းဒေသကြီး အတွင်းရေးမှူး ကိုနေမျိုးကျော်က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ တစ်နိုင်ငံလုံး၌ မေ ၂၃ ရက်မှ စ၍ ဇူလိုင် ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကာ အသက် ၁၈ နှစ်ပြည့်ပြီး စိတ်ပေါ့သွပ်သူ မဟုတ်လျှင် မြန်မာနိုင်ငံသားတိုင်း ပါဝင်လက်မှတ် ရေးထိုးနိုင်ကြောင်း သိရသည်။

ထိုသို့လက်မှတ်ရေးထိုးရာတွင် တပ်မတော်သားများအပါအ၀င် အစိုးရ ၀န်ထမ်းများပါ လက်မှတ်ရေးထိုးနိုင်ကြောင်း၊ လက်မှတ်မရေးထိုးရန် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း စသည်ပြုလုပ်သူများကို ဥပဒေ အရ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူများအနေဖြင့် လက်မှတ်ရေးထိုးမှု အရေအတွက်မှာ ဇွန် ၂၇ ရက်အထိ ၃၃ သိန်းကျော် ရရှိပြီးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည် ပခုက္ကူမြို့သို့ သွားရောက်ဟောပြောမည့် ကိစ္စနှင့်ပတ်သက် ၍ ပခုက္ကူမြို့မှ လုပ်ငန်းရှင် ကိုအောင်ဇော်ထက်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲတွေကို ကိုယ်တိုင် တိုက်ရိုက် နားမထောင် ဖူးဘူး။ အခုလို ပခုက္ကူမှာ လာပြောမယ်ဆိုတော့ တိုက်ရိုက်နားထောင်ခွင့်ရမှာ ဖြစ်တဲ့အတွက် ၀မ်းသာပါတယ်။ အနီးတစ်ဝိုက် မြို့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်လာဖို့ မျှော်လင့်နေတဲ့အချိန်မှာ အခုလိုလာရောက်မှာ ဖြစ်တဲ့အတွက် အားလုံးဝမ်းသာနေကြတယ်” ဟု ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ၂၀၁၄ ခုနှစ် မေ ၁၀ ရက်က မအူပင်မြို့တွင် ကျင်းပစဉ်

Eleven
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇူလိုင် ၁၂ ရက် (ယနေ့)တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲကို ပခုက္ကူမြို့ရှောင်လမ်းရှိ ပုဂ္ဂလိက ပိုင် ယာခင်းများအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်တို့က ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရွှေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်မှု လျော့နည်းလာကြောင်း စီမံ/စီးပွား ဒုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ ရွှေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်မှု လျော့နည်းလာကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြော ကြားသည်။

ဇူလိုင် ၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရ၏ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဒုတိယခြောက်လပတ် (အောက်တိုဘာမှ မတ်လအထိ) အကောင်အထည်ဖော်နိုင်မှု အခြေအနေဆိုင်ရာ အစီရင်ခံစာတင်သွင်းစဉ် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် ပိုမိုအရေးကြီးသည့် အတွက် လေးပွင့်ဆိုင်တွေ့ဆုံရေးဖြစ်ပေါ်ဖို့ လက်မှတ်ရေးထိုး တောင်း ဆိုသင့်ကြောင်း ပြည်သူများသို့ ဒေါက်တာအေးမောင် တိုက်တွန်း

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးထက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ပိုမိုအရေးကြီးသည့် အတွက် လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးဖြစ်ပေါ်ရန် လက်မှတ်ရေးထိုး တောင်းဆို မှုများ ပိုမိုပြုလုပ် သင့်ကြောင်း ဒေါက်တာအေးမောင်က ပြည်သူများအား တိုက်တွန်းပြော ဆိုခဲ့သည်။

ဒေါက်တာအေးမောင်က “ပုဒ်မ ၄၃၆ ကလည်း ပြင်ရမယ့် ပုဒ်မတစ်ခုပါပဲ။ ဒါပေမဲ့အဓိကကျတာက

မြန်မာ့ရေပိုင်နက်ထဲသို့ ၀င်ရောက်လာသည့် ထိုင်းငါးဖမ်းသင်္ဘောနှစ်စင်းကို တပ်မတော်ရေက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ ဖော်ပြ

မြန်မာ့တပ်မတော်ရေ ကင်းလှည့်ရေယာဉ်တစ်စင်းသည် ဇူလိုင် ၁၁ ရက်တွင် မြန်မာ့ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ထိုင်းငါးဖမ်းသင်္ဘော နှစ်စင်းအနက် တစ်စင်းအား ပစ်ခတ်နှစ်မြှုပ်ခဲ့ပြီး အခြားငါးဖမ်းသင်္ဘော တစ်စင်းကိုအနီးရှိ မြန်မာပိုင်ကျွန်းသို့ ဆွဲယူသွားခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါငါးဖမ်းသင်္ဘော နှစ်စင်းစလုံးတွင်

Friday, July 11, 2014

ထောင်ဒဏ်၁၀နှစ် ချမှတ်ခံခဲ့ရသည့် ယူနတီအမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အတွက် ၀ါဆိုလပြည့်နေ့တွင် ဂျာနယ်လစ်များက ရန်ကုန်မြို့၊ ကြေးသွန်းဘုရား၌ ဆုတောင်းပွဲပြုလုပ်

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံခဲ့ရသည့် ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ ပြန်လည် လွှတ်မြောက်လာစေရန်အတွက် (၀ါဆိုလပြည့်နေ့) ဇူလိုင် ၁၁ ရက်နေ့တွင် ဂျာနယ်လစ်များက ရန်ကုန်မြို့ကြေးသွန်းဘုရား၌ ၀တ်ပြုဆုတောင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။

ဆုတောင်းပွဲကို သတင်းမီဒီယာများမှ ဂျာနယ်လစ် ၁၅၀ဦးခန့်မှ "မီဒီယာဖိနှိပ်မှုရပ်"ဟု စာတန်းရေးနှိပ်ထားသည့် တီရှပ်အဖြူ များ ၀တ်ဆင်ကာ နံနက် ၉နာရီခွဲခန့်တွင် ကြေးသွန်းဘုရားကြီး၌ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ယူနတီဂျာနယ်လစ်များ ပြန်လည်လွတ်မြောက်လာစေရန် ရည်ရွယ်၍ ဇီဝိတဒါနငှက်များကိုလည်း လွှတ်ခဲ့ကြသည်။
မြန်မာဂျာနယ်လစ်ကွန်ရက်မှ ကိုသန်းဌေးက "ယူနတီဂျာနယ်က သတင်းထောက်တွေကို ချမှတ်လိုက်တဲ့ aထာင်ဒဏ်၁၀နှစ်ဆိုတာက အရမ်းပင်းထန်လွန်းပါတယ်။ဒီသတင်းကလည်း ပြည်သူအတွက် သက်ရောက်မှု အများကြီးလည်း မဖြစ်ပါဘူး။အဲ့ဒီသတင်း ရေးသားဖော်ပြမှုအတွက် အစိုးရအနေနဲ့ ဘာကြောင့် ဒီလောက်ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ရတာလဲဆိုတော့ မေးခွန်းထုတ်စရာပါပဲ။ဒါ ဟာ မီဒီယာသမားတွေကို ဖိနှိပ်တယ်လို့ပဲ မြင်ပါတယ်။ထောင်ဒဏ်ချခံခဲ့ရတဲ့ ယူနတီဂျာနယ်လစ်တွေ အပါဝင် မိသားစုဝင်တွေအတွက် တတ်နိုင်သလာက် ကူညီထောက်ပံ့ပေးဖို့ စီစဉ်နပါတယ်" ဟု ပြောကြားသည်။

Thursday, July 10, 2014

ရေနွေးထဲ သံပရာရည် ထည့်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ

ရေနွေးထဲကို သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး သောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိကြောင်း သိရှိထားကြပြီဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေး လိုက်ပါ သည်။

အမြန် လမ်းမကြီး ယာဉ်မတော်တဆ ဖြစ်ပွားမှု အခြေ အနေနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ စည်းကမ်း ထိန်းသိမ်းရေးနှင် အရှိန်လွန် မောင်းနှင်ခြင်း ထိန်းချုပ်ရေး စနစ် B'Smart ဖြင့် စမ်းသပ် ဆောင်ရွက်နေ

အမြန်လမ်းမကြီး ယာဉ်မတော်တဆ ဖြစ်ပွားမှု အခြေအနေနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ စည်းကမ်း ထိန်းသိမ်းရေးစနစ် B'Smart အကောင်အထည်ဖော် ဆောင်ရွက်ရေးအစည်းအဝေးနှင့် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထဲရေး ဝန်ကြီး ဌာန၌ ကျင်း ပ သည်။

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇ ဦး သေဆုံး

Photo: အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇ ဦး သေဆုံး
Thursday, July 10, 2014 

အစ္စရေးတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၀ ရက်နေ့က ကလေး ၅ ဦးအပါအ၀င် ပါလက်စတိုင်းအရပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။

ဒါဟာ ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်မှုစတာ ၃ ရက်အတွင်း အကြီးဆုံး လူသေမှု ဖြစ်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ခန်းယွန်းစ်မြို့နားက လူသိပ်သည်းတဲ့ဒေသမှာ ဒေသခံတွေ အိပ်ချိန်အတွင်း အနည်းဆုံး အိမ် ၂ လုံးပေါ်ကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကနေ ဗုံးကြဲချခဲ့တာလို့ ဒေသခံတွေနဲ့ ဆေးဘက်အရာရှိတွေက ပြောပြီး ဒီတိုက်ခိုက်မှုကြောင့် တခြားလူ ၁၆ ယောက် ဒဏ်ရာရတယ်လို့လဲ ၀န်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က စတဲ့ ဂါဇာက ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်တဲ့ အစ္စရေး တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း အယောက် ၆၀ သေဆုံးခဲ့ပြီး အများစုကတော့ အရပ်သား တွေ ဖြစ်ပါတယ်။

အစ္စရေးဘက်ကတော့ သေနတ်သမားတွေက ဒုံးကျည် ၂၀၀ ကျော် ပစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒုံးကျည်ပစ်ခတ်မှုကြောင့် ပြင်းထန်တဲ့ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။

ဒါပေမယ့် အစ္စရေးတောင်ပိုင်း စီးပွားရေးတွေ ရပ်တန့်ကုန်ပြီး ထောင်သောင်းချီတဲ့လူတွေဟာ ခိုလှုံရာအတွက် အလုအယက် ကြိုးပမ်းနေရပါတယ်။

ဟားမတ်အဖွဲ့ဘက်က ၁ နာရီအတွင်း ဒုံးကျည်အလုံး ၃၀ လောက် အစ္စရေး တောင်ပိုင်းမြို့တွေကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ကြေညာအပြီး ခုလို ပစ်ခတ်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အစီရင်ခံမှုတော့ မရှိသေးပါဘူး။

ဒီဗွီဘီ
အစ္စရေးတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင် ၁၀ ရက်နေ့က ကလေး ၅ ဦးအပါအ၀င် ပါလက် စတိုင်းအရပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။

"အဆင်းရဲဆုံးနိုင်ငံဟု လူသိများသည့် အီသီယိုးပီးယားနိုင်ငံက မြန်မာထက် ပိုချမ်းသာနေ"

နိုင်ငံပေါင်း ၂၁၅ နိုင်ငံ ပါဝင်သော နိုင်ငံ၏ ဆင်းရဲ၊ ချမ်းသာ စစ်တမ်းကို ကမ္ဘာ့ဘဏ် က ဖော်ပြခဲ့ ရာတွင် မြန်မာက အဆင့် ၂ဝ၃ တွင် ရပ်တည် နိုင် ခဲ့သည်။

ဆင်းရဲ၍ အိမ်နီးချင်းနိုင်ငံကို အမှီပြုနေရသော မြောက်ကိုရီးယား၊ ပင်လယ် ဓားပြပေါများရာ ဆိုမာလီယာနှင့် ငတ်မွတ်မှုရှိသော အီသီယိုး ပီးယား တို့အောက်တွင် မြန်မာက ရှိနေသည်။

လက်ရှိနိုင်ငံရေးအကျပ်အတည်းနှင့် အခြားပြဿနာများအား အမြန်ဆုံးဖြေ ရှင်းနိုင်ရန် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသင့်ဟု NLD နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပြောကြား

Photo: လက်ရှိနိုင်ငံရေးအကျပ်အတည်းနှင့် အခြားပြဿနာများအား အမြန်ဆုံးဖြေ ရှင်းနိုင်ရန် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသင့်ဟု NLD နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပြောကြား
Thursday, July 10, 2014

လက်ရှိ နိုင်ငံရေးအကျပ်အတည်းနှင့် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည့် အခြားပြဿနာများအား အမြန်ဆုံးဖြေရှင်းနိုင်ရန် နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့၏ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေး ဆောင်ရွက်သင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်နှင့် အနာဂတ်အရေးတို့တွင် ကြီးစွာအကျိုးဖြစ်ထွန်းနိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် မိတ်ဖက် တိုင်းရင်းသားပါတီများက ဇူလိုင် ၇ ရက်က ပူးတွဲ သဘောထား ကြေညာချက် ထုတ်ပြန်ထားသည်။

NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က “လေးပွင့်ဆိုင်ဆွေးနွေးမှုက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ရှိတာပေါ့။ နိုင်ငံရေးအကျပ်အတည်းတွေ အခြားပြဿနာတွေရှိတယ်။ နိုင်ငံတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင်လို့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် အစိုးရ တစ်ဖက်တည်း ဆောင်ရွက်နေလို့မဖြစ်ပါဘူး။ ထို့အတူ ပြည်သူတစ်ဖက်တည်း ဆောင်ရွက်နေလို့ မဖြစ်ပါဘူး။ ထို့အတူ ပြည်သူ့လွှတ်တော်၊ တပ်မတော်ကရော အားလုံးပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေမျိုးဆိုလို့ရှိရင်တော့ တိုင်းပြည်ဟာ လျင်လျင်မြန်မြန် တိုးတက်သွားမယ့် အနေအထားမျိုးရှိပါတယ်။ ဒါကြောင့်မို့ အရေးပါတဲ့ ပုဂ္ဂိုလ်လေးဦးကတွေ့ဆုံပြီးတော့ ဆွေးနွေးကြမယ် ဆိုရင် ပြည်သူလူထုကလည်း ၀မ်းပန်းတသာရှိမယ်။ နောက်ပြီးတော့ အခက်အခဲပြဿနာတွေကိုလည်း လျင်လျင်မြန်မြန်လေး ဖြေရှင်းနိုင်မယ်ပေါ့” ဟု ပြောကြေားသည်။

မြန်မာနိုင်ငံ၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍအသီးသီးတွင် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက်ပွဲ စနစ် ပြုပြင်ပြောင်းလဲရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးဆိုင်ရာများနှင့် ပတ်သက်၍ အကျပ်အတည်း ကာလကို ရောက်ရှိနေသည့်အပြင် လှုံ့ဆော်မှုများကြောင့် လူမျိုးရေး အသွင်ဆောင် သည့်ပြဿနာများ၊ လယ်ယာမြေပြနာများနှင့် အခြားအခြားသော ပြဿနာ များစွာ ဖြစ်ပေါ်လျက်ရှိနေသည်။

“တိုင်းပြည်အတွက် အပြောင်းအလဲဖြစ်ဖို့ ကြိုးပမ်းတဲ့အခါပဲဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးအတွက် ဆွေးနွေးတဲ့အခါပဲဖြစ်ဖြစ်ပြီးတော့ အနာဂတ်တိုင်းပြည်အရေးအတွက်ပဲ ဖြစ်ဖြစ် ဆွေးနွေးတဲ့အခါမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပါသင့်တယ်။ ပြီးတော့ သဘောထားကိုလည်း ထုတ်ဖော်ပြီးတော့ ပြည်သူတွေသိသာအောင် ပြောသင့်တယ်ဆိုတဲ့ သဘောထားရှိတယ်။ ဒါကြောင့် ကဏ္ဍအသီးသီးမှာ တာဝန်ရှိကြတဲ့ပုဂ္ဂိုလ်များဟာ တွေ့ဆုံဆွေးနွေးပြီးတော့ တိုင်းပြည်အရေးအတွက် ဆွေးနွေးသင့်တယ်လို့ ဆုံးဖြတ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားသည်။

1ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက သမ္မတထံသို့ မေတ္တာရပ်ခံစာပေးပို့ခဲ့ရာ သမ္မတက ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာထွက်ရှိပြီးမှသာ လေးပွင့်ဆိုင်တွေ့ဆုံမှုကို စဉ်းစားသင့်ကြောင်း သဘောထားမှတ်ချက်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လူထုခေါင်းဆောင် တို့၏ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာစေရန် ပြည်သူများက ဆန္ဒထုတ်ဖော်တောင်းဆိုမှုများပင် ပြုလုပ်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မိတ်ဖက်တိုင်းရင်းသားပါတီများ ကလည်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်သင့်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ဇူလိုင် ၅ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-NLD)
Eleven Media Group
လက်ရှိ နိုင်ငံရေးအကျပ်အတည်းနှင့် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည့် အခြားပြဿနာများအား အမြန်ဆုံးဖြေရှင်းနိုင်ရန် နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့၏ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေး ဆောင်ရွက်သင့်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားခေါင်းဆောင်များ က ပြောကြားသည်။

တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦးကို ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေသော မွန်းတည့်နေဂျာနယ်နှစ်စောင်စလုံး ထုတ်ဝေမှု တစ်ပတ်ရပ်နားမည်

တာဝန်ခံအယ်ဒီတာအပါအ၀င် အယ်ဒီတာသုံးဦးကို ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပြီး ၁၉၅၀ ပြည့်နှစ်အရေးပေါ်စီမံမှုအက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသော မွန်းတည့်နေဂျာနယ်နှင့် Bi မွန်းတည့်နေဂျာနယ် နှစ်စောင်စလုံး ထုတ်ဝေမှုတစ်ပတ် ရပ်နားသွားမည်ဖြစ်ကြောင်း မွန်းတည့်နေဂျာနယ်မှ

ရိုမီရိုကယ်တင်ခဲ့တဲ့ အာဂျင်တီးနား၏ ကမ္ဘာ့ဖလားမျှော်လင့်ချက်

Photo: ရိုမီရိုကယ်တင်ခဲ့တဲ့ အာဂျင်တီးနား၏ ကမ္ဘာ့ဖလားမျှော်လင့်ချက်
Thursday, July 10, 2014 

ဆီးမီးဖိုင်နယ်ဒုတိယပွဲစဉ်မှာ အာဂျင်တီးနား နှင့် နယ်သာလန်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပိုပွဲပြီးသည်အထိ
တစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းကြသည့်အတွက် ပင်နယ်တီအဆုံးအဖြတ်ဖြင့် နောက်ဆုံးစင်မြှင့်တစ်နေရာအတွက် အဖြေထုတ်ခဲ့ရသည်။ 

အဆိုပါ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုတွင် အာဂျင်တီးနားဂိုးသမား ဆာဂျီအို ရိုမီရို၏ လက်စွမ်းပြကာကွယ်မှုများကြောင့်
အာဂျင်တီးနားတို့ လေးဂိုး နှစ်ဂိုးရလဒ်ဖြင့်အနိုင်ရရှိခဲ့ပြီးနောက်ဆုံးဗိုလ်လုပွဲဆီကိုတက်ရောက်သွားနိုင်ခဲ့သည်။ ရိုမီရိုသည် နယ်သာလန်အသင်းမှ ဗီလာ နှင့် ရှနိုက်ဒါတို့ကန်သွင်းသည့် ပင်နယ်တီနှစ်လုံးကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းကတော့ ပင်နယ်တီကန်သွင်းမှုတိုင်းမှာ အမှားအယွင်းမရှိခဲ့သည့်အတွက် လေးဂိုးမြောက်ကန်သွင်းအပြီးမှာ ဖိုင်နယ်လှေကားတက်ရောက်ခွင့် အဖြေထုတ်သွားနိုင်ခဲ့သည်။ 

အဆိုပါပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကိုရခဲ့တာကြောင့်ရိုမီရိုအနေဖြင့် ယခုနှစ်ကမ္ဘာ့ဖလား၏ ရွှေလက်အိတ်ဆုအတွက် မျှော်လင့်ချက်အားကောင်းနေသည်။ အာဂျင်တီးနားအနိုင်ကြောင့် ဖိုင်နယ်ပွဲစဉ် နှင့် တတိယလုပွဲ ပွဲစဉ်သည်
ဥရောပ နှင့် တောင်အမေရိကအသင်းများ ထိပ်တိုက်တွေ့ဆုံ ရင်ဆိုင်ရတော့မည်ဖြစ်၏။ အာဂျင်တီးနားအသင်းသည်
ကမ္ဘာ့ဖလား ပင်နယ်တီ အဆုံးအဖြတ် (၅)ကြိမ်တွင် (၄)ကြိမ်အနိုင်ရခဲ့သလို ကမ္ဘာ့ဖလား၏ ဆီးမီးပွဲစဉ်တိုင်းကို ဖြတ်ကျော်နိုင်သည့် 
အသင်းလည်းဖြစ်ခဲ့သည်။ နယ်သာလန်အသင်းသည် ပြီးခဲ့သည့် ၉၈ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးကို ပင်နယ်တီမှာရှုံးနိမ့်ခဲ့ဖူးသည့် အတွက် တောင်အမေရိကအသင်းများကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဆီးမီးဖိုင်နယ်မှာ ရှုံးခဲ့သည့် အစဉ်အလာဖြစ်သွားသည်။ အာဂျင်တီးနားအသင်းသည် 
ဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ရှင်အသင်းအား ဂိုးပြတ်နဲ့ချေမှုန်းလာသည့် ဂျာမနီအသင်းနဲ့ ရီရိုမြေမှာ ဂျူလိုင်လ ၁၄ ရက်နေ့မနက်မှာ 
ချန်ပီယံမှတ်တမ်းရေးထိုးနိုင်ရေး ထပ်မံအဖြေထုတ်ရတော့မည်ဖြစ်၏။။။။ 

မိုးတိမ်

Football Café
ဆီးမီးဖိုင်နယ်ဒုတိယပွဲစဉ်မှာ အာဂျင်တီးနား နှင့် နယ်သာလန်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပို ပွဲပြီးသည်အထိတစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းကြသည့်အတွက် ပင်နယ်တီ အဆုံး အဖြတ်ဖြင့် နောက် ဆုံးစင်မြှင့်တစ်နေရာအတွက် အဖြေထုတ်ခဲ့ရသည်။
အဆိုပါ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုတွင် အာဂျင်တီးနားဂိုးသမား ဆာဂျီအို ရိုမီရို၏ လက်စွမ်းပြကာ ကွယ်မှု များကြောင့်အာဂျင်တီးနားတို့ လေးဂိုး နှစ်ဂိုး ရလဒ်ဖြင့်အနိုင်ရရှိခဲ့ပြီးနောက်ဆုံး

အ၀လွန်မှုကြောင့် အပေါက်ကျွံပြီး ဖမ်းဆီး ခံလိုက်ရတဲ့ သူခိုး

 တရုတ်နိုင်ငံက သူခိုးတစ်ဦးဟာ အိမ် တစ်အိမ်ကို ဖောက်ထွင်းဖို့ ကြိုးစားရာမှာ အပေါက် ကျွံပြီး ပြန်မထွက်နို င် ခဲ့တာမို့ ဖမ်းဆီး ခံလိုက်ရ တယ်လို့ သိရပါတယ်။ ချန်ဒူးမြို့မှာ ရှိတဲ့ နေအိမ် တစ်အိမ်ကို အသက် (၃၅)နှစ် အရွယ် ရှိပြီဖြစ်တဲ့ ယီဖူက ဖောက်ထွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ယီဖူရဲ့ ကိုယ်အလေးချိန်က (၂၆၆) ပေါင်အထိ ရှိပါတယ်။ ယီဖူဟာ ဓား တစ်ချောင်းကို ကိုင်ပြီး ဖောက်ထွင်း ကိရိယာ တွေနဲ့ နေအိမ်ထဲကို ခိုးဝင်ခဲ့ပါတယ်။

အမြန်လမ်းမကြီးများဘေးရှိ လူနေအိမ်များ ဖျက်ပေးရန် မလိုတော့

နိုင်ငံတစ်ဝန်းရှိ လမ်းမ ကြီးများဘေးတွင် တည်ဆောက် ထားသော နေအိမ်အဆောက်အအုံများအား လမ်းများ တိုးချဲ့ရန် ဖျက်သိမ်းဖို့ စီစဉ်ခဲ့သော်လည်း ယခုအခါ မူလအတိုင်း ထားရှိတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခု အစိုးရသစ်လက်ထက် တွင်ပင် ပြည်ထောင်စုလွှတ်တော် က အတည်ပြု ပြဋ္ဌာန်းထားသော လမ်းမကြီးများ ဥပဒေတွင် ချွတ် ယွင်းချက်များ ပါရှိသဖြင့် ယင်း ဥပဒေအား ပြင်ဆင်သည့် ဥပဒေ ကို လွှတ်တော်နှစ်ရပ်တွင် တင် သွင်းခဲ့ပြီး ယခုလ ၉ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

Wednesday, July 9, 2014

" အာဂျင်တီးနား Vs နယ်သာလန် " ဇူလိုင် ၁၀ ၊ နံနက် ၂း ၃၀ မိနစ်

Photo: " အာဂျင်တီးနား Vs နယ်သာလန် "
ဇူလိုင် ၁၀ ၊ နံနက် ၂း ၃၀ မိနစ်

ယနေ့ညမြန်မာစံတော်ချိန် ၂ နာရီ ၃၀ မိနစ်တွင် ဆီမီဖိုင်နယ် ဒုတိယမြောက်ပွဲစဉ်ဖြစ်သည့် အာဂျင်တီးနားအသင်း နှင့် နယ်သာလန် အသင်းတို့ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

အုပ်စု ၊ ရှုံးထွက် ၊ ကွာတာ ပြိုင်ပွဲတို့တွင်တန်းပြန်တိုက်စစ် အသားပေးပြီး ခံစစ်ကွင်းလယ် ချိတ်ဆက်ကစားမှု လျှင်မြန်အားကောင်းသည့် နယ်သာလန်အသင်းက ပြိုင်ပွဲတိုင်းတွင် ခံစစ်အားပြုကာ ကောင်တာ ဖမ်းကစားကာ တိုက်စစ်ဆင်ဂိုးသွင်းယူတတ်ပြီး ပြိုင်ပွဲအစ ကစားအားအထနှေးသည့် အာဂျင်တီးနားအသင်းအနေဖြင့် 
ကစားကွက်နည်းဗျူဟာမပြောင်းလဲပါက မိနစ် ၉၀ အတွင်း အနိုင်ရမည်ဖြစ်သည်။ 

ဇာဘလက်တာ ၊ မက်ဆီ ၊ ဟီဂူအင် တို့၏ တစ်ဦချင်းစီ လျှင်မြန်စွာ ဘောလုံးပညာစွမ်းရည်ဖြင့် ခံစစ်ကွင်းလယ်ချိတ်ဆက်ကစားမှု အားကောင်းအောင် မောင်နှင်းနိုင်ပါက အာဂျင်တီးနားအသင်းက နယ်သာလန်အသင်းကို ၂-၀ ၊ ၂-၁ တို့ဖြင့်မိနစ် ၉၀ အတွင်း အနိုင်ယူနိုင်မည်ဖြစ်သလို ကွင်းလယ်အဖျတ်အားကောင်းပြီး နယ်သာလန်အသင်း၏  ရော်ဘင် ၊ ဗန်ပါစီ တို့တန်းပြန်တိုက်စစ်ဆင် တွဲလုံးများရပ်တန့်အောင်လျှင်မြန်စွာ လူကပ်ကစားပြုလုပ်နိုင်မှ သဘလျှင်အာသာစီအနိုင်ရမည်။ 

နယ်သာလန်အသင်းနေဖြင့် နည်းပြ ဗန်ဂေါလ်  နည်းစနစ်မှန်ကန်မှု 
လူစားလဲမှန်ကန်မှု နှင့် ပြိုင်ပွဲ ပထမပိုင်း ဒုတိယပိုင်း၌ အာဂျင်တီးနားသင်း၏ ခံစစ်အားပြုတိုက်စစ်ဆင်ကစားမှုကို နည်းပရိယာကြွယ်ဝစွာအသုံးချနိုင်ပါက 
အနိုင်ရယူနိုင်မည်ဖြစ်သည်။ 

နှစ်သင်းစလုံး နိုင်ချေဆတူရှိနေပြီး ကွာတာအဆင့်ကစားခဲ့သော
အာဂျင်တီးနားအသင်း ဖြေစွမ်းပုံမှန်ရရှိပါက အချိန်ပို ပင်နယ်တီထိ နည်းပြနှင့် ကစားသမားတို့ဘောလုံးပညာအားပြိုင်၍ နှစ်ဘက်အထားနပ်နပ် ပွဲချိန်ဆန့်ကာဆွဲခေါ် သွားမည်ဖြစ်သည်။ အာဂျင်တီးနားသင်းအနေဖြင့် နယ်သာလန်အသင်းအား အသင်းလိုက်စုဖွဲ့အာကောင်းစွာ တုန့်ပြန်ကစားနိုင်ပါက နိုင်ချေများသည်။ တစ်ပွဲထက်တစ်ပွဲ 
ခြေစွမ်းပြကာ ပြိုင်ဘက်အသင်းအား မာယာများစွာသုံး၍ တိုက်စစ်ဆင် ထိုးဖေါက်ဂိုးသွင်းအားကောင်းသည့် ရော်ဘင် ၊ ဗန်ပါစီ၊ ရှနိုက်ဒါ တို့၏ တစ်ဦးချင်းချိပ်ဆက်ခါ လျှင်မြန်စွာ ကစားမှု အသားစီရပါက နယ်သာလန်အသင်းကလည်း အာဂျင်တီးနားအသင်းကို ၁-၀ ၊၂-၁ ၊ ၃-၂ ၊ တို့ဖြင့် မိနစ် ၉၀ အတွင်း အနိုင်ရရှိမည်ဖြစ်သည်။ 

အိမ်ရှင် ဘရာဇီးပရိသတ် နှင့် တောင်အမေရိကတိုက်အသင်းဖြစ်သည့် အာဂျင်တီးနား အနိုင်ရရှိနိုင်မှု ပိုလေးသာ၍ နေပါသည်။
ယနေ့ညမြန်မာစံတော်ချိန် ၂ နာရီ ၃၀ မိနစ်တွင် ဆီမီဖိုင်နယ် ဒုတိယမြောက်ပွဲစဉ်ဖြစ်သည့် အာဂျင်တီးနား အသင်း နှင့် နယ်သာလန် အသင်းတို့ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

အုပ်စု ၊ ရှုံးထွက် ၊ ကွာတာ ပြိုင်ပွဲတို့တွင်တန်းပြန်တိုက်စစ် အသားပေးပြီး ခံစစ်ကွင်းလယ် ချိတ်ဆက်ကစားမှု လျှင်မြန်အားကောင်းသည့် နယ်သာလန်အသင်းက ပြိုင်ပွဲတိုင်းတွင် ခံစစ်အားပြုကာ ကောင်တာ ဖမ်းကစားကာ တိုက်စစ်ဆင်ဂိုးသွင်းယူတတ်ပြီး ပြိုင်ပွဲအစ ကစားအားအထနှေးသည့် အာဂျင်တီးနားအသင်းအနေဖြင့် 

ကမ္ဘာ့ဖလား၏ ဂိုးအများဆုံး သွင်းသူများ

Photo: ကမ္ဘာ့ဖလား၏ ဂိုးအများဆုံး သွင်းသူများ

Mizzima

မန္တလေးဗလီများတွင် တာဝန်ရှိသူများသာ တရားဟောခွင့်ပြုမည်ဆိုသည်မှာ မဟုတ်ဟုဆို

မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ ပဋိပက္ခဖြစ်စဉ်များဖြစ်ပွားပြီးနောက် ဗလီနှင့်သက်ဆိုင်သည့် တာဝန်ရှိသူများသာ တရားဟောပြောခွင့်ပြုရန် အကြံပြုချက်ကို အကောင်အထည်ဖော်နိုင်မည် မဟုတ်ဟု အိုလာမာအစ္စလာမ် သာသနာပြုရုံး(မန္တလေးတိုင်း) မှ အတွင်းရေးမှူးဦးသန့်က ဇူလိုင် ၉ ရက်တွင် မဇ္ဈိမကိုပြောသည်။

မန္တလေးမြို့အတွင်း တင့်ကားများမောင်းနှင်သွား၍ လူထုထိတ်လန့်မှုဖြစ်ပွား


မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့အတွင်း၌ တင့်ကားများ မွန်းတည့်အချိန် ဖြတ်သန်းမောင်းနှင် သွားသောကြောင့် ဒေသခံများ ထိတ်လန့်ကာ သက်ဆိုင်ရာမြို့နယ်ရဲစခန်းများသို့ စုံစမ်းမေးမြန်းမှုများရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက ဆိုသည်။

ချမ်းအေးသာဇံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက မန္တလေးမြို့၏ လက်ရှိအခြေအနေသည် တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း၊ စစ်တပ် တင့်ကားများဖြတ်သန်းသွားမှုနှင့် ပတ်သက်ပြီး ကောင်းသည်များမရှိသလို၊ ဆိုသည်များလည်းမရှိကြောင်း သုံးသပ်သွားသည်။

ဘရာဇီး ပရိသတ်ရဲ့ဒေါသအိုး ပေါက်ကွဲမှု

ဓာတ်ပုံ- Mail online
ဇူလိုင်လ ၉ ရက်နေ့က အိမ်ရှင် ဘရာဇီး နဲ့ ဂျာမနီ အသင်းတို့ ကစားခဲ့ကြရာမှာ ပထမပိုင်းပွဲစဉ်အချိန်မှာ ဂျာမဏီက ဘရာဇီးကို ၅ ဂိုးအပြတ်ရနေခဲ့ပါတယ်။ အိမ်ရှင် ဘရာဇီးကို အားပေးခဲ့တာကလည်း ကွင်းလုံး 
ပြည့်နီးပါးမျှပါပဲ။ အဲဒီအချိန် ဘရာဇီးနိုင်ငံ ရဲ့ ကော်ပါကာဘာနာ (Copacabana) ကမ်းခြေမှာ ရောက်ရှိနေ ကြတဲ့ အိမ်ရှင် အသင်းကို အားပေးတဲ့ ပရိတ်သတ်တွေကတော့ ကမ္ဘာ ပျက်သလို ခံစားခဲ့ကြရတာပါ။ 

မန္တလေးနန်းတွင်းမှ စစ်ယာဉ်တန်း ကျုံတစ်ပတ်ပတ်

(ဓာတ်ပုံ- ကိုမျိုးကျော်)
မန္တလေးနန်းတွင်းမှ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ထွက်ခွာလာသော စစ်ယာဉ်တန်းသည် မန်းလေးကျုံး တစ်ပတ်ပတ်ကာ ၇၈ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြား၊ မျက်ပါးရပ်ရှိ တပ်မတော်လေ့ကျင်းရေးတပ် စစ်တပ်ဝင်း အတွင်းသို့ ပြောင်းရွေ့သွားသည်ကို တွေ့ရသည်။ တင့်ကားများပါသော စစ်ယဉ်တန်းအား မန္တလေးမြို့ခံအချို့အထူးအဆန်းသဖွယ် ကြည့်ရှုခဲ့ကြသည်ဟု 7Day Daily မန္တလေး

စတုတ္ထတန်းနှင့် အဋ္ဌမတန်းကို မြို့နယ်၊ ခရိုင်နှင့် တိုင်းစစ် စစ်ဆေးခြင်းသည် အတန်းချရန် မဟုတ် ဘဲ ပင်ကို အရည်အချင်း များကို ဖော်ထုတ်ရန်သာဖြစ်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၈- အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲ များကို မြို့နယ်စစ်နှင့် ခရိုင်၊ တိုင်းစစ် စစ်ဆေးခြင်း သည် ကျောင်းသားများ ကို အတန်းချရန် မဟုတ်ဘဲ ပင်ကိုယ် အရည်အချင်းများကိုသာ ဖော်ထုတ် ရန် ဆောင် ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပညာရေးသုတေသန အဖွဲ့ ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။
ယခုပညာသင်နှစ်တွင် အခြေခံ ပညာမှ အတန်းတင်စာမေးပွဲများနှင့် ပတ် သက်ပြီး လေးတန်းတွင် မြို့နယ်

ကံဦးကျောင်းတိုက်ဆရာတော်ကို သံဃနာယက နှင်ထုတ်သဖြင့် ဒေသခံပြည်သူများဆန္ဒပြမည်

ဒလမြို့ ကံဦးကျောင်း တိုက်ဆရာတော်ကို ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က ကျောင်းမှနှင်ထုတ်မှုကြောင့် ရပ်ကွက်နေ ပြည်သူ ၂၀၀ ခန့်က ဆရာတော် ထွက်မသွားရန် ကျောင်းကို ပိတ်ဆို့ထားပြီး ဇူလိုင် ၉ ရက်တွင် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ဒလမြို့ ပြည် သူများက တိုင်းသံဃနာယက အဖွဲ့ကို ကန့်ကွက်ဆန္ဒပြသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဒလမြို့၊ ဆာပါချောင်းစု ရပ်ကွက် ကံဦးကျောင်း ဆရာ တော်ဦးကုသလကို ကျောင်းပြု ပြင်တည်ဆောက်မှုနှင့်

လသားအရွယ် ကလေးငယ်တစ်ဦးကို ဘူတာရုံတစ်ခုမှာ စွန့်ပစ်ခဲ့တဲ့ မိခင်ကို ရဲတပ်ဖွဲဝင်က ဖမ်းဆီးအရေးယူ။

Photo: လသားအရွယ် ကလေးငယ်တစ်ဦးကို ဘူတာရုံတစ်ခုမှာ 
စွန့်ပစ်ခဲ့တဲ့ မိခင်ကို ရဲတပ်ဖွဲဝင်က ဖမ်းဆီးအရေးယူ။
Wednesday, July 9, 2014 

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရှိတဲ့ မန်ဟာတန် ရထားဘူတာရုံ တစ်ခုမှာ လသားအရွယ်ကလေးငယ် တစ်ဦးကို စွန့်ပစ်ခဲ့တဲ့ မိခင်အား သက်ဆိုင်ရာ ရဲတပ်ဖွဲဝင်က ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါကလေးငယ်တစ်ဦးကို လူသွားလာလာမှု များပြားလှတဲ့ မန်ဟာတန် ရထားဘူတာရုံမှာ စွန့်ပစ်ခဲ့တဲ့ မိခင်ကတော့ Frankea Dabbs လို့အမည်ရပြီး သူမရဲ့ အသက်၂၀သာ ရှိသေးတယ်လို့သိရပါတယ်။

Frankea Dabbs ဟာ သူမရဲ့ လသားအရွယ်သမီးငယ်လေးကို ရထားဘူတာရုံမှာ လွန်ခဲ့တဲ့ တနင်္လာနေ့က စွန့်ပစ်ခဲ့တယ်လို့သိရပြီး သူမဟာ အိမ်ခြေမဲ့သူတစ်ဦးဖြစ်တယ်လို့ သက်ဆိုင်ရာရဲတပ်ဖွဲဝင်တွေက ပြောဆို ထားပါတယ်။ သူမဟာ လွန်ခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က နယူးယောက်မြို့ကို ရောက်ရှိလာပြီးနောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့တယ်လို့ Freankea က ရဲတပ်ဖွဲ့)င်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Frankea က သူမရဲ့ ယောင်္ကျားဖြစ်သူ သေဆုံးပြီးကတည်းက လသားရွယ်ကလေးငယ်ကို မစောင့်ရှောက်နိုင်လို့ စွန့်ပစ်ခဲ့ပတယ်လို့ နယူးယောက်မြို့ ရဲတပ်ဖွဲဝင်ပြောခွင့်ရပုဂ္ဂိုလ် Stephen Davis ကပြောဆိုခဲ့ပါတယ်။

လသားအရွယ်သမီးငယ်လေးကိုရထားဘူတာရုံမှာ စွန့်ပစ်ခဲ့တဲ့ မိခင်ဖြစ်သူ Frankea Dabbs ကိုတော့ နယူးယောက်ရဲတပ်ဖွဲ့ဝင်တွေက် ဖမ်းဆီးအရေးယူကာ တရားစွဲဆိုမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Yangon Media Group
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရှိတဲ့ မန်ဟာတန် ရထားဘူတာရုံ တစ်ခုမှာ လသားအရွယ်ကလေးငယ် တစ်ဦးကို စွန့်ပစ်ခဲ့တဲ့ မိခင်အား သက်ဆိုင်ရာ ရဲတပ်ဖွဲဝင်က ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါကလေးငယ်တစ်ဦးကို လူသွားလာလာမှု များပြား လှတဲ့ မန်ဟာတန် ရထားဘူတာရုံမှာ စွန့်ပစ်ခဲ့တဲ့ မိခင်ကတော့ Frankea Dabbs လို့အမည်ရပြီး သူမရဲ့ အသက်၂၀သာ ရှိသေးတယ်လို့သိရပါတယ်။

Frankea Dabbs ဟာ သူမရဲ့ လသားအရွယ် သမီးငယ်လေးကို ရထားဘူတာရုံမှာ လွန်ခဲ့တဲ့ တနင်္လာနေ့က စွန့်ပစ်ခဲ့တယ်လို့သိရပြီး သူမဟာ

အပြန်အလှန်အမှုဖွင့်ခဲ့ကြတဲ့ KTV မှာ ဖြစ်တဲ့ ရန်ပွဲ

Photo: အပြန်အလှန်အမှုဖွင့်ခဲ့ကြတဲ့ KTV မှာ ဖြစ်တဲ့ ရန်ပွဲ
Wednesday, July 9, 2014 

၆-၇-၂၀၁၄ ရက်နေ့ ညနေ(၅း၅၀)အချိန်တွင်စိုးမင်း (၂၀)နှစ် (ဘ)ဦးစိန်ကုလား၊ ကုန်စိမ်းရောင်း၊ အမှတ်(၇)ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူးမြို့ နေသူမှာ တစ်ရပ်ကွက်တည်းနေသူများ ဖြစ်သည့်
ဇင်ကိုကိုဦး (၂၃)နှစ် (ဘ)ဦးမြင့်ဦး၊ ၀ပ်ရှော့လုပ်၊ခေါကြီး (၂၃)နှစ် (ဘ)ဦးတင်ဝင်းတို့နှင့်အတူ
ယာဉ်ဝင်းသစ်ရှိ လူကြီးမင်း KTV ဆိုင်သို့ သွားရောက်ပြီး KTV အခန်းတစ်ခန်းအား ၄င်းတို့မှလူမရှိဘူး အထင်ဖြင့် ဆွဲဖွင့်လိုက်ရာ KTV အခန်းအတွင်း သန့်ဇင် (၂၃)နှစ် (ဘ)ဦးအောင်ကြည်သင်း၊
မန်နေဂျာ၊ ယာဉ်ဝင်းသစ်၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့၊ အောင်ကျော်မြင့် (၂၇)နှစ် (ဘ)ဦးဝင်းမြင့်၊ လက်ထောက် မန်နေဂျာ၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့၊ ဧည့်ကြိုဖြစ်သူ နန်းလွင်ဦး(၁၉)နှစ် (ဘ)ဦးသိန်းတန်၊ ကျွန်းသာယာ ရပ်ကွက်၊ပဲခူးမြို့နှင့် အမည်မသိ အမျိုးသား(၂)ဦးတို့အားတွေ့ရပြီး တံခါးဖွင့်သည်ကိစ္စနှင့် စကားများကြရာ သန့်ဇင် ပါ(၅)ဦးမှ စိုးမင်း ပါ(၃)ဦးတို့အား အရှည်(၆)ပေ၊ လုံးပတ်(၃)လက်မခန့်ရှိ ၀ါးတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ရာ ခေါကြီးမှာ ထွက်ပြေးသွားခဲ့ပြီး စိုးမင်းနှင့် ဇင်ကိုကိုဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် သန့်ဇင် ပါ (၅)ဦးတို့အား အရေးယူပေးပါရန် စိုးမင်းမှ တိုင်တန်းသဖြင့် ပဲခူးမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်း (ပ)၂၆၇/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၂၅/၁၁၄ အရ အမှုဖွင့်အရေးယူထားရှိခဲ့ပြီး

အလားတူ သန့်ဇင် (၂၃)နှစ် (ဘ)ဦးအောင်ကြည်သင်း၊မန်နေဂျာ၊ ယာဉ်ဝင်းသစ်၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့နေသူမှလည်း ၆-၇-၂၀၁၄ ရက်နေ့ ညနေ(၅း၅၀)အချိန်တွင် ၄င်းသည် လူကြီးမင်း KTV ဆိုင်တွင်အလုပ်လုပ်နေစဉ် ဆိုင်ရှေ့သို့ စိုးမင်း (၂၀)နှစ် (ဘ)ဦးစိန်ကုလား၊ ကုန်စိမ်းရောင်း၊ အမှတ်(၇)ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူးမြို့နေသူသည် တစ်ရပ်ကွက်တည်းနေသူများ ဖြစ်သည့် ဇင်ကိုကိုဦး (၂၃)နှစ် (ဘ)ဦးမြင့်ဦး၊ ၀ပ်ရှော့လုပ်၊ ခေါကြီး (၂၃)နှစ် (ဘ)ဦးတင်ဝင်း၊ ကျဘမ်းလုပ် တို့နှင့်အတူ KTV ဆိုင်သို့ရောက်ရှိလာပြီး KTV အခန်းများအား လိုက်လံဖွင့်နေသဖြင့် ဧည့်ကြိုဖြစ်သူ နန်းလွင်ဦး(၁၉)နှစ် (ဘ)ဦးသိန်းတန်၊

ကျွန်းသာယာရပ်ကွက်နေသူမှ တားမြစ်ခဲ့ရာ စိုးမင်း ပါ(၃)ဦးတို့မှ နန်းလွင်ဦးအား ပါးရိုက်နေစဉ် အောင်ကျော်မြင့် (၂၇)နှစ် (ဘ)ဦးဝင်းမြင့်၊ လက်ထောက်မန်နေဂျာ၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့မှ ၀င်ရောက်တားမြစ်ခဲ့ရာ စိုးမင်း ပါ(၃)ဦးတို့မှ အနီးရှိပုလင်းများအား ရိုက်ခွဲပြီး ပုလင်းကွဲဖြင့် အောင်ကျော်မြင့်အား လိုက်လံထိုးခဲ့ရာ အောင်ကျော်မြင့်နှင့် နန်းလွင်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် စိုးမင်း ပါ(၃)ဦးတို့အား အရေးယူပေးပါရန်တိုင်တန်းသဖြင့် ပဲခူးမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်း (ပ)၂၆၈/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၂၄/၃၂၃/၁၁၄ အရ အပြန်အလှန် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။

Credit To: ပဲခူးမြို့ရဲ့ထူးခြားသတင်းများ
၆-၇-၂၀၁၄ ရက်နေ့ ညနေ(၅း၅၀)အချိန်တွင်စိုးမင်း (၂၀)နှစ် (ဘ)ဦးစိန်ကုလား၊ ကုန်စိမ်းရောင်း၊ အမှတ်(၇)ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူးမြို့ နေသူမှာ တစ်ရပ်ကွက်တည်းနေသူများ ဖြစ်သည့်
ဇင်ကိုကိုဦး (၂၃)နှစ် (ဘ)ဦးမြင့်ဦး၊ ၀ပ်ရှော့လုပ်၊ခေါကြီး (၂၃)နှစ် (ဘ)ဦးတင်ဝင်း တို့နှင့်အတူယာဉ်ဝင်း သစ်ရှိ လူကြီးမင်း KTV ဆိုင်သို့ သွားရောက်ပြီး KTV အခန်းတစ်ခန်းအား ၄င်းတို့မှလူမရှိဘူး အထင်ဖြင့် ဆွဲဖွင့်လိုက်ရာ KTV အခန်းအတွင်း သန့်ဇင် (၂၃)နှစ် (ဘ)ဦးအောင်ကြည်သင်း၊မန်နေဂျာ၊ ယာဉ်ဝင်းသစ်၊

တစ်ရွာလျှင် ငွေ (၁၀) သိန်း RCSS/SSA အဖွဲ့မှ တောင်းခံ

Photo: တစ်ရွာလျှင် ငွေ (၁၀) သိန်း RCSS/SSA အဖွဲ့မှ တောင်းခံ
Wednesday, July 9, 2014 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာများတွင် ဇူ ၇ ရက်နေ့၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA ) အဖွဲ့မှ တစ်ရွာလျှင် ငွေ (၁၀) သိန်းတောင်းခံထားကြောင်း ယင်းဒေသခံများထံမှ သိရ သည်။

“ အုပ်ချုပ်ရေးမှူးကို ခေါ်ပြောတာလား၊ ဖုန်းဆက်ပြောလား မသိဘူး၊ ရွာထဲမှာတော့ ငွေကောက်တယ်၊ တစ်အိမ်ကို အနည်းဆုံး ငါးသောင်းထည့်ရမယ်၊ ရွာသားတွေက မပေး နိုင်ဘူးလို့ ငြင်းနေကြတယ်၊ ဘယ်လိုဖြစ်လာဦးမလဲ မသိဘူး ” ဟု ဘော်ကြိုရွာသားတစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့မှ ဘော်ကြိုကျေးရွာအပါအ၀င် ပတ်ဝန်းကျင်ကျေးရွာများအား တစ်ရွာလျှင် (၁၀) သိန်းခန့်ဖြင့် ဇူလိုင်လ ကုန်အပြီး ပေးရန် တောင်း ထားခြင်းဖြစ်ကြောင်း သိရသည်။

“ ရွာသူရွာသားတွေက ကြောက်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းမပေးရဲဘူးလေ၊ အဲဒါကိုအခွင့်ကောင်း ယူပြီး အုပ်ချုပ်ရေး မှူးတွေ ငွေကောက်နေတာ၊ မနေ့ကလာတဲ့ ရွာသားတစ်ယောက်ဆိုရင် ငွေ မပေးနိုင်လို့ ခဏ ရှောင် လာရတယ်လို့ပြောတယ်၊ မိသားစု စားဝတ်နေရေး ကြပ်တည်းတဲ့လူတွေကျတော့ ငွေငါးသောင်းဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်တာ၊ တာဝန်ရှိသူတွေက ဖြေရှင်ပေးနိုင်ရင်တော့ ကောင်းတာပေါ့ ” ဟု သီပေါမြို့ခံ ကျောင်းဆရာတစ်ဦး က ဆိုသည်။

အဆိုပါကျေးရွာများ၌ တောင်းခံထားသော ငွေများအား RCSS/SSA အဖွဲ့အမာခံ ဗိန္ဓောဆရာတစ်ယောက်ထံသွားရောက် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
“ ဟိုမော်ရွာက ဗိန္ဓောဆရာကို သွားသွင်းရမယ်လို့ ပြောတယ်၊ အဲဒီလူက အမာခံလေ၊ ဗိန္ဓောဆရာယောင်ဆောင်ပြီး ဆက်ကြေးကောက်ပေးနေတာ ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

RCSS/SSA အဖွဲ့အား ဆက်ကြေးကောက်ပေးနေသူမှာ သီပေါမြို့နယ်၊ ဘောကြိုအုပ်စု ဟိုမှော်ကျေးရွာ၌ နေထိုင်သော အိုက်စံဖြစ်ပြီး ဗိန္ဓောဆရာအဖြစ် အယောင်ဆောင်ထားကြောင်း၊ ဒေသခံများ၏ လာရောက်တိုင်တန်းမှုကြောင့် နယ်မြေခံ တပ်နှင့် မြို့နယ်ရဲစခန်းတို့ ပူးပေါင်းကာ ဖမ်းဆီးရမိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ရဲစခန်းမှ ရဲအုပ် တစ်ဦးက ပြောကြားခဲ့သည်။

Credit To:စိုင်းလင်းလင်း (သီပေါ)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာ များတွင် ဇူ ၇ ရက်နေ့၌ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA ) အဖွဲ့မှ တစ်ရွာလျှင် ငွေ (၁၀) သိန်းတောင်းခံထားကြောင်း ယင်းဒေသခံများထံမှ သိရ သည်။
“ အုပ်ချုပ်ရေးမှူးကို ခေါ်ပြောတာလား၊ ဖုန်းဆက်ပြောလား မသိဘူး၊ ရွာထဲမှာတော့ ငွေကောက်တယ်၊ တစ်အိမ်ကို အနည်းဆုံး ငါးသောင်းထည့်ရမယ်၊ ရွာသားတွေက မပေး နိုင်ဘူးလို့ ငြင်းနေကြတယ်၊