Thursday, December 18, 2014

ဗုဒ္ဓဘားအမှု ဖမ်းဆီးထားသူ ၃ ဦးကို ရုံးထုတ်


Photo: ဗုဒ္ဓဘားအမှု ဖမ်းဆီးထားသူ ၃ ဦးကို ရုံးထုတ်
Thursday, December 18, 2014

ဗုဒ္ဓရုပ်ပွားတော်ရဲ့နားတော်မှာ နားကျပ်တပ်ဆင်ထားတဲ့ပုံစံ ဒီဇိုင်းပြုလုပ်ပြီး လူမှုကွန်ရက်မီဒီယာတွေကဆင့် ပါတီပွဲကြော်ငြာတဲ့အတွက် အဖမ်းခံထားရသူ သုံးဦးကို ဒီနေ့ ရုံးထုတ်ပါတယ်။

သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ နယူးဇီလန်နိုင်ငံသား Mr. Philip၊ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်တို့ကို ဗဟန်းမြို့နယ် တရားရုံးမှာ ပထမဆုံး ရုံးထုတ်တာပါ။

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာ ဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲအတွက် ဗုဒ္ဓရုပ်ပွားတော်ကို တလွဲသုံးပြီး ကြေညာခဲ့တဲ့အတွက် တာဝန်ရှိတဲ့ သုံးဦးကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

DVB
ဗုဒ္ဓရုပ်ပွားတော်ရဲ့နားတော်မှာ နားကျပ်တပ်ဆင်ထားတဲ့ပုံစံ ဒီဇိုင်းပြုလုပ်ပြီး လူမှုကွန်ရက်မီဒီယာတွေ ကဆင့် ပါတီပွဲကြော်ငြာတဲ့အတွက် အဖမ်းခံထားရသူ သုံးဦးကို ဒီနေ့ ရုံးထုတ်ပါတယ်။

ဦးထင်လင်းဦးအား ချောင်းဦးတရားရုံးမှ တစ်ဆင့် မုံရွာထောင်သို့ ပို့ထား

ဘာသာရေးအရ အငြင်းပွားဖွယ် ရာများကို ဟောပြောခဲ့မှုနှင့်ပတ်သက် ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ် တရားရုံးမှတစ်ဆင့် မုံရွာထောင်သို့ ဒီဇင်ဘာ ၁၇ရက်ကပို့ လိုက်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးတာဝန်ခံ ဦးအေးကြူ(ခ)မုံရွာအောင်ရှင်က ပြော သည်။

နှစ်ပေါင်း (၁၁၃) နှစ်တိုင် မပျက်မစီး လင်းနေဆဲ ဖြစ်တဲ့ မီးသီး

မီးသီး တစ်လုံးဟာ လပေါင်း အတော်အသင့် သုံးပြီး သွားရင် လဲရလေ့ရှိ ပါတယ်။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ မီးသီး တစ်လုံး ကတော့ နှစ်ပေါင်း (၁၁၃) နှစ်ရှိ သွားပြီ ဖြစ်ပေမယ့် မပျက်မစီး လင်းနေဆဲ ဖြစ်ပါတယ်။
အဲဒီ မီးသီးပာာ မရပ်မနား ဖွင့်ထားတာ ဖြစ်ပြီး ဘာမှ မဖြစ်ဘဲ အလင်းရောင် ထုတ်လွှင့်ပေးနေ တာကြောင့် ပညာရှင်တွေ ကိုယ်တိုင် လာရောက် လေ့လာမှု ပြုလုပ်ခဲ့ရ ပါတယ်။ ဒီမီးသီးပာာ ၁၉၀၁ ကတည်းက ထွန်းထားတာ ဖြစ်ပြီး ကယ်လီဖိုးနီးယား ပြည်နယ်၊ လီဗာမိုးမြို့ရှိ မီးသတ် စခန်းမှာ ရှိနေ တာ ဖြစ်ပါတယ်။ တစ်နေ့ကို (၂၄) နာရီ ဖွင့်လှစ် ထားပြီး နှစ်ကြိမ်သာ ခဏရပ်နားထားဖူး ပါတယ်။

လှိုင်သာယာကျူးကျော်မှု ပဋိပက္ခတွင် လူနှစ်ဦးသေဆုံးဟု သတင်းထွက်ပေါ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာ ယာမြို့နယ် ဒဂုံဧရာစက်မှုဇုန်အတွင်း ကျူးကျော်နေထိုင်သူများနှင့် ဝါဝါဝင်း ကုမ္ပဏီတို့ ကျူးကျော်များကို ဖယ်ရှား ခြင်းမှ စတင်ကာ ပဋိပက္ခများကြောင့် ကျူးကျော်နေထိုင်သူများအတွင်းမှ နှစ် ဦးသေဆုံးခဲ့သည်ဟု ယူဆရကြောင်း ကျူးကျော်များထံမှ သိရသည်။
ဝါဝါဝင်းကုမ္ပဏီမှ လူအင်အား ၁ဝဝ ကျော်က ဒီဇင်ဘာ ၁၆ရက် ည ၆ နာရီခွဲတွင် လေးခွ၊ တုတ်နှင့် ဓားများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျူးကျော် နေထိုင်သူများဘက်မှ ၃ဝ ဝန်းကျင်ခန့် ဒဏ်ရာရရှိကာ နှစ်ဦးသေဆုံးခဲ့ရသည်ဟု ကျူးကျော်နေထိုင်သူများထံမှ သိရသည်။

သြစတြေးလျတပ်မတော်က မြန်မာ့တပ်မတော်အား ငြိမ်းချမ်းရေးထိန်းသိမ်းမှုသင်တန်းပေးရန်စီစဉ်

ငြိမ်းချမ်းရေးထိန်းသိမ်း မှုဆိုင်ရာသင်တန်းကို သြစတြေး လျတပ်မတော်က မြန်မာ့တပ်မ တော်အား လေ့ကျင့်သင်ကြားပေးရန် စီစဉ်နေကြောင်းသတင်းရရှိ သည်။

ယခုလ ၁၆ရက်တွင် နေ ပြည်တော်ဘုရင့်နောင်ရိပ်သာ၌ မြန်မာနိုင်ငံဆိုင်ရာသြစတြေးလျ သံအမတ်ကြီးနှင့်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့တွေ့ဆုံ စဉ်အထက်ပါအတိုင်းဆွေးနွေး ပြောဆိုခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ပြုလုပ် နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ရပ်တန့်ကာ နေရာအချို့တွင် တိုက်ပွဲများပြန်လည်ဖြစ်ပေါ်နေ ချိန်၌ သြစတြေးလျတပ်မတော် က အထက်ပါသင်တန်းပို့ချရန် ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ် သည်။

လာမည့်နှစ်အတွင်း တင်သွင်းခွင့်ပြုမည့် မော်တော်ယာဉ် မော်ဒယ်လ်နှစ်များ စီးပွား/ကူးသန်း ထုတ်ပြန်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်အတွင်း တင်သွင်းခွင့်ပြုမည့် မော်တော်ယာဉ် မော်ဒယ်လ်နှစ် သတ်မှတ်ချက်များကို ထုတ်ပြန်လိုက်သည်။

CIF စတင်သတ်မှတ်သည့် ၂၀၁၁ ခုနှစ်မှ စတင်၍ နှစ်စဉ် ထုတ်ပြန်ကြေညာခဲ့ပြီး မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများကို မော်ဒယ်လ်နှစ်အလိုက် ပြောင်းလဲ ဆောင်ရွက်ပေးလျက် ရှိကြောင်း အဆိုပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လုပ်ဖော်ကိုင်ဖက် အဆိုတော်မင်းသမီးတစ်ဦးနှင့် ကောလာဟလ စိုင်းစိုင်းခမ်းလှိုင် ငြင်းဆို

၁၀ စုနှစ်ကျော်သည့်တိုင် ဂီတလောက၌ အောင်မြင်
နေသူ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်၏ အချစ်ရေး၊ အိမ်
ထောင်ရေးနှင့် ပတ်သက်၍ ခိုင်မာသည့် လူမှုရေးကောလာ
ဟလများ ထွက်ရှိရာ ၂၀၁၅ တွင် စိုင်းစိုင်းတစ်ယောက်
မင်္ဂလာဆောင်မည်ဟူသည့် သတင်းများလည်းထွက်ပေါ်
ရာ အဆိုပါသတင်း ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ စိုင်း
စိုင်းခမ်းလှိုင်က ““၂၀၁၅ ထဲမှာ အိမ်ထောင်ပြုမယ်ဆိုတာ
လုံးဝမဖြစ်နိုင်သေးပါဘူး။ ဒီကိစ္စကတော့ သေချာ ပါ
တယ်။ ကျွန်တော်ရဲ့ လူမှုရေး၊ အချစ်ရေးကိစ္စတွေနဲ့ပတ်
သက်ပြီး မဖြေချင်ပါဘူး ။ ဒါပေမဲ့ သတင်းမှန်တစ်ခုကတော့
ကျွန်တော့် အနေနဲ့ ကျွန်တော် လုပ်ဖော်ကိုင်ဖက် အဆို
တော် မင်းသမီးတစ်ယောက်ယောက်နဲ့တော့ လူမှုရေး
ပတ်သက်ဖို့လောလောဆယ် မရှိသေးပါဘူး””ဟူ၍ ဖြေ
ကြားသည်။

သံတွဲတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ် တစ်ခု၌ ကျူးလွန်သူ သုံးဦးကို ထောင်ဒဏ်နှစ် ၃၀ စီချ

သံတွဲမြို့နယ်တွင် ၂၀၁၃ အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ၌ ဦးဆောင်ပါဝင်ခဲ့သူ သုံးဦးကို ထောင်ဒဏ်နှစ် ၃၀ပြစ်ဒဏ်ချမှတ် ခဲ့ကြောင်းသတင်းရရှိသည်။
ယင်းဖြစ်စဉ်တွင် ရခိုင်လူမျိုး နှစ်ဦးသေဆုံးခဲ့ပြီး ထောင်ဒဏ်ချ မှတ်ခံရသူများမှာ အစ္စလာမ်ဘာ သာဝင်များဖြစ်သည်။

MPT မှ မိုဘိုင်း ကွန်ရက်များ ချဲ့ထွင်မည် ဖြစ်၍ ဖုန်းလိုင်းများ ယာယီ ပြတ်တောက်မည်

မိုဘိုင်း ကွန်ရက်များ ချဲ့ထွင် အဆင့်မြှင့်တင်မည် ဖြစ်၍ မြန်မာပြည် အထက်ပိုင်း မြို့နယ်များတွင် ဖုန်းလိုင်းများ ယာယီ ပြတ်တောက်မည် ဖြစ်ကြောင်း မြန်မာ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ကွန်ရက်တွေ အဆင့်မြှင့်တင်တဲ့ အချိန်မှာတော့ ပြည်သူတွေ အသုံးမပြုတဲ့ အချိန်ကို ဆောင်ရွက် မှာပါ။ ပြီးရင်တော့ အရင်အတိုင်းပဲပုံမှန်ပြန်ပြီး အသုံးပြုနိုင် မှာပါ ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ဦးသိန်းဟုတ်က ပြောသည်။

ဇနီးဖြစ်သူနှင့် စကားများသည့်အတွက် ခင်ပွန်းသည်က တောင်ပေါ်မှခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ လက်ပံခုံကျေးရွာ၏ အနောက်ဘက်(၄)ဖာလုံခန့်အကွာရှိ အမြင့်ပေ(၁၅၀)ခန့်ရှိသော တောင်ကုန်း တစ်ခုပေါ်မှ ဒီဇင်ဘာ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ဇနီးဖြစ်သူနှင့် စကားများလာသည့် ခင်ပွန်းသည် တစ်ဦးမှာ ခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်လိုက်ကြောင်း သိရသည်။

ကြက်ဥအတုနှင့် အစစ်

Photo: ကြက်ဥအတုနှင့် အစစ်

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၁၄

အပေါ်ယံကြည့်ရုံမျှဖြင့် မရနိုင်သော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ကြက်ဥအတုများကို သိရှိစေရန် ခွဲခြားနည်းကိုဖော်ပြပေးလိုက်ပါတယ်

ကြက်ဥအတုနှင့် အစစ်ခွဲခြားရန်မှာ ကြက်ဥအတုကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါက အဆန်ချောင်နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်ကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါကမူ အဆန်ချောင်၍ မရှိခြင်း။

ကြက်ဥအတုနှင့်အစစ်ကို ယှဉ်၍ မှန်၊ ဇလုံ၊ ပန်းကန်တစ်ခုခုပေါ်တွင် တင်၍ လှည့်ကြည့်ပါက အတုသည် ဂျင်လည်သကဲ့သို့ မွှတ်နေအောင် လည်ပတ်နှုန်းမြန်ပြီး လည်ပတ်ချိန် ပိုကြာခြင်း။

ကြက်ဥအတုနှင့် အစစ်ကို ယှဉ်ကြည့်ပါက အတု၏ အရောင်က ပိုရင့်ခြင်း။

အတု၏အခွံသည် ဖယောင်းနှင့်ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် ပိုမိုအလင်းပြန်ခြင်း။

ကြက်ဥများကို ပွတ်ကြည့်လျှင် အတု၏အခွံ မျက်နှာပြင်က ပို၍ကြမ်းခြင်း။

ကြက်ဥကို ခွဲ၍ကြည့်မည်ဆိုပါက အတု၏ အနှစ်နှင့် အကာသည် သီးသန့်မနေဘဲ ရော၍သွားခြင်း။

ကြက်ဥအတု၏အခွံ၌ အမြှေးမပါဘဲ အစစ်၌ အမြှေးပါခြင်း။

ပြုတ်လိုက်ပါကလည်း အတုသည် အစစ်ကဲ့သို့ အနှစ်နှင့်အကာ သီးခြားမနေဘဲ ရော၍သွားကြောင်း တွေ့ရသည်။

စာဖတ်သူများအနေဖြင့် အထက်ပါနည်းလမ်းများဖြင့် သတိပြု ခွဲခြားစိစစ်ဝယ်ယူ စားသုံးကြရန်၊ ရောင်ချသူများ အနေဖြင့် ကြက်ဥအတုများ ရောင်းချခြင်းမပြုရန်၊ စားသောက်ဆိုင်များမှလည်း ကြက်ဥအတုများ အသုံးပြု၍ ကြော်လှော်ချက်ပြုတ် ရောင်းချခြင်းမပြုကြဖို့လိုအပ်ပေသေးသည်မဟုတ်ပါလား

The New Light of Myanmar

Credit to သင့်အတွက်ကျန်းမာရေး
အပေါ်ယံကြည့်ရုံမျှဖြင့် မရနိုင်သော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ကြက်ဥအတုများကို သိရှိစေရန် ခွဲခြားနည်းကိုဖော်ပြပေးလိုက်ပါတယ်

ကြက်ဥအတုနှင့် အစစ်ခွဲခြားရန်မှာ ကြက်ဥအတုကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါက အဆန်ချောင်နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်ကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါကမူ အဆန်ချောင်၍ မရှိခြင်း။

ကြက်ဥအတုနှင့်အစစ်ကို ယှဉ်၍ မှန်၊ ဇလုံ၊ ပန်းကန်တစ်ခုခုပေါ်တွင် တင်၍ လှည့်ကြည့်ပါက အတုသည် ဂျင်လည်သကဲ့သို့ မွှတ်နေအောင် လည်ပတ်နှုန်းမြန်ပြီး လည်ပတ်ချိန် ပိုကြာခြင်း။

ကယားပါတီသုံးခု မဟာမိတ် ပါတီအဖြစ် ပူးပေါင်းယှဉ်ပြိုင်မည်

ကယားပြည်နယ်ရှိ ဒေသခံပါတီသုံးခုက ၂၀၁၅ ရွေးကောက်ပွဲတွင် သီးခြားစီယှဉ်ပြိုင်မည်မဟုတ်ဘဲ မဟာမိတ်ပါတီအဖြစ် ပူးပေါင်းယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ကယန်းအမျိုးသားပါတီအထွေထွေ အတွင်းရေးမှူးဦးခွန်နန်းရီက ပြောသည်။

ကယားပြည်နယ်တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီအပြင် ဒေသခံ ပါတီများဖြစ်သည့် ကယန်းအမျိုး သားပါတီ၊ လူမျိုးပေါင်းစုံဒီမိုက ရေစီပါတီ(ကယားပြည်နယ်) နှင့် ကယားလူမျိုးစုဒီမိုကရေစီပါတီ ဟူ၍ ပါတီခြောက်ခုရှိသော်လည်း ဒေသခံ ပါတီသုံးပါတီက မဟာမိတ်ပါတီအဖြစ်သာ ယှဉ်ပြိုင်သွား မည်ဟုသိရသည်။

လေးနှစ်အရွယ်မိန်းကလေးတစ်ဦးအား ကျပ်တစ်သောင်းခွဲနှင့် ရောင်းစားခံရမှုကို အရေးယူဖြေရှင်းပေးခြင်းမရှိ၍ ပြည်မြို့တွင် ညအချိန်လူစုလူဝေးဖြင့် တောင်းဆိုမှုဖြစ်ပွား

ပဲခူးတိုင်အနောက်ပိုင်းဒေသကြီး ပြည်မြို့တွင် လေးနှစ်အရွယ် ကလေးငယ် တစ်ဦးရောင်းစားခံရပြီး တောင်းစားနေရမှုကိုအရေးယူဖြေရှင်း ပေးခြင်းမရှိခြင်းကြောင့် လူစုလူဝေးဖြင့် လမ်းလျှောက်တောင်းဆိုမှု တစ်ရပ်ဖြစ်သွားခဲ့ကြောင်း သိရသည်။   ဒီဇင်ဘာလ ၁၆ ရက်ည ၈ နာရီခန့်က ပြည်မြို့၊ ဗိုလ်ချုပ် ကျောက်ရုပ်အနီး ညဈေးတန်းတွင် တောင်းရမ်း စားသောက်နေသည့်ကလေးများအတွင်းမှ လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရောင်းစားခံထားရကြောင်း ဈေးသည်များ၏ကူညီ တောင်းခံ မှုကြောင့် လူမှုအဖွဲ့စည်းများ၊ အရပ်ဘက်အဖွဲ့များက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့်၊ ခရိုင်လူမှုဝန်ထမ်း ရုံးများသို့ ဆက်သွယ်အကြောင်းကြားဖြေရှင်းပေးရန် ပြောဆိုခဲ့ပြီး လာရောက်ခြင်းမရှိ၍ လူစုလူဝေးများဖြင့် တောင်းဆိုမှုဖြစ်သွားဖြစ်ကြောင်း သိရသည်။

တပ်ရင်းတပ်ဖွဲ့များတွင် ကျင်းပမည့် ခရစ္စမတ်ပွဲများနှင့် ပတ်သက်၍ ကေအိုင်အေဦးစီးချုပ် သတိပေး

တပ်မတော်နှင့် စစ်ရေး တင်းမာမှုများဖြစ်နေသည့် ကချင် လွတ်မြောက်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များတွင် ခရစ္စမတ်ပွဲတော်များ ခမ်းခမ်းနားနား မပြုလုပ်ရန်နှင့် စစ်ရေးသတိရှိကြရန် ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ထုတ်ပြန်လိုက် ကြောင်း သတင်းရရှိသည်။
ကချင်လူမျိုးများသည် ခရစ် ယာန်ဘာသာဝင် အများစုဖြစ်ကြ ပြီး ၂၀၁၂ က ကေအိုင်အိုဌာနချုပ် အနီးတစ်ဝိုက်တွင် အစိုးရ တပ်မတော်နှင့် ကေအိုင်အေတပ်များ ခရစ္စမတ်ကာလအတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ဝန်ကြီးညွှန်ကြားချက်ဖြင့် ဆရာ ယူနီယံများဖွဲ့ရန် ပြင်နေခြင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာအဖွဲ့ချုပ် ကန့်ကွက်

ဝန်ကြီး၏ညွှန်ကြားချက် အရဟုဆိုကာ တက္ကသိုလ်အသီး သီးတွင် ဆရာ၊ ဆရာမများ ယူနီ ယံနှင့်ကျောင်းသားများယူနီယံတို့ ဖွဲ့စည်းနိုင်ရန် စတင်ဆောင်ရွက် နေသည့်အပေါ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ ချုပ်က ဒီဇင်ဘာ ၁၆ ရက်တွင် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ ဖွဲ့စည်းထားသည့် တက္ကသိုလ်ဆရာ၊ ဆရာမများ သမဂ္ဂများကို ပညာရေးဝန်ကြီး ဌာနက အသိအမှတ်ပြုလက်ခံခဲ့ ခြင်းမရှိဘဲ အမျိုးသားပညာရေး နည်းဥပဒေအတည်ပြုပြဋ္ဌာန်းခြင်းမရှိမီ ဝန်ကြီး၏ညွှန်ကြားချက်အရဟုဆိုကာ ယူနီယံဖွဲ့စည်းခြင်း သည် ဆရာ၊ ဆရာမအချင်းချင်း သွေးကွဲစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည်ဟုယူဆကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

လက်နက်နှင့်အတူ KIA ဒုတပ်ကြပ်တစ်ဦး အလင်းဝင်ရောက်

Photo: လက်နက်နှင့်အတူ KIA ဒုတပ်ကြပ်တစ်ဦး အလင်းဝင်ရောက်

ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၁၄

တာလောကြီးဌာနေ ပြည်သူ့စစ်နှင့် အစိုးရတပ်မတော် ခလရ(၈၇)သို့ မောင်ကျော်ဇင် အသက် (၂၁) ၊ရှမ်းကချင် အဘ-ဦးကျော်စိုး၊ အမိ-ဒေါ်လုပိုင် ကိုယ်ပိုင်အမှတ် A-55906 သည် AK-47 တစ်လက်၊ အီဂျာ ဗုံးသီး(၈)လုံး၊ ပို့ကျည်(၉)ထောင့်နှင့်အတူ KIA ယူနစ်ဖောင်းဖြင့် လာရောက် အလင်းဝင်ခဲ့တယ်လို့ သိရှိရသည်။

မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်နေ ၄င်းဒုတပ်ကြပ်အဆင့်ရှိ မောင်ကျော်ဇင်သည် တာလောကြီးနှင့် မိုင်(၂၀)ခန့်ဝေးသော ပန်းတောင်းစခန်းမှ လာရောက်အ၀င်းတာဖြစ်ပြီး ဖားကန့် လုံးခင်းတွင် ကျောက်တူးနေစဉ် (၄.၁၁.၂၀၁၁)ရက်နေ့က KIA ၏ ဖမ်းဆီးစုဆောင်းခြင်းကို ခံခဲ့ရကာ KIA ကချင်လွတ်မြောက်ရေး တပ်မတော်ထံတွင် (၃)နှစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့လည်း သိရှိရသည်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဖခင်ဖြစ်သူ ဦးကျော်စိုးက ၄င်း၏သားဖြစ်သူ ဖမ်းဆီးခံရတာ သုံးနှစ်ရှိပြီဖြစ်ကြောင်း ပြောဆိုထားပြီး အဆိုပါ ဒုတပ်ကြပ်အဆင့်ရှိ မောင်ကျော်ဇင်ကို သက်ဆိုင်ရာသို့ အပ်နှံပြီး
မိဘများထံ ပြန်လည်ပို့ဆောင်သွားမည်ဟု တာလောကြီး ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

ဧရာဝတီမြစ်ဖျားဆီက
တာလောကြီးဌာနေ ပြည်သူ့စစ်နှင့် အစိုးရတပ်မတော် ခလရ(၈၇)သို့ မောင်ကျော်ဇင် အသက် (၂၁) ၊ရှမ်းကချင် အဘ-ဦးကျော်စိုး၊ အမိ-ဒေါ်လုပိုင် ကိုယ်ပိုင်အမှတ် A-55906 သည် AK-47 တစ်လက်၊ အီဂျာ ဗုံးသီး(၈)လုံး၊ ပို့ကျည်(၉)ထောင့်နှင့်အတူ KIA ယူနစ်ဖောင်းဖြင့် လာရောက် အလင်းဝင်ခဲ့တယ်လို့ သိရှိရသည်။

၂၀၁၅ ခုနှစ် မေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲပြုလုပ်ရန် မဖြစ်နိုင်သေးကြောင်း ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးပြောကြား

၂၀၁၅ မေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲပြုလုပ်ရန်မဖြစ်နိုင်သေးကြောင်း ပြည်ခိုင်ဖြိုး ပါတီဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ပြောကြားသည်။

ဟင်္သာတမြို့ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးရုံးခန်းတွင် စည်ပင်သာယာရေးကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းကတွေ့ဆုံစဉ် ထိုသို့သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတဖြစ်လျှင် အလုပ်သမားနှင့် လယ်သမားတို့အတွက် ကြိုးစားပေးမည်ဟု သူရဦးရွှေမန်းဆို

သမ္မတဖြစ်လိုသည်၊ သမ္မတဖြစ်ရန် ကြိုးပမ်းမည်ဟု ဆက်တိုက်ပြောဆိုလာခဲ့သူ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းသည် ဒီဇင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်ခန်းမ၌ ၂ဝ၁၅ တွင် 'သမ္မတ ဖြစ်လျှင်' ဆိုသည့်စကား ထည့်သွင်း ပြောလာခဲ့ပြန်သည်။

Wednesday, December 17, 2014

အဖမ်းဆီးခံ သျှမ်းလူငယ်များ လွတ်မြောက်ရေး ဆုတောင်းပြည့်ဘုရားတွင် ဆုတောင်းမည်

Photo: အဖမ်းဆီးခံ သျှမ်းလူငယ်များ လွတ်မြောက်ရေး ဆုတောင်းပြည့်ဘုရားတွင် ဆုတောင်းမည်

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၁၄

အဖမ်းဆီးခံ သျှမ်းလူငယ်များ လွတ်မြောက်ရေး၊ ထွက်ပြေးလူငယ်များနှင့် မိဘများ တွေ့ဆုံနိုင်ရေး၊ အသက်ဆုံးရှုံးသွားသော လူငယ်များအတွက် ဆုတောင်းမေတ္တာ ပို့သရေးတို့နှင့် ပက်သက်ပြီး (၃-၁-၂၀၁၅) ရက်နေ့တွင် မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားရင်ပြင်တွင် မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်စသော မြို့နယ်များမှ အဖမ်းဆီးခံ သျှမ်းလူငယ်များ၏ မိဘများနှင့် ဒေသခံပြည်သူများ (၁၀၀၀)၀န်းကျင်လောက် ဆုတောင်းမေတ္တာ ပို့သမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။

ကျွန်တော်တို့က နိုင်ငံတော်သမ္မတဆီကိုလည်း အကူအညီတောင်းပြီးပြီ၊ ဗိုလ်ချုပ်ဂွမ်မော်ကိုလည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုပြီးပြီ၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO နည်းပညာအထောက်အကူပြုအဖွဲ့ကိုလည်း အကူအညီတောင်းပြီးပါပြီ ဘယ်မှာမှ အကူအညီတောင်းလို့မရတော့လို့ နောက်ဆုံး ဘုရားဆီမှာ အကူအညီတောင်းပြီး ဆုတောင်းမေတ္တာ ပို့သမှာပါလို့ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ အတွင်းရေးမှူး ဦးစန်းဝေက ပြောဆိုသည်။

ကျွန်တော့သား (၂၁)နှစ်အရွယ် မောင်ကျော်ဇင်(ခ)ဆွတ်ငိုင်ကို (၄-၁၁-၂၀၁၁)ရက်နေ့က ဖားကန့် လုံးခင်းမှာ ကျောက်တူးနေတုန်း KIA ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်၊ အခုဆို (၃)နှစ်ရှိသွားပြီ၊ သေသလား ရှင်သလားဆိုတာလည်း မသိရပါဘူး လို့ မိုးညှင်း၊ အောင်သပြေရပ်ကွက်က ဖခင်ဖြစ်သူ ဦးကျော်စိုးက ပြောဆိုသည်။

၂၀၁၁-ခုနှစ် နောက်ပိုင်း ရရှိထားသော စာရင်းများအရ အဖမ်းဆီးခံ သျှမ်းလူငယ်များ (၂၈၀)ကျော်ရှိပြီး ယနေ့အချိန်ထိတော့ ထွက်ပြေးလွတ်မြောက်လာသူ သျှမ်းလူငယ်ပေါင်း (၉၀)ကျော်ခန့်ရှိတယ် လို့ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောဆိုထားတာလည်း ဖြစ်ပါသည်။

ဧရာဝတီမြစ်ဖျားဆီက
အဖမ်းဆီးခံ သျှမ်းလူငယ်များ လွတ်မြောက်ရေး၊ ထွက်ပြေးလူငယ်များနှင့် မိဘများ တွေ့ဆုံနိုင်ရေး၊ အသက်ဆုံးရှုံးသွားသော လူငယ်များအတွက် ဆုတောင်းမေတ္တာ ပို့သရေးတို့နှင့် ပက်သက်ပြီး (၃-၁-၂၀၁၅) ရက်နေ့တွင် မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားရင်ပြင်တွင် မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်စသော မြို့နယ်များမှ အဖမ်းဆီးခံ သျှမ်းလူငယ်များ၏ မိဘများနှင့် ဒေသခံပြည်သူများ (၁၀၀၀)၀န်းကျင်လောက် ဆုတောင်းမေတ္တာ ပို့သမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။

ထိုင်း သံဃာ့မဟာနာယက အဖွဲ့၏ ဘိက္ခုနီမ ၀တ်ခြင်းသည် ၀ိနည်းနှင့် မညီကြောင်း ထုတ်ပြန်ချက် ဝေဖန်ခံရ

ဘန်ကောက်၊ ဒီဇင်ဘာ ၁၆။ အမျိုးသမီးများအား ဘိက္ခုနီမအဖြစ်သို့ ရဟန်းခံပေးခြင်းသည် ၀ိနည်းတော်နှင့် မညီကြောင်း ထိုင်းသံဃာ့ မဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်မှုများ ထွက် ပေါ်လာပြီး အမျိုးသားပြုပြင်ပြောင်းလဲရေး ကောင်စီ (NRC) အဖွဲ့ဝင် သုံးဦးကလည်း ယင်းကြေညာ ချက်သည် အခြေခံ လူ့အခွင့်အရေး တစ်ခုဖြစ်သော ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ အတွက် Facebook Account များ ပိတ်သိမ်းရန် တိုင်ကြားသည့်စနစ် သီးသန့်ပြင်ဆင် ရေးဆွဲပေးမည်

မြန်မာနိုင်ငံ အတွက် Facebook Account များ ပိတ်သိမ်းရန် တိုင်ကြားသည့် စနစ်ကို သီးသန့်ပြင်ဆင် ရေး ဆွဲ ပေးမည် ဖြစ်ကြောင်း သိရသည်။
Facebook Accountများ ပိတ်သိမ်းရန် တိုင်ကြားသည့် စနစ် (Report) ကို မြန်မာနိုင်ငံ အတွက် င်္ Facebook မှ သီးသန့်ပြင်ဆင်ရေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း တရားဝင် ချိတ်ဆက် ဆောင်ရွက်နေသည့် အိုင်စီတီအဖွဲ့(မီဒို)မှ သိရသည်။

အမုန်းပွားဖွယ် စကားများ ဖြန့်ဖြူးရေးသားနေသည့် Accountများ၊ ဘာသာရေး အရ လှုံ့ဆော်မှုများ ပြုလုပ်နေသည့် Face book စာမျက်နှာများကိုမြန်ဆန်သည့် လုပ်ဆောင်မှုများဖြင့် ပိတ်သိမ်းပစ်နိုင်ရန် ယင်းသို့ ပြင်ဆင်ရေး သား နေခြင်းဖြစ်ကြောင်း သိရသည်။

လိင်အသားပေး ဇာတ်ဝင်ခန်းမျိုး ထည့်ရိုက်ပြီး ပရိသတ်ကို ဆွဲဆောင်တဲ့သူ မဟုတ်ဘူးလို့ ဆိုလာတဲ့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်

Photo: လိင်အသားပေး ဇာတ်ဝင်ခန်းမျိုး ထည့်ရိုက်ပြီး ပရိသတ်ကို ဆွဲဆောင်တဲ့သူ မဟုတ်ဘူးလို့ ဆိုလာတဲ့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၁၄

ပရိသတ်တွေ ထွေလာကြည့်ကတည်းက စိတ်ဝင်စားနေကြတဲ့ ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒီဇင်ဘာက ၁၀ ရက်နေ့က မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမမှာ မျက်နှာစုံညီ အစည်းအဝေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ မိန်းကလေး တစ်ယောက်ကို ယောင်္ကျားသားတစ်စုက အဓမ္မပြုကျင့်ပုံ ဇာတ်ဝင်ခန်းပါဝင်ပြီး ခုလို မုဒိန်းကျင့်တဲ့အခန်းကို ၃ ကြိမ်တိုင်တိုင် ပြသထားတဲ့ အတွက် ဆင်ဆာနဲ့ငြိစွန်းနေတယ်ဆိုတဲ့ သုံးသပ်ချက်ဖြင့် သတင်းတွေ လှုပ်ခတ်သွားခဲ့တာပါ။ ဒါ့ကြောင့် ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားရဲ့ ဒါရိုက်တာ ညိုမင်းလွင်နဲ့ တွေ့ဆုံဖြဖြစ်ခဲ့တဲ့အခါ “အဲ့ဒါကလေ ဇာတ်ကားထွက်ပြီး ကြည့်ရင် သိလိမ့်မယ်ဗျ။ ကျွန်တော့အနေနဲ့ အထူးတလည်ကြီး ငါတော့ ဒီကားထွက်လာရင် ဖြေရှင်းရတော့မှာပဲ ဆိုပြီး ပြင်ဆင်ထားလောက်စရာ ဇာတ်ဝင်ခန်းမျိုးဟုတ်ကို မဟုတ်ဘူး။ အဲ့ဒီဇာတ်ကားက မုဒိန်းမှုကို ပညာပေးတဲ့ အနေနဲ့ရိုက်ထားတာလဲ မဟုတ်ဘူး။ သာမန်ထိတ်လန့်ခြောက်ခြားစရာ သရဲကားတစ်ခုပဲ။ အဲ့ဒီထဲမှာ အဲ့ဒီဇာတ်ဝင်ခန်းက အရေးကြီးတဲ့ ဇာတ်ဝင်ခန်းတစ်ခုအနေနဲ့ပါတယ်ဗျ။ ဒီဇာတ်ဝင်ခန်းကြောင့် ဒီဇာတ်ကား တစ်ခုလုံးဖြစ်သွားတယ်။ ဇာတ်ကားကိုလဲ ခုပရိသတ်လက်ထဲကို အမြန်ဆုံးရောက်နိုင်အောင်ကြိုးစားနေပါတယ်။ ဒါပေမဲ့ ကားမထွက်ခင် အငြင်းအခုံတွေ၊ အပြောအဆိုတွေက တကယ်တော့ မဖြစ်သင့်ပါဘူး။ ဒီဟာက တကယ်လို့သာ ဆင်ဆာ အစည်းအဝေးမှာ တက်လာတဲ့သူတွေကို ဇာတ်လမ်းသဘောလောက်ရှင်းပြပြီး ဇာတ်ဝင်ခန်းတွေကို ထုတ်ပြပြီး အဆုံးအဖြတ်ခံတယ်ဆိုရင် ကျွန်တော်လက်ခံပါတယ်။ ခုဟာက ဘာမှမပြောပဲနဲ့ အဓမ္မပြုကျင့်တဲ့အခန်းကို သုံးကြိမ်တိုင်တိုင် ပြသထားသဖြင့်ဆိုတော့ ဒါက ကျွန်တော်ဖန်တီးတဲ့ ဇာတ်ကားထဲမှာ သုံးကြိမ်ပြဖို့လိုကိုလို့ကို ပြထားတာပါ။ အဲ့ဒါကို ကျွန်တော်က အလကားနေရင်း မလိုအပ်ပဲ သုံးကြိမ်ပြထားတယ်ဆိုပြီး မြင်တာကတော့ အဆင်မပြေဘူး။”လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဒီဇာတ်ဝင်ခန်းတွေကြောင့် ဆင်ဆာတင်းကြပ်မှုပိုလာမယ်ဆိုတာကိုလည်း သူက “ဒါကို ရမယ်ရှာပြီး ဆင်ဆာပြန်တင်းကြပ်မယ်လို့ ဆုံးဖြတ်တာ အဓိပ္ပါယ်ကိုမရှိဘူး။ ကျွန်တော်ကတော့ လက်သင့်မခံချင်ဘူး။ တကယ်ဆို ဆင်ဆာက ရှိကို မရှိသင့်တော့ပါဘူး။ ကားထဲမှာ ဇာတ်ကားစပြပြီး မိနစ်သုံးဆယ်ကျော်မှာ အဲ့ဒီဇာတ်ဝင်ခန်းကို တစ်ကြိမ်ဖွင့်ကြည့်တယ်။ ဆင်ဆာအဖွဲ့ကပြတဲ့အခန်းမှာ ဗီဒီဗီ ဖွင့်ကြည့်တာတွေ မပါဘူး။ တကယ်ဆို ဒါတွေပါရမယ်။ သရုပ်ဆောင်က ဒီဗီဒီဖွင့်ကြည့်တဲ့တွက် screen မှာ မပြသွားဘူး။ အဓမ္မကျင့်တဲ့အခန်းပဲ ရွေးပြီးပြသွားတယ်။ ပထမတစ်ယောက်တစ်ကြိမ် ဒီလောက်ပြတယ်။ စိုးနန္ဒာကျော်ထပ်ကြည့်တော့ တစ်ကြိမ်ဒီလောက်ပြတယ်။ ပထမမပါတဲ့ ဇာတ်ဝင်ခန်းတွေ ထပ်ပါလာတယ်။ အဲ့ဒီတုန်းက စိုးနန္ဒာကျော်ကြည့်တဲ့ အရုပ်တွေလဲ ဆင်ဆာမှာ မပြသွားဘူး။ နောက်ဆုံးမှာ ပြတဲ့ တစ်ကြိမ်ကတော့ ပြလို့မရဘူး။ အဲ့ဒါကတစ်ကားလုံးရဲ့အဓိက ဆိုတော့လေ။ ကျွန်တော်မပြတော့ဘူး။ ဆင်ဆာလွတ်ပြီ ကျွတ်ပြီဆိုရင်တောင် ဘယ်တော့မှ ကျွန်တော့မိသားစုနဲ့ကြည့်လို့မသင့်တော်တဲ့ ကားမျိုး ရိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ရှင်းတယ်။ ခုဟာကလဲ ဇာတ်လမ်းအတွက် လိုအပ်လို့ပြတာဖြစ်တဲ့အတွက် ခွင့်ပြုကိုပြုသင့်ပါတယ်”တဲ့။

ဒါ့အပြင် သူ့စိတ်ထဲမှာ ရှိတဲ့ ဖြစ်သင့်တယ်လို့ ထင်တဲ့အရာတွေကိုလည်း ခုလို ထပ်မံပြောကြားသွားပါသေးတယ်။ “ကျွန်တော်တို့ပြည်ထောင်စုအစိုးရသစ် တက်လာတဲ့ အချိန်တုန်းက မှတ်မှတ်ရရ ဖတ်ခဲ့ရတဲ့သတင်းမှာ အရင်တပ်မတော်အစိုးရ လက်ထက်တုန်းက ပိတ်ပင်ထားခဲ့တဲ့ Website ပေါင်း သုံးသောင်းကျော် ဖွင့်ပေးခဲ့တယ်။ အဲ့ဒီထဲမှာ အများပြည်သူ ကြည့်ရှုဖို့တွက်မသင့်ဘူးလို့ပြောလို့ရတဲ့ ညစ်ညမ်း website လိုဟာမျိုးတွေလဲ ပါတယ်။ ဒါက ကြည့်တဲ့သူနဲ့ ကြည့်တဲ့သူကို ထိန်းချုပ်တဲ့ အုပ်ထိန်းသူတို့ညှိယူရမဲ့ကိစ္စလေ။ အဲ့ဒါကို အစိုးရသစ်က သဘောပေါက်စွာနဲ့ Website ပေါင်းသုံးသောင်းကျော်ကို ပြန်ဖွင့်ပေးခဲ့တယ်။ ကျွန်တော်တို့မြန်မာ့ရုပ်ရှင်နဲ့ဗီဒီယိုကိုလဲ ဒီ့ထက်ပိုပြီး အဆင်ပြေပြေလေး အလုပ်လုပ်လို့ရလာအောင် လွှတ်ပေးဖို့က အချက်ပေါင်း သုံးသောင်းကျော်မလိုအပ်ပါဘူး။ အခုပိတ်ဆို့နေတဲ့အချက်တွေကို ဖွင့်ပေးလိုက်ရင်ပဲ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုက ဒီ့ထက်ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့ရလာစရာအကြောင်းရှိနေပါတယ်။ ဒီတော့ အချက်ပေါင်း သုံးသောင်းကျော်တောင် မလိုအပ်တဲ့ ရုပ်ရှင်လောကကို ဘာလို့မဖွင့်ပေးနိုင်ရတာလဲ။ လို့ပဲမေးချင်မိပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ရဲရဲတင်းတင်းခိုင်ခိုင်မာပြောလို့ရတာက ကျွန်တော်ဖန်တီးခဲ့တဲ့ တစ်လျှောက်လုံးကို ပြန်ကြည့်ရင် ကျွန်တော်ဟာ ဒီလိုမျိုး sex နဲ့ပတ်သတ်တဲ့ လိင်အသားပေး ဇာတ်ဝင်ခန်းမျိုးကို ဇာတ်ကားနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် ထည့်ရိုက်တဲ့ ပရိသတ်ကို ဆွဲဆောင်တဲ့ ဒါရိုက်တာ မဟုတ်ခဲ့ဖူးဘူး။ 

အဲ့ဒါတော့ ညီမတို့လဲ သိကြပါတယ်။ ပရိသတ်တွေ ဒီဇာတ်ကားကို ကြည့်ကြသည်ဖြစ်စေ မကြည့်ကြသည်ဖြစ်စေ ကျွန်တော့သမိုင်းမှာ ဒီဟာလေးတစ်ခုကတော့ ခိုင်ခိုင်မာမာ ပြောလို့ရတဲ့ ကိစ္စတစ်ခုပါ။ ခု HD ဗီဒီယိုခေတ်မှာ Black Magic တွေ Red တွေနဲ့ရိုက်ထားတဲ့ အရုပ်တွေကို အဖြူအမဲခေတ်က ကဒ်ကြီးတွေနဲ့ ဆင်ဆာဖြတ်လို့တော့ မရဘူး။ အဲ့လိုလုပ်ရင်တော့ သံချေးတွေ ပေစွန်းနေတဲ့ အနုပညာတွေပဲ ထွက်လာမှာပါ။ ခုလက်ရှိ မနက်ဖြန်မှာ ဆုမြတ်နိုးဦးနဲ့အတူ ကျွန်တော်ကိုယ်တိုင် သရုပ်ဆောင်ပြီးဒါရိုက်တာလုပ်မဲ့ ဇာတ်ကားတစ်ကား စရိုက်ဖို့ရှိနေတယ်။ ဒါနဲ့ပတ်သတ်ပြီး ဆုမြတ်နိုးဦးကို အင်တာဗျူးတွေမှာ မဖြေဖို့ ကျွန်တော် မေတ္တာရပ်ခံထားတယ်။  မလိုအပ်ပဲ သတင်းတွေကြိုပြီး မပွချင်လို့ပါ။ နောက်ထပ် လူပြောစရာဖြစ်လာဦးမလားလို့မပြောတတ်သေးဘူး။ ထူးထူးခြားခြားတစ်ခု ထပ်ဖြစ်လာပါလိမ့်မယ်။ လာမဲ့ ၂၀၁၅ ပထမလရဲ့ သုံးလပတ်မှာ အထူးခြားဆုံးအရာတစ်ခု လုပ်ဖို့ရှိပါတယ်”လို့လဲပြောပြခဲ့ပါတယ်။

Trend Myanmar
ပရိသတ်တွေ ထွေလာကြည့်ကတည်းက စိတ်ဝင်စားနေကြတဲ့ ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒီဇင်ဘာက ၁၀ ရက်နေ့က မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမမှာ မျက်နှာစုံညီ အစည်းအဝေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ မိန်းကလေး တစ်ယောက်ကို ယောင်္ကျားသားတစ်စုက အဓမ္မပြုကျင့်ပုံ ဇာတ်ဝင်ခန်းပါဝင်ပြီး ခုလို မုဒိန်းကျင့်တဲ့အခန်းကို ၃ ကြိမ်တိုင်တိုင် ပြသထားတဲ့ အတွက် ဆင်ဆာနဲ့ငြိစွန်းနေတယ်ဆိုတဲ့ သုံးသပ်ချက်ဖြင့် သတင်းတွေ လှုပ်ခတ်သွားခဲ့တာပါ။ ဒါ့ကြောင့် ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားရဲ့ ဒါရိုက်တာ ညိုမင်းလွင်နဲ့ တွေ့ဆုံဖြဖြစ်ခဲ့တဲ့အခါ “အဲ့ဒါကလေ ဇာတ်ကားထွက်ပြီး ကြည့်ရင် သိလိမ့်မယ်ဗျ။ ကျွန်တော့အနေနဲ့ အထူးတလည်ကြီး ငါတော့ ဒီကားထွက်လာရင် ဖြေရှင်းရတော့မှာပဲ ဆိုပြီး ပြင်ဆင်ထားလောက်စရာ ဇာတ်ဝင်ခန်းမျိုးဟုတ်ကို မဟုတ်ဘူး။ အဲ့ဒီဇာတ်ကားက မုဒိန်းမှုကို ပညာပေးတဲ့ အနေနဲ့ရိုက်ထားတာလဲ မဟုတ်ဘူး။

အစိုးရနှင့် NCCT တို့ ၂၂ ရက်နေ့ တွေ့ဆုံဆွေးနွေးမည်

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ ဒီဇင်ဘာ ၂၂ နှင့် ၂၃ ၌ ရန်ကုန်တွင် တွေ့ဆုံကာ NCCTဘက်မှ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် ၈ဦး တက်ရောက်ရန် ဒီဇင်ဘာ ၁၆ ရက်က ဆုံးဖြတ်ခဲ့သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။
ယင်းတွေ့ဆုံမှုကို “လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ” ဟုသာ သတ်မှတ်ကာ ယုံကြည်မှု ပြန်လည် တည်ဆောက်ရန် အဓိက ညှိနှိုင်းကာ တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်းအပေါ် ပြန်လည်ဆွေးနွေးရန် နှစ်ချက်ကို သဘောတူခဲ့ခြင်း ဖြစ်သည်။
“အခုသွားတဲ့ ခရီးစဉ်က လုပ်ငန်းညှိနှိုင်းတဲ့ အစည်းအဝေးဖြစ်တယ်။ ဒါကြောင့် လုပ်ငန်းနဲ့ ပတ်သက်တာက နှစ်ပိုင်းရှိတယ်။ NCA ဆက်လက် ဆွေးနွေးသွားဖို့ မြန်မြန်ဆွေးနွေးသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ နောက် ထစ်နေတာတွေ၊ မပြေလည်တာတွေ၊ နိုင်ငံရေး မိုးလေဝသ မကောင်းတာတွေကို ပြန်ညှိနှိုင်းပြီးတော့ ယုံကြည်မှု ပြန်လည်တည်ဆောက်ပြီးတော့ ကျွန်တော်တို့ အမြန်ဆုံး ဆောင်ရွက်သွားမှာပါ” ဟု သူက မဇ္ဈိမကို ပြောသည်။

ကျွန်တော်သိသော ခွန်ဥက္ကာ

Photo: ကျွန်တော်သိသော ခွန်ဥက္ကာ

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၁၄

အခုခေတ်စားနေတဲ့ ဖက်ဒရယ်တပ်မတာ် ဘယ်ကစလို့မေးရင်တော့ အားလုံးသိကြတဲ့အတိုင်း UNFC ကစလို့ပဲဖြေရ ပါတော့မယ်။ UNFC ဘယ်ကစဆိုရင်လည်း KIA ကစလို့ဖြေရလိမ့်မယ်။ UNFC ကို KIA ကချုပ်ကိုင်ထားတာကိုတော့ သိပြီးကြားပြီးဖြစ်ကြလိမ့်မယ်လို့လဲ ထင်ပါတယ်။ ၀မ်ပေါင်နိုင်ငံတော် အိပ်မက်မက်နေသူ ဦးအင်ဘန်လက UNFC ဥက္ကဌ ရာထူးယူထားတယ်ဆိုတာလဲ အားလုံးအသိပါ။ ထားပါတော့….ငြိမ်းချမ်းရေးမလိုချင်ဘူးဆိုတဲ့အချက်ကလွဲရင် KIA အကြောင်းကို ကျုပ်လဲကောင်းကောင်းမသိပါဘူး။ ဒါပေမယ့် UNFC အတွင်းရေးမှုးနေရာမှာ မိန့်မိန့်ကြီးထိုင်နေသူက ဗိုလ်မှုးကြီးခွန်ဥက္ကာနဲ့ပတ်သက်လို့ နည်းနည်းပြောချင်ပါတယ်။

ခွန်ဥက္ကာဟာ နိုင်ငံရေးတွေလုပ်ကိုင်နေတဲ့အတွက် နိုင်ငံရေးသမားလား၊ UNFC ကအတွင်းရေးမှုး ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးသမားလား၊ သူ့ကိုသူ ဗိုလ်မှုးကြီးလို့ဆိုနေတဲ့အတွက် စစ်သားလားလို့မေးကြပါလိမ့်မယ်။ တကယ်တော့ ခွန်ဥက္ကကာဟာ နိုင်ငံရေးသမားလည်း မဟုတ်၊ ငြိမ်းချမ်းရေးသမားလည်း မဟုတ်၊ စစ်သားလည်းမဟုတ်တော့ပါဘူး။
နိုင်ငံရေးနှင့် ငြိမ်ချမ်းရေးကိုခုတုံးလုပ်၍ စီးပွားရှာနေသော စီးပွားရေးသမားစစ်စစ်သာဖြစ်ပါတယ်။ UNFC မှာ ခပ် တည်တည်နဲ့ အတွင်းရေးမှုးရာထူးယူထားတဲ့ ခွန်ဥက္ကာကိုကြည့်ပြီး သူ့အကြောင်းကို အတွင်းအပြင်အူမချေးခါး မကျန် သိနေတဲ့ ကျွန်ပ်အဖို့ဘေးကထိုင်ကြည့်ပြီး တော်တော်စိတ်ပျက်ရပါတယ်။ ဒါကြောင့်လည်း ချက်မသိတော့ သူခိုးကို သမက်မထင်စေဘို့ ဒီစာကိုရေးရတာဖြစ်ပါတယ်။

ခွန်ဥက္ကာဆိုတာ တကယ်တော့ PNLO ကသင်းကွဲတစ်ယောက်ပါ၊ ငြိမ်းချမ်းရေးဆိုတာကို ဘယ်တုန်းကမှ စိတ်မ၀င် စားခဲ့ သူလည်းဖြစ်တယ်။ အရင်စစ်အစိုးရလက်ထက်က PNLO ငြိမ်းချမ်းရေးယူတော့ မငြိမ်းချမ်းချင်တဲ့ ခွန်ဥက္ကာဟာ ကရင် ပြည်နယ်၊ မာနယ်ပလောဒေသမှာရှိတဲ့၊ KNU စခန်းကိုပြေးပါတယ်။ အဲဒီတုန်းက KNU ကလည်း သနားကမားနဲ့ ခိုလှုံခွင့် လာတောင်းနေတဲ့ ခွန်ဥက္ကာကို မာနယ်ပလောမှာ တဲလေးဆောက်ပြီးကျွေးမွေးထားရပါတယ်။ ယနေ့ ငြိမ်းချမ်းရေးလို ချင်နေတဲ့ KNU အနေနဲ့ UNFC ကထွက်သွားတာလဲ ခွန်ဥက္ကာကြောင့်အများကြီးပါတယ်။ UNFC မှာ KIA ဗိုလ်ကျ စိုးမိုးနေတာကတစ်ကြောင်း၊ UNFC ဟာ ငြိမ်းချမ်းရေး မလိုချင်တဲ့အဖွဲ့ဆိုတာ သိသွားတာကတစ်ကြောင်း၊ နောက် တစ်ခုကအရင်တုန်းက သနားလို့ခေါ်ကျွေးထားတဲ့ ခွန်ဥက္ကာဆိုသူက UNFC အတွင်းရေးမှုးဆိုပြီး စကားကြီး စကား ကျယ်တွေပြောနေတော့ ကိုယ်မွေးတဲ့မျောက်ကိုယ့်ပြန်ခြောက်တယ်ဆိုပြီး မခံမရပ်နိုင်ဖြစ်တာကလဲ တစ်ကြောင်းပေါ့ဗျာ။

ပြီးတော့ခွန်ဥက္ကာဟာ UNFC ထဲမှာ ဘယ်သူ့ကိုကိုယ်စားပြုသလဲဆိုရင် ဘယ်သူ့မှကိုယ်စားမပြုပါဘူး၊ ဘယ်ပအို့ဝ်ကမှ လည်း ခွန်ဥက္ကာကို ခေါင်းဆောင်ခန့်မထားပါဘူး၊ ဗိုလ်မှုးကြီးလို့ဆိုပြီး ဘယ်စစ်တပ်ကမှလည်း မဟုတ်ပါဘူး၊ သူ့နောက် မှာလည်း ဘာတပ်မှမရှိပါဘူး။ သူချင်းကိုယ်ချင်း ပြန်ခန့်ထားတဲ့လူပေါ့ဗျာ။ ရှင်းရှင်းပြောရရင်တော့ CIA လက်သပ် မွေးထား တာခံနေရပြီး အထောက်အပံ့တွေနဲ့ ပျော်ပါးနေတဲ့ စီးပွားရေးသမားသာဖြစ်ပါတယ်။

ခွန်ဥက္ကာဆိုတာ မြန်မာပြည်မှာတောင်မနေတဲ့လူပါ။ မဲဆောက်မှာရုံးခန်းဖွင့်ပြီး ရုံးစောင့်တစ်ယောက်ထား၊ သူများ ခိုင်းတာ လုပ်၊ သူများပေးတာကျွေး တာစားနေရတဲ့ဘ၀ပါ။ နောက်ပြီးတော့ ခွန်ဥက္ကာဟာ မြန်မာနိုင်ငံသားလဲ မဟုတ်ပါဘူး၊ မဲဆောက်မှာနေပြီး ထိုင်းနိုင်ငံ သားခံယူထားတဲ့ ထိုင်းနိုင်ငံသားစစ်စစ်ကြီး ခွန်ဥက္ကာသာဖြစ်ပါတယ်။ မိန်းမကလည်း နှစ်ယောက်ယူထားတော့ နှစ်ယောက်စာရှာနေရတဲ့ ခွန်ဥက္ကာအတွက် UNFC သာလျှင်သူ့ရဲ့စီးပွားရေးတစ်ခု ဖြစ်နေတော့ တာပါပဲ။ သူ့အနေနဲ့က ငြိမ်းချမ်းရေးဆိုတာကို ယောင်လို့တောင်မှစိတ်မကူးခဲ့ပါဘူး၊ ငြိမ်းချမ်းရေးရသွားရင် သူထမင်း ငတ်သွားမယ်၊ ဂွင်ပျောက် သွားမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါ့ကြောင့် ခွန်ဥက္ကာဟာ မြန်မာပြည် ငြိမ်းချမ်းရေး ရမှာကို အစိုးရိန်ဆုံးဖြစ် နေတဲ့လူတွေထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်နေတော့တာပါပဲ။

သူ့အလုပ်ကတော့ရှင်းပါတယ် UNFC မှာနေမယ်၊ သူများခိုင်းတာလုပ်မယ်၊ ငြိမ်းချမ်းရေမရအောင်အမြဲကြံစည်မယ်၊ အထောက်အပံ့မှန်သမျှယူမယ်၊ ဒါပါဘဲ။ ဒါ့အပြင် ခွန်ဥက္ကာဟာ နိုင်ဟံသာနဲ့ပေါင်းပြီး တရုတ်ကြီးဆီကိုလည်း ခဏခဏ သွားရပါသေးတယ်။ ရှင်းရှင်းပြောရရင်တော့ သွားလိမ်ရတာပေါ့ဗျာ။ မြန်မာပြည်ငြိမ်းချမ်းရေး မရသေးဘူးလားလို့ KIA တို့ UNFC တို့ကို တရုတ်ကြီးက တစ်ခွန်းမေးရင် ခွန်ဥက္ကာတို့တစ်ခါသွားရပါတယ်။ ရတော့မှာပါခင်ဗျ၊ လုပ်နေပါတယ် ခင်ဗျ၊ ငြိမ်းချမ်းတော့မှာပါခင်ဗျ၊ ရံပုံငွေကလည်းနည်းနေလို့ပါခင်ဗျဆိုပြီး မျက်နှာငယ်လေးနဲ့သွားသွား လိမ်ရရှာတာ ခွန်ဥက္ကာပါ။

အခုဆိုရင်တစ်ချို့တွေက UNFC ကိုငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမယ့်အဖွဲ့အဖြစ် ထင်မြင်နေတာဟာ မဟာအမှားပါဘဲ။ ခွန်ဥက္ကာတို့လို နိုင်ငံရေးကိုစီးပွားရေးလိုလုပ်စားနေတဲ့ လူ့အနတ္တတွေဟာ UNFC ထဲမှာနေရာယူထား တာကလည်း တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ သူ့အကြောင်းကို လုံးစေ့ပတ်စေ့သိတဲ့ ကျုပ်တို့လိုလူတွေ အတွက် လည်း ဟာသတော်တော်မြောက်ပါတယ်။ ဒါ့ကြောင့် ခွန်ဥက္ကာတို့လို လူတွေကို အရှင်သခင်လိုထင်မြင်နေပြီး နေရာပေး ကိုးကွယ်နေအုံးမယ်ဆိုရင်တော့ အားလုံးလိုချင်တဲ့ ငြိမ်းချမ်းရေးဟာ ဆောင်းတွင်းအိပ်မက်တစ်ခုသာ ဖြစ်နေလိမ့်အုံးမယ် လို့သာ သတိပေးလိုက်ချင်ပါတယ်။

သံခဲ (သို့မဟုတ်) တစ်ချိန်က စောထွဋ်အောင်
နေ့စဉ်သတင်း
အခုခေတ်စားနေတဲ့ ဖက်ဒရယ်တပ်မတာ် ဘယ်ကစလို့မေးရင်တော့ အားလုံးသိကြတဲ့အတိုင်း UNFC ကစလို့ပဲဖြေရ ပါတော့မယ်။ UNFC ဘယ်ကစဆိုရင်လည်း KIA ကစလို့ဖြေရလိမ့်မယ်။ UNFC ကို KIA ကချုပ်ကိုင်ထားတာကိုတော့ သိပြီးကြားပြီးဖြစ်ကြလိမ့်မယ်လို့လဲ ထင်ပါတယ်။ ၀မ်ပေါင်နိုင်ငံတော် အိပ်မက်မက်နေသူ ဦးအင်ဘန်လက UNFC ဥက္ကဌ ရာထူးယူထားတယ်ဆိုတာလဲ အားလုံးအသိပါ။ ထားပါတော့….ငြိမ်းချမ်းရေးမလိုချင်ဘူးဆိုတဲ့အချက်ကလွဲရင် KIA အကြောင်းကို ကျုပ်လဲကောင်းကောင်း မသိပါဘူး။ ဒါပေမယ့် UNFC အတွင်းရေးမှုးနေရာမှာ မိန့်မိန့်ကြီးထိုင်နေသူက ဗိုလ်မှုးကြီးခွန်ဥက္ကာနဲ့ ပတ်သက်လို့ နည်းနည်းပြောချင်ပါတယ်။

အမျိုးသမီးတွေ ဖောက်ပြန်ကြတဲ့ အကြောင်းအရင်း (၄) ခု

Photo: အမျိုးသမီးတွေ ဖောက်ပြန်ကြတဲ့ အကြောင်းအရင်း (၄) ခု
=================================

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၁၄

သင့်မှာ ချောမျောလှပတဲ့ ချစ်သူတစ်ဦးရနေပြီး ခိုင်မာတဲ့ သမီးရည်းစား ဆက်ဆံရေးတစ်ခုကိုလည်း ထူထောင်ထားပြီဖြစ်လို့ သင့်အပေါ် သူမ ဘယ်တော့မှ မဖောက်ပြန်တော့ဘူးလို့ ထင်နေပါသလား။ ဒါ မှားပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ ပြောင်းလဲတတ်တဲ့ စိတ်ဆန္ဒကို သင်ဘယ်တော့မှ လျော့မတွက်ပါနဲ့။ ဘာကြောင့်လဲဆိုရင် သမီးရည်းစားဆက်ဆံရေး ကိစ္စမျိုးတွေမှာ အမျိုးသားများနည်းတူ အမျိုးသမီးတွေဟာလည်း သစ္စာဖောက်တတ်ကြပါတယ်။ အထူးသဖြင့် ဂရုစိုက်မှု သိပ်မပေးတဲ့အခါမျိုးတွေမှာပေါ့။ အမျိုးသမီးတွေ ဘာကြောင့် လိမ်လည်ဖောက်ပြန်ကြသလဲဆိုတဲ့ အကြောင်းအရင်းတွေကတော့…

(၁) အနီးကပ်နေမပေးနိုင်ခြင်း

ချစ်သူစုံတွဲဆက်ဆံရေးတစ်ခုမှာ အမျိုးသမီးတွေ အလိုချင်ဆုံးအရာတစ်ခုက အနီးကပ်ယုယမှုပဲဖြစ်ပါတယ်။ သမီးရည်းစား ဆက်ဆံရေးမှာ အမျိုးသမီးတွေကို ဆက်ဆံရေး အမြဲပြေလည်သလို ခံစားစေတာက လိင်ဆက်ဆံခြင်းတစ်ခုတည်း မဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ထိတွေ့မှုရှိခြင်း၊ အနမ်းခြွေခြင်း နဲ့ မကြာမကြာ ဆက်သွယ်စကားပြောဆိုခြင်းစတဲ့ အရာတွေပဲဖြစ်ပါတယ်။

(၂) လျစ်လျူရှုခံထားရခြင်း၊ မသိကျိုးကျွံပြုခံထားရခြင်း

အမျိုးသမီးတွေက မိမိအား သပ်မက်လိုချင်တဲ့ ခံစားချက်ကို နှစ်ခြိုက်ကြတယ်။ သို့ပေမယ့် ကိုယ့်ချစ်သူရည်းစားအစား ခိုင်းစားမယ့်သူတစ်ဦးလို ပိုခံစားလာခဲ့ပြီဆိုရင် အမျိုးသမီးတွေက သွေဖယ်တတ်ကြတယ်။ နောက်ပြီး အချိန်တွေကို လုပ်ငန်းခွင်တွေမှာသာ ကုန်ဆုံးစေတာ သို့မဟုတ် ရတဲ့အချိန်မှာ ရောင်းရင်းမိတ်ဆွေတွေနဲ့သာ အပြင်လိုက်ထွက်နေမယ်ဆိုရင် သူမကို တခြားတစ်နေရာရာသို့ စွန့်ခွာထွက်သွားဖို့ တွန့်ပို့ပေးသလို ဖြစ်သွားပါပြီ။ အမျိုးသမီးဆိုတာ ခံစားချက်နဲ့ အသက်ရှင်သူတွေဖြစ်ပြီး သူတို့ယောက်ျားတွေကို အမြဲအနားရှိနေစေချင်သလို သူတို့ကို စိတ်ခွန်အား ပေးစေလိုကြတယ်။ သင့်ရဲ့ ချစ်သူစုံဘဝကို စတင် လျစ်လျူရှုလိုက်တာနဲ့ ဖေါက်ပြန်ခြင်းက မလွဲမသွေ ရောက်လာမှာဖြစ်တယ်။

(၃) သင့်ရဲ့လိမ်လည်လှည့်ဖြားမှုကို လက်စားချေခြင်း

အမျိုးသမီးတစ်ဦးက ပြန်လည်သရော်ပြပြီဟေ့ဆို၇င် ငရဲက သူလောက်တောင် ကြောက်စရာမကောင်းတော့သလိုပါပဲ။ သင်သူမကို လှည့်စားလိုက်တာကြောင့် သူ့ယုံကြည်မှုကို သင် ရိုက်ချိုးပစ်ခဲ့တယ် ( ဖြစ်နိုင်ချေက သူ့နှလုံးသားကိုပေါ့)။ သင်သူမကို နာကျင်မှုပေးခဲ့သလို သူလည်းသင့်ကို ပြန်လည်ခံစားစေချင်တယ်။ သင့်ရဲ့ အမှုမဲ့အမှတ်မဲ့နိုင်မှုတွေကို ပြန်ပြင်လို့မရပေမယ့် သူမဆီက ခွင့်လွတ်မှု တောင်းယူနိုင်တယ်၊ နောက်တစ်ခါ ဒီလိုအဖြစ်မျိုး မရှိစေတော့မယ့်အကြောင်း သစ္စာဆိုနိုင်ပြီး နှစ်ဦးလုံးအတွက် အကူအညီဖြစ်စေဖို့ သမီးရည်းစားဆက်ဆံရေးအကြံအဥာဏ်ကို ရယူနိုင်တယ်။ သူမရဲ့ ယုံကြည်မှုပြန်ရယူဖို့အတွက် Sorry ပြောလိုက်ရုံနဲ့ မလုံလောက်ပါ။ အလုပ်နဲ့ သင်လက်တွေ့နဲ့ ပြသရလိမ့်မယ်။

(၄) ချစ်သူစုံတွဲဘဝ အဆုံးသတ်ရောက်နေတယ်လို့ ခံစားရခြင်း

အမျိုးသမီးတွေဆိုတာ စိတ်ခံစားချက်နဲ့ အသက်ရှင်နေသူတွေဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှု လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုလည်း လိုအပ်ပါတယ်။ သူမကြောင့်သော်လည်းကောင်း၊ တစ်ဖက်လူကြောင့်သော်လည်းကောင်း အမျိုးသမီးတစ်ဦးက ချစ်သူစုံတွဲဘဝကို ပြီးဆုံးသွားသလို မလွယ်ကူလှတဲ့ ခံစားချက်ရှိနေပြီဆိုရင် အပြင်က သူမကြုံနေရတဲ့ ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်နှောက်ယှက်မှုဒဏ်ကနေ သက်သာရာရအောင် အဲဒီဟာကွက် လိုက်ဖြည့်ဖို့ အမြဲလိုက်ရှာနေတော့မှာဖြစ်တယ်။ ဒါ့ကြောင့် အဲဒီအချက်ကို ရှောင်နိုင်ဖို့ ချစ်သူစုံတွဘဝကို အမြဲ ရှင်သန်စေပါ။ အဲဒါ ခံစားချက်တွေ အပြန်အလှန်မျှဝေပေးရာရောက်ပါတယ်။ 

Trend Myanmar
သင့်မှာ ချောမျောလှပတဲ့ ချစ်သူတစ်ဦးရနေပြီး ခိုင်မာတဲ့ သမီးရည်းစား ဆက်ဆံရေးတစ်ခုကိုလည်း ထူထောင်ထားပြီဖြစ်လို့ သင့်အပေါ် သူမ ဘယ်တော့မှမဖောက်ပြန်တော့ဘူးလို့ ထင်နေပါသလား။ ဒါ မှားပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ ပြောင်းလဲတတ်တဲ့ စိတ်ဆန္ဒကို သင်ဘယ်တော့မှ လျော့မတွက်ပါနဲ့။ ဘာကြောင့်လဲဆိုရင် သမီးရည်းစားဆက်ဆံရေး ကိစ္စမျိုးတွေမှာ အမျိုးသားများနည်းတူ အမျိုးသမီးတွေဟာလည်း သစ္စာဖောက်တတ်ကြပါတယ်။ အထူးသဖြင့် ဂရုစိုက်မှု သိပ်မပေးတဲ့အခါမျိုးတွေမှာပေါ့။ အမျိုးသမီးတွေ ဘာကြောင့် လိမ်လည်ဖောက်ပြန်ကြသလဲဆိုတဲ့ အကြောင်းအရင်းတွေကတော့…

အင်ဒိုနီးရှား မာရာဟာလင်ဖလားပြိုင်ပွဲ မြန်မာ ယူ-၂၀ ၀င်ရောက်ယှဉ်ပြိုင်မည်

Photo: အင်ဒိုနီးရှား မာရာဟာလင်ဖလားပြိုင်ပွဲ မြန်မာ ယူ-၂၀ ၀င်ရောက်ယှဉ်ပြိုင်မည်

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၁၄

မြန်မာ ယူ-၂၀ ဘောလုံးအသင်းဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် မာရာဟာလင် ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ အတွက် ရန်ကုန်မှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

မြန်မာလူငယ်အသင်းဟာ အာရှ ယူ-၁၉ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ခဲ့လို့ ကမ္ဘာ့ဖလား ယူ-၂၀ ပြိုင်ပွဲဝင်ခွင့် ရရှိထားတဲ့အသင်း ဖြစ်ပါတယ်။

ဇန်န၀ါရီ ၈ ရက်မှာ စတင်မယ် မာရာဟာလင်ဖလား ပြိုင်ပွဲကို မြန်မာ ယူ-၂၀ အသင်းအပါအ၀င် အသင်း ၄ သင်း ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

မြန်မာ ယူ-၂၀ အသင်း၊ အင်ဒိုနီးရှား ယူ-၂၃ အသင်း၊ အင်ဒိုနီးရှားကလပ် အသင်းတစ်သင်းနဲ့ သြစတြေးလျ ကလပ်အသင်းတစ်သင်းတို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဂျာမန်လူမျိုးက နည်းပြချုပ်အဖြစ် တာဝန်ယူထားတဲ့ မြန်မာ ယူ-၂၀ အသင်းဟာ ဒီပွဲပြီးရင် ဂျာမနီနိုင်ငံကို သွားရောက်ပြီး လေ့ကျင့်ရင်း ခြေစမ်းပွဲတွေ ကစားဖို့စီစဉ်ထားတယ်လို့ အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

DVB
မြန်မာ ယူ-၂၀ ဘောလုံးအသင်းဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် မာရာဟာလင် ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ အတွက် ရန်ကုန်မှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

မြန်မာလူငယ်အသင်းဟာ အာရှ ယူ-၁၉ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ခဲ့လို့ ကမ္ဘာ့ဖလား ယူ-၂၀ ပြိုင်ပွဲဝင်ခွင့် ရရှိထားတဲ့အသင်း ဖြစ်ပါတယ်။

ပါကစ္စတန်ကျောင်း စီးနင်းမှု၊ ၁၃၀ ကျော် သေဆုံး ၁၂၂ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ ပီရှဝါမြို့က တပ်တွင်းကျောင်းကို တာလီဘန်သေနတ်သမားတွေ စီးနင်း တိုက်ခိုက်မှုဟာ ၈ နာရီကျော် အကြာမှာ သူပုန် ၉ ယောက်လုံးကိုလည်း အသေသတ်နိုင်ခဲ့ပြီလို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။ကလေးတွေအများစုဖြစ်တဲ့ လူအနည်းဆုံး ၁၃၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါဟာ လတ်တလော နှစ်တွေမှာ ပါကစ္စတန်နိုင်ငံမှာ သွေးအစွန်းဆုံး စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း အသက် ၁၀ နှစ်ကနေ ၂၀ ကြား လူ ၁၂၂ ယောက်လည်း ဒဏ်ရာရတယ်လို့ ခရိုင်အရာရှိ တယောက်က ပြောပါတယ်။

အိုင်အက်စ်အဖွဲ့အတွက် အမျိုးသမီး စုဆောင်းပေးသူများကို စပိန်နှင့် မော်ရိုကို ရဲများ ဖမ်းဆီး

စပိန်နဲ့ မော်ရိုကိုရဲတွေဟာ ဆီးရီးယားနဲ့ အီရတ်က အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုက်အက်စ် စစ်သွေးကြွတွေအတွက် အမျိုးသမီးတွေကို စုဆောင်းပေးနေတယ်လို့ သံသယရှိသူ ၇ ယောက်ကို ဖမ်းခဲ့တယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးက ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြောပါတယ်။မိန်းမလေး ၄ ယောက်နဲ့ ယာက်ျားတယောက်ကို စပိန်နိုင်ငံမှာ ဖမ်းမိပြီး နောက်ထပ် ယောက်ျား ၂ ယောက်ကိုတော့ မိုရိုကိုနိုင်ငံမှာ ဖမ်းမိတာလို့ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

တက္ကသိုလ်တိုင်းလွတ်လပ်စွာ စီမံခွင့်ရှိမည့် အချက်လေးချက်ကို အဆင့်မြင်ပညာ ဥပဒေတွင် ထည့်သွင်းထားဟု ဝန်ကြီးပြော

Photo: တက္ကသိုလ်တိုင်းလွတ်လပ်စွာ စီမံခွင့်ရှိမည့် အချက်လေးချက်ကို အဆင့်မြင်ပညာ ဥပဒေတွင် ထည့်သွင်းထားဟု ဝန်ကြီးပြော

တက္ကသိုလ်တိုင်း၏ လွတ်လပ်စွာ စီမံခွင့်ကို အချက်လေးချက်ဖြင့် အကောင် အထည်ဖော်ရန် အဆင့်မြင့်ပညာ ဥပဒေတွင် ထည့်သွင်းထားကြောင်း ပညာရေးဝန်ကြီး ဒေါက်တာခင်စန်းရီက ပြောကြားလိုက်သည်။ #Mizzimadaily

သတင်း အပြည့်အစုံဖတ်ရှုရန် - http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/35009-2014-12-17-02-14-22
ရန်ကုန် (မဇ္ဈိမ)။ ။ တက္ကသိုလ်တိုင်း၏ လွတ်လပ်စွာ စီမံခွင့်ကို အချက်လေးချက်ဖြင့် အကောင်အထည် ဖော်ရန် အဆင့်မြင့်ပညာ ဥပဒေတွင်ထည့်သွင်းထားကြောင်း ပညာရေးဝန်ကြီး ဒေါက်တာခင်စန်းရီက ပြောကြားလိုက်သည်။

ဒီဇင်ဘာလ ၁၆ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သည့် အမျိုးသားပညာရေး ဥပဒေဆိုင်ရာ ကဏ္ဍအလိုက် ဥပဒေကြမ်းများ ရှင်းလင်းခြင်းနှင့် အမျိုးသားပညာရေး စီမံကိန်းရေး ဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြား လိုက်ခြင်းဖြစ်သည်။

စတုတ္ထတန်းမြန်မာစာမေးခွန်း ဗိုလ်ချုပ်မွေးနေ့ မှားယွင်းဖော်ပြ

Photo: စတုတ္ထတန်းမြန်မာစာမေးခွန်း ဗိုလ်ချုပ်မွေးနေ့ မှားယွင်းဖော်ပြ

ဒီဇင်ဘာလ ၁၇ ရက်၊ ၂၀၁၄

ခရိုင်အဆင့်အခြေခံ ပညာစတုတ္ထတန်း ဒီဇင်ဘာ စာ မေးပွဲ မြန်မာစာမေးခွန်းလွှာတွင် အမျိုး သားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ကို ဖေ ဖော်ဝါရီ ၁၅ ရက်ဟု မှားယွင်း ဖော်ပြထားသည်။

ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များတွင်စစ်ဆေးသော မြန်မာစာမေးခွန်း၊ နံပါတ် (၅) တွင် ‘‘ဗိုလ်ချုပ်အောင် ဆန်းကို နတ်မောက်မြို့တွင် ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့ပါသည်’’ဟု ဖော် ပြထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း အ ကြောင်း စာပိုဒ်ဖတ်၍ ပေးထား သော မေးခွန်းများကို ဖြေဆိုရသည့် ၁၀ မှတ်တန်မေးခွန်းတွင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးဖွား ရာဇာတိ၊ မွေးသက္ကရာဇ်နှင့် မိဘများကို ဖော်ပြရန် မေးထား ခြင်းဖြစ်သည်။

‘‘ဗိုလ်ချုပ်အောင်ဆန်းမွေး နေ့မှားနေတာကို စာမေးပွဲခန်း စောင့်တဲ့ ဆရာမတွေလည်း သိပါ တယ်။ ကျောင်းသားတချို့လည်း သိနေပါတယ်’’ဟု ရန်ကုန်အရှေ့ ပိုင်းခရိုင်ရှိ စာမေးပွဲခန်းစောင့် ကြပ်ရသော ဆရာမတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် မွေးဖွားခဲ့သော ဗိုလ်ချုပ်အောင် ဆန်း၏ မွေးနေ့ကို မြန်မာစာမေး ခွန်း၌ မှားယွင်းဖော်ပြခဲ့မှုနှင့် ပတ်သက်၍ လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင်လည်း ပျံ့နှံ့ နေပြီး ဝေဖန်ပြောဆိုမှုများရှိနေ သည်။

‘‘စာမေးပွဲမေးခွန်းက သက် ဆိုင်ရာခရိုင်အလိုက် ထုတ်တာ ပါ။ မေးခွန်းတွေက အားလုံး အတူတူမဟုတ်ပါဘူး။ မှားသွား ရင်တော့ ပြင်ဆင်ဖို့အတွက် ပြော ဆိုမှာပါ’’ဟု အမှတ် (၃) အခြေခံ ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးကဆိုသည်။

ပညာရေးဝန်ကြီးဌာနသည် စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ အတွက် သက်ဆိုင်ရာခရိုင်အ လိုက် မေးခွန်းထုတ်၍ စစ်ဆေး သည့်စနစ်ကို ယခုပညာသင်နှစ်တွင် စတင်ကျင့်သုံးမည်ဖြစ်ပြီး ယင်းကို စာမေးပွဲအကြို အစမ်းစာမေး ပွဲများစစ်ဆေးနေခြင်းဖြစ်သည်။

စတုတ္ထတန်း မြန်မာစာမေးခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ မှားယွင်းဖော်ပြထားပုံ

7Day Daily
ခရိုင်အဆင့်အခြေခံ ပညာစတုတ္ထတန်း ဒီဇင်ဘာ စာ မေးပွဲ မြန်မာစာမေးခွန်းလွှာတွင် အမျိုး သားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ကို ဖေ ဖော်ဝါရီ ၁၅ ရက်ဟု မှားယွင်း ဖော်ပြထားသည်။

ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များတွင်စစ်ဆေးသော မြန်မာစာမေးခွန်း၊ နံပါတ် (၅) တွင် ‘‘ဗိုလ်ချုပ်အောင် ဆန်းကို နတ်မောက်မြို့တွင် ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့ပါသည်’’ဟု ဖော် ပြထားခြင်းဖြစ်သည်။