Friday, January 2, 2015

လက်ပံတောင်းအကြမ်းဖက်မှုကို မန္တလေးလူထု ဒုတိယအကြိမ် ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒထုတ်ဖော်

မန္တလေးမြို့ လေးပြင်လေးရပ်သံဃာတော်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံ ရေးပါတီဝင်များ၊ တက်ြ<ွကလှုပ် ရှားသူများမှ ယင်းမာပင်ခရိုင်၊ ဆား လင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ခံရမှု အပေါ် ဇန်နဝါရီ ၁ရက်က မန္တလေးမြို့တွင်း လှည့် လည်ကြွေးကြော်ဆန္ဒထုတ်ဖော်ကြ ကြောင်း သိရသည်။

အပစ်အခတ် မရပ်ထားတဲ့ လက်နက်ကိုင်နှစ်ဖွဲ့ကို ဗိုလ်ရှုသဘင် တက်ဖို့ သမ္မတဖိတ်

အပစ်အခတ် ရပ်စဲထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက် တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ KIO /KIA အဖွဲ့နဲ့ တအာင်း လွတ်မြောက်ရေးတပ် TNLA တို့ကို ဗိုလ်ရှု သဘင် အခမ်းအနားတက်ဖို့ နိုင်ငံတော် သမ္မတက ဖိတ်ကြားလိုက်ပါတယ်။ ငြိမ်းချမ်းရေး အတွက် လမ်းဖွင့်ပေးတာလား။
၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်ဖို့ မူလက တရားဝင် ဖိတ်ကြားထားခြင်း မရှိတဲ့ KIO /KIA အဖွဲ့နဲ့ TNLA တို့ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားထားတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းဆီကနေ သိရှိရပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ကျော်အတွင်း ဗိုလ်ရှုသဘင် အခမ်းအနားကို ပထမဆုံး အကြိမ် ပြန်လည် ကျင်းပမှာ ဖြစ်ပါတယ်။

အဆိပ်သောက်ထားသူကို အချိန်မီ ဘယ်လိုကယ်ရမလဲ

အဆိပ်သောက်မိပြီ ဆိုရင် အဆိပ်ကို မျိုချမိတာကြောင့် လမ်းကြောင်းတစ် လျှောက်ရှိ ပါးစပ်၊ ခံတွင်းနဲ့ အစာခြေ လမ်းကြောင်းတစ်လျှောက် ယိုယွင်းပျက်စီးပြီး အသက်ကိုပါ ရန်ရှာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အဆိပ်ဆိုတဲ့ နေရာမှာ ယနေ့ ကျေးလက်တွေမှာ အလွယ်တကူ ရနိုင်နေတဲ့ ပိုးသတ်ဆေးများ အပြင် မြို့ရှိ မီးဖိုချောင်သုံး အရောင်ချွတ်ဆေး၊ ကြွေကြေး ချွတ်ဆေး၊ ဆေးဆပ်ပြာရည်စတဲ့ ဓာတုပစ္စည်း အပြင်းစား အရည်တွေ ပါဝင်ပါတယ်။

တရားမ၀င်လက်နက်ခဲယမ်းကိုင်ဆောင်ကာ မူးယစ်ရမ်းကားပြီး ဆိုင်ရှင် အား ခြိမ်းခြောက်သော KIA တပ်ဖွဲ့ဝင် နှစ်ဦးအား မတရား အသင်း ဥပဒေ ပုဒ်မဖြင့် အမှုဖွင့်

Photo: တရားမ၀င်လက်နက်ခဲယမ်းကိုင်ဆောင်ကာ မူးယစ်ရမ်းကားပြီး ဆိုင်ရှင် အား ခြိမ်းခြောက်သော KIA တပ်ဖွဲ့ဝင် နှစ်ဦးအား မတရား အသင်း ဥပဒေ ပုဒ်မဖြင့် အမှုဖွင့်

ဇန်န၀ါရီလ ၂ ရက်၊ ၂၀၁၅

မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ “ကျော်”ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်ကို ဒီဇင်ဘာလ ၂၆ ရက်နေ့ တွင် လူငယ်နှစ်ဦးမှ မူးယစ်ရမ်းကားပြီး ဆိုင်တံခါးများအား ထုရိုက်၍ ဆိုင်ရှင်အား ခြိမ်းခြောက်နေကြောင်း ဖုန်းဆက်တိုင်ကြားလာသဖြင့် မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းမှရဲမှူးနှင့် အဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။
မူးယစ်ရမ်းကားနေသော လူနှစ်ဦးကို ရဲများက ဖမ်းဆီးခဲ့ပြီး ၄င်းတို့ထံမှ အမ်-၂၂ ကျည်ဆံ အမျိုးအစား ၉ တောင့်အား တွေ့ရသောကြောင့် စစ်ဆေးမေးမြန်းရာမှ KIA တပ်မဟာ၂ ၊ တပ်ရင်း ၁၁ မှ တပ်ဖွဲ့ဝင်များဖြစ်နေကြောင်းသိရသည်။
ရဲတပ်ဖွဲ့မှ ဖမ်းဆီး အရေးယူတာနှင့်ပတ်သက်ပြီး ဧရာရပ်ကွက်တွင်နေ ထိုင်သူ ဒေသခံများမှ “KIA တပ်ဖွဲက လူတွေ လက်နက်ကိုင်ပြီး မတရားအနိုင်ကျင့်တာ ကျနော်တို့တွေ ခဏခဏခံနေရတယ်။ ကျနော် တို့က မပြောရဲလို့သာ ငြိမ်ခံနေရတာ၊ အခုလို ရဲကဖမ်းသွားတယ် ဆိုတာ ကောင်း တာပေါ့၊ စံပြအဖြစ် မှတ်လောက်သားလောက်အောင်ကို ထိထိရောက်ရောက် အရေးယူသင့်တယ်” လို့ ဧရာရပ်ကွက်မှာ နေထို င်တဲ့ ဒေသခံတွေ က ပြောနေကြသည်။
ကေအိုင်အေထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ ရွာတွေမှာ KIAကိုဆက်ကြေးငွေတွေ ပုံမှန်ပေးနေရတဲ့ အကြောင်း မကြာခဏ ကြားသိရပြီး ယခုလို မြို့ပေါ် ရပ်ကွက်တွေ အထိ မတရားအနိုင်ကျင့်တာတွေ ဖြစ်လာ တဲ့အ တွက် ကေအိုင်အေ ရဲ့ အန္တရာယ်ဟာ ကြီးမားလာကြောင်း၊ ဒေသခံပြည်သူတွေ အနေနှင့် ကေအိုင်အေ တပ်ဖွဲ့ဝင်တွေကို ကြောက်နေရပြီး သတိထား ဆက်ဆံနေ ရကြောင်း သိရပါသည်။
ယင်းကဲ့သို့ တရားမ၀င် လက်နက်/ခဲယမ်းကိုင်ဆောင်ကာ မူးယစ်ရမ်းကားပြီး ဆိုင်ရှင်အား ခြိမ်းခြောက် သော KIA တပ်ဖွဲ့ဝင်နှစ်ဦးအား မတရားအသင်း ဥပဒေပုဒ်မ၁၇(၁)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြို့နယ်ရဲစခန်းမှ သိရှိ ရပါသည်။
အောင်ဇော်(မြစ်ကြီးနား)

Kachin Daily News
မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ “ကျော်”ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်ကို ဒီဇင်ဘာလ ၂၆ ရက်နေ့ တွင် လူငယ်နှစ်ဦးမှ မူးယစ်ရမ်းကားပြီး ဆိုင်တံခါးများအား ထုရိုက်၍ ဆိုင်ရှင်အား ခြိမ်းခြောက်နေကြောင်း ဖုန်းဆက်တိုင်ကြားလာသဖြင့် မြစ်ကြီးနားမြို့၊ မြို့မရဲစခန်းမှရဲမှူးနှင့် အဖွဲ့ဝင်များက သွားရောက်ဖမ်းဆီး ခဲ့ကြောင်း သိရပါသည်။

MPT မိုဘိုင်းဖုန်းဖြင့် ယာဉ်စီးခပေးချေခြင်းကို မကြာခင် ပြုလုပ်နိုင်မည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ မိုဘိုင်းဖုန်းများကို အသုံးပြု၍ ယာဉ်စီးခပေးချေခြင်းကို ပြုလုပ် ဆောင်ရွက်နိုင်ရန် စီစဉ်နေသည်ဟု ကစ္ဆပနဒီလီမိတက်မှ အထွေထွေ မန်နေဂျာ ဒေါ်နီနီခင်က ပြောသည်။

Seed kyat ဟု အမည်ပေးထားသည့် မိုဘိုင်းဖုန်းမှတစ်ဆင့် ပေးချေခြင်းကို ပြုလုပ်ဆောင်ရွက်လိုပါက *669# ကို ခေါ်ဆို၍ စာရင်းပေးသွင်းရမည်ဟု သိရသည်။ “နောက်နှစ်လလောက်ဆိုရင် အသုံးပြုလို့ရပါပြီ” ဟု ကစ္ဆပနဒီလီမိတက်မှ ကိုသော်ဇင်က ဆိုသည်။

အင်တာနက်ဆိုင်ဖွင့်လှစ်ရန် တစ်နှစ်စာလိုင်စင်ကြေး ကျပ်သိန်း ၁၀၀ ကျော် ကျသင့်မည်ဟု သတင်းထွက်ပေါ်

အများပြည်သူသုံး အင်တာနက်ဆိုင် (PAC) များသည် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ အသစ်အရ Application Services လိုင်စင် (AS) ကို ပြန်လည် လျှောက်ထားရမည်ဟု သိရသည်။

“အခုသတင်းတွေ ကြားနေရတာက လိုင်စင်ကြေးက ၂၅ သိန်း၊ နှစ်စဉ်ကြေးက သိန်း ၁၀၀ တဲ့။ တစ်နှစ်စာအတွက် သိန်း ၁၂၅ ဆိုတော့ မလွယ်ဘူး။ ဆိုင်ကလည်း အခြေအနေ မကောင်းဘူး။ အခုဆိုရင် မိုဘိုင်းအင်တာနက်လိုင်းတွေ ရလာတော့ လူဝင်တာကလည်း ၃၀ ရာခိုင်နှုန်းလောက် လျော့သွားတယ်” ဟု လက်ရှိ အင်တာနက်ဆိုင် လုပ်ငန်းလုပ်ကိုင်နေသည့် ဦးတိုင်က ပြောသည်။

ရန်ကုန်တိုင်းတရားလွှတ်တော်ပေါ် သုံးရောင်ခြယ်အလံ လဲလှယ်တပ်ဆင်သူကို တရားစွဲ

Photo: ရန်ကုန်တိုင်းတရားလွှတ်တော်ပေါ် သုံးရောင်ခြယ်အလံ လဲလှယ်တပ်ဆင်သူကို တရားစွဲ

ဇန်န၀ါရီလ ၂ ရက်၊ ၂၀၁၅

ရန်ကုန်တိုင်း တရားလွှတ်တော်ပေါ် သုံးရောင်ခြယ်အလံ လွှင့်ထူမှုအတွက် လဲလှယ် တပ်ဆင်ခဲ့သူကို ဥပဒေအရ အရေးယူပေးဖို့ ရန်ကုန်တိုင်း တရားရေး ဦးစီးမှုရုံး စီမံ ထောက်ပံ့ဌာန ဒုညွှန်ကြားရေးမှူး အဆင့်ရှိသူက ကျောက်တံတား ရဲစခန်းမှာ ဇန်န၀ါရီလ ၁ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။

ဇန်န၀ါရီ ၁ ရက်နေ့က နေ့လည် ၂ နာရီခွဲလောက်က ရန်ကုန်ုတိုင်း တရားလွှတ်တော် အဆောက်အဦပေါ်မှာ လွတ်လပ်ရေး တိုက်ပွဲဝင် သုံးရောင်ခြယ် ဒေါင်းအလံကို လွှင့်တင်ထားတာကို ထူးထူးခြားခြား မြင်တွေ့ခဲ့ရပါတယ်။

အလံလွှင့်တဲ့ အကြောင်းရင်းကို မသိရပေမယ့် ပြည်သူအများ သတိပြုမိခဲ့ကြပြီး နာရီဝက်လောက် အကြာမှာတော့ အလံကို ဖြုတ်ချသွားခဲ့ပါတယ်။

သုံးရောင်ခြယ်အလံ လွှင့်ထူထားတုန်းမှာ အနီးက မြို့တော် ခန်းမရှေ့မှာ လက်ပံတောင်း အရေးမှာ အကြမ်းဖက် ဖြေရှင်းခဲ့မှုကို ဖော်ထုတ်အရေးယူပေးဖို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို ဆန္ဒထုတ်ဖော်နေချိန် ဖြစ်တဲ့အတွက် ပြည်သူအများကြားမှာ သတိပြုမိခဲ့ကြပါတယ်။

DVB
ရန်ကုန်တိုင်း တရားလွှတ်တော်ပေါ် သုံးရောင်ခြယ်အလံ လွှင့်ထူမှုအတွက် လဲလှယ် တပ်ဆင်ခဲ့သူကို ဥပဒေအရ အရေးယူပေးဖို့ ရန်ကုန်တိုင်း တရားရေး ဦးစီးမှုရုံး စီမံ ထောက်ပံ့ဌာန ဒုညွှန်ကြားရေးမှူး အဆင့်ရှိသူက ကျောက်တံတား ရဲစခန်းမှာ ဇန်န၀ါရီလ ၁ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။

ဇန်န၀ါရီ ၁ ရက်နေ့က နေ့လည် ၂ နာရီခွဲလောက်က ရန်ကုန်ုတိုင်း တရားလွှတ်တော် အဆောက်အဦ ပေါ်မှာ လွတ်လပ်ရေး တိုက်ပွဲဝင် သုံးရောင်ခြယ် ဒေါင်းအလံကို လွှင့်တင်ထားတာကို ထူးထူးခြားခြား မြင်တွေ့ခဲ့ရပါတယ်။

မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး ထုလုပ် ရန် ကျောက်တော်ကြီး နေပြည်တော် သို့ စတင်သယ်ဆောင်


Photo: မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး ထုလုပ် ရန် ကျောက်တော်ကြီး နေပြည်တော် သို့ စတင်သယ်ဆောင်

ဇန်န၀ါရီလ ၂ ရက်၊ ၂၀၁၅

နေပြည်တော် ဖိုးဇောင်းတောင် အောင်မောဠိ တောင်ညွန့်တွင် တည်ထားကိုးကွယ်မည့် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး ထုလုပ်ရန် ကျောက်တော်ကြီးထွက်ရှိရာ စကျင်ကျေးရွာမှ နေပြည်တော်သို့ ယနေ့နံနက် ၈ နာရီ ၁ဝ မိနစ်တွင် စတင်ပင့်ဆောင်ခဲ့သည်။

အဆိုပါ ကျောက်တော်ကြီး ပင့်ဆောင်ရာ လမ်းတစ်လျှောက်တွင် ပြည်သူအများ လာရောက်ဖူးမြော်ကြကာ အလှူငွေများ ထည့်ဝင်လှူဒါန်းကြပြီး သယ်ဆောင်ရာ လမ်းတစ်လျှောက်ရှိ မြို့နယ်များဖြစ်သည့် မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရ မြို့နယ်နှင့် တံတားဦးမြို့နယ်တို့မှ ဌာနဆိုင်ရာများက ကျောက်တော်ကြီး ပင့်ဆောင်ရာတွင် လိုအပ်ချက်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။

ကျောက်တော်ကြီးကို Heavy Modular Traler ယာဉ်ကြီး သွားလာရ လွယ်ကူသော မန္တလေးတောင် အနောက်ဘက်မှ (၁၂)လမ်း၊ (၁၂)လမ်းမှ လမ်း(၈ဝ)၊ လမ်း(၈ဝ)အတိုင်း (၂၆)လမ်း၊ (၂၆)လမ်းအတိုင်း(၇၈) လမ်း၊ (၇၈)လမ်းမှ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ပုလိပ်ကျေးရွာ၊ ထိုမှ အမြန်လမ်းရှိ စကားအင်းလမ်း အသုံးပြုခကောက်ခံရေးစခန်းအနီး ညအိပ်ရပ်နားမည့် နေရာသို့ ပင့်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကျောက်တော်ကြီးကို ဇန်နဝါရီ ၂ နံနက်ပိုင်းတွင် သီးကုန်းစခန်းသို့ ပင့်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

MOI
နေပြည်တော် ဖိုးဇောင်းတောင် အောင်မောဠိ တောင်ညွန့်တွင် တည်ထားကိုးကွယ်မည့် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး ထုလုပ်ရန် ကျောက်တော်ကြီးထွက်ရှိရာ စကျင်ကျေးရွာမှ နေပြည်တော်သို့ ယနေ့နံနက် ၈ နာရီ ၁ဝ မိနစ်တွင် စတင်ပင့်ဆောင်ခဲ့သည်။

ဇန်န၀ါရီလလယ်တွင် MPT ဖုန်းဘီလ် လျှော့မည်ဖြစ်ပြီး ၂၅ ကျပ်နှင့် ၅၀ ကြားဖြစ်မည်

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)က တစ်မိနစ်ဖုန်းပြောဆိုခ လျှော့ချနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပြီး ဇန်နဝါရီလလယ်ပိုင်းတွင်  ဖုန်းပြောဆိုခတရားဝင်ကြေညာကာ လျှော့ချ သွားမည်ဟု စီးပွားရေးဌာနမှ တာဝန်ရှိ သူတစ်ဦး ဦးစောထူးသာက မဇ္ဈိမကို ပြောသည်။

ဦးစောထူးသာက "ဇန်နဝါရီလထဲမှာပဲ လျှော့ချပေးဖို့ စီစဉ်နေပါတယ်။ လလယ်ပိုင်းလောက် ဖြစ်ပါမယ်။ ပြည်သူလူထုအတွက် သက်သာတဲ့ နှုန်းထားနဲ့ ၀န်ဆောင်မှု ဖြစ်အောင် ဆောင်ရွက်နေပါတယ်" ဟု ဆိုသည်။

တစ်မိနစ်ဖုန်းပြောဆိုခ စတင်လျှော့ချမည့် ရက်နှင့် နှုန်းထားများကို တရားဝင်ကြေညာသွားမည်ဟု လည်း ၎င်းက ဆိုသည်။

နှစ်သစ်ကူးည ယာဉ်မတော်တဆမှုများ နှစ်ဦးသေ၊ ဒဏ်ရာရသူ သုံးဆမြင့်

၂၀၁၅ ကို ကြိုဆိုသည့် နှစ်သစ်ကူးညတွင် ရန်ကုန်တစ် မြို့လုံး၌ ယာဉ်တိုက်မှုကြောင့် နှစ် ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိ သူမှာ ယမန်နှစ်ကထက် သုံးဆ ကျော် မြင့်မားခဲ့ကြောင်း သတင်း ရရှိသည်။

ဒီဇင်ဘာ ၃၁ မှ ဇန်န၀ါရီ ၁ ရက် နှစ်သစ်ကို ကူးပြောင်းချိန် အခိုက်အတန့်တွင် ရန်ကုန်တစ် မြို့လုံး၌ ယာဉ်တိုက်မှု ခုနစ်မှု ဖြစ် ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ဒဏ် ရာရရှိသူ ၂၃ ဦးအထိ မြင့်တက်ခဲ့ ခြင်းဖြစ်သည်။

အကြမ်းဖက်မှုတိုင်းကို ရှုတ်ချရန် နိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်များအား သီတဂူဆရာတော်ကြီး တိုက်တွန်း


မည်သည့်အကြမ်းဖက် မှုမျိုးကိုမဆို နိုင်ငံရေးခေါင်းဆောင်များနှင့် ဘာသာရေးခေါင်းဆောင်များအနေဖြင့် ရှုတ်ချကြရန် အီရန် နိုင်ငံသို့ ရောက်ရှိနေသည့် သီတဂူ ဆရာတော် အရှင်ဉာဏိဿရက မိန့်ကြားသည်။

အကြမ်းဖက်မှုနှင့် အစွန်း ရောက်မှုများ ရင်ဆိုင်နေရသည့် အတွက် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား ပူးပေါင်းဆောင်ရွက်ခြင်း ဖိုရမ်ကို အီရန်နိုင်ငံ တီဟီရန်မြို့တွင် သုံး ရက်ကြာကျင်းပခဲ့သည်။

၂၀၁၄ မှာ တိုက်ပွဲအနည်းဆုံးနှင့် ဆုံးရှုံးမှုအနည်းဆုံးနှစ်ဖြစ်

၂၀၁၄ သည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ စတင်သည့် အချိန်မှစ၍ တိုက်ပွဲဖြစ်ပွားမှုအနည်းဆုံးနှင့် ဆုံးရှုံးမှုအနည်းဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

၂၀၁၄ နိုင်ငံတော်အခြေအနေနှင့်ပတ်သက်၍ ပြည်သူသို့ အစီရင်ခံတင်ပြချက်တွင် သမ္မတက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒေသအချို့တွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ထိတွေ့မှုများမှာ ၀မ်းနည်းစရာ ဖြစ်ရပ်များကို ပေါ် ပေါက်စေခဲ့သော်လည်း ၂၀၁၄ သည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများစတင်ခဲ့သည့် အချိန်မှစ၍ တိုက်ပွဲဖြစ်ပွားမှုအနည်းဆုံးနှင့် အသက်အိုးအိမ်စည်းစိမ် ဥစ္စာပစ္စည်းဆုံးရှုံးမှုအရ လက်ရှိကာလအထိ အနည်းဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သမ္မတက ပြောကြားခဲ့သည်။

အမြန်လမ်းတွင် တစ်နှစ်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၁၅၀ ဦး သေဆုံး

ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ၂၀၁၄ တစ်နှစ်တာအတွင်း ယာဉ်မတော်တဆမှု များကြောင့် လူ ၁၅၀ ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေ၀င်းက ပြောသည်။

၂၀၁၄ တစ်နှစ်တာအတွင်း ယာဉ်မတော်တဆမှု ၄၁၂ မှုရှိခဲ့ပြီး လူ ၁၅၀ ဦးသေဆုံးခဲ့ကာ၈၀၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို ဖြစ်ပွားမှုနှုန်းအရ ပျမ်းမျှအားဖြင့် အမြန်လမ်းတွင် တစ်ရက်လျှင်ယာဉ် မတော်တဆမှုတစ်ခု ဖြစ်ပွားနေသည်။

သြစတြေးလျနိုင်ငံ ကွင်းစလန်းမြို့ နှစ်သစ်ကူးည ပျော်ပါးသောင်းကျန်းလွန်းသူ ၆၀၀ကျော်ကို ဖမ်းဆီးလိုက်ရ

Photo: သြစတြေးလျနိုင်ငံ ကွင်းစလန်းမြို့ နှစ်သစ်ကူးည ပျော်ပါးသောင်းကျန်းလွန်းသူ ၆၀၀ကျော်ကို ဖမ်းဆီးလိုက်ရ 

ဇန်န၀ါရီလ ၂ ရက်၊ ၂၀၁၅

သြစတြေးလျနိုင်ငံ၏ ဒုတိယအကြီးဆုံးနှင့် တတိယမြောက် လူဦးရေအများဆုံး ကွင်းစလန်းမြို့ တွင် နှစ်သစ်ကူးအကြိုညက ဓားထောက်လုယက်မှုများ၊ သောင်းကျန်းလွန်း၍ လူ ၆၀၀ကျော်ဖမ်းဆီးလိုက်ရခြင်းနှင့် တိုက်အမိုးစွန်မှ ခုန်ချခြင်းတို့ ကြောင့် အကျည်းတန် ရုပ်ဆိုးစွာ နှစ်သစ်သို့ ကူးပြောင်းခဲ့ရသည်။ဘရစ်ဘန်းပြည်နယ်၏ အကြီးဆုံးမြို့ ဖြစ်သည့် ကွင်းစလန်းသို့ နှစ်ကူးညပျော်ရွင်ပွဲသို့ လာရောက်သူပေါင်းတွင် ပထမတွင် ခန့်မှန်း ၅၀၀၀၀ကျော်ရှိရာမှ အချိန်နီးလာသည်နှင့်အမျှ တိုးလာကာ ၈၀၀၀၀ကျော်အထိသို့ ရောက်ရှိခဲ့ကြောင်း ကွင်းစလန်ရဲဌာနက ပြောသည်။
 
သောင်းကျန်းလွန်သဖြင့် အမှုစုံဖြင့် ဖမ်းဆီးခဲ့ရသူပေါင်းမှာ လူပေါင်း ၆၃၀ကျော်ရှိသွားသည်။ လူတစ်ဦးသည်လည်း ထိန်းမနိုင်သိမ်းမရ သောင်းကျန်းလွန်းသဖြင့် ဖမ်းဆီးခဲ့ရကာ ရဲများကို ပုလင်းဘူးခွံများဖြင့် ပစ်ပေါက်ခြင်းများလည်းရှိခဲ့သည်။

မနှစ်က နှစ်ကူးအတိုင်းပင် ပွဲတော်မှာ စည်ကားသလို ဝရုန်းသုန်းကားအခြေအနေမှာလည်း မနှစ်ကအတိုင်းပင်ဖြစ်သည်ဟု ရဲဌာနအကြီးအကဲ အန်းစတီးဝပ်ကပြောခဲ့သည်။ " ကွင်းစလန်းမြို့သားတွေရဲ့ ၉၉ ရာခိုင်နှုန်းကတော့ ပုံမှန်ပျော်ရွှင်ကြတာပါ။ ဒါပေမယ့် တစ်ရာခိုင်နှုန်းက အလွန်အကျုးတွေဖြစ်ကြတယ်။ ဒါကြောင့် မူးယစ်သောင်းကျန်းပြီး ခိုက်ရန်ဖြစ်မှုတွေကြောင့် လူခြောက်ရာကျော်ကို ဖမ်းဆီးလိုက်ရတယ်။"ဟု ၎င်းကပြောသည်။

ထိုပြင်ဓားထောက်ဓားပြတိုက်မှုတစ်ရပ်ဖြစ်ပွား၍ လူနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ရသည်။ ည ၉နာရီခွဲအချိန်တွင် ကားတွင်းက လူနှစ်ဦးက လမ်းပေါ်သွားနေသည့် လူနှစ်ဦးထံ ချဉ်းကပ်လာခဲ့ကြောင်း၊ တစ်ဦးက ဓားထုတ်ကာ ၎င်းတို့ နှစ်ဦးကို ထောက်၍ ပိုက်ဆံပေးရန် ခြိမ်းခြောက်တောင်းကြောင်း၊ အပြန်အလှန်တိုက်ခိုက်မှုဖြစ်ကြောင်း၊ ကင်းလှည့်ရဲများရောက်လာ၍  ဖမ်းလိုက်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယင်းသို့ လုယက်သူနှစ်ဦးတွင် ကြံရာပါဖြစ်သည့်သူ ဒဏ်ရာရ၍ ဆေးရုံသို့ တင်ပို့ လိုက်ရသည်။ ယင်းဓားကိုင်ပိုက်ဆံ ခြိမ်းခြောက်သူ နှစ်ဦးကိုလည်း ပြစ်မှုအတွက် စစ်ဆေးနေပြီဖြစ်သည်။

နောက်ထပ်ဖြစ်ပွားမှုမှာ အဆောက်အအုံအမိုးစွန်မှ လူတစ်ဦးသောင်းကျန်းလွန်ပြီး ခုန်ချခြင်းဖြစ်သည်။ ဗာစီတီအိုင်ကြီးနားရှိ အဆောက်အအုံတစ်ခုပေါ်မှ အသက် ၂၅နှစ်ရှိ အမျိုးသားတစ်ဦးက နှစ်သစ်ကူး နံနက် ၃နာရီခန့် တွင် ခုန်ချခြင်းဖြစ်၍ ခြေထောက်နှင့် ခေါင်းတို့ တွင် ထိခိုက်ဒဏ်ရာရပြီး ဆေးရုံသို့ တင်ပို့ ခဲ့ရသည်။

ဆူပူသောင်းကျန်းလွန်းသည့် ပါတီပွဲတစ်ပွဲကလည်း ရဲက ပိတ်သိမ်းခိုင်းခဲ့ရသည်။ ဘရာဆောဒေသတွင်လည်း အများပြည်သူအထိတ်တလန့် ဖြစ်စေမှုနှင့် ရဲလုပ်ငန်းအနှောင့်အယှဉ်ဖြစ်စေမှုတို့ ဖြင့် လူတစ်ဦးကို ဖမ်းခဲ့ရပြန်သည်။  ယာဉ်တိုက်မှုများလည်း အများအပြားပင်ဖြစ်ပွားခဲ့သည်။ နယူးဆောက်ဝေးလ်မြောက်ပိုင်းတွင် အသက် ၇၉နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦး ကားတိုက်ခံရ၍ သေဆုံးခဲ့သည်။ ယာဉ်မောင်းဖြစ်သူအား မူးယစ်ဆေးဝါးသုံးစွဲထားခြင်းရှိမရှိကို စစ်ဆေးရန် ဖမ်းဆီးသွားခဲ့သည်။

ကွင်းစလန်မြို့တွင် ယင်းသို့  လူပေါင်း ၆၀၀ကျော်အား ဖမ်းဆီးထိန်းသိမ်းခဲ့ရခြင်း၊ ယာဉ်တိုက်မှုများ၊ ဓားပြတိုက်မှုများဖြင့်  ရဲများအလုပ်ရှုပ်ခဲ့ကြရသလို နှစ်သစ်ကူးညသည်လည်း အကျည်းတန်မှုများ ဖြစ်ခဲ့ရသည်။

Mizzima
သြစတြေးလျနိုင်ငံ၏ ဒုတိယအကြီးဆုံးနှင့် တတိယမြောက် လူဦးရေအများဆုံး ကွင်းစလန်းမြို့ တွင် နှစ်သစ်ကူးအကြိုညက ဓားထောက်လုယက်မှုများ၊ သောင်းကျန်းလွန်း၍ လူ ၆၀၀ကျော် ဖမ်းဆီးလိုက်ရခြင်းနှင့် တိုက်အမိုးစွန်မှ ခုန်ချခြင်းတို့ ကြောင့် အကျည်းတန် ရုပ်ဆိုးစွာ နှစ်သစ်သို့ ကူးပြောင်းခဲ့ရသည်။ဘရစ်ဘန်းပြည်နယ်၏ အကြီးဆုံးမြို့ ဖြစ်သည့် ကွင်းစလန်းသို့ နှစ်ကူးညပျော်ရွင်ပွဲသို့ လာရောက်သူပေါင်းတွင် ပထမတွင် ခန့်မှန်း ၅၀၀၀၀ကျော်ရှိရာမှ အချိန်နီးလာသည်နှင့်အမျှ တိုးလာကာ ၈၀၀၀၀ကျော်အထိသို့ ရောက်ရှိခဲ့ကြောင်း ကွင်းစလန်ရဲဌာနက ပြောသည်။

ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ရလဒ်နဲ့ အမှတ်ပေးဇယား

Photo: ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ရလဒ်နဲ့ အမှတ်ပေးဇယား
=============================

ဇန်န၀ါရီလ ၂ ရက်၊ ၂၀၁၅

ပြီးခဲ့တဲ့ည ဇန်နဝါရီ ၁ ရက် နယူးရီးယားနေ့ကကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ မှာတော့ ချယ်ဆီးတို့ အဝေးကွင်းမှာ တော့တင်ဟမ်ဟော့စပါးကို ၅-၃ ဂိုး နဲ့ လက်မြှောက် အရှုံးပေးခဲ့ရပါတယ်။ စပါးအတွက် ဂိုးများကိုတော့ ကိန်း ၂ ဂိုး ၊ ရိုစ် ၁ ဂိုး တောင်ဆန် ပင်နယ်တီ ၁ ဂိုး နဲ့ ခါဒ်လီ တို့က ၁ ဂိုး အသီးသီး သွင်းယူပေးခဲ့ပါတယ်။ ချယ်ဆီး အတွက်ဂိုးများကို တော့ ဒီရေဂို ကော်စတာ ၊ ဟာဇတ် နဲ့ အသင်းခေါင်းဆောင် ဂျွန်တယ်ရီ တို့ကသွင်းယူပေးခဲ့ပါတယ်။ ချယ်ဆီးရဲ့ယခုအရှုံး ရလဒ်ကြောင့် မန်စီးတီး နဲ့ အမှတ်တူ ဂိုးကွာခြားချက် အတူနဲ့ အဆင့် ၁ မှာ မန်စီးတီးနဲ့အတူတူ ရပ်တည်နေပါတယ်။

မန်စီးတီးကလဲ အိမ်ကွင်းမှာ ဆန်းဒါးလန်း ယာယာတိုရေး ၊ ဂျိုဗီတစ် ၊လမ်းပတ်တို့ ရဲ့ဂိုးတွေနဲ့ ၃-၂ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး အဆင့် တစ်နေရာကို ချယ်ဆီးနဲ့ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။

မန်ယူကလဲ အဝေးကွင်းမှာ စတုတ်ကို အဝေးကွင်းမှာ သရေရလဒ်သာ ရယူနိုင်ခဲ့ပါတယ်။ စတုတ်အတွက်ဂိုးကို ပွဲအစ ၂ မိနစ်မှာ အသင်းခေါင်းဆောင် ရှောခရော့ ကသွင်းယူပေးခဲ့ ပြီး မန်ယူအတွက် ခြေပဂိုးကိုတော့ ဖယ်ကာအို ကပွဲချိန် ၂၆ မိနစ်မှာ သွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းကတော့ အဆင့် ၃ နေရာမှာပဲ ဆက်လက်ရပ်တည်နေပါတယ်။

ဆောက်သမ်ပတန် ကတော့ အိမ်ကွင်းမှာ အာဆင်နယ်ကို ၂ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အာဆင်နယ်ကတော့ အဆင့်ခြောက်နေရာမှာရပ်တည်နေပါတယ်။

လီဗာပူးကတော့ အိမ်ကွင်းမှာ ဂျာရတ်ရဲ့ ပင်နယ်တီ ဂိုးတွေနဲ့ ဂိုပြတ်ဦးဆောင်ခဲ့ပေမဲ့ ဇယားအောက်ဆုံးက လက်ဆက်စ်တာကို ဂိုးတွေပြန်ပေးခဲ့ရပြီး ၂-၂ သရေကျခဲ့သဖြင့် လီဗာပူးလ် အတွက် ၂ မှတ်နစ်နာခဲ့ရပါတယ်။ လီဗာပူးလ်အသင်းကတော့ အဆင့် ၈ နေရာမှာရပ်တည်နေပါတယ် ။

Football Café
ပြီးခဲ့တဲ့ည ဇန်နဝါရီ ၁ ရက် နယူးရီးယားနေ့ကကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ မှာတော့ ချယ်ဆီးတို့ အဝေးကွင်းမှာ တော့တင်ဟမ်ဟော့စပါးကို ၅-၃ ဂိုး နဲ့ လက်မြှောက် အရှုံးပေးခဲ့ရပါတယ်။ စပါးအတွက် ဂိုးများကိုတော့ ကိန်း ၂ ဂိုး ၊ ရိုစ် ၁ ဂိုး တောင်ဆန် ပင်နယ်တီ ၁ ဂိုး နဲ့ ခါဒ်လီ တို့က ၁ ဂိုး အသီးသီး သွင်းယူပေးခဲ့ပါတယ်။ ချယ်ဆီး အတွက်ဂိုးများကို တော့ ဒီရေဂို ကော်စတာ ၊ ဟာဇတ် နဲ့ အသင်းခေါင်းဆောင် ဂျွန်တယ်ရီ တို့ကသွင်းယူပေးခဲ့ပါတယ်။ ချယ်ဆီးရဲ့ယခုအရှုံး ရလဒ်ကြောင့် မန်စီးတီး နဲ့ အမှတ်တူ ဂိုးကွာခြားချက် အတူနဲ့ အဆင့် ၁ မှာ မန်စီးတီးနဲ့အတူတူ ရပ်တည်နေပါတယ်။

Thursday, January 1, 2015

Ooredoo မှ ပြည်ပဖုန်းခေါ်ဆိုခများ ထပ်မံ လျှော့ချ

အော်ရီဒူးဆင်းမ်ကတ် အသုံးပြုသူများ အတွက် ပြည်ပ ဖုန်းခေါ်ဆိုခများကို ယမန်နေ့ မှစ၍ လျှော့ချပေးလိုက်ကြောင်း Ooredoo မြန်မာမှ သိရသည်။
“ပြည်သူတွေ အဆင်ပြေပြေသုံးစွဲနိုင် ဖို့ အော်ရီဒူးက အမြဲအစဉ်တစိုက် နားစွင့်ပြီး ၀န်ဆောင်မှုတွေကို ပေးအပ်သွားမှာပါ”ဟု Ooredoo မြန်မာမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်သီရိကြာညိုက ပြောသည်။
ယင်းကဲ့သို့ လျှော့ချရာတွင် အာဆီယံ နိုင်ငံများသို့ ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် (၂၀၀) ကျပ်သာ ကောက်ခံမည်ဖြစ်ပြီး အမေရိကန် နှင့် ကနေဒါ နိုင်ငံသို့ ဖုန်းခေါ်ဆိုခ တစ်မိနစ် လျှင် (၁၀၀)ကျပ်နှုန်းသာကောက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိနေဟု ဒေါ်အောင်ဆန်းစုကြည်ကပြော

ရန်ကုန်၊ ပြည်သူ့လွှတ်တော်မှ အတည်ပြုထား သည့် ကြီးလေးကြီးအပါအဝင် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအတွက် အဆင်သင့်ရှိ နေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်သည်။

ဒီဇင်ဘာ ၃ဝ ရက်က ရန်ကုန်မြို့ ဗဟန်း မြို့နယ်ရှိ အဖွဲ့ချုပ်ရုံး၌ပြုလုပ်သည့် သတင်း မီဒီယာ ရှင်းလင်းပွဲတွင် သတင်းထောက်များ ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ''ခြောက်ပွင့် ဆိုင်ကို သဘောတူတာ ပြောထားပြီးသားပါ။ လွှတ်တော်မှာ တင်သွင်းတာကို မကန့်ကွက် ပါဘူး။ ဖြစ်မြောက်တာ၊ မဖြစ်မြောက်တာ ကျွန်မတို့အပေါ်မှာ မူမတည်ပါဘူး။ ကျွန်မ တို့ကတော့ ဆွေးနွေးမယ်ဆို ပါဝင်ဖို့အဆင် သင့်ပဲ''ဟု ပြောဆိုခဲ့သည်။

သစ်တောဝန်ထမ်းလေးဦး အသတ်ခံရမှု နိုင်ငံတော်အဆင့်ဖြေရှင်းပေးရန် ဝန်ကြီးဌာနတင်ပြပြီ

ရှမ်းပြည်တောင်ပိုင်းလင်းခေး ခရိုင် သစ်တောဦးစီးမှူးအပါအဝင် သစ် တောအရာရှိလေးဦး သေဆုံးမှုအား အ မှုမှန်ပေါ်ပေါက်ရန်အတွက် နိုင်ငံတော် အဆင့်အနေဖြင့် ဖြေရှင်းဆောင်ရွက် ပေးရန် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သမ္မတရုံးသို့တင်ပြထားသည်ဟု ထုတ် ပြန်ကြေညာထားသည်။
ဖြစ်စဉ်မှာ ဝမ်စလောင်းနှင့် ဝမ် ဟိုက်ကျေးရွာကြားရှိ ပိုင်ရှင်မဲ့ပိတောက် ၂ဝ၄တန်ကို ဒီဇင်ဘာ ၂၆ရက်က ရဲတပ် ဖွဲ့နှင့် သစ်တောပူးပေါင်းအဖွဲ့တို့က တွေ့ ရှိခဲ့ပြီးနောက် လင်းခေးခရိုင်၊ သစ်တော ဦးစီးမှူးအပါအဝင် သစ်တောအရာရှိ ခြောက်ဦးသည် ဒီဇင်ဘာ ၂၇ ရက်က ကားတစ်စီး၊ ဆိုင်ကယ်နှစ်စီးဖြင့် သွား ရောက်တိုင်းတာခဲ့ရာမှ လေးဦးအသတ် ခံခဲ့ရပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ပြန်ကြားရေး ဝန်ထမ်းသုံးဦးကို ငွေအလွဲသုံးစားပြုမှုဖြင့် ထောင်ဒဏ် နှစ် ၄၀ စီ အမိန့်ချ

နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတိုက်မှ ပြန်ကြားရေး ဝန်ထမ်းသုံးဦး ဖြစ်သည့် မန်နေဂျာနှင့် လက်ထောက်မန်နေဂျာ နှစ်ဦးတို့ကို သတင်းစာ၏ ကျပ်သိန်းသုံးထောင်နီးပါး အလွဲသုံးစားပြုမှုဖြင့် ဒီဇင်ဘာလ ၃၀ ရက်နေ့က အနောက်ပိုင်းခရိုင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် နှစ် ၄၀ စီ အမိန့်ချမှတ်ခဲ့ကြောင်း ယင်းခရိုင်တရားရုံးထံမှ စုံစမ်းသိရှိရသည်။
၂၀၀၈-၂၀၀၉ ခုနှစ် ဘဏ္ဍာရေးနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဘဏ္ဍာရေးနှစ်အထိ လေးနှစ်အတွင်း ငွေကျပ် ၂၈၈၆ သိန်း အလွဲသုံးစားပြုလုပ်မှုဖြင့် မြန်မာ့အလင်းသတင်းစာတိုက် စီမံရေးအပိုင်း မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းလတ်၊ လက်ထောက်မန်နေဂျာနှင့် ဖြန့်ချိရေးပိုင်း တာဝန်ခံ ဦးကျော်မင်းဦးနှင့် လက်ထောက်မန်နေဂျာနှင့် ငွေစာရင်းကိုင် ဦးဝင်းမြင့်တို့ သုံးဦးကို ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃ ဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ရာမှ တစ်ဦးလျှင် ထောင်ဒဏ် နှစ် ၄၀ စီ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော်ရှိ မြန်မာ့ အလင်းသတင်းစာတိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျပ်သိန်းပေါင်း သုံးသောင်းကျော် လိမ်လည်ခဲ့သူ၏ အိမ်နှင့်ဆိုင်ကို ကမ္ဘောဇဘဏ် ကြေညာချက်ကပ်

မုံရွာမြို့တွင် ဟိုးလေးကျော်ကျော် ဖြစ်နေသော ကျပ်သိန်းပေါင်း သုံးသောင်းကျော် လိမ်လည်ခဲ့သူဟု ဆိုသူ ပိုင်ဆိုင်သည့် အေးသာယာရပ်ကွက် အုန္နဲပင်လမ်းရှိ ချမ်းသာအောင် အိမ်ဆောက်ပစ္စည်းဆိုင် နှစ်ထပ်အဆောက်အအုံနှင့် မြေသည် ကမ္ဘောဇဘဏ်တွင် အပေါင်ထား၍ ချေးငွေယူထားသည့် အဆောက်အအုံ ဖြစ်ကြောင်း ယင်းဘဏ်က ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကြေညာချက် လာကပ်သည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံများက ပြောကြားသည်။

မွန်ပြည်နယ် ကျိုက္ကသာမြို့ဟောင်းတွင် ဒင်္ဂါးပြားများ သောင်းချီတွေ့ရှိ

Photo: မွန်ပြည်နယ် ကျိုက္ကသာမြို့ဟောင်းတွင် ဒင်္ဂါးပြားများ သောင်းချီတွေ့ရှိ

ဇန်န၀ါရီလ ၁ ရက်၊ ၂၀၁၅

ရန်ကုန်၊ မွန်ပြည်နယ် ကျိုက္ကသာမြို့ ဟောင်းတွင် သီရိဝစ္ဆပုံပါဒင်္ဂါးများ သောင်းချီထွက်ရှိနေပြီး ရှေးဟောင်း သုတေသနဦးစီးဌာနမှစုစည်း၍ မွန် ပြည်နယ် မော်လမြိုင်ယဉ်ကျေးမှုပြ တိုက်တွင် ပြသနိုင်ရန်ဆောင်ရွက်နေ ကြောင်း သိရသည်။
အဆိုပါဒင်္ဂါးများမှာ အကြီး အသေးမျိုးစုံတွေ့နေရပြီး ငွေဒင်္ဂါး အသေးများ ပိုမိုထွက်ရှိနေကြောင်း မွန်ရှေးဟောင်းသုတေသနပညာရှင် ဦးစံဝင်း (သုဝဏ္ဏဘူမိ)က ပြောသည်။
''မွန်ပြည်နယ် ကျိုက္ကသာမြို့ ဟောင်းမှာ ငွေဒင်္ဂါးအသေးတွေ သောင်းချီ၊ သိန်းချီပြီးထွက်နေတယ်။

ဒင်္ဂါးအကြီးတွေကိုတော့ ရှေးဟောင်း သုတေသနဦးစီးဌာနက ဆုကြေးပေး ပြီးဝယ်ယူပါတယ်။ အဓိကပြောချင် တာကတော့ မွန်ပြည်နယ်မှာ သီရိ ဝစ္ဆတံဆိပ်ပါတဲ့ဒင်္ဂါးတွေ အများကြီး တွေ့တာကို ပြောချင်တာပဲ။ ရှေးသု က ဝယ်ထားတာတွေလဲရှိတယ်။ များ လွန်းလို့ လူတွေလက်ထဲမှာလဲ ပျံ့နှံ့နေတယ် ဆိုတာ ပြောချင်တာပါ''ဟု ဆိုသည်။
ယင်းဒင်္ဂါးများသည် ယဉ်ကျေး မှုအမွေအနှစ်များဖြစ်၍ နိုင်ငံခြားသို့ ခိုးထုတ်ခြင်းမှ ကာကွယ်ရမည်ဖြစ်ပြီး ပြတိုက်တွင် စုဆောင်းပြသထားသင့် ကြောင်း သိရသည်။

ယင်းဒင်္ဂါးများသည် ယဉ်ကျေးမှုအမွေအနှစ်များဖြစ်၍ နိုင်ငံခြားသို့ ခိုး ထုတ်ခြင်းမှ ကာကွယ်ရမည်ဖြစ်ပြီး ပြတိုက်တွင် စုဆောင်းပြသထားသင့် ကြောင်း သိရသည်။

''ဒီဒင်္ဂါးတွေ ရှိသင့်တဲ့နေရာက ပြတိုက်ပဲ။ အခုတွေ့ရတာက ငွေအစစ် နဲ့လုပ်ထားတယ်။ သီရိဝစ္ဆပုံကို နှိပ်ထားတယ်။ ပန်းပွင့်ပုံလိုမျိုးဖြစ်နေတဲ့ ဒင်္ဂါး အသေးစားလေးတွေ တွေ့ရတယ်။ ပျမ်းမျှအရွယ်အစား သုံးမျိုးတွေ့ရတယ်။ များလွန်းလို့အပြင်(နိုင်ငံခြား)ကို ခိုးထုတ်မှာပဲစိုးရတယ်''ဟု ရှေးဟောင်းသုတေ သနပညာရှင် ဒေါက်တာပြည့်ဖြိုးကျော်ကပြောသည်။

အမျိုးသားပြတိုက်နှင့် ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးကျော်ညွန့်က ''ရှေးဟောင်းပစ္စည်းတွေကို ကာယကံရှင်တွေကလာအပ် ရင် နိုင်ငံတော်က ခန့်အပ်ထားတဲ့ အကဲဖြတ်အဖွဲ့တွေထံ အပ်ပေးပါတယ်။ ငွေဟုယူဆရတဲ့ ဒင်္ဂါးဆိုပြီး အပ်နှံအကဲဖြတ်ပေးပါတယ်။ မွန်ပြည်နယ်က ထွက်တဲ့ဒင်္ဂါးဆို မွန်ပြည်နယ်ရဲ့ ယဉ်ကျေးမှုပြတိုက်မှာပဲ ပြသင့်ပါတယ်။ မွန် ပြည် နယ်မှာရှိတဲ့ ရှေးဟောင်းသုတေသန ဦးစီးဌာနကို သွားရောက်အပ်နှံနိုင် ပါတယ်။ ငွေဒင်္ဂါးတစ်ခုချင်းစီအလိုက် တွက်ပေးပါတယ်''ဟုပြောသည်။
လက်ရှိအချိန်တွင် မွန်ပြည်နယ်မှ တူးဖော်ရရှိသော ယဉ်ကျေးမှုအမွေအ နှစ်များကို မော်လမြိုင်ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်တွင် ပြသထားသည်။

TheYangonTimes
Yangon Media Group
ရန်ကုန်၊ မွန်ပြည်နယ် ကျိုက္ကသာမြို့ ဟောင်းတွင် သီရိဝစ္ဆပုံပါဒင်္ဂါးများ သောင်းချီထွက်ရှိနေပြီး ရှေးဟောင်း သုတေသနဦးစီးဌာနမှစုစည်း၍ မွန် ပြည်နယ် မော်လမြိုင်ယဉ်ကျေးမှုပြ တိုက်တွင် ပြသနိုင်ရန် ဆောင်ရွက်နေ ကြောင်း သိရသည်။
အဆိုပါဒင်္ဂါးများမှာ အကြီး အသေးမျိုးစုံတွေ့နေရပြီး ငွေဒင်္ဂါး အသေးများ ပိုမိုထွက်ရှိနေကြောင်း မွန်ရှေးဟောင်းသုတေသနပညာရှင် ဦးစံဝင်း (သုဝဏ္ဏဘူမိ)က ပြောသည်။
''မွန်ပြည်နယ် ကျိုက္ကသာမြို့ ဟောင်းမှာ ငွေဒင်္ဂါးအသေးတွေ သောင်းချီ၊ သိန်းချီပြီးထွက်နေတယ်။

အပြာကားများတွင် အကာအကွယ် မသုံးပဲ သရုပ်ဆောင်ခဲ့သူ အိတ်ခ်ျအိုင်ဗီပိုး တွေ့ ရှိ၍ ပါတနာများ ထိတ်လန့်


အမေရိကန် အပြာကား ဇာတ်ဆောင် တစ်ဦးသည် လိင်ဆက်ဆံခန်း များတွင် အကာအကွယ် မသုံးဘဲ သရုပ်ဆောင် ခဲ့ပြီး ယခုအ ခါ အိတ်ခ်ျအိုင်ဗီပိုး စမ်းသပ် တွေ့ ရှိသဖြင့် ကယ်လီဖိုးနီးယား ပြည်သူ့ ကျန်းမာရေး အရာရှိများက ဒီဇင်ဘာ ၂၉ ရက်တွင် ကျန်းမာရေး သတိပေးချက် ထုတ်ပြန် လိုက်ရသည့် အပြင် တွဲဖက် သရုပ်ဆောင်သူ များနှင့် သူ၏ အဖော်များ ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား

ဇန်န၀ါရီလ ၁ ရက်၊ ၂၀၁၅

ချစ်ခင်လေးစားရပါသော တိုင်းရင်းသား ပြည်သူလူထု အပေါင်းခင်ဗျာ-

တိုင်းရင်းသား ပြည်သူတို့ရဲ့ မျိုးဆက်များဖြင့် ဖွဲ့စည်းထားတဲ့ တပ်မတော်ရဲ့ အကြီးအကဲ တစ်ယောက် အနေဖြင့် တပ်မတော်ကိုယ်စား တိုင်းရင်းသား ပြည်သူများ အားလုံးကို ၂၀၁၄ နှစ်ဟောင်းကုန်လို့ ၂၀၁၅ နှစ်သစ်ကူး အခါသမယမှာ “ နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ” “မင်္ဂလာအပေါင်းနှင့် ခညောင်း ပြည့်စုံပါစေ”လို့ ဦးစွာ ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သ ပါတယ်။

ကျွန်တော်တို့ တပ်မတော်သားများဟာ ပြည်သူကြားမှ ပေါက်ဖွား လာသူများပီပီ မွန်မြတ်တဲ့ စိတ်ထားဖြင့် နိုင်ငံတော်နဲ့ ပြည်သူကို အသက်ခန္ဓာ အပ်နှင်းပြီး အလုပ်အကျွေး ပြုလျက် ရှိပါတယ်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ အနေနဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်ဖြင့် ပြောင်းလဲ လျှောက်လှမ်းခဲ့ရာမှာ အောင်မြင်မှုများ ရရှိခဲ့ သလို စိန်ခေါ်မှုများကိုလည်း ရင်ဆိုင် ခဲ့ရပါတယ်။

ယနေ့ လျှောက်လှမ်းနေတဲ့ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ မလွှဲမသွေ ခိုင်ခိုင်မြဲမြဲ ရှိစေရေးအတွက် တပ်မတော် အနေဖြင့် တည်ငြိမ် အေးချမ်းရေး စည်းလုံး ညီညွှတ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဆိုတဲ့ ရပ်တည်ချက်များနှင့် အတူ ပူးပေါင်း ပါဝင်လျက်ရှိကြောင်း လေးလေး နက်နက် ပြောကြား လိုပါတယ်။

ကျွန်တော်တို့ အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ နိုင်ငံတော်ရဲ့ တည်ရှိမှု၊ သမိုင်း အစဉ်အလာနဲ့ တိုင်းရင်းသား ပြည်သူများရဲ့ အခြေအနေအပေါ် မူတည်ပြီး တတ်နိုင် သမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစား ဆောင်ရွက်လျက် ရှိပါတယ်။

၂၀၁၅ ခုနှစ်မှာ နိုင်ငံသားအားလုံး ဆက်လက် လုပ်ဆောင်ရမဲ့ လုပ်ငန်း ရပ်များစွာ ရှိပါတယ်။ တပ်မတော် အနေနဲ့ အဆိုပါ လုပ်ငန်းရပ်များကို တိုင်းရင်းသား ပြည်သူတို့နှင့် ခိုင်မြဲစွာ လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း လေးနက်စွာ ပြောကြား လိုပါတယ်။ တိုင်းရင်းသား ပြည်သူများ အားလုံး ကမ္ဘာသူ ကမ္ဘာသား အားလုံး နှစ်သစ်မှာ လိုအင်ဆန္ဒများ ပြည့်ဝ ပါစေကြောင်း ထပ်မံ ဆုမွန်ကောင်း တောင်းအပ်ပါတယ် ခင်ဗျာ။

မြ၀တီ
ချစ်ခင်လေးစားရပါသော တိုင်းရင်းသား ပြည်သူလူထု အပေါင်းခင်ဗျာ-

တိုင်းရင်းသား ပြည်သူတို့ရဲ့ မျိုးဆက်များဖြင့် ဖွဲ့စည်းထားတဲ့ တပ်မတော်ရဲ့ အကြီးအကဲ တစ်ယောက် အနေဖြင့် တပ်မတော်ကိုယ်စား တိုင်းရင်းသား ပြည်သူများ အားလုံးကို ၂၀၁၄ နှစ်ဟောင်းကုန်လို့ ၂၀၁၅ နှစ်သစ်ကူး အခါသမယမှာ “ နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ” “မင်္ဂလာအပေါင်းနှင့် ခညောင်း ပြည့်စုံပါစေ”လို့ ဦးစွာ ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သ ပါတယ်။

ကျွန်တော်တို့ တပ်မတော်သားများဟာ ပြည်သူကြားမှ ပေါက်ဖွား လာသူများပီပီ မွန်မြတ်တဲ့ စိတ်ထားဖြင့် နိုင်ငံတော်နဲ့ ပြည်သူကို အသက်ခန္ဓာ အပ်နှင်းပြီး အလုပ်အကျွေး ပြုလျက် ရှိပါတယ်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ အနေနဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်ဖြင့် ပြောင်းလဲ လျှောက်လှမ်းခဲ့ရာမှာ အောင်မြင်မှုများ ရရှိခဲ့ သလို စိန်ခေါ်မှုများကိုလည်း ရင်ဆိုင် ခဲ့ရပါတယ်။

သွေးထိုးမှုများ နားမယောင်ကြရန် လယ်သမားများအား သူရဦးရွှေမန်းထပ်ပြော

လယ်သမားများအနေ ဖြင့် သွေးထိုးမှုများ နားမယောင်ကြရန်နှင့် ဥပဒေနားလည်သည့် အဖွဲ့အစည်းများထံ ချဉ်းကပ်၍ လယ်မြေများ ပြန်လည်ရရှိရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက မှော်ဘီမြို့တွင် ပြုလုပ်သည့် တောင်သူတွေ့ဆုံပွဲ၌ ပြောကြားလိုက်သည်။

လယ်သမားများမှာ လယ် ယာမြေပြန်လည်ရရှိရေး တောင်း ဆိုရာတွင် နည်းလမ်းတကျ ဖြစ် ရန်အတွက် ဒီဇင်ဘာ ၃၁ ရက်က မှော်ဘီမြို့တွင်ပြုလုပ်သော တောင်သူလယ်သမားရေးရာတွေ့ဆုံပွဲ၌ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း သွားရောက်ခဲ့သော ဧရာဝတီတိုင်း ခရီးစဉ်၌ တောင်သူများနှင့် တွေ့ဆုံစဉ်ကလည်း ၎င်းက ပြောကြားခဲ့ဖူးသည်။

တစ်နှစ်အတွင်း တပ်နှင့်တိုင်းရင်းသား လက်နက်ကိုင်များကြား တစ်ပတ်အတွင်း တိုက်ပွဲငါးကြိမ်ခန့်ဖြစ်ပွားခဲ့


အစိုးရတပ်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကြားလက်နက်ကိုင်ပဋိပက္ခတစ်ပတ် လျှင် ငါးကြိမ်နှုန်းခန့်ဖြစ်ပွားခဲ့ပြီးစစ်ဘေးဒုက္ခသည်ဦးရေတစ် သောင်းကျော်မြင့်တက်လာ ကြောင်းသတင်း ရရှိသည်။

၂၀၁၄ အတွင်း လက်နက် ကိုင်ပဋိပက္ခအကြိမ်ရေ စုစုပေါင်း၂၄၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် မတော် (TNLA/ PSLF) တို့ကြား တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေအများဆုံးဖြစ်ပွားခဲ့သည်။

လေးနှစ်အတွင်း လွှတ်တော်အစည်းအဝေး ၇၆ ရက်သာကျင်းပခဲ့၍ လစာကျပ်နှစ်သိန်း ထုတ်နေရခြင်းကိုရှက်မိကြောင်း ဒေါ်ညိုညိုသင်းပြော

လေးနှစ်တာကာလ အတွင်း လွှတ်တော်အစည်း အဝေး ၇၆ ရက်သာကျင်းပခဲ့ပြီး တစ်လလျှင် လစာကျပ်နှစ်သိန်း ထုတ်ယူနေရသည့် လွှတ်တော် ကိုယ်စားလှယ်ဘဝကို ရှက်မိပြီးမကျေနပ်မိကြောင်း ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

‘‘ကျွန်မလိုပဲ ပြည်သူတွေ လည်း တစ်သားတည်းဖြစ်မယ် ထင်တယ်’’ဟု ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် အရပ်ဘက်အဖွဲ့အစည်းများတွေ့ဆုံပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့သည်။

လျှပ်စစ်မီးပြတ်တောက်မှုများ ယခုရက်ပိုင်းအတွင်း မကြာခဏဖြစ်နိုင်ဟုဆို

ရန်ကုန်မြို့သို့ ပို့လွှတ်နေ သည့် ဓာတ်အားလိုင်းများ ၀န် အား မနိုင်သဖြင့် ယခုရက်ပိုင်းအ တွင်း မီးပြတ်တောက်ခြင်း၊ ဓာတ် အားလျော့နည်းခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။

ယင်းကဲ့သို့ ဖြစ်ပေါ်ရခြင်းမှာ ရန်ကုန်မြို့သို့ အဓိကပို့လွှတ်နေ သည့် ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့တွင်းတူးစင် ထိန်းသိမ်း ပြုပြင်ခြင်းများ ပြုလုပ်နေသဖြင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများ ၏ ဓာတ်အားထုတ်လွှင့်မှုမှာ လျော့နည်းသွားနိုင်သဖြင့် ယခု ရက်ပိုင်းအတွင်း ရန်ကုန်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေရ ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESB)အဆင့်မြင့် အရာရှိတစ် ဦးက ပြောသည်။

စစ်သီချင်းကို နှစ်သစ်လက်ဆောင်ပေးမယ့် ဖြူဖြူကျော်သိန်း


ပရိသတ်များအတွက် ၂၀၁၅ နှစ်သစ်လက်ဆောင်အနေ ဖြင့် စစ်သီချင်းကို အွန်လိုင်းမှ ယနေ့ စတင်ဖြန့်ချိပေးမည်ဟု ဖြူဖြူကျော်သိန်းက ပြောသည်။

‘‘ဒီသီချင်းကို You Tube မှာ အမ်စတာဒမ်ပွဲတုန်းကဆိုထား တာကို ပရိသတ်တွေတော်တော် ကြိုက်ကြတယ်။ အဲဒီတုန်းက တော့ အယ်လ်လွန်းဝါနဲ့ဆိုထား တာ။ အခုက နာမည်ကျန်နေရစ် မယ်အခွေမှာပါမယ့်တစ်ယောက် တည်းဆိုထားတဲ့ဗားရှင်းနဲ့ဖြန့်ပေး မှာပါ’’ဟု ၎င်းက ပြောသည်။

လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနား (နေပြည်တော်) သို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်မဟုတ်ဘဲ ရန်ကုန်မြို့တွင်ပြုလုပ်မည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့သာ တက်ရောက်မည်

နေပြည်တော်၌ပြုလုပ်မည့် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်ဘဲ ရန်ကုန်တွင်ပြုလုပ်မည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့သာ တက်ရောက်ရန် ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

ဒီဇင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ချုပ်၌ပြုလုပ်သည့် သတင်း မီဒီယာများနှင့်တွေ့ဆုံပြီးနောက် သတင်းထောက်များ၏ မေးမြန်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ် သည်။

Wednesday, December 31, 2014

မကွေးတွင် တောင်သူ ငါးထောင်ကျော်ပါဝင်သည့် ဆန္ဒပြပွဲစီစဉ်သူ ထောင်ဒဏ်ကျခံ

Demonstration-Maguye
 တိုင်းအစိုးရရုံးစိုက်ရာ မကွေးမြို့ပေါ် ဆင်ပေါင်ဝဲမြို့နယ်အတွင်း သိမ်းဆည်ခံ လယ်ယာမြေများ ပြန်ရရေး တောင်သူ ၅၀၀ ကျော်ပါဝင်သည့် ဆန္ဒပြပွဲ စီစဉ်သူ ဦးတင်ထွန်းအောင်ကို မြို့နယ်တရားရုံးက ဒီဇင်ဘာ ၃၁ ရက်တွင် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ငွေဒဏ်ကျပ်တစ်သောင်း (သို့) မဟုတ် ထောင်တစ်လ ကျခံရန် အမိန့်ချမှတ်ခြင်းကို ကာယကံရှင်က ထောင်ဒဏ်ကို သာ ရွေးချယ်လိုက်သည်။
“ကျွန်တော်လုပ်ဆောင်တာက တောင်သူလယ်သမားတွေ ကောင်းကျိုးအတွက် ဦးဆောင်ခဲ့တာပါ။