Wednesday, September 26, 2012

အာဃာတမဲ့ကျည်ဆန်များရဲ့အဆုံးသတ်


Photo“လူငယ်အချိန်မှာ ခွန်အားများကို အားကိုးလျက် ကိုယ်မှန်တယ်ထင်ရာကို ဇွတ်လုပ်ချင်တဲ့ မာန်၊ ရန်ကိုရန်ချင်း တုံ့ပြန်ချင်တဲ့ သဘော၊ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုး အစွန်းရောက်တဲ့ မျက်ကန်းမျိုးချစ်၊ အားလုံးအတွက် ပေးဆပ်ရမှာကတော့ သေဒဏ်နှင့် ၂၄ နှစ်ပင် ဖြစ်တော့သည်” ယင်းစာစုပါ  ဆောင်းပါးလေးအား တစ်ချိန်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏ ကွန်မန်ဒိုဟောင်း ကိုလဖိုင်ဇော်ဆိုင်းတစ်ယောက် ထောင်တွင်း၌ရှိနေစဉ် ရေးသားခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်ဟိုတယ်များတွင်Presidential Suite ထည့်သွင်းရမည်

ရန်ကုန်၊ စက်တင်ဘာ ၂၆
နေပြည်တော်တွင် အဆင့်မြင့် ထိပ်သီး အစည်းအဝေးများ ကျင်းပရာ၌ နိုင်ငံတကာက တက်ရောက်လာမည့် ကိုယ်စားလှယ်များ တည်းခိုနိုင်ရန် နေပြည်တော် ဟိုတယ်တိုင်းတွင် Presidential Suite (အရေးကြီး ပုဂ္ဂိုလ်များအတွက် သီးသန့် အခန်း) အခန်း စုစုပေါင်း ၂၁စုံ ကို တည်ဆောက်ပြီး ဟိုတယ်နှင့် တည်ဆောက်ဆဲ ဟိုတယ်များ အနေဖြင့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ တွင်
တည်ဆောက်ရေး လုပ်ငန်းများ အပြီးသတ်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ အင်တာနက် လွတ်လပ်ခွင့် တိုးတက်လာ ဟု အမေရိကန် စစ်တမ်းတွင် ဖော်ပြ

ရန်ကုန်၊ စက်တင်ဘာ ၂၆  မြန်မာနိုင်ငံ၏ အင်တာနက် လွတ်လပ်ခွင့် တိုးတက်လာကြောင်း
အမေရိကန် အခြေစိုက် Freedoom House ၏ ၂၀၁၂ခုနှစ်အတွက် ထုတ်ပြန်သည့် “Freedom on the Net 2012”တွင် ဖော်ပြချက်အရ သိရသည်။

မေ့မြောနေရာမှ သတိပြန်ရလာသည့် အမျိုးသမီး ၁၃ နှစ်ကြာ မှတ်ဉာဏ်များပျောက်ဆုံး

ဗြိတိန်နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ကိုမာဝင်ကာ မေ့မြောနေပြီးနောက် ပြန်သတိလည်လာချိန်တွင် (၁၃)နှစ်ကြာ မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့ကြောင်း သိရှိရသည်။ အသက်(၃၂)နှစ် ရှိပြီဖြစ်ပြီး ကလေး(၃)ဦး၏ မိခင်ဖြစ်သော ဆာရာသွမ်ဆင်သည် သူမနိုးထလာချိန်တွင် (၁၉၉၈)ခုနှစ်ဆီက မှတ်ဉာဏ်များထံ ပြန်လည် ရောက်ရှိသွားသည်။ သူမကိုယ်သူမ ဆယ်ကျော်သက်တစ်ဦးဟု ထင်မှတ်နေပြီး ခင်ပွန်းသည်ကိုလည်း မမှတ်မိတော့ချေ။ သူမသည် Spice Girlsအဖွဲ့ မပြိုကွဲသေးဘဲ ကမ္ဘာသိ အောင်မြင်မှုများ ရရှိနေဆဲဟု ထင်မှတ်နေသလို မိုက်ကယ်ဂျက်ဆင် သေဆုံးသွားသည်ကိုလည်း မသိရှိတော့ဘဲ ဖြစ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ကျောတစ်ခင်းစာ တိုက်ပွဲနှင့် ဆေးမရှိသေးသည့် အိမ်ကိုက်နာ

ဒီအချိန်က သူတို့ဘဝအတွက် အခက်ခဲဆုံးအချိန်ဟု အီလက်ထ ရောနစ်Show Room သာ တစ်ခုတွင် လုပ်ကိုင်သော အသက် ၂၇ နှစ်ရှိ ကိုမိုးကျော်(အမည်လွှဲ)က ပြော သည်။ နောက်လဆိုလျှင် တိုက်ခန်း ငှားထားသည့် ခြောက်လစာချုပ် ပြည့်ပြီ။ ဆက်ငှားလိုပါကမူလဈေး ခြောက်သောင်းမရတော့။ တစ် သောင်းတိုးကာ ခုနစ်သောင်းပေး နိုင်လျှင် ဆက်ငှားမည်ဟု ပိုင်ရှင်က ရာဇသံထုတ်ထားသည်။ တစ်ပူပေါ် တစ်ပူဆင့်ပြန်သည်က တစ်နှစ်နီးပါး။ သူတို့လင်မယားနှင့်အတူ စပ်ပေါင်း ငှားနေသော လင်မယားက သီးခြား ခွဲနေတော့မည့်အကြောင်း ဆိုင်း မဆင့်ဗုံမပါ ကြေညာသည်။

ရွှေပြည်သာမှ မသန်စွမ်းအမျိုးသမီး အဓမ္မကျင့်ခံရမှု ကြေညာချက်ထုတ်ပြန်


ရွှေပြည်သာ ၈ ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ်ရှိ မသန်စွမ်း ဥာဏ်ရည်နိမ့်အမျိုးသမီးငယ်တစ်ဦး အဓမ္မကြံစည်ခြင်းခံခဲ့ရမှုအပေါ် တရားဥပဒေ အတိုင်းသာဖြစ်ရန် မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူမ
ျားအသင်းက ကြေညာချက်တစ်စောင်ထုတ်ကာ မေတ္တာရပ်ခံလိုက်သည်။

သွယ်လျ လှပချင်သူတို့အတွက် ဗိုက်သားလှုပ်အက


              အခုတစ်လောအိမ်က ကလေး တွေက Hip Hop သစ သီချင်းေ တွ နား ထောင်ကြလို့ သမီးတို့က ဘာကြောင့်  ဒီ Hip Hop သီချင်းတွေကြိုက် တာလဲ မေးလိုက်တော့၊ သူတို့လေးတွေက သီချင်းဆို တာအပြင် ဆိုသူများရဲ့ လှုပ်ရှားမှုကို ကြိုက်ကြောင်း ဖြေကြပါတယ်။ ဟုတ်မှာပါ။

တစ်သောင်းကျပ်တန် ငွေစက္ကူအတုများပြုလုပ်၍ မန္တလေးမြို့တွင် လိုက်လံအသုံးပြုနေသူများကို ဖမ်းဆီးစစ်ဆေးနေ

တစ်သောင်းကျပ်တန်ငွေစက္ကူ အတုများပြုလုပ်၍ မန္တလေးမြို့အတွင်း လိုက်လံအသုံးပြုနေသူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ သိရှိရသည်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် မန္တလေးမြို့နေသူ မောင်ပြုံးချိုသည် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုကို အသုံးပြုခဲ့ရာမှ မသင်္ကာ၍ စစ်ဆေးခဲ့ရာ ဧရာထွန်း၊ ဆ/၁ ရပ်ကွက်အတွင်းရှိ နေ အိမ်၌ ငွေစက္ကူအတုပြုလုပ်ရာ တွင်အသုံးပြုသည့် စက္ကူပရင်တာစက် တစ်လုံး၊ ကွန်ပျူတာလက်တော့ပ် တစ်လုံး၊ တစ်သောင်းကျပ်တန်ငွေစက္ကူအတု ၂၄ရွက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သွယ်လျ လှပချင်သူတို့အတွက် ဗိုက်သားလှုပ်အက

photo: http://www.shanghaiexpat.com

                အခုတစ်လောအိမ်က ကလေး တွေက Hip Hop သစ သီချင်းတွေနား ထောင်ကြလို့ သမီးတို့က ဘာကြောင့်  ဒီ Hip Hop သီချင်းတွေကြိုက်တာလဲ မေးလိုက်တော့၊ သူတို့လေးတွေက သီချင်းဆိုတာအပြင် ဆိုသူများရဲ့ လှုပ်ရှားမှုကို ကြိုက်ကြောင်း ဖြေကြပါတယ်။ ဟုတ်မှာပါ။

ချက်သမ္မတနိုင်ငံ အကူအညီဖြင့် မြန်မာကလေး ၂ ဦး နှလုံးခွဲစိတ်မှု အောင်မြင်

ချက်သမ္မတ နိုင်ငံတွင် နှလုံးခွဲစိတ်ကုသမှု ခံယူအောင်မြင်ခဲ့ပြီး ပြန်ရောက်လာသော ကလေး ၂ ဦးနှင့် လိုက်ပါပို့ဆောင်သူများ (ဓာတ်ပုံ – အောင်သက်ဝိုင်း / ဧရာဝတီ)
မြန်မာနိုင်ငံမှ နှလုံးရောဂါဝေဒနာ ခံစားနေရသော ကလေးငယ် ၃ ဦးကို ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ စီစဉ်ပံ့ပိုးမှုဖြင့် ၎င်းနိုင်ငံ ပရက်ဂ် မြို့ Motol ဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့ရာ ကလေး ၂ ဦး၏ ဆေးကုသမှု အောင်မြင်ခဲ့ပြီး ယနေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။

မန္တလေးဒေသအတွက် ဟိုတယ်ဇုန်

မြန်မာပြည်ထဲ အလုံးအရင်းနဲ့ ၀င်လာ ကြမယ့် ပြည်ပဧည့်သည်များအတွက် ဟိုတယ်ခန်း လုံလုံေ လာက်ေ လာက် ရှိစေရေး ရည်ရွယ်တဲ့ စီမံကိန်းတခု လာပါပြီ။
 တံတားဦးမြိုနယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ မန္တလေးမြို့သာ ကားလမ်းရဲ့ မြောက်ဘက် ဧရာဝတီမြစ်ကမ်းအထိ  ဧရိယာမြေ ဧက ၃.ဝဝဝ ခန့် နေရာကို ဟိုတယ်ဇုန် အဖြစ် သတ်မှတ်ပြီး ဆောက်လုပ်မယ် လို့ မန္တလေးမြို့ဟိုတယ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျောက်မီးသွေး လျှပ်စစ်စက်ရုံ အစားထိုးလောင်စာ သုံးရန် သုံးပါတီတောင်းဆို

စံခလပူရီ (မဇ္ဈိမ) ။       ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို အစားထိုး လောင်စာဖြင့် လည်ပတ်ပေးရန် ဒေသခံ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများက တနင်္လာနေ့တွင် တိုင်းဒေသကြီး အစိုးရသို့ တင်ပြထားကြောင်း ဦးဆောင်ပါဝင်သူများက ပြောသည်။

အစိုးရအဖွဲ့ထဲက တာဝန်ရှိသူတွေ အင်္ဂလိပ်ဘာသာစကားမှာ အားနည်း ဟု BBC ဝေဖန်

သမ္မတဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ အသက် ၆၇ ကျော်လို့ အသက် ၆၈ နှစ်တွင်း ချင်းနင်းဝင်ရောက်နေပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သွားတာလာတာမှာ မီဒီယာသမားတွေတောင် ဖမ်းရခက်လောက်အောင် မြှားတစင်းလို သွက်လက်လွန်းလှပါတယ်။ တခါ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကားလို သွက်လက်ချက်ချာစွာနဲ့ အဆင့်တန်းမြင့်စွာ ပြောဆိုနိုင်တာမို့ အင်္ဂလိပ်စကားတတ်သူ လူကြီး/လူငယ်မရွေး ပွဲကျနှစ်ခြိုက်ကြပြီး ကြားသိပြီး ခင်မင်နေသူတွေက မြင်တွေပြီးနောက်မှာ ပိုသဘောကျသွားကြပါတယ်။ တခုပဲ ရှိတာက ဒေါ်အောင်ဆန်းစုကြည် အနားနေတွေက မီဒီယာတွေနဲ့ စိတ်ရှည်၊ သည်းခံမှု/ ရင်းနှီးမှုမှာ

တောင်းပြန်ပြီ ရဲစခန်းထောက်ခံချက်

ကျွန်တော်တို့နိုင်ငံတွင် အလုပ်အ ကိုင်တစ်ခုလျှောက်ထားရာတွင်သော် လည်းကောင်း၊ စာရွက်စာတမ်းပျောက် ဆုံးရာတွင်သော်လည်းကောင်း၊ ပစ္စည်း တစ်စုံတစ်ရာသယ်ယူရာတွင်သော်လည်း ကောင်း၊ ပညာသင်ကြားရာတွင်သော် လည်းကောင်း မလိုလားအပ်သောထောက် ခံချက်၊ ထောက်ခံစာများတောင်းတတ်ခဲ့ သော အလေ့အထတစ်ခုခေတ်စားခဲ့ဖူး ပါသည်။ ထိုအလေ့အထသည် ခေတ်နှင့် လျော်ညီစွာ ပျောက်ကွယ်မသွားခဲ့ဘဲ ဆက်လက်ပါလာခဲ့လေသည်။

I Phone 5 နဲ့ ၁၅ သိန်းကတ် အ၀င်ခက်နေ

ဈေးကွက်၌ အသစ်ရောက် လာသည့် I Phone 5 သုံးစွဲရန် အတွက် (၁၅)သိန်းတန် GSM ကိုင်ဆောင်ထားသူများ ဆင်းကတ် ခက်အခဲရှိနေကြောင်းသိရသည်။
ပြည်တွင်း၌ I Phone 5 မှာ ငါးသိန်းနှင့် နှစ်သိန်းတန် GSM ဆင်းကတ်များဖြင့်သာ သုံးစွဲရန် အဆင်ပြေပြီး ယခင်(၁၅)သိန်း GSM များဖြင့် သုံးစွဲ၍ မရနိုင်ဘဲ ဆင်းကတ်လဲလှယ်ရန် လိုအပ် မည်ဟု

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ၀န်ကြီးချုပ်ယင်လပ် နှင့် နယူးယောက်တွင် တွေ့ဆုံမည်ဟုဆို

(၆၇)ကြိမ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံ သို့တက်ရောက်ရန် အတွက် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် သည် စက်တင်ဘာ ၂၅ ရက်နေ့ တွင် နယူးယောက်သို့ ရောက်ရှိ သည်။ အစီအစဉ်အရ နိုင်ငံတော် သမ္မတကြီးသည် စက်တင်ဘာ ၂၇ ရက်နေ့တွင် ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေညီလာခံ၌ မိန့် ခွန်းပြောကြားမည်ဖြစ်သည်။ ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ တွင် အီရန်သမ္မတ အာမက်ဒီနီ ဂျက်၊ အီဂျစ်သမ္မတမော်စီတို့ မိန့် ခွန်းပြောကြားကြမည်ဟု သိရ သည်။

စုံစမ်းရေးကော်မရှင် အစ္စလာမ်ဘာသာဝင်များနှင့်မတွေ့ဟူသောသတင်း လုံးဝမှားယွင်းဟု ဇာဂနာပြော

ပြည်ပသတင်းမီဒီယာများနှင့် လူမှုရေးကွန်ရက်တို့တွင် ရေးသားဖော်ပြနေကြသော စုံစမ်းရေးကော်မရှင်က ရခိုင်ပြည်နယ် ခရီးစဉ်တွင် အစ္စလာမ်ဘာသာဝင်များနှင့် မတွေ့ဆုံခဲ့ဆိုသော သတင်းအချက်အလက်မှာ ၁၀၀ ရာခိုင်နှုန်း လွဲမှားကြောင်း စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ကိုဇာဂနာကပြောသည်။
“ကျွန်တော်တို့ ရွှေရင်အေးရွာကအပြန် ညောင်ချောင်းရွာ (မောင်တောမြို့နယ်)မှာ တစ်နာရီလောက် ကားရပ်ပြီး ကိုကိုကြီး

ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ချက် သမ္မတက လက်မှတ်မထိုးဘဲ လွှတ်တော်သို့ ပြန်လွှဲ

အတည်ပြုပေးလိုက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အတည်ပြုလက်မှတ်မထိုးဘဲ အချက်အလက်အချို့ ပြန်လည်ပြင်ဆင်ပေးရန် လွှတ်တော်သို့ ပြန်လည်ပို့ဆောင်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦးကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက တိုင်းဒေသကြီးအစိုးရအား စွပ်စွဲပြစ်တင်မည်

အောက်တိုဘာ ၈ ရက်တွင် ပြုလုပ်မည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအပေါ် စွပ်စွဲပြစ်တင်မှု ပြုလုပ်မည်ဖြစ်ကြောင်း ယခုလ ၂၄ ရက်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် အထူးကိစ္စရပ်များဆိုင်ရာ အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကပြောသည်။

မြန်မာနိုင်ငံ စီးပွားရေး ချွတ်ခြုံကျမှုသည် စီးပွားရေးပိတ်ဆို့မှုကြောင့် မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်သာ ဖြစ်ကြောင်း CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံ၏ စီးပွားရေးချွတ်ခြုံကျမှုသည် စီးပွားရေးပိတ်ဆို့မှုကြောင့်မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်သာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်က အရပ်သားများကို ပေးအပ်သည့် ဆုများအနက် အမြင့်ဆုံးဖြစ်သည့် Congressional Gold Medal ဆုကို လက်ခံရယူရန် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေ စဉ်ဒေါ်အောင်ဆန်းစုကြည်က CNN နှင့် အင်တာဗျူးတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာ့တိုးတက်မှု Kurt Campbell ဆွေးနွေး

အမေရိကန်နိုင်ငံမှာ မနေ့က စ ကျင်းပတဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ မဟာဗျူဟာ လေ့လာရေး ဌာန CSIS မှာလုပ်တဲ့ ဒုတိယနေ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး အလားအလာကောင်းတွေ ဖြစ်ထွန်းနေမှုကို အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ဆွေးနွေးတင်ပြသွားပါတယ်။

အစိုးရတပ်နဲ့ ကချင် သူပုန် KIA တိုက်ပွဲ အရပ်သားပြည်သူ ၃ ဦးပြင်းထန်စွာဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာအုပ်စု နမ့်မှော်၊ ဆိုင်းအောင်နဲ့ မှော်လကင် ၃ရွာကြားမှာ မနေ့က နေ့လည်ပိုင်းမှာ အစိုးရတပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ
့တဲ့ အတွက် အရပ်သား (၃) ဦး မိုင်းထိမှန်ကာ ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက
ပြောပါတယ်။


မနေ့ကနှစ်ဘက်တပ်တွေ တိုက်ပွဲပြင်းထန်ပြီး အရပ်သားပြည်သူ ၃ ဦးရဲ့ ခြေ၊ လက် နဲ့ နောက်ကျောဘက် လက်ပျဉ်တွေကို မိုင်းထိမှန်တဲ့ အတွက် ဒဏ်ရာပြင်းထန်တဲ့အကြောင်း၊ ဖားကန့်မြို့နယ် ဆေးရုံမှာ
အတွင်းလူနာအဖြစ် ကုသနေရပြီး မြစ်ကြီးနားဆေးရုံကို လွှဲပြောင်းဖို့ စီစဉ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ပြန်ကြားရေး၏ယဉ်ကျေးမှုအပြောင်း၊ဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာခြေလှမ်းသစ်များနှင့်ရှေ့ခရီး

အယ်ဒီတာ့အာဘော်
 ထူးခြားသော သတင်းထုတ်လွှင့်မှုတစ်ခုဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့် သို့မဟုတ် လွန်ခဲ့သည့် သုံးလေးလခန့်က စဉ်းစားကြည့်လျှင်ပင် စိတ်ကူးယဉ်ဆန်လွန်း သည်ပြောနိုင်သည်။ သို့သော် ယင်းသည် စက်တင်ဘာ ၂၀ရက်ညတွင်ဖြစ်ခဲ့သည်။တိတိကျကျဆိုရသော် ထိုနေ့ည ရှစ်နာရီ ရုပ်မြင်သံကြား သတင်း တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လိုင်စင်အတွက်ဆိုင်ကယ်တန်းစီတဲ့နေရာမှာ အရှေ့ဆုံးက (၁ဝ)စီးစာနေရာကို အစိုးရဝန်ထမ်းတွေ အတွက် ပေးထား ဝန်ထမ်းတွေက လိုင်စင်ရှိပြီးသား ဆိုင်ကယ်တွေနဲ့တန်းစီထားပြီး နေရာကို ငွေနဲ့ပြန်ရောင်းနေတာ တစ်ကယ်လိုင်စင်မရှိတဲ့သူတွေကျတော့ အဲ့ဒီအတွက်ငွေပိုကုန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ ဆိုင်ကယ်လိုင်စင်ပြုလုပ်ပေးရာတွင် လိုင်စင်ဖိုးအပြင် ဆိုင်ကယ်စောင့် ခနှင့် နေရာဝယ်ယူခများပြားနေသည့်အတွက် အခြေခံလူတန်းစားများအနေဖြင့် ဆိုင်ကယ်လိုင်စင်ပြုလုပ်ရန် အခက်တွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။

DKBA မတော်တဆ ပစ်ခတ်မှုကြောင့် ရွာသားတဦး ဒဏ်ရာရ။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ၏ မတော်တဆ ပစ်ခတ်မှု ကြောင့် ထီးသဲလယ်ရွာသားတဦး ညာဘက်ခြေသလုံး တွင် ဒဏ်ရာရရှိသွားခဲ့သည်။
စက်တင်ဘာလ ၂၂ရက်၊ မနက် ၇နာရီကျော်က DKBA ကလို့ထူးဘော လက်အောက်ခံ အမှတ်(၉၀၉)တပ်ရင်းမှ တပ်စုမှူး ဗိုလ်စောနေရော့ (ခေါ်) စောကျော်ဝါးသည် ၎င်းတို့အဖွဲ့ သွားလာရန် ပို့ဆောင်ခိုင်းသည့် ထော်လာဂျီမှာ ဘီးပေါက်နေသည်ကို M-16 သေနတ်ဖြင့် ပစ်ခတ် ရာ အသက် ၂၂နှစ်အရွယ် ထော်လာဂျီပိုင်ရှင် ရွာသား စောဒူးဒူ၏ ခြေထောက်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေသည့် သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘာရတ် အိုဘားမားတို့သည် ၎င်းတို့နှစ်ဦး၏ ခရီးစဉ် အနေအထားများအရ တွေ့ဆုံရန် အခြေအနေ မရှိ

အမေရိကန်ပြည်ထောင်စုတွင် ရောက်ရှိနေသည့် သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘာရတ် အိုဘားမားတို့သည် ၎င်းတို့နှစ်ဦး၏ ခရီးစဉ် အနေအထားများအရ တွေ့ဆုံရန် အခြေအနေ မရှိတော့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားကြောင်း 
BBC Burmeseသတင်းဌာန၏ Facebook  စာမျက်နှာတွင် ရေးသားဖော်ပြသည်။ သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ ၂၆ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း BBC Burmese က ဆက်လက် ဖော်ပြသည်။

အာလူး၊ ကြက်ဥနှင့် တူနာငါးသုပ်

သင် ဝိတ်လျှော့ နေပါသလား၊ ဝိတ်လျှော့ချင်လို့ စားချင်တာ မစားရဘဲ စိတ်ညစ် နေပါသလား။ အရသာလည်းရှိပြီး ဝိတ်လျှော့ခြင်းကို အထောက်အကူပေးမယ့် နေ့လယ်စာ တစ်မျိုးကို ဖော်ပြပေးပါ့မယ်။ ကယ်လိုရီ အနည်းငယ်သာ ပါဝင်တဲ့ ယခုဟင်းလျာကို The 21-Day Wonder Diet စာအုပ်မှ ထုတ်နုတ် တင်ပြ လိုက်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ရင်း၊ အစားအသောက်လည်း ပုံမှန်ထိန်းရင်းနဲ့ ကိုယ်လိုချင်တဲ့ အိပ်မက်ကို မက်ခွင့်ရပါစေ။

မြန်မာ့နိုင်ငံရေးတိုးတက်မှု အိုဘားမား ချီးကျူး

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ အင်္ဂါနေ့က စတင်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ အားတက်စကား ပြောဆိုသွားပါတယ်။

သမ္မတကြီးနဲ့ တွေ့ရတာ ၀မ်းသာပါတယ်` လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို လေယာဉ်အကြာကြီး စီးခဲ့ရလို့ ခရီးပန်းနေလား၊ အဆင်ပြေလားလို့ မေးမြန်းတော့ သမ္မတကြီးက နေ့/ည မှားနေလို့ အနားယူချင်နေကြောင်းကို ပြောပါတယ်။ သမ္မတကြီးကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ``မစု... ပိန်သွားတယ်`` လို့ ပြန်ပြောတဲ့ အကြောင်း သူတို့နှစ်ဦးကို ဓာတ်ပုံရိုက်ခွင့်ရခဲ့တဲ့ သမ္မတနဲ့ အတူ အမေရိက ခရီးစဉ်ကို လိုက်ပါလာတဲ့ မီဒီယာသမားတဦးက ဘီဘီစီကို ပြောပါတယ်။

အမေရိကန်ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၁၅ မိနစ်ကြာတွေ့ဆုံခဲ့ကြပါသည်။ ( Photo : BBC )