အနောက်အာဖရိကသို့ စေတနာ့ ဝန်ထမ်းအဖြစ် တာဝန် သွားရောက် ထမ်းဆောင်စဉ်
အီဘိုလာ ဗိုင်းရပ်စ်ပိုး အကူးစက်ခံခဲ့ရသော အမေရိကန် ဆရာဝန်သည် စနေနေ့က
အမေရိကန်ပြည်ထောင်စုသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီဟု CNA သတင်းဌာနတွင်
ဖော်ပြထားသည်။
ဒေါက်တာ ကန့်ဘရန်တလေသည် အာဖရိကမှ အတ္တလန်တာ မြို့ပြင်ရှိ လေတပ်အခြေစိုက် စခန်းတစ်ခုသို့
သီးသန့်လေယာဉ်ဖြင့် ဒေသစံတော်ချိန် နံနက် ၁၁း၅၀ နာရီတွင် ရောက်ရှိခဲ့ပြီး
ထိုမှတစ်ဆင့် တာဝန်ရှိသူများက ၎င်းကို အတ္တလန်တာမြို့ရှိ အမ်မိုရီ
တက္ကသိုလ်ဆေးရုံ သီးခြား ကုသဆောင်သို့ ပို့ဆောင်ခဲ့သည်။ထိုကဲ့သို့
ဒေါက်တာဘရန်တလေကို တာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင်သည်ကို ဒေသတွင်း
ရုပ်သံလိုင်းများက တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ကြသည်။ဒေါက်တာဘရန်တလေကဲ့သို့ပင် အနောက်အာဖရိကသို့ သွားရောက်ပြီး
အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူများအတွက် လူသားချင်း စာနာထောက်ထားမှု
လုပ်ငန်းများ သွားရောက် လုပ်ဆောင်စဉ် အီဘိုလာ ဗိုင်းရပ်စ်ပိုး
ကူးစက်ခံခဲ့ရသော အမေရိကန်လူမျိုး ခရစ်ယာန် သာသနာပြု နန်စီရိုက်ဘိုလ်ကိုလည်း
ဒေါက်တာဘရန်တလေကို ခေါ်ဆောင်ခဲ့သည့် နည်းလမ်းအတိုင်း လာမည့်
ရက်ပိုင်းအတွင်း မိခင်နိုင်ငံသို့ ပြန်လည် ခေါ်ဆောင်သွားမည်ဟု
တာဝန်ရှိသူများက ပြောကြားသည်။
Monday, August 4, 2014
ရာဇကုမာရ်ကျောက်စာ ကမ္ဘာ့အမွေအနှစ်အထိမ်းအမှတ်စာရင်း ဝင်၊မဝင် ၂ဝ၁၅တွင် ဆုံးဖြတ်မည်
- ကမ္ဘာ့ အမွေအနှစ်အထိမ်းအမှတ် စာရင်း ဝင်ရန်အတွက် ယူနက်စကိုသို့ တင် ပြထားသော ရာဇကုမာရ်ကျောက် စာကို လာမည့် ၂ဝ၁၅တွင် စာရင်း ဝင်၊မဝင် အဆုံးအဖြတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ရာဇကုမာရ် ကျောက်စာကို ယူနက်စကိုမှ သတ်မှတ်ထားသော စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိကို လာရောက်စစ်ဆေးခဲ့ပြီး ၂ဝ၁၅ခုနှစ်တွင် ပြုလုပ်မည့် ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ဗဟိုကော်မတီ၏အစည်းအဝေး၌ အဆုံးအဖြတ်ပေး သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသိန်းလွင်က ပြောသည်။''ပျူမြို့ဟောင်းတွေကို အဆုံး အဖြတ်ပေးသလိုပဲ သူတို့လုပ်တဲ့အ စည်းအဝေးမှာ ဒီကျောက်စာဟာ အမွေအနှစ်စာရင်း ဝင်သင့်တယ်၊ မဝင်သင့်ဘူးဆိုပြီး အဆုံးအဖြတ် ပေးသွားမှာ''ဟု ယင်းက ဆက်လက် ပြောသည်။
လိုင်းသစ်တိုးချဲ့မှုတွေ များပြားလာတဲ့အတွက် ၀င်ငွေအခက်အခဲ ကြုံတွေ့ နေရတဲ့ မုံရွာမြို့ကအမြန်ရေယာဉ်လိုင်းများ
မုံရွာကနေ ချင်းတွင်းမြစ်အထက်ပိုင်း ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်လိုင်းသစ်တွေ တိုးချဲ့လာတဲ့အတွက် အမြန်ရေယာဉ်လိုင်းတွေ ရပ်တည်ဖို့
အခက်အခဲတွေ့နေကြတယ်လို့ သိရပါတယ်။ မုံရွာကနေ ချင်းတွင်း အထက်ပိုင်းကိုပြေးဆွဲနေတဲ့ အမြန်ရေယာဉ်လိုင်း ၅ လိုင်းရှိပြီး ယာဉ်အစီးရေ တစ်ရာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အမြန်ရေယာဉ်တစ်စီးမှာ အနည်းဆုံး လူဦးရေ (၁၀၀) ၀န်းကျင်တင်ဆောင်နိုင်ပေမယ့် လက်ရှိမှာတော့ တစ်စီးမှာ လူ ၂၀ ကနေ ၃၀ ၀န်းကျင်သာတင်ဆောင်နေရတယ်လို့ သိရပါတယ်။ယခုအခါမှာ အမြန်ရေယာဉ်အသင်းတွေ တည်ထောင်မှုဟာ ပိုမိုများပြားလာပြီး အမြန်ရေယာဉ် အရေအတွက်ဟာလည်း ပိုမိုများပြားလာခဲ့ပါတယ်။ ဒါကြောင့် အမြန်ရေယာဉ် အသင်းတွေအနေနဲ့ မိမိတို့လုပ်ငန်း ပုံမှန်လည်ပတ်ဖို့အတွက် ဈေးနှုန်းတွေကို လျှော့ချပြေးဆွဲနေ ရတယ်လို့ သိရပါတယ်။
အခက်အခဲတွေ့နေကြတယ်လို့ သိရပါတယ်။ မုံရွာကနေ ချင်းတွင်း အထက်ပိုင်းကိုပြေးဆွဲနေတဲ့ အမြန်ရေယာဉ်လိုင်း ၅ လိုင်းရှိပြီး ယာဉ်အစီးရေ တစ်ရာဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အမြန်ရေယာဉ်တစ်စီးမှာ အနည်းဆုံး လူဦးရေ (၁၀၀) ၀န်းကျင်တင်ဆောင်နိုင်ပေမယ့် လက်ရှိမှာတော့ တစ်စီးမှာ လူ ၂၀ ကနေ ၃၀ ၀န်းကျင်သာတင်ဆောင်နေရတယ်လို့ သိရပါတယ်။ယခုအခါမှာ အမြန်ရေယာဉ်အသင်းတွေ တည်ထောင်မှုဟာ ပိုမိုများပြားလာပြီး အမြန်ရေယာဉ် အရေအတွက်ဟာလည်း ပိုမိုများပြားလာခဲ့ပါတယ်။ ဒါကြောင့် အမြန်ရေယာဉ် အသင်းတွေအနေနဲ့ မိမိတို့လုပ်ငန်း ပုံမှန်လည်ပတ်ဖို့အတွက် ဈေးနှုန်းတွေကို လျှော့ချပြေးဆွဲနေ ရတယ်လို့ သိရပါတယ်။
ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်ကို ၀န်ကြီးချုပ်အဖြစ်ခန့်အပ်ရန် အမျိုးသားဥပဒေပြု လွှတ်တော် သဘောတူ
ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာရွတ်ချိန် အိုချာအား ကြားဖြတ်အစိုးရ၀န်ကြီး ချုပ် အဖြစ်ခန့်အပ်ရန် အမျိုးသား ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီထားကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ်တွင် သြဂုတ် ၄ ရက်က ဖော်ပြခဲ့သည်။ငြိမ်းချမ်းရေးနှင့်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအမျိုးသားကောင်စီ (NCPO)
အကြီးအကဲဗိုလ်ချုပ်ကြီး ပရာရွတ်သည် ၀န်ကြီးချုပ်တစ်ဦး၏ တာ ၀န်များကို
ထိထိရောက်ရောက် လုပ်ဆောင်နေပြီဖြစ်ရာ ၎င်း အနေဖြင့် ၀န်ကြီးချုပ်ရာထူးနှင့်
ထိုက်တန်ကြောင်း လွှတ်တော်သတင်း ရင်းမြစ် တစ်ဦးက ပြောကြားသည်။အမေရိကန် စားသောက်ဆိုင်က ထမင်းကျေးဇူး သိသူများအား ၁၅ ရာခိုင်နှုန်း ဈေးလျှော့ယူ
မြောက်ကာရိုလိုင်းနား ပြည်နယ်မှ စားသောက်ဆိုင် တစ်ဆိုင်သည် အစားအသောက်များ
စားသည့်အခါ ထိုအတွက် ဘုရားရှိခိုး၍ ၎င်းတို့စားသော အစားအစာ၏ ကျေးဇူးတော်ကို
ထုတ်ဖော် ပြသမည် ဆိုပါက ဖောက်သည်များကို ၁၅ ရာခိုင်နှုန်း ဈေးလျှော့
ပေးသည်ဟု သြဂုတ် ၄ရက်က သည်တိုင်းမ်အော့ဖ် အိန္ဒိယ သတင်း တစ်ရပ်တွင် ဖော်ပြ
ထားသည်။ရှင်ကျန်းဒေသ တိုက်ခိုက်မှုတွင် အရပ်သား ၃၇ ဦး သေဆုံးဟု တရုတ်အစိုးရ သတင်းထုတ်ပြန်
တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် အရပ်သား ၃၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် လက်နက်ကိုင် ၅၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရဲစခန်းတစ်ခုနှင့် အစိုးရရုံးများကို ဓားများ၊ ပုဆိန်များ ကိုင်ဆိုင်ထားသူများက ဇူလိုင် ၂၈ ရက်တွင် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား ၂၁၅ ဦးကို ဖမ်းဆီးခဲ့ပြီး အရပ်သား ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သော်လည်း အသေအပျောက်စာရင်း အတိအကျကို ယခုကဲ့သို့ ပထမဆုံးအကြိမ် ကြေညာခဲ့ခြင်းဖြစ်သည်။
ပျောက်ဆုံးသည့် စစ်သား သေဆုံးသွားပြီဟု အစ္စရေးစစ်တပ် အတည်ပြု
သြဂုတ် ၁ ရက်က ဂါဇာတောင်ပိုင်းတွင် ပျောက်ဆုံးသွားခဲ့သည့် အသက် ၂၃ အရွယ် အစ္စရေးစစ်သား ဟာဒါဂေါ်ဒင်သည် သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပြောကြားလိုက်သည်။
ဟာဒါဂေါ်ဒင်ကို တိုက်ပွဲများဖြစ်နေစဉ်အတွင်း ဟားမတ်စ်စစ်သွေးကြွများက ဖမ်းဆီးသွားသည်ဟု ယူဆရပြီး ၎င်းပျောက်ဆုံးသွားပြီးနောက် ၇၂ နာရီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် နာရီပိုင်း အတွင်း ပျက်ပြားသွားခဲ့သည်။
အီရတ်တွင် ကာ့ဒ်တပ်ဖွဲ့များနှင့် တိုက်ခိုက်ပြီးနောက် ရေနံမြေငယ် နှစ်ခုကို ISIS အဖွဲ့ သိမ်းယူနိုင်ခဲ့
ISIS အဖွဲ့ ဂျီဟတ်ဝါဒီ တိုက်ခိုက်ရေး သမားများသည် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ ရေနံမြေငယ်နှစ်ခုကို တနင်္ဂနွေနေ့က သိမ်းပိုက်နိုင်ခဲ့ကြပြီး၊
ကာ့ဒ်ဒစ်ရှ် ပက်ရှ်မာဂါ (Kurdish peshmerga) တပ်ဖွဲ့များ နှင့်
ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးနောက် ထိုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်း
ဖြစ်ကြောင်း ကာ့ဒ် အရာရှိများက ဆိုသည်။ဂျီဟတ်ဝါဒီ ISIS အဖွဲ့သည် အီရတ်၏ ဒုတိယမြို့တော် မိုဆူးလ် (Mosul) ၏ အနောက်မြောက်ပိုင်းရှိ ဇူးမား (Zumar) ဒေသအား စနေနေ့ က စတင်တိုက်ခိုက် ခဲ့ကြရာ၊ နှစ်လနီးပါး ကြာလာပြီဖြစ်သော တိုက်ပွဲများတွင် ကာ့ဒ်တပ်ဖွဲ့များလည်း ပိုမိုနက်ရှိုင်းစွာ ပါဝင်လာခဲ့သည်။
လှေဖြင့် ခိုးဝင်လာသည့် တမီးလ်လူမျိုးများကို သြစတြေးလျက ပစိဖိတ်သမုဒ္ဒအတွင်းရှိ ကျွန်းသို့ ပို့ထား
အိန္ဒိယနိုင်ငံမှ လှေဖြင့်ခိုးဝင်လာပြီး ခိုလှုံခွင့်တောင်းခံထားသည့် တမီးလ်ဒုက္ခသည် ၁၅၇ ဦးကို သြစတြေးလျ အာဏာပိုင်များက ပစိ ဖိတ်သမုဒ္ဒရာအ တွင်းရှိ နာအူရူကျွန်းသို့ ပို့ထားကြောင်း သိရသည်။အဆိုပါ ဒုက္ခသည်များက အိန္ဒိယအရာရှိများနှင့် တွေ့ဆုံရန်
ငြင်းဆိုခဲ့သောကြောင့် ၎င်းတို့၏ ခိုလှုံ ခွင့် တောင်းခံမှုကို စိစစ်နေစဉ်အတွင်း
ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။ တမီးလ်ဒုက္ခသည်များသည်
ဇွန်လအတွင်းက လှေဖြင့် ခိုးဝင်လာစဉ် ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့အား
သြစတြေးလျ ကုန်းတွင်းပိုင်းသို့ ခေါ်ဆောင်ကာ အိန္ဒိယအရာရှိ များနှင့်
တွေ့ဆုံပေးရန် စီစဉ်ခဲ့သော်လည်း ဒုက္ခသည်များက ငြင်းဆိုခဲ့သည်။
ယင်းတမီးလ်လူမျိုးများသည် အိန္ဒိယနိုင်ငံ၊ ပွန်ဒီချာရီမှ
ထွက်ခွာလာခဲ့ခြင်းဖြစ်သော်လည်း သီရိလင်္ကာ နိုင်ငံမှ
ရွှေ့ပြောင်းလာသူများဖြစ်နိုင်ကြောင်း အာဏာပိုင်များ က ပြောကြားသည်။
၎င်းတို့ကို ၀က်စ တန်းသြစတြေးလျရှိ ကာတင်လူဝင်မှုကြီးကြပ်ရေးစခန်းတွင်
ထိန်းသိမ်းထားခဲ့သည်။ ကလေးငယ် ၅၀ ဦးပါဝင်သည့် ယင်းဒုက္ခသည်များကို
နာအူရူကျွန်း သို့မဟုတ် သီရိလင်္ကာသို့ ပြန်ပို့ ပေးဖွယ်ရှိကြောင်း
သြစတြေးလျလူဝင်မှုကြီးကြပ်ရေးဝန်ကြီး စကော့မော်ရစ်ဆန်က ပြောကြားသည်။
ငါးမွေးမြူရေးနှင့် ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များကို ကျပ်သုံးဘီလီယံ ချေးငွေပေးမည်
မွေးမြူရေးလုပ်ငန်းရှင် များထံမှအကြွေးကျပ်ငွေသုံးဘီ လီယံကျော်ရှိသော်လည်းငါးမွေး မြူရေးနှင့် ပင်လယ်ကမ်းဝေးငါး ဖမ်းလုပ်ငန်းရှင်များကို
ချေးငွေ ကျပ်သုံးဘီလီယံခွဲထပ်မံချေးပေး ရန်စီစဉ်နေကြောင်းမွေးမြူရေး
ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှသတင်းရ ရှိသည်။‘‘နည်းပညာတွေ၊ ငွေကြေး တွေလိုတယ်လို့အမြဲပြောနေလို့
အခုလိုထပ်ပြီးထောက်ပံ့ပေးတာ ။ နိုင်ငံတော်သမ္မတကြီးလည်းချေး ငွေပေးဖို့
လမ်းညွှန်ထားတယ်’’ဟု အဆိုပါဝန်ကြီးဌာန ဒုတိယ၀န် ကြီးဦးခင်မောင်အေးက ပြော
ကြားသည်။
ငါးမွေးမြူရေးလုပ်ငန်းရှင် များအတွက် ချေးငွေကျပ်တစ်ဘီ လီယံခွဲကို တွံတေး၊ မအူပင်၊ ညောင်တုန်းနှင့်လက်ပံတန်းမြို့ နယ်တို့ရှိ လုပ်ငန်းရှင်များအား ချေး ပေးရန် စီစဉ်ထားသည်။အဆိုပါ ချေးငွေကို ခိုင်မာမှုရှိစေရန် ၀ိုင်း ကြီးချုပ်စနစ်ဖြင့် ထုတ်ချေးပေး မည်ဖြစ်သည်။
ငါးမွေးမြူရေးလုပ်ငန်းရှင် များအတွက် ချေးငွေကျပ်တစ်ဘီ လီယံခွဲကို တွံတေး၊ မအူပင်၊ ညောင်တုန်းနှင့်လက်ပံတန်းမြို့ နယ်တို့ရှိ လုပ်ငန်းရှင်များအား ချေး ပေးရန် စီစဉ်ထားသည်။အဆိုပါ ချေးငွေကို ခိုင်မာမှုရှိစေရန် ၀ိုင်း ကြီးချုပ်စနစ်ဖြင့် ထုတ်ချေးပေး မည်ဖြစ်သည်။
နာရေးဝန်ဆောင်မှုအဖွဲ့က အလောင်း မှားမြုပ်သဖြင့် ပြန်လည် တူးဖော်ခဲ့ရ
အမေရိကန် နိုင်ငံ ဟူစတန်မြို့ရှိ ဟူစတန် နာရေး ဝန်ဆောင်မှု အဖွဲ့သည် ရုပ်အလောင်း မှားယွင်း မြုပ်မိခဲ့ပြီး မှားယွင်းကြောင်း သိရှိခဲ့သည့် အချိန်တွင် ရုပ်အလောင်းအား ပြန်လည် တူးဖော်ခဲ့ရ သည်ဟု သြဂုတ်လ ၄ ရက်က နယူးယောက် ဒေးလီး သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။ရုပ်အလောင်းပိုင်ရှင် ဘရုစ်လောဆန်မှ အသုဘ အခမ်းအနားသို့ လာရောက်ချိန်တွင် အခေါင်းထဲရှိ ရုပ်အလောင်းသည် ၎င်း၏ မိခင်ဖြစ်သူ၏ ရုပ်အလောင်း မဟုတ်ကြောင်းကို ရိပ်မိခဲ့သည်။ ထို့နောက် ၎င်းသည် တစ်စုံတစ်ခု မှားယွင်း နေကြောင်း စဉ်းစားမိခဲ့ သော်လည်း ရုပ်အလောင်းအား မပုပ်ပွ စေရန် စီမံထားမှု များကြောင့် ယခုလို ရုပ်ပြောင်း သွားခြင်း ဖြစ်နိုင်သည် ဟူ၍ အမှုမဲ့ အမှတ်မဲ့ နေခဲ့သည်ဟု ဆိုသည်။ထို့နောက် စဉ်းစားရ အလွန်ကြပ်လာ သောကြောင့် လောဆန်သည် နာရေး ဝန်ဆောင်မှု အဖွဲ့၏ ဝန်ထမ်းအား "ဒါကျွန်တော့် အမေနဲ့ မတူသလိုဘဲ"ဟု ပြောကြား ခဲ့သော်လည်း ရုပ်အလောင်းသည် လောဆန်၏ အမေ ဖြစ်ကြောင်းကို ယင်းဝန်ထမ်းမှ ခိုင်ခိုင်မာမာ ပြောကြား ခဲ့သည်။"ဒီအလောင်းက ကျွန်တော့် အမေအလောင်း မဟုတ်ဘူးလို့ နာရေး ဝန်ဆောင်မှု ဝန်ထမ်းကို ပြောပြခဲ့တယ်"ဟု လောဆန်က ပြောကြား ခဲ့ပြီး "အလောင်းများ မှားနေလား မသိဘူး၊ တစ်ယောက်ယောက်များ ဖြစ်နေ မလား"လို့ မေးခဲ့ပေမယ့် ၎င်းဝန်ထမ်းက "ကျွန်မတို့ ဒီလို အမှားမျိုးတွေ မလုပ်ပါဘူး"ဟု ပြန်လည် ပြောဆို ခဲ့သည်ဟု လော်ဆန်က ပြောကြားခဲ့သည်။
လုပ်ငန်းခွင်အတွင်း မတော်တဆဖြစ်၍ သေဆုံးသူအတွက် မြန်မာ-ယန်စီကုမ္ပဏီမှ လျော်ကြေးသိန်း၂ဝဝပေး
လက်ပံတောင်းကြေးနီ စီမံကိန်း လုပ်ကိုင်နေသော မြန်မာ-ယန်စီကုမ္ပဏီတွင်
မေလပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် တန် ၁ဝဝ ကားကြီးမှ စူဇူကီး ဒယ်ဘယ်ကတ်
ကားလေးအား တက်ကြိတ်ခဲ့ရာ ဒယ်ဘယ်ကတ်ကားတွင်ပါသည့် အလုပ်သမား ကိုမင်းမင်းစိုး
သေဆုံးခဲ့မှုကို လျော်ကြေး သိန်း၂ဝဝ ပေးလိုက်သည်။ယန်စီကုမ္ပဏီကသေဆုံးသူအတွက် လျော်ကြေးပေးရာတွင်
ကျန်ရစ်သူမိသားစုနှင့် ညှိနှိုင်းဆောင်ရွက်ရာ အဆင်မပြေဖြစ်ခဲ့ပြီး သြဂုတ် ၃
ရက်ကမှ မြန်မာကျပ် သိန်း၂၀၀ ဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု မြန်မာနိုင်ငံ
အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် (MTUF) ဗဟိုအကြံပေး ဦးရန်နိုင်ထွေးက
ပြောသည်။"အကောင်းဆုံးရလာဒ်ကတော့ ယန်စီကော့ပါးလိမိတက်အနေနဲ့ 
နောက်နောင်မှာ မိမိတို့ ယန်စီအလုပ်သမားများအား ယခုကဲ့သို့ မဖြစ်စေအောင်
လုံခြုံဘေးကင်းတဲ့ လုပ်ငန်းခွင်အဖြစ် ကာကွယ်စောင့်ရှောက်ပါမယ်လို
့ဝန်ခံကတိပြုသွားတာပါပဲ"ဟု MTUF ဗဟိုအကြံပေး ဦးရန်နိုင်ထွေးက မဇ္ဈိမကို
ပြောသည်။ယန်စီကုမ္ပဏီအနေဖြင့် စတင်ညှိနှိုင်းခဲ့စဉ်က ယခုကဲ့သို့
အလုပ်သမားများ ဘေးအန္တရာယ်ထပ်မံမဖြစ်ပွားစေရန် ဂရုစိုက်မည်ဟုသော
ကတိကိုမပေးကြောင်း၊ လျော်ကြေး သာပေးမည်ဟု ဆိုခဲ့သည်။ သို့သော် ဇနီးဖြစ်သူက
လက်မခံခဲ့ပေ။
လူ့အခွင့်အရေးအပြည့်အ၀ရှိသော မြန်မာနိုင်ငံ
လူသားတိုင်းတွင် တူညီသည့် အခွင့်အရေးများ ရှိကြပါသည်။ တူညီသော ဥပဒေဖြင့်
အကာအကွယ် ပေးမှုကိုလည်း လူသားတိုင်းရရှိခံစားကြရပါသည်။
လူသားတစ်ဦးရရှိသင့်သော အခွင့်အရေးကို လူ့အခွင့်အရေး ဟုဆိုပါက
မှားနိုင်မည်မထင်ပေ။ သို့ရာတွင် လူ့အခွင့်အရေးဟူသည်
နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ကွဲပြား ခြားနားသကဲ့သို့ ကိုးကွယ်ယုံကြည်ရာ
ဘာသာအယူဝါဒအရလည်း ကွဲပြားခြားနားမည် ဖြစ်ပါသည်။ ထို့အတူ နိုင်ငံ
တစ်နိုင်ငံတွင် နိုင်ငံသားနှင့် နိုင်ငံခြားသားတို့အကြား
ရရှိခံစားနိုင်ခွင့်ရှိသည့် လူ့အခွင့်အရေးဆိုသည်မှာ လည်း မတူညီနိုင်ပေ။
ဤနေရာတွင် စာရေးသူအနေဖြင့် လူ့အခွင့်အရေးဆိုသည်ကို မည်သည့်စံပေတံဖြင့်
တိုင်းတာ၍ ရနိုင်ပါမည်နည်းဟု မေးစရာရှိလာပါသည်။ အမေရိကန်နိုင်ငံ၏
လူ့အခွင့်အရေးနှင့် အခြားသော နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးကား
မည်သည့်အခါမျှ တူညီနိုင်မည်မဟုတ်ချေ။ ကိုးကွယ်ယုံကြည်ရာ ဘာသာ အယူဝါဒ၊
ယဉ်ကျေးမှုကွဲပြားခြားနားခြင်းနှင့် ပတ်ဝန်းကျင်အခြေအနေပေါ်တွင်မူတည်၍
လူ့အခွင့်အရေး ဟူသော ပေတံသည် ကွဲပြားခြားနားနေမည်သာ ဖြစ်ပါသည်။
တရုတ်ဆန်ကုန်သည်နှစ်ဦး ဆန်ဖိုးပြန်ပေးရန် ဆက်သွယ်လာဟုဆို
မူဆယ်ကုန်သည်များထံ မှ ဆန်ဝယ်ယူပြီး သတ်မှတ်ရက် တွင် ငွေမပေးသော တရုတ်ဆန်ကုန်သည်နှစ်ဦးဆန်ဖိုးေ ပးရန် ပြန် လည် ဆက်သွယ်လာကြောင်း တရုတ်နိုင်ငံသို့ ဆန်တင်ပို့နေသော ကုန်သည်အချို့ကပြောသည်။အဆက်အသွယ်ပြတ်နေ သော တရုတ်ကုန်သည်နှစ်ဦးအ နက် တစ်ဦးမှာ သြဂုတ် ၂
ရက်တွင် ရွှေလီမြို့၌ မြန်မာဆန်ကုန်သည် များနှင့် တွေ့ဆုံညှိနှိုင်းမှုများပြု
လုပ်ခဲ့ကြောင်း သတင်းရရှိသည်။‘‘မြန်မာကို ပေးစရာရှိတာ တွေကို မကြာခင်ဖြေရှင်းပေးမယ် လို့ပြောခဲ့တယ်။
နောက်တစ် ယောက်ကတော့ တစ်ဆင့်စကား ကြားတာ။သူလည်း ဖြေရှင်းပေးပါ မယ်လို့
သိရတယ်’’ဟု မူဆယ်မြို့ မှ ဆန်ကုန်သည်ဦးမင်းသိန်းက ပြောသည်။တရုတ်ကုန်သည် နှစ်ဦး သည် မူဆယ်ဆန်ကုန်သည်များ ထံသို့ ယွမ်ငွေ
သုံးဆယ့်ရှစ်သိန်း ကျော် (မြန်မာငွေကျပ် သိန်း ခြောက်ထောင်နီးပါး) ဖိုး
ဆန်ဝယ် ထားပြီး ငွေပေးရန်ရှိနေသည်။ တရုတ်ကုန်သည်နှစ်ဦးအနက် တစ် ဦးနှင့်
ညှိနှိုင်းမှုအရ ဆန်ဖိုးငွေ တရုတ်ယွမ် ၂၄ သိန်းခန့်ကို ပြန်
လည်ရှင်းလင်းပေးမည်ဖြစ်ပြီး ကျန်တစ်ဦးထံမှ ယွမ်ငွေ ၁၄ သိန်းကျော်ကို
ရှင်းလင်းပေးနိုင်မည်ဟု သိရသည်။ တရုတ်ကုန်သည်နှစ်ဦးသည် မြန်မာ့ဆန်ကို
ဇူလိုင်လလယ်မှ စတင်ဝယ်ယူ၍ သတ်မှတ်ကာလအတွင်း အကြွေးပြန်မဆပ်ဘဲ
ဇူလိုင်လကုန်ရက်တွင် အဆိုပါကုန်သည်နှစ်ဦးနှင့်
ဖုန်းအဆက်အသွယ်ပြတ်သွားခြင်းကြောင့် မြန်မာဆန်ကုန်သည်များ စိုးရိမ်ခဲ့ကြသည်။
Sunday, August 3, 2014
Master Sport ဖိနပ်စက်ရုံ လုပ်သား ၂၀၀ ကျော် အလုပ်ပြန်လည် ရရှိမည်
လုပ်သားများကို အသိမပေးဘဲ အလုပ်ရှင်က စက်ရုံပိတ်ခဲ့သည့် ရန်ကုန်မြို့တော် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် အမှတ် (၃) အတွင်းရှိ Master Sport ဖိနပ်စက်ရုံမှ လုပ်သား ၂၀၀ ကျော်ကို လှိုင်သာယာမြို့နယ်ရှိ ဖိနပ်စက်ရုံ ၁၃ ရုံက အလုပ်ခန့်မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရသည်။
အီဗိုလာသေမင်းဗိုင်းရပ်- Ebola Virus

မြန်မာ နိုင်ငံ ကျန်းမာ ရေး ၀န်ကြီး ဌာန နှင့် မြန်မာ ရုပ်မြင် သံကြား သတင်း များမှ ထို ရောဂါ အ ကြောင်း ကို ပြည်သူ များ အမြန် သိရှိနိုင် စေ ရန်အမြန် ဆုံး အထူး ထုတ်လွင့် ပေးသင့် နေပြီ ဖြစ် သည်၊၊
ဝင်ကြေးမြင့်ပြီး မိုးသည်းနေသည့်ကြားမှ 2NE1 အောင်ပွဲခံ

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော အနုပညာဖျော်ဖြေပွဲများတွင် ဈေးအကြီးဆုံးဖြစ်ခဲ့သော 2NE1 အဖွဲ့၏ ဖျော်ဖြေမှုကိုတွေ့ရစဉ်(ဓာတ်ပုံ − အေးဇော်မိုး (စက်မှု))
မြန်မာနိုင်ငံတွင် ဝင် ကြေးအမြင့်ဆုံး နိုင်ငံတကာဖျော် ဖြေပွဲအဖြစ် ကိုရီးယားကေပေါ့ပ် (K-Pop) အဖွဲ့ 2NE1 ၏ ဖျော် ဖြေပွဲကို သြဂုတ် ၂ ရက်က ပြုလုပ်ခဲ့ရာ ပရိသတ်များ ပွဲကျင်းပသည့် ခန်းမပြည့်လုနီးပါး လာရောက် အားပေးခဲ့ကြသည်။
မြန်မာပြည်သွားမယ့် ၀န်ကြီး ဂျွန်ကယ်ရီ၊ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရ

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် ၂၃ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်း အဝေးပွဲတွင် အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အတူတွေ့ရစဉ် (ဓာတ်ပုံ – ဆိုင်မွန်ရော့က္ကနီး)
မြန်မာနိုင်ငံကို ARF အစည်းအဝေးတက်ဖို့သွားရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ ကွန်ဂရက် လွှတ်တော်အမတ် ၇၀ ကျော်နဲ့ အမေရိကန်အခြေစိုက် ဘာသာရေး၊ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ဖိအားပေးမှုတွေ ရင်ဆိုင်နေရပါတယ်။
တိုင်းပြည်အေးချမ်းတည်ငြိမ်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် သမ္မတဦးသိန်းစိန် တိုက်တွန်း

ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သောကြာနေ့တွင် အခက်အခဲ စိန်ခေါ်မှုများကြားက တိုင်း ပြည် ပြုပြင်ပြော င်း လဲရေးဆီသို့ ဦးတည် လျှောက်လှမ်းနေစဉ် ငြိမ်းချမ်းစွာ ဆွေး နွေးညှိနှိုင်းဆောင် ရွက်ကြရန် ရေဒီယိုအသံလွှင့်ဌာနမှတစ်ဆင့် တိုက် တွန်းပြော ကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာန တွင် ရေးသားဖော်ပြထားသည်။
ကျောင်းမုန့်ဈေးတန်းများတွင် အန္တရာယ်ရှိ ဆိုးဆေးပါ စားသောက်ကုန်များ စစ်ဆေးတွေ့ရှိ

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အခြေခံပညာကျောင်း မုန့်ဈေးတန်း ၇၀ နီးပါးမှ နမူနာ စားသောက်ကုန် ၅၄၃ မျိုးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဓာတ်ခွဲ စစ်ဆေးကြည့်ရှုရာမှ ပန်းပွင့်ပုံသဏ္ဌာန် ဝေဖာမုန့်နှင့် ရွှေစံအိမ်ရှူးရှဲ လက်ဖက်တံဆိပ် စားသောက်ကုန် နှစ်မျိုးတွင် အန္တရာယ်ရှိ ဆိုးဆေးများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ညွှန်ကြားရေးမှူး (အစားအသောက်) ဒေါက်တာ ထွန်းဇော်က The Voice သို့ ပြောကြားသည်။
မြောက်ကိုရီးယား ဝန်ကြီး မြန်မာပြည် လာမယ်

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Ri Su - yong ဟာ ရှေ့တပတ် ထဲမှာ ကျင်းပမယ့် အာဆီယံ ဒေသဆိုင်ရာ ဆွေးနွေးပွဲ ARF ကို တက်ဖို့ အတွက် မြန်မာ နိုင်ငံကို လာရောက်ဖို့ ရှိတယ်လို့ မြောက်ကိုရီးယား သတင်းဌာန ကို ကိုးကားပြီး Yonhap သတင်း အေဂျင်စီ က ရေးပါတယ်။
ကယ်ရီ မြန်မာနိုင်ငံကို လာမယ်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ ဟာ၊ ဒီ သြဂုတ်လ အတွင်းမှာပဲ၊ မြန်မာ၊ ဩစတြေးလျ နဲ့ ဆော်လမွန် ကျွန်းစုတွေကို၊ သွားရောက် မယ့် ခရီးစဉ် ရှိတယ်လို့၊ အမေရိကန် နိုင်ငံခြားရေး ဌာနက၊ ထုတ်ပြန် လိုက်ပါတယ်။
မှိုများကို ဆီးချိုဝေဒနာရှင်များ စားသုံးပေးနိုင်

မှိုများသည် ၎င်းတို့တွင် နည်းပါးစွာ ပါဝင်သော သကြားဓာတ်ကြောင့် ဆီးချို ဝေဒနာရှင်များ စားသုံး ပေးနိုင်ကြောင်း လေ့လာမှု တစ်ရပ် တွင် ဖော်ပြ ထားသည်။
အကြမ်းဖက်သမားတွေကို ညှဉ်းပမ်း နှိပ်စက်ခဲ့ကြောင်း သမ္မတအိုဘားမား ၀န်ခံ

အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြီး ရဲ့ နောက်ပိုင်း ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက်သမားတွေကို ထောက်လှမ်းရေး အဖွဲ့တွေက အမေရိကန်နိုင်ငံ ရဲ့ သတ်မှတ်ထားတဲ့ စံချိန် စံညွန်းတွေထက် ကျော်လွန်ပြီး ညှဉ်း ပမ်း နှိပ်စက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သမ္မတ Barack Obama က ၀န်ခံ ပြောကြားလိုက်ပါတယ်။
Ooredoo ဖုန်းအချင်းချင်းခေါ်ဆိုမှုမှာ တစ်မိနစ်လျှင် ၂၅ ကျပ် ဖြစ်ပြီး အခြားအော်ပရေတာများသို့ ခေါ်ဆိုပါက ၃၅ ကျပ် သတ်မှတ်ထား
Ooredoo
ဖုန်းအချင်းချင်း ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ် သတ်မှတ်ထားပြီး
အခြားအော်ပရေတာများ၏ ဖုန်းများသို့ခေါ်ဆိုပါက ၃၅ ကျပ် သတ်မှတ်ထားကြောင်း
သတင်းရရှိသည်။ မက်ဆေ့ခ်ျပို့ခမှာ တစ်စောင်လျှင် ၂၅ ကျပ်ဖြစ်ပြီး အင်တာနက်
အသုံးပြုခကို 1 MB လျှင် ၂၅ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာ (EBOLA) ဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံတကာ ၀င်/ထွက်ပေါက်နေရာများတွင် ရောဂါစောင့်ကြပ်ကြည့်ရှု

ဇူလိုင် ၂၃ ရက်တွင် လိုက်ဘေးရီးယားမြို့တော် ကိုနာကရီရှိဒွန်ကာဆေးရုံ၌ အီဘိုလာဗိုင်းရပ်စ် ကာကွယ်ရေးဝတ်စုံ ၀တ်ဆင်နေသော နယ်စည်း မထား ဆရာဝန်များအဖွဲ့မှ အဖွဲ့ဝင်များ (Photo-AFP)
နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံတကာ ဝင်/ထွက်ပေါက်နေရာ များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုနေကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်း ၏ ပြောကြားချက်အရ သိရသည်။
နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံတကာ ဝင်/ထွက်ပေါက်နေရာ များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုနေကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်း ၏ ပြောကြားချက်အရ သိရသည်။
သမ္မတနှင့် စာနယ်ဇင်းကောင်စီတို့တွေ့ဆုံမှု သတင်းဖော်ပြရာ၌ ပုဂ္ဂလိက သတင်းစာများနှင့် အစိုးရသတင်းစာများ၏ ဖော်ပြချက် ကွဲလွဲမှုရှိ
သမ္မတ ဦးသိန်းစိန်နှင့်
စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်များ တွေ့ဆုံမှု သတင်းကိုဖော်ပြရာ၌
ပုဂ္ဂလိကသတင်းစာများနှင့် အစိုးရ သတင်းစာ များ၏ ဖော်ပြချက်
ကွဲလွဲမှုရှိနေကြောင်း တွေ့ရှိရသည်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ လစာတိုးမြင့်ရရှိရေးအတွက် (၁၃) ကြိမ်မြောက် ဆန္ဒထုတ်ဖော်

လုပ်ခလစာတိုးမြင့် ရရှိရေးအတွက် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ လုပ်သားများ ဆန္ဒထုတ်ဖော်နေစဉ်
ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ပိုင်ခွင့်ရရှိသည့် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ အလုပ်သင်အလုပ်သမားများ ဖြစ်ကြသော အငယ်တန်းအော်ပရေတာ သင်တန်းသားများက လုပ်အားခလစာ တိုးမြင့်ရရှိရေးအတွက် ဩဂုတ် ၂ ရက် နံနက် ၈ နာရီခန့်မှ ၁ဝ နာရီအထိ မုံရွာတစ်ဖက်ကမ်း ညောင်ပင်ကြီးမှ မုံရွာ-ပုသိမ် လမ်းဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများမှာ နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သတိပေးရန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား အမေရိကန် လွှတ်တော်အမတ်များ တောင်းဆို
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် နိုင်ငံ၏လမ်းကြောင်းကို အဆိုးဘက်သို့ ပြောင်းလဲ သွားနေ စေသည့် အတွက် နှစ်နိုင်ငံကြားဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း မြန်မာအစိုးရအား သတိပေးရန် အမေရိကန်ပြည်ထောင်စုမှ လွှတ်တော် အမတ် ၇ဝ ကျော်က နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား တောင်းဆိုလိုက်သည်ဟု အေပီသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲနိုင်ရေး UPWC နှင့် NCCT တို့၏ အလွတ်သဘောတွေ့ဆုံမှု မြစ်ကြီးနားမြို့၌ ယနေ့ပြုလုပ်မည်

ကချင်ပြည်နယ် လိုင်ဇာမြို့၌ ဇူလိုင် ၃၁ ရက်က ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီး အစည်းအဝေး ကို တွေ့ရစဉ်
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲနိုင်ရေးနှင့်ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့၏ အလွတ်သဘောတွေ့ဆုံမှုကို မြစ်ကြီးနားမြို့၌ ယနေ့(ဩဂုတ် ၃ရက်)တွင် ပြုလုပ် မည်ဖြစ်ပြီး ဆွေးနွေးပွဲ ရက် ထပ်တိုးနိုင်ကြောင်း သတင်းရရှိသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် ရေးဆွဲနိုင်ရေးနှင့်ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့၏ အလွတ်သဘောတွေ့ဆုံမှုကို မြစ်ကြီးနားမြို့၌ ယနေ့(ဩဂုတ် ၃ရက်)တွင် ပြုလုပ် မည်ဖြစ်ပြီး ဆွေးနွေးပွဲ ရက် ထပ်တိုးနိုင်ကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)