Wednesday, December 10, 2014
မြန်မာ့သားကောင်း facebook ကိုလည်း အားပေးနိုင်
https://www.facebook.com/mm.tharkaung
ရန်ကုန်ဘူတာကြီး အနီး ပလက်ဖောင်း ပေါ်တွင် အိပ်နေသော သံဃာ အတု (၁၀) ဦးအား လူဝတ်လဲ အရေးယူ
ဒီဇင်ဘာလ (၈) ရက်နေ့ ညပိုင်းက ရန်ကုန်ဘူတာကြီး အနီး ပလက်ဖောင်းပေါ်တွင် အိပ်နေသော သံဃာ အတုအယောင် (၁၀) ဦးအား လူဝတ်လဲ၍ သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူ လိုက်ကြောင်း ရန်ကုန် ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။ သတ်မှတ် စည်းကမ်းချက်နဲ့ မညီတဲ့ သာသနာ ညှိုးနွမ်းစေသူတွေပါ၊ လူဝတ်လဲပြီး သံဃ နာယကက အရေးယူပေးပါ ဆိုပြီး ပြောကြား လို့ပါ။ ပလက်ဖောင်းပေါ် အိပ် ဟိုအိပ် ဒီအိပ်နဲ့ ဟု မင်္ဂလာ တောင်ညွန့် မြို့နယ်မှူး ရဲမှူး သိန်းအောင်က The Messenger Media သို့ ပြောသည်။
မတင်ဇာမော်ရဲ့ ဝိတ်ကျအောင် နေထိုင်နည်း
Photo: မတင်ဇာမော်ရဲ့ ဝိတ်ကျအောင် နေထိုင်နည်း
၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁၀ ရက်
အဆိုတော် မတင်ဇာမော်ရဲ့ ၅ လ အတွင်း ပေါင်ချိန် ၄၀ လောက် ကျအောင် ကြိုးစားခဲ့တဲ့ နည်းလမ်းလေးကို ထပ်ဆင် ပြန်လည် မျှဝေပေးလိုက်ရပါတယ်။
"ကိုင်းးးး အစားထိန်းတာ တစ်ခုထဲနဲ့ ၅လနီးပါးအတွင်း လေ့ကျင့်ခန်းမလို ပိန်ဆေးမလို ပဲ ဝိတ်ကျနိုင် တယ်ဆိုတာယုံပြီလားးး ဒီဇင်ဘာလလယ်၂၀၁၃ မှာ ပေါင်ချိန်၁၆၀ နီးပါးကနေ မေလလယ်၂၀၁၄ မှာ ၁၂၃ပေါင်ကျန်တယ် ဆက်ကြိုးစားမယ်ဗျိုး နောက်ထပ်၁၀ပေါင်လောက်ကျရင်တော်ပြီ
နည်းလေးပါ ရေးပေးပါရစေ တချို့တွေ ကမေးလို့။ ဒီမှာပဲ ထပ်ရေးလိုက်ပြီနော် တွဲပြီး တခါထဲတွေ့အောင်။
၁။ ဆန် ဂျုံ အာလူး ရှောင်၊ ဒါပေမဲ့ သိပ်စားချင်ရင် တစ်ပတ်လုံးမှာ ၃ခါလောက်ပဲ နဲနဲ လေးစား
၂။ အသီးအနှံ များများပြုတ်သောက် ဆီနဲနဲ နဲ့သုတ်စား
၃။ ဆီကြော်စာ လုံးဝရှောင်
၎။ ဆီများအသား ငါးကလွဲ ရင် ရှောင် ကြက် ကို အရေခွံ မစားနဲ့
၅။ တတ်နိင်သမျှ အပြင်စာ၊ နှမြောစာ၊ အားနာစာ ရှောင်
၆။ ဗိုက်ဆာမှ အဆာပြေရုံ စား နဲနဲ စီ ခဏခဏ စား
၇။ မနက်ကနေညအိပ်ရာဝင်တဲ့ထိ သံပုရာသီး ၁ လုံး သို့ ၂လုံး ရေနွေးပူပူ ထဲညှစ် အခွံမပစ်ပဲ စိမ်သောက် ပျားရည် နဲနဲထဲ့ချင်လဲရတယ်
၈။ အရမ်းအရေးအကြီးဆုံးအချက် အစာအိမ် မထိအောင် လုံးဝအဆာမခံပါနဲ့ စားရမယ့် အချိန် ဆာမယ့် အချိန်မှာ စားသင့်တာ ကို လိုတာထပ်ပိုမစားပဲ ဆာတိုင်း မျှတပြီး စားဖို့အရေးကြီးပါတယ် ၊ ဒီအစီစဉ်မှာ အငတ်ခံစရာမလို စားသင့်တာစားဖို့ သတိချပ်ပါ
၉။ Ready mix tea coffee မသောက်ပဲ အိမ်ဖျော် သကြားလဘက်ရည်ဇွန်းဝက်နဲ့ အဆီထုတ်နို့ပဲသုံး အချိုကြိုက်ရင် သကြားအစား sweetner သုံး"
- တင်ဇာမော်
အဆိုတော် မတင်ဇာမော်ရဲ့ ၅ လ အတွင်း ပေါင်ချိန် ၄၀ လောက် ကျအောင် ကြိုးစားခဲ့တဲ့ နည်းလမ်းလေးကို ထပ်ဆင် ပြန်လည် မျှဝေပေးလိုက်ရပါတယ်။
"ကိုင်းးးး အစားထိန်းတာ တစ်ခုထဲနဲ့ ၅လနီးပါးအတွင်း လေ့ကျင့်ခန်းမလို ပိန်ဆေးမလို ပဲ ဝိတ်ကျနိုင် တယ်ဆိုတာယုံပြီလားးး ဒီဇင်ဘာလလယ်၂၀၁၃ မှာ ပေါင်ချိန်၁၆၀ နီးပါးကနေ မေလလယ်၂၀၁၄ မှာ ၁၂၃ပေါင်ကျန်တယ် ဆက်ကြိုးစားမယ်ဗျိုး နောက်ထပ်၁၀ပေါင်လောက်ကျရင်တော်ပြီ
နည်းလေးပါ ရေးပေးပါရစေ တချို့တွေ ကမေးလို့။ ဒီမှာပဲ ထပ်ရေးလိုက်ပြီနော် တွဲပြီး တခါထဲတွေ့အောင်။
၁။ ဆန် ဂျုံ အာလူး ရှောင်၊ ဒါပေမဲ့ သိပ်စားချင်ရင် တစ်ပတ်လုံးမှာ ၃ခါလောက်ပဲ နဲနဲ လေးစား
၂။ အသီးအနှံ များများပြုတ်သောက် ဆီနဲနဲ နဲ့သုတ်စား
လှိုင်သာယာ အ.ထ.က(၃) ၌ အဋ္ဌမတန်း ကျောင်းသူတစ်ဦး ဓားထိုးခံရ
လှိုင်သာယာမြို့နယ်၊ ၁၇ ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းနှင့် ရွှေရင်အေး ကျောင်းလမ်းထောင့်ရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ဒီဇင်ဘာလ ၈ ရက် မွန်းတည့် ၁၂ နာရီခန့်က အဋ္ဌမတန်း (E) ခန်း၌ ပညာသင်ကြားနေသော အသက် ၁၃ နှစ်အရွယ်ရှိ ကျောင်းသူတစ်ဦး ဓားထိုးခံရကြောင်း ယင်းရပ်ကွက်နေသူများထံမှ စုံစမ်းသိရှိရသည်။
ဓားထိုးခံရသော ကျောင်းသူမှာ ယင်းနေ့က စာသင်ခန်းသို့ ဝင်ရောက်စဉ် ၎င်းနှင့် အတန်းဖော်ဖြစ်သူ အမှတ် (၁၆) ရပ်ကွက် အင်းလေးလမ်းတွင် နေထိုင်သော အသက် ၁၃ နှစ်အရွယ် ၈ တန်း ကျောင်းသားက ဓားမြှောင်ဖြင့် ၎င်း၏ ကျောကုန်းနှင့် ဝမ်းဗိုက်တို့ကို ငါးချက်ဆင့် ထိုးခဲ့ကြောင်း စာသင်ကျောင်းရှိ တာဝန်ကျ ပညာရေး ဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။
မြစ်သားမြို့နယ် ဒုလဝကမှူး မူးယစ်သယ်ဆောင်မှုဖြင့် တာဝန်ယာယီရပ်ဆိုင်း
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးသို့ ပြောင်းရွှေ့လာသည့် ဒုတိယ လဝကမှူးကို မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်းဝယ်မှုဖြင့် သံသယရှိ၍ တာဝန်မှ ယာယီ ရပ်ဆိုင်းထားကြောင်း တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းဇော်က ပြောကြားသည်။
အဆိုပါ ဒုတိယ မြို့နယ်ဦးစီးမှူးသည် တန့်ယန်းမြို့နယ်ရုံးမှ မြစ်သားမြို့နယ် လူဝင်မှု ကြီးကြပ်ရေးရုံးသို့ တာဝန် ထမ်းဆောင်ရန် ပြောင်းရွှေ့လာချိန်တွင် တန့်ယန်းမှ မူးယစ်ဆေးဝါး သယ်ဆောင်လာမှုဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
အစိုးရ၏ ပူးပေါင်း ပါဝင်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး စိတ်ချစရာ ဖြစ်လာဟုဆို
အစိုးရ၏ ပူးပေါင်း ပါဝင်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးသည် လက်ရှိတွင် ပိုမို စိတ်ချစရာ ဖြစ်လာကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေး အဖွဲ့ ခေါင်းဆောင် ဦးဝင်းထိန်က The Messenger Media သို့ ပြောသည်။ အရင်တုန်း ကတော့ သူတို့က မဆိုင်သလို နေတယ်။ လှစ်လျူ ရှုတယ်၊ နောက် တစ်ခုက မေးတာ မြန်းတာက အစတားမယ့် ပုံစံမျိုး လုပ်တာ ရှိတယ်။ အမူအရာ ကလည်း မလိုတဲ့ သဘော၊ အခုတော့ အဲဒီလို မဟုတ် တော့ဘဲ စေတနာနဲ့ လိုလို လားလား ပူးပေါင်း ဆောင်ရွက်တဲ့ သဘောတွေ့ ရတယ် ဟု ဦးဝင်းထိန် ကဆိုသည်။ လုံခြုံရေးမှာ အဓိကကျကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သဘောပေါက် သော်လည်း ပြည်သူ လူထုနှင့် ကင်းကွာခြင်းကို
အခြေခံဥပဒေ ပြင်ဆင်ရေး ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုကို ၁၂ ပွင့်ဆိုင်အဖြစ် ပြောင်းရန် ရန်ကုန်တိုင်းလွှတ်တော် အရေးကြီးအဆိုတင်
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ အပါအဝင် နိုင်ငံရေး နယ်ပယ်အသီးသီးမှ ခေါင်းဆောင် ခြောက်ဦး တွေ့ဆုံရန် တိုက်တွန်းချက်ကို တိုင်းရင်းသား ကိုယ်စားပြုများ ထည့်သွင်းပြီး ၁၂ ဦး တွေ့ဆုံမှုအဖြစ် ပြောင်းလဲရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ အရေးကြီး အဆိုတစ်ရပ် တင်သွင်းလာကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
ဟောင်ကောင် ဆန္ဒပြ နေရာများကို ရဲများက အပြီးတိုင်ရှင်းလင်း ဖယ်ရှားတော့မည်
Photo: ဟောင်ကောင် ဆန္ဒပြ နေရာများကို ရဲများက အပြီးတိုင်ရှင်းလင်း ဖယ်ရှားတော့မည်
Wednesday, December 10, 2014 
ဟောင်ကောင်တွင် ဒီမိုကရေစီ အရေး ဆန္ဒပြသည့် အဓိကသပိတ်စခန်းကို ဒီဇင်ဘာ ၁၁ ရက်တွင် အပြီးတိုင် ရှင်းလင်း တော့မည် ဖြစ်ကြောင်း အာဏာပိုင်များက ကြေငြာသည်။
သို့သော် နှစ်လကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည့် ဆန္ဒပြမှုများကို ဆက်လက်ဆင်နွှဲ သွားမည်ဟု ဆန္ဒပြသူအချို့ က ပြောကြားထားသည်။ ဆန္ဒပြသူများက အရှိန်အမြင့်ဆုံး ဆန္ဒပြမှုတွင် လမ်းမများကို ပိတ်ဆို့ခဲ့ရာ ၎င်းတို့အပေါ် ပြည်သူတို့၏ ထောက်ခံမှုများ ကျဆင်းသွားခဲ့ သည်။ မြို့ တွင်းရှိ အဓိကလမ်းမများကို နောက်ဆုံးသိမ်းပိုက်ရန် လုပ်ဆောင်ရာတွင် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့သည်။
တရုတ်လက်အောက်မှ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်တွင် ၂၀၁၇ ခုနှစ်အတွက် အုပ်ချုပ်ရေးမှူးများကို လွတ်လပ်စွာရွေးချယ်ခွင့် အတွက် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ သို့ သော် တရုတ် ကွန်မြူနစ်ပါတီ အာဏာပိုင်များက အုပ်ချုပ်ရေးမှူး ကိုယ်စားလှယ် လောင်းများကို ဗဟိုကော်မတီကသာ ရွေးချယ်ရမည်ဟု အလျော့မပေးဘဲ ရှိနေသည်။ အထူးခုံရုံးတစ်ရပ်က ဟောင်ကောင်၏ စီးပွားရေးအချက်အခြာကျရာတွင်ရှိသည့် အဓိကဆန္ဒပြစခန်းမှ အပိုင်းသုံးပိုင်းကို ရှင်းလင်းဖယ်ရှားရန် ဒီဇင်ဘာ ၉ရက်က ထုတ်ပြန်လိုက်သည်။
ယင်းအမိန့် ထုတ်ပြန်ချက်အရ ဆန္ဒပြစခန်းများကို ဒီဇင်ဘာ ၁၁ရက် နံနက်ပိုင်းတွင် စတင်ရှင်းလင်းမည်ဖြစ်ရာ ဆန္ဒပြသူများအနေဖြင့် ကိုယ်သဘောနှင့်ကိုယ် စခန်းမှ ထွက်ခွာသွားရန် အာဏာပိုင်များက တိုက်တွန်းမည်ဖြစ်သည်။
"တရားရုံးညွန်ကြားချက်က ဆန္ဒပြဧရိယာတစ်ခုကိုရှင်းလင်းဖို့ ပဲဖြစ်တယ်။ တကယ် လို့ သပိတ်စခန်းတစ်ခုလုံးကိုသာ ရှင်းလင်းခဲ့မယ် ဆိုရင် ပြည်သူတွေ ဘက်ကလည်း အကြမ်းဖက်တုံ့ ပြန် လာလိမ့်မယ်လို့ ထင်တယ်။ ကျွန်တော်တို့ အနေနဲ့ ဘာ တိုး တက် မှုမှ မရှိဘဲ ဆန္ဒပြမှုတွေကို ရုပ်သိမ်းသွားဖို့ မရှိပါဘူး။ ဒီနေရာမှာ ကျွန်တော် တို့ ဆန္ဒဖော်ထုတ်နေတာ ၇၃ရက်ရှိပြီ။ သပိတ်လှန် ပစ်ဖို့ အချိန် မတိုင်သေးဘူး လို့ တော့ ကျွန် တော် ထင်တယ်"ဟု အယ်လက်စ်ဟုခေါ်သော အသက် ၂၇နှစ်ရှိ ဆန္ဒပြသူ တစ်ဦးက ပြောကြားခဲ့သည်။
Ref: AFP
Mizzima - News in Burmese 
ကျောင်းသားဆန္ဒပြ ခေါင်းဆောင် ဂျိုရှုအာဝန်း ဒီဇင်ဘာ ၆ ရက်က အက်မာရတီ အရပ်တွင် မိန့်ခွန်းပြော နေစဉ်။ ဓာတ်ပုံ - AFP
ဟောင်ကောင်တွင် ဒီမိုကရေစီ အရေး ဆန္ဒပြသည့် အဓိကသပိတ်စခန်းကို ဒီဇင်ဘာ ၁၁ ရက်တွင် အပြီးတိုင် ရှင်းလင်း တော့မည် ဖြစ်ကြောင်း အာဏာပိုင်များက ကြေငြာသည်။
သို့သော် နှစ်လကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်သည့် ဆန္ဒပြမှုများကို ဆက်လက်ဆင်နွှဲ သွားမည်ဟု ဆန္ဒပြသူအချို့ က ပြောကြားထားသည်။ ဆန္ဒပြသူများက အရှိန်အမြင့်ဆုံး ဆန္ဒပြမှုတွင် လမ်းမများကို ပိတ်ဆို့ခဲ့ရာ ၎င်းတို့အပေါ် ပြည်သူတို့၏ ထောက်ခံမှုများ ကျဆင်းသွားခဲ့ သည်။ မြို့ တွင်းရှိ အဓိကလမ်းမများကို နောက်ဆုံးသိမ်းပိုက်ရန် လုပ်ဆောင်ရာတွင် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဘာသာရေးအကြောင်းပြလုပ်စားသူများအား ပညာပေး၍ ပြန်လွှတ်နေ
Photo: ဘာသာရေးအကြောင်းပြလုပ်စားသူများအား ပညာပေး၍ ပြန်လွှတ်နေ
Wednesday, December 10, 2014
ရန်ကုန်တိုင်းဒေသကြီးအတွင်း  လူစည်ကားသည့်နေရာများတွင်  ဘာသာရေးအကြောင်းပြကာ လိမ်လည်လုပ်စားသူများကိုမဖမ်းသေးဘဲ ပညာပေးလွှတ်ပေးနေသည်ဟုသတင်းရရှိသည်။
ဖမ်းမိသည့်အလှူခံများကိုလည်း  သက်ဆိုင်ရာဘုန်းကြီး ကျောင်းများတွင်  စစ်ဆေးကာ နောက်နောင်ယင်းကဲ့သို့မပြုလုပ် ရန်မှာကြားပြီး ပြန်လည်လွှတ်ပေး ခဲ့သည်ဟု ဖမ်းဆီးရာ၌ ပါဝင် သည့် ဝိသုဒ္ဓိကျောင်းတိုက်မှ ဆရာတော်တစ်ပါးကမိန့်ကြားသည်။
 ‘‘ဖမ်းဆီးရေးအဖွဲ့ကို လေး ဖွဲ့ဖွဲ့ပြီး ဖမ်းဆီးဖို့လုပ်ထားတယ်။ အဲဒီအဖွဲ့တွေကလည်း တစ်ရက် တည်းမှာလေးနေရာခွဲပြီး ရှာဖွေ ဖမ်းသွားမယ်။ ကျောင်းပိတ်ရက် ဥပုသ်နေ့တွေကလွဲလို့ ကျန်တဲ့ ရက်တွေမှာတော့ တစ်ပတ်ကို အနည်းဆုံးနှစ်ရက်တော့လုပ်သွားဖို့ရှိပါတယ်’’ဟု ကမာရွတ်မြို့မရဲစခန်းမှ မြို့နယ်မှူး ဦးဇော်ဝင်းကပြောသည်။
ယခင်က ယခုကဲ့သို့ အလှူခံများ  ပေါများလာသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက  သေချာစွာစစ်ဆေးခြင်း မရှိသကဲ့သို့ အလှူခံများမှာလည်း မည်သည့်အတွက်အလှူခံသည် ဟု ပြောဆိုခြင်းမရှိဘဲ ငွေဖလားများနှင့်လော်စပီကာများဖွင့်ကာ အလှူခံနေကြောင်း ရပ်ကွက်နေ ပြည်သူအချို့ကဆိုသည်။
‘‘ဘယ်ဘုရားကြီးအတွက် အလှူခံပါတယ်ဆိုပြီး လာလုပ် စားတဲ့သူတွေရှိတယ်။ ကားပေါ် မှာပဲ သင်္ကန်းတွေဝတ်ပြီး အလှူခံ တာတစ်နှစ်ကိုသုံးခါလောက်လာ တယ်။ သူတို့တွေပဲအလှူခံဖြတ် ပိုင်းတောင် အေဖိုးစာရွက်နဲ့ပေး တာ။ အနည်းဆုံးတော့ ဆွမ်းအလှူဆိုပြီးလေးငါးထောင်တော့ပါ သွားတာပဲ’’ဟု ပုဇွန်တောင်မြို့ နယ်နေကိုမျိုးကပြောသည်။
 ရပ်ကွက်၊ မြို့နယ်များအတွင်း သင်္ကန်းဝတ်များနှင့်အလှူခံသူများရှိသကဲ့သို့ ငွေဖလားများနှင့် အမျိုးသမီးအုပ်စုလိုက်၊ အမျိုးသား၊  အမျိုးသမီးများပူးပေါင်းကာ အရုဏ်ဆွမ်းအတွက်ဟု  အကြောင်းပြပြီး မိုးရွာသည့်ရက်မှအပ ကျန်ရက်များတွင် နေဝင်မိုးချုပ်အလှူ ခံစားသူများလည်းရှိသည်ဟု စမ်းချောင်းမြို့နယ်နေ အငှားယာဉ်မောင်းကိုဝေယံကပြောသည်။
 ‘‘ခုတော့ ဖမ်းဆီးတာတွေ မလုပ်သေးပေမယ့် ဘာသာရေး အကြောင်းပြပြီး  အလှူခံတဲ့သူ တွေကို လိုက်လံစစ်ဆေးနေပြီ။ နောက်ထပ်မလုပ်ဖို့နဲ့ တရားဝင် အလှူခံမယ်ဆိုလည်း  သက်ဆိုင် ရာအထောက်အထားတွေယူခဲ့ဖို့ ပြောထားပါတယ်’’ဟု ဖမ်းဆီးရေးတွင်ပါဝင်သော  ဆရာတော်ကမိန့်ကြားသည်။
ရန်ကုန်တိုင်းအတွင်း ဘာ သာရေးအကြောင်းပြအလှူခံစား သူများကို ဖမ်းဆီးနိုင်ရန် တိုင်း သံဃနာယကအဖွဲ့ဆရာတော် ကြီးများက မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်များ၏ စီမံခန့် ခွဲမှုဖြင့် လုပ်ဆောင်ရန် ညွှန်ကြား ထားသည်ဟု လှိုင်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးဦးမြတ်ယုက ပြောသည်။
ဖမ်းဆီးမှုများကို ကမာရွတ်မြို့နယ်တွင် ပထမဆုံး ဆောင်ရွက်နေပြီး ဖမ်းဆီးရမိသူ မရှိသေးသော်လည်း သတိပေးမှုများပြုလုပ်ထား ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးရမိသည့် ယောဂီဝတ်တစ်ဦးကို သတိပေးမိန့်ကြားနေစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day Daily
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူစည်ကားသည့်နေရာများတွင် ဘာသာရေးအကြောင်းပြကာ လိမ်လည်လုပ်စားသူများကိုမဖမ်းသေးဘဲ ပညာပေးလွှတ်ပေးနေသည်ဟုသတင်းရရှိသည်။
ဖမ်းမိသည့်အလှူခံများကိုလည်း သက်ဆိုင်ရာဘုန်းကြီး ကျောင်းများတွင် စစ်ဆေးကာ နောက်နောင်ယင်းကဲ့သို့ မပြုလုပ် ရန်မှာကြားပြီး ပြန်လည်လွှတ်ပေး ခဲ့သည်ဟု ဖမ်းဆီးရာ၌ ပါဝင် သည့် ဝိသုဒ္ဓိကျောင်းတိုက်မှ ဆရာတော်တစ်ပါးကမိန့်ကြားသည်။
‘‘ဖမ်းဆီးရေးအဖွဲ့ကို လေး ဖွဲ့ဖွဲ့ပြီး ဖမ်းဆီးဖို့လုပ်ထားတယ်။ အဲဒီအဖွဲ့တွေကလည်း တစ်ရက် တည်းမှာလေးနေရာခွဲပြီး ရှာဖွေ ဖမ်းသွားမယ်။ ကျောင်းပိတ်ရက် ဥပုသ်နေ့တွေကလွဲလို့ ကျန်တဲ့ ရက်တွေမှာတော့ တစ်ပတ်ကို အနည်းဆုံးနှစ်ရက်တော့လုပ်သွားဖို့ရှိပါတယ်’’ဟု ကမာရွတ်မြို့မရဲစခန်းမှ မြို့နယ်မှူး ဦးဇော်ဝင်းကပြောသည်။
သရုပ်ဆောင်ဆုပန်ထွာရဲ့ ပရိသတ်မသိသေးတဲ့ လျှို့ဝှက်ချက် ၁ဝချက်
Photo: သရုပ်ဆောင်ဆုပန်ထွာရဲ့ ပရိသတ်မသိသေးတဲ့ လျှို့ဝှက်ချက် ၁ဝချက်
၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁၀ ရက်
သရုပ်ဆောင်ဆုပန်ထွာရဲ့ ပရိသတ်မသိသေးတဲ့ လျှို့ဝှက်ချက် ၁ဝချက် အကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်
၁) မနက်မျက်နှာသစ်တိုင်း သရဏဂုံရွတ်ပြီး သစ်ဖြစ်တယ်။
၂) မပန်ကိုးတန်းနှစ်လောက်က ထဘီကျွတ်ဖူးတယ် ကွင်းလုံးကျွတ်တာတော့မဟုတ်ဘူး။ လက်ချော်ပြီး တစ်ဝက်လောက်ပဲကျွတ်တာ။ အခုချိန်အထိ မပန် ထဘီမဝတ်တတ်ဘူး။
၃) မပန် ထဘီဝတ်တိုင်း ကြိုးချည်ပြီးဝတ်တယ်။
၎) မပန်မကြိုက်တာက မနက်မိုးလင်းရင် အိမ်မှာ အိမ်ပူအိမ်ဆူလုပ်တာ လုံးဝမကြိုက်ဘူး။ အရမ်းမုန်းတယ်။
၅) မပန်က ဘယ်တော့မှ မြန်မာကားမကြည့်ဘူး။ ကိုယ်ပါတဲ့ကားလောက်ပဲကြည့်တယ်။ အင်္ဂလိပ်ကားကြည့်တာများတယ်။
၆) မပန်ဘယ်သွားသွား၊ ဘာဝယ်ဝယ် ပိုက်ဆံအိတ်ကိုင်ရတာမကြိုက်ဘူး။ ကိုင်လည်းမကိုင်ဘူး။ လုံးဝ မဖြစ်မနေမှသာ ကိုင်တာ။
၇) မပန်အလှပြင်ဆိုင်သွားပြီး အချိန်ပြည့်သွားပြင်နေလေ့မရှိဘူး။ မင်းသမီးတစ်ယောက်က ဆံပင်လေးတွေပေါင်းနေရမယ်။
ခန္ဓာကိုယ်ကိုလည်း ပေါင်းနေရမယ်လေ။ လက်သည်းခြေသည်းလေးတွေ အမြဲလုပ်နေရမယ်။ ဒါပေမဲ့ မပန်ဘယ်တော့မှမလုပ်ဘူး။ အရမ်းပျင်းတယ်။
၈) မပန် အိမ်မြှောင်အ ရမ်းကြောက်တယ်။ အဲဒီမျက်ခွက်ကို ကြည့်ကိုမကြည့်ချင်ဘူးလို့ ပြောကြတယ်မဟုတ်လား။
မပန်လည်း အိမ်မြှောင်ကို ကြည့်ကိုမကြည့်ချင်ဘူး။
၉) မပန်ငယ်ငယ်ကတည်းက အခုချိန်အထိ မပန်ကိုလိုက်တဲ့သူသိပ်မရှိဘူး။
မင်းသမီးဆိုရင် တချို့က စစ်ဗိုလ်တွေ ကြိုက်ကြတယ်၊ သူဌေးသား
တွေကကြိုက်ကြတယ်။ မင်းသားတွေကကြိုက်ကြတယ်။
ဒါပေမဲ့ မပန်ကို အဲဒီလိုကြိုက်တဲ့သူတစ်ယောက်မှမရှိဘူး။
မပန်ကိုအရူးအမူးဖြစ်ပြီး အတင်းလိုက်တာမျိုးမရှိဘူး။
သူတို့ကလည်းမကြိုက်သလို ကိုယ်ကလည်း
ဘယ်သူ့ကိုမှ မကြိုက်ဘူး။
၁ဝ) မပန်မှာ ဟန်ဆောင်မှုမရှိဘူး။ ပွင့်ပွင့်လင်းလင်းနေတတ်တယ်။
မပန် ကနွဲ့ကလျတွေလည်း မလုပ်တတ်ဘူး။
TheFlowerNews
သရုပ်ဆောင်ဆုပန်ထွာရဲ့ ပရိသတ်မသိသေးတဲ့ လျှို့ဝှက်ချက် ၁ဝချက် အကြောင်းကို မေးမြန်းဖြစ်ခဲ့ ပါတယ်
၁) မနက်မျက်နှာသစ်တိုင်း သရဏဂုံရွတ်ပြီး သစ်ဖြစ်တယ်။
၂) မပန်ကိုးတန်းနှစ်လောက်က ထဘီကျွတ်ဖူးတယ် ကွင်းလုံးကျွတ်တာတော့မဟုတ်ဘူး။ လက်ချော်ပြီး တစ်ဝက်လောက်ပဲကျွတ်တာ။ အခုချိန်အထိ မပန် ထဘီမဝတ်တတ်ဘူး။
ဒီချုပ်ရေးဆွဲနေသော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် မူကြမ်းပြီးစီး
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ရေးဆွဲနေသော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် သည် အကြမ်းထည်ပြီးစီး နေပြီ ဖြစ်ပြီး အချောသပ်ရန်သာ ကျန် တော့ကြောင်း ပါတီဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းမြင့်က ဒီဇင်ဘာ ၉ ရက်တွင်ပြောကြားသည်။
အဆိုပါမူဘောင်ရေးဆွဲရန် လွန်ခဲ့သည့် နှစ်လကျော်ကစ၍ အလုပ်ရုံဆွေးနွေးပွဲများတွင် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါဝင် ဆွေးနွေးနေခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းများ ကိုယ်ပိုင်ယာဉ်ဖြင့် ကျောင်းကြို/ပို့ ခွင့်မပြုတော့ရန် စီစဉ်
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းအများစုတွင် ကိုယ်ပိုင်ယာဉ်များဖြင့် ကျောင်း ကြို/ပို့ခြင်းအစား ကျောင်းကား များဖြင့်သာ ကြို/ပို့ရန် စီစဉ် ဆောင်ရွက်ရတော့မည်ဖြစ် ကြောင်း သတင်းရရှိသည်။
လက်ရှိကျင်းပဆဲဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော်အ စည်းအဝေးတွင် တင်သွင်းသည့် ကျောင်းကားများနှင့် ပတ်သက်၍ ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးရန် အဆိုနှင့် ပတ်သက်၍ တိုင်းဒေသ ကြီးအစိုးရက နည်းဥပဒေရေးဆွဲ ဆောင်ရွက်မည်ဖြစ်သည့်အ တွက် ယင်းကိစ္စရပ်သည် မကြာမီ အကောင်အထည်ပေါ်လာမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ် စားလှယ်အချို့ကပြောသည်။
ခြောက်ပွင့်ဆိုင်အစား ၁၂ ပွင့်ဆိုင်တွေ့ဆုံရန် ရန်ကုန်တိုင်းအစိုးရက ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ လုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘောင်ကျော်သော လုပ်ရပ်
ခြောက်ပွင့်ဆိုင်အစား ၁၂ ပွင့်ဆိုင်တွေ့ဆုံရန် ရန်ကုန်တိုင်းအစိုးရက ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆို ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်တွင် တင်သွင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ လုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘောင်ကျော်သော လုပ်ရပ်ဖြစ်ကြောင်း ဒေါက်တာအေးမောင် အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တို့ ပြောကြား
ရန်ဖြစ်ဖူးသည့် ကိစ္စကို မကျေနပ်သည့် ရှစ်တန်းကျောင်းသားက ကျောင်းသူကို ဓားဖြင့်ထိုး
CrimeP
ရန်ကုန်၊ ဒီဇင်ဘာ ၉။ ခိုက်ရန်ဖြစ်ဖူးသည့်ကိစ္စကို မကျေနပ်၍ ရှစ်တန်း ကျောင်းသားတစ်ဦးက အတန်းဖော် ကျောင်းသူကို ဓားဖြင့် ထိုးခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာလ ၈ ရက်၊ နံနက် ၁၂ နာရီ ၁၀ မိနစ်က လှိုင်သာယာ မြို့နယ်အ တွင်း ဖြစ်ပွားခဲ့သည်ဟု လှိုင်သာယာမြို့နယ် ပညာရေးမှူး ဦးတင်လှိုင်က ပြောသည်။“ကောင်လေးနဲ့ ကောင်မလေးက အရင် ရန်ဖြစ်ဖူးတယ်။ အဲ့ဒါကို မကျေနပ်လို့ ထိုးတာ။ အခုကောင်မလေးရဲ့ ကျန်းမာရေး အခြေအနေ ကတော့ သက်သာပါတယ်။ ကောင်လေးကိုတော့ ကျောင်းနားထားတယ်” ဟု ၎င်းက ပြောသည်။
အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်များ မဲခွဲမှုထွက်ပေါ်
Photo: အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်များ မဲခွဲမှုထွက်ပေါ်
၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁၀ ရက်
အက်ဖ်အေဖလား တတိယအဆင့် မဲခွဲမှုများ ထွက်ပေါ်လာရာ လက်ရှိချန်ပီယံ အာဆင်နယ်အသင်းမှာ ပြီးခဲ့ရာသီ အက်ဖ်အေဖလား ဗိုလ်လုပွဲပြိုင်ဘက် ဟူးလ်စီးတီးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အက်ဖ်အေဖလား ဒုတိယအဆင့် ပွဲစဉ်များ ကစားရန် ရှိနေသေးသည့်အတွက် မန်ယူအနေဖြင့် အက်ခရင်တန်-ယိုဗီးလ်ပွဲစဉ်မှ အနိုင်ရသည့်အသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။
ပရီးမီးယားလိဂ်အသင်းများ၏ အက်ဖ်အေဖလားပွဲစဉ်များ
အာဆင်နယ် - ဟူးလ်စီးတီး
ဆောက်သမ်တန် - အစ်ဝစ်ခ်ျ
စတုတ်စီးတီး - ၀ရက်ဇ်ဟမ်း
ဝင်ဘယ်ဒန် - လီဗာပူး
မန်စီးတီး - ရှက်ဖီးဝမ့်နက်စဒေး
ဝက်စ်ဘရွန်း - ဂိတ်ရှက်
ဗီလာ - ဘလက်ပူး
အောက်ဖို့ဒ်/ထရန်မဲလ် - ဆွမ်ဆီး
ဆန်းဒါးလန်း - လိဒ်
ဘန်လေ - စပါး
လက်စတာ - နယူးကာဆယ်
အဲဗာတန် - ၀က်စ်ဟမ်း
ချဲလ်ဆီး - ၀က်ဖို့ဒ်
ကျူ ပီအာ - ရှက်ဖီး
အက်ခရင်တန်/ယိုဗီးလ် - မန်ယူ
အက်ဖ်အေဖလား တတိယအဆင့် မဲခွဲမှုများ ထွက်ပေါ်လာရာ လက်ရှိချန်ပီယံ အာဆင်နယ်အသင်းမှာ ပြီးခဲ့ရာသီ အက်ဖ်အေဖလား ဗိုလ်လုပွဲပြိုင်ဘက် ဟူးလ်စီးတီးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အက်ဖ်အေ ဖလား ဒုတိယအဆင့် ပွဲစဉ်များ ကစားရန် ရှိနေသေးသည့်အတွက် မန်ယူအနေဖြင့် အက်ခရင်တန်-ယိုဗီးလ်ပွဲစဉ်မှ အနိုင်ရသည့်အသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။
Tuesday, December 9, 2014
ဘူးသီးတောင်တွင် ဘင်္ဂါလီအမျိုးသားတစ်ဦးက ဘင်္ဂါလီအမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်
ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာအနီးတွင် ဘင်္ဂါလီအမျိုးသားတစ်ဦးက ဘင်္ဂါလီ အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
ယင်းလူသတ်မှုသည်ယခုလ၄ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးခေါင်းဖြတ်အသတ်ခံရသူမှာ အသက် ၁၅နှစ်အရွယ် ဘင်္ဂါလီအမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ နေ့လည်ပိုင်းတွင် ရွာမဘင်္ဂါလီကျေးရွာနေ မယာစမိန် (အသက် ၁ ၅နှစ်) (ဘ)အီမန်ဟူဆောင်းသည် သူမ၏ အဖွားဖြစ်သူနှင့်အတူ မိမိတို့နေထိုင်ရာ ရွာအနီးတောစပ်တွင် ထင်းရှာဖွေနေခဲ့ကြသည်။
အစိမ်းလိုက် မြွှေအမြိုခံမည်ဆိုသော်လည်း အမြိုမခံပဲ ရုန်းခဲ့
Photo: အစိမ်းလိုက် မြွှေအမြိုခံမည်ဆိုသော်လည်း အမြိုမခံပဲ ရုန်းခဲ့
၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၉ ရက်
အမေရိကန်မှ Paul Rosolie လို့အမည်ရတဲ့ Discover channel မှ တင်ဆက်သူဟာ အစိမ်းလိုက် မြွှေအမြိုခံမယ်လို့ ပြောပြီး စတန့်ပြကွက် ပြုလုပ်ရာ လက်နဲ့ ခေါင်း အနည်းငယ် ပါရုံမျှ ရှိချိန် ပြန်လည် ရုန်းထွက် အဆုံးသတ်ခဲ့ ပါတယ်။
ယင်းမှာတင်ကို တစ်နာရီခွဲ ကြာသွားပြီး ကြည့်ရှုသူများကို စိတ်ပျက်စေခဲ့ ပါတယ်။ တောင်အမေရိက နိုင်ငံမှာ ပေါက်ဖွားတဲ့ အနာဂွန်ဒါ ဧရာမ မြွှေကြီး မြိုတာကို သံချပ်ကာ ဝတ်စုံ ဝတ်လို့ အစိမ်းလိုက် ခံဖို့ စီစဉ်ခဲ့ ပါတယ်။ ဒီအတွက် ကမ္ဘာတစ်ဝန်းက စိတ်ဝင်စားသူ များပြားခဲ့ပြီး အနာကွန်ဒါမြွှေ များရဲ့ အလေ့အထကို ကမ္ဘာက သိစေရန် ဖြစ်ကြောင်း ဆိုခဲ့ ပါတယ်။ ဒါပေမယ့် ယင်း လုပ်ဆောင်ချက် ပြုလုပ်တဲ့ အချိန် တစ်နာရီခွဲ အတွင်းမှာပဲ ရုန်းထွက်ခဲ့ ပါတယ်။ သူ့အနေနဲ့ ဒါဟာ အနာကွန်ဒါမြွှေများရဲ့ အလေ့အထကို လေ့လာ သိရှိအောင်လို့ ဆိုပေမယ့် သူ့ရဲ့ ကြောက်ရွှံ့ပြီး ရုန်းတဲ့ လုပ်ရပ်ကြောင့် အများ ကဲ့ရဲ့ခဲ့ပါတယ်။
သူ့ရဲ့ လက်မောင်းတစ်ဖက် အညစ်ခံရပြီး ကျိုးသွားပြီလို့ သူခံစားရပါတယ်။ ခေါင်းကို အနည်းငယ်မျှသာ မြိုထားစဉ် သူ့အနေနဲ့ ပိုမို ကြောက်ရွှံ့လာပြီး သူပြုလုပ်တဲ့ စတန့်ကို ရပ်တပ်ပြီး လာကယ်ဖို့ အော်ခေါ်ခဲ့ ပါတယ်။ သူ့လက်မောင်းမှာ သံချပ်ကာ အဝတ်ရဲ့ အရာများ ကျန်ရှိခဲ့ ပါတယ်။ သိလိုက်ရတာကတော့ သံချပ်ကာ အဝတ်လည်း အနာကွန်ဒါမြွှေရဲ့ အားနဲ့ ညစ်ဖြတ်ရင် လွယ်တကူ ကြုံ့နိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအတွက် ဘယ်လောက်ထူတဲ့ သံပြားလိုမယ်ဆိုတာ မသိသေး ပါဘူး။ ကျွဲ၊ နွား၊ မိကျောင်းတွေကိုတောင် အရိုးချေနိုင်တဲ့ မြွှေမို့လို့ ဖြစ်ပါတယ်။ ကယ်ဆယ်သူများ ကယ်ဆယ်ပြီးနောက် သူ့ရဲ့ စတန့်ပြကွက်ဟာ ကမ္ဘာတစ်လွှားက ကြည့်ရှုသူတွေကို စိတ်သာ ပျက်စေခဲ့ ပါတယ်။
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)
အမေရိကန်မှ Paul Rosolie လို့အမည်ရတဲ့ Discover channel မှ တင်ဆက်သူဟာ အစိမ်းလိုက် မြွှေအမြိုခံမယ်လို့ ပြောပြီး စတန့်ပြကွက် ပြုလုပ်ရာ လက်နဲ့ ခေါင်း အနည်းငယ် ပါရုံမျှ ရှိချိန် ပြန်လည် ရုန်းထွက် အဆုံးသတ်ခဲ့ ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လူနာစောင့်ကို လူငယ်တစ်ဦး ငှက်ကြီးတောင်ဓားဖြင့် ဝင်ခုတ်
မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ လူနာများ လာရောက်ကာ ဆေးကုသမှု ခံယူလျက်ရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဒီဇင်ဘာလ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က ကုသဆောင် နံပါတ် ၁/၂ တွင် အသက် ၃၆ နှစ်အရွယ်ရှိ လူနာစောင့် အမျိုးသမီးကို လူငယ်တစ်ဦးက ဌက်ကြီးတောင်ဓားဖြင့် ဝင်ခုတ်ခဲ့ကြောင်း လသာမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
မလုပ်ကိုင်တဲ့ စက်မှုဇုန်မြေတွေ ပြန်သိမ်းမယ်
ရန်ကုန် တိုင်း အတွင်း က လုပ်ငန်း မလုပ်တဲ့ စက်မှုဇုန် မြေတွေကို အစိုး ရ က ရှေ့တပတ် နောက်ဆုံး ထားပြီး ပြန်သိမ်းဖို့ ရှိတယ် လို့ သိရပါတယ် ။
ဒီ လုပ်ငန်း မလုပ်တဲ့ စက်မှုဇုန် မြေကွက် တွေဟာ ဝါးတရာ စက်မှုဇုန်နဲ့ အရှေ့ဒဂုံ စက်မှုဇုန် တို့ မှာ အများ ဆုံး ဖြစ် ပြီး အစိုးရက လုပ်ငန်း ပြန်လုပ်ကိုင် သူတွေကို မြေနေရာ ပြန်ရောင်းချပေး ဖို့ စီစဉ် နေပါတယ် ။
စက်မှုဇုန် မြေလွတ် ပိုင်ရှင် တွေ ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံး ထားပြီး လုပ်ငန်း လုပ်ကိုင်မယ့် စီမံချက် တင်ပြဖို့ ရန်ကုန်တိုင်း စက်မှုဇုန် စီမံ ခန့်ခွဲရေး ကော်မတီ က ထုတ်ပြန်ထားပြီး ဒါဟာ ဒုတိ ယ အကြိမ် ထုတ် ပြန်တဲ့ သတိပေးချက် ပါ ။
ကုန်ဈေးနှုန်း တက်လာ၍ ပြည်သူများ အခက်တွေ့
နိုဝင်ဘာ ဒုတိယပတ်က ၀န်ထမ်းများ လစာတိုးမြှင့်ရန် ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်း ခဲ့ပြီးနောက် ပြည်တွင်းရှိ အခြေခံစားသောက်ကုန်များ အပါအ၀င် ကုန်ပစ္စည်းများ တဖြည်းဖြည်း ဈေးတက်လာခဲ့သည်။
မြန်မာလုပ်သားနှစ်ဦး အပြစ်ဝန်ခံရန် ထိုင်းတရားသူကြီးပြော၊ လုပ်သားနှစ်ဦးက ပြစ်မှုမကျူးလွန်ဟု ငြင်းဆန်
 မြန်မာလုပ်သားနှစ်ဦး အမှုတွဲတင်ပြီး   ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးသည့်နေ့တွင် ကော့စမွီမြို့နယ်တရားသူကြီးက အပြစ်ဝန်ခံလျှင် ပြစ်ဒဏ်ထက်ဝက်သက်သာမည်၊ ၀န်ခံခြင်းမရှိ၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အပြစ်အတိုင်းခံရမည်ဟု  မြန်မာလုပ်သားနှစ်ဦးကိုပြောဆို လိုက်ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၈ရက်တွင် လိပ်ကျွန်းလူသတ်မှုဖြင့် အမှုတွဲတင် ပြီးနောက်ပိုင်း မြန်မာလုပ်သားနှစ်ဦးအား ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးရာ ကော့စမွီမြို့နယ်တရားသူကြီးက အပြစ်ရှိကြောင်းဝန်ခံလျှင် ပြစ်ဒဏ်ထက်ဝက်သက်သာမည်၊ ၀န်ခံခြင်းမရှိ၍ ပြစ်မှု ကျူးလွန်ကြောင်းထင်ရှားပါက အပြစ်အတိုင်းခံရမည်ဟုပြောဆိုရာ  မြန်မာလုပ်သားနှစ်ဦးက အပြစ်မလုပ်ထား၍ ၀န်မခံနိုင်ဟု ပြန်လည်ပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။
လက်ဖက်ရည်ဆိုင်များကို အခွန်ကောက်ခံရန် စီစဉ်
စားသောက်ဆိုင် ၅၃၀ ကျော်သို့ တစ်လအတွင်း အခွန်တံဆိပ်ခေါင်း ကျပ်သန်း ၂,၅၀၀ ၀န်းကျင်ဖိုးရောင်းချပြီးဖြစ်
 လက်ဖက်ရည်ဆိုင်များကို အခွန်တံဆိပ်ခေါင်းကပ်၍ အခွန်ကောက်ယူရန် အခက်အခဲ ရှိနေသော်လည်း အခွန်ကင်းလွတ်ခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှ သိရသည်။
‘‘လက်ဖက်ရည်ဆိုင်မှာ ဘောက်ချာလုပ်ပြီး တံဆိပ်ခေါင်း ကပ်နေမယ်ဆိုရင် အဆင်မပြေဘူး။ လက်ရှိတော့ ၀င်ငွေကြော်ငြာလွှာတင်သွင်းရင်း စည်းကြပ် ကောက်ခံမယ်။ နောက်တော့ စနစ်တစ်ခု လုပ်မယ်’’ဟု တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ ဒုဦးစီးမှူး က ပြောသည်။
ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အစိုးရအဖွဲ့ မဆုံးဖြတ်ရသေးဟု ဦးရဲထွဋ် ပြောကြား
ပြည်ထောင်စုလွှတ်တော်က သဝဏ်လွှာ ပေးပို့တောင်းဆိုထားသော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အတွက် တွေ့၊ မတွေ့ကို အစိုးရအဖွဲ့ အနေနှင့် တိတိကျကျ ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။
အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့ထားသော သဝဏ်လွှာကို အကြောင်းပြန်ကြားရန် အချိန်တိတိကျကျ ထုတ်ပြော၍ မရနိုင်သေးကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ပီနန်မှ ၁၈ ဦးသေဆုံးမှု မြန်မာနိုင်ငံတွင်း မငြိမ်သက်မှုနှင့် ဆက်နွှယ်ဟု ဆို
ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်ကြသည့် မလေးရှား နိုင်ငံ ပီနန်ပြည်နယ်တွင် ဖြစ်ပွား ခဲ့သည့် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသား ၁၅ ဦးကို မလေးရှားရဲများက ဖမ်းဆီးလိုက်သည်။
ယင်းသတ်ဖြတ်မှုသည် မြန် မာနိုင်ငံတွင်းမှ လူမျိုးရေးမတည် ငြိမ်မှုနှင့် ဆက်နွှယ်ပတ်သက်နေ မည်ဟု ယုံကြည်ကြောင်း သော ကြာနေ့က ထုတ်ပြန်သည့် အစီရင် ခံစာတွင် ဖော်ပြထားသည်။
ပီနန်ပြည်နယ်တွင် ပြီးခဲ့ သည့် လပိုင်းအတွင်း အပိုင်းပိုင်း ဖြတ်ထားသည့် အလောင်းများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တွေ့ရှိရပြီး အနည်းဆုံး မြန်မာနိုင်ငံသား ၁၈ ဦးကို သတ်ဖြတ်ထားခြင်း ဖြစ်သည်။
လက်ရှိ ကျင့်သုံးနေသည့် ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေ ပြုပြင်ရန် လိုအပ်ကြောင်း ACDD ထုတ်ပြန်
ACDD, ရပ်/ကျေး အုပ်ချုပ်ရေး
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေတွင် ပြဌာန်းထားသော အချက်များသည် လက်ရှိ ကျင့်သုံးနေသည်ဟုဆို သော ဒီမိုကရေစီနည်းလမ်းများနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၈၈ နှင့် ၂၈၉ တို့ကို ပြုပြင်ရန် လိုအပ်ကြောင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင် ရွက်မှုကော်မတီ (Action Committee for Democracy Development- ACDD) အဖွဲ့က ထုတ်ပြန်လိုက်သည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး များသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ ခန့်အပ်ထားသည့် ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ အဆင့်ဆင့်သော အရာရှိများ၏ လက်အောက်တွင် ခန့်အပ်ခြင်းခံထားရ သကဲ့သို့ ၎င်း အရာရှိများ၏ သဘောတူညီချက်ရမှသာ ပြည်သူများက ရွေးချယ်ထားသောသူကို ခန့်အပ်ခွင့်ရှိနေခြင်းက လုံးဝ မဖြစ်သင့်သော အချက်တချက် ဖြစ်ကြောင်း ACDD အဖွဲ့မှ ကွန်ရက် ခေါင်းဆောင်တဦးဖြစ်သူ ဦးရဲကျော်သူက ပြောသည်။
ဖုန်းအား သွင်းနိုင်မည့် နေရောင်ခြည် စွမ်းအင်သုံး ဂျာကင် များကို Tommy Hilfiger မိတ်ဆက်
Photo: ဖုန်းအား သွင်းနိုင်မည့် နေရောင်ခြည် စွမ်းအင်သုံး ဂျာကင် များကို Tommy Hilfiger မိတ်ဆက်
၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၉ ရက်
ဖုန်းနှင့် tablet အပြင် iPod နှင့် လက်ကိုင်ဂိမ်းစက်များ အားကုန်သွားသည့်အခါ အားပြန်သွင်းပေးနိုင်မည့် နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များကို Tommy Hilfiger မှ မိတ်ဆက်ပေးခဲ့သည်။
Tommy Hilfiger ၏ နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များတွင် ဆိုလာကုမ္ပဏီ Pvilion မှ ထုတ်လုပ်သည့် ဆိုလာပြားများကို အသုံးပြုထားသည်။ အမျိုးသားဝတ်နှင့် အမျိုးသမီးဝတ်များ အဖြစ် ထုတ်လုပ်ထားသည့် အဆိုပါ ဂျာကင်များတွင် ပါဝင်သော ဆိုလာပြားများသည် နေရောင်ခြည် စွမ်းအင်ကို ရယူကာ ဝတ်ဆင်သူ၏ gadget များကို အားပြန်သွင်းပေးမည် ဖြစ်သည်။
အဆိုပါ ဂျာကင်များကို ရောင်စုံအကွက် ဒီဇိုင်းများဖြင့် ရရှိနိုင်ပြီး ရေစိုဒဏ်ခံနိုင်သလို ပြောင်းလွယ်ပြင်လွယ်ရှိသော ဆိုလာပြားများကိုလည်း အလွယ်တကူ ဖြုတ်နိုင်/တပ်နိုင်မည် ဖြစ်သည်။ ဂျာကင်၏ အရှေ့ဘက်အိတ်ကပ် တစ်ခုရှိ ဘက်ထရီနှင့် ချိတ်ဆက်ထားသည့် cable ကြိုးတစ်ခုတွင် USB port နှစ်ခု ပါဝင်သောကြောင့် ထုတ်ကုန်နှစ်ခုကို တစ်ပြိုင်နက် အားသွင်းနိုင်သည်။
ဂျာကင်တွင် ပါဝင်သည့် ဘက်ထရီကို နေရောင်ခြည် စွမ်းအင်မှတစ်ဆင့် အားအပြည့်သွင်းထားသည့်အခါ ၎င်းဘက်ထရီက 1,500 mAh ထုတ်ကုန်တစ်ခုကို လေးကြိမ်အထိ အားသွင်းပေးနိုင်မည် ဖြစ်သည်။
နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များကို အမေရိကန်ဒေါ်လာ ၅၉၉ ဖြင့် Tommy Hilfiger ဝက်ဘ်ဆိုက်နှင့် ကမ္ဘာမြောက်ဘက်ခြမ်းရှိ သတ်မှတ်ထားသော စတိုးများမှ ဝယ်ယူနိုင်မည် ဖြစ်သည်။
Internet Journalc
ဖုန်းနှင့် tablet အပြင် iPod နှင့် လက်ကိုင်ဂိမ်းစက်များ အားကုန်သွားသည့်အခါ အားပြန်သွင်းပေးနိုင်မည့် နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များကို Tommy Hilfiger မှ မိတ်ဆက်ပေးခဲ့သည်။
Tommy Hilfiger ၏ နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များတွင် ဆိုလာကုမ္ပဏီ Pvilion မှ ထုတ်လုပ်သည့် ဆိုလာပြားများကို အသုံးပြုထားသည်။ အမျိုးသားဝတ်နှင့် အမျိုးသမီးဝတ်များ အဖြစ် ထုတ်လုပ်ထားသည့် အဆိုပါ ဂျာကင်များတွင် ပါဝင်သော ဆိုလာပြားများသည် နေရောင်ခြည် စွမ်းအင်ကို ရယူကာ ဝတ်ဆင်သူ၏ gadget များကို အားပြန်သွင်းပေးမည် ဖြစ်သည်။
တရားသူကြီးများ မှားယွင်းစွာဆုံးဖြတ်မှုများကြောင့် နစ်နာသည်ဟုဆိုကာ တိုင်စာများအများဆုံးရောက်ရှိကြောင်း တရားစီရင်ရေးနှင့် တိုင်ကြားစာများစိစစ်ဆောင်ရွက်ရေးကော်မတီ အတွင်းရေးမှူးပြောကြား
တရားသူကြီးများ မှားယွင်းစွာဆုံးဖြတ်မှုများကြောင့် နစ်နာသည်ဟု ဆိုကာ တိုင်တန်းသည့် တိုင်စာများ အများဆုံးရောက်ရှိကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီမှ အတွင်းရေးမှူး ဦးမြင့်ထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုအခြေအနေသည် လွန်စွာအားနည်းနေပြီး တရားရေးနယ်ပယ်တွင် အဂတိလိုက်စားမှုများ လွှမ်းမိုးနေကြောင်း တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဠ သူရဦးအောင်ကိုက ပြောကြားထားသည်။
ဝန်ထမ်းများ လစာတိုးပေးရန် နိုင်ငံတော်ဘဏ္ဍာ လေလွင့်ပြုန်းတီးမှုများ ဖြစ်ပေါ်နေသည့် အစိုးရ၏ စီမံကိန်းလုပ်ငန်းများအား စိစစ်၍ ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများ ဆောင်ရွက်မည်ဟု လွှတ်တော် စီမံ/ဘဏ္ဍာကော်မတီဝင် ပြောကြား
ဝန်ထမ်းများ လစာတိုးပေးရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ပြုန်းတီး မှုများ ဖြစ်ပေါ်နေသည့် အစိုးရ၏ စီမံကိန်းများအား စိစစ်၍ ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများကို ဆောင်ရွက်မည်ဟု ပြည်ထောင်စု လွှတ်တော် စီမံကိန်းနှင့် ဘဏ္ဍာရေးပူးပေါင်းမှုကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
၂ဝ၁၅-၂ဝ၁၆ ခု ဘဏ္ဍာရေးနှစ် စတင်သည့်ကာလမှစ၍ တပ်မတော်သားနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအပါအဝင် နိုင်ငံ့ဝန်ထမ်းများ ကိုယ့်ဂုဏ်ကိုယ့်သိက္ခာ လျော်ညီသည့် သင့်တင့်မျှတသော လစာစရိတ်များ ဖြစ်ပေါ်ရရှိရေးအတွက် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရတို့အား တိုက်တွန်းကြောင်း အဆိုကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်တစ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၈ နှင့် အညီ အစိုးရမှ ဆက်လက် အကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများလစာ စရိတ်တိုးပေးနိုင်ရန် ဘဏ္ဍာရေးကျောထောက်နောက်ခံရှိရန် လိုကြောင်း ဦးဝင်းသန်းက ပြောကြားသည်။
နိုင်ငံခြားဇာတ်ကားကူးခွေများ ရောင်းချသော ဆိုင်များကို ဖမ်းမည်ဟုဆို
ရန်ကုန်တိုင်းအတွင်း နိုင်ငံခြားဇာတ်ကားကူးခွေရောင်းချသော ဆိုင်များကို ရောင်းချခွင့်ပိတ် ထားပြီး ရောင်းချနေသော ဆိုင် များကို ဖမ်းသွားမည်ဟု သတင်း ရရှိသည်။
ခိုးကူးခွေများရောင်းချခြင်း နှင့် ပတ်သက်၍ မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံးမှ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ယခု လကုန်ပိုင်းတွင် တိုင်ကြားသည့် အတွက် အခွေကူးသည့်ပင်မဒိုင် များကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု မြို့နယ်မှူးတစ်ဦးကပြောသည်။
‘‘တိုင်းဒေသကြီးက အ ကြောင်းကြားထားတယ်။ ကူးခွေ ရောင်းချတဲ့ဆိုင်တွေဘယ်ဆိုင်မ ဆိုဖမ်းဆီးခိုင်းတယ်။ လမ်းဘေး မှာ ရောင်းနေတဲ့ဆိုင်တွေလည်း ရောင်းချတာမလုပ်ဖို့ အသိပေး ထားပါတယ်’’ဟု ၎င်းကဆိုသည်။
တပ်မတော်နှင့် ပြည်သူကင်းကွာပါက နိုင်ငံကာကွယ်ရေး ထိခိုက်နိုင်ဟု ကာချုပ်ပြော
တပ်မတော်က ပြည်သူနှင့်ကင်းကွာပါက နိုင်ငံတော်ကာကွယ်ရေးကို ထိခိုက်နိုင်သဖြင့် ပြည်သူနှင့်ပတ်သက်၍ အလေးထားစောင့်ထိန်းရန် လိုအပ်ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။