မိုဘိုင်း ကွန်ရက်များ ချဲ့ထွင် အဆင့်မြှင့်တင်မည် ဖြစ်၍ မြန်မာပြည် အထက်ပိုင်း မြို့နယ်များတွင် ဖုန်းလိုင်းများ ယာယီ ပြတ်တောက်မည် ဖြစ်ကြောင်း မြန်မာ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ကွန်ရက်တွေ အဆင့်မြှင့်တင်တဲ့ အချိန်မှာတော့ ပြည်သူတွေ အသုံးမပြုတဲ့ အချိန်ကို ဆောင်ရွက် မှာပါ။ ပြီးရင်တော့ အရင်အတိုင်းပဲပုံမှန်ပြန်ပြီး အသုံးပြုနိုင် မှာပါ ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ဦးသိန်းဟုတ်က ပြောသည်။
Thursday, December 18, 2014
ဇနီးဖြစ်သူနှင့် စကားများသည့်အတွက် ခင်ပွန်းသည်က တောင်ပေါ်မှခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ လက်ပံခုံကျေးရွာ၏ အနောက်ဘက်(၄)ဖာလုံခန့်အကွာရှိ အမြင့်ပေ(၁၅၀)ခန့်ရှိသော တောင်ကုန်း တစ်ခုပေါ်မှ ဒီဇင်ဘာ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ဇနီးဖြစ်သူနှင့် စကားများလာသည့် ခင်ပွန်းသည် တစ်ဦးမှာ ခုန်ချ၍ မိမိကိုယ်ကို အဆုံးစီရင်လိုက်ကြောင်း သိရသည်။
ကြက်ဥအတုနှင့် အစစ်

အပေါ်ယံကြည့်ရုံမျှဖြင့် မရနိုင်သော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ကြက်ဥအတုများကို သိရှိစေရန် ခွဲခြားနည်းကိုဖော်ပြပေးလိုက်ပါတယ်
ကြက်ဥအတုနှင့် အစစ်ခွဲခြားရန်မှာ ကြက်ဥအတုကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါက အဆန်ချောင်နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်ကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါကမူ အဆန်ချောင်၍ မရှိခြင်း။
ကြက်ဥအတုနှင့်အစစ်ကို ယှဉ်၍ မှန်၊ ဇလုံ၊ ပန်းကန်တစ်ခုခုပေါ်တွင် တင်၍ လှည့်ကြည့်ပါက အတုသည် ဂျင်လည်သကဲ့သို့ မွှတ်နေအောင် လည်ပတ်နှုန်းမြန်ပြီး လည်ပတ်ချိန် ပိုကြာခြင်း။
ကြက်ဥအတုနှင့် အစစ်ခွဲခြားရန်မှာ ကြက်ဥအတုကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါက အဆန်ချောင်နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်ကို ကိုင်၍ ခပ်ပြင်းပြင်းလှုပ်ကြည့်ပါကမူ အဆန်ချောင်၍ မရှိခြင်း။
ကြက်ဥအတုနှင့်အစစ်ကို ယှဉ်၍ မှန်၊ ဇလုံ၊ ပန်းကန်တစ်ခုခုပေါ်တွင် တင်၍ လှည့်ကြည့်ပါက အတုသည် ဂျင်လည်သကဲ့သို့ မွှတ်နေအောင် လည်ပတ်နှုန်းမြန်ပြီး လည်ပတ်ချိန် ပိုကြာခြင်း။
ကယားပါတီသုံးခု မဟာမိတ် ပါတီအဖြစ် ပူးပေါင်းယှဉ်ပြိုင်မည်
ကယားပြည်နယ်ရှိ ဒေသခံပါတီသုံးခုက ၂၀၁၅ ရွေးကောက်ပွဲတွင် သီးခြားစီယှဉ်ပြိုင်မည်မဟုတ်ဘဲ မဟာမိတ်ပါတီအဖြစ် ပူးပေါင်းယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ကယန်းအမျိုးသားပါတီအထွေထွေ အတွင်းရေးမှူးဦးခွန်နန်းရီက ပြောသည်။
ကယားပြည်နယ်တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီအပြင် ဒေသခံ ပါတီများဖြစ်သည့် ကယန်းအမျိုး သားပါတီ၊ လူမျိုးပေါင်းစုံဒီမိုက ရေစီပါတီ(ကယားပြည်နယ်) နှင့် ကယားလူမျိုးစုဒီမိုကရေစီပါတီ ဟူ၍ ပါတီခြောက်ခုရှိသော်လည်း ဒေသခံ ပါတီသုံးပါတီက မဟာမိတ်ပါတီအဖြစ်သာ ယှဉ်ပြိုင်သွား မည်ဟုသိရသည်။
ကယားပြည်နယ်တွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီအပြင် ဒေသခံ ပါတီများဖြစ်သည့် ကယန်းအမျိုး သားပါတီ၊ လူမျိုးပေါင်းစုံဒီမိုက ရေစီပါတီ(ကယားပြည်နယ်) နှင့် ကယားလူမျိုးစုဒီမိုကရေစီပါတီ ဟူ၍ ပါတီခြောက်ခုရှိသော်လည်း ဒေသခံ ပါတီသုံးပါတီက မဟာမိတ်ပါတီအဖြစ်သာ ယှဉ်ပြိုင်သွား မည်ဟုသိရသည်။
လေးနှစ်အရွယ်မိန်းကလေးတစ်ဦးအား ကျပ်တစ်သောင်းခွဲနှင့် ရောင်းစားခံရမှုကို အရေးယူဖြေရှင်းပေးခြင်းမရှိ၍ ပြည်မြို့တွင် ညအချိန်လူစုလူဝေးဖြင့် တောင်းဆိုမှုဖြစ်ပွား
တပ်ရင်းတပ်ဖွဲ့များတွင် ကျင်းပမည့် ခရစ္စမတ်ပွဲများနှင့် ပတ်သက်၍ ကေအိုင်အေဦးစီးချုပ် သတိပေး
တပ်မတော်နှင့် စစ်ရေး တင်းမာမှုများဖြစ်နေသည့် ကချင် လွတ်မြောက်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များတွင် ခရစ္စမတ်ပွဲတော်များ ခမ်းခမ်းနားနား မပြုလုပ်ရန်နှင့် စစ်ရေးသတိရှိကြရန် ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ထုတ်ပြန်လိုက် ကြောင်း သတင်းရရှိသည်။
ကချင်လူမျိုးများသည် ခရစ် ယာန်ဘာသာဝင် အများစုဖြစ်ကြ ပြီး ၂၀၁၂ က ကေအိုင်အိုဌာနချုပ် အနီးတစ်ဝိုက် တွင် အစိုးရ တပ်မတော်နှင့် ကေအိုင်အေတပ်များ ခရစ္စမတ်ကာလအတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။
ဝန်ကြီးညွှန်ကြားချက်ဖြင့် ဆရာ ယူနီယံများဖွဲ့ရန် ပြင်နေခြင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာအဖွဲ့ချုပ် ကန့်ကွက်
ဝန်ကြီး၏ညွှန်ကြားချက် အရဟုဆိုကာ တက္ကသိုလ်အသီး သီးတွင် ဆရာ၊ ဆရာမများ ယူနီ ယံနှင့်ကျောင်းသားများယူနီယံတို့  ဖွဲ့စည်းနိုင်ရန် စတင်ဆောင်ရွက် နေသည့်အပေါ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ ချုပ်က ဒီဇင်ဘာ ၁၆ ရက်တွင် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ ဖွဲ့စည်းထားသည့် တက္ကသိုလ်ဆရာ၊ ဆရာမများ သမဂ္ဂများကို ပညာရေးဝန်ကြီး ဌာနက အသိအမှတ်ပြုလက်ခံခဲ့ ခြင်းမရှိဘဲ အမျိုးသားပညာရေး နည်းဥပဒေအတည်ပြုပြဋ္ဌာန်းခြင်းမရှိမီ ဝန်ကြီး၏ညွှန်ကြားချက်အရဟုဆိုကာ ယူနီယံဖွဲ့စည်းခြင်း သည် ဆရာ၊ ဆရာမအချင်းချင်း သွေးကွဲစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည်ဟုယူဆကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
လက်နက်နှင့်အတူ KIA ဒုတပ်ကြပ်တစ်ဦး အလင်းဝင်ရောက်

တာလောကြီးဌာနေ ပြည်သူ့စစ်နှင့် အစိုးရတပ်မတော် ခလရ(၈၇)သို့ မောင်ကျော်ဇင် အသက် (၂၁) ၊ရှမ်းကချင် အဘ-ဦးကျော်စိုး၊ အမိ-ဒေါ်လုပိုင် ကိုယ်ပိုင်အမှတ် A-55906 သည် AK-47 တစ်လက်၊ အီဂျာ ဗုံးသီး(၈)လုံး၊ ပို့ကျည်(၉)ထောင့်နှင့်အတူ KIA ယူနစ်ဖောင်းဖြင့် လာရောက် အလင်းဝင်ခဲ့တယ်လို့ သိရှိရသည်။
၂၀၁၅ ခုနှစ် မေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲပြုလုပ်ရန် မဖြစ်နိုင်သေးကြောင်း ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးပြောကြား
ဟင်္သာတမြို့ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးရုံးခန်းတွင် စည်ပင်သာယာရေးကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းကတွေ့ဆုံစဉ် ထိုသို့သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။
သမ္မတဖြစ်လျှင် အလုပ်သမားနှင့် လယ်သမားတို့အတွက် ကြိုးစားပေးမည်ဟု သူရဦးရွှေမန်းဆို
သမ္မတဖြစ်လိုသည်၊ သမ္မတဖြစ်ရန် ကြိုးပမ်းမည်ဟု ဆက်တိုက်ပြောဆိုလာခဲ့သူ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းသည် ဒီဇင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်ခန်းမ၌ ၂ဝ၁၅ တွင် 'သမ္မတ ဖြစ်လျှင်' ဆိုသည့်စကား ထည့်သွင်း ပြောလာခဲ့ပြန်သည်။
Wednesday, December 17, 2014
အဖမ်းဆီးခံ သျှမ်းလူငယ်များ လွတ်မြောက်ရေး ဆုတောင်းပြည့်ဘုရားတွင် ဆုတောင်းမည်

အဖမ်းဆီးခံ သျှမ်းလူငယ်များ လွတ်မြောက်ရေး၊ ထွက်ပြေးလူငယ်များနှင့် မိဘများ တွေ့ဆုံနိုင်ရေး၊ အသက်ဆုံးရှုံးသွားသော လူငယ်များအတွက် ဆုတောင်းမေတ္တာ ပို့သရေးတို့နှင့် ပက်သက်ပြီး (၃-၁-၂၀၁၅) ရက်နေ့တွင် မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားရင်ပြင်တွင် မြစ်ကြီးနား၊ ၀ိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်စသော မြို့နယ်များမှ အဖမ်းဆီးခံ သျှမ်းလူငယ်များ၏ မိဘများနှင့် ဒေသခံပြည်သူများ (၁၀၀၀)၀န်းကျင်လောက် ဆုတောင်းမေတ္တာ ပို့သမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။
ထိုင်း သံဃာ့မဟာနာယက အဖွဲ့၏ ဘိက္ခုနီမ ၀တ်ခြင်းသည် ၀ိနည်းနှင့် မညီကြောင်း ထုတ်ပြန်ချက် ဝေဖန်ခံရ
ဘန်ကောက်၊ ဒီဇင်ဘာ ၁၆။ အမျိုးသမီးများအား ဘိက္ခုနီမအဖြစ်သို့ ရဟန်းခံပေးခြင်းသည် ၀ိနည်းတော်နှင့် မညီကြောင်း ထိုင်းသံဃာ့ မဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်မှုများ ထွက် ပေါ်လာပြီး အမျိုးသားပြုပြင်ပြောင်းလဲရေး ကောင်စီ (NRC) အဖွဲ့ဝင် သုံးဦးကလည်း ယင်းကြေညာ ချက်သည် အခြေခံ လူ့အခွင့်အရေး တစ်ခုဖြစ်သော ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။
မြန်မာနိုင်ငံ အတွက် Facebook Account များ ပိတ်သိမ်းရန် တိုင်ကြားသည့်စနစ် သီးသန့်ပြင်ဆင် ရေးဆွဲပေးမည်
မြန်မာနိုင်ငံ အတွက် Facebook Account များ ပိတ်သိမ်းရန် တိုင်ကြားသည့် စနစ်ကို သီးသန့်ပြင်ဆင် ရေး ဆွဲ ပေးမည် ဖြစ်ကြောင်း သိရသည်။
Facebook Accountများ ပိတ်သိမ်းရန် တိုင်ကြားသည့် စနစ် (Report) ကို မြန်မာနိုင်ငံ အတွက် င်္ Facebook မှ သီးသန့်ပြင်ဆင်ရေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း တရားဝင် ချိတ်ဆက် ဆောင်ရွက်နေသည့် အိုင်စီတီအဖွဲ့(မီဒို)မှ သိရသည်။
အမုန်းပွားဖွယ် စကားများ ဖြန့်ဖြူးရေးသားနေသည့် Accountများ၊ ဘာသာရေး အရ လှုံ့ဆော်မှုများ ပြုလုပ်နေသည့် Face book စာမျက်နှာများကိုမြန်ဆန်သည့် လုပ်ဆောင်မှုများဖြင့် ပိတ်သိမ်းပစ်နိုင်ရန် ယင်းသို့ ပြင်ဆင်ရေး သား နေခြင်းဖြစ်ကြောင်း သိရသည်။
Facebook Accountများ ပိတ်သိမ်းရန် တိုင်ကြားသည့် စနစ် (Report) ကို မြန်မာနိုင်ငံ အတွက် င်္ Facebook မှ သီးသန့်ပြင်ဆင်ရေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း တရားဝင် ချိတ်ဆက် ဆောင်ရွက်နေသည့် အိုင်စီတီအဖွဲ့(မီဒို)မှ သိရသည်။
အမုန်းပွားဖွယ် စကားများ ဖြန့်ဖြူးရေးသားနေသည့် Accountများ၊ ဘာသာရေး အရ လှုံ့ဆော်မှုများ ပြုလုပ်နေသည့် Face book စာမျက်နှာများကိုမြန်ဆန်သည့် လုပ်ဆောင်မှုများဖြင့် ပိတ်သိမ်းပစ်နိုင်ရန် ယင်းသို့ ပြင်ဆင်ရေး သား နေခြင်းဖြစ်ကြောင်း သိရသည်။
လိင်အသားပေး ဇာတ်ဝင်ခန်းမျိုး ထည့်ရိုက်ပြီး ပရိသတ်ကို ဆွဲဆောင်တဲ့သူ မဟုတ်ဘူးလို့ ဆိုလာတဲ့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်

ပရိသတ်တွေ ထွေလာကြည့်ကတည်းက စိတ်ဝင်စားနေကြတဲ့ ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒီဇင်ဘာက ၁၀ ရက်နေ့က မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမမှာ မျက်နှာစုံညီ အစည်းအဝေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ မိန်းကလေး တစ်ယောက်ကို ယောင်္ကျားသားတစ်စုက အဓမ္မပြုကျင့်ပုံ ဇာတ်ဝင်ခန်းပါဝင်ပြီး ခုလို မုဒိန်းကျင့်တဲ့အခန်းကို ၃ ကြိမ်တိုင်တိုင် ပြသထားတဲ့ အတွက် ဆင်ဆာနဲ့ငြိစွန်းနေတယ်ဆိုတဲ့ သုံးသပ်ချက်ဖြင့် သတင်းတွေ လှုပ်ခတ်သွားခဲ့တာပါ။ ဒါ့ကြောင့် ဇာတ်သိမ်းထိမကြည့်ရ ဇာတ်ကားရဲ့ ဒါရိုက်တာ ညိုမင်းလွင်နဲ့ တွေ့ဆုံဖြဖြစ်ခဲ့တဲ့အခါ “အဲ့ဒါကလေ ဇာတ်ကားထွက်ပြီး ကြည့်ရင် သိလိမ့်မယ်ဗျ။ ကျွန်တော့အနေနဲ့ အထူးတလည်ကြီး ငါတော့ ဒီကားထွက်လာရင် ဖြေရှင်းရတော့မှာပဲ ဆိုပြီး ပြင်ဆင်ထားလောက်စရာ ဇာတ်ဝင်ခန်းမျိုးဟုတ်ကို မဟုတ်ဘူး။ အဲ့ဒီဇာတ်ကားက မုဒိန်းမှုကို ပညာပေးတဲ့ အနေနဲ့ရိုက်ထားတာလဲ မဟုတ်ဘူး။
အစိုးရနှင့် NCCT တို့ ၂၂ ရက်နေ့ တွေ့ဆုံဆွေးနွေးမည်
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ ဒီဇင်ဘာ ၂၂ နှင့် ၂၃ ၌ ရန်ကုန်တွင် တွေ့ဆုံကာ NCCTဘက်မှ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် ၈ဦး တက်ရောက်ရန် ဒီဇင်ဘာ ၁၆ ရက်က ဆုံးဖြတ်ခဲ့သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။
ယင်းတွေ့ဆုံမှုကို “လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ” ဟုသာ သတ်မှတ်ကာ ယုံကြည်မှု ပြန်လည် တည်ဆောက်ရန် အဓိက ညှိနှိုင်းကာ တစ်နိုင်ငံလုံးအပစ်ရပ်မူကြမ်းအပေါ် ပြန်လည်ဆွေးနွေးရန် နှစ်ချက်ကို သဘောတူခဲ့ခြင်း ဖြစ်သည်။
“အခုသွားတဲ့ ခရီးစဉ်က လုပ်ငန်းညှိနှိုင်းတဲ့ အစည်းအဝေးဖြစ်တယ်။ ဒါကြောင့် လုပ်ငန်းနဲ့ ပတ်သက်တာက နှစ်ပိုင်းရှိတယ်။ NCA ဆက်လက် ဆွေးနွေးသွားဖို့ မြန်မြန်ဆွေးနွေးသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ နောက် ထစ်နေတာတွေ၊ မပြေလည်တာတွေ၊ နိုင်ငံရေး မိုးလေဝသ မကောင်းတာတွေကို ပြန်ညှိနှိုင်းပြီးတော့ ယုံကြည်မှု ပြန်လည်တည်ဆောက်ပြီးတော့ ကျွန်တော်တို့ အမြန်ဆုံး ဆောင်ရွက်သွားမှာပါ” ဟု သူက မဇ္ဈိမကို ပြောသည်။
ကျွန်တော်သိသော ခွန်ဥက္ကာ

အခုခေတ်စားနေတဲ့ ဖက်ဒရယ်တပ်မတာ် ဘယ်ကစလို့မေးရင်တော့ အားလုံးသိကြတဲ့အတိုင်း UNFC ကစလို့ပဲဖြေရ ပါတော့မယ်။ UNFC ဘယ်ကစဆိုရင်လည်း KIA ကစလို့ဖြေရလိမ့်မယ်။ UNFC ကို KIA ကချုပ်ကိုင်ထားတာကိုတော့ သိပြီးကြားပြီးဖြစ်ကြလိမ့်မယ်လို့လဲ ထင်ပါတယ်။ ၀မ်ပေါင်နိုင်ငံတော် အိပ်မက်မက်နေသူ ဦးအင်ဘန်လက UNFC ဥက္ကဌ ရာထူးယူထားတယ်ဆိုတာလဲ အားလုံးအသိပါ။ ထားပါတော့….ငြိမ်းချမ်းရေးမလိုချင်ဘူးဆိုတဲ့အချက်ကလွဲရင် KIA အကြောင်းကို ကျုပ်လဲကောင်းကောင်း မသိပါဘူး။ ဒါပေမယ့် UNFC အတွင်းရေးမှုးနေရာမှာ မိန့်မိန့်ကြီးထိုင်နေသူက ဗိုလ်မှုးကြီးခွန်ဥက္ကာနဲ့ ပတ်သက်လို့ နည်းနည်းပြောချင်ပါတယ်။
အမျိုးသမီးတွေ ဖောက်ပြန်ကြတဲ့ အကြောင်းအရင်း (၄) ခု

သင့်မှာ ချောမျောလှပတဲ့ ချစ်သူတစ်ဦးရနေပြီး ခိုင်မာတဲ့ သမီးရည်းစား ဆက်ဆံရေးတစ်ခုကိုလည်း ထူထောင်ထားပြီဖြစ်လို့ သင့်အပေါ် သူမ ဘယ်တော့မှမဖောက်ပြန်တော့ဘူးလို့ ထင်နေပါသလား။ ဒါ မှားပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ ပြောင်းလဲတတ်တဲ့ စိတ်ဆန္ဒကို သင်ဘယ်တော့မှ လျော့မတွက်ပါနဲ့။ ဘာကြောင့်လဲဆိုရင် သမီးရည်းစားဆက်ဆံရေး ကိစ္စမျိုးတွေမှာ အမျိုးသားများနည်းတူ အမျိုးသမီးတွေဟာလည်း သစ္စာဖောက်တတ်ကြပါတယ်။ အထူးသဖြင့် ဂရုစိုက်မှု သိပ်မပေးတဲ့အခါမျိုးတွေမှာပေါ့။ အမျိုးသမီးတွေ ဘာကြောင့် လိမ်လည်ဖောက်ပြန်ကြသလဲဆိုတဲ့ အကြောင်းအရင်းတွေကတော့…
အင်ဒိုနီးရှား မာရာဟာလင်ဖလားပြိုင်ပွဲ မြန်မာ ယူ-၂၀ ၀င်ရောက်ယှဉ်ပြိုင်မည်

မြန်မာ ယူ-၂၀ ဘောလုံးအသင်းဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် မာရာဟာလင် ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ အတွက် ရန်ကုန်မှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။
မြန်မာလူငယ်အသင်းဟာ အာရှ ယူ-၁၉ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ခဲ့လို့ ကမ္ဘာ့ဖလား ယူ-၂၀ ပြိုင်ပွဲဝင်ခွင့် ရရှိထားတဲ့အသင်း ဖြစ်ပါတယ်။
မြန်မာလူငယ်အသင်းဟာ အာရှ ယူ-၁၉ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ခဲ့လို့ ကမ္ဘာ့ဖလား ယူ-၂၀ ပြိုင်ပွဲဝင်ခွင့် ရရှိထားတဲ့အသင်း ဖြစ်ပါတယ်။
ပါကစ္စတန်ကျောင်း စီးနင်းမှု၊ ၁၃၀ ကျော် သေဆုံး ၁၂၂ ဦး ဒဏ်ရာရ
ပါကစ္စတန်နိုင်ငံ ပီရှဝါမြို့က တပ်တွင်းကျောင်းကို တာလီဘန်သေနတ်သမားတွေ စီးနင်း တိုက်ခိုက်မှုဟာ ၈ နာရီကျော် အကြာမှာ သူပုန် ၉ ယောက်လုံးကိုလည်း အသေသတ်နိုင်ခဲ့ပြီလို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။ကလေးတွေအများစုဖြစ်တဲ့ လူအနည်းဆုံး ၁၃၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါဟာ လတ်တလော နှစ်တွေမှာ ပါကစ္စတန်နိုင်ငံမှာ သွေးအစွန်းဆုံး စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း အသက် ၁၀ နှစ်ကနေ ၂၀ ကြား လူ ၁၂၂ ယောက်လည်း ဒဏ်ရာရတယ်လို့ ခရိုင်အရာရှိ တယောက်က ပြောပါတယ်။
အိုင်အက်စ်အဖွဲ့အတွက် အမျိုးသမီး စုဆောင်းပေးသူများကို စပိန်နှင့် မော်ရိုကို ရဲများ ဖမ်းဆီး
စပိန်နဲ့ မော်ရိုကိုရဲတွေဟာ ဆီးရီးယားနဲ့ အီရတ်က အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုက်အက်စ် စစ်သွေးကြွတွေအတွက် အမျိုးသမီးတွေကို စုဆောင်းပေးနေတယ်လို့ သံသယရှိသူ ၇ ယောက်ကို ဖမ်းခဲ့တယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးက ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြောပါတယ်။မိန်းမလေး ၄ ယောက်နဲ့ ယာက်ျားတယောက်ကို စပိန်နိုင်ငံမှာ ဖမ်းမိပြီး နောက်ထပ် ယောက်ျား ၂ ယောက်ကိုတော့ မိုရိုကိုနိုင်ငံမှာ ဖမ်းမိတာလို့ ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
တက္ကသိုလ်တိုင်းလွတ်လပ်စွာ စီမံခွင့်ရှိမည့် အချက်လေးချက်ကို အဆင့်မြင်ပညာ ဥပဒေတွင် ထည့်သွင်းထားဟု ဝန်ကြီးပြော

ရန်ကုန် (မဇ္ဈိမ)။ ။ တက္ကသိုလ်တိုင်း၏ လွတ်လပ်စွာ စီမံခွင့်ကို အချက်လေးချက်ဖြင့် အကောင်အထည် ဖော်ရန် အဆင့်မြင့်ပညာ ဥပဒေတွင်ထည့်သွင်းထားကြောင်း ပညာရေးဝန်ကြီး ဒေါက်တာခင်စန်းရီက ပြောကြားလိုက်သည်။
ဒီဇင်ဘာလ ၁၆ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သည့် အမျိုးသားပညာရေး ဥပဒေဆိုင်ရာ ကဏ္ဍအလိုက် ဥပဒေကြမ်းများ ရှင်းလင်းခြင်းနှင့် အမျိုးသားပညာရေး စီမံကိန်းရေး ဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြား လိုက်ခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၁၆ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သည့် အမျိုးသားပညာရေး ဥပဒေဆိုင်ရာ ကဏ္ဍအလိုက် ဥပဒေကြမ်းများ ရှင်းလင်းခြင်းနှင့် အမျိုးသားပညာရေး စီမံကိန်းရေး ဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြား လိုက်ခြင်းဖြစ်သည်။
စတုတ္ထတန်းမြန်မာစာမေးခွန်း ဗိုလ်ချုပ်မွေးနေ့ မှားယွင်းဖော်ပြ

ခရိုင်အဆင့်အခြေခံ ပညာစတုတ္ထတန်း ဒီဇင်ဘာ စာ မေးပွဲ မြန်မာစာမေးခွန်းလွှာတွင် အမျိုး သားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ကို ဖေ ဖော်ဝါရီ ၁၅ ရက်ဟု မှားယွင်း ဖော်ပြထားသည်။
ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များတွင်စစ်ဆေးသော မြန်မာစာမေးခွန်း၊ နံပါတ် (၅) တွင် ‘‘ဗိုလ်ချုပ်အောင် ဆန်းကို နတ်မောက်မြို့တွင် ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ မွေးဖွားခဲ့ပါသည်’’ဟု ဖော် ပြထားခြင်းဖြစ်သည်။
နှစ်ပေါင်း ၂၀ ကျော် ရပ်ထားခဲ့သည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ခရိုင်၊ တိုင်းနှင့် ပြည်နယ်အဆင့် စာမေးပွဲများ၏ အကြိုလေ့ကျင့်စစ်ဆေးမှု ဒီဇင်ဘာ ၁၆ ရက်နေ့ စတင်

ခရိုင်၊ တိုင်းနှင့် ပြည်နယ်အဆင့် စာမေးပွဲများအဖြစ် ပြောင်းလဲတော့မည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲ အကြိုလေ့ကျင့် စစ်ဆေးမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ဒီဇင်ဘာ ၁၆ ရက်တွင် စတင်စစ်ဆေးခဲ့သည်။
အဆိုပါ စတုတ္ထတန်းနှင့် အဋ္ဌမတန်း ခရိုင်နှင့် တိုင်းနှင့်ပြည်နယ် အဆင့်များအား ခရိုင်နှင့် တိုင်းနှင့်ပြည်နယ် အဆင့်ဖြင့် စစ်ဆေးမှုများ ယခင်က ရှိခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ရပ်ဆိုင်းခဲ့ပြီး နှစ်ပေါင်း ၂၅ နှစ် ၀န်းကျင်ကြာမှသာ ယခုကဲ့သို့ ပြန်လည်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အရေးကြီးသော အရွှေ့အပြောင်းတစ်ခုကို ဖြတ်သန်းနေ ရပြီး နိုင်ငံရေး မငြိမ်သက်မှု၊ မူဝါဒရေးရာ ကိုက်ညီမှု မရှိခြင်းနှင့် ပြုပြင်ပြောင်း လဲမှုများ နှောင့်နှေးခြင်း စသည့်စိန်ခေါ်မှုများ ဆက်လက်ရှိနေဟု ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြ
မြန်မာနိုင်ငံ အနေဖြင့် အရေးကြီးသော အရွှေ့အပြောင်းတစ်ခုကို ဖြတ်သန်း နေရပြီး၊ နိုင်ငံရေး မငြိမ်မသက်မှုများ၊ မူဝါဒရေးရာများတွင် ကိုက်ညီမှု မရှိခြင်းများနှင့် ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်ခြင်းများကြောင့် ပြုပြင်ပြောင်းလဲမှု နှောင့်နှေးခြင်း စိန်ခေါ်မှုများ ရှိနေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ အကူးအပြောင်းကာလတွင် ဆင်းရဲနွမ်းပါးမှု အဆုံးသတ်ခြင်းနှင့် အားလုံးမျှဝေပိုင်ဆိုင်သည့် သာယာဝပြောမှုကို မြှင့်တင်ခြင်း အစီရင်ခံ စာအနှစ်ချုပ်တွင် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာတွင် ၂ဝ၁၅ ရွေးကောက်ပွဲ နောက်ပိုင်းတွင် ဆက်လက်ဖြစ်ပေါ် လာမည့် တိုးတက်မှုများသည် နိုင်ငံရေးပြုပြင်ပြောင်း လဲမှုများအပေါ် အဓိက စမ်းသပ်မှု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာတွင် ၂ဝ၁၅ ရွေးကောက်ပွဲ နောက်ပိုင်းတွင် ဆက်လက်ဖြစ်ပေါ် လာမည့် တိုးတက်မှုများသည် နိုင်ငံရေးပြုပြင်ပြောင်း လဲမှုများအပေါ် အဓိက စမ်းသပ်မှု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
တိုင်းဒေသကြီးလွှတ်တော်၏ ၁၂ ပွင့်ဆိုင်ကိစ္စ ပြည်ထောင်စုအစိုးရမှ စဉ်းစားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ရာမကျကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြောကြား
တိုင်းဒေသကြီး လွှတ်တော်၏ ၁၂ ပွင့် ဆိုင်ကိစ္စ ပြည်ထောင်စုအစိုးရမှ စဉ်းစားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ရာမရောက်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သတင်းထောက် များအား ပြောကြား ခဲ့သည်။
ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့ Mecasa Hotel ၌ ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ င်နှင့် ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ တွေ့ဆုံပွဲပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကို ဦးရဲထွဋ်က ပြန်လည်ဖြေကြား ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မည့် လူမှုအဖွဲ့အစည်းများ အနေဖြင့် နိုင်ငံရေး အသွေးအရောင် ကင်းရှင်းရန် လိုအပ်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး သတိပေး
ရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မည့် အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံရေး အသွေးအရောင် ကင်းရှင်းရန် လိုအပ်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက သတိပေး ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ မီကာဆာဟိုတယ်၌ တွေ့ဆုံပွဲ အဖွင့်မိန့်ခွန်းတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ထိုသို့ပြောကြားခြင်းဖြစ် သည်။
The Irrawaddy မှ ထုတ်ဝေနေသော သတင်းဂျာနယ်နှင့် မဂ္ဂဇင်းအမည်များ ပြင်ဆင်ပြောင်းလဲမှုပြုလုပ်ရန် ပြန်ကြားရေးဝန်ကြီးဌာန ဖိအားပေး
ဒီဇင်ဘာ ၁၆ ရက်ထုတ် အစိုးရသတင်းစာများတွင် The Irrawaddy ကို ရည်ညွှန်းသော သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကာ အဆိုပါ ထုတ်ပြန်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းတွင် The Irrawaddy က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
အာဆင်နယ်ဂန္တဝင်ကစားသမားအွန်နရီဘောလုံး ကစားသမားဘဝမှအနားယူ

အာဆင်နယ်ကစားသမားဟောင်းအွန်နရီသည်ကစားသမားဘဝမှအနားယူလိုက်ပြီဖြစ်ကြောင်းတရားဝင်ကြေငြာလိုက်ပြီး စကိုင်းစပေါ့ရဲ့အစီအစည် တင်ဆက်သူအဖြစ်လုပ်ကိုင်သွားမယ်လို့ ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။
အမေရိကားမှာ ၄ နှစ်ခွဲကစားပြီးနောက်မှာတော့ အာဆင်နယ် ကစားသမားဟောင်းက မေဂျာလိဂ်ကေ န ထွက်ခွာ တော့မည်ဖြစ်ကြောင်း ဒီဇင်ဘာအစောပိုင်းတုန်းက အတည်ပြုခဲ့ပါတယ်။
အမေရိကားမှာ ၄ နှစ်ခွဲကစားပြီးနောက်မှာတော့ အာဆင်နယ် ကစားသမားဟောင်းက မေဂျာလိဂ်ကေ န ထွက်ခွာ တော့မည်ဖြစ်ကြောင်း ဒီဇင်ဘာအစောပိုင်းတုန်းက အတည်ပြုခဲ့ပါတယ်။
သမ္မတအိမ်တော်သတင်းထောက် ထားရှိတော့မည်
နိုင်ငံတော်သမ္မတအိမ် တော်က သတင်းထုတ်ပြန်ရေး တစ်ပတ်လျှင်တစ်ကြိမ် ပြုလုပ် မည်ဖြစ်ပြီး အိမ်တော်သတင်းရ ယူလိုသည့် သတင်းဌာနများ အနေ ဖြင့် သတင်းထောက်လုပ်သက် ငါး နှစ်အထက်ရှိ အကြီးတန်းသတင်း ထောက်များ လျှောက်ထားနိုင် ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကပြောသည်။
မြန်မာသမ္မတ အိမ်တော် သတင်းထောက် ထားခြင်းသည် အမေရိကန်သမ္မတအိမ်ဖြူတော် ၏ White House Press Corp ကို နမူနာယူခြင်းဖြစ်ပြီး အိမ်ဖြူ တော်တွင် အယ်ဒီတာအဖွဲ့ဝင်ကို သာ ပေးဝင်သော်လည်း မြန်မာနိုင်ငံ အခြေအနေနှင့် ကိုက်ညီစေရန် သတင်းထောက်လုပ်သက် ငါးနှစ်နှင့် ရာထူးတာဝန်ကို အကြီးတန်းသတင်းထောက်ဟု သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
ရခိုင်ပြည်နယ် ထက်ဝက်ခန့် အစိုးရ လျှပ်စစ်မီးပေးနိုင်တော့မည်
ရခိုင်ပြည်နယ်၏ ရာခိုင်နှုန်း ထက်ဝက်ခန့်ကို မဟာဓာတ် အားလိုင်းမှတစ်ဆင့် လျှပ်စစ်မီး ပေးနိုင်ပြီ ဖြစ်ပြီး တစ်ယူနစ်ဈေး နှုန်းမှာ ပုဂ္ဂလိကကုမ္ပဏီများထက် ဆယ်ဆကျော် သက်သာမည်ဖြစ် ကြောင်း ပြည်နယ်အစိုးရထံမှ သ တင်းရရှိသည်။
ယခင်က ရခိုင်ပြည်နယ်တွင် ပုဂ္ဂလိကကုမ္ပဏီများက တစ်ယူနစ်လျှင် ၄၄၀ ကျပ်နှုန်းဖြင့် လျှပ်စစ်မီးပေးဝေနေခြင်းဖြစ်ပြီး ယခုအခါ ၃၅ ကျပ်နှုန်းဖြင့် ပြည်နယ်အစိုးရက လျှပ်စစ်မီးပေးဝေမည် ဖြစ်သည်။
ယခင်က ရခိုင်ပြည်နယ်တွင် ပုဂ္ဂလိကကုမ္ပဏီများက တစ်ယူနစ်လျှင် ၄၄၀ ကျပ်နှုန်းဖြင့် လျှပ်စစ်မီးပေးဝေနေခြင်းဖြစ်ပြီ
Subscribe to:
Posts (Atom)