Sunday, September 1, 2013

ကိုယ်ဝန်ဆောင် ကာလမှာ ပျို့အန်ခြင်းဖြစ်ခဲ့လျှင်


ချင်းဖျော်ရည်သောက်ပါ

ချင်းကို ပါးပါးလှီးပြီး ရေနွေးတစ်ခွက်နဲ့ စိမ်ပြီး ပျို့အန်ချင်တိုင်းသောက်ပါ။ ဆေးဖက်ဝင် ကုသမှုထဲမှာ စိတ် အချရဆုံး ဖြစ်ပြီး ဘာဆိုးကျိုးမှ မရှိပါ။

ပြိုင်ကားစစ်ဆေးသည့် ရဲဝန်ထမ်းသုံးဦး ယာဉ်တိုက်ခံရ

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်လမ်းမပေါ် တံတားဖြူ ကားမှတ်တိုင်အနီးတွင် သြဂုတ်လ ၃၀ ရက် ည ၁၂ အချိန်ခန့်က ပြိုင်ကားစစ်ဆေးရေးဂိတ်တွင် ယာဉ်စစ်နေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး ယာဉ်တိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ကမာရွတ်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

လွှတ်တော် အမတ်တွေ အခွင့်ထူး ခံစားနေလို့ အီရတ်မှာ ဆန္ဒပြ

Photo: လွှတ်တော် အမတ်တွေ အခွင့်ထူး ခံစားနေလို့ အီရတ်မှာ ဆန္ဒပြ

စက်တင်ဘာလ ၁ ရက် ၂၀၁၃

အီရတ် နိုင်ငံမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေက သူတို့အဆိုအရ လွှတ်တော် အမတ်တွေဟာ အကြီးအကျယ် အခွင့်ထူး ခံစားနေကြတယ်လို့ ဆိုပြီး လုံခြုံရေး ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ ကြားက ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

အီရတ်မှာ လွှတ်တော် အမတ်တွေဟာ တခြားသူတွေထက်ကို အလွန်အကျွံ ပိုများတဲ့ ၊ လစဉ် ပင်စင်ခံစားခွင့် ဒေါ်လာ ထောင်နဲ့ချီပြီး ရရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရေရှည် ခံစားလာခဲ့ရတဲ့ အဂတိ လိုက်စားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာ ၊ အစိုးရရဲ့ ဝန်ဆောင်မှု ညံ့ဖျင်းတာတွေကို နိုင်ငံတဝှမ်းမှာ ဖော်ထုတ် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

တချိန်တည်းမှာ အီရတ်မှာ လတ်တလော ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူဆယ်ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဘဂ္ဂဒက်မြို့က ဗလီတခုမှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ဝပ်ပြုနေသူ ငါးယောက် သေဆုံးသွားပြီး၊ နိုင်ငံ အနောက်ပိုင်း ရာမာဒီ မြို့မှာလည်း အသေခံ ဗုံးခွဲ သမားရဲ့ တိုက်ခိုက်မှုကြောင့် လူငါးယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

BBC
အီရတ် နိုင်ငံမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေက သူတို့အဆိုအရ လွှတ်တော် အမတ်တွေဟာ အကြီး အကျယ် အခွင့်ထူး ခံစားနေကြတယ်လို့ ဆိုပြီး လုံခြုံရေး ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ ကြားက ဆန့်ကျင် ဆန္ဒပြ ခဲ့ကြပါတယ်။

အိန္ဒိယမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်သူတဦးကို ပြစ်ဒဏ်စီရင်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ ပြီးခဲ့တဲ့နှစ်တုန်းက အမျိုးသမီးတစ်ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့မှုနဲ့ ဆယ်ကျော်သက်တစ်ယောက်ကို တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
Photo: စိတ်ကူးသစ်များ ဖန်တီးနိုင်ရန် လုပ်ရမည့် အချက် ငါးချက်

တစ်ခါတစ်ရံမှာ ဖန်တီးဆောင် ရွက်ရမယ့် ကိစ္စတွေ အတွက် စိတ်ကူး အသစ်တွေ တွေးမရ တာမျိုး၊ ကြံမရ တာမျိုး ဖြစ်နေတတ် ပါတယ်။ အဲဒီလို အခါမျိုးမှာ အောက်ပါ အချက် ငါးချက်ကို လုပ်ဆောင်ကြည့် ပါက စိတ်ကူး အသစ်များ၊ ဖန်တီးမှု အသစ်တွေကို ရရှိစေနိုင် ပါတယ်။

(၁) လမ်းသစ်က သွားပါ

အလုပ်သွားတဲ့ အခါ ခါတိုင်းသွားနေ ကျ လမ်းအတိုင်း မသွားဘဲ တခြားလမ်း တစ်ခုကနေ ပြောင်းလဲ သွားကြည့်ပါ။ ရုံးသွားနေကျလမ်း မဟုတ်တာကြောင့် သင်တွေ့ရမယ့် ပတ်ဝန်းကျင် ကလည်း မြင်နေကျ မဟုတ်တော့ တာကြောင့် စိတ် ကူးသစ်တွေ ရရှိနိုင်ပါတယ်။

(၂) ကလေးတစ်ယောက်နှင့် စကားပြောပါ

ကလေးငယ် တစ်ယောက်ရဲ့ စိတ်ကူး စိတ်သန်းတွေက လူကြီးတစ်ယောက်နဲ့ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ကလေးတစ် ယောက်ကို သင့်အခက်အခဲနဲ့ စိတ်ကူးနေ တဲ့ အကြောင်းအရာတွေကို ပြောပြပြီး ကလေးငယ်သာဆို ဘာလုပ်မလဲဆိုတာ မျိုး မေးကြည့်ပါ။ သင်ထင်မှတ်မထားမိ တဲ့ ရှူထောင့်ပုံစံမျိုးကို ကလေးငယ်ဆီက ရရှိနိုင်ပါတယ်။ ကလေးငယ်ဆီက သိရတဲ့ အကြောင်းအရာက သင်တကယ်လိုအပ် နေတဲ့ အခြေအနေနဲ့ လုံးဝကိုက်ညီမှုမျိုး ရမယ်လို့တော့ မျှော်လင့်မထားပါနဲ့။

(၃) ကြုံရာစာအုပ်ကို လှန်လှောကြည့်ပါ

ပုံမှန်ဖတ်နေကျ စာအုပ်၊ စာပေမျိုး တွေ မဟုတ်ဘဲ ကြုံရာ၊ နီးစပ်ရာ စာအုပ် ကို လှန်လှောကြည့်ရှု တာမျိုးက စိတ်ကူး စိတ်သန်းသစ်တွေ ပေါ်လာတတ်ပါ တယ်။ စိတ်ကူးသစ်တွေ တွေးတောလို့ မရတဲ့အခါ 

Read more => http://www.todaymyanmar.net/2013/08/blog-post_2883.html
တစ်ခါတစ်ရံမှာ ဖန်တီးဆောင် ရွက်ရမယ့် ကိစ္စတွေ အတွက် စိတ်ကူး အသစ်တွေ တွေးမရ တာမျိုး၊ ကြံမရ တာမျိုး ဖြစ်နေတတ် ပါတယ်။ အဲဒီလို အခါမျိုးမှာ အောက်ပါ အချက် ငါးချက်ကို လုပ်ဆောင်ကြည့် ပါက စိတ်ကူး အသစ်များ၊ ဖန်တီးမှု အသစ်တွေကို ရရှိစေနိုင် ပါတယ်။

မြန်မာ့အလင်းသတင်းစာတွင် ဖေါ်ပြခဲ့သောအလယ်တန်းပြဆရာမ၊ဒေါ်စိုစိုးခိုင်ကိစ္စနှင့်ပတ်သက်၍ တက္ကသိုလ်ဆရာ/ဆရာမများအသင်း သဘောထားကြေညာချက်ထုတ်ပြန်


တက္ကသိုလ်ဆရာ/ဆရာမများအသင်း
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ မန္တလေး တက္ကသိုလ်များ(မဟာအောင်မြေမြို့နယ်)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၁၀) တွင်ဖေါ်ပြ ခဲ့သောအမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ အလယ်တန်းပြဆရာမ၊ဒေါ်စိုစိုးခိုင် ကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၏ရှင်းလင်းခြင်းအပေါ်သဘောထားထုတ်ပြန်ကြေညာချက်၁၃၇၅ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် (၁၀) ရက်နေ့ (စနေနေ့)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့

မဏိပူနယ်စပ်တစ်လျှောက် အာသံရိုင်ဖယ်တပ် အထူးစောင့်ကြပ်


မဏိပူနယ်စပ်တစ်လျှောက် မြန်မာတပ်ဖွဲ့ဝင်တွေ ၀င်လာတယ်ဆိုတဲ့ သတင်းကြောင့် အိန္ဒိယ-မြန်မာနယ်စပ်မှာ အာသံရိုင်ဖယ်တပ်က အထူးစောင့်ကြပ်ကင်းလှည့်နေတယ်လို့ နယူးဒေလီအခြေစိုက် ANI သတင်းဌာနက မနေ့က ဖော်ပြပါတယ်။

ရွှေဂုံတိုင်ခုံးကျော်တံတား စီမံကိန်းကြောင့် အောက်တိုဘာလကုန်အထိ ယာဉ်လမ်းကြောင်းပြောင်း

ရွှေဂုံတိုင်  ခုံးကျော်တံတားတည် ဆောက်မှုစီမံကိန်းကြောင့်  ကမ္ဘာအေး ဘုရားလမ်းပေါ်ယာဉ်များမောင်းနှင် မှုကိုလာမည့် အောက်တိုဘာလကုန်အထိ   လမ်းကြောင်းပြောင်းလဲထားကြောင်း  ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်း သိမ်းရေး ကြီး ကြပ်မှုကော်မတီမှ သိရသည်။ အဆိုပါ  လမ်းကြောင်းပြောင်းလဲ သတ်မှတ်မှုကို  ဩဂုတ် ၂၈ ရက်မှ အောက်တိုဘာ   ၂၆   ရက်အထိ သတ်မှတ်ကျင့်သုံး ဆောင်ရွက်သွားရန် ရှိပြီး  မော်တော်ယာဉ်မောင်းနှင်သူ များမြင်နိုင်ရန်  အပြာရောင် ဗီနိုင်းများဖြင့်သတိပေးထားရှိ   သည်။

အသီးများများစားကဆီးချိုဖြစ်နိုင်ခြေနည်းသစ်သီးဖျော်ရည်များများသောက်က ဆီးချိုပိုဖြစ်နိုင်


လတ်ဆတ် သောသစ်သီးများကို စားသုံးပါက ဆီးချိုရောဂါဘေးဥပဒ်ကို လျော့ နည်းစေနိုင်ကြောင်း သိရသည်။ 

တင်ပို့မှု ရပ်ဆိုင်းတော့မည်ဖြစ်၍ လက်ကျန်သစ်အားလုံး ပို့ခွင့်တောင်းရာ၌ ၁၀ နှစ်အတွင်းက မပို့ရသေးဟုဆိုသော သစ်များကို လက်ကျန်စာရင်း၌ ထည့်ပြကာ ပို့ခွင့်တောင်းမှုများ ရှိလာ

Photo: တင်ပို့မှု ရပ်ဆိုင်းတော့မည်ဖြစ်၍ လက်ကျန်သစ်အားလုံး ပို့ခွင့်တောင်းရာ၌ ၁၀ နှစ်အတွင်းက မပို့ရသေးဟုဆိုသော သစ်များကို လက်ကျန်စာရင်း၌ ထည့်ပြကာ ပို့ခွင့်တောင်းမှုများ ရှိလာ
Sunday, September 1, 2013

သစ်အလုံးလိုက် တင်ပို့မှုအား လာမည့်ဘဏ္ဍာနှစ်တွင် ရပ်ဆိုင်းတော့ မည့် ဖြစ်သည့်အတွက် ယခုဘဏ္ဍာနှစ် အတွင်း၌ပင် လက်ကျန်သစ် များအားလုံးကို တွန်းပို့နိုင်ရန် သစ်ကုမ္ပဏီများ ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ထိုသို့ တင်ပို့ရန်အတွက် ခွင့်ပြုချက်များ တောင်းခံရာ တွင် ပြည်ပသို့ တင်ပို့ရန် သစ်ဆိပ်လက်ကျန်စာရင်းကို သစ်ကုမ္ပဏီများက တင်ပြရာတွင် အချို့ကုမ္ပဏီများသည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း က နှစ် အလိုက် ကျန်ရှိလာသည့် သစ်လုံးတန်ချိန်များကိုပင် လက်ကျန်စာရင်းတွင် ထည့်သွင်းကာ ခွင့်ပြုမိန့် တောင်းခံလာမှု ရှိနေသည်ဟု စုံစမ်းသိရှိရသည်။
သစ်ကုမ္ပဏီများ အနေဖြင့် လက်ကျန်သစ်များ တင်ပို့ခွင့် တောင်းရာတွင် ကုမ္ပဏီအချို့မှာ တန်ချိန်သောင်းဂဏန်း နီးပါးအထိ လက်ကျန်စာရင်းပြကာ ပုံမှန်လမ်းကြောင်းမှ တင်ပို့ရန်အတွက်သော် လည်းကောင်း၊ နယ်စပ်ဖြတ်ကျော် တင်ပို့ရန်အတွက်သော် လည်းကောင်း ခွင့်ပြုမိန့် တောင်းခံသည်ဟု သိရသည်။

တင်ပို့ခွင့် တောင်းသည်ဟု ဆိုရာတွင် လွန်ခဲ့သည့် နှစ်မည်မျှကဖြစ်စေ လက်ကျန်ရှိသည်မှာ စာရင်းပေါ်တွင်သာ လက်ကျန်ဖြစ်သည် ဆိုသော်လည်း ပြင်ပတွင် လက်တွေ့တင်ပို့ရာ၌မူ Fresh Cut သစ်အမျိုးအစားများ ဖြစ်ခဲ့သည့် လိမ်လည်ခဲ့သော သာဓကများလည်း ရှိခဲ့သည်။

၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ မြန်မာနိုင်ငံ အနေဖြင့် သစ်အလုံး ပြည်ပ တင်ပို့ခြင်းအား ရပ်ဆိုင်းတော့မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ သစ်ကုမ္ပဏီများ အနေဖြင့် လက်ကျန်သစ်များအားလုံး ပြည်ပသို့ တင်ပို့ရန်အတွက် ခုနစ်လသာ ကျန်ရှိတော့သည်။
လွန်ခဲ့သည့် နှစ်မည်မျှကဖြစ်စေ လက်ကျန်ရှိသည်မှာ စာရင်းပေါ်တွင်သာ လက်ကျန်ဖြစ်သည် ဆိုသော်လည်း ပြင်ပတွင် လက်တွေ့တင်ပို့ရာ၌မူ Fresh Cut သစ်အမျိုးအစားများ ဖြစ်ခဲ့သည့် လိမ်လည်ခဲ့သော သာဓကများလည်း ရှိခဲ့ . . . . .

လက်ရှိအနေအထားအရ ပြည်ပသို့ တင်ပို့ရန် ရန်ကုန်သစ်ဆိပ်များ၌ ပုံထားသည့် ပမာဏသည်ပင် ကျွန်းသစ်လုံးတန်ချိန်မှာ ခုနစ်သိန်း နီးပါးအထိပင် ကျန်ရှိနေနိုင်ကြောင်း၊ တောအတွင်းနှင့် နယ်များ၌ ထုတ်လုပ်ထားပြီး ရန်ကုန်သို့ မသယ်ယူရသေးသော သစ်တန်ချိန် သည်လည်း သိန်းဖြင့်ချီ ရှိနေနိုင်ကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံတွင် လက်ရှိလက်ကျန် သစ်တန်ချိန်မှာ စုစုပေါင်းတန်ချိန် တစ်သန်းနီးပါးအ
ထိပင် ရှိနေနိုင်သေးသည်ဟု သစ်လုပ်ငန်းရှင် အချို့က သိရှိထားသည့် အချက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေကို ခန့်မှန်းတွက်ချက် ထားကြသည်။

အဆိုပါ သစ်လုံးတန်ချိန် ပမာဏကို ခုနစ်လအတွင်း အပြီးပြည်ပပို့ရန်မှာ မဖြစ်နိုင်ကြောင်း၊ အချိန်မီ တင်ပို့နိုင်မည် မဟုတ်သည့်အတွက် အခြား နည်းလမ်းများကို စီစဉ်လာနိုင်သည်ဟုလည်း သစ်တောထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းရှင်အချို့က ထောက်ပြခဲ့ကြသည်။
အချို့သစ်လုပ်ငန်းရှင်များသည် အချိန်မီ မပို့နိုင်ပါက ရသလောက် ပမာဏကို မြန်မာနိုင်ငံဘက်ခြမ်းတွင် မထားဘဲ တရုတ်၊ ထိုင်းနိုင်ငံများဘက်တွင် သွားရောက်စုပုံထားကာ နောင်မှရောင်းချမည့် အနေအထား ရှိလာနိုင်သည်ဟု ကြားသိထားရကြောင်း၊ ယင်းအပြင် အခွင့်သာပါက မှောင်ခိုလမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ကာ သယ်ယူနိုင်ကြောင်း၊ ထိုသို့ ပြုလုပ်ပါက နိုင်ငံတော်အနေဖြင့် နစ်နာနိုင်သည်ဟုလည်း သုံးသပ်ပြခဲ့သည်။

သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းမည့် ကာလကိုသာ သတ်မှတ်ထုတ်ပြန်ထားပြီး အချိန်မီ မပို့နိုင်သည့် သစ်လုံးများကို မည်သို့လုပ်ဆောင်မည်ဟု စည်းကမ်းချက်များကို ယနေ့အထိ အများပြည်သူသို့ ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း၊ လက်ကျန်သစ်ပမာဏနှင့် တင်ပို့ရမည့်ကာလ အချိန်မမီသည့် အပေါ်တွင်လည်း မဟုတ်သည့် နည်းလမ်းများ မကျင့်သုံးနိုင်ရန်
အတွက် ယခုကတည်းက စီမံခန့်ခွဲမှုများ ပြုလုပ်ထားသင့်သည်
ဟုလည်း သစ်တောထွက် ပစ္စည်းများဖြင့် ပရိဘောဂများ ထုတ်လုပ်ကာ ပြည်ပတင်ပို့နေသူများက ထောက်ပြခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့နယ်အတွင်း သစ်လုံးများအား စုပုံထားသည်ကို ၂၀၁၃ ခုနှစ် မေလက တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)

Eleven Media Group
သစ်အလုံးလိုက် တင်ပို့မှုအား လာမည့်ဘဏ္ဍာနှစ်တွင် ရပ်ဆိုင်းတော့ မည့် ဖြစ်သည့်အတွက် ယခုဘဏ္ဍာနှစ် အတွင်း၌ပင် လက်ကျန်သစ် များအားလုံးကို တွန်းပို့နိုင်ရန် သစ်ကုမ္ပဏီများ ပြင်ဆင်နေကြောင်း သတင်းရ ရှိသည်။ထိုသို့ တင်ပို့ရန်အတွက် ခွင့်ပြုချက်များ တောင်းခံရာ တွင် ပြည်ပသို့ တင်ပို့ရန် သစ်ဆိပ်လက်ကျန် စာရင်းကို သစ်ကုမ္ပဏီများက တင်ပြရာတွင် အချို့ကုမ္ပဏီများသည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း က နှစ် အလိုက် ကျန်ရှိလာသည့် သစ်လုံးတန်ချိန်များကိုပင် လက်ကျန်စာရင်းတွင် ထည့်သွင်းကာ ခွင့်ပြုမိန့် တောင်းခံလာမှု ရှိနေသည်ဟု စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂါလီများကို ထပ်မံလက်မခံနိုင်တော့ကြောင်း ဘင်္ဂလားဒေ့ရှ် ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ တိမ်းရှောင်လာသော ဘင်္ဂါလီ အများအပြားကို လက်ခံထားပြီး ဖြစ်သဖြင့် မြန်မာနိုင်ငံမှ ထပ်မံရောက်ရှိ လာမည့် ဘင်္ဂါလီများကို ထပ်မံလက်ခံနိုင်တော့မည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သြဂုတ် ၂၉ ရက်က ပြောဆိုလိုက်သည်ဟု The Daily Star ဘင်္ဂလားဒေ့ရှ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ပြစ်မှုကျူးလွန်သူများက ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ် ပွားလာ၍ ရဲအင်အားကို ကျူးလွန်သူများ အင်အားထက် သာလွန်အောင် အသုံးပြု၍ ဖမ်းဆီးမည်


Photo: ပြစ်မှုကျူးလွန်သူများက ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ် ပွားလာ၍ ရဲအင်အားကို ကျူးလွန်သူများ အင်အားထက် သာလွန်အောင် အသုံးပြု၍ ဖမ်းဆီးမည်
Sunday, September 1, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်၌ ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရာတွင် အချို့ကျူးလွန်သူများက ပြန်လည်တိုက်ခိုက်သဖြင့် ထိရောက်စွာ အရေးယူသွားမည့်အပြင် ကျူးလွန်သူများကို ဖမ်းဆီးပါက ၎င်းတို့ထက် သာလွန်သည့် အင်အားတို့ဖြင့် ဖမ်းဆီးစစ်ဆေးသွား မည်ဖြစ်ကြောင်း သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က "အခုနှစ်ပိုင်းမှာဆိုရင် ရဲတွေကို ပြစ်မှု ကျူးလွန်တဲ့ သူတွေက ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ မကြာခဏ ဆိုသလို ဖြစ်နေပါတယ်။ 

ဒါကြောင့် နောက်ပိုင်းဖမ်းဆီးမှုတွေ ပြုလုပ်တဲ့အခါမှာ ကျူးလွန်သူတွေရဲ့ အင်အားထက် ပိုများတဲ့ ရဲတပ်ဖွဲ့အင်အားကို တိုးပြီးတော့ ဖမ်းဆီးသွားမယ်။ တိုက်ခိုက်တဲ့ သူတွေကိုလည်း မူလပြစ်ဒဏ်အပြင် ၀တ္တရားနှောင့်ယှက် မှုနဲ့ ပြန်လည်တိုက်ခိုက်တဲ့ ပြစ်မှုအပေါ် မူတည်ပြီးတော့ ထပ်မံအရေးယူ သွားပါမယ်" ဟု သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက သုံးသပ်ပြောကြားသည်။
၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၈ ရက် ညပိုင်းက မတ်တူးငွေမှင်ရောင်ကား ကို မောင်းနှင်သည့် အမျိုးသားတစ်ဦးက ညဘက်ယာဉ်စစ်ဆေး ဆောင် ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ခြေထောက်ဖြင့်ကန်၊ လက်သီးဖြင့်ထိုးကာ ဒုရဲအုပ်တစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် ဖြစ်စဉ်နှင့် သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် ယာဉ်လိုင်းအမှတ် ၁၈၇ ခရီးသည်တင် ယာဉ်တစ်စီး၏ ယာဉ်မောင်းဖြစ်သူက ၎င်း၏ကားကို ချလန်ဖြတ် အရေးယူမှုကြောင့် မကျေမနပ်ဖြစ်ကာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် ဖြစ် စဉ်တို့ ဖြစ်ပွားခဲ့သည်။

ဆက်လက်၍ ဒုတိယရဲမှူးကြီး ၀င်းကြည်က "ရဲတပ်ဖွဲ့ဝင်တွေက ပြစ်မှုကျူး လွန်တဲ့ သူတွေကို ဖမ်းဆီးတဲ့အခါ အသာတကြည် အဖမ်းခံဖို့ လိုတယ်။ ဖမ်းတဲ့သူကို စစ်ဆေးမှုတွေ ပြုလုပ်လို့ မရအောင် ဟန့်တားလာတဲ့ အပိုင်းကို ရှောင်ကြဉ်ဖို့ လိုပါတယ်" ဟု ပြောကြားသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် အခင်းဖြစ်ပွား ရာ လေးထောင့်ကန်လမ်းနှင့် ပင်ရွှေညောင် လမ်းထောင့်နေ ရာ အား တွေ့ရစဉ်

Eleven Media Group
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်၌ ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရာတွင် အချို့ကျူးလွန် သူများက ပြန်လည်တိုက်ခိုက်သဖြင့် ထိရောက်စွာ အရေးယူသွားမည့်အပြင် ကျူးလွန်သူများကို ဖမ်းဆီးပါက ၎င်းတို့ထက် သာလွန်သည့် အင်အားတို့ဖြင့် ဖမ်းဆီးစစ်ဆေးသွား မည်ဖြစ်ကြောင်း သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ကျန်ရှိနိုင်ငံရေး အကျဉ်းသား အများစုမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်သူများဖြစ်

အကျဉ်းထောင်များတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသား အများစုမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များနှင့် ပတ်သက်သူများ ဖြစ်သည်ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင် ဦးရဲအောင်က သြဂုတ် ၃၀ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် အဆိုပါကော်မတီ အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။

ပြည်သူ့အသံ နားထောင်ပြီး ကိုယ်ချင်းစာတရား ထားပါက တရားစီရင်ရေးမဏ္ဍိုင် လက်ညှိုးထိုးခံရတော့မည် မဟုတ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား

AA-1-9
ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးအား သြဂုတ် ၂၉ ရက်က မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ပြည်သူ့အသံ နားထောင်ပြီး ကိုယ်ချင်းစာတရားသာ ရှိမည်ဆိုပါက တရားစီရင်ရေးမဏ္ဍိုင်ကို မည်သူမျှ လက်ညှိုးထိုးစရာ အကြောင်းမရှိတော့ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြား

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး စင်ကာပူ ခရီးစဉ်တွင် မြန်မာနိုင်ငံ အပြောင်းအလဲ ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလအတွင်း စင်ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည်ဖြစ်ပြီး စင်ကာပူနိုင်ငံတွင် စက်တင်ဘာ ၂၀ မှ ၂၂ ရက်ထိ ကျင်းပမည့် ထိပ်သီးအစည်းအဝေးပွဲတွင် "မြန်မာနိုင်ငံ အပြောင်းအလဲ" ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

ဆီးရီးယားကို တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီး ကွန်ဂရက် သဘောတူညီချက် ရရှိရေး ကြိုးပမ်းသွားမည်ဟု သမ္မတအိုဘားမား ပြောကြား

Z-1-9
မြေထဲပင်လယ်တွင် အမေရိကန်က စေလွှတ်ထားသော ပဲ့ထိန်းဒုံးကျည်များ တပ်ဆင်ထားသည့် ဖျက်သင်္ဘော ငါးစင်း၏ ဓာတ်ပုံကို အမေရိကန် ရေတပ်ဝက်ဘ်ဆိုက်မှ ရယူထားပုံ
ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်၏ အစိုးရကို အရေးယူရန် ဆီးရီးယားကို တိုက်ခိုက်သင့်သည်ဟု ဆုံးဖြတ်ထားကြောင်း သို့သော်လည်း ကွန်ဂရက်၏ သဘောတူ ခွင့်ပြုချက် ရရှိရန် ကြိုးပမ်းသွား မည်ဖြစ်ကြောင်း သမ္မတ ဘားရက်အိုဘားမားက သြဂုတ် ၃၁ ရက်က အိမ်ဖြူတော် နှင်းဆီဥယျာဉ်တွင်

မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် ဖမ်းဆီးနေစဉ် ကာလအတွင်း မြန်မာလုပ်သား ၆၀ ကျော် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

W-1-9
သြဂုတ်လ ၃၁ ရက်က MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိလာသော မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို တွေ့ရစဉ်
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် ဖမ်းဆီးနေမှုများ ပြုလုပ်နေစဉ် ကာလအတွင်း မြန်မာလုပ်သား ၆၇ ဦးမှာ သြဂုတ် ၃၁ ရက် မွန်းလွဲ ၂နာရီ ၅ မိနစ်ခန့်တွင် MAI လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ အလုပ်သမားများသည် ဧရာဝတီ ဖောင်ဒေးရှင်း၏ လေယာဉ်လက်မှတ်များ လှူဒါန်းမှု အစီအစဉ်ဖြင့် ပြန်လည်ရောက်ရှိလာသူများ ဖြစ်သည်။

Myanmar Newsweek ဂျာနယ်တွင် ဖော်ပြခဲ့သည့် အကြမ်းဖက်သမား သုံးဦးကို မြိတ်ကျွန်းစု၌ ဖမ်းဆီးရမိဟူသော သတင်းဓာတ်ပုံတွင် ဖော်ပြခံခဲ့ရသည့် ကာယကံရှင်က နိုင်ငံတော်သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ တိုင်ကြားထား

သြဂုတ် ၂၇ ရက်က ဖြန့်ချိခဲ့သော Myanmar Newsweek ဂျာနယ်၏ အထူးအချပ်ပို (ဏ) ပြည်တွင်းသတင်း ကဏ္ဍတွင် ဖော်ပြခဲ့သည့် "အကြမ်းဖက်ဖောက်ခွဲရေးသမား သုံးဦးကို မြိတ်ကျွန်းစု၌ ဖမ်းဆီးရမိ" ဆိုသော ခေါင်းစဉ်နှင့်အတူ သတင်းဓာတ်ပုံတွင် အကြမ်းဖက်သမား သုံးဦးနှင့်အတူ ပူးတွဲဖော်ပြခြင်းခံခဲ့ရသည့် ကာယကံရှင်က နိုင်ငံတော်သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ တိုင်ကြားထားကြောင်း ကာယကံရှင်ဖြစ်သူ ကိုသီဟန်က The Daily Eleven သို့ သြဂုတ် ၃၁ ရက်က ပြောကြားသည်။

Sky Net ရုပ်သံလိုင်းမှ တရားဝင် ကြေညာထားသည့် အခွင့်အရေးများအတိုင်း မပေးဟုဆိုကာ အများစု မကျေနပ်

Sky Net ရုပ်သံလိုင်းမှ သက်တမ်းကျန်ရှိနေသေးပြီး ဘောလုံးပွဲ ကြည့်ရှုရန်အတွက် ပြောင်းလဲသက်တမ်း တိုးလိုသူများအား တရားဝင် ကြေညာထားသည့်အတိုင်း အခွင့်အရေးများ မပေးသည့်သဘော ဖြစ်နေသည့် အပေါ် သွားရောက်ပြောင်းလဲ သက်တမ်းတိုးသူများက ကျေနပ်မှုမရှိကြောင်း ပြောကြားခဲ့ကြသည်။

Saturday, August 31, 2013

တရားဥပဒေစိုးမိုးရေး တကယ်လုပ်ရမှာက အစိုးရသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: တရားဥပဒေစိုးမိုးရေး တကယ်လုပ်ရမှာက အစိုးရသာ ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Saturday, August 31, 2013

တရားဥပဒေစိုးမိုးရေး တ ကယ်လုပ်ရမှာက အစိုးရသာဖြစ် ကြောင်း တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့
လွှတ် တော်ကိုယ်စားလှယ်ဒေါ်အောင် ဆန်းစုကြည်က ပြောကြား ခဲ့သည်။ ယနေ့လွှတ်တော်အစည်း အဝေးများအပြီး လွှတ်တော်ဝန်း အတွင်းရှိ L-11 အဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ် တော်တက် ပြည်တွင်းပြည်
ပမီဒီ ယာများနှင့်တွေ့ဆုံစဉ် မီဒီယာများ ၏မေးမြန်းမှုအား ပြန်လည်ဖြေ ကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

''တရားဥပဒေစိုးမိုးဖို့ဆိုတာ အန်တီတို့က လုပ်ပိုင်ခွင့်မရှိဘူး။ တကယ်လုပ်
ပိုင်ခွင့်ရှိတာက အ စိုးရသာဖြစ်ပါတယ်။ တရားဥပ ဒေစိုးမိုးရေး တကယ်
လုပ်ရမှာက အစိုးရသာဖြစ်တယ်။ အန်တီတို့ က ပြောပိုင်ခွင့်သာရှိမယ်။ လုပ် ပိုင်ခွင့်မရှိပါဘူး။ လုပ်ပိုင်ခွင့်ရှိ တဲ့ သူကသာ လုပ်ရမှာဖြစ်ပါတယ်''ဟု ပြော
ကြားခဲ့ပါတယ်။

၎င်းအပြင် ယင်းမှပြောကြား ရာတွင် ''အန်တီတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ
ဥပဒေမှာပါတယ်။ ဘာ သာရေးကို နိုင်ငံရေးအလို့ငှာ မသုံးစွဲရဘူးလို့ဆို
ပါတယ်။ တခြား နိုင်ငံတွေမှာလဲ ဒါတွေပါ ပါတယ်။ အဲဒါကြောင့် နိုင်ငံရေးနဲ့ ဘာသာရေးနဲ့ နွှယ်နေတဲ့ ကိစ္စတွေ ဆိုရင် အများကြီးသတိထားရတယ်။ သတိထားတယ်ဆိုတာ နိုင်ငံရေးအဖွဲ့အစည်းတွေအနေ နဲ့ဆိုရင် ဘာသာရေးနဲ့ပတ်သက်လို့ ဝင်ပြီး ကိုင်တွယ်တာရှိခဲ့လို့ ရှိရင် ဒါကိုစွက်ဖက်
တယ်။ ဒါဟာ ဘာသာရေးကို နိုင်ငံရေး အတွက် သုံးသပ်လို့ ဒီစွပ်စွဲ
ချက်တွေဖြစ် လာနိုင်တယ်။ နောက်ပြီး ဘာသာ ရေးနဲ့ဆိုင်တယ်ဆိုတာ
ကတော့ အန်တီအမြင်ပြောရရင် တကယ် အဓိကဘာသာရေးနဲ့ဆိုင်တဲ့
ကိစ္စ တွေကို ပြေလည်အောင်လုပ်ဖို့ ဆိုရင် ဘာသာရေးခေါင်း ဆောင်
တွေနဲ့ အများကြီး ဆိုင်ပါတယ်။ အဲ့ဒီတော့ နိုင်ငံရေးသမားတွေ မှာတာဝန်မရှိဘူးလားဆိုတော့ရှိ တော့တယ်။ ရှိတယ်ဆိုတော့ အန် တီကတော့ ဥပဒေစိုးမိုးရေးဘက် ကကို အစကတည်းကပြောတယ်။ ဥပဒေစိုးမိုးရေးကို ဖိပြီးလုပ်ပါ။ အစိုးရအနေ နဲ့ နိုင်ငံရေးဘက် က ဒီဟာကို အားထားစေချင်၊ အ လေးထားစေချင်တယ်။ အစိုးရ များရဲ့တာဝန်က တရားဥပဒေစိုး မိုးရေးကို ထိန်းသိမ်းထားရမယ်။ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းဆွေး နွေးနိုင်တဲ့ အနေအထားမှာရှိရ မယ်။ တကယ်တော့ ဒီလိုကိစ္စ တွေဟာ အလွယ်လေးနဲ့အဖြေ မရှိပါဘူး။ အဲလိုသာရှိရင် ပြဿနာ ဆိုတာမရှိဘူး။ အဲဒီတော့ ဘာ သာဆိုင်ရာပုဂ္ဂိုလ်ကြီးများကလဲ ဘာသာရေးဘက်က လုပ်သင့် လုပ်ထိုက်တာလုပ်ရမယ်။ အစိုးရ လုပ်သူတွေ အစိုးရဘက်ကလုပ် သင့်လုပ်ထိုက်တာ လုပ်ရမယ်။ နိုင်ငံရေးပါတီတွေကလဲ နိုင်ငံရေး ဘက်က လုပ်သင့်လုပ်ထိုက်တာ ရှိရမယ်''ဟု ရှင်းလင်းပြောကြားခဲ့သည်။

Yangon Media Group 
တရားဥပဒေစိုးမိုးရေး တကယ်လုပ်ရမှာက အစိုးရသာဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်ဒေါ်အောင် ဆန်းစုကြည်က ပြောကြား ခဲ့သည်။

မမြင်နိုင်သော စပီကာ ထုတ်လုပ်ရောင်းချတော့မည်

Photo: မမြင်နိုင်သော စပီကာ ထုတ်လုပ်ရောင်းချတော့မည်
Saturday, August 31, 2013

တီထွင်အောင်မြင်တာ အရင်နှစ်ကတည်းက ပါ။ ယခုတော့ ဈေးကွက်ကို အမှန်တကယ် ဖြန့်ချိရောင်းချတော့မှာ ဖြစ်ပါတယ်။

Saltwater Gel နဲ့ လုပ်ထားတဲ့ ယင်းစပီကာက ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ထိုးဖောက်မြင်နေရမှာ ဖြစ်ပါတယ်။ ဒီတော့ အသံဘယ်လိုဖြတ်မလဲ ဆိုတာ မေးစရာ ရှိပါတယ်။ ဒီလိုရှိပါတယ်။ အီလက်ထရောနစ် ဗို့အားတစ်ခု သက်ရောက်စေပြီး ယင်းသက်ရောက်မှုကြောင့် တုန်ခါမှုတစ်ခုဖြစ်ပေါ်ပြီး အသံလိုင်း ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ယင်းအသံလိုင်းကနေပဲ အသံ မျိုးစုံ ထွက်ရှိနိုင်ပြီး စပီကာလိုမျိုးလုပ်ဆောင်မှာ ဖြစ်ပါတယ်။

ယင်း Gel ရဲ့  ထူးခြားချက်က အသားတု အစားထိုးမှုမှာလည်း အသံးပြု လို့ ရပါတယ်။ နောက်ဆိုရင် စပီကာနဲ့ အီလက်ထရောနစ် ပစ္စည်းမှာပါ မဟုတ်တော့ပဲ Human အစိတ်အပိုင်းမှာပါ အသုံးဝင်မယ့် နည်းပညာ အစိတ်အပိုင်း တစ်ခုဖြစ်လာမယ်လို့ ဆိုပါတယ်။

ယင်း Transparent speakers အလုပ်လုပ်ပုံကို အောက်ပါ ဗီဒိယို လခ့်မှာ ဝင်ရောက် လေ့လာကြည့်ရှု နိုင်ပါတယ်။

http://youtu.be/5K5KSDL1gXE

Aung Kham (TSJ team) 
တီထွင်အောင်မြင်တာ အရင်နှစ်ကတည်းက ပါ။ ယခုတော့ ဈေးကွက်ကို အမှန်တကယ် ဖြန့်ချိရောင်း ချတော့ မှာ ဖြစ်ပါတယ်။

သီလဝါ အများပိုင်ရှယ်ယာ အများဆုံးဝယ်ယူခွင့် သတ်မှတ်၍ စက်တင်ဘာ စရောင်းမည်


Photo: သီလဝါ အများပိုင်ရှယ်ယာ အများဆုံးဝယ်ယူခွင့် သတ်မှတ်၍ စက်တင်ဘာ စရောင်းမည်
Saturday, August 31, 2013

ကုမ္ပဏီများ အပါအဝင် ပြည်သူများသို့ ရောင်းချမည့် သီလဝါ အများပိုင် ရှယ်ယာဝယ်ယူခွင့်ကို အများဆုံး ဝယ်ယူခွင့် ပမာဏသတ်မှတ်ကာ စက်တင်ဘာလအတွင်း ရောင်းချမည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။

အများပိုင်ရှယ်ယာတစ်ခုကို ကျပ်တစ်သောင်း သတ်မှတ်ထားပြီး အဖွဲ့အစည်းတစ်ခု၊ ကုမ္ပဏီတစ်ခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးတည်းက လက်ဝါးကြီးအုပ် ဝယ်ယူမှု မပြုနိုင်ရန်နှင့် အများပြည်သူအားလုံး ပါဝင်ဝယ်ယူခွင့် ရရှိရန်အတွက် ယင်းသို့ ဝယ်ယူမှုပမာဏကို ကန့်သတ်ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

သီလဝါ စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာ ထိခိုက်နစ်နာမှု အကဲဖြတ် (EIA နှင့် SIA) အစီရင်ခံစာ ထုတ်ပြန်ပြီးပါက
မြန်မာသီလဝါ အများပိုင်ကုမ္ပဏီနှင့် ဂျပန်ကုမ္ပဏီသုံးခုနှင့် ဖွဲ့ထားသော အကျိုးတူပူးပေါင်း အဖွဲ့အစည်းတို့ လုပ်ငန်းဖက်စပ် ဆောင်ရွက်မှုစာချုပ် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း၊ ယင်းနောက် အများပိုင်ရှယ်ယာ
ရောင်းချမည့်ပမဏ သတ်မှတ်ခြင်းနှင့် ဒါရိုက်တာအဖွဲ့ဝင် ရွေးချယ်ခြင်း
တို့ကို ဆက်တိုက်ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း တစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကုန်ကျမည်ဖြစ်ပြီး ဂျပန်အစိုးရက အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းနှင့် ယန်း ၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်းနှစ်ရာ) ကို စီမံကိန်းပြင်ပနှင့် စီမံကိန်း အထောက်အကူပြု အခြေခံ အဆောက်အဦးများ တည်ဆောက်ရေးအတွက် ထုတ်ချေးထားသည်။

The Voice Weekly

ကုမ္ပဏီများ အပါအဝင် ပြည်သူများသို့ ရောင်းချမည့် သီလဝါအများပိုင် ရှယ်ယာဝယ်ယူခွင့်ကို အများဆုံး ဝယ်ယူခွင့် ပမာဏသတ်မှတ်ကာ စက်တင်ဘာလအတွင်း ရောင်းချမည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်က The Voice သို့ ပြောကြားသည်။

တရားမ၀င် ကျွန်းသစ် သယ်ဆောင် လာသူများအား ဖမ်းဆီးရမိ

Photo: တရားမ၀င် ကျွန်းသစ်သယ်ဆောင်လာသူများအားဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၃၁

၃၀.၈.၂၀၁၃ ရက်နေ့ ၀၄၁၅ အချိန်ခန့်တွင် လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိနှင့် အဖွဲ့သည် လှည်းကူးမြို့နယ်၊ အင်းတိုင်ရွာရှိ သစ်တောနှင့်သစ်တောထွက်ပစ္စည်း စစ်ဆေးရေးစခန်း 
တွင် တာဝန်ဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေး၊အမှတ်(၁)လမ်းမကြီး
အတိုင်း ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဇေယျာမင်း၊(ဘ)ဦးဝင်းစိုး၊
(၇)ရပ်ကွက်၊ပခုက္ကူမြို့နယ်၊ ယာဉ်နောက်လိုက် စိုးမင်း (ဘ)ဦးသန်းဦး၊ သွေးနက်ရွာ၊ ချောက်မြို့နယ် နှင့် ယာဉ်ပေါ်ပါသူ မြို့ပိုင်(ဘ)ဦးငွေထွန်း၊ (၆)ရပ်ကွက်၊ မြိုင်မြို့နယ်နေသူတို့မောင်းနှင်
လာသည့် ယာဉ်အမှတ် ၃ဃ/---- (၂၂)ဘီး၊နစ်ဆန်းUD အ၀ါရောင်ယာဉ်
အား ရပ်တန့်စစ်ဆေးရာ  တာလပတ်ဖြင့်ဖုံးအုပ်၍သယ်ဆောင်လာသော ကျွန်းခွဲသားဆိုဒ်စုံ (၅၃)ချောင်း၊ (၃.၇၃၈၈)တန်၊ ကာလတန်ဘိုး
ငွေကျပ်(၄၄၈၆၅၆၀) တို့အားတွေ့ရှိသိမ်းဆည်း ရမိသဖြင့်စစ်ဆေးရာ သစ်ပိုင်ရှင်မှာ ဇော်ထိုက်(စုံစမ်းဆဲ)နှင့် ယာဉ်ပိုင်ရှင်မှာ သိန်းဝင်း(စုံစမ်းဆဲ) တို့ဖြစ်ကြောင်းသိရှိရသဖြင့် ဇေယျာမင်းပါ (၅)ဦးအား မြို့နယ်သစ်တောဦးစီးဌာနမှ အရေးယူပေးရန် တိုင်တန်းခဲ့သဖြင့် လှည်းကူးမြို့မရဲစခန်း(ပ)၃၂၇/၂၀၁၃၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
၃၀.၈.၂၀၁၃ ရက်နေ့ ၀၄၁၅ အချိန်ခန့်တွင် လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိနှင့်

ရန်ကုန် ကွန်ပျူတာတက္ကသိုလ်တွင် ဒီဂျစ်တယ်စာကြည့်တိုက် ဖွင့်လှစ်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် သြဂုတ်လ(၃၀ ရက်နေ့က ဒီဂျစ်တယ် စာကြည့်တိုက်ဖွင့်လှစ်ခဲ့သည်။

အခြေခံပညာရာထူးအပြောင်းအရွှေ့ ပညာရေးမှူးများကို တာဝန်ပေးတော့မည်

ယခုနှစ် အခြေခံပညာကဏ္ဍ၏ ရာထူးအပြောင်းအရွှေ့ကိစ္စရပ်များတွင် လာဘ်ပေးလာဘ်ယူမှုများ မရှိစေရန် အတွက် အဆိုပါကိစ္စရပ်များကို ပညာရေးမှူးရုံးများကို ဆုံးဖြတ်လုပ်ပိုင်ခွင့်ပေးထားပြီး ကိုင်တွယ်စေ တော့ မည်ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဋ္ဌာနမှတစ်ဆင့် သိရသည်။

အမျိုးသမီးများကို ကာကွယ်သည့်ဥပဒေ ဆော်ဒီတွင် ပထမဆုံးအကြိမ်ပြ ဋ္ဌာန်း


လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက အရှေ့အလယ်ပိုင်း ဒေသရှိ ဩဇာကြီးမားသော နိုင်ငံ အတွင်း ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီးများ၊ ကလေးငယ်များနှင့် ပြည်တွင်း လုပ်သား

Samsaungလည်း မြန်မာစာရပြီ

မြန်မာ့ဈေးကွက်အတွင်း လူကြိုက်များသော Samsung စမတ်ဖုန်း အ ချို့၌ မြန်မာစာစနစ် အသင့် ထည့်သွင်းခြင်းအား စတင် လုပ်ဆောင်နေ ပြီဖြစ်ကြောင်း Samsung ကုမ္ပဏီ၏ မန်နေဂျာ ဦးဇော်မိုးအောင်က သြဂုတ် ၂၉ရက်နေ့ ညနေ ၄နာရီက junction Square၌ ပြု လုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောဆိုသည်ဟု သိရသည်။

ဝက်ခြံအမာရွတ်တွေနှုတ်ဆက်ဖို့ အချိန်တန်ပြီ

ဆယ်ကျော်သက်ရွယ်ကစလို့ ၊ သွေးဆုံးပြီးနောက် ၃-နှစ်ခန့် တိုင်အောင် ဟိုမုန်းတွေပြောင်း လဲမှုကြောင့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးမှာ ပျမ်းမျှ အားဖြင့် ၉.၉၉ ဦးခန့်  အနည်းနဲ့ အများဆိုသလို ၀က်ခြံမပေါက်ဖူးတဲ့ သူရယ်လို့ မရှိကြပါဘူး။ ကျန် ၀.၀၁ ဦး က တော့ရှားပါး

ဥက္ကံတွင် ကောလာဟလထွက်ပေါ်ပြီး ကျောင်းများသို့ လူရာချီ သွားရောက်သဖြင့် လုံခြုံရေးတိုးမြှင့်

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် သြဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီကျော်က ဗုဒ္ဓဘာသာနှင့် ဘာသာခြားတို့ ရိုက်နေသည်ဟူသော ကောလာဟလ ထွက်ပေါ်ခဲ့သဖြင့် အဆိုပါမြို့ရှိ မူလတန်းကျောင်းနှင့် အထက်တန်းကျောင်း များသို့ လူရာချီစုဝေး ရောက်ရှိ ခဲ့သောကြောင့် လုံခြုံရေး တိုးမြှင့်ဖြေရှင်းခဲ့ရကြောင်း ကျောင်းသားမိဘ များနှင့် မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။


အမေရိကန် အကျဉ်းသားကိုလွတ်ပေးဖို့အား မြောက်ကိုရိးယားတို့ ငြင်းဆန်

 

 မြောက်ကိုရီးယားတို့ ဖမ်းဆီးထားတဲ့ အမေရိကန် အကျဉ်းသားတစ်ဦးကို လွတ်ပေးဖို့ တောင်း ဆိုချက်ကို မြောက်ကိုရီးယား (DPRK) မှ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။