Friday, September 12, 2014

ဒုချီးရားတန်းကျေးရွာတွင် လူစုလူဝေးဖြစ်၍ သေနတ်ဖြင့် ပစ်ခတ်လူစုခွဲရ

 မောင်တောမြို့၊ ဒုချီး ရားတန်းကျေးရွာတွင် စားကျက် မြေပြဿနာလာရှင်းသည့်ရဲများ ကို ဘင်္ဂါလီများက ရန်ပြုသော ကြောင့် သေနတ်ဖြင့် ခြောက်လှန့် ၍ လူစုခွဲခဲ့ရကြောင်းအမှတ်(၁) နယ်ခြားစောင့် လုံခြုံရေး အဖွဲ့မှသ တင်းရရှိသည်။
  စက်တင်ဘာ ၁၀ရက်က  မောင်တောမြို့ခရေမြိုင်ကျေးရွာရှိရခိုင်လူမျိုးများပိုင်သည့် စားကျက် မြေပေါ်သို့ ဒုချီးရားတန်းကျေးရွာမှဘင်္ဂါလီအချို့က၎င်းတို့၏ နွားများလွှတ်ကျောင်းခဲ့သောကြောင့် ပြဿနာအနည်းငယ် ဖြစ်ပွားခဲ့ သည်။

ဂွန်မော် နဲ့ ဂျိန်းခွန်ဒေါင်တို့ ဘာမှားသလဲ

ကေအိုင်အို၊ဒုစစ်ဦးစီးချုပ် ဦးဂွန်မော် အနေနဲ့ အွန်လိုင်းမှာ ထွက်ပေါ်လာတဲ့ ရိုဟင်ဂျာအဖွဲ့နဲ့ တပ်နေရာချထားရေးကို မလုပ်ဘူး လို့ ပြန်လည်ဖြေရှင်းမှုရှိခဲ့တာကို မေးခွန်းထုတ်ချင်ပါတယ် ။ ဂျိမ်းစ်ခွန်ဒေါင် ဟာ ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်ပါတယ်။ ဗဟိုကော်မတီဝင် တစ်ဦး ရဲ့ လုပ်ဆောင်မှုကို ဗဟိုက မသိခဲ့ဘူး ဆိုတာဟာ အဖွဲ့အစည်းအ တွင်းမှာ စည်းလုံးမှု မရှိလို့လား ။ ပုဂ္ဂိုလ်ရေး ခင်မင်မှုအရ ညစာစားရင်းနဲ့ မမျှော်လင့်ပဲ တွေ့ခဲ့ရတာပါ လို့ အလီဘိုင် ပြနေ ပေမယ့် ဒီကိစ္စကို ဗဟိုကို ပြန်မတင်ပြတဲ့ ဂျိမ်းစ်ခွန်ဒေါင် ရဲ့ တစ်ဦးတည်း ကြိတ်ကြံစည်မှုများလေလား ။

Sexy Party အဖြစ် နာမည်ကြီးနေသည့် Dance For Life Party ပွဲသည် အဖော်အချွတ်ပွဲမျိုး မဟုတ်ဟုဆို

Sexy ပါတီအဖြစ် နာမည်ကြီးနေသည့် ဒီဂျေဂျပန်ဦးစီးသည့် Dance For Life Party ပွဲနှင့်ပတ်သက်ပြီး ပရိသတ် အထင်လွဲနေသော ပွဲမျိုးမဟုတ် ကြောင်း မော်ဒယ်ဇွန်သဉ္ဇာက ရန်ကုန်တိုင်းမ်သို့ ပြောသည်။
အောက်တိုဘာ ၃ ရက်တွင် ရန်ကုန်မြို့ရှိ ကလပ်တစ်ခုခု ၌ပြုလုပ်မည် ဟု ကြော် ငြာထားသည့် ၄င်းပါတီပွဲကို ယခင်သတ်မှတ်ထားသော GTR 2 ကလပ်၌ ပြုလုပ် မည်မှာ မသေချာတော့ဟု ဇွန်သဉ္ဇာကပြောသည်။

ဆံပင်ရှည်ထားသည့် ကျောင်းသားကို ဆံပင်ညှပ်အပြစ်ပေးသော ကျောင်းအုပ် ပညာရေးမှူးထံ တိုင်ကြားခံရ


အခြေခံပညာ ကျောင်းများတွင် ကျောင်းသားများ ဆံပင်ရှည်မထားရန် တားမြစ်ထားသော စည်းကမ်းကို ဖောက်ဖျက်၍ ဆံပင်ရှည်ထားသူ နဝမတန်း ကျောင်းသား တစ်ဦးကို ဆံပင်ညှပ် အပြစ်ပေးသော ကျောင်းအုပ် ဆရာမကြီးကို ကျောင်းသား၏ မိဘက လာရောက် တိုင်ကြားထားကြောင်း ကြည့်မြင်တိုင်မြို့နယ် ပညာရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။
ကြည့်မြင်တိုင်မြို့ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ကျောင်းအုပ် ဆရာမကြီးကို ခေါ်ယူစစ်ဆေးပြီး ဖြစ်ကြောင်း၊ တိုင်ကြားသူ မိဘများကို လာမည့် ရက်ပိုင်းအတွင်း ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

အနောက်တံခါးမှသည် မြောက်ဖျားဆီသို့

တစ်နိုင်လုံးအတိုင်းအတာဖြင့် စစ်မှန်သော ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အဆက်မပြတ် ပြုလုပ်ကျင်းပခဲ့ပါသည်။ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ဆောင်ရွက်လာနိုင်ရေးအတွတ် တိုင်းရင်းသားများဘက်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများပါဝင်သည့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့(NCCT)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့အစည်းတို့အား ဖွဲ့စည်းခဲ့ကြပါသည်။ ယင်းအဖွဲ့အစည်းတို့တွင် အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် ပြည်ထောင်စု အဆင့် လက်မှတ်ရေး ထိုးပြီးသော တိုင်းရင်းသားအဖွဲ့ အစည်းများပါဝင်သလို လက်မှတ်မရေးထိုး ထားသော တိုင်းရင်းသား အဖွဲ့ အစည်းများလည်း ပါဝင်ကြပါသည်။

မသန်စွမ်း ဘတ်စကက်ဘော မိန်းကလေး ရေကူး ချန်ပီယံဆု ဆွတ်ခူး

Photo: မသန်စွမ်း ဘတ်စကက်ဘော မိန်းကလေး ရေကူး ချန်ပီယံဆု ဆွတ်ခူး

စက်တင်ဘာ ၁၂ ရက် ၊ ၂၀၁၄ ခုနှစ်

ဘတ်စကက်ဘော မိန်းကလေးဟု လူသိများသော မသန်စွမ်း အမျိုးသမီး ငယ်သည် စက်တင်ဘာ ၁ ရက်က ယူ နန်ပြည်နယ်၌ ကျင်းပသော ပါရာဂိမ်း မီတာ ၁ဝဝ ရေကူး ပြိုင်ပွဲ၌ ရွှေတံဆိပ် ဆု ဆွတ်ခူး ရရှိခဲ့ကာ တရုတ်နိုင်ငံသား တို့အား နှစ်ထောင်း အားရစေခဲ့သည်။

ချန်ရန်ဟုန်သည် ၂ဝဝဝ ခုနှစ်က ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆမှု ကြောင့် ခြေထောက်နှစ်ဖက် စလုံး ဆုံးရှုံး ခဲ့ရသည်။ ယခု အခြေအနေ ရောက်ရန် အတွက် ခါးအောက်တွင် ဘတ်စကက်ဘော ခုကာ လက်နှစ်ဖက် သုံး၍ လမ်းလျှောက် ကျင့်ခဲ့ရသည်။

ချန်သည် ၂ဝဝ၇ ခုနှစ်တွင် ရေကူး လေ့ကျင့်မှု စတင်ပြုလုပ်ခဲ့ပြီး ယူနန် လူငယ်ရေကူးကလပ် အသင်းဝင် တစ်ဦးဖြစ် လာခဲ့သည်။ ထို့နောက် ပြီးခဲ့သောနှစ်က ကျင်းပခဲ့ သည့် ယူနန် ပါရာဂိမ်း ပြိုင်ပွဲ တွင် ရွှေတံဆိပ် သုံးဆု ရရှိခဲ့ပြီး ၂ဝဝ၉ ခုနှစ်က ကျင်းပခဲ့သည့် အသက် ၁၈ နှစ် အောက် မသန်စွမ်းရေကူး ပြိုင်ပွဲ တွင် ရွှေတံဆိပ် တစ် ခုနှင့် ငွေတံဆိပ်နှစ်ခု ရရှိ ခဲ့သည်။
၎င်း၏ စွမ်းဆောင်ရည်အား နိုင်ငံ သားများက ချီးကျူးထောပနာပြုခဲ့ကြ သည်။
”ဒီမိန်းကလေးကို အထက်တန်း ကျောင်းသားဘဝက ကြည့်ဖူးတဲ့ ယာဉ် အန္တရာယ် ပညာပေး ဗီဒီယိုထဲမှာ မြင်ဖူး တယ်။ ဘတ်စကက် ဘောလုံး အသစ်အ လှူရှင် ကို စောင့်မျှော်နေ ပါတယ်လို့ သူ ပြောခဲ့တဲ့ စကားကို ကျွန်တော် မှတ်မိနေ သေးတယ်။ အခုလို ပြန်မြင်တွေ့ရတာ ဝမ်းသာပါတယ်” ဟု နိုင်ငံသား တစ်ဦးက ဆိုသည်။

TW
Ref: China Daily
 ဘတ်စကက်ဘော မိန်းကလေးဟု လူသိများသော မသန်စွမ်း အမျိုးသမီး ငယ်သည် စက်တင်ဘာ ၁ ရက်က ယူ နန်ပြည်နယ်၌ ကျင်းပသော ပါရာဂိမ်း မီတာ ၁ဝဝ ရေကူး ပြိုင်ပွဲ၌ ရွှေတံဆိပ် ဆု ဆွတ်ခူး ရရှိခဲ့ကာ တရုတ်နိုင်ငံသား တို့အား နှစ်ထောင်း အားရစေခဲ့သည်။

ချန်ရန်ဟုန်သည် ၂ဝဝဝ ခုနှစ်က ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆမှု ကြောင့် ခြေထောက်နှစ်ဖက် စလုံး ဆုံးရှုံး ခဲ့ရသည်။ ယခု အခြေအနေ ရောက်ရန် အတွက် ခါးအောက်တွင် ဘတ်စကက်ဘော ခုကာ လက်နှစ်ဖက် သုံး၍ လမ်းလျှောက် ကျင့်ခဲ့ရသည်။

အနုပညာ လမ်းမပေါ်ရောက် ခင်ဝင့်ဝါရဲ့ စိတ်ခံစားချက်

အနုပညာ လမ်းပေါ်စပြီးရောက်တုန်း က ကိုယ်ပိုင် အချိန်တွေ ဆုံးရှုံးတာ ရှိသလို စိတ်မှာ တစ်မျိုးကြီး ခံစားခဲ့ ရကြောင်း ခင်ဝင့် ဝါက ပြောသည်။
”Miss တစ်ယောက် ဖြစ်တယ်။ အခု အနုပညာတွေ လည်းလုပ်တယ်။ ဒီလောက မှာ ကိုယ်က တဖြည်းဖြည်း သင်ယူပြီး အသား ကျလာပါပြီ။ အခု ဇာတ်ကားတွေ ရိုက်ကူး ရ တာရော၊ ပရဟိတ အလုပ်မှာရော တောက် လျှောက်လုပ်လာတဲ့အခါမှာ ကျောင်းတက် ပြီး ပညာသင် ရသလိုပါပဲ” ဟု ခင်ဝင့်ဝါက ပြောသည်။

ရန်ကုန်မြို့တွင်း လမ်းများ ယခုနှစ်အတွင်း ကွန်ကရစ်အပြီး ခင်းမည်

ရန်ကုန်မြို့တွင်းရှိ လမ်းများ အားလုံးကို ကွန်ကရစ်လမ်းအဖြစ် ယခုနှစ်အတွင်း အပြီးသတ်ခင်း သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) မှ သတင်း ရရှိသည်။
                         ကျွန်တော်တို့က ပေ(၆၀) လမ်းမကြီးတွေ ကိုရော အားလုံးထု (၁၁) လက်မ အမြင့်ထားပြီး ခင်းသွားမယ်။ ဘာကြောင့်လဲ ဆိုရင် ရေကြီး ရေလျှံမှုလည်း လျော့သွားအောင်၊ ကတ္တရာ လမ်းမကြီးတွေထက် ပိုပြီး ခိုင်ခံ့မှုလည်း ရှိမယ် ထင်လို့ ဒီလိုခင်း ဖြစ်တာပါ ဟု အင်ဂျင်နီယာဌာန (လမ်း နှင့်တံတား) ဒုတိယဌာနမှူးက The Messenger Media  သို့ ပြောသည်။

ကျောင်းသား ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အမေရိကန်လူငယ် ထောင်ဖောက်ထွက်ပြေး

US Jailbreak
အမေရိကန်နိုင်ငံ ကလိဗ်လန်းအထက်တန်းကျောင်းထဲမှာ ၂၀၁၂ ခုနှစ်က ကျောင်းသား ၃ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့လို့ ထောင်ဒဏ်တသက်တကျွန်းကျနေတဲ့ ဆယ်ကျော်သက် လူငယ်ဟာ တခြားထောင်သား တယောက်နဲ့အတူ အိုဟိုင်းယိုပြည်နယ် အနောက်မြောက်ပိုင်း ထောင်ကနေ စက်တင်ဘာ ၁၁ ရက်နေ့က ထွက်ပြေး လွတ်မြောက် သွားတယ်လို့ ရဲတွေက ပြောပြီး သူတို့ ၂ ယောက်ကို လိုက်ရှာနေတယ်လို့ ဆိုပါတယ်။အော်လန်အုတ်ခ်ဝုဒ် အကျင့်စာရိတ္တပြုပြင်ရေး ကျောင်း ဝန်ထမ်းတွေက ခြံ စည်းရိုးပြဲနေတာ တွေ့ခဲ့တယ်လို့ ပြည်နယ်ရဲ ဂျင်းန်စမစ်က သတင်းထောက်တွေကို ပြော ပါတယ်။

စာချုပ်ပါအတိုင်း မဆောင်ရွက်သည့် ကုမ္ပဏီများကို ပြတ်သားစွာ တရားစွဲ အရေးယူရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

ဝန်ကြီးဌာနများ အနေဖြင့် အဆောက်အအုံများ ဆောက်လုပ်ရာတွင်  စာချုပ်ပါအတိုင်း ဆောင်ရွက်ခြင်း မရှိသည့် ကုမ္ပဏီများကို ပြတ်ပြတ် သားသား တရားစွဲ အရေးယူရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တိုက်တွန်း ပြောကြား လိုက်သည်။
                 ပညာရေး ၀န်ကြီးဌာနမှ ကျောင်းစာသင်ခန်းများ ဆောက်လုပ်ရာတွင် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့ သော်လည်း ချုပ်ဆိုထားသည့် စာချုပ် အတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိကြဘဲ ပြီးစလွယ် ဆောက်လုပ်နေမှုနှင့် ပတ်သက်၍ လွှတ်တော် ဥက္ကဋ္ဌက အထက်ပါတိုင်း ပြောကြားခဲ့ခြင်း ဖြစ် သည်။

အယ်ကိုင်ဒါလက်နက်ကိုင်များသည် ကုလအဖွဲ့ဝင်(၄၅)ဦးအားဖမ်းဆီးခဲ့သည့် Video ကို Youtube နှင့် Twitter တွင် ဖော်ပြ

အယ်ကိုင်ဒါများက ကျောထောက်နောက်ခံပေးထားသည့် လက်နက်ကိုင်အုပ်စုသည် ပြီးခဲ့သည့် သီတင်း(၂)ပတ်က ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်(၄၅)ဦးအား ဖမ်းဆီးခဲ့သည့် ဗီဒီယိုအား (နူဆရာ-ဖရန့်)၏ တွစ်တာနှင့် ယူကျုမှာမနေ့က ပြသခဲ့ကြောင်းသိရပါသည်။ ဂိုလန်ကုန်းပြင်မြင့်မှာ

ကေအိုင်အေ ထိန်းချုပ်နယ်မြေ အတွင်း RSO အခြေစိုက်ခွင့် တောင်းဆိုခြင်းကို လက်မခံနိုင်ဟု တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် များပြော

   မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာမည့် အကြမ်းဖက် အဖွဲ့အစည်းများ မှန်သမျှကို လုံးဝ လက်မခံနိုင်ကြောင်း  တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
                အကြမ်းဖက် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် RSO မှ ကေအိုင်အေ ထိန်းချုပ်နယ်မြေတွင်း လှုပ်ရှား သွားလာခွင့်၊ ထူထောင်အခြေစိုက်ခွင့် တောင်းဆိုခြင်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် များက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
                 အခု ၀ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကတော့ ကျွန်တော်တို့ ပြည်တွင်းရေးမှာ အချင်းချင်း တိုင်ပင် ဆွေးနွေးခြင်းဖြင့် ပြေလည် နိုင်မယ်လို့ ကျွန်တော်တို့က အယုံအကြည် ရှိတယ်။ ပြည်ပက ပယောဂတွေ ၀င်လာလို့ ရှိရင် ကျွန်တော်တို့ လုံးဝ မပြီးဆုံးနိုင်တဲ့ ပြဿနာပိုပြီးတော့

အိုဇုန်းလွှာ ပြန်ကောင်းလာသော လက္ခဏာများ တွေ့ရကြောင်း ကုလသမဂ္ဂ သုတေသန ဆို

Ozone layer 2
ကင်ဆာဖြစ်စေနိုင်သော ခရမ်းလွန်ရောင်ခြည်များဒဏ်မှ ကမ္ဘာကို ကာကွယ်ပေးနေသည့် အိုဇုန်းလွှာသည် နှစ်ပေါင်းများစွာ ပါးလွှာသွား ခဲ့ပြီးနောက် ပြန်လည်ထူထဲလာသည့် ကနဦးလက္ခဏာများကို ပြသနေကြောင်း ကုလသမဂ္ဂ လေ့လာမှု တစ်ခုက ဆိုသည်ဟု စက်တင်ဘာ ၁၁ရက် ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အသင်းအတွက် မောင်မောင်စိုးနှင့်အတူ စိတ်မကောင်း ဖြစ်ရကြောင်း ဂတ်ဆီဇီ ပြောကြား

gs
အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်တွင် အိမ်ရှင် ဗီယက်နမ်အသင်းကို ရှုံးနိမ်ခဲ့ပြီးနောက် မြန်မာယူ ၁၉အသင်း နည်းပြချုပ်ဖြစ်သူ ဂတ်ဆီဇီက မိမိအနေဖြင့် အသင်းအတွက် မောင်မောင်စိုးနှင့် အတူ မပျော်မရွှင်ဖြစ်ရကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ ဂျာမနီနိုင်ငံသား နည်းပြကြီးက  ” ဒီရလဒ်ဟာ ကျွန်တော်အတွက် အံအားသင့်စရာ ဖြစ်စေမှာမဟုတ်ပါဘူး။ ဗီယက်နမ်ယူ-၁၉ အသင်းနဲ့ နည်းပြ ဂရေချမ်တို့ကို ချီးကျူးရမှာပါ။ သူတို့အသင်း ဒီနေ့ပွဲစဉ်မှာ

နိုင်ငံတကာ အကူအညီများ ထိရောက်စေရေး ယခုထက် ပိုမို လုပ်ဆောင်ရန် လိုအပ်ဟု ADB ဘဏ် ထောက်ပြ

   နိုင်ငံတကာ အလှူရှင်များမှ ပေးသော အကူအညီများ ထိရောက်စေရေး အတွက် ယခုထက်ပိုမို လုပ်ဆောင်ရန် လိုအပ်ကြောင်း စက်တင်ဘာလ (၁၁) ရက်နေ့က အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) မှ ထုတ်ပြန်သော စစ်တမ်းတွင် ထောက်ပြထားသည်။
                               ထိုကဲ့သို့ လုပ်ဆောင်ရာတွင် အလှူရှင်များ အနေဖြင့် အစိုးရမှ တစ်ဆင့် လိုအပ်သော နေရာများသို့ ထောက်ပံ့ပေးနိုင်ရန် အတွက် အဆိုပြုမှု များနှင့် ပြင်ဆင် မှုများ ပြုလုပ် ထားသင့်ပြီး ပြည်ပမှ နည်းပညာ အထောက်အပံ့ယူရာ တွင်လည်း နိုင်ငံ၏ လုပ်နိုင်စွမ်းကို ဖြည့်ဆည်းရန် အတွက် သာဖြစ်ပြီး ထပ်တူ အစားထိုး သုံးစွဲရန် မသင့်ကြောင်း ထောက်ပြထားသည်။

မုံရွာမှာ ဆီတင်ထားတဲ့ အမြန်ရေယာဉ် မီးလောင်ပေါက်ကွဲ

Photo: မုံရွာမှာ ဆီတင်ထားတဲ့ အမြန်ရေယာဉ် မီးလောင်ပေါက်ကွဲ

မုံရွာ ချင်းတွင်းမြစ်ကမ်း ကွေ့ကြီးရပ်ကွက် လှည်းဆိပ်မှာ ဆီပီပါတွေ တင်ပြီး ဆိပ်ကပ်ထားတဲ့ အမြန်ရေယာဉ်ပေါ်မှာ ထွန်းထားတဲ့ မီးချောင်းကွဲရာကနေ ဒီနေ့ နံနက် ၂ နာရီ ဝန်းကျင်က မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် မော်တော်ပေါ်မှာရှိတဲ့ ဆီပီပါတွေ ပေါက်ကွဲတဲ့အတွက် ဆိပ်ကမ်းမှာ ချည်နှောင်ထားတဲ့ ကြိုးတွေကို ဖြေပြီး မြစ်လယ်သို့ မျှောလိုက်ရတယ်။ မီးလောင်ကျွမ်းပြီး ရေမိုင် ၇ မိုင်ခန့် အကွာအထိ မျှောပါသွားတယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

“လမ်းတစ်လျှောက်မှာ ဆီပီပါတွေက ပေါက်ကွဲမှု ဖြစ်နေတော့ အနားကိုကပ်လို့ မရဘဲ ဖြစ်နေတယ်။ ငြိမ်းသတ်ဖို့အတွက် ဇာတ်ပေါ်ကို မီးသတ်ကားတင်ပြီး လိုက်လံ ငြိမ်းသတ်ပေမယ့် မီးအား အရမ်းကောင်းတော့ ငြိမ်းမရဘူး” ဒီကနေ့ ကြုံတွေ့ခဲ့ရမှုကို မုံရွာမြို့နယ် မီးသတ်ဦးစီးမှူးက ရှင်းပြတာပါ။

မီးလောင်ကျွမ်းမှုကို လေးနာရီခန့်အကြာ ငြိမ်းသတ်ခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

ရေယာဉ် မီးလောင်ချိန်မှာ အဲဒီယာဉ်ပေါ်မှာ ပိုင်ရှင်ရဲ့ ဇနီးနဲ့ ရေလုပ်သားတစ်ဦး ရှိနေခဲ့ပါတယ်။ မီးလောင်မှု ဖြစ်ပွားချိန်မှာတော့ သူတို့တွေ ခုန်ကျနေခဲ့ကြပါတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ရေယာဉ်ပေါ်မှာ ဆီပီပါ ဘယ်လောက် ပါတယ်ဆိုတာကို စာရင်းအတိအကျ မရသေးဘူး။ မော်တော်ပိုင်ရှင်ကို သိရှိထားပြီး ဖြစ်ပြီးတော့ မော်တော်ကိုလည်း မီးငြိမ်းသတ်ပြီး မုံရွာ ဇတ်ဆိပ်ကမ်းသို့ ပြန်ဆွဲလာပြီလို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
မုံရွာ ချင်းတွင်းမြစ်ကမ်း ကွေ့ကြီးရပ်ကွက် လှည်းဆိပ်မှာ ဆီပီပါတွေ တင်ပြီး ဆိပ်ကပ်ထားတဲ့ အမြန်ရေယာဉ်ပေါ်မှာ ထွန်းထားတဲ့ မီးချောင်းကွဲရာကနေ ဒီနေ့ နံနက် ၂ နာရီ ဝန်းကျင်က မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် မော်တော်ပေါ်မှာရှိတဲ့ ဆီပီပါတွေ ပေါက်ကွဲတဲ့အတွက် ဆိပ်ကမ်းမှာ ချည်နှောင်ထားတဲ့ ကြိုးတွေကို ဖြေပြီး မြစ်လယ်သို့ မျှောလိုက်ရတယ်။ မီးလောင်ကျွမ်းပြီး ရေမိုင် ၇ မိုင်ခန့် အကွာအထိ မျှောပါသွားတယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ရင်ပြင်တွင် ရေစိမ့်ထွက်မှုဖြစ်ပေါ်

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၏ အထင်ကရစေတီ တစ်ဆူဖြစ်သည့် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးဘုရားရင်ပြင်၌ စက် တင်ဘာ ၉ရက် မွန်းလွဲပိုင်းမှစတင် ၍ ရေစိမ့်ထွက်မှုဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။

ဘုရားရင်ပြင်ရေစိမ့်ထွက်ပေါ် မှုနှင့်ပတ်သက်၍ ဥပ္ပါတသန္တိစေတီ တော်အုပ်ချုပ်ရေးအဖွဲ့ထံ စက်တင် ဘာ

မောင်တောရှိ အရေးကြီး အဆောက်အအုံများ ဗုံးခွဲမည့်သတင်း ရထားကြောင်း အစိုးရဌာနများကို သတိပေး

အယ်လ်ကေဒါအဖွဲ့က မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်မည်ဟု ကြေညာပြီးနောက် ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ အရေးကြီး အဆောက်အအုံများကို ဗုံးဖောက်ခွဲမည်ဟု သတင်းများ ရရှိထားသဖြင့် လုံခြုံရေး သတိထားရန် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးက ဌာနဆိုင်ရာများကို ညွှန်ကြားထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ပေးပို့သည့် သတိပေးစာအရ သိရသည်။

ဓမ္မစေတီခေါင်းလောင်း တူးဖော်ရေးလုပ်ငန်းစက်တင်ဘာ၁၈ရက်အထိလုပ်ဆောင် သွားမည်

ဓမ္မစေတီခေါင်းလောင်းတွေ့ရှိ ခြင်း၊ မရှိခြင်းနှင့်ပတ်သက်၍ ပြည်သူများအကြားအငြင်း
ပွားမှုများရှိနေချိန်တွင် ခေါင်းလောင်းတူးဖော်ရေးလုပ်ငန်းများကိုစက်တင်ဘာ ၁၈ ရက်
အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းခေါင်းလောင်းတူးဖော်ရေးအထောက်
အကူပြုအဖွဲ့က စက်တင်ဘာ ၁၁ ရက်၌ ကြေညာခဲ့သည်။

ဓမ္မစေတီခေါင်းလောင်း သဲလွန်စမတွေ့ဟု ရေငုပ်သမားပြောကြား ရေငုပ်သမားထက်ဝက် နေရပ်ပြန်ဟုဆို

ရန် ကုန်မြို့အနီး မြစ်သုံးခုဆိုင်တွင်နစ် မြုပ်နေသည်ဆိုသော ဓမ္မစေတီခေါင်း လောင်းကို ရက်ပေါင်း ၂ဝကျော်ကြာ သည်အထိ ရှာဖွေခဲ့သော်လည်း မည် သည့် သဲလွန်စမျှ မတွေ့ကြောင်း ကော့သောင်းမြို့သို့ ပြန်ရောက်လာ သော ရေငုပ်သမား ဦးသန်းညွန့်က ပြောကြားသည်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေ ရန် လိုက်ပါသွားခဲ့သည့် ကော့သောင်း ဒေသခံများ ရေငုပ် ရှာဖွေခဲ့သော် လည်း ခေါင်းလောင်းနှင့်ပတ်သက် သည့် ထူးခြားသည့်အကြောင်းအရာ မတွေ့ရသောကြောင့် ရေငုပ် သမား ထက်ဝက် နေရပ်သို့ ပြန်လာပြီဖြစ် ကြောင်း အသက်အကြီးဆုံး ရေငုပ် သမားလည်းဖြစ်သူ ဦးသန်းညွန့်က ပြောကြားသည်။

9/11 အောက်မေ့ဖွယ် အမေရိကန်နိုင်ငံတဝှမ်း ကျင်းပ

အမေရိကန်ပြည်ထောင်စုကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ ၁၃ နှစ်မြောက် ၀မ်းနည်းဖွယ် အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားကို အမေရိကန်နိုင်ငံသားတွေ ကြာသပတေးနေ့က ကျင်းပခဲ့ကြပါတယ်။

နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေး ဌာန WTC တည်ရှိခဲ့ရာနေရာ၊ ပင်တဂွန် စစ်ဌာနချုပ်နဲ့ Pennsylvania ပြည်နယ်၊ Shanksville မြို့တို့မှာ သေဆုံးသွားကြတဲ့ လူပေါင်း ၃၀၀၀ လောက်ရဲ့ မိသားစုဝင်တွေ၊ အသိမိတ်ဆွေတွေ စုဝေးပြီး သူတို့ရဲ့ နံမည်တွေကို ရွတ်ဖတ်ခဲ့ပါတယ်။

တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲ စက်တင်ဘာ ၂၂ရက်တွင် စတင်မည်

Photo: တစ်နိုင်ငံလုံးအပစ်ရပ်ဆွေးနွေးပွဲ စက်တင်ဘာ ၂၂ရက်တွင် စတင်မည်
Friday, September 12, 2014

UPWC နှင့် NCCT တို့ သြဂုတ်လအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်နေစဉ်
အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏အလုပ် အဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်ဘာလ၂၂ ရက်မှစတင်၍ ရန်ကုန်မြို့တွင်ပြု လုပ်သွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီ(UPWC)က ဆွေးနွေးပွဲကိုစက် တင်ဘာ  ၂၂ရက်မှစတင်၍ သုံး ရက်ကြာ ပြုလုပ်ရန်အဆိုပြုထား ခြင်းဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)က ချင်းမိုင်မြို့တွင်၎င်းတို့သီးသန့် ပြုလုပ်သောအစည်းအဝေးအပြီး စက်တင်ဘာ   ၁၁ရက်က   အ ကြောင်းကြားစာကို UPWCထံ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

‘‘စက်တင်ဘာ ၂၂ရက်က နေငါးရက်ကြာလုပ်လိုတဲ့    အကြောင်းကြားစာကို ဒီနေ့ ရတယ်။ ၀န်ကြီးဦးအောင်မင်းကလည်းစာ ကအခုမှ ရတာဆိုတော့ မဆုံး ဖြတ်ရသေးဘူး။ ဘယ်နှရက်လုပ် မယ်ဆိုတာတော့ ပြန်ညှိရမှာပေါ့’’ ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန် လည်ထူထောင်ရေးဗဟိုဌာန (MPC)    အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောသည်။

UPWCနှင့် NCCTဆွေးနွေး ပွဲပြီးပါက နိုင်ငံရေးပါတီများနှင့် ဆက်လက်၍ သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်းသ တင်းရရှိသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ တစ်ခုတည်း သောသဘော တူညီချက်(တတိ ယမူကြမ်း)တွင် ဆက်လက်ညှိနှိုင်း ရန်အဓိကအချက်လေးချက် ကျန် ရှိနေသေးသည်။

7Day News Journal
UPWC နှင့် NCCT တို့ သြဂုတ်လအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်နေစဉ်အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏အလုပ် အဖွဲ့(NCCT)တို့၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်ဘာလ၂၂ ရက်မှစတင်၍ ရန်ကုန်မြို့တွင်ပြု လုပ်သွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီ(UPWC)က ဆွေးနွေးပွဲကိုစက်တင်ဘာ

ရိုဟင်ဂျာကိစ္စ ဗိုလ်ချုပ် ဂွမ်မော် ဗြောင်လိမ်နေသည်

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နယ်မြေမှာ ဘင်္ဂါလီလက်နက်ကိုင်တပ်ဖွဲ့ အခြေချနေ ထိုင်ခွင့်ပြုဖို့ တောင်းဆို တဲ့ Vedio ရုပ်သံဖိုင် တက်လာမှုနဲ့ပတ်သက်ပြီး KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က တရားဝင် လာရောက် တောင်းဆိုတာ မရှိဘူးဆိုပြီး တုန့်ပြန်လိုက်ပါတယ်။ ရိုဟင်ဂျာတွေ အခြေချနေထိုင်ခွင့်ပြုဖို့ တရားဝင် တောင်းဆို စေချင်တာလား မပြောတတ်ပါ။ ဒါပေမယ့် သူဘယ်လိုပဲ ဖုံးဖိပြောနေပေမယ့် ရုပ်သံဖိုင်က တရားဝင်ဖြစ်ကြောင်း သက်သေပြနေပါတယ်။

ပါကစ္စတန်နိုင်ငံ ၀ါဇီရီစ္စတန်စစ်မက်ဇုန်မှ လူ ၁ သန်း ထွက်ပြေး

Photo: ပါကစ္စတန်နိုင်ငံ ၀ါဇီရီစ္စတန်စစ်မက်ဇုန်မှ လူ ၁ သန်း ထွက်ပြေး

စက်တင်ဘာ ၁၂ ရက် ၊ ၂၀၁၄ ခုနှစ်

ပါကစ္စတန်တပ်မတော်က တာလီဘန်တွေနဲ့ ပါကစ္စတန်လူမျိုးစု နေထိုင်ရာဒေသတွေက သူတို့ရဲ့မဟာမိတ်တွေကို ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် ဒေသခံတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးနေရပါတယ်။

အိုးပစ်အိမ်ပစ် ထွက်ပြေးရသူအများစုက အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပြီး လမ်းတွေပိတ်၊ ကာဖျူးအမိန့်တွေ ထုတ်ထားတဲ့ကြားက ဗုံးဒဏ်ကို အန်တုရင်း နယ်ချင်းကပ်နေတဲ့ ဘန်နုခရိုင်ထဲကို ပြေးဝင်ခိုလှုံခဲ့ကြပါတယ်။

မိုဟစ်အူလာရဲ့ တကိုယ်လုံး ချွေးအလိမ်းလိမ်း ဖုန်အထပ်ထပ်ကပ်နေပါတယ်။ ဒုတိယကလေး ကိုယ်ဝန်လွယ်ထားတဲ့ဇနီးသည်နဲ့အတူ ၀ါဇီရီစ္စတန်စစ်မက်ဇုန်ကနေ ထွက်ပြေး လာခဲ့တာပါ။
“၀ါဇီရီစ္စတန်မှာ ကာဖျူး ထုတ်ထားတယ်။ ကျနော်ဇနီးနဲ့ ၁ ရက်လောက်ခရီးနှင်ခဲ့ရတာ။ အဲ့အချိန်မှာ သူက ဗိုက်နာနေပြီ။ ဆေးကုသတဲ့ဆီ အချိန်မီ မရောက်တော့ ဗိုက်ထဲက ကလေးက လမ်းမှာပဲ သေသွားတယ်။ နေမကောင်းလို့ လမ်းမှာလဲနေတဲ့လူတွေ လမ်းပေါ်မှာတင် သေနေတဲ့သူတွေ အတော်များများတွေ့ခဲ့ရတယ်” လို့ မိုဟစ်အူလာက ပြောပါတယ်။

ဇွန်လလယ်ကစလို့ တာလီဘန်တွေကို အစိုးရက ထိုးစစ်ဆင်တဲ့အချိန်ကတည်းက အိုးအိမ်ပစ်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၁ သန်းလောက်ရှိသွားပြီလို့ ခန့်မှန်းထားပါတယ်။

အဲထဲက မုတ်ဆိတ်အရှည် ဆံပင်အရှည်နဲ့ နိုအာခန်းက “ကျနော့်သမီး အမြွှာညီအစ်မ ၂ ယောက်ထဲမှာ တယောက်က ဆေးရုံသယ်သွားတုန်း လမ်းမှာတင် ဆုံးတယ်။ ၀ါဇီရီစ္စတန်မှာ ကာဖျူး ထုတ်ထားလို့လေ။ အမေလုပ်သူက ဒီလောက် အခြေအနေဆိုးတွေကြားကနေ သူ့သမီးကို ခြေလျင်ခေါ်သွားရတာ။ လမ်းမှာက ဆေးရုံ ဆေးခန်းမရှိတော့ သမီးလေး ဆုံးသွားတာပေါ့” လို့ ပြောပါတယ်။

အစိုးရက ဘန်နုမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ယာယီစခန်းတွေ ထိုးပေးထားပေမယ့် အများစုက မြို့ထဲက ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေဆီမှာ တည်းခိုနေကြပါတယ်။

ဘန်နုမြို့ မိခင်နဲ့ ကလေးဆေးရုံက ဆရာဝန် မတ်တတ်ရှာဟင်းက လူနာတွေ ထပ်ထပ်တိုးလာလို့ မနည်းကို စီမံနေရတယ်လို့ ဆိုပါတယ်။

”ကျမတို့ အများဆုံးကုသပေးနေရတာက ကလေးတွေမှာ ဖြစ်နေတဲ့ ချောင်းဆိုး၊ ၀မ်းပျက်နဲ့ အပူရှပ်တာတွေပါ။ သူတို့လေးတွေမှာ ခရီးကလည်း သိပ်ပန်းလွန်းတာကိုး။ ကိုယ်ဝန်သည်တွေ ဆိုရင် မခံမရပ်နိုင်အောင် ဗိုက်နာလာကြတာ။ ကျမတို့ဆီရောက်ဖို့ ခရီးက အဝေးကြီးပဲ။”

ဝါဇီရီစ္စတန်မြောက်ပိုင်းက တာလီဘန်နဲ့ အယ်လ်ကိုင်းဒါးစစ်သွေးကြွတွေ ခိုလှုံရာနေရာပါ။ ဒီနေရာက တောင်ထူထပ်ပြီး တာလီဘန်စစ်သားတွေ မွေးထုတ်ရာနေရာတခု ဖြစ်ပါတယ်။

ခုဆိုရင် စစ်သွေးကြွအယောက် ၉၁၀ လောက် ရှင်းပစ်ပြီးပြီလို့ ပါကစ္စတန်တပ်မတော်က ပြောပါတယ်။ ဒီနယ်မြေကနေ စစ်သွေးကြွတွေ ထွတ်မသွားနိုင်အောင် စစ်တပ်က စစ်ဆေးရေးဂိတ်တွေ ဖွင့်ထားပါတယ်။ ဒါပေမယ့် စစ်ဘေးဒုက္ခသည်တွေထဲမှာလည်း စစ်သွေးကြွတွေ ရောနေတယ်လို့ အမည်မဖော်လိုသူ စစ်သွေးကြွတဦးက ဆိုပါတယ်။

“၀ါဇီရီစ္စတန်မြို့အနှံ့ စစ်သွေးကြွတွေ သွားလာနေတာ မြင်နေရတယ်။ သူတို့က ကတုံးတုံး မုတ်ဆိတ်တွေ ရိတ်ပြီး ပြည်တွင်းဒုက္ခတွေလို နေနေကြတယ်လေ။ သူတို့က မြို့ထဲက အစိုးရ၀န်ထမ်းတွေနဲ့ ပြိုင်ဘက်တွေကို သတ်မှာပဲ။ ခုတော့ အစိုးရရဲ့ငွေကြေးထောက်ပံမှုကို ဒုက္ခသည် ဟန်ဆောင်ပြီး ယူနေကြတယ်။”

ဒီစစ်ဆင်ရေးက ရည်မှန်းချက်အတိုင်း အောင်မြင်ပါ့မလားဆိုတာ မသဲကွဲသေးဘူးလို့ လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

ဝါဇီရီစ္စတန်မြောက်ပိုင်းဟာ ပါကစ္စတန်တာလီဘန်တွေနဲ့ ဟတ်ခနီ ကွန်ရက်အဖွဲ့တွေ အပါအ၀င် လက်နက်ကိုင်တပ်ဖွဲ့ ကွန်ရက်ဖြန့်ကြက်ရာနေရာ ဖြစ်ပါတယ်။

ပါကစ္စတန်တာလီဘန်တွေဟာ ပါကစ္စတန်နိုင်ငံ မြို့တော်တွေထဲက အရပ်သား ပစ်မှတ်တွေကို လက်တုံ့ပြန်တိုက်ခိုက်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ဒီလို တိုက်ခိုက်မှုတွေ ရှိလာနိုင်တဲ့ အဓိကမြို့ကြီးတွေမှာ လုံခြုံရေးအစီအမံတွေ ချထားပြီးပြီလို့ အာဏာပိုင်တွေက ဆိုပါတယ်။

အာရှဒေသအစီအစဉ်အတွက် မူဒက်ဆာရှားက ပါကစ္စတန်နိုင်ငံ ဘန်နုမြို့ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

DVB
ပါကစ္စတန်တပ်မတော်က တာလီဘန်တွေနဲ့ ပါကစ္စတန်လူမျိုးစု နေထိုင်ရာဒေသတွေက သူတို့ရဲ့မဟာမိတ်တွေကို ဆက်လက် ထိုးစစ်ဆင်နေတာကြောင့် ဒေသခံတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးနေရပါတယ်။

အိုးပစ်အိမ်ပစ် ထွက်ပြေးရသူအများစုက အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပြီး လမ်းတွေပိတ်၊ ကာဖျူးအမိန့်တွေ ထုတ်ထားတဲ့ကြားက ဗုံးဒဏ်ကို အန်တုရင်း နယ်ချင်းကပ်နေတဲ့ ဘန်နုခရိုင်ထဲကို ပြေးဝင်ခိုလှုံခဲ့ကြပါတယ်။

တယ်လီနောဆင်းမ်ကတ်များ ယခုရက်ပိုင်းအတွင်း ရောင်းချမည်

Photo: တယ်လီနောဆင်းမ်ကတ်များ ယခုရက်ပိုင်းအတွင်း ရောင်းချမည်
===================================================

ရန်ကုန်၊

ကျပ် ၁၅ဝဝတန် တယ်လီနောဆင်းမ်ကတ် များ အများပြည်သူဝယ်ယူနိုင်ရန် ရက်ပိုင်းအတွင်း ရောင်းချပေးမည် ဖြစ်ကြောင်း အော်ပရေတာတစ်ခု ဖြစ်သည့် တယ်လီနော(မြန်မာ)မှ သိရသည်။

ကနဦးအနေဖြင့် ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် အစရှိသည့်မြို့ ကြီးများတွင် ဆင်းမ်ကတ်စတင်ဖြန့် ဖြူးရောင်းချမည်ဖြစ်ပြီး 2G, 3G ကွန်ရက်ဖြင့် ဖြန့်ကြက်သွားမည်ဖြစ် သည်ဟု သိရသည်။

တယ်လီနော(မြန်မာ)မှ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ''ရောင်းပေး မယ့်ရက်အတိအကျကို တယ်လီနော ဘက်က မပြောလိုသေးပါဘူး။ ဒါပေ မဲ့ ရက်ပိုင်းအတွင်းပဲ ကတ်တွေရောင်း တော့မှာပါ။ ကတ်ဝယ်ပြီးတာနဲ့ အ သုံးပြုလို့ရအောင် ပြင်ဆင်ဆောင် ရွက်နေပါတယ်'' ဟု ပြောသည်။

တယ်လီနော(မြန်မာ)မှ 2G, 3G ကွန်ရက်ဖြင့် မည်သည့် ဟန်း ဆက်အမျိုးအစားဖြင့်မဆို အသုံးပြု နိုင်မည်ဖြစ်ပြီး ဆမ်ဆောင်းနှင့် ပူး ပေါင်း၍ ဟန်းဆက်နှင့် ဆင်းမ်ကတ် ပါ ပူးတွဲရောင်းချရန် ပြင်ဆင်ထား သည်ဟုဆိုသည်။

ဆင်းမ်ကတ်များရောင်းချချိန် တွင် အရောင်းဆိုင်များမှ ဈေးနှုန်း မြှင့်၍ရောင်းချခြင်း မပြုနိုင်ရန် တယ် လီနောအနေဖြင့် စည်းမျဉ်းများထုတ် သွားမည်ဖြစ်ကာ ဈေးနှုန်းပိုမိုရောင်း ချပါက ဆင်းမ်ကတ်ဖြန့်ဖြူးခြင်းရပ် ဆိုင်းသည်အထိ အရေးယူသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဆင်းမ်ကတ်အပါ အဝင် ဆက်သွယ်ရေးဆက်စပ်ပစ္စည်း များကို တယ်လီနော(မြန်မာ)နှင့် ချိတ်ဆက်ထားသည့် အရောင်းဆိုင် ပေါင်း ၂၅ဝဝဝ ခန့် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားပြီး မြို့ကြီးနှင့် ဒေသ အသီးသီးတွင် တယ်လီနောအမှတ် တံဆိပ်ဖြင့် ဆိုင်ပေါင်း ၂ဝဝနီးပါး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရ သည်။

''နောက်ပိုင်း ကွန်ရက်များများ ဖြန့်ကြက်နိုင်တဲ့အချိန်ကျရင် ဖုန်း ဆိုင်တွေမှာသာမက Point of Sale (POS) အရောင်းဆိုင်လိုနေရာတွေ မှာပါ ကတ်ရောင်းနိုင်ဖို့စီစဉ်ထားပါ တယ်''ဟု အဆိုပါပြောရေးဆိုခွင့်ရှိ သူက ထပ်မံပြောသည်။

ယင်းအော်ပရေတာမှရောင်းချ မည့် ဆင်းမ်ကတ်တွင် အင်တာနက် လိုင်း၊ ဗွီဒီယိုကောလ် အစရှိသည် တို့ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းအသုံးပြုမည့်သူ ဒေါ်သင်းညွန့်က ''အော်ရီဒူးတုန်းက လဲ ဝယ်သုံးဖြစ်တယ်။ ကတ်ဝယ်ပြီး  ပြောလို့ဆိုလို့ မရတော့အဆင်မပြေ ဘူး။ ပြည်သူတွေကလိုအပ်တာ လိုင်း ကောင်းကောင်းသုံးဖို့ပါပဲ'' ဟု ပြော သည်။

တယ်လီနောမှ မြန်မာနိုင်ငံ တွင် အော်ပရေတာလုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင်ကို ၂ဝ၁၄ ခုနှစ် ဖေဖော် ဝါရီ ၅ရက်က ရရှိခဲ့ခြင်းဖြစ်ပြီး လိုင် စင်ရပြီး ရှစ်လအကြာတွင် ဆင်းမ် ကတ်များ ဖြန့်ဖြူးနိုင်ရန် ဆောင် ရွက်ခဲ့သည်ဟု သိရသည်။

PPT

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
ကျပ် ၁၅ဝဝတန် တယ်လီနောဆင်းမ်ကတ် များ အများပြည်သူဝယ်ယူနိုင်ရန် ရက်ပိုင်း အတွင်း ရောင်းချပေးမည် ဖြစ်ကြောင်း အော်ပရေတာတစ်ခု ဖြစ်သည့် တယ်လီနော(မြန်မာ)မှ သိရသည်။

ကနဦးအနေဖြင့် ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် အစရှိသည့်မြို့ ကြီးများတွင် ဆင်းမ်ကတ် စတင်ဖြန့် ဖြူးရောင်းချမည်ဖြစ်ပြီး 2G, 3G ကွန်ရက်ဖြင့် ဖြန့်ကြက်သွားမည်ဖြစ် သည်ဟု သိရသည်။

တယ်လီနော(မြန်မာ)မှ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ''ရောင်းပေး မယ့်ရက်အတိအကျကို တယ်လီနော ဘက်က မပြောလိုသေးပါဘူး။ ဒါပေ မဲ့ ရက်ပိုင်းအတွင်းပဲ ကတ်တွေရောင်း တော့မှာပါ။ ကတ်ဝယ်ပြီးတာနဲ့ အ သုံးပြုလို့ရအောင် ပြင်ဆင်ဆောင် ရွက်နေပါတယ်'' ဟု ပြောသည်။

မြန်မာနိုင်ငံထဲ တရုတ်နိုင်ငံသား ဝင်ရောက်မှု ပြဿနာကြီးတစ်ခု ဖြစ်နေပြီလား

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်က ကျင်းပတဲ့ မန္တလေးတိုင်းလွှတ်တော်အစည်းအဝေးမှာ ပျော်ဘွယ်အမတ် ဦးတင်စိုးက မန္တလေးကို တရုတ်နိုင်ငံသားတွေ အများအပြား ဝင်ရောက်လာနေတဲ့အကြောင်း၊ တချို့ဆို နိုင်ငံသားမှတ်ပုံတင်တွေတောင်ကိုင်ထားကြတဲ့အကြောင်း၊ ပြည်သူတချို့က မန္တလေးကို ဒုတိယဟောင်ကောင်ဆိုပြီးတောင် တင်စားခေါ်နေကြတဲ့အကြောင်း၊နောင် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးများအကြား ရှုပ်ထွေးလာနိုင်စရာရှိကြောင်း ပြည်သူတွေကလည်း စိုးရိမ်နေတဲ့အတွက် ဒီပြဿနာတွေနဲ့

Miss Myanmar World 2014 ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံရတဲ့အပေါ် ပြိုင်ပွဲဝင် ပက်ထရစ်ရှားမှ သူ့ရဲ့ ဖေ့ဘုတ်မှ တဆင့် အခုလို ရှင်းလင်း


Miss Myanmar World 2014 ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းခံရတဲ့အပေါ် ပြိုင်ပွဲဝင် ပက်ထရစ်ရှားမှ သူ့ရဲ့ ဖေ့ဘုတ်မှ တဆင့် အခုလို ရှင်းလင်းထားပါတယ်။

ပရိသတ်တွေအထင်လွဲမှာဆိုးလို့ ရှင်းပြပါ ရစေရှင်....Patricia ဘက်က camp သွင်းထားတဲ့ နေ့ ရက်တွေမှာ တစ်ရက်မှ မပျက်ကွက်ခဲ့ပါရှင်..ပရိသတ်တွေ Voting လုပ်ဖို့ photo shoot ရိုက်ကူးတဲ့နေ့ မှာ တောင်အဖျား တွေအရမ်းတက်ပြီး ဘယ်လိုမှ နေလို့ မရတော့တဲ့ အခြေအနေမှာတောင်အားမွေးပြီးသေသေချာချာဓာတ် ပုံရော၊ဗွီဒီယိုပါရိုက်ကူးပေးခဲ့ပါတယ်...

လင်မယား စကားများရန်ဖြစ်တာတွေ ရှိပေမယ့် နားလည်မှုရှိရှိနဲ့ပဲ နှစ်ဦးသားဖြတ်သန်းသွားမယ်လို့ ဆိုလာတဲ့ ၀ိုင်းစုခိုင်သိန်း

အာဘွားဗီစီဒီအတွက် အချိန်ပေးရင်း ရိုက်ကူးမှုတွေ ပြုလုပ်နေတဲ့ ၀ိုင်းစုခိုင်သိန်းဟာ အတွဲခွေတစ်ခွေအ တွက် လည်း ဒီလထဲမှာအသံသွင်းရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံခြားခရီးစဉ်တွေ အနေနဲ့တော့ အမေရိကားကို သွားဖို့ရှိတဲ့အပြင် နောက်နှစ်ဆန်းပိုင်းမှာ ဂျပန်သွားဖို့ရှိပါသတဲ့။

Ooredooကို အလဲထိုးလိုက်တဲ့ မြန်မာ့ဆက်သွယ်ရေး


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ GSM နှင့် CDMA တယ်လီဖုန်း ဆင်းကတ်များကို မြန်မာနိုင်ငံ အနှံ့တွင် တစ်ခုလျှင် ကျပ် ၁၅၀၀ဖြင့် ကတ်ပေါင်း သန်းနှင့်ချီ၍ အများပြည်သူသို့ လွတ်လပ်စွာ ရောင်းချပေးခဲ့ရာ Ooredoo တယ်လီဖုန်း ဆင်းကတ်ကို ၀ယ်ယူသူ လုံးဝမရှိတော့ဟု တယ်လီဖုန်း အရောင်းဆိုင်များက
ပြောဆိုလာကြသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းဆင်းကဒ်များအား ပြည်သူများ ကြိတ်ကြိတ်တိုး ၀ယ်ယူကြပြီး ပြင် ပဈေးကွက်တွင် ကတ်တစ်ခုလျှင် ကျပ်နှစ်သောင်း အထိပင် ဈေးတက်သွားခဲ့ကြောင်းလည်း သိရသည်။

ဒန်နီ ၀ဲလ်ဘတ်ကို ၀ယ်ယူနိုင်ခဲ့တာ အမှန်ကန်ဆုံးဖြစ်ဟု နည်းပြ အာဆင်ဝင်းဂါး ပြော

England's Welbeck celebrates his second goal against Switzerland during their Euro 2016 qualifying soccer match in Basel
ပြီးခဲ့တဲ့အပတ်က အင်္ဂလန်ရှေ့တန်းတိုက်စစ်မှူး ဒန်နီ ၀ဲလ်ဘတ်ကို အပြောင်းအရွှေ့ ပိတ်ခါနီး ကပ်ပြီး ၀ယ်ယူနိုင်ခဲ့တာဟာ အမှန်ကန်ဆုံး ဖြစ်တယ်လို့ နည်းပြ အာဆင်ဝင်းဂါးက စက်တင်ဘာ ၁၁ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းကနေ အမေရိကန်ဒေါ်လာ ၂၆ သန်းနဲ့ ကစားသမား အရောင်းအ၀ယ် ပိတ်တဲ့နေ့မှာပဲ ၀ယ်ယူနိုင်ခဲ့ပါတယ်။
ဒန်နီဝယ်လ်ဘတ်ကို ၀ယ်ယူလို့ ရမှန်း မသိခဲ့ပဲ နောက်ဆုံးနေ့မှာပဲ ချက်ချင်းဆိုသလို ဆုံးဖြတ် ၀ယ်ခဲ့ရတာလို့ ၀င်းဂါးက ပြောပါတယ်။