ဘာသာရေးကို ခုတုံးလုပ် အကြမ်းဖက်မှုများတွင် သံဃာတော်များ ဝင်ရောက် စွက်ဖက်မှု မပြုလုပ်ရန်အတွက် ထေရဝါဒ ဗုဒ္ဓဘာသာ အများစု ကိုးကွယ်သည့် နိုင်ငံငါးနိုင်ငံမှ သံဃာတော်များ ပူးပေါင်းကျင်းပသည့် ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲတွင် သဘောတူ ဆုံးဖြတ်လိုက်ကြောင်း တာမွေမြို့နယ် အလိုတော်ပြည့် ကျောင်းတိုက် လက်ထောက်ဆရာတော် အရှင်ကုမာရက မိန့်ကြားသည်။
Wednesday, December 3, 2014
ဇီဝလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာလက်မှတ်ရေးထိုး
ပီအာရ်စနစ် ကျင့်သုံးပါက လစ်လပ်ကိုယ်စားလှယ်နေရာများအတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မသေချာဟု လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ကျင့်သုံးပါက လစ်လပ်ကိုယ်စားလှယ်များ အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မသေချာဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) ကျင့်သုံးရေးဆိုင်ရာအဆို အကောင်အထည်ဖော်ရေးကော်မရှင်၏ အစီရင်ခံစာတွင် ပီအာရ်စနစ်၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန်အလားအလာ အခြေအနေ နည်းပါးသဖြင့် ပါတီအလိုက် ကိုယ်စားလှယ်လောင်းများကို ၎င်းတို့ရရှိသော မဲရာခိုင်နှုန်း အများအနည်းအလိုက် တန်းစီထားသောစနစ်ကို ကျင့်သုံးရန် သင့် မသင့် စိစစ်ဆောင်ရွက်ရန်ဟု ဖော်ပြထားသည်။

အူရီးဒူး ဖုန်းတာဝါတိုင် တည်ဆောက်ရန် စီစဉ်ခြင်းကို ဒါးပိန်ရွာ ဒေသခံများ ကန့်ကွက်
‘‘တိုင်ထောင်မယ့်နေရာက အိမ်ရှင်က လက်ခံပါတယ်။ ရွာက လူတွေက အူရီးဒူးက လုပ်တာဖြစ်လို့ ကန့်ကွက်ကြတာပါ။ အိမ်ခြေ တစ်ရာလောက်က မကျေနပ် ချက်တွေနဲ့ ကန့်ကွက်ကြလို့ညှိနှိုင်းတာ မအောင်မြင်ပါဘူး။ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ညှိနှိုင်းပါသေးတယ်။ လက်မခံကြပါဘူး’’ဟု လှည်းကူးမြို့နယ် လူမှုရေး အဖွဲ့မှ ကိုစည်သူကပြောသည်။
ဦးအောင်သောင်းအမည်ပျက်စာရင်းသွင်းခံရမှု ကန့်ကွက်ရန် မန္တလေးတိုင်းလွှတ်တော်တွင် ချင့်ချိန်နေ
ဒီဇင်ဘာ ၂ ရက်က ကျင်းပ ခဲ့သည့် ပထမအကြိမ် မန္တလေး တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဦးအောင်သောင်း အား အမေရိကန်ပြည်ထောင်စုက အမည်မည်းစာရင်း ထည့်သွင်းခဲ့ သည့်ကိစ္စအား မန္တလေးတိုင်း ဒေသကြီးလွှတ်တော်တွင် အရေး ကြီးအဆိုတင်သွင်းကာ ကန့်ကွက်ရှုတ်ချရန် စီစဉ်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောသည်။
အိန္ဒိယပေါက်ကွဲမှုနှင့် ဆက်နွှယ်နေသူ မြန်မာသုံးဦး ဖမ်းဆီးခံရ
နယူးဒေလီ- ဘာဒ်ဝန်ပေါက်ကွဲမှု နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား သုံးဦးကို ဘင်္ဂလားဒေ့ရှ်အာဏာ ပိုင်များက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
နှစ်နိုင်ငံနယ်စပ်တွင် JMB အကြမ်းဖက်သမား တစ်ရာကျော် ကိုဖမ်းဆီးနိုင်ရေးအတွက် အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်တို့က အရှိန် အဟုန်မြှင့် ဆောင်ရွက်နေချိန်၌ ယခုကဲ့သို့ မြန်မာသုံးဦးကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့  (RSO) နှင့် မြန်မာအခြေစိုက်အဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြောင်း ဒါကာမြို့ ဒုတိယကော်မရှင်နာ ခရှစ်ရှနာပါဒါရွိုင်က ယနေ့တွင်ပြောသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာ ၁ ရက်တွင် သီးသန့်တွေ့ခဲ့
ရန်ကုန် - အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ ဒီဇင်ဘာ ၁ ရက်တွင်နေပြည်တော်၌ အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း သတင်းရရှိ သည်။
သို့သော် ခြောက်ပွင့်ဆိုင်ထဲ မှ နှစ်ပွင့်ဖြစ်သည့် ပုဂ္ဂိုလ်နှစ်ဦးက မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
အမျိုးသားလွှတ်တော်က အချိုးကျကိုယ်စားပြုရွေးကောက် ပွဲစနစ်ကို တိုင်းဒေသကြီးများတွင် တစ်ပြေးညီကျင့်သုံးမည်ဆိုသည့် ဆုံးဖြတ်ချက်ကို အခြေခံဥပဒေနှင့်ညီ၊ မညီ ဆုံးဖြတ်ပေးရန်လည်း အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး တောင်းဆိုထားသည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာ ၁ ရက်တွင် သီးသန့်တွေ့ခဲ့
ရန်ကုန် - အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ ဒီဇင်ဘာ ၁ ရက်တွင်နေပြည်တော်၌ အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း သတင်းရရှိ သည်။
သို့သော် ခြောက်ပွင့်ဆိုင်ထဲ မှ နှစ်ပွင့်ဖြစ်သည့် ပုဂ္ဂိုလ်နှစ်ဦးက မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
အမျိုးသားလွှတ်တော်က အချိုးကျကိုယ်စားပြုရွေးကောက် ပွဲစနစ်ကို တိုင်းဒေသကြီးများတွင် တစ်ပြေးညီကျင့်သုံးမည်ဆိုသည့် ဆုံးဖြတ်ချက်ကို အခြေခံဥပဒေနှင့်ညီ၊ မညီ ဆုံးဖြတ်ပေးရန်လည်း အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် များက လက်မှတ်ရေးထိုး တောင်းဆိုထားသည်။
သို့သော် ခြောက်ပွင့်ဆိုင်ထဲ မှ နှစ်ပွင့်ဖြစ်သည့် ပုဂ္ဂိုလ်နှစ်ဦးက မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
အမျိုးသားလွှတ်တော်က အချိုးကျကိုယ်စားပြုရွေးကောက် ပွဲစနစ်ကို တိုင်းဒေသကြီးများတွင် တစ်ပြေးညီကျင့်သုံးမည်ဆိုသည့် ဆုံးဖြတ်ချက်ကို အခြေခံဥပဒေနှင့်ညီ၊ မညီ ဆုံးဖြတ်ပေးရန်လည်း အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် များက လက်မှတ်ရေးထိုး တောင်းဆိုထားသည်။
အိန္ဒိယပေါက်ကွဲမှုနှင့် ဆက်နွှယ်နေသူ မြန်မာသုံးဦး ဖမ်းဆီးခံရ
နှစ်နိုင်ငံနယ်စပ်တွင် JMB အကြမ်းဖက်သမား တစ်ရာကျော် ကိုဖမ်းဆီးနိုင်ရေးအတွက် အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်တို့က အရှိန် အဟုန်မြှင့် ဆောင်ရွက်နေချိန်၌ ယခုကဲ့သို့ မြန်မာသုံးဦးကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နှင့် မြန်မာအခြေစိုက်အဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြောင်း ဒါကာမြို့ ဒုတိယကော်မရှင်နာ ခရှစ်ရှနာပါဒါရွိုင်က ယနေ့တွင်ပြောသည်။
Tuesday, December 2, 2014
သံဃာများ ပါတီထူထောင်ခွင့်နှင့် မဲပေးခွင့်ရရန် နိုင်ငံတော် သမ္မတထံ တောင်းဆိုထားသည်ဟု ဆိုခြင်းကို မ.ဘ.သ ငြင်းဆို
၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲတွင် သံဃာများပါတီ ထူထောင်ခွင့်နှင့် မဲပေးခွင့်ရရန် နိုင်ငံတော်သမ္မတထံ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က တောင်းဆိုထားသည်မှာ မဟုတ်မှန် ကြောင်း မဘသ (ဗဟို)ဥက္ကဋ္ဌ ဆရာတော်က ငြင်းဆိုလိုက်သည်။
လွှတ်တော်တွင်း သံဃာအ မတ် ၂ဝ ရာခိုင်နှုန်းပေးရမည်အစ ရှိသည့် တောင်းဆိုချက်များ ရေး သားထားသည့် ထုတ်ပြန်ချက်တွင် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး (ဗဟို)၏ ထုတ်ပြန် ချက်ဟု ဖော်ပြထားပြီး၊ မဘသ (ဗဟို) ဥက္ကဋ္ဌဆရာတော်၏ လက် မှတ်နှင့် နာမည်ကို ဖော်ပြထားသည့် အဆိုပါထုတ်ပြန်ချက်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့်အတွက် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ ဘာဒွမ်ပေါက်ကွဲမှုနှင့်ပတ်သက်သည့် မြန်မာ ၃ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲဖမ်းဆီး
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်မှာဖြစ်ပွား ခဲ့တဲ့ ဘာဒွမ်ပေါက်ကွဲမှုနဲ့ ဆက်စပ်နေတဲ့ မြန်မာ ၃ ယောက်ကို ဖမ်းဆီးရမိထားပြီလို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။အဲဒီ ၃ ယောက်ဟာ ရိုဟင်ဂျာ စည်းလုံး ညီညွတ်ရေးအဖွဲ့ RSO နဲ့မြန်မာအခြေစိုက် တခြားအဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေဖြစ်တယ်လို့ ဒါက္ကာရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီး ခရစ်ရှနာ ပါဒါ ရွိုင်က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပြောပါတယ်။
သံဃာများ ပါတီထူထောင်ခွင့်နှင့် မဲပေးခွင့်ရရန် နိုင်ငံတော် သမ္မတထံ တောင်းဆိုထားသည်ဟု ဆိုခြင်းကို မ.ဘ.သ ငြင်းဆို
၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲတွင် သံဃာများပါတီ ထူထောင်ခွင့်နှင့် မဲပေးခွင့်ရရန် နိုင်ငံတော်သမ္မတထံ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က တောင်းဆိုထားသည်မှာ မဟုတ်မှန် ကြောင်း မဘသ (ဗဟို)ဥက္ကဋ္ဌ ဆရာတော်က ငြင်းဆိုလိုက်သည်။
လွှတ်တော်တွင်း သံဃာအ မတ် ၂ဝ ရာခိုင်နှုန်းပေးရမည်အစ ရှိသည့် တောင်းဆိုချက်များ ရေး သားထားသည့် ထုတ်ပြန်ချက်တွင် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး (ဗဟို)၏ ထုတ်ပြန် ချက်ဟု ဖော်ပြထားပြီး၊ မဘသ (ဗဟို) ဥက္ကဋ္ဌဆရာတော်၏ လက် မှတ်နှင့် နာမည်ကို ဖော်ပြထားသည့် အဆိုပါထုတ်ပြန်ချက်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့်အတွက် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
လွှတ်တော်တွင်း သံဃာအ မတ် ၂ဝ ရာခိုင်နှုန်းပေးရမည်အစ ရှိသည့် တောင်းဆိုချက်များ ရေး သားထားသည့် ထုတ်ပြန်ချက်တွင် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး (ဗဟို)၏ ထုတ်ပြန် ချက်ဟု ဖော်ပြထားပြီး၊ မဘသ (ဗဟို) ဥက္ကဋ္ဌဆရာတော်၏ လက် မှတ်နှင့် နာမည်ကို ဖော်ပြထားသည့် အဆိုပါထုတ်ပြန်ချက်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့်အတွက် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
၉ နှစ်အရွယ် သြစီသူကို မိဘတွေ အိမ်ထောင်ပြုပေး
ဆစ်ဒနီမြို့က အသက် ၉ နှစ်အရွယ် ကလေးမလေးကို မိဘတွေက အိမ်ထောင်ပြုဖို့အတွက် အရှေ့ အလယ်ပိုင်း နိုင်ငံတစ်ခုကို ပို့ဆောင်ထားတဲ့အကြောင်း အမျိုးသမီးအဖွဲ့အစည်း တစ်ခုက အေဘီစီ ကို ပြောပြခဲ့ပါတယ်။
အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို လက်ထပ်ပေးဖို့ မိဘတွေက အရှေ့အလယ်ပိုင်းကို ပို့ဆောင်တဲ့အကြောင်းကို မနေ့က သိရှိရတာဖြစ်တယ်လို့ ရွှေ့ပြောင်းနေထိုင်လာသူ အမျိုးသမီးတွေရဲ့ ကျန်းမာရေးဝန်ဆောင်မှု အဖွဲ့က Dr Eman Sharobeem က ပြောပါတယ်။

ရန်ကုန်နှင့် ဒေသအချို့တွင် အအေးပိုမည်
ကမ္ဘာ့လေစီးကြောင်းများ ရွေ့လျားမှု၏ သက်ရောက်သည့် အရှိန်ကြောင့် မြန်မာနိုင်ငံ ဘက်ခြမ်းသို့ လေအေးစီးကြောင်းများ ဝင်ရောက်လာရာ ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း ၅ ရက်မှ ၇ အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အအေးပိုမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
အနောက်မြောက် လေအေးများကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ကုန်းမြင့် တောင်တန်းဒေသ များ ဖြစ်သည့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် စသည့် မြန်မာနိုင်ငံ အထက်ပိုင်း ဒေသတို့တွင် အအေးဓာတ် ပိုနိုင်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

ဆေးရုံတွင် လိမ်လည်ကုသစဉ် သွေးဆိပ်တက်၍ သေဆုံး
ရထားလမ်းကို ဖြတ်ကူးစဉ် ရထားဖြင့်တိုက်မိပြီး ဒဏ်ရာရရှိခဲ့သည်ကို ဆေးရုံတွင် ပြုတ်ကျသည့် ဒဏ်ရာဟုပြောဆို၍ လိမ်လည် ကုသစဉ် နိုဝင်ဘာလ ၂၉ ရက်၊ နံနက် ၁ နာရီဝန်းကျင်က သွေးဆိပ်တက် ရောဂါဖြင့် သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု လှိုင်မြို့နယ် အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ် ပြန်ထားသည်။
သေဆုံးသူသည် ရထားဖြင့်တိုက်၍ ဒဏ်ရာရရှိခဲ့သည်မှာ နိုဝင်ဘာလ ၂၃ ရက်ကဖြစ်ပြီး ရထားတိုက်မိစဉ်ကလည်း ဆေးရုံတွင် ဆေးကုသမှု ခံယူရန် သွားမည်ဟု အကြောင်းပြကာ ရှောင်တိမ်း ထွက်သွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၃ ရက်၊ မွန်းလွဲ ၁ နာရီက ရန်ကုန်ဘက်မှ အင်းစိန်ဘက်သို့ မောင်းနှင်လာသည့် မြို့ပတ်ရထားသည် လှည်းတန်းဘူတာနှင့် ကမာရွတ်ဘူတာကြားရှိ ရထားလမ်းကူးနေရာ အရောက်တွင် ဖြတ်ကူးသည့် ဆိုက္ကားနှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

ဘရာဇီးတွင် ဝင်ငွေနည်းပါးသော စုံတွဲ ၂၀၀၀ နီးပါး အစုလိုက် လက်ထပ်ပွဲ ကျင်းပ
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနဲရိုးမြို့ ရှိ မိုးလုံလေလုံ အားကစားရုံကြီး တစ်ခုတွင် ဘရာဇီး စုံတွဲ ၂,၀၀၀ နီးပါးခန့် အစုအဝေးလိုက် လက်ထပ်မင်္ဂလာ ကျင်းပခဲ့ကြရာ၊ ထိုမြို့၏ သမိုင်းကြောင်း တစ်လျှောက်တွင် အကြီးမားဆုံးသော မင်္ဂလာပွဲ ဖြစ်ခဲ့သည်။ နှစ်စဉ် ပြုလုပ်လေ့ ရှိသော အစုအဝေးလိုက် မင်္ဂလာဆောင်ခြင်းအား ဒေသဆိုင်ရာ အာဏာပိုင်များက ကူညီအားပေး ခဲ့ကာ၊ ထိုပွဲမှာ ဝင်ငွေ နည်းပါး၍ သီးသန့် မင်္ဂလာပွဲ ကျင်းပရန် မတတ်နိုင်ကြသော သူများအား ကူညီရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ကြာနုအောက်ဖောင်းရစ်အထိ ရွှေစင်ရွှေပြားများ ကပ်လှူရေးတွင် ပြည်သူများ ကုသိုလ်ယူလှူဒါန်းနိုင်
နေ ပြည်တော်တွင် တည်ထားကိုးကွယ် လျက်ရှိသော ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏ ကြာနုအောက်ဖောင်း ရစ်သုံးရစ်အထိ ရွှေစင်ရွှေပြားများ ကပ်လှူရန်စီစဉ်လျက်ရှိပြီး အများ ပြည်သူများအနေဖြင့်လည်း ကုသိုလ် ယူပါဝင်လှူဒါန်းနိုင်ကြောင်း သိရ သည်။
နေပြည်တော်ဥပ္ပါတသန္တိစေ တီတော်မြတ်ကြီးအား နိုင်ငံတော် အစိုးရနှင့် အများပြည်သူတို့၏ စုပေါင်း လှူဒါန်းငွေများဖြင့် တည်ထားခဲ့ရာ ၂ဝဝ၉ခုနှစ် မတ် ၉ရက်တွင် တည် ဆောက်ပြီးစီး၍ ရွှေထီးတော်တင် လှူကာ ရွှေစင်ရွှေပြားများကို စေတီ တော်ကြီး၏ ကြာနုအောက်ခြေအထိ ကပ်လှူပူဇော်ခဲ့ပြီးဖြစ်ကြောင်း ၊ ယခု အခါ နေပြည်တော်ကောင်စီ၏ ကြီး ကြပ်မှုဖြင့် ယင်းကြာနုအောက်ခြေမှ ဖောင်းရစ်သုံးရစ်အထိ ရွှေစင်ရွှေပြား များ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ် သည်။
နေပြည်တော်ဥပ္ပါတသန္တိစေ တီတော်မြတ်ကြီးအား နိုင်ငံတော် အစိုးရနှင့် အများပြည်သူတို့၏ စုပေါင်း လှူဒါန်းငွေများဖြင့် တည်ထားခဲ့ရာ ၂ဝဝ၉ခုနှစ် မတ် ၉ရက်တွင် တည် ဆောက်ပြီးစီး၍ ရွှေထီးတော်တင် လှူကာ ရွှေစင်ရွှေပြားများကို စေတီ တော်ကြီး၏ ကြာနုအောက်ခြေအထိ ကပ်လှူပူဇော်ခဲ့ပြီးဖြစ်ကြောင်း
မြန်မာလုပ်သား နှစ်ဆယ်ကျော်သေဆုံးမှု သံသယရှိသူများကို မလေးရှားရဲတပ်ဖွဲ့ ပထမဆုံးအကြိမ်ဖမ်းဆီး
မလေးရှားနိုင်ငံ ပီနန်မြို့ တွင် ယခုနှစ်အတွင်း မြန်မာလုပ် သား ၂၃
ဦးအသတ်ခံရမှုနှင့် ပတ် သက်၍ ရခိုင်ပြည်နယ်မှလာ ရောက်သည့် အစ္စလာမ်ဘာသာ
ဝင်ခုနစ်ဦးကို မလေးရှားရဲတပ်ဖွဲ့ က ဖမ်းဆီး လိုက်ကြောင်းသတင်း ရရှိသည်။
မလေးရှားနိုင်ငံတွင် မြန်မာ လုပ်သားများ အသတ်ခံရမှု ကြောင့် သံသယရှိသူ လူသတ် တရားခံများကို မလေးရှား ရဲ တပ်ဖွဲ့က ဖမ်းဆီးအရေးယူခြင်း သည် ပထမဆုံးအကြိမ်ဖြစ် ကြောင်း မလေးရှားရောက်မြန်မာ လုပ်သားများကပြောသည်။
မလေးရှားနိုင်ငံတွင် မြန်မာ လုပ်သားများ အသတ်ခံရမှု ကြောင့် သံသယရှိသူ လူသတ် တရားခံများကို မလေးရှား ရဲ တပ်ဖွဲ့က ဖမ်းဆီးအရေးယူခြင်း သည် ပထမဆုံးအကြိမ်ဖြစ် ကြောင်း မလေးရှားရောက်မြန်မာ လုပ်သားများကပြောသည်။
နီနီခင်ဇော်နဲ့တွဲပြီး ‘မျှော်လင့်ချက်တစ်စုံတစ်ရာ’ဆိုခဲ့တဲ့ ပြေသုဒြာကြောင့် အံ့အားသင့်ခဲ့ရတဲ့ အိန္ဒြာကျော်ဇင်
၂၀၁၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂ရက် ပြေတီဦးပညာရေးဖောင် ဒေးရှင်း ပဉ္စမ အကြိမ် ထောက် ပံ့ ငွေပေး အပ်သည့် အခမ်းအနား ဖျော်ဖြေရေးအစီအစဉ်တွင် နီနီ ခင်ဇော်နှင့်အတူ သမီးဖြစ်သူ ပြေသုဒြာက မျှော်လင့်ချက်တစ်စုံ တစ်ရာသီချင်းသီဆိုခဲ့ရာ ကိုယ် တိုင် အံ့သြခဲ့ ရကြောင်း အိန္ဒြာ ကျော်ဇင်ကပြောသည်။ ‘‘အစ်မတောင်မသိလိုက် ဘူး။ နီနီခင်ဇော်လာတော့ အသည်းမခွဲပါနဲ့ဆိုတဲ့ သီချင်းဆိုပေးပါဆို ပြီး သွားပြောတယ်တဲ့။ အဲဒါ နီနီ ခင်ဇော်က စင်ပေါ်ကနေ ပြေသု ဒြာလေးအတွက်ဆိုပေးပါ့မယ် လည်းပြောလိုက်ရော သူ့အထိန်း ပေါ်ကနေ
လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းဆီးခံထားရသူ ၂ ဦး အာမခံရရေး ဆက်လက်ကြိုးပမ်းမည်
ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့
ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံနဲ့ ပြန် လွတ်
လာနိုင်ဖို့ မြန်မာသံရုံးအထူးအဖွဲ့က ထပ်မံအာမခံလျောက်မယ်လို့ သံရုံးအထူးအဖွဲ့ဝင် ဦးမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။
ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အင်စတီကျူးရှင်းအကြီးဆုံးတစ်ခုဖြစ်သည့် ပြည်ထောင်စုလွှတ်တော်က တောင်းဆိုခြင်းဖြစ်၍ အစိုးရအဖွဲ့မှ လေးလေးနက်နက်စဉ်းစားပြီး ပြန်ကြားရမည့်တာဝန်ရှိကြောင်း ဒေါက်တာအေးမောင်ပြောကြား
ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အင်စတီကျူးရှင်းအကြီးဆုံးတစ်ခြု
ခြောက်ပွင့်ဆိုင်တောင်းဆိုခြင်း
အီဘိုလာ ကမ္ဘာအနှံ့ ကူးစက်မယ့် အန္တရာယ် ကြီးနေဆဲ
အနောက် အာဖရိကမှာ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ် အီဘိုလာ ရောဂါဟာ တခြား ကမ္ဘာ့ အစိတ်အပိုင်း တွေကိုပါ ကူးစက် ပြန့်ပွားနိုင်တဲ့ အန္တရာယ် ကြီးကြီးမားမား ရှိနေဆဲ ဖြစ်ကြောင်း ကုလ သမဂ္ဂရဲ့ အီဘိုလာ တိုက်ဖျက်ရေး ဆိုင်ရာ အနောက် အာဖရိက ဒေသ အကြီးအကဲက ဘီဘီစီကို ပြောပါတယ်။
အီဘိုလာ တိုက်ဖျက်ရေး အတွက် ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြည့်မီဖို့ လျာထားတဲ့ သူ့ရဲ့ လုပ်ငန်း ဆိုင်ရာ သတ်မှတ်ချက်တွေ ပြည့်မီခြင်း ရှိ မရှိ ကိုလည်း မစ္စတာ Tony Banbury က တိတိကျကျ ပြောဆိုခြင်း မရှိပါဘူး။
အီဘိုလာ တိုက်ဖျက်ရေး အတွက် ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြည့်မီဖို့ လျာထားတဲ့ သူ့ရဲ့ လုပ်ငန်း ဆိုင်ရာ သတ်မှတ်ချက်တွေ ပြည့်မီခြင်း ရှိ မရှိ ကိုလည်း မစ္စတာ Tony Banbury က တိတိကျကျ ပြောဆိုခြင်း မရှိပါဘူး။
ငါးခြောက်မှာ ဓာတု ပိုးသတ်ဆေး ထည့်
မြန်မာနိုင်ငံက ငါးခြောက်တွေမှာ ဓာတု ပိုးသတ်ဆေးတွေ ထည့်သွင်း ထားကြောင်း အာဏာပိုင်တွေက ဓာတ်ခွဲ စစ်ဆေး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီပိုးသတ်ဆေး တွေက စားသုံးသူတွေအပေါ် အန္တရာယ် ပိုးသတ်ဆေး မျိုးတွေ ဖြစ်ပြီး ကလိုရိုဖောင်း ခေါ် ယင်မနားဆေး တွေ သုံးတာ အဓိက တွေ့ရတယ်လို့ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။
ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ရခိုင်၊ တနင်္သာရီ စတဲ့ ကမ်းရိုးတန်း ဒေသ ငါးခြောက် လုပ်ငန်း လုပ်ကိုင် သူတွေက ငါးခြောက် ကို မလှန်းခင် ထဲက ဒီပိုးသတ်ဆေး စိမ်တာမျိုးတွေ ရှိတယ်လို့ သူက ပြောပါတယ်။

တိုနန့်နန့်ဝတ်စုံ ၀တ်ဆင်လို့ အရိုက်ခံရတဲ့ အိန္ဒိယ မင်းသမီး
အိန္ဒိယနိုင်ငံ ဘောလီဝုဒ်မင်းသမီးနဲ့ မော်ဒယ်လ် ဂူဟာခန် (Gauhar Khan)ဟာ တိုနန့်နန့်ဝတ်စုံကို ၀တ်ဆင်တဲ့အတွက် အရိုက်ခံခဲ့ရပါတယ်။
ရုပ်ရှင်မင်းသမီး ခန်ဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းတခုကို ရိုက်ကူးနေစဉ်မှာ အသက် ၂၄ နှစ်အရွယ် ပရိသတ်တဦးက ဆုံးမတဲ့အနေနဲ့ ရိုက်ခဲ့တာလို့ ဆိုပါတယ်။ ရိုက်နှက်တဲ့သူတွေကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
မွတ်စလင် အမျိုးသမီးတဦး ဖြစ်တဲ့အတွက် တိုနှံနှံ အ၀တ်အစားတွေ မ၀တ်သင့်ဘူးလို့ ရိုက်နှက်တဲ့ သူက ပြောဆိုတယ်လို့လည်း ဆိုပါတယ်။

မျိုးစောင့်ဥပဒေများ အများပြည်သူသို့ ပထမဆုံးအကြိမ်ချပြ
အစိုးရက အများပြည်သူ လေ့လာအကြံပြုနိုင်ရန် ထုတ်ပြန် လိုက်သည့် ဘာသာ ကူးပြောင်း ခြင်း၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမ များအထူးထိမ်းမြားခြင်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းနှင့် လူဦးရေတိုးပွားနှုန်းထိန်းချုပ်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းလေးခုတွင် အငြင်းပွားဖွယ်ရာအချက်အလက်များပါဝင်နေကြောင်း ဥပဒေပညာရှင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ဖီဖာကမ္ဘာ့အကောင်းဆုံး ဆန်ခါတင်သုံးဦးအဖြစ် ရော်နယ်ဒို၊ နူအာ၊ မက်ဆီရွေးချယ်ခံရ
ဖီဖာနှင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းတို့က ၂၀၁၄ ဖီဖာဘော်လွန်းဒီအော (ကမ္ဘာ့အကောင်းဆုံးဆု)အတွက် ဆန်ခါတင်သုံးဦးစာရင်းကို ဒီဇင်ဘာ ၁ရက်က ကြေညာလိုက်ရာ ရေပန်းစားနေသည့်အတိုင်းပင် ရော်နယ်ဒို၊ မက်ဆီ၊ နူအာတို့ ရွေးချယ်ခံခဲ့ရသည်။ အကောင်းဆုံးကစားသမားဆုကို ၂၀၁၅ ဇန်န၀ါရီ ၁၂ရက်တွင်
အဝေးပြေးယာဉ်များပေါ်တွင် ခရီးသည်အသွင်ဖြင့် အလစ်သုတ်မှုများ မကြာခဏဖြစ်ပွား
အဝေးပြေးယာဉ်များ ပေါ်တွင် ခရီးသည်အသွင်ဖြင့်အုပ် စုဖွဲ့အလစ်သုတ်ခိုးယူသည့်ဖြစ် စဉ်များ မကြာခဏ ဖြစ်လာသ ဖြင့် ပိုမိုသတိထားရန်ခရီးသည် များကို ယာဉ်လိုင်းများက သတိ ပေးပြောကြား ထားသည်။
ရွှေ၊ ငွေနှင့်တန်ဖိုးကြီးပစ္စည်း များကို ခရီးဆောင်အိတ်များနှင့် ထည့်သွင်းသွားလာပါက သတိရှိရန်နှင့် ယာဉ်မထွက်ခွာမီ ခရီးသည်တက်စဉ် ခိုးဝှက်ခြင်းများနှင့် အုပ်စုဖွဲ့အလစ်သုတ်မည့်အဖွဲ့ က ကားလက်မှတ်ဖြတ်၍ ကား ပေါ်တွင် အခွင့်ကောင်းစောင့် သည့် အဆင့်ထိရှိလာကြောင်း နာမည်ကြီး ယာဉ်လိုင်းများထံမှ သတင်းရရှိသည်။

ရိုးမဘဏ်က တယ်လီနောနှင့်ပေါင်း၍ မိုဘိုင်းဘဏ်ဝန်ဆောင်မှု စတင်
ရိုးမဘဏ်က တယ်လီ နောနှင့်ပူးပေါင်း၍ မိုဘိုင်းဘဏ် လုပ်ငန်းနှင့် ငွေပေးချေမှုများကို ယခုရက်ပိုင်းအတွင်း စတင်မည် ဖြစ်ကြောင်း ရိုးမဘဏ်မှသတင်း ရရှိသည်။
မိုဘိုင်းဘဏ်ဝန်ဆောင်မှုမှာ ဘဏ်များ(သို့မဟုတ်) ဘဏ်မှ သတ်မှတ်ပေးထားသော အေဂျင် စီများတွင် အကောင့်ဖွင့်လှစ်ရန် လိုအပ်မည်ဖြစ်ပြီး ငွေလွှဲပို့ခြင်း၊ ထုတ်ယူခြင်းများကို မိုဘိုင်းဖုန်း တွင် ထည့်သွင်းထားသောဆော့ဖ် ၀ဲမှတစ်ဆင့် မက်ဆေ့ခ်ျပေးပို့ လိုက်ရုံဖြင့် ဘဏ်သို့သွားရန်မလိုဘဲ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

Monday, December 1, 2014
လိုင်စင်ပြန်လည်ရရှိပြီးပါက MPT အနေဖြင့် အခြားအော်ပရေတာများနည်းတူ လုပ်ငန်းလုပ်ကိုင်ခွင့် သက်တမ်း ၁၅နှစ်ရရှိမည်
အော်ပရေတာတစ်ခုအဖြစ် လုပ်ကိုင်မည့်မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ရှိတွင် တယ်လီဖုန်း အော်ပရေတာလိုင်စင် ရရှိရန်ပြန် လည် လျှောက်ထားနေသည့်ကာလ ဖြစ်ပြီး လပိုင်းအတွင်း လိုင်စင်ချ ထားပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်ဟု သိရသည်။
မျိုးစောင့် ဥပဒေကြမ်းလေးခု လွှတ်တော်သို့ တင်သွင်းလိုက်ပြီ
မျိုးစောင့် ဥပဒေတွေဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ အပါအဝင် ဥပဒေကြမ်း လေးခုကို နိုဝင်ဘာလ ၂၆ရက်နေ့က လွှတ်တော်သို့ တင်သွင်းလိုက်ပြီလို့ နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားရေးမှူး တစ်ဦးရဲ့အင်တာနက် လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းနှစ်ခုကို ပြည်ထောင်စု အစိုးရအဖွဲ့ကနေ လွှတ်တော်သို့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ တင်သွင်းခဲ့တာပါ။

Subscribe to:
Posts (Atom)