Friday, December 26, 2014
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ရန် တာစူနေ
ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသည့် လေဖိအား နည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံ မြစ်ဝ ကျွန်းပေါ်နှင့်     ကမ်းလွန် ပင်လယ်ပြင်၌     လေပြင်းများ တိုက်ခတ်နိုင်ပြီး မိုးရွာသွန်းနိုင် ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက   ခန့်မှန်း သည်။
အဆိုပါ လေဖိအားနည်းရပ် ၀န်းသည် မုန်တိုင်းငယ်အဆင့် ဖြစ်ပေါ်ပါက ဘင်္ဂလားဒေ့ရှ်ကမ်း ရိုးတန်းသို့ ၀င်ရောက်နိုင်ပြီး ဆိုင် ကလုန်းမုန်တိုင်းအဆင့်သို့ ပြောင်း လဲပါက အိန္ဒိယနိုင်ငံသို့ဝင်ရောက် ဖွယ်ရှိကြောင်း မိုးဇလက ခန့်မှန်း ထားသည်။
MPT ၏ ပြည်တွင်း ပြည်ပဖုန်းခေါ်ဆိုခများအား ယခုနှစ် မကုန်မီ ပြင်ဆင်ပေးမည်ဟုဆို
ယခု၂ဝ၁၄ခုနှစ်မကုန်မီ ပြည် တွင်းပြည်ပ ဖုန်းခေါ်ဆိုခနှုန်းထားများ အား ပြင်ဆင်သွားမည်ဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးမှ အကြီးတန်းအင်ဂျင် နီယာတစ်ဦးက ပြောသည်။
''သေချာပြင်ဆင်သွားမှာပါ။ လက် ရှိမှာ အခက်အခဲတွေနဲ့ ပြောင်းလဲမှုတွေ ရှိနေလို့ပါ။ ဒီနှစ်မကုန်မီ အမီပြင်ဆင် သွားမှာပါ''ဟု ယင်းက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအ နေဖြင့် ယင်းသို့ဖုန်းခေါ်ဆိုခများ ပြင် ဆင်သတ်မှတ်မှုအပြင် ဖုန်းခေါ်နိုင်မည့် နိုင်ငံများကိုပါ တိုးချဲ့သွားမည်ဖြစ်ကြောင်း အဆိုပါ အကြီးတန်းအင်ဂျင်နီယာက ပြော သည်။
ငွေသယ်ကားတစ်စီးပေါ်မှ ပြုတ်ကျခဲ့သော ကန်ဒေါ်လာနှစ်သန်း နီးပါးတန်ဖိုးရှိ ငွေစက္ကူများ ဟောင်ကောင်လမ်းမပေါ်တွင် ပြန့်ကျဲခဲ့
ဟောင်ကောင်မှ နောက်ဆုံးသတ်မှတ်ထားချိန်တွင် ဈေးဝယ်ထွက်ခဲ့သူ များ Last Minute Shopper သည် ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းတွင် ပျော်ရွှင် စရာဖြစ်ရပ် တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။
ဟောင်ကောင်မြို့၏ ဝမ်ချိုင်ခရိုင်မှ ခလုစတာလမ်းတွင် ဖြတ်သွားသော ငွေသယ်ဗင်ကားပေါ်မှ ပိုက်ဆံများကားပေါ်မှထွက်ကျကာ လမ်းတစ်လျှောက် ပြန့်ကျဲနေခဲ့ပြီး ထိုပိုက်ဆံများကို အလုအယက် ကုန်းကောက်နေသော လမ်းသွား လမ်းလာယာဉ်မောင်းများ၊ လမ်း လျှောက်သူများကို ဗီဒီယိုမှတ်တမ်း များတွင် တွေ့ရမည်ဖြစ်သည်။
မန္တလေးတွင် တရုတ်နိုင်ငံသား ငါးဦးကို ပြည်နှင်ဒဏ်ပေး
မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ်ရှိ တရုတ်စားသောက်ဆိုင် တစ်ဆိုင်တွင် မာကျောက် ကစားနည်းဖြင့် လောင်းကစား ပြုလုပ်နေသည့် တရုတ်နိုင်ငံသား ငါးဦးကို ပြစ်ဒဏ်များ ကျခံစေပြီးလျှင် ပြည်နှင်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းဇော်က ပြောကြားသည်။
“ဗီဇာစည်းကမ်းကို ဖောက်ဖျက်ကျူးလွန်တဲ့ အတွက် ပြည်နှင်သွားမှာပါ” ဟု ၎င်းကဆိုသည်။
သမ္မတဦးသိန်းစိန် ရခိုင်ပြည်မှာ အားပေး
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရမ္မာဝတီခန်းမမှာ ကျောက်ဖြူ မြို့ခံတွေ၊ နိုင်ငံရေးပါတီတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် ဖံွ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်မယ့်အခြေအနေတွေနဲ့ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိရေးအတွက် ဆောင်ရွက်နေကြောင်း ပြောခဲ့တယ်လို့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြော ပါတယ်။
လက်ပံတောင်း ပဋိပက္ခအတွင်း သေနတ်ထိမှန်သေဆုံးသူ ဒေါ်ခင်ဝင်း အလောင်းကို စတင်စစ်ဆေး
တောင် ကြေးနီစီမံကိန်း ပဋိပက္ခအတွင်း သေနတ် ထိမှန်သေဆုံးခဲ့သော ဒေါ်ခင်ဝင်း၏ အလောင်းကို ဒီဇင်ဘာ ၂၄ရက်က ဆားလင်းကြီးမြို့နယ် ဆေးရုံ၌ဆရာဝန်များက ရင်ခွဲစစ် ဆေးခဲ့ကြောင်း သိရသည်။
လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင်ရွာမှ အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းမှာ ဒီ ဇင်ဘာ ၂၂ရက်က ဒေသခံများ နှင့် ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့များအကြား ပဋိပက္ခဖြစ်ပွားစဉ် ရဲတပ်ဖွဲ့မှပစ်ခတ်ခဲ့သည့် ကျည်ဆန် ဦးခေါင်း ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိုက်မှုဖြစ်၍ ဦးနေဝင်းမြေး ဦးဇွဲနေဝင်း ဒဏ်ရာရ
မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ကျောက်မျက်ရတနာ ခန်းမရှေ့တွင် ဒီဇင်ဘာလ ၂၅ ရက် နံနက် ၉ နာရီခွဲက ယခင်စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူ ဦးဇွဲနေဝင်း စီးနင်းလာသော မော်တော်ယာဉ်ကို အခြားယာဉ်တစ်စီးက ဝင်တိုက်မိပြီး ဦးဇွဲနေဝင်း ဒဏ်ရာရရှိခဲ့ကြောင်း မရမ်းကုန်း မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
၂ဝ၁၅ အလွန် သမ္မတရာထူးအတွက် ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့အား ပြည်ခိုင်ဖြိုးပါတီ ရွေးချယ်ထားဟုဆို
ရန်ကုန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ၂ဝ၁၅ ရွေးကောက်ပွဲ အလွန်သမ္မတရာထူးကို လက်ရှိသမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ပါတီအနေနဲ့က တော့ ၂ဝ၁၅ ရွေးကောက်ပွဲအလွန်မှာ သမ္မတနေရာကို လက်ရှိ သမ္မတဦးသိန်း စိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေ မန်းတို့ကို ရွေးချယ်ထားတယ်။ အဲလို ရွေးချယ်ထားတာ ၂ဝ၁၃ ခုနှစ်ကတည်း ကပါ။ အဲ့လိုပဲ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တွေလဲ ရွေးထားပြီးပါပြီ''ဟု အဆိုပါပါတီမှ အမည်မဖော်လိုသူပါတီ အကြီးအကဲတစ်ဦးက ပြောသည်။
ကျွန်မမှာ ရှိတဲ့ အတိုင်း အရှိကိုပဲ ဖော်ပြပါတယ် ကျွန်မဘက်တော့ ဘယ်တော့မှာ ပြောင်းလဲ မှာ မဟုတ်ဘူး
ကန်တော်ကြီးမျှော်စင်ကျွန်း၌ကျင်းပခဲ့သော Grand Royal New Year အကြိုဖျော်ဖြေပွဲတွင် တေးသံရှင် အမွန်းရဲ့ဖျော်ဖြေပွဲဝတ်စုံဟာ ပရိသတ်အပြောများခဲ့ပြီး လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက် နှာများထက် တွင်လည်း ဝေဖန်မှုများဖြစ်ခဲ့တာကြောင့် အဆိုတော်အမွန်းကို ပရိသတ်ဝေဖန်မှုများ၊ ပြော ဆိုနေမှုအများ အပေါ် အမြင်ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းဖြစ်ခဲ့ရာ ''ကျွန်မဘက်ကတော့ အားလုံးရဲ့ အမြင်ကို လေးစားပါတယ်။ ကျွန်မရဲ့အမြင်ကိုလေးစားတဲ့အချိန် တစ်ချိန်ချိန်ကို စောင့်မျှော်ရမှာပဲ။ ကျွန်မ ဘက်ကတော့ ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ဘူး။ ကျွန်မမှာရှိတဲ့အတိုင်း အရှိကိုပဲ ဖော်ပြပါတယ်။
အခု ပွဲမှာဝတ်ခဲ့တဲ့အဝတ်အစားကလဲ အသစ်မဟုတ်ပါဘူး။ ကျွန်မရဲ့ Music Video တစ်ခုမှာ ဝတ်ဖူး ပါတယ်။ ပရိသတ်တွေသိပါတယ်။
ကားနှစ်စီး ဘေးချင်းယှဉ်ပွတ်မိရာမှ တစ်ဖက်ယာဉ်ကြောမှ ယာဉ်ကိုတိုက်မိ၍ နှစ်ဦးသေ ခြောက်ဦး ဒဏ်ရာရ
ဒီဇင်ဘာ ၂၄ ရက်နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမပေါ်တွင် ယာဉ်နှစ်စီး ဘေးချင်းပွတ်တိုက်မိရာ တစ်ဖက်ယာဉ်ကြောမှယာဉ်ကို ၀င်ရောက် တိုက်မိသဖြင့် နှစ်ဦးသေ၊ ခြောက် ဦး ဒဏ်ရာရရှိခဲ့သည်။
ထောက်ကြန့်မှ မင်္ဂလာဒုံ ဘက်သို့ မောင်းနှင်လာသော ရေ သန့်ပို့သည့်ယာဉ်နှင့် ငွေနှင်းမန္တ လာ ရန်ကုန်-မန္တလေး-နေပြည် တော် ခရီးသည်တင်ယာဉ်တို့ သည် မင်္ဂလာဒုံမြို့နယ် ပညာရေး မှူးရုံး အနီးတွင် ဘေးချင်းပွတ် တိုက်မိကာ ယာဉ်နှစ်စီးစလုံး တစ် ဖက်ယာဉ်ကြောသို့ ရောက်ရှိသွား ပြီး မျက်နှာချင်းဆိုင်မှ မြေသယ် ယာဉ်အား ၀င်ရောက်တိုက်မိခဲ့ ခြင်းဖြစ်သည်။
ပြည်တွင်းထုတ် မောင်းသူမဲ့လေယာဉ်များ ကယ်ဆယ်ရေး၊ သုတေသနနှင့် လုံခြုံရေးအတွက် အသုံးပြုမည်
Photo: ပြည်တွင်းထုတ် မောင်းသူမဲ့လေယာဉ်များ ကယ်ဆယ်ရေး၊ သုတေသနနှင့် လုံခြုံရေးအတွက် အသုံးပြုမည်
ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၁၄
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကိုယ်ပိုင်ဒီဇိုင်း ဆွဲ၍ တည်ဆောက်ထားသည့် မောင်းသူမဲ့လေယာဉ် (MACEU 05) များကို သုတေသနလုပ်ငန်း၊ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများနှင့် နိုင်ငံတော်လုံခြုံ ရေးအတွက် စောင့်ကြည့်ရေးလုပ် ငန်းများ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ် သုတေသန ဌာနမှ သတင်းရရှိသည်။
‘‘လေယာဉ်ပေါ်မှာ တပ်ဆင် တဲ့ ကိရိယာပေါ်မူတည်ပြီး နေရာ တော်တော်များများမှာ အသုံးပြု နိုင်ပါတယ်။ သုတေသနလုပ်ငန်း တွေအပြင် သဘာဝဘေးအတွက် ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ် ငန်းတွေမှာ သုံးနိုင်သလို လုံခြုံ ရေးနဲ့ ကာကွယ်ရေးအတွက် စောင့်ကြည့်ထောက်လှမ်းတဲ့ နေရာတွေ မှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်’’ဟု မြန်မာနိုင်ငံလေကြောင်း နှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ်သုတေသန ဌာန ဌာနမှူး ဒေါက်တာသဲမောင်မောင်က 7Day Daily သတင်းစာ အား ပြောသည်။
မောင်းသူမဲ့လေယာဉ်စီမံ ချက်ကို သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန၏ လမ်းညွှန်မှုနှင့် ၂၀၀၉ တွင် စတင်၍ သုတေသနများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်ကိုယ်ပိုင်ဒီဇိုင်းများရေးဆွဲပြီး မောင်းသူမဲ့စနစ် ထည့်သွင်းထားသော လေယာဉ် ခုနစ်စီး တည်ဆောက် ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။အဆိုပါ မောင်းသူမဲ့လေ ယာဉ်ကို အကြိမ်ကြိမ်စမ်းသပ်မှု များပြုလုပ်ခဲ့ပြီး လက်တွေ့စမ်း သပ်မှုအနေဖြင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက မြန်မာနိုင်ငံတွင် ပထမဆုံးတည်ဆောက်မည့် 500 KV ဓာတ်အားလိုင်းပြေးဆွဲနိုင် ရန် လမ်းအူကြောင်းကို စစ်တမ်း ကောက်ပြီး တိုင်းတာရေးအတွက် မိုင် ၁၂၀ ရှည်သော လမ်းကြောင်းကို ကောင်းကင်ဓာတ်ပုံမှတ်တမ်း များရယူပြီး တိုင်းတာမှုများ ပြု လုပ်နိုင်ခဲ့သည်ဟု ဆိုသည်။
‘‘လေယာဉ်က လေထဲရောက်သွားရင် အလိုအလျောက်မောင်း တဲ့စနစ်ကို ဖွင့်လိုက်တယ်။ ပြီး တော့ ထိန်းချုပ်ရေးစခန်းကနေ ပဲခူးရိုးမတစ်လျှောက် ကောင်းကင် ဓာတ်ပုံတွေကို တိုင်းတာခဲ့ပါတယ်။ အဲဒါတွေကို ကိုရီးယားပညာရှင် အဖွဲ့နဲ့ ပူးပေါင်းပြီး 3D မြေပုံတွေ ပြန်ပြီး ပြုလုပ်နိုင်ခဲ့ပါတယ်’’ဟု ဒေါက်တာ သဲမောင်မောင်က ရှင်းပြသည်။
လေယာဉ်အရွယ်အစားမှာ ဦးပိုင်းမှ အမြီးဖျားအထိ အလျား မှာ ၂ဒသမ၁ မီတာ၊ အတောင်မှာ ၂ဒသမ၇ မီတာရှိမည် ဖြစ်သည်။ အင်ဂျင်ပါ 4HP ရှိမည်ဖြစ်ကာ အမြင့်ပေ ၁၂၀၀ တွင် အကွာအ ဝေး ၅၀ ကီလိုမီတာထိ ပျံသန်းနိုင်ပြီး မိုင် ၁၂၀ ခရီးကို ဆယ်ကြိမ်နား ၍ ပျံသန်း တိုင်းတာနိုင် ခဲ့ကြောင်း သတင်းရရှိသည်။
လေယာဉ်ကိုယ်ထည်ကို ပေါ့ပါးခိုင်မာသည့် သစ်သားတစ် မျိုးဖြင့် တည်ဆောက်ထားပြီး အ လေးချိန် ၂ကီလိုဂရမ် (၄ ပေါင်)သယ်ဆောင် သွားနိုင်ကာ ပျံသန်း ချိန် တစ်နာရီအထိ လေထဲတွင် ပျံ သန်းနိုင်မည် ဖြစ်သည်။
MACEU 05 မောင်းသူမဲ့ လေယာဉ်ဖြင့် သစ်တောနှင့် လယ် မြေစိုက်ဧကများ တိုင်းတာခြင်း၊ မြေမျက်နှာသွင်ပြင်နှင့် မြေကွက် သစ်ဖော်ထုတ်ရေးအတွက် တိုင်း တာခြင်း၊ လုံခြုံရေးအတွက် စောင့်ကြည့်ရေးလုပ်ငန်းများ ပြုလုပ် ခြင်း၊ သဘာဝဘေးကြုံတွေ့ရသော ဒေသများတွင် ရှာဖွေရေးလုပ်ငန်း များ ဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
မောင်းသူမဲ့လေယာဉ်များ ကို အဆင့်မြှင့်တင်မှုများ ထပ်မံ ပြုလုပ် သွားမည်ဖြစ် သကဲ့သို့ ရုပ်ရှင် ရိုက်ကူးရေးနှင့် သတင်းထောက်လှမ်းရေး တို့တွင် အသုံးပြုနိုင် မည့် ဒီဇိုင်းပုံစံများကိုလည်း စမ်းသပ် လျက်ရှိကြောင်း ဒေါက်တာသဲ မောင်မောင်က ပြောသည်။
7Day Daily
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကိုယ်ပိုင်ဒီဇိုင်း ဆွဲ၍ တည်ဆောက်ထားသည့် မောင်းသူမဲ့လေယာဉ် (MACEU 05) များကို သုတေသနလုပ်ငန်း၊ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများနှင့် နိုင်ငံတော်လုံခြုံ ရေးအတွက် စောင့်ကြည့်ရေးလုပ် ငန်းများ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ် သုတေသန ဌာနမှ သတင်းရရှိသည်။
လက်ပံတောင်းလူသေမှု စုံစမ်းမှုရလဒ်ရရှိရန် မျှော်လင့်နေကြောင်း တရုတ်သံရုံးထုတ်ပြန်
လက်ပံတောင်းတောင် အဓိကရုဏ်းတွင် သေကျေထိ ခိုက်မှုများကို စိုးရိမ်မိကြောင်းနှင့် ယင်းအဖြစ် အပျက်ကို အာဏာ ပိုင်များထံမှ စုံစမ်းစစ်ဆေးမှုရလဒ်များရရှိရန် မျှော်လင့်ကြောင်း ရန်ကုန်ရှိ တရုတ် သံရုံးက ဒီဇင်ဘာ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
စီမံကိန်းကို ကန့်ကွက်ခဲ့ သည့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ရွာသားများ၊ ရဲများနှင့် တရုတ်လုပ်သားအချို့ဒဏ်ရာ ရခဲ့သည့် လက်ပံတောင်းတောင် အဓိကရုဏ်းဖြစ်ရပ်အပေါ် စိုးရိမ်ဝမ်းနည်း ရကြောင်း ဘေဂျင်းရှိတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ပြီးနောက်တစ်ရက် အကြာတွင် ရန်ကုန်ရှိ တရုတ်သံရုံးကလည်း ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
သရုပ်ဆောင်မင်းအုပ်စိုးကို လူသတ်မှုဖြင့် ဖမ်းဆီး
သရုပ်ဆောင်မင်းအုပ်စိုး သည် ညီမဝမ်းကွဲဖြစ်သူ သရပါမဂ္ဂဇင်းအယ်ဒီတာ မနုနုယဉ် (ခ) မတေးနုယဉ်ကို ထိုးကြိတ်ရာ တေးနုယဉ် သေဆုံးသွားသဖြင့် ၎င်းအားဖမ်း ဆီး၍ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဝင်းက 7 Day Daily အား အတည်ပြုပြော ကြား သည်။
ဒီဇင်ဘာ ၂၅ ရက်နံနက် ၂ နာရီခွဲတွင် ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းရှိ သရုပ်ဆောင်မင်း အုပ်စိုး၏နေအိမ်၌ အခင်းဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးသူ မနုနုယဉ် (ခ) မတေးနုယဉ်၏ ရင်ဘတ်၊ မျက်နှာနှင့် ကျောဘက်တို့တွင် ထိုးကြိတ်မှုကြောင့် အညိုအမည်းဒဏ်ရာ များဖြင့် သေဆုံးသွားခြင်းဖြစ် ကြောင်း ဒုရဲမှူး သိန်းဝင်းကပြော သည်။
ဆည်တည်းကျေးရွာကို မီးရှို့ ဖယ်ရှားမည်ဟု ခြိမ်းခြောက်မှု မှန်ကန်ပါက ပြောသူကို အရေးယူမည်
လက်ပံတောင်းတောင် စီမံကိန်းဒေသ ဆည်တည်းကျေး ရွာကို မီးရှို့ဖယ်ရှားမည်ဟု ခြိမ်း ခြောက်ပြောဆိုခဲ့မှုကို စုံစမ်းစစ် ဆေးပြီး မှန်ကန်ပါက ပြောဆိုသူ ကိုအရေးယူသွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ပုလဲမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးဆောင် သောအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အပါ အဝင် တာဝန်ရှိသူများ ဒီဇင်ဘာ ၂၂ ရက်တွင် မုံရွာမြို့၌တွေ့ဆုံခဲ့ သည်။ ယင်းသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ အမျိုးသားလွှတ်
မြေယာပြဿနာကို မဖြေရှင်းပေးနိုင်လျှင် အများ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရမည်ဖြစ်ပြီး အစိုးရနှင့်လွှတ်တော် ကျန်ရှိသက်တမ်းအတွင်း အပြီးဖြေရှင်းပေးရန်လိုဟု သူရဦးရွှေမန်း ပြောကြား
ယနေ့အချိန်ကာလတွင် မြေယာပြဿ နာကို မဖြေရှင်းပေးနိုင်လျှင် အများ၏ပြစ်တင်ရှုတ်ချခြင်းကို ခံရ မည်ဖြစ်ပြီး လက်ရှိအစိုးရနှင့် လွှတ်တော်တို့၏ ကျန်ရှိသည့်သက်တမ်းအတွင်း အပြီးဖြေရှင်းပေးရန် လိုသည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့တွင် ဒီဇင်ဘာ ၂၄ ရက်ကပြုလုပ်သည့် တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က သတင်းထုတ်ပြန်ထားသည်။
ကင်ညာနိုင်ငံက အကြမ်းဖက်ခံ အမျိုးသမီးငယ်တွေရဲ့ဘဝ
ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၁၄
 ကင်ညာနိုင်ငံမှာရှိတဲ့ အမျိုးသမီးငယ်လေးတွေကို ထိမ်းမြားလက်ထပ်ဖို့ရန် ခန်းဝင်ပစ္စည်းကြေးအဖြစ် အိမ်မွေးတိရစ္ဆာန်တွေနဲ့လဲလှယ်ခြင်းခံရပြီး အမျိုးသမီးတစ်ဦးအဖြစ် ဓလေ့ထုံးတမ်းအရ အသိအမှတ်ပြုတဲ့ပွဲကာလမှာတော့ တော်တော်ကို စိတ်နှလုံးကြေကွဲဖွယ်ကောင်းတဲ့အချိန်ဖြစ်ပါတယ်။
ရိုးရာကျောက်မျက်ရတနာတွေဆင်မြန်းပေးထားပြီးဆံပင်တွေကျစ်ထားတဲ့ အချို့အမျိုးသမီးငယ်လေးတွေမှာ လက်ထပ်ထိမ်းမြားရန်ဆွဲထုတ်ခေါ်ဆောင်ခြင်းခံရတာကြောင့်အကြောက်အကန်ရုန်းထွက်နေကြတာကိုလည်း တွေ့ရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ ဖခင်တွေဟာ သူတို့ကို ဆိတ်အကောင်(၂၀)၊ကုလားအုပ် (၃)ကောင်၊နွားဆယ်ကောင်တို့နဲ့ တခြားယောက်ျားတစ်ယောက်ကို လက်ထပ်ဖို့ ရောင်းစားပြီး သွားတာကြောင့်ပါ။
ပေါ့ကော(Pokot) လူမျိုးစုဝင်အမျိုးသမီးငယ်အများစုဟာသူတို့ရဲ့ ခင်ပွန်းလောင်းများထံကို ရောင်းစား ခံထားရပြီး ကြောင်းကိုမသိရဘဲခင်ပွန်းလောင်းတွေက လာရောက်သိမ်းဆည်းခေါ်ယူပြီး ထိမ်းမြားမင်္ဂလာပွဲ အတွက်တစ်လကြာသီးသန့်ဖယ်ထားခြင်းခံရပြီဆိုတော့မှ သူတို့ဟာ ရောင်းစားခံထားရပြီဆိုတာ ရိပ်မိပါတော့တယ်။ သမီးဖြစ်သူကို ထိမ်းမြားမင်္ဂလာကိစ္စအား စီစဉ်ထားပြီးဖြစ်ကြောင်း အသိမပေးရခြင်းက သူမသိရှိသွားမယ်ဆိုရင် ထွက်ပြေးသွားမှာစိုးတဲ့အတွက်ကြောင့်လို့ မိသားစုဝင်တဦးရဲ့ အဆိုအရ သိရပါတယ်။
အိမ်မွေးတိရစ္ဆာန်တွေကို ခန်းဝင်ပစ္စည်းကြေးအဖြစ် အပတ်စဉ်အမျိုးသမီးငယ်ရဲ့ မိဘတွေ ထံပေးဆောင်ရပြီး ပေးဆောင်ဖို့ကျန်တဲ့ နောက်ဆုံးသောအိမ်မွေးတိရစ္ဆာန်တစ်ကောင်ကိုတော့ အမျိုးသားမှအမျိုးသမီးငယ်ကို လာရောက်သိမ်းယူသောနေ့ကျမှ ယူဆောင်လာခဲ့ရတာပါ။
ကင်ညာနိုင်ငံမှာ အသက်မပြည့်သေးသူများအား လက်ထပ်ထိမ်းမြားခြင်းအတွက် ဥပဒေအရ တားမြစ် ထားပေမယ့်လည်း လူမျိုးစုတွေဟာ ဓလေ့ထုံးစံတွေကို တင်းကြပ်စွာလိုက်နာကြပြီး ဥပဒေထက် ထုံးတမ်း အစဉ်အလာကို အလေးထားကြတာကြောင့် အသက် (၁၄)နှစ်အရွယ် မိန်းမပျိုလေးများမှာ လက်ထပ် ထိမ်းမြားခြင်းကို ခံကြရတာပါ။သိမ်းယူခံကြရတဲ့အမျိုးသမီးငယ်တွေဟာ သူတို့ကို ပြုမှုလိုက်တဲ့ အခြေအနေတွေအတွက် ထိတ်လန့် တုန်လှုပ်ခြင်း၊ စိတ်ပူပင်သောကရောက်ရတာတွေ ရှိပေမယ့်လည်း အဲ့ဒီလို အဖြစ်အပျက်တွေဟာ သူတို့အတွက်ပထမဆုံးအကြိမ်ခံစားရခြင်းမဟုတ်ဘဲသူတို့မိဘတွေရဲ့လက်ထဲမှာလည်းရိုးရာဓလေ့တွေကြောင့်အခုလို ခက်ခဲမှုများစွာကိုခံစားခဲ့ရပြီးဖြစ်ပါတယ်။
ဒ့ါထက် ပေါ့ကော့လူမျိုးစုတွေဟာ အမျိုးသမီးလိင်အင်္ဂါတွေကိုဖြတ်ထုတ်တဲ့ ဓလေ့ကိုကျင့်သုံးတာကြောင့် မျိုးနွယ်စုဝင်အမျိုးသမီးတွေရဲ့ ဘ၀ဟာ အချိန်နှင့်အမျှ ရုန်းကန်နေကြရတာပါ။
အဲ့ဒီ လူမျိုးစုဝင်တွေမှာ အမျိုးသမီးလိင်အင်္ဂါတွေကိုဖြတ်ထုတ်တဲ့ ဓလေ့ကိုကျင့်သုံးတဲ့လူမျိုးစုလို့ လူသိများကြပြီး အဲ့ဒီလို ပြုလုပ်ရာမှာလည်း အမျိုးသမီးလိင်အင်္ဂါကို ကတ်ကြေး၊ ဘလိတ်ဓါးသို့မဟုတ် မှန်ကွဲစတွေနဲ့ ဖြတ်ထုတ်ခံရပြီး အဲ့ဒီအနာတွေကို မချုပ်မီအနာကြပ်တဲ့အထိ သူတို့ရဲ့ ခြေထောက်တွေကို ချုပ်နှောင်ထားလေ့ရှိကြပါတယ်။
ဒီလို ပြုလုပ်ခြင်းဟာ အတင်းအဓမ္မလက်ထိပ်ထိမ်းမြားပေးခြင်းမတိုင်ခင် ငယ်ရွယ်ချိန် ကတည်းက ဆောင်ရွက်ထားတဲ့ကိစ္စဖြစ်ကာ အဲ့လို ပြုလုပ်ခြင်းဟာ အမျိုးသမီးငယ်တွေကို အမျိုးသမီးတစ်ဦးအဖြစ် အသိအမှတ်ပြုတဲ့ အခမ်းအနားမတိုင်ခင်အထိ ပကတိဖြူစင်တဲ့ အနေအထားကိုထိန်းသိမ်းထားဖို့ရန် အထောက်အကူဖြစ်တယ်လို့လည်း ယုံကြည်ကြပါတယ်။
လိင်ဖြတ်ထောက်ခြင်းကိစ္စတွေကိုဆောင်ရွက်တဲ့ သူတွေဟာ များသောအားဖြင့် ဆေးရုံဆေးပေးခန်းနှင့် နီးစပ်မှုမရှိ၊ ကျွမ်းကျင်မှုမရှိတဲ့ ဆရာဝန်တွေက ပြုလုပ်ပေးကာ မေ့ဆေး၊ ပိုးသတ်ဆေးတို့ကို အသုံးမပြုဘဲလုပ်ဆောင်တာကြောင့် တချို့သောသူတွေမှာ သွေးထွက်လွန်ခြင်း ဒါမှမဟုတ် အနာပိုးဝင်ခြင်းတို့နဲ့ အသက်ဆုံးရှုံးကြရပါတယ်။
အမျိုးသမီးငယ်လေးတွေဟာ လိင်အင်္ဂါဖြတ်တောက်ခြင်းခံရချိန်မှာ သေဆုံးခြင်းမရှိပါက အင်္ဂါကို ပြန်ချုပ်ထားတဲ့ဒဏ်ကို ဘ၀တလျှောက်လုံး အထူးသဖြင့် မီးဖွားချိန်တွေမှာ အပြင်းအထန် ခံစားကြရတာပါ။
ကင်ညာနိုင်ငံတွင်အသက်မပြည့်သေးတဲ့သူများနဲ့ လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်ထားပြီး တကယ်လို့ အမျိုးသမီးငယ်လေးတွေ သေဆုံးခဲ့ပါက အမြင့်ဆုံးဖြစ်တဲ့ ပြစ်ဒဏ်နှင့် ထောင်ချရန် ဥပဒေထားရှိထားပေမယ့် အခုထိတိုင် အဲ့ဒီ ဥပဒေကို အောင်မြင်စွာအသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။
ကင်ညာနဲ့  ယူဂန်ဒါ နိုင်ငံအကြား ပေါ့ကော့ စကားပြောသော လူမျိုးစု (၇)သိန်းမျှ နေထိုင်ကြပြီး အများစုမှာ အနောက် ပေါ့ကော့ နိုင်ငံမှာ နေထိုင်ကြပါ တယ်။ 
ဧရာဝတီ
 ကင်ညာနိုင်ငံမှာရှိတဲ့ အမျိုးသမီးငယ်လေးတွေကို ထိမ်းမြားလက်ထပ်ဖို့ရန် ခန်းဝင်ပစ္စည်းကြေးအဖြစ် အိမ်မွေးတိရစ္ဆာန်တွေနဲ့လဲလှယ်ခြင်းခံရပြီး အမျိုးသမီးတစ်ဦးအဖြစ် ဓလေ့ထုံးတမ်းအရ အသိအမှတ်ပြုတဲ့ ပွဲကာလမှာတော့ တော်တော်ကို စိတ်နှလုံးကြေကွဲဖွယ်ကောင်းတဲ့အချိန်ဖြစ်ပါတယ်။
ပြည်တွင်းထုတ် မောင်းသူမဲ့လေယာဉ်များ ကယ်ဆယ်ရေး၊ သုတေသနနှင့် လုံခြုံရေးအတွက် အသုံးပြုမည်
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကိုယ်ပိုင်ဒီဇိုင်း ဆွဲ၍ တည်ဆောက်ထားသည့် မောင်းသူမဲ့လေယာဉ် (MACEU 05) များကို သုတေသနလုပ်ငန်း၊ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများနှင့် နိုင်ငံတော်လုံခြုံ ရေးအတွက် စောင့်ကြည့်ရေးလုပ် ငန်းများ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ် သုတေသန ဌာနမှ သတင်းရရှိသည်။
Thursday, December 25, 2014
ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၁၁၅)မိုင် ယာဉ်ရပ်နားဝင်းရှိ Feel စားသောက် ဆိုင် တွင် ဂက်စ်အိုးယိုစိမ့်ရာမှ မီးလောင်မှုကြောင့် (၁ဝ)ဦးဒဏ်ရာရ
၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီ ၅၅ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ဒိုင်းတစ်ရွာအနီး၊ ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၁၁၅)၊ ဖြူးအမြန်လမ်း ယာဉ်ရပ်နားဝင်း အတွင်းရှိ Feel စားသောက်ဆိုင်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။
ကမ္ဘာ့အပျော့ပျောင်းဆုံး အမျိုးသမီး
Photo: ကမ္ဘာ့အပျော့ပျောင်းဆုံး အမျိုးသမီး
Thursday, December 25, 2014
ရုရှားနိုင်ငံဖွား Julia Gunthel (Zlata အဖြစ်လူသိပိုများတဲ့) ဆိုသူမှာ သူမ အသက် ၄ နှစ်သမီးအချိန်ကတည်းက ခန္ဓာကိုယ် တွန့်လိမ်ကောက်ခွေနိုင်သူဖြစ်ပါတယ်။ ခုအချိန်မှာတော့ ခန္ဓာကိုယ်တွန့်လိမ်ကွေးကောက်ပြသူဖြစ်တဲ့ သူမ(Zlata) ဟာ မယုံကြည်နိုင်လောက်တဲ့ ခန္ဓာကိုယ်အနေအထားအမျိုးမျိုးကို တင်ဆက်ပြသဖို့ ပြက္ခဒိန်ကို နှစ်စဉ်နှစ်တိုင်းထုတ်ဝေပါတယ်။
ဒီပြက္ခဒိန်မှာ အကောင်းဆုံးဖြစ်လို့နေပါတယ်။ အကြောင်းက ရွှေရောင်အသားကပ် အားကစားဝတ်စုံဆင်မြန်းပြီး ခန္ဓာကိုယ်ကို လုပ်ချင်တိုင်း တွန့်လိမ်ခွေကောက်ပြသူ တစ်ယောက်ကို မကြည့်ချင်ပဲနေတဲ့သူ ရှိပါ့မလား။ “ကမ္ဘာ့အပျော့ပျောင်းဆုံးအမျိုးသမီး” အဖြစ်သိရတဲ့ Zlata က အကြမ်းဖျင်းအားဖြင့် ၂၀ လက်မအကျယ် စတုရန်းပုံသဏ္ဍာန်ရှိ သေတ္တာတစ်လုံးထဲ ခွေခေါက်ဝင်နိုင်လောက်အောင် ကွေ့းညွတ်နိုင်တယ်။ မှန်းပြီးတော့ မပြောချင်ဘူး။ ဒါပေမယ့်လို့ ငယ်ငယ်တုန်းက ဘယ်တူတူပုန်းတမ်းကစားနည်းမျိုးမှာမဆို သူမ အနိုင်ရခဲ့မယ်လို့ လောင်းရဲတယ်။
Source: cosmopolitan.com
Trend Myanmar
ရုရှားနိုင်ငံဖွား Julia Gunthel (Zlata အဖြစ်လူသိပိုများတဲ့) ဆိုသူမှာ သူမ အသက် ၄ နှစ်သမီး အချိန် ကတည်းက ခန္ဓာကိုယ် တွန့်လိမ်ကောက်ခွေနိုင်သူဖြစ်ပါတယ်။ ခုအချိန်မှာတော့ ခန္ဓာကိုယ်တွန့်လိမ် ကွေးကောက်ပြသူဖြစ်တဲ့ သူမ(Zlata) ဟာ မယုံကြည်နိုင်လောက်တဲ့ ခန္ဓာကိုယ်အနေအထားအမျိုးမျိုးကို တင်ဆက်ပြ သဖို့ ပြက္ခဒိန်ကို နှစ်စဉ်နှစ်တိုင်းထုတ်ဝေပါတယ်။
သရုပ်ဆောင် မင်းအုပ်စိုးမှ ညီမဖြစ်သူ သရပါမဂ္ဂဇင်း အယ်ဒီတာ မတေးနုရင် (ခ) မနုနုရင်အား ထိုးကြိတ်ရိုက်နှက်ခဲ့၍ သေဆုံး
၂၅.၁၂.၂၀၁၄ ရက်နေ့ ၀၄၃၀ အချိန်တွင် ဗဟန်းမြို့နယ်နေ ရုပ်ရှင်သရုပ်ဆောင် မင်းအုပ်စိုး (ခ) ကိုအောင်နိုင်ထွန်း၊ (၄၄)နှစ်မှ ဗဟန်းမြို့မရဲစခန်းသို့ရောက်ရှိ လာပြီး ၎င်း သည် ၀၂၃၀ အချိန်ခန့် က အတူနေ ညီမ၀မ်းကွဲဖြစ်သူ မနုနုယဉ်(ခ)တေးနုယဉ် ၊ (၃၃)နှစ်အား လူမှုရေးကိစ္စတစ်ခုနှင့်ပတ်သက်၍ မေးမြန်းစဉ် အမှန်အတိုင်းပြောဆိုခြင်းမရှိသောကြောင့် စိတ်ဆိုးဒေါသဖြစ်ပြီး မနုနုယဉ် (ခ)တေးနုယဉ်ကို ၎င်း၏အိပ်ခန်းအတွင်း၌ လက်သီးဖြင့်ထိုးခြင်း၊ ဆောင့်တွန်းခြင်း ၊ ကိုင်ဆောင့်ခြင်း၊ ခြေထောက်ဖြင့်ကန် ခြင်းများပြုလုပ်မိခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ခဲ့သဖြင့် မနုနုယဉ်(ခ)တေးနုယဉ်မှာ ကုတင်ပေါ်တွင် လဲကျငြိမ် သက် သွားကြောင်းကို အကြောင်းကြားလာခဲ့ပါသည်။
သေနတ်ဒဏ်ရာကြောင့် ဒေါ်ခင်ဝင်းသေဆုံးကြောင်း အတည်ပြု
Photo: သေနတ်ဒဏ်ရာကြောင့် ဒေါ်ခင်ဝင်းသေဆုံးကြောင်း အတည်ပြု
Thursday, December 25, 2014
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် ရဲတပ်ဖွဲ့ဝင်များနှင့်တောင်သူများအကြား ပဋိပက္ခဖြစ်ပွားရာမှ သေဆုံးသွားခဲ့သော ဒေါ်ခင်ဝင်း၏ရုပ်အလောင်းကို ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံ၌ စစ်ဆေးခဲ့ရာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက အတည်ပြုလိုက်သည်။
ဆားလင်းကြီးမြို့ ပြည်သူ့ ဆေးရုံ ရင်ခွဲရုံတွင် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲမှ နံနက် ၁၁ နာရီ ၅ မိနစ်အထိ ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်ဆေးမှုနှင့်ပတ်သက်၍ မည်သို့ သေဆုံးခြင်းဖြစ်ကြောင်း ဒေါ်ခင် ဝင်း၏ မိသားစုဝင်များအား သက် ဆိုင်ရာဆရာဝန်ကြီးများက ပြန် လည်ရှင်းလင်းပြောကြားပေးရန် လာရောက်ကူညီဆောင်ရွက်ပေး နေသော ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း က တိုက်တွန်းပြောကြားခဲ့သည်။
‘‘ဓားနဲ့ခုတ်တဲ့ ဒဏ်ရာ မဟုတ်ဘူး။ တုတ်နဲ့ရိုက်တဲ့ဒဏ် ရာမဟုတ်ဘူး။ ပြတ်ရှဒဏ်ရာ လည်းမဟုတ်ဘူး။ သေနတ်ဒဏ် ရာပါ။ အကွာအဝေး ဘယ် လောက်က ဘယ်လိုသေနတ် အမျိုးအစားနဲ့ပစ်တယ်ဆိုတာ တော့ ကျွန်တော်တို့မကျွမ်းကျင် တဲ့အတွက် မသိပါဘူး။ နဖူးက မှန်တဲ့ဒဏ်ရာကြောင့် သေဆုံး သွားတာဖြစ်ပါတယ်။ ရင်ခွဲကြည့် တဲ့အခါ အခြားဘာရောဂါမှ မရှိ ပါဘူး’’ဟု ရင်ခွဲရုံအတွင်း ဆရာ ဝန်ကြီးများက မိသားစုဝင်များ အား ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။
ဒေါ်ခင်ဝင်း၏ မောင်ဖြစ်သူ ကိုသောင်းဌေးလွင်ကလည်း သက်ဆိုင်ရာမှုခင်းဆရာဝန်ကြီး များက ၎င်း၏ အစ်မဖြစ်သူမှာ စစ်ဆေးတွေ့ရှိချက်များအရ သေ နတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်ဟု ဆိုသည်။
ဒေါ်ခင်ဝင်း၏ ရုပ်အလောင်း အား စစ်ဆေးပြီးစီးသည့်အခါ ဆားလင်းကြီးမြို့ရှိ စာနာစိတ် လူမှုကူညီရေးအသင်းယာဉ်ဖြင့် မိုးကြိုးပြင်ကျေးရွာရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ မိုး ကြိုးပြင်ကျေးရွာရှိ နေအိမ်တွင် ရုပ်အလောင်းကို ပြင်ဆင်ထား ကာ မိသားစုဝင်များ၏ ဆန္ဒအရ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီ တွင် မိုးကြိုးပြင်သုသာန်၌ သဂြိုဟ်ရန် စီစဉ်ထားကြောင်း မိုးကြိုးပြင်ဒေသခံများပြောပြ ချက်အရ သိရှိရသည်။
ဒေါ်ခင်ဝင်းသေဆုံးခဲ့မှုကို ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့ စခန်းတွင် သမီးဖြစ်သူ ဒေါ်ခင် အေးမာက တရားလိုပြုလုပ်၍ အမှုဖွင့်တိုင်ကြားခဲ့သည်။ ဆား လင်းကြီးမြို့နယ် မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၄/ ၂၀၁၄)အရ အမှုအားလက်ခံ ဆောင်ရွက်လျက်ရှိကြောင်း ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
အောင်ခိုင်၊မျိုးမင်းဦး (7daydaily)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် ရဲတပ်ဖွဲ့ဝင်များနှင့်တောင်သူများအကြား ပဋိပက္ခ ဖြစ်ပွား ရာမှ သေဆုံးသွားခဲ့သော ဒေါ်ခင်ဝင်း၏ရုပ်အလောင်းကို ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံ၌ စစ်ဆေးခဲ့ရာ သေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက အတည်ပြု လိုက် သည်။
နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေး ဆွေးနွေးပွဲအပေါ် ဦးအေးသာအောင်ကို မေးမြန်းချက်
ဦးအေးသာအောင်
မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေ ပူးပေါင်းဖြေရှင်းနိုင်ဖို့အတွက် .စည်းလုံးညီ ညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ မိတ်ဘက် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ လူမှုအခြေပြု အဖွဲ့ အစည်း တွေဟာ ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၂၃ နဲ့ ၂၄ ရက်တွေမှာ ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအတွက် လုံခြုံရေး အထူးအလေးထား ဆောင်ရွက်ရန်ရှိ
Photo: ရုပ်ရှင်ထူးချွန်ဆု ပေးပွဲအတွက် လုံခြုံရေး အထူးအလေးထား ဆောင်ရွက်ရန်ရှိ
Thursday, December 25, 2014
(၂၀၁၃)ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်မှုကို အခုလ(၂၇)ရက်နေ့ ရှင်စောပုလမ်း ရှိ Myanmar Event Park မှာ ပြုလုပ်မှာဖြစ်ပြီး ထူးချွန်ဆုပေး ပွဲမှာ လုံခြုံရေးကို အထူးအလေး ထား ဆောင်ရွက်သွားမယ်လို့  မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူက ပြောပါတယ်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားအပြင်  ပြင်ပကငှားရမ်းထားတဲ့ လုံခြုံရေးဝန်ထမ်းများ၊ ကိုလူချောအဖွဲ့ဝင် (၈၀)ကျော်နဲ့  MEP မှ လုံခြုံရေးများနဲ့အတူ ဆောင်ရွက်မှာဖြစ်ပြီး CCTV များ၊ ခေတ်မီလုံခြုံရေးပစ္စည်းများ ကိုပါ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ထူးချွန်ဆုပေးပွဲရက်မှာ ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းနိုင်ဖို့နဲ့ လုံခြုံရေး အတွက် ရှင်စောပုလမ်းကို ညနေ(၃)နာရီမှာ ယာဉ်ဝင်ခွင့် စတင်ပိတ်ထားမှာဖြစ်ပြီး အကယ်ဒမီ ပေးပွဲကို ဖိတ်ကြားထားသူတွေနဲ့ အနီးအနားရပ်ကွက်များက ကားတွေသာဝင်ရောက်ခွင့်ရှိမယ်လို့ သိရပါတယ်။ ဆုပေးပွဲအတွင်း ၀င်ခွင့်က VIP ၀င်ပေါက်၊ Media ၀င်ပေါက်၊ အနုပညာရှင် ၀င်ပေါက်ဆိုပြီး ၀င်ပေါက်(၃)ပေါက်သတ်မှတ်ထားမှာဖြစ်ပြီး Myanmar Event Park ၀င်းအတွင်း ကိုတော့အနုပညာရှင်များနဲ့ Vip များသာ ယာဉ်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။
MRTV-4
(၂၀၁၃)ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်မှုကို အခုလ(၂၇)ရက်နေ့ ရှင်စောပုလမ်း ရှိ Myanmar Event Park မှာ ပြုလုပ်မှာဖြစ်ပြီး ထူးချွန်ဆုပေးပွဲမှာ လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက် သွားမယ် လို့  မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူက ပြောပါတယ်။
ဒေါ်ခင်ဝင်း (သို့မဟုတ်) လက်ပံတောင်း အကြမ်းဖက်မှု၏ သားကောင်
Photo: ဒေါ်ခင်ဝင်း (သို့မဟုတ်) လက်ပံတောင်း အကြမ်းဖက်မှု၏ သားကောင်
Thursday, December 25, 2014
“ဝေး … ဝေးပါပြီအေ … သဘောကောင်းတဲ့မိန်းမကြီးပါ။ သဘောကောင်းတဲ့ မိန်းမကြီးရေ … မခင်ဝင်း” ဆိုပြီး ဆွဲဆွဲငင်ငင် ငိုကြွေးနေတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတဦးရဲ့ အသံဟာ မိုးကြိုးပြင်ရွာထဲက နာရေး အိမ်ခြံ ဝင်းအတွင်းကနေ ပဲ့တင်ထပ်လို့နေပါတယ်။
ယာမြေသိမ်းခံဘဝတူ သူငယ်ချင်းဒေါ်ခင်ဝင်း သေဆုံးသွားတဲ့အတွက် ဒေါ်ခင်ဝင်းရဲ့ ခေါင်းတလားကို ဖက်ပြီးငိုကြွေးနေတဲ့ ဆည်တည်းရွာသူ မခင်ဆင့်ရဲ့ ငိုသံနဲ့ အတူ ခေါင်းတလားဘေးပတ်လည်မှာရှိတဲ့ ဆွေးမျိုးတွေနဲ့ ရွာသူရွာသားတွေရဲ့
ကြေကွဲ ဝမ်းနည်းနေကြတဲ့ မျက်နှာတွေပေါ်မှာလည်း မျက်ရည်စတွေနဲ့ပါ။
အိမ်ခြံဝင်းအတွင်းမှာလည်း ရပ်နည်းရပ်ဝေးက မိတ်ဆွေတွေ လယ်သိမ်းခံ ဘဝတူတောင်သူတွေနဲ့ လူမှုကူညီရေး အဖွဲ့ အစည်း တွေလည်း ရောက်ရှိနေကြလို့ အိမ်ဝင်းအတွင်းပြည့်နှက်လို့နေပါတယ်။
သေဆုံးသူ ဒေါ်ခင်ဝင်းမှာ သမီးနှစ်ယောက်ရှိပြီး ၂ ယောက်လုံးက မန္တလေးမှာ နေထိုင်ကြတာဖြစ်ပါတယ်။ ခင်ပွန်း ဖြစ်သူ ကတော့ အသက်ဆုံးပါးသွားတာ ၂၅ နှစ်ခန့်ကြာပြီဖြစ်ပြီး ဘိုးဘွားပိုင်ယာမြေ ၇ ဧကကျော်ကို ထွန်ယက်စိုက်ပျိုးရင်း တယောက်တည်း ရုန်းကန် လာခဲ့သူ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆောင်ရွက်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက လျှော်ကြေးရယူထားခြင်းမရှိတဲ့ စစ်ကိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တုံရွာနဲ့ မိုးကြိုးပြင်အလယ်ကျေးရွာမှ လယ်ယာမြေ တွေကို အတင်းအဓမ္မ၀င်ရောက် သိမ်းယူ ခြံစည်းရိုးကာခဲ့ပါတယ်။ ရာပေါင်းများစွာသော ဒေသခံတွေက ၀မ်ပေါင် ကုမ္ပဏီရဲ့ အဓမ္မမြေသိမ်း ခြံစည်းရိုးခတ်မှုကို ဆန့်ကျင်ကြရမှာ ဒေါ်ခင်ဝင်းတဦးလည်း အပါအ၀င်ဖြစ်ပါတယ်။
မြေသိမ်းခံရလို့ ကံဆိုးမိုးမှောင်ကျ ပူဆွေးသောက ရောက်နေရတဲ့ ဒေါ်ခင်ဝင်းဟာ ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေး ယူပေးထားတဲ့ ရဲတပ်ဖွဲ့က သေနတ် နဲ့ ပစ်ခတ်မှု ကြောင့် ဦးခေါင်းပွင့်ထွက် သေဆုံးသွားခဲ့ရပါတယ်။ “ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ” ဆိုတဲ့ စကားပုံက ဒေါ်ခင်ဝင်းအတွက်တော့ အဟုတ်အမှန် ဖြစ်စေခဲ့ပါတယ်။
“အဲဒီမနက်က ထူးထူးခြားခြား မနက်လေးနာရီ တုန်းခေါက်သံကြားတဲ့ အချိန်မှာ သူကျမကို စကားလာပြောတယ်။ မနီတဲ့ ညကသူအိမ်မက်တွေမက်တယ်တဲ့။ အိမ်မက်ထဲမှာ သနပ်ခါးတွေလူးတယ်။ အင်းကျီသစ်၊ ထမီသစ်နဲ့တဲ့ သွားတွေလည်း ကျွတ်ကျတယ်တဲ့။ ကျမက အစောကြီးရှိသေးတယ်။ ပြန်အိပ်ပါဆိုတော့ မအိပ်ဘူးဆိုပြီး ကျမကို သူ့ပေါင်ပေါ်တင်ပြီး စကားတွေပြောနေတာ” လို့ ဒေါ်ခင်ဝင်းနဲ့ တအိမ်တည်းအတူနေတဲ့ မအေးစွာက ပြောပါတယ်။
ဒေါ်ခင်ဝင်းနဲ့ အတူနေတဲ့ မအေးစွာဟာ မိုးကြိုးပြင်မြောက်ရွာသူ မိဘမဲ့ တယောက်ဖြစ်ပြီး ခန္ဓာကိုယ် အောက်ပိုင်း မသန်စွမ်းသူဖြစ်ပါတယ်။ အနှိပ်သည် ဘဝနဲ့ အိမ်စဉ်လှည့်ပြီး နှိပ်ပေးနေရင်းက လွန်ခဲ့တဲ့ခြောက်နှစ်က ဒေါ်ခင်ဝင်း နဲ့တွေ့ဆုံပြီး ခိုကိုးရာမဲ့နေတဲ့ မအေးစွာကို ဒေါ်ခင်ဝင်းက သူ့အိမ်မှာခေါ်ယူမွေးစားထားတာဖြစ်ပါတယ်။
မအေးစွာရဲ့ ဖောက်သည်ချမှုကြောင့် ညက မက်တဲ့ အိမ်မက်အကြောင်းဟာ မိုးလင်းတာနဲ့ အိမ်နီးနားချင်းတွေဆီပြန့်သွား တယ်လို့ ဆိုပါတယ်။ ဒီအိမ်မက်မျိုးဟာ အတိတ်မကောင်းဘူးလို့ အိမ်နီးချင်းတွေက ပြောတာနဲ့ မအေးစွာ လည်း စိတ်သောကတွေ ရောက်ခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်။
“မနက်ဖြန်ကြ ယာတွေခြံလာခတ်မှာ သွားတားရမယ်ဆိုပြီး ကျမကိုပြောတယ်။ ကျမကသူ့ကို အတင်းတားတယ်။ စိတ်မချတာနဲ့ ကျမလိုက်သွားတယ်။ ပြောင်းခင်းထိပ်ရောက်တော့ သေနက်သံတွေ တဒိုင်းဒိုင်း နဲ့ စကြားတယ်။ ကျမသူ့ကို
ထပ်တားတယ်။ သူက ငါနောက်ပြန်မလှည့်ဘူး။ သေချင်သေပစေ။ ငါ့လက်ပံတောင်းတောင်အတွက်နဲ့ သေမယ်ဆိုရင်တောင် ဂုဏ်ယူတယ်လို့ သူကပြောလိုက်သေးတယ် နမိတ်ဖတ်လိုက်သလိုပဲ” လို့ မအေးစွာက ဆိုပါတယ်။
“သူ့ယောင်းမဖြစ်သူကလည်း သူ့ကို အဲ့ဒီနေ့က စိတ်ပူပြီးလိုက်ခေါ်တယ်။ သူက ပြန်မလိုက်ဘူး။ နင်တို့ နှစ်ယောက် ကြောက်တတ်ရင် ပြန် ငါတယောက်တည်းသွားမယ်ဆိုပြီး ဆက်သွားတယ်။ ညနေကြတော့ တခြားလူတွေ
ပြန်ပြေး လာကြတယ်။ သူပြန်ပါမလာဘူး။ သုံးနာရီထိုးလောက်ကြတော့ သူသေသွားပြီ ဆိုပြီး ကြားလိုက်ရတာ” မအေးစွာက ဆက်ပြောပါတယ်။
ဒေါ်ခင်ဝင်းဟာ စိတ်သဘောထားကောင်းလွန်းသူရယ်လို့ ဒေသခံ ရွာသူရွာသားတွေက ပြောဆိုကြပြီး လွန်ခဲ့တဲ့
ငါးနှစ်ခန့်ကလည်း ဆွေမျိုးတော်စပ်သူမဟုတ်တဲ့ စိတ်မနှံ့သူ အမျိုးသမီးတဦး ရွာအပြင်မှာ သေဆုံးတော့မယ့် အချိန်မှာ အိမ်ကိုခေါ်လာပြီး ဆေးကုသ ကျွေးမွေးစောင့်ရှောက်ခဲ့ဖူးတယ်လို့ သိရပါတယ်။
ဒေါ်ခင်ဝင်း သေဆုံးသွားတဲ့ အတွက် အထူးသဖြင့် မှီခိုအားထားနေရတဲ့ အသက် ၂၈ နှစ်အရွယ် မအေးစွာ တယောက် အတွက်တော့ ခိုကိုးရာမဲ့ ထပ်ဖြစ်သွားပြီး သူ့ရဲ့ အနာဂတ် နေထိုင်ရေးအတွက်ပါပူပင်နေရှာပါတယ်။
“ကျမက ဒုက္ခိတ မိဘမဲ့ သူကောင်ကြွက် တမျက်နှာ သူလိုလူကသာ သားသမီးအရင်းလို ကျမကို စောင့်လျှောက်ခဲ့တာ။ သူသေဆုံးသွားတာဟာ ကျမအတွက် ခိုနားရာ သစ်ပင်ကြီး ပြိုလဲသွားသလိုပါပဲ။ ကျမဘယ်သူကို အားကိုးရမလဲ မသိပါဘူး”လို့ တုန်ရီနေတဲ့ အသံနဲ့ပြောဆိုရင်း မအေးစွာရဲ့ ပါးပြင်မှာ မျက်ရည်တွေကျနေပါတယ်။
ဒေါ်ခင်ဝင်းရဲ့ ညီမဖြစ်သူ ဒေါ်သန်းနုက “သမီးတွေက မန္တလေးမှာ အေးအေးဆေးဆေးလာနေပါခေါ်တာ မသွားဘူး။ သူက ဒီရွာနဲ့ သူ့ယာတွေကို ခင်တွယ်လွန်းတယ်။ သူငယ်ငယ်တုန်းကတည်း မြင်တွေ့နေရတဲ့ ဒီလက်ပံတောင်းတောင် ကြီးကိုလည်း သူသံယောဇဉ်ရှိနေတယ်။ အဲဒီအတွက်ပဲ သူအသက်ပေးသွားတယ်လို့ပြောရမလိုပဲ” လို့ ငိုကြွေးရင်းက ရှင်းပြပါတယ်။
လုံခြုံရေးရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်၊ ရိုက်နှက်မှုတွေကြောင့် ဒေါ်ခင်ဝင်း သေဆုံးသွားတဲ့အပြင် ယာမြေ ပြန်ရရေး တောင်း ဆိုတဲ့ ရွာသူ၊ ရွာသား ၄၀ ကျော်လည်း ထိခိုက်ဒဏ်ရာတွေရရှိသွားတဲ့ အတွက် ဒဏ်ရာပြင်းထန်သူတွေနဲ့ သေနတ်ကျည်ဆံ ထိမှန်ခံရသူတွေမှာ အခုအချိန်ထိ ဆေးကုသခံယူနေကြရပါတယ်။
ဒေါ်ခင်ဝင်းသေဆုံးပြီး နောက်တနေ့မှာပဲ ရန်ကုန်မြို့မှာရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့အစည်းက မနီလာသိန်း၊ မမီးမီးနဲ့ တာဝန်ရှိသူတွေရောက်ရှိခဲ့ကြပြီး ဒဏ်ရာရရှိသူတွေကို ဆေးကုသနိုင်အောင်
ဆောင်ရွက် ခဲ့ ကြသလို သေဆုံးသူ ဒေါ်ခင်ဝင်း တရားမျှတမှုရရှိရေးအတွက်လည်း ဆားလင်းကြီးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ဖို့ ကူညီခဲ့ကြပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့အစည်းက ဒေါ်ခင်ဝင်းကို အမှုဖွင့်ပေးနိုင်ဖို့အတွက် ဆားလင်းကြီးမြို့မ ရဲစခန်းမှာ
နာရီပေါင်းများစွာ အတိုက်အခံလုပ် ကြိုးစားခဲ့သလို ဒေါ်ခင်ဝင်းရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ ဆရာဝန်ကြီး တွေနဲ့ ခွဲစိတ် စစ်ဆေးဖို့ သွားရောက်ရာမှာလည်း အနှောင့်အယှက်များစွာ ကျော်ဖြတ်ပြီး အကူအညီပေးခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ ဒေါ်ခင်ဝင်း သေဆုံးမှုကို ရဲစခန်းက အမှုဖွင့်ပေးခဲ့သလို ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကလည်း သေနတ်ဒဏ်ရာကြောင့် ဒေါ်ခင်ဝင်း သေဆုံးကြောင်း အတည်ပြုပေးခဲ့ပါတယ်။
ဒေါ်ခင်ဝင်း သေဆုံးသွားတဲ့သတင်းက မြန်မာနိုင်ငံတနိုင်ငံလုံးတင်မကဘဲ နိုင်ငံတကာ အရပ်ရပ်အထိ ပျံ့နှံ့သွားခဲ့ပါတယ်။ ဗိုလ်ကျအနိုင်ကျင့် မြေသိမ်းမှုရဲ့ ဓားစာခံ သားကောင်ဖြစ်ခဲ့ရတဲ့ ဒေါ်ခင်ဝင်း သေဆုံးမှု သတင်းကြောင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီ၊ စစ်တပ်ဦးပိုင်ကုမ္ပဏီနဲ့ အစိုးရအာဏာပိုင်တွေရဲ့ ဥပဒေမဲ့ အကြမ်းဖက် လုပ်ရပ် ဘူးပေါ်သလို ပေါ်သွားပါတယ်။
ပြည်တွင်းမှာလည်း ဆန္ဒပြပွဲတွေ တောက်လျှောက် ဖြစ်ပေါ်လာပြီး ဒေါ်ခင်ဝင်း သတင်းကြားရသူ ပြည်သူတိုင်း တောက်ခေါက် ခံပြင်း ဒေါသထွက်ကြပါတယ်။
နိုင်ငံတကာမှာလည်း အမေရိကန် အစိုးရ အပါအ၀င် လူ့အခွင့်အရေး အဖွဲ့အစည်းတွေကမြန်မာအစိုးရ အကြမ်းဖက်မှု ကြောင့် ဒေါ်ခင်ဝင်း သေဆုံးမှုအပေါ် ၀မ်းနည်းကြောင်း၊ စိုးရိမ်ကြောင်းနဲ့ တာဝန်ရှိသူတွေကို ချက်ချင်း အရေးယူဖော်ထုတ် ပေးဖို့ တောင်းဆိုနေကြပါတယ်။
ရိုးသားသဘောကောင်းလွန်းတဲ့ အသက် ၅၆ အရွယ် ဒေါ်ခင်ဝင်းဟာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သူ့အိမ်အောက် ကုတင် လေးပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေပေမယ့် သူ အသက် အသေခံ ဆန္ဒပြခဲ့တဲ့ လုပ်ရပ်ကတော့ အခုအချိန်အထိ ပြည်တွင်းပြည်ပ ပြည်သူတွေဆီ ဆက်လက် ပျံ့နှံ့နေဆဲဖြစ်ပါတယ်။
ဒေါ်ခင်ဝင်းက ယုတ်မာကောက်ကျစ်တဲ့ အာဏာပိုင်တွေရဲ့ ဥပဒေမဲ့ အကြမ်းဖက်မှုကို ပေါ်လွင်ထင်ရှားစေခဲ့တဲ့ ဓားစာခံ သားကောင်တဦး လို့ ဆိုနိုင်သလို လက်ပံတောင်းတောင်ကို အသက်စွန့် ကာကွယ်သွားတဲ့ အမျိုးသမီး အာဇာနည် သူရဲကောင်းတဦးဆိုရင်လည်း မမှားနိုင်ပါဘူး။
ကျော်ခ (ဧရာဝတီ)
“ဝေး … ဝေးပါပြီအေ … သဘောကောင်းတဲ့မိန်းမကြီးပါ။ သဘောကောင်းတဲ့ မိန်းမကြီးရေ … မခင်ဝင်း” ဆိုပြီး ဆွဲဆွဲငင်ငင် ငိုကြွေးနေတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတဦးရဲ့ အသံဟာ မိုးကြိုးပြင်ရွာထဲက နာရေး အိမ်ခြံ ဝင်းအတွင်းကနေ ပဲ့တင်ထပ်လို့နေပါတယ်။
လက်ပံတောင်းကိစ္စ စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်ကို လိုက်နာမှု အားနည်းခဲ့ဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဝန်ခံ
ဒေါ်အောင်ဆန်းကြည် ဦးဆောင်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော် မရှင် ၏ အစီရင်ခံစာ အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့သည့် အကောင်အထည် ဖော်ဆောင်ရေး ကော်မတီမှာ ကော်မရှင်၏ အကြံပြုချက်များကို ထိရောက်စွာ လိုက်နာမှု အားနည်းခဲ့ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ဝန်ခံပြောကြားလိုက်သည်။
ပီပါထဲသို့ ဆီထည့်စဉ် နော်ဇယ်ခေါင်းနှင့် ပွတ်တိုက်မိရာမှ ဆီဘောက်ဆာ ကားကြီးနှင့် ဆီပီပါတင် ၁၂ ဘီးကားနှစ်စီး မီးလောင်
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာရှိ Asia Energy ဆီသိုလှောင်ရေး ခြံအတွင်း ဒီဇင်ဘာ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက ဆီပီပါတင် ကားများပေါ်ရှိ ဆီပီပါ အလွတ်များထဲသို့ ဆီဖြည့်စဉ် ဆီပိုက်ခေါင်းဖြစ်သော နော်ဇယ်ခေါင်းနှင့် ဆီပီပါတို့ ပွတ်တိုက်မိရာမှ မီးပွားများ လွှင့်စင်ကာ ဆီဘောက် ဆာ ကားကြီးတစ်စီးနှင့် ၁၂ ဘီး ဆီပီပါတင် ကားနှစ်စီး မီးလောင်ကျွမ်းကာ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လေလွင့်ကလေးငယ် ၁၀၀၀ ကျော်ကို ထိန်းသိမ်း
ရန်ကုန်မြို့တော်အတွင်း လှည့်လည်သွားလာနေသော လေလွင့်ကလေးငယ်များကို ထိန်းသိမ်းလျက်ရှိရာ ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ကလေးငယ် အယောက် ၁၀၀၀ ကျော် ထိန်းသိမ်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
ဆီးရီးယားတွင် လေကြောင်း ထိုးစစ်ဆင်နေသော တိုက်လေယာဉ်ကို IS အဖွဲ့ ပစ်ချ၊ လေယာဉ်မှူးကို ဓားစာခံအဖြစ် ဖမ်းဆီးထား
အမေရိကန်၏ ဦးဆောင်မှုဖြင့် ဆီးရီးယားမြောက်ပိုင်းတွင် လေကြောင်းထိုးစစ် ဆင်နွှဲလျက်ရှိသော တိုက် လေယာဉ် များထဲမှာ တစ်စီးကို အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့ Islamic State က ပစ်ချခဲ့ပြီး လေယာဉ်မှူးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို မလိုက်နာ၍ လက်ပံတောင်း တောင် ပဋိပက္ခထပ်ဖြစ်ဟု NLD ထုတ်ပြန်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသအတွင်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကို လိုက်နာဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ထုတ်ပြန်ကြေညာသည်။
နိုင်ငံလုံးချီ အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ လျင်မြန်စွာ ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ရန် UNA ညီလာခံ ဆုံးဖြတ်
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်းများအကြား တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို လျင်မြန်စွာ ဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ညီလာခံက ဆုံးဖြတ် ကြောင်း UNA နာယက ဦးအေးသာအောင်က ပြောကြားသည်။