Tuesday, December 30, 2014
သစ်တော လက်ထောက်ညွှန်မှူးနှင့် သစ်တောဝန်ထမ်းများ အသတ်ခံရ
အကယ်ဒမီပေးပွဲတွင် ရိုင်းစိုင်းသည့်စကားလုံးပြောဆိုမိခြင်းအပေါ် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း ပြန်လည်တောင်းပန်

အကယ်ဒမီ ပေးပွဲတွင် ရိုင်းစိုင်းသည့် စကားလုံး ထွက်ဆိုလိုက်မိခြင်းအပေါ် မြန်မာ့ နိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြန်လည်တောင်းပန် လိုက်ကြောင်း သိရသည်။
''အကယ်ဒမီပေးပွဲ ပြီးခါနီး အကယ်ဒမီဆုရတဲ့ သူတွေအားလုံး စုပေါင်းဓာတ်ပုံရိုက်ကြတဲ့အချိန်မှာ ကျွန်တော်က ရုပ်သံတွေကနေပြီး တော့ တိုက်ရိုက်ထုတ်လွှင့်ပေးတာ ကို သတိမေ့ပြီးတော့ ပြောလိုက်တဲ့ စကားလုံးကြောင့် ပရိသတ်တွေ အားလုံးကို ကျွန်တော့်အနေနဲ့ တောင်းပန်ပါတယ်။ တကယ်တော့ ပြေတီဦးအပေါ်မှာ သူအကယ်ဒမီ ဆုရသွားလို့ ဘာမလိုမုန်းတီးစိတ်မှ မရှိဘဲ အရင်ကတည်းက အပြင်မှာ ပြောနေကျအတိုင်း ကျွန်တော်ပြော လိုက်မိတာပါ။ အဲဒီအတွက် အား လုံးကို တောင်းပန်ပါတယ်''ဟု ယင်း ကဆက်လက်ပြောသည်။
''အကယ်ဒမီပေးပွဲ ပြီးခါနီး အကယ်ဒမီဆုရတဲ့ သူတွေအားလုံး စုပေါင်းဓာတ်ပုံရိုက်ကြတဲ့အချိန
စိုင်းစိုင်းခမ်းလှိုင်က ပြည်တွင်း ကျော်ကြားသူများ၏ Facebook စာမျက်နှာများအနက် ပထမဦးဆုံး Like ၁ သန်း ရရှိသူဖြစ်လာ

ပြည်တွင်း ဟစ်ဟော့ပ် အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်၏ တရားဝင် Facebook စာမျက်နှာသည် Like ၁ သန်းကျော်ရှိခဲ့ပြီး ၎င်းသည် မြန်မာနိုင်ငံ၏ နာမည်ကျော်ကြားသူများအနက် ပထမဦးဆုံး Like ၁ သန်းပြည့်သူ ဖြစ်လာခဲ့သည်။
ဝမ်ပေါင်မှ ခြံစည်းရိုးခတ်အပြီး တစ်ပတ်ခန့်အကြာတွင် ဒေသခံများက ခြံစည်းရိုးကိုဖျက်၍ သပိတ်စခန်းဖွင့် ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းတွင် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ခြံစည်းရိုး တိုးချဲ့ခတ်ယူထားမှုများကို ဒေသခံများက ဖယ်ရှား၍ သပိတ်စခန်းဖွင့် လိုက်ကြောင်း သိရသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပဋိပက္ခဖြစ်ပွားပြီး တစ်ပတ်ခန့်အကြာတွင် ဒေသခံများက အဆိုပါခြံစည်းရိုး တိုးချဲ့ခတ်ယူထားမှုကို ဖယ်ရှား၍ ဆည်တဲကျေး ရွာ နှင့် တုံကျေးရွာရှိ ဒေသခံများက အဆိုပါခြံစည်းရိုးခတ်ထားမှုကို ဖယ်ရှား၍ ၎င်းတို့၏ နေရာများပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့်၍ ဆန္ဒပြတောင်း ဆိုမှုများ ဒီဇင် ဘာ ၂၉ ရက် မွန်းလွဲပိုင်းမှစ၍ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ငါးပြေမအတု သတိပြု

မြန်မာလူမျိုးတို့ အသည်းစွဲနှစ်ခြိုက် သော ရေချိုငါးမျိုးများတွင် ငါးပြေမ ပါဝင်ပါသည်။ စားသုံးရာ၌ အရသာ လေးလေးပင်ပင်ရှိခြင်း၊ အသားနူးညံ့ ခြင်းတို့ကြောင့် အကြိုက်ပိုကြဟန် တူပါ၏။ အလယ်ရိုးကြောင်းအပြင် ကျောဘက် ဆူးမာများနှင့် ဝမ်းဘက်ဆူး တောင်များကြောင့် အရိုးများလွန်း သည်ဟူ၍ အချို့က ရှောင်ကြသော် လည်း မြန်မာထမင်းဆိုင်များတွင် ငါးပြေမဆီပြန်ဟင်းသည် ရောင်းပန်း လှသော ဟင်းတစ်ခွက်ဖြစ်ပါသည်။
တေးနုယဉ်၏ နောက်ဆုံးခရီးခန္ဓာကိုယ်အနှံ့ဒဏ်ရာဒဏ်ချက် များကို နာရေးပို့သူများမြင်တွေ့ခဲ့ရ

ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်အတွင်း အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တာဝန်ကျဝန်ထမ်းတစ်ဦးက သနပ်ခါးများ ထူပိန်းစွာလိမ်းပေးနေသည်။ သနပ်ခါးများ ထူပိန်းနေသည့်ကြားကပင် ညိုမည်းနေသော ဒဏ်ရာ ဒဏ်ချက်များကို မြင်တွေ့နေရဆဲဖြစ်သည်။
မျက်နှာပြင်တစ်ခုတည်းမ က လက်၊ လည်ပင်း၊ ရင်ဘတ်နှင့် ကျောဘက်များ တွင်လည်း အညို အမည်း ဒဏ်ရာများစွာကို အထင်း သားမြင်တွေ့နေရသည်။
အစိုးရရုပ်သံလိုင်းသစ်မှ ပရီးမီးယားလိဂ်ပွဲများ တစ်ပတ်လျှင် နှစ်ပွဲနှုန်းအခမဲ့ပြသမည်
ပျောက်ဆုံးသွားသော အဲအေးရှားလေယာဉ်၏ နောက်ဆုံးရ သတင်းနှင့် လက်ရှိလုပ်ဆောင်ချက်များ

အဲအေးရှားနှင့် အင်ဒိုနီးရှားမှ တာဝန်ရှိသူများ၊ အင်ဒိုနီးရှား အမျိုးသား ရှာဖွေရေးနှင့် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့(BASARNAS)၊ အင်ဒိုနီးရှား လေဆိပ်မှာ တာဝန်ရှိသူများ၊ Angkasa Pura I မှ လေဆိပ် တာဝန် ခံများသည် ပျောက်ဆုံးသွားသူ မိသားစု များနှင့် တွေ့ဆုံ၍ နောက်ဆုံးဖြစ်စဉ် များကို အကြောင်းကြားရန် ဖြစ်နိုင်သည့် နည်းလမ်း မျိုးစုံဖြင့် အထောက်အကူ ပေးမည်ဖြစ်ကြောင်း မကြာသေးမီက ဆာရာဘရာတွင် သတင်းထုတ်ပြန် ပြောကြား ခဲ့ပါတယ်။
အဲအေးရှားလေယာဉ် ရေအောက်ကြမ်းပြင်ဆီ ရောက်သွားပြီလား

အဲအေးရှားလေယာဉ် ပျက်ကျမှုကြောင့် ၂၀၁၄ အတွင်း ကမ္ဘာ တစ်ဝန်းတွင် လေကြောင်းခရီး ကြောင့် လူသေဆုံးသည့် အရေ အတွက်မှာ ၁,၂၁၂ ဦးအထိရှိသွားပြီး ဆယ်စုနှစ်အတွင်း လေ ကြောင်းကဏ္ဍ၌ လူသေဆုံးသူ အမြင့်ဆုံးနှစ်ဖြစ်ကြောင်း လေ ယာဉ်အပိုင်စီးမှုများ အပါအ၀င် လေကြောင်း မတော်တဆ မှုများ ကို ခြေရာကောက်စောင့်ကြည့် နေသော လေယာဉ်လုံခြုံရေးကွန် ရက်၏ စစ်တမ်းတွင် တွေ့ရ သည်။
ဒီဇင်ဘာ ၂၈ ရက်နံနက်က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်းနေစဉ် ပျောက်ဆုံးသွားခဲ့သော လူ ၁၆၂ ဦးပါ အဲအေးရှားလေယာဉ်သည် ပင် လယ်ကြမ်းပြင်ပေါ်တွင် ပျက်ကျ
အကယ်ဒမီပေးသည့် ညတွင် ကိုယ့်ကိုယ်ကိုယ် ညံ့မှန်းသိခဲ့ဟု ပန်းချီစိုးမိုး ပြောကြား

အကယ်ဒမီနှစ်ဆု ရရှိခဲ့ ဖူးသော်လည်း “ကြယ်စင်မော်ကွန်း” ရုပ်ရှင် ဇာတ်ကားတွင် ဒါရိုက်တာ ဆုနှင့် လွဲခဲ့ သည့် ပန်းချီစိုးမိုးက မိမိတွင် အရည် အချင်း လိုအပ်နေသေး သည့်အပြင် ဒါရိုက်တာ သက်တမ်း ၄၈ နှစ် ကာလ အတွင်း၌ ကိုယ့် ကိုယ်ကိုယ် ညံ့မှန်း အကယ်ဒမီ ဆုပေးသည့် ည၌ပင် သိခဲ့ရ သည်ဟု ၎င်းကမဇ္ဈိမကို ပြောသည်။
“နံပါတ်တစ်ကတော့ ဆုံးဖြတ်တဲ့ အကယ်ဒမီဘုတ်နဲ့ ဆိုင်တယ်။ ဘုတ်မှာ ရွေးထားတဲ့လူရဲ့ အရည် အချင်း နဲ့ လည်း ဆိုင်တယ်။ နောက်ပြီး အရည်အချင်းရှိလည်း စိတ်ဓာတ်နဲ့ ဆိုင်တယ်။ အနုပညာကို အနုပညာ မျက်စိနဲ့ ကြည့်ဖို့ ကောင်းပါတယ်။ ဒီ“ကြယ်စင်မော်ကွန်း” ဇာတ်ကားသည် ဗိုလ်ချုပ်နဲ့ ပတ်သက်လို့ အရင်တုန်း ကပြော လို့ ဆိုလို့တောင် မရဘူး။ ခုံတောင်ဖြည့်လို့ မရဘူးလို့ လူတွေပြော ကြတယ်။ ဗိုလ်ချုပ်ကားကို ဗိုလ်ချုပ် ပါဝင် တဲ့ သမိုင်းကို ရိုက်တဲ့ အခါမှာ ဒီကား သည်ပေါ်လစီကား မဟုတ်ဘူး။
“နံပါတ်တစ်ကတော့ ဆုံးဖြတ်တဲ့ အကယ်ဒမီဘုတ်နဲ့ ဆိုင်တယ်။ ဘုတ်မှာ ရွေးထားတဲ့လူရဲ့ အရည် အချင်း နဲ့ လည်း ဆိုင်တယ်။ နောက်ပြီး အရည်အချင်းရှိလည်း စိတ်ဓာတ်နဲ့ ဆိုင်တယ်။ အနုပညာကို အနုပညာ မျက်စိနဲ့ ကြည့်ဖို့ ကောင်းပါတယ်။ ဒီ“ကြယ်စင်မော်ကွန်း” ဇာတ်ကားသည် ဗိုလ်ချုပ်နဲ့ ပတ်သက်လို့ အရင်တုန်း ကပြော လို့ ဆိုလို့တောင် မရဘူး။ ခုံတောင်ဖြည့်လို့ မရဘူးလို့ လူတွေပြော ကြတယ်။ ဗိုလ်ချုပ်ကားကို ဗိုလ်ချုပ် ပါဝင် တဲ့ သမိုင်းကို ရိုက်တဲ့ အခါမှာ ဒီကား သည်ပေါ်လစီကား မဟုတ်ဘူး။
အစိုးရဝန်ထမ်းများ လစာတိုးရန်သင့်၊ မသင့် သမ္မတရုံး စစ်တမ်းကောက်ယူနေ

အစိုးရဝန်ထမ်းများအား လစာတိုးပေးသင့်၊ မသင့်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးဝက်ဘ် ဆိုက်တွင် ပထမဆုံးအကြိမ် စစ် တမ်း ကောက်ယူလျက်ရှိသည်။
လွှတ်တော်က အစိုးရဝန် ထမ်းများ၏လစာကို အနည်းဆုံးတစ်ဦးလျှင် ကျပ်နှစ်သိန်းထိ တိုး မြှင့်ပေးရန် အဆိုပြုတင်ပြ ထောက်ခံပြီးနောက် နိုင်ငံတော် သမ္မတရုံးက ဝန်ထမ်းများနှင့် တွေ့ ဆုံပွဲ၊ စီးပွားရေးပညာရှင်များနှင့် ဆွေးနွေးပွဲများပြုလုပ်ကာ စစ် တမ်းကောက်ယူခြင်းဖြစ်သည်။အစိုးရသက်တမ်း လေးနှစ် အတွင်း ပြည်သူများ၏ ၂ ရာခိုင် နှုန်းရှိသော နိုင်ငံ့ဝန်ထမ်း တစ် သန်းခွဲဝန်းကျင်ကို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် လစာများတိုးပေး ရန်ပြုလုပ်သင့်၊ မသင့် စစ်တမ်းကောက်ယူခြင်းဖြစ်သည်။
နယ်စပ်ဒေသလုံခြုံရေး ထိရောက်စွာ ကာကွယ်ရမည်ဟု ကာချုပ်ပြော

မြန်မာနိုင်ငံ၏ နယ်စပ် ဒေသလုံခြုံရေးကိုထိရောက်စွာ ကာကွယ်စောင့်ရှောက်ရမည်ဖြစ် ပြီး ဘာသာရေးအစွန်းရောက်များ ၏ အန္တရာယ်နှင့် တရားမ၀င်လူ ၀င်ရောက်မှုတို့ကို အမျိုးသားရေး အမြင်ဖြင့် တပ်မတော်က ထိန်း သိမ်းစောင့်ရှောက်ရမည်ဖြစ် ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ အကြောင်းအရာ မသိရသေး
တစ်ကျော့ပြန်လည်ဖြစ်ပေါ် လာသော လက်ပံတောင်းတောင် အရေးအခင်းတွင် တောင်သူအ မျိုးသမီးတစ်ဦး သေနတ်မှန်သေ ဆုံးခြင်းကြောင့် ပဋိပက္ခပိုမိုကြီး မားလာရာ ယင်းကိစ္စများသည် ကော်မရှင်၏ အကြံပြုချက်များကို အပြည့်အ၀အကောင်အထည် ဖော်နိုင်မှုမရှိခြင်းနှင့် ရုန်းရင်းဆန် ခတ်မှုများကို ဖြေရှင်းရန် နည်း လမ်းအတိအကျရှိသော်လည်း မဖြေရှင်းနိုင်ခြင်းတို့ကြောင့် ဖြစ် သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
အကယ်ဒမီပွဲက ရယ်စရာကောင်းတယ်ဆိုတဲ့ နေတိုး

အကယ်ဒမီဆုနှင့် လွဲ ချော်ခဲ့ရသော နေတိုးက အကယ် ဒမီပွဲတက်နေစဉ်တစ်လျှောက် လုံး ခံစားချက် သုံးမျိုး ခံစားခဲ့ရ ကြောင်း ပြောကြားသည်။
‘‘ပွဲကို ကျွန်တော်ပြန်သုံးသပ် ပေးရရင်တော့ ပထမပိုင်းမှာ ပျော်စရာကောင်းနေတယ်။ ဒုတိယ ပိုင်းမှာ အရမ်းဝမ်းသာဖို့ ကောင်း တယ်။ နောက်ဆုံးမှာတော့ ရယ် စရာကောင်းနေပါတယ်။ ဒါကျွန် တော့် ခံစားမှုပါ’’ ဟု နေတိုးက ၎င်း၏ အကယ်ဒမီ ခံစားချက်ကို ပြောသည်။
ယခုနှစ် အကယ်ဒမီပေးပွဲ တွင် ထူးချွန်ဆုပေးချိန်၌ အနု ပညာရှင်အားလုံး၏ ပျော်ရွှင်စရာ များကြောင့် ပျော်ရွှင်သည့်စိတ် ဖြစ်ပေါ်ခဲ့ပြီး ဒုတိယပိုင်း ဒါရိုက် တာများပေးအပ်ချိန်ထိ ၀မ်းသာ ခဲ့ရကြောင်းနှင့် နောက်ဆုံးဆုကြေ ညာချိန်တွင် ရယ်စရာကောင်းခဲ့ ကြောင်း သရုပ်ဆောင်နေတိုးက ပြောသည်။
Monday, December 29, 2014
လူပေါင်း ၁၆၂ ဦးလိုက်ပါလာသော အဲအေးရှားလေယာဉ် ပျောက်ဆုံးနေ
အင်ဒိုနီးရှားနိုင်ငံ
ဆူရာဘာယာမြို့ ဂျူအန်ဒါလေဆိပ်မှ စင်ကာပူသို့ ပျံသန်းလာသော
အဲအေးရှားလေယာဉ် ပျောက်ဆုံးခဲ့ရာ လေယာဉ်ပေါ်ပါသူများ၏ ဆွေမျိုးသားချင်းများ
လေယာဉ်သတင်းစောင့်ဆိုင်းရင်း ငိုကြွေးနေကြစဉ် (ဓာတ်ပုံ − အေပီ)
အဲအေးရှားလေယာဉ် QZ8501 သည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာမှ စင်ကာပူသို့
ပျံသန်းနေစဉ်အတွင်း တနင်္ဂနွေနေ့နံနက်က ပျောက်ဆုံးသွားခဲ့သည်။ လေယာဉ်ပေါ်၌ လူ
၁၆၂ ဦးပါသွား၏။ အဆက်အသွယ် ပြတ်တောက်မသွားမီအတွင်း ရာသီဥတုအခြေအနေကြောင့်
လေကြောင်းလမ်းကို ပြောင်းလဲမောင်းနှင်ရန် မြေပြင်ရှိ
လေကြောင်းထိန်းသိမ်းရေးစခန်းသို့
လေယာဉ်မှူးကလှမ်းအကြောင်းကြားမေးမြန်းခဲ့မှုရှိခဲ့သည်။ ယင်းနောက်
အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။
ဆီးချို သွေးချို ရောဂါ ပျောက်ကင်းတဲ့ သင်္ဘောသီးစိမ်ရေနွေး

ယခုရက်ပိုင်းအတွင်း ခေတ်စားလာတဲ့ တိုင်းရင်း ဆေးနည်းပါ..
သင်္ဘောသီးစိမ်း အဆင်သင့်ကို
ခေါင်းပိုင်းကိုဖြတ် ၊ အတွင်းကအစေ့နုတွေကို ခြစ်ထုတ်ပြီး ဆူနေတဲ့ ရေနွေးအဖြူ လောင်းထည့်ပြီး ပိတ်ထားလိုက်ပါ. ၁၅မိနစ်ခန့်ကျော်ပြီးမှ သွန်ငှဲ့လိုက်ပါ. အနည်းငယ် အအေးခံပြီး သောက်နိုင်ပါတယ်.
သင်္ဘောသီးကိုလွှင့်မပစ်ရပါဘူး.. ရေနွေးပြန်ပြန်ဖြည့် ပြီး တစ်နေကုန်၎ကြိမ်၅ကြိမ်အထိ တိုက်ပေးနိုင် ပါတယ်.
တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားပြီထင်ပြီး လက်ထဲက မိုက်ကိုမေ့ကာ စနောက်မိခဲ့ခြင်းဖြစ်ကြောင်း လူမင်းရှင်း

အကယ်ဒမီပေးပွဲပြီးချိန် တွင် တိုက်ရိုက်ထုတ်လွှင့်မှု ပြီး သွားပြီဟုထင်ကာ လက်ထဲမှ မိုက်ကိုလည်း သတိမထားမိဘဲ စိတ်လွတ်လက်လွတ်နှင့် ပျော် စေပြက်စေသဘောဖြင့် ပြေတီဦး ကို စနောက်ခဲ့ခြင်းသာဖြစ် ကြောင်း လူမင်းက အကယ်ဒမီ ညတွင် တိုက်ရိုက်ရုပ်သံထုတ် လွှင့်မှုမှတစ်ဆင့် ဆဲဆိုသံ ပရိသတ်များ ကြားခဲ့ရခြင်းကို ပြန်လည် ရှင်းလင်းသည်။
မြန်မာနိုင်ငံ၌ ဥာဏ်တော်အမြင့်ဆုံး ဆင်းတုတော်ကြီးထုလုပ်ရန် ကျောက်တော်ကြီး သယ်ဆောင်မည်

နေပြည်တော် မောင့်ပလဲဆင့်ဟိုတယ်အနီး အောင်မောဠိတောင်ညွန့်၌ တည်ထားကိုးကွယ်မည့် မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီးထုလုပ်ရန် စကျင်ကျောက်တော်ကြီးကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် စကျင်ကျေးရွာမှ နေပြည်တော်သို့ စတင်သယ်ယူမည်ဖြစ်သည်။
မဟာသကျရံသီရုပ်ရှင်တော်မြတ် ကြီးကို ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အာနန္ဒာဘုရားတောင်ဘက် မုခ် ရှိရပ်တော်မူ ဘုရားပုံတော်အတိုင်း ပုံစံတူ၊ အရွယ်တူ ထုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ကျောက်တော်ကြီးကို စကျင်ကျေးရွာ၌ အကြမ်းထုလုပ် ပြီး အချောသတ်လုပ်ငန်းများကိုနေပြည်တော်၌ ကျောက်ဆစ် ပညာရှင်များနှင့် ကွန်ပျူတာ နည်းပညာရှင်များ အတူပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လွှတ်တော်တောင်းဆိုသည့်အတိုင်း လစာတိုးပေးလျှင် ငွေကြေးဖောင်းပွမှု ၈ မှ ၁၀ ရာခိုင်နှုန်းထိရှိလာနိုင်
ဗဟိုဘဏ် တွက်ချက်မှုအရ လက်ရှိ ငွေကြေးဖောင်းပွမှုမှာ ၆ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ကမ္ဘာ့ ဘဏ်တွက်ချက်မှုအရ မြန်မာ နိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ၇ ရာခိုင်နှုန်းရှိကာ ၁၀ ရာခိုင်နှုန်း မကျော်သေးသော်လည်း မြန်မာနိုင်ငံ အနေဖြင့် လက်ရှိငွေကြေးဖောင်းပွမှုနှုန်းကို ဂရုတစိုက် ကိုင်တွယ်ရန် တိုက်တွန်းထားသည်။
အကယ်ဒမီနဲ့ လွဲခဲ့လို့ မကျေနပ်တဲ့ သီင်္ဂီထွန်း ရှင်းမည်

မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးက ပထမဆုံးကျင်းပခဲ့ သည့် ၂၀၁၃အတွက် အကယ်ဒမီ ဆုပေးပွဲတွင် ဇာတ်ပို့ဆုနှင့်လွဲ ချော်ခဲ့သည်ကို မကျေနပ်၍ သရုပ်ဆောင်သီင်္ဂီထွန်းက သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ဖြစ်ကြောင်း ပြောသည်။
အကယ်ဒမီပေးပွဲတွင် ရုပ် ရှင်အစည်းအရုံးမှ လူတစ်စု၏ တရားမျှတမှုမရှိသည်ကို စာရွက် စာတမ်းအချို့ဖြင့် ဖော်ထုတ် သွားမည်ဖြစ်ပြီး နောက်ပိုင်းအနု ပညာလောကတွင် မလုပ်ရတော့ လျှင်လည်း ကိစ္စမရှိကြောင်း သရုပ်ဆောင်သီင်္ဂီထွန်းက 7Day Daily အား ပြောသည်။
Sunday, December 28, 2014
၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုရှင်များ

အမျိုးသား ဇာတ်ဆောင်ဆု - ပြေတီဦး (ဇာတ်ကား - နင်စေရင်)
အမျိုးသမီး ဇာတ်ဆောင်ဆု - ဝတ်မှုံရွှေရည် (ဇာတ်ကား - နင်စေရင် )
ဒါရိုက်တာ - ဝိုင်း ( ဇာတ်ကား - စေတန်ရဲ့ ကချေသည်)
ဖားကန့်မြို့က ရှင်မွေးလွန်း (၁၆)ကြိမ် ကိုယ်ဝန်ဆောင်ပြီးနောက် ၁၈ယောက်မြောက် ကလေးမွေးဖွား

ဖားကန့်၊ ဒီဇင်ဘာ ၂၅- ကချင် ပြည်နယ် ဖားကန့်မြို့၌ အမျိုးသမီးတစ်ဦးသည် အိမ်ထောင်သက်၂၆နှစ် အတွင်း (၁၆)ကြိမ် ကိုယ်ဝန်ဆောင်ကာ ၁၈ယောက်
မြောက်ကလေးမွေး ဖွားခဲ့ကြောင်း သိရသည်။
အဆိုပါကလေးကို ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေး ရွာနေ ဦးအေးကို၏ဇနီး ဒေါ်တင်မာစိုး ၄၅နှစ်က မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အကြီးဆုံးသားမှာအ သက်၂၅နှစ်ခန့် ရှိကြောင်း သိရသည်။
မြောက်ကလေးမွေး ဖွားခဲ့ကြောင်း သိရသည်။
အဆိုပါကလေးကို ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေး ရွာနေ ဦးအေးကို၏ဇနီး ဒေါ်တင်မာစိုး ၄၅နှစ်က မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အကြီးဆုံးသားမှာအ သက်၂၅နှစ်ခန့် ရှိကြောင်း သိရသည်။
အကယ်ဒမီကမောက်ကမများ

၂၀၁၃ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကားများကို ဆုချီးမြှင့်တဲ့အကယ်ဒမီညကတော့ ကမောက်ကမ အလွဲအချော် တချို့နှင့်အတူ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါပြီ။ အားလုံးသိကြတဲ့အတိုင်း ရုပ်ရှင်အစည်းအရုံးက ပထမဆုံး လက်လွှဲ ပြောင်းပြီး ဦးစီးကျင်းပခွင့်ရခဲ့ပါတယ်။ ကျင်းပတဲ့နေရာကလည်း အသစ်စီစဉ်သူများအတွက် စိန်ခေါ်မှု အသစ်များဖြစ်တာကြောင့် တချို့နေရာတွေမှာအလွဲလွဲ အမှားမှားဖြစ်ခဲ့တာကို သတိပြုမိခဲ့ပါ တယ်။
အစိုးရ၀န်ထမ်းများ ပင်စင်ယူပြီးနောက် နေထိုင်ရေးအတွက် အစီအစဉ်ဆောင်ရွက်နေကြောင်း သမ္မတပြောကြား
ဝန်ထမ်းများကျန်းမာ ရေး၊ ပညာရေးကိစ္စအ၀၀အပါ အ၀င် ပင်စင်ယူသည့်အချိန်တွင် နေထိုင်နိုင်ရန် သင့်လျော်သည့် အိမ်ရာစနစ်ကို အစိုးရက စတင်အကောင်အထည်ဖော် နေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ဝန်ထမ်းများအား လစာတိုး ပေးရန် အဆိုကို ၂၀၁၅ နှစ်ဆန်း တွင် ပြန်စမည့်လွှတ်တော်အစည်းအဝေးများ ၌ ဆွေးနွေးမည်ဖြစ် ပြီး ၀န်ထမ်းလစာတိုးရေးနှင့် ပတ် သက်၍ အစိုးရနှင့် ၀န်ထမ်းများ ယခုရက်အတွင်း ဆွေးနွေးမှု များပြုလုပ်နေစဉ် သမ္မတက ဒီဇင် ဘာ ၂၆ ရက်တွင် ရခိုင်ပြည်နယ် ခရီးစဉ်၌ ယင်းသို့ ပြောကြားခဲ့ ခြင်း ဖြစ်သည်။
အလိုတော်ပြည့်ဆရာတော်နှင့် သမ္မတဦးသိန်းစိန် ရခိုင်အရေးဆွေးနွေး
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အလိုတော်ပြည့် ဆရာ တော်အား သွားရောက်ဖူးမြော်စဉ် ရခိုင်ပြည်နယ် အရေးနှင့် စပ်လျဉ်း ၍ သီးသန့်ဆွေးနွေးခဲ့ကြောင်း သ တင်းရရှိသည်။
သမ္မတ၏ ဒုတိယအကြိမ် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဒီ ဇင်ဘာလ ၂၅ ရက်က သံတွဲမြို့သို့ရောက်ရှိစဉ် ငပလီ ဂျိတ္တောကျေးရွာရှိ အလိုတော်ပြည့်ကျောင်းတိုက်တွင် သွားရောက်ဖူးမြော်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဖူးမြော်စဉ် နိုင်ငံ တော်သမ္မတက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များကို သီး သန့်တံခါးပိတ်ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း အလိုတော်ပြည့်ဆရာ တော်၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ဆရာတော် ဦးကုမာရက မိန့်ကြားသည်။
အမ်ပီတီက ဖုန်းဘီလ်နှင့် ဝန်ဆောင်ခလျှော့ချမည့်အစီအစဉ် ရွှေ့ဆိုင်းပြန်
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ၎င်းတို့၏ ဝန်ဆောင်မှုနှင့် အသုံးပြုခများကိုယခုလမကုန်မီ လျှော့ချပေးသွားရန်စီစဉ်ခဲ့သော် လည်း အဆင်မပြေမှုများရှိသည့်အတွက် အနည်းငယ်နောက်ကျ နိုင်ကြောင်း သတင်းရရှိသည်။
‘‘အစက ဒီလထဲမှာပဲလုပ်သွားဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ အဆင်မပြေတာလေးတွေရှိတဲ့အတွက် အနည်းငယ်နောက်ကျနိုင်ပါတယ်။ ဒီလကုန်လည်းဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်’’ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ဆိုသည်။
အကယ်ဒမီပွဲတွင် ခိုင်သင်းကြည် ရွှေလက်ကောက်ပျောက်
၂၀၁၃ ခုနှစ်အတွက် အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သော ခိုင်သင်းကြည် ဝတ်ဆင်ခဲ့သည့် ရွှေ လက်ကောက်သည် အကယ် ဒမီပေးပွဲ ကျင်းပသည့်အချိန်တွင် ပျောက်ဆုံးသွားကြောင်း ခိုင်သင်း ကြည်၏ ခင်ပွန်း ကိုခန့်နိုင်က ပြောသည်။
ရန်ကုန်နှင့် ဧရာဝတီတွင် ယခုနှစ်အတွင်း အမျိုးသမီးအကြမ်းဖက်ခံရမှု ပိုမိုများပြားလာ
ယခုနှစ်အတွင်း ရန်ကုန်မြို့ အနီးတစ်ဝိုက်နှင့် ဧရာ ၀တီတိုင်းဒေသကြီးတို့တွင် အမျိုး သမီးအကြမ်းဖက် ခံရမှုများ ပိုမို များပြားလာကြောင်း အမျိုးသမီး များ၏ အခွင့်အရေးများအတွက် လိုက်ပါ ကူညီဆောင်ရွက်ပေးသည့်အဖွဲ့ဖြစ်ေ သာ ဒီမိုကရေစီနှင့် ငြိမ်း ချမ်းရေးအမျိုးသမီးကွန်ရက်ကပြော သည်။
‘‘၂၀၁၄ ခုနှစ်အတွင်းမှာ သက်ငယ်အမျိုးသမီးတွေအပေါ် မုဒိမ်းမှုကျူးလွန်တာတွေ တော် တော်များလာတယ်။ ဖွံ့ဖြိုးမှုနည်း ပါးပြီး ဗဟုသုတနည်းတဲ့ ကျေး လက်ဘက်တွေမှာ အဖြစ်များ တယ်။ နောက်ပိုင်းရန်ကုန်နဲ့ အနီး တစ်ဝိုက်မှာတောင် ပိုပြီးဖြစ်လာ တယ်’’ဟု အဆိုပါအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါ်သန္တာက ပြော သည်။ ယခုနှစ်တွင် ဇန်န၀ါရီမှ နိုဝင်ဘာလအတွင်း မုဒိမ်းမှုပေါင်း ခြောက်ရာကျော် ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မုန်တိုင်းကြောင့် အခါလွန်မိုးများ ရွာသွန်းနိုင်
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ် နေသော မုန်တိုင်းငယ်မှာ ပိုမို အားကောင်းလာပြီး ဆိုက်ကလုန်း မုန်တိုင်းဖြစ်လာနိုင်ကာ အထက်မြန်မာနိုင်ငံတွင် အချိန်အခါမဟုတ် မိုးများရွာသွန်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတင်းထုတ်ပြန် ထားသည်။
Subscribe to:
Posts (Atom)

