Monday, March 23, 2015
လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့် ဥပဒေပြဌာန်း
လက်တင်အမေရိကရဲ့ အကြီးဆုံးမြို့တော် Sao Paolo ဟာ လူမြင်ကွင်းမှာ အမျိုးသမီးတွေ မိမိရင်သွေးအား နို့တိုက်ခြင်းကို ဆန့်ကျင်တားဆီးနေတဲ့ အရက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့ ပြတိုက်တွေကို ဒဏ်ရိုက်မယ့် ဥပဒေပြဌာန်းချက် တစ်ခု ချမှတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒီတစ်ခါ အစဉ်အလာချိုးဖျက်တော့မည်လော
''မျှော်သာမျှော်သည် မယုံကြည်...
ရင်မှာဝေဒနာ ပွင့်ခက်ဝါနီ...''
ဆိုပြီး အစချီထားတဲ့ မြန်မာပြည်သိန်းတန်ရဲ့ သီချင်းကို ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က စင်မြင့်ထက်မှာ သီဆို နေပါတယ်။
မတ် ၁၇ ရက်က စတင်ကျင်းပတဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲဖို့အတွက် ခုနစ်ကြိမ်မြောက် အဖြစ် ဆွေးနွေးတဲ့ ဆွေးနွေးပွဲအထိမ်းအမှတ် ညစာ စားပွဲ ဖျော်ဖြေမှုအစီအစဉ်မှာ သီဆိုနေတာပါ။ ဆွေး နွေးပွဲ ပထမနေ့ ဆွေးနွေးမှုတွေအပြီးမှာ ပြုလုပ်တဲ့ ည စာ စားပွဲမှာ သီဆိုနေတာပါ။
လီကွမ်ယု ကွယ်လွန်မှုအတွက် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ ဝမ်းနည်းကြောင်း သတင်းစကားများ ပေးပို့
ခေတ်သစ် စင်ကာပူ နိုင်ငံ၏ ဖခင်ကြီးအဖြစ် တင်စားခံရသူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ကွယ်လွန်သွားမှုအတွက် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များက ဝမ်းနည်းကြောင်း သတင်းစကားများ ပေးပို့ခဲ့ကြသည်။
အသက်(၉၁)နှစ် ရှိပြီဖြစ်သော လီသည် မတ်လ၂၃ ရက် နံနက်အစောပိုင်းက စင်ကာပူ အထွေထွေ ဆေးရုံကြီးတွင် အထူးကြပ်မတ် ကုသမှုများ ခံယူနေရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အဆုတ်ရောင် ဝေဒနာကြောင့် ဖေဖော်ဝါရီလကတည်းက ဆေးရုံတက်နေရသော်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပိုးမွှားဝင်ရောက်မှုကြောင့် အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။
ဗိုလ်ချုပ် ထားခဲ့တဲ့ မူဝါဒ ဦးသိန်းစိန် ဘီဘီစီအင်တာဗျူး သုံးသပ်ချက်
(ဗိုလ်ချုပ် မူဝါဒ-ပြည်ပသြဇာ အလွှမ်းမခံရဖို့)
မကြာသေးမီက BBC က ထုတ်လွှင့်သွားတဲ့ ဦးသိန်းစိန်နှင့် အင်တာဗျူးတွင် သမ္မတအဖြစ် ရွေးကောက်ခံနိုင်ခွင့် ကန့်သတ်မှုသည် ၁၉၄၇ ဖွဲ့စည်းပုံ အတိုင်းဖြစ်သည်ဟု ဖြေကြားခဲ့မှုအား NLD ထောက်ခံသူများ တညံညံ ဖြစ်နေကြသည်။
၁၉၄၇ ဖွဲ့စည်းပုံတွင် ပြဌာန်းထားသည်မှာ -
၄၉ (က)။ ။ မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏ မိဘ နှစ်ပါးသော်၎င်း၊ ပြည်ထောင်စုနိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်း ဖြစ်သော၊ ထို့ပြင်
(ခ) ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်း ဖြစ်သော ပုဂ္ဂိုလ်မျိုး မဟုတ်လျင် မည်သူမျှ နိုင်ငံတော်သမ္မတ ရာထူးအတွက် ရွေးကောက်ခြင်း ခံနိုင်ခွင့် မရှိစေရ။
နေပြည်တော်-မကွေး ကားလမ်းဘေးတွင် အသတ်ခံရသည့် အမျိုးသမီးအမှုမှ သေနတ်ကျည်ခွံမှာ ၉မမပြောင်းချော သေနတ်များတွင် အသုံးပြုသည့် ကျည်ဆန် ဖြစ်ဟု စစ်ဆေးတွေ့ ရှိ
မကွေး(ကံပြား)ကားလမ်းအနီးတွင် မီးရှို့အသတ်ခံခဲ့ရသည့် အမျိုးသမီး၏ အနီးတွင် တွေ့ရှိခဲ့သော သေနတ်ကျည်ဆန် အမျိုးအစားမှာ (၉မမ)ပြောင်းချော သေနတ်များတွင် အသုံးပြုသည့်ကျည် ဆန်ဖြစ်သည်ဟု ယင်းအမှုကို ကိုင် တွယ်သူ တက်ရှိန်းနယ်မြေရဲစခန်း မှ ရဲအုပ်တင့်လွင်က ပြောသည်။
ကျည်ခွံကို စီအိုင်ဒီမှ ကျွမ်းကျင် ပညာရှင်များက စစ်ဆေးရာ ယခု ကဲ့သို့စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေ ဆုံးသူအမျိုးသမီးနှင့်ကိုးပေအကွာတွင် အဆိုပါကျည်ဆန်ခွံတစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ယင်းက ပြောသည်။
မူးယစ်ဆေးဝါးနဲ့ တရားမ၀င်မှောင်ခိုလုပ်ငန်းများကြောင့် နာမည်ပျက်လာသော ဦးစိုင်းလင်းရဲ့ မိုင်းလားနယ်မြေ
ကိုးကန့်ဒေသကို ဖုန်ကြားရှင်ရဲ့ တစ်ကျော့ပြန်တိုက်ခိုက်မှုကြောင့် နောက်ကွယ်ကနေ ထောက်ပံ့ကူညီမှုတွေပြုလုပ်နေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေအပေါ် ပြည်သူတို့က စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။ ထိုသို့ထောက်ပံ့နေသူများထဲတွင် မိုင်းလား နယ်မြေအား အုပ်ချုပ်နေသော NDAA ဥက္ကဌ ဦးစိုင်းလင်းလည်းအပါအ၀င်ဖြစ်ပါသည်။
ပြည်ခိုင်ဖြိုးပါတီမှ ထိပ်တန်းခေါင်းဆောင်အချို့ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှအရွေးခံရန်ပြင်ဆင်
၂၀၁၅ ရွေးကောက်ပွဲကျင်းပရန်နီးကပ်လာသည့်အချိန်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများအနေဖြင့် ကြိုတင်ပြင်ဆင်မှု များပြုလုပ်လျက်ရှိနေကြရာ ပြည်ခိုင်ဖြိုးပါတီမှ ထိပ်တန်းခေါင်းဆောင်အချို့ အနေဖြင့် ရွေးကောက်ပွဲအား NLD ပါတီမှဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံရန် အတွက် ပြင်ဆင်လျက်ရှိနေကြကြောင်းသတင်းရရှိသည်။
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးနယ်ပယ်အသီးသီးတွင် ကြိုတင်စုဖွဲ့မှုများပြုလုပ်၍ ပါတီအသစ်ထူထောင်ခြင်းများ၊ ရွေးကောက် ပွဲကော်မရှင်သို့ နာမည်စာရင်းတင်သွင်းခြင်းများပြုလုပ်လျက် ရှိနေကြပြီး၊ ပြည်ခိုင်ဖြိုးထိပ်တန်းခေါင်းဆောင်အချို့ကလည်း NLD ပါတီမှဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကြိုတင်ချိတ်ဆက် မှုများပြုလုပ်နေကြကြောင်းသိရှိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် အချက်လေး ချက်သာ ကျန်ရှိ
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား ပြုလုပ်နေသော (၇) ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးရန်အတွက် အချက်လေးချက်သာ ကျန်ရှိတော့ကြောင်း တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များထံမှ သိရသည်။
ဗကသခေါင်းဆောင် ကျော်ကိုကို အပါအဝင် ခုနစ်ဦးကို မြို့နယ်ရှစ်ခုက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်
အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရန် လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းပေးရေး အတွက် လွန်ခဲ့သော လေးလကျော်က ရန်ကုန်မြို့တော်အတွင်း စီတန်းလှည့်လည် ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူများ ဖြစ်သည့် ဗကသခေါင်းဆောင် ကျော်ကိုကို အပါအဝင် ခုနစ်ဦးကို မတ်လ ၂၁ ရက် ညပိုင်းက မြို့နယ်ရှစ်ခုရှိ ရဲစခန်းများတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
ယီမင်မှာ ပြည်တွင်းစစ် တာရှည်မယ့် အန္တရာယ်ကြုံနေရ
ယီမင် နိုင်ငံဟာ ဆီးရီယား၊ အီရတ်နဲ့ လစ်ဗျား နိုင်ငံတွေလို၊ ပြည်တွင်း စစ်ပဋိပက္ခ ကြာရှည်စွာ ဖြစ်ပေါ် လာတော့မယ့် အန္တရာယ်တွင်းထဲကို ကျရောက်သွား နိုင်တယ်ဆိုပြီး ယီမင် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံ တမန် ဖြစ်တဲ့ Jamal Benomar က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းမည် မဟုတ်ဟုဆို
ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ဗကသကျောင်းသား ခေါင်းဆောင်ကော်မတီဝင်များ လက်ပံတန်းမြို့တွင် ဖမ်းဆီးခံရပြီးနောက် ထွက်ပေါ်နေသည့် သပိတ်ကော်မတီ ပြင်ဆင်ဖွဲ့စည်းတော့မည် ဆိုသော သတင်းများကို ငြင်းဆိုလိုက်ပြီး သပိတ်ကော်မတီ ပြင်ဆင်ဖွဲ့စည်းရန် အစီအစဉ်မရှိကြောင်း အဆိုပါ ကော်မတီဝင်များက The Voice သို့ ပြောကြားသည်။
လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ကိုယ်စားပြု တက်ရောက်ခွင့်ရသော ဒီမိုကရေစီပညာရေး သပိတ် ၁၅ ဦး ကော်မတီအနေနှင့် ဖမ်းဆီးခံရသော ကော်မတီဝင်များနှင့် ရှောင်တိမ်းနေရသော ကော်မတီဝင်များ၏ လစ်လပ်နေရာများကို ပြင်ဆင်ဖွဲ့စည်းမည် မဟုတ်ကြောင်း တကသနှင့် မြေလတ် ဗကသကျောင်းသား ကိုယ်စားလှယ်များက ဆိုသည်။
မေးခွန်းထုတ်ရတော့မယ့် တရုတ်မူဝါဒနဲ့ အိမ်နီးချင်းကောင်းပီသမှု
တရုတ်နိုင်ငံတွင်း ဗုံးဆံကျရောက်မှုကြောင့် တရုတ်နိုင်ငံသားငါးဦးသေဆုံးပြီးနောက်မှာ တရုတ် ၀န်ကြီးချုပ် လီခယ်ချင်းက မြန်မာ့တပ်မတော်လေယာဉ်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး ဒဏ်ရာရ ခဲ့ရတယ်လို့ စွပ်စွဲခဲ့ပြီး မြန်မာဘက်မှ အသေးစိတ် စုံစမ်းစစ်ဆေးပေးရန်၊ကျူးလွန် သူများကို ဖော်ထုတ်အရေးယူပေးရန်၊တောင်းပန်စကားပြောကြားရန်နှင့် လျှော်ကြေး ပေးအပ်ရန်တို့က တောင်းဆို ခဲ့သလို တရုတ်တပ်မတော် စစ်ကော်မရှင် ဒုဥက္ကဌကပါ အလားတူကိစ္စမျိုး ဖြစ်ပွားလားပါက တရုတ်ဘက်မှ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမယ်ဆိုပြီး သတိပေးခဲ့တယ်လို့ ဂျာနယ် တွေက ဖော်ပြကြပါတယ်။
ကျွန်တော်တို့ကျောင်းသားတွေ နောက်ထပ်တိုက်ပွဲရှိသေးတယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အနီရောင်နှင့် အနက်ရောင်ကြက်ခြေ ခတ် ရင်ထိုးများ ၀တ်ဆင်ကာတက္ကသိုလ် ကျောင်းသား(၅၀)ကျော်ခန့် မတ်လ ၂၀ ရက်နေ့က မုံရွာတက္ကသိုလ်၌ စာမေးပွဲ ၀င်ရောက်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေး ရေးအတွက် ဆန္ဒပြသည့် ကျောင်းသား များအား အကြမ်းဖက်ခံရခြင်းတို့ကြောင့် ၀မ်းနည်းခြင်း အထိမ်းအမှတ်နှင့် အမျိုး သားပညာရေး ပြုပြင်မှုအတွက် ဆက် လက်တိုက်ပွဲဝင်သွားမည့် အထိမ်းအမှတ် အဖြစ် ၀တ်ဆင်ခဲ့ကြသည်ဟု ကျောင်း သားများကဆိုသည်။
မြို့နှစ်မြို့တွင် အပူချိန်စံချိန်သစ်တင်
မတ်လ ၂၁ရက် မိုး လေ၀သတိုင်းတာမှုများအရ သိမ် ဇရပ်မြို့နှင့် ကြို့ပင်ကောက်မြို့ တို့တွင် နှစ်ပေါင်းငါးဆယ်ကျော် အတွင်း အပူချိန်စံချိန်ကျိုးခဲ့ကြောင်း မိုးလေ၀သနှင့် ဇ လဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
‘‘ဒီနေ့ တိုင်းတာချက်တွေအ ရ တခြားအပူဆုံးမြို့တွေလည်း ရှိပေမယ့် ဒီမြို့နှစ်ခုကတော့ ထူး ခြားမှုအနေနဲ့ စံချိန်ကျိုးခဲ့တာပါ’’ ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှလုပ်ငန်းတာဝန် ခံတစ်ဦးကပြောသည်။
လိင်အသားပေးပြင်းထန်သည့် ပုံများနှင့်အမုန်းစကား ရေးသားမှုများကို ဖေ့စ်ဘွတ်ခ်က ထိရောက်စွာ တားမြစ်မည်
ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရင်သားနှင့် လိင်အင်္ဂါများကို အ ပြည့်အစုံဖော်ပြထားသည့် ပုံများ နှင့် အမုန်းစကားပြောကြားသည့် စာများကို စတင်၍ ပိတ်ပင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်း တို့၏ အသုံးပြုမှုများ လိုက်နာရန် ထုတ်ပြန်ထားသည့် စည်းမျဉ်းများတွင် ထပ်မံထည့်သွင်းလိုက်သည်။
‘‘ဖေ့စ်ဘွတ်ခ်က အသုံးပြုသူ တွေ လိုက်နာဖို့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းခုနစ်ချက် ရှိပါတယ်။ အဲဒီထဲကမှ လိင်အသားပေးလွန်း တဲ့ အဖော်အချွတ်ပုံတွေ၊ အမုန်း စကားပြောတဲ့ဟာတွေနဲ့ တခြား တစ်ယောက်ကို ထိခိုက်နစ်နာ အောင် ပြောတဲ့ဟာတွေကို ပိတ် ပင်သွားမယ်ဆိုတဲ့ ကန့်သတ်ချက် တွေပါတယ်’’ဟု မြန်မာအိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO) မှ ပရိုဂရမ် မန်နေဂျာမထိုက်ထိုက် အောင်က ပြောသည်။
တရုတ်အစိုးရက ကျောက်စိမ်းဝယ်ယူမှုအားမပေးတော့၍ မန္တလေးကျောက်ဈေးကွက် အေးနေ
လက်ရှိ တရုတ်အစိုးရက ကျောက် စိမ်းဝယ်ယူမှုကို အားမပေးတော့ ဘဲ ချေးငွေထုတ်ချေး သည့်ကိစ္စများကို ဖြတ်တောက်လိုက်သဖြင့် တရုတ်ကုန် သည်ကြီးများ အားထားဝယ်ယူနေသည့် မန္တလေးကျောက် စိမ်းဈေးကွက်၌ အရောင်းအဝယ်အေးနေကြောင်း မန္တလေး ကျောက်ဈေးကွက်အသိုင်း အဝိုင်းမှ သိရသည်။
''တရုတ်စီးပွားရေးသမားတွေက အရာရှိတွေ ကို လက်ဆောင်အနေ နဲ့ ကျောက် စိမ်းတွေ ပေးလေ့ရှိ ကြတယ်။ လက်ရှိ တရုတ်အစိုးရက လာဘ်စားမှုတိုက် ဖျက်ရေးလုပ်နေတော့ သူတို့ ပေးလို့မရတော့ဘူး။ နောက် တရုတ်ကုန်သည်တွေကို ချေးငွေထုတ်ပေးတာကိုလဲ ဆိုင်းငံ့ထားတယ် ဆိုတော့ ဒီဘက်မှာ တရုတ်တွေ လာ ဝယ်နေကျ ကျောက်စိမ်းဈေးကွက် ပျက်လာတယ်လို့ ယူ ဆတယ်''ဟု မန္တလေးကျောက်ဝိုင်းမှ ကျောက်ကုန် သည် ဦးစိုးညွန့်က ပြောသည်။
ဆက်ကြေးကောက်ခြင်းသည် KIA အဖွဲ့၏ အဓိက စီးပွားရေးလုပ်ငန်း တစ်ခုလား?
KIA အနေဖြင့် သစ်မှောင်ခိုလမ်းကြောင်းများအား အစိုးရစစ်ကြောင်းများနှင့် ပူးပေါင်းအဖွဲ့များ၏ ဖမ်းဆီးပိတ်ဆို့ မှုများကြောင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုလျော့နည်းလာပြီး စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျသော သစ်မှောင်ခိုထက် ရွှေမှော်များဘက်သို့ ဆက်ကြေးငွေကောက်ခံမှုကို ပိုမိုပြုလုပ်လာကြောင်း မြစ်ကြီးနားမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
Sunday, March 22, 2015
ရေယာဉ်နစ်မြုပ်မှု ရှာဖွေရေး လုပ်ငန်းများ ယာယီရပ်ဆိုင်း

အောင်တံခွန် အမှတ်(၃) ခရီးသည်တင်ရေယာဉ်ဟာ မတ်လ ၁၃ ရက်နေ့ ညက နစ်မြုပ်ခဲ့ရာမှာ ကယ် ဆယ်ရေး ဆောင် ရွက်နေကြစဉ် Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ်မှာ အောင်တံခွန် အမှတ်(၃) ရေယာဉ် နစ်မြုပ်မှုကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ နဲ့ ပျောက်ဆုံးနေသူတွေကို ရှာဖွေတဲ့ လုပ်ငန်းတွေ ကို ပြည်နယ်အစိုးရက ရပ်နားလိုက်ပြီ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် နောက်ဆုံးမူကြမ်း အပြီး သတ်ဆွေးနွေးနိုင်ရန် ဆွေးနွေးပွဲ ခေတ္တရပ်နား

(၇)ကြိမ်မြောက် ကျင်းပလျက်ရှိသည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) နောက်ဆုံး မူကြမ်းအား ဆဋ္ဌမမြောက်နေ့ ဆွေးနွေး အပြီး အပြီးသတ်ဆွေးနွေးနိုင်ရန် အတွက် ဆွေးနွေးပွဲခေတ္တ ရပ်နား ကာ မတ်လ (၃၀)ရက်နေ့ တွင် သတ္တမမြောက်နေ့အဖြစ် ဆက်လက် ကျင်းပမည် ဟု ဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ နှစ်ဖက် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
စုံစမ်းရေး ကော်မရှင်ရဲ့ ဖိတ်ခေါ်မှု အဖမ်းခံကျောင်းသားများ ငြင်းပယ်

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့က လက်ပတ် အနီဝတ် ထားတဲ့ သူတွေနဲ့ ကျောင်းသား၊ အရပ်သားတချို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားစဉ် Photo: Thiha Tun, Kyaw Lwin Oo/RFA
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့အကြမ်းဖက်မှုမှာ ရိုက်နှက် ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ ငါး ဦးနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက သုံးဦး စုစုပေါင်း ရှစ် ဦးက စုံစမ်းစစ်ဆေးရေး ကော် မရှင်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်ပါတယ်။
KIA အဖွဲ့မှ လုံခြုံရေးပြုလုပ်ပေးနေသော သစ်မှောင်ခိုယာဉ်တန်းအား တပ်မတော်မှ တိုက်လေယာဉ်များဖြင့် လိုက်လံတားဆီးလျက်ရှိ

KIA အဖွဲ့မှ လုံခြုံရေးအစောင့်အရှောက်ဖြင့် တရုတ်နိုင်ငံအတွင်းသို့ ထွက်ခွာနေသည့် သစ်မှောင်ခိုယာဉ် အစီး၂၀၀ ခန့်အား တပ်မတော်လေမှ တိုက်လေယာဉ်များဖြင့် လိုက်လံပစ်ခတ်တားဆီးလျက်ရှိကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အရေးကြီးကာလ ကြေညာ

ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: AFP
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အခုလ ၁၁ ရက်နေ့ကနေ ဧပြီလ ၇ ရက်နေ့အထိ ရက်ပေါင်း ၂၈ ရက် ကို အရေးကြီးကာလအဖြစ် ကြေညာထားပြီး လုံခြုံရေး တိုးမြှင့်ထားတယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ကြေညာ လိုက်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေ အခြေပြု ခရီးစဉ်များတွင် အောင်တံခွန်(၇) ရေယာဉ်ကို အားဖြည့် ပြေးဆွဲသွားမည်

ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင် သည် ယနေ့ နံနက် ၉နာရီတွင် မော်တင်လမ်းသစ် တံတားတွင် ဆိုက်ကပ် ထားသော စစ်တွေ အခြေပြု ခရီးစဉ်များတွင် ထပ်မံ၍ အင်အား ဖြည့်ပြေး ဆွဲမည့် အောင်တံခွန်(၇) ရေယာဉ်ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ် သည်များ ဖြည့်ဆည်းမှာကြားသည်။
လေးဘက်နာ ရောဂါနှင့် ဂေါက်ရောဂါ (လုံးဝ) မတူပါ

လူအများစု ရောထွေး နေတတ်သည့် လေးဘက်နာ ရောဂါ (Rheumatic fever) နှင့် ဂေါက်ရောဂါ (Gout) အကြောင်း အနည်းအကျဉ်း ရှင်းပြလိုပါသည်။
အိန္ဒိယကထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသရှိ စစ်စခန်းတစ်ခုအား စစ်သွေး ကြွများပြင်း ထန်စွာတိုက်ခိုက်

အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသ အတွင်းရှိ စစ်စခန်းတစ်ခုကိုမတ် ၂၁ ရက် နံနက် ပိုင်းမှ စတင်၍ စစ်သွေးကြွများက ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
နာမည်နဲ့လုပ်ရပ် ပြောင်းပြန်ဖြစ်နေတဲ့ ရှမ်းပြည်ထူထောင်ရေးတပ်မတော် ဟု ရှမ်းပြည်နယ်ဒေသခံများမှ ပြောကြား

အဖွဲ့အစည်းနာမည်တပ်တော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး တပ်မတော်တဲ့၊ တကယ်လုပ်နေတာက ရှမ်းပြည် ပျက်စီးရေးပဲဗျ၊ လူသစ်တွေစု၊ ဆက်ကြေးတွေကောက်နဲ့ ဘာကိုထူထောင်တာလဲ၊ ဘာတွေများ ပြည်သူ အတွက် လုပ်ပေးလို့လဲ၊ ရွာထဲဝင်ရင်လည်း ထမင်း၊ ဟင်းကအစ ချက်ကျွေးရတာ၊ သူတို့ စိတ်တိုင်းကျတဲ့ မိန်းမ ချောချောတွေ့ရင် ရွာတိုင်းလိုလိုမှာ မယားငယ်က ယူထားသေးတယ်၊ ရှမ်းပြည်မှာ နေပြီး ဗမာစစ်သားကို ကြောက်ရ၊ ရှမ်းစစ်သားကိုကြောက်ရနဲ့ ရှမ်းပြည်မှာနေ ရတာ တော်တော်စိတ်ညစ်ဖို့ ကောင်းလာပြီ။ ဗမာစစ်တပ်ကမှ အခုနောက်ပိုင်းရွာတွေမှာ တော်တော် ပျော့ပျော့ပြောင်းပြောင်း ဖြစ်သွား သေးတယ်။ ရှမ်းစစ်တပ်ကတော့ ပိုတောင်ဆိုးလာသလိုပဲဟု ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲ့မြို့မှ ဦးစိုင်းထွန်းဟိန်း က ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော် လုံခြုံရေးနှင့် ကာ ကွယ် ရေး တာ ဝန် ကို စွမ်း စွမ်း တ မံ ဖြင့် သက်စွန့် ကြိုးပမ်း ထမ်းရွက်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အရာရှိ၊ စစ်သည်များအား တွေ့ဆုံ အားပေး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ် တို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင် တပ်နယ် တပ်မတော် ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်ကို စွမ်းစွမ်းတမံဖြင့် သက်စွန့် ကြိုးပမ်း ထမ်းရွက်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ရင်းနှီးနွေး ထွေးစွာ တွေ့ဆုံ၍ ဂုဏ်ပြုအားပေး စကား ပြေကြားသည်။
ဘိုကိုဟာရမ်သိမ်းပိုက်ထားသည့်မြို့တွင် လူ၇ဝကျော်သေဆုံးနေ

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အစွန်းရောက်စစ်သွေးကြွလက်နက် ကိုင်အဖွဲ့ ဘိုကိုဟာရမ် သိမ်း ပိုက်ထားသည့်ဒမာဆက်မြို့အတွင်း ဒေသခံ ၇ဝ ကျော်သေဆုံးနေကြောင်း နိုင်ဂျီးရီးယား စစ်တပ်က ယနေ့ အတည်ပြုပြောကြားသည်။
ဘီးပေါက်သောယာဉ် တိမ်းမှောက်သဖြင့် (၁၂)ဦး ဒဏ်ရာရ

၂ဝ၁၅ ခုနှစ်၊ မတ်လ ၂ဝ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃ဝ၇/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သီးကုန်းအမြန်လမ်းမကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
ကော့သောင်းတွင် ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး ရောက်ရှိနေ

ကော့သောင်း (တောင်ဘက် အစွန်ဆုံးမြို့)တွင် ခရမ်းလွန်ရောင် ခြည် ၁၄ ဒသမဝ ရှိနေပြီး အမြင့်ဆုံး အဆင့်ကို ရောက်ရှိနေပြီဖြစ် ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။
Subscribe to:
Posts (Atom)




